Switch Mode

Chapter – 217.1

ပွဲကြီးပွဲကောင်း

အပိုင်း ၂၁၇•၁

” ပွဲကြီးပွဲကောင်း ”
°°°
ရှု့စန်းရှီက သူ့မရဲ့လက်ကိုဆွဲထားခဲ့ရင်း သူမလက်ကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်နေခဲ့ပါတယ်။

” ဆယ်မိနစ်အချိန်ကိုစကြရအောင် ”

ကျန်းနန်နန်အစပိုင်းမှာ ရုန်းပေမဲ့အားမသုံးခဲ့ပါဘူး။ သူရုန်းတော့ရုန်းပေမဲ့လဲ လက်ကိုမလွှတ်ပေးပဲရှိခဲ့ပါတယ်။ ရှု့စန်းရှီရဲ့လက်ဖ၀ါးကကျယ်ပြန့်ပြီသန်မာသလို အရမ်းလဲနွေးထွေးလို့နေခဲ့တယ်။

” ပွဲကြီးပွဲကောင်းကြည့်စရာရှိတယ်လို့ပြောတယ်မလား ဘာပွဲလဲ ”

” အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ထဲမှာတစ်ယောက်ပျောက်နေတာကိုသတိမထားမိသေးဘူးလား ”

ကျန်းနန်နန်က ခပ်တိုးတိုးလေး​မေးလာခဲ့ပါတယ်။

” ၀မ်သုန့်ကို ပြောနေတာလား “:

ရှု့စန်းရှီက ပြုံးပြရင်းပြန်ဖြေလိုက်ပါတယ်။

” သေချာကြည့်လိုက် တကယ်တော့ဘယ်သူမှပျောက်မနေဘူး ”

ပေ့ပေ့က ဆက်ပြီကြော်ငြာနေခဲ့ပါတယ်။

” သုံးဘ၀ကံကြမ္မာကိုဖြတ်ကျော်ပြီတဲ့နောက် ငါးခုမြောက်အစီအစဥ်ကိုစတင်ပါတော့မယ်…ဒါက ထာ၀ရအချစ်လို့ခေါ်ဆိုတာပါ ”

” ဒီအစီအစဥ်မှာရွေးချယ်မှုက အမျိုးသားတွေရဲ့လက်ထဲကိုရောက်လာခဲ့ပါပြီ အမျိုးသမီးက အစောပိုင်းမှာရွေးချယ်မှုဖြစ်တာကြောင့် အခုလက်ရှိအချိန်ကတော့ အလှည့်အပြောင်းဖြစ်တော့မှာပါ အမျိုးသားတွေအနေနဲ့ ကိုယ်နှစ်သက်ရာအမျိုးသမီးကို ရွေးချယ်လို့ရပါတယ် ”

” အကယ်၍ မင်းရွေးချယ်လိုက်တဲ့ အမျိုးသမီးကိုဘယ်သူကမှ မင်းနဲ့ယှဥ်ပြီမလုဘူးဆိုရင်တော့ ဂုဏ်ပြုပါတယ်…ဒါပေမယ့် အကယ်၍ မင်းကိုယှဥ်ပြိုင်မဲ့သူပေါ်လာပြီဆိုရင်တော့ သတို့သမီးလုတဲ့အစီအစဥ်က စတင်တော့မှာပါ ”

” ဒီအစီအစဥ်တွေအားလုံးထဲမှာ နောက်ဆုံးအစီအစဥ်ကသာပြောင်းလဲမဲ့ကိစ္စတွေအများကြီးကြုံတွေ့ရမှာပဲ ဒါ့အပြင် ကိုယ်ရဲ့အစွမ်းအစနဲ့ဆိုရင် ဆွဲဆောင်မှုကိုထုတ်ဖော်ပြသဖို့အတွက် အ​ရေးကြီးဆုံးနဲ့ အချက်အကျဆုံးတွေဖြစ်လာမှာပါ ဒါကြောင့်သာ အခုစတင်ပြင်ဆင်ထားသင့်တာပါပဲ ”

ကျန်းလဲ့ရွှမ်က ဆက်ပြောလာခဲ့ပါတယ်။

” ဒီနောက်ဆုံးအစီအစဥ်ရဲ့စည်းမျဥ်းတွေက ဒီလိုပါ အကယ်၍ အမျိုးသားကျောင်းတော်သားကသာ အမျိုးသမီးတစ်ယောက်ကိုရွေးချယ်ခဲ့မယ် အဲ့ဒီအမျိုးသမီးကပြန်ပြီမရွေးချယ်ခဲ့ဘူးဆိုရင်တော့ အမျိုးသမီးအနေနဲ့ သူ့ကိုရွေးချယ်သူကျောင်းသားကို စိန်ခေါ်ဖို့အခွင့်အရေးရှိလာမှာပါ ”

” အကယ်၍ အမျိုးသားကျောင်းသားသာ စိန်ခေါ်မှုကိုရှုံးခဲ့မယ်ဆိုရင် ထွက်သွားရပါလိမ့်မယ်…အကယ်၍ အောင်မြင်ခဲ့မယ်ဆိုရင် နောက်တစ်ကြိမ်ရွေးချယ်ခွင့်ရမှာပါ ဒါပေါ့ သူလဲရွေးချယ်မှုအသစ်လုပ်နိုင်ပါတယ်…အကယ်၍ သူပထမအကြိိမ်ရွေးချယ်ခဲ့တဲ့အမျိုးသမီးကသာ သနားပြီအလွှတ်ပေးမယ်ဆိုရင်ပိုပြီးတော့အခွင့်အရေးရနိုင်တာပေါ့ ”

” ဒါပေမယ့် သူနောက်တစ်ခေါက်ထပ်ပြီ ရွေးချယ်လိုက်တဲ့အမျိုးသမီးကသာ နောက်ထပ်အမျိုးသားတစ်ယောက်ကို ရွေးချယ်ထားခဲ့တယ်ဆိုရင်တော့ တစ်ဖက်လူရဲ့အမြင်ကိုတောင်းခံရပါလိမ့်မယ် ”

” အကယ်၍ တစ်ဖက်အမျိုးသားကလဲ အဲ့ဒီအမျိုးသမီးကိုရွေးချယ်ထားပြီဖြစ်တယ်ဆိုရင်တော့ အမျိုးသားနှစ်ယောက်အနေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်ကြရမှာပါ ရှုံးနှိမ့်တဲ့သူကတော့ ပြိုင်ပွဲကနေထုတ်ပယ်ခံရပါလိမ့်မယ်…အနိုင်ရရှိတဲ့သူကတော့ အမျိုးသမီးကိုနောက်တစ်ကြိမ် ခံစားချက်၀န်ခံဖို့အတွက်အခွင့်အရေးရရှိမှာပါ ”

ကျန်းလဲ့ရွှမ်က ဆက်ပြီပြောနေခဲ့ပါတယ်။

” အကယ်၍ အမျိုးသမီးအများကြီးကသာ အမျိုးသားတစ်ယောက်ထဲကို ရွေးချယ်ခဲ့မယ်ဆိုရင် ဒါကသူတို့တွေထဲက တစ်ယောက်ကိုရွေးချယ်ရပါလိမ့်မယ်…ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် တခြားကျန်တဲ့အမျိုးသမီးတွေအနေနဲ့လဲ စိန်ခေါ်နိုင်ပါတယ်…အခုအချိန်မှာ ထပ်ပြီတော့ ပြောပါရစေ စိန်ခေါ်မှုတွေအားလုံးက ညီတူညီမျှဖြစ်ရမှာပါ ”

ကြားရတာရှုပ်ထွေးပုံပေါ်ပေမဲ့ ဒီအစီအစဥ်စတင်ပြီသွားတာနဲ့ နားလည်သွားပါလိမ့်မယ်။

” ပေ့ပေ့နဲ့ငါက သတို့သမီးလုပ်တဲ့အစီအစဥ်ကို ကောင်းကောင်းထိန်းချုပ်နေမှာပါ အမျိုးသမီးအရေအတွက်ပေါ်မူတည်ပြီ ပြင်ရပါလိမ့်မယ်..ကုဖုန်း မင်းကပထမဆုံးရွေးချယ်သူဖြစ်လာမှာပါ ကျေးဇူးပြုပြီး မင်းရွေးချယ်လိုက်တဲ့အမျိုးသမီးလက်ကိုကိုင်ထားပါ ”

ကုဖုန်းကတော့ လက်ရှိအချိန် ၀ါးယောင်ဖန်တီးပေးထားတဲ့ကြာပန်းပွင့်ပေါ်မှာရပ်နေဆဲပါ။ သူပြုံးပြရင်းနဲ့သာ တစ်ခွန်းချင်းပြောလာခဲ့တယ်။

” ကြာပန်းနတ်မိမယ်ငါရှေ့မှာပေါ်လာပြီချိန်ကစလို့ ငါရွေးချယ်ပြီသွားပါပြီ ဒီပင်လယ်နတ်ဘုရားကံကြမ္မာပွဲတော်မှာ ငါရဲ့ကံကြမ္မာကိုရှာတွေ့သွားခဲ့ပါပြီ ၀ါးယောင်က ငါရဲ့တစ်ခုတည်သောရွေးချယ်မှုပါပဲ ဒါ့အပြင် သူနဲ့တွေ့ဆုံခွင့်ပေးတဲ့ အတွက် သူ့ကိုကျေးဇူးတင်ချင်ပါတယ်..သူ့ကိုသိခွင့်ရတဲ့အတွက်လဲ ကျေးဇူးတင်မိပါတယ်..ငါတကယ်သူ့ကိုတန်ဖိုးထားမှာပါ ”

ကုဖုန်းရဲ့စကားကိုကြားပြီတဲ့နောက် ၀ါးယောင်ကပြုံးနေခဲ့ပါတယ်။ သူလဲညာဘက်လက်ကိုဆန့်ထုတ်ပြီ ကုဖုန်းကိုဖမ်းပေးလိုက်တော့တယ်။ ကြာပန်းက သူ့ကို၀ါးယောင်ဆီခေါ်လာပြီတဲ့နောက် သူတို့နှစ်ယောက်ရဲ့လက်ချင်းထိတွေ့လို့သွားခဲ့ပါပြီ။

ပေ့ပေ့ကတော့ ရယ်မောလို့နေခဲ့ပါတယ်။

” ဒီစုံတွဲကိုဂုဏ်ပြုပေးလိုက်ရအောင် ပထမဆုံးထာ၀ရအချစ်ရဲ့ လက်ချင်ယှက်တဲ့အစီအစဥ်က အောင်မြင်ခဲ့ပါပြီ အကယ်၍ တစ်စုံတစ်ယောက်သာ အမျိုးသမီးကိုလုယူချင်တယ်ဆိုရင် အခုပဲပြောကြပါ ”

ဘယ်အမျိုးသမီးကျောင်းသူကမှ ကုဖုန်းအတွက်မတိုက်ခိုက်ချင်တာကြောင့် အမျိုးသားကျောင်းသားတွေအတွက် အခွင့်အရေးရလာပါတော့တယ်။

ရှု့စန်းရှီနဲ့ ကျန်းနန်နန်က ပထမဆုံးစုံတွဲဖြစ်ခဲ့ပါတယ်။ ၀မ်ယန်နဲ့ ဟန်ရော့ရော့ကတော့ ဒုတိယစုံတွဲပါ ကုဖုန်းနဲ့ ၀ါးယောင်ကတော့နည်းလမ်းကျကျဖြစ်ပေါ်လာတဲ့ ပထမဆုံးစစ်မှန်တဲ့စုံတွဲလို့ပြောရပါလိမ့်မယ်။

ပင်လယ်နတ်ဘုရားကံကြမ္မာရဲ့အောင်မြင်မှုနှုန်းက သိပ်ပြီမမြင့်လှပါဘူး။ ဒါပေမယ့် ဒီတစ်နှစ်ရဲ့အစီအစဥ်က ပုံမှန်မဟုတ်နိုင်အောင်အောင်မြင်လို့နေခဲ့တယ်။ ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်း ၀ူးမင်းနဲ့ ချူးချင်းထန်တို့ကိုပါ ထည့်တွက်လိုက်မယ်ဆို ရင် အနည်းဆုံးတော့စုံတွဲက ငါးခုတိတိရှိနေခဲ့ပါပြီ။ ဒါ့အပြင် ကျန်ရစ်တဲ့အမျိုးသမီးတွေအားလုံးကလဲ သူတို့ရဲ့ရွေးချယ်မှုကိုအကြမ်းဖျင်းသိနေခဲ့တယ်။ အဓိက အစီအစဥ်တင်ဆက်သူတွေဖြစ်တဲ့ ကျန်းလဲ့ရွှမ်နဲ့ ပေ့ပေ့တို့တောင် ဒီလိုမျိုးအောင်မြင်မှုကြီးရတဲ့အတွက် အတော်ကိုစိတ်လှုပ်ရှားနေခဲ့ကြပါပြီ။

ပင်လယ်နတ်ဘုရားရေကန်ကတော့ တိတ်ဆိတ်လို့နေခဲ့ပါတယ်။ ဆယ်စက္ကန့်ကြာပြီတဲ့နောက် ပေ့ပေ့နဲ့ ကျန်းလဲ့ရွှမ်နှစ်ယောက်က တစ်ပြိုင်နက်ထဲအော်လိုက်ကြတော့တယ်။

” ဂုဏ်ပြုပါတယ် ကုဖုန်းနဲ့ ၀ါးယောင် ထာ၀ရအချစ်ကိုအောင်မြင်လို့သွားပါပြီ ပင်လယ်နတ်ဘုရားကံကြမ္မာမှာရှာဖွေတွေ့