အပိုင်း ၂၁၉•၃
” ပြီးပြည့်စုံတဲ့ဖိနှိမ့်မှု ”
°°°
၀ူဖုန်းကတော့ သူ့ကိုရေခဲထောင်ကြီးလာဖုံးနေတာမကြိုက်ပါဘူး။ သူမရဲ့နဂါးနီကမီးအမျိုးအစား၀ိညာဥ်စွမ်းရည်ပါ။ ဒါကြောင့် ရေခဲတွေကိုမွေးကထဲက ဆန့်ကျင်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ လင်လော့ချန်ကတော့ တိကျတဲ့အဖြေတစ်ခုကိုအထိတ်တလန့်နဲ့သာအံ့ဩနေခဲ့ရတယ်။ သူမ ဘယ်လောက်ပဲဟို့ယွိဟောင်ကို စိတ်ပျက်ပါစေ သူတို့နှစ်ယောက်ကို တစ်ယောက်ထဲနဲ့ရင်ဆိုင်ဖို့မလွယ်ကူနိုင်ပါဘူး။
ရှဲ့ဟွမ်ယွဲ့လဲ ရောက်လာမှာဖြစ်သလို ထိုက်ဟွပင်းနဲ့ အချိန်အကြာကြီးရှိမနေနိုင်တာကိုသူမသိပါတယ်။ ဒီအချိန်မှာတော့ သူမအင်အားကိုထိန်းချုပ်ထားပြီ အခွင့်အရေးရဖို့အတွက် စောင့်ဆိုင်းပြင်ဆင်လို့နေခဲ့တယ်။
ခန္ဓာကိုယ်တစ်ခုလုံးမှာ အနီရောင်မီးတောက်တွေက တောက်ပနေခဲ့သလို သူမရဲ့ဒုတိယနဲ့ တတိယ၀ိညာဥ်စက်ကွင်းတို့ကလဲ အရောင်တောက်လို့လာခဲ့ပါတယ်။ နဂါးဒေါသရဲ့နဂါးသံချပ်ကာကိုထုတ်သုံးပြီတဲ့နောက် ၀ူဖုန်းက အတွင်းနယ်မြေတပည့်သားတစ်ယောက်အနေနဲ့ သူမရဲ့၀ိညာဥ်စွမ်းအားတွေအပေါ် ထိန်းချုပ်မှုဘယ်လောက်ရှိလဲဆိုတာ ထုတ်ပြတော့တယ်။ ၀ိညာဥ်စွမ်းအားနှစ်ခုကိုထိန်းနေခဲ့ပြီ ရေခဲထောင်ကိုလဲ တစ်ချက်တောင်မထိခဲ့ပါဘူး။
ဒါပေမယ့် သူတို့တွေ ထင်မှတ်ထားသလို ဟို့ယွိဟောင်နဲ့ ၀မ်သုန်တို့ရဲ့ ကြောက်စရာတိုက်ခိုက်မှုက ရေခဲထောင်ပေါ်ကိုမကျရောက်လာခဲ့တာအမှန်ပါ။ လက်ရှိအချိန်မှာ တလက်လက်တောက်ပနေတဲ့ ရေခဲထောင်ကိုမြင်လိုက်ရချိန်မှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ရပ်လိုက်ပါတော့တယ်။
၀မ်သုန့်က ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် သူနဲ့ဟို့ယွိဟောင်တို့ရဲ့ တိုက်ပွဲအပေါ် သဟဇာတဖြစ်ဖြစ်တိုက်ခိုက်နိုင်မှုကို ဘယ်သူကများယှဥ်နိုင်မှာလဲ။
သူမက ဟို့ယွိဟောင်ရဲ့နောက်ကျောဆီကို နောက်တစ်ကြိမ် ပြန်ရောက်သွားပြီတဲ့နောက် သူ့ခါးကိုလက်နှစ်ဖက်နဲ့ဖက်ထားခဲ့ရင်း ဟောင်သုန့်စွမ်းအားတွေကို ပေါင်းထည့်ပေးပါတော့တယ်။
ဟို့ယွိဟောင်က သူ့ဆီပြေး၀င်လာနေတဲ့ ရှဲ့ဟွမ်ယွဲ့နဲ့ရင်ဆိုင်ရမှာပါ။ ရှဲ့ဟွမ်ယွဲ့က ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်သလို သူ့ရဲ့မူလရည်ရွယ်ချက်ကို ဟို့ယွိဟောင်တိုက်ခိုက်ရင်း ခုခံဖို့ပါပဲ။ ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ရဲ့ အစကထဲက ပစ်မှတ်ဆိုတာ ၀ူဖုန်းမဟုတ်ပဲ သူဖြစ်နေတာကို နားလည်လို့သွားပါတော့တယ်။
ကြည့်ရတာ လင်လော့ချန်ရဲ့ ရေခဲထောင်ကိုဟို့ယွိဟောင်က တွက်ချက်ပြီသားဖြစ်ပါလိမ့်မယ်။
ထိုက်ဟွပင်းနဲ့လက်ရှိအချိန်မှာ အားကောင်းတဲ့မူးဝေမှုကနေ ပြန်လည်နိုးထလာခဲ့ပါပြီ။ ခေါင်းမူးနေဆဲဖြစ်ပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာရှိသမျှပစ္စည်းတွေကမောက်ကမဖြစ်ကုန်သွားတာကို ပိုပြီးသိသိသာသာခံစားနေခဲ့ရတယ်။ ဒီအချိန်မှာပဲ မျက်စိကျိန်မတတ်အလင်းတန်းကြီးက ကြောက်စရာကောင်းတဲ့ဖိအားတစ်ခုနဲ့အတူ သူ့အာရုံထဲကို၀င်လာပါတော့တယ်။ သူမြင်လိုက်ရတဲ့ တစ်ခုတည်သောအရာကတော့ ရွှေရောင်လက်သီးကြီးပါ။
ရှဲ့ဟွမ်ယွဲ့ကလေထဲမှာတိုက်ခိုက်နေပြီဖြစ်တဲ့အတွက် သူ့ဦးတည်ချက်ကိုမပြောင်းနိုင်တော့ပါဘူး။ တစ်စုံတစ်ရာမှားယွင်းနေတာကို နားလည်လိုက်ပြီဖြစ်ပေမဲ့ အခုအချိန်မှာတော့ လေးခုမြောက်နဲ့ ငါးခုမြောက်၀ိညာဥ်စွမ်းရည်က တစ်ပြိုင်နက်ထဲတောက်ပလို့လာပါတော့တယ်။ ဝေ၀ါးတဲ့အလင်းတန်းတစ်ခုက တစ်ကိုယ်လုံးမှာဖုံးလွှမ်းထားပြီတဲ့နောက် သူ့ရဲ့အသားအရေက မဲသွေးတစ်ခုလိုမျိုးမှောင်မိုက်နေသလို ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကလဲ အသားဘောလုံးကြီးတစ်လုံးလိုမျိုး ပြောင်းလဲလို့သွားပါတော့တယ်။
သူ့နောက်ကျောဖက်မှာကတော့ ဆင်ကြီးတစ်ကောင်အသွင်သဏ္ဍာန်အလင်းတန်းပုံရိပ်က ပေါ်ထွက်လို့လာခဲ့တော့တယ်။ သူ့ရဲ့လေးခုမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ဆင်ဖြူနှင်းနဲ့ ငါးခုမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ဆင်ပုန်းကွယ်မှုတို့ကို ဆက်တိုက်အသုံးပြုလိုက်တာပါ။ ဒါ့အပြင် ပြိုင်ဘက်တွေအနေနဲ့ ရွံ့နွံကြီးတစ်ခုထဲမှာ နစ်မြုပ်သွားသလိုမျိုး ခံစားရစေခဲ့တဲ့တိုက်ခိုက်မှုလဲ ဖြစ်နေခဲ့တယ်။ ထိုးဖောက်ဖို့လဲခက်သလို ဒီမြူခိုတွေကတိုက်ခိုက်မှုရေးအင်အားကို လျှော့ချပေးနိုင်မှာပါ။
ဆင်ပုန်းကွယ်မှုက သူ့ရဲ့အရေပြားတွေကို ချောမွေ့ပြီအိပျော့သွားစေခဲ့ပြီ ခုခံမှုကိုလဲအများကြီးတိုးလာစေခဲ့ပါတယ်။ ပြိုင်ဘက်ကို ဒီလိုမျိုးရုန်းကန်အားကြီးမားတဲ့ စွမ်းရည်နဲ့တိုက်ခိုက်တယ်ဆိုတာက သူတို့ကိုလွှင့်ထွက်သွားစေဖို့ပါပဲ။
ရှဲ့ဟွမ်ယွဲ့ရဲ့ သိုင်းပညာ၀ိညာဥ်က ရော်ဘာတုံးဖြစ်နေခဲ့တဲ့အတွက် သူ့ရဲ့အကောင်းဆုံးအစွမ်းအစဆိုတာကို ခုခံနိုင်မှန်းလူတိုင်းကသိမှာပါ။ သူက နှစ်ခုစလုံးကို တစ်ပြိုင်နက်ထဲသုံးထားခဲ့တဲ့အတွက် ဟို့ယွိဟောင်တို့ကို သူဘယ်လောက်အထိကြောက်နေလဲဆိုတာ ကြည့်ရုံနဲ့သိနေခဲ့တယ်။
ဟို့ယွိဟောင်တစ်ကိုယ်လုံးရွှေရောင်ပြောင်းသွားတာကိုလဲ ရှဲ့ဟွမ်ယွဲ့မြင်နေခဲ့ရပါတယ်။ လက်ရှိအချိန် ဟို့ယွိဟောင်က ရွှေရောင်ရုပ်ထုကြီးလိုပုံသဏ္ဍာန်မျိုးနဲ့ ကြောက်စရာအငွေ့အသက်တွေကို ထုတ်လွှတ်နေတာကြောင့် ရှဲ့ဟွမ်ယွဲ့တောင်ကြောက်လို့တုန်နေခဲ့ပါပြီ။
ရွှေရောင်လက်သီးက ရှဲ့ဟွမ်ယွဲ့ဆီကို တန်းတန်းမတ်မတ်ရောက်ရှိလို့လာနေခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီလက်သီးက စိတ်၀ိညာဥ်ရှုပ်ထွေးမှုကနေ ပြန်ကောင်းလာစဖြစ်တဲ့ထိုက်ဟွပင်းဆီကိုလဲ တစ်ပြိုင်နက်ထဲလာနေခဲ့တာပါ။
ရွှေရောင်လက်သီးကြီး ရှဲ့ဟွမ်ယွဲ့ခန္ဓယ်ကိုယ်ကိုထိမိပြီချိန်မှာ အချိန်တွေကရပ်တန့်သွားသလိုပါပဲ။ ရှဲ့ဟွမ်ယွဲ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့မြူခိုတွေအားလုံးက ပျောက်ကွယ်လို့သွားခဲ့ပြီ ရွှေရောင်လက်သီးကြီးကသာကျန်ရစ်တော့တယ်။
ရွှေရောင်အလင်းတန်းတွေနဲ့အဲ့ဒီဆင်မြူခိုတွေ ထိတွေ့မိချိန်မှာတော့ အစပိုင်းမှာမျှော်လင့်ထားခဲ့တဲ့ ပွတ်တိုက်မှုတွေက ပျောက်ကွယ်လို့သွားပါတော့တယ်။
ရှဲ့ဟွမ်ယွဲ့ရဲ့ခန္ဓာကိုယ်က သူပြေးထွက်လာတုန်းကထက်တောင် ပိုပြီးမြန်ဆန်တဲ့အရှိန်နှုန်းကြောင့် အနောက်ကို လွှင့်ထွက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် သူက အဝေးမှာရှိနေတဲ့ထိုက်ဟွပင်းကို တန်းတန်းမတ်မတ်ကြီးသွားပြီ၀င်တိုက်ပါတော့တယ်။ ရှဲ့ဟွမ်ယွဲ့ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ရွှေရောင်အလင်းလွှာတစ်လွှာက ဖုံးလွှမ်းလို့ထားခဲ့ပြီ ဆက်တိုက်တောက်ပလို့နေခဲ့ပါတယ်။
ထိုက်ဟွပင်းကလဲ ဒီအတိုင်းထိုင်စောင့်မနေခဲ့ပါဘူး။ သူ့ရဲ့ကျားလက်သည်းကိုဆန့်ထုတ်လိုက်ပြီတဲ့နောက် ရှဲ့ဟွမ်ယွဲ့ကိုဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ဖိအားက ရှဲ့ဟွမ်ယွဲ့ကိုဖမ်းဖို့ကြိုးစားချိန်မှာပဲ သူ့ခန္ဓာကိုယ်ကိုဖြတ်ထွက်လို့သွားခဲ့ပါပြီ။
ဒါကအရမ်းပဲ မွန်းကြပ်စရာကောင်းသလို ကမ္ဘာမြေပေါ်ကိုကြောက်စရာအုပ်စိုးသူတစ်ယောက်ဆင်းသက်လာသလိုပါပဲ။ သူ့ရဲ့ကြောက်စရာခန္ဓာကိုယ်တွေအားလုံးက တုန်လှုပ်လို့သွားခဲ့တဲ့အတွက် ရှဲ့ဟွမ်ယွဲ့က သူ့ရင်ဘတ်ကိုအသင့်၀င်တိုက်ပါတော့တယ်။ သူတို့နှစ်ယောက်ကတော့ နောက်ဖက်မီတာအများကြီးအထိကို လွှင့်ထွက်လို့သွားခဲ့ပြီတဲ့နောက်မှသာ ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့တော့တယ်။
ရှဲ့ဟွမ်ယွဲ့ရဲ့ နှာခေါင်းနဲ့ပါးစပ်တွေထဲကနေ သွေးတွေလဲစီးကျလို့နေပါတယ်။ ဒါ့အပြင် သူ့ရဲ့၀ဖိုက်ဖိုက်မျက်နှာကတောင် ဖြူဖျော့လို့နေခဲ့ပြီ ခန္ဓာကိုယ်တစ်ခုလုံးကလဲ တုန်ရီလို့နေခဲ့တော့တယ်။ ထိုက်ဟွပင်းကိုသူစိုက်ကြည့်ရင်းနဲ့ တုန်တုန်ရီရီပြောနေခဲ့ပါသေးတယ်။
” အရမ်း အရမ်းအားကောင်းလွန်တယ်…ငါခုခံလိုက်တာ ဖျက်ဆီးခံလိုက်ရပြီ ”
ဒါကတော့ ဟောင်သုန့်စွမ်းအားနဲ့အားဖြည့်ထားတဲ့ ဧကရာဇ်နယ်မြေပါပဲ။ ဘယ်လိုများ သူ့ရဲ့ခုခံမှုကို ရိုးရိုးရှင်းရှင်းလေးချိုးဖြတ်နိုင်တာနဲ့ တူညီနေမှာလဲ ဧကရာဇ်နယ်မြေက ရှဲ့ဟွမ်ယွဲ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ နက်ရှိုင်းတဲ့အမှတ်အသားတစ်ခုကိုချန်ရစ်ထားနိုင်ခဲ့မှာပါ။ ဒီတော့ သူနောက်တစ်ကြိမ် ဟို့ယွိဟောင်နဲ့ရင်ဆိုင်မယ်ဆိုရင် စိတ်ဒဏ်ရာက သူ့ရဲ့သွေးကြောထဲအထိကို စီးဆင်းလို့လာခဲ့ပြီ ဆက်တိုက်နှောင့်ယှက်ပါလိမ့်မယ်။
ထိုက်ဟွပင်းကလဲ ထိတ်လန့်မှုကြောင့်တွေးဝေနေခဲ့ပေမဲ့ နောက်ထပ် ရွေးစရာမရှိတော့တာကြောင့် ဟို့ယွိဟောင်ဆီကို ပြေး၀င်ပြီတိုက်ခိုက်နေဆဲပါ။
ရှဲ့ဟွမ်ယွဲ့ ဘယ်လောက်အထိသတိကြီးပြီး အားကောင်းလဲဆိုတာကို သူက ရင်းရင်းနှီးနှီးကိုသိပါတယ်။ သူကိုယ်တိုင်းတောင် ရှဲ့ဟွမ်ယွဲ့ရဲ့ခုခံစစ်ကို ဖောက်ထွက်ဖို့ဆိုတာယုံကြည်ချက်မရှိပါဘူး။
ရှဲ့ဟွမ်ယွဲ့က တိုက်ခိုက်ရေးစွမ်းအားမှာ အားမကောင်းပေမဲ့ ခုခံမှုစွမ်းအားမှာတော့ သူတို့ရဲ့သက်တူရွယ်တူအားလုံးထဲမှာ အသန်မာဆုံးလို့မှတ်တမ်းတင်ခံထားရတဲ့သူပါ။ ဒါ့အပြင် သူကိုယ်တိုင်းတောင်မှ ဟို့ယွိဟောင်ရဲ့လက်သီးတစ်ချက်ကိုမခုခံနိုင်ခဲ့ပါဘူး။
