Switch Mode

Chapter – 107

စိန်ခေါ်မှုရွှေ့ဆိုင်းခြင်း

Chapter – 107 စိန်ခေါ်မှုရွှေ့ ဆိုင်းခြင်း

အမှတ် ၁၆ ခြံဝန်း အပြင်ဘက်မှာလည်း လူများစွာ ဟာ ရောက်ရှိနေပြီ ဖြစ်ပြီး ၎င်းတို့ဟာ သတင်းကြားတာနဲ့ ချက် ချင်းပင် ပွဲကြီးပွဲကောင်းအား ကြည့်ရန် လာကြခြင်းဖြစ်ပါ တယ် ။
လူရည်သန့် တစ်ဦးထွက်လာတဲ့အချိန်မှာပဲ ၎င်း၏ ကြည့်ကောင်းလှသော ပုံစံကြောင့် ကောင်မလေးများ၏ အား ပေးသံများကို ချန်ရှန် ကြားလိုက်ရတယ် ။
“အဲဒါ မိုယုဝမ်လေ ၊ အချောဆုံး စာရင်း ထိပ်ဆုံးကလူ ၊ ခုတော့ ငါသူနဲ့ ဆုံနိုင်ပြီပေါ့”
ကောင်မလေး တစ်ယောက် အော်နေတာပါ ။
မိုယုဝမ်ဟာ တည်တည်ငြိ်မ်ငြိမ်ဖြင့် ဆွဲဆောင်မှု ရှိလှ ပါတယ် ။ ကောင်မလေး အများစု၏ အားပေး နှစ်ခြိုက်ခြင်း ကို ခံရရုံမျှမက ထိပ်ဆုံးခြံဝန်း၏ နောက်လိုက်ဖြစ်နေသော် လည်း မာနကြီးပုံ မပေါ်ပါချေ ။
ဒီအချိန်မှာပဲ မိုယုဝမ် နောက်မှ လူတစ်ယောက် ထွက် ပေါ်လာပါတယ် ။ အဆိုပါလူ တခြားလူများကို ကြည့်သည့် အခါ ၎င်း ၏ မျက်လုံးများမှာ အငြိမ်မနေလှချေ ။ စိတ်ကြီး ၀င်နေပုံလည်း ပေါ်လျက်ရှိပြီး သူ၏ မျက်နာမှာ ရိုက်ပစ် ချင် စရာ ကောင်းလှပါတယ် ။
“မြွေမျက်စိဟ”
ရှောင်ဒို အလန့်တကြား အော်လိုက်ပါတယ် ။ ဒီလို လူမျိုး အတွင်းစည်းရဲ့ ပထမအဆင့်မှာ ရှိနေမယ်လို့ မထင် ခဲ့မိလို့ပါပဲ ။
“သေချာ နားထောင်ပါ ။ ငါ့နာမည် ဇူဝိုင်လောင် ၊ ငါ့ကို ခုနကလို မခေါ်ပါနဲ့”
ထိုလူ က အော်ပြောပါတယ် ။ မိုယုဝမ်က ခပ်ဖျော့ ဖျော့ ပြုံးကာ –
“ခင်ဗျားက ချန်ရှန် ထင်တယ် ၊ ကျွန်တော် ခင်ဗျား အကြောင်း တော်တော် များများ ကြားပါတယ် ။ ကျွန်တော် က တော့ အနှေးနဲ့ အမြန် ပြေးရတော့မယ်လို့ တွေးနေတာ ၊ ခုလို မြန်မြန်ကြီး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်မိဘူး ။ ကျွန် တော်တို့ ခင်ဗျားရဲ့ စိန်ခေါ်မှုကို ပျော်ရွှင်စွာ လက်ခံပါ တယ် ၊ အချိန်ကို ရွေးကြတာပေါ့”
မိုယုဝမ် ဟာ လူတိုင်းအမြင်မှာ အတော်မိုက်တဲ့ ဟန်ပန် အမူအရာ ရှိတာပါ ။ ချန်ရှန်လည်း ပြုံးကာဖြင့် –
“ဒီနေ့ က ကောင်းတယ်ဗျ”
ဇုရွန်က လည်း ၀င်ပြောတယ် ။
“စည်းမျဉ်းတွေ ဆွေးနွေးကြစို့ ။ နောက် ငါတို့မှာက ၃ ယောက်ပဲ ရှိတယ်”
မိုယုဝမ်က ရယ်မောကာဖြင့် –
“ခင်ဗျားတို့ အတွက် ကောင်းကျိုးကမရှိနိုင်ဘူး ၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ခြံဝန်းက လူ ၁၀ ယောက် လုံးဟာ ယှဉ်ပြိုင်ကြမှာဖြစ်တယ် ။ လာစိန်ခေါ်တယ့် လူတိုင်းဟာ ဒီလိုပဲ တိုက်ကြရတယ် ။ ခင်ဗျားတို့ ၃ ယောက်ဟာ ကျွန်တော်တို့ ၁၀ ယောက်ကို နိုင်အောင် တိုက်ရမယ် ။ တစ်ယောက်ချင်းပေါ့ ၊ ရှုံးသူက ဆက်ပါဝင် စရာမလိုဘူး”
မိုယုဝမ် ရဲ့ စကားအရ သူဟာ ရန်သူကို အထင်မသေး ပဲ အမြဲ အသင့်အနေအထားရှိနေပုံပါ ။
လူများစွာဟာ တဖွဲဖွဲ ရောက်လာကြတယ်။ ခြံဝန်း၏ အတွင်းကော အပြင်ပါ လူတွေဟာ ပြည့်လို့နေပြီး ထောင် ပေါင်းများစွာသာ လူများဟာ ဆွေးနွေးနေတာကို နားစွင့် နေကြပါတယ် ။ သူတို့အတွက် ဒါဟာ ပွဲကြီးပွဲကောင်းပါ ။ အသစ်ရောက်လာတယ့် ပြိုင်ဘက်ကင်းဂိုဏ်း အတွက် လည်း ယခုလို ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ ထိပ်သီး အတွင်းစည်း နောက်လိုက်များ၏ စွမ်းရည်ကို မြင်ရမယ့် အခွင့်အရေး တစ်ရပ်ပါပဲ ။
စစ်မှန်သော သိုင်းပညာရှင် အချို့ လည်း ရောက်လာ ကြပြီး ၎င်းတို့ဟာ ဟိုဒွန်ဂျင် ခေါ်လာခဲ့တာပဲ ဖြစ်ပါတယ် ။
၃ ယောက် ၁၀ ယောက်တိုက်ပွဲဟာ တကယ်ကို ဆိုးကျိုး များစေမှာပါ ။ လူများစွာဟာ မနိုင်နိ်ုင်ဘူးဟုသာ တွေး နေမိကြတယ် ။ နောက်ပြီး တိုက်ရမယ့် လူများဟာ လည်း အတွင်းစည်းတွင် အတော်ဆုံးလူများ ဖြစ်နေကြပြီး ၎င်းတို့ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ရောက် ရန် လမ်းတ၀က်လောက် ရောက်နေသူများလည်း ဖြစ်ပါ တယ် ။ ချန်ရှန်ဟာ အတွင်းစည်း စစ်ဆေးမှုမှာ မှတ်ကျောက်တင်နိုင်ခဲ့ပေမယ့်လည်း သူ့ကို သိပ်ယုံကြည့် တဲ့လူ မရှိပေ ။ ရှောင်ဒိုဆိုသည်မှာလည်း ကလေး သာသာ ဖြစ်ပြီး ဇုရွန်ကတော့ ကျွဲကြီးနဲ့ပင် တူနေပါသေးတယ် ။
“ကိစ္စ မရှိပါဘူး ။ ကျွန်တော်တို့ အဆင်သင့်ပဲ”
ချန်ရှန် ပြောလိုက်တယ် ။ သူတို့ စည်းမျဉ်းတွေကို အတည်ပြုလိုက်ကြပါပြီ ။
“ကောင်းတယ် ။ အခု စကြစို့”
မိုယုဝမ် စကားဆုံးတဲ့ အချိန်မှာပဲ ခပ်လှမ်းလှမ်းမှ အသံတစ်သံဟာ ထွက်လာတယ် ။
“နေဦး ၊ ငါ ချန်ရှန် ကိုမေးစရာ ရှိသေးတယ် ။ ဒါသာ အမှန် ဖြစ်မယ်ဆို ဒီပွဲကို လုပ်မှာ မဟုတ်သေးဘူး”
ဆရာကြီးဝု ရုတ်တရက် ချန်ရှန် တို့ ရှေ့ မှာ ပေါ်လာပါ တယ် ။
ခုနကသူ့အသံဟာ တစ်ခုခု ထူးခြားနေသလိုပါပဲ ။ သူ့ အသံကို နားထောင်ပြီး လူတိုင်းဟာ ကိစ္စကြီးတစ်ခုခုတော့ ဖြစ်လိမ့်မယ်ဆိုတာကို သိနေကြတယ် ။
“ချန်ရှန် ၊ မင်းသိပ်မကြာခင်တုန်းက နဂါးရတနာသိုက် ကို သွားစုံစမ်းရင်း သားရဲဂိုဏ်းက အတွင်းစည်း နောက် လိုက် ၁၀ ယောက်ကို သတ်လိုက်လား”
ချန်ရှန် အား စိုက်ကြည်ကာ ဆရာကြီး ဝု မေးလိုက်ပါ တယ် ။
“ဟုတ် ပါ တယ်”
ချန်ရှန် အံ့သြမှုနဲ့ အတူ ဖြေလိုက်တယ် ။ ဒီသတင်း ဟာ တကယ်ပဲ ပေါက်ကြားလာလိမ့်မယ်လို့ သူ မထင်ခဲ့ မိဘူး ၊ ဒါပေမယ့် သိပ်တော့ စိုးရိမ်စရာ မဟုတ်ပေ သားရဲ ဂိုဏ်းဘက်မှ အမှားကြောင့်ပါပဲ ။
ဆရာကြီး ဝု ရောက်လာကတည်းက လူအုပ်ကြီးဟာ တိတ်ဆိတ်နေတာဖြစ်ပြီး ယခု သတင်းကို ကြားလိုက်ရတဲ့ အခါမှာတော့ အကုန်လုံး အံ့အားသင့်သွားကြပါတယ် ။ ချန် ရှန် ဟာ တခြားဂိုဏ်းရဲ့ အတွင်းစည်းနောက်လိုက် တွေ ကို သတ်လိုက်တယ် တဲ့ ။ ဒါတင် မက ၁၀ ယောက်တောင်ပါ ။ တော်တော် စိုးရိမ်စရာပါပဲ ။
ဆရာကြီးဝု ခေါင်းညိမ့်ကာဖြင့် ထပ်မေးတယ် ။
“ဒါဆို လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ သားရဲ ဂိုဏ်းက စစ်မှန်သော နောက်လိုက်ကို သတ်လိုက်တယ် ဆိုတာကရော မှန်လား”
ဒီစကားကြားတဲ့အခါမှာ လူတိုင်းရင်ထဲ အတော် တုန် လှုပ်သွားကြပါတယ် ။ မျက်လုံးအပြူးသား ပါးစပ် အဟောင်းသားဖြင့် ချန်ရှန်ကို ကြည့်နေကြတယ် ။
ချန်ရှန်ဟာ စစ်မှန်သော နောက်လိုက်ကို သတ်လိုက် ဆိုတာ စစ်မှန်သော သိုင်းပညာနယ်ပယ်က သိုင်းပညာရှင် ကို သတ်လိုက်တာပါပဲ ။ ချန်ရှန်ရဲ့ ခွန်အားဟာ ဒီလို ပညာ ရှင်မျိုးနဲ့ ယှဉ်လို့ရနေပြီပါတကား ၊ အသက် ၁၇ နှစ်ပဲ ရှိသေးတယ့် လူငယ်တစ်ယောက် က ဘယ်လိုများ ဖြစ်နိုင် ပါမည်နည်း ။
ချန်ရှန် တည်ငြိမ်စွာပင် ခေါင်းညိမ့်လျက် –
“ဟုတ်ပါတယ် ။ သူမ ဒဏ်ရာ ရနေတာကို အခွင့် ကောင်းယူပြီး သတ်လိုက်တာပါ ။ ဒီလိုမှ မဟုတ်ရင် သူမက ကျွန်တော့ကို သတ်မှာလေ ။ ကျွန်တော် ဒီလို လုပ် တာ ဘာမှားလို့လဲ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းက နောက်လိုက်တွေအားလုံးဟာ သားရဲဂိုဏ်က ဘာလုပ်လုပ် ခံရမှာ မို့လို့လား”
လူတိုင်း သက်ပြင်းရှည်ကြီး ချလိုက်ကြတယ် ။ ချန်ရှန် ဟာ ရန်သူ ကို အခွင့်ကောင်းယူုပြီး သတ်ပစ်လိုက်တာ ဖြစ် လို့ပါ ။ ဒီစကားအရ သူဟာ စစ်မှန်သော သိုင်းပညာနယ် ပယ်ကို မရောက်သေးဘူးဆိုတာကို ဖော်ပြလျက် ရှိပါ တယ် ။ ဒါပေမယ့်လည်း တော်တော်တော့ တုန်လှုပ်နေကြ တယ် ။ တခြားဂိုဏ်း၏ စစ်မှန်သော နောက်လိုက်ကို သတ်ခြင်းဟာ စိုးရိမ်စရာ ကိစ္စပါပဲ ။
“ကျွန်တော်သာ ဆိုရင်လည်း ဓားတစ်ချောင်းနဲ့ အကုန် လုံးကိုတောင် သတ်မိမှာ”
ရှောင်ဒို က ၀င်ပြောပါတယ် ။ သူ့စိတ်ထဲ ချန်ရှန် ကို ပင် အားမလို အားမရဖြစ်ကာ စိတ်ထဲမှ သရော်မိတယ် ။
“အကုန်လုံးကို သတ်တာ ကောင်းတယ် ။ ဒီ သားရဲ ဂိုဏ်းက ကောင်တွေဟာ စိတ်ကြီး ၀င်နေကြတာ ၊ ငါတို့ကို တောင် လိုက်တုချင်နေသေး”
ဟိုဒွန်ဂျင် နဲ့ တခြား စစ်မှန်သော ပညာရှင်များဟာ သရော်သလိုဖြင့် ထောက်ခံပေးကြတယ် ။ အများစုဟာ တုန်လှုပ်နေကြတယ် အဘယ်ကြောင့်ဆိုသော် ဒီလို စစ်မှန် သော သိုင်းပညာနယ်ပယ်ဟာ စွမ်းအား ဘယ်လောက် ကြီး ကြောင်း သိကြလို့ပါပဲ ။ အဓိက အံ့အားသင့်တာက တော့ ထိုကဲ့သို့သော ပညာရှင်မျိုးအား မော်တယ် သိုင်း ပညာနယ်ပယ် မှ ကောင်လေးက သတ်လိုက်လို့ပါပဲ ။
“ချန်ရှန် ၊ မင်းလုပ်တာ ဘာကြောင့်လဲ ဆိုတာ ငါသိပါ တယ် ။ မင်း မမှားဘူး ၊ ငါလည်း တော်တော် ဒေါသ ထွက် မိတယ် ။ ဒါပေမယ့် သားရဲဂိုဏ်းဟာ ငါတို့ကို သက်သေခံ ဖို့ တောင်းဆိုနေတယ် ။ ကံဆိုးစွာပဲ ငါတို့မှာ အခု မင်းနဲ့ ပတ် သက်ပြီး ထောက်ခံဖို့ ဘာသက်သေမှ မရှိဘူး ဖြစ်နေတာ ပဲ”
ဆရာကြီး ဝု က ပြောပါတယ် ။ သူဟာ ချန်ရှန် ၎င်းတို့ ကို သတ်ခြင်းဟာ ၎င်းတို့မှ ပြည်သူများအား သားရဲများ၏ အစာအဖြစ် ကျွေးနေလို့ဆိုတာကို သိပါတယ် ။ သူ ဒါကို သိတုန်းကလည်း ဒေါသ တော်တော် ထွက်တာပါ ။ ချက် ချင်းပင် တပည့်များစုပြီး သားရဲဂိုဏ်းကို မေးမြန်ပြီး ဖျက်စီး ပစ်ဖို့ထိ တွေးနေခဲ့ပါတယ် ။
“ဂိုဏ်းချုပ်ကော ဆေးဆရာမကြီးကော ဟာ တံခါး ပိတ်ပြီး ကျင့်ကြံနေကြတယ် ။ သူတို့ ထွက်လာတာကို ငါတို့ စောင့်ရမယ် ။ သူတို့သာလျှင် ဒီလို အရေးကြီးတဲ့ ဆုံးဖြတ် ချက်ကို ချနိုင်ပေလိမ့်မယ် ။ ငါအခြေအနေအားလုံးကို သုံး သပ်ပြီးတဲ့နောက် မင်းကို ထိန်းသိမ်းထားချင်တယ်”
ဆရာကြီး ဝု ကပြောတာပါ ။
ချန်ရှန် ခေါင်းညိမ့်ကာ တုံ့ပြန်လိုက်တယ် ။ သူ ဆရာကြီးဝု ဘာပြောချင်တယ် ဆိုတာကို ကောင်းကောင်း သိပါတယ် ။ ဒီလို ထိန်းသိမ်းတာဟာ ဘာလို့လဲဆိုတော့ သားရဲဂိုဏ်းဟာ သူ့ကို လိုက်ရှာနေမှာဆိုးတာကြောင့် ဂိုဏ်းချုပ် သို့မဟုတ် ဆရာမကြီး ထွက်လာတဲ့အချိန်ထိ စောင့်မှာပဲ ဖြစ်ပါတယ် ။
“မင်းနားလည်တာ ကောင်းတယ် ။ ဒါပေမယ့် မင်း ဟာ တော်တော် ရက်စက်ခဲ့တာ ၊ တစ်ယောက်ချင်းဆီကို တစစီ ဖြစ်အောင်လုပ်ပြီး စစ်မှန်သော သိုင်းပညာရှင်တွေကိုပါ သတ်ဖို့ ကြံနေသေးတယ် ။ ကံကောင်းစွာပဲ မင်း မအောင် မြင်သွားခဲ့ဘူး ။ ဒီလိုမှ မဟုတ်ရင် ဒီဂိုဏ်းတော့ အနည်းဆုံး တခြား ဂိုဏ်း ၂ ခုလောက်ရဲ့ ဖြိုခွဲတာကို ခံရနိုင်တယ်”
ဆရာကြီးဝု ခပ်ဆွေးဆွေး ပြောပါတယ် ။ ချန်ရှန် ဒီ စကားကို ကြားချိန်မှာ သွေးတွေပင် ပြန်ဆူလာ သလိုပါပဲ ၊ သူ့ကိုသာ အချိန် အနည်းငယ်ပေးပါက ထိုလူတွေကို အသားတုံးတွေ အဖြစ် တစ်စစီ လုပ်မိခဲ့မှာပါ ။
အဆိုပါ စကားလုံးများဟာ လူတိုင်းစိတ်ကို တုန်လှုပ် သွားစေပါတယ် ။ ချန်ရှန်ဟာ တစ်ခါထွက်သွားရုံဖြင့် ဒီလို ကိစ္စကြီးကို လုပ်ခဲ့တာပါ ။
ဒီအချိန်မှာပဲ လူတိုင်းဟာ ချန်ရှန် ဘာကြောင့် အတွင်း စည်းရဲ့ ထိပ်သီး ခြံဝန်းကို စိန်ခေါ်ဝံ့လဲဆိုတာကို သဘော ပေါက်သွားကြတယ် ။ သူဟာ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ ပညာရှင်များကိုပင် ရင်ဆိုင်ခဲ့တာဖြစ်ပြီး ယခုလို ကိစ္စကို ရင်မဆိုင်နိုင်စရာ မရှိပေ ။ ဒီလို အင်အား ဒီလိုသတ္တိ ဒီလို ပုံစံဟာ လူတိုင်းရဲ့ ရင်ထဲမှာ လေးစားစိတ် ကြောက် ရွံ့ ရိုသေစိတ်များ ခံစားသွားမိစေပါတယ် ။
“ရှောင်ဒို ၊ ဇုရွန် ၊ ငါပြန်လာတာကို စောင့်နေပါ”
ချန်ရှန်လည်း ထိုကဲ့သို့ ပြောပြီး ဆရာကြီး ဝု နဲ့ လိုက် သွားပါတော့တယ် ။
ရှောင်ဒိုလည်း သက်ပြင်း ရှည်ကြီးကို ချကာ –
“၀က်ပုတ်ကြီးရေ ၊ သူပြန်လာတယ့် အခါ သူကျွန်တော် တို့ကို စိတ်မပျက်အောင် လုပ်ရမယ်”
ဇုရွန်ကလည်း ရယ်မောကာ –
“အရင်တည်းက ဒီကောင်လေးရဲ့ ပုံစံဟာ တော်တော် ကြောက်စရာကောင်းတယ် ။ ငါတို့ သူ့ရှေ့ မှာ အရှက်ကွဲ လို့တော့ မဖြစ်ဘူးကွ ။”
ရှောင်ဒိုကလည်း ရယ်မောကာ –
“ဖက်တီးစုတ်ကြီး ၊ ခင်ဗျား သတ္တိတွေ ကောင်း သ ထက် ကောင်းလာပါရောလား ၊ သွားကြစို့”
ရှောင်ဒိုနဲ့ ဇုရွန်တို့လည်း လူအုပ်ကြားမှ ထွက်လာပါ တယ် ။ လူအုပ်ကြီးဟာ စိတ်အပျက်ကြီး ပျက်သွားကြ ပါ တယ် ။ ၎င်းတို့ ပွဲကြီးပွဲကောင်းကို မကြည့်လိုက်ရလို့ပါပဲ ၊ ဒါပေမယ့် ချန်ရှန်ဆိုတဲ့ ဒဏ္ဍာရီ ဆန်ဆန် လူအကြောင်း အားရဖွယ် သိသွားကြပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset