Switch Mode

Chapter – 1021 & 1035

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၂၁) ကောင်းချီးပေလာ၊ ကပ်ဆိုးပေလော

“စွမ်းအားကို အပြည့်အဝ နားလည်ထားရင်လား” ရန်ကိုင် မျက်မှောင်ကြုံ့သွားသည်။

“ကိုယ်သုံးတဲ့စွမ်းအား အကြောင်းကို အပြည့်အဝ နားလည်ထားမှပဲ အဲ့စွမ်းအားရဲ့ အဆုံးစွန်ဆုံးသော စွမ်းအင်ကို ထုတ်ဖော်နိုင်မှာလေ” ပီယက အပြုံးဖြင့် ရှင်းပြသည်။

“ဟုတ်လောက်တယ်” ရန်ကိုင် ခေါင်းနည်းနည်း ရှုပ်နေသေးသည်။ ကွေ့ဇူပြောခဲ့သော စကားများကြောင့် သူ့မှာ အလွန်တရာကိုမှ စိတ်လှုပ်ရှားသွားခဲ့ရပြီး ကမ္ဘာလောကသစ်၏ တံခါးချပ်ကို ဖွင့်လှစ်နိုင်တော့မည်ဟု ကြိတ်တွေးနေခဲ့သော်လည်း ကွေ့ဇူသည် ပေါက်တတ်ကရ ပါးစပ်ထဲရှိရာ လျှောက်ပြောနေသည်မှာလည်း ဖြစ်နိုင်ပေသည်။

တကယ်တော့ သူသည် ရန်ကိုင်အား ထိုကိစ္စနှင့် ပက်သက်၍ ညွှန်ကြားမှုလည်း မလုပ်ပေးနိုင်သလို အကြံလည်း မပေးနိုင်ဘူး မဟုတ်လေလော။

“သခင့်ရဲ့ အစေခံက အဲ့လို အံ့ဩစရာကောင်းတဲ့ ပါရမီရှင်တွေကို တစ်ခါမှ မတွေ့ဖူးပေမယ့် ဆန့်ကျင်ဘက် စွမ်းအင်တွေကို လေ့ကျင့်ထားတဲ့ လူနှစ်ယောက် အတူပူးပေါင်း တိုက်ခိုက်တာကိုတော့ မြင်ဖူးတယ်။ သူတို့ အသုံးပြုတဲ့ စွမ်းအင်တွေက တစ်ခုနဲ့တစ်ယောက် အနှောင့်အယှတ် မဖြစ်ကြဘူး။ အဲ့အစား သူတို့ ထုတ်ဖော်နိုင်တဲ့ စွမ်းအားကိုတောင် ပိုတိုးသွားစေသေးတယ်။ သခင်လည်း အဲ့လိုလူမျိုးတွေနဲ့ ကြုံတွေ့ဖူးမယ်လို့ ကျွန်မ ထင်တယ်”

ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ပီယအား အကောင်လိုက် ဝါးမြိုတော့မည် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။

ပီယက အားတင်းပြုံးလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး ပြန်ပြောလိုက်သည် “သခင်ဘာလို့ အဲ့လိုကြီး စိုက်ကြည့်နေတာလဲ”

ရန်ကိုင်သည် ပြန်မဖြေခဲ့ချေ။ သူ့စိတ်ထဲ အတွေပေါင်း ထောင်သောင်းမက ဖြတ်ပြေးသွားခဲ့သည်။

အမှောင်ထုထဲ အလင်းရောင်ကို တွေ့သွားသည့်နှယ်၊ ပီယ၏ မရည်ရွယ်ဘဲ ပြောလိုက်သော စကားလုံးများသည် ရန်ကိုင်အား အရေးကြီးသော အချက်တစ်ချက်ကို သတိရသွားစေခဲ့သည်။

ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းရန်မှာ အလွန်တရာကိုမှ ခက်ခဲပေသည်။ သို့သော်လည်း မတူညီသော စွမ်းအင်နှစ်မျိုးကို ကျင့်ကြံထားသည့် လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အားဖြည့်၍ အတူတူပူးပေါင်း တိုက်ခိုက်နိုင်ကြသည်။

သူနှင့် စုယန်သည်လည်း ထိုကဲ့သို့ပင်။

စုယန်သည် ရေခဲဓါတ်ကို ကျင့်ကြံပြီး သူသည် ယန်ဓါတ်ကို ကျင့်ကြံသည်။ လောကနိယာမအရ သူတို့နှစ်ယောက်၏ စွမ်းအားကို မည်သို့မှ ပေါင်းစည်း၍ မရနိုင်ချေ။ သို့သော် သူနှင့်စုယန်၏ စွမ်အားနှစ်မျိုးသည် အမှန်တကယ်ကို ပေါင်းစည်းနိုင်ခဲ့သည်။ ထိုသို့ ပေါင်းစည်းလိုက်သည့်အခါ ထွက်ပေါ်လာသော စွမ်းအားသည် မူရင်း ရှိရင်းစွဲစွမ်းအားထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့သည်။

အကြောင်းမှာ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကြောင့်ပင် ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် နှစ်မွှာကျင့်စဉ်ကို ကျင့်ကြံသူများ ဖြစ်ကြသည်။ တစ်ယောက်ကိုယ်ထဲရှိ စွမ်းအင်သည် အခြား တစ်ယောက်ကိုယ်ထဲရှိ စွမ်းအင်နှင့် ပေါင်းစပ်ပြီး မဆုံးနိုင်သော သံသရာနှယ် အဖန်တလဲလဲ လည်ပတ်နေခဲ့သည်။ စုယန်၏ ရေခဲစွမ်းအင်နှင့် ရန်ကိုင်၏ ယန်စွမ်းအင်သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် သန့်စင်၍ အားဖြည့်ပေးသည်။ ထို့ကြောင့် စွမ်းအင်၏ သိပ်သည်းဆနှင့် သန့်စင်နှုန်းမှာလည်း ပို၍ မြင်မားလာခဲ့သည်။

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်လား

ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး အတွေးရေယာဉ်ကြောထဲ နစ်မြောသွားခဲ့သည်။

သူနှင့် စုယန်တို့ နှစ်မွှာကျင့်ကြံသည့် အချိန်ကို ရန်ကိုင် ရုတ်တရက် ပြန်စဉ်းစားမိလိုက်သည်။ သူဥာဏ်အလင်း ပွင့်သွားခဲ့လေပြီ။ စုယန်သည် သူ့ရှေ့သို့ ရောက်လာခဲ့ပြီး နှစ်ယောက်သား နှစ်မွှာကျင့်ကြံခြင်းကို စတင် လေ့ကျင့်နေသလို ရန်ကိုင် ခံစားနေရသည်။

ဘုန်း…

သူ့အား ပိတ်ကာထားသော မြူခိုးအလွှာထုကြီး ရုတ်တရက် ပျောက်ကွယ်သွားပြီး အမည်မသိရသော နယ်ပယ်ကြီးတစ်ခုကို မြင်လိုက်ရသည့်နှယ် ရန်ကိုင် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ့မျက်လုံးများသည်လည်း တလက်လက် တောက်ပလာခဲ့လေသည်။

ဖြစ်နိုင်ချေတစ်ခုကို သူတွေးမိသွားခဲ့လေပြီ။ ရေခဲနှင့်မီးဓါတ် ပေါင်းစည်းနိုင်ခြင်းမှာ ထိုစွမ်းအင်နှစ်မျိုးသည် တစ်မျိုးနှင့်တစ်မျိုး ကန့်သတ်ချုပ်နှောင်ထားခြင်း မရှိဘဲ မဆုံးနိုင်သော သံသရာ စက်ဝန်းတစ်ခုနှယ် လည်ပတ်ရင်း တစ်မျိုး၏ စွမ်းအင်ကို တစ်မျိုးက တိုးမြှင့်ပေးနေသောကြောင့် ဖြစ်သည်။

ရေခဲနှင့်မီးသည် ထိုကဲ့သို့ လုပ်နိုင်လျှင် သူ၏ အစစ်အမှန် ယန်သူတော်စင်ချီနှင့် မိစ္ဆစွမ်းအားသည်လည်း ထိုကဲ့သို့ လုပ်နိုင်ရပေမည်။

ရှင်းရှင်းပြောရလျှင် ရွှေရောင်အရိုးခြောက်ထဲ ရှိနေသော မိစ္ဆာစွမ်းအင်များသည် အအေးဓါတ်တစ်မျိုး ဖြစ်သည်။ စုယန်၏ အအေးဓါတ်နှင့် မတူသည်ကား ထိုအအေးဓါတ်သည် လူတစ်ယောက်၏ စိတ့်နှင့်ဝိဥာဉ်ကို အဆုံးမဲ့ ရေခဲတွင်းထဲသို့ ရောက်သွားစေသည်ဟု ခံစားစေရသော အအေးဓါတ်မျိုး ဖြစ်သည်။

မမြင်နိုင်သော စွမ်းအားတို့ ရန်ကိုင် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ချက်ချင်းဆိုသလို တစ်လှည့်စီ လှည့်ပတ်နေသော အပူနှင့်အအေး အရှိန်အဝါတို့သည် ပီယအား ရစ်ပတ်သွားခဲ့လေပြီ။ ထိုအပူအအေး စက်ကွင်းကြောင့် ပီယမှာ ရေခဲရိုက်ခံရသည့်ဒဏ်နှင့် မီးကင်ခံရသည့်ဒဏ်ကို တစ်လှည့်စီ ခံစားနေခဲ့ရလေသည်။

“နင်အဆင်ပြေလား” ရန်ကိုင် အခြေအနေ ပုံမှန်မဟုတ်သည်ကို မြင်သော် ပီယက အလန့်တကြား ထမေးလိုက်သည်။

ယခင်အချိန်အတောအတွင်း ပီယဿည် ရန်ကိုင် စိတ်ကျေနပ်စေရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သို့မှသာ ရန်ကိုင်၏ ကျောထောက်နောက်ခံကို ရရှိနိုင်မည် မဟုတ်ပေလော။ ရန်ကိုင်သာ မတော်တဆ တစ်ခုခု ဖြစ်သွားပါက သူမကြိုးစားခဲ့ရသမျှအားလုံး သဲထဲရေသွန် ဖြစ်ကုန်ပေလိမ့်မည်။

ထိုသို့ ဖြစ်သွားမည် ဖြစ်လေရာ ပီယ မစိုးရိမ်ဘဲ ဘယ်နေမည်နည်း။

“ပြန်ဆုတ်” ကွေ့ဇူ၏ အသံကို သူမ ရုတ်တရက် ကြာလိုက်ရပြီး မမြင်နိုင်သော အားတစ်ရပ်သည် သူမအား ကျောက်တုံးခန်းထဲမှ ဆွဲခေါ်ထုတ်သွားလေသည်။

သူမပါးပြင်အား လေးညင်းတစ်ချက် ပွတ်သပ်သွားသည်ကို ခံစားမိပြီးနောက် အသိပြန်ဝင်လာ၍ လှည့်ကြည့်လိုက်ရာ ကွေ့ဇူသည် သူမဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကွေ့ဇူ၏ မှိုင်းတိုင်းတိုင်း မျက်လုံးများထဲ ထူးဆန်းသော အလင်းရောင်တို့ လက်နေခဲ့ပြီး ကျောက်တုံးခန်းထဲတွင် တင်ပလင်ခွေ ထိုင်သော ရန်ကိုင်အား အသေအချာ စိုက်ကြည့်နေခဲ့သည်။

“စီနီယာ၊ ရန်ကိုင် ဘာဖြစ်သွားတာလဲ” ပီယက ရဲဆေးတင်၍ မေးလိုက်သည်။

“ငါလည်းမသိဘူး။ ဒါပေမယ့် ကြည့်ရတာ သူတစ်ခုခုကို ဥာဏ်အလင်းပွင့်သွားတဲ့ပုံပဲ” ကွေ့ဇူ မျက်မှောင်ကြုံ့သွားပြီး “ခုဏတုန်းက နင်သူနဲ့ ဘာတွေ ပြောနေတာလဲ”

ပီယက အကုန်လုံးကို အမှန်အတိုင်း ရှင်းပြလိုက်လေသည်။

ပီယ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကွေ့ဇူက ထူးဆန်းစွာ ပြုံးဖြီးလိုက်ပြီး “ငါပြောလိုက်တဲ့အတိုင်း ဒီကောင် တကယ်ကြီး လုပ်လိမ့်မယ်လို့ မထင်ထားဘူး။ ကံကောင်းတာလား၊ ကံဆိုးတာလား၊ ငါလည်း မပြောတတ်တော့ဘူး”

“စီနီယာ… သူအန္တရာယ်ရှိလား” ပီယက သူမပါးစပ်ကို ကြောက်လန့်တကြား လက်ဖြင့် အုပ်လိုက်သည်။

“သူက ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းဖို့ ကြိုးစားနေတာလေ။ နင်ဘယ်လိုထင်လဲ” ကွေ့ဇူက ပြုံးဖြီးလျက် “နေရာမှာတင် တန်းမသေသွားတာနဲ့တင် အထင်ကြီးဖို့ ကောင်းနေပြီ။ ဒီကောင့်သတ္တိက မသေးဘူး”

“စီနီယာ သူ့ကို ရပ်ပေးလို့မရဘူးလား” ပီယက အလျင်စလို မေးလိုက်သည် “ဒီနေရာကနေ ထွက်သွားဖို့အတွက် သူ့အကူအညီကို စီနီယာ လိုသေးတယ်လေ။ သူသာ သေသွားခဲ့ရင်…”

“သူသေရင် သေတယ်ပေါ့။ ဘာလုပ်ရမှာလဲ။ ပြီးတော့ ဒီကောင်က ငါ့ကို ရိုးရိုးသားသား ကူညီပေးနေတာ မဟုတ်ဘူး။ သူသာ ဒီကနေ ထွက်ပြေးနိုင်မယ့် နည်းလမ်းတစ်ခု ရှာတွေ့သွားရင် ငါ့ကိုတောင် မပြောဘဲ သူ့ဘာသာ ထွက်သွားချင် ထွက်သွားနေမှာ။ ဟတ်၊ သူသေသွားရင် သူ့ဝိဥာဉ်ကို ကောက်ယူပြီး သူမှတ်ဥာဏ်တွေကို ရှာလိုက်ရုံပဲ”

ကွေ့ဇူဆီ အကူအညီတောင်း၍ အသုံးဝင်မည်မဟုတ်မှန်း ပီယ နားလည်လိုက်သည်။ သူမ မည်သို့ပင် ပြောပါစေ၊ ကွေ့ဇူသည် လုံးဝ ဝင်ကူပေးလိမ့်မည် မဟုတ်ချေ။

“ကောင်မလေး၊ ငါသိသလောက် နင်သူ့လုံခြုံရေးကို တကယ် ဂရုမစိုက်ပါဘူး။ ဘာလို့ ဒီလောက်တောင် စိုးရိမ်ပြနေတာလဲ” ကွေ့ဇူက ပီယအားကြည့်ကာ ပြောလိုက်သည်။

ပီယက အားတင်းပြုံးလျက် “စီနီယာ နောက်နေတာပဲ… ကျွန်မ သူ့ကို တကယ် မသေစေချင်ဘူး”

“ဘာတွေ ဖြစ်နေတာလဲ” ရှန်တုက အော်ဟစ်လိုက်ပြီး ခပ်မြန်မြန်ပဲ ပေါ်လာခဲ့သည်။ သို့သော်လည်း ကျောက်တုံးခန်းရှေ့ ရောက်သွည်နှင့် ထိတ်လန့်သွားပြီး အလျင်စလို အော်မေးလေသည် “ဟျောင့်ရန်ကိုင်၊ ဘာတွေ ဖြစ်နေတာလဲ။ ဒီကောင့်ရုပ်က ဘာဖြစ်နေတာလဲဟ”

ရှန်တုမှ ထိုကဲ့သို့ မေးလိုက်သည်နှင့် ကွေ့ဇူ မျက်မှောင်ကြုံ့သွားပြီး အော်ပြောလိုက်လေသည် “ပြန်ဆုတ်ကြ”

ပြောပြီးသည်နှင့် သူပျောက်ကွယ်သွားခဲ့သည်။

‌ကွေ့ဇူ ထိုမျှ အလေးအနက် ပြုမူနေသည်ကိုမြင်သော် ပီယနှင့် ရှန်တုတို့သည်လည်း မည်ကဲ့သို့ ဆက်နေရဲတော့မည်နည်း။ သူတို့၏ ရွေ့လျားမှုပညာရပ်များကို သုံးလျက် ချက်ချင်းပဲ ထွက်ပြေးတော့လေသည်။

သူတို့ အပြင်ဘက်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောင်ဆီမှ ဆန့်ကျင်ဘက်အားနှစ်မျိုး ပေါက်ကွဲလာခဲ့သည်။ တစ်မျိုးသည် ချစ်ချစ်တောက် ပူပြင်းပြီး တစ်မျိုးသည် အေးစက်ကာ မကောင်းဆိုးရွားဆန်သည်။

ထိုစွမ်းအင်နှစ်မျိုးစလုံးသည် အလွန်တရာကိုမှ အားကောင်းလှပြီး တစ်ခဏအတွင်း လိုဏ်ဂူတစ်ခုလုံးအနှံ့ ပြည့်သွားခဲ့သည်။ ထိုမျှပင် ရပ်မနေသေး၊ ပေါက်ကွဲထွက်လာသော စွမ်းအင်များသည် လိုဏ်ဂူအပြင်ဘက်သို့ထွက်ကာ တောင်နယ်နိမိတ်ကိုပင် ကျော်လွန်သွားခဲ့သည်။

အနီးတွင်နေနေသော လျူကွေ့ချန်သည် တောင်ဘက်ဆီသို့ ထိတ်လန့်တကြား လှမ်းကြည့်သည်။

ဟဲကျောင်၊ ဟဲမြောင်နှင့် စကားပြောနေသည့် ရွှယ့်ရှီသည်လည်း အံ့အားသင့်တကြီးဖြင့် တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

တောင်တစ်ခုလုံးသည် နှစ်ပိုင်းကွဲသွားသည့်နှယ်၊ တစ်ခြမ်းသည် ပူပြင်းလှသော ယန်စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ကာ ရွှေရောင် လင်းလက်တောက်ပနေခဲ့သည်။ အခြားတစ်ဖက်ခြမ်းကမူ သွေးဆာရက်စက်သော အရှိန်အဝါတို့ဖြင့် ပြည့်နေသည့် ပိန်းပိန်းပိတ်အောင် မည်းမှောင်သော မိစ္ဆာစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့သည်။

ထိုစွမ်းအင်နှစ်မျိုးသည် တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် တွန်းကန်တိုက်ခိုက်နေကြသဖြင့် တစ်တောင်လုံး အချိန်မရွေး ပြိုကျတော့မည့်နှယ် တုန်ခါနေခဲ့သည်။

“ဘာတွေဖြစ်နေတာလဲဟ” လျူကွေ့ချန်က အလန့်တကြား ရေရွတ်ရင်း အလျင်အမြန် ပြန်ဆုတ်လိုက်သည်။ တောင်နားတွင် ရှိနေသော လူအားလုံးသည်လည်း တောင်နှင့် ဆယ်မိုင်ကျော် အကွာသို့ ဆုတ်ခွာကြလေသည်။

“အဲ့ဂျူနီယာရဲ့ အရှိန်အဝါပဲ။ သူဘာတွေလုပ်နေတာလဲ” ရွှယ့်ရှီက မျက်လုံးမှေးစဉ်း၍ ဟဲကျောင်နှင့် ဟဲမြောင်ကို မေးလိုက်သည်။

“မသိဘူး။ ကျွန်မတို့ ထွက်လာတုန်းက သူတစ်ခုခု လုပ်နေတာမျိုး မတွေ့ရဘူး” ဟဲကျောင်က ခေါင်းခါလိုက်သည်။

“ခရမ်းကြယ်က ပီယ တစ်ခုခု သိထားရမယ်” ဟဲကျောင်သည် တောင်ဘက်ဆီသို့ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေကြသော ရှန်တုနှင့် ပီယဆီ လှမ်းကြည့်လိုက်သည်။

လျူကွေ့ချန်သည်လည်း ထိုအချက်ကို သတိပြုမိလိုက်ပြီး ပီယအား ချက်ချင်း သွားမေးလေသည်။ သူတို့ ပြောနေသည်ကို နားထောင်ပြီးနောက် လက်ရှိကိစ္စ၏ အမှန်တရားကို ရွှယ့်ရှီ နားလည်သွားခဲ့သည်။

ရွှယ့်ရှီ၏ မျက်နှာလှလှလေးထက် ထူးဆန်းသော အမူအရာ ပေါ်လာခဲ့သည်။ ခဏအကြာတွင် ဝါးလုံးကွဲရယ်မောသံတို့ သူမ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာခဲ့ပြီး “ဒီတစ်ကြိမ်တော့ အဲ့ဂျူနီယာ သေပြီပဲ။ ငါကိုယ်တိုင်တောင် လှုပ်ရှားစရာ မလိုတော့ဘူး။ ဟန့်၊ သွေးနားထင်ရောက်နေတဲ့ကောင်၊ နည်းတောင်နည်းသေးတယ်။ သူတော်စင်ပထမအဆင့်လေးနဲ့ အဲ့လိုသွားကြိုးစားရဲတာ အသက်ရှင်ရတာ ငြီးငွေ့နေတယ်နဲ့ တူတယ်”

“ဆရာ၊ ရန်ကိုင် အန္တရာယ်ရှိလား”

“သူအချိန်မရွေး သေသွားနိုင်တယ်” ရွှယ့်ရှီက ဝမ်းသားစွာဖြင့် ပြောလိုက်သည်။

“ဆရာ၊ သူ့ကို ကယ်ပေးပါနော်။ ဆရာသူ့ကို အမြင်ကတ်မှန်း ကျွန်မတို့သိပါတယ်။ ဒါပေမယ့် ဆရာသူ့ကို တကယ် မသေစေချင်ဘူးမလား” ဟဲကျောင်က တောင်းဆိုလိုက်သည်။

“ငါသူ့ကို သေစေချင်တာပေါ့။ သူမြန်မြန်သေရင် ပိုတောင် ကောင်းသေးတယ်” ရွှယ့်ရှီက အံတကြိတ်ကြိတ်ဖြင့် “ပြီးတော့ ဒီလိုကိစ္စမျိုးဆိုတာ အပြင်လူ ဝင်ရှုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ စီနီယာကွေ့ဇူတောင် ဘေးထွက်ကြည့်နေတာကိုပဲကြည့်”

ဟဲကျောင်နှင့်ဟဲမြောင်လည်း မော့ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် ဝဲနေသော ကွေ့ဇူကို တွေ့လိုက်ရသည်။

“တစ်ယောက်ယောက်သာ ဒီကိစ္စကို အားသုံးပြီး ရပ်တန့်မယ် ဆိုရင် သူကျိန်းသေ သေရလိမ့်မယ်” ရွှယ့်ရှီက မျက်မှောင်ကြုံ့လျက် “ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်သည် “အခု သူသေတယ်၊ ရှင်တယ်ဆိုတာက သူ့ပေါ်ပဲ မူတည်တော့တယ်”

ထိုသို့ ပြောပြီးနောက် ဟဲကျောင်နှင့် ဟဲမြောင်သည် သူ့အား ထူးထူးဆန်းဆန်း စိုက်ကြည့်နေမှန်းကို သတိပြုမိလိုက်သော် နှာခေါင်းရှုံ့လျက် ချက်ချင်းပဲ မျက်နှာလွှဲလိုက်လေသည်။

ဟဲကျောင်က တခစ်ခစ် ရယ်မောလျက် “ဆရာ တကယ် စိတ်ပြောင်းသွားပြီးပဲ။ သူ့ကို အရင်လို အငြိုးမထားတော့ဘူး။ ဟုတ်တယ်မလား”

“ကောင်မလေး၊ ကိုယ့်ဆရာကို မနောက်နဲ့နော်” ရွှယ့်ရှီက ခါးသက်စွာပြုံးလျက် “ဒီတစ်ကြိမ် သူမသေရင် နောက်ပိုင်း သူ့နားကပ်ဖို့ မစဉ်းစားတော့နဲ့။ အနည်းဆုံး သူနဲ့ ဆယ်မီတာ ခွာပြီးတော့နေ”

“ဟုတ်ကဲ့ပါ” ဟဲကျောင်နှင့် ဟဲမြောင်တို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

“စီနီယာ၊ နည်းလမ်းတစ်ခုခုရှာပြီး သူ့ကို ကူညီပေးလို့ မရဘူးလား” တောင်အောက်ခြေတွင် ရပ်နေသော ရှန်တုက ကွေ့ဇူအား လှမ်းအော်ဟစ် အကူအညီ တောင်းလိုက်သည်။

ကွေ့ဇူက သွားပေါ်အောင်ပြုံးလျက် “ဒီကိစ္စနဲ့ ပက်သက်ပြီး ငါလုပ်ပေးနိုင်တာ ဘာမှမရှိဘူး။ ဒီတစ်ကြိမ် သူသေရင်သေ၊ မသေရင် သူ့ဘဝကြီး တောက်ပပြီပဲ။ သူဘယ်လို ဖြစ်မလဲ ဆိုတာကိုတော့ ငါတော်တော်လေး သိချင်မိနေပြီ။ ငါ့မှာ သူ့ကို ကူညီနိုင်မယ့် နည်းလမ်းရှိရင်တောင် ဝင်ကူပေးမှာ မဟုတ်ဘူး”

ရန်ကိုင်သည် လေဟာနယ်နိယာမများကို နားလည်ထားမှန်း သိလိုက်ရစဉ်က ထိတ်လန့်မိသွားသော်ငြား ရန်ကိုင်အား အရမ်းကြီး အရေးမစိုက်ခဲ့။ သို့သော်လည်း သူရန်ကိုင်ကို အထင်သေးမိသွားပြီမှန်း ယခု ကွေ့ဇူ နားလည်သွားခဲ့သည်။

သူ့ပြောလိုက်သော စကားအချို့ကြောင့် ထိုကောင်လေးသည် သူ့ခွန်အားကို ကောင်းကောင်း နားလည်သွားခဲ့သည်။ ထိုကဲ့သို့ နားလည်ခြင်းသည် သာမန်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်သည့် အရာမျိုးမဟုတ်ချေ။

ရန်ကိုင် အောင်မြင်မည်လား ကွေ့ဇူ သိချင်မိသည်။ အောင်မြင်မည်ဆိုလျှင် သူ့ခွန်အား မည်သည့် အတိုင်းအတာအထိ တိုးတက်လာမည်နည်း။

သူမသေခဲ့လျှင် သူ့အနာဂတ်သည် ကျိန်းသေ တောက်ပနေပေလိမ့်မည်။ ကြယ်စီရင်စုကြီး တစ်ခုလုံးအတွင် အထူးချွန်ဆုံးသော ပါရမီရှင်ပင် ဖြစ်လာနိုင်သည်။ အကုန်လုံးသည် တောင်ခြေတွင်ရပ်လျက် တောင်ထိပ်ပေါ်သို့ လှမ်းကြည့်နေကြသည်။

အချို့သည် ရန်ကိုင် မြန်မြန်သေပါစေဟု မျှော်လင့်နေကြပြီး အချို့သည် ရန်ကိုင် အသက်ရှင်ပါစေဟု ဆုတောင်းနေကြသည်။ အချို့ကမူ စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုအဖြစ်သာ သဘောထားလျက် ကြည့်နေခဲ့ကြသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၂၂) ပေါင်းစပ်ခြင်း

အကုန်လုံးသည် တောင်အောက်ခြေမှနေ၍ အံ့ဩဖွယ်ရာ မြင်ကွင်းကို အတွေးကိုယ်စီဖြင့် မော့ကြည့်နေခဲ့ကြသည်။

တောင်ထဲတွင် ရှိနေသော ရန်ကိုင်ကမူကား၊ သူ့စွမ်အားများ ပေါက်ကွဲထွက်သွားပြီမှန်း သိလိုက်သည့်အခိုက် အလွန်ကိုမှ စိတ်ညစ်သွားခဲ့သည်။

ကျင့်ကြံသူတစ်ယောက်တွင် ရှိသော စွမ်းအားသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရိုက် အချိုးကျနေသည်။ မသေမျိုးအဆင့် တစ်ယောက်သည် မသေမျိုးအဆင့်တစ်ယောက် ပိုင်ဆိုင်နိုင်သည့် စွမ်ာအးကိုသာ ပိုင်ဆိုင်ထားပြီး သူတော်စင် တစ်ယောက်သည် သူတော်စင်အဆင့် တစ်ယောက်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သို့သော် ထိုစွမ်းအား အကန့်အသတ်သည် ရန်ကိုင်အပေါ် သက်ရောက်မှုမရှိချေ။ အကြောင်းမှာ သူကျင့်ကြံထားသော ကျင့်စဉ်သည် အလွန်တရာကိုမှ ထူးခြားသောကြောင့် ဖြစ်သည်။

အစစ်အမှန်ယန်ကျင့်စဉ်ကို လေ့ကျင့်ထားသည့်အတွက် သူ့ကိုယ်ထဲရှိ ယန်ဓါတ်စွမ်းအင်များသည် အကန့်အသတ်သို့ ရောက်သည့်အခါ ယန်အရည်စက်အဖြစ် သိပ်သည်းသွားပြီး ဒန်တန်ထဲသို့ ရောက်သွားပေလိမ့်မည်။

ရွှေရောင်အရိုးခြောက်သည်လည်း စိတ်ပင်မကူးနိုင်လောက်အောင် များပြားသော စွမ်းအင်များအား သိုလှောင်ထားနိုင်သည့် ထူးခြား စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားသည်။

ထိုစွမ်းအင်သိုလှောင်ပစ္စည်းဟုပဲ ဆိုရလေသော အရာနှစ်ခုကြောင့် ရန်ကိုင်ကိုယ်ထဲရှိ ချီစွမ်းအင်သည် သာမန်ကျင့်ကြံသူတစ်‌ယောက် မယှဉ်နိုင်လောက်သည်အထိ များပြားလွန်းလှပေသည်။ အရှင်းဆုံး ပြောရလျှင် သူ့စုစည်းနိုင်သည့် ချီပမာဏသည် အကန့်အသတ် မရှိဟုပင် ဆိုရလောက်သည်အထိ များပြားလှသည်။

သို့သော်လည်း ယခုအချိန်တွင် ရန်ကိုင်သည် ထိုစွမ်းအင် သိုလှောင်သည့် နေရာတစ်ခုစလုံးကို ဖွင့်ထုတ်လိုက်ရလေပြီ။

ရွှေရောင်အရိုးခြောက်ထဲရှိ မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်လာသဖြင့် ရန်ကိုင်သည် မိစ္ဆာစွမ်းအင်များ၏ တစ်ဖက်သတ် လွှမ်းမိုးခြင်း မခံစေဘဲ သူ့ကိုယ်ထဲရှိ စွမ်းအင်အခြေအနေကို မျှခြေဖြစ်နေစေရန်အတွက် ယန်အရည်စက်များကို တစ်စက်ပြီးတစ်ဖက် ဖောက်ခွဲနေရသည်။

သူ့ကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်နှင့် ယန်ယွမ်ချီသည် ပေါက်သွားသော ရေကာတာမှ ရေများနှယ် တရဟော ပေါက်ကွဲထွက်လာပြီး တောင်တစ်ခုလုံးကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့သည်။

ပေါက်ကွဲထွက်လာသော စွမ်းအင်များကြောင့် ရန်ကိုင်ပင် ကြောက်လန့်သွားရသည်။ ထိုစွမ်းအားများသည် သူ့ခန္ဓာကိုယ် တောင့်ခံနိုင်သည်ထက် အဆတစ်ရာမဟုတ် အဆ(၁၀၀၀) လောက် ပို၍ အားကောင်းနေခဲ့သည်။

ရန်ကိုင် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားခဲ့ပြီး သွေးလည်ပတ်နှုန်းများလည်း ဆထက်ထမ်းပိုး ပိုမို မြန်ဆန်လာခဲ့သည်။ များပြားလှသော စွမ်းအင်များ ပေါက်ကွဲထွက်လာသည့်အတွက် သူ့အရေပြားများ ပေါက်ပြဲလာခဲ့ရသည်။ ပေါက်ပြဲသွားသော ဒဏ်ရာများသည် တစ်ခဏအတွင်း ပြန်လည် ကောင်းမွန်သွားခဲ့သည်။ သို့သော် ဒဏ်ရာအသစ်များ ထပ်ရပြန်၏။ ဤသို့ဖြင့် ဒဏ်ရာရလိုက်၊ ပြန်ကောင်းသွားလိုက် ဖြစ်စဉ်ထဲ ရန်ကိုင် တဝဲလည်လည် လည်နေခဲ့ရလေသည်။

ခန္ဓာကိုယ် အခြေအနေမှာ မကောင်းသော်ငြား ရန်ကိုင်၏ စိတ်အစုံသည် ကျောက်စိုင်ကျောက်သားပမာ တည်ငြိမ်နေသည်။ စိတ်ကို ငြိမ်ငြိမ်ထားလျက် အချင်းချင်း တိုက်ခိုက်နေသော စွမ်းအင်နှစ်မျိုးကို အသေအချာ လေ့လာနေခဲ့ရာ ထိုစွမ်းအင် နှစ်မျိုးအပေါ် သူ၏ နားလည်သဘောပေါက်မှုသည်လည်း ယခင်ထက် ပိုမြင့်မားလာခဲ့ရသည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်လွန်နေခဲ့ပြီး မိစ္ဆာစွမ်းအင်နှင့် ယန်စွမ်းအင်တို့မှာလည်း အချင်းချင်း တိုက်ခိုက်ကြရင်း တဖြည်းဖြည်း အားပျော့လာခဲ့သည်။ စွမ်းအင်များ အားပျော့လာသည်နှင့်အမျှ ထိုစွမ်းအင်များ၏ သဘာဝကို ရန်ကိုင်ပို၍ နားလည်လာခဲ့သည်။

ကောင်းကင်စိတ်အာရုံကို အပြည့်အဝ ဖြန့်ကျက်၍ သူ့ခန္ဓာကိုယ်ထဲ ဖြစ်ပျက်နေသော ပြောင်းလဲမှုအဖုံဖုံကို အသေးစိတ်လေ့လာနေခဲ့သည်။ ယခုကဲ့သို့ စိတ်ဓါတ်ကျဖွယ် အခြေအနေမျိုးအောက်တွင် သူ့ကိုယ်ပိုင်ခွန်အား ဤကဲ့သို့ အံ့အားသင့်ဖွယ်အတိ ပြောင်းလဲသွားသည်ကို မြင်တွေ့နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုသည် အသက်ရှိလာပြီး သူတို့၏ သဘောသဘာဝကို ရန်ကိုင်၏ နားနားသို့ကပ်၍ တိုးတိုးလေး ပြောနေသည့်နှယ်၊ ထိုစွမ်းအင်များအကြောင်း တစထက်တစ ရန်ကိုင် ပိုပို၍ နားလည်လာခဲ့သည်။ ရန်ကိုင်၏ မျက်လုံးများ တောက်ပသည်ထက် တောက်ပလာခဲ့ပြီး သူ့ယုံကြည်ချက်သည် အချိန်နှင့်အမျှ မြင့်တက်လာနေခဲ့သည်။

စွမ်းအင်နှစ်မျိုး အချင်ချင်း ခိုက်ရန်ဖြစ်ပွားနေသည်ကို ရန်ကိုင် ဂရုမစိုက်ချေ။ ထိုစွမ်းအင်နှစ်မျိုးအား စိတ်ရှိတိုင်း တိုက်ခိုက်ခွင့် ပေးထားခဲ့သည်။ သူကမူ ထိုစွမ်းအင်နှစ်မျိုး၏ ပြောင်းလဲမှုများကို ဘေးမှနေ၍သာ အသေအချာ လေ့လာနေခဲ့သည်။ ပြောရလျှင် ရန်ကိုင်သည် သားရဲနှစ်ကောင် တိုက်ခိုက်နေသည်ကို ဘေးမှ ရပ်ကြည့်နေသော ပွဲကြည့်ပရိတ်သတ်နှင့် တူပေသည်။

အချိန်အတော်မျှ ကြာသွားပြီးသည့်နောက်တွင် သူ့ကိုယ်ပိုင် စွမ်းအား၏ သဘောသဘာဝနှင့် အဓိပ္ပါယ်ကို အပြည့်အဝ နားလည်သွားသလို ခံစားလိုက်ရသည်။ ဝမ်းသာမှုကြောင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး ယင်ယန် ပေါင်းစည်းခြင်းကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ ထိုကျင့်စဉ်ကို လမ်းညွှန်အဖြစ်သုံး၍ သူ့ကိုယ်ထဲမှ ထွက်သွားသော မိစ္ဆာစွမ်းအင်များနှင့် ယန်စွမ်းအင်များကို ပြန်လည် စုပ်ယူလေပြီ။

သူကိုယ်ထက်ရှိ မွှေးညင်းပေါက်အားလုံး ပွင့်သွားခဲ့ပြီး ရန်ကိုင်၏ ခန္ဓာကိုယ်သည် အဆုံးမဲ့တွင်းနက်ကြီး တစ်ခုနှယ် ဖြစ်လာကာ ပေါက်ကွဲထွက်သွားခဲ့သော စွမ်းအင်နှစ်မျိုးကို အလွယ်တကူ ပြန်လည် စုပ်ယူတော့လေသည်။

ထိုစွမ်းအင်နှစ်မျိုး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာသည့် အချိန်တွင် ယခင်ကကဲ့သို့ ခိုက်ရန်ဖြစ်ပွားခြင်း မရှိတော့ဘဲ ရန်ကိုင် သတ်မှတ်ပေးထားသည့် လမ်းအတိုင်း လိုက်၍ တဖြည်းဖြည်းချင်း စတင်ပေါင်းစပ်ကြတော့သည်။

မယုံကြည်နိုင်ဖွယ် ပြောင်းလဲမှုးကို ခံစားလိုက်မိသော် ရန်ကိုင် အူမြူးသွားခဲ့ပြီး စွမ်းအင်နှစ်မျိုးအား ပေါင်းစပ်ရာတွင် ပို၍ အားစိုက်လိုက်သည်။

တောင်အောက်ခြေတွင် ရှိနေသော လူများသည် ရန်ကိုင် သေမည်လား၊ ရှင်မည်လား ဆိုသည်ကို ခန့်မှန်း တွက်ချက်နေကြသည်။ ထိုစဉ် ဟဲမြောင်က ရုတ်တရက် အလန့်တကြား ထအော်လေသည် “တစ်ခုခုဖြစ်နေပြီ”

သူမ၏ အလန့်တကြား အော်ဟစ်သံကြောင့် အကုန်လုံးသည် တောင်ပေါ်ရှိရာဆီသို့ မော့ကြည့်လိုက်မိသည်။ မော့ကြည့်လိုက်မိသည့်အခိုက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး မှင်သက်သွားရသည်။

ယခုလက်ရှိမတိုင်ခင်၊ ယခင်က တောင်တစ်လုံးလုံးသည် နှစ်ခြမ်းကွဲနေခဲ့သည်။ တစ်ခြမ်းသည် ချစ်ချစ်တောက် ပူလောင်ကာ ရွှေရောင်တောက်နေခဲ့ပြီး ကျန်တစ်ဖက်သည် မည်းမှောင်အေးစက်နေခဲ့သည်။

သို့သော် လက်ရှိတွင် ထိုစွမ်းအင်နှစ်မျိုးသည် အပြန်အလှန် တိုက်ခိုက်နေခြင်းမပြုတော့ဘဲ ဖြည်းဖြည်းချင်း ပေါင်းစပ်နေသည်ကို အကုန်လုံး သတိပြုမိလိုက်သည်။

“သူအောင်မြင်သွားတာလား” ကွေ့ဇူ၏ အမူအရာ ထူးဆန်းသွားပြီး တောင်အတွင်းပိုင်းအား ကောင်းကင် စိတ်အာရုံးဖြင့် လှမ်းစစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးကြည့်ပြီးသည့်နောက် သူ့နှုတ်ခမ်း ကွေ့တက်သွားပြီး နှာခေါင်ရှုံ့လိုက်သည် “ဒီကောင်ကတော့…”

ရန်ကိုင်သည် ထိုစွမ်းအားနှစ်မျိုးအကြောင်းကို အပြည့်အဝ နားလည်သွားပြီး ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို ရှာတွေ့သွားခဲ့လေပြီ။ သူသာ ထိုလမ်းအတိုင်း ဆက်သွားမည် ဆိုပါက ကွေ့ဇူ သာမန်ကာလျှံကာ ပြောလိုက်သော စကားကို အစစ်အမှန်ဖြစ်အောင် လုပ်ဆောင်လာနိုင်မည်ဖြစ်ပြီး ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းနိုင်ပေလိမ့်မည်။

ယခုထိတိုင် ရန်ကိုင်အား အထင်သေးမိနေဆဲမှန်း ကွေ့ဇူ နားလည်လိုက်သည်။ စွမ်းအင်နှစ်မျိုးအား ပေါင်းစပ်သည့် အကြောင်းကို ရန်ကိုင်အား ပြောခဲ့ခြင်းသည် ရန်ကိုင် အနေဖြင့် ထိုလမ်းအတိုင်း လျှောက်နိုင် မလျှောက်နိုင် သိလိုသောကြောင့် ပြောကြည့်လိုက်ခြင်း ဖြစ်သည်။ လျှောက်နိုင်မည် ဆိုလျှင်ပင် နောက်နှစ်ရာပေါင်းများစွာ ကြာမည်ပေါ့။ သို့သော်လည်း ရန်ကိုင်အနေဖြင့် ထိုမျှကြာအောင် အသက်ရှင်နိုင်ရန် လိုအပ်ပေသည်။

သို့သော်လည်း ထိုကဲ့သို့ အံချီးဖွယ်ရာကို ဤမျှ အချိန်တိုအတွင်း ရန်ကိုင်တကယ် လုပ်ပြသွားနိုင်လိမ့်မည်ဟု ကွေ့ဇူ မတွေးခဲ့ချေ။

ထိုကဲ့သို့ အံချီးဖွယ်ရာမျိုးကို တစ်ကြိမ်တည်း လုပ်၍မရချေ။ ဖြစ်နိုင်သည်မှာ ရန်ကိုင်သည် ယခင်ကတည်းက သူ့ခွန်အား အကြောင်းကို ကောင်းကောင်း နားလည်ထားခြင်း ဖြစ်ပြီး ကွေ့ဇူ၏ သာမန်ကာလျှံကာ စကားသည် ရန်ကိုင်၏ ထိုစွမ်းရည်ကို နိုးထသွားစေခြင်း ဖြစ်ရမည်။

ကွေ့ဇူ ဘာမှမပြောခဲ့လျှင်ပင် အခွင့်အလမ်း ကြုံကြိုက်သည့် တစ်နေ့၊ သူ့ကိုယ်ထဲရှိ စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းနိုင်ပေလိမ့်မည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် ကွေ့ဇူ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားခဲ့သည်။ သူသည် ရန်ကိုင်၏ ခွန်အား အပြောင်းကြီး ပြောင်းလဲသွားစေရန်အတွက် မတော်တဆ အကူအညီ ပေးခဲ့မိသည်။

“စီနီယာ၊ ရန်ကိုင် အဆင်ပြေလား” ရှန်တုက ကောင်းကင်ပေါ်သို့ မော့ကာ မေးလိုက်သည်။

“ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ ဟန့်” ကွေ့ဇူ နှာခေါင်းရှုံ့၍ သူ့အင်္ကျီလက်ကို ဝှေ့ရမ်းလျက် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

“ဟုတ်သွားပြီ” ကွေ့ဇူ၏ မျက်နှာထား၊ စကားအသွားအလာကို ကြည့်၍ ရန်ကိုင်၏ အခြေအနေကို ရှန်တုလိုက်သည်။

မကြာမီ တောင်ဝန်းကျင်တစ်ခွင်ရှိ ပိတ်သားပန်ချီကားချပ်သည် အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေပြီ။ ရွှေရောင်နှင့် အနက်ရောင်တို့ ပေါင်းစုံစည်းသွား၍ အနက်ရောင်မီးတောက် တစ်မျိုး မွေးဖွားဖြစ်တည်လာသည့် မြင်ကွင်းမှာ လွန်စွာကိုမှ မျက်စိဖမ်းစားစရာ ကောင်းလှသည်။

အသစ်ဖြစ်ပေါ်လာသော နတ်ဆိုးမီးတောက်သည် ဤလောကကြီးရှိ အရာမှန်သမျှကို ပြာမှုန်ဘဝသို့ ရောက်အောင် လောင်ကျွမ်းပစ်နိုင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။

မီးတောက်အား ကြည့်နေရုံသက်သက်နှင့်ပင် သူတို့၏ ဝိဥာဉ်များ ပူလောင်လာရသည်။ ထိုမီးတောက်ထဲ အစစ်အမှန်ယန်ယွမ်ချီ၏ အရှိန်အဝါများ ကိန်းအောင်း ပါဝင်နေသကဲ့သို့ သွေးဆာ၊ ရက်စက်သော အရှိန်အဝါများသည်လည်း ကိန်းအောင်း ပါဝင်နေပေသည်။ ထိုဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုး ‌ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသော နတ်ဆိုးမီးတောက်သည် ကြည့်မိသူတိုင်းအား ကူကယ်ရာမဲ့သည့် ခံစားချက်ကို ပေးစွမ်းသည်။

ထို့ကြောင့် အကုန်လုံး ထိုးနတ်ဆိုးမီးတောက်အား ဆက်မကြည့်ရဲတော့ဘဲ ချက်ချင်း အကြည့်လွှဲဖယ်လိုက်ကြ၏။

“ကြည့်ရတာ သူတကယ်ကို အမြင့်ကြီး လှမ်းတက်သွားတာပဲ…” ပီယ၏ မျက်ဝန်းထဲ ထူးဆန်းသည့် အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ရန်ကိုင်အား ပို၍ ရိုးရိုးသားသား၊ လေးလေးစားစားဖြင့် ဆက်ဆံရမည်ဟုလည်း တွေးလိုက်သည်။

ယခင်က ရန်ကိုင်၏ အစေခံ လုပ်ရခြင်းသည် အကျိုးအမြတ်ကို လိုသောကြောင့်ဖြစ်သည်။ မဟုတ်လျှင် ရန်ကိုင် သူမအား ပြဿနာ လာရှာမည်ကို ကြောက်ရပေလိမ့်မည်။ ထို့ကြောင့်သာ အစေခံလုပ်ရန် နည်းနည်းလေမှ မတုန့်ဆိုင်းခဲ့ခြင်းဖြစ်သည်။

စိတ်ထဲတွင်မူကား ရန်ကိုင်သည် ဘာမှကောင်းသည့်ကောင် မဟုတ်၊ ကွေ့ဇူ၏ အမူအရာဖြင့် သွေးနားထင်ရောက်နေသူ တစ်ဦးဟုသာ ယူဆထားသည်။ တစ်ပါးသူ အားကိုးဖြင့် အားနည်းသူကို အနိုင်ကျင့်တတ်သော ရန်ကိုင်ကဲ့သို့ လူမျိုးကို သူမ တကယ်ရွံ့ပေသည်။ (သူကောဘာထူးလို့လဲ)

သို့သော်လည်း လက်ရှိတွင် ‘ရန်ကိုင်က ဘာကောင်မို့လို့လဲ’ ဆိုသော အတွေးမျိုး မတွေးရဲတော့။

သူမရှေ့ရှိ လူငယ်လေးသည် မဝေးသော အနာဂတ်တွင် ကြယ်စီရင်စုကြီးတစ်ခုလုံးအား ကိုင်လှုပ်နိုင်သည့် အလားအလာကို ပိုင်ဆိုင်ထားသည့် မဟာပါရမီရှင် တစ်ဦးဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းသည် ဥာဏ်ပညာရှိသော လုပ်ရပ်ဖြစ်သည်။

ပီယ၏ မျက်လုံးလေးများ ဝင်းလက်နေခဲ့ပြီး သူမ၏ မျက်နှာ လှလှလေးသည် ရွှန်းရွှန်းစိုအောင် တောက်ပနေသည်။ မသိလိုက် မသိဘာနှင့် ဘေးဘက်သို့ တစ်ချက်ချောင်းကြည့်လိုက်ရာ လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ မီးခဲဖင်ခုထိုင်နေရသည့်နှယ် ဖင်ဂနာမငြိမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး၏ အမူအရာများသည် အလွန်တရာကိုမှ လေးနက်နေကြသည်။

ထိုနှစ်ယောက်သည် နောက်ဆုံးတွင် ရန်ကိုင်၏ အလားအလာကို နားလည်သွားပြီမှန်း ပီယ သိလိုက်သည်။

ထိုလူများ၏ အမူအရာကိုမြင်သော် သူမစိတ်ထဲ ကြိတ်၍ မြောက်သွားမိသည်။ လက်ရှိတွင် သူမသည် ရန်ကိုင်နှင့် အနီးကပ်ဆုံးလူပင် မဟုတ်လေလော။ ထိုလူများသည် ရန်ကိုင်ဆီမှ ရှောင်ဖယ်ခွာနေချိန် သူမသည် သူမကိုယ်သူမ ရန်ကိုင်လက်ထဲသို့ ပုံအပ်ကာ ရန်ကိုင်၏ အစေခံ လုပ်ခဲ့သည်။ ‘ငါနင်တို့ထက်ပိုသာသွားပြီ’ ဆိုသော ခံစားချက်သည် သူမအား ရှက်လည်းရှက်စေသလို ရှင်းပြမရနိုင်သော စိတ်လှုပ်ရှားမှုကိုလည်း ပေးစွမ်းသည်။ နီးစွေးစွေး နှုတ်ခမ်းပါးလေးများကို သပ်လျက် တောင်ပေါ်ဆီ စိုက်ကြည့်နေရင်း သူမ၏ ခန္ဓာကိုယ်ပူအချိန် တဖြည်းဖြည်း မြင့်တက်လာခဲ့ရသည်။

ရန်ကိုင် အန္တရာယ်မရှိတော့မှန်း သိလိုက်သည်နှင့် ရှန်တုသည် တောင်ပေါ်အား အာရုံစိုက်မနေတော့ဘဲ လုပ်စရာရှိသည်ကိုသာ သွားပြန်လုပ်တော့သည်။

ဓါးအဖွဲ့အစည်းမှ အသက်ရှင်ကျန်ရစ်သူ ကျင့်ကြံသူ (၅)ယောက်သည် အတူတကွ စုဝေးနေကြသည်။ ရွှယ့်ရှီသည် မျက်မှောင်ကြုံ့၍ တစ်ခုခု ပြောရန် ပြင်လိုက်သည်။ သို့သော် ဆက်မပြောဖြစ်ခဲ့။ ခဏကြာမှသာ ကိုးယိုးကားယား အမူအရာဖြင့် ပြောလိုက်လေသည် “ဆရာ အရင်က ပြောခဲ့တာတွေကို မေ့ထားလိုက်တော့။ အခုကနေစပြီး နင်တို့ ညီအစ်မ(၂)ယောက် သူနဲ့ နီးနီးကပ်ကပ်နေကြ။ သူဓါးအဖွဲ့အစည်းကို ဝင်ချင်တယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ မဝင်ချင်ဘူး ဆိုရင်လည်း ကိစ္စမရှိဘူး”

ဟဲကျောင်နှင့် ဟဲမြောင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်သည် “ဟုတ်ကဲ့ပါ ဆရာ”

ဟဲမြောင်က ဆက်ပြောသည် “တကယ်တော့ သူက ဒီလောက် ဆိုးတာမဟုတ်ဘူး။ ဟိုမိန်းမပျက်မ ပီယနဲ့ အားနေရင် အချိန်ဖြုန်းနေတာတစ်ချက်ပဲ။ ရှက်ဖို့ကောင်းလိုက်တာ”

ရွှယ့်ရှီက ဟဲမြောင်ကို စိုက်ကြည့်၍ အလျင်အမြန်ပဲ ဆက်ပြောလိုက်သည် “သူနဲ့ မိတ်ဆွေဖွဲ့တာက အဆင်ပြေပေမယ့် သူနဲ့ ခပ်ခွာခွာတော့နေနော်။ နင်တို့နှစ်ယောက် သူအသားယူတာ မခံရစေနဲ့”

“ကျွန်မသိပါတယ် ဆရာ” ဟဲမြောင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်သည် ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို ဆက်လက် လှည်ပတ်၍ စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းရန် ကြိုးစားနေခဲ့သည်။ အစပိုင်းတွင် စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းခြင်းဖြစ်စဉ်သည် အတော်လေးကိုမှ မချောမွေ့သော်ငြား အချိန်ကြာလာသည်နှင့် အမျှ ထိုဖြစ်စဉ်မှာ ပိုပို၍ လွယ်ကူလာခဲ့သည်။

တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်ရာမှ ပျက်စီး၊ ပျောက်ကွယ်သွားခဲ့သော စွမ်းအင်များမှလွဲ၍ ရွှေရောင် အရိုးခြောက်ထဲမှ ထွက်သွားသော မိစ္ဆာစွမ်းအင်များနှင့် သူ့ဒန်တန်ထဲရှိ ယန်စွမ်းအင်များအားလုံး သူ့ကိုယ်ထဲသို့ ပြန်ရောက်နေခဲ့လေပြီ။

သူပိုပို၍ အားကောင်းလာနေသည်ကို ရန်ကိုင် ခံစားမိသည်။

ကွေ့ဇူ ပြောသည်မှာ မှန်သည်။ စွမ်းအင်နှစ်မျိုးကို ပေါင်းစပ်လိုက်သည့်အခါ သူ့ခွန်အားသည် အဆပေါင်းများစွာ ပို၍ မြင့်တက်သွားခဲ့ရသည်။ စွမ်းအင်ပေါင်းစည်းခြင်း၏ အရသာကို မြည်းစမ်းပြီးနောက် တမ်းတမ်းစွဲ ဖြစ်သွားခဲ့လေရာ ရန်ကိုင်လည်း ယန်ယင်ပေါင်းစည်းခြင်းဖြစ်စဉ်ကို ပို၍ မြန်မြန်လှည့်ပတ်ကာ ဤဖြစ်စဉ်ကို အမြန်အဆုံးသတ်နိုင်ရန် ကြိုးစားလိုက်သည်။

ရုတ်တရက်ဆိုသို တောင်တစ်လုံးလုံးသည် မမြင်နိုင်သော ဝဲကတော့ကြီးတစ်ခု ဖြစ်လာသည့်နှယ် အနီးနားတွင် ရှိနေသော မိုးမြေစွမ်းအင်များကို စုပ်ယူတော့လေသည်။ ထိုစွမ်းအင် ဝဲကတော့၏ သက်ရောက်မှုကြောင့် ကျောက်တုံးခန်းများကို ဖြတ်သန်း၍ စီးဆင်းနေသော စမ်းချောင်း တစ်စင်းလုံး အငွေ့ပျံသွားပြီး အသန့်စင်ဆုံးသော စွမ်းအင်များအဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင်ကိုယ်ထဲသို့ စီးဝင်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၂၃) သူတော်စင်ဒုတိယအဆင့်

ကွေ့ဇူ ယခင်နေနေခဲ့သော တောင်သည် စိမ်းလန်စိုပြည်ပြီး လှပသော သစ်ပင်ပန်းမန်တို့ဖြင့် ပြည့်နေသည်။

သို့သော် လက်ရှိအချိန်တွင် တောင်တစ်ခုလုံးသည် မီးရှို့ပြာချထားခံရသည့်နှယ်၊ တောအုပ်များသည် ဘာဆိုဘာမှ မရှိတော့။ ပြာများသာ ရှိတော့သည်။ ယခင်ကကဲ့သို့ စိမ်းလန်း စိုပြည်နေခြင်း မရှိတော့။ ခြောက်ကပ်တိတ်ဆိတ်နေခဲ့ပြီ။

မိုးမြေစွမ်းအင်များကို စုစည်းရန်အတွက် တောင်အတွင်းပိုင်းထဲတွင် ခင်းကျင်ထားသော စိတ်ဝိဥာဉ်အစီအရင်သည်ပင် ပျက်စီးနေခဲ့ပြီ။

တောင်ကြောတစ်လျှောက် စီးဆင်းနေသော စိတ်ဝိဥာဉ် စမ်းချောင်းသည်လည်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့လေပြီ။

ကျောက်တုံးခန်းတစ်ခုအတွင်းမှနေ၍ မမြင်နိုင်သော ဝဲကတော့ တစ်ခုသည် မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေခဲ့သည်။

ကျောက်တုံးခန်းရှေ့ ကွေ့ဇူ ပေါ်လာပြီး မျက်မှောင်ကြုံ၍ ရန်ကိုင်ကို စိုက်ကြည့်လိုက်သည်။ ရန်ကိုင်သည် ကွေ့ဇူကို သတိပြုမိဟန်မရ။ အချိန်အတော်ကြာသွားမှသာ သက်ပြင်းယဲ့ယဲ့လေးချလျက် အစစ်အမှန်ကျင့်စဉ်အား လှည့်ပတ်ခြင်းကို ရပ်တန့်လိုက်သည်။

သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သည့်အခါ ရန်ကိုင်မျက်နှာ ဝမ်းသာမှုကြောင့် ဝင်းပသွားရသည်။

သူ့ဒန်တန်ထဲရှိ ယန်အရည်စက်နှင့် ရွှေရောင်အရိုးခြောက်ထဲရှိ မိစ္ဆာစွမ်းအင်အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုစွမ်းအင် နှစ်မျိုးနေရာတွင် ပို၍ အဖျက်အားပြင်းထန်သော ပေါင်းစပ်စွမ်းအင် အသစ်တစ်မျိုးက နေရာယူထားခဲ့သည်။

အသစ်ရရှိလာသော စွမ်းအင် အနည်းအကျဉ်းကို သူ့သွေးကြော တစ်လျှောက်စီးဆင်းစေလိုက်ပြီး ကျန်စွမ်းအင်များကို ရွှေရောင် အရိုးခြောက်ထဲ သိုလှောင်ထားလိုက်သည်။

ပြန်လည်မွေးဖွားလာရသလို ရန်ကိုင် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး မယုံကြည်နိုင်ဖွယ်ရာ စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ပြီ။ သေချာသည့်တစ်ချက်သည်ကား သူ့ခွန်အားသည် လုံးဝကို အပြောင်းကြီးပြောင်းလဲသွားခဲ့ခြင်းပင်။ သူတော်စင်ဘုရင်အဆင့် ပညာရှင်နှင့်ပင် ယှဉ်တိုက်နိုင်သည်ဟု ခံစားမိလာသည်။

သူ့ကျင့်ကြံသည်လည်း မည်သည့် အတားအဆီးမှ မကြုံတွေ့ရဘဲ သူတော်စင်ဒုတိယအဆင့်သို့ ချောချောမွေ့မွေ့ ရောက်သွားခဲ့သည်။

ရန်ကိုင်သည် စွမ်းအင်နှစ်မျိုးအား ပေါင်းစည်းရာတွင်သာ အာရုံစိုက်နေခဲ့သဖြင့် သူအဆင့်ချိုးဖျက်သွားသည်ကိုပင် သတိမပြုမိခဲ့ချေ။

အတွေးတစ်ချက်နှင့် ရန်ကိုင်သည် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသက်သွင်းလိုက်သည်။

နတ်ဆိုးအမှတ်အသားတို့ သူ့အရေပြားအောက် ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားသည်။ ခဏအကြာတွင် သူအသွေးအသား ခွန်အားနှင့် အသက်စွမ်းအင်တို့သည် ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။

နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုနိုင်သေးမှန်း သိလိုက်ရာ ရန်ကိုင်အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် ကွာခြားသွားသည်ကား သူ့ကိုယ်ထဲတွင် စီးဆင်းနေသော စွမ်းအင်များထဲ ယန်ချီနှင့် မိစ္ဆာစွမ်းအင်နှစ်မျိုးစလုံး ပါနေခြင်းပင်။ ယခင်ကကဲ့သို့ တစ်မျိုးတည်း မဟုတ်တော့ချေ။

“ကောင်းတယ်၊ ကောင်းတယ်၊ မင်းတကယ်တော်တဲ့ကောင်” ကွေ့ဇူ၏အသံ အရှေ့ဘက်မှ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်လည်း မျက်လုံးဖွင့်၍ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ရုတ်သိမ်းလျက် ခပ်မြန်မြန် မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည် “စီနီယာရဲ့ အဖိုးတန် ညွှန်ကြားပေးမှုအတွက် ကျေးဇူး အများကြီးတင်ပါတယ်”

ကွေ့ဇူက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက် “ငါမင်းကို ဘာမှသင်ပေးခဲ့တာ မဟုတ်ဘူး။ ငါ့ကို လာကျေးဇူးမတင်နဲ့”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလေသည် “စီနီယာက သာမန်ကာလျှံကာ ပြောလိုက်တာဆိုပေမယ့် စီနီယာကြောင့်သာ မဟုတ်ရင် ဂျူနီယာလည်း အခုလိုခြေလှမ်းမျိုး လှမ်းနိုင်ခဲ့မှာမဟုတ်ဘူး။ ပုံမှန်အတိုင်းဆိုရင် အခုလို အောင်မြင်မှုမျိုး ရဖို့ဆိုတာ အနည်းဆုံး နှစ်နဲ့ချီမှာ။ ဒါကောင့် စီနီယာကို ကျေးဇူးတင်ပါတယ်”

“မင်းဘာသာ လုပ်ချင်တာသာလုပ်” ကွေ့ဇူက စိတ်မရှည်သည့် အမူအရာဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။ ရန်ကိုင်နှင့် ရင်းရင်းနှီးနှီး မနေချင်သည့်ပုံပင်။ ထို့နောက် လိုရင်းကို စပြောလေသည် “မင်းတစ်လလုံးလုံး တံခါးပိတ်ကျင့်ကြံနေတုန်း ငါမင်းကို မနှောင့်ယှတ်ခဲ့ဘူး။ အခု မင်းလိုချင်တာကို ရပြီးသွားပြီ ဆိုတော့ ငါတို့ သဘောတူညီချက်ကို စဖြည့်ပေးသင့်ပြီမလား”

ကွေ့ဇူသည် ရန်ကိုင်အား အေစက်စွာ စိုက်ကြည့်နေသည်။ ရန်ကိုင်သည် သူ့အား အချိန်အတော်ကြာအောင် စောင့်ခိုင်းသည့် အတွက် အတော်လေး တင်းနေခဲ့သည်။

ရန်ကိုင်ကလည်း အလိုက်သတိပဲ ခေါင်းညိတ်ပြလိုက်လေသည် “ဂျူနီယာ ချက်ချင်း စလိုက်ပါမယ်။ ဒါပေမယ့် အဲ့မတိုင်ခင် ဟိုစိတ်ဝိဥာဉ်အစီအရင်ကို အရင်ကြည့်ကြည့်လို့ရမလား”

“ကိစ္စမရှိဘူး။ မင်းသာ လမ်းရှာနိုင်သရွေ့ ဘယ်သွားသွား ကိစ္မရှိဘူး။ ဒါပေမယ့် တစ်ခုတော့သေချာမှတ်ထား၊ ဒီကနေ ထွက်သွားမယ့် လမ်းကို ရှာတွေ့ဘူးဆိုရင်တော့ မင်းဝိဥာဉ်ကို ထုတ်ပြီး ထာဝရ ထိုင်နှိပ်စက်မှာ။ ငါ့ကို ဒေါသထွက်အောင်လုပ်ရင်း သေတာထက် ဆိုးတဲ့ ကံကြမ္မာကို မင်းရင်ဆိုင်ရလိမ့်မယ်”

ခြိမ်းခြောက်ပြီးသည်နှင့် သူ့ဆီမှ အနက်ရောင်စွမ်းအင် အမျှင်တန်း တစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်ကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအနက်ရောင်စွမ်းအင် အမျှင်တန်းသည် ရန်ကိုင်ကိုယ်ထဲ သွားလာနေပြီး နောက်ဆုံး သူ့လက်တွင် ရပ်တန့်သွားကာ ခြောက်ခြားဖွယ်ကောင်းသည့် အမှတ်အသားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအမှတ်အသားထဲ ကွေ့ဇူ၏ ကောင်းကင်စိတ်အာရုံ တစ်ပိုင်းတစ်စ ပါဝင်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်၏ လှုပ်ရှားမှုတိုင်းကို သူစောင့်ကြည့်နိုင်ပေသည်။

ရန်ကိုင်ကမူ မဲ့ပြုံးပြုံးလျက် ခေါင်းတရမ်းရမ်းဖြင့်သာ လမ်းလျှောက်ထွက်သွားလေသည်။ ခဏအကြာတွင် တောင်မှ ထွက်၍ လေဟာနယ်အစီအရင်ရှိရာ မြေကွက်လပ်သို့ ရောက်လာခဲ့သည်။

လေဟာနယ်အစီအရင်ကို မသုံးခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ ပြန့်ကျဲနေသော သူတော်စင်သလင်းကျောက်များ မှာမူ ကွေ့ဇူ၏ အကြိမ်ကြိမ် အသုံးပြုမှုကြောင့် အတော်လေး စွမ်းအင်ကုန်ခမ်းနေခဲ့လေပြီ။ ကြယ်သင်္ဘောပျက်၏ အစိတ်အပိုင်းများမှ လုပ်ထားသော တံခါးမှာမူ ယခင် နေရာတွင်သာ ယခင်အတိုင်း ရှိနေဆဲ။

ရန်ကိုင်သည် လေဟာနယ်အစီအရင်ကို ပိုမို နားလည်နိုင်စေရန် နောက်တစ်ကြိမ် သေချာလေ့လာလိုက်သည်။

ဤလေဟာနယ်အစီအရင်အား သေသေချာချာ လေ့ကြည့်လိုက်မှ ကွေ့ဇူသည် လေဟာနယ်တာအိုတွင် အလွန်တရာကိုမှ ပါရမီ နိမ့်ကျသော်လည်း နှစ်တစ်ထောင်လောက် အားသွန်ခွန်စိုက် လေ့လာပြီးသည့်နောက် လေဟာနယ်တာအိုနှင့် ပက်သက်၍ သူ၏ ခရီးလမ်းသည် အတော်လေး ပေါက်ခဲ့ပြီဟု ပြော၍ရသည်။

လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို အသုံးပြုခြင်းသည် လေဟာနယ်လိုဏ်ခေါင်းတစ်ခုအား ဖွင့်လှစ်နိုင်မည့် အဓိက သော့ချက်ဖြစ်သည်ဆိုသော အချက်ကို သူစဉ်းစားနိုင်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူတော်စင်ဘုရင်အဆင့် သင်္ဘောပျက်၏ အစိတ်အပိုင်းများမှ လုပ်ထားသော တံခါးပေါက်သည် သိပ်၍ မပြည့်စုံနေခဲ့။ တံခါးဘောင်တွင် တပ်ဆင်ထားသော လေဟာနယ်ဝိဥာဉ် သူတော်စင်သလင်းကျောက်မှာလည်း အရေအတွက် နည်းလွန်းလှသည်။ ထို့အချက် နှစ်ချက်ကြောင့် လေဟာနယ်လိုဏ်ခေါင်း မတည်ငြိမ်ရခြင်း ဖြစ်သည်။

သူ့တွင့်သာ ပစ္စည်းအလုံအလောက် ရှိပါက ကွေ့ဇူသည် တည်ငြိမ်သော လေဟာနယ်လိုဏ်ခေါင်းတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် ထိုလေဟာနယ်လိုဏ်ခေါင်းသည် ကြုံရာနေရာဆီသို့သာ ပို့ပေးနိုင်မည့် လေဟာနယ်လိုဏ်ခေါင်း ဖြစ်သည်။

ရန်ကိုင်သည် ကွေ့ဇူ ဖန်တီးထားသည့် လေဟာနယ်အစီအရင်ကို လေ့လာရင်း သူနားလည်သဘောတရားများနှင့် နှိုင်းယှဉ်ကာ သူ့ကိုယ်သူ တိုးတက်အောင် လုပ်ဆောင်နေခဲ့သည်။ မကြာမီ သူ့နောက်ဘက်မှ ခြေသံများစွာ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ခေါင်းမော့ကြည့်လိုက်ရာ ကွေ့ဇူမှအပ တိုက်ကြီးပေါ်ရှိ အသက်ရှင် ကျန်ရစ်သူ အားလုံး ရောက်လာခြင်းဖြစ်သည်ကို တွေ့လိုက်ရသည်။

အကုန်လုံးသည် ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်နေရာမှ ထွက်လာသည်ကို သတိပြုမိပြီး သူ့အား လာတွေ့ကြသည့်ပုံပင်။

“သခင်…” ပီယသည် သူအား စိုက်ကြည့်နေသော အကြည့်စူးစူးများကို လျစ်လျူရှုလျက် အပြုံးယဲ့ယဲ့လေးပြုံးကာ ရန်ကိုင်ဆီသို့ လမ်းလျှောက်သွားလိုက်သည် “လိုချင်တာရသွားလို့ သခင့်ကို ဂုဏ်ပြုပါတယ်”

ယခုတစ်ကြိမ် သူမ၏ အပြုံးသည် ယခင်ထက် ပို၍ အသက်ဝင်ဟန် ရသည်။ ယခင်အပြုံးသည် သိပ်ပြီး အသက်မဝင်လှ၊ ဟန်ဆောင်ပြုံးနှင့် ပိုတူလှသည်။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

“မင်းအဆင်ပြေတာကောင်းတယ်။ နောင်ပိုင်း အဲ့လိုကြီး မဆင်မခြင် သိပ်မလုပ်နဲ့ကွ။ ဒီမှာ စိတ်ပူလိုက်ရတာအမောပဲ” ရှန်တုက ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်၏ ဘယ်လောက်အထိ အားကောင်းသလဲ ဆိုသည်ကို ရှန်တု သေချာမသိချေ။ ခရမ်းကြယ်၏ ကြယ်သင်္ဘောပေါ်တွင် ရှိစဉ်က ရန်ကိုင်သည် သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက်ကို သတ်ဖြတ်ပြခဲ့သည်။ သို့သော် ထိုသို့ သတ်ဖြတ်နိုင်ခဲ့ခြင်းသည် တစ်ဖက်လူ သတိမမူမိသည့်အချိန်တွင် အလစ်ချောင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ရန်ကိုင်၏ ခွန်အားနှင့်ပက်သက်၍ ရှန်တု အမြဲတမ်း ခန့်မှန်းခဲ့ဖူးသည်။ ရန်ကိုင် တံခါးပိတ်ကျင့်စဉ်မဝင်ခင်က ရန်ကိုင်ဆီမှ ဖိအားမခံစားရခဲ့။ သို့သော် ရန်ကိုင်နှင့် တွေ့လိုက်သည့် အချိန်တိုင်း သူ့စိတ်ထဲ ခံစားချက်တစ်ခုကို ရနေခဲ့သည်။

သူသာ ရန်ကိုင်နှင့် တိုက်ခိုက်မည်ဆိုပါက သေရမည့်လူသည် သူသာ ဖြစ်ပေလိမ့်မည်။

ဤသည်မှာ ကျင့်ကြံသူတစ်ယောက်ဖြစ်‌သော ရှန်တု၏ အလိုလို သိစိတ်ပင်။ ထို့ကြောင့် ရန်ကိုင်သည် သူ့ခွန်အားကို ဖုံးကွယ်ထားသည်ကို ရှန်တု အမြဲထင်ခဲ့သည်။ သို့သော် လက်ရှိတွင်မူကား ရန်ကိုင်နှင့် တွေ့လိုက်သည်နှင့် အမြဲတစေ ခံစားခဲ့ရသော ခံစားချက်ကို သူမရတော့ချေ။

ရှန်တု လုံးဝကို ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ရန်ကိုင်၏ တံခါးပိတ်ကျင်ကြံနေစဉ် အတောအတွင်း မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ သူအောင်မြင်သွားသလော၊ ရှုံးနိမ့်သွားခဲ့သလော၊ ရှန်တု မသိပါချေ။

သို့သော်လည်း သူ့ကျင့်ကြံခြင်းသည် ယခင်ထက်တစ်ဆင့် ပိုမြင့်လာခဲ့သည်။

“ငါနောက်ပိုင်း သတိထားပါ့မယ်” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။

ဟဲညီအစ်မနှစ်ယောက်သည်လည်း အပြုံးကြီးပြုံးလျက် ရန်ကိုင်ဆီ ပြေးသွားသည်။ ရွှယ့်ရှီသည် အေးစက်စက် အမူအရာဖြင့် သူမ တပည့်နှစ်ယောက်နောက်တွင် ရပ်နေခဲ့သည်။

လျူကွေ့ချန်သည် ဆေးခါးကြီးစားထားရသော်ငြား မပြုံးမနေ ပြုံးနေရသည့်ဘဝမျိုး ရောက်နေသည့်နှယ်၊ အရုပ်ဆိုးဆိုး အပြုံးကိုပြုံးလျက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “ငါနားမလည်တာလေးရှိလို့ ညီငယ်လေး ဖြေပေးလို့ရမလား မသိဘူး”

ရန်ကိုင်က လျူကွေ့ချန်အား ကြည့်၍ ပြန်မေးလိုက်သည် “ဘာလဲ”

လျူကွေ့ချန်သည် ဘေးပတ်လည်အား အရင်ဆုံး တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် စိတ်ကိုငြိမ်အောင်ထိန်း၍ တိုးတိုးလေး မေးလိုက်လေသည် “စီနီယာကွေ့ဇူက မင်းဆီကနေ တစ်ခုခု လိုတယ်လို့ ပြောတယ်လေ။ သူဘာကို လိုချင်တာလဲ”

လျူကွေ့ချန် ထိုကဲ့သို့ မေးလိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး၏ အကြည့်သည် ရန်ကိုင်ဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။ ရန်ကိုင်ကဲ့သို့ သူတော်စင်အဆင့်လေး တစ်ယောက်ဆီမှ ကွေ့ဇူကဲ့သို့သော လူတစ်ယောက်က မည်ကဲ့သို့သော အကူအညီလိုမှန်း သူတို့ တကယ်ကို စဉ်းစားမတတ် ဖြစ်နေခဲ့သည်။ ကွေ့ဇူ၏ ခွန်အားအရ ရန်ကိုင်ဆီမှ သူဘာကို လိုဦးမည်နည်း။

“စီနီယာကွေ့ဇူကို ကိုယ်တိုင်သွားမေးကြည့်လိုက်လေ။ သူပြောချင်ရင် ပြောပြမှာပေါ့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောသည်။

လျူကွေ့ချန် အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်၏။

ကွေ့ဇူကို မြင်လိုက်တိုင်း သူ့ပထမဆုံးအတွေးမှာ ချက်ချင်း ထွက်ပြေးရန်ပင်။ ဤကဲ့သို့သော မေးခွန်းကို မည်ကဲ့သို့ သူသွားမေးရဲမည်နည်း။ မတော်ကာ တစ်ဖက်လူက မကျေမနပ် ဖြစ်သွားမှဖြင့် ငါးပါးမှောက်နေပေလိမ့်မည်။

“ကောင်စုတ်လေး၊ အဲ့ကောင်တွေနဲ့ ဆက်ပြီး အချိန်ဖြုန်းနေဦးမယ် ဆိုရင် ငါမင်းကို သင်ခန်းစားပေးတော့မှာနော်” ကွေ့ဇူအသံ သူ့နားထဲ ရုတ်တရက် ပေါ်လာသဖြင့် ရန်ကိုင်အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ ထို့ကြောင့် ချက်ချင်း လက်သီးဆုပ်၍ အလျင်စလို တောင်းပန်လိုက်သည် “စီနီယာက ကျုပ်ကို အလုပ်ဆက်လုပ်ဖို့ ပြောနေလို့ ခင်ဗျားတို့နဲ့ ဆက်ပြီး စကားမပြောနိုင်တော့ဘူး။ ကျုပ်ကို သွားခွင့်ပြုပါဦး”

ပြောပြီးသည်နှင့် ကြယ်လွန်းပျံကိုထုတ်၍ အားလုံးရှေ့မှ ပျံသန်းပျောက်ကွယ်သွားလေသည်။

တောင်ထွတ်ဆီမှ မိုင်တစ်ကောင်းအကွာခန့် အရောက်တွင် ရန်ကိုင် ရပ်လိုက်သည်။

ရန်ကိုင်တွင် လေဟာနယ်အား ဆုတ်ဖြဲနိုင်သည့် စွမ်းရည် ရှိနေသည်ဆိုသည့်အချက်ကို ကွေ့ဇူတစ်ယောက်သာ သိသည်။ ဤစွမ်းရည်သည် ရန်ကိုင်၏ ဝှက်ဖဲကြီးဖြစ်သည်။ ထို့ကြောင့် မလိုအပ်ဘဲ အခြားလူများကို ထုတ်မပြချင်ချေ။ အထူးသဖြင့် လျူကွေ့ချန်ကဲ့သို့ လူမျိုးများကိုပင်။

ပတ်ဝန်းကျင်အား တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် စွမ်းအားကို လက်ထိပ်တွင် စုစည်း၍ သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ဒေါင်လိုက် ဖြတ်ချလိုက်သည်။ ချက်ချင်းဆိုသလို သူ့ရှေ့တည့်တည့်ရှိ လေဟာနယ် နှစ်ပိုင်းကွဲထွက်သွားပြီး အေးစက်၊ မည်းမှောင်နေသော ဟင်းလင်းပြင်ဝင်ပေါက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်သည် ထိုလေဟာနယ်ထဲသို့ ချက်ချင်း ပြေးဝင်မသွားသေးဘဲ သေသေချာချာ အရင်စိုက်ကြည့်နေလိုက်သည်။

ယခင်က လေဟာနယ်ကို သူစုတ်ဖြဲလိုက်တိုင်း၊ အက်ကြောင်းသည် ဓါးတစ်ချောင်းဖြင့် ပိုင်းဖြတ်ခံရသည့်နှယ်၊ ၎င်း၏ ဘောင်များသည် ချောမွတ်တိကျနေခဲ့သည်။

သို့သော်လည်း သူယခု ဆုတ်ဖြဲလိုက်သော အက်ကွဲကောင်း၏ ဘောင်များတွင် နတ်ဆိုးမီးတောက်အလွှာတစ်လွှာ ကပ်ညိနေသည်။ ထိုနတ်ဆိုးမီးတောက်သည် လေဟာနယ်ကိုပင် လောင်ကျွမ်းနိုင်သည့်ပုံပင်။ ထို့ကြောင့် ဆုတ်ဖြဲခံလိုက်ရသော လေဟာနယ်သည် ချက်ချင်း ပြန်မပိတ်သွဦးနိုင်တော့ချေ။

ရန်ကိုင်၏ အမူအရာ ခက်ထန်းသွားခဲ့သည်။

သူ့ကိုယ်ထဲရှိ စွမ်းအင်နှစ်မျိုးကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော နတ်ဆိုးမီးတောက်သည် ထိုမျှ ထူးဆန်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုနတ်ဆိုးမီးတောက်ကို သေသေချာချာ ပြန်စစ်ဆေးရမည့်ပုံပင်။

ခဏလောက် ရပ်နေပြီးသည့်နောက် အက်ကွဲကြောင်းထဲသို့ လှမ်းဝင်သွားလိုက်သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို သုံး၍ ထိုနတ်ဆိုးမီးတောက်ကို ငြိမ်းသတ်လိုက်ရာ လေဟာနယ် အက်ကွဲကြောင်းလည်း ပြန်ပိတ်သွားခဲ့လေသည်။

ဟင်းလင်းပြင်ထဲသို့ ရောက်သည်နှင့် ရန်ကိုင်သည် အလျင်မလိုသေးဘဲ ကွေ့ဇူ ချန်ထားရစ်ခဲ့သော သူ့လက်ပေါ်ရှိ အမှတ်အသားဆီ စိုက်ကြည့်လိုက်ကာ ရယ်မောလိုက်သည်။ ကွေ့ဇူ ဘာတွေးနေလဲ ဆိုသည်ကို သူမသိဘဲ ဘယ်နေမည်နည်း။

ကွေ့ဇူ သူ့အား မသတ်သေးဘဲ လမ်းကြောင်းတစ်ခုရှာရန် အဆက်မပြတ် တိုက်တွန်းနေရသည့်အကြောင်းမှာ ကွေ့ဇူသည် ရန်ကိုင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်၍ လေဟာနယ်တာအို အပေါ် သူ၏ နားလည်မှုကို မြှင့်တင်လိုသောကြောင့် ဖြစ်သည်။ အကျဉ်းချုံးဆိုရသော သူသည် ရန်ကိုင်၏ လေဟာနယ် ဆုတ်ဖြဲသည့် နည်းလမ်းကို ခိုးယူလိုနေခြင်း ဖြစ်သည်။

ကွေ့ဇူကဲ့သို့သော လူတစ်ယောက်သည် သူ့မျှော်လင့်ချက် အားလုံးကို လူတစ်ယောက်တည်းအပေါ် ဘယ်တော့မှ ပုံအပ်မထားချေ။ သူကိုယ်တိုင်သည်လည်း အခြားနည်းလမ်း တစ်ခုကို အမြဲမပြတ် ရှာဖွေနေပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၂၄) ကြယ်အမြူတေ
ကွေဇူ၏ လှည့်ကွက်လေးကို အဘယ်ကြောင့် ရန်ကိုင် မသိဘဲ နေမည်နည်း။ မပြောဘဲနေခြင်းသာ။

ဟင်းလင်းပြင်းထဲသို့ ရောက်သည်နှင့် အပြင်လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားပေလိမ့်မည်။ ကွေ့ဇူသည် သူမည်သည့်နေရာသို့ ရောက်နေသလဲ၊ သူဘာလုပ်နေသလဲ ဆိုသည်ကို သိလိမ့်မည်မဟုတ်။ ထို့ကြောင့် သူ့နည်းလမ်းအား ကွေ့ဇူ ခိုးယူသွားမည်ကို ရန်ကိုင် စိတ်မပူပါချေ။

ကွေ့သူ၏ စကားကြောင့် သူ့ခွန်အား အကြီးအကျယ် တိုးတက်သွားခဲ့သည့်အတွက်ကြောင့် ကွေ့ဇူအပေါ် ကျေးဇူးတင်သည် ဆိုသော်လည်း ထိုကိစ္စသည် တစ်ကဏ္ဍဖြစ်သည်။ ဤကိစ္စနှင့် ဟိုကိစ္စကို ရော၍ မရချေ။ သတိဆိုသည်မှာ ပိုသည်မရှိ။ ကိုယ်ကကျူး၊ ကိုယ့်ဒူးပင် မယုံရလေရာ ကွေ့ဇူကဲ့သို့ လူမျိုးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ကွေ့ဇူကဲ့သို့ မွန်းစတားအိုကြီးတစ်ယောက်၏ စကားကို စုံးလုံးမှိတ်ယုံလျှင် ငါးပါးမှောက်သွားနိုင်သည်။ ထို့ကြောင့် ဤနေရာမှ ထွက်သွားရမည့် နည်းလမ်းကို ရှာရမည်ဖြစ်သလို အပြင်ရောက်သည်နှင့် ကွေ့ဇူ သူ့အား မသတ်စေမည့် နည်းလမ်းတစ်ခုကိုလည်း ထပ်ရှာရပေမည်။

ခက်ခဲလိုက်လေခြင်း… ရန်ကိုင်၏ တစ်ခေါင်းလုံး လုံးလည်၊ ချာလည် လိုက်နေလေပြီ။ ထိုပန်းတိုင်နှစ်ခုအား တစ်ပြိုင်တည်း ပြီးမြောက်နိုင်မည့် နည်းလမ်းကို ခေါင်းခြောက်အောင် စဉ်းစားပါသော်လည်း အဖြေက မထွက်နိုင်ချေ။ ထို့ကြောင့် ဟင်းလင်းပြင်ထဲ အချိန်တစ်ခဏ ဖြုန်းပြီးနောက် အပြင်သို့ ပြန်ထွက်လာခဲ့သည်။

သူပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကွေ့ဇူ၏ အသံကို ကြားလိုက်ရသည် “အခြေအနေဘယ်လိုလဲ ကော်ငလေး”

ကွေ့ဇူကို ကြည့်ရသည်မှာ သူပြန်လာမည့်အချိန်ကို တောက်လျှောက် ထိုင်စောင့်နေသည့်ပုံပင်။

ရန်ကိုင်က ခါးသက်စွာ ပြုံးလိုက်ပြီး “ဘယ်လိုလုပ်ပြီဂ ဒီလောက် လွယ်မှာလဲ စီနီယာရဲ့။ စီနီယာလည်း နည်းနည်း စိတ်ရှည်ဦးလေ။ ကျုပ်က ဒီနေရာရဲ့ လေဟာနယ် တည်ငြိမ်သွားလား၊ မတည်ငြိမ်သေးဘူးလား ဆိုတာကိုပဲ အရင်စစ်ဆေးကြည့်တာ”

“အဖြေကကော” ကွေ့ဇူက ဆက်မေးသည်။

“တည်ငြိမ်သွားပြီလို့ ပြောလို့ရတယ်”

“ကောင်းတယ်”

“စီနီယာ၊ ဒီတစ်ကြိမ် ကျုပ်ဘယ်လောက် သွားနိုင်လိုက်လဲ”

“မိုင်တစ်ထောင်လောက်” ကွေ့ဇူက အေးစက်စက်‌လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည် “အရင်တစ်ခါနဲ့ယှဉ်ရင် အခုအခါက အများကြီး ပိုတိုးတက်လာတယ်ဆိုတော့ မင်းခွန်အား တော်တော်လေး တိုးတက်သွားတဲ့ပုံပဲ”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ယခင်က လေဟာနယ်ကို ဆုတ်ဖြဲ၍ သွားလာတိုင်း မိုင်ရာဂဏန်းခန့်သာ သွားလာနိုင်ခဲ့ပြီး ယခုအချိန်တွင် မိုင်တစ်ထောင်ကျော် သွားလာနိုင်နေခဲ့လေပြီ။

“ဒီလောက်နဲ့ ငါ့ကို လာလှည့်စားဖို့တော့ မကြိုးစားလိုက်နဲ့။ မင်းဘာသာ ဘယ်လိုပဲပြေးပြေး ငါ့လက်ထဲကနေ လွတ်မှာ မဟုတ်မှန်း မင်းရောငါရောသိပြီးသား။ ဒါကြောင့် အလုပ်သာ ကြိုးစား။ ဒီကနေ ထွက်သွားနိုင်တာနဲ့ မင်းကို ထိခိုက်အောင် မလုပ်ဘူးလို့ ငါကတိပေးတယ်”

“ဂျူနီယာ နားလည်ပါတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဘာမှမရှိတော့ဘဲ ဒီပြဿနာကို ဆက်ပြီး လေ့လာလိုက်ပါဦးမယ် စီနီယာ”

“ဆက်လုပ်”

ရန်ကိုင်သည် လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

သူ့ခွန်အားသည် ယခင်နှစ်များနှင့်ယှဉ်လျှင် ကြီးကြီးမားမား တိုးတက်လာခဲ့သော်လည်း ဟင်းလင်းပြင်ထဲတွင် ရပ်နေစဉ် လေဟာနယ်တာအိုအပေါ် သူ၏ နားလည်မှုသည် အလွန်ကိုမှ နိမ့်နေသေးကြောင့် ရန်ကိုင် ရုတ်တရက် နားလည်လိုက်သည်။ လေဟာနယ်တာအိုအပေါ် သူ၏ နားလည်မှုသည် ကွေ့ဇူထက် ပိုသာသော်လည်း ဤမျှသော နားလည်မှုလေးဖြင့် ခုနှစ်ရောင်ခြယ် ကောင်းကင်ကို ထိုးဖောက်၌ ဤတိုက်ကြီးမှ ထွက်သွားရန်မှာ မဖြစ်နိုင်သေးချေ။

ထို့ကြောင့် ယခင်နှစ်များက လုပ်ခဲ့သည့်အတိုင်း ရန်ကိုင်သည် လေဟာနယ်တာအိုကို ပိုမို နားလည်သဘောပေါက်နိုင်ရန် အတွက် ဟင်းလင်းပြင်ထဲတွင်ထိုင်ကာ စတင်လေ့လာသည်။

ဤအကြောင်းအား ကွေ့ဇူကို မရှင်းပြခဲ့ခြင်းမှာ ‌ကွေ့ဇူသည် ဤနေရာမှ ထွက်သွားရန် အလွန်ကိုမှ စိတ်လောနေသောကြောင့် ဖြစ်သည်။

အချိန်စက်ဝန်းသည် တရွေ့ရွေ့ လည်ပတ်နေခဲပြီး ရန်ကိုင်သည် သူ့အချိန်များစွာကို ဟင်းလင်းပြင်ထဲတွင်ထိုင်၍ လေဟာနယ်၏ သဘောသဘာဝ၊ နိယာများကို လေ့လာနေခဲ့သည်။

နေ့တိုင် တိုက်ကြီးဆီသို့ ပြန်ကာ သူမည်မျှ တိုးတက်လာကြောင်း ကွေ့ဇူအား အစီရင်ခံရသည်။

နေ့စဉ်နှင့်အမျှ လေဟာနယ်တာအိုအပေါ် သူပိုပို၍ နားလည်သဘောပေါက်လာခဲ့သည်။

တစ်နေ့တွင်၊ ရုတ်တရက် အကြံတစ်ခု စဉ်းစားမိသဖြင့် ဟင်းလင်းပြင်ထဲမှ ချက်ချင်း ထွက်လိုက်သည်။

ထွက်ပြီးသည်နှင့် ကောင်းကင်စိတ်အာရုံကို ဟင်းလင်းပြင်ထဲသို့ ပို့လိုက်သည်။ လူကိုယ်တိုင်တော့ ဝင်မသွားခဲ့ချေ။

သူသာ ဤနေရာမှ ထွက်သွားချင်သည်ဆိုလျှင် ခုနှစ်ရောင်ခြယ် ကောင်းကင်ကို ဖြတ်သွားရန် လိုအပ်ပေသည်။ သို့သော် ထိုခုနှစ်ရောင်ခြယ်ကောင်းကင်သည် သေခြင်းတရား ချောက်နက်ထဲရှိ အမျိုးမျိုးသော ပရမ်းပတာ စွမ်းအင်များကြောင့် ဖြစ်လာခြင်းဖြစ်ပြီး အနည်းဆုံး မိုင်ပေါင်းထောင်နှင့်ချီ ကျယ်ပြောသည်ဟု ကွေ့ဇူ ပြောခဲ့သည်။

သူ့လက်ရှိ အစွမ်းနှင့်ပင် ထိုပရမ်းပတာ လေဟာနယ်ကြီးကို ဖြတ်သွားရန် လေဟာနယ်အား အနည်းဆုံး အကြိမ်များစွာ ခုန်ကျော်သွားရန် လိုအပ်သည်။

သူ့ခန္ဓာကိုယ်နှင့် သွားပြီး မစမ်းသပ်ရဲသည့်အတွက် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်နှင့် စမ်းသပ်ပါက တစ်ချက်မှားလျှင် အသက်ပျောက်သွားနိုင်သည်။ ကောင်းကင်စိတ်အာရုံနှင့် ဆိုပါက သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းလေးတစ်ခုသာ ပျက်စီးသွားမည်ဖြစ်ပြီး သူ့အား အဆိုးရွားကြီး ထိခိုက်စေမည် မဟုတ်ချေ။ ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်း ရှိနေသည် ဖြစ်လေရာ သူ့ဝိဥာဉ် ဒဏ်ရာရသွားလျှင်ပင် ပြန်ကောင်းနိုင်သည်။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံအား စိတ်စွမ်းအင် အမျှင်တန်းများအဖြစ် စုစည်းလျက် ဟင်းလင်ပြင်၏ အရပ်မျက်နှာ ပေါင်းစုံဆီသို့ ပို့လွှတ်လိုက်သည်။

ထိုကောင်းကင်စိတ်အာရုံ အမျှင်တန်းများသည် ရန်ကိုင်၏ လေဟာနယ်တာအိုအပေါ် သဘောပေါက်နားလည်မှုများကို အသုံးပြုကာ ဟင်းလင်းပြင်ကို ခုန်ကျော်လျက် တိုက်ကြီးအနှံ့ သွားလာကြလေသည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်လွှမ်းမိုးထားနိုင်သည့် အကွာအဝေးသည် ကျယ်သည်ထက် ကျယ်လာခဲ့သည်။

တောင်ထိပ်ပေါ်မှနေ၍ ရန်ကိုင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသော ကွေ့ဇူ ထိုအခြင်းအရားကို မြင်သော် ဤသို့ ရေရွတ်လိုက်လေသည် “ဒီကောင် တော်တော်လေး တိုးတက်နေပြီပဲ”

ရန်ကိုင် မည်မျှ တိုးတက်လာသည်ကိုမြင်သော် ကွေ့ဇူ အပြုံးကြီး ပြုံးသွားခဲ့သည်။ ရန်ကိုင် ခြေတစ်လှမ်း လှမ်းလိုက်နိုင်တိုင်း ဤနေရာမှ လွတ်မြောက်နိုင်ရင် ခြေတစ်လှမ်း ပို၍ နီးကပ်သွားပြီဟု ဆိုလိုပေသည်။ ထို့ကြောင့် ရန်ကိုင်အား သွားမနှောင့်ယှတ်တော့ဘဲ အေးအေးဆေးဆေးသာ နေလိုက်သည်။

တစ်နာရီကြာပြီးနောက် ရန်ကိုင် မောလာခဲ့သည်။ လက်ရှိ သူ့ကောင်းကင်စိတ်အာရုံသည် သူ့အဆင့်နှင့် မဖြစ်သင့်သည့် အကွာအဝေးအထိ ဖြန့်ကျက်နေခဲ့လေပြီ။

လက်ရှိတွင် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် တိုက်ကြီး တစ်ဝက်နီးပါးကို လွှမ်းခြုံထားခဲ့သည်။ သူ့လိုမျိုး မည်သည့် သူတော်စင်ဒုတိယအဆင့် ပညာရှင်မှ မလုပ်နိုင်ချေ။ ရွှယ့်ရှီနှင့် လျူကွေ့ချန်ကဲ့သို့သော လူများပင် သူ့လိုမျိုး မလုပ်နိုင်ချေ။

အကြောင်းမှာ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ဟင်းလင်းပြင်ကို ခုန်ကျော်သွားနေခြင်း ဖြစ်သည့်အတွက် ပုံမှန်ကဲ့သို့ တစ်ဆင့်ချင်း သွားနေစရာ မလိုတော့ချေ။

ထို့ကြောင့်ပဲ တိုက်ကြီးတစ်ဝက်နီးပါးကို သူ့ကောင်းကင် စိတ်အာရုံဖြင့် လွှမ်းခြုံနိုင်ခဲ့ဖြစ်သည်။

ထို့နောက် ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းပြီး အနားယူရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် သူ့ကောင်းကင် စိတ်အာရုံ အမျှင်တန်းများစွာအနက်မှ တစ်ခုသည် ပုံမှန် မဟုတ်သော အရာတစ်ခုကို သတိပြုမိလိုက်သည်။

ရန်ကိုင် မျက်မျောင်ကြုံ့သွားခဲ့ပြီး ဖြန့်ကျက်ထားသော ကောင်းကင်စိတ်အာရုံ အမျှင်တန်းအားလုံးကို အရင် ပြန်ရုတ်သိမ်းလျက် အစောပိုင်းက အာရုံခံမိသည့် ထူးခြားသော နေရာတစ်ခုတည်းကို သေချာ အာရုံစိုက်လိုက်သည်။

စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။

တိုက်ကြီး၏ အလယ်ဗဟို၊ မြေပြင်အောက် မီတာထောင်ပေါင်း များစွာအနက်တွင်၊ ပုံးကွယ်နေသော စွမ်းအင်အစုအဝေးတစ်ခု ရှိနေခဲ့သည်။ ထိုစွမ်းအင်အစုအဝေးသည် သိုသိုသိပ်သိပ်ကို ပုန်းအောင်းနေသဖြင့် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသာ ထိုအရာနားမှ မတော်တဆ ဖြတ်မသွားမိခဲ့လျှင် ထိုအရာကို သူလည်း ဘယ်တော့မှ သတိပြုမိလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ထိုစွမ်းအင်အစုအဝေး၏ ပတ်ပတ်လည်တွင် ၎င်း၏ အရှိန်အဝါကို အပြင်သို့ ပြန့်ထွက်မသွားအောင် ကာရံထားသည့် အကာအရံ တစ်ခုရှိနေသည်ကိုလည်း သတိပြုမိလိုက်သည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ အမျှင်တန်းသည် ထိုအကာအရံထဲသို့ မတော်တဆ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအင်နား ရောက်သွားသည်နှင့် သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းသည် ရုတ်ချည်း အားကောင်းလာခဲ့ရသည်။

ထိုအချက်ကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရလေသည်။ သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းကို ထိုနေရာတွင် ချန်ထားရစ်လိုက်ပြီး တင်ပလင်ခွေ ထိုင်ကာ အရင် အားပြန်ဖြည့်လိုက်သည်။

ထိုစွမ်းအင်အစုအဝေးက ဘာလဲဆိုသည်ကို သူအဖြေရှာကြည့်ချင်သည်။

ဤနေရာတွင် နှစ်(၂၀၀၀)ကျော် နေခဲ့သော ကွေ့ဇူသည် ထိုအရာ ဘာလဲဆိုသည်ကို သိနိုင်မည်လား။

ကွေ့ဇူ မသိလောက်ဟု သူထင်သည်။ အကြောင်းမှာ ကွေ့ဇူသာ သိလျှင် ထိုစွမ်းအင်အစုအဝေးကို ဤကဲ့သို့ ထားလိမ့်မည် မဟုတ်ချေ။ ထိုစွမ်းအင်အစုအဝေးသည် ကွေ့ဇူကဲ့သို့သော ပညာရှင်တစ်ယောက်အတွက်ပင် အလွန်ကိုမှ တပ်မက်စရာ ကောင်းလှသည်။

သို့သော် ထိုအရာ၏ တည်ရှိမှုကို ကွေ့ဇူ ဘာကြောင့် မသိရသနည်း။ ကွေ့ဇူသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် တစ်ယောက်ဖြစ်သည့်အပြင် ဤနေရာတွင် နှစ်ပေါင်း (၂၀၀၀)ကျော် နေခဲ့သည်။ ထို့ကြောင့် ဤနေရာအကြောင်း ချက်ကျလက်ကျ သူသတိထားသင့်သည်။

“စီနီယာ” ရန်ကိုင်က ကွေ့ဇူအား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းမေးသည်။

“ဘာလဲ”

“ဂျူနီယာမေးချင်တာရှိလို့။ စီနီယာက ဒီမှာနေတာ ကြာပြီဆိုတော့ ဒီမှာ ထူးခြားတဲ့ နေရာတွေဘာတွေကိုများ ရှာတွေ့မိခဲ့လား”

“ထူးခြားတဲ့နေရာတွေလား” ကွေ့ဇူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် ဒေါသတကြီး ပြန်ပြောလေသည် “မင်းဘာတွေ လာပြောနေတာလဲ။ မိုးမြေစွမ်းအင် ကြွယ်ဝတာရယ်၊ ဆေးပင်တွေ ပေါများတာကလွဲပြီး ဒီနေရာက မုန်းစရာကောင်းလွန်းတဲ့ အကျဉ်းထောင်ကြီးပဲ။ ဒီလူအိုကြီးကို နှစ်ပေါင်း (၂၀၀၀)ကြာအောင် ပိတ်ထားခဲ့တဲ့ အကျဉ်းထောင်ကွ”

“မင်းဘာလို့ ဒါတွေ လာမေးနေတာလဲ။ မင်းဘာရှာတွေ့လို့လဲ” ကွေ့ဇူ ရုတ်တရက် နိုးကြားသတိရှိသွားသည်။

“ဘာမှမဟုတ်ပါဘူး။ ဒီနေရာအကြောင်း ပိုသိချင်ရုံပဲ။ အဲ့လိုဆို လမ်းရှာဖို့ ပိုလွယ်မလားလို့” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဘာမှမရှိဘူး။ ရှာမနေနဲ့။ မင်းတစ်ခုခုကြံနေမှန်း ငါသိလိုက်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့နော်” ကွေ့ဇူက နှာခေါင်းရှုံ့လိုက်သည်။

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ကွေ့ဇူက ရုတ်တရက် မေးလိုက်သည် “မင်းရဲ့ ကောင်းကင်စိတ်အာရုံကို သုံးပြီး ဒီသောက်စုတ်သောက်ပျက်နေရာရဲ့ ကြယ်အမြူတေကို ရှာနေတာလား”

“ကြယ်အမြူတေ၊ အဲ့ဒါဘာကြီးလဲ” ရန်ကိုင်က ဇဝေဇဝါ အမူအရာဖြင့် ပြန်မေးသည်။

“ကြယ်အမြူတေကိုတောင် မသိဘူးလား” ကွေ့ဇူ ကြောင်သွားသည်။

ရန်ကိုင်က ခေါင်းခါ၍ ခါးခါးသီးသီးပြုံးလျက် “ဂျူနီယာက အဆင့်နိမ်ကမ္ဘာတစ်ခုကနေ လာတာ စီနီယာရဲ့။ ကျုပ်နေတဲ့ ကမ္ဘာက ဘယ်သူမှ ကြယ်တာရာကောင်းကင်ထဲ ရောက်ဖူးတာ မဟုတ်ဘူး။ ကျုပ်တောင် မကြာသေးခင်လောက်ကမှ ဒီကို ရောက်လာခဲ့တာ”

“လူရိုင်းတွေပဲကွ” ကွေ့ဇူက အထင်အမြင်သေးသေးဖြင့် “ကြယ်အမြူတေဆိုတာ ကြယ်တစ်စင်းရဲ့ နှလုံးသားပဲ။ ကျင့်ကြံရေး ကြယ်တိုင်းမှာ ကြယ်အမြူတေဆိုတာ ရှိတယ်။ ကြယ်အမြူတွေဆိုတာ ကျင့်ကြံရေး ကြယ်တစ်လုံးရဲ့ အစိုင်အခဲ ဖွဲ့တည်နေတဲ့ အဆီအနှစ်ကိုပြောတာ။ ဥပမာပြောရရင် ကြယ်တစ်လုံးကို ကျင့်ကြံသူတစ်ယောက်လို့ မြင်လိုက်။ ကြယ်အမြူတေဆိုတာ ကျင့်ကြံသူတစ်ယောက်ရဲ့ ဒန်တန်၊ အသိစိတ်ပင်လယ်နဲ့ အတူတူပဲ။ ကျင့်ကြံသူတစ်ယောက်သာ သူ့ရဲ့ ဝိဥာဉ်အမှတ်အသားကို ကျင့်ကြံရေးကြယ်တစ်လုံးရဲ့ ကြယ်အမြူတေပေါ်မှာ အမှတ်အသား လုပ်နိုင်ခဲ့မယ်ဆိုရင် အဲ့လူက အဲ့ကြယ်ရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်။ သူသာ ဆန္ဒရှိရင် အဲ့ကြယ်တစ်ခုလုံး မုန်တိုင်းထန်အောင် လုပ်ပစ်လိုက်လို့ ရတယ်။ ကြယ်ပေါ်က ကြိုက်တဲ့နေရာမှာ ကပ်ဘေးတွေ ဖန်တီးလို့ရတယ်။ အသက်ရှင်နေရင် တောင်တွေ၊ ပင်လယ်တွေကိုတောင် မှောက်ချင်မှောက်၊ လှန်ချင်လှန် လုပ်ပစ်လို့ရတယ်”

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး “ဒီတော့ ကြယ်သခင်တွေက သူတို့ရဲ့ ကြယ်တွေကို ထိန်းချုပ်နိုင်တာပေါ့”

“အမှန်ပဲ။ ကြယ်စီရင်စုထဲမှာ ရှိနေတဲ့ ကြယ်သခင်တိုင်းက သူတို့ကြယ်တစ်စင်လုံးက စွမ်းအင်တွေကိုစုစည်ပြီး ကျင့်ကြံလို့ရတယ်။ အဲ့ကြယ်ပေါ်မှာ နေနေသရွေ့ သူတို့ရဲ့ စွမ်းအားက ဘယ်တော့မှ ခမ်းခြောက်သွားမှာ မဟုတ်ဘူး။ အခု ကြယ်သခင်တစ်ယောက်ရဲ့စွမ်းအားကို မင်းနားလည်ပြီလား”

“နားလည်သွားပြီ” ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး “အဲ့လိုဆိုရင် ဒီနေရာက…”

“ဟတ်။ လူရိုင်းဆိုမှ တကယ့်လူတိုင်း။ ဒီတိုက်ကြီးက ကြယ်တောင် ဖြစ်သေးတာမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး ကြယ်အမြူတေ ရှိမှာလဲဟ။ လွန်ခဲ့တဲ့ နှစ်(၁၅၀၀)တုန်းက ဒီနေရာကို ငါရှာကြည့်ပြီးသွားပြီ။ ဘာကြယ်အမြူတေမှ မတွေ့ဘူး။ တွေ့သာတွေ့ခဲ့ရင် ငါဒီအတိုင်း ထားလိုက်မယ်လို့ မင်းထင်လား”

ရန်ကိုင်က ရယ်မောလျက် “ကျုပ်က မေးကြည့်ရုံပါပဲ။ ကြယ်အမြူတွေကို ရှာနေတာမဟုတ်ဘူး။ အရင်တုန်းကလည်း ကြယ်အမြူတေအကြောင်းကို တစ်ခါမှ မကြားဖူးဘူး”

“မင်းနားလည်ပြီဆိုမှတော့ အချိန်ဖြုန်းမနေတော့။ ကိုယ့်အလုပ်ကိုယ် သွားပြန်လုပ်တော့။ မရှိတာတွေ လျှောက်ရှာဖို့ လုပ်မနေနဲ့။ မင်းအတွက် ဘာကောင်းကျိုးမှမရှိဘူး” ကွေ့ဇူက ရန်ကိုင်အား ပြစ်တင်ကြိမ်းမောင်းလိုက်သည်။

ရန်ကိုင်သည်လည်း တွေးတောရင်း အားပြန်ဖြည့်နေခဲ့သည်။

ကွေ့ဇူပြောသကဲ့သို့ ဤနေရာသည် တကယ့်ကြယ်တစ်လုံးနှင့် လုံးဝမတူချေ။ ထူးဆန်းသော လွင့်မျောနေသည့် တိုက်ကြီး တစ်ခုသာဖြစ်သည်။

သို့သော်လည်း… ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်နှင့် ဆင်တူသော ကြယ်တစ်လုံးကို သေခြင်းတရားချောက်နက်ထဲတွင် မြင်ခဲ့ဖူးသည်။ ထို့ကြောင့် ဤနေရာသည်လည်း ကြယ်တစ်လုံး မဟုတ်၍ ပြော၍မရချေ။ တကယ်တော့ ဤနေရာ၏ အကျယ်အဝန်းသည် ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုထက် အများကြီး ပိုကြီးသည် မဟုတ်ပေလော။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၂၅) အချိန်မရှိတော့ဘူး

ထိုမမျှော်လင့်ထားသော တွေ့ရှိမှုကြောင့် ရန်ကိုင် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ သူတွေ့ရှိခဲ့သော စွမ်းအင်အစုအဝေးသည် ကြယ်အမြူတေ ဟုတ်မဟုတ်ကို ရန်ကိုင်မသိ။ သို့သော်လည်း ကွေ့ဇူသည် သူ့အား တောက်လျှောက် စောင့်ကြည့်နေသည့် အတွက် ရန်ကိုင်လည်း ထိုအရာအား ဆက်လက် မစစ်ဆေးရဲတော့ဘဲ အခြားကိစ္စကိုသာ ပြန်အာရုံစိုက်လိုက်ရသည်။

သို့သော်လည်း ရန်ကိုင်အနေဖြင့် ထိုအရာနှင့်ပက်သက်၍ မတွေးဘဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။ ထိုအရာသာ ကြယ်အမြူတေ ဖြစ်သည်ဆိုပါက ၎င်းသည် လွန်ခဲ့သော နှစ်ငါးရာခန့်ကမှ ဖြစ်ပေါ်လာခြင်း ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် ကွေ့ဇူ၏ ထောက်လှမ်းမှုမှ သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်စွမ်း ရှိရပေမည်။ မဟုတ်လျှင် ကွေ့ဇူသည် ထိုအရာကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းကို ပြန်မယူဘဲ ထိုစွမ်းအင်အုအဝေး ရှိနေသည့် နေရာတွင်သာ ချန်ထားရစ်ခဲ့သည်။

ကွေ့ဇူ သူ့အား သတိမပြုမိလောက်မည့် အချိန်တစ်ခုကို စောင့်ပြီးမှ ထိုအရာကို ထပ်မံ စစ်ဆေးကြည့်ရပေမည်။ သူ့ကောင်းကင် စိတ်အာရုံအမျှင်တန်းကို ထိုနေရာတွင် ချန်ထားရစ်ခဲ့ခြင်းဖြင့် ထိုစွမ်းအင်အစုအဝေး မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို အတိအကျ သိနိုင်ပေသည်။

အချိန်ကြာလာသည်နှင့် လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ နားလည်မှုသည် ပို၍ နက်ရှိုင်းလာခဲ့သည်။ ယခုဆိုလျှင် သူ့ကောင်းကင်စိတ်အာရုံသည် တိုက်ကြီးတစ်ဝက်ကို အလွယ်တကူ လွှမ်းခြုံနိုင်နေလေပြီ။ သူ့ကောင်းကင်စိတ်အာရုံ အကွာအဝေး အတွင်းရှိ သူစစ်ဆေးချင်သည့် မည်သည့်နေရာကိုမှ တိတ်တဆိတ် စစ်ဆေးနိုင်နေလေပြီ။

ထို့နောက် ရန်ကိုင်သည် ခုနှစ်ရောင်ခြယ်ကောင်းကင်ကို စတင် စူးစမ်းလေ့လာသည်။ ကောင်းကင်စိတ်အာရုံ အမျှင်တန်းများစွာကို ထိုခုနှစ်ရောင်ခြယ်ကောင်းကင်ထဲသို့ ပို့လွှတ်သည်။ သို့သော် သူပို့လိုက်သည့် ကောင်းကင်စိတ်အာရုံ အမျှင်တန်းအားလုံးသည် ပရမ်းပတာ စွမ်းအင်စက်ကွင်းများထဲ ပျောက်ဆုံးသွားခဲ့ရသည်။ သို့သော် နောက်ဆုံးတွင် ဤနေရာမှ ထွက်သွားမည့် ကိစ္စနှင့် ပက်သက်၍ အနည်းငယ် ယုံကြည်ချက်ရှိလာခဲ့သည်။

သို့သော် ထိုအကြောင်းအရာကို စိတ်ထဲတွင်သာ သိမ်းထားသည်။ ကွေ့ဇူအား သွားမပြောခဲ့ဘဲ သူ့ပတ်ဝန်းကျင်ကိုသာ အဆက်မပြတ် စစ်ဆေးရင်း ပြီးပြည့်စုံအောင် လုပ်နေခဲ့သည်။

နေ့တိုင် ကွေ့ဇူအား သူ့တိုးတက်မှုအကြောင်း အစီရင်ခံသည်။ သို့သော် အကုန်လုံးကို အမှန်အတိုင်း ပြောခြင်းမဟုတ်ဘဲ အမှန်တစ်ဝက်၊ အမှားတစ်ဝက် ပြောခြင်းသာဖြစ်သည်။

တစ်နေ့၊ ခုနှစ်ရောင်ခြယ်ကောင်းကင်ကို စူးစမ်းလေ့လာပြီး၍ ပြန်အလာ၊ တောင်ထိပ်ပေါ်ရှိ မြေကွပ်လပ်သို့ ရောက်သည့်အခိုက် သွေးနံ့ဖျော့ဖျော့ကို ရလိုက်သည်။

ရန်ကိုင် မျက်နှာပျက်သွားပြီး ကောင်းကင်စိတ်အာရုံကို ချက်ချင်း ဖြန့်ကျက်စစ်ဆေးကြည့်လိုက်ရာ တစ်ခုခု မူမမှန်သည်ကို တွေ့လိုက်ရသည်။ တိုက်ကြီးပေါ်တွင် ရှိနေသော လူအားလုံးသည် တစ်နေရာတည်းတွင် အတူတူ စုဝေးနေခဲ့ကြသည်။ အကုန်လုံးသည် တိုးတိုးဖြင့် ကြိတ်ကာ ဆွေးနွေးပြောဆိုနေကြသည်။ ဘာတွေ ပြောနေမှန်းကိုတော့ သူမသိ။

“ဘာတွေဖြစ်နေတာလဲ” ရန်ကိုင်လည်း ထိုလူများဆီ ပျံသန်းသွားပြီး မေးလိုက်သည်။

“တစ်ယောက်ယောက် သေသွားလို့” ရှန်တုက မျက်စိပျက်၊ မျက်နှာပျက် အမူအရာဖြင့် ပြန်ပြောသည်။

ရန်ကိုင် ကြောင်သွားခဲ့ပြီး လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် သက်မဲ့အလောင်းတစ်လောင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

“အဲ့လူက ဘယ်ဘက်ကလဲ” ရန်ကိုင်က ပြန်မေးသည်။

“ငါတို့ဘက်ကပဲ” ဟဲကျောင်က စိတ်ဓါတ်ကျစွာဖြင့် ပြန်ပြောသည်။

ဟဲမြောင်နှင့် ရွှယ့်ရှီတို့လည်း ဝမ်းနည်း၊ စိတ်ဓါတ်ကျနေကြသည်။ လျူကွေ့ချန်သည်ပင်လျှင် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

သူတို့ ဤနေရာသို့ စရောက်စဉ်က ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်း စုစုပေါင်း လူတစ်ရာကျော်ရှိသည်။ သို့သော်လည်း တစ်နှစ် ကြာသွားပြီးနောက်တွင် အသက်ရှင်ကျန်ရစ်သော လူ(၁၀)ယောက်ပင် မပြည့်တော့‌ချေ။ လွန်ခဲ့သော လများအတွင် လူအသေအပျောက် မရှိခဲ့သော်လည်း ယနေ့တွင် ပထမဆုံး တစ်ယောက် စသေခဲ့လေပြီ။

ထိုလူ မည်ကဲ့သို့ သေသွားမှန်း မည်သူမှ မသိချေ။

“သူ့ကို ဘယ်သူသတ်လိုက်တာလဲ” ရန်ကိုင်က ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ကာ မေးလိုက်သည်။

မည်သူမှ ပြန်မဖြေခဲ့ကြ။ အကုန်လုံးသည် ကူကယ်ရာမဲ့နေသည့် အမူအရာများကိုသာ ဆင်မြန်းထားကြသည်။ ထိုလူများ၏ အမူအရာကိုမြင်သော် လက်သည်ကို ရန်ကိုင် ချက်ချင်း သိလိုက်၏။ ဤနေရာတွင် ကွေ့ဇူမှလွဲ၍ မည်သူမှ လူမသတ်ရဲကြချေ။

ထိုလူအိုကြီး အတော့်ကို စိတ်ဆိုးဒေါသထွက်နေရပေမည်။ မဟုတ်လျှင် ဂျူနီယာတစ်ယောက်ကို အကြောင်းမရှိ သတ်လိမ့်မည် မဟုတ်ချေ။

“ရန်ကိုင် စီနီယာကွေ့ဇူနဲ့ စကားသွားပြောပြီး ငါတို့ကို ထပ်မသတ်ဖို့ မေးပေးလို့ရမလား။ ငါတို့ သူ့ကိုပုန်ကန်ဆန့်ကျင်တာမျိုးလည်း လုပ်တာမဟုတ်ဘူးလေ” ဟဲကျောင်က သူမ၏နှုတ်ခမ်းလေးကို ကိုက်၍ ရန်ကိုင်အား တောင်းဆိုလိုက်သည်။

ယခုတစ်ကြိမ်တွင် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူတစ်ယောက် သေသွားခဲ့ရသည်။ နောက်တစ်ကြိမ်တွင် မည်သူသေမည်ဆိုသည်ကို မည်သူမှ မပြောနိုင်ချေ။ ခရမ်းကြယ်မှ လူလည်း ဖြစ်နိုင်သလို သူတို့ဘက်မှ ထပ်ဖြစ်သွားသည်လည်း ဖြစ်နိုင်သည်။

အေးအေးဆေးဆေး ထိုင်နေနိုင်သည့် ရန်ကိုင်မှလွဲ၍ အကုန်လုံး ရင်တမမ ဖြစ်နေကြရသည်။

တစ်နေ့ ဤနေရာမှ လူအားလုံးကို ကွေ့ဇူက သတ်လိုက်သည် ဆိုပါစို့။ သူလည်း ဤနေရာမှ ထွက်သွားရန် မျှော်လင့်ချက် မရှိတော့ဘူး ဆိုပါက ရန်ကိုင်ကိုလည်း အသက်ရှင်လျက် ထားတော့မည် မဟုတ်ချေ။ ရန်ကိုင်၏ ဝိဥာဉ်ကို ထုတ်ယူပြီး သူ့မှတ်ဥာဏ်များကို ရှာဖွေကာ ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းကို သူ့ဘာသာ ရှာဖွေပေလိမ့်မည်။

“ဟုတ်တယ်။ ရန်ကိုင်” ရှန်တုကလည်း ဝင်ပြောသည် “မင်းတစ်ယောက်ပဲ စီနီယာကွေ့ဇူနဲ့ စကားပြောနိုင်တာ… ကိုယ်ဘယ်လိုသေလို့ သေသွားရမှန်းမသိတဲ့ အဖြစ်မျိုး ငါတကယ် အဖြစ်မခံချင်ဘူး”

အကုန်လုံးသည် ရန်ကိုင်အား သူတို့၏ နောက်ဆုံးမျှော်လင့်ချက် တစ်ခုနှယ် စိုက်ကြည့်နေခဲ့ကြသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ။ ငါသူနဲ့ သွားပြောကြည့်လိုက်မယ်။ ငါပြောတာကို သူနားထောင်မယ်လို့တော့ အာမမခံနိုင်ဘူးနော်”

“ကိစ္စမရှိဘူး။ မင်းနဲ့သွားပြောပေးရင် လုံလောက်ပြီ” ရှန်တုက ခါးသက်စွာ ပြုံးလိုက်သည်။

“ဟဲကျောင်၊ ဟဲကျောင်၊ သူ့ကို လာကူမြေမြုပ်ပေးဦး” ရွှယ့်ရှီက တိုးတိုးလေး ပြောလိုက်သည်။

“ဟုတ်ကဲ့” ဓါးအဖွဲ့အစည်းမှ သုံးယောက်သားသည် သေသွားသော သူတို့၏ အဖွဲ့သားကိုသယ်၍ အလောင်မြုပ်စရာနေရာရှာရန် ထွက်သွားကြလေသည်။

ရန်ကိုင်သည်လည်း ‌ကွေ့ဇူ နေထိုင်ရာ တောင်လိုဏ်ဂူဆီ ပျံသန်းသွားခဲ့သည်။ ခဏကြာမျှ ပျံသန်းသွားပြီးနောက် ကွေ့ဇူ နေထိုင်သည့် ကျောက်တုံးခန်းဆီသို့ ရောက်လာခဲ့သည်။

ဤကျောက်တုံးခန်းတွင် ကွေ့ဇူနေမှန်း သူသိသော်လည်း ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် ဤနေရာသို့ ရောက်ဖူးခြင်း ဖြစ်သည်။

ဤကျောက်တုံးခန်းသည် အခြားကျောက်တုံးခန်းများနှင့်မတူ။ အခန်းတစ်ခန်းလုံး မည်းမှောင်နေခဲ့သည်။ အလင်းရောင်မရှိ၊ မြင်မြင်သမျှ အရာတိုင်းသည် အမှောင်ထုသာ။ ကျောက်တုံးခန်း အပြင်ဘက်သို့ ရောက်သည်နှင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး စိတ်ဓါတ်ကျစရာကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရ၍ ခြောက်ခြားဖွယ်ကောင်းသည့် အော်ဟစ်သံတို့ကိုလည်း ကြားလိုက်ရသည်။

အမှောင်ထုထဲမှ အစိမ်းရောင် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် တစ္ဆေအချို့ ထွက်ပေါ်လာခဲ့ပြီး သူ့အား လာရောက် ဝန်းရံကြသည်။ သူ့ပတ်ပတ်လည်တွင် ပျံသန်းရင် သူ့ဝိဥာဉ်ကို ဆွဲထုတ်ကာ အဆုံးမဲ့ အသူရာငရဲချောက်နက်ထဲ ခေါ်သွားရန် ကြိုးစားနေခဲ့သည်။

ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး နည်းနည်းမျှပင် မလှုပ်နိုင်တော့ချေ။

ခဏအကြာတွင် သူ့ခန္ဓာကိုယ်မှ နတ်ဆိုးမီးတောက်တို့ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုနတ်ဆိုးမီးတောက်ကြောင့် ရန်ကိုင်သည် မီးလူသားတစ်ယောက်နှင့်ပင် တူနေသေးသည်။

ထိုသို့ လုပ်လိုက်မှပဲ ထိုပုံရိပ်ယောင်အောက်မှ လွတ်မြောက်နိုင်ခဲ့သည်။

သူ့လှည့်ကွက်အောက်မှ ရန်ကိုင် လွတ်မြောက်သွားသည်ကို မြင်သော် ကွေ့ဇူက ညစ်ကျယ်ကျယ် ရယ်မောလျက် မေးလိုက်သည် “ကောင်လေး၊ မင်းဒီကို ဘာလာလုပ်တာလဲ”

ရန်ကိုင်သည် တစ္ဆေကာင်များ၏ လွှမ်းမိုးမှုကို ချေဖျက်ရန် သူ့တစ်ကိုယ်လုံးအား နတ်ဆိုးမီးတောက်များဖြင့် ဆက်လက် လောင်ကျွမ်းနေစေခဲ့သည်။ ကွေ့ဇူ၏ မေးခွန်းကို ကြားလိုက်သည့် အခါ ဘာကိုအရင်စပြော၍ ပြောရမှန်း မသိသဖြင့် မျက်မှောင်ကြုံ့သွားခဲ့ရသည်။ နောက်ဆုံး လိုရင်းကိုသာ ပြောရန် ဆုံးဖြတ်လိုက်သည် “ဒီနေ့ စီနီယာ တစ်ယောက်ယောက်ကို သတ်လိုက်သေးလား”

ကွေ့ဇူက ရယ်သွမ်းသွေးလျက် “သတ်တော့ ဘာဖြစ်လို့လဲ။ အဲ့ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ ငါ့ကို လာရှာတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား”

“အခု အပြင်မှာရှိနေတဲ့ လူတိုင်းက နောက်ထပ်သေရမယ့်လူက သူတို့ဖြစ်သွားမှာကို တွေးပြီး ကြောက်နေကြတယ် စီနီယာရဲ့” ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြောလိုက်သည်။

“အင်း။ စိုးရိမ်သင့်ပါတယ်လေ” ကွေ့ဇူသည် ထိုလူများ၏ စိုးရိမ်ပူပန်နေသော အမူအရာများကို တွေးရင်း ပျော်နေသည့် ပုံဖြင့် “ဒီနေရာကြီးက အရမ်းပျင်းဖို့ ကောင်းတယ်လေကွာ။ ဒီတော့ ငါလည်း ပျော်စရာလေးဘာလေး ရှာတာပေါ့။ ငါ့အတွက်တော့ ပျော်စရာ လူတွေ ရင်တမမ၊ ကြောက်ကြောက်လန့်လန့် ဖြစ်နေတာကို ကြည့်ရတာပဲ”

“ပျင်းရုံနဲ့ လူသတ်တယ်ပေါ့”

“အဲ့တော့ဘာဖြစ်လဲ” ကွေ့ဇူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ မည်းမှောင်နေသော အခန်းသည် ယခင်အတိုင်း ပြန်လည် လင်းထိန်လာခဲ့သဖြင့် အခန်း အလယ်တွင် ထိုင်နေသော ကွေ့ဇူကို ရန်ကိုင် မြင်နိုင်လာခဲ့သည်။ ကွေ့ဇူသည် ကြမ်းကြုတ်စွာပြုံးလျက် ခြောက်ခြားဖွယ်ကောင်းသော မျက်ဝန်းအစုံဖြင့် ရန်ကိုင်တည့်တည့်အား စိုက်ကြည့်ရင်း “သူတို့ကို ညှာတာပေးဖို့ ငါ့ဆီ လာပြောတာလား။ ငါသိသလောက်ဆို မင်းက အဲ့လိုလူမျိုးမဟုတ်ပါဘူး။ ငါသူတို့ အားလုံးကို သတ်လိုက်မယ် ဆိုရင်တောင် မင်ဂရုစိုက်မှာမဟုတ်ဘူး”

“စီနီယာက နောက်နေတာပဲ။ အဲ့လူတွေထဲမှာ ကျုပ်မိတ်ဆွေတွေ ပါတယ်လေ။ ဒီတော့ သူတို့ အသတ်ခံရမှာကို ကျုပ်လည်း ဘယ်မြင်ချင်ပါ့မလဲလို့”

“မိတ်ဆွေတွေလား” ရန်ကိုင် စကားကို ကြားကြားချင်း ကွေ့ဇူ ကြောင်သွားခဲ့သည်။ ထို့နောက် ဝါးလုံးကွဲအော်ဟစ်ရယ်မောလျက် “အခြားသူကို လှည့်စားလို့ရချင်ရမယ်၊ ငါ့ကိုတော့ လာလှည့်စားလို့ မရဘူးကွ။ အဲ့လူတွေထဲမှာ မင်းနဲ့ခင်တဲ့လူ တော်တော်များများ ရှိမှန်း ငါသိတယ်။ ဒါပေမယ့် သူတို့အတွက်နဲ့ ငါ့ကို အာခံမှာတော့ မဟုတ်ဘူး။ မင်းသူတို့အပေါ် ကောင်းနိုင်ရင် ကောင်းမယ်။ အရေးကြုံလာပြီး၊ မင်းလည်း ဘာမှ မတတ်နိုင်တော့ဘူး ဆိုရင်တော့ သူတို့အားလုံးကို ပစ်ထားခဲ့မှာပဲ။ ငါ့ကို ဒေါသထွက်အောင် လုပ်ရင် ဘယ်လိုအကျိုးဆက်မျိုးကို ရင်ဆိုင်ရမလဲ ဆိုတာကို မင်းကောင်းကောင်း သိပြီးသား”

ရန်ကိုင်ကမူ ဆိတ်ဆိတ်သာ နေသည်။ ဘာမှ ပြန်မပြောခဲ့။

“မင်းကြောက်နေတာက ငါသူတို့ကို သတ်နေလို့မဟုတ်ဘူး။ သူတို့အားလုံးကို ငါသတ်ပြီးသွားလို့ မင်းကိုပါ သတ်မှာကိုပဲ” ကွေ့ဇူက ရုတ်တရက် အော်ဟစ်လိုက်သည်။

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်လိုက်ပြီး “စီနီယာပြောတာ အမှန်ပဲ။ ဂျူနီယာ အဲ့ကိစ္စကို စိတ်ပူနေတာ”

ကွေ့ဇူက အသာအယာ ခေါင်းညိတ်လိုက်ပြီး “မင်းတကယ် စိတ်ပူတယ်ဆိုရင် ပိုပြီး အလုပ်ကြိုးစားပေါ့။ ငါသူတို့ အကုန်လုံးကို သတ်ပြီး မင်းကို လာမသတ်ခင်အထိ ဒီနေရာကနေ ထွက်သွားနိုင်မယ့် နည်းလမ်းတစ်ခုကို မင်းစဉ်းစားနိုင်ဖို့ လိုလိမ့်မယ်။ မင်းလုပ်နေတယ်ဆိုပေမယ့် အကောင်းဆုံး လုပ်နေတာ မဟုတ်မှန်း ငါသိပြီးသား”

“ဂျူနီယာ သဲလွန်စအချို့ တွေ့ပြီးသွားပြီ” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေသည်။

ကွေ့ဇူ၏ ခန္ဓာကိုယ် တုန်ရင်သွားပြီး သူ့မျက်လုံးများ တဖျက်ဖျက် ဝင်းလက်လာခဲ့သည်။ ထို့နောက် အပြုံးကြီးပြုံးလျက် “ကောင်းတယ်၊ ကောင်းတယ်။ သဲလွန်စ တွေ့တယ်ဆိုကတည်းက တကယ် ကောင်းသွားပြီ။ ဒီသတင်းကြောင့် ငါအရမ်းအရမ်းကို ပျော်သွားပြီ။ လောလောဆယ်တော့ ငါပျင်းရတော့မှာ မဟုတ်ဘူး။ ငါထပ်ပြီး မပျင်းလာရအောင် မင်းလည်း ဆက်ပြီး အလုပ်ကြိုးစားသင့်တယ်”

“ဂျူနီယာ သွားလိုက်ပါဦးမယ်” ရန်ကိုင်က လက်သီးဆုပ်ကာ နှုတ်ဆက်၍ အခန်းထဲမှ ထွက်သွားလိုက်သည်။ အခန်းထဲမှ ထွက်သွားလိုက်သည့်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွဦးခဲ့လေသည်။

ကွေ့ဇူ ထိုလူအား သတ်ခဲ့ခြင်းသည် စိတ်ညစ်နေ၍မဟုတ်။ သူ့အပေါ် ဖိအားပေး၊ သတိပေးလိုသည့် အတွက်ကြောင့်သာ ဖြစ်သည်။

သူတစ်ခုခုအား ဖုံးကွယ်ထားသည်ကို ကွေ့ဇူ သိနေလောက်၏။ မဟုတ်လျှင် တစ်ယောက်ယောက်အား သတ်ဖြတ်၍ သူ့အား သတိပေးရန် ကြိုးစားလိမ့်မည် မဟုတ်ချေ။

သို့သော် ရန်ကိုင်သည် မည်သည့်အရာအား ဖုံးကွယ်ထားသလဲ ဆိုသည်ကို ကွေ့ဇူ မသိချေ။ ‘ကောင်လေး၊ ငါမသိအောင် မင်းဘာတွေ ဖုံးကွယ်ထားတာလဲ’ ဆိုပြီးတော့ သွားမေး၍လည်း မဖြစ်ပြန်။ ထို့ကြောင့် ဤနည်းလမ်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သူ့သည်ခံနိုင်စွမ်းသည် အကန့်အသတ်ရှိသည်ဟု ရန်ကိုင်အား သတိပေးလိုခြင်းပင်။ စောင့်ရပါ များလာမည်ဆိုပါက ရန်ကိုင်၏ ကံကြမ္မာသည်လည်း ထိုလူများကဲ့သို့ပင် ဖြစ်သွားလိမ့်မည်ဟု တစ်ဖက်လှည့်ပြောခြင်းဖြစ်သည်။

ရန်ကိုင်လည်း ထိုအချက်ကို နားလည်ပေသည်။ ထို့ကြောင့် ‌ကွေ့ဇူ စိတ်ငြိမ်သွားအောင် စကားအချို့ ပြောခဲ့ခြင်းဖြစ်သည်။ သို့သော် ‘သဲလွန်စ’ ဆိုသော စကားလုံးသည် ကွေ့ဇူအား ခဏတာသာ စိတ်ပြေစေလိမ့်မည်ဖြစ်ပြီး နောက်တစ်ကြိမ် သူစိတ်မရှည် ဖြစ်ပါလာက ရန်ကိုင်ကိုပင် သတ်ဖြတ်ကောင်း သတ်ဖြတ်နိုင်၏။

ရန်ကိုင် အလွန်ကိုမှ စိတ်ညစ်နေခဲ့သည်။ ‘ငါဒီလောက်တောင် အားနည်ရတာပါလား’ဟုလည်း တွေးနေမိသည်။

နည်းလမ်းရှာတွေ့သည်နှင့် တစ်ယောက်တည်း ခိုးထွက်သွားပြီး ကွေ့ဇူအား ဤနေရာတွင် ချန်ထားခဲ့မည်ဟု အမြဲတမ်း စဉ်းစားခဲ့သည်။ သို့သော်လည်း သူတို့ နှစ်ဦးကြားရှိ ခွန်အား ကွာခြားချက်သည် အလွန်တရာကိုမှ ကြီးမားလှလေရာ ရန်ကိုင်သည် အမြဲတမ်း အောက်စည်းသို့သာ ရောက်နေခဲ့ရသည်။

သူ့အတွေးများသည် ယုတ္တိမရှိမှန်း ရန်ကိုင် သိသည်။ ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းကို ရှာတွေ့လျှင် သူမထွက်သွားနိုင်သေးခင်မှာဘဲ ကွေ့ဇူ၏ တားဆီးခြင်းကို ခံရပေလိမ့်မည်။

ရန်ကိုင်သည် ထိုကိစ္စနှင့် ပက်သက်၍ အမြဲတစေ စဉ်းစားခဲ့သည်။ ကွေ့ဇူ ပြောသည်ကို ယုံကြည်ပြီး အကုန်လုံးအား အနေရာမှ ခေါ်ထုတ်သွားသင့်သလား။ ထိုနည်းလမ်းသည် အလွန်ကိုမှ အန္တရာယ်များလှသည်။ ကွေ့ဇူ သူ့စကားကို ပြန်မရုတ်သိမ်းပါဟု မည်သူ ပြောနိုင်မည်နည်း။

ရန်ကိုင်စိတ်ထဲ အတွေးပေါင်းစုံတို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့အမူအရာသည်လည်း ပိုပို၍ လေးနက်လာခဲ့လေသည်။

ကျောက်တုံးခန်းထဲသို့ ပြန်ရောက်သည်နှင့် တင်ပလင်ခွေထိုင်၍ အားပြန်ဖြည့်ရင်း စဉ်းစားလိုက်သည်။ ထိုစဉ် ကျောက်တုံးခန်၏ အပြင်ဘက်မှ ခြေသံယဲ့ယဲ့လေးများ ထွက်ပေါ်လာပြီး မကြာမီ အခန်းထဲသို့ ပီယ ဝင်လာခဲ့သည်။ ရောက်သည်နှင့် ရန်ကိုင်၏ နောက်ဘက်သို့သွားကာ သူမ၏ ရင်ဘတ်နှင့် သူ့ကျောပြင်ကို ဖိကပ်၍ ရန်ကိုင်အား အသာအယာ နှိပ်နယ်ပေးတော့သည်။

ထို့နောက် ရန်ကိုင် နားနားသို့ကပ်ကာ တိုးတိုးလေး ပြောသည် “သခင် တစ်နေ့ ဒီနေရာကနေ ထွက်သွားရင် သခင်ရဲ့ အစေခံကိုပါ အတူခေါ်သွားပေးနိုင်မလားဟင်”

“အင်း”

ပီယ အားတင်းပြုံးလိုက်ပြီး ရန်ကိုင်ပခုံးအား ဆက်လက် နှိပ်နယ်ပေးရင်း ပြောလိုက်သည် “သခင် ဟန်ဆောင်ပြနေစရာ မလိုပါဘူး။ သခင် ထွက်သွားတာနဲ့ ဒီအစေခံကို ခေါ်သွားမှာ မဟုတ်မှန်း ကျွန်မ သိပြီးသား… တကယ်တော့ သခင်နဲ့ကျွန်မ စတွေ့ကတည်းက ဒီအစေခံက သခင့်အပေါ် ရိုင်းပြခဲ့တာလေ။ ကျွန်မက လူကောင်းတစ်ယောက်မဟုတ်မှန်း ဒီအစေခံ သိပါတယ်သခင်”

သူမ၏ အမှားများကို ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလာသည်ကို မြင်သော် ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ စိတ်ထဲတွင်လည်း ပီယ မည်သို့သော အကြံများ ထုတ်နေတာလဲဟု တွေးမိသွားသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၂၆) အချိန်မရှိတော့ဘူး

ပီသည် ဝမ်းနည်းညိုးငယ်သော အမူအရာကို ဆင်မြန်းလျက် အသက်မပါစွာ ပြုံးနေခဲ့သည်။

ဤအတောအတွင်း ရန်ကိုင်အား သူမ တတ်နိုင်သမျှ အစွမ်းကုန် ပြုစုပေးခဲ့သည်။ ရန်ကိုင် ပြောသမျှကိုလည်း အကုန် နာခံခဲ့သည်။ သူတောင်းဆိုသည့် အရာမှန်သမျှကို ဖြည့်ဆည်းပေးသည်။ တစ်ချက်ကလေးပင် မငြင်းပယ်၊ ကလန်ကဆန် မလုပ်။ သူမ၏ အပြုအမူသည် အလွန်ကိုပင် နာခံသည်လည်း ရူးမိုက်သည်လား ဝေခွဲမရတော့။ ပီယသည် ထိုကဲ့သို့ ပြုမူနေသည့်တိုင် သူမသည် အလွန်ကိုမှ အကင်းပါးလှသော မိန်းမတစ်ဦးဖြစ်သည်။

တစ်နေ့ ရန်ကိုင်သည် ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းကို ရှာတွေ့သည့်အခါ သူမကိုပါ ခေါ်သွားမည်မဟုတ်မှန်း ပီယ သိသည်။ ထို့ကြောင့်ပဲ ပီယသည် အချိန်စော၍ ထိုခေါင်းစဉ်ကို အစချီလာခဲ့ခြင်းဖြစ်သည်။ သူမဘက်မှ ရိုးသားကြောင်းပြ၍ ရန်ကိုင်၏ စိတ်ကို ပြောင်းလဲသွားအောင် လုပ်ချင်သည်။

“ကျွန်မသာ ဒီကနေ ထွက်သွားနိုင်ခဲ့ အနာဂတ်မှာ သခင် တစ်ယောက်တည်းရဲ့ စကားကိုပဲ နာခံပါ့မယ်။ သခင် ပေးသမျှ အမိန့်တိုင်းကို နာခံပါတယ်။ ကျွန်မဒီမှာ မကျန်ခဲ့ချင်ဘူး။ ကျွန်မတကယ်ကို မကျန်ခဲ့ချင်တာ… နောက်ပိုင်းကျရင် သခင့်တစ်ယောက်တည်းကိုပဲ သစ္စာရှိပါမယ်လို့ ဒီအစေခံ ကျိန်ဆိုရဲပါတယ်…” ပီယက ဆက်ပြောနေခဲ့သည်။ ကွေ့ဇူကဲ့သို့ ပညာရှင်တစ်ယောက်ပင် ဤနေရာ၌ နှစ်(၂၀၀၀)ကြာအောင် ပိတ်မိနေခဲ့လေရာ သူမသာ ဤနေရာ၌ ပိတ်မိနေခဲ့ပါက အသက်ကြီးပြီး သေသွားရပေလိမ့်မည်။

ထိုကဲ့သို့ အဆုံးသတ်သည်ကြား အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ရန်ကိုင်သည် မျက်နှာတည်ကြီးဖြင့်သာ သူမအား စိုက်ကြည့်နေသည်။ ပီယသည်လည်း ရန်ကိုင်အား တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်စိုက်ကြည့်နေသည်။ ခဏအကြာတွင် ရန်ကိုင်က ခေါင်းညိတ်၍ “အဲ့နေရောက်လာခဲ့ရင် ငါသေချာ စဉ်းစားကြည့်လိုက်မယ်”

ကြားကြားချင်း ကြောင်သွားခဲ့သော်လည်း ချက်ချင်းပဲ မဲ့ပြုံးပြုံး၍ “ကျေးဇူးပါပဲ သခင်”

“အခု ငါလုပ်စရာရှိသေးလို့ ထွက်သွားပေးဦး” ရန်ကိုင်က လက်ဝှေးရမ်း၍ ပြောလိုက်သည်။

ပီယသည် သိမ်မွေ့ကျော့ရှင်းစွာဖြင့် ရန်ကိုင်အား ဦးညွှတ်လိုက်ပြီး ခပ်မြန်မြန်ပဲ ထွက်သွားလေသည်။ ပီယ အလွန်တရာကိုမှ စိတ်ဓါတ်ကျနေခဲ့သည်။ ရန်ကိုင်၏ တုန့်ပြန်စကားကို ကြာပြီးနောက် ရန်ကိုင် စိတ်မပြောင်းသေးမှန်း ပီယ နားလည်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက် ကုန်ဆုံးသွားခဲ့သည်။

ထိုနေ့တွင် နောက်ထပ်လူတစ်ယောက် သေသွားခဲ့သည်။ ယခုတစ်ကြိမ် သေသွားသည့်လူသည် လျူကွေ့ချန်၏ လက်အောက်ငယ်သား ဖြစ်သည့် သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ထိုလူသည် တောင်ဆင်ခြေလျှောတွင် တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် ရုတ်တရက် သူ့တစ်ကိုယ်လုံး‌ ပေါက်ကွဲသွားခြင်း ဖြစ်သည်။

နောက်ထပ် လူတစ်ယောက်၏ သေဆုံးမှုကြောင့် အကုန်လုံး မီးခဲဖင်ခုထိုင်နေရသည့်နှယ် ဖင်ငြိမ်ငြိမ် မထိုင်နိုင်ကြတော့။ ရန်ကိုင်အား ခပ်မြန်မြန် သွားရှာကာ ကွေ့ဇူအား သူတို့ကို သနားညှာတာပေးရန် သွားပြောပေးနိုင်မလားဟု မေးကြသည်။ ဦးညွှတ်ရန် အကြောက်အကန် ငြင်းဆန်နေသော ရွှယ့်ရှီပင် ယခုတစ်ကြိမ်၌ ရန်ကိုင်အား အနူးအညွှတ် တောင်းဆိုခဲ့သည်။

ရန်ကိုင်လည်း လုပ်ပေးပါမည်ဟု ပြောခဲ့သည်။

သို့သော်လည်း သူမည်မျှပင် သွားပြောပါစေ အသုံးဝင်မည် မဟုတ်မှန်း ရန်ကိုင် သိသည်။ အရေးအကြီးဆုံးသည်ကား ကွေ့ဇူအား ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းရှိသည်ဟု ထင်လာစေရန် ဖြစ်သည်။ ထိုအခါမှ ထိုလူအိုကြီး ပျော်သွားပြီး လူထပ်သတ်တော့မည် မဟုတ်ချေ။

ရန်ကိုင်သည် အားလုံး၏ စိုးရိမ်ပူပန်မှုများကို လွှတ်ချထား၍ ကြယ်လွန်းပျံကိုထုတ်ကာ ခုနှစ်ရောင်ခြယ်ကောင်းကင်ဆီသို့ ပျံသန်းသွားသည်။

ထို့နောက် ကြယ်လွန်းပျံပေါ်တွင် တင်ပလင်ခွေထိုင်လျက် ကောင်းကင်စိတ်အာရုံအား အမျှင်တန်းများစွာအဖြစ် ခွဲထုတ်၍ ဟင်းလင်းပြင်ထဲသို့ ပို့လွှတ်လိုက်သည်။

ထိုကောင်းကင်စိတ်အာရုံ အမျှင်တန်းများသည် မြန်ဆန်လှသော အရှိန်ဖြင့် လေဟာနယ်ကို ခုန်ကျော်ကာ ရန်ကိုင် ထိုင်နေရာမှ မိုင်တစ်ထောင်မကသော အကွာအဝေးအဆီသို့ တစ်ခဏအတွင်း ရောက်သွားခဲ့သည်။ မကြာမီ ရန်ကိုင်၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့သည်။

ကောင်းကင်စိတ်အာရုံ အမျှင်တန်းပေါင်း တစ်ထောင်ကျော်ကို ပို့လွှတ်လိုက်သော်လည်း အကုန်လုံးသည် ပရမ်းပတာ စွမ်းအင် စက်ကွင်းထဲ လမ်းပျောက်သွားခဲ့သည်။ အတော်များများသည် သူနှင့်ပင် အဆက်အသွယ် ပြတ်သွားခဲ့သည်။

တစ်နာရီကြာပြီးနောက် ပို့လွှတ်လိုက်သော ကောင်းကင်စိတ်အာရုံ အမျှင်တန်း စုစုပေါင်း၏ (၈၀)ရာခိုင်နှုန်းကို ပြန်ခေါ်နိုင်ခဲ့သည်။ ကျန်သည့် (၂၀)ရာခိုင်နှုန်းကိုမူ ပြန်မခေါ်နိုင်တော့ချေ။ သူ့ဝိဥာဉ် ဒဏ်ရာရသွားသဖြင့် ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ရသည်။

သူတော်စင်အဆင့် ဆေးလံးကို ထုတ်သော်၍ စိတ်စွမ်းအင်ကို ချက်ချင်း ပြန်ဖြည့်လိုက်သည်။ ထို့နောက် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းကို သုံးလျင် ထိုခိုက်သွားသော သူ့ဝိဥာဉ်ကို ပြန်လည်ကုသသည်။

နောက်ထပ် တစ်နာရီကြာပြီးနောက် ကောင်းကင်စိတ်အာရုံကို ထပ်မံ ထုတ်လွှတ်ကြည့်ပြန်သည်။

တောင်အလယ်ဗဟိုရှိ မည်းမှောင်နေသော ကျောက်တုံးခန်း တစ်ခန်းထဲတွင်၊ ကွေ့ဇူ ထိုင်နေခဲ့သည်။ ကွေ့ဇူသည် ရန်ကိုင်ကို ကြည့်ရင်း သွားပေါ်အောင်ပြုံးလျက် “ကောင်လေး၊ ကောင်လေး၊ မင်းဘာကြံနေလဲ ငါမသိဘူးများ မှတ်နေလား။ ငါသာ မင်းကို ဖိအားမပေးရင် မင်းတကယ် ကြိုးစားမှာမဟုတ်ဘူး။ ဒီနေ့ သင်ခန်းစာကို သေသေချာချာ မှတ်ထားပြီး နောက်ပိုင်း အားထုတ်ကြိုးစားဖို့ ငါမျှော်လင့်တယ်။ မဟုတ်ရင်တော့ ငါနောက်ထပ် လူထပ်သတ်ရလိမ့်မယ်… ပထမနှစ်ကြိမ်တော့ မင်းကို ညှာပေးပြီးသွားပြီ။ နောက်တစ်ကြိမ် ဆိုရင်တော့ မင်းခင်တဲ့လူတွေထဲက တစ်ယောက် လာပြီပဲ။ ငါ့ ဒေါသ ထွက်မလာအောင်သာ ကြိုးစားထား ကြောင်လေးရေ”

ကွေ့ဇူ၏မျက်လုံးထဲ ရှန်တ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့၏ ပုံရိပ်များ ရုတ်တရက် ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင် ထိုလူငယ် သုံးယောက်စလုံး ကျောရိုး တစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ကြရသည်။ သေမင်း၏ စိုက်ကြည့်ခြင်း ခံနေရသလို ခံစားလိုက်ရသဖြင့် သုံးယောက်စလုံး တုန်ရီသွားခဲ့ကြလေသည်။

ခုနှစ်ရောင်ခြယ်ကောင်းကင်ထက်တွင်၊ ရန်ကိုင်သည် ကြယ်လွန်းပျံပေါ် ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်လျက် ကောင်းကင်စိတ်အာရုံကို ပရမ်းပတာစက်ကွင်းအနှံ့ ဖြန့်ကျက်နိုင်သမျှ ဖြန့်ကျက်နေခဲ့သည်။

အချိန်စီးဆင်းမှုကို သူသတိပြုမိတော့။ သူ၏ အာရုံအလုံးစုံသည် ဟင်းလင်းပြင်ထဲ ထိုးဖောက်သွားလာနေသော ကောင်းကင် စိတ်အာရုံ အမျှင်တန်းများပေါ်တွင်သာ ရှိနေခဲ့သည်။

ဟင်းလင်းပြင်ထဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်၊ ပြန်ရုတ်သိမ်းကာ အားပြန်ဖြည့်လိုက်၊ ထို့နောက် ထပ်မံ၍ ဖြန့်ကျက်လိုက်၊ ပြန်ရုတ်သိမ်းလိုက်၊ ထိုကဲ့သို့ အကြိမ် (၂၀)ကျော်မျှ လုပ်ခဲ့သော်လည်း မည်သည့် ရလဒ်ထူးကိုမှ မရရှိနိုင်သေးချေ။ အကြိမ်တိုင်းတွင် ပို့လွှတ်လိုက်သည့် ကောင်းကင်စိတ်အာရုံ အမျှင်တန်း စုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းမျှ ဆုံးရှုံးခဲ့ရသည်။

ထိုကဲ့သို့ ဝိဥာဉ်ထိခိုက်ရသည့် ဒဏ်များကို ရန်ကိုင်မှလွဲ၍ မည်သူမှခံနိုင်လိမ့်မည် မဟုတ်ချေ။ သူ့ထက် အများကြီး ပိုမို သန်မာလျှင်ပင် ဒဏ်ရာရသွားသော ဝိဥာဉ်ကို ပြန်၍ ကုမှ မကုသနိုင်လေသလော။ ရန်ကိုင်သည်ပင် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်း၏ အကူအညီကြောင့် ဤကဲ့သို့ လုပ်နိုင်ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ရန်ကိုင်၏ စိတ်စွမ်းအင် ခမ်းခြောက်သွားပြန်၏။ သို့သော် စိတ်ကျေနပ်စရာ ရလဒ်ကိုမှ ရရှိခြင်းမရှိခဲ့။

သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းများကို ပြန်ရုတ်သိမ်းမည် အပြု၊ တစ်နေရာရာတွင် တစ်ခုခု ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံ အမျှင်တန်းများကို သေချာအာရုံစိုက် ထိန်းချုပ်၍ ထိုနေရာကို စူးစမ်းကြည့်လိုက်သည်။

ထိုနေရာကို စစ်ဆေးရန် ကြိုးစားလိုက်သည့်အခါ သူ၏ ကောင်းကင်စိတ်အာရုံသည် ထိုနေရာအား အလွယ်တကူ ကျော်ြဖတ်သွားသည်ကို အံ့အားသင့်ဖွယ် ရန်ကိုင် တွေ့လိုက်ရ၏။ သူ၏ ကောင်းကင်စိတ်အာရုံသည် ခုနှစ်ရောင်ခြယ်ကောင်းကင်ကို ဖြတ်ကျော်၍ ပရမ်းပတာ အားစက်ကွင်းထဲမှ ထွက်သွားခဲ့သည်။

သူ၏ ကောင်းကင်စိတ်အာရုံများမှတစ်ဆင့် မရေမတွက်နိုင်သော ခမ်းနားကြီးကျယ်လှပသည့် ကြယ်များစွာကို ရန်ကိုင် မြင်လိုက်ရသည်။ ကြယ်တစ်လုံးချင်းစီတိုင်းသည် အားကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ အချို့ကြယ်များသည် အလွန်ကိုမှ အေးစက်ပြီး အချို့ကြယ်များသည် အလွန်ကိုမှ ချစ်ချစ်တောက် ပူနေခဲ့သည်။ ဧရာမသစ်ပင်ကြီးများ ထိုးထောင်ပေါက်ရောက်နေသော ကြယ်များလည်း ရှိနေပေသေးသည်။

“သေခြင်းတရားချောက်နက်” ရန်ကိုင် အလန့်တကြား ထအော်မိသည်။ သူ့မျက်လုံးများဆိုလျှင် တဖျက်ဖျက်ကို ဝင်းလက်တောက်ပနေလို့။

ယခုအကြိမ်သည် သူ၏ ကောင်းကင်စိတ်အာရုံမှ ခုနှစ်ရောင်ခြယ် ကောင်းကင်ကို ကျော်လွန်၍ သေခြင်းတရားချောက်နက်ထဲသို့ သွားနိုင်သည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ရန်ကိုင် မပျော်ဘဲ ဘယ်နေမည်နည်း။

ဤနေရာတွင် ပိတ်လှောင်ထားခံရခြင်းသည် ကွေ့ဖူကိုသာမဟုတ်၊ သူ့ကိုပါ စိတ်ညစ်နေသည်။ ကွေ့ဇူကဲ့သို့ မွန်းစတားအိုကြီးနှင့် အတူရှိနေရသည်ဖြစ်လေရာ စိတ်အေးအေးနေရသည့် ရက်ဟူ၍ တစ်ရက်ပင်မရှိခဲ့။ နေ့တိုင်း ရင်တမမဖြင့် နေနေရသည်။

ယခု သေခြင်းတရားချောက်နက်ကို ပြန်မြင်လိုက်ရသည်။ အသက်ရှင်နိုင်မည့် မျှော်လင့်ချက်ကို သူမြင်လိုက်ရလေပြီ။

ရန်ကိုင်စိတ်ထဲ ကုလားဘုရားလှည့်နေသည့်နှယ်၊ သူအရမ်းကိုမှ ပျော်နေပြီလေ။

သို့သော်လည်း စိတ်ကို ချက်ချင်းပဲ ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ သူ့ကောင်းကင်စိတ်အာရုံသည် သေခြင်းတရားချောက်နက်ထဲသို့ ရောက်သွားမှန်း သေချာသွားအောင် နောက်တစ်ကြိမ် စစ်ဆေးပြီးနောက် ကောင်းကင်စိတ်အာရုံများကို ပြန်ရုတ်သိမ်းလိုက်သည်။

ကောင်းကင်စိတ်အာရုံများကို ပြန်ရုတ်သိမ်းချိန် ရန်ကိုင်သည် လမ်းတစ်လျှောက် စိတ်စွမ်းအင် အမျှင်တန်းများကို ချန်ထားခဲ့သည်။

ထိုကောင်းကင်စိတ်အာရုံ အမျှင်တန်းသည် အကြာကြီး ခံလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်၏ ခန့်မှန်းချက်အရ တစ်ရက်ပင် မခံလောက်ချေ။ ထို့ကြောင့် ဤနေရာမှ မြန်မြန် ထွက်သွားရန် လိုအပ်သည်။

ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ရန်ကိုင် စတင်စဉ်းစားတော့သည်။ သူတွေ့ခဲ့သည့် လမ်းအတိုင်း ဤနေရာမှ ထွက်သွားချင်မိသည်။ သို့သော် သူထိုကဲ့သို့ လုပ်လိုက်သည်နှင့် တိုက်ကြီးပေါ်တွင် ရှိနေသူအားလုံး ကျိန်းသေ သေရပေလိမ့်မည်။ ထို့အပြင် ကွေ့ဇူ သူ့အား ကြားဖြတ်မတားခင် အောင်အောင်မြင်မြင် ထွက်သွားနိုင်၊ မနိုင် ဆိုသည်မှာလည်း မသေချာချေ။

သူ့လက်မောင်းပေါ်တွင် ကွေ့ဇူ ချန်ထားခဲ့သော အနက်ရောင် အမှတ်အသားကို ငုံကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့်သာ သက်ပြင်းချလိုက်သည်။ ထို့နောက် မတ်တပ်ရပ်၍ ကြယ်လွန်းပျံဖြင့် အောက်ဘက်သို့ ပြန်ဆင်သွားလိုက်သည်။

ခဏအကြာတွင် တောင်ပေါ်သို့ ပြန်ရောက်လာခဲ့ပြီး ကွေ့ဇူရှိရာ ကျောက်တုံးခန်းဆီ လမ်းလျှောက်သွားလိုက်သည်။

မကြာမီ မည်းမှောင်နေသော ကျောက်တုံးခန်းဆီသို့ ထပ်မံ ရောက်ရှိလာခဲ့ရသည်။

“ကောင်လေး၊ မင်းဒီနေ့ ဘယ်လောက် တိုးတက်လာလဲ” ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသော် ကွေ့ဇူက အမှောင်ထဲမနေ၍ လှမ်းမေးသည်။ ကွေ့ဇူ၏ မျက်ဝန်းအစုံသည် ရန်ကိုင်မျက်နှာအား အသေအချာကို စိုက်ကြည့်နေလိုက်သည်။

“ကျုပ်တို့ ထွက်သွားလို့ရပြီ” ရန်ကိုင်က ပြန်ပြောသည်။

ရန်ကိုင် စကားကြောင့် ‌တစ်ခဏကြာသည်အထိ ကွေ့ဇူ မှင်သက်သွားခဲ့သည်။ ခဏကြာ‌ အော်ဟစ်နေပြီးနောက် မယုံကြည်နိုင်သည့် လေသံဖြင့် “တကယ်ကြီးလား”

ကွေ့ဇူသည် အလွန်ကိုမှ စိတ်လှုပ်ရှားလွန်းနေခဲ့လေရာ သူ့အသံသည်ပင် မဆိုသလောက်ကလေး တုန်ရင်နေခဲ့သည်။

“ကောင်လေး၊ ငါ့ကို လာလှည့်စားရင် ဘယ်လို အကျိုးဆက်ကို ရင်ဆိုင်ရမလဲဆိုတာ မင်းကောင်းကောင်း သိတယ်နော်။ ဒီနေ့ ရောက်လာဖို့ ငါအကြာကြီး စောင့်ခဲ့ရတာ” ကွေ့ဇူက အလေးအနက် အမူအရာဖြင့် ရေရွတ်လိုက်သည်။

“ကျုပ်လိမ်နေတာမဟုတ်ဘူး။ တကယ် ပြောနေတာ” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောသည်။

“ဟား ဟား ဟား ဟား” ကွေ့ဇူ ဝါးလုံးကွဲ အော်ရယ်တော့သည်။ သူ့ရယ်သံသည် မိုးချုန်းသံနှယ် တောင်တစ်တောင်တလုံးကို လှုပ်ခါသွားစေခဲ့သည်။

တောင်အနီးအနားတွင် ရှိနေသော လျူကွေချန်၊ ရွှယ့်ရှီတို့သည် ကွေ့ဇူ၏ ရယ်သံကြောင့် သွေးပျက်ထိတ်လန့်သွားခဲ့ကြသည်။ မည်သည့်အရာများ ဖြစ်နေသဖြင့် ကွေ့ဇူ ရုတ်တရက် အော်ရယ်နေမှန်း သူတို့ မသိချေ။ ကွေ့ဇူ၏ ရယ်သံကြီးသည် သူတို့အတွက် သေမိန့်နှင့် တူသည်မှာတော့ အမှန်ပင်။ မလုံခြုံတော့သလို ခံစားလာရသဖြင့် အကုန်လုံး အတူတူ စုဝေးလိုက်ကြသည်။

“မင်းငါ့ကို စိတ်ပျက်အောင်လုပ်မှာ မဟုတ်မှန်း ငါသိသားပဲ” ကွေ့ဇူ ရန်ကိုင်ရှေ့ ရုတ်တရက် ပေါ်လာပြီး သူ့လက်မောင်းအား တင်းတင်းကြပ်ကြပ် ဖျစ်ညစ်ဆုပ်ကိုင်လျက် စိတ်မရှည်သည့် ဟန်ဖြင့် အော်ပြောလိုက်သည် “သွားကြမယ်၊ သွားကြမယ်။ ဒီသောက်စုတ်သောက်ပျက် နေရာကြီးကနေ ငါထွက်သွားရမယ်”

ကွေ့ဇူမှာ အလွန်တရာကိုမှ စိတ်လှုပ်ရှားနေသဖြင့် ရန်ကိုင်၏ လက်မောင်းကို အားပါပါဖြင့် ဖျစ်ညစ်မိလိုက်ရာ ရန်ကိုင်၏ လက်မောင်းအရိုးများပင် ကျိုးကြေလုမတတ် ဖြစ်သွားရသည်။

“အရမ်းကြီး ဆန္ဒမစောနဲ့လေဗျာ” ရန်ကိုင်က ကွေ့ဇူ၏ လက်တွင်းမှ မနည်း ရုန်းထွက်လိုက်ရသည်။

“ဘာကို ဆန္ဒမစောနဲ့လဲ၊ ငါဒီနေရာကနေ ထွက်သွားဖို့ မစောင့်နိုင်တော့ဘူးကွ” ကွေ့ဇူက မျက်လုံးမှေးစဉ်းလျက် ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် “မင်းဘာတွေ ကြံနေတာလဲ”

“စီနီယာ အတွေးလွန်နေပြီ။ ကျုပ်ဘာမှ ကြံမနေဘူး။ ဒီကနေ ထွက်သွားခင် တစ်ခုခုကို သေချာအောင် လုပ်သွားချင်ရုံပဲ” ရန်ကိုင်က ပြန်ပြောသည်။

ကွေ့ဇူ၏ မျက်လုံးများ တဖျတ်ဖျတ် လက်သွားပြီး စိတ်လှုပ်ရှားနေသာ သူ့အမူအရာလည်း ရုတ်ချည်း တည်ငြိမ်သွားကာ အသာအယာ ခေါင်းညိတ်၍ ပြောလိုက်သည် “ပြော၊ ငါနားထောင်ကြည့်ရအောင်”

ရန်ကိုင်သည် ပြောမည့်စကားများကို သေချာစီစဉ်ပြီးမှ စပြောလိုက်သည် “စီနီယာကို ယုံချင်ပေမယ့် သေချာသွားအောင် နောက်တစ်ကြိမ် ထပ်မေးကြည့်ချင်သေးတယ်။ ဒီကနေ ထွက်သွားပြီးရင် စီနီယာ ကျုပ်ကို ဘာမှမလုပ်ရဘူးနော်”

ကွေ့ဇူက မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး “စိတ်ချထားလိုက်။ မင်းသာ ငါ့ကို ဒီကနေ အမှန်တကယ် ခေါ်ထုတ်သွားပေးနိုင်မယ်ဆိုရင် ငါမင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ဒီနေရာကနေ ထွက်သွားနိုင်ဖို့က ငါ့ရဲ့ တစ်သက်သာဆန္ဒပဲ။ ဒီကနေ ထွက်သွားနိုင်ခဲ့ရင် မင်းကိုတောင် ကျေးဇူးတင်နေဦးမှာ။ ဘာလို့ မင်းကို တိုက်ခိုက်ရမှာလဲ”

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး အလျင်အမြန်ပဲ ခေါင်းညိတ်၍ “အဲ့လိုမျှော်လင့်တာပဲ။ စီနီယာ ကိုယ်ကျိန်ဆိုခဲ့တာကို မှတ်ထားလိမ့်မယ်လို့ ဂျူနီယာ မျှော်လင့်ပါတယ်”

“ငါမှတ်ထားတာပေါ့” ကွေ့ဇူက သူ့ခေါင်းကို လက်ညိုးထိုးပြပြီး “ငါသေသေချာချာကို မှတ်ထားတယ်။ အခု ငါတို့ သွားလို့ရပြီလား”

ရန်ကိုင်က ခေါင်းထပ်ခါလိုက်ပြန်သည်။

ကွေ့ဇူအမူအရာ သုန်မှုန်သွားခဲ့ပြီး စိတ်မရှည်သည့်ဟန်ဖြင့် ပြန်ပြောလေသည် “မင်းဘာလုပ်စရာရှိသေးလို့လဲ”

“ကျုပ်နဲ့အတူ လူအချို့ကို ခေါ်သွားချင်တယ်”

ရန်ကိုင် ဘာလုပ်ချင်နေမှန်း ကွေ့ဇူ ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် စိတ်ထဲမထားဘဲ “သူတို့သာ ငါ့လမ်းလာမပိတ်သရွေ့ မင်းခေါ်ချင်တဲ့လူကို ခေါ်လို့ရတယ်”

“သူတို့ စီနီယာလမ်းကို ပိတ်မှာမဟုတ်ဘူး။ သူတို့ကိုခေါ်ပေးဖို့ စီနီယာကိုပဲ တောင်းဆိုရတော့မယ်”

ကွေ့ဇူက ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လိုက်ပြီး “မင်းဘယ်သူ့ကို ခေါ်ချင်တာလဲ”

ရန်ကိုင်က သူခေါ်ချင်သည့် လူနာမည်များကို ချက်ချင်း ပြောပြလိုက်သည်။ ကွေ့ဇူလည်း ထိုလူများကို သူ၏ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းခေါ်လိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း (၁၀၂၇) နင့်ရဲ့သေခြင်းရှင်ခြင်းကို ငါထိန်းချုပ်ရမယ်

တောင်ဘေးမြေကွပ်လပ်တွင် ရှိနေသော ကွေ့ဇူ၏ ရယ်သံကြောင့် ထိတ်လန့်တုန်လှုပ်နေသည့် ရွှယ့်ရှီ၊ ဟဲမြောင်၊ ဟဲကျောင်နှင့် ရှန်တုတို့၏ ခန္ဓာကိုယ်များ ရုတ်ချည်း တောင့်တင်းသွားပြီး သွေးဆုတ်ဖြူလျော်သွားကြသည်။ အကြောင်းမှာ ကွေ့ဇူ၏ ခေါ်သံကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။

“ဘာဖြစ်တာလဲ” လျူကွေ့ချန်က အလျင်စလို မေးလိုက်သည်။

“ကွေ့ဇူ ငါတို့ကို ခေါ်နေတယ်…” ရွှယ့်ရှီက ပြောလိုက်သည်။

ရွှယ့်ရှီအား လျူကွေ့ချန်ကြည့်သည့်အကြည့် ရုတ်ချည်း ပြောင်းလဲသွားသည်။ သူ့အကြည့်ထဲ ဝမ်းသာကြည်နူးရိပ်တို့ ပါဝင်နေသလို ဝမ်းနည်းမှုနှင့် စိတ်သက်သာရာရမှုတို့လည်း ပါဝင်နေခဲ့သည်။ သို့သော် ဘာမှတော့ ပြန်မပြောခဲ့ချေ။

“ငါ့ကိုလည်း ခေါ်နေတယ်” ရှန်တု မျက်နှာ ဖြူလျော်သွားခဲ့သည်။

“ငါရောပဲ” ပီယသည် တုန်တုန်ရီရီဖြင့် သူမ၏ လက်နှစ်ဖက်ကို ပွတ်သပ်နေခဲ့သည်။

“ဆရာ၊ ကျွန်မတို့ ဘာလုပ်သင့်လဲ” ဟဲကျောင်က ရွှယ့်ရှီအား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။

ရွှယ့်ရှီ စိတ်တစ်ခုလုံး ယောက်ယတ်ခတ်နေသည်။ ဘာပြန်ပြော၍ ပြောရမှန်းမသိ။ ဤနေရာသို့ စရောက်စဉ်က စုစုပေါင်း လူတစ်ရောကျော် ရှိခဲ့သော်လည်း ထိုလူအားလုံးနီးပါးသည် ‌ကွေ့ဇူ၏ လက်ချက်ဖြင့် သေပွဲဝင်ခဲ့ရသည်။ ယခု ကွေ့ဇူသည် သူတို့ကို တစ်ပြိုင်တည်း ခေါ်နေပြန်သည်။ ကွေ့ဇူ ဘာလုပ်ချင်နေသလဲ ဆိုသည်ကို မည်သူ သိမည်နည်း။

“ကံကောင်းတာလား၊ ကံဆိုးတာလား…” ရွှယ့်ရှီက ပြုံးလိုက်ပြီး ထွက်ပြေးမည့်အတွေးကို ခေါင်းထဲမှ ဖယ်လိုက်သည်။ အကြောင်းမှာ သူတို့ ထွက်ပြေးရန် ကြိုးစားလျှင်ပင် တန်းခိုရှင်ဘုရင်အဆင့် ပညာရှင်တစ်ယောက်၏ လက်မှ မည်သို့မှ ထွက်မပြေးနိုင်သောကြောင့်ပင် ဖြစ်သည်။ “ငါနဲ့လိုက်ခဲ့… ဒီနေ့သာ… ဒီနေသာ ငါတို့သေရမယ့်နေ့ဆိုရင် ဆရာလည်း မင်းတို့နဲ့အတူ အဖော်ပြုပေးရတာပေါ့”

ရွှယ့်ရှီသည် သူမတပည့်နှစ်ယောက်အား ချစ်မေတ္တာအပြည့်ဖြင့် ကြည့်လိုက်သည်။ သူမ တပည့်နှစ်ယောက်ကို ကာကွယ်နိုင်ရန် ဘာဖြစ်ဖြစ်လုပ်ရန် ကြိတ်ဆုံးဖြတ်လိုက်သည်။ သူမ၏ အဖြစ်မှာ လာနေသော လှည်းတစ်စီးကို နှံကောင်မှ တားဆီးရန် ကြိုးစားသည့်ပုံမျိုးပင်။ သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ သူမ တုန့်ဆိုင်းနေလိမ့်မည် မဟုတ်ချေ။

သုံးယောက်သား တောင်ပေါ်သို့ စတက်သွားကြသည်။ ရှန်တုနှင့် ပီယသည် အကြည့်ချင်း ဖလှယ်လိုက်ပြီး သက်ပြင်းချကာ ထိုသုံးယောက်နောက်မှ လိုက်သွားခဲ့သည်။

ထွက်သွားသောလူများ၏ ကျောပြင်ကိုကြည့်ရင်း ခရမ်းကြယ်မှ ကျင့်ကြံသူတစ်ယောက်က လျူကွေ့ချန်နားသို့ကပ်ကာ “စီနီယာ၊ သူတို့…”

“သူတို့ ပြန်လာလောက်မှာ မဟုတ်ဘူး…” လျူကွေ့ချန်က အသာအယာ သက်ပြင်းချလျက် ခါးခါးသီးသီး ပြုံးလိုက်ပြီး “သူတို့ အခုလိုဖြစ်သွားလို့ ဝမ်းသာနေသင့်လား၊ ဝမ်းနည်းနေသင့်လား ငါတကယ် မတွေးတတ်တော့ဘူး။ အခုလောလောဆယ်တော့ ငါတို့ သေရဦးမှာ မဟုတ်သေးဘူး။ နောက်တစ်ကြိမ်ဆိုရင်တော့ ငါတို့…”

ပြောပြီးသည်နှင့် သူ့လက်အောက်ငယ်သား သုံးယောက်အား စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ကွေ့ဇူ ခေါ်လိုက်သည့် လူအားလုံး သေရတော့မည်ဟု သူတို့ အားလုံး တွေးနေခဲ့ကြသည်။

ရန်ကိုင်သည် တောင်ပေါ်တွင် စောင့်နေခဲ့သည်။ ရှန်တုနှင့် အခြားသူများ ပေါ်လာသည်ကိုမြင်သော အသာအယာ ခေါင်းညိတ်ပြ၍ နှုတ်ဆက်စကား ပြောမည်အပြု၊ ရုတ်တရက် စိတ်ရှုပ်သွားသည့် အမူအရာဖြင့် “မင်းတို့တွေ ဘာဖြစ်နေတာလဲ။ ဘာလို့ ငူတူတူ ငိုင်တိုင်တိုင် ဖြစ်နေကြတာလဲ”

ရှန်တု၏ ပါးစပ် မဲ့ရွဲ့သွဦးခဲ့ပြီး မပြောချင်ပြောချင်ဖြင့် “ငါတို့ကို ကွေ့ဇူ ခေါ်လိုက်တာလေ”

ထို့နောက် သက်ပြင်းတစ်ချက်ချလျက် ရန်ကိုင်ပခုံးကို ပုတ်ကာ တိုးတိုးလေး ပြောလိုက်သည် “ဟျောင့်ရန်ကိုင်၊ ဒီကပ်ဘေးကနေ ငါတို့ လွတ်နိုင်မယ့်လမ်း မရှိတော့ဘူး။ ဒါပေမယ့် မင်းဒီကနေ ထွက်သွားနိုင်ခဲ့တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းဆီသွားပြီး ငါ့အဖေဆီ သွားပြောပေးကွာ ‘သူ့ကို စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်လို့၊ အခုလို ဖြစ်မယ်မှန်းသာသိခဲ့ရင် ငါလည်း ခေါင်းမာပြီး မနာခံဘဲ မနေဘူးလို့”

ရှန်တုပြောပုံမှ သေတမ်းစကား ပြောနေသည်နှင့်ပင် တူသည်။

“ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းလား” ထိုစကားကို ကြားလိုက်သည့်အခိုက် ရွှယ့်ရှီသည် ရှန်တုအား မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်သည်။

“ငါပြောခဲ့တာကို သေချာမှတ်ထားနော်။ ဒါပေမယ့် မင်းလည်း ဒီကနေ ထွက်သွားနိုင်ရင်တော့ ဒီအတိုင်းပဲ ထားလိုက်ပေါ့” ရှန်တုက ရန်ကိုင်၏ ပခုံးကိုပုတ်ကာ သက်ပြင်းအမောကြီး ချလိုက်သည်။ ရန်ကိုင့်အမူအရာ ထူးဆန်းသွားခဲ့သည်။

သို့သော် သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ထိုလူများ ဘာကြောင့် ဤကဲ့သို့ ငူငူငိုင်ငိုင် ဖြစ်နေသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ ထို့ကြောင့် အံ့အားသင့်တကြီးဖြင့် ပြုံးလိုက်မိပြီး “စီနီယာကွေ့ဇူ မင်းတို့ကို ဘာလို့ ခေါ်လိုက်တယ် ထင်လဲ”

“မသိဘူး။ ဒါပေမယ့် ကောင်းမှာမဟုတ်မှန်းတော့ သိတယ်” ရှန်တုက ရန်ကိုင်အား အသေအချာ စိုက်ကြည့်လျက် “ငါတို့ကို ဘာလို့ ခေါ်လိုက်လဲမင်းသိလား။ သိရင် ‌ပြောပြစမ်းကွာ။ ငါကြိုပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားချင်လို့”

အကုန်လုံးသည် ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။

“မင်းတို့ကိုခေါ်ဖို့ စီနီယာကွေ့ဇူကို ငါတောင်းဆိုလိုက်တာ” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။

အကုန်လုံး ဇဝေဇဝါ ဖြစ်သွားကြသည်။

“ငါမင်းတို့ကို ဒီကနေ ခေါ်ထုတ်သွားတော့မှာ” ရန်ကိုင်က ဆက်ပြောလိုက်သည်။

ရှန်တု၏မျက်ခမ်း တဆတ်ဆတ် တုန်ခါသွားခဲ့ပြီး ရွှယ့်ရှီ၊ ဟဲကျောင်၊ ဟဲမြောင်နှင့် ပီယတို့သည်လည်း ရန်ကိုင်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်ကြသည်။

“ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို ငါတွေ့သွားပြီ။ ဒါကြောင့် မင်းတို့ကိုပါ ခေါ်သွားချင်တယ်ဆိုပြီး စီနီယာကွေ့ဇူဆီ တောင်းဆိုလိုက်တာ”

“ငါ… ငါနားကြားမှာတာ မဟုတ်ပါဘူးနော်။ ငါတို့ ဒီရောကနေ တကယ်ကြီး ထွက်သွားနိုင်မှာလား” ရှန်တုက စိတ်လွတ်နေသည့် အမူအရာမျိုးဖြင့် သူ့ဘာသာ ရေရွတ်လိုက်သည်။ ထို့နောက် မယုံကြည်နိုင်သည့်အလား ခေါင်းခါလိုက်ပြန်သည်။

ဟဲကျောင်နှင့် ဟဲမြောင်တို့၏ မျက်နှာလှလှလေးများထက် ပန်းပေါင်းစုံးတို့ ဖူးပွင့်နေခဲ့သည်။ ရန်ကိုင်အား ကျေးဇူးတင်ကြီး ကြည့်လျက် ဟဲမြောင်က မေးလိုက်သည် “ရန်ကိုင် နင်တကယ် ပြောနေတာမလား။ နောက်နေတာတော့ မဟုတ်ဘူးမလား”

“မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ ကောင်မလေးသည် ဝမ်းသာတကြီး သူမပါးစပ်ကို လက်ကလေးဖြင့်အုပ်လိုက်သည်။ မျက်ရည်စတို့သည် သူမ မျက်လုံးများထဲ ဝဲတက်လာခဲ့သည်။

စိတ်လှုပ်ရှားလွန်းသဖြင့် ငိုပင်ငိုမိသွားသည်။ ကွေ့ဇူ၏ ခေါ်သံကို ကြားလိုက်ရသဖြင့် သေရတော့မည်ဟု ထင်နေသည့်အချိန်၊ ရန်ကိုင်၏ စကားသည် သူမတို့၏ စိုးရိမ်ပူပန်မှုအားလုံးကို ကင်းစင်ပပျောက်သွားစေခဲ့သည်။ ဤအကျဉ်းထောင်ကြီးမှ ထွက်သွားနိုင်တော့မည် ဖြစ်လေရာ သူမ ဝမ်းမသာဘဲ ဘယ်နေမည်နည်း။

ဟဲကျောင်သည် ဟဲမြောင်၏ ပခုံးကို အသာအယာ ကိုင်လိုက်၏။ ညီအစ်မနှစ်ယောက် အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြသည်။

ပီယသည် ကြားလိုက်ရသော စကားကြောင့် ထိတ်လန့်နေသည်။ ထိတ်လန့်လွန်းသဖြင့် ဘာမှပင် မပြောနိုင်တော့ဘဲ နေရာတွင်သာ ငေးကြောင်ကြောင်ဖြင့် ကျောက်ရုပ်ကြီးတစ်ခုနှယ် ရပ်နေခဲ့သည်။ ရုတ်တရက်ကြီး ရန်ကိုင်ဘာလို့ စိတ်ပြောင်းသွားမှန်း သူမ တကယ်ကို နားမလည်နိုင် ဖြစ်နေဲ့သည်။

မကြာသေးခင်က ရန်ကိုင်နှင့် ဤကိစ္စအကြောင်း ပြောခဲ့သည်။ သို့သော် ရန်ကိုင်ဆီမှ ရခဲ့သည့်အဖြေကို တကယ်ကို စိတ်ဓါတ်ကျစရာပင်။ သို့သော် လက်ရှိတွင် ရန်ကိုင်သည် သူမတို့အား ဤနေရာမှ ခေါ်ထုတ်သွားပေမည်ဟု ပြောနေသည်။ လောလောဆယ် ပီယမှာ ‘ငါအိမ်မက်များ မက်နေတာလား’ ဟုပင် တွေးနေရသည့်အဖြစ်။

ထိုအဖွဲ့ထဲ ရန်ကိုင်၏ သဘောထားနှင့်ပက်သက်၍ နားမလည်နိုင်ဆုံးမှာ ရွှယ့်ရှီပင် ဖြစ်သည်။

ရန်ကိုင်အား ခံစားချက်မျိုးစုံ ရောပြွမ်းနေသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမ ဘာတွေးနေသလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ရာ။ ရန်ကိုင်အား ကျေးဇူးတင်စကား ပြောချင်သော်လည်း ပြောစရာစကား မရှာနိုင်ခဲ့။ သူမ၏ နှလုံးသားထဲ အဖုအထစ်တို့ ရှိနေခဲ့သည်။

“မင်းတို့ဒီမှာ ခဏစောင့်နေနှင့်၊ ပီယ ငါနောက်လိုက်ခဲ့” ရန်ကိုင်သည် ရွှယ့်ရှီကို အာရုံမစိုက်ဘဲ ပီယကိုသာ လှမ်းခေါ်လိုက်သည်။

“အာ၊ အန်…” ပီယသည် ရန်ကိုင်နောက်သို့ အလျင်အမြန်ပဲ လိုက်သွားလေသည်။

လူအုပ်ကြီးနှင့် ခပ်လှမ်းလှမ်းသို့ ရောက်သည့်အခါ ရန်ကိုင်သည် ယောကျော်းကြမ်း ကျေနေပြီဖြစ်သော အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ သူ့မျက်ခုံးကြောတို့ မသိမသာလေး တွန့်ကွေးသွားခဲ့ပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလျက် “ရိုးရိုးသားသားပြောရရင် ငါတကယ်နင့်ကို ဒီကနေ မခေါ်သွားချင်ဘူး။ နင်သေသေရှင်ရှင်၊ ငါ့ကိစ္စမှ မဟုတ်တာ၊ ဟုတ်တယ်မလား”

ပီယက ခါးသက်စွာပြုံးလျက် “ကျွန်မနားလည်ပါတယ်သခင်။ အရင်က သခင့်စိတ်ပျက်စေလောက်မယ့် အရာတွေကိုပဲ ကျွန်မ လုပ်ခဲ့တာကိုး”

“လူတစ်ယောက်ရဲ့ အပြုအမူဆိုတာ ပြောင်းလဲဖို့လွယ်တယ် ဆိုတဲ့ ဆိုရိုးစကားတစ်ခွန်း ရှိတယ်။ ဒါပေမယ့် ဗီဇဆိုတာက ဖျောက်ဖို့ မလွယ်ဘူး။ နင်က ယောကျာ်းတွေကို ဆော့စရာတစ်ခု၊ နင့်ခွန်အားကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် အရင်းအမြစ် တစ်ခုလို့ မြင်တဲ့ မိန်းမတစ်ယောက်ပဲ။ အခုလောလောဆယ်သာ ငါ့ရှေ့မှာ နာခံပြနေတာ။ ဒီနေရာကနေ ထွက်သွားရင် ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူး။ အပြင်ရောက်တာနဲ့ အရင်တိုင်း ပြန်ဖြစ်သွားပြီး ဖြစ်ခဲ့တာတွေ ငါ့ကို အငြိုးထား၊ ပြီးရင် ငါ့ကို လက်စားလိုက်ချေမှာလည်း ဖြစ်နိုင်တာပဲ”

“မဟုတ်ဘူး။ ကျွန်မ အဲ့လိုမျိုး လုပ်မှာမဟုတ်ဘူး” ပီယက ချက်ချင်းပဲ လှမ်းဝှေ့ရမ်းပြသည်။

“ငါနင့်ကိုမယုံဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။

ဤနေရာမှ ထွက်သွားနိုင်မည့် အခွင့်အရေး လက်ချောင်းကြားမှ လွတ်ထွက်သွားသည့်နှယ်၊ ပီယ၏ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။

“ဒါပေမယ့် ဒီအတောအတွင်း နင့်ငါ့ကို ကောင်းကောင်း ပြုစုပေးခဲ့တာရယ်၊ နင့်ဘက်က ရိုးသားတာရယ်ကိုတောင်မှ မထောက်ထားဘဲ နင့်ကို ဒီမှာ ထားခဲ့ရင် ငါဘက်က ကျေးဇူးမသိတတ်ရာ ရောက်သွားလိမ့်မယ်”

“ဒါဆိုရင် ကျွန်မလိုအပ်တာက သခင်ယုံကြည်လာအောင် လုပ်နိုင်ဖို့ပဲပေါ့” ရန်ကိုင် စကာ၏ အတိမ်အနက်ကို ပီယ နားလည်လိုက်သည်။ ထို့ကြောင့် သူမ၏ မျက်ဝန်းလုံးများ ချက်ချင်း ဝင်းလက်တောက်ပဿွားပြီး ရန်ကိုင်အား အလျင်အမြန်ပဲ မေးလိုက်သည် “သခင် ပြောသာပြောလိုက်။ သခင်ပြောတဲ့အတိုင်း ကျွန်မ လုပ်ပေးမယ်”

ရန်ကိုင်က ခေါင်းညိတ်လိုက်၍ “နင့်အသိစိတ်ပင်လယ် အတားအဆီးကို ဖြေလျော့လိုက်။ နင့်ဝိဥာဉ်အမှတ်အသားကို ငါလိုချင်တယ်”

ပီယ ကြောင်သွားခဲ့သည်။ ထိတ်လန့်တုန်လှုပ်သွားခဲ့သော ခဏကြာ တုန့်ဆိုင်းနေပြီးနောက် ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရန်ကိုင်ပြောသည့်အတိုင်း အသိစိတ်ပင်လယ်၏ အတားအဆီးကို ဖြေလျော့ပေးလိုက်သည်။

ချက်ချင်းဆိုသလို ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ပီယ၏ အသိစိတ်ပင်လယ်ထသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ခဏအကြာတွင် ရန်ကိုင်သည် ပီယ၏ ဝိဥာဉ်အမှတ်အသားနှင့် အတူ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။

ပီယ မျက်နှာဖြူလျော်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်ကာ မေးလိုက်သည် “ဒီလောက်ဆို လုံလောက်ပြီလား”

ရန်ကိုင်က သူမအား ထူးထူးဆန်းဆန်း အမူအရာဖြင့် စိုက်ကြည့်၍ ခေါင်းညိတ်လိုက်သည် “လုံလောက်ပြီ”

ထို့နောက် ဆက်၍ မေးလိုက်သည် “အခု ယောကျ်ား ဘယ်နှစ်ယောက်အထိကို နင်ဒုက္ခပေးပြီးသွားပြီလဲ”

ပီယက သူမ၏ နှုတ်ခမ်းအစုံကိုကွေးလျက် ရယ်သွမ်းသွေးရင်း “ကျွန်မရဲ့ မှတ်ဥာဏ်တွေကို ချောင်းကြည့်ခဲ့တာလား”

ရန်ကိုင်က ပခုံးတွန့်လိုက်ပြီး “ကြည့်ဖြစ်သွားတာပဲ။ မကြည့်ချင်ပေမယ့်လို့ပေါ့”

ပီယ၏ မှတ်ဥာဏ်များစွာတို့သည် မြင်မကောင်းရှူမကောင်းသည့် အဖြစ်အပျက်များဖြင့်သာ ပြည့်နေခဲ့သည်။ သူမ မှတ်ဥာဏ်များကို မြင်ပြီး ရန်ကိုင်ကဲ့သို့ အတွေ့အကြုံရှိသည့် လူပင် ကြောက်လန့်သွားရသည်။ ထိုမိန်းမသည် လမ်းလျှောက်နေသော ဘေးကပ်ဆိုးကြီးပင်။ သူမပစ်မှတ်ထားလိုက်သည့် ယောကျာ်း မှန်သမျှ အဆိပ်ရည်လူးထားသည့် သူမလက်မှ လွတ်မနိုင်မည် မဟုတ်ချေ။

သို့သော် သေသွားသည့် ယောကျာ်းတိုင်းသည် ပျော်ပျော်ကြီး သေသွားကြသည်ချည်းသာ။ မည်မျှ ဆိုးရွားလှသော ကံကြမ္မာအား ကြုံတွေ့ခဲ့ရသလဲ ဆိုသည်ကို သေသွားသည့်တိုင်အောင် မသိသည့်အလား။

ရန်ကိုင်တစ်ကိုယ်လုံး မဆိုသလောက်ကလေး တုန်ရီသွားသည်။ ခရမ်းကြယ်သင်္ဘောပေါ်တွင် ရှိနေစဉ်က မထင်မှတ်ထားသော အလှည့်အပြောင်းများစွာကြောင့်သာ မဟုတ်ပါက သူသည်လည်း ထိုလူများကဲ့သို့ အဆုံးသတ်ရပေလိမ့်မည်။

“ကျွန်မကိုအခု သခင်တစ်ယောက်ပဲ ပိုင်တော့တယ်” ပီယက သူမ၏ နီစွေးစွေး နှုတ်ခမ်လေးကိုမှားကို ရစ်မူးဖွယ်ကောင်းစွာ ကိုက်လျက် ရန်ကိုင်၏ နှလုံးသားကို တိုက်စစ်ဆင်လိုက်သည် “အခုကစနေပြီး သခင့်ကို ပိုပြီးကောင်းကောင်းမွန်မွန်ကို ပြုစုပေဦးမှာ”

“မလိုဘူး။ နင်နဲ့ပက်သက်လာရင် ငါဘာမှ မလိုချင်ဘူး။ ဒီနေက ထွက်သွားတာနဲ့ နင်နဲ့ငါ လမ်းခွဲပြီပဲ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။

“သခင်တကယ်…” ပီယက သူမပါးစပ်လေးကို အုပ်၍ ရန်ကိုင်၏ ညီငယ်လေးရှိသည့် နေရာဆီသို့ ငုံ့ကြည့်လိုက်သည်။

“တကယ်ကြီးတော့ မဟုတ်လောက်ပါဘူးနော်”

“သခင့်ရဲ့၊ အဲ့နေရာမှာ ပြဿနာ ရှိနေတာလား” ပီယက သူမ မေးချင်နေသည်မှာ ကြာပြီဖြစ်သော မေးခွန်းကို ထုတ်မေးလိုက်သည်။ ဝမ်းနည်း၊ ဂရုဏာသက်နေသော အကြည့်မျက်ဝန်းအစုံဖြင့် ရန်ကိုင်၏ ခွကြားနေရာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။

ရန်ကိုင်မျက်နှာ မည်းမှောင်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်အော်ပြောလေသည် “နောက်ထပ် မဟုတ်တာတွေ လျှောက်ပြောနေဦးမယ်ဆိုရင် ငါနင့်ကို ဒီမှာ ထားခဲ့မှာနော်”

ပြောပြီးသည်နှင့် ထိုအရူးမအား ဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားလေသည်။ ပီယ၏ ပျော်ရွှင်သာယာနေသော ရယ်သံလေးသံများသည် သူ့နောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်၏ ခြိမ်းခြောက်စကားကို ပီယ နည်းနည်းလေးမျှ မကြောက်တော့ချေ။

အကုန်လုံး စုဝေးနေသည့် နေရာသို့ ရန်ကိုင် ပြန်လာပြီးနောက် ကွေ့ဇူ ပေါ်လာခဲ့သည်။

တီးတိုးပြောနေကြသော လူအားလုံး ပါးစပ်ပိတ်သွားခဲ့သည်။

“ပြီးပြီလား” ကွေ့ဇူက ရန်ကိုင်ကို ကြည့်လိုက်သည်။

“အင်း”

“အဲ့လိုဆိုသွားကြမယ်” ကွေ့ဇူက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

“ခဏနေဦး၊ ကျုပ်ပြောစရာရှိသေးတယ်” ရန်ကိုင်က လူအုပ်ကြီးဘက်သို့လှည့်၍ အလေးအနက် အမူအရာဖြင့် “မင်းတို့အားလုံးကို ဒီကနေ ခေါ်သွားဖို့အတွက် လေဟာနယ် ဆုတ်ဖြဲတဲ့ နည်းလမ်းကို ငါအသုံးပြုမှာ”

“လေဟာနယ်ကို ဆုတ်ဖြဲတာလား” ရွှယ့်ရှီက ရန်ကိုင်အား စိုက်ကြည့်ရင်း အလန့်တကြား အော်မေးလိုက်သည် “လေဟာနယ် တာအိုကို နင်နားလည်တာလား”

ရန်ကိုင်က ခေါင်းညိတ်လျက် “နည်းနည်းပါးပါးပါပဲ”

ရွှယ့်ရှီ၏ မျက်လုံးများ တဖျတ်ဖျတ် လက်သွားခဲ့ပြီး ကွေ့ဇူအား လှည့်ကြည့်လိုက်သည်။ “စီနီယာကွေ့ဇူက နင်နဲ့ သဘောတူညီချက် လုပ်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ”

ကွေ့ဇူသည် ရန်ကိုင်နှင့် မည်ကဲ့သို့သော သဘောတူညီချက် လုပ်ခဲ့သလဲ ဆိုသည်ကို အကုန်လုံး စိတ်ဝင်စားနေခဲ့ကြသည်။ ယခုမှပဲ သူတို့ကြားရှိ သဘောတူညီချက်ကို အကုန်လုံး နားလည်သွားခဲ့သည်။

ရန်ကိုင်သည် လေဟာနယ်အား ဆုတ်ဖြဲနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်အတွက် သူသည် ဤအကျဉ်းထောင်ထဲမှ ထွက်သွားနိုင်စွမ်းရှိသည်ဟု ဆိုလိုပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၂၈) ထွက်ခွာခြင်း

လေဟာနယ်ကို တာအိုကို ရန်ကိုင် နားလည်ထားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။ လေဟာနယ်တာအိုသည် လေ့ကျင့်ရန် မဆိုထားနှင့် နားလည်သဘောပေါက်ရန်ပင် အလွန်ကိုမှ ခက်ခဲသော တာအိုတစ်မျိုးဖြစ်သည်။ လေဟာနယ် တာအိုကို နားလည်သဘောပေါက်ထားသည့် ကျင့်ကြံသူဆို၍ အနည်းအကျဉ်းသာ ရှိသည်။

ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်တွက်ကြည့်လျှင်ပင် လေဟာနယ်တာအိုကို နားလည်သဘောပေါက်ထားသည့် လူအရေအတွက်မှာ အလွန်ကိုမှ နည်းလှသည်။

ကွေ့ဇူသည် လေဟာနယ်တာအိုကို နှစ်ပေါင်း (၁၀၀၀)ကျော်တိုင်အောင် လေ့လာခဲ့သည့်တိုင် ထိုတာအိုတွင် ထူးချွန်ပေါက်မြောက်ခဲ့ခြင်း မရှိခဲ့ချေ။ လေဟာနယ်တာအိုကို နှစ်ပေါင်း(၁၀၀၀)ကျော် လေ့လာပြီး သူဖန်တီးထားခဲ့သော ဟင်းလင်းပြင်အစီအရင်သည် လုံးဝကို အသုံးမဝင်ဖြစ်ခဲ့ရသည်။

“ရန်ကိုင်…” ရှန်တုက ခြောက်ကပ်နေသော သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လျက် “မင်းတကယ်ကြီး အဆင့်နိမ့်ကမ္ဘာကနေ လာတာကော ဟုတ်ရဲ့လား။ ကျားသားစားချင်လို့ ဝက်ယောင် ဆောင်နေတာတော့ မဟုတ်ပါဘူးနော်”

မေးလိုက်သည့်သူမှာ ရှန်တု ဖြစ်သော်ငြား အကုန်လုံးသည် ရန်ကိုင် အဆင့်နိမ့်ကမ္ဘာမှ လာသည်ဆိုသော အချက်ကို သံသယ ဖြစ်နေကြသည်။

ရန်ကိုင်က ပြုံး၍ ခေါင်းခါလိုက်ပြီး “ငါသာ အဆင့်နိမ့်ကမ္ဘာကနေ လာတာမဟုတ်ရင် ကြယ်စီရင်စုကြီးနဲ့ ပက်သက်တဲ့ အခြေခံ အကြောင်းအရာတွေကို မသိဘဲ ဘယ်နေပါ့မလဲ”

ရှန်တုက ခဏလောက်စဉ်းစားလိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်ပြီး “ငါသိပြီ”

ရန်ကိုင်နှင့် စတွေ့သည့်အချိန်မှစ၍ ရန်ကိုင်သည် သူ့အား ကလေးပင် သိသည့် မေးခွန်းများကို လာမေးခဲ့သည်။

“ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ မင်းက သောက်ရမ်းကို အံ့ဩဖို့ ကောင်းလွန်းတယ်…” ရှန်တုက မဲ့ပြုံးပြုံးလျက် “ပြီးတော့ အခုငါတို့ကို ဘာလို့ ဒါတွေ လာပြောနေတာလဲ”

“ဘာလို့လဲဆိုတော့ မင်းကို ဒီကနေ ခေါ်ထုတ်သွားဖို့ဆိုရင် မင်းတို့ဘက်က ပူးပေါင်းပေးမှ ရမှာမို့လို့ပဲ” ရန်ကိုင်အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး “ငါက မင်းတို့ကို လေဟာနယ်ကို ဆုတ်ဖြဲပြီး ခေါ်ထုတ်သွားပေးမှာ။ ဟင်းလင်းပြင်ကို ဖြတ်ပြီး သွားမှာပေါ့။ ဒါပေမယ့် ငါဖန်တီးမယ့်လမ်းကြောင်းက မင်းတို့ သွားဖူတဲ့ လေဟာနယ်လိုဏ်ခေါင်းနဲ့မတူဘူး… လေဟာနယ် လိုဏ်ခေါင်းတွေက တည်ရှိလာတာ ကြာပြီဖြစ်လို့ လုံးဝကို တည်ငြိမ်တယ်။ ငါဖန်တီးမယ့် လမ်းကြောင်းကတော့ လေဟာနယ် လိုဏ်ခေါင်းတွေကို တည်ငြိမ်နေမှာ မဟုတ်ဘူး”

အကုန်လုံး၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ အခြေအနေသည် သူတို့ ထင်ထားသကဲ့သို့ မရိုးရှင်းမှန်း အကုန်လုံး သိလိုက်ကြလေပြီ။ ဤနေရာမှ ထွက်သွားနိုင်မည့် လမ်းခရီးသည် ခလုတ်ကန်သင်းတို့ဖြင့် ပြည့်နေသည့်ပုံပင်။

“ငါ့နောက်လိုက်နေတဲ့အချိန်အတွင်း မင်းတို့ရဲ့ ခွန်အား နည်းနည်းလေးကိုတောင် မထုတ်သုံးဖို့ လိုတယ်” ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်သည် ကွေ့ဇူထံတွင် ရပ်တန့်သွားခဲ့သည် “အထူးသဖြင့် စီနီယာပဲ။ စီနီယာရဲ့ ခွန်အား နည်းနည်းလေးကို ထုတ်သုံးလိုက်တာနဲ့ ကျုပ်တို့ဘေးက ဟင်းလင်းပြင်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။ အဲ့အခါကျ ကျုပ်တို့လည်း ဟင်းလင်းပြင်ထဲ နစ်မြုပ်သွားပြီး အဲ့ထဲကနေ ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး။ ဟင်းလင်းပြင်ထဲ လမ်းပျောက်သွားပြီ ဆိုတာနဲ့ ကျုပ်တောင် အကုန်လုံးကို ခေါ်ထုတ်ပေးသွားနိုင်တော့မှာ မဟုတ်ဘူး”

“အို” ကွေ့ဇူက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ။ ငါ့ခွန်အားကို ထုတ်မသုံးဘူး”

“မင်းတို့အားလုံး နားလည်လား” ရန်ကိုင်က အခြားသူများကို စိုက်ကြည့်လျက် မေးလိုက်သည်။

အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။

“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဘာမှ ပြောစရာမလိုတော့ဘူး။ ငါ့နောက်ကနေသာလိုက်ခဲ့။ ဘာပြဿနာမှ မရှာနဲ့နော်” ခဏမျှ ထပ်စဉ်းစားကြည့်လိုက်သော်ငြား ဘာမှ ပြောစရာ မရှိတော့သဖြင့် ရန်ကိုင်က “အဆင့်သင့်ဖြစ်ပြီဆိုရင် သွားကြတာပေါ့”

ပြောပြီးသည်နှင့် သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို ဒေါင်လိုက် ဖြတ်ဆွဲချလိုက်သည်။ အနက်ရောင်အက်ကြောင်း တစ်ခုပေါ်လာပြီး ထိုအက်ကြောင်းသည် မမြင်နိုင်သော လက်ကြီး တစ်ဖက်၏ ဆွဲဖြဲခြင်းခံလိုက်ရသည့်နှယ် တစ်မီအကျယ်၊ နစ်မီတာ အမြင့်ရှိသည်အထိ အဝကျယ်သွားခဲ့လေသည်။ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ရာ ဟင်းလင်းပြင်စွမ်းအင်တို့ ဖြာထွက်နေသည့် အနက်ရောင်လိုဏ်ခေါင်းတစ်ခု ဖြစ်လာခဲ့လေသည်။

ကွေ့ဇူ၏ အမူအရာ လေးနက်သွားပြီး ထိုဟင်းလင်းပြင်ထဲသို့ လှမ်းကြည့်လိုက်သည်။ အခြားသူများသည် ကွေ့ဇူထက်ပင် ပို၍ စိုးရိမ်နေခဲ့ကြသည်။

