Switch Mode

Chapter – 219.2

ပြီးပြည့်စုံတဲ့ဖိနှိပ်မှု

အပိုင်း ၂၁၉•၂

” ပြီးပြည့်စုံတဲ့ဖိနှိမ့်မှု ”
°°°
အဖြူရောင်တစ်ကွင်းနဲ့ အနက်ရောင်သုံးကွင်းတို့က သူခြေထောက်အောက်မှာစတင်ပေါ်ထွက်လို့လာခဲ့ပြီတဲ့နောက် ခန္ဓာကိုယ်ထဲမှာစည်းချက်ကျကျလှည့်ပတ်လို့နေခဲ့ပါတယ်။ ဒါက ၀ိညာဥ်ပညာရှင်တွေထဲမှာတစ်ယောက်မှမရှိတဲ့ပေါင်းစည်းမှုပါပဲ။ ဘယ်လိုပဲဖြစ်ရပါစေ ကြည့်ရတာကတော့ အတော်လေးကိုထူးခြားလို့နေခဲ့ပါတယ်။

သူတို့တွေပေါ်လာပြီချိန်မှာတော့ ၀ိညာဥ်စက်ကွင်းတွေက ပြောင်းလဲလို့သွားခဲ့ပါပြီ။ အနီရောင်တစ်ကွင်းနဲ့ လိမ္မော်ရောင်လေးကွင်းတို့က လှလှပပလေးကို တောက်ပလို့နေခဲ့ပါတယ်။

ဒီအပြောင်းအလဲနှစ်ခုက တစ်ခုနဲ့တစ်ခုဆက်တိုက်ပြောင်းလဲလို့နေတာကြောင့် လူတိုင်းကလဲ အံ့အားသင့်လို့နေခဲ့ပါတယ်။

” သူ့မှာအမြွှာသိုင်းပညာ၀ိညာဥ်ရှိတယ်ဆိုတော့ ဆက်တိုက်ပြောင်းနေတာပေါ့ ”

လင်လော့ချန်ရဲ့အေးစက်တဲ့အသံက အံ့အားသင့်နေပုံပေါ်နေပေမဲ့လဲ သတိကြီးထားနေတာမှန်တော့ ပိုသိသာပါတယ်။ သူက ဟို့ယွိဟောင်နဲ့အတူတူတိုက်ခိုက်ခဲ့တာကြောင့် ဟို့ယွိဟောင် ဘယ်လောက်အားကောင်းမှန်းသူသိပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့ရှေ့မှာရှိနေတဲ့ ရန်သူတော်ဆိုတာ တတိယ၀ိညာဥ်စက်ကွင်းကိုတောင်ရသေးတဲ့ကောင်မဟုတ်ပါဘူး။ ဒါပေမယ့် ထိပ်တန်းအဆင့်ပြိုင်ပွဲကြီးမှာ ကောင်းကောင်းအစွမ်းပြနိုင်ခဲ့ပါတယ်။ အခုတော့ငါးနှစ်ကြာပြီတဲ့နောက်မှာ သူက၀ိညာဥ်ဘုရင်ဖြစ်နေခဲ့ပါပြီ။

ဟို့ယွိဟောင်ကို ဒီနေ့သူရွေးချယ်လိုက်တယ်ဆိုတာက စိတ်အလောကြီးပုံပေါ်နေခဲ့ပေမဲ့လဲ တကယ်တော့ သူမရဲ့စိတ်ထဲမှာရှိသမျှခံစားချက်တွေအားလုံးရဲ့တွန်းပို့မှုကြောင့် ရွေးချယ်လိုက်တာလဲဖြစ်နေခဲ့တယ်။

