Switch Mode

Chapter – 218.2

နင်ကငါ့ရဲ့အရူးလေးပဲ

အပိုင်း ၂၁၈•၂

” နင်ကငါရဲ့အရူးလေးပဲ ”
°°°
ဟို့ယွိဟောင်တောင် မျက်လုံးပြူးနေခဲ့ပါပြီ။ ဟုတ်ပါတယ် ဒီ၀ိညာဥ်စွမ်းအားက သူ့ခန္ဓာကိုယ်ထဲ စီးဆင်းလာတယ်ဆိုတာ ဟောင်သုန့်စွမ်းအားတွေပါ။ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ရဲ့ အခြေခံလဲဖြစ်သလို ပေါင်းစည်းစွမ်းရည်အတွက် မရှိမဖြစ်လိုအပ်တဲ့ကိစ္စပါပဲ။ ဒီလိုလောကမှာသူ့နဲ့အတူ ဟောင်သုန့်စွမ်းအားကို ထုတ်ဖော်နိုင်တဲ့သူက တစ်ယောက်သာရှိပါတယ်။ ဒါ့အပြင် သူ့နဲ့အတူလက်ချင်တွဲလိုက်တာကို ရင်းရင်းနှီးနှီးလုပ်နေကြသူကလဲ တစ်ယောက်ထဲရှိနေခဲ့တယ်။

ချက်ချင်းဆိုသလို ဟို့ယွိဟောင်ရဲ့စိတ်ထဲကိုမရေမတွက်နိုင်တဲ့ မှတ်ဉာဏ်တွေကပြန်ပြီပေါ်ထွက်လာခဲ့ပါပြီ။

°°°
” မင်းကဘယ်သူလဲ ”

” ထွက်သွားစမ်း ”

” ကောင်းပြီလေ ”

” မင်းလဲဒီကျောင်းဆောင်ကပဲလား ဒီအခန်းကိုကောင်းကောင်းသန့်ရှင်းရေးလုပ်ထားမယ်ဆိုရင် ငါနဲ့ယာယီနေခွင့်ပြုလိုက်မယ်…ဒါပေမယ့် ငါလဲစည်းမျဥ်းစည်းကမ်းတချို့ထားစရာရှိတာကို မှတ်ထားလိုက် ပထမဆုံးအနေနဲ့ အခန်းထဲကိုဘယ်သူမှခေါ်မလာရဘူး..ဒုတိယတစ်ခုကတော့ ကိုယ်လုံးတီးနေပြီ ငါကိုအနှောင့်အယှက်မပေးရဘူး..တတိယတစ်ခုကတော့ ညအိပ်ရင်မဟောက်ရဘူး စတုတ္ထတစ်ခုကငါကိုလာမနှောင့်ယှက်ရဘူး…နောက်ဆုံးကတော့ ဒီအခန်းရဲ့သန့်ရှင်းရေးကိုမင်းတာ၀န်ယူရမယ်..ဒါပေမယ့် ငါအိပ်ရာခင်းကိုတော့လာမထိနဲ့ နားလည်လား ”

” ငါမင်းစကားဘာလို့နားထောင်ရမှာလဲ ”

” မင်းငါစကားကိုနားမထောင်ရင်း မောင်းထုတ်ပြစ်မယ် မယုံဘူးဆိုရင် စမ်းကြည့်လိုက်စမ်း ”

” ငါလဲ မင်းအတိုင်းပြန်လုပ်မှာ လာအပြင်သွားမယ် ”

” ငါမင်းနာမည်ကို အခုအထိ မင်းမသိရသေးဘူး ”

” သူနာမည်ကိုမမေးခင် ကိုယ်နာမည်အရင်ပြောရတယ်ဆိုတာ မင်းမသိဘူးလား ”

” ငါနာမည် ၀မ်သုန့် ”

” ငါက ဟို့ယွိဟောင် ”

” ကောင်းပြီ မင်းရဲ့နာမည်က အမျက်ဒေါသကျောင်းတော်ကနေ မကြာခင်မှာပျောက်ကွယ်သွားရလိမ့်မယ်..သွားကြမယ် အရူးကောင် ”

°°°
၀မ်သုန့်က ပြန်ပြီးဖြေလာခဲ့တယ်။

” ငါရဲ့အငွေ့အသက်ကိုမင်းအာရုံခံလို့မရပေမဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ပထမမင်းမျှဝေလိုက်တဲ့အချိန်မင်းရဲ့အရှိန်အ၀ါက ငါနဲ့ရင်းနှီးပြီနီးကပ်နေတာကို ခံစားမိတယ်…ဒါ့အပြင် ငါရဲ့ခန္ဓာကိုယ်ထဲမှာတားဆီးထားတဲ့အင်အားကြောင့်သာ ဒီအရှိန်အ၀ါက ပြန့်မလာတာပဲ အကယ်၍ မင်းငါနဲ့နီးကပ်ကြည့်ချင်တယ်ဆိုရင် ငါရဲ့အငွေ့အသက်ကိုခံစားမိလိမ့်မယ် ကြိုးစားကြည့်ချင်လား ”

” အနီးကပ်ဘယ်လိုလုပ်ရမလဲ ”

ဟို့ယွိဟောင်ကတော့ တုံးအတဲ့ပုံစံနဲ့သာမေးလာခဲ့ပါတယ်။

” အရူးကောင် ငါ့ကိုဖက်လိုက်ရုံပဲပေါ့ ”

” အားသိပြီ အစကထဲကရှင်းရှင်းလင်းလင်းပြောလေ အင်္ကျီတွေချွတ်ဖို့လိုသေးလား ”

” မလိုဘူး ”

၀မ်သုန့် ထိတ်လန့်တကြားနဲ့ထအော်တော့တယ်။ ဟို့ယွိဟောင်ကတော့ ရယ်နေခဲ့ပါတယ်။

” ဒါဆိုလဲလာလိုက်လေ ”

” ဘယ်လိုခံစားရလဲ ”

” မဆိုးဘူး သက်သောက်သက်သာတော့ရှိသား ”

” အရူးကောင် ငါဒါတွေလုပ်တွေတာ သက်သောက်သက်သာရှိဖို့လား ငါရဲ့အငွေ့အသက်ကိုခံစားမိလား မေးနေတာ ”

” အားမေ့သွားတာ ခဏလောက်ထပ်ပြီဖက်ကြည့်ရအောင် ငါအာရုံခံကြည့်လိုက်မယ် ”

°°°
” ဟို့ယွိဟောင်ထတော့ ”

” ဘာလဲ”

” မင်းဘာလို့ငါနဲ့ဒီလောက်ကပ်နေရတာလဲ ”

°°°
” ၀မ်သုန့် မင်းဘာတွေလုပ်နေတာလဲ ”

” ဘာလို့ငါလာမေးနေရတာလဲ မင်းပဲမနေ့ညကငါအိပ်ရာပေါ်မှာမင်းအိပ်နေတာမဟုတ်လား ”

” ငါကိုလာအပြစ်မတင်နဲ့ တွေ့လား မင်းလဲအိပ်တယ်မလား ”

°°°
” မင်းဘာလိုချင်လဲ ခဏလောက်ဖက်ထားချင်တယ် ”

” ဟို့ယွိဟောင် မင်းဒီလိုလူမျိုးဆိုတာ ငါဖြစ်တွေးတောင်မတွေးမိဘူး…မင်းကိုရိုက်မယ်ဆိုတာ မင်းမယုံဘူးလား ”

” မင်းဘာတွေတွေးနေတာလဲ အရူးရဲ့ ငါတို့သိုင်းပညာ၀ိညာဥ်ကိုဘယ်လိုပေါင်းစည်းရမလဲဆိုတာ မင်းမေ့သွားပြီလား ၀ိညာဥ်စွမ်းအားတွေပေါင်းစည်းနိုင်ပြီဆိုမှတော့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ထုတ်ဖို့ဆိုတာ မနေ့ကလိုကိစ္စမျိုးကိုလုပ်ကြည့်တာအကောင်းဆုံးပဲလေ ”

” မဖက်ခင်ကထဲက ရှင်းရှင်းလင်းလင်းပြောတာမဟုတ်ဘူး တမင်တကာအရှက်လာခွဲနေတာလား ”

” မင်းမှာဒီလိုမျိုးညစ်တီးညစ်ပတ်စိတ်မျိုးရှိမယ်လို့ ဘယ်သူသိမှာလဲ အမျိုးသားနှစ်ယောက်က ဘာလုပ်လို့ရမယ်တဲ့လား ငါတို့ဒါပြီမှပဲ ဆက်လေ့ကျင့်ရအောင် ”

” ဒီကိစ္စက တော်တော်ဆိုးတာပဲ ငါတို့တွေမနေ့ကလိုမျိုးအိပ်ပျော်မသွားတော့ဘူးဆိုတာ သေချာရဲ့လား ”

” မဟုတ်ဘူး ငါတို့အခြေအနေမတူဘူး အားဘာဖြစ်လို့မင်းက အမျိူးသမီးတစ်ယောက်လိုမျိုး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာလဲ ငါလုပ်လိုက်မယ် ”

°°°
” ဟို့ယွိဟောင်ထတော့ ”

” မင်းပြောတာလွန်ခဲ့တဲ့ညတုန်းက ငါတို့တွေဒီအတိုင်းဖက်ရဲ့ကြီးအိပ်တယ်လို့ ပြောချင်တာလား ”

” ငါပြောမိလို့လား ”

” မင်းလာကြည့်ဦး ”

” ဒါကဘာကိုကြည့်စရာလိုမှာလဲ “:

” ဒါက တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ဖြစ်လာတဲ့ အပျက်အစီးကြောင့်လား ”

” မဟုတ်ဘူး ငါရဲ့သိုင်းပညာ၀ိညာဥ်က ရွှေရောင်တောက်တောက်မဟုတ်ရင် အပြာရောင်ရောနေမှာဒီလိုမျိုးအရောင်ကိုငါတစ်ခါမှမမြင်ဖူးဘူး…ဒါက မင်းရဲ့စိတ်၀ိညာဥ်မျက်လုံးနဲ့တူတယ် ”

” ခဏလောက်သွားကြည့်ရအောင် ”

°°°
အတိတ်ရဲ့မြင်ကွင်းတွေက ဟို့ယွိဟောင် စိတ်ထဲမှာပြကွက်လိုမျိုး ပြန်ပေါ်လာနေခဲ့ပါတယ်။ သူပထမဆုံးတွေ့ဆုံချိန်ကထဲက အဲ့ဒီဆံပင်တိုတိုမောက်မာတဲ့လူငယ်လေးကို ဘယ်တော့မှမမေ့ခဲ့ပါဘူး။ ဟောင်သုန့်စွမ်းအားကို ကြိုးစားခဲ့တဲ့အချိန်မှာရော ပေါင်းစည်းစွမ်းရည်စတင်ထုတ်ဖော်ချိန်မှာရော သူတို့တွေ ရင်ပေါင်တန်းပြီတိုက်ခိုက်တဲ့အချိန်တွေရောဘယ်လိုလုပ်မေ့နိုင်မှာလဲ။

နောက်ဆုံးပြိုင်ပွဲမှာအလင်းတန်းနတ်မိမယ်ပေါ်လာတာကို သူမမေ့နိုင်တော့သလိုပါပဲ။

” သူ့ရဲ့သူငယ်ချင်းကတကယ်တော့ ကောင်မလေးဖြစ်နေခဲ့တယ်..ငါတကယ်ငတုံးပဲ တကယ်ပဲ တုံးလိုက်တာ လောကမှာအဆိုးဆုံးငတုံးကောင်လို့တောင် ပြောလို့ရတယ် ”

သူတို့ရဲ့ကျောင်းဆောင်မှာ ၀မ်သုန့်ဘယ်တော့မှရေမချိုးတာကို ပြန်ပြီတော့တွေးလိုက်မိခဲ့ပါတယ်။ ဒါ့အပြင် တစ်ခါမှမျက်နှာတောင်မသစ်သလို အ၀တ်အစားတောင်မလဲခဲ့ပါဘူး။

ဒါ့အပြင် အဲ့ဒီချောမောခန့်ညားတဲ့မျက်နှာက အမျိုးသားတစ်ယောက်နဲ့တူမနေခဲ့တာကို အခုမှသာပြန်ပြီသေချာတွေးနေခဲ့မိပါတယ်။ ဒါ့အပြင် သူမထွက်သွားခင်ညတုန်းက အိပ်ရာတစ်ခုထဲပေါ်မှာအတူတူအိပ်ခဲ့တာတွေကိုရော ဖက်လိုက်ချိန်တိုင်းမှာနွေးထွေးပြီ ထူးခြားတဲ့ခံစားချက်တွေကိုပါ တစ်ခုချင်းဆီအသေးစိတ်ပြန်လည်မှတ်မိလို့လာပါတော့တယ်။

အခုဒါတွေအားလုံးကို တွေးမိပြီချိန်မှာတော့ ဟာကွက်တွေကအရမ်းကိုများနေခဲ့ပါတယ်။ ဒါပေမယ့် ငါကတော့ငတုံးဖြစ်နေတာပဲ ဒီကြင်ဖက်တွေ့ဆုံပွဲမှာ ငါလက်ကိုလာကိုင်မှပဲ အမှန်တရားကိုနားလည်သွားတာပါတော့တယ်။

လောကမှာ၀မ်ချိုးအယ်ဆိုတာမရှိပါဘူး။ ၀မ်သုန့်မဟုတ်ရင် ၀မ်သုန့်အယ်သာရှိပါတယ်။ အလင်းတန်းနတ်မိမယ်ဆိုတာက သူမအရွယ်ရောက်လာတဲ့ပုံစံပါ။ အဲ့ဒီတောက်ပတဲ့အရာက ဟို့ယွိဟောင်စိတ်ထဲမှာ အမြဲတမ်းရှိနေခဲ့သလို လူကလဲသူ့နဲ့အနီးဆုံးနေရာမှာအမြဲတမ်းရှိခဲ့ပါတယ်။

ငါကတော့ ကယ်လို့မရတော့တဲ့ ဆေးမမီတော့တဲ့အရူးပဲ ဒါပေမယ့် သူကတော့အခွင့်အရေးပေးခဲ့တယ်။ ညီနောင်တွေလိုချစ်တာတဲ့လား မဟုတ်တရမ်းတာတွေ ကြည့်ရတာငါရဲ့ဘ၀မှာရှိသမျှအရာအားလုံးကို စတေးပြစ်နိုင်လောက်တဲ့အထိ တန်ကြေးရှိတဲ့ချစ်ခြင်းမေတ္တာတရားကို အစောကထဲက ရှာတွေ့ခဲ့ပြီနဲ့တူပါတယ်။

ဒီအကြည့်တစ်ချက်ထဲမှာ များပြားတဲ့အတွေးတွေရှိနေမယ်ဆိုတာ ဘယ်သူမှတောင်တွေးမိမှာမဟုတ်ပါဘူး။ လက်ချင်ထိမိလိုက်တာနဲ့ များပြားတဲ့ကိစ္စတွေကို သူနားလည်သွားခဲ့ပါတော့တယ်။

၀မ်သုန့်အယ်ရဲ့လက်တွေကလဲ ချွေးတွေစိုရွှဲလို့နေခဲ့ပါတယ်။ သူဘာတွေတွေးနေလဲဆိုတာသူမလဲ မသိနိုင်ပါဘူး။ လက်ရှိအချိန် အမှန်တရားကိုဟို့ယွိဟောင် လက်မခံနိုင်မှန်သိပါတယ်။ ဒီလိုသာဖြစ်မယ်ဆိုရင်တော့ ကိစ္စတွေအားလုံးကအဆုံးသတ်သွားတော့မှာပါ။ ဒီအမှန်တရားကို လက်ခံနိုင်ပါ့မလားဆိုတာသူမလဲ မသေချာခဲ့ပါဘူး။

” ဟို့ယွိဟောင် မင်းဘာဖြစ်ချင်နေတာလဲ တိုက်ခိုက်ကြရအောင် ”

ထိုက်ဟွပင်းက လှမ်းအော်လိုက်မှသာ ဟို့ယွိဟောင်က သတိပြန်၀င်လာပါတော့တယ်။ အခုလက်ရှိအချိန် သူ့ရဲ့မျက်လုံးတွေက မခန့်မှန်းနိုင်လောက်အောင် တောက်ပလို့နေခဲ့ပါတယ်။ သူ့ရဲ့လက်ထဲမှာရှိနေတဲ့ ချောမွေ့တဲ့လက်လှလှလေးကိုကိုင်ရင်း လုံး၀ကိုစိတ်ဆုံးဖြတ်ချပြီသားပုံပေါ်သွားခဲ့တယ်။ ထိုက်ဟွပင်းကိုလဲ အာရုံမစိုက်တော့ပါဘူး။ အဲ့ဒီအစား ၀မ်သုန့်ဆီကိုသာလှည့်ပြီစကားပြောလာခဲ့တယ်။

” ငါက တကယ်ဆေးမမီတော့တဲ့ အရူးလေးပါပဲ ဒါပေမယ့် ခေါင်းမာပြီစိတ်ရင်းမှန်တဲ့အရူးလဲဖြစ်နေသေးတယ်..အကယ်၍ မင်းဒီအရူးလေးကိုမလိုချင်ဘူးဆိုရင်တော့ ဒီအရူးလေးကအရမ်းကို၀မ်းနည်းမိမှာ ဒါ့အပြင် တစ်ဘ၀တာလုံးလဲ နာကျင်ခံစားနေရလိမ့်မယ်..အကယ်၍ ဒီအရူးလေးကိုသာ မင်းဆက်ပြီခေါ်ထားချင်တယ်ဆိုရင်တော့ သူက မင်းကိုတစ်ဘ၀တာလုံးကာကွယ်ပေးမှာပါ ”

၀မ်သုန့်ရဲ့မျက်နှာပေါ်မှာလဲ မျက်ရည်တွေက စီးကျလို့နေခဲ့ပါပြီ။ အများကြီးကြိုးစားအားထုတ်ခဲ့သလို သူမရဲ့အကြီးမားဆုံးလျှို့၀ှက်ချက်ကို ဖော်ထုတ်ဖို့အတွက် ပင်လယ်နတ်ဘုရားကံကြမ္မာအခွင့်အရေးကို သူနောက်ဆုံးမှာတော့ အသုံးပြုခဲ့ပါတယ်။ အရမ်းလဲစိုးရိမ်နေခဲ့သလို ရှက်ရွံ့ပြီကြောက်လန့်ရုံတင်မက စိုးလဲစိုးရိမ်လို့နေခဲ့တယ်။

အခုအချိန်မှာ ဒါတွေအားလုံးကပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က သူမကိုစိတ်ထဲကခံစားချက်တွေပြောဆိုလာခဲ့တာကြောင့် သူမဆီမှာလက်ရှိအချိန်ကျန်ရစ်နေတာက ရှက်ရွံ့မှုနဲ့ချိုမြိန်မှုတွေပါပဲ။ သူက ငါကိုအမျိုးသမီးအဖြစ်လက်ခံပြီလား။

တကယ်တော့ ဟို့ယွိဟောင်နဲ့၀မ်သုန့်ကြားမှာရှိတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေကွာခြားချက်ကိုသိကြပေမဲ့ ဟို့ယွိဟောင်အနေနဲ့ သူမရဲ့တကယ်စစ်မှန်တဲ့ပုံစံကိုရှာမတွေ့ခဲ့ပါဘူး။ ၀မ်သုန့်က အချိန်ပြည့်အရွယ်ရောက်လာတာနဲ့အမျှပိုပြီး အမျိုးသမီးဆန်လာပေမဲ့ ဟို့ယွိဟောင်ဘယ်လိုပဲသံသယရှိပါစေ သူမထုတ်မပြောနိုင်ခဲ့ပါဘူး။

အလင်းတန်းနတ်မိမယ်ကို သူတို့ထုတ်ဖော်ပြီတဲ့အချိန်မှာတော့ ဟို့ယွိဟောင်ရဲ့သံသယတွေက ပိုပြီးကြီးမားလို့လာခဲ့ပါတယ်။ ဒါပေမယ့် တခြားကြီးမားပြင်းထန်တဲ့ စိတ်ပိုင်ဆိုင်ရာစိတ်ခံစားချက်တွေဖြစ်သွားတာကြောင့် သူဒီလျှို့၀ှက်ချက်ကိုလုံး၀မေ့သွားခဲ့တာပါ။

ဟောင်သုန့်စွမ်းအားလှည့်ပတ်ချိန်ကထဲက ဒီလျှို့၀ှက်ချက်ထုတ်ဖော်ခံလိုက်ရပြီဆိုတာကို သူသိပါတယ်။ ဒါ့အပြင် နောက်ပိုင်းဖြစ်လာတဲ့ကိစ္စတွေအားလုံးကလဲ စဥ်းစားကြည့်မယ်ဆိုရင် ကျိုးကြောင်းဆီလျော်လို့နေခဲ့တယ်။ အမှန်တရားကိုလက်ခံဖို့သူကတော့မခက်ခဲပါဘူး သူ့ခံစားချက်တွေကို ထုတ်ဖော်နိုင်ဖို့အတွက်သာ အရေးကြီးနေခဲ့တာပါ။ လက်ရှိအချိန် ၀မ်သုန့်နဲ့ပတ်သက်ပြီ သူခံစားခဲ့ဖူးတဲ့စိတ်ပိုင်ဆိုင်ရာမရေရာမှုတွေက ချစ်ခြင်းမေတ္တာတရားအဖြစ်ကိုပြောင်းလဲလို့သွားပါတော့တယ်။

” ဟို့ယွိဟောင် နင် ငါစိန်ခေါ်တာကိုလက်မခံရသေးဘူး ”

ဟို့ယွိဟောင်က သူတို့အားလုံးကိုဂရုမစိုက်ပဲ ၀မ်သုန့်ကိုသာခံစားချက်တွေပြောပြနေခဲ့တဲ့အတွက် ၀ူဖုန်းက ဒေါသတကြီးနဲ့လှမ်းအော်လိုက်ပါတယ်။

ဒီနေရာမှာလန့်နေတာ ၀ူဖုန်းတင်မကပါဘူး။ ဒီနေရာကိုလာတာအကြောင်းအရင်းတစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ ဟို့ယွိဟောင်ကို ပြဿနာလာရှာဖို့ပါပဲ။

နင့်ထျန်း ဟို့ယွိဟောင်ဆီကိုလျှောက်သွားခဲ့ပြီ ပြောခဲ့တဲ့စကားတွေကြောင့်သူထိတ်လန့်သွားခဲ့ရပါတယ်။ နင့်ထျန်း ဟို့ယွိဟောင်ကိုရွေးမယ်လို့မထင်ထားခဲ့လို့ပါပဲ အဲ့ဒီအချိန်တုန်းက သူ့ကိုရှုံးနှိမ့်သွားပြီလို့ ခံစားခဲ့ရတဲ့စိတ်ပိုင်ဆိုင်ရာနာကျင်မှုကို ကြုံတွေ့လိုက်ရပါတယ်။ အဲ့ဒီတုန်းက သူမဘယ်လောက်အထိ ဖြူဖျော့ပြီတုန်လှုပ်နေခဲ့လဲဆိုတာကို ဘယ်သူမှသတိမထားမိခဲ့ပါဘူး။

ဟို့ယွိဟောင်က နင့်ထျန်းကို အပြည့်အ၀ငြင်းပယ်လိုက်မှသာ ၀ူဖုန်းလဲ သူဆုံးရှုံးသွားတဲ့အင်အားကိုပြန်လည်ရရှိလာခဲ့တာပါ။ ဒါကြောင့် ချက်ချင်းဆိုသလို ဟို့ယွိဟောင်ကို အပြစ်တင်ပါတော့တယ်။ သူက နင့်ထျန်းကိုမရွေးချယ်ခဲ့တာလဲ သူမအတွက်ကောင်းတဲ့ကိစ္စပါပဲ။

ဒါပေမယ့် ဒီစိတ်သက်သာရာရမှုက သိပ်မကြာခဲ့ပါဘူး။လက်ရှိအချိန်မှာ ရှဲ့ဟွမ်ယွဲ့ကိုသူသွားရှာပြီတဲ့နောက်မှာ ပိုပြီးတော့နားလည်လို့လာပါတော့တယ်။ ဘာကြောင့်များ နင့်ထျန်းက သူ့ကိုဒီလိုမျိုးရွေးချယ်လိုက်တာလဲ။ ဟို့ယွိဟောင်က ထူးချွန်နေလို့များလား။

အပိုင်း ၂၁၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset