Chapter – 106 အတွင်းစည်းပထမအဆင့်
အခြားသိုင်းပညာခြံဝန်းတစ်ခုကို စိန်ခေါ်ရန် စိန်ခေါ် မည့် ခြံဝန်းနဲ့ အတိုက်အခံ လုပ်ရပါမည် ။ ၎င်းတို့က လက်ခံ မှသာ ရမှာပါ ။ နောက်ပြီး ဒါဟာ အလောင်အစား တစ်ခု လည်း ဖြစ်ပါသေးတယ် ။
ရှောင်ဒို သူ၏ ဗိုက်ကို ပွတ်ပြီး ဇုရွန်အား ကြည့်ကာ –
“အကိုတော် ဇု ၊ ခင်ဗျားသာဆို ဘယ်ခြံဝန်းကို စိန်ခေါ် ဖို့ သင့်တော်မယ် ထင်လဲဗျ”
ဇုရွန်ဟာ အတွင်းစည်းတစ်ယောက်ဖြစ်သော်လည်း သူဟာ စီးပွားရေးသမား ပိုဆန်ပါတယ် ။ ရှောင်ဒိုဟာ ဇုရွန် ကိုမေးခြင်းဖြင့် ဘယ်ခြံဝန်းကို လွယ်ကူစွာ အနိုင်ရနိုင်မယ် ဆိုတာကို အသေချာ သိနေပါတယ် ။
ဇုရွန်က ခပ်ပြုံးပြုးံဖြင့် –
“မင်း ခုတော့ ငါ့ရဲ့ အသုံးဝင်မှုကို သိပြီမလား ၊ ဟဲဟဲ ဒီလိုနေ့ကို စောင့်နေတာ တော်တော် ကြာပြီကွ ။ အခု ငါ တို့ ၃ ယောက်အားကို သေချာကြည့်မိသလောက်တော့ အမှတ် ၄၀၀ လောက်ထိ မခက်ခဲဘူး ။ ဒီထက်တိုးပြီးချ လို့ လည်း ရသေးတယ် ။ ဥပမာ အမှတ် ၃၅၀ လောက်ပေါ့”
ရှောင်ဒို မျက်မှောင်ကြုတ်ကာဖြင့် –
“ဒါကလည်း ဝေးလွန်းတယ် ၊ ၂၀၀ အထက်ကို ခင်ဗျား က ဘာလို့ မစဉ်းစားတာလဲ”
ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ပြိုင်ဘက်ကင်း ဂိုဏ်းနဲ့ မပေါင်းစပ်ခဲ့ဘူး ဆိုပါက အမှတ် ၃၂၉ သာ ရှိမှာပါ။
ဇုရွန်လည်း ချန်ရှန်ကို ကြည့်ကာ –
“ချန်ရှန် ၊ ငါတို့ တဆင့်ချင်း သွားသင့်တယ် ၊ ငါတို့ စိန် ခေါ်လို့ ရှုံးသွားရင် ငါတို့ပဲ နစ်နာမှာ”
“ကျွန်တော် စိန်ခေါ်မှုအတွက် ဘယ်လိုပဲ အတိုက်အခံ လုပ်ရပါစေ ၊ ဂရုစိုက်မှာ မဟုတ်ဘူး ။ ကြာတယ် ခုပဲ အမှတ် ၂၀၀ ကို သွား စိန်ခေါ်ကြစို့”
ရှောင်ဒိုဟာ သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောပါတယ် ။
ချန်ရှန် ရုတ်တရက် ပြုံးလိုက်ကာဖြင့် –
“အမှတ် ၂၀၀ ခြံဝန်းလောက်ကို သွားပြီး အတိုက်အခံ လုပ်မယ်ပေါ့ ၊ ရှောင်ဒို မင်းက ငါ့ကို အထင်သေးတုန်း လား ၊ အမှတ် ၁၆ ဆိုရင်ကော ဘယ်လိုလဲ”
“ဘယ်လို ၊ အကိုတော်ချန် မနောက်ပါနဲ့”
ရှောင်ဒို သူ၏ ခေါင်းများကို ခါယမ်းကာ ပြောတယ် ။
ဇုရွန်ကလည်း ချန်ရှန် နောက်နေသည် ထင်သဖြင့် –
“ချန်ရှန် ၊ အမှတ် ၁၆ ဆိုတာ အတွင်းစည်းရဲ့ ပထမ ဆုံး ခြံဝန်းလေ ၊ အထဲမှာ ရှိတယ့် ပညာရှင်တွေဟာလည်း အတော်ဆုံးပဲ ၊ သူတို့ဟာ စုစုပေါင်း ၁၀ ယောက်ပဲ ရှိတယ်”
ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးကာ –
“ဆယ် ယောက်လား ၊ ကျွန်တော် မှန်းထားတာထက် ပိုနေတာပေါ့ ။ ကျွန်တော်က ဆေးဖက်ဝင်သတ္တုသစ်သီး ၅ လုံးကြေး လောင်းမယ်ဆို သူတို့ လက်ခံလောက်လား”
ဒီအချိန်မှာ ရှောင်ဒိုနဲ့ ဇုရွန်တို့ဟာ ချန်ရှန် အတည်ပြော တာ ဖြစ်ကြောင်း သဘောပေါက်သွားကြတယ် ။
ချန်ရှန် အဆင့် ၉ ကတည်းက သူ၏ အစွမ်းဟာ အဆင့် ၁၀ ရှိသူများနဲ့ ကောင်းကောင်း ယှဉ်နိုင်ပါတယ် ။ ဒါဟာ ပထမအဆင့် ခြံဝန်းက အင်အားနဲ့ပင် တူနေပါသေးတယ် ။ အခု ချန်ရှန်ဟာ အဆင့် ၁၀ ကို ရောက်ရှိနေပြီဖြစ်ပြီး ယခု သူ၏ အစွမ်းကို မည်သူမျှ ခံ့မှန်းနိုင်မည် မဟုတ်ပေ ။
ရှောင်ဒို နဲ့ ဇုရွန် ဟာ ဒီအချက်ကို စဉ်းစားမိပြီးနောက် မှာတော့ တုန်လှုပ်မိသွားကြတယ် ။ အဘယ်ကြောင့်ဆို သော် ကြောက်စရာ အစီအစဉ် ဖြစ်နေလို့ပါပဲ ။
“မင်းတို့ ရင်ဆိုင်ရဲလား ရင်မဆိုင်ရဲဘူးလား ၊ မင်းတို့ ရင်မဆိုင်ရဲလည်း ရတယ် ၊ ငါ့ဟာငါ သွားမယ် ၊ ဒါပေမယ့် ငါနိုင်ရင် မင်းတို့တော့ ဒီမှာပဲ နေခဲ့ကြပေါ့”
ချန်ရှန် ပြောလိုက်တယ် ။ ဆယ်ယောက် တစ်ယောက် ရင်ဆိုင်မည် ဖြစ်သော်လည်း သူဟာ ယုံကြည်မှု ရှိနေတုန်း ပင် ဖြစ်ပါတယ် ။
“ကျွန်တော့ ကို အထင်မသေးပါနဲ့ ၊ ကျွန်တော် လည်း အတွင်းစည်းကို ရောက်တာ မကြာသေးဘူးဆိုပေမယ့် ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ ။ ခုရင်ဆိုင်မယ့် လူတွေဆိုတာကလည်း အဆင့် ၁ ဆိုတာ နံပါတ်တစ်ခု သက်သက်ပါပဲဗျာ”
ရှောင်ဒို အံကြိတ်လျက် ပြောတယ် ။
“ဒီလူတွေကို သွားချကြစို့”
ချန်ရှန် နဲ့ ရှောင်ဒိုတို့ဟာ ဇုရွန်ကို ကြည့်လိုက်ကြပါ တယ် ။ ၎င်းတို့အမြင်မှာ ဇုရွန်ဟာ နှေးကွေးလှတယ့် ၀တုတ်ကြီး ဖြစ်ကာ တိုက်ခိုက်ခြင်းစွမ်းရည် သိပ်ရှိမယ် မထင်ထားကြပါဘူး ။
ဇုရွန်ဟာ ချန်ရှန် တို့ ၂ ယောက် သူ့အား အထင်သေး တဲ့ မျက်စိနဲ့ ကြည့်နေကြတာကို မြင်တဲ့အခါမှာ စိတ်ထဲ ပေါက်ကွဲသွားကာ ကျယ်လောင်စွာ ပြောလိုက်တယ် ။
“မျိုးမစစ်လေး ၂ ကောင် ၊ မင်းတို့င့ါကို အထင်သေး တာလား ၊ မင်းတို့ ခုပဲ သွားပြောလိုက်စမ်းပါ ။ ငါ့အစွမ်းကို မင်းတို့ မသိကြသေးလို့ ၊ ဒီက ကောင်ကြီးက အဲလို လုပ် ချင်နေတာ ကြာပြီကွ”
“ဟဟ ၊ ဒီ ဖက်တီးကြီး မျက်နာကို ကြည့်ရုံနဲ့တင် ဟိုလူတွေ သေးပါထွက်လောက်တယ်”
ရှောင်ဒို ရယ်မောကာ ပြောဆိုပါတယ် ။
“အရေးမပါတာတွေ မပြောတော့ဘူး ၊ ခုသွားကြစို့”
ဇုရွန် ပြောလိုက်တာပါ ။
ချန်ရှန်ဟာ ကျယ်လောင်စွာပင် ရယ်မောလိုက်ပါ တယ် ။ ထို့နောက် သူကပင် ဦးဆောင်ကာ အမှတ် ၁၆ ခြံဝန်းသို့ လျှောက်သွားကြပါလေတော့တယ် ။
ဂိုဏ်း၏လမ်းမပေါ်မှာတော့ လူသုံးယောက်ဟာ ချီ ဓာတ်များ ထွက်ပေါ်လျက် လျှောက်လာနေကြတယ် ။ အလယ်မှာတော့ ငယ်ရွယ်ချောမောသော လူငယ်တစ် ယောက်ဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်မှာတော့ ပိန်ပိန်ပါး ပါး ဆယ်ကျော်သက်တစ်ဦးနဲ့ ခပ်၀၀လူငယ်တစ်ဦးတို့ ဖြစ် ပါတယ် ။ ၎င်းတို့ဟာ အသက် ၂၀ အောက် လူငယ်များ ဖြစ် ကြပေမယ့် ထွက်နေသော ချီဓာတ်များမှ အလွန်ပင် ကြောက် မက်ဖွယ်ကောင်းလှကာ မျက်လုံးများဟာလည်း ရန်လိုတယ့် အသွင်ကို ဆောင်နေပါတယ် ။
သူတို့ကိုကြည့်နေတယ့် လူများဟာ အနည်းငယ်တော့ ထူးဆန်းလျက် ရှိပါတယ် ။
“ဒီလူငယ်လေးက ချန်ရှန် ဖြစ်မယ် ။ သူဟာ ဖန်လိယန် ကို တစ်ချက်ထဲနဲ့ အလဲထိုးခဲ့ပြီး အပြင်ကမ္ဘာမှ လာသူ လည်းဖြစ်တယ် ။ စစ်မှန်သော သိုင်းပညာနယ်ပယ်က ဆေးပညာရှင်ရဲ့ တပည့်ဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲမှာ ပထမ ရခဲ့ သူလည်း ဖြစ်တယ် ။ ဒါ့အပြင် ဆေးဆရာမကြီးရဲ့ မျက်လုံး ထဲက ဆူးတစ်ချောင်းလဲဖြစ်ပေတယ်”
လူတစ်ယောက် ရဲ့ ပြောစကားပါ ။ ချန်ရှန်ဟာ ၁၀ ရက် လောက် ပျောက်နေခဲ့တာဖြစ်ပြီး ယခုမှ လာပူးပေါင်းသော ပြိုင်ဘက်ကင်းဂိုဏ်းမှ လူများဟာ မသိကြသေးပါ ။ ယခု ချန်ရှန် အကြောင်း သူတို့ ကြားတဲ့အခါမှာတော့ တော် တော် အံ့အားသင့်သွားကြပါတယ် ။
“ဖက်တီး ၊ မင်းဘာလုပ်ဖို့ ကြံနေတာလဲ”
ဒီ အချိန်မှာ သက်လတ်ပိုင်းအရွယ် မုတ်ဆိတ်မွှေး ရှည် ဖြင့် လူတစ်ယောက် ရောက်လာပါတယ် ။ ထိုလူကတော့ ဟို ဒွန် ဂျင် ပါပဲ ။ ချန်ရှန် ရောက်ခါစက ကူညီခဲ့ဖူးသူပဲ ဖြစ် ပါတယ် ။
“အကိုတော် ဂျူ ၊ ကျွန်တော်တို့ ပထမဆုံးအတွင်း စည်းခြံဝန်းကို သွားစိန်ခေါ်မလို့ ဗျ ၊ လိုက်ကြည့်ဦးမလား”
ဇုရွန် ဂုဏ်ယူစွာ ပြောလိုက်တယ် ။ သူ၏ စကားကြောင့် အနီးနား၇ှိ လူများဟာ ကြောင်သွားကြပါ တယ် ။
လူသုံးယောက်ဟာ အတွင်းစည်းရဲ့ ပထမဆုံး ခြံဝန်း ကို သွားစိတ်ခေါ်တာဟာ လူတိုင်းအမြင်မှာတော့ ချန်ရှန် နဲ့ အရူး ၂ ယောက်တို့ သေဖို့ ပြင်ဆင်နေတယ်လို့ ထင်နေကြ ပါတော့တယ် ။
ဟိုဒွန်ဂျင် လည်း အတော်ပင် အံ့သြသွားပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန်၏ ပြတ်သားပုံကို တွေ့ လိုက်တယ့် အခါမှာတော့ –
“ဖက်တီးလေး ၊ မင်းတော့ သူငယ်ချင်းကောင်းကို ရထားတာပဲ ။ နောက်ဆုံးတော့ ဒီလိုလုပ်ပြီပေါ့ ။ ဒီလောက် ကောင်းတယ့်ပွဲကို ငါ ကူကြေငြာပေးမယ် ။ ငါ တပည့် ကောင်လေးတွေဆီ သွားပြီး အတူ ကြည့်ဖို့ ပြော လိုက်မယ် ။ လောင်းကြေးလေးတွေလည်း ထပ်ကြတာ ပေါ့”
ဟိုဒွန်ဂျင် ထွက်ခွာ သွားပါတယ် ။ ဘေးပတ်လည်က လူ များ ဟာလည်း ထွက်ခွာသွားကြပါပြီ။ အဘယ်ကြောင့် ဆိုသော် အရူးလေး ၃ ယောက်မှ ပထမဆုံး ခြံဝန်းအား စိန်ခေါ်တာကို သူငယ်ချင်းမိတ်ဆွေများ နှင့် အတူတကွ ကြည့် ရှုချင်ကြတာပဲ ဖြစ်ပါတယ် ။
ပထမဆုံးအတွင်းစည်းခြံဝန်းဆိုတာ အမှတ် ၁၆ ခြံဝန်း ဖြစ်ပြီး ၎င်းဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် နှင့် တစ်ဆင့်သာ ကွာပါတော့တယ် ။ ဒါပေမယ့် တော်တော် တော့ ကွာခြားလွန်းပါတယ် ။ ယခုအခါမှာ ခြံဝန်း အမှတ် ၁ မှ ၁၅ ထိဟာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲကို ရွှေ့ သွားကြပြီ ဖြစ်တယ် ။
ထို လျို့ ဝှက်ဆန်းကြယ် နယ်ပယ် အပြင်ဖက်မှာတော့ အမှတ် ၁၆ ခြံဝန်း ရှိနေတာပဲ ဖြစ်ပါတယ် ။
အမှတ် ၁၆ ခြံဝန်းဟာ အတော်အသင့် ကြီးမားလှ ပြီး ၎င်းဟာမူလက ပထမဆုံး ခြံဝန်းကြီး ဖြစ်ပါတယ် ။ ဒါကြောင့် အထိမ်းအမှတ်တစ်ခုနဲ့ပင်တူနေပြီး ထိုခြံဝန်းကြီး အလယ်မှာတော့ ကြီးမားလှတယ့် ကွင်းပြင်ကြီး ရှိနေပါ တယ် ။ ယခုအခါ ထိုကွင်းပြင်ကြီးတွင် လူများဖြင့် ပြည့်နေ ပြီး ဆူညံနေကြတယ် ။ အတွင်းစည်း အပြင်စည်းမှ လူများ စွာဟာ ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ် ။
“လူတွေများကြီးပါလား အစောင့်တွေတောင် ရှိနေတာ လား”
ရှောင်ဒို တံခါးကြီးနားမှာ ရပ်ရင်း ပြောလိုက်တယ် ။ အတွင်းမှ ထွက်လာသော အသံများကို နားထောင်ရင်း တုန်လှုပ်လျက် ရှိနေတယ် ။ လေးထောင့်ကွင်းပြင် ကျယ် ကြီး ၏ အလယ်မှ လူထောင်ပေါင်းများစွာကို ကြည့်ရင်း သွေးပျက်သလိုပင် ဖြစ်နေပါတယ် ။
၎င်းဟာ သိုင်းပညာခြံဝန်းတစ်ခုနဲ့ပင် မတူပါဘူး ။ စစ် သားတွေကို လေ့ကျင့်ပေးနေတယ့် မြို့ ငယ်လေးနဲ့ပင် တူ နေပါသေးတယ် ။
ဒီနေရာဟာ သင်တန်းသားတွေကို စည်းကမ်း အတင်း ကျပ်ဆုံး နေရာလည်းဖြစ်ပါတယ် ။ ဂိုဏ်းရဲ့ သက်ကြီးဝါ ကြီးတွေဟာ သင်တန်းသားများကို ဒီလို စည်းကမ်းမတင်း ကျပ်ပါက ဂိုဏ်းတစ်ခုလို ဖြစ်သွားစေမှာမို့ပဲ ဖြစ်ပါတယ် ။
“ဒီလို နာမည်ဘုတ်ပြားမျိုး ငါတို့ လိုချင်တာပဲ”
ဇုရွန် ဘုတ်ပြားတစ်ခုကို ညွှန်ပြပါတယ် ။ အ၀င်ဝဘေး မှာ ရှိနေသော ဘုတ်ပြားအား သူတို့သာ ပြိုင်ပွဲမှာ အနိုင်ရရှိ ပါက ချိတ်ဆွဲ နိုင်မည်ဖြစ်ပြီး အကျိုးလည်းတော်တော် ရှိ မှာပါ ။
ချန်ရှန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာဖြင့် –
“အမှတ် ၅၀၀ ခြံဝန်းမှ ခင်ဗျားတို့ ခြံဝန်းကို စ်ိန်ခေါ် တယ် ။ လောင်းကြေးကတော့ ဆေးဖက်ဝင်သတ္တုသစ်သီး ၅ လုံးကြေးပဲ ။ ခင်ဗျားတို့ လက်ခံရင် လာပြီးဆွေးနွေး လှည့်ပါ”
ဆူညံနေတယ့် အမှတ် ၁၆ ခြံဝန်းကြီးဟာ ရုတ်တရက် တိတ်ဆိတ်သွားတယ် ။ ချန်ရှန်ဟာသူ၏ ချီဓာတ်များအား အသံတွင်ထည့်ပြောလိုက်တာဖြစ်ပြီး ၎င်းအသံဟာ အရပ် မျက်နာအသီးသီးမှ လူများကို ရှင်းလင်းစွာ ကြားနိုင်နေပါ တော့တယ် ။
သို့သော် ခြံဝန်းအတွင်းရှိ လူများဟာ သူတို့ နားကြား မှာသည်ဟုသာ ထင်ကြပါတယ် ။ အဘယ်ကြောင့် ဆို သော် စိန်ခေါ်မှုဟာ အမှတ် ၅၀၀ ခြံဝန်းမှဖြစ်ပြီး ဒီကို လာ စိန်ခေါ်သူအများစု ဟာ အဆင့် ၅၀ အောက်တွေသာ ဖြစ် လို့ပါ ။
ဒါပေမယ့်လည်း ဆေးဖက်ဝင် သတ္တု သစ်သီးဟာ တကယ်ကို ဆွဲဆောင်မှု ရှိလှပါတော့တယ် . . . ။