ဒါ့အပြင် သူတို့တွေက ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ရဲ့စွမ်းအားဖြည့်ပေးမှုအောက်မှာရှိနေခဲ့ပါသေးတယ်။
ရှဲ့ဟွမ်ယွဲ့ကို အလဲထိုးလိုက်ပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ခြေလှမ်းနှစ်လှမ်းနောက်ဆုတ်လို့သွားခဲ့ပါတယ်။ သူတို့ထိတွေ့မှုက အဆုံးသတ်အထိတော့အလုပ်လုပ်နေဆဲပါ။ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်အားဖြည့်ပေးမှုကလဲ ကြောက်စရာကောင်းပါတယ်။ အကယ်၍ ဟို့ယွိဟောင်သာ သူတစ်ယောက်ထဲနဲ့တိုက်ခိုက်မယ်ဆိုရင်တော့ ရှဲ့ဟွမ်ယွဲ့ကို ဒီလိုမျိုးဒဏ်ရာပေးနိုင်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် လက်ရှိဒီနေ့မှာတော့ ဟောင်သုန့်စွမ်းအားရဲ့အကူအညီ သူ့မှာရှိနေခဲ့ပါတယ်။ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင် ဘယ်လောက်ပဲသန်မာပါစေ သေချာပေါက် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကိုတော့ ယှဥ်နိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် တစ်ရာရာခိုင်နှုန်းလိုက်ဖက်ညီတဲ့ ပေါင်းစည်းစွမ်းရည်ကိုဘယ်လိုမှမယှဥ်သာတာ သေချာပါတယ်။
လိပ်ပြာတောင်ပံတွေက ဘေးဖက်ကိုဆန့်ထွက်လို့သွားခဲ့ပြီ ကြီးမားတောက်ပတဲ့ရွှေရောင်အလင်းတန်းတွေက ဖြစ်ပေါ်လာတော့တယ်။ အလင်းတန်းနတ်မိမယ်ရဲ့အလင်းတန်းတွေက အခုအချိန်မှာ အတောက်ပဆုံးအချိန်ကို ရောက်ရှိလို့နေခဲ့ပါပြီ။ သူတို့ရှေ့မှာရှိနေတဲ့ ရေခဲထောင်ကြီးက ပျောက်ကွယ်လို့သွားခဲ့ပြီ သေးငယ်တဲ့လက်ကလေးတွေရဲ့ အထိအတွေ့အောက်မှာ အငွေ့ပျံလို့သွားပါတော့တယ်။
ဟို့ယွိဟောင်လဲ တစ်ဖက်ကိုကြည့်လိုက်ချိန်မှာတော့ နှင်းလုံးလေးက ရေခဲထောင်ကိုခပ်ဖွဖွလေးထိနေတာမြင်လိုက်ရပါတယ်။
ရေခဲထောင်က ပျောက်ကွယ်သွားခဲ့တဲ့အတွက် လင်လော့ချန်လဲ အထိတ်တလန့်ဖြစ်နေခဲ့ရတော့တယ်။ သူမရဲ့သိုင်းပညာ၀ိညာဥ်နဲ့ချိတ်ဆက်ထားတဲ့ဆက်သွယ်မှုက နှင်းလုံးလေးရေခဲထောင်ကိုထိလိုက်ချိန်မှာ လုံး၀ပျောက်ကွယ်လို့သွားခဲ့တာပါ။
လိပ်ပြာနတ်မိမယ်ရဲ့အလင်းတန်းတွေက နှင်းလုံးလေးကို ညင်ညင်သာသာလေးရစ်ပတ်သွားခဲ့ပြီတဲ့နောက် ခုခံမှုမဲ့တဲ့၀ူဖုန်းဆီကို ရောက်ရှိလို့သွားပါတော့တယ်။
တိုက်ပွဲအစကနေအခုအထိ အသက်ရှုချိန်အနည်းငယ်သာကျန်ရစ်ကာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ပူးပေါင်းမှုက ပထမဆုံးပြိုင်ဘက်တွေကိုအားနည်းလို့သွားစေခဲ့ပါတယ်။ သူတို့တွေက လူခွဲသွားပြီတဲ့နောက် ထိန်းချုပ်ခံရသလို ပြိုင်ဘက်တွေကိုသုံးယောက်သာကျန်တော့တဲ့အထိ ခွဲထုတ်လိုက်ပြီ တစ်ယောက်ချင်းဆီအနိုင်ယူဖို့ လုပ်ပါတော့တယ်။ အရှိန်အဟုန်ကလဲ ဆက်တိုက်မြင့်မားလို့နေခဲ့သလို သူတို့ရဲ့ပူးပေါင်းမှုကလဲ အံ့ဩစရာကောင်းလောက်အောင် ပြစ်ချက်ကင်းနေခဲ့တယ်။
အကဲဖြတ်မှုကလဲ တိကျနေခဲ့သလို အလဟာသဖြစ်သွားတာတစ်ချိန်မှမရှိခဲ့ပါဘူး။ ရှဲ့ဟွမ်ယွဲ့ကို လက်သီးနဲ့ထိုးချလိုက်ပြီချိန်ကထဲက နောက်ကိုတောင်တစ်ချက်လေးလှည့်မကြည့်ပဲနဲ့ နင့်ထျန်းကိုသာအာရုံစိုက်နေခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ ခရမ်းရွှေရောင်အလင်းတန်းက တောက်ပလို့လာခဲ့ပြီ နင့်ထျန်းကလဲ အံကြိတ်လိုက်ရင်း သူ့ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ အချိတ်အဆက်ပြတ်သွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အပေါင်းအဖော်တွေကလဲ ချက်ချင်းဆိုသလို ဒီအသံကိုခံစားလိုက်ရပါပြီ။ စိတ်၀ိညာဥ်ထိတ်လန့်မှုဆိုတာက အကောင်းဆုံးတိုက်ခိုက်မှုပါပဲ။ အတွင်းနယ်မြေရဲ့ကျောင်းသားတွေအားလုံးက အထင်ကြီးစရာကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့တော့ ယှဥ်လို့မရသေးပါဘူး။
သေရေးရှင်ရေး ကိစ္စတွေအများကြီးကို ကျော်ဖြတ်လာတဲ့ဟို့ယွိဟောင်က ဒီလိုမျိုးအခြေအနေကိုရောက်ရှိလာဖို့အတွက် ကျွီကျွယ်ချန်နဲ့ ကျန်းကျစ်ယန်တို့ကိုအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီ သွေးတွေချွေးတွေနဲ့အတူ အတွေ့အကြုံတွေကို တည်ဆောက်လာခဲ့ရတာပါ။
သူ့အမြင်အရဆိုရင် လက်ဗလာနဲ့လူတွေက အားသာချက်ရနိုင်မှာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့အစွမ်းအစကို အဆုံးစွန်းအထိ မြင့်တင်နိုင်မှသာ အမြင့်ဆုံးအခြေအနေကိုရရှိနိုင်မှာပါ။
သေးငယ်တဲ့နှင်းလုံးလေးကတော့ နောက်ဖက်ကိုပျံသန်းလို့သွားခဲ့ပါပြီ။ သူမက အရမ်းကိုသေးငယ်လွန်တဲ့အတွက် ညာဘက်လက်မောင်းကိုအသုံးပြုပြီးတော့သာ ခုခံလို့နေခဲ့ပါတယ်။ ဒါ့အပြင် သူမက လက်ရှိအချိန်မှာ ကောင်းကင်ပေါ်ကိုလက်တွေမြောက်ထားခဲ့ပါတယ်။ တောက်ပတဲ့အပြာရောင်မျက်လုံးတွေကတော့ အလေးအနက်ထားပုံပေါ်နေခဲ့ပေမဲ့ သူမ ဘယ်လိုအခြေအနေရှိနေလဲဆိုတာကို ဘယ်သူမှအာရုံမစိုက်ကြပါဘူး။ ဒီရုပ်လေးကိုကြည့်ရတာချစ်စရာကောင်းလွန်ပြီ ဘာမှမသိကြတော့လို့ပါ။
နှင်းလုံးလေးအော်လိုက်ချိန်မှာပဲ ထူးခြားတဲ့မြင်ကွင်းက ဖြစ်ပေါ်လို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာမြစိမ်းရောင်အလင်းတန်းက ချက်ချင်းတောက်ပလို့လာခဲ့ပြီတဲ့နောက် ရေခဲရုပ်ထုနယ်မြေက ပေါ်ထွက်လာခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ နှင်းလုံးလေးရဲ့ခန္ဓာကိုယ်က လိမ္မော်ရွှေရောင်အလင်းတန်းတွေနဲ့ တောက်ပလို့လာခဲ့ပြီ ဟို့ယွိဟောင်ရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းက ပြင်းပြင်းထန်ထန်မီးပွားတွေထွက်လာပါတော့တယ်။
ရေခဲနဲ့နှင်းတွေက ဟို့ယွိဟောင်ခြေထောက်အောက်ကနေ စတင်ထွက်ပေါ်လို့လာခဲ့ပြီတဲ့နောက် နှင်းမုန်တိုင်းကြီးတစ်ခုလဲဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဒီနေရာမှာ နှင်းမုန်တိုင်းကြီးကြောင့် အပူရှိန်က သုညအောက်နှစ်ဆယ်ဒီဂရီအထိကို ကျဆင်းလို့သွားပါတော့တယ်။
ရေခဲကျောက်စိမ်းကင်မြီးကောက်ဧကရီရဲ့ ရေခဲရုပ်ထုနယ်မြေနဲ့ နှင်းဧကရီရဲ့အဆုံးစွန်းရေခဲကြားကနှင်းမှုန်အကတို့ပေါင်းစည်းလိုက်ချိန်မှာတော့ လက်ရှိအချိန်မှာ နေရာတစ်ခုလုံးက နှင်းတောကြီးဖြစ်သွားပါတော့တယ်။
လင်လော့ချန် နောက်ပိုင်းမှာထုတ်သုံးတဲ့ ၀ိညာဥ်စွမ်းအားတွေက လက်ရှိအချိန်မှာဖြစ်ပေါ်လာတဲ့ နှင်းတွေရေခဲတွေကြားမှာဖုံးလွှမ်း၀ါးမြိုမှုကို ခံခဲ့လိုက်ရတယ်။
ပြင်းထန်တဲ့အအေးဓာတ်ဖြစ်ပေါ်လာပြီတဲ့နောက် နဂါးနီရဲ့အပူတွေလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီီ။ ထိုက်ဟွပင်းရဲ့ အရှေ့မှာရှိသမျှအရာအားလုံးကလဲ နှင်းဖြူတွေအဖြစ်ကိုသာပြောင်းလဲလို့သွားတော့တယ်။ အရမ်းကိုအေးလွန်လှတာကြောင့် သူ့ရဲ့အရှိန်နှုန်းတောင် လျော့ကျလို့သွားခဲ့ပါပြီ။
လှေပေါ်မှာရှိနေတဲ့အကြီးအကဲတွေလဲ အခုအချိန်မှာ ထရပ်ပြီတော့တောင်ကြည့်နေခဲ့တယ်။
” အဲ့ဒါနယ်မြေကိုထိန်းချုပ်တဲ့၀ိညာဥ်စွမ်းရည်လား ”
အဝေးမှာရှိနေတဲ့ကျောင်းသားတွေအားလုံးလဲ ဒါကိုကြည့်ရင်း မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။ ဒီကြောက်စရာကောင်းတဲ့ နှင်းနဲ့ရေခဲတွေလောကကြီးက မီတာတစ်ရာအထိကိုဖုံးလွှမ်းလို့သွားခဲ့ပါတယ်။ ဒါကိုကြည့်ရုံနဲ့တင် နှလုံးသားထဲကအေးစက်လို့တောင် လာပါတော့တယ်။ ဒါကတကယ်ကြီး၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ိညာဥ်ဘုရင်တစ်ယောက်လုပ်နိုင်တဲ့အစွမ်းအစရောဟုတ်ရောဟုတ်ရဲ့လား လူတိုင်းတွေးနေခဲ့မိပါတယ်။
ပင်လယ်နတ်ဘုရားရေကန်ကြီးစတင်ပြောင်းလဲလို့လာပြီတဲ့နောက် ပထမဆုံးတိုက်ခိုက်ခံရသူက လက်လော့ချန်ရဲ့ရေခဲတွေဖြစ်နေခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရေကန်ရဲ့တစ်၀က်နီးပါးက အေးခဲသွားပြီဖြစ်သလို အအေးဓာတ်ကလဲ အရိုးထဲအထိရောက်ရှိလို့လာခဲ့ပါပြီ။
ကျန်းလဲ့ရွှမ်လဲလန့်ရုံကလွဲပြီ မတတ်နိုင်တော့ပါဘူး။ ပေ့ပေ့ကိုလှမ်းကြည့်လိုက်ချိန်မှာတော့ ပေ့ပေ့လဲ သူ့လိုပဲထိတ်လန့်ပြီ မျက်လုံးအပြူးသားဖြစ်နေတာကို မြင်လိုက်ရပါတော့တယ်။ ပေ့ပေ့လဲ သူ့ညီငယ်လေးတစ်ယောက် ဒီလောက်အထိအားကောင်းဆိုတာ မသိရိုးအမှန်ပါ။ ဒီအချိန်မှာပဲ နှင်းနဲ့ ရေခဲတွေကြားရွှေရောင်တုကြီးတစ်လက်ကထွက်ပေါ်လို့လာတော့တယ်။
သူတို့ရဲ့ပြိုင်ဘက်ငါးယောက်က ပြင်းထန်တဲ့အအေးဓာတ်ကို ခုခံလို့နေခဲ့ပေမဲ့ အားလုံးကဒီအချိန်မှာ တောင့်တင်းအေးခဲလို့နေခဲ့ပါပြီ။
စိတ်၀ိညာဥ်မုန်တိုင်းကြီးက ဒီအချိန်မှာပဲထွက်ပေါ်လို့လာပါတော့တယ်။ ဒီသိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်က အဆုံးစွန်းရေခဲကြားမှာ နှင်းမှုန်အကကိုအသုံးပြုပြီးအချိန်မှာပိုပြီးအစွမ်းထက်မှာပါ။ နယ်မြေထဲမှာဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှမမြင်နိုင်ကြပါဘူး။ အကြီးအကဲရွှမ်တောင်မှ မမြင်နိုင်ခဲ့ပါဘူး။ သူသာအားသုံးပြီး မဖောက်ထွက်နိုင်ဘူးဆိုရင် ဒီအရာအားလုံးက ဟို့ယွိဟောင်ရဲ့ထိန်းချုပ်မှုအောက်ထဲမှာရှိနေတဲ့လောကဖြစ်နေမှာပါ။
အပိုင်း ၂၁၉•၃ ပြီး၏။