Chapter – 108 ဟွမ်ဂျိရှန်
မိုယုဝမ် နဲ့ စိတ်ကြီးဝင်နေတယ့်လူတို့ဟာ နည်းနည်း တော့ တမျိုးဖြစ်သွားတယ် ။ ဒီမတိုင်ခင်က ချန်ရှန်အား သိပ် ဂရုမစိုက်လှသော်လည်း အခု အခါ ချန်ရှန်ရဲ့ သတင်း အား ကြားလိုက်တဲ့အခါမှာတော့ ချန်ရှန်ဟာ သာမန်လူ တစ်ယောက် မဟုတ်ဘူး ဆိုတာ သိလိုက်ပါတယ် ။ စစ်မှန် သော သိုင်းပညာရှင် ဟာ ဒဏ်ရာရနေပေမယ့် အင်အား ဟာ အလွန် ကောင်းနေဆဲ ဖြစ်မှာပါ ။ ဒါပေမယ့် ချန်ရှန် ၏ တစ်စစီ လုပ်ခြင်း ခံခဲ့ရပါတယ် ။
ဆရာကြီးဝု ချန်ရှန် အား လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ထဲသို့ ခေါ်သွားတယ် ။ တောင်ကြီး တစ်ခုနားသို့ ရောက်တဲ့ အခါမှာ –
“ဆရာကြီး ဝု ၊ ကျွန်တော်တို့ ဘယ်သွားနေတာလဲ”
ချန်ရှန် မေးလိုက်တယ် ။
“ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ တားမြစ်နယ် မြေကို သွားနေတာ ၊ ပစ်မှုကျူးလွန်တဲ့ လူတွေကို ထိန်း သိမ်းတဲ့ နေရာပေါ့ ။ ဒီနေရာဟာ ချန်ဝူရဲ့ အဓိကဂိုဏ်းကြီး တွေ ကြားမှာကျော်ကြားတယ် ၊ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းက လူတစ်ယောက်ဟာ ပစ်မှု ကျူးလွန်ရင် ဒီနေရာ ပို့ လိုက်တယ့် အခါ တခြားဂိုဏ်းက လူတွေဟာ ကျေနပ်ကြ တယ်လေ”
ဆရာကြီး ဝု သက်ပြင်းချပြီး ပြောပါတယ် ။
“ဒီနေရာမှာ ပို့ခံရတယ့် လူတွေဟာ သေတာများတယ် ၊ မင်းကတော့ ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ချန်ရှန် နည်းနည်းအံ့သြသွားတယ် ။
“ဘယ်လိုဖြစ်လို့ သေကုန်ကြတာလဲဗျ”
“အသက်ကြီးလို့ သေကုန်တာရယ် ၊ ဆင်းရဲဒုက္ခဒဏ် တွေကို မခံနိုင်တာရယ်ကြောင့်ပဲ”
ဆရာကြီး ဝု ကပြောပါတယ် ။
“ဒါဆို ဘယ်သူမှ မလွတ်နိုင်ဘူးလား”
ချန်ရှန် အံသြစွာ မေးလိုက်တယ် ။
“ဂိုဏ်းချုပ်ရဲ့ အမိန့်ပေါ်မှာ မူတည်တယ် ။ ဒါကြောင့် မင်း ဂိုဏ်းချုပ်ပြန်လာတဲ့ချိန်ထိ အဲမှာ နေရမှာပဲ”
ဆရာကြီးဝု က ပြောလိုက်ပါတယ် ။
“ဒီတားမြစ်နယ်မြေဟာ ဒီဂိုဏ်းကြီးရဲ့ တည်ထောင်သူ က ဖန်တီးခဲ့တာ ဖြစ်တယ် ။ ၎င်းမှာ ထူးဆန်းတဲ့ စွမ်းအားတွေ ရှိတယ် ။ မော်တယ်လောက က အစွမ်းထက် ဆုံးလူတောင် မလွတ်မြောက်နိ်ုင်ဘူး ၊ အတောင်ပံတွေ ရှိရင်တောင်မှပေါ့ ။ သေဖို့ပဲများတယ် ။ ဂိုဏ်းချုပ်မြန်မြန် ထွက်လာအောင်သာ ဆုတောင်း”
ချန်ရှန် ရင်ခုန်သံတွေ မြန်လာတယ် ။ သူဒီလိုနေရာမှာ ချုပ်နောင်ခံရမယ်လို့ မထင်ခဲ့မိပါ ။
နာရီဝက်လောက် ကြာပြီးနောက် မှာတော့ တွင်း နက် ကြီး တစ်ခုနား ရောက်လာပါတယ် ။ အောက်မှာ ဘာရှိလဲ ဆိုတာကိုတောင် မမြင်နိုင်ပါဘူး ။
“ဒီအောက်က မင်းသွားရမယ့် နေရာပဲ”
ဆရာကြီးဝု က ပြောပါတယ် ။
“ကျွန်တော် မသွားနိုင်ရင်ရော”
ချန်ရှန် ရင်ထဲ ထင့်နေတယ် ။ အဘယ်ကြောင့် ဆိုသော် အောက်မှာ သေစေနိုင်တဲ့ ချီဓာတ်အေးတွေ ရှိနေ လို့ပါပဲ ။ အောက်ခြေဟာ ဘယ်လောက်နက်ရှိုင်းလဲဆိုတာ ကို မမြင်နိုင်ပါဘူး ။
ဆရာကြီး ဝု က ရယ်မောကာဖြင့် –
“သွားပေတေ့ာ”
ပြောပြီးပြီးချင်းပင် လျှပ်စီးလို လျင်မြန်စွာဖြင့် ချန်ရှန် တင်ပါးအား ကန်လိုက်ပါတော့တယ် ။
“ကတုံးကြီး ၊ သေလိုက်ပါတော့ . . .”
အောက်ခြေမှ ချန်ရှန် ၏ ကျိန်ဆဲ သံများ ထွက်လာပါ တယ် ။
ချန်ရှန် ဟာ ဒီလို ကျသွားမယ်လို့ မမျှော်လင့်ပါဘူး ။ မည်သည့် ချီဓာတ်မျှ မထုတ်နိုင်သလို သူ၏ တောင်ပံများ ကိုလည်း အသုံးမပြုနိုင်ပဲ ဖြစ်နေပါတယ် ။ ဒီလိုသာ ဒီတိုင်း ကြီး ပြုတ်ကျသွားပါက တော်တော် ဒဏ်ရာရသွားနိုင်ပါ တယ် ။
“ဒီကောင် လေး ကျိန်ဆဲတာက တော်တော် နားထောင် ရ ဆိုးတာပဲ ၊ ဒါပေမယ့် လည်း အောက်ကျရင် တော့ ငြိမ်သွားမှာပါ ။ ငါလဲ မလုပ်ချင်ပါဘူး၊ နောက် ဆင် ခြင် ဦးမှပါ”
ဆရာကြီး ဝု ခေါင်းခါယမ်းပြီး ထွက်ခွာ သွားပါတော့ တယ် ။
ချန်ရှန် အလင်းရောင် တစ်ခုကို မြင်လိုက်ရတယ့် အတွက် နည်းနည်း ၀မ်းသာသွားတယ် ။ မီးတောက်တစ် ခု ဖြစ်ဖို့ များပါတယ် ။
ချန်ရှန် ရုတ်တရက် ရေထဲ ကျသွားပါတယ် ။ ထိုအချိန် မှာ သူဟာ ချီဓာတ်များ အသုံးပြုလို့ရတာကို သတိပြုမိ သ ဖြင့် လျင်မြန်စွာ ကူးခတ်ကာ မီးရောင်ရှိရာသို့ သွားပါတော့ တယ် ။
ချန်ရှန်ကို အံ့အား သင့် စေတယ့် အချက်ကတော့ မီးတောက်တွေရဲ့ ဘေးမှာ အသက်ကြီးကြီး လူကြီး တစ်ဦး ရှိနေတာပါပဲ ။ ဆံပင်ကြီးဟာ ခါးထိ ရှည်ပြီး ညစ်ပတ်ပေရေ လျက်ရှိတယ် ။ သူ၏ မျက်နာမှာ တည်ငြိမ်လျက်ရှိပြီး အသက် အရွယ် နဲ့တောင် မလိုက်သလိုပါပဲ ။ သူ၏ မုတ် ဆိတ်မွှေးများကတော့ သာမန်ပါပဲ ။ အကယ်လို့ ၎င်းတို့အား ချည်ထားမည် ဆိုပါက ပညာရှိကြီးနဲ့တောင် တူနေမှာ ဖြစ်ပါတယ် ။
“ကောင်လေး ၊ တစ်ခုခု ပြောပါဦး”
လူကြီးက စူးရှတဲ့ မျက်လုံးများဖြင့် ချန်ရှန် အား ကြည့် ကာ ပြောပါတယ် ။
ဒီအချိန်မှာ ချန်ရှန် ပြန်လည် သတိဝင်လာပြီး ဒီလူကို မတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ် ။
“ဟယ်လို ၊ မစ္စတာ”
ချန်ရှန် ပြောလိုက်တယ် ။ ဒီမတိုင်ခင်ကတည်းက ဒီ နေရာဟာ တားမြစ်နယ်မြေ တစ်ခုဖြစ်ပြီး အန္တရာယ်ရှိတယ် ဆိုတာ သိနေပါတယ် ။
လူကြီးက ရုတ်တရက် ထရယ်တယ် ။ ထို့နောက် လျင် မြန်စွာပင် ချန်ရှန် ဘေး ရောက်လာကာ ချန်ရှန်၏ ခါးအား ချုပ်ကိုင်လိုက်တယ် ။ စွမ်းအင်တမျိုး သူ့ကိုယ်ထဲ ၀င်တာ ကို ခံစားလိုက်ရပြီး သူလည်း လျင်မြန်စွာပင် ထိုက်ကျိကျင့် စဉ်အား ပြုလုပ်လိုက်ပါတယ် ။
ဒီလို လုပ်တာတောင် မှ လူကြီးဟာ သူ၏ ခါးမှ တဆင့် စွမ်းအင် သိုလှောင်ရာအထိပါ ချုပ်ကိုင်ထားပြီး ချန်ရှန် ဟာ တော်တော်ကို အံ့အားသင့်လျက် ရှိပါတယ် ။
“ယင် နဲ့ ယန် နတ် အတွင်းအားသွေးကြောတွေပါ လား ဟေ့ ၊ ရှာမှရှားတဲ့ ပညာရှင်လေးပဲ ၊ ဘုရားသခင် နောက် ဆုံးတော့ ဒီလို ပစ္စည်းကောင်းလေးအား ကျွန်တော့ပညာ အမွေ တွေ ပေးဖို့ စေလွှတ်လိုက်ပြီပေါ့ ၊ ဟဟ”
လူကြီးဟာ အရူး တစ်ယောက်ကဲ့သို့ ရယ်နေတယ် ။
လူကြီးဟာ ထိုသို့ ရယ်နေရာမှ ရပ်လိုက်ပြီး အလျင်စ လို ဖြင့် –
“ဒီနေက စပြီး ငါက မင်းဆရာပဲ ၊ ငါ့ကို မင်းဆရာအဖြစ် မြန်မြန် ခံယူစမ်း”
ချန်ရှန် ရင်ထဲ အံ့အားသင့်သွားတယ် ။ အဘယ် ကြောင့် ဆိုသော် သူ့မှာ ယင်နဲ့ ယန် အတွင်းအားသွေး ကြော ရှိနေတာကို လူကြီးက သိသွားလို့ပါ ။ စိတ်ထဲမှ ကြိတ်ပြီး လေးစား ချီးကျူးမိနေပါတယ် ။
“ကျွန်တော် ခင်ဗျား နာမည်လဲ မသိဘူး ။ ခင်ဗျားက ဆရာ အဖြစ် လေးစားခံချင်နေတယ်ပေါ့”
ချန်ရှန် နှုတ်ခမ်းများကိုက်ကာ မေးလိုက်တယ် ။ ဒီလူ ကြီးဟာ တကယ်ကို အစွမ်းထက်မယ်ဆိုတာကိုတော့ သူ သိနေတယ် ။ ခုနက သူ့ကိုချုပ်ကိုင်တုန်းက နည်းနည်းမှ တောင် သူမလှုပ်ရှားနိုင်ခဲ့လို့ပါပဲ ။
လူကြီးဟာ ဆံပင်များကို သပ်ပြီး ပြုံးကာ –
“မင်းလို စွမ်းအားကြီး လူငယ်တစ်ယောက် ရောက်လာ မယ်လို့ မထင်မိခဲ့ဘူး ။ မင်းအပြင်မှာ ဘာလုပ်ခဲ့လို့ ရောက် လာတာလဲ”
လူကြီးက မေးမြန်းလိုက်ပါတယ် ။
“ကျွန်တော် စစ်မှန်သော နောက်လိုက်တစ်ယောက် နဲ့ အတွင်းစည်း ၁၀ ယောက်ကို သတ်လိုက်လို့ပါ ။ သူတို့ ဟာ သားရဲဂိုဏ်းကပဲ ဖြစ်တယ်”
ချန်ရှန် အမှန်အတိုင်းပြောလိုက်တယ် ။ ထို့နောက် စကားပြန်မေးလိုက်ပါတယ် ။
“ခင်ဗျား ကရော ၊ ခင်ဗျား ပုံစံကြည့်ရတာ ဒီမှာနေတာ တော်တော် ကြာပြီထင်တယ်”
ချန်ရှန်၏ စကားကို ကြားပြီးနောက် လူကြီးဟာ ရယ် မော ပြန်ပါတယ် ။ မြေကြီးပေါ်တွင် ထိုင်ကာပင် ရယ်မော နေတာပါ ။
“ကောင်းကင် အလိုတော် အရပဲ ၊ မင်းက သားရဲဂိုဏ်း က စစ်မှန်သော နောက်လိုက်ကို သတ်ခဲ့တယ် ငါကတော့ ဂိုဏ်းချုပ်ကို သတ်ခဲ့တာကွ ။ မင်းငါ့ကို သေချာပေါက် ဆရာ တင်ရမယ် ။ မင်းကို စွမ်းအားကြီးတဲ့ သိုင်းကျင့်စဉ် တွေ သင်ပေးမှာ”
ချန်ရှန် ခဏကြာ ဆွံ့ အသွားတယ် ။ ဒီလူကြီးဟာ သားရဲ ဂိုဏ်းချုပ်ကို သတ်ခဲ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါ ။ သိပ်လည်း မယုံကြည်မိသလို ဖြစ်နေပါတယ် ။
“ကောင်လေး ငါ့စကားတွေကို သံသယ မဖြစ်နဲ့ ၊ ငါက ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ ၁၃ ဆက်မြောက် မျိုးဆက်ရဲ့ ဂိုဏ်းချုပ် ဟွမ်ဂျိရှန် ပဲ ။ ဒါနဲ့ ခု ဘယ်မျိုးဆက် ကို ရောက်နေပြီးလဲ ဂိုဏ်းချုပ်က”
ဟွမ်ဂျိရှန် မေးလိုက်တယ် ။
ချန်ရှန် ထပ်မံ အံ့အားသင့်သွားပြန်ပါတယ် ။ သူဟာ ဒီ နာမည်ကို ကြားဖူးပါတယ် ။ ၎င်းဟာ အရင် ဂိုဏ်းချုပ်မတိုင် မီက ဂိုဏ်းချုပ်ပါ ။ လွန်ခဲ့တဲ့ နှစ်များစွာက ၎င်းဟာ ကိစ္စ ကြီး တစ်ခုကို ကျူးလွန်ခဲ့ပြီး သူ့ဘာသာပင် ဒီတားမြစ်နယ် မြေထဲကို ဆင်းခဲ့တာပါ ။ ဒီမတိုင်ခင် ဂိုဏ်းရဲ့ စာအုပ်ထဲမှာ ချန်ရှန် ဖတ်ခဲ့ဖူးတာပါပဲ ။
“ခုလက်ရှိ ဂိုဏ်းချုပ်က ဂုဒွန်ချန် ၊ ၁၅ ဆက်မြောက် မျိုးဆက်ပဲ”
ဒီအချိန်မှာပဲ သူ့ ရှေ့ က လူကြီးကို တော်တော် လေး စား သွားမိပါတယ် ။ ဒီလူကြီးဟာ ဂိုဏ်းချုပ် ဖြစ်ခဲ့ရုံမက သားရဲ ဂိုဏ်းချုပ်ကိုပါ သတ်ခဲ့တာဖြစ်ပါတယ် ။
“ဟဲ ဟဲ ၊ ဒီငတုံးလေးက ငါ့ရဲ့ မြေးအဆင့် ပညာသင် လေးပါ ၊ နာမည် မရှိတဲ့ ကောင်မလေး က ဒုတိယ ပညာသင် သမီးလေး ၊ နောက် ဟို ကတုံးလေးကတော့ ငါ့ရဲ့ တတိယမြောက် ပညာသင် မြေးလေးပေါ့ ၊ သူတို့ အဆင်ပြေကြရဲ့ လား”
လူကြီးက ရယ်မောကာ မေးမြန်းတယ် ။ သူ၏ အပြုံး ဟာ ဖော်ရွေပုံပါပဲ ။
ချန်ရှန် အတော်ကြီးကို အံ့သြနေတယ် ။ ပြင်းထန် သော သိုင်းပညာဂိုဏ်း ၏ ထိပ်သီး ၃ ယောက်ဟာ ဒီလူကြီး ရဲ့ ပညာသင် တပည့်မြေးအဆင့်လေးတွေ ဖြစ်နေတယ် တဲ့ လား ၊ ဒီလူကြီးဟာ အားလုံးရဲ့ ဆရာကြီးပေါ့ ။
“နာမည်မရှိတဲ့ ကောင်မလေးဆိုတာ ဆေးဘုရင်ခြံဝန်း က ဆေးဆရာမကြီး ၊ ကတုံးလေး ဆိုတာက တော့ ဆရာကြီး ဝု ပေါ့ ။ ခုနကပဲ သူကျွန်တော့ကို ကန်ချ လိုက် တာ”
ချန်ရှန် ဒေါသတကြီး ပြောပါတယ် ။ ခုထိတောင် သူ ၏ တင်ပါးမှာ နာကျင်နေသေးပါတယ် ။
လူကြီးက ရယ်မောကာဖြင့် –
“သူတို့ ဟာ တော်ကြပါတယ် ။ မင်းငါ့ကို ဆရာအဖြစ် သတ်မှတ်ရင် မင်းနဲ့ သူတို့ဟာ ပညာသင်ဖော် တူလေး ဖြစ် သွားမှာပေါ့ ။ မင်းလို ပညာရှင် လေးဟာ စစ်မှန်တဲ့ ပညာ ရှင်ကို သတ်တယ်ဆိုတာ ဘာမှ မဟုတ်သေးဘူး ။ မင်းမှာ ယင် နဲ့ ယန် နတ်သွေးကြောတွေ ရှိတယ် ။ ဒါကြောင့် မင်း ငါ့ရဲ့ နတ်နဂါး သိုင်းကွက်တွေကို သင်ယူ နိုင်မှာပဲ”
ချန်ရှန် စိတ် လှုပ်ရှားနေမိတယ် ။ ဆရာအဖြစ် လက်ခံသင့် မသင့်အား ကွင်းအတွင်း ရှိ အမတော် ၂ ယောက်အား မေးမိတယ် ။
“ဆရာ အဖြစ် လက်ခံလိုက် ၊ မင်းက ဒီမှာ အတော်ကြာ နေရဦးမှာပဲ ။ အဲအတောအတွင်း နတ်နဂါး ကျင့်စဉ်တွေကို လေ့လာ သင်ယူနိုင်တာပေါ့ ။ နောက်ပြီး ဒီ လိုလုပ်ရင် မင်း ပိုမို အင်အား ကြီးလာမှာပါ”
စုမေးယို က ပြောတာပါ ။
လူကြီး က ဂုဏ်ယူဟန် ဖြင့် –
“ငါ ဟာ ၁၄ ဆက်မြောက် ဂိုဏ်းချုပ်ကို ပညာသင် အဖြစ် လက်ခံခဲ့ဖူးတယ် ။ ခုသူဟာ ဆရာထက်တောင် ကျော်သွားပြီ လေ ။ ကောင်ကင်းကမ္ဘာ အဆင့်မှာပေါ့ ။ အဲ ဒိ အဆင့်ဟာ မသေနိုင်တဲ့ အဆင့်လိုပဲ ။ ငါကတော့ ပြစ်မှု ကျူးလွန် ခဲ့တော့ ဒီမှာပဲနေနေရတာပေါ့”
ချန်ရှန် အံ့အားသင့်စွာ ဖြင့် ဒူးထောက်ချကာ –
“ဆရာ”
ချန်ရှန် အရိုအသေ ပေးတာကို ကြည့်ရင်း လူကြီးဟာ ပြုံးလိုက်တယ် ။
ဒီဟွမ်ဂျိရှန် ဆိုတဲ့ လူကြီးဟာ ထက်မြက်ပုံရပြီး ချန်ရှန် ကို အံ့အားသင့်စေတာကတော့ သူ့ကို တပည့်အဖြစ် လက်ခံ လိုက်လို့ပါပဲ ။ ဒီထက်အံ့သြတာကတော့ သွေး သစ္စာ စာချုပ်ချုပ်ရတာ ဖြစ်ပြီး ၎င်းတို့ဟာ စာရွက်ပေါ်တွင် သွေးများဖောက်ကာ အစက်ချရခြင်းပါ ။ ၎င်းသွေးတို့ဟာ ချီဓာတ် ကိုယ်စီဖြင့် ပေါင်းစပ်သွားကြပါတော့တယ် . . . ။