ရန်ကိုင်သည် နံပေါ်တွင်ရှိနေသည့် အလင်းရောင်ထုတ်ပေးသော ကျောက်တုံးတစ်တုံးကို လှမ်းယူလိုက်ပြီး ဘာတစ်ခွန်းမှမပြောဘဲ အနက်ရောင်ဝင်ပေါက်ထဲသို့ ဝင်သွားလိုက်သည်။

ကွေ့ဇူသည် ရန်ကိုင်နောက်သို့ ချက်ချင်း လိုက်မဝင်သွားဘဲ ရှန်တုကို အရင်ဝင်သွားခိုင်းလိုက်သည်။ ရှန်တုနောက်မှ ပီယ၊ ပီယကို သွားခိုင်းပြီးမှသာ ကွေ့ဇူ ဝင်သွားခဲ့သည်။ ရွှယ့်ရှီနှင့် သူ့တပည့်နှစ်ယောက်သည် နောက်ဆုံးမှ လိုက်ဝင်သွားခဲ့သည်။

လူခုနှစ်ယောက် ဝင်သွားပြီးသည်နှင့် လေဟာနယ်ထဲရှိ အက်ကွဲကြောင်းသည် တဖြည်းဖြည်း ပြန်ပိတ်သွားခဲ့လေသည်။

ဟင်းလင်းပြင်တစ်ခုလုံးသည် မည်းမှောင်နေခဲ့သည်။ အလင်းရောင်ဆို၍ ရန်ကိုင် လက်ထဲရှိ ကျောက်တုံးဆီမှ ထုတ်ပေးနေသော အလင်းရောင်သာ ရှိသည်။

မည်သူမှ နောက်ကျန် မကျန်ရဲခဲ့။ အကုန်လုံးသည် သူတို့၏ ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် လေ့လာရင်း ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲ လျှောက်သွားနေခဲ့ကြသည်။

ဤကဲ့သို့ တစ်မူထူးခြားသည့် အတွေ့အကြုံမျိုးကို ရန်ကိုင်မှလွဲ၍ သူတို့ထဲရှိ မည်သူမှ မခံစားဖူးကြချေ။ တစ်နေ့တွင် ဟင်းလင်းပြင်ထဲ ဖြတ်သန်း လမ်းလျှောက်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။

သူတို့ ဘေးနားရှိ ယောက်ယတ်ခတ်နေသော ဟင်းလင်းပြင်သည် ခြေတစ်လှမ်းမှားသွားသည်နှင့် တစ်ပြိုင်နက် ဝါးမြိုပစ်ရန် စောင့်နေသော သားရဲများနှင့်ပင် တူနေသည်။ ထို့ကြောင့် အကုန်လုံးသည် ရင်တမမဖြင့် သတိထားလျက် လမ်းလျှောက် နေခဲ့ကြရသည်။ ဘေးပတ်ဝန်းကျင်ရှိ ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်သည် အတော့်ကိုမှ ရင်သက်ရှူမောဖွယ် ကောင်းလှသော်ငြား အလွန်ကိုမှလည်း အန္တရာယ်များလှသည်။

သူတို့အတွက် စိတ်ဖြေစရာဆို၍ ရန်ကိုင် သွားလိုက်သည့် လမ်းကြောင်းတိုင်းရှိ ဟင်းလင်းပြင်များသည် ယခင်ကဲ့သို့ ယောက်ယတ်ခတ်နေခြင်း မရှိတော့ဘဲ ချော့မွေ့သွားခြင်းသာ။ မတည်ငြိမ်သော လမ်းကြောင်းသည် တည်ငြိမ်သွားသဖြင့် အကုန်လုံးအတွက် လမ်းလျှောက်ရ လွယ်သွားခဲ့လေသည်။

ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဤနေရာရှိ ဟင်းလင်းပြင်စွမ်းအင်နှင့် တစ်မျိုးတစ်ဖုံး ပက်သက်နေသည်ကို အကုန်လုံး အသေအချာ သတိပြုမိသည်။ အကုန်လုံးသည် အသက်ကို ခပ်ဖွဖွရှူရင်း ရန်ကိုင် သွားခဲ့သည့် လမ်းကြောင်း အတိုင်း တစ်ထပ်တည်း လိုက်သွားကြသည်။

ရုတ်တရက် အလန့်တကြား အော်သံတစ်သံကြားသဖြင့် ရန်ကိုင် ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး နောက်ပြန် လှည့်မေးလိုက်သည် “ဘာဖြစ်တာလဲ”

“ဘာမှမဖြစ်ဘူး…” ဟဲမြောင်က သူမ၏ ရင်ဘတ်ကို ပုတ်၍ တောင်းပန်လိုက်သည် “တောင်းပန်ပါတယ်။ ငါပြုတ်ကျတော့မလို ရုတ်တရက် ခံစားလိုက်ရလို့”

သူမခြေထောက်အောက်ရှိ လေဟာနယ်သည် ကွဲကြေသွားသော ကြေးမုံတစ်ချပ်နှယ် ပေါက်နေခဲ့သည်။ ထိုအက်ကွဲကြောင်းထဲ ကျသွားလျှင် အသူရာချောက်နက်ထဲသို့ ရောက်သွားမည်ဟူသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

ရန်ကိုင်သည် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ဆက်မပေးဘဲ ခရီးကိုသာ ဆက်လိုက်သည်။

“ကောင်မလေး၊ ငါတို့ကို အဲ့လို မခြောက်စမ်းနဲ့။ နင့်ကြောင့် ငါ့မှာ လန့်သေတော့မလို့” ကွေ့ဇူက ဟဲမြောင်ဘက်သို့လှည့်၍ သွားဖြဲပြလိုက်သည်။ သူ့အပြုံးကြောင့် ဟဲမြောင်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ရလေသည်။

ရှေ့ဆုံးမှသွားနေသော ရန်ကိုင်သည် ရုတ်တရက် ရပ်တန့်၍ လေဟာနယ်အား နောက်ဆစ်ကြိမ် ဆုတ်ဖြဲလိုက်သည်။

အက်ကွဲကြောင်းပေါ်လာသည်နှင့် ထိုကဲ့သို့ အလျင်အမြန် လှမ်းဝင်သွားလိုက်လေသည်။ အခြားသူများလသည်လည်း သူ့နည်းအတိုင်း ထိုထဲသို့ ဝင်သွားလိုက်ကြသည်။ လတ်ဆတ်သော လေတစ်ရှိုက်ကို ရှူသွင်းလိုက်ရသဖြင့် အကုန်လုံး လန်းဆန်းပေါ့ပါးသွားကြရသည်။

ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရှန်တုက ရုတ်တရက် မျက်မှောင်ကြုတ်၍ ပြောလိုက်သည် “ရန်ကိုင်၊ ကြည့်ရတာ ငါတို့ အဝေးကြီး မရောက်သေးတဲ့ပုံပဲ”

ပြောပြီးသည်နှင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။

သူတို့အောက်တည့်တည့်တွင် မီးကျွမ်းထားသော တောင်တစ်တောင် ရှိနေခဲ့သည်။ ထိုတောင်အနားတွင် ဟိုသွား၊ ဒီသွားလှုပ်နေကြသော လူအချို့ ရှိနေခဲ့သည်။ ထိုလူများသည် ခရမ်းကြယ်မှ လျူကွေ့ချန်နှင့် သူ့လူများ အဖွဲ့ဖြစ်ပေသည်။

လျူကွေ့ချန်တို့သည်လည်း သူတို့အား သတိပြုမိဟန်ရကာ ကောင်းကင်ပေါ်သို့ လက်ညိုးထိုးလျက် တိုးတိုး တိုးတိုး ပြောနေကြသည်။

“ဟုတ်တယ်။ ငါတို့ တကယ် အဝေးကြီး မရောက်သေးဘူး။ မိုင်တစ်ထောင်လောက်ပဲ ရောက်သေးတာ” ရန်ကိုင်က ခေါင်းညိတ်၍ ရှင်းပြလိုက်သည် “အခုတစ်ကြိမ်က ဟင်းလင်းပြင်ထဲ လမ်းလျှောက်ရတာ ဘယ်လိုမျိုးလဲ ဆိုတာကို မင်းတို့ကို သိသွားစေချင်ရုံပဲ။ အခုမှ တကယ့် ကိစ္စလာမှာ”

ပြောပြီးသည်နှင့် ခုနှစ်ရောင်ခြယ်ကောင်းကင်ကို လက်ညိုးထိုးပြ၍ “ဒီတိုက်ကြီးကနေ ထွက်သွားချင်တယ်ဆိုရင် အဲ့ကောင်းကင်ကို ဖြတ်သွားရလိမ့်မယ်”

“ငါသိပြီ” ရှန်တုက ခေါင်းညိတ်လိုက်သည်။

“သွားကြမယ်” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒီနည်းလမ်းကို နောက်ထပ် တစ်ထိုင်တည်း လေးငါးကြိမ်လောက် ဆင့်သုံးလို့ ရတယ်”

သူချန်ထားရစ်ခဲ့သည့် ကောင်းကင်စိတ်အာရုံ အမှတ်အသားကို အာရုံခံလိုက်ပြီးနောက် ထိုအမှတ်အသားများကို ချထားခဲ့သည့် လမ်းအကြောင်းအတိုင်း ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည်။

အကုန်လုံး အက်ကွဲကြောင်းထဲ ဝင်နေစဉ် ဟဲမြောင်က သူမဆရာဘက်သို့လှည့်၍ တိုးတိုးလေး ပြောလိုက်သည် “ဆရာ၊ လျူကွေ့ချန်နဲ့ သူ့လူတွေ ဒီကို လာနေတယ်”

“သူတို့ကို အာရုံမစိုက်နဲ့၊ ဆက်သာသွား” ရွှယ့်ရှီက တိုက်တွန်းလိုက်သည်။

“ဟုတ်ကဲ့”

“လျူကွေ့ချန်၊ ဒီမှာ သေဖို့ ထိုင်စောင့်နေလိုက်တော့” ရွှယ့်ရှီက လျူကွေ့ချန်တို့အဖွဲ့အား လှောင်ပြုံးပြုံး၍ စိုက်ကြည့်လိုက်ပြီး အက်ကွဲကြောင်းထဲသို့ လှမ်းဝင်သွားလိုက်လေသည်။

ကြယ်လွန်းပျံကို စီးလာသည့် လျူကွေ့ချန်တို့အဖွဲ့ ရောက်လာသည့်အချိန်တွင် မည်သူမှ မရှိတော့ချေ။ တစ်ယောက်မှ မတွေ့တော့သည်ကို မြင်သော် သူတို့ ဤနေရာတွင် ချန်ထားခံခဲ့ရပြီမှန်း နားလည်လိုက်ရာ လျူကွေ့ချန်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ရလေသည်။

ကွေ့ဇူ ခေါ်လိုက်သော လူများသည် ရန်ကိုင်နှင့် ရင်းနှီးသော လူများဖြစ်ကြသည်။ မဆင့်ခေါ်ခံရသော လူများသည် ပီယမှလွဲ၍ ခရမ်းကြယ်မှလူအားလုံး ဖြစ်ကြသည်။

ကွေ့ဇူ ထိုလူများအား ခေါ်သည်ကို ကြားလိုက်သည့်အခါ ထိုလူများ ဒုက္ခရောက်သည်ကို ကြိတ်၍ ပျော်ခဲ့သည်။ ရွှယ့်ရှီနှင့် အခြားသူများ သေတော့မည်ပေါ့။ သို့သော်လည်း တကယ် ဒုက္ခရောက်ရမည့်လူသည် သူတို့ ဖြစ်သည်ဆိုသော အချက်ကိုမူ မသိခဲ့ချေ။

သူနှင့် သူ့အဖွဲ့သားများသည် ဤနေရာတွင် ထာဝရ ပိတ်မိနေရတော့ပေမည်။ ဒေါသကြောင့် သူ့မျက်နှာတစ်ခုလုံး မဲ့ရွဲ့သွားခဲ့ပြီး ကောင်းကင်ပေါ်သို့မော့ကာ အသံကုန် အော်ဟစ်မိလိုက်သည်။

ခုနှစ်ရောင်ခြယ်ကောင်းကင်သည် သေခြင်းတရားချောက်နက်ထဲရှိ ကြယ်များမှ ထုတ်လွှတ်သော ပရမ်းပတာ အားစက်ကွင်းများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ကာ မိုင် တစ်သောင်းမက ကျယ်ပြောပေသည်။

ထိုပရမ်းပတာ ဖြစ်နေဟော ဟင်းလင်းပြင်ထဲရှိ တစ်နေရာမှ လေဟာနယ် ရုတ်တရက် အက်ကွဲသွားပြီး ရန်ကိုင်တို့အဖွဲ့ ထွက်ပေါ်လာခဲ့သည်။ အပြင်သို့ရောက်သည်နှင့် တစ်ချက် ရပ်တန့်၍ သူ့တည်နေရာကို အာရုံခံကြည့်လိုက်သည်။

သူရောက်ရှိနေသော နေရာသည် သတ်မှတ်ထားသည့် လမ်းကြောင်းနှင့် အနည်းငယ် သွေဖယ်နေခဲ့သည်။ သို့သော် အနည်းငယ်မျှသာ လမ်းလွဲသွားခြင်းဖြစ်၍ ပြဿနာမရှိလှ။ ယခင်လမ်းအကြောင်းအတိုင်း ပြန်လိုက်သွားမည်ဆိုပါက သေခြင်းတရားချောက်နက်ထဲမှ အောင်အောင်မြင်မြင် ထွက်သွားနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိပေသည်။

သေခြင်းတရားအပြင်ဘက်သို့ ရောက်သည်နှင့် သူတို့ လုံးဝ လွတ်လပ်သွားပေတော့မည်။

သူထွက်လာပြီးသည့်နောက် သူ့နောက်မှ တစ်ယောက်ပြီး တစ်ယောက် ထပ်ထွက်လာခဲ့သည်။ သူတို့ရှေ့တည့်တည့်ရှိ မြင်ကွင်းကို မြင်ပြီးသည့်နောက် အကုန်လုံး အံ့ဩသွားကြရသည်။ အကြောင်းမှာ သူတို့ပတ်ပတ်လည်တွင် ရင်သက်ရှူမောဖွယ် ကောင်းသော ခုနှစ်ရောင်ခြယ်ကောင်းကင်ကြီး ရှိနေသောကြောင့်ပင်။

သို့သော်လည်း ဤနေရာတွင် ကောင်းကင်စိတ်အာရုံများ အလုပ်မဖြစ်သည်ကို ခဏအတွင်း သူတို့ တွေ့ရှိသွားခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်နှင့် သူတို့၏ ကောင်းကင်စိတ်အာရုံသည် ပရမ်းပတာ နယ်ပယ်၏ သက်ရောက်ခြင်းခံရပြီး ဟင်းလင်းပြင်ထဲ ပျောက်သွားရသည်။

ကွေ့ဇူက အသာအယာ ခေါင်းညိတ်၍ “မင်းတကယ်တော်တယ်။ မင်းမှာ ဒီနေရာကနေ ထွက်သွားနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ငါထင်ခဲ့တာ တကယ် မမှားဘူး”

တစ်ချက်ကြည့်ရုံဖြင့် ဤနေရာသည် သူတစ်ခါမှ မရောက်ဖူးသော လွင့်မျောတိုက်ကြီး၏ အပေါ်ဘက်ရှိနေရာဖြစ်ကြောင်းကို ကွေ့ဇူ တန်းသိလိုက်ရသည်။ ရန်ကိုင်၏ အရည်အချင်းအပေါ် ပို၍လည်း ယုံကြည်ချက်တို့ တိုးလာခဲ့ရသည်။ နှစ်ပေါင်း(၂၀၀၀)တိုင်အောင် တောင့်တခဲ့ရသော ဆန္ဒ ပြည့်တော့မည့်အတွက်ကြောင့်ပေလား မသိရာ၊ ကွေ့ဇူ၏ အမူအရာသည် ယခင်ကကဲ့သို့ ကြောက်မက်ဖွယ် ကောင်းမနေတော့ဘဲ မျှော်လင့်ချက်တို့ ဝေဆာနေသော အပြုံးတို့ဖြင့် ပြည့်နေခဲ့သည်။

ရန်ကိုင်က ကွေ့ဇူကိုကြည့်၍ ယဲ့ယဲ့လေး ပြုံးလိုက်သည်။

ကွေ့ဇူ၏ အမူအရာသည် ပြုံးပျော်ရွှင်နေသော်ငြား သူ့လက်မောင်းပေါ်ရှိ ကွေ့ဇူ ချန်ထားခဲ့သော အနက်ရောင် အမှတ်အသားသည် ယခင်ထက်ပို၍ အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

ကွေ့ဇူသည် သူ့အား သတိမပြတ် စောင့်ကြည့်နေမှန်း ရန်ကိုင် သိသည်။ ရန်ကိုင် သူ့အား ဤနေရာတွင် ထားခဲ့မည်ကို ကွေ့ဇူ လန့်နေသည်။ ထိုသို့ ထားခဲ့ခံရလျှင် ကွေ့ဇူ အနေဖြင့် လွင့်မျော တိုက်ကြီးပေါ်သို့ သူ့ဘာသာ ပြန်သွားနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်လည်း ကွေ့ဇူအား ဤနေရာတွင် ထားခဲ့ရန် စဉ်းစားထားသည်။ သို့သော် မဆင်မခြင် မလှုပ်ရှားရဲခဲ့။ သူ့တွင် ကွေ့ဇူအား အကွက်ချကြံစည်နိုင်လိမ့်မည် ဟူသော ယုံကြည်ချက် မရှိချေ။ ထို့ကြောင့် ပုံမှန်အတိုင်းသာ လှုပ်ရှားနေခဲ့သည်။

နောက်ထပ်သွားရမည့် နေရာကို သတ်မှတ်ပြီးသည်နှင့် လေဟာနယ်ကို ထပ်မံ ဆုတ်ဖြဲလိုက်ပြန်သည်။

ရန်ကိုင်သည် လူခြောက်ယောက်ကို ဦးဆောင်၍ လေဟာနယ်အား တစ်ကြိမ်ပြီးတစ်ကြိမ် ဆုတ်ဖြဲခြင်း သေခြင်းတရားချောက်နက် ဆီသို့ ဦးတည်နေခဲ့သည်။

လေဟာနယ်အား ငါးကြိမ်မြောက် ဆုတ်ဖြဲပြီးနောက် ချက်ချင်း တင်ပလင်ခွေထိုင်ချကာ အမောတကေကာ အသက်ရှူလျက် “ခဏနေဦး၊ အားပြန်ဖြည့်လိုက်ဦးမယ်”

လေဟာနယ်အား ဆုတ်ဖြဲလိုက်တိုင်း သူအားကုန်ရသည်။ ထို့နောက် လေဟာနယ်ကို မနားတမ်း ဆုတ်ဖြဲရန်မှာ သူ့အတွက် မဖြစ်နိုင်သောကိစ္စတစ်ရပ် ဖြစ်သည်။ သူ့အသိစိတ်ပင်လယ်ထဲရှိ စိတ်စွမ်းအင်လည်း လေဟာနယ်ကို တောက်လျှောက် ဆုတ်ဖြဲခဲ့ရသဖြင့် အတော်လေး လျော့ပါးနေခဲ့လေပြီ။ မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခုခုနှင့် ကြုံရသော် အဆင့်သင့်ဖြစ်နေစေရန် သူ့စိတ်စွမ်းအင်ကို ပြန်ဖြည့်ထားရပေမည်။ မဟုတ်လျှင် အရေးကြုံသည့်အခါ သူ့တွင် သုံးစရာ စိတ်စွမ်းအင်မရှိ ဖြစ်ပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၂၉) ကျုပ်ကိုခက်ခဲအောင် ထပ်မလုပ်နဲ့တော့

တစ်နာရီကြာမျှ အားပြန်ဖြည့်ပြီးနောက် ခရီးပြန်စကြလေသည်။ ရန်ကိုင်အနေဖြင့် လေဟာနယ်ကို မဆုတ်ဖြဲခင် အချိန်တိုင်း သူ့ချန်ထားခဲ့သည့် ကောင်းကင်စိတ်အာရုံ အမှတ်အသားကို အရင် အာရုံခံသည်။ ပြီးမှ လေဟာနယ်ကို ဆုတ်ဖြဲသည်။ ထိုသို့သာ မလုပ်ပါက ခုနှစ်ရောင်ခြယ်ကောင်းကင်ထဲ လမ်းပျောက် သွားနိုင်ပေသည်။

အခြေအနေသည် ရန်ကိုင် မျှော်လင့်ထားသည်ထက် ပို၍ အဆင်ပြေ၊ ချောမွေ့နေခဲ့သည်။ သူစိုးရိမ်ထားသည့် မည်သည့် ကိစ္စမှ ဖြစ်မလာခဲ့ချေ။

လူခြောက်ယောက်စလုံးသည် ရန်ကိုင်၏ သတိပေးစကားကို သေချာမှတ်ထားသည်။ သူတို့၏ ခွန်အား အနည်းအကျဉ်းမျှကိုပင် ထုတ်မသုံးချေ။ ‌ကွေ့ဇူသည်ပင် လမ်းတစ်လျှောက်လုံး ပြဿနာ မရှာခဲ့သလို သူ့စွမ်းအားကိုလည်း နည်းနည်းလေးမျှပင် ထုတ်မသုံးခဲ့ချေ။

ခုနှစ်ရောင်ခြယ်ကောင်းကင်၏ တစ်နေရာတွင် ရန်ကိုင်ပုံရိပ် ရုတ်တရက် ပေါ်လာခဲ့သည်။ သူ့နောက်မှ လူခြောက်ယောက် ထပ်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်အား စူးစမ်းကြည့်ပြီးနောက် လူအုပ်ကြီးဘက်သို့ လှည့်၍ ပြုံးကာ “ဒီတစ်ကြိမ်က နောက်ဆုံးတစ်ကြိမ်ပဲ။ အခုတစ်ကြိမ် ပြီးတာနဲ့ သေခြင်းတရားချောက်နက်ဆီ ရောက်ပြီပဲ”

ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး၏ မျက်လုံးများ ဝင်းလက်သွားခဲ့ပြီး အားလုံး၏ မျက်နှာထက် မျှော်လင့်ချက် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။

“ကောင်လေး၊ မြန်မြန်လုပ်တော့။ အပြင်ကမ္ဘာကြီးကို ငါမြင်ချင်နေပြီ” ကွေ့ဇူက ပြုံးဖြီး၍ ရန်ကိုင်အား အလျင်အမြန် လုပ်ရန် တိုက်တွန်းနှိုးဆော်လိုက်သည်။

“ကျုပ်အရင်အားပြန်ဖြည့်လိုက်ဦးမယ်” ရန်ကိုင်က ပြန်ပြောသည်။

“ကောင်းပြီ။ မြန်မြန်ပြန်ဖြည့်”

ရန်ကိုင်သည် မည်သည့် စကားတစ်ခွန်းမှ မပြောတော့ဘဲ တင်ပလင်ခွေ ထိုင်ချလိုက်သည်။ သူလိမ်နေခြင်းမဟုတ်။ ယခု တစ်ကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်သည်။ သူသာ လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲပြီးသည်နှင့် သေခြင်းတရားချောက်နက်ထဲသို့ ရောက်သွားပေလိမ့်မည်။ သို့တိုင် သူ့စိတ်ထဲ စိတ်မသက်မသာ ခံစားနေရဆဲ။

ထိုသို့ စိတ်မသက်မသာ ဖြစ်နေရခြင်းမှာ ကွေ့ဇူကြောင့်ပင်။

နှစ်ပေါင်း (၂၀၀၀)ကျော် အသက်ရှင်နေထိုင်ခဲ့သော ကွေ့ဇူကဲ့သို့ မွန်းစတားအိုကြီးတစ်ယောက်သည် သူ့စကားကို တည်လိမ့်မည်ဟု ရန်ကိုင် တထစ်ချ မယုံကြည်ရဲပါချေ။ သို့သော် အခြေအနေအရပ်ရပ်အရ ကွေ့ဇူ သူ့စကား သူတည်ပါစေဟုသာ စိတ်ထဲကြိတ်၍ ဆုတောင်းနေရတော့သည်။

ထိုကူကယ်ရာမဲ့သည့် ခံစားချက်ကို ရန်ကိုင်အား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေလှသည်။

“စီနီယာ၊ ကျုပ်လက်ပေါ်ကဟာကို ပြန်ယူပေးလို့ရမလား” ရန်ကိုင်က ရုတ်တရက် မျက်လုံးဖွင့်၍ ကွေ့ဇူအား မေးလိုက်သည် “ရောက်ခါနီးနေပြီပဲဟာကို။ ကျုပ်ကို ဆက်ပြီး စောင်ကြည့်နေလို့လည်း ဘာမှ ထူးတော့မှာမှ မဟုတ်တာ”

ကွေ့ဇူက ယဲ့ယဲ့လေး ပြုံးလျက် ဘာမှပြန်မပြောဘဲ ခေါင်းသာ ညိတ်လိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်း၍ ရန်ကိုင်၏ လက်မောင်းပေါ်ရှိ အနက်ရောင် အမှတ်အသားကို ဖယ်လိုက်၏။

အနက်ရောင် အမှတ်အသား ပျောက်ကွယ်သွားသည်နှင့် အချုပ်အနှောင် တစ်ခုခုမှ လွတ်သွားသလို သူ့တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးသွားရသည်။

“ကောင်လေး၊ မင်းသာ ပြောထားတဲ့အတိုင်းလုပ်၊ ငါမင်းကို ပြဿနာမရှာဘူး”

ကွေ့ဇူက နှာခေါင်းရှုံ့လိုက်သည်။

“စီနီယာက သဘောထာကြီးတဲ့လူပဲ” ရန်ကိုင်က ရယ်မောလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လျက် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲလိုက်သည်။

သူသည် အမြဲတမ်း ပထမဆုံး ဝင်ရသည့်သူ ဖြစ်သည်။

ဟင်းလင်းပြင်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့သည်။ တစ်ချက်လေးကမှပင် မရွေ့လျားဘဲ နေရာတွင်သာ ကျောက်ရုပ်ကြီးတစ်ရုပ်နှယ် ရပ်လျက် ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့သည်။

“မင်းဘာလို့ ရပ်လိုက်တာလဲ။ ရောက်ခါနီးမှ မဟုတ်တာလုပ်ဖို့ ကြံနေသေးတာလား” ရန်ကိုင် ရပ်သွားသည်ကိုမြင်သော် သူ့နောက်မှ လိုက်လာသော ကွေ့ဇူက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ ရန်ကိုင်သည် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ပတ်ဝန်းကျင်ကိုသာ စစ်ဆေးနေခဲ့သည်။

ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အားလုံးကို အော်ပြောလိုက်လေသည် “အားလုံး မြန်မြန်သွားကြမယ်။ တစ်ချက်ကလေးတောင် မရပ်ကြနဲ့။ ရောက်ခါနီးနေလို့လား မသိဘူး။ ဒီနေရာရဲ့ ဟင်းလင်းပြင်က အခြားနေရာတွေထက် ပိုပြီး ပရမ်းပတာ ဖြစ်နေတယ်”

ရန်ကိုင်၏ လေးနက်သည့် အမူအရာကိုမြင်သော် အခြေအနေ မည်မျှ အရေးကြီးနေသည်ကို အကုန်လုံး နားလည်လိုက်သည်။ ထို့ကြောင့် မည်သူမှ ဘာတစ်ခွန်းမှ ထပ်မမေးတော့ဘဲ ရန်ကိုင်နောက်မှနေ၍ ခပ်မြန်မြန် လိုက်သွားကြလေသည်။

ယခင်က ရန်ကိုင် ဖြတ်သွားသည့် နေရာတိုင်းရှိ ဟင်းလင်းပြင်သည် ချောမွတ်မာကျောသွားသည်ချည်းသာ။ သို့သော်လည်း သူတို့ ယခုနင်းနေရသည့် ဟင်းလင်းပြင်သည် အနည်းငယ် ပျော့အိအိဖြစ်နေကာ ယခင်ကကဲ့သို့ ချောမွတ်နေခြင်း မရှိတော့ချေ။ သူတို့ ခြေချလိုက်သည့် နေရာတိုင်းမှ အားပျော့လှသော စုပ်အားယဲ့ယဲ့လေးကို ခံစားမိနေသည်။

ခရက်…

အက်ကွဲသံတစ်သံကို ထွက်ပေါ်လာသံဖြင့် အဖွဲ့သားအားလုံး တုန်ရီသွားခဲ့ကြသည်။ လှည့်ကြည့်လိုက်ရာ ဟင်းလင်းပြင်၏ ယောက်ယတ်ခတ်နေသော စွမ်းအင်များမှ သူတို့အား ကာကွယ်ပေးထားသော အကာအရံ စတင် ကွဲကြေနေသည်ကို တွေ့လိုက်ရသည်။

ဟင်းလင်းပြင်၏ ဆွဲငင်အားသည်လည်း အဆပေါင်းများစွာ ပို၍ မြင့်တက်လာခဲ့ပြီး သူတို့အား အကောင်လိုက် ဝါးမြိုတော့မည့်နှယ်။

ရန်ကိုင်မှလွဲ၍ မည်သူမှ လေဟာနယ်တာအိုတွင် ကျွမ်းကျင်ခြင်း မရှိသော်လည်း ဟင်းလင်းပြင်၏ ကြောက်မက်ဖွယ်ရာများကို သူတို့ ကောင်းကောင်း နားလည်ထားသည်။ ထိုအက်ကွဲကြောင်း တစ်ခုခုထဲသို့သာ ကျသွား၍ ပြန်လမ်း ရှာမတွေ့လျှင်လည် အပြင်သို့ ဘယ်တော့မှ ပြန်ထွက်သွားနိုင်တော့မည် မဟုတ်ချေ။ ဟင်းလင်းပြင်ထဲတွင်သာ ထာဝရ ပိတ်မိနေပေလိမ့်မည်။

ထို့ကြောင့် နောက်ကျ မကျန်ရလေအောင် ရန်ကိုင်နားသို့ တိုးကပ်သွားခဲ့သည်။

ရန်ကိုင်၏ အမူအရာသည် အလွန်ကိုမှ လေးနက်နေခဲ့သည်။ စကားတစ်ခွန်းမှမပြောဘဲ။ ရှေ့တည့်တည့်သို့သာ အာရုံစိုက်၍ သွားနေခဲ့သည်။ နေရာတစ်ခုသို့ရောက်သော် သူ့လက်ကို ဆန့်ထုတ်၍ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်၏။

အက်ကွဲကြောင်း ပွင့်သွားသည့်အခါ အားလုံးရှေ့ ရင်းနှီးနေသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

ထုထည်ကြီးမားလှသော၊ သိပ်သည်းလှသော စွမ်းအင်များဖြင့် ပြည့်နေသော၊ နီးနီးကပ်ကပ် တည်ရှိနေကြသည့် မှတ်ကျောက်တင်ဖွယ် ကြယ်ကြီးများ…

သေခြင်းတရားချောက်နက်ပင်တည်း။

ရန်ကိုင်ပြုံးလိုက်ပြီး အပြင်သို့ထွက်ရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ရှန်တုနှင့် ပီယတို့၏ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ အော်သံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ကွေ့ဇူသည် အားလုံးကိုကျော်တက်၍ အက်ကွဲကြောင်းထဲသို့ ပြေးဝင်ရန် ကြံနေသည်ကို တွေ့လိုက်ရ၏။

သို့သော်လည်း အားလုံးကို ကျော်တက်ရန် သူ့စွမ်းအင်ကို လှည့်ပတ်လိုက်သည့်အခါ အနီးအနားတွင် ရှိနေသော ပရမ်းပတာ ဖြစ်နေသည့် ဟင်းလင်းပြင်စွမ်းအင်များကို လှုံ့ဆော်မိလိုက်ပြီး ရန်ကိုင် ဖန်တီးထားသော လမ်းကြောင်းကို ပျက်စီးသွားစေသည်။

ကွေ့ဇူ မထွက်သွားနိုင်သေးခင်မှာပင်၊ သူ့ခန္ဓာကိုယ်တစ်ဝက်သည် ဟင်းလင်းပြင်ထဲ နစ်မြုပ်သွားခဲ့သည်။ သူမည်မျှပင် ရုန်းကန်ပါစေ ဟင်းလင်းပြင်၏ ဆွဲအားအောက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။

ကွေ့ဇူနောက်တွင် ရှိနေသော ရွှယ့်ရှီနှင့် သူ့တပည့် နှစ်ယောက် သည်လည်း ဟင်းလင်းပြင်ထဲ စတင် နစ်မြုပ်နေခဲ့သည်။

ရန်ကိုင် လှည့်ကြည့်လိုက်သည့်အခိုက် အမျိုးသမီး သုံးဦးသည် အသနားခံသည့် အမူအရာများဖြင့် သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယခုအချိန်ထိတိုင် အကုန်လုံးသည် ရန်ကိုင်၏ စကားအတိုင်း သူတို့၏ စွမ်းအား နည်းနည်းမျှကိုပင် ထုတ်မသုံးခဲ့ကြချေ။

ကွေ့ဇူကမူ အခြေအနေမကောင်းမှန်း သိလိုက်သည်နှင့် အားကုန်သုံး၍ သူ့အားဝါးမြိုရန် ကြိုးစားနေသော အက်ကြောင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူကျသွားသည့် အက်ကြောင်းသည် သဲဝဲတစ်ခုနှယ်၊ သူပိုရုန်းလေး ပိုမြန်မြန် နစ်လေ ဖြစ်နေခဲ့ရာ ကွေ့ဇူ၏ အမူအရာ ဖြူလျော်သွားခဲ့ရလေသည်။

“ငါ့လခွမ်း” ရှန်တုလည်း မနေနိုင်ဘဲ ဆဲမိလိုက်သည် “ရန်ကိုင်ဟျောင့်၊ သွားကြမယ်”

ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး တွေဝေသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး ဟင်းလင်းပြင်ထဲ နစ်မြုပ်သွား၍ ခေါင်းသာ ပေါ်တော့သော ကွေ့ဇူဆီ လှမ်းကြည့်လိုက်သည်။ ထို့နောက် ဟဲကျောင်နှင့် ဟဲမြောင်ဆီ လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲ အတွေးပေါင်းစုံတို့ ဖြတ်ပြေးသွားလေသည်။

ရန်ကိုင် ခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်နေခဲ့ပြီး မည်သို့လုပ်လျှင် ကောင်းမလဲ ဆုံးဖြတ်ရခက်နေခဲ့သည်။

ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ကွေ့ဖူ၏ ဖိနှိပ်မှုအောက်မှ ရုန်းထွက်၍ သေခြင်းတရားချောက်နက်ဆီသို့ ရောက်သွားနိုင်၏။ လူအိုကြီးသာ ဟင်းလင်းပြင်ထဲ ပိတ်မိသွားပါက ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် လူအိုကြီးအား ဒီအတိုင်း ချန်ထားခဲ့ချင်မိသည်။

သို့သော်လည်း သူထိုကဲ့သို့ လုပ်မည်ဆိုပါက ဟဲကျောင်နှင့် ဟဲမြောင်လည်း သေရပေလိမ့်မည်။

ကွေ့ဇူ သူ့အား လေဟာနယ်လိုဏ်ခေါင်းထဲ ပစ်ထည့်ရန် လုပ်နေချိန်၊ ဟဲကျောင်သည် ရှေ့တက်၍ သူ့ဘက်မှ ရဲရဲဝံ့ဝံ့ ပြောဆိုပေးခဲ့သည်ကို ရန်ကိုင် မှတ်မိနေသေးသည်။

“ရန်ကိုင်” ရှန်တုက ထပ်အော်ခေါ်သည်။ ရန်ကိုင်သည် ရှေ့ဆုံးမှ သွားနေသည်ဖြစ်ရာ သူသည် ရှန်တုနှင့် ပီယတို့၏လမ်းကို ပိတ်နေခဲ့သည်။ ရှန်တုသည် ရန်ကိုင်ကိုကျော်ကာ ဤနေရာမှ အမြန် ထွက်သွားချင်နေမိသည်။

ပီယသည်လည်း ရင်တထိတ်ထိတ် ဖြစ်နေသည်။

ရန်ကိုင်၏ တုန့်ဆိုင်းမှုသည် တစ်ခဏတာသာ။ ခဏအကြာတွင် သူ့အကြည့်တို့ ခိုင်မာသွားခဲ့သည်။ ချက်ချင်းပဲ သူဖွင့်ထားသော လေဟာနယ်လိုဏ်ခေါင်းဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်၍ အနက်ရောင်ထွက်ပေါက်အား နတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်းစေလျက် ယာယီ ပွင့်နေစေလိုက်သည်။

“သွားနှင့်ကြ” ရန်ကိုင်က ရှန်တုနှင့် ပီယကို ဖမ်းကိုင်၍ ထွက်ပေါက်သို့ လှမ်းပစ်ထည့်လိုက်သည်။ ထို့နောက် မှုန်ကုတ်ကုတ် မျက်နှာထားဖြင့် ကွေ့ဇူဆီ သွားလိုက်သည်။

“ရန်ကိုင်” ရန်ကိုင် သူ့နားမှ ဖြတ်သွားသည့်အခိုက် ရှန်တု၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။ သို့သော် သူအသိပြန်ဝင်လာသည့် အချိန်တွင် သေခြင်းတရားချောက်နက်ထဲသို့ ရောက်နေခဲ့လေပြီ။

မကြာမီ ရန်ကိုင်သည် ကွေ့ဇူရှေ့သို့ ရောက်လာခဲ့သည်။ ရောက်သည်နှင့် ချက်ချင်းပဲ အော်ပြောလိုက်လေသည် “အသက်ရှင်ချင်ရင် ခင်ဗျားစွမ်းအားတွေကို အမြန် ပြန်ရုတ်လိုက်။ ကျုပ်ကို ထပ်ပြီး ခက်ခဲအောင် မလုပ်နဲ့တော့”

ကွေ့ဇူ မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့စွမ်းအားကို ချက်ချင်းပဲ ပြန်ရုတ်သိမ်းလိုက်လေသည်။

“ငါနင့်တို့ကို အခုကယ်ပေးမယ်။ ထိတ်လန့်မနေနဲ့။ ဘာမှလည်း မလုပ်နဲ့။ ငြိမ်ငြိမ်လေးပဲနေ” ရဣ်ကိုင်က ဟဲကျောင်နှင့် ဟဲမြောင်ကို လှမ်းအော်ပြောလိုက်ပြီးနောက် လေးယောက်သားရှေ့ ထိုင်ချလိုက်ကာ စိတ်စွမ်းအင်နှင့် သူတော်စင်ချီ နှစ်မျိုစလုံးကို အက်ကြောင်းထဲသို့ ပို့လိုက်သည်။

ရန်ကိုင်သည် လေဟာနယ်တာအိုအပေါ် သူနားလည်ထားသည် များကို အသုံးချ၍ အက်ကြောင်းထဲရှိ ဟင်းလင်းပြင်ကို ပြုပြင်လိုက်သည်။

မကြာမီ လူလေးယောကအား ဆွဲချနေသော ဟင်းလင်းပြင်၏ ဆွဲငင်အားသည် တဖြည်းဖြည်း အားပျော့လာခဲ့ပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ထိုမျှသာမကသေး၊ ဆန့်ကျင်ဘက် အားတစ်ရပ် ထွက်ပေါ်လာပြီး သူတို့အား အက်ကြောင်းထဲမှ အပေါ်သို့ တွန်းပို့လေသည်။

လေးယောက်စလုံး၏ အမူအရာ တောက်ပသွားခဲ့ကြသည်။ ဟဲကျောင်နှင့် ဟဲမြောင်သည် မျက်ရည်အဝိုင်းသားဖြင့် ရန်ကိုင်အား လှမ်းကြည့်နေကြသည်။

ယခုတစ်ကြိမ် သူတို့ သေရတော့မည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ရန်ကိုင် သူတို့ကို လာကယ်လိမ့်မည်ဟု မထင်ထားခဲ့။ သူတို့ရင်ထဲ ထိတ်လန့်နေရသမျှအားလုံး ပျောက်ကွယ်သွားခဲ့၍ ဝမ်းသာပျော်ရွှင်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။

ရွှယ့်ရှီသည်ပင် ရန်ကိုင်အား ကျေးဇူးတင်နေမိသည်။ ယခင်ကကဲ့သို့ ကျေးဇူးတင်ရန်အတွက် တုန့်ဆိုင်းနေခြင်းမျိုး မရှိတော့ချေ။

“အား…” ဟဲမြောင်က ရုတ်တရက် အော်ဟစ်၍ ရန်ကိုင်ဆီ လက်ညိုးထိုးသည်။

သုံးယေဦက်စလုံး သူမလက်ညိုးထိုးရာဆီသို့ လှမ်းကြည့်လိုက်ရာ အကုန်လုံး မျက်နှာပျက်သွားကြရသည်။ ရန်ကိုင် ထိုင်နေသည့် နေရာတွင် အက်ကြောင်းအသစ်တို့ ထွက်ပေါ်လာနေခဲ့သည်။ အချိန်ကြာလာသည်နှင့် အက်ကြောင်းများ ပို၍ များလာခဲ့သည်။

ရန်ကိုင် မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့ပြီး အော်ပြောလိုက်၏ “ထွက်လာလိုက်တော့”

သူ့အော်သံနှင့်အတူ နည်းနည်းလေးမျှ မလှုပ်ရဲသော လေးယောက်စလုံး အက်ကြောင်းထဲမှ လွတ်သွားခဲ့ပြီး အပြင်သို့ ချက်ချင်း ပြေးထွက်သွားခဲ့ကြသည်။

လက်ရှိတွင် ရွှယ့်ရှီအောက်ဘက်ရှိ လဟာပြင်သည် အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေသဖြင့် ရွှယ်ရှီ အရမ်းကိုမှ စိတ်ပူနေခဲ့သည်။ တစ်ချက်တွင် ခြေချော်ပြီး ပြုတ်ကျမလိုပင် ဖြစ်သွားခဲ့ရသည်။ သို့သော် သူမ ပြုတ်မကျခင် ရန်ကိုင်က သူမခါးကိုဖက်၍ ကွဲအက်နေသော လေဟာနယ်ထဲမှ ခုန်ထွက်သွားခဲ့သည်။ သူတို့ ခုန်ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင် တစ်ခုလုံး စတင်ပြိုကျတော့သည်။

သူမခါးအား သန်မာသော လက်တစ်ဖက်မှ ဖက်ထားသည်ကို မြင်သော် ရွှယ့်ရှီတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် သူမတစ်ကိုယ်လုံး နုံးချိသွားသည်။ ရွှယ့်ရှီ၏ အကြည့်သည် သူမအား ဖက်ထားသည့် ဂျူနီယာပေါ်သို့ ရောက်လာခဲ့ပြီး သူမရင်ထဲ ရှင်းပြမရနိုင်သော လုံခြုံမှုကို ခံစားလိုက်ရသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၀) မင်းငါ့နောက်လိုက်ချင်လား

ရှန်တုနှင့် ပီယတို့သည် သေခြင်းတရားချောက်နက်ဆီမှ ဟင်းလင်းပြင်ထဲ ဦးတည်နေသော အနက်ရောင် ဝင်ပေါက်ကို စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့သည်။

သို့သော်လည်း အထဲမှ အခြေအနေကို မမြင်နိုင်ခဲ့။ ဝင်ပေါက်အား ပွင့်နေအောင် လုပ်ထားပေးသော နတ်ဆိုးမီးတောက်သည် စတင် ပျောက်ကွယ်နေခဲ့လေပြီ။ သို့တိုင် မည်သူမှ ထွက်လာမည့် အရိပ်အယောင် မမြင်သေး။

သူတို့သာ မြန်မြန် မထွက်လာခဲ့လျှင် ရန်ကိုင်နှင့် အခြားလူများ ဟင်းလင်းပြင်ထဲ ထာဝရ ပိတ်မိနေပေလိမ့်မည်။

“သူတို့ မတော်တဆ တစ်ခုခု ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်” ရှန်တုက ရေရွတ်လိုက်သည်။ “ရန်ကိုင်က လေဟာနယ်တာအိုကို တော်တော်လေး နားလည်ထားတာ။ သူတို့ ဘာမှ မဖြစ်လောက်ပါဘူး၊ ဟုတ်တယ်မလား”

ပြောပြီးသည်နှင့် ပီယယအား လှမ်းကြည့်လိုက်သည်။

“ငါမသိဘူး…” ပီယက ခေါင်းခါလိုက်သည်။ သူမအတော့်ကိုမှ စိုးရိမ်ပူပန်နေလေသည် “ဒါပေမယ့် သူတို့ ဘာမှမဖြစ်ဖို့ မျှော်လင့်ရတာပဲ”

သူမ၏ ဝိဥာဉ်အမှတ်အသားသည် ရန်ကိုင် လက်ထဲတွင် ရှိနေသည်။ ထို့ကြောင့် ရန်ကိုင်သာ သေပါက သူမလည်း သေရပေလိမ့်မည်။

ထို့ကြောင့် ရန်ကိုင်သေမည်ကို သူမ မမြင်ချင်ဆုံးပင်။

“သူတို့ ထွက်လာနေပြီ” ဟင်းလင်းပြင်ထဲမှ လူတစ်ယောက် ထွက်လာသည်ကို ရှန်တု ရုတ်တရက် မြင်လိုက်သည်။

ထိုလူမှာ ကွေ့ဖူ ဖြစ်လေသည်။

ထိုလူ၏ မျက်နှဦကို မြင်လိုက်သည်နှင့် ရှန်တုက စိုးရိမ်တကြီး အော်မေးလိုက်သည် “ဘယ်လိုလုပ်ပြီး ခင်ဗျား ဖြစ်နေတာလဲ။ ရောင်းရင်ရန်ကော”

“နောက်မှာ” ကွေ့ဇူ နောက်သို့ လှည့်အကြည့်၊ ဟဲမြောင်နှင့် ဟဲကျောင်တို့ ထွက်လာသည်နှင့် သွားတိုးသည်။ သူမတို့နောက်မျ ရန်ကိုင်နှင့် ရွှယ့်ရှီတို့ အသီးသီး ထွက်လာခဲ့ကြလေသည်။

ဟင်းလင်းပြင်ထဲမှ ရန်ကိုင် ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ဝင်ပေါက်အား လောင်ကျွမ်းနေသော နတ်ဆိုးမီးတောက် ပျောက်ကွယ်သွားပြီး ဝင်ပေါက်လည်း ပြန်ပိတ်သွားခဲ့လေသည်။

“ဟားဟားဟား။ မင်းကံကောင်းမှန်း ငါသိသားပဲ။ ဘယ်လိုလုပ်ပြီး မင်းမတော်တဆ ဖြစ်ရမှာလဲ” ရှန်တုက အားပါးတရ အော်ဟစ် ရယ်မောလိုက်သည်။ သို့သော် ထိုကဲ့သို့‌ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့မျက်နှာအမူအရာ ရုတ်ချည်း ထူးဆန်းသွားသည်။ ရန်ကိုင်ကိုလည်း အမည်ဖော်မရသော အပြုံးမျိုးဖြင့် စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။

အကုန်လုံးသည် ရန်ကိုင်အား ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

ရန်ကိုင်သည် ရွှယ်ရှီ၏ခါးကို ဖက်ထားခဲ့သည်။ ရွှယ့်ရှီသည်လည်း ခုခံခြင်းမပြု။ သူမ၏ လည်တိုင်တစ်လျှောက်လုံးသည် ရဲရဲတောက် နီမြန်းနေခဲ့လေသည်။ မျက်နှာ အမူအရာမှာလည်း ပုံမှန်မဟုတ်။

ထိုအခြင်းအရာကိုမြင်သော် ဟဲမြောင်သည် သူမ၏ ပါးစပ်ကို လက်ကလေးဖြင့် အလန့်တကြား အုပ်မိလိုက်သည်။ သူမတို့ ထွက်သွားပြီးနောက် ဘာတွေများ ဖြစ်ခဲ့သဖြင့် ရန်ကိုင်နှင့် သူမတို့၏ ဆရာသည် ဤမျှရင်းနှီးနီးကပ်သွားရသနည်း။

မယုံကြည်နိုင်စရာအကောင်းဆုံးသည်ကား သူမတို့၏ ဆရာသည် ရန်ကိုင်၏ ဖက်ထားမှုကို အရှင်း မခုခံခြင်းပင်။ နည်းနည်းလေးပင် မရုန်ကန်။

ယခင်ကဆိုလျှင် သူမတို့၏ဆရာသည် မည်သည့် ယောကျာ်းကိုမှ သူမ၏အနားသို့ အကပ်မခံခဲ့။ အသားကို ထိဖို့ဆိုလျှင် ဝေလာဝေး။ ယခုအကြိမ်သည် သူမအသားကို ယောကျာ်းတစ်ယောက် ထိသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခုမြင်ကွင်းကိုသာ ဓါးအဖွဲ့အစည်းရှိ သူမအား လေးစားအားကျသူများကိုသာ သွားပြလိုက်ပါက လူဘယ်လောက်လောက်များများ ရန်ကိုင်အား ပြဿနာ လာရှာမည်လဲမပြောနိုင်။

ဟဲကျောင်ကမူ သူမဆရားက သတိပဲပေးလိုက်ရမလား၊ မပေးရဘူးလား မသိတော့သဖြင့် ချောင်းသာ ဟန့်လိုက်သည်။

အကုန်လုံးသည် သူမတို့အား စိုက်ကြည့်နေကြလေရာ ရွှယ့်ရှီမှာ ရှက်လွန်းသဖြင့် ဟင်းလင်းပြင်ထဲသို့သာ ပြန်ခုန်ဝင်သွားချင်မိ၏။

ရန်ကိုင်ကမူ စကားတစ်ခွန်းမှ မပြောဘဲ ရွှယ့်ရှီအား မြေပြင်ပေါ် ချလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲ မီတာ တစ်ထောင်အကွာသို့ ခုန်ဆုတ်သွားလိုက်ပြီး ရွှယ့်ရှီအား သတိထားလျက် စိုက်ကြည့်လိုက်သည်။

အနည်းငယ် ရယ်ရွှင်စရာကောင်းနေသော အခြေအနေ တစ်မုဟုတ်ချည်း ကျိုးပျက်သွားခဲ့ပြီး အေးစက်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။

ယခု သူတို့သည် လွင့်မျောတိုက်ကြီးမှ အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့ပြီး သေခြင်းတရားချောက်နက်သို့ ရောက်လာခဲ့၏။ ကွေ့ဇူ၏ နှစ်ပေါင်း(၂၀၀၀) ဆန္ဒသည်လည်း ပြည့်ဝသွားခဲ့ပြီ။ ထို့ကြောင့် သူသာ စိတ်ပေါက်၍ ဤနေရာတွင် ရှိနေသမျှ လူအားလုံးကို သတ်ပစ်မည်ဆိုပါက လွတ်မြောက်နိုင်ချေ ရှိသည့် ရန်ကိုင်မှလွဲ၍ အကုန်လုံး သေကြရပေလိမ့်မည်။

အရာအားလုံး တိတ်ဆိတ်သွားခဲ့ပြီး အကုန်လုံး စတင် စိုးရိမ်ပူပန်လာခဲ့ကြသည်။

ကွေ့ဇူက ယဲ့ယဲ့လေးပြုံးလျက် မီတာတစ်ထောင် အကွာတွင် ရှိနေသော ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။

အကုန်လုံး ရင်တမမ ဖြစ်နေကြရာ သူတို့၏ နှလုံးခုန်သံများကိုပင် အတိုင်းသာ ကြားနေခဲ့ကြရသည်။

“ကောင်လေး၊ မင်းဘာတွေ ကြောက်နေတာလဲ” ကွေ့ဇူက မေးလိုက်သည်။

ရန်ကိုင်ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလေသည် “စီနီယာ၊ ကိုယ့်စကားကို တန်ဖိုးထားလိမ့်မယ်လို့ ဂျူနီယာ မျှော်လင့်ပါတယ်”

“ငါက ဒီလောက်တောင် မယုံရတာလား” ကွေ့ဇူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “အဲ့လိုပြောလိုက်တဲ့ အတွက်နဲ့တင် မင်းကို ဆယ်ကြိမ်မက သေခိုင်းလို့ရနေပြီ။ လေဟာနယ် ဆုတ်ဖြဲပြီး ထွက်ပြေးလို့ ငါ့လက်ကနေ လွတ်မယ်မထင်နဲ့။ မင်းက အရမ်းအားနည်းလွန်းတယ်။ ငါလက်ကနေ ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ဘူး။ ငါမင်းကို အသာလေး တားလို့ရတယ်”

“စီနီယာမှာ အဲ့လိုခွန်အားမျိုး ရှိတယ်ဆိုတာကို ဂျူနီယာသိတယ်။ ဒါပေမယ့် ဒီဂျူနီယာကလည်း သေမှာကို ထိုမစောင့်နိုင်ဘူးလေ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောသည်။

“စီနီယာကွေ့ဇူ၊ ရန်ကိုင်က သူကတိပေးထားတဲ့အတိုင်း လုပ်ပေးပြီးသွားပြီလေ။ ဘာလို့…” ရှန်တုက ရန်ကိုင်ဘက်မှ ကူပြောပေးချင်သော်လည်း သူထိုကဲ့သို့ ပြောလိုက်သည်နှင့် ကွေ့ဇူက သူ့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ရှန်တု မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး ခေါင်းကိုကိုင်ကာ နာနာကျင်ကျင် အော်ဟစ်လေတော့သည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ဖြူလျော်သွားရသည်။

“စီနီယာ…” ရွှယ့်ရှီကလည်း ပါစပ်ဟ၍ ဝင်ပြောရန် ပြင်လိုက်သည်။

သို့သော် ကွေ့ဇူက သူမအား တစ်ချက်သာ ကြည့်လိုက်သည်။ ရှန်တုနည်းတူ၊ သူမသည်လည်း ခေါင်းကိုကိုင်ကာ နာနာကျင်ကျင်ဖြင့် အော်ဟစ်ရလေသည်။

“ငါက ကွေ့ဇူပဲ။ ကိုယ့်စကားကို ဘယ်တော့မှန် တန်ဖိုးမထားတဲ့ လူတစ်ယောက်ပေါ့။ ငါ့ကို ယုံကြည်လိုက်တာက မင်းရဲ့ အကြီးမားဆုံးအမှားပဲ” ကွေ့ဇူက နှာခေါင်းရှုံ့လိုက်သည်။

သူ့ခန္ဓာကိုယ် ရုတ်တရက် ဝေဝါးသွားခဲ့သည်။ ရန်ကိုင်စိတ်ထဲ အချက်ပေးသံတို့ ဗလောင်ဆူမြည်ဟည်းသွားခဲ့သည်။ သို့သော် လေဟာနယ်ကို မဆုတ်ဖြဲနိုင်သေးခင်မှာပင် မှုန်ထိုင်းထိုင်း အရှိန်အဝါတစ်ခုသည် သူ့အား ဖိချလာခဲ့သည်။

ကွေ့ဇူက လှောင်ပြုံးပြုံးလျက် ရန်ကိုင်ရှေ့တွင် ပေါ်လာခဲ့သည်။

“တကယ်တော့ အဲ့ကနေ ထွက်လာတာနဲ့ မင်းကို သတ်ဖို့ စဉ်းစာထားတာ။ ဘာလို့လဲလို့မေးရင် မင်းဘက်က ဘယ်တော့မှ မရိုးသားခဲ့လို့ပဲ” ကွေ့ဇူက လှောင်ပြောင်စကားဆိုလိုက်သည် “မင်းဘာတွေ ကြံနေလဲ ငါမသိဘူး မှတ်နေလား။ ငါ့ခွန်အားက မင်းအပေါ် လုံးဝ လွှမ်းမိုးထားနိုင်လို့သာ မင်းငါနဲ့ အတူတူ ပူးပေါင်းလုပ်တာမလား။ အခြားသူတော်စင်ဘုရင်၊ ဒါမှမဟုတ် တန်ခိုးရှင်အဆင့် တစ်ယောက်သာ ဆိုရင်တော့ မင်းရဲ့ လှည့်ကွက်ထဲ မိသွားမှာ အသေအချာပဲ”

ရန်ကိုင်သည် ဘာမှပြန်မပြောခဲ့ချေ။ အကြောင်းမှာ ကွေ့ဇူ ပြောသည်မှာ အမှန်ဖြစ်နေသောကြောင့်ပင်။

ထိုလူအိုကြီး၏ ခွန်အားသည် သူ့ထက် အများကြီး ပိုမို မြင့်မားသည့်အတွက်ကြောင့်သာ ရန်ကိုင် သူ့အား အကွက်မချရဲခဲ့ခြင်း ဖြစ်သည်။

“ခုနလေးတုန်းက အပြင်ရောက်တာနဲ့ မင်းတို့ အားလုံးကို သတ်ပစ်ဖို့ တွေးထားသေးတယ်” ကွေ့ဇူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီဂ “ဒါပေမယ့် အခုတော့ ငါစိတ်ပြောင်းသွားပြီ။ မင်းက ကိုယ့်အသက်ကို ပဓာနမထားဘဲ ငါတို့ကို လာကယ်ပေးခဲ့တယ်။ မင်းငါ့ကို ကယ်ချင်တာ မဟုတ်မှန်း ငါသိပေမယ့် ငါသာ မင်းကို သတ်လိုက်မယ်ဆိုရင် အရမ်းကို ကျေးဇူးမသိတတ်ရာ ရောက်သွားလိမ့်မယ်။ ဒီသတင်းသာ ပြန့်သွားရင် ငါလည်း လှောင်ရယ်စရာ ဖြစ်သွားရလိမ့်မယ်”

“အခြားသူအပေါ် အကြွေးတင်နေရာမျိုး ငါမကြိုက်ဘူး။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ မင်း ငါ့အသက်ကို ကယ်ခဲ့အတွက် ငါမင်းအသက်ကို ချမ်းသာပေးလိုက်မယ်”

ရန်ကိုင် မျက်လုံးများ တဖျတ်ဖျတ် လက်သွားပြီး ကွေ့ဇူအား သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်သည်။

“အံ့အားသင့်သွားတာလား။ ငါကို လုံးဝ လူစိတ်မရှိတဲ့လူလို့ ထင်နေတာလား”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခေါင်းခါ၍ “မထင်ပါဘူး စီနီယာရယ်။ စီနီယာက နှစ်(၂၀၀၀)ကြာသွားတောင် အမုန်းတရားကို မမေ့နိုင်ကတည်းက စီနီယာမှ လူစိတ်မရှိတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ နှစ်(၂၀၀၀)တုန်းက စီနီယာက လူကောင်း ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲလေ”

“ဟား ဟား ဟား” ကွေ့ဇူက ဝါးလုံးကွဲ အော်ရယ်လိုက်သည် “လူကောင်းလား။ အမှန်ပဲ။ အဲ့တုန်းက ငါက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။ ဒါပေမယ့် နှစ်(၂၀၀၀)ဆိုတဲ့ အမုန်းတရားက လူတစ်ယောက်ရဲ့ စရိုက်ကို ပြောင်းလဲသွားစေနိုင်တယ်လေ”

“ကောင်လေး၊ ငါ့နောက် လိုက်ချင်လား” ကွေ့ဇူက ရုတ်တရက် လေသံနှိမ့်၍ ရန်ကိုင်အား အလေးအနက် စိုက်ကြည့်လျက် မေးလိုက်သည် “မင်းပါရမီကို ငါတန်ဖိုးထားတယ်။ ငါ့နောက်သာ လိုက်မယ်ဆိုရင် ဒီကြယ်စီရင်စုကြီး တစ်ခုလုး ဘယ်သူမှ မင်းကို ရန်စရမှာ မဟုတ်ဘူး။ အချိန်တိုအတွင်း မင်းကို တန်ခိုးရှင်ဘုရင် အဆင့်တစ်ယောက် ဖြစ်လာအောင် ငါကူညီပေးလို့ရတယ်။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်လာဖို့ နှစ်တစ်ရာတောင် ကြာမှာမဟုတ်ဘူး”

ရန်ကိုင်က ဒုတိယအကြိမ်ပင် မစဉ်းစားဘဲ ချက်ချင်းပဲ ခေါင်းခါလိုက်သည် “စီနီယာရဲ့ ကမ်းလှမ်းချက်က တကယ့်ကို မက်လောက်စရာပဲ။ ဒါပေမယ့် အဲ့လိုဘဝမျိုးမှာ ဒီဂျူနီယာ မနေချင်ဘူး”

“ငါ့ကို ငြင်းလိုက်တာလား” ကွေ့ဖူက ရန်ကိုင်အား အံ့ဩတကြီး စိုက်ကြည့်၍ “ငါကမ်းလှမ်းတာကို မင်းတကယ်ကြီး ငြင်းရဲတယ်ပေါ့။ မင်းငါ့ကို အထင်သေးနေတာလား”

ကွေ့ဇူ ဒေါသထွက်သွားသည့်ပုံပင်။ ရန်ကိုင်၏ အဖြေနှင့် ပက်သက်၍ သူအတော်လေးကို မကျေမနပ် ဖြစ်နေမိသည်။

ရန်ကိုင်က ပြုံးသာ ပြုံး၍ ပြန်ပြောလိုက်သည် “စီနီယာ နောက်နေတာပဲ။ တန်းခိုးရှင်ဘုရင်အဆင့် ဆိုတာ ကြယ်သခင် တစ်ယောက်နဲ့ အတူတူပဲဟာကို။ စီနီယာ လက်အောက်မှာ မခိုဝင်ချင်တဲ့လူ ရှိမှာမဟုတ်ဘူးလို့ ဂျူနီယာယုံတယ်။ စီနီယာ ဘယ်လောက်အားကောင်းမှန်းကို ဒီဂျူနီယာသိတယ်။ စီနီယာကို ကျုပ်အထင်သေးတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“ဒါဆို ဘာလို့ ငါ့ကမ်းလှမ်းချက်ကို ငြင်းတာလဲ”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီးနောက် ပြန်၍ ပြောသည် “ဂျူနီယာက လေဒဏ်မိုးဒဏ် မခံရတဲ့ ဖန်လှောင်အိမ်ထဲက ပန်းတွေလိုမျိုး မကြီးထွားချင်ဘူး။ စီနီယာပြောတာကို ကျုပ်ယုံတယ်။ စီနီယာရဲ့ အကူအညီနဲ့ဆို နှစ်တစ်ရာအတွင်း တန်ခိုးရှင်ဘုရင်အဆင့်ကို ကျုပ်ရောက်လိမ့်မယ်။ ဒါပေမယ့်… အဲ့လိုဘဝမျိုးနဲ့ဆိုရင် တန်းခိုးရှင်ဘုရင်အဆင့်က ကျုပ်ရဲ့ အကန့်အသတ် ဖြစ်သွဦးလိမ့်မယ်။ ကျုပ်က ပိုမြင့်တဲ့ အဆင်တွေကို ရောက်ချင်တာ။ စီနီယာလို့ အဆင့်မျိုပေါ့… အဲ့လိုဖြစ်နိုင်ဖို့ဆိုရင် ကျုပ်ကိုယ်ကျုပ် အန္တရာယ်တောထဲမှာ ပျော်မွေ့ခိုင်းမှရမှာ”

ကွေ့ဇူ မှုတ်ကုတ်နေသော မျက်နှာထက် ချီးကျူးလိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး “မင်းပြောတာ အမှန်ပဲ။ ငါမင်းကို တွန်းအားမပေးတော့ဘူး။ စိတ်ပြောင်းသွားတယ် ဆိုရင် အချိန်မရွေး ငါ့ကို လာရှာလို့ရတယ်။ မကြာခင် ငါ့နာမည်က ဒီကြယ်စီရင်စုကြီး တစ်ခုလုံးမှာ ပျံ့လာတော့မှာ။ အဲ့အချိန်ကျ ငါ့ကိုရှာဖို့ ဒီလောက် ခက်ခဲတော့မှာ မဟုတ်ဘူး”

“ဂျူနီယာလည်း စီနီယာ အောင်အောင်မြင်မြင် လက်စားချေနိုင်ပြီး နှစ်(၂၀၀၀)ကြာ အငြိုးတွေကို ချေဖျက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်၏။

ထိုစကားလုံးများ ကွေ့ဇူရင်၏ ရင်ကို ထိသွားသည့်အလား သူ့မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ ခဏအကြာ၌ ခေါင်းညိတ်၍ “မင်းက စကားပြောကောင်းတဲ့ ကောင်ပဲကွ။ ရော့၊ ဒါကို ယူထားလိုက်။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့အတွက် အသုံးဝင်တာမဟုတ်ဘူး။ ငါ့အသက်ကို ကယ်ခဲ့တဲ့ လက်ဆောင်လို့ သဘောထားပြီးတော့ပဲ ယူထားလိုက်”

ပြောပြီးသည်နှင့် ကွေ့ဇူသည် ရန်ကိုင်ဆီ အနက်ရောင် ပစ္စည်းတစ်ခုကို လှမ်းပစ်ပေးလိုက်သည်။

ရန်ကိုင်လည်း ထိုအရာကို ဖမ်းယူစစ်ဆေးကြည့်လိုက်ပြီးနောက် ထိုတံဆိပ်ပြားထက် စကားလုံးတစ်လုံးကို မြင်လိုက်ရသည် “ဧကရာဇ်”

စကားလုံးတစ်လုံးသာ ဖြစ်သော်ငြား ထို ‘ဧကရာဇ်’ ဆိုသော စကားလုံးဆီမှ ဖိနှိပ်နိုင်စွမ်းအချို့ကို ခံစားမိနေခဲ့သည်။

“ကြယ်ဂိုဏ်းအမိန့်ပြားလား” ရန်ကိုင်က အလန့်တကြား ဆိုလိုက်သည်။

ဤတံဆိပ်ပြားကို ရွှယ့်ရှီ၏ သိုလှောင်လက်စွပ်ထဲမှ ကွေ့ဇူ ရခဲ့မှန်း ရန်ကိုင် သတိရလိုက်သည်။ ထိုတံဆိပ်ပြား ထွက်ပေါ်လာသည့်အချိန်တွင် ရွှယ့်ရှီနှင့် လျူကွေ့ချန်တို့၏ မျက်နှာထက် လိုချင်တပ်မက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

ဤကြယ်ဂိုဏ်းအမိန့်ပြားသည် လူတိုင်း လိုချင်တပ်မက်သည့် ထူးခြားသော ရတနာတစ်မျိုးဖြစ်သည်။

“စီနီယာ၊ ဒါက…”

“အဲ့ဒါဘာလဲ မင်းမသိဘူးလား” ကွေ့ဇူက မေးလိုက်သည်။

ရန်ကိုင် ခေါင်းခါလိုက်သည်။

“ဟုတ်လည်း ဟုတ်တာပဲလေ။ မင်းက အဆင့်နိမ့်ကမ္ဘာက လာတာကိုး။ ကြယ်ဂိုဏ်းအမိန့်ပြားကို ကြယ်ဧကရာဇ် တ့ဆိပ်ပြားလို့လည်း ခေါ်တယ်။ ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ရဲ့ တံဆိပ်ပြားပေါ့”

“ကြယ်တာရာကောင်းကင် မဟာဧကရာဇ်လား” ရန်ကိုင်က နားမလည်သည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။

“သူက ဒဏ္ဏာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦးပဲ။ အရင်တုန်းကဆို ဒီကြယ်စီရင်စုကြီးတစ်ခုလုံးက သူ့လက်အောက်မှာ ရှိခဲ့တာ။ သူ့ကျင့်ကြံခြင်းက အရမ်း မြင့်လွန်းတယ်။ ငါ့ထက်တောင် အများကြီး ပိုမြင့်သေးတယ်။ ကြယ်စီရင်စုကြီးကို သူအုပ်စိုးတုန်းက ကြယ်ဧကရာဇ်တံဆိပ်ပြားတွေကို ထုတ်လုပ်ခဲ့တယ်။ အဲ့တံဆိပ်ပြား တစ်ခုချင်းစီထဲတိုင်းမှာ သူ့ရဲ့ နတ်ဘုရားစွမ်းရည် တစ်ခုစီကို ထည့်ပေးထားတယ်။ ကြယ်တစ်လုံးကိုတောင် ဖျက်စီးပစ်နိုင်တဲ့ စွမ်းအားမျိုးပေါ့”

ထိုစကားကို ကြားလိုက်ရသည့်အခိုက် ရန်ကိုင်၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး မျက်လုံးပြူးသွားခဲ့သည်။ လျူကွေ့ချန်နှင့် ရွှယ့်ရှီတို့ ဤတံဆိပ်ပြားအား ဘာကြောင့် အသည်းအသန် လိုချင်နေမှန်း ယခုမှသာ သူနားလည်သွားတော့သည်။ သူလည်း ကြယ်ဧကရာဇ် တံဆိပ်ပြား မည်မျှ အဖိုးတန်ကြောင်းကို သိသွားခဲ့လေပြီ။

အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၁) ကြယ်ဧကရာဇ်တံဆိပ်ပြား

ကြယ်ဧကရာဇ် တံဆိပ်ပြား တစ်ခုချင်းစီတိုင်းထဲတွင် တန်းခိုရှင်အဆင့် ပညာရှင်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သော ကြယ်တာရာကောင်းကင်မဟာဧရာဇ်၏ စွမ်းအားတို့ ပါဝင်နေသည်။ ထိုအမှန်တရားကို သိလိုက်ရချိန် ရန်ကိုင်မှာ အံ့ဩလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

“ငါ့ခေတ်တုန်းက တစ်ယောက်ယောက်က ဒီကြယ်ဧကရာဇ် တံဆိပ်ပြားကိုသုံးပြီး တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူးတယ်”

“ဒါက တန်ခိုးရှင်ဘုရင်ကိုတောင် သတ်နိုင်တာလား”

“ကောလဟာလတွေကတော့ အဲ့လို ပြောတာပဲ။ ငါကိုယ်တိုင်လည်း မမြင်ဖူးတော့ အသေအချာ မပြောနိုင်ဘူး။ ချဲ့ကားပြောတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် အဲ့လို ဆိုရင်တောင် ဒီထဲမှာရှိနေတဲ့ စွမ်းအားကို သွားအထင်သေးလို့ မရဘူး။ အချိန်တွေလည်း တော်တော်ကြာသွားပြီးပြီ ဆိုတော့ ကြယ်ဧကရာဇ်တံဆိပ်ပြား အများစုလည်း အသုံးပြုပြီး သွားလောက်ပြီ။ ဒါကြောင့် သေချာဂရုစိုက်ပြီးသုံး။ မင်းလုံးဝ ဒုက္ခရောက်နေပြီဆိုရင် ဒါကို ထုတ်သုံးလိုက်။ မင်းအသက်ကို ကယ်တင်ကောင်း ကယ်တင်နိုင်လိမ့်မယ်။ ဒါပေမယ့် ကြယ်ဧကရာဇ် အမိန့်ပြားကို တစ်ကြိမ်ပဲ သုံးလို့ရတယ် ဆိုတာကိုတော့ သေချာ မှတ်ထားနော်” ကွေ့ဇူက ရှင်းပြလိုက်သည်။

ရုတ်တရက် သူ့လက်ထဲရှိ ကြယ်ဧကရာဇ် အမိန့်ပြားသည် အလွန်ကိုမှ လေးလာသလို ခံစားလိုက်ရသည်။ ကွေ့ဇူအား အားနာနာဖြင့် ကြည့်၍ “စီနီယာ ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းကို ဘာလို့ ကျုပ်ကို ပေးတာလဲ”

ကွေးဇူက ပြုံးလိုက်ပြီး “ငါ့မှာ ကလေးလည်း မရှိသလို တပည့်လည်း မရှိဘူး။ ပြီးတော့ အခုငါ့ခွန်အားနဲ့ဆို ဒီကြယ်စီရင်စုကြီးထဲမှာ ငါ့ကို အန္တရာယ်ပေးနိုင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူး။ ဒီတော့ ငါ့မှာ အဲ့ဒါ ရှိနေတောင် ဘာမှ အသုံးဝင်မှာမဟုတ်ဘူး။ မင်းမလိုချင်ရင် လွှင့်ပစ်လိုက်။ ဟိုမှရှိနေတဲ့လူတွေ ပျော်ပျော်ကြီး ပြေးကောက်လိမ့်မယ်”

ပြောပြီးသည်နှင့် မီတာတစ်ထောင်အကွာမှ သူတို့အား ကြည့်နေသော ရှန်တို့တို့အား ညွှန်ပြလိုက်သည်။

ရန်ကိုင်သည် ကြယ်ဧကရာဇ်တံဆိပ်ပြားကို နတ်ဆိုးစာအုပ်၏ အတွင်းပိုင်းထဲသို့ ထည့်သိမ်းလိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် ကွေ့ဇူက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး “ကောင်းတယ်။ ငါမင်းကို ဒီကနေ ခေါ်သွားပေးဖို့ လိုသေးလား”

“ရပါတယ်စီနီယာ၊ ဂျူနီယာ ကိုယ့်ဘာသာ ထွက်သွားလို့ ရပါတယ်” ရန်ကိုင်က ငြင်းလိုက်သည်။

ကွေ့ဇူလည်း ဆက်ပြီး တိုက်တွန်းမနေတော့ဘဲ ပြုံး၍သာ ပြောလိုက်သည် “ကောင်းပြီ။ အသက်ရှင်အောင်နေနော်။ ငါအရင် သွားနှင့်ပြီ”

ပြောပြီးသည်နှင့် ကွေ့ဇူသည် အနက်ရောင်တိမ်တိုက်အသွင်သို့ ပြောင်းကာ ပျံသန်းထွက်သွားလေသည်။

ကွေ့ဇူ ထွက်သွားသည့် အရပ်ဆီ ကြည့်နေရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏအကြာ၌ ခေါင်းခါရမ်း၍ တခစ်ခစ်ရယ်မောရင်း ရှန်တုနှင့် အခြားသူများဘက်သို့ လှည့်လိုက်သည်။

ထိုငါးယောက်သည် ငြိမ်သက်တိတ်ဆိတ်စွာ စောင့်နေကြသည်။

ကွေ့ဖူ၏ လက်စာမြည်းစမ်းလိုက်ရသော ရှန်တုနှင့် ရွှယ့်ရှီသည် ယခုထိတိုင် အကြောက်မပြယ်သေး။ လူအိုကြီး၏ စွမ်းအားကို တွေးမိလိုက်ရုံဖြင့် သူတို့ ‌ကျောချမ်းရသည်။

“ဟျောင့်ရန်ကိုင်… သူထွက်သွားပြီလား…” ရှန်က စိုးရိမ်တကြီး မေးလိုက်သည်။

“အင်း၊ သူထွက်သွားပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“တကယ်ကြီးလား” ရှန်တု အံ့ဩနေခဲ့သည်။ ယခုလေးတင် ကွေ့ဇူသည် ရန်ကိုင်ဆီသို့ ပျံသန်းသွားသဖြင့် အကုန်လုံး သူတို့ သေရတော့မည် ထင်နေချိန်၊ ကွေ့ဇူသည် ရန်ကိုင်နှင့် စကားလေးဘာလေး ပြောပြီး ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“သူတကယ် ထွက်သွားတာ” ရန်ကိုင်က ထပ်ပြောလိုက်သည် “ဒီလောက် စိုးရိမ်နေစရာမလိုဘူး။ တကယ်တော့ စီနီယာကွေ့ဇူက ဒီလောက်ကြီး ဆိုးတာမှမဟုတ်တာ။ နည်းနည်း စိတ်ဆတ်တာလေးပဲရှိတာ”

ရန်ကိုင်၏ နှစ်သိမ့်စကားကို ကြားပြီးမှပဲ အကုန်လုံး သက်ပြင်းချနိုင်တော့သည်။

“သူ့လို ပညာရှင်တွေက…” ရွှယ့်ရှီက ခါးသက်စွာပြုံးလျက် “လူတွေ သေသေ၊ရှင်ရှင် ဂရုစိုက်တာမှ မဟုတ်တာလေ”

“ရောင်းရင်၊ မင်းသူနဲ့ ဘာတွေပြောနေခဲ့တာလဲ။ ကြည့်ရတာ စကားဝိုင်း ကောင်းခဲ့တယ်နဲ့တူတယ်”

“ဘာမှတော့မဟုတ်ပါဘူး။ အရင်ဆုံး ငါ့ကို ကျေးဇူးတင်တယ်။ ပြီးတာနဲ့ အပြစ်တင်တယ်…” ရန်ကိုင်က ပခုံးတွန့်၍ လက်တန်း ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်သည်။ ကွေ့ဇူနှင့် သူ ပြောနေခဲ့သည်များကို ထိုလူများ မသိမှန်း ရန်ကိုင် ယုံကြည်၏။

ကြယ်ဧကရာဇ်တံဆိပ်ပြား သူ့လက်ထဲတွင် ရှိနေသည် ဆိုသော အကြောင်းကို ထိုလူများအား သွားပြော၍မဖြစ်ချေ။

ကြယ်ဧကရာဇ်တံဆိပ်ပြားသည် အလွန်တရာကိုမှ အဖိုးတန်လွန်းသည်။ သူ့တွင် ကြယ်ဧကရာဇ် တံဆိပ်ပြား ရှိနေသည့် အကြောင်းသာ သတင်းပြန့်သွားပါက တကယ်ကို ခေါင်းကိုက်စရာ ပြဿနာတစ်ခု အစပျိုးလာပေလိမ့်မည်။

ဘေးပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “သွားကြမယ်။ ဒီကနေ အရင်ဆုံး ထွက်သွားကြမယ်”

သူမှ သွားရန် ပြင်လိုက်သော်လည်း အကုန်လုံး တုတ်တုတ်မျှ မလှုပ်သွားကြ။ သူ့ကိုသာ ခါးခါးသီးသီး ကြည့်နေခဲ့သည်။

“ဒီကနေ ထွက်သွားဖို့လား။ ငါတို့က သေခြင်းတရား ချောက်နက်ထဲမှာ ရှိနေတာလေ။ ဓါးအဖွဲ့အစည်းကရော၊ ခရမ်းကြယ်က ကြယ်သခင်တွေမှ မရှိတာ။ ဘယ်လိုလုပ်ပြီး ထွက်သွားမှာလဲ” ရွှယ့်ရှီက ခါးသက်စွာ ပြုံးလိုက်သည်။

ပီယသည် သူမ၏ ကြယ်လွန်ပျံကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်ပြီး “ငါကြယ်မြေပုံလည်း ပျက်စီးနေပြီ။ သုံးလို့ မရတော့ဘူး။ ကြယ်မြေပုံသာမရှိရင် ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး”

လွင့်မျောတိုက်ကြီးမှ လွတ်မြောက်လာသည့် အပျော်လေးများ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရကာ စိတ်ဓါတ်ကျမှုတို့က အစားထိုးဝင်ရောက်လာခဲ့သည်။

“အို၊ ဘာမှမဖြစ်ဘူး။ ငါ့နောက်သာလိုက်ခဲ့။ စီနီယာ ကွေ့ဇူ ငါ့ကို လမ်းပြောပြထားတယ်” ရန်ကိုင်က ပြောလိုက်သည်။

အကုန်လုံး၏ မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားသည်။

ရှန်တုက သင်္ကာမကင်း အမူအရာဖြင့် “ရန်ကိုင်၊ မင်းပြောချင်တာက ကွေ့ဇူက မင်းကို မသတ်တဲ့အပြင် လမ်းတောင် ပြောပြသွားသေးတယ်ပေါ့၊ ဟုတ်လား”

“အင်း” ရန်ကိုင်က အရှက်မရှိ ခေါင်းညိတ်လိုက်သည်။

“ဟတ်၊ သူဘယ်လိုလုပ်ပြီး ဒီလောက် သဘောကောင်းသွားတာလဲ” ရှန်တု မယုံကြည်နိုင်သေး “အဓိပ္ပါယ်မှ မရှိတာ”

“ဘာပဲဖြစ်ဖြစ်၊ အဲ့ဒါက အမှန်ပဲ။ သွားကြရအောင်” ရန်ကိုင်က သူ့ကြယ်လွန်းပျံကိုထုတ်လိုက်သည်။ ချက်ချင်းဆိုသလို ရှန်တုက သူ့ကြယ်လွန်းပျံပေါ် ခုန်တက်လာပြီး အပြုံးဖြင့် “ရန်ကိုင်၊ ငါမင်းအပေါ် အားကိုးမယ်နော်။ ငါ့ကြယ်လွန်းပျံ မရှိတော့လို့”

“ကိစ္စမရှိဘူး”

ဤသို့ဖြင့် လူခြောက်ယောက်သည် ကြယ်လွန်းပျံလေးစီးဖြင့် သေခြင်းတရားချောက်နက်ထဲ လေအလျင်ပမာ စတင် ရွေ့လျားကြတော့သည်။

ရှေ့ဆုံးမှ ဦးဆောင်သွားနေသော ရန်ကိုင်သည် သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်၍ ကြယ်မြေပုံမှတစ်ဆင့် သူတို့၏ တည်နေရာကို လေ့လာကြည့်ရှုနေခဲ့သည်။ ထိုကဲ့သို့ စစ်ဆေးကြည့်လိုက်သည့် အခါမှပဲ ဤကြယ်မြေပုံ မည်မျှ အဖိုးတန်ကြောင်း သူသိသွားခဲ့ရသည်။

အကြောင်းမှာ ဤကြယ်မြေပုံကို အသုံးပြုခြင်းအားဖြင့် သူ့လက်ရှိ တည်နေရာကို အလွယ်တကူ ရှာနိုင်သလို သေခြင်းတရား ချောက်နက်ထဲမှ ပရမ်းပတာအားစက်ကွင်းများ၏ သက်ရောက်ခြင်း မခံရဘဲ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားနိုင်သည့် တိကျသေချာသော နည်းလမ်းတစ်ခုကိုပါ ရှာဖွေနိုင်သောကြောင့်ပင် ဖြစ်သည်။

ခရမ်းကြယ်၏ ကြယ်သခင်ဝူဆော့ ဤကြယ်မြေပုံကို မည်ကဲ့သို့ ရခဲ့မှန်း ရန်ကိုင် မသိသော်လည်း ထိုကြယ်မြေပုံကို လက်ရှိတွင် သူပိုင်နေခဲ့ပြီ။

ဝူဆော့ကိုပင် ကျေးဇူးတင်နေမိသည်။ အကြောင်းမှာ ဝူဆော့သာ သူ့အနီးအနားတွင် မသေသွားခဲ့လျှင် ဤကြယ်မြေပုံကို သူရခဲ့လိမ့်မည် မဟုတ်ချေ။ ထို့အတူ ကြယ်စီရင်စုထဲရှိ ထူးဆန်းအံ့ဩဖွယ်ရာများနှင့် အန္တရာယ်များကိုလည်း သိနိုင်တော့လိမ့်မည် မဟုတ်ပေ။

ဤကြယ်မြေပုံဖြင့် ကြယ်စီရင်စုထဲ သူသွားချင်သည့် နေရာကို သွားနိုင်လေပြီ။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး မရပ်မနား မမောတမ်း စကားပြောနေသော ရှန်တု တစ်ယောက်မှလွဲ၍ အကုန်လုံး ငြိမ်သက်၊ တိတ်ဆိတ်နေခဲ့သည်။ ပီယသည် ရှန်နတုနှင့် သွားစကားပြောသည်။ သို့သော် သူမဘက်မှ စလိုက်သည်နှင့် အဆက်မပြတ် ပေါက်ပေါက်ဖောက်နေသော ရှန်တုအကြောင်း သိလိုက်ရပြီးနောက် တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သွားသလို ရှန်တုနှင့် စကားဆက်မပြောတော့ဘဲ သူ့အား လျစ်လျူသာ ရှုထားလိုက်တော့သည်။

အခက်အခဲများစွာကို ကျော်ဖြတ်လာခဲ့ပြီးနောက် အကုန်လုံးသည် ရန်ကိုင်အား သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်လာကြသည်။ ရန်ကိုင် ချမှတ်သည့် ဆုံးဖြတ်ချက်တိုင်းကို ကန့်ကွက်ခြင်းမရှိဘဲ လိုက်နာကြသည်။

ရန်ကိုင်၏ ဦးဆောင်မှုနောက်မှလိုက်ရင်း သေခြင်းတရား ချောက်နက်ထဲ နှစ်လကြာအောင် ခရီးသွားခဲ့ကြသည်။

ယနေ့တွင် သူတို့ရှေ့ ယခင်နှင့်မတူသော မြင်ကွင်းတစ်ခု ‌ပေါ်လာခဲ့သည်။

ထိုအရာသည် သိပ်သည်းသော ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီး ဖြစ်သည်။ မရေမတွက်နိုင်သော ကြီးမား၊ သေးငယ်သည့် ဂြိုလ်သိမ်ဂြိုလ်မွှားများသည် မမြင်နိုင်သော အားတစ်ရပ်၏ လမ်းညွှန်ရာအတိုင်း အာကာသထဲ စီးမျော့လွင့်နေကြသည်။ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးသည် အလွန်တရာကိုမှ ကျယ်ပြောလှသဖြင့် မည်သည့်နေရာဟာအစ၊ မည်သည့် နေရာဟာ အဆုံးဖြစ်သလဲ ဆိုသည်ကို မပြောနိုင်သည်အထိပင်။

ဧရာမဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးကို မြင်ပြီးနောက် အကုန်လုံး၏ မျက်လုံးများ ဝင်းပသွားခဲ့ကြသည်။

“ငါတို့ ထွက်သွားလို့ရပြီဂ ရှန်တုက ဝမ်းသာအားရ အော်ဟစ်သည် “နောက်ဆုံးတော့ သောက်ကျိုးမပေးတဲ့ နေရာကြီးကနေ ထွက်လာနိုင်ပြီကွ”

“မင်းဘယ်လိုလုပ်ပြီး သိတာလဲ” ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သေခြင်းတရားချောက်နက်ကို ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ကြီး တစ်ခုက ဝိုင်းရံထားတယ်ဆိုတာ လူတိုင်းသိတယ်” ရှန်တုက ပြန်ပြောသည်။

ရန်ကိုင် လှည့်ကြည့်လိုက်ရာ အကုန်လုံး သူ့အား ခေါင်းညိတ်ပြနေသည်ကို တွေ့လိုက်ရသည်။

“ကြည့်ရတာ ငါတစ်ယောက်ပဲ မသိတဲ့ပုံပဲ” ရန်ကိုင်က ရှက်ရှက်ဖြင့် သူ့နှာခေါင်းကို ပွတ်လိုက်သည်။

ရှန်တုက ရယ်ရယ်မောမောဖြင့် ရန်ကိုင်၏ ပခုံးကိုပုတ်ကာ “မင်းလာတဲ့နေရာက သီးခြားခွဲထွက်နေသလို ဖြစ်နေတာကိုး၊ စိတ်မပူနဲ့ အခုစပြီး မင်းဖြည်းဖြည်းချင်း လေ့လာလို့ရပြီ။ လီးပဲ၊ ဒီသောက်သေခြင်းတရားချောက်နက်နားကို ဘယ်တော့မှ ထပ်မလာတော့ဘူး။ ငါ့မှာ သေခါနီးနီးပဲ။ တွေးမိတိုင်း အခုထိ အကြောက်မပြယ်သေးဘူး”

“ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက သခင်လေး တစ်ယောက်က လျူကွေ့ချန်ဖမ်းတား ဘယ်လိုလုပ်ပြီး ခံရတာလဲ။ နင့်အစောင့်တွေကော” ရွှယ့်ရှီက ရုတ်တရက် မေးလိုက်သည်။

“ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက သခင်လေးလား” ပီယက သူမပါးစပ်ကို လက်ဖြင့်အုပ်၍ အလန့်ကြား ဆိုလိုက်သည်။

ရှန်တုက ရွှယ့်ရှီအား တစ်ခဏကြာသည်အထိ ငေးကြောင် ကြည့်လိုက်ပြီးနောက် စပ်ဖြဲဖြဲပြုံးလျက် “ကျုပ်ဘယ်သူမှန်း ခင်ဗျား ဘယ်လိုလုပ်ပြီး သိသွားတာလဲ”

“သိတာမဟုတ်ဘူး။ သံသယဝင်ရုံပဲ။ လွင့်မျောတိုက်ကြီးပေါ်မှာ ရှိနေတုန်းက ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းဆီ သတင်းပို့ပေးလို့ ရန်ကိုင်ကို နင်ပြောခဲ့တယ်လေ။ ပြီးတော့ နင့်ပုံစံက… ဟိုးနှစ်တွေတုန်းက ငါမြင်ခဲ့ဖူးတဲ့ လူကြီး တစ်ယောက်နဲ့ သွားဆင်နေတယ်။ အဲ့စီနီယာနာမည်က အိုင်အောင်ပဲ” ရွှယ့်ရှီက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“အိုင်အောင်။ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်လား” ပီယက အလန့်တကြား ထအော်လျက် ရှန်တုအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ဟဲမြောင်နှင့် ဟဲကျောင်ပင်လျှင် ရှန်တုအား အလန့်တကြား ကြည့်လိုက်ကြသည်။ ရှန်တု၏ နောက်ခံ ထိုမျှကြီးမားမည်ဟု သူမတို့ မထင်ထားခဲ့ချေ။

ထိုလူများ ပြောနေသည်ကို နားထောင်ရင်း ရှန်တုသည် မိသားစုကြီးတစ်ခုမှ လာသည်ဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။

ရှန်တုဆီမှ သိခဲ့ရသည်ကား ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ကြယ်စီရင်စု၏ မဟာအင်အားစုများထဲမှ တစ်ခုဖြစ်ပြီး ခရမ်းကြယ်၊ ဓါးအဖွဲ့အစည်းနှင့် အဆင့်တူတွင် ရှိနေသည်။ သို့သော် ခရမ်းကြယ်၊ ဓါးအဖွဲ့အစည်းတို့နှင့် မတူသည်ကား ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည် စီးပွာရေးကိုသာ အဓိကထားလုပ်ကိုင်သော အင်အားစု တစ်ခု ဖြစ်သည်။ သူတို့၏ လွှမ်းမိုးမှုသည် ကြယ်စီရင်စုကြီးအနှံ့ ပြန့်နေခဲ့ပြီး အရေးပါသော အင်အားစု များစွာနှင့်လည်း အဆက်အသွယ် ရှိကြသည်။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် အရင်းအမြစ် အပေါကြွယ်ဝဆုံး ကြယ်များကို ပိုင်ဆိုင်ထားလေသည်။

“နင်က ခေါင်းဆောင်အိုင်အောင်ရဲ့သားလား” ပီယက ရှန်တုအား အံ့ဩတကြီးဖြင့် ကြည့်လိုက်သည် “နင့်အကြောင်း ဘယ်လိုလုပ်ပြီး တစ်ခါမှ မကြားဖူးရတာလဲ”

“ငါက တရားမဝင်သားလေ။ ဒီတော့ ငါ့နာမည်ကို ဘယ်လိုလုပ်ပြီး လူသိရှင်ကြား ‌ကြေညာမှာလဲ” ရှန်တုက အဓိပ္ပါယ်ပါပါ ပြုံးလျက် “နင်ငါ့အကြောင်း မကြားဖူးတာ သဘာဝပဲ”

ရွှယ့်ရှီက ချောင်းဟန့်၍ မသက်မသာပြုံးလျက် “ခေါင်းဆောင် အိုင်အောင်က အရင်တုန်းက တော်တော်လေး ပွေရှုပ်ခဲ့တာတဲ့။ အပြင်မှာလည်း အချစ်ကြွေးတွေ အများကြီး ချန်ထားခဲ့တာတဲ့”

ပီယက ခါးသက်စွာပြုံးလျက် “နင်သာ သူ့သားဆိုရင် ဘာလို့ စီနီယာလျူကွေ့ချန်ကို သွားမပြောတာလဲ။ သူသာ နင်ဘယ်သူမှန်း သိခဲ့ရင် ဧည့်သည်တော်တစ်ယောက်လို့တောင် ဆက်ဆံဦးမှာ။ စွမ်းအင်ခန်းထဲ ပစ်ထားမှာ မဟုတ်ဘူး”

လျူကွေ့ချန်အကြောင်း ကြားလိုက်သည်နှင့် ရှန်တုက အံတင်းတင်းကြိတ်လျက် “ငါပြောတာပဲ။ သူမှ မယုံတာ။ အစ်ကိုရန်ကြောင့်သာ မဟုတ်ရင် နင်တို့ ခရမ်းကြယ် သင်္ဘောပေါ်မှာ ငါသေသွားရလောက်ပြီ”

အကုန်လုံး၏ အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း ခဏလောက် စဉ်းစားကြည့်ပြီးနောက် ရှန်ုတု၏ စကားကို လျူကွေ့ချန် ဘာကြောင့်မယုံမှန်း သိလိုက်သည်။

ခေါင်းဆောင်အိုင်အောင်သည် သားများစွာရှိသော ကျော်ကြားသည့် လူတစ်ယောက်ဖြစ်သည်။ သူ့သား များစွာကို လူမသိကြချေ။ ထို့ကြောင့် ဘယ်ကမှန်း မသိသော လူငယ်လေး တစ်ယောက်သာ သူ့သားဟုဆိုလာပါက မည်သူမှ ထိုလူအား ယုံလိမ့်မည် မဟုတ်ချေ။ ထိုလူသည် ခေါင်းဆောင်အိုင်အောင်၏ သားဟူသော အဆင့်အတန်းကို ယူသုံးချင်နေသည့် လူတစ်ယောက် ဖြစ်သည်ဟုသာ ထင်မြင်ကြပေလိမ့်မည်။

“မင်းကံက တော်တော်ဆိုးတာပဲ” ရန်ကိုင်က ရှန်တုအား ဂရုဏာသက်စွာ စိုက်ကြည့်လိုက်သည်။

“ငါလည်း ဘာမှမှ မတတ်နိုင်တာ” ရှန်တုက မကျေမနပ်ဖြင့် “ငါဒီမှာ သေသွားခဲ့ရင်တောင် အဲ့လောက်ကြီး အဖြစ်ဆိုးမှာ မဟုတ်ဘူး”

စွမ်းအင်ခန်းထဲ ပစ်ထားခံရသည့် အဖြစ်ကို မကျေမနပ် ဖြစ်နေသည့် ရှန်တုအား ကြည့်ရင်း ဟဲမြောင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ဤသို့ဖြင့် ရန်ကိုင်တို့အဖွဲ့သည် ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးကို စတင် ကျော်ဖြတ်ကြတော့လေသည်။ ရက်အနည်းငယ်ကြာပြီးနောက် အခြားတစ်ဖက်တွင် သူတို့ ပြန်ပေါ်လာခဲ့သည်။

သူတို့ရှေ့ရှိ မြင်ကွင်းသည်လည်း ပြောင်းလဲသွားခဲ့သည်။ ထိုနေရာတွင် ကြယ်များစွာရှိနေခဲ့သည်။ အချို့ကြယ်များသည် အလွန်ကိုမှ ပူပြင်းပြီး အချို့သည် ရေခဲတမျှ အေးစက်နေ၏။ အချို့ကြယ်များသည် အသက်စွမ်းအင်တို့ဖြင့် ပြည့်နေပြီး အချို့သည် ခြောက်ကပ်နေကြသည်။

“ငါတို့ထွက်လာနိုင်ပြီကွ” ရှန်တုက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၂) ခရီးတစ်ထောက်နားရာ

မိုးပြာရောင်အလင်းတန်း လေးခုသည် သေခြင်းတရားချောက်နက် အပြင်ဘက်တွင် ရပ်သွားခဲ့သည်။ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည့် ရန်ကိုင်မှလွဲ၍ အခြားသူများအားလုံးသည် ရင်းနှီးနေသည့် ကြယ်စီရင်စုကြီးကိုကြည့်ရင်း ဝမ်းသာအားရ၊ ပျော်ရွှင်နေကြသည်။

ခဏကြာမှသာ အကုန်လုံး ငြိမ်သက်သွားကြသည်။

“ငါတို့ အခုဘယ်ရောက်နေပြီလဲ” ပီယက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ သေခြင်းတရားချောက်နက်မှ ထွက်လာနိုင်ခဲ့ပြီးမှန်း သိသော်လည်း မည်သည့်နေရာသို့ ရောက်နေသလဲ ဆိုသည်ကိုမူ မသိ ဖြစ်နေခဲ့သည်။

“ဒီနေရာကို ငါသိတယ်။ ဒီနေရာမှာ ငါအဖမ်းခံခဲ့ရတာ။ ဒီကနေ ရေလကြယ်ဆီကို သိပ်မဝေးဘူး။ ကြယ်လွန်းပျံနဲ့သွားမယ်ဆို တစ်လကျော်လောက်ဆို ရပြီ” ရှန်တုက ရှင်းပြလိုက်သည်။

“ရေလကြယ်လား” ရွှယ့်ရှီက တွေးတွေးဆဆဖြင့် “အဲ့လိုဆို အကြမ်းဖျင်းတည်နေရာကို ငါခန့်မှန်းလို့ရပြီ။ ဓါးအဖွဲ့အစည်းရဲ့ ဓါးကြယ်က အဲ့ဘက်မှာ ဖြစ်လောက်တယ်” ရွှယ့်ရှီသည် ကြယ်တာရာကောင်းကင်ထဲသို့ အရပ်မျက်နှာတစ်ခုဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။

“ရေလကြယ်ဆီ လိုက်လည်ကြဦးမလား” ရှန်တုက လူအုပ်ကြီး ဘက်သို့လှည့်၍ ဖိတ်ခေါ်လိုက်သည်။ သေရေးရှင်ရေး အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်လာပြီးနောက် အချင်ချင်း ရဲဘော်ရဲဘက်များနှယ် ခံစားလာခဲ့ကြရသည်။

ရွှယ့်ရှီက ရန်ကိုင်ဆီ လှမ်းကြည့်လိုက်သည်။ သဘောတူချင်သည့် ပုံပင်။ သို့သော် ခဏကြာတွင် ခါးသက်စွာပြုံးလျက် ခေါင်းခါပြီး “မလိုက်တော့ဘူး။ သူတော်စင်ဘုရင်အဆင့် ကြယ်သင်္ဘောနဲ့ လူတစ်ရာကျော် ဆုံးရှုံးသွားတာကို ဓါးအဖွဲ့အစည်းဆီ အမြန်ပြန်ပြီး တင်ပြမှဖြစ်မယ်”

ရှန်တုက ရွှယ့်ရှီအား သနားဂရုဏာအပြည့်ဖြင့် ကြည့်လိုက်ပြီး “ဓါးအဖွဲ့အစည်းမှာ မနေနိုင်တော့တဲ့ တစ်နေ့ ရောက်လာခဲ့ရင် ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းဆီကိုသာလာခဲ့။ ကျုပ်အဆင့်အတန်းက ကျုပ်ညီအစ်ကိုတွေလောက် မမြင့်ဘူး ဆိုပေမယ့် လူအနည်းအကျဉ်းလောက်ကိုတော့ အသာလေး လက်ခံထားလို့ရတယ်”

ရှန်တု ဘာကိုပြောနေမှန်း တစ်ခဏအတွင်း ရန်ကိုင် နားလည်သွားခဲ့သည်။ ရွှယ့်ရှီ ဓါးအဖွဲ့အစည်းဆီသို့ ပြန်ရောက်သွားသည့်အခါ အပြစ်ပေးခံရမည်မှာ သေချာသလောက် ရှိသည်။ ယခုတစ်ကြိမ် သူမ ဦးဆောင်လာသော အဖွဲ့တွင် ဓါးအဖွဲ့အစည်းဘက်မှ အကျအဆုံးများခဲ့ရသည်။ ခေါ်လာခဲ့သူများအနက် သူမနှင့် သူမ၏ တပည့်နှစ်ယောက်သာ အသက်ရှင်ခဲ့သည်။ အရေးကြီးသော ကြယ်ဧကရာဇ် တံဆိပ်ပြားကိုပင်လျှင် ဆုံးရှုံးခဲ့ရသည်။

“အဲ့နေ့ရောက်လာခဲ့ရင် စဉ်းစားကြည့်လိုက်ပါ့မယ်…” ရွှယ့်ရှီက အားတင်းပြုံးလျက် ပြန်ပြောလိုက်သည်။

ထို့နောက် ရန်ကိုင်ဘက်သို့လှည့်လိုက်သည်။ တစ်ခဏတာ ကြောင်ငေးကြည့်နေပြီးနောက် အသာအယာ သက်ပြင်းချလျက် “ရန်ကိုင်၊ အဲ့အကျဉ်းထောင်ဆီကနေ ငါတို့ ဆရာတပည့်တွေကို ပြန်ခေါ်လာပေးလို့ ကျေးဇူးပဲ”

တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ထပ်၍ တိုးတိုးလေး ပြောလိုက်သည် “ပြီးတော့… တောင်းပန်ပါတယ်”

ပြောပြီးသည်နှင့် ဦးညွှတ်လိုက်သည်။ ယခင်က သူမနှင့် ရန်ကိုင်ကြား ဖြစ်ပျက်ခဲ့သည့် ကိစ္စအားလုံးအတွက် ပွင့်ပွင့်လင်းလင်း တောင်းပန်လိုက်လေပြီ။

ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်သည်။

“ငါတို့သုံးယောက် အရင်သွားနှင့်မယ်” ပြောပြီးသည်နှင့် ဓါးအဖွဲ့အစည်းကြယ် ရှိသည့်ဘက်ဆီ ထွက်သွားလေသည်။

“ရန်ကိုင်၊ ဂရုစိုက်နော်။ တစ်နေ့ ပြန်တွေ့ဖို့ မျှော်လင့်တယ်” ဟဲမြောင်က ရန်ကိုင်အား အဆက်မပြတ် လက်ဝှေ့ရမ်းပြနေသည်။

“ဂရုစိုက်” ဟဲကျောင်က ခေါင်းညိတ်ပြသည်။

“နင်တို့လည်း အတူတူပဲ” ရန်ကိုင်က ပြုံး၍ ပြန်လက်ဝှေ့ရမ်းပြ၏။ ထိုသုံးယောက် ကြယ်တာရာကောင်းကင်ထဲ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။

ထိုစဉ် ရှန်တုက “ငါ့ကမ်းလှမ်းချက်ကို သူတို့ လက်မခံပေမယ့် မင်းကတော့ လက်ခံသင့်တယ် ရန်ကိုင်”

“ဘာလို့ လက်မခံရမှာလဲ။ ငါက ကြယ်စီရင်စုထဲ အခုမှ စရောက်ဖူးတာ။ ဘယ်သွားရမှန်း မသိသလို နေရမယ့် နေရာလည်း ရှိသေးတာ မဟုတ်ဘူး” ရန်ကိုင်က ပြုံးဖြီး၍ “မင်းနဲ့ ရေလကြယ်ဆီ လိုက်သွားတာက ငါစဉ်းစားမိတဲ့ အကြံတိုင်းထက် ပိုကောင်းနေသေးတယ်”

“အဲ့လိုဆိုရင်တော့ ငါ့ရန်ကြီးကို ကြိုပြီး ကျေးဇူးတင်ထားရမှာပေါ့။ ရေလကြယ်ဆီသာ ငါ့ဘာသာတစ်ယောက် သွားမယ်ဆိုရင် လမ်းမှာတင် သေသွားချင် သေသွားနေမှာ” ရန်ကိုင်က ဝမ်းသာအားရဖြင့် ပြောလိုက်သည် “သွားကြမယ်”

“ခဏနေဦး” ရန်ကိုင်က ပီယဘက်သို့လှည့်၍ ပြောလိုက်သည် “နင်လည်း ထွက်သွားသင့်တယ်”

“ငါဘယ်ကို သွားရမှာလဲ” ပီယက အံ့အားသင့်တကြီး ပြန်မေးသည်။

“ငါမသိဘူး။ နင်သွားချင်တဲ့နေရာကိုသွား။ ငါ့နောက်မလိုက်ရင် ပြီးရော”

ပီယ၏ မျက်ဝန်းလေးများ တဖျတ်ဖျတ် လက်သွားပြီး ရန်ကိုင်အား ထိတ်လန့်တကြား စိုက်ကြည့်လျက် “ဒီတော့… နင်ပြောချင်တာက ငါလွတ်လပ်သွားပြီပေါ့”

“တိုက်ကြီးပေါ်မှာ ရှိကတည်းက ငါပြောထားပြီးသားလေ။ အဲ့ကနေ ထွက်လာတာနဲ့ ငါတို့ လမ်းခွဲကြမယ်လို့။ နင့်ကို ငါ့နားခေါ်ထားဖို့ အစကတည်းကကို မတွေးထားတာ”

“ဒါဆိုရင် ဘာလို့…” ပီယက ရန်ကိုင်အား စိတ်ရှုပ်စွာ စိုက်ကြည့်လိုက်သည်။ ထိုသို့ဆိုလျှင် ဘာကြောင့်များ သူမ၏ ဝိဥာဉ်အမှတ်အသားကို ယူထားရသနည်း။

“ဒါက ပြစ်ဒဏ်ပဲ။ နင်က အခြားလူတွေနဲ့ မတူဘူး။ နင်နဲ့ ငါကြားမှ ရန်ငြိုးကြီးကြီးမားမားရှိတယ်။ လျူကွေ့ချန်ကို အဲ့မှာသေအောင် ပစ်ထားခဲ့ပေမယ့် နင့်ကိုတော့ ခေါ်ထုတ်လာခဲ့တဲ့အတွက် တန်ဖိုး အနေနဲ့ နင့်ဝိဥာဉ်အမှတ်အသားကို ပြန်ပေးရမယ်” ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြောလိုက်သည် “နောက်ပိုင်း ငါ့ကို ပြဿနာ လာမရှာအောင်၊ ငါ့လျှို့ဝှက်ချက်တွေကို အခြားလူတွေ သိအောင် လျှောက်မပြောအောင်၊ အဲ့ဒါတွေအားလုံးအတွက် ဒါကို ငါသိမ်းထားရမယ်။ နောက်ထပ် နှစ်တစ်ရာလောက် ကြာသွားလို့ ငါစိတ်ကောင်းဝင်ပြီး အဲ့ဒါကို နင့်ဆီ ပြန်ပေးရင်လည်း ပေးနိုင်တာပဲလေ။ ဘယ်သူ ပြောနိုင်မှာလဲ”

ပီယ၏ အမူအရာ ခါးသက်နေခဲ့သည်။ ရန်ကိုင်အား စိုက်ကြည့်နေရင်း သူမ၏ နီစွေးစွေး နှုတ်ခမ်လေးများကို အသာအယာ ကိုက်လျက် “နင်မတော်တဆ သေသွားရင်ရော”

“ငါ့အသက်က ကောင်းကင်ကိုကျော်လွန်ပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှည်လျားပါစေလို့ ထိုင်ပြီး ဆုတောင်းနေပေါ့” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောသည်။

ထိုစကားကို ကြားသည့်အခါ ပီယပြုံးမိသွားပြီး “နင်က တကယ် လောဘကြီးတာပဲနော်… မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် အဲ့ကနေ လွတ်လာတာနဲ့တင် ကံကောင်းနေပြီ။ အဲ့ဒါကို သိပ်ထားချင်တယ် ဆိုရင်လည်း သိမ်းထားလိုက်။ ဒါပေမယ့် အခုလောလောဆယ် ငါ့မှာ သွားစရာနေရာ မရှိသေးဘူး။ ခရမ်းကြယ်ဆီကိုလည်း မပြန်ရဲဘူး… လူတွေအများကြီး သေသွားပြီး ငါတစ်ယောက်တည်း ပြန်သွားရင် ကျိန်းသေ မေးခွန်းထုတ်ခံရမှာ။ သခင်လေးရှန်တု၊ ငါ့ကို နင့်ရဲ့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဆီ မိတ်ဆက်ပေးလို့ရမလား။ အခုလောလောဆယ် ငါက သူတော်စင် တတိယအဆင့်ပဲ ရှိသေးပေမယ့် တိုက်ကြီးပေါ်မှာ ရှိနေတုန်းက လိုအပ်သလောက် စွမ်းအင်တွေကို စုစည်းခဲ့တော့ မကြာခင် သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်တော့မှာ။ ဒီလောက်ဆို ငါ့လိုလူတစ်ယောက်ကို ခေါ်ဖို့ ထိုက်တန်လောက်ပြီမလား”

ရှန်တုက ခဏလောက် စဉ်းစားနေလိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ “သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မယ် ဆိုရင် ငါတို့အဖွဲ့အစည်းက နင့်ကို ပျော်ပျော်ကြီး လက်ခံမှာ”

“ကောင်းလိုက်တာ။ အဲ့လိုဆို နင်နဲ့ ရေလကြယ်ဆီ လိုက်ခဲ့မယ်။ တစ်လကြာ တံခါးပိတ်ကျင့်ကြံပြီးရင် သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မယ်လို့ ငါအာမခံရဲတယ်” ပီယက ပျော်ရွှင်စွာဖြင့် ပြောလိုက်ပြီးနောက် ကလူညုတုတု အကြည့်ဖြင့် ရန်ကိုင်အား မျက်စိမှိတ်ပြလျက် “ဒီအစေခံကို တန်ဖိုးမထားတာ နင့်ရဲ့ ရွေးချယ်မှုပဲ။ နောက်မှ နောင်တမရနဲ့”

“မင်းတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက ဒီလို မိန်းမတစ်ယောက်ကို လက်ခံတယ်လား” ရန်ကိုင် ရှန်တုအား ကြောင်ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ” ရှန်တုက နားမလည်နိုင်သည့် အမူအရာဖြင့် ပြန်မေးသည်။

ရန်ကိုင် ခေါင်းသာခါလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ ပီယ၏ ကျင့်စဉ်သည် ယင်ကိုအားဖြည့်ရန်အတွက် ယန်ကို စုပ်ယူရသော မိစ္ဆာကျင့်စဉ်တစ်မျိုးဖြစ်သည်။ ထိုကဲ့သို့သော မိန်းမ တစ်ယောက်သာ ထုန်းရွှမ်လောကကြီးတွင် ပေါ်လာပါက မျိုးနွယ်စုသုံးခုစလုံး၏ ဘုံရန်သူဖြစ်ကာ အားမကောင်းလာမီ အသတ်ခံရနိုင်ပေသည်။

ထုန်းရွှမ်လောကကြီးတွင် အမှန်တရားဘက်တော်သားများစွာ ရှိသည်မဟုတ်ပေလော။

ပီယသည် ထိုလူများ အရွံရှာဆုံးမိန်းမမျိုး ဖြစ်သည်။

သို့သော်လည်း ရှန်တုသည် ထိုကဲ့သို့သော ကိစ္စအား အရေးမစိုက်မှန်း သိသသာလှသည်။ သူမအား သူ့အဖွဲ့ထဲသို့ပင် ဖိတ်ခေါ်လိုက်သေးသည်။

ကြယ်စီရင်စုကြီးသည် ထုန်းရွှမ်လောကကြီးနှင့် အမှန်တကယ်ကို ကွာခြားပေသည်။ ဤနေရာသည် ကောင်းသည်ဆိုးသည်ကို သိပ်ဂရုမစိုက်ဘဲ အားကြီးသည်၊ အားနည်းသည်ကိုသာ ဂရုစိုက်ကြသည်။

“ဟန့်၊ ငါက ဘယ်လိုမိန်းမမျိုးမို့လို့လဲ” ပီယက ရန်ကိုင်အား မှုတ်သုန်သုန်ဖြင့် ကြည့်လိုက်သည်။ ရန်ကိုင်သည် သူမ၏ လွတ်လပ်မှုကို မချုပ်ချယ်တော့မှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် ယခင်ကကဲ့သို့ နာနာခံခံ မရှိလှတော့ဘဲ ချက်ချင်း စရိုက်ပြလာခဲ့သည်။

“နင့်ကိုယ်နင် ဘယ်လိုမိန်းမမှန်းတောင် မသိဘူးလား” ရန်ကိုင်က ပီယအား စောင့်ငဲ့ကြည့်လိုက်သည်။

“ငါက ယောကျာ်းအများကြီးနဲ့ ဟိုဒင်းလုပ်ခဲ့ မိန်းမဆိုတာ ဟုတ်ပြီထား။ ငါ့ဆန္ဒတွေကို ဘယ်တော့မှ မဖိနှိပ်ထားဘူး။ နင်တို့ ယောကျာ်းတွေ အားလုံးကလည်း အတူတူနဲ့ အနူနူပဲ မဟုတ်ဘူးလား။ မိန်းမတွေကိုပဲ ဘာလို့ ပြောချင်နေတာလဲ” ပီယက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

“ကောင်ပြီ။ သွားကြရအောင်။ ငါရေလကြယ်ဆီပြန်ပြီး မြန်မြန် ပြန်နားချင်နေပြီ” ရှန်တုက ကြားဖြတ်ပြောလိုက်ပြီးနောက် လမ်းညွှန်ပြကာ ရန်ကိုင်အား သွားရန် လောဆော်လိုက်သည်။

လမ်းတစ်လျှောက်လုံး ပီယ၏ ရယ်သံတို့ဖြင့် ညံမစဲ ဖြစ်နေခဲ့သည်။ လှောင်အိမ်ထဲမှ လွတ်လာသော ငှက်တစ်ကောင်နှယ် ပီယ၏ မျက်နှာလေးထက် အပြုံးပန်းတို့ ဝေဝေဆာဆာ ဖူးပွင့်နေဲ့သည်။

သူမ စီးနေသော ကြယ်လွန်းပျံသည် သူစီးနေသည့် ကြယ်လွန်းပျံထက် ပိုမြန်သည်ကို မကြာမီ ရန်ကိုင် သတိပြုမိသွားခဲ့သည်။ ထိုကဲ့သို့ ဖြစ်ရသည့် အကြောင်းမှာ သူ၏ ကြယ်လွန်းပျံသည် ရှန်တုကိုပါ သယ်ထားသည့် အတွက်ကြောင့် မဟုတ်ဘဲ ပီယ၏ ကြယ်လွန်းပျံသည် သူ့ကြယ်လွန်းပျံထက် ပို၍ အဆင့်မြင့်နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရေလကြယ်သို့ ရောက်သည်နှင့် အဆင့်မြင့် ကြယ်လွန်းပျံတစ်စင်းဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ကြယ်လွန်းပျံ အဟောင်းကိုသာ အသုံးပြုနေဦးမည်ဆိုပါက ပျံသန်းရင်းဖြင့် အချိန်များစွာ ကုန်ဆုံးရပေလိမ့်မည်။ ကြယ်လွန်းပျံအသစ်နှင့် ဆိုလျှင် အချိန်အတော်များများ သက်သာသွားနိုင်သည်။

ရေလကြယ် အနီးအနားဝန်းကျင်အကြောင်းကို ရှန်တု ‌ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် ရေလကြယ်ဆီသို့ အခက်အခဲမရှိ မြန်မြန်ဆန်ဆန် ရောက်သွားနိုင်ခဲ့သည်။

တစ်နေ့၊ သိပ်သည်းလှသော မိုးမြေစွမ်းအင်တို့ စီးဆင်းနေသည့် ငါးရောင်ခြယ်တစ်လုံးကို ရန်ကိုင်တို့ မြင်လိုက်ရသည်။

ထိုကြယ်သည် ရှန်တု ပြောပြောနေသည် ရေလကြယ်ဖြစ်မှန်း ရန်ကိုင် နားလည်လိုက်သည်။

ကြယ်တစ်လုံးလုံးကို တိမ်စိုင်တိမ်တိုက် တစ်လွှာက လွှမ်းခြုံထားသည်။ ကြယ်စီရင်စုထဲမှနေ၍ ကြည့်လိုက်မည် ဆိုပါက အမျိုးမျိုးသော ကုန်မြေများ၊ ပင်လယ်သမုဒ္ဒရာများ၊ စုပြုံနေသော အဆောက်အအုံများကိုပင် မြင်နိုင်သည်။ ထိုအဆောက်အအုံများကြား မရေမတွက်နိုင်သော အနက်ရောင် အစက်လေးများ လှုပ်ရှားသွားလာနေခဲ့သည်။

ထိုအနက်ရောင် အစက်လေးများသည် ကျင့်ကြံသူများ ဖြစ်ကြပေသည်။

ထုန်းရွှမ်လောကကြီးမှ ထွက်လာပြီးနောက် ကြယ်စီရင်စုထဲ ဦးတည်ချက်မဲ့သွားလာခဲ့သည်။ သို့သော်လည်း ယခုမှသာ လူသူနေထိုင်သော ကျင့်ကြံရေး ကြယ်တစ်လုံးပေါ်သို့ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်သည်။

ရေလကြယ်သည် သူ့ခရီးလမ်း၏ ပထမဆုံးသော ခရီးတစ်ထောက် နားရာဖြစ်သည်။

ရန်ကိုင် စိတ်လှုပ်ရှားမိသွားသည်။

“အဲ့ဘက်ကိုပျံသွားလိုက်” ရှန်တုက နေရာတစ်ခုဆီ လက်ညိုးထိုး၍ “အဲ့ဘက်မှာ ငါ့နန်းတော်ရှိတယ်”

ရန်ကိုင်လည်း ရှန်တု ပြောသည့်ဘက်ဆီသို့ ပျံသန်းသွားသည်။ ခဏအကြာတွင် ရန်ကိုင်တို့ သုံးယောက်အဖွဲ့သည် ထူပြောသော တိမ်တိုက်များကို ဖြတ်ကျော်၍ ရေလကြယ်ပေါ်သို့ ဆင်းလိုက်ကြသည်။

တိမ်လွှာကြီးကို ဖြတ်ကျော်ပြီးသည်နှင့် ရေလကြယ်ပေါ်ရှိ အားလုံးကို မြင်လိုက်ရသည်။ ရန်ကိုင်သည် တောသား မြို့ရောက်သည့်နှယ် မြင်မြင်သမျှ အရာရာတိုင်းအား အံ့ဩစွာဖြင့် လိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်၏ အပြုအမူကိုမြင်သော် ပီယနှင့် ရှန်တုတို့ နှစ်ယောက်စလုံး ရယ်မောမိသွားကြသည်။ ကောင်းကင်ထက်တွင် မြောက်မြားလှစွာသော အပြာရောင်အလင်းတန်းလေးများ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်။

ထုန်းရွှမ်လောကကြီးနှင့် မတူညီစွာ၊ ဤနေရာတွင် လူတိုင်းလိုလို ကြယ်လွန်းပျံများ ပိုင်ဆိုင်ထားကြသည်။

ရှန်တုသည် ရန်ကိုင်တို့အား ရှေ့ဆုံးမှ ဦးဆောင်ခေါ်သွားသည်။

လမ်းတစ်လျှောက်သည် ကြီးကျယ်ခမ်းနားလှသော မြို့ကြီးများ၊ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အတူယှဉ်တွဲ နေထိုင်ကြသော မျိုးနွယ်စုများစွာကို မြင်ခဲ့ကြရသည်။

လူသားမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စု၊ မွန်းစတားမျိုးနွယ်စုနှင့် မဟာနတ်ဆိုးနတ်ဘုရား၏ မှတ်ဥာဏ်ထဲတွင် မြင်ခဲ့ရသော ဦးချိုမျိုးနွယ်စုများကိုပင် တွေ့ခဲ့ရသည်။ ထိုသည်မှာ အစသာ ရှိသေးသည်။ သူအမည်မဖော်နိုင်သည့် အခြားအခြားသော မျိုးနွယ်စုများစွာလည်း ရှိနေသေးသည်။

ထိုမျိုးနွယ်စုအားလုံးသည် တစ်မျိုးနွယ်နှင့် တစ်မျိုးနွယ် ခိုက်ရန်ဖြစ်ပွား၊ အငြင်းပွားခြင်းမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်နေကြသည်။

“အင်အားစုတစ်ခုတည်းက ကျင့်ကြံရေးကြယ်တွေ အများကြီးကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်တာလဲ” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာစဉ်က တော်ဝင်နယ်မြေတစ်ခုကို အုပ်ချုပ်ရင်းဖြင့် သူ့မှာ လုံးလည်ချာလည် လိုက်ခဲ့ရသည်။ တစ်နေကုန် အလုပ်နှင့်မပြတ် ဖြစ်ခဲ့ရသည့် အခါမျိုးမှာလည်း မနည်း။ ထုန်းရွှမ်လောကကြီး တစ်ခုလုံးကိုသာ စီမံကွပ်ကဲရမည် ဆိုလျှင်ဖြင့်… မည်မျှ ခက်ခဲလိုက်လေမည်နည်း။

အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၃) ငြင်းပယ်ရင် မယဉ်ကျေးရာရောက်မယ်

အင်အားစုတစ်ခု၏ ခေါင်းဆောင်သည် ကျင့်ကြံရေးကြယ် များစွာကို မဆိုထားနှင့် ကျင့်ကြံရေးကြယ်တစ်လုံးကိုပင် မည်ကဲ့သို့ အုပ်ချုပ်သလဲ ဆိုသည်ကို ရန်ကိုင် လုံးဝ မစဉ်းစားနိုင်ချေ။ သူတို့တွင် နားချိန်လေးပင် ရှိလေရဲ့လား။ သူတို့ ဘယ်အချိန် ကျင့်ကြံကြသနည်း။

“အလွှာတွေ၊ အဆင့်တွေနဲ့ အုပ်ချုပ်တာပေါ့ကွ” ရှန်တုက အပြုံးဖြင့် ရှင်းပြလိုက်သည် “အဆင့်မြင့် ရာထူကြီးသမားတွေ ရှိမယ်။ ပြီးရင် အလယ်အလတ်။ နောက်ဆုံး အဆင့်နိမ့်တွေပေါ့။ အဆင့်တစ်ဆင့်ချင်းစီတိုင်းက ကိုယ့်အောက်အဆင့်က လူတွေကို တာဝဣ်ယူရတယ်။ ထိပ်ဆုံးကလူ ဖြစ်နေရုံနဲ့ အကုန်လုံးကို လိုက်ပြီး တာဝန်ယူနေစရာ မလိုဘူး”

ထိုရှင်းပြချက်ကို ကြားလိုက်သည့်အခါ မည်မျှ တုံးအသော မေးခွန်းကို မေးလိုက်မိပြီမှန်း ရန်ကိုင် သိလိုက်သည်။

ထိုကဲ့သို့သော အဆင့်အတန်းမျိုးသို့ သူတစ်ခါမှ မရောက်ဖူးခဲ့သလို ထိုအဆင့်အတန်းမျိုး ရရန်အတွက်လည်း တစ်ကြိမ်တစ်ခါမှ မကြိုးစားဖူးခဲ့ချေ။ ထို့ကြောင့် ထိုကဲ့သို့သော အရာများသည် အပိုကိစ္စများဟု ရန်ကိုင် ထင်သည်။ သို့သော်လည်း လူဆို၍ ဖြစ်လာသည်နှင့် အကုန်လုံးသည် အမြင့်ကိုသာ မျှော်မှန်းကြသူ ချည်းများသာ။ တစ်နည်းဆိုရသော ဤအရာသည်လည်း ထိပ်ဆုံးသို့ ရောက်ရှိနိုင်သော နည်းလမ်းတစ်ခုပင်တည်း။

သားရဲအုပ်ကို ခေါင်းဆောင်တစ်ကောင်က ဦးဆောင်သလို တိုင်းပြည်များကိုလည်း ရှင်ဘုရင်များက အုပ်ချုပ်ကြသည်။ တောင်ထိပ်ပေါ်တွင် ရပ်ခြင်းဖြင့် အောက်ဘက်ရှိ ရှူခင်းများကို ခံစားသက်ဝင်နိုင်သည်လို ကိုယ့်အောက်ခြေရှိ လူများကိုလည်း အမိန့်ပေးခိုင်းစေနိုင်သည်။ သို့သော် ထိုအရာသည် ရန်ကိုင် လိုချင်သည့်အရာမျိုး မဟုတ်ချေ။

တစ်နာရီကြာပြီးနောက် သူတို့ရှေ့ အဆောက်အဦး အုံလိုက်ကြီး ပေါ်လာခဲ့သည်။ ရှန်တုလည်း ရန်ကိုင်အား ထိုနေရာတွင်ဆင်းရန် ပြောလိုက်သည်။

အဆောက်အဦးများသည် သူမြင်ဖူးသည့် အဆောက်အဦးများနှင့် အတော်လေးကိုမှ ကွဲပြားနေခဲ့သည်။ အတော်များများသည် ဧရာမ မိုးမျှော်တိုက်ကြီးများကဲ့သို့ ပုံစံမျိုးဖြစ်ကြကာ မီတာ ထောင်ပေါင်းများစွာ မြင့်မားကြလေသည်။

“ငါတို့ရောက်ပြီ။ ဒီမီတာသုံးထောင်ပတ်လည်က ငါ့ပိုင်နက်ပဲ” ရှန်တုက ကြယ်လွန်းပျံပေါ်မှ ခုန်ဆင်းလိုက်ပြီး လေတဝကြီး ရှူသွင်းလိုက်သည်။

ရန်ကိုင်နှင့် ပီယသည်လည်း ကြယ်လွန်းပျံမှ ဆင်းလိုက်ကြသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ အနီးအနား ဝန်းကျင်တွင် ကျင့်ကြံသူရာပေါင်းများစွာ ရှိသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထိုကျင့်ကြံသူများသည် အမျိုးမျိုးသော ကျင့်ကြံခြင်းများကို ပိုင်ဆိုင်ထားကသည်။ အချို့သည် မသေမျိုးအဆင့်၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွင်သာ ရှိသေကြကာ အစစ်အမှန်ဒြပ်စင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများပင် ရှိကြသည်။ ရွှယ့်ရှီ၊ လျူကွေ့ချန်တို့နှင့် ယှဉ်နိုင်သော အားကောင်းလှသည့် ကျင့်ကြံသူများစွာလည်း ရှိပေသေးသည်။

သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများပင်။

ကြယ်စီရင်စုထဲ ပညာရှင်များစွာ ရှိမှန်း ရန်ကိုင်သိသည်။ သို့သော် ထိုပညာရှင်များသည်ပင် စဦးဒြပ်စင်အဆင့်မှ သူတို့လက်ရှိ ရှိနေသည့် အဆင့်သို့ရောက်အောင် တစ်လှမ်းခြင်း လှမ်းခဲ့ရခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း ဆိုသည်မှာ ပိုပို၍ သန်မာသော ခွန်အားကို ရရှိရန်အတွက် မိမိ၏ အကန့်အသတ်ကို ချိုးဖျက်ရသည့် အဆက်မပြတ် လေ့ကျင့်ယူရသော ဖြစ်စဉ်တစ်မျိုး ဖြစ်သည်။

သို့သော်လည်း မွေးဖွားသည့် ကျင့်ကြံရေးကြယ်မှနေ၍ ကြယ်တာရာကောင်းကင်ထဲသို့ ခရီးသွားရန် အနည်းဆုံး သူတော်စင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ထို့ကြောင့် ကြယ်များထဲ ရန်ကိုင် မြင်ခဲ့သည့်လူများထဲတွင် အားနည်းသူ တစ်ယောက်မှ မပါချေ။

သူတော်စင်အဆင့်အောက်ရှိ လူအားလုံးသည် ကြယ်လွန်းပျံ၏ အကူအညီဖြင့်လျှင် ကြယ်တာရာကောင်းကင်ထဲ မသွားရဲကြချေ။

ကြယ်တာရာကောင်းကင်၏ စွမ်းအားဖြင့် တဒင်္ဂ ထိတွေ့ရုံဖြင့် တစ်ခါတည်း တန်းသေသွားနိုင်ပေသည်။ ထို့ကဲ့သို့သော ကျင့်ကြံသူများဖြင့် ကြယ်သင်္ဘောများဖြင့်သာ ကြယ်တာရာ ကောင်းကင်ထဲ သွားရဲကြသည်။

ရန်ကိုင်တို့သုံးယောက် ရောက်လာသည်ကို အခြားကျင့်ကြံသူများ သတိပြုမိသွားကြသည်။ အနက်ရောင်အဝတ်အစားနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက် အထဲမှ အလျင်အမြန် ထွက်လာခဲ့လေသည်။ သို့သော်လည်း ရှန်တုကို မြင်ပြီးနောက် ထိုလူကြီးက ဝမ်းသာအားရဖြင့် အော်ပြောလိုက်လေသည် “သခင်လေးရှန်တု၊ ပြန်လာပြီလား”

“အင်း၊ ကျုပ်ပြန်လာပြီ” ရှန်တုက ခေါင်းညိတ်၍ စပ်ဖြဲဖြဲ ပြုံးလျက် “ကျုပ်ထွက်သွားတုန်း ဘာတွေဖြစ်သေးလဲ”

သက်လတ်ပိုင်းလူကြီးက ခေါင်းခါ၍ ပြန်ပြောလိုက်သည် “ဘာမှမဖြစ်ဘူး။ တစ်ခုပဲ။ လွန်ခဲ့တဲ့ ခြောက်လတုန်းက ခေါင်းအောင် အိုင်အောင်က သခင်လေးကို လာရှာတယ်။ ဒါပေမယ့် သခင်လေးက ပျောက်နေတော့ ခေါင်းဆောင် ဒေါသပုန်ထသွားတယ်လေ…”

ထိုစကားကို ကြားသည့်အခါ ရှန်တုမျက်နှာ ဖြူလျော်သွားပြီး လည်ပင်းကို ကျုံ့လျက် “အဖျကကျုပ်ကို လာရှာတာလား။ သူဘာပြောသွားလဲ”

သက်လတ်ပိုင်းလူကြီးက ခေါင်းခါ၍ “ဘာမှပြောမသွားဘူး။ ပြန်လာတာနဲ့ သူ့ကို ချက်ချင်း လာတွေ့ဖို့ပဲ ပြောသွားတယ်”

ရှန်တုမျက်နှာ ရှုံ့မဲ့သွားပြီး “သွားပြီ၊ ငါတော့သွားပြီ။ အဖေကျိန်းသေ ငါ့ကို အရေခွံဆုတ်တော့မှာ”

သူတို့နှစ်ယောက် စကားပြောနေသည်ကို ရန်ကိုင်က ဘေးမှ တိတ်တိတ်ဆိတ် လေ့လာနေခဲ့သည်။ သက်လတ်ပိုင်းလူကြီးသည် ရှန်တုကို ကာကွယ်ပေးရန်အတွက် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ခန့်အပ်ထားသော လူများထဲမှ တစ်ယောက် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

သက်လတ်ပိုင်းလူကြီးသည်လည်း ရန်ကိုင်နှင့် ပီယအားတို့ လေ့လာနေခဲ့သည်။ ရန်ကိုင်ကိုတော့ ဘာထူးထူးခြားခြား အမူအရာမှ လုပ်မပြ။ သို့သော် ပီယကို မြင်သည့်အခိုက် သူ့မျက်နှာ မဲ့ရွဲ့သွားခဲ့သည်။

အကြည့်တစ်ချက်နှင့် ပီယမည်ကဲ့သို့သော မိန်းမမှန်း တန်သိသွားသည့်ပုံပင်။ ပီယသည် သူတို့ သခင်လေးကို မြူဆွယ်ထားခြင်း ဖြစ်မည်ဟုလည်း ထင်သွားသည့်ပုံပင်။

“သခင်လေး၊ ဒီနှစ်ယောက်က…” သက်လတ်ပိုင်းလူကြီးက ရန်ကိုင်နှင့် ပီယကို ကြည့်ကာ မေးလိုက်သည်။

“ဟုတ်တယ်။ သူက ရန်ကိုင်” ရန်ကိုင်က ရန်ကိုင်ပခုံးကိုဖက်၍ ရင်းရင်းနှီးနှီး အမူအရာဖြင့် ပြောလိုက်သည် “သူက ကျုပ်အပြင်မှာ တွေ့ခဲ့တဲ့ ကျုပ်ရဲ့ သေဖော်ရှင်ဖက်မိတ်ဆွေ တစ်ယောက်ပဲ။ အင်း၊ ဦးလေး ကျလုံ၊ သူ့ကို ကျုပ်ရဲ့ အသက်ကျေးဇူးရှင်အဖြစ် သဘောထားပေးနော်”

“သခင်လေးရဲ့ အသက်သခင်လား” သက်လတ်ပိုင်းလူကြီး ကြောင်သွားခဲ့သည်။ သို့သော် ဘာမှပြန်မပေးဘဲ လက်သီးသာ ဆုပ်၍ ပြောလိုက်သည် “ကျုပ်တို့ရဲ့ သခင်လေးကို ဂရုစိုက်ပေးတဲ့အတွက် ဒီက ညီငယ်လေးကို ကျေးဇူးအများကြီး တင်ပါတယ်။ သခင်လေးက ငယ်ငယ်တည်းက ခေါင်းမာပြီး ဆိုးသွမ်းတော့ ညီငယ်လေးကို ဒုက္ခအများကြီး ရောက်စေခဲ့မှာပဲ။ ညီငယ်လေးဘက်ကပဲ စိတ်သဘောထားကြီးပေးဖို့ မျှော်လင့်ပါတယ်”

“မဟုတ်ပါဘူး စီနီယာရယ်၊ ရှန်တုနဲ့ ကျုပ်က တစ်ယောက်နဲ့ တစ်ယောက် ကူညီခဲ့တာပါ” ရန်ကိုင်က ပြန်၍ ပြုံးပြလိုက်သည်။

ကျလုံက အသာအယာ ခေါင်းညိတ်လိုက်သည်။

“ဒီအမျိုးသမီးကတော့…” ရှန်တုက ပီယအား လက်ညိုးထိုး၍ “အင်း၊ သူက အစက ခရမ်းကြယ်က ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမယ့် အခု ကျုပ်တို့ ကုန်သွယ်ရေးအဖွဲ့အစည်းထဲ ဝင်ချင်နေတယ်။ သူ့အတွက် စီမံပေးလိုက်ပါဦး ဦးလေးလုံ”

“ခရမ်းကြယ်လား” ကျလုံ မျက်မှောင်ကြုံ့သွားပြီး “သူ့ခွန်အားက နည်းနည်း နိမ့်နေသလိုပဲ…”

“ကျွန်မသာ တံခါးပိတ်ကျင့်ကြံလိုက်ရင် လဝက်အတွင်း သူတော်စင်ဘုရင့်အဆင့်ကို ချိုးဖျက်နိုင်တယ်” ပီယက အလျင်အမြန် ပြန်ပြောလိုက်သည်။

“လဝက်အတွင်း သူတော်စင်ဘုရင်အဆင့်ကို‌ ရောက်မှာလား” ကျလုံ၏ မျက်ခုံးကြောများ တွန့်ကွေးသွားပြီး “သူတော်စင်ဘုရင် အဆင့် ဖြစ်လာရင် ငါတို့ အဖွဲ့အစည်းက နင့်ကို ဝမ်းပန်းတသာနဲ့ ကြိုဆိုမှာ။ အင်း။ နင့်ဘက်က သေချာနေမှတော့ ဒီမှာ ခဏတာ တံခါးပိတ်ကျင့်ကြံလိုက်ပေါ့”

ပြောပြီးသည်နှင့် လက်ခုပ်တီးလိုက်ရာ နန်းတော်ဆီမှ အစောင့် တစ်ယောက်ရောက်လာခဲ့သည်။

“ဒီက မိန်းကလေးကို ကျင့်ကြံရေးအခန်းတစ်ခန်းထဲ လမ်းပြပေးလိုက်။ သူတော်စင်သလင်းကျောက်တွေနဲ့ ဆေးလုံးအချို့ပါ ပေးလိုက်” ကျလုံက ပြောလိုက်သည်။

“ဟုတ်ကဲ့”

“သခင်လေးရှန်တုကို ကျေးဇူးတင်ပါတယ်၊ စီနီယာ ကျလုံကို ကျေးဇူးတင်ပါတယ်” ပီယက ဝမ်းသာအားရဖြင့် ကျော့မော့စွာ ဦးညွှတ်လိုက်သည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ “နောက်မှပြန်တွေ့ကြတာပေါ့”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ပီယ ထွက်သွားပြီးနောက် ရှန်တုက ရန်ကိုင်အား တက်ကြွစွာဖြင့် သူ့နန်းတော်ဆီသို့ ခေါ်သွားလေသည်။ ကျလုံဟုခေါ်သော သက်လတ်ပိုင်းလူကြီးသည် နောက်မှ လိုက်လာခဲ့သည်။

အစောင့်များနှင့် အစေခံများသည်သည် ရှန်တုအား‌ တွေ့သည်နှင့် လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။

“ရန်ကိုင်၊ ငါရေမိုးချိုးပြီး အဝတ်အစား သွားလဲလိုက်ဦးမယ်။ မင်းလည်း ရေချိုးပြီး အဝတ်အစားလဲလိုက်ဦး။ ပြောချင်တာ တစ်ခုခုရှိရင် နောက်မှ ပြောကြတာပေါ့” နန်းတော်ထဲသို့ ရောက်သည့်အခါ ရှန်တုက ပြောလိုက်သည် “ကိုယ့်အိမ်လို သဘောထားပြီးတော့သာနေ။ အပြင်လူလို့ သဘောမထားနဲ့”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

ရှန်တုက ပြုံးလိုက်ပြီး မိန်းမငယ်လေးနှစ်ယောက်အား ပွေ့ဖက်ကာ စပ်ဖြဲဖြဲပြုံးလျက် အတွင်းပိုင်းထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။

“သခင်လေး၊ ဒီဘက် ကြွပေးပါ” လှပကျက်သရေရှိသော နောက်ထပ် မိန်းမလှလေး တစ်ယောက် ရောက်လာပြီး ရန်ကိုင်အား သူမနောက် လိုက်လာရန် အချက်ပြလိုက်သည်။

ရန်ကိုင်လည်း ထိုမိန်းကလေးနောက် လိုက်သွားလေသည်။

သူသည် အိုင်အောင်၏ တရားမဝင်သား ဖြစ်သည့်အတွက် သူ့တည်ရှိမှုကို လူသိရှင်ကြား ချမပြဟု ရှန်တုမှ ပြောခဲ့သော်ငြား သူပိုင်ဆိုင်သည့်‌ နေရာအကျယ်အဝန်းကို ကြည့်လျှင် ခေါင်းဆောင် အိုင်အောင်သည် သူ့သားကို အတော်လေး တန်ဖိုးထားမှန်း ရန်ကိုင်သိလိုက်သည်။

ထို့ကြောင့်သာမဟုတ်လျှင် ဤနန်းတော်တွင် သူတော်စင်ဘုရင် အဆင့် အစောင့်များ ရှိနေလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရှန်တုသည်လည်း မိုင်သုံးထောင် နယ်မြေတစ်ခုအား အပိုင်စား ရထားလိမ့်မည် မဟုတ်ချေ။

အခြားလူများကိစ္စကို ရန်ကိုင် သိပ်စိတ်မဝင်စားလှ။ ထို့ကြောင့် အစေခံမလေး လမ်းပြသည့်အတိုင်းသာ လိုက်သွားလိုက်သည်။

အခန်းထဲတွင် ထွင်းဖောက်မြင်နိုင်သော ပန်းရောင် လိုက်ကာများ ချထားသည့် ကုတင်ကြီးတစ်လုံး ရှိနေခဲ့သည်။

အခန်းတစ်ခန်းလုံး ပန်းပေါင်းစုံတို့ဖြင့် ပြည့်နေပြီး လှမ်းလှမ်းတွင် ကျောက်ဖြူသားဖြင့် ထုလုပ်ထားသော ရေကန်ကြီးတစ်ကန် ရှိနေခဲ့သည်။ ရေကန်ကြီးတစ်ခုလုံးက ရေနွေးများဖြင့် ဖြည့်ထားကာ ကန်မျက်နှာဖြူထက် ပါးလျလျ မြူခိုးလေးများ ရစ်သိုင်းနေခဲ့သည်။

ရောင်စုံပန်းပွင့်ချပ်တို့သည် ရေကန်မျက်နှာပြင်ထက် မျောနေပြီး ဖော်လွန်းသော ညအိပ်ဝတ်ရုံကဲ့သို့ အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးလှလှလေးများလည်း ရှိနေခဲ့သည်။ ရန်ကိုင် ဝင်လာသည့်ကိုမြင်သည့်အခါ ထိုအမျိုးသမီးအားလုံးသည် ပြုံးကာ ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်လိုက်ကြသည်။

ဖြူလွလွ မြူခိုးလေးများကြောင့် သူမတို့၏ အလှမှာ တစ်မူးထူး၍ စွဲမက်ဖွယ်ကောင်းနေခဲ့သည်။

ထိုဖြူလွလွ ရေမြူခိုးငွေ့များကြောင့် ထိုအမျိုးသမီးများ ဝတ်ဆင်ထားသည့် ပါးလျလွန်းလှသော အဝတ်အစားများသည် ခန္ဓာကိုယ်နှင့် ကပ်နေခဲ့ပြီး အံ့ဩဖွယ်ကောင်းလှသော သူမတို့၏ ခန္ဓာကိုယ်ကောက်ကြောင်းများကို အထင်သား ပေါ်နေစေခဲ့သည်။

အထဲသို့ ဝင်လာချင်းချင်း ထိုကဲ့သို့ မြင်ကွင်းကို မြင်ရမည်ဟု မထင်ထားသဖြင့် ရန်ကိုင်လည်း ကြောင်သွားခဲ့ရသည်။ နှလုံးခုန်သံ မဆိုသလောက်ကလေး မြန်ဆန်လာခဲ့ပြီး အသက်ရှူသံဟာလည်း အနည်းငယ် လေးလံနှေးကွေးလာခဲ့ရ၏။

အမျိုးသမီးအားလုံးသည် အသက်ငယ်ငယ်လေးများသာ ဖြစ်ကြပြီး အကုန်လုံးသည် ပြီးပြည့်စုံသော ပန်းဆီရောင် မဆိုသလောက် သန်းနေသည့် နှင်းဖြူရောင် အသားအရေများကို ပိုင်ဆိုင်ထားကြသည်။ ရုပ်ရည်ရူပကာမှာလည်း အပြစ်ဆိုဖွယ်ရာ မရှိ။ သူမတို့၏ စွဲမက်ဖွယ်အပြုံးများ၊ ညို့ငင်ဖွယ်ကောင်းလှသော ခန္ဓာကိုယ်ကောက်ကြောင်း အလှတရားများသည် မြင်လိုက်သည့် ယောကျာ်းသားတိုင်းကို ဆွဲဆောင်နိုင်ပေသည်။

ရန်ကိုင်၏ အကြည့်အား အချို့အမျိုးသမီးများသည် ရဲရဲပင် ပြန်၍ ကြည့်လိုက်ကြသလို အချို့ကမူ ရှက်သွေးဖြာသွားခဲ့ကြသည်။ အချို့ကမူ သူတို့၏ မဖော်အပ်သော နေရာလေးများကို လက်ဖြင့် အုပ်ကာထားကြသည်။

ငိုးမ ရှန်တုက ဒီလိုဘဝမျိုးမှာ နေနေတာလားဟ

ရန်ကိုင် ရေရွတ်မိလိုက်သည်။

“သခင်လေး အဝတ်တွေကို ဒီအစေခံ ချွတ်ပေးရမလား” ရန်ကိုင်သည် တုတ်တုတ်မျှမလှုပ်ဘဲ နေရာတွင် ငေးကြောင် ရပ်နေသည်ကိုမြင်သော် သူ့အား ဦးဆောင်ခေါ်လာသည့် အစေခံမလေးက မေးလိုက်သည်။

ရန်ကိုင်က ခေါင်းခါ၍ “ဒါတွေကို နင်တို့ သခင်လေး စီစဉ်ထားတာလား”

“ဒီအစေခံ စီစဉ်ပေးထာတာပါ…” အစေခံမလေးက ပြန်ပြောသည် “ဒါပေမယ့် သခင်လေးရှန်ရဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ သခင်လေးကို ဂုဏ်သရေရှိ ဧည့်သည်အဖြစ် သဘောထားကြီး အစေခံတွေကလည်း သခင်လေးကို အကောင်းတကာ့ အ‌ကောင်းဆုံး ပြုစုပေးရမယ်လို့ ညွှန်ကြားထာပါတယ်။ အင်း။ သခင်လေးက ဒီလိုပြုစုမှုမျိုးခံရတဲ့ ဒုတိယလူပဲ”

“အို၊ ဒါဆို ဒီမတိုင်ခင် အခြားတစ်ယောက် ရှိသေးတယ်ပေါ့”

“ဟုတ်ပါတယ်” အစေခံမလေးက ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် သခင်လေး စိတ်ချထားလို့ရါတယ်။ ဒီက ညီအစ်မတွေအားလုံးက အပျိုစင်တွေချည်းပဲ ရှိပါသေးတယ်။ သူတို့ကို ဘယ်သူမှ မထိရသေးပါဘူး။ သခင်လေးရှန်တုရဲ့ ဧည့်သည်ကို ပြုစုရတဲ့ အတွက်လည်း သူတို့လည်း ပျော်နေမှာပါ”

“သူတို့ ဘာလို့ ပျော်တာလဲ” ရန်ကိုင်က ပြန်မေးသည်။

“ဘာလို့လဲဆိုတော့ အကုန်လုံးပေါ်မှာ သခင်လေးရှန်တုရဲ့ ကျေးဇူးကြွေးတွေ ရှိနေတယ်လေ။ အကုန်လုံးက သူတို့ဘာသာ သူတို့ ဒီမှာ အစေခံလာလုပ်ကြတယ်။ တွန်းအားပေးခံရလို့ လာလုပ်တဲ့လူ တစ်ယောက်မှ မပါဘူး။ ဒီအစေခံက သူတို့ အားလုံးရဲ့ သဘောတူညီချက်ကို ရပြီးမှ အခုလို လုပ်ခဲ့တာပါ”

သူ့ရှေ့ရှိ အမျိုးသမီးကို ရန်ကိုင် ပြန်ကြည့်လိုက်သည်။ ယခုမှပဲ အကုန်လုံးသည် တွန့်ဆုတ်တုန့်ဆိုင်းနေခြင်းမျိုး မရှိသည်ကို သတိပြုမိလိုက်သည်။

“သူတို့နဲ့ ပက်သက်ပြီး မကျေနပ်ရင်ပြောနော်၊ သခင်လေး။ သခင်လေး ကြိုက်လောက်မယ့် လူတွေနဲ့ ချက်ချင်း အစားထိုးပေးမယ်”

“မလိုဘူး…” ရန်ကိုင်က ခေါင်းခါလိုက်သည်။

“ဒါဆိုရင်…”

ရန်ကိုင်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြုံးကာ “ကောင်းပြီလေ။ ရှန်တုဘက်မှ ပေးလာပြီဆိုမှတော့ ငါ့ဘက်မှ ငြင်းပယ်ရင် ရိုင်းရာကျသွားမှာပေါ့”

အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၄)

ရေချိုးကန်ထဲရှိ မိန်းမပျိုအားလုံးသည် အတွေ့အကြုံမရှိသော အပျိုစင်လေးများ ဖြစ်ကြသည်။ ယခင်က ကြိုတင် လေ့ကျင့်ထားခြင်းများ ရှိသော်ငြား ပထမဆုံးသော သူတို့၏ တကယ့်တိုက်ပွဲစတင်လာချိန် သူတို့၏ အပြုအမူများသည် ဇာတ်တိုက်ထားသည်နှင့် ဟန်ကိုက်မဖြစ်တော့သည်မှာ သဘာဝင်ပင်။ သို့သော်လည်း ရန်ကိုင်အတွက်ကမူ အေးအေးဆေးဆေးပင်။ ရေချိုးကန်ထဲဝင်ပြီး ကန်ထောင့်ကို ကျောမှီကာ မျက်လုံးပိတ်၍ အေးအေးဆေးဆေး ရေစိမ်နေ၏။ သူဘာသာ ဘာမှလုပ်စရာမလို။ မိန်းမပျိုလေးကများက သူ့ခန္ဓာကိုယ်ကို ဆေးကြောပေးပေလိမ့်မည်။

ရန်ကိုင်အား ခေါ်လာသော အစေခံမိန်းကလေးသည်. ပန်းခြင်းတစ်ခြင်းကို ယူလာကာ ကန်ထဲသို့ ပန်းပွင့်ချပ်များ ကြဲချပေးလျက် ရှင်းပြလိုက်သည် “ဒီဝိဥာဉ်ဖြေသိမ့်ပန်းတွေက လူတစ်ယောက်ရဲ့ စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်ပေးနိုင်သလို ခန္ဓာကိုယ်ကိုလည်း အားကောင်းလာအောင် လုပ်ပေးနိုင်တာ… ပြီးတော့ ဟိုကိစ္စနဲ့ ဟိုဒင်းရဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်တယ်”

ပြောပြီးသည်နှင့် သူမ၏ မျက်နှာတစ်ပြင်လုံး ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့သည်။

ရုတ်တရက် ရန်ကိုင်က သူမအား ကန်ထဲသို့ ဆွဲချလိုက်သဖြင့် ကောင်မလေး အလန့်တကြား ထအော်မိသည်။ သို့သော်လည်း ချက်ချင်းပဲ ပြန်ထလိုက်ပြီး မျက်နှာထက်ရှိ ရေကိုသုတ်၍ ရန်ကိုင်အား ရှက်ရှက်ဖြင့် ကြည့်လိုက်သည်။