အဲ့ဒီပြိုင်ပွဲကြီးပြီးဆုံးချိန်ကထဲကစလို့ လင်လော့ချန်အနေနဲ့ သူ့လိုမျိုးအမျိုးအစားတူတဲ့ ရေခဲ၀ိညာဥ်ပညာရှင်တွေနဲ့နည်းပါးနေတဲ့ကိစ္စနဲ့ အတော်လေးကို စိတ်မသက်မသာဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် သူမထက် ပါရမီအများကြီးရှိတဲ့လူတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားခဲ့တာကြောင့် စိတ်ကအဲ့ဒီကိုသာရောက်နေခဲ့တယ်။ ဒါကတော့ ဟို့ယွိဟောင်ပါပဲ။

ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲက သူမကိုအများကြီးအထင်ကြီးသွားစေခဲ့တယ်။ မဝေးတော့တဲ့အနာဂတ်မှာ ကျောင်းတော်ထဲမှာရော တိုက်ကြီးတစ်ခုလုံးမှာပါ ဟို့ယွိဟောင်ရေခဲကို စိန်ခေါ်နိုင်တဲ့အစွမ်းအစရှိသူ ဘယ်သူမှမရှိနိုင်တော့ဘူးဆိုတာ သူမနားလည်ထားခဲ့တယ်။

ဒါကနှလုံးသားထဲက တောင့်တမှုလဲဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့အတူတူ စင်မြင့်ပေါ်မှာယှဥ်ပြိုင်သလို စစ်မြေပြင်ထဲမှာလဲအတူတူယှဥ်တွဲပြီတိုက်ခိုက်ချင်လိုစိတ်ကအပြည့်ရှိနေခဲ့တယ်။ သူမရဲ့ကိုယ်ပိုင်စွမ်းရည်တွေက သူသာရှိနေမယ်ဆိုရင် အများကြီးတိုးတက်နေမှာပါ အဆုံးစွန်းရေခဲကိုထိန်းချုပ်နိုင်စွမ်းဆိုတာ အရမ်းကိုအံ့ဩစရာကောင်းလွန်တဲ့အရာပါပဲ။ အကယ်၍ သူမသာ ဟို့ယွိဟောင်နဲ့အတူတူ လေ့ကျင့်မယ်ဆိုရင် သူမရဲ့ကျင့်ကြံမှုအရှိန်နှုန်းက အခုထက်အများကြီးပိုပြီးမြန်ဆန်လိမ့်မယ်လို့ လင်လော့ချန် နက်နက်ရှိုင်းရှိုင်းနဲ့ယုံကြည်လို့ထားခဲ့တယ်။

၀ိညာဥ်ပညာရှင်နဲ့ သာမန်လူတွေရဲ့ကျိုးကြောင်းဆီလျော်အောင်တွေးတတ်တဲ့စိတ်က အတော်ကြီးကို ကွာခြားပါတယ်။ ဒါ့အပြင် ချစ်ခြင်းမေတ္တာအပေါ်ခံယူမှုကလဲ အတူတူပါပဲ။ အမျက်ဒေါသကျောင်းတော်က ဘာကြောင့်များပင်လယ်နတ်ဘုရားကံကြမ္မာကို ကျင်းပရလဲဆိုရင်ဒီလိုအကြောင်းအရာတွေဖြစ်နေခဲ့တယ်။ ကျောင်းတော်ထဲမှာရှိတဲ့ ကျောင်းသားတွေကမောက်မာလွန်တဲ့အပြင် အကယ်၍ သူတို့သာအနိုင်ယူချင်တယ်ဆိုရင် သေချာပေါက် သူတို့နဲ့အဆင့်တူတဲ့ ကျင်ကြံဆင့်ရှိနေရမှာပါ။

ကျောင်းသားတွေရဲ့အဓိကရည်မှန်ချက်ဆိုတာက သော့်လော့တွေဖြစ်လာဖို့ပါပဲ။ ဒါ့အပြင် သူတို့နဲ့အတူတူ ယှဥ်တွဲပေါင်းဖက်နိုင်ပြီ ပြီးပြည့်စုံတဲ့ထောက်ပံ့ပေးသူကိုရရှိနိုင်ဖို့သူတို့ကစိတ်ထဲမှာအလိုလားအတောင့်တဆုံးကိစ္စလဲဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူ့ထက်ပိုသာလွန်တဲ့အစွမ်းအစရှိသူ၀ိညာဥ်ပညာရှင်တွေကသာ သူတို့နှလုံးသားကိုအနိုင်ယူနိုင်မှာပါ။

လင်လော့ချန်လဲ ကွာခြားချက်မရှိခဲ့ပါဘူး။ သူမရဲ့စစချင်အရွယ်ကထဲက နင့်ထျန်းနဲ့တူနေခဲ့တယ်။ နင့်ထျန်းရဲ့စိတ်ကတော့ ပိုပြီးသန့်စင်ပါတယ်။ လင်လော့ချန်ရဲ့နှလုံးသားကတော့ ဟို့ယွိဟောင်အပေါ်ထိန်းသိမ်းထားခဲ့တဲ့ရှူပ်ထွေးတဲ့ခံစားချက်က ငါးနှစ်တာကြာအောင်ရှိနေခဲ့တာကြောင့် ပိုပြီးတော့ခန့်မှန်းရခက်နေခဲ့တယ်။

လက်ရှိအချိန် ဆယ်ခုနှစ်အရွယ်ဟို့ယွိဟောင်ကို မြင်လိုက်ခဲ့ရတာကြောင့် သူမရဲ့နှလုံးသားကပိုပြီးတော့လှုပ်ရှားနေခဲ့ရပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အငွေ့အသက်တစ်ခုက သူမကိုဖိတ်ခေါ်နေသလို ခံစားနေခဲ့ရပါတယ်။ ဒါ့အပြင် သူမရဲ့၀ိညာဥ်စွမ်းအားတွေကိုလဲ ဆွဲယူနေသလိုပါပဲ။

သူဆွဲဆောင်မှုက အရမ်းကိုအားကောင်းလွန်နေတဲ့အတွက် ဟို့ယွိဟောင်က သူ့ထက်အသက်ခုနှစ်ငယ်နေတာတောင် သူရဲရဲ၀င့်၀င့်ထွက်လာပြီ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရရှိလိုက်တဲ့ ငြင်းပယ်မှုကတော့နှမြောစရာပါပဲ။

ဒီစိန်ခေါ်မှုကို သူမတောင်းဆိုခဲ့တယ်ဆိုတာလက်စားချေချင်တာ မကျေနပ်ချင်စရာတွေတစ်ခုမှမပါပါဘူး။ အဲ့ဒီလူငယ်ရဲ့ ရေခဲအစွမ်းအစဘယ်လောက်အဆင့်အထိ ​ရောက်နေပြီလဲဆိုတာ သူမြင်ချင်ရုံသက်သက်ပါ။ ဒါ့အပြင် သူတို့တွေ့ဆုံပြီတဲ့နောက် ဒီလိုမျိုးသူ့စိတ်ကိုအပြည့်အ၀ဆွဲဆောင်ထားနိုင်သူဆိုတာ ရှားပါးလွန်လှပါတယ်။

ထိုက်ဟွပင်းကတော့ သူ့ရဲ့ရင်ဘတ်ကိုလက်နဲ့ရိုက်ထုတ်လို့နေခဲ့တယ်။ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက နောက်တစ်ကြိမ်အရွယ်အစားထပ်ကြီးလာခဲ့ပြီ ဟို့ယွိဟောင်ဆီကို ဒေါသတကြီးနဲ့အော်ဟစ်ရင်းပြေး၀င်လို့လာခဲ့ပါတယ်။ သူ့ရဲ့ခြေထောက်တွေကတော့ မာကြောတဲ့ရေခဲမှာတောင် နက်ရှိုင်းတဲ့ခြေရာတွေကို ချန်ထားနိုင်တဲ့အထိ အရှိန်အဟုန်ကောင်းနေခဲ့တယ်။ ဒါ့အပြင်ခန္ဓာကိုယ်ကြီးကလဲ တောက်ပတဲ့ရွှေဖြူရောင်အလင်းတန်းတွေနဲ့အတူ ဟို့ယွိဟောင်ဆီကို ပြေး၀င်လို့လာနေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက တောက်ပနေခဲ့သလို လုံး၀စိတ်ဖိစီးမှုဆိုတာကလဲ မရှိခဲ့ပါဘူး။ ထိုက်ဟွပင်းက အသက်ဆယ်ခုနှစ်ပြည့်ပြီဖြစ်သလို အဆင့်ငါးဆယ်ကိုဖြတ်ကျော်တိုးတက်လို့ အဆင့်ခြောက်ဆယ်နားရောက်နေတဲ့သူပါ။ ဒါပေမယ့် အဲ့ဒီတော့ဘာဖြစ်လဲ စိတ်ထဲမှာအမုန်းမရှိပဲနဲ့တောင် ထိုက်ဟွပင်းဆိုတာက ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ ထိုက်ယွဲ့ဟန်နဲ့မယှဥ်သာနိုင်တဲ့ ဒုတိယလူပါ။

ထိုက်ဟွပင်းက ပါရမီရှိကောင်းရှိနိုင်ပေမဲ့ သူ့ရဲ့အနာဂတ်ခရီးလမ်းမှာအကြီးမားဆုံးအနှောင့်အယှက်ဖြစ်လာမယ်ဆိုတာက စိတ်အလောကြီးလွန်ပြီ အတ္တနဲ့မာနကြီးလွန်တဲ့ အကျင့်စရိုက်​ကြောင့်ပါပဲ။

ထိုက်ဟွပင်းပြေး၀င်လာနေတာကို မမြင်တဲ့အတိုင်း ဟို့ယွိဟောင်က နေနေခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေကိုလဲ ဒီအတိုင်းအရောင်ပြောင်းနေတုန်းပါ။

တတိယနေရာမှာရှိနေခဲ့တဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းက ရုတ်တရက်တောက်ပလာပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့မျက်လုံးအဖြူက အရောင်ပြောင်းသွားပါတော့တယ်။ ဖြူဖျော့တဲ့အဖြူရောင်အလင်းတန်းနှစ်ခုက ထိုက်ဟွပင်းဆီကို ဦးတည်မထားခဲ့ပဲ သူ့နောက်မှာရှိတဲ့လူသုံးယောက်ဆီကိုပြေး၀င်လို့သွားခဲ့ပါပြီ။

ဒီအဖြူရောင်အလင်းတန်းက သူတို့ကိုမထိတွေ့ပဲလေထဲမှာတန့်သွားခဲ့ပါတယ်။ ဒါ့အပြင် သူ့နေရာက ထိုက်ဟွပင်း ၀ူဖုန်း ရှဲ့ဟွမ်ယွဲ့ လင်လော့ချန်နဲ့ အနောက်မှာရှိနေတဲ့ နင့်ထျန်းတို့ရဲ့အလယ်တည့်တည့်ကို ရောက်သွားခဲ့တာပါ။ ဒီအလင်းတန်းက အဖြူရောင်အလုံးတစ်လုံးအဖြစ် ပြောင်းလဲလို့သွားခဲ့ပြီ သူတို့ငါးယောက်စလုံးရဲ့နေရာကိုတိတိကျကျဖုံးလွှမ်းလို့သွားခဲ့ပါတယ်။

အစုလိုက် အပြုံလိုက် အင်အားချည့်နဲ့စေမှုကိုအသုံးပြုလိုက်ပါပြီ။ လေပေါ်မှာရှိနေတဲ့အကြီးအကဲတစ်ယောက်က လေးစားမှုအပြည့်နဲ့လှမ်းပြီပြောလာခဲ့ပါတယ်။

” စိတ်၀ိညာဥ်ကိုထိန်းချုပ်နိုင်တဲ့အစွမ်းအစက ကြောက်စရာကောင်းလှပါလား ”

” အကြီးအကဲရွှမ် ငါမှတ်မိတာသာမှန်မယ်ဆိုရင် သူ့ရဲ့၀ိညာဥ်ထိန်းချုပ်နိုင်တဲ့အစွမ်းအစက အသုံးပြုသူဆီကနေ အဓိကအခြေခံတာမလား ဘယ်လိုလုပ်ဒီလောက်အထိ ဝေးကွာသွားတဲ့အခြေအနေမှာတောင် နေရာအတိအကျကိုတိုက်ခိုက်နိုင်တာလဲ ”

” မင်းပြောလိုက်တာပဲမဟုတ်ဘူးလား စိတ်၀ိညာဥ်ထိန်းချုပ်မှုလေသူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက ကြောက်စရာကောင်းတဲ့အဆင့်အထိကိုရောက်နေလောက်ပြီ ဒါ့အပြင် ထိန်းချုပ်နိုင်စွမ်းကလဲ အတော်မြင့်တယ်…ဒီတော့အခုလို၀ိညာဥ်စွမ်းရည်ကိုသုံးနိုင်တာပေါ့ ဒီကောင်ကတော့လေ ဆက်တိုက်ကိုတိုးတက်နေတာပဲ သူ့စိတ်၀ိညာဥ်စွမ်းအားကတော့ အင်း ”

အကြီးအကဲရွှမ်ကတော့ ပြောရင်းပြောရင်းမျက်လုံးတွေတောင်အရောင်တလက်လက်တောက်လာပါတော့တယ်။ ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်ကို လုပ်ခဲ့တဲ့နေရာမှာ နှစ်တစ်လျှောက်လုံး အာရုံစိုက်နေခဲ့တဲ့အတွက် သူ့ရဲ့မျက်လုံးထဲမှာ အနည်းငယ်စိုးရိမ်နေခဲ့သလို တစ်ချိန်ထဲမှာလဲကျေနပ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်အနေနဲ့ ၀ိညာဥ်လက်နက်တွေကိုအာရုံစိုက်လွန်ပြီ ကျင့်ကြံမှုမှာနှောင့်နှေးသွားမှာကို စိုးရိမ်နေခဲ့တာက တစ်ပိုင်းဖြစ်ပေမဲ့ အခုတော့ကြည့်ရတာစိုးရိမ်ဖို့မလိုတော့တဲ့ပုံပါပဲ။

ထိုက်ဟွပင်းတို့ကတော့ ခန္ဓာကိုယ်တစ်ကိုယ်လုံးအားနည်းသွားတာကို မှော်ဆန်ဆန်ခံစားလိုက်ရပါတယ်။ လင်လော့ချန်နဲ့ နင့်ထျန်းတို့ကတော့ အခြေအနေအနည်းငယ်ပိုကောင်းနေခဲ့တယ်။ သူတို့တွေက ၀ိညာဥ်စွမ်းအားကိုပဲ အဓိကအသုံးပြုပြီး တိုက်ပွဲကိုတိုက်ခိုက်နေခဲ့တာပါ။ ဒါပေမယ့် ရှဲ့ဟွမ်ယွဲ့ ထိုက်ဟွပင်း ၀ူဖုန်းတို့ကတော့ အနီးကပ်တိုက်ခိုက်ရေးပညာရှင်တွေဖြစ်တဲ့အတွက် ဒီလိုအားနည်းမှုက သူ့တို့အတွက်တိကျလို့နေခဲ့တယ်။

ရုတ်တရက်အားနည်းသွားတာကြောင့် နင့်ထျန်းအနေနဲ့လဲ သူအားဖြည့်နေတဲ့အရှိန်ကိုလျော့ချလိုက်ရပါပြီ။ ဒါ့အပြင် သူတို့ရဲ့တိုက်ခိုက်လိုစိတ်တွေကလဲ အတော်ကိုလျော့ကျလို့သွားခဲ့ပါတယ်။

အရှေ့ကိုခုန်၀င်လာနေတဲ့ ထိုက်ဟွပင်းရဲ့အရှိန်ကလဲ သုံးဆယ်ရာခိုင်နှုန်းအထိကို လျော့ကျလို့သွားခဲ့တယ်။

ဒီအချိန်မှာပဲ ဟို့ယွိယောင်က လှုပ်ရှားလိုက်ပါပြီ။ ၀မ်သုန့်ကို ဆွဲယူရင်းနဲ့သူတို့နှစ်ယောက်က လေထဲမှာတောက်ပလို့လာခဲ့ပါတော့တယ်။ အရှိန်နှုန်းကလဲ အရမ်းကြီးမြင့်လာခဲ့သလို သူ့ခန္ဓာကိုယ်ပေါ်မှာတောက်ပတဲ့ရွှေရောင်အလင်းတန်းက ရုတ်တရက်ပေါ်ထွက်လို့လာခဲ့ပါတော့တယ်။ အရှေ့မှာရှိနေတဲ့ တိုက်ခိုက်မှုကိုရင်ဆိုင်နေရပေမဲ့ ဟို့ယွိဟောင်ကတော့ အရမ်းကိုတည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ချက်တွေချနေဆဲပါ။

သူ့မျက်လုံးကတော့ ထူးဆန်းတဲ့ရွှေရောင်အလင်းတန်းအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီ ရေ၀ဲတစ်ခုလိုမျိုးနက်ရှိုင်းတဲ့လှည့်ပတ်မှုက ထွက်ပေါ်လို့လာတော့တယ်။

ရွှေရောင်အလင်းတန်းနှစ်ခုက ထိုက်ဟွပင်းကိုတန်းတန်းမတ်မတ်ပစ်မှတ်ထားနေခဲ့တယ်။ သူတို့ရဲ့အရှိန်ကလဲ အလင်းအရှိန်ဖြစ်တာကြောင့် မတွေးနိုင်လောက်အောင် မြန်ဆန်လွန်လှပါတယ်။ ထိုက်ဟွပင်းအနေနဲ့ ရှောင်ချင်တယ်ဆိုရင်တောင်မှ ရှောင်လို့ရနိုင်တဲ့အစွမ်းအစရှိမနေခဲ့ပါဘူး။ သူ့မှာသာဟို့ယွိဟောင်လို စိတ်၀ိညာဥ်ထောက်လှမ်းမှုမျိုးရှိနေတာဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သူ့မှာသေချာပေါက် မရှိတဲ့အတွက် ထိပ်တိုက်ရင်ဆိုင်တာကလွယ်ပြီ ဘာမှမတတ်နိုင်ပါဘူး။

ထိုက်ဟွပင်းက ဒုတိယ၀ိညာဥ်စွမ်းရည်ကိုအသုံးပြုရင်းကောင်းကင်ပေါ်ကိုထိုးတက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့၀ိညာဥ်စက်ကွင်းငါးကွင်းတိတိထဲက လေးခုကတစ်ပြိုင်နက်ထဲမှာလှုပ်ရှားနေခဲ့ပါပြီ။

တောက်ပတဲ့အဖြူရောင်အလင်းတန်းကြီးက ပါးစပ်ထဲကနေ ထွက်ပေါ်လာပါတော့တယ်။ သူတို့နှစ်ယောက်ကိုလေထဲမှာခွဲလိုက်ဖို့အတွက် ဒီအလင်းလှိုင်းကိုအသုံးပြုဖို့ တွေးလိုက်တာပါ။

အဖြူရောင်နဲ့ ရွှေရောင်ရောထားတဲ့အလင်းတန်းကောင်းကင်ပေါ်မှာထိတွေ့ချိန်မှာတော့ ထိုက်ဟွပင်းမျက်လုံးပြူးသွားခဲ့ရပြန်ပါတယ်။ ဘာကြောင့်လဲဆိုရင် တိုက်ခိုက်မှုကို မခံစားရလို့ပါပဲ။ ဒါပေမယ့် သူ့ရဲ့ကျားဖြူမီးလုံးကတော့ ဟိုအဝေးအထိ တက်သွားခဲ့ပြီ ဟို့ယွိဟောင်ရဲ့ ရွှေရောင်အလင်းနှစ်ခုကတော့ သူ့ခန္ဓာကိုယ်နဲ့လာပြီထိမိပါတော့တယ်။

စိတ်၀ိညာဥ်စွမ်းအားဆိုတာက ၀ိညာဥ်စွမ်းအားနဲ့မတူညီပါဘူး။ သူကတော့ မှားယွင်းတဲ့အကဲဖြတ်မှုကိုလုပ်လိုက်မိပါပြီ။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ လေးခုမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ စိတ်၀ိညာဥ်ရှုပ်ထွေးမှုကို တိုက်ရိုက်ခံစားလိုက်ရတာပါ။

ရွှေရောင်ရေ၀ဲက ရုတ်တရက်ဆိုသလို ထိုက်ဟွပင်းရဲ့ခေါင်းပေါ်မှာပေါ်လာပါတော့တယ်။ ဒီရေ၀ဲက တစ်ပေခွဲနီးပါးလောက် မြင့်မားပြီသူ့ခေါင်းပေါ်မှာတ၀ှီး၀ှီးလာလှည့်နေတဲ့အတွက် ချက်ချင်းဆိုသလို ခေါင်းတစ်ခုလုံးမူးဝေနှောက်ကျိလာရပါတော့တယ်။ ခေါင်းထဲမှာရှိရှိသမျှကိစ္စအားလုံးအပြောင်အပြန်ဖြစ်နေပုံပါပဲ။ သူ့ရှေ့မှာရှိသမျှ လူတိုင်းက ဝေ၀ါးလို့သွားခဲ့ပြီ ခန္ဓာကိုယ်ကိုတောင် မထိန်းချုပ်နိုင်တော့ပဲဖြစ်လာရပါတော့တယ်။

ဟို့ယွိဟောင်က ပုံမှန်စိတ်၀ိညာဥ်ရှုပ်ထွေးမှုမျိုးကို မသုံးခဲ့ပါဘူး။ ဒီ၀ိညာဥ်စွမ်းအားက သိပ်မကောင်းတာကြောင့် ပစ်မှတ်တို့ထိန်းချုပ်ပြီ ဟို့ယွိဟောင်က ဒီအစွမ်းကိုမသုံးခဲ့ဘူးဆိုတာ သိပ်မကောင်းတာကြောင့်မဟုတ်ပါဘူး။ သူကပစ်မှတ်တစ်ခုထဲကိုတင် ထိန်းချုပ်ပြီအသုံးပြုနေတဲ့နေရာမှာ အရမ်းကိုအင်အားကြီးလွန်တာကြောင့် တခြားသူတွေစိတ်ထဲမှာမှတ်မိဖို့လွယ်ကူပါတယ်။

ကျီကျွယ်ချန်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ သူတစ်ခါမှမတုန်လှုပ်ဖူးပါဘူး။ လက်ရှိအချိန် တိုက်ပွဲမှာတော့ အရေအတွက်များတဲ့အတွက် ထိုက်ဟွပင်းက သူ့ရဲ့စမ်းသပ်ခံကြွက်ကလေးဖြစ်သွားရပါတော့တယ်။ အားလုံးရဲ့အမြင်အရ ဟို့ယွိဟောင်က တိုက်ခိုက်တာတွေအားလုံးရပ်သွားခဲ့ပြီ ဘာမှမထိန်းချုပ်နိုင်တော့တဲ့အတိုင်းရှိနေခဲ့ပါတယ်။ သူက နေရာမှာတင်စက်၀ိုင်းလည်နေသလိုမျိုးလည်နေခဲ့ပြီ ပြိုလဲတော့မတတ်ဖြစ်နေခဲ့ပါပြီ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ပျံသန်းနေဆဲပါပဲ။ ဒါ့အပြင် ဒီအတိုင်းထိုက်ဟွပင်းကို ပုခုံးပေါ်ကနေအသာအယာကျော်ဖြတ်လို့သွားပြီ ၀ူဖုန်းဆီကို တန်းတန်းမတ်မတ်၀င်လာခဲ့ပါတယ်။

ရှဲ့ဟွမ်ယွဲ့ကတော့ ပိုပြီးလှုပ်ရှားမှုမြန်ဆန်ခဲ့တယ်။ ချက်ချင်းဆိုသလို ထိုက်ဟွပင်းထိန်းချုပ်မှုလွှတ်လွှတ်ချင်ပဲ သူကဘေးကနေတိုက်ရိုက်၀င်လာခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ၀ူဖုန်းဆီရောက်လာမှာကို တွေ့တာကြောင့်ချက်ချင်းခန္ဓာကိုယ်ပေါ်က ၀ိညာဥ်စက်ကွင်းတွေကို ချက်ချင်းထုတ်သုံးတော့တယ်။ ၀ဖိုက်တဲ့ခန္ဓာကိုယ်ကြီးက မြေပြင်မှာထိုင်ကျသွားခဲ့သလို အားကောင်းတဲ့ခွန်အားက ၀ူဖုန်းဆီကိုချက်ချင်းရောက်လာပါတော့တယ်။

ဒါက ငါးယောက် နှစ်ယောက် တိုက်ပွဲဖြစ်တာကြောင့် လင်လော့ချန်ရဲ့ ၀ိညာဥ်စွမ်းရည်တွေကလဲ သူတို့ရဲ့ပစ်မှတ်ကိုမြန်မြန်ဆန်းဆန်းပဲရှာတွေ့သွားခဲ့ပါပြီ။ သူတို့က ဟို့ယွိဟောင်ရဲ့နေရာကို အာရုံစိုက်နေခဲ့တာကြောင့် များပြားတဲ့စွမ်းရည်တွေကို တစ်ပြိုင်နက်ထဲထုတ်သုံးပါတော့တယ်။

ထိုက်ဟွပင်းရဲ့ခန္ဓာကိုယ်ပေါ်မှာရေခဲသံချပ်ကာတစ်ခုပေါ်လာခဲ့ပြီ သူ့ရဲ့ခုခံနိုင်စွမ်းတွေကို မြင့်တင်ပေးလိုက်ပါတော့တယ်။ ရေခဲထောင်ကလဲ တိကျတဲ့ကြိုတင်ခန့်မှန်းချက်နဲ့အတူ စတင်ပြီအလုပ်ဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ဆီကိုမရောက်ရှိပဲ ၀ူဖုန်းဆီကိုရောက်လာခဲ့တာပါ။

ဆယ်မီတာကျော်ရှိတဲ့ရေခဲထောင်က ရေခဲတိုင်လုံးပေါင်းနှစ်ဆယ်လေးခုနဲ့ပြုလုပ်ထားခဲ့တာပါ။ ဒါ့အပြင် အပေါ်မျက်နှာပြင်ပေါ်ကလဲ ခိုင်မာတဲ့ရေခဲပြင်ကြီးနဲ့ ဖုံးအုပ်လို့ထားပါသေးတယ်။

လင်လော့ချန်က လုံး၀ကိုဉာဏ်ပြေးတဲ့သူပါပဲ ဟို့ယွိဟောင်ရဲ့ ထိန်းချုပ်ရေး၀ိညာဥ်စွမ်းရည်က ထိုက်ဟွပင်းကိုအချိန်အကြာကြီးမထိန်းထားနိုင်မှန်း သူမသိပါတယ်။ သူမကိုယ်တိုင်းလဲ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် အခုလက်ရှိအခြေအနေမှာ သူတို့ဖက်ကလူတစ်ယောက်မှမထိခိုက်တာကို သေချာအောင်လုပ်လိုက်ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲကိုလဲ အတော်လေးကြောက်တဲ့အတွက် ထိန်းမထားနိုင်မှန်းလဲ သူသိနေခဲ့တယ်။

အပိုင်း ၂၁၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset