အပိုင်း ၂၁၈•၁
” နင်ကငါရဲ့အရူးလေးပဲ ”
°°°
ဒီအချိန်မှာပဲ နောက်အသံတစ်သံထွက်ပေါ်လာပါတော့တယ်။
” ကျွန်တော်လဲ သတို့သမီးကို လုယူချင်ပါတယ်…နံပါတ်နှစ်အမျိုးသမီးကိုကျွန်တော်လဲရွေးချယ်ချင်တယ် ”
ဒါကဘယ်သူများပါလိမ့် အားလုံးကြည့်လိုက်ချိန်မှာတော့ ကောက်ကျစ်ပုံရတဲ့လူငယ်ကိုမြင်လိုက်ရပါတော့တယ်။ ဒါကတော့ ထိုက်ဟွပင်းပါ သူလဲလှုပ်ရှားဖို့အချိန်ကောင်းကိုစောင့်နေခဲ့ပါတယ်။
ပင်လယ်နတ်ဘုရားကံကြမ္မာရဲ့သမိုင်းတစ်လျှောက်မှာ သတို့သမီးကိုလုယူတယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပါပဲ။ ဒါပေမယ့် အခုလိုအခြေအနေမျိုးကတော့ ရှားပါးပါတယ်။ လူသုံးယောက်က တစ်ချိန်ထဲမှာစိန်ခေါ်နေကြတာပါ ဟို့ယွိဟောင်နဲ့ မရင်းနှီးတဲ့သူတချို့ကတော့ ဒီလိုကိစ္စမျိုးကိုဖြစ်စေနိုင်ဖို့ ဒီကောင်လေးဘယ်လောက်အထိ ဆွဲဆောင်မှုရှိနေလဲလို့သိချင်မိကြပါလိမ့်မယ်။
ပေ့ပေ့ရဲ့ ကျန်းလဲ့ရွှမ်နှစ်ယောက်ကလဲ ဒီကိစ္စတော်တော်လေးထူးဆန်းနေတယ်လို့ တွေးမိလိုက်တယ်။ ဒါပေမယ့် ကျန်းလဲ့ရွှမ်ကတော့ ဒီအချိန်မှာ သူ့မရဲ့အစွမ်းအစတွေကို ထုတ်ဖော်ပြသလိုက်ပါပြီ။
” စည်းမျဥ်းအရအားလုံးစိန်ခေါ်လို့ရပါတယ်..ဒါပေမယ့် တရားမျှတတဲ့အခြေအနေတစ်ခုကို တွက်ချက်ဖို့လိုတယ်..ပထမဆုံးအနေနဲ့ ဘယ်သူကိုစိန်ခေါ်ချင်လဲဆိုတာသိချင်ပါတယ် ”
လင်းလော့ချန်က ပြောလာခဲ့တယ်။
” ကျွန်မကတော့ ဟို့ယွိဟောင်ကိုစိန်ခေါ်ချင်ပါတယ်…ကျင့်ကြံဆင့်မြင့်မားနေတာကို စိတ်မရှိဘူးလို့တွေးမိတယ်..သူ့ရဲ့သိုင်းပညာ၀ိညာဥ်က သေချာပေါက် ကျွန်မထက်ကိုသာလွန်နေတာကြောင့် ကျင့်ကြံမှုရဲ့ကွာခြားချက်ကို လိုက်မီအောင်လုပ်နိုင်မှာပါ”
ကျန်းလဲ့ရွှမ်က ဟို့ယွိဟောင်ကို မေးလိုက်ပါတယ်။
” ဒါကိုသဘောတူနိုင်ရဲ့လား ”
ဟို့ယွိဟောင်ကတော့ ခေါင်းညိတ်လိုက်ပါတယ်။
” ဟုတ်ကဲ့ သဘောတူနိုင်ပါတယ် ”
သူက လက်ရှိအချိန်မှာ ၀မ်ချိုးအယ်ရဲ့ဦးထုပ်ကို ဖယ်ရှားပြစ်ဖို့အတော်ကိုလက်ယားနေတာပါ။ သူမရဲ့မျက်နှာကို အရင်တုန်းက မြင်ဖူးပေမဲ့ အခုလိုကိစ္စမျိုးကိုကြုံတွေ့ရပြီချိန်မှာတော့ ထိတ်လန့်လို့နေခဲ့သလိူ စိတ်အားထက်သန်မှုကလဲ ပြင်းပြလို့လာခဲ့ပါတယ်။
ဒီနေ့မှာတော့ သူမထွက်ပြေးလို့မရပါဘူး။ ဒါ့အပြင် သူ့ကိုပထမဆုံးမြင်မြင်ချင်အချိန်ကထဲက အရမ်းနှလုံးခုန်မြန်ပြီ စိတ်လှုပ်ရှားနေတာကိုသူမှတ်မိပါသေးတယ်။ ဒီလိုခံစားချက်မျိုးကိုမှ တစ်ခါမှမကြုံခဲ့ရဖူးပါဘူး။
နောက်ဆုံးတော့လဲ အလင်းနတ်မိမယ်ဆိုတာက ပုံရိပ်ယောင်တစ်ခုပါ။ ဒါပေမယ့် ၀မ်ချိုးအယ်က တကယ်လူအစစ်ဖြစ်နေခဲ့တယ်။ သူကိုယ်တိုင်းလဲ တကယ်ပဲထိတ်လန့်နေခဲ့ရတယ်။ အလင်းတန်းနတ်မိမယ်ကို ပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာ မြင်မြင်ချင်အချစ်ကို ခံစားမိခဲ့သလို အခုအချိန်မှာတော့ အပြောင်းအလဲကဖြစ်ပေါ်လို့လာခဲ့ပါပြီ။
လင်းလော့ချန်နဲ့ နင့်ထျန်းကို ထိခိုက်အောင်မလုပ်ချင်ပေမဲ့လဲ လူသားတစ်ယောက်က ဆက်ဆံရေးတွေပတ်သက်လာခဲ့ရင် သေချာပေါက် စိတ်ဆုံးဖြတ်ချက်ပြတ်သားရမယ်ဆိုတာကို အကြီးအကဲမုဆီကနေ သင်ယူခဲ့ရပါတယ်။ ဒီလိုသာမဟုတ်ဘူးဆိုရင် များပြားတဲ့နာကျင်တဲ့ခံစားမှုကိုဖြစ်စေမှာပါ။ ငြင်းပယ်တယ်ဆိုတာက တခြားတစ်ဖက်အတွက်ကောင်းတဲ့အချက်လဲဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့်သာ ဟို့ယွိဟောင်က လင်းလော့ချန်နဲ့ နင့်ထျန်းနှစ်ယောက်စလုံးကိုပါ နံပါတ်နှစ်အမျိုးသမီးအတွက် ငြင်းပယ်ခဲ့ပါတယ်။ သူတို့တွေကို လုံး၀လက်လျှော့သွားချင်လို့ဒီလိုလုပ်ခဲ့တာပါ။ ဒါကလေးစားတာမဟုတ်သလို အနာဂတ်မှာအထင်လွဲမှုတွေဖြစ်လာမှာကို ကြိုတင်ကာကွယ်ဖို့ပါပဲ။
အကယ်၍ လူတွေကသာ ခိုင်မာတဲ့ဆက်ဆံရေးကိုမတည်ဆောက်နိုင်ဘူးဆိုရင် သေချာပေါက် သံသယထဲမှာပဲရပ်တန့်လို့နေခဲ့မှာပါ။
ယဲ့ရှီးရွှေနဲ့ အမြွှာမြင့်မြတ်နဂါးနှစ်ကောင်ရဲ့ဇာတ်ကြောင်းကို အကြီးအကဲရွှမ်ဆီကနေ ကြားပြီတာကြောင့် သူဒီအချက်ကိုပိုပြီးနားလည်လို့သွားခဲ့တယ်။ ဒါကြောင့်သာရွေးချယ်ဖို့ကိုမတွေဝေခဲ့တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာကတော့ရှိလာခဲ့ပါပြီ။
လင်းလော့ချန်ရဲ့မျက်နှာရုပ်သွင်ကိုကြည့်ရတာအတော်လေးတည်ငြိမ်ပေမဲ့ သူမကိုစိတ်ထိခိုက်အောင်လုပ်နိုင်မယ်မှန်း သူနားလည်မိပါတယ်။ ဒါပေမယ့် သူဘာများပြောနိုင်မှာလဲ တစ်ဖက်လူက သူ့ကိုစိန်ခေါ်ချင်နေမှတော့ လက်ခံဖို့လိုပါတယ်။ အကယ်၍ ရှုံးနှိမ့်သွားမယ်ဆိုရင်လဲ အနည်းဆုံးတော့အခွင့်အရေးရှိနေဦးမှာပါ။
ကျန်းလဲ့ရွှမ်က နင့်ထျန်းကိုလှမ်းကြည့်လိုက်ပါတယ်။
” နင့်ထျန်း မင်းက အထောက်အကူပြုရေး၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် အဆင့်မြင့်တစ်ခုခုမှာရှိနေခဲ့ပေမဲ့ သူ့ကိုစိန်ခေါ်ချင်ဦးမှာလား ”
နင့်ထျန်းလဲ အသက်ပြင်းပြင်းရှုသွင်းရင်း ကောင်းကင်ပေါ်ကိုမော့ကြည့်လို့နေခဲ့ပါတယ်။ သူမက မျက်ရည်တွေကိုကျမလာအောင် ထိန်းနေခဲ့ရတာပါ။ ဟို့ယွိဟောင်ကိုပြန်ကြည့်လိုက်ချိန်မှာတော့ စူးရှထက်မြက်တဲ့အလင်းတန်းတစ်ခုက ကျန်နေပါတော့တယ်။
” နှစ်ယောက်စလုံးကိုစိန်ခေါ်ချင်ပါတယ် ကျွန်မက အထောက်အကူပြု၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် နှစ်ယောက်နှစ်ယောက်ချင်းတိုက်ပွဲကို လုပ်ဆောင်ဖို့အတွက် လိုအပ်မှာပါ ဒါ့အပြင် အပေါင်အဖော်ကလဲ ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့သူဖြစ်ဖို့လိုပါတယ်..ဒါကြောင့်သာ အခုလက်ရှိအချိန်မှာ ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ပညာရှင်ကို ရှာတွေ့ဖို့မျှော်လင့်မိတာပါပဲ သူတို့နှစ်ယောက်ထဲမှာလဲ တစ်ယောက်က၀ိညာဥ်ငါးကွင်းရှိပြီ နောက်တစ်ယောက်က ခြောက်ကွင်းရှိနေတယ်ဆိုရင် ကိစ္စကအဆင်ပြေသွားပြီမလား ”
” ဒါဆိုရင် မင်းရဲ့အပေါင်အဖော်က ဘယ်သူဖြစ်မလဲ ”
” ၀ူဖုန်းနဲ့ ရှဲ့ဟွမ်ယွဲ့ပါ ”
နင့်ထျန်းက တစ်စက်လေးတောင်မတွေဝေပဲ ပြန်ဖြေလိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ တစ်ချက်သာလှမ်းကြည့်မိလိုက်တယ်။ ၀ူဖုန်းက သူ့ကိုအဲ့ဒီနေရာမှာစောင့်နေခဲ့တာပါ ထိုက်ဟွပင်းကိုရွေးချယ်တယ်ဆိုတာ လွယ်လွယ်ကူကူရွေးချယ်ခဲ့တာမဟုတ်ပါဘူး။
” ငါရှဲ့ဟွမ်ယွဲ့ကို သွားရှာလိုက်မယ် သူကမ်းစပ်ပေါ်မှာရှိနေမှာပါ ”
၀ူဖုန်းက ပြောပြီတဲ့နောက် ပျံသန်းလို့သွားပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ဘေးမှာရှိတဲ့သူကတော့ သူလှုပ်ရှားသွားတဲ့ပုံကိုမြင်ချိန်မှာ စိတ်မထိန်းနိုင်ပဲမှတ်ချက်ပြုလိုက်တယ်။
” ငါမိတ်ဆွေလေးရေ ဒါကမင်းမှာရှိတဲ့ဆွဲဆောင်နိုင်လွန်တဲ့ ၀ိညာဥ်စွမ်းရည်ကြောင့် အဲ့ဒီလိုဖြစ်လာတာလား ”
ကျန်းလဲ့ရွှမ်က လှမ်းကြည့်ပြီမေးလိုက်ပါတယ်။
” ယွိဟောင် ဒီလိုဆိုရင်ရောအဆင်ပြေမလား ”
” ကျွန်တော်အဆင်ပြေပါတယ် ”
နင့်ထျန်း သူ့မကိုရွေးချယ်ချိန်မှာ အတော်လေးကိုအလေးအနက်ထားမှန်းသိသာပါတယ်။ ထိုက်ဟွပင်းနဲ့ ၀ူဖုန်းတို့က သူ့ကိုပြဿနာရှာချင်ရုံသက်သက်ပါပဲ။ ဒါကြောင့် သူလဲစိတ်ထဲကနေကြိတ်ပြီဒေါသထွက်နေခဲ့တာပါ။ ဒီကောင်တွေငါကိုလာပြဿနာရှာချင်တယ်ဆိုရင် ရှာပါစေ သူတို့ကိုထိပ်တိုက်တွေ့ပြစ်လိုက်မယ် ထိပ်တိုက်တွေ့ပြစ်ဖို့တွေးထားခဲ့တယ်။
အမျိုးသမီးနှစ်ယောက်ရဲ့စိန်ခေါ်မှုနဲ့ ကြုံတွေ့လာချိန်မှာတော့ ကျန်းလဲ့ရွှမ်က မေးလိုက်ပါတယ်။
” နံပါတ်နှစ်ကျောင်းသူ ဒီစိန်ခေါ်မှုကိုလက်ခံလား “‘
နောက်ဆုံးမှာတော့ တစ်ဖက်လူက ပြောလာခဲ့ပါပြီ။
” ငါလက်မခံနိုင်ဘူး ”
သူမရဲ့အသံက ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့တာပါ။ နားထောင်ရတာအရမ်းကိုနား၀င်ချိုလို့နေခဲ့တယ်။ သူမရဲ့အသံက အားလုံးရဲ့စိတ်ကိုကြည်လင်စေတဲ့ တေးသွားတစ်ပုဒ်လိုပါပဲ။
ဒီအသံကိုကြားချိန်မှာ ဟို့ယွိဟောင်ကတော့ အတော်ကိုရင်းနှီးနေခဲ့တယ်။ အရင်တုန်းက ဒီအသံကိုကြားဖူးတာသေချာပါတယ်။
အဲ့ဒီနေရာမှာ ၀မ်ချိုးအယ်ရဲ့ မျက်နှာကာကို သူမမျှော်လင့်ပဲဆွဲယူလိုက်ပေမဲ့ တစ်ဖက်လူကသူ့ကိုတစ်ခွန်းထဲသာပြန်ပြောခဲ့တယ်။ ပြန်ပေးစမ်းပါဆိုတာပါ သူ့အသံက ဆွဲဆောင်မှုအပြည့်ရှိနေခဲ့သလို တေးဆိုနေတဲ့ငှက်လိုမျိုး သူ့နားထဲမှာထင်ထင်ရှားရှားကို ကျန်ရစ်လို့နေခဲ့ပါတယ်။
ဒါကိုရှင်းရှင်းလင်းလင်းမှတ်မိတယ်ဆိုတာ အနီးကပ်ကြည့်နေခဲ့လို့ပါ။ ဒါပေမယ့် အခုသူ့ရှေ့မှာရှိနေသူရဲ့အသံက ၀မ်ချိုးအယ်ရဲ့အသံထက် အနည်းငယ်လေးပိုပြီးချောမွေ့ပါတယ်။
သူမှတ်မိတာလူများမှားသွားလို့လား ဒါပေမယ့် တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်နဲ့ အဲ့ဒီဆံပင်တွေကိုမှတ်မိပါသေးတယ်။ ငါနည်းနည်းပါးပါးအမှတ်မှားတာပဲဖြစ်ရမယ်။ ဟို့ယွိဟောင် သူ့ဘာသာသူပြောနေခဲ့ပါတယ်။
” သဘောမတူရတဲ့အကြောင်းအရင်းက ဘာများပါလိမ့် ”
ကျန်းလဲ့ရွှမ်က ဆက်ပြီမေးလာခဲ့ပါတယ်။
ဒီအချိန်မှာတော့ တစ်ဖက်လူရဲ့အမျိုးသမီးက အားလုံးရဲ့အာရုံစိုက်မှုပေါ်မှာရှိနေခဲ့တာပါ။ စိန်ခေါ်မှုတစ်ခုကို ငြင်းပယ်တယ်ဆိုတာက သူမကို အရည်အချင်းမပြည့်မီလို့ဖြစ်သွားနိုင်ပါတယ်။ သင့်တော်တဲ့အကြောင်းပြချက်တစ်ခုကို မပေးသရွေ့သူမကလက်လျှော့လိုက်သလိုဖြစ်သွားမှာပါ။ နောက်ဆုံးတော့လဲ အစကနေအဆုံးအထိ စကားတစ်ခွန်းမှတောင်မပြောတဲ့အတွက် ဘယ်သူမှ သူမကိုမသိပဲဖြစ်နေခဲ့ပါတယ်။
” အဲ့ဒီလောက်ကြီး ပြဿနာများမယ်လို့မထင်ပါဘူး..ကျွန်မ ဟို့ယွိဟောင်နဲ့အတူတွဲပြီ တိုက်ခိုက်မယ်ဆိုရင် သူတို့ငါးယောက်ကိုတစ်ခါထဲတိုက်ခိုက်လို့ရပါတယ် ”
သူပြောလိုက်ချိန်မှာတော့ နေရာတစ်ခုလုံးက တိတ်ဆိတ်လို့သွားပါတော့တယ်။ အတော်စိတ်ဆတ်တာပဲ ဒါ့အပြင် ကိုယ်ကိုကိုယ်လဲ ယုံကြည်ချက်မြင့်မားနေလိုက်တာ တစ်ဖက်သူတို့ကိုစိန်ခေါ်တဲ့ငါးယောက်မှာ လေးယောက်က၀ိညာဥ်စက်ကွင်းငါးကွင်းရှိပေမဲ့ လင်းလော့ချန်ကတော့ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိပါတယ်။ အားလုံးကလဲ အတွင်းနယ်မြေထဲကလူတွေကြီးပါပဲ ဒီနေရာအထိ ရောက်အောင်လာနိုင်တယ်ဆိုတာ သေချာပေါက် ဆေး၀ါးတွေကို မှီခိုထားတဲ့လူတွေမဟုတ်တာ အသိအသာကြီးပါ။
ငါးယောက်ထဲမှာ နင့်ထျန်းက ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ကို ပိုင်ဆိုင်ထားတာကြောင့် အသန်မာဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တခြားသူတွေရဲ့သိုင်းပညာ၀ိညာဥ်တွေကလဲ အားမနည်းပါဘူး။ ထိုက်ဟွပင်းရဲ့ကျားဖြူ ၀ူဖုန်းရဲ့နဂါးနီ ရှဲ့ဟွမ်ယွဲ့ရဲ့ရော်ဘာတုံးကြီးနဲ့ လင်းလော့ချန်ရဲ့ရေခဲ အားလုံးကထိပ်တန်းအဆင့်လို့သိုင်းပညာ၀ိညာဥ်လောကမှာ သတ်မှတ်ခံထားရမှာပါ။
သူတို့တွေကအကောင်းဆုံးဖြစ်ဖို့ အနည်းငယ်လိုအပ်နေသေးပေမဲ့လဲ သော့်လော့တွေဖြစ်ဖို့တော့ အခြေခံခိုင်နေခဲ့ပါပြီ။
နှစ်ယောက်ထဲနဲ့ ငါးယောက်ကိုတိုက်ခိုက်မယ်လို့ပြောတယ်။ ဒီတစ်ယောက်က တော်တော်လေးကိုမှ အထင်ကြီးလွန်နေတာပဲ ကျန်းလဲ့ရွှမ်လဲ အဲ့အတိုင်းတွေးနေခဲ့မိတယ်။ ဒါပေမယ့် ကျောင်းသားစုဝေပွဲမှာဒီလိုမျိုးစကားကိုမပြောသင့်မှန်းလဲသူသိပါတယ်။ ၀ူဖုန်းနဲ့ ရှဲ့ဟွမ်ယွဲ့တို့ရောက်ရှိမလာသေးတာကို မြင်ချိန်မှာတော့ နင့်ထျန်းလဲအမူအရာပြောင်းသွားခဲ့ရတယ်။ နင့်ထျန်းကတော့ ဖြူဖျော့နေဆဲဖြစ်သလို ထိုက်ဟွပင်းကတော့ ဒေါသထွက်နေခဲ့ပါပြီ။
” နံပါတ်နှစ်အမျိုးသမီးဒီကိစ္စက သင့်တော်မဲ့ပုံမပေါ်ဘူး ဒါကကျောင်းသားတွေရဲ့တွေ့ဆုံပွဲစုစည်းပွဲဆိုတာကို စိတ်ထဲထားပါဦး ”
ကျန်းလဲ့ရွှမ်က အကြုံပြုပါတယ်။
တစ်ဖက်အမျိုးသမီးကတော့ တခဏတာတိတ်ဆိတ်နေပြီတဲ့နောက် ဖြည်းဖြည်းချင်းပြောလာခဲ့ပါတယ်။
” အစ်မကြီး ဒီနေ့က ကျွန်မရဲ့အရေးကြီးဆုံးနေ့ပါ ဒါ့အပြင် ဒီနေ့ရက်ကိုစောင့်ဆိုင်းလာတာအချိန်အရမ်းကို ကြာမြင့်လွန်နေပါပြီ ဒီနေရာမှာအစ်ကိုကြီး အစ်မကြီးတွေအများကြီးရှိနေခဲ့တာကြောင့် ကျွန်မတစ်ခုမေးချင်ပါတယ်…လူတစ်ယောက်ကသာ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူနဲ့ ဆုံးစည်းဖို့လမ်းမှာ လာရောက်တားဆီးပိတ်ပင်နေတဲ့သူတွေရှိနေတာကို မြင်ရကြုံရမယ်ဆိုရင် အစ်ကိုကြီး အစ်မကြီးတို့ရော ဘယ်လိုများခံစားရလေမလဲ ”
” ဒီလိုမျိုးကိစ္စက ရန်သူတွေအားလုံးကို ပေါင်းစည်းသွားစေမယ်ဆိုရင်ကောဘာဖြစ်လဲ သူတို့ကို အနိုင်တိုက်နိုင်ဖို့ယုံကြည်ချက်ရှိပါတယ် ”
သူစကားများများပြောလေလေ ဟို့ယွိဟောင်အနေနဲ့ ပိုရင်းနှီးလေးပါပဲ အထူးသဖြင့် ကျွန်မချစ်ခင်မြတ်နိုးရတဲ့သူလို့ ပြောလိုက်ချိန်မှာ ပိုပြီးတုန်လှုပ်မိပါတယ်။ သူက ငါ့ကိုသဘောကျတာလား ဒါပေမယ့် ၀မ်သုန့်ရဲ့အစ်မနဲ့တစ်ခါမှမတွေ့ဖူးတာ ဘယ်လိုလုပ်ဒီလိုမျိုး ကြောက်စရာကောင်းလောက်အောင် လှတဲ့မိန်းမချောကသူ့ကိုနှစ်သက်သဘောကျနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
သူမစကားတွေက ဒီနေရာကလူတွေအများကြီးရဲ့ စိတ်ထဲကို၀င်ရောက်လို့လာခဲ့ပါတယ်။ တကယ်ပဲ ဒီစကားတွေက အားကောင်းလွန်လှတယ် တစ်ဖက်လူငါးယောက်က အုပ်စုဖွဲ့ပြီတော့ သတို့သမီးကိုလုယူဖို့ကြိုးစားနေခဲ့တာပါ။
” ညီမလေးရေ ငါတော့နင့်ကိုထောက်ခံတယ်…အကောင်းဆုံးသာကြိုးစားပြလိုက် ”
၀ူးမင်းကတော့ ရုတ်တရက်ထအော်လိုက်တာကြောင့် လန့်သွားခဲ့တဲ့ချူးချင်းထန်တောင် ရေထဲပြုတ်ကျမတတ်ဖြစ်သွားခဲ့ရပါတယ်။
” ကျေးဇူးတင်ပါတယ် အစ်မကြီး ”
ကျန်းလဲ့ရွှမ်လဲ ဒီစကားတွေကိုဘာပြောရမှန်းတောင်မသိတော့ပါဘူး။
မှန်ပါတယ် ဒီကလေးနှစ်ယောက်က သူ့ဘာသာသူအချင်းချင်းရွေးချယ်ခဲ့တာပါ ဒါပေမယ့် အခုလက်ရှိအချိန်သတို့သမီးကိုလုယူဖို့ပြင်နေကြတဲ့ လူတွေကအများကြီးဖြစ်နေခဲ့ပါပြီ။ လင်းလော့ချန်းနဲ့ နင့်ထျန်းကို နားလည်နိုင်ပေမဲ့ သူတို့က ဟို့ယွိဟောင်ကို ရွေးချယ်ခဲ့တဲ့သူဖြစ်တာကြောင့် စိန်ခေါ်တယ်ဆိုတာဖြစ်သင့်တဲ့ကိစ္စပါ။
ဒါပေမယ့် ထိုက်ဟွပင်းက ပြဿနာလာရှာတာသက်သက်ပါပဲ။ သူကြည့်ရတာ နံပါတ်နှစ်အမျိုးသမီးကို မြင်ဖူးတဲ့ပုံမပေါ်ပါဘူး။ ဘာကြောင့် သူတို့အမျိုးသမီးလာလုနေရတာလဲ ဒီနေရာမှာရှိတဲ့ဘယ်သူကမှ နံပါတ်နှစ်အမျိုးသမီးနဲ့ မရင်းနှီးတာအသိအသာကြီးပါ။
ဒီနံပါတ်နှစ်အမျိုးသမီး ပင်လယ်နတ်ဘုရားကံကြမ္မာထဲ၀င်ရောက်လာချိန်မှာ ပေ့ပေ့ကသိပုံပေါ်တာကို သူသတိထားမိခဲ့တယ်။ ကျန်းနန်နန်က ကျောင်းသူအသစ်လို့သာပြောခဲ့ပေမဲ့ ကျန်းလဲ့ရွှမ်က ဘာမှဆက်ပြီမမေးခဲ့ပါဘူး။
” ငါတို့ဘာလုပ်ကြမလဲ ”
ကျန်းလဲ့ရွှမ်က ပေ့ပေ့ကိုခပ်တိုးတိုးလေးပြောလိုက်ပါတယ်။
” သူတို့ကိုတိုက်ခိုက်ခိုင်းလိုက်ပါ “:
ပေ့ပေ့ကတော့ ပြုံးပြုံးကြီးသာပြန်ဖြေလိုက်တယ်။
” နှစ်ယောက် ငါးယောက်ဒီလိုကြီးတိုက်ခိုက်ခိုင်းဦးမလို့လား ”
ကျန်းလဲ့ရွှမ်က တွေဝေလို့နေခဲ့ပါတယ်။
” အစ်မကြီးမေ့နေပြီလား ဟို့ယွိဟောင်က အစ်မလိုပဲလေ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့လူတစ်ယောက်ဖြစ်နေပြီတော့ သူကအကြီးအကဲမုတပည့်သားတစ်ယောက်ဖြစ်နေလို့သာ ရှိရှိသမျှခန်းမဆောင်ရဲ့အကြီးအကဲတွေကို အသိအမှတ်ပြုအောင် လုပ်နိုင်မယ်လို့များထင်နေတာလား အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲမှာ သူ့ရဲ့၀ိညာဥ်စွမ်းအားကအနှိမ့်ဆုံးဆိုပေမဲ့ စွမ်းအားကတော့အသန်မာဆုံးပဲ ”
ကျန်းလဲ့ရွှမ်နဲ့ ပေ့ပေ့တို့က အခြေအနေကိုဆွေးနွေးနေခဲ့ပါတယ်။ ၀ူဖုန်းလဲ ရှဲ့ဟွမ်ယွဲ့ကိုပြန်ခေါ်လာခဲ့ပါပြီ။ သူတို့နှစ်ယောက်က နင့်ထျန်းနဲ့အတူပေါင်းလိုက်ရင်း ထိုက်ဟွပင်းဘေးမှာလာရပ်နေခဲ့ပါတော့တယ်။
ကျန်းလဲ့ရွှမ်ကလှမ်းပြီမေးနေခဲ့ပါပြီ။
” ဟို့ယွိဟောင် နှစ်ယောက် ငါးယောက်တိုက်ဖို့သဘောတူလား ”
ဟို့ယွိဟောင်လဲ မျက်မှောင်ကြုတ်နေခဲ့တယ်။
အခုလက်ရှိအချိန်မှာတော့ နံပါတ်နှစ်အမျိုးသမီးက ရုတ်တရက်လှုပ်ရှားလာခဲ့ပါတယ်။ အရှေ့ကိုတိုးလာခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ လီလီပန်းပွင့်ပေါ်ကိုရောက်လာရင်း ဟို့ယွိဟောင်ရဲ့လက်ကိုလှမ်းဆွဲလိုက်ပါတော့တယ်။
ဒီကောင်မလေးရဲလှချေလား အခုကြင်ဖက်တွေ့ဆုံပွဲကပြီးတောင်မပြီးသေးဘူး သူကကောင်လေးလက်ကိုသွားဆွဲနေပြီပေါ့ လူတော်တော်များများက အဲ့ဒီလိုတွေးနေခဲ့မိပါတယ်။
ဒါပေမယ့် ဟို့ယွိဟောင်ကတော့ မိုးကြိုးပြစ်ခံလိုက်ရသလိုမျိုး တုန်သွားခဲ့ပါပြီ။ ဒီလိုမျိုးတုန်လှုပ်မှုက မျက်လုံးထဲမှာတောင် အထင်သားပေါ်လာပါတော့တယ်။
” မင်း မင်း မင်း မင်း ”
ဆက်တိုက်ပြောနေရင်း သူ့အသံကပြောင်းသွားခဲ့တယ်။ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့အဓိကအင်အားရှင်ဖြစ်တဲ့သူက စိတ်ဓာတ်ပိုင်ဆိုင်ရာစိန်ခေါ်မှုတွေအများကြီးဖြတ်ကျော်လာရတဲ့သူပါ သေချာပေါက် အလွယ်လေးတုန်လှုပ်မဲ့သူလဲမဟုတ်ပါဘူး။ အခုလက်ရှိအချိန်မှာ သူဘယ်လောက်တောင်အံ့ဩနေလဲဆိုတာ မြင်ရရုံနဲ့သိနေခဲ့တယ်။
ဟုတ်ပါတယ် လက်ရှိအချိန် စိတ်ထဲမှာဘာမှမတွေးနိုင်အောင်ဖြစ်နေခဲ့ပါပြီ။ ပတ်ပတ်လည်မှာရှိသမျှအရာအားလုံးက ပျောက်ကွယ်သွားသလိုပါပဲ။ နံပါတ်နှစ်အမျိုးသမီးမျက်နှာက သူ့မြင်ကွင်းထဲမှာကျန်ရစ်လို့နေပါတော့တယ်။
ချောမွေ့ပြီဖြူဖွေးတဲ့လက်က သူ့ရဲ့လက်ကိုရင်းရင်းနှီးနှီးလာဆွဲနေခဲ့သလို ဟို့ယွိဟောင် မျက်လုံးတွေပိတ်ထားပေမဲ့လဲ ရင်းနှီးမှုကိုခံစားလို့ရနေခဲ့ပါတယ်။
ဒါ့အပြင် သူမရဲ့နူးညံ့နွေးထွေးတဲ့၀ိညာဥ်စွမ်းအားက ပန်းပွင့်လေးတစ်ပွင့်နဲ့ ထိတွေ့ရတဲ့အတိုင်း သူခန္ဓာကိုယ်နဲ့အတူ ပေါင်းစည်းရင်းနဲ့ စီး၀င်လို့လာတော့တယ်။
အဲ့ဒီနောက် နံပါတ်နှစ်အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲကို ၀ိညာဥ်စွမ်းအားတစ်ပတ်လှည့်ပတ်ပြီချိန်မှသာ ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီအချိန်မှာပဲ ရွှေရောင်အလင်းလွှာတစ်ခုက ဖြစ်ပေါ်လို့လာပါတော့တယ်။
နံပါတ်နှစ်အမျိုးသမီးက အသံကိုနှိမ့်လိုက်ရင်နဲ့ ပြောလာခဲ့တယ်။
” ဘာမင်းလဲ လေးယောက်မြောက်အစ်မကြီးပြောထားတယ်လေ တတိယအစ်ကိုကြီးက သူ့ရဲ့အစုတ်ပလုတ်လေးတဲ့ ဒီတော့နင်ကငါရဲ့အရူးလေးပဲ တကယ်ပဲရူးလိုက်တာ တကယ်ရူးလိုက်တာ ”
အပိုင်း ၂၁၈•၁ ပြီး၏။