အဝတ်အစားများ ခန္ဓာကိုယ်တွင် ကပ်သွားသည်ဖြစ်ရာ ဤနေရာတွင် ရှိနေသော မိန်းကလေး အားလုံးထက် ပိုမို သာလွန်သော မဟာတောင်ထွတ်ကြီးများကို အထင်းသာ ပေါ်လွင်နေစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ဤနေရာရှိ အပျိုစင်မိန်းကလေးများ အပိုင်ဆိုင်သော ရင့်ကျက်၊ ကျက်သရေရှိလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

“နင်က အပျိုစင်မဟုတ်တော့ဘူးလား” ရန်ကိုင်က သူမအား ပြုံးကာမေးိုက်သည်။

အစေခံမလေး၏ မျက်နှာ ရဲသထက်ရဲသွားခဲ့ပြီး ရှက်ရှက်ဖြင့် ခေါင်းညိတ်၍ “ဒီအစေခံက အပျိုမစစ်တော့တဲ့အတွက် သခင်လေးကို ပြုစုမပေးနိုင်တော့ပါဘူး”

“ပြုစုပေးနိုင်နိုင်၊ မနိုင်နိုင် ဘယ်သူက ဂရုစိုက်မှာလဲ။ ငါကပဲ ဆုံးဖြတ်ရမှာ မဟုတ်ဘူးလား”

သူမ၏ မျက်လုံးလေးများ တောက်ပသွားခဲ့ပြီး သူမခန္ဓာကိုယ်မှ အဝတ်အစားများကို အသာအယာ ဖယ်ရှားလျက် ရေထဲသို့ ငုံ့သွားခဲ့သည်။

မကြာမီ ရန်ကိုင်မျက်နှာထက် ကျေနပ်အားရ ပီတီဖြာဝေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

———————————-

ခမ်းနားသောခန်းမတစ်ခုထဲ၊ အမျိုးမျိုးသော တူရိယာ တန်ဆာပလာတို့နှင့်အတူ မိန်းမလလှလေးများသည် သီဆို၊ ကကြိုးဆင်နေခဲ့ကြသည်။

စားပွဲခုံတန်းတစ်လျှောက်တွင် အဖိုးတန် အစားအစာများ၊ အကောင်းစားဝိုင်များ ရှိနေခဲ့ပြီး ရှန်တုနှင့် ရန်ကိုင်သည် ဘေးချင်ယှဉ်ထိုင်လျက် သောက်စားရင်း မိန်းမပျိုလေးက သီဆိုကပြဖျော်ဖြေနေသည်ကို ကြည့်ရှူနေကြသည်။

အစေခံမလေးများသည် အသစ်အသစ်သော စားသောက်ဖွယ်ရာများကို စားပွဲခုံဆီသို့ မကြာခဏ ယူဆောင်လာကြသည်။

ဟင်းအများစုကို ရန်ကိုင်မသိ။ သို့သော် ထိုဟင်းတိုင်းဆီမှ သိပ်သည်းလှသော စွမ်းအင်လှိုင်းများကို အာရုံခံမိသည်။ ထိုအစားသောက်များသည် စားချင်စိတ်ကို ပြည့်စေရုံမက ကျင့်ကြံခြင်းကိုလည်း အားဖြည့်ပေးနိုင်ပေသည်။

ရန်ကိုင်သည် ဟိတ်ကြီးဟန်ကြီး လုပ်မနေဘဲ ပေါ့ပေါ့ပါးပါး အမူအရာဖြင့် သောက်စားနေခဲ့သည်။

ကျလုံဟူသော သက်လတ်ပိုင်းလူကြီးသည် ခမ်းလှမ်းလှမ်းနေ၍ ရန်ကိုင်ကို လေ့လာစောင့်ကြည့်နေခဲ့သည်။ သူတို့သခင်လေး၏ ပြောဆိုဆက်ဆံပုံကိုကြည့်ရင်း ရှန်တုသည် ထိုသူတော်စင် ဒုတိယအဆင့် လူငယ်လေးကို အလွန်တန်ဖိုးထားမှန်း ကျလုံ နားလည်လိုက်သည်။

ထိုလူငယ်လေးသည် မည်ကဲ့သို့သော အရည်အချင်းကို ပိုင်ဆိုင်ထားရှသဖြင့် သူတို့ သခင်လေးမှ ထိုလူအား ဤမျှ ကောင်းကောင်းမွန်မွန် ဆက်ဆံနေရသနည်း။

ရန်ကိုင်အား ပြုစုပေးခဲ့သော အစေခံမလေးသည် ရှန်တု၏ နားနားသို့ကပ်၍ စကားအချို့ကို တိုးတိုးလေး ပြောသွားသည်။ ထို့နောက် ရန်ကိုင်အား ရှက်ရှက်ဖြင့် လှမ်းကြည့်လိုက်ပြီး နောက်ပြန်ဆုတ်သွားလေသည်။

ရှန်တုလည်း စပ်ဖြဲဖြဲပြုံးသွားပြီး သူ့မျက်နှာထက် အဓိပ္ပါပါသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုကိစ္စကို အစမဖော်ခဲ့။ ရန်ကိုင်ဘက်သို့သာလှည့်၍ မေးလိုက်သည် “ရန်ကိုင်၊ မင်းဘာဆက်လုပ်မယ် စဉ်းစားထားလဲ”

“မစဉ်းစားရသေးဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။

ရန်ကိုင်သည် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြယ်စီရင်စုသို့ ရောက်ဖူးခြင်းဖြစ်မှန်း ရှန်တုသိသည်။ ထို့ကြောင့် သူ့စိတ်ထဲ နောက်ဘာဆက်လုပ်မည်ကို မစဉ်းစားရသေးသည်မှာ ဖြစ်နိုင်၏။

သူသည် ရန်ကိုင်အား ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းထဲသို့ ဖိတ်ခေါ်ရန် ကြံနေခြင်းဖြစ်သည်။

ရေလကြယ်သည် ကြယ်စီရင်စုထဲ ရန်ကိုင် ပထမဆုံးနားသည့် နေရာဖြစ်သည်။ သူနှင့် ရန်ကိုင်သည်လည်း ဆက်ဆံရေးကောင်းသည်။ ထို့ကြောင့် ရန်ကိုင်သာ ဤနေရာ၌ ကြာကြာနေပါက သူ့အား ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲသို့ ဝင်ရန် ဆွဲဆောင်ကောင်း ဆွဲဆောင်နိုင်၏။

အခက်အခဲများစွာကို အတူတူ ရင်ဆိုင်လာခဲ့ရပြီးနောက် ရန်ကိုင်၏ ပါရမီနှင့် အလားအလာကို ရှန်တု ကောင်းကောင်း သိသွားခဲ့လေပြီ။ ရန်ကိုင်သော မဝေးတော့သော အနာဂတ်တွင် ကြောက်မက်ဖွယ်ရာ ပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

“အဲ့လိုဆိုမှတော့ ဒီလောက်ကြီး လောမနေနဲ့ဦး။ ငါနဲ့ဒီမှာ အတူနေလို့ရတယ်။ မင်းလုပ်ချင်တာ စဉ်းစားမိလို့ရှိရင် ငါ့ကိုလာပြောပေါ့” ရှန်တုက သူ့အား ပွင့်ပွင့်လင်းလင်းကြီး သွားဖိတ်ခေါ်မခေါ်ခဲ့ဘဲ ရန်ကိုင်ကိုသာ ဆုံးဖြတ်ချက် ချစေသည်။ တကယ်တော့ ရန်ကိုင်အား လက်အောက်ငယ်သွား တစ်ယောက်အဖြစ် သွားဆက်ဆံ၍ မရချေ။

“အင်း။ စဉ်းစားမိရင် ငါမင်းကိုပြောမယ်” ရန်ကိုင်က ပြုံးလိုက်ပြီး ကပြဖျော်ဖြေနေကြသော မိန်းမလှလေးများကို ဆက်ကြည့်သည်။

အချိန်အတောလေး ကြာသွားပြီးနောက် နှစ်ယောက်စလုံး ဗိုက်ပြည့်သွားခဲ့ကြလေပြီ။ ရှန်သည် ယိုင်တိယိုင်တိုင်ဖြင့် သူ့အခန်းဆီသို့ ပြန်သွားသည် ရန်ကိုင်သည် အစေခံမလေး တစ်ယောက်၏ ဦးဆောင်မှုဖြင့် သူ့အခန်းဆီသို့ ပြန်သွားသည်။

အခန်းသည် အတော်လေးကျယ်ပြီး မြေပြင်ထက် မီတာ တစ်ထောင်အမြင့်နီးပါးတွင် တည်ရှိသည်။ အခန်းထဲမှနေ၍ ထွင်းဖောက်မြင်နိုင်သော ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်မည်ဆိုပါက အောက်ဘက်တွင် ရှိနေသော စည်ကားသိုက်မြိုက် လင်းလက်တောက်ပနေသည့် မြို့တော်နှင့် ခေါက်တုံ့ခေါက်ပြန်သွားလာနေသော ကျင့်ကြံသူများကို မြင်နိုင်ပေသည်။ ထိုကဲ့သို့ ကြည့်နေရင်း သူ့ရင်ထဲ အထီးကျန်လာခဲ့သည်။

ဟန်မင်းဆက်မှ ထုန်းရွှမ်လောကကြီးသို့ ရောက်စဉ်က ဤကဲ့သို့ မခံစားခဲ့ရချေ။ အကြောင်းမှာ ဟန်းမင်းဆက်နှင့် ထုန်းရွှမ် လောကကြီးသည် တစ်ခုနှင့်တစ်ခု နီးကပ်နေသောကြောင့် ဖြစ်သည်။

သို့သော် လက်ရှိတွင် သူသည် ကြယ်စီရင်စုထဲ ခရီးနှင်လာခဲ့သည်။ ယခုအချိန်ထိ ထုန်းရွှမ်လောကကြီး မည်သည့်နေရာတွင် ရှိသလဲ ဆိုသည်ကိုပင် မသိချေ။

တစ်ယောက်တည်းရှိနေသည့် အဖော်မဲ့ ခံစားချက်သည် ရန်ကိုင်အား ရုတ်တရက် စိတ်ဓါတ်ငေးငိုင်သွားစေခဲ့သည်။

သူ့စိတ်ထဲ ခံစားချက်မျိုးစုံ၊ ပူပန်စရာမျိုးစုံတို့ဖြင့် ပြည့်နေခဲ့သည်။

ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ကုတင်ဆီသို့ ချက်ချင်း ပြန်သွားကာ တင်ပလင်ခွေထိုင်ချလိုက်သည်။ ထို့နောက် အသိစိတ်ပင်လယ်ထဲသို့ သူ့အသိစိတ်ကို ပို့လွှတ်လိုက်သည်။

အသိစိတ်ပင်လယ်ထဲသို့ ရောက်သည်နှင့် ကြယ်မြေပုံထဲ ကောင်းကင်စိတ်အာရုံကို ပို့လွှတ်ကာ ထုန်းရွှမ်လောကကြီး၏ တည်နေရာကို စတင်ရှာဖွေသည်။

ကြယ်မြေပုံသည် အလွန်တရာကိုမှ အသေးစိတ်ကျသည်။ ကြယ်စီရင်စုထဲတွင် ရှိနေသော ကြယ်အားလုံးနှင့်တကွ အခြားခြားသော အရာများကို ဖော်ပြထားရုံမက ကြယ်များ၏ လှုပ်ရှားပုံကိုပင် ဖော်ပြထားသည်။

ကြယ်မြေပုံထဲ ကြယ်များ တစ်နေရာမှ တစ်နေရာသို့ ရွေ့နေလျှင် ကြယ်စီရင်စုထဲတွင်လည်း ထိုကြယ်များ အမှန်တကယ် ရွေ့နေ၏။

ကြယ်စီရင်စု ဖြစ်ပျက်နေသည့် အရာအားလုံးကို ကြယ်မြေပုံမှ တစ်ဆင့် သိနိုင်သည်။ ထို့ကြောင့် ဤကြယ်မြေပုံကိုသုံးကာ ထုန်းရွှမ်လောကကြီးကို ရှာနိုင်လောက်ပေသည်။

သူ့ကောင်းကင်စိတ်အာရုံသည် ကြယ်တစ်လုံးပြီး တစ်လုံးကို ခုန်ကျော်၍ ထုန်းရွှမ်လောကကြီးမှ သူထွက်လာခဲ့သည့် လမ်းကြောင်းကို ခြေရာကောက်ကြည့်သည်။ တစ်နာရီလောက် ကြိုးစားပြီးနောက် သူ့စိတ်စွမ်းအင် ကုန်ဆုံးသွားသဖြင့် ရန်ကိုင်လည်း ထုန်းရွှမ်လောကကြီးအား ရှာဖွေသည့်အလုပ်ကို ရပ်တန့်ထားလိုက်ရသည်။

အားပြန်ဖြည့်ပြီးသည်နှင့် ထုန်းရွှမ်လောကကြီးအား ပြန်ရှာသည်။ ထိုကဲ့သို့ ထပ်တလဲလဲ လုပ်ခဲ့သည့်တိုင် ထုန်းရွှမ်လောကကြီးကို မရှာတွေ့ခဲ့ချေ။ သို့သော်လည်း ကြယ်စီစုရင်ထဲရှိ ကြယ်များနှင့် အန္တရာယ်သည့် နေရာများစွာအကြောင်းကို တော်တော်လေး သိသွားခဲ့ရသည်မှာ အမြတ်ပင်။

ဤကြယ်မြေပုံကို အထင်သေမိနေမှန်းကိုလည်း သူသိလိုက်၏။ ထပ်တလဲလဲ ရှာဖွေခဲ့သည့်တိုင် ကြယ်မြေပုံတစ်ခုလုံးကို မစူးစမ်းနိုင်သေးချေ။ ကြယ်မြေပုံတစ်ခုလုံးသည် အဆုံးမဲ့သည့်အလား။ ထိုကြယ်မြေပုံအား တစ်ညလုံး စူးစမ်း လေ့လာခဲ့သော်ငြား ကြယ်စီရင်စုကြီးအနည်း အနည်းငယ်သော အစိတ်အပိုင်းကိုသာ လေ့လာနိုင်ခဲ့သည်။

သူ့ခွန်အား မလုံလောက်သေးမှန်း ရန်ကိုင် နားလည်လိုက်သည်။ သူ့ကျင့်ကြံခြင်းသာ ပိုမြင့်ပါက စူးစမ်းလေ့လာနိုင်သည့် အမြန်နှုန်းမှာလည်း ပို၍ မြင့်လာပေလိမ့်မည်။

မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် နေထွက်နေခဲ့လေပြီ။ သူ့ကျင့်ကြံခြင်း မြင့်လာတော့မှသာ ထုန်းရွှမ်လောကကြီးကို ပြန်ရှာရန် စဉ်းစားလိုက်သည်။ ယခုလောလောဆယ်တော့ ထုန်းရွှမ်လောကကြီးအား ရှာမည့်အတွေးကို ဘေးဖယ်ထားရမည်။

သူမျက်လုံးဖွင့်ပြီး မကြာမီ တံခါးခေါက်သံတစ်သံကို ကြားလိုက်ရသည်။ ရန်ကိုင်လည်း ဝင်လာရန် ပြောလိုက်သည်။

တံခါးပွင့်သွားသည့်အခါ သူရင်းနှီးနေသော အစေခံမလေးကို မြင်လိုက်ရသည်။ အစေခံမလေးက ကျော့ရှင်းစွာ ဦးညွှတ်လျက် ပြုံး၍ ပြောလိုက်သည် “သခင်လေးရန်၊ သခင်လေးရှန်တုက သူ့အဖေခေါ်လို့ သွားရမှာမို့လို့ အချိန်တိုအတွင်းတော့ ပြန်လာဖြစ်မှာ မဟုတ်သေးဘူးလို့ ပြောခိုင်းလိုက်ပါတယ်။ သူပြန်လာတာကိုစောင့်ရင်း ဒီမှာ စိတ်ရှိတိုင်း ပေါ့ပေါ့ပါးပါး နေလို့ရပါတယ်လို့လည်း ပြောခိုင်းလိုက်ပါတယ်”

“အင်း၊ ကျုပ်နားလည်ပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

အစေခံမလေးက ချက်ချင်း ထွက်သွားမသေးဘဲ နှုတ်ခမ်းလေးကို ကွေ့လျက် ရှက်တစ်ဝက်၊ တောင့်တစ်တစ်ဝက် အမူအရာမျိုးဖြင့် “သခင်လေးရန်၊ အခြားတောင်းဆိုချင်တာများ ရှိသေးလား”

သူမ ဘာပြောချင်နေလဲ သိသာလှသည်။

“အခုလောလောဆယ်တော့ မရှိသေးဘူး၊ နောက်လိုရင် ခေါ်လိုက်မယ်” ရန်ကိုင်က ပြန်ပြုံးပြလိုက်သည်။

အစေခံမလေး၏မျက်နှာ ရှက်သွေးဖြာသွားခဲ့ပြီး အသာအယာ ခေါင်းညိတ်လျက် တံခါးကိုပြန်ပိတ်သွားသည်။

သူမထွက်သွားပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။

ရှန်တု မရှိတော့သဖြင့် သူလည်း ဘာလုပ်ရ ဘာကိုင်ရမှန်း မသိတော့ချေ။ ဦးတည်ရာမဲ့ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည့် ခံစားချက်မျိုးကို ရန်ကိုင် မုန်းသည်။

ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံ ပစ်ထည့်၍ အားပြန်ဖြည့်လိုက်သည်။ ခဏအကြာတွင် သူလုပ်ဖို့ရည်ရွယ်ထားသည့် ကိစ္စတစ်ခုကို ရုတ်တရက် မှတ်မိလိုက်သည်။ ကြယ်လွန်းပျံအသစ် ဝယ်ရန်ပင်။

သူလက်ရှိသုံးနေသော ကြယ်လွန်းပျံကို လီရုန်နှင့်အတူ ကြယ်တာရာကောင်းကင်ထဲတွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ဤကြယ်လွန်းပျံသည် ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က ကောင်းကောင်း အစွမ်းပြနိုင်ခဲ့သော်လည်း ကြယ်စီရင်စုထဲ ရောက်လာသည့်အခါ အစွယ်ကျိုးနေသည့် မြွေတစ်ကောင် ဖြစ်သွားရသည်။ ပီယတွင်ပင် သူ့ထက်ပိုကောင်းသော ကြယ်လွန်းပျံ ရှိပေသည်။

ထို့အပြင် အဖိုးတန်သတ္တိအချို့လည်း ဝယ်ရပေဦးမည်။

ထိုအနက်ရောင်ကျောက်တုံး နှစ်တုံးကို ကောင်းကောင်း ပျိုးထောင်ရန် ၊တစ်နေ့ကျ ထိုကျောက်တုံးနှစ်တုံးသည် သူ့အား ကြီးကြီးမားမား အံ့အားသင့်စေလိမ့်မည် ဖြစ်ကြောင်း ကွေ့ဇူ သူ့အား ပြောပြသွားခဲ့သည်။

ထိုကျောက်တုံးနှစ်တုံးကို ပျိုးထောင်ရန်အတွက် အဆင့်မြင့် သတ္တုများကို လိုအပ်ပေသည်။

အနက်ရောင်ကျောက်တုံးက မည်သည့်အရာများ ဖြစ်သလဲ ဆိုသည်ကို ကွေ့ဇူအား မမေးလိုက်မိသည့်အပေါ် ရန်ကိုင် နောင်တရနေခဲ့သည်။

နောက်ဆုံးပိုင်းတွင် သူနှင့် ကွေ့ဇူကြားမှ ဆက်ဆံရေးသည် အတော်လေးကိုမှ ကောင်းမွန်သွားခဲ့သည် မဟုတ်ပေလော။ ထို့ကြောင့် ထိုအချိန်မျိုးနွင် သူသိချင်နေသည့် မေးခွန်းကို မေးလိုက်ပါက ကွေ့ဇူက ပြန်ဖြေပေးလောက်သည်။ သို့သော် ထိုစဉ်က ရန်ကိုင်သည် ကြယ်ဧကရာဇ်တံဆိပ်ပြားကြောင့် အလွန်ကိုမှ မှင်သက်နေသဖြင့် ထိုအကြောင်းကို မေ့သွားခဲ့သည်။

လုပ်စရာရှိသည်များကို စဉ်းစားပြီးနောက် ရန်ကိုင် မတ်တပ်ရပ်လိုက်သည်။

မျှော်စင်အောက်သို့ ရောက်လာပြီး ရှန်တု၏ နန်းတော်ထဲမှ ထွက်သွားမည်အပြု၊ ကျလုံဟုသော ကျင့်ကြံသူ ရုတ်တရက် ပေါ်လာပြီး ပြုံးကာ မေးလိုက်သည် “ညီငယ်လေး အပြင်သွားချင်လို့လား”

“အင်း။ တစ်ခုခု ဝယ်ချင်လို့” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“တစ်ခုခု ဝယ်ချင်တာလား” ကျလုံက ရုတ်တရက် ပြုံး၍ “ညီငယ်ဘေး ဘာဝယ်ချင်တာလဲ။ အဆင်ပြေရင် ငါ့ကို ပြောပြပေးလို့ရမလား”

“ပိုကောင်းတဲ့ ကြယ်လွန်းပျံတစ်စင်းနဲ့ သတ္တု နည်းနည်းပါးပါးပေါ့”

“ကြယ်လွန်းပျံတစ်စင်းနဲ့ သတ္တုနည်းနည်းပါးပါးပေါ့” ကျလုံသည် ရန်ကိုင်ဘာကြောင့် သတ္တုများ လိုချင်နေသည် ဆိုသည်ကို မမေးခဲ့ဘဲ ပြန်၍သာ ပြောလိုက်သည် “ညီငယ်လေးက အခုမှ ဒီကိုရောက်ဖူးတာဆိုတော့ ဒီနေရာနဲ့ သိပ်ပြီး ရင်းနှီးဦးမှာ မဟုတ်သေးဘူး။ ခဏလောက် စောင့်ပေးပါလား။ ညီငယ်လေး အတွက် တစ်ယောက်ယောက် စီစဉ်ပေးလိုက်မယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ဝမ်းသာသွားပြီး “အဲ့လိုဆိုရင် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

ကျလုံကြောင့် သူစိုးရိမ်နေသည့် ကိစ္စတစ်ခု ရှင်းသွားလေပြီ။

“ညီငယ်လေးက အရမ်း ယညဉ်ကျေးတာပဲ။ သခင်လေးရှန်တုက သူထွက်မသွားခင် သခင်လေးရန် တောင်းဆိုသမျှ အတတ်နိုင်ဆုံး ဖြည်ဆည်းပေးဖို့ ‌ေ ပြသွားတယ်လေ” ပြောပြီးသည်နှင့် ဆက်သွယ်ရေး မှော်ရတနာတစ်ခုကို ထုတ်ယူ၍ အထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်သည်။

ခဏအကြာ၌ ထိုသံလိုက်အိမ်မြောင်ပုံစံ မှော်ရတနာကို ပြန်ရုတ်သိမ်းလိုက်ပြီး ရန်ကိုင်အား ပြုံးကာပြောလိုက်သည် “ခဏလောက်စောင့်နော်၊ ခဏကြာရင် တစ်ယောက်ယောက် ရောက်လာလိမ့်မယ်”

ရန်ကိုင် ခေါင်းညိတ်ပြီး စောင့်နေလိုက်သည်။

ခဏအကြာတွင် သူတို့ဆီသို့ လူတစ်ယောက် ပျံသန်းရောက်ရှိလာပြီး ရန်ကိုင်နှင့် ကျလုံရှေ့ ဆင်းကာ မျက်ခုံးပင့်၍ မေးလိုက်သည် “တစ်ခုခု လိုလို့လား”

ထိုလူတစ်ကိုယ်လုံး ကြက်သွားအဖုအထစ်များနှင့် ဖြစ်၍ အရိုင်းဆန်ကာ သားရဲဆန်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ မျက်နှာထက်ပေါက်နေသော ထူလပြစ်ခဲနေသည့် ပါးသိုင်းမွှေးများသည် သူ့အား ခြင်္သေတစ်ကောင်နှင့် တူသွားစေသည်။

မွန်းစတားမျိုးနွယ်စုဝင်လား ထိုလူ၏ ပုံပန်းသွင်ပြင်နှင့် စွမ်းအင် အရှိန်အဝါအရ ထိုလူ မည်သည့်မျိုးနွယ်စုမှဖြစ်မှန်း ရန်ကိုင် ချက်ချင်းတန်းသိလိုက်သည်။

အကြောင်းမှာ သူ့ဆီမှ သိပ်သည်းလှသော မွန်းစတားမျိုးများ ဖြာထွက်နေသောကြောင့် ဖြစ်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၃၅)

ရှန်တု၏ နန်းတော်အပြင်ဘက်၊ ကျလုံက ရန်ကိုင်ကို လက်ညိုးထိုး၍ ပြောလိုက်သည် “သခင်လေးရန်က တစ်ခုခု ဝယ်ချင်လို့တဲ့။ သူသွားချင်တဲ့နေရာ လိုက်ပို့ပေးလိုက်”

“သခင်လေးရှန်တုရဲ့ ဧည့်သည်လား” မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်က ရန်ကိုင်ဘက်သို့လှည့်၍ အသာအယာ ခေါင်းညိတ်လိုက်သည် “ပြဿနာမရှိဘူး”

ရန်ကိုင်အကြောင်း သူသိပြီးသားပုံပင်။ တကယ်တော့ ရှန်တုသည် သူ့နန်းတော်ဆီသို့ လူခေါ်လာခဲသည် မဟုတ်ပေလော။ သူခေါ်လာသည့် လူတိုင်းဟာလည်း အဖိုးတန် ဧည့်သည်များ ဖြစ်ကြပေသည်။

“ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့” မွန်းစတားမျိုးနွယ်စုမှလူက ပြောလိုက်သည်။

“ကြိုပြီး ကျေးဇူးတင်ထားရပါစေ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။

ဤသို့ဖြင့် နှစ်ယောက်သား ရှန်တုနန်းတော်မှ ထွက်သွားကြသည်။ လမ်းတွင် ရန်ကိုင်က အရင်စမေးလိုက်သည် “ဒီက မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ”

ဤမွန်းစတားမျိုးနွယ်စုဝင် ပညာရှင်သည် သူတော်စင်ဘုရင် တစ်ယောက် ကျိန်းသေ ဖြစ်ရပေမည်။ မဟုတ်လျှင် သူ့ဆီမှ ဖိအားခံစားရမည်ဟုတ်။ သူတော်စင်ဘုရင်အဆင့်နှင့် အထက်များသည်သာ ရန်ကိုင်အား ဖိအားခံစားရစေသည်။

သို့သော် သူသည် ရှန်တု၏ လက်အောက်ငယ်သား ဖြစ်သဖြင့် သူ့အား မိတ်ဆွေဟု ခေါ်သည်မှာ ရိုင်းပြရာမကျချေ။

“သခင်လေးရန်က အရမ်းယဉ်ကျေးနေတာပဲ။ ကျုပ်ကို ရွှယ့်ထုန်လို့ ခေါ်လို့ရပါတယ်”

“ရွှယ့်ထုန်” ရန်ကိုင်က မျက်လုံးပင့်လိုက်ပြီး “ခင်းဗျား ဘယ်မွန်းစတားမျိုးနွယ်စုကနေ ဆင်းသက်လာတာလဲ”

“မျက်လုံးနီအမွှေးရှည်ခြင်္သေ့” ရွှယ့်တုန်က ပြန်ရှင်းပြသည်။

ရွှယ့်ထုန်န်၏ မျက်လုံးများ အနည်းငယ် နီနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ သို့သော် လူပုံစံဖြင့် ရှိနေသဖြင့် ထိုကဲ့သို့ နီရုံလေးနီနေခြင်းသာ ဖြစ်သည်။ သားရဲအသွင်သို့ ပြောင်းပါက သူ့မျက်လုံးများသည် သွေးကဲသို့ ရဲရဲတောက် နီးသွားပေမည်။ သူ့ခွန်အားသည်လည်း တစ်ဟုန်ထိုး မြင့်တက်သွားပေလိမ့်မည်။

“မင်းက လူသားမျိုးနွယ်စုပဲဟာ။ ဘာလို့ မင်းဆီကနေ မွန်းစတားချီကို ခံစားမိနေတာလဲ…” ရွှယ့်ထုန်န်က ရန်ကိုင်အား မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး “ပြီးတော့ မင်းရဲ့ သွေးမျိုးဆက်က အရမ်း သန့်စင်လွန်းတယ်။ ရှင်းရှင်းပြောရင် ငါ့ထက်တောင် ပိုပြီး အဆင့်မြင့်သေးတယ်။ မွန်းစတားဧကရာဇ် တစ်ယောက်နီးနီးပါပဲ။ ငါတို့ မွန်းစတားမျိုးနွယ်စုနဲ့ ပက်သက်တဲ့ ကံကောင်းမှု တစ်ခုခုများ မင်းကြုံတွေ့ခဲ့တာလား”

“အင်း။ အဲ့လိုပြောလို့ရတယ်” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။

သူ့ကိုယ်ပေါ်ရှိ ရွှေနဂါးနှင့် ရေခဲဖီးနစ်တက်တူးများတွင် မွန်းစတားချီ အရှိန်အဝါများ ပါဝင်နေသဖြင့် သူ့ဆီမှ မွန်းစတားချီ အရိပ်အယောင်ကို ရွှယ့်ထုန် ခံစားမိသည်မှာ အထူးအဆန်း မဟုတ်ချေ။ ထို့အပြင် ရွှေနဂါးနှင့် ရေခဲဖီးနစ်သည် ကြယ်စီရင်စုကြီး တစ်ခုလုံးထဲရှိ မွန်းစတားမျိုးနွယ်စုများကို ထည့်တွက်လျှင်ပင် ထိပ်ခေါင်းများ ဖြစ်ကြသည်။

ရွှယ့်ထုန်သည် ဘာမှဆက်မပြောတော့။ သို့သော် ရန်ကိုင်ဆီမှ မွန်းစတားချီအရှိန်အဝါကို အာရုံခံမိလိုက်သည့် အတွက်ကြောင့်လား မသိရာ၊ သူ့သဘောထားသည် ပို၍ ဖော်ရွေလာခဲ့သည်။

ခဏအကြာတွင်၊ စိမ်းနုရောင် အလင်းတန်းများ လူးလွန့်သွားလနေသော မြို့ကြီးတစ်မြို့ဆီသို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။ ထိုစိမ်းနုရောင် အလင်းတန်းများသည် ကျင့်ကြံသူများ စီးနေသည့် ကြယ်လွန်းပျံများ ဖြစ်ကြသည်။

ရွှယ့်ထုန်က ရန်ကိုင်နှင့်အတူ ထိုမြို့ဆီ လမ်းလျှောက်သွားပြီး မေးလိုက်သည် “သခင်လေး ဘာဝယ်ချင်တာလဲ”

“ကြယ်လွန်းပျံကောင်းကောင်းတစ်စီးနဲ့ ရှားပါးသတ္တုအချို့ပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ရိုးရိုးလေးပဲ” ရွှယ့်ထုန်က ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည် “ဒီမှာပဲ ဝယ်ချင်လား။ အခြားနေရာမှာ ဝယ်ချင်လား”

“ဘာကွာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ဒီမြို့က ရေလကြယ်ပေါ်မျာ တော်တော်လေးသေတဲ့ မြို့လို့ ပြောလို့၇တယ်။ ဒါကြောင့် ဒီမှာရောင်းတဲ့ ပစ္စည်းတွေကို သိပ်ပြီး အဆင့်မြင့်မှာ မဟုတ်ဘူး။ ဝယ်မယ်ဆို အနည်းဆုံး သူတော်စင် ဘုရင်အဆင့်လောက်ကို ဝယ်ဖို့ အကြံပေးချင်တယ်။ အဲ့လို ကြယ်လွန်းပျံနဲ့သာဆို အချိန်အတော်ကြာတဲ့အထိ နောက်ထပ် တစ်စီးနဲ့ အစားထိုးစရာလိုမှာ မဟုတ်ဘူး”

“အဲ့လိုဆိုရင် သူတော်စင်ဘုရင်အဆင့်ပဲ ဝယ်တာပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆိုရင် ဒီကနေ မိုင်သုံးသောင်းလောက်ဝေးတဲ့ မြို့ဆီ သွားရလိမ့်မယ်”

“နည်းနည်းဝေးတယ်နော်” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်သည်။ ကြယ်လွန်းပျံနှင့် ပျံသွားလျှင် ထိုမြို့ဆီသို့ရောက်ရန် အချိန် အတော်ကြာ ယူရပေလိမ့်မည်။

သို့သော် ရွှယ့်ထုန်ကပြုံးလျက် “သိပ်မဝေးပါဘူး။ ချက်ချင်းတောင် ရောက်အောင် သွားလို့ရတယ်”

ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သို့သော် ဘာမှ ထပ်မမေးဘဲ ရွှယ့်ထုန်နောက်သို့သာ လိုက်သွားခဲ့သည်။

ခဏအကြာတွင် ရန်ကိုင်တို့ အဆောက်အဦးတစ်လုံးရှေ့ ရောက်လာခဲ့သည်။ သို့သော် အထဲသို့မဝင်ခင် အထဲမှ ထူးဆန်းသော စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်ကို သတိပြုမိလိုက်သည်။ ထိုစွမ်းအင်လှိုင်းများကို သေချာ စစ်ဆေးကြည့်လိုက်ရာ ထိုစွမ်းအင်များသည် ဟင်းလင်းပြင် စွမ်းအင်များ ဖြစ်နေမှန်း တွေ့ရှိလိုက်ရသည်။

ဤနေရာတွင် ဘာကြောင့် ဟင်းလင်းပြင်စွမ်းအင် ရှိနေမှန်း ရန်ကိုင် နားမလည်နိုင် ဖြစ်သွားသည်။

အဆောက်အဦး အပြင်ဘက်တွင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အစောင့်များ ရှိနေခဲ့သည်။ ရွှယ့်ထုန် ရောက်လာသည့်အခါ ထိုလူအားလုံး ဦးညွှတ်လိုက်ကြသည်။

ရွှယ့်ထုန်သည် အထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။ ဂိတ်ပေါက်များစွာကို ဖြတ်ကျော်ပြီးနောက် ဟင်းလင်းပြင် စွမ်းအင်များသည် ပိုပို၍ ထင်ရှားလာခဲ့သည်။

အတွင်းအကျဆုံးအခန်းဆီသို့ ရောက်လာသည့်အခါ ရန်ကိုင်၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး အံ့အားသင့်တကြီး ပြောမိလိုက်သည် “ဟင်းလင်းပြင်အစီအရင်လား”

သူ့ရှေ့တွင် လွင့်မျောတိုက်ကြီး၌ ကွေ့ဇူ ဖန်တီးခဲ့သော အစီအရင်နှင့်တူသည် အစီအရင်ကြီးတစ်ခု ရှိနေခဲ့သည်။ ကွာခြားသွားသည်ကား ဤဟင်းလင်းပြင် အစီအရင်သည် ကွေ့ဇူဖန်တီးခဲ့သည့် ဟင်းလင်းပြင် အစီအရင်ထက် ပို၍ အသေးစိတ်ကျခြင်းပင်။

ရန်ကိုင်ရှေ့ရှိ ဟင်းလင်းပြင်အစီအရင်သည် အခြားဘာကိုမှ ထည့်မတွက်လျှင်ပင် အဆင့်မြင့်သည့် ဟင်းလင်းပြင်အစီအရင် တစ်ခုဖြစ်သည်။ အစီအရင်၏ အလယ်ဗဟိုတွင် လေဟာနယ် ဝိဥာဉ်သလင်းကျောက်များဖြင့် ဖုံးအုပ်ထားသည် ကြေးမုံကဲ့သို့ အရာဝတ္ထုတစ်ခု ရှိနေခဲ့သည်။

ထိုကြေးမုံ၏ အောက်ခြေသည် သူတော်စင်သလင်းကျောက်များ ထည့်ရန် ပြင်ဆင်ထားသည့် မြောင်းများ ရှိနေခဲ့သည်။

“ဒါကို သံးလို့၇တာလား” ရန်ကိုင်က ရွှယ့်ထုန်အား မှင်သက်စွာ ကြည့်လိုက်သည်။

“ရတာပေါ့။ ဒီဟင်းလင်းပြင်အစီအရင်ကိုသုံးပြီး အခြားမြို့ဆီ သွားမှာလေ”

“ဟင်းလင်းပြင်အစီအရင်တွေကို ရေးဆွဲတဲ့နည်းလမ်းတွေက ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား” ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့သည်။

“ဟုတ်တယ်။ ဒီဟင်းလင်းပြင် အစီအရင်တွေက ရှေးခေတ်က အကြွင်းအကျန်တွေပဲ။ ဒီလို ဟင်းလင်းပြင် အစီအရင်တွေက ကျင့်ကြံရေးကြယ်တွေပေါ်မှာ အများကြီးပဲ။ ဒီဟင်းလင်းပြင် အစီအရင်တွေကို ဘယ်တုန်းက ဖန်တီးခဲ့တာလဲ ဘယ်သူမသိဘူး။ ဒါပေမယ့် သုံးလို့တော့ရတယ်။ ဟင်းလင်းပြင်တာအို အနည်းအကျဉ်းကို နားလည်ထားတဲ့ မဟာပညာရှင်ကြီးတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီလို ဟင်းလင်းပြင်အစီအရင်မျိုးဆိုတာ ငါတို့လိုလူမျိုးတွေ လုပ်နိုင်တာမျိုး မဟုတ်ဘူးလေ”

သူရှင်းပြသည်ကို နားထောင်ပြီး ဤဟင်းလင်းပြင် အစီအရင်သည် ရှေးခတ်ကတည်းက ကျန်ရစ်ခဲ့သော အမွေအနှစ်တစ်ခုဖြစ်မှန်း ရန်ကိုင် နားလည်လိုက်သည်။

“ဒါရှိနေမှတော့ ကျင့်ကြံရေးကြယ်တစ်ခုနဲ့တစ်ခုကို အလွယ်လေး သွားလို့ရပြီပေါ့” ရန်ကိုင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ ကျင့်ကြံရေး ကြယ်တစ်လုံးနှင့် တစ်လုံးကြား မည်မျှ ဝေးသည်ကို ရန်ကိုင် ကောင်းကောင်းသိသည်။ ကြယ်စီရင်စုကြီးကို ဖြတ်၍သာ သွားလာနေမည်ဆိုပါက အချိန်တော်တော် ကုန်ပေလိမ့်မည်။ သို့သော် ဟင်းလင်းပြင် အစီအရင်ဖြင့်ဆိုပါက မတူညီသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားလေပြီ။ ဟင်းလင်းပြင်အစီအရင်ကို သုံး၍ သွားလာမည်ဆိုပါက အချိန်တစ်ခဏသာ ကြာပေမည်။

ရွှယ့်ထုန်က ကိုးယိုးကားယား ပြုံးလျက် ခေါင်းခါလိုက်ပြီး “အဲ့လိုတော့ မရဘူး။ ဟင်းလင်းပြင်အစီအရင်တွေက အများဆုံးမှ မိုင်တစ်သိန်းလောက်ကိုပဲ ပို့ပေးနိုင်တာ။ ကျင်ကြံရေး ကြယ်တွေပေါ်မှာ ရှိနေတဲ့ ဟင်းလင်းပြင် အစီအရင်တွေက အဲ့ကြယ်ပေါ်မှာရှိနေတဲ့ အခြားနေရာတွေဆီကိုပဲ သွားနိုင်တယ်”

ပြောပြီးသည်နှင့် အဆင့်မြင့်သူတော်စင်သလင်းကျောက် အချို့ကို ထုတ်၍ ကြေးမုံ၏ အောက်ခြေတွင် ရှိနေသော မြောင်းထဲ ထည့်လိုက်သည် “ကျေးဇူးပြုပြီး လိုက်ခဲ့ပါ သခင်လေးရန်”

ရန်ကိုင်လည်း ရွှယ့်ထုန်နှင့် ဘေးချင်းယှဉ် ရပ်လိုက်သည်။

ထို့နောက် ရွှယ့်ထုန်သည် ဟင်းလင်းအစီအရင်ကို အသက်သွင်းလိုက်သည်။ သူတို့ရှေ့ရှိ ကြေးမုံပြင်ထက် တည်ငြိမ်နေသော ကန်ထဲ ခဲတစ်လုံး ကျသွားသည့်နှယ် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူတော်စင်သလင်းကျောက်ထဲရှိ စွမ်းအင်များမှာလည်း အလျင်အမြန် ယုတ်လျော့လာခဲ့သည်။

ခဏအကြာ၌ မှန်ချန်ကွဲကြေသွားခဲ့ပြီး အနက်ရောင်ဝင်‌ပေါက် တစ်ခုပေါ်လာခဲ့သည်။

“သွားကြမယ်” ရွှယ့်ထုန်က အော်ပြောလိုက်ပြီး အထဲသို့ အရင်လှမ်းဝင်သွားလိုက်သည်။ ရန်ကိုင်လည်း သူ့နောက်မှ လိုက်သွားခဲ့သည်။

ဤဟင်းလင်းပြင်ကို အစီအရင်ကို အသုံးပြုရာတွင် လေဟာနယ်ကို ဆုတ်ဖြဲရသကဲ့သို့ မခံစားရချေ။ ဟင်းလင်းပြင် အစီအရင်ကိုသုံးရသည်မှာ အလွန်ကိုမှ ရိုးရှင်းသည်။ အထဲသို့ ဝင်သွားလိုက်သည်နှင့် နောက်တစ်နေရာသို့ ရောက်လာခဲ့သည်။

နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် နောက်ထပ် ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေသည်ကို‌ တွေ့လိုက်ရသည်။ သို့သော် ထိုဟင်းလင်းပြင်အစီအရင်သည် ယခင် ဟင်းလင်းပြင် အစီအရင်နှင့် မတူတော့ချေ။

ဘာတွေ ဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်းပဲ နားလည်သွားခဲ့သည်။ ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် မတူညီသော နေရာနှစ်ခုကို ဆက်ပေးသည့် ယာယီလေဟာနယ်လိုဏ်ခေါင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

ထိုဟင်းလင်းပြင်အစီအရင် အားလုံးသည် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်း၏ အပိုင်များဖြစ်ကြသည်။

ရွှယ့်ထုန်က ပြုံး၍ “ဒီဟင်းလင်းပြင်အစီအရင်တွေက သုံးရ အရမ်းလွယ်တယ်ဆိုပေမယ့် ဘယ်အပြင်လူကမှ အရမ်းကြီး မသုံးကြဘူး

“ဘာလို့လဲ”

“ဟင်းလင်းပြင်က အရမ်း ဆန်းကြယ်လွန်းတယ်။ ဟင်းလင်းပြင် အစီအရင်ကို ထပ်တလဲလဲ အသုံးပြုတာက အန္တရာယ်များတယ်။ ဟင်းလင်းပြင်တာအိုကို မကျွမ်းကျင်တဲ့လူတွေဆိုရင် တစ်လမှ တစ်ကြိမ်လောက်ပဲ သုံးကြတယ်။ အများစုကတော့ ကိုယ့်ဘာသာ ကြယ်လွန်းပျံတွေနဲ့ပဲ သွားကြတယ်”

“ကျုပ်နားလည်ပြီ” ရန်ကိုင်က ပြုံးလိုက်ပြီး “ဒီတော့ ကျုပ်တို့ ဟိုမှာ ဝယ်စရာရှိတာတွေ ဝယ်ပြီးသွားရင် ဒီအတိုင်း ပျံပြီး ပြန်လာမှာပေါ့”

“အသေအချာပဲ” ရွှယ့်ထုန်က ခေါင်းညိတ်လိုက်သည် “သွားကြမယ်။ ကြယ်လွန်းပျံတွေကို သန့်စင်ပေးတဲ့ ဆရာကြီး တစ်ယောက်ဆီ ငါမင်းကိုခေါ်သွားပေးမယ်။ ဒီရေလကြယ် တစ်စင်လုံးက သူ့လက်ရာအကောင်းဆုံးပဲ။ သူ့ဆိုင်မှာ မင်းနဲ့ သင့်တော်မယ့် ကြယ်လွန်းပျံကိုတောင် ရှာတွေ့နိုင်တယ်”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် စိတ်လှုပ်ရှားသွား၏။

ဤမြို့သည် ယခင်မြို့ထက် ပို၍ စည်းကားပေသည်။ လမ်းဘေး တစ်လျှောက်တွင် အမျိုးမျိုးသော ဆိုင်များရှိနေသည်ကို တွေ့ရပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများသည်လည်း မဆုံးနိုင်သော မြစ်တစ်စင်းနှယ် လမ်းမထက် သွားလာနေကြသည်။ ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများကိုပင် သူတွေ့ခဲ့သည်။

ဤနေရာသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ပင်မကြယ်ဖြစ်သည့်အတွက် ကြယ်စီရင်စုကြီးတစ်ခုလုံးက အဓိကကုန်သွယ်ရေးနေရာ တစ်ခုလည်း ဖြစ်ပေသည်။

ကြယ်စီရင်စုကြီးအနှံ့ တည်ရှိနေကြသော အင်အားစုများသည် လိုအပ်သော အရင်းအမြစ်များ၊ အထောက်အပံ့များ ရနိုင်ရန် အတွက် ဤနေရာတွင် ဆိုင်ခန်းများ ဖွင့်ထားကြသည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဆီမှ သူတို့လိုအပ်သည်ကို ဝယ်ယူကြသလို့ သူတို့ဘက်မှ ပြန်ရောင်းသည့် အခါများလည်း ရှိသည်။

မြို့ကြီးများမှ ကြယ်သင်္ဘောများစွာတို့သည် နေ့စဉ်နှင့်အမျှ ရေလကြယ်သို့ လာရောက်ကြသလို ကြယ်တာရာကောင်းကင် ထဲသို့လည်း ထွက်ခွာကြသည်။

ထိုမြင်ကွင်းကိုမြင်ပြီး ရန်ကိုင် အတော့်ကိုမှ အံ့ဩနေခဲ့ရသည်။

ရွှယ့်ထုန်၏ ဦးဆောင်မှုဖြင့် မကြာမီ ရန်ကိုင်သည် အထပ်ပေါင်း များစွာရှိသည့် ဆိုင်တစ်ဆိုင်သို့ ရောက်လာခဲ့သည်။ ဆိုင်ထဲ ဝင်လိုက်သည်နှင့် တစ်ယောက်ယောက်က သူတို့အား လာရောက် ကြိုဆိုနှုတ်ဆက်လေသည် “ဆရာရွှယ့်ထုန်၊ မတွေ့ရတာ ကြာပြီနော်။ သခင်လေး ရှန်တု တစ်ခုခု လိုလို့လား”

ရွှယ့်ထုန်က ခေါင်းခါလိုက်ပြီး “သခင်လေးလေးရှန်တု မဟုတ်ဘူး။ သူ့ဧည့်သည်က ကြယ်လွန်းပျံတစ်စင်းလောက် ဝယ်ချင်လို့တဲ့။ ငါတို့ကို တတိယအထပ်ဆီ ခေါ်သွားပေး”

ဆိုင်ဝန်ထမ်းက ရန်ကိုင်အား တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည် “ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ”

ရန်ကိုင်သည် ဆိုင်ဝန်ထမ်းနောက်မှ လိုက်သွားရင်း ဆိုင်အပြင်အဆင်ကို လေ့လာကြည့်သွားသည်။ ဤဆိုင်သည် ကြယ်လွန်းပျံများကို အထူးသီးသန့်ရောင်းသည့် ဆိုင်ဖြစ်သည့်ပုံပင်။ ကြယ်လွန်းပျံတစ်စင်းချင်းစီတိုင်းကို လူမြင်အောင် ပြသထားပြီး လူပေါင်းများစွာတို့သည် ထိုနေရာတွင် အုံခဲကာ ဆိုင်ဝန်ထမ်းများ အပြန်အလှန် ဈေးဆစ်နေကြသည်။

“ဒီဆိုင်က ငါတို့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ အပိုင်ပဲ။ မင်းလိုချင်တဲ့ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ကြယ်လွန်းပျံတွေက သုံးထပ်မှာရှိတာ။ ပထမအထပ်နဲ့ ဒုတိယ အထပ်က ဟာတွေက သာမန်အဆင့်အောက်တွေပဲ” ရွှယ့်ထုန်က ရှင်းပြလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ဤအောက်ဘက်တွင် ရှိနေသော ကြယ်လွန်းပျံများသ်ည စိတ်ဝိဥာဉ်အဆင့်သာ ရှိသည်ကို ရန်ကိုင် သတိပြုမိသည်။ ထိုကြယ်လွန်းပျံကို ဝယ်ယူနေကြသည့် ကျင့်ကြံသူများမှာလည်း မသေမျိုးအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အနည်းငယ်သာ သူတော်စင်များ ဖြစ်ကြသည်။

စိတ်ဝိဥာဉ်အဆင့် ကြယ်လွန်းပျံများသည် အမြန်နှုန်းတွင်ရော၊ စွမ်းဆောင်မှုပိုင်းတွင်ပါ အနိမ့်ကျဆုံးဖြစ်သည်။ ထိုကဲ့သို့သော ကြယ်လွန်းပျံများဖြင့် ကြယ်တာရာကောင်းကင်ထဲသို့ သွား၍ မရချေ။ ထိုကြယ်လွန်းပျံများသည် ကြယ်တာရာကောင်းကင်၏ အဖျက်စွမ်းအားနှင့် ထိမိသည်နှင့် ပျက်စီးသွားနိုင်ပေသည်။

ဒုတိယအထပ်သည် သူတော်စင်အဆင့် ကြယ်လွန်းပျံများနှင့် ပြည့်နေခဲ့သည်။ ဤအထပ်ရှိ ကြယ်လွန်းပျံများသည် ပထမ အထပ်နှင့် ရန်ကိုင်ပိုင်ဆိုင်ထားသည့် ကြယ်လွန်းပျံထက် ပိုမို အားကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေကြသည်။

ဤအထပ်တွင်လည်း ကျင့်ကြံသူများစွာ ရှိနေခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset