Switch Mode

Chapter – 219.1

အပြည့်အဝဖိနှိမ့်ခြင်း

အပိုင်း ၂၁၉•၁

” အပြည့်အ၀ဖိနှိမ့်ခြင်း ”
°°°
၀ူဖုန်းကတော့ သူ့ဘာသာသူ စိတ်ထဲမှာဆက်တိုက်မေးနေခဲ့မိပါတယ်။ ဟို့ယွိဟောင်က ငါထက်သန်မာနေလို့လား မဟုတ်ဘူးငါထက်ပိုပြီးမသန်မာနိုင်ဘူး။

ပြင်းထန်တဲ့မနာလိုစိတ်တွေနဲ့ သူမသယ်ဆောင်ထားတဲ့ နင့်ထျန်းနဲ့ပတ်သက်တဲ့ပုံမှန်မဟုတ်တဲ့ခံစားချက်တွေက နောက်တစ်ကြိမ်ပြန်ပြီပေါ်ထွက်လို့လာပါတော့တယ်။ ဟို့ယွိဟောင်အပေါ်မှာအမုန်းတရားက လက်ရှိအချိန်မှာမခန့်မှန်းနိုင်လောက်တဲ့အဆင့်အထိကို မြင့်တက်လို့သွားခဲ့ပါပြီ။

ထိုက်ဟွပင်းရဲ့ ခံစားချက်တွေကတော့ အများကြီးတည်ငြိမ်လို့သွားခဲ့ပါတယ်။ အစကနေအဆုံးအထိ ဟို့ယွိဟောင်ကိုမုန်းနေတဲ့ သူ့ရဲ့အမုန်းတရားကတချက်လေးတောင် လျော့ကျမသွားခဲ့ပါဘူး။ ကျောင်းတော်ထဲကို၀င်လာပြီချိန်ကထဲကစလို့ သူ့ထက်အဆင့်နှိမ့်တဲ့ကျောင်းသားကို အကြိမ်ကြိမ်ရှုံးနှိမ့်ခဲ့ရတဲ့အဲ့ဒီလူကလဲ ဟို့ယွိဟောင်ဖြစ်နေခဲ့တယ်။

သူ့အမြင်အရ ဟို့ယွိဟောင်ဆိုတာ သူပိုင်ဆိုင်သင့်တဲ့အောင်မြင်မှုတွေကို ရယူသွားခဲ့တဲ့သူပါ။ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲမှာ ချန်ပီယံအဆင့်က သူ့အတွက်သာဖြစ်သင့်ပါတယ်။ အကယ်၍ သူသာကောင်းကောင်းကြိုးစားမယ်ဆိုရင် ဟို့ယွိဟောင်ထက် ပိုပြီးသာလွန်လိမ့်မယ်လို့ယုံကြည်မိခဲ့တယ်။ ဒါ့အပြင် သူကမိစ္ဆာခုနှစ်ဖော်ထဲကို၀င်ရောက်သင့်တဲ့သူပါ။

ထိုက်ယွဲ့ဟန်က သူ့ကိုမထွက်သွားခင်အချိန်မှာ သတိပေးခဲ့ပါတယ်။ ဟို့ယွိဟောင်က အဖက်ဖက်မှာထူးချွန်တဲ့သူတစ်ယောက်တဲ့ ဒါပေမယ့် သူ့ရဲ့ခေါင်းမာမှုနဲ့ မကျေနပ်ချက်တွေကြောင့်သာ ထိုက်ဟွပင်းက ဒီလောက်အထိသန်မာပြီ ထူးချွန်နေခဲ့တာပါ။

လွန်ခဲ့တဲ့နှစ်တွေမှာ ဆက်တိုက်မရပ်မနားကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ သူလုပ်ချင်တဲ့တစ်ခုတည်သောအရာကတော့ ဟို့ယွိဟောင်ကို နောက်တစ်ကြိမ်တိုက်ခိုက်ချင်တာပါပဲ။ ဒါ့အပြင် ရလဒ်ကိုအသုံးပြုပြီး သူကဟို့ယွိဟောင်ထက် ပိုသန်မာတယ်ဆိုတာကိုသက်သေပြချင်နေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်က နှစ်နှစ်ကျော်ကြာအောင်ကျောင်းတော်ကနေထွက်ခွာသွားနေခဲ့တာပါ။ လအနည်းငယ်ကမှ ပြန်ရောက်လာခဲ့တာကြောင့် သူစောင့်ဆိုင်းခဲ့ရတဲ့အချိန်ကို အခုမှအကောင်အထည်ဖော်ဖို့ လုပ်ရပါတော့မယ်။ ဒီအခြေအနေကိုစောင့်နေခဲ့တာကြာလွန်လှပါပြီ။

ဟို့ယွိဟောင်က ၀မ်သုန့်ကို ခံစားချက်၀န်ခံနေတဲ့အချိန်မှာ ထိုက်ဟွပင်းလဲ အရမ်းကိုတည်ငြိမ်လို့နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် စိတ်ထဲမှာလှောင်ရယ်လို့နေခဲ့တာပါပဲ။ စိတ်ခံစားချက်တွေကို ၀န်ခံတာက ကောင်းတဲ့ကိစ္စဆိုပေမဲ့ ဟို့ယွိဟောင်က ဒီမောက်မာလွန်ပြီ မျက်နှာတောင်မမြင်ရတဲ့ နံပါတ်နှစ်ကောင်မလေးကို တကယ်ပဲဂရုစိုက်တယ်ဆိုတာ သိသာစေတဲ့အချက်ဖြစ်သွားခဲ့တယ်။

ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ပင်လယ်နတ်ဘုရားကံကြမ္မာမှာ ဟို့ယွိဟောင်ကို အနိုင်တိုက်တာက အကောင်းဆုံးရွေးချယ်မှုဖြစ်လာမှာပါပဲ အကယ်၍ သူ့ရဲ့စိတ်ဓာတ်အောင်ပျက်စီးအောင်မလုပ်နိုင်ဘူးဆိုရင်တောင် အများကြီးအရှက်ခွဲနိုင်မှာပါ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ကောင်မလေးကို လုယူနိုင်တာကလဲ တူညီသွားပါလိမ့်မယ်။

တွေးရင်းတွေးရင်းနဲ့ ထိုက်ဟွပင်းကတော့ပိုပြီးစိတ်လှုပ်ရှားလာခဲ့ပါပြီ။ နံပါတ်နှစ်ကောင်မလေးကို လုယူချင်တဲ့စိတ်က ပိုပြီးအားကောင်းလို့လာပါတော့တယ်။ ဒီလိုသာဖြစ်မယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ အများကြီးခံစားရမယ်လို့သူယုံကြည်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့လက်ကိုကိုင်ရင်း ခပ်တိုးတိုးလေးပြောလိုက်ပါတယ်။

” စကြရအောင် ရေကန်ထဲမှာတိုက်မှာလား ”

ကျန်းလဲ့ရွှမ်ရဲ့အသံက အဝေးကနေထွက်ပေါ်လာခဲ့ပါတယ်။

” သတို့သမီးကို လုယူတာက ရေကန်ပေါ်မှာလုပ်စရာမလိုပါဘူး..မင်းတို့ဖက်မှာလူနည်းတယ်ဆိုမှတော့ နေရာကိုကိုယ်တိုင်းပဲ ရွေးချယ်လိုက်ပါ “‘

” မလိုပါဘူး ရေကန်ပေါ်မှာပဲ တိုက်ခိုက်ကြတာပေါ့ ပင်လယ်နတ်ဘုရားကံကြမ္မာဆိုတာက ကျွန်တော်တို့နှစ်ယောက်ကို ကောင်းချီးပေးတဲ့နေရာပါပဲ ဒီတော့ဒီလိုမျိုးချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ကံကြမ္မာဆုံတွေ့ရတဲ့ တွေ့ဆုံမှုလေးမှာ တတ်နိုင်သလောက် အကောင်းဆုံးပြီးပြည့်စုံချင်ပါတယ် ”

သူပုံစံက တည်ငြိမ်နေပေမဲ့ ဘေးမှာရပ်နေတဲ့လူငါးယောက်ကတော့ အတော်ကြီးကို မျက်နှာကြောတွေတင်းသွားခဲ့တယ်။

ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါကတော့ ပြောင်းလဲသွားပုံပေါ်ပါတယ်။ ဒါက သူ့ရဲ့၀ိညာဥ်စွမ်းအားအားကောင်းလာတာကြောင့်မဟုတ်ပဲ ကြောက်စရာကောင်းလွန်လှတဲ့ ခြိမ်းခြောက်မှုအရှိန်အ၀ါတစ်ခု ထွက်ပေါ်လာတာပါ။ ကျယ်ပြန့်လွန်ပြီ စူးရှထက်မြက်မှုမရှိပေမဲ့လဲ အားကောင်းတဲ့ဖိအားတစ်ခုဖြစ်နေခဲ့တယ်။

နင့်ထျန်းလဲ အမူအရာပြောင်းသွားခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်ကို သူအထင်သေးခဲ့မိမှန်း ကိုယ်ဘာသာကိုယ်နားလည်သွားရပါတော့တယ်။ ဒါပေမယ့် အခုသူတို့က ငါးယောက် နှစ်ယောက်တိုက်မှာပါ။ တစ်ဖက်နှစ်ယောက်က လူငါးယောက်ကို အဆင့်တူအချင်းချင်းဖြစ်ပြီ အနိုင်ရဖို့ဖြစ်နိုင်မှာလား ဟို့ယွိဟောင် နင်နဲ့ နံပါတ်နှစ်ကောင်မလေးနဲ့ ရင်းရင်းနှီးနှီးသိတယ်ဆိုတာ သူမသေချာသွားပါပြီ။

ဟို့ယွိဟောင်က ၀မ်သုန့်လက်ကို ညာလက်နဲ့ကိုင်ထားရင် ပြုံးနေခဲ့ပါတယ်။ အဲ့ဒီနောက် ခြေထောက်အောက်ဖက်မှာရှိတဲ့ လီလီပွင့်ကို ခြေဖျားနဲ့ခပ်ဖွဖွတို့ထိလိုက်ပြီတဲ့နောက် သူတို့နှစ်ယောက်စလုံးလဲ လေထဲမှာလွှင့်မျောလို့သွားတော့တယ်။

သူတို့ရဲ့လှုပ်ရှားမှုတွေက မမြန်ဆန်ပါဘူး။ ဒါပေမယ့် လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းက အရမ်းကိုသဟဇာတဖြစ်နေခဲ့တဲ့အပြင် အလင်းတန်းအလွှာတစ်ခုကလဲ သူတို့ရဲ့ မျက်စိရှေ့မှာပေါ်လာခဲ့ပါပြီ။

ပုခုံးပေါ်မှာရှိနေခဲ့တဲ့ နှင်းလုံးလေးကတော့ ရုတ်တရက်ပျံသန်းလို့သွားရင် သူ့ရဲ့ခေါင်းပေါ်မှာဝှေ့၀ဲလို့နေတော့တယ်။

” သုန့်အယ် ကိုယ်မင်းကိုဒီလိုခေါ်သင့်သလား ”

” အင်း ”

၀မ်သုန့်ကတော့ ခပ်တိုးတိုးလေးသာပြန်ဖြေပါတယ်။ အခုလက်ရှိအချိန် နှလုံးသားတစ်ခုလုံးချိုမြိန်ပြီ နွေးထွေးနေခဲ့ပေမဲ့ ရှက်ရွံ့နေဆဲပါပဲ။ အဆုံးသတ်မှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ညီနောင်တွေလို့ နှစ်ပေါင်းများစွာကြာအောင် ခေါ်ခဲ့ကြတာပါ။ ဒီလိုရုတ်တရက်အခေါ်အဝေါ်ပြောင်းတာကို မရင်းနှီးသေးပါဘူး။ ဘယ်လိုပဲစိတ်ထဲကလိုလားပါစေ ကျင့်သားရဖို့တော့ခက်ပါဦးမယ်။

” ကိုယ်တို့တွေသေချာပေါက်နိုင်ရမယ်..ပျံနိုင်အောင်လို့ကူညီပေးပါဦး ”

ဟို့ယွိဟောင်က သူမရဲ့အရှေ့ကိုလှည့်လာခဲ့ရင်း ပြောလာပါတော့တယ်။

၀မ်သုန့်က ဟို့ယွိဟောင်ကို ခါးကနေဖက်လိုက်ပြီ အတောင်ပံတွေကိုဆန့်ထုတ်လိုက်ပါတယ်။ အဲ့ဒီနောက် သူတို့တွေလေထဲမှာစတင်ပြီပျံ၀ဲလို့နေခဲ့ပါပြီ။

ထိုက်ဟွပင်းက အရင်ဆုံးစပြီလှုပ်ရှားပါတယ်။ နင့်ထျန်းကတော့ လင်းလော့ချန်ကို ပြန်ပြီမေးနေခဲ့တယ်။

” အစ်မကြီး သူတို့တွေဘယ်လောက်ပျံသန်းနိုင်မလဲဆိုတာကို ထိန်းချုပ်လို့ရလား ”

” ဟို့ယွိဟောင်က ပျံသန်းနိုင်တယ်ဆိုတဲ့ အားသာချက်ကိုအသုံးပြုပြီး ငါတို့ကိုတိုက်ခိုက်မယ်လို့များထင်နေလား သူ့လုပ်မှာမဟုတ်ဘူး..မင်းတို့တွေလုပ်ဖို့လိုတာက သူ့ရဲ့အားကောင်းတဲ့တိုက်ခိုက်နိုင်စွမ်းနဲ့ ခုခံနိုင်တဲ့စွမ်းရည်တွေကိုထိဖို့ပဲ သွားကြမယ် ”

သူပြောပြီတဲ့နောက် ကန်ရေပြင်ကိုခြေထောက်နဲ့ခပ်ဖွဖွနင်းလိုက်ပါတော့တယ်။ သူလျှောက်လမ်းလိုက်တဲ့ခြေလှမ်းတစ်ခုချင်းဆီတိုင်းက ပါးလွှာတဲ့ရေခဲတွေအဖြစ်ကို ပြောင်းလဲလို့သွားပြီ သူကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နောက်ကို လိုက်သွားခဲ့ပါပြီ။ အားကောင်းတဲ့အအေးဓာတ်က ခန္ဓာကိုယ်အပြင်ဖက်ဆီကို စိမ့်ထွက်လို့လာပါတော့တယ်။

နင့်ထျန်းကတော့ မျက်မှောင်သာကြုတ်လို့နေခဲ့တယ်။ အပြင်နယ်မြေရဲ့ နေခဲ့တဲ့အချိန်တွေမှာ သူမကအတန်းခေါင်းဆောင်အဖြစ် အမြဲတမ်းရှိနေခဲ့တာပါ။ ဒါ့အပြင် ဦးနှောက်အမြဲတမ်းသုံးတဲ့လူလဲဖြစ်နေခဲ့တယ်။ လင်းလော့ချန်ကတော့ သူစကားကိုနားမထောင်တာကြောင့် စိတ်မသက်မသာဖြစ်စေပါတယ်။ ဒါ​ပေမယ့် ဒီနေ့တိုက်ပွဲအတွက် နိုင်ကိုနိုင်ရမှာပါ။

ဒါကြောင့် သူ့အမြင်အရ ဟို့ယွိဟောင်ကို သူမခံစားခဲ့ရတဲ့ အရှက်ခွဲမှုမျိုးနဲ့ ၀မ်းနည်းမှုမျိုးကို ခံစားစေချင်ပါတယ်။ သူမဘယ်လောက်ပဲ လင်းလော့ချန်ကိုမကျေနပ်ပါစေ သိုင်းပညာ၀ိညာဥ်ကိုတော့ မြန်မြန်ဆန်ဆန်ပဲ ထုတ်သုံးလိုက်ပါပြီ။ လက်ရှိအချိန် သူမရဲ့ခြေထောက်အောက်မှာရှိနေတဲ့ ၀ိညာဥ်လက်နက်က တောက်ပလို့လာပြီတဲ့နောက် အရှိန်မြင့်မြင့်လှုပ်ရှားရင်း လင်းလော့ချန်နောက်ကို သူနောက်သွားပါတော့တယ်။

၀ူဖုန်းက အမြဲတမ်းနင့်ထျန်းနဲ့အတူရှိနေခဲ့တာပါ။ ရှဲ့ဟွမ်ယွဲ့ ထိုက်ဟွပင်းတို့နဲ့လဲ အတန်းတူတူပါပဲ။ ဒါကြောင့် သူတို့က အကြိမ်ကြိမ်ပူးပေါင်းပြီ တိုက်ခိုက်ခဲ့တဲ့အတွက် သူတို့လေးယောက်က အတူတူလှုပ်ရှားချိန်မှာ လိုက်လျောညီထွေဖြစ်လို့နေခဲ့ပါတယ်။

” အစ်မကြီး ငါတို့ကိုရေပေါ်မှာရပ်နိုင်ဖို့ နေရာတစ်ခုလောက်ပေးဦး ”

နင့်ထျန်းက လှမ်းပြီပြောလိုက်တယ်။ ရေကန်ပေါ်မှာတိုက်ခိုက်တယ်ဆိုတာက သူတို့ကျွမ်းကျင်တဲ့အရာမဟုတ်ပါဘူး။ နောက်ဆုံးတော့လဲ သူတို့ထဲမှာဘယ်သူမှ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိမနေခဲ့သလို ပျံသန်းနိုင်ကြတာလဲမဟုတ်တာကြောင့် အချိန်ခဏတာလောက်ပဲ ရေကန်ပေါ်မှာပေါ်တော့ပေါ်နိုင်မှာပါ။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ အတောင်ပံရှိနေခဲ့တာကြောင့် အတော်လေးကို အားသာချက်ရနေခဲ့ပါတယ်။

လင်းလော့ချန်ကတော့ တစ်ခွန်းထဲသာပြန်ဖြေခဲ့တယ်။

” နင် ငါကိုသင်ကြားပေးဖို့ လိုအပ်လို့လား ”

သူမခန္ဓာကိုယ်ပေါ်မှာ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းက တောက်ပလို့လာပြီတဲ့နောက် အအေးဓာတ်က လူထုကိုလွှမ်းခြုံလို့သွားပါတော့တယ်။ ရေခဲတုတ်ချောင်းတစ်ခုက လက်ထဲမှာပေါ်လာခဲ့ပြီတဲ့နောက် အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အလယ်ဗဟိုတည့်တည့်ဆီကို ဝှေ့ရမ်းရင်းထောက်ချလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို လင်းလော့ချန်ရဲ့ခြေထောက်အောက်မှာရှိတဲ့ အအေးဓာတ်က အပြင်နေရာကိုပြန့်သွားခဲ့ပြီတဲ့နောက် မာကြောတဲ့ရေခဲပြင်ကြီးကပေါ်လာတော့တယ်။

သူမက ရေခဲတုတ်ချောင်းကလွဲပြီ တခြားစွမ်းရည်တွေကို အသုံးပြုမထားခဲ့ပါဘူး။

နင့်ထျန်းလဲ လန့်သွားခဲ့ပါတယ်။ လင်းလော့ချန်က သူ့ကိုအစောပိုင်းကတင် ဒေါသထွက်အောင်လုပ်လိုက်ပေမဲ့ လွန်ခဲ့တဲ့တိုက်ကြီးရဲ့အဆင့်တက်ကျောင်းတော်လက်ရည်ယှဥ်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့သူတွေထဲမှာ ပါမှန်းသိနေခဲ့တယ်။

အခုလက်ရှိအချိန်မှာတော့ အမျက်ဒေါသကျောင်းတော်မှာ လူတိုင်းက နာမည်ကျော်နေတယ်ဆိုတာ သူတို့ရဲ့အစွမ်းအစကြောင့် ဖြစ်နေမှန်း မျက်၀ါးထင်ထင်တွေ့ကြုံမှသာ ပိုပြီးနားလည်ရပါတော့တယ်။ လင်းလော့ချန်က သိပ့်သည်းပြီအားကောင်းတဲ့၀ိညာဥ်စွမ်းအားကို ကောင်းမွန်တဲ့ထိန်းချုပ်နိုင်စွမ်းနဲ့အတူပိုင်ဆိုင်လို့ထားပါတယ်။ ဒါကသူတို့လေးယောက်စလုံးမယှဥ်နိုင်တဲ့ကိစ္စပါပဲ။

ဒါပေမယ့် သူတို့လေးယောက်ကလဲ အတွင်းနယ်မြေထဲကို၀င်နိုင်တဲ့သူဖြစ်တာကြောင့် အစွမ်းအစရှိမှန်းထုတ်ဖော်လိုက်ရပါပြီ။

နင့်ထျန်းကတော့ လင်းလော့ချန်ရဲ့အနောက်ဖက်မှာရပ်နေခဲ့သလို ထိုက်ဟွပင်း ၀ူဖုန်းနဲ့ ရှဲ့ဟွမ်ယွဲ့တို့ကတော့ အရှေ့ကိုတက်သွားခဲ့ရင်း လင်းလော့ချနိရဲ့အရှေ့မှာတန်းစီးနေခဲ့ပါတယ်။ ထိုက်ဟွပင်းက အလယ်မှာရှိပြီ ရှဲ့ဟွမ်ယွဲ့ကတော့ ဘေးမှာရှိနေခဲ့တယ်။ အားလုံးလဲ သိုင်းပညာ၀ိညာဥ်ကိုလဲထုတ်ထားခဲ့ပါပြီ။ သူတို့ငါးယောက်က တိုက်ခိုက်ရေးနှစ်ယောက် ခုခံရေးတစ်ယောက် ထိန်းချုပ်ရေးတစ်ယောက် အထောက်အကူပြုရေးတစ်ယောက်ဆိုတဲ့တိုက်ပွဲတစ်ဖွဲ့ကို ဖော်ထုတ်လို့ထားခဲ့တာပါ။

သူတို့မှာအမြန်နှုန်းအမျိုးအစား၀ိညာဥ်ပညာရှင်မရှိရုံကလွဲပြီ အကောင်းဆုံးဖွဲ့စည်းနိုင်တဲ့အဖွဲ့တစ်ဖွဲ့ပုံစံဖြစ်နေခဲ့ပါတယ်။

အထူးသဖြင့် သူတို့ရဲ့အဓိကထိန်းချုပ်ရေးပညာရှင်ကကြောက်စရာကောင်းသူဖြစ်ပြီ အထောက်အကူပြု၀ိညာဥ်ပညာရှင်ကလဲ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ဖြစ်နေတာကြောင့်ပါပဲ။

နင့်ထျန်းရဲ့ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်က အခုမှစတင်ပြီတော့ အသက်၀င်လာခဲ့ပါပြီ။လင်းလော့ချန်ရဲ့ခန္ဓာကိုယ်ပေါ်ကို၀ိညာဥ်စွမ်းအားတချို့က လာပြီထိတွေ့ပါတော့တယ်။ ချက်ချင်းဆိုသလို အေးခဲတဲ့ဖြစ်စဥ်ကအရှိန်မြင့်လို့သွားခဲ့ပါတယ်။ အရှိန်နှုန်း စွမ်းအား အင်အားနဲ့ ခုခံမှုလေးခုစလုံးက လူသုံးယောက်ဆီကိုရောက်ရှိလို့သွားပါတော့တယ်။ တောက်ပတဲ့ရောင်စဥ်တန်းတွေက ကောင်းကင်မှာကခုန်လို့နေခဲ့ပြီ သူတို့ငါးယောက်ရဲ့အရှိန်အ၀ါက ပတ်၀န်းကျင်အထိကိုပြန့်လွှင့်လို့လာခဲ့ပါပြီ။

လင်းလော့ချန်ပြောသလိုပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ကောင်းကင်အမြင့်ကြီးကိုမပျံသန်းသွားခဲ့ပါဘူး။ နှစ်မီတာအကွာမှာရပ်နေခဲ့ရင်း မတိုက်ခိုက်ပဲတိတ်တဆိတ်စောင့်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ လင်းလော့ချန်အေးခဲထားတဲ့နေရာကိုကြည့်ရင်း အဝေးကနေလှမ်းအော်တော့တယ်။

” မင်းတို့တွေအဆင်သင့်ဖြစ်ပြီလား ”

ရိုးရှင်းတဲ့မေးခွန်းဖြစ်ပေမဲ့ သူဘယ်လောက်အထိ ယုံကြည်ချက်ရှိနေလဲဆိုတာသိသာနေခဲ့ပါတယ်။ မင်းတို့တွေ အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေခဲ့ရတဲ့အတွက် ငါတို့တွေမတိုက်ခိုက်ဘူး..မင်းတို့တွေအဆင်သင့်ဖြစ်မှသာ ငါတို့တွေတိုက်ခိုက်မယ်ဆိုပြီ ပြောလိုက်သလိုပါပဲ။

ထိုက်ဟွပင်းကတော့ ဒေါသတကြီးထအော်ပါတော့တယ်။

” ဟို့ယွိဟောင် မင်း​ယောင်္ကျားစစ်စစ်ဖြစ်ပြီ သတ္တိရှိတယ်ဆိုရင် ငါနဲ့မျက်နှာချင်ဆိုင် လာတိုက်ခိုက်ချေ “:

” မင်းငါကိုတိုက်တာ ဘယ်နှစ်ခါများနိုင်ဘူးလို့လဲ ”

ဟို့ယွိဟောင်ကတော့ ရယ်မောရင်းနဲ့သာလှမ်းအော်နေခဲ့တယ်။

ထိုက်ဟွပင်းထပ်ပြီသည်းမခံနိုင်တော့ပါဘူး။ ကျားဟိန်သံကြီးထုတ်လွှတ်ရင်းနဲ့ သူစတင်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ ခန္ဓာကိုယ်ကြီးက ဖောင်ကြွလို့လာခဲ့သလို အဖြူရောင်အလင်းတန်းတွေက ခန္ဓာကိုယ်အပြင်ဖက်ဆီတောက်ပမှုအပြည့်နဲ့ ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ နှစ်မီတာကျော်မြင့်မားတဲ့ ခန္ဓာကိုယ်ကြီးက ကြောက်စရာကောင်းတဲ့ကြွက်သားတွေနဲ့အတူ အဖြူရောင်အမွေးဖြူအလွှာကြီးကိုထုတ်ဖော်လို့ထားခဲ့ရင်း ကြောက်စရာကောင်းအောင် အရှိန်အ၀ါကပြောင်းလဲလို့သွားပါတော့တယ်။ သူ့ရဲ့ပထမ ဒုတိယနဲ့ တတိယ၀ိညာဥ်စွမ်းရည်တွေအားလုံးက တစ်ပြိုင်နက်ထဲအသက်၀င်လာခဲ့ပါပြီ။ နင့်ထျန်းရဲ့ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ကလဲ အားဖြည့်ပေးထားတဲ့အတွက် သူကကြောက်စရာကောင်းပြီ အရှိန်အ၀ါလဲကောင်းလို့နေခဲ့တယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲဒီအချိန်မှာလှုပ်ရှားလိုက်ပါပြီ။ ၀မ်သုန့်ရဲ့နောက်ကျောဖက်မှာရှိနေတဲ့အတောင်ပံတွေက တဖျတ်ဖျတ်ခတ်သွားပြီတဲ့နောက် ဟို့ယွိဟောင်ကို လေထဲမှာသယ်ဆောင်ရင်း ဖြည်းဖြည်းချင်း ရေခဲမျက်နှာပြင်ပေါ်ဆီကို ဆင်းသက်လို့လာခဲ့ပါတယ်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်လက်ချင်တွဲထားခဲ့သလိုအရှိန်လဲမမြင့်ခဲ့ပါဘူး။ ဒီအတိုင်း ရေကန်ရဲ့တစ်ဖက်မျက်နှာပြင်ပေါ်မှာသာ စောင့်နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ဘေးမှာတော့ နှင်းလုံးလေးက လွှင့်မျောလို့နေဆဲပါ။ သူမရဲ့ ရွှေရောင်အလင်းတန်းတွေက ပိုမိုတောက်ပလို့လာခဲ့ပါပြီ။ ဒီအချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းတဲ့အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။

အပိုင်း ၂၁၉•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset