အပိုင်း ၂၂၀•၁
” ငါဘေးကနတ်မိမယ် ”
°°°
ကံကောင်းစွာနဲ့ပဲ ရေခဲနဲ့နှင်းတွေရဲ့လွှမ်းမိုးမှုက အချိန်အကြာကြီးမကြာခဲ့ပါဘူး။ ဒါကြောင့်သာ ပင်လယ်နတ်ဘုရားရေကန်တစ်ခုလုံး ခဲမသွားခဲ့တာပါ။ အားကောင်းတဲ့နှင်းမုန်တိုင်းကြီးက ဖြည်းဖြည်းချင်းရပ်တန်လို့သွားခဲ့ပါပြီ။
မူလစစ်မြေပြင်ကတော့ လက်ရှိအချိန်မှာ တောက်ပတဲ့အဖြူရောင်နယ်မြေကြီးအဖြစ်ကိုပြောင်းလဲသွားပါတော့တယ်။ တစ်ပေကျော်မြင့်မားတဲ့ရေခဲတွေက အချိန်တိုအတွင်းမှာစုစည်းလို့လာခဲ့ပြီတဲ့နောက် ကျောင်းတော်တစ်ခုလုံးရဲ့အပူရှိန်ကလဲ ကျဆင်းလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ရဲ့လက်ကိုကိုင်ထားဆဲပါ။ လက်ရှိအချိန်မှာ ပုံစံအမျိုးမျိုးရှိနေတဲ့ရေခဲရုပ်ထုကြီးတွေရဲ့မနီးမဝေးနေရာမှာ သူတို့ရပ်နေခဲ့ကြပါတယ်။
သူလှည့်ပြီတဲ့နောက်မှာတော့ ဟို့ယွိဟောင်က ၀မ်သုန့်အယ်ကိုမျက်နှာချင်ဆိုင်လိုက်ရင်းပြောလာခဲ့ပါတယ်။
“ကိုယ် မင်းကိုကြည့်ခွင့်ပါရစေလား ”
” ကောင်းပြီလေ ”
၀မ်သုန့်က သဘောတူလိုက်ပါတယ်။
တိုက်ပွဲပြီတဲ့နောက် သူတို့ရဲ့ပြင်းထန်နေတဲ့စိတ်ခံစားချက်တွေက ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဟောင်သုန့်စွမ်းအားကလဲ ခန္ဓာကိုယ်ထဲမှာလှည့်ပတ်ပြီလမ်းညွှန်ပေးနေခဲ့ပါတယ်။
အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရချိန်မှာတောင်အမြဲတမ်းတည်ငြိမ်နေခဲ့တဲ့ဟို့ယွိဟောင်က ဒီမျက်နှာကာကိုဖယ်ရှားချိန်မှာတော့ လက်တွေတောင်တုန်နေခဲ့ပါတယ်။
နှလုံးခုန်သံက အရမ်းကိုမြန်ဆန်လို့နေခဲ့ပြီ သူ့ရဲ့ပြင်းပြတဲ့ဆန္ဒက စိတ်ဖိစီးမှုတွေနဲ့လဲ ရောနှောလို့နေခဲ့ပါတယ်။
၀မ်သုန့်အယ်ရဲ့တုန့်ပြန်မှုကတော့ သူထက်ပိုပြီးနူးညံ့လို့နေခဲ့တယ်။ သူမကခေါင်းကိုငုံ့ထားခဲ့ရင်း လက်ချောင်းလေးတွေကိုလိမ်နေခဲ့ပါတယ်။ အစောပိုင်းတုန်းက ငါးယောက်နှစ်ယောက်တိုက်ပွဲကို အော်ဟစ်ပြီဖိတ်ခေါ်ခဲ့သလိုမျိုး အင်အားအပြည့်ရှိမနေတော့ပါဘူး။
ဟို့ယွိဟောင်လဲ ဖြည်းဖြည်းချင်းရပ်သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့အနားနားကိုကပ်ရင်း တစ်ခုခုပြောလိုက်ပါတယ်။ အဲ့ဒီနောက် သူမရဲ့လက်ကိုဆွဲလိုက်ရင်း သူတို့တွေနောက်ကိုဆုတ်ကာပျံသန်းလို့သွားပါတော့တယ်။
မရေမတွက်နိုင်တဲ့အလင်းတန်းတွေက မီးရှုးမီးပန်းတွေလိုထွက်ပေါ်လို့လာခဲ့ပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ဗဟိုပြုကာ အပြင်ဖက်ကိုဖြာထွက်လာခဲ့တာကြောင့် အားလုံးလဲမျက်စိကျိန်သွားခဲ့ပါတယ်။
အလင်းတန်းတွေရဲ့အောက်မှာတော့ ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့လက်မောင်းထဲနစ်၀င်လို့သွားခဲ့ပြီ သူတို့ရဲ့ခန္ဓာကိုယ်တွေကလဲ တစ်သားထဲဖြစ်သွားပါတော့တယ်။
ရွှေရောင်နဲ့ အပြာရောင်ရောထားတဲ့အတောင်ပံတွေက ကြောက်စရာကောင်းတဲ့အရွယ်အစားနဲ့အတူ ကြီးမားလို့လာခဲ့ပြီ နှစ်ဆယ်အရွယ်ဖြစ်သွားခဲ့ပါတယ်။
တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့အတောင်ပံတွေက မူလအချိန်မှာ အထက်နဲ့အောက်ခွဲနေခဲ့ပေမဲ့ အခုလက်ရှိအချိန်မှာတော့ အလယ်ဗဟိုမှာနောက်ထပ်ကျောက်စိမ်းရောင်အလယ်အတောင်ပံတစ်ခုပေါ်ထွက်လို့လာခဲ့တယ်။ အတောင်ပံကချောမွေ့ပြီ တောက်ပလို့နေခဲ့သလို အသက်စွမ်းအားရဲ့အရှိန်အ၀ါတွေလဲ အပြည့်ပါ၀င်ပါတယ်။ အသက်စွမ်းအားရဲ့တကယ်စစ်မှန်တဲ့ အဓိပ္ပာယ်ဆိုတာနှင်းနဲ့ရေထုပါ။ ဒီအသက်စွမ်းအားကနှင်းရဲ့အရှိန်အ၀ါနဲ့ လိုက်လျောညီထွေဖြစ်နေခဲ့ပါတယ်။
တောက်ပတဲ့ လိပ်ပြာအတောင်ပံတွေဖြန့်သွားပြီတဲ့နောက် အပြာရောင် ရွှေရောင် အစိမ်းရောင်အလင်းတန်းတွေက သူတို့ဘေးမှာရှိတဲ့လောကကြီးတစ်ခုလုံးကို ရောင်စဥ်ဖြာအောင်ခြယ်သပ်လို့နေခဲ့ပါတယ်။ အတောင်ပံတွေရဲ့ထိပ်မှာတော့ မရေမတွက်နိုင်တဲ့ ရေစက်ပေါက်ကလေးတွေက တွဲခိုလို့နေခဲ့ပါပြီ။
အလင်းတန်းတွေတောက်ပလာပြီတဲ့နောက် မြူခိုအလွှာတွေကတစ်လွှာပြီတစ်လွှာ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့ခြေထောက်အောက်မှာ ဖြစ်ပေါ်လို့လာပါတော့တယ်။ အဲ့ဒီနောက် သူမရဲ့သေးသွယ်တဲ့ခန္ဓာကိုယ်လေးကတော့ အရမ်းကိုကျက်သရေရှိရှိနဲ့ လှပစွာပျံ၀ဲလို့နေခဲ့ပါပြီ။
မြူခိုတွေပြန့်ထွက်လာချိန်မှာပဲ မြေပြင်မှာရှိတဲ့နှင်းမှုန်တွေကတော့ လေထဲကိုလွှင့်မျောလာကာစတင်ပြီ ကခုန်ပါတော့တယ်။ ကြောက်စရာအအေးဓာတ်ဖြတ်သန်းမှုနဲ့အတူ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ခန္ဓာကိုယ်တွေက လန့်စရာကောင်းတဲ့ပုံစံနဲ့ စတင်ပြီအသွင်ပြောင်းပါတော့တယ်။ သူတို့နှစ်ယောက်ရပ်နေခဲ့တဲ့နေရာမှာ သုံးရောင်ခြယ်အလင်းတန်းတွေ တောက်ပနေတဲ့ပိန်ပါးသေးသွယ်လှတဲ့ပုံရိပ်လေးတစ်ခုက ပေါ်ထွက်လာပါတော့တယ်။
ရွှေရောင်အလင်းတန်းတွေကြားမှာ မျက်နှာကာနဲ့ ဦးထုပ်တွေအားလုံးက ပျောက်ကွယ်လို့သွားခဲ့ပြီ မိန်းမငယ်လေးတစ်ယောက်သာကျန်ရစ်ပါတော့တယ်။ သူမက တစ်ရာရှစ်ဆယ်စင်တီမီတာကျော်အရပ်ရှည်လျားပြီ ပိန်ပါးသေးသွယ်တဲ့ခန္ဓာကိုယ်က အရမ်းကိုဆွဲဆောင်မှုအပြည့်နဲ့ တောက်ပလို့နေခဲ့တော့တယ်။
ရှည်လျားတဲ့ဆံကေသာတွေက ပန်းရောင်နဲ့အပြာရောင်ရောယှက်ကာတောက်ပနေသလို ခြေဖျားအထိလဲ ရှည်လျားပါသေးတယ်။ ဒါ့အပြင် မျက်၀န်းတွေကတော့ ရွှေရောင်တောက်တောက်ဖြစ်ပြီ လှပတဲ့ခန္ဓာကိုယ်က ပြောစရာမရှိလောက်အောင်ကို ပြီးပြည့်စုံနေသလို အချိုးအစားလဲမျှတလွန်တာကြောင့် စကားနဲ့တောင်ဖော်ပြလို့မရနိုင်ပါဘူး။
လှပလွန်လှတဲ့ ရုပ်ရည်သွင်ပြင်က ရှိသမျှအမျိုးသမီးတွေအားလုံးထက်ကိုကျော်လွန်လို့နေခဲ့ပါတယ်။ အလင်းတန်းတစ်ခုချင်းဆီတိုင်းက သူမရဲ့လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ပြီးပြည့်စုံအောင်လိုက်ဖက်ညီနေခဲ့တယ်။ ဒီလိုပထမဆုံးတွေ့ရချိန်မှာ ဘယ်သူကမှ သူတို့ခံစားချက်ကို ထုတ်မပြောနိုင်ပါဘူး။ ဒါပေမယ့် သူက အားလုံးရဲ့စိတ်ထဲမှာအပြည့်အ၀နေရာယူလို့ထားခဲ့ပါတယ်။
သူမက ဖြည်းဖြည်းချင်းဘယ်ဘက်ခြေထောက်ကို ရွေ့လျားရင်းနဲ့ လေထဲကိုမြောက်တက်လို့သွားခဲ့ပါတယ်။ လိမ္မော်ရွှေရောင်နှင်းလုံးလေးကတော့ သူ့ရဲ့ပုခုံးပေါ်မှာ ရောက်ရှိလို့လာခဲ့ရင်းသူမနဲ့အတူလေထဲမှာဝှေ့၀ဲကာကခုန်တော့တယ်။
မြူခိုတွေကတော့ သူမရဲ့ခြေထောက်အောက်ဖက်ကနေ စတင်ပျံ့နှံ့လာနေခဲ့ပြီဖြစ်သလို အလင်းတန်းတွေအဖြစ်ပြောင်းလဲရင်းခန္ဓာကိုယ်ရဲ့ဘေးပတ်လည်မှာ လှည့်ပတ်လို့နေခဲ့ပါတယ်။
မှောင်မိုက်တဲ့ကောင်းကင်ကြီးက ရုတ်တရက်အက်ကွဲလို့သွားခဲ့ပြီ နေရောင်တစ်ခုက ကျဆင်းလို့လာရင်း သူမရဲ့ခန္ဓာကိုယ်ပေါ်ကို တန်းတန်းမတ်မတ်ရောက်ရှိလို့လာခဲ့ပါတယ်။
ရုတ်တရက်ပတ်၀န်းကျင်မှာရှိတဲ့ ရေခဲတွေနှင်းတွေအားလုံးက ရွှေရောင်ပြောင်းလို့သွားခဲ့ပါပြီ။ ဒီရွှေရောင်အလင်းတန်းက သူမကိုဖုံးလွှမ်းလို့သွားခဲ့ရင်း အလင်းတန်းနဲ့အတူမွေးဖွားလာတဲ့ နတ်မိမယ်တစ်ပါးလိုလှပအောင် ကူညီပံ့ပိုးလို့နေပါတော့တယ်။
လေထဲမှာ သူမကခုန်နေခဲ့သလို ခြေလှမ်းတစ်ခုချင်းဆီတိုင်းက ပြီးပြည့်စုံပါတယ်။ ဆွဲဆောင်မှုအားကောင်းလွန်တဲ့ ရုပ်ရည်သွင်ပြင်ကတော့ မျှော်လင့်ချက်နဲ့အသက်စွမ်းအားတွေပြည့်နှက်လို့နေခဲ့ပြီ အတောင်ပံကတော့ လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းကို ညီညွှတ်အောင်ထိန်းညှိပေးလို့နေခဲ့ပါတယ်။ အလင်းတန်းမိုးတွေက သူမကိုနွေးထွေးမှုအပြည့်နဲ့ ရစ်ပတ်လို့ထားခဲ့တာပါ။
အတောင်ပံတွေကတော့ ပြန့်လိုက်စုလိုက်နဲ့ သူမရဲ့လူမကနတ်တစ်မျက်တာလှပတဲ့ကျက်သရေရှိမှုကို ပိုပြီးအားဖြည့်လို့ပေးနေခဲ့ပါတယ်။
မှိန်ဖျော့ဖျော့ရွှေရောင်သင်္ကေတတစ်ခုက သူမရဲ့နဖူးအလယ်တည့်တည့်မှာပေါ်လာခဲ့ပါပြီ။ ဒီအချိန်မှာတော့ အရင်အချိန်တွေထက် ပိုပြီးတော့ကြည်လင်ရှင်းလင်းပါတယ်။ ဒါကတော့ ရွှေသုံးမြောက်ချွန်ပုံသဏ္ဍာန်သင်္ကေတတစ်ခုပါ။
သူမရဲ့ ရွှေရောင်မျက်လုံးတွေက နူးညံ့ညင်သာသလို ဖြူဖွေးနူးညံ့တဲ့မျက်နှာလေးကလဲ နှင်းဆီရောင်သန်းနေခဲ့ပါတယ်။ သူမက ရေခဲရုပ်ထုတွေရဲ့အရှေ့ကို ရောက်ရှိလို့သွားခဲ့ပြီတဲ့နောက် ထိတွေ့လိုက်ချိန်မှာ ရေခဲရုပ်ထုတွေကစတင်ပြီ အရည်ပျော်လာပါတော့တယ်။
ပင်လယ်နတ်ဘုရားရေကန်ကို လွှမ်းခြုံထားတဲ့ရေခဲထုကြီးထဲမှာ လက်ရှိအချိန်မှာသူမကဖျော်ဖြေရာစင်တစ်ခုဖြစ်နေခဲ့ပါပြီ။ မင်သက်အံ့ဩနေကြတဲ့အားလုံးကတော့ သူမကိုကြည့်နေခဲ့ချိန်မှာပဲရေခဲရုပ်ထုငါးခုက ဖြည်းဖြည်းချင်းတစ်ခုပြီတစ်ခု အရည်ပျော်လာပါတော့တယ်။
လင်လော့ချန် နင့်ထျန်း ၀ူဖုန်း ရှဲ့ဟွမ်ဟွဲ့နဲ့ ထိုက်ဟွပင်းတို့အားလုံးက အသိစိတ်မပျောက်ကြပါဘူး။ သူတို့က စိတ်၀ိညာဥ်ကိုအများကြီးတိုက်ခိုက်ခံထားရပေမဲ့ သတိမလစ်သေးတဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်။
ရေခဲအရည်ပျော်သွားချိန်မှာ နွေးထွေးနူးညံ့တဲ့ခံစားချက်က သူတို့သွေးတွေကို မြန်မြန်ဆန်ဆန်လှုပ်နိုးလိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ လေထဲမှာလှလှပပကခုန်နေတဲ့ မိန်းမချောကိုမြင်လိုက်ရတာပါ။
နှင်းမြူကြားက၀င်ရိုးစွန်းအက အလင်းတန်းမိုးတွေရွာသွန်းခြင်း။
အားလုံးလဲငေးမောနေခဲ့မိပါတယ်။ သူတို့ခံစားချက်က ဘယ်လောက်ပဲမကောင်းပါစေ သူမရဲ့ အေးမြစေတဲ့အစွမ်းပကားတွေအောက်မှာ ဖြည်းဖြည်းချင်းငြိမ်သက်လို့သွားခဲ့ရပါပြီ။
သုံးရောင်ခြယ်အလင်းတန်းက မကြာခင်မှာမူလနေရာကို ပြန်လည်ရောက်ရှိလို့သွားပါတော့တယ်။ အဲ့ဒီနောက် လူတစ်ယောက်အဖြစ်ပြန်လည်ခွဲထွက်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ ဟိုယွိဟောင်ပါပဲ ဒါပေမယ့် သူဘေးနားမှာရှိနေတဲ့အမျိုးသမီးကတော့ အရင်လိုဦးထုပ်မဆောင်ထားတော့ပါဘူး။
သူမက အလင်းတန်းနတ်မိမယ်ရဲ့အငယ်စားလူပုံစံလေးဖြစ်နေခဲ့တယ်။
လှပတဲ့ဆံပင်တွေက ပုခုံးပေါ်မှာ၀ဲကျနေခဲ့သလို မျက်လုံး၀ိုင်း၀ိုင်းလေးတွေကလဲချစ်စရာကောင်းအောင်လှုပ်ရှားလို့နေခဲ့ပါတယ်။ သူမက ရှက်ရွံ့နေတဲ့ပုံပေါ်ပြီ ဟို့ယွိဟောင်ကိုတောင်မော့မကြည့်၀ံ့ပါဘူး။
ဟို့ယွိဟောင်ကိုယ်တိုင်းကလဲ ဒီအမျိုးသမီးလေးကို အကြည့်မလွဲနိုင်ပဲ ရှိနေဆဲပါ။ သူရှေ့မှာရှိနေတာက ၀မ်သုန့်အယ်ဆိုတာ ယုံတောင်မယုံနိုင်သေးပါဘူး။
၀မ်သုန့်နဲ့ ၀မ်သုန့်အယ်တို့က တူညီပေမဲ့လဲ သူခံစားရတာကတော့အလင်းတန်းနတ်မိမယ်ရဲ့ အပြည့်အ၀အရွယ်မရောက်သေးတဲ့ပုံစံလေးလိုမျိုးဖြစ်နေဆဲပါ။ အလင်းတန်းနတ်မိမယ်လေးက အစကနေအခုအချိန်အထိ ငါ့ဘေးမှာအမြဲတမ်းရှိနေခဲ့တာပေါ့။
” မိသားစုဖက်ကနေ ရုပ်ရည်သွင်ပြင်ကိုကော အသံကိုရောပြောင်းလဲပြီသင်ထားပေမဲ့ နည်းလမ်းရှိတယ်…ဒါကြောင့် ရုပ်ဖျက်နိုင်တာ အခုဒီလည်ဆလုပ်ကိုတောင် ပုံပေါ်အောင်လုပ်လို့ရသေးတယ်…အပြောင်းအလဲတွေက အရမ်းကြီးမများပေမဲ့လဲ တခြားသူတွေအတွက်တော့ ငါကိုမှတ်မိဖို့ခက်မှာပေါ့ ”
၀မ်သုန့်ရဲ့အသံက အရမ်းကိုနူးညံ့နေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဟို့ယွိဟောင်ကတော့ ရှင်းရှင်းလင်းလင်းကြားနေခဲ့ရတယ်။ ဒါကြောင့် သူဒီလိုမျိုးတော်တော်လေးရုပ်ကွာသွားတာဘယ်အံ့ဩစရာရှိမလဲ။
” မင်းကတော့ ကိုယ်ကိုဒီလောက်အချိန်အကြာကြီးဖုံးကွယ်ထားတယ်ပေါ့ ”
” မရည်ရွယ်ပါဘူး ”
” မပြောပါနဲ့တော့ ငါ့ကိုယ်တိုင်းက အရူးဖြစ်ခဲ့မိတာပါ ”
ဟို့ယွိဟောင်က ပြောပြီတဲ့နောက် သူမရဲ့လက်ကိုကိုင်ရင်းနဲ့ ဆက်ပြောလာခဲ့ပါတယ်။
” သူက မင်းရဲ့အရူးလေးလို့ပြောတယ်မလား ရွေးချယ်မှုကိုနောင်တမရရဘူးနော် ”
” ပြန်တွေးကြည့်လိုက်ဦးမယ် တကယ်တော့ နင့်မှာချွင်းချက်ရှိနေပြီသားမလား ”
၀မ်သုန့်က မျက်စောင်းထိုးရင်းနဲ့ ပြန်ပြောလာခဲ့ပါတယ်။
” မဟုတ်တာတွေ သူကသူငယ်ချင်းပါပဲ ”
၀မ်သုန့်ကတော့ ဒီအချိန်မှာသာကောင်းမွန်လာခဲ့ပါတယ်။
” တကယ်ဟုတ်ကောဟုတ်ရဲ့လား ”
” ဒါပေါ့ ပထမဆုံးအလင်းတန်းမိုးနဲ့ နတ်မိမယ်ကိုတွေ့ပြီကထဲက မြင်မြင်ချင်းအချစ်ကို စတင်ခဲ့မိတာလေ အဲ့ဒီအချိန်ကလွဲပြီ နှလုံးသားထဲမှာ ဘယ်သူမှမရှိခဲ့ဘူး ”
အဲ့ဒီနောက် တခဏတာရပ်လိုက်ရင်းနဲ့ အလေးအနက်ပြောလာခဲ့ပါတယ်။
” အခုတော့ နတ်မိမယ်က ကိုယ်ဘေးနားမှာရှိနေခဲ့ပြီ ”
၀မ်သုန့်လဲ အခုအချိန်မှသာ ပြုံးနိုင်ပါတော့တယ်။ သူမရဲ့အပြုံးကလှလွန်လို့ ပန်းပွင့်တွေကိုတောင် ပွင့်ဖူးစေမတတ်ပါပဲ။
ဒီနေ့အတွက် အများကြီးကြိုးစားအားထုတ်ခဲ့ရတာပါ။ နှစ်နှစ်ကြာအောင်ခွဲခွာသွားပြီတဲ့နောက် သူ့အပေါ်ထားရှိတဲ့ သူမရဲ့ခံစားချက်တွေကို ဖြည်းဖြည်းချင်းနားလည်သဘောပေါက်လာရပါတော့တယ်။ ကြိုးစားပြီမေ့ဖျောက်ဖို့လုပ်ခဲ့ပေမဲ့ လုပ်ကိုမလုပ်နိုင်ခဲ့ပါဘူး။
ကြည်လင်ကောင်းကင်မျိုးနွယ်စုကိုခေါ်သွားတယ်ဆိုတာကလဲ သူ့ရဲ့မိသားစုတွေအတည်ပြုဖို့အတွက်ပါ။ ဒါပေမယ့် လမ်းတစ်၀က်မှာကျွီးကျင့်ကိုတွေ့ခဲ့ရတဲ့အတွက် ခြိမ်းခြောက်ခံရသလိုခံစားခဲ့ရပါတယ်။
အဲ့ဒီနောက် ကျောင်းတော်ကိုစရောက်ပြီတဲ့နောက် သူမအစီအစဥ်ကိုချခဲ့တယ်။ သူ့အကြောင်းကို ပေ့ပေ့ ကျန်းနန်နန်နဲ့ ရှောင်းရှောင်းဆီသာ ပြောပြခဲ့ပြီ သူတို့ရဲ့အကူအညီကို လက်ခံရယူခဲ့ပါသေးတယ်။
နောက်တစ်ခေါက် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲရောက်တဲ့အချိန်အထိ စောင့်ဆိုင်းချင်ပေမဲ့ နောက်ဆုံးမှာတော့ သူမ မစောင့်နိုင်ခဲ့တော့ပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့ သူတို့ဘယ်လောက်ပဲနီးကပ်နေပါစေ သူသာအမျိုးသမီးမဟုတ်လို့ကတော့ ခံစားချက်မရှိနိုင်ဘူးဆိုတာကို သိခဲ့တဲ့အတွက် ဒီလိုရွေးချယ်ခဲ့ရတာပါ။
အခုအချိန်မှာ အရာအားလုံးကအဆင်ပြေသွားခဲ့ပါပြီ။ ဒီကောင်ကနောက်ဆုံးတော့လဲ အပြည့်အ၀ငတုံးတော့မဟုတ်ဘူးပဲ သူမရဲ့ကြိုးစားအားထုတ်မှုတွေက နောက်ဆုံးမှာတော့အကျိုးရှိလာခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ တစ်ခုခုကိုရုတ်တရက်တွေးလိုက်မိပုံပါပဲ။ အဲ့ဒီနောက် သူလှည့်ကြည့်လိုက်ချိန်မှာပဲ ပင်လယ်နတ်ဘုရားရေကန်တစ်ခုလုံးက တိတ်ဆိတ်နေတာကိုသတိထားမိလိုက်ပါတော့တယ်။ ဒါပေမယ့် အားလုံးကတော့ သူ့ကိုသာအကြည့်ရောက်နေခဲ့တာပါ။
” အကြီးဆုံးအစ်မကြီးနဲ့ အစ်ကိုကြီး ကျွန်တော်တို့သွားလို့ရပြီလား အခုသတို့သမီးကိုလုယူတဲ့အစီအစဥ်က ပြီးဆုံးပြီဟုတ်တယ်ဟုတ် ”
ဟို့ယွိဟောင်က ပေ့ပေ့နဲ့ ကျန်းလဲ့ရွှမ်တို့ကို လှမ်းအော်လိုက်ပါတယ်။ သူတို့ကပုံမှန်အချိန်မှာပေ့ပေ့ကို အစ်ကိုကြီးလို့ခေါ်နေကြပါ ဒါပေမယ့် ကျန်းလဲ့ရွှမ်ကတော့ လက်ရှိအချိန်လူတိုင်းရဲ့အစ်မကြီးဖြစ်နေခဲ့တဲ့အတွက် သူနှစ်ကြိမ်ခေါ်နေခဲ့ရပါတယ်။
အခုအချိန်သူ့အသံကိုကြားချိန်မှာသာ အားလုံးလဲသတိပြန်၀င်လာပါတော့တယ်။
အပိုင်း ၂၂၀•၁ ပြီး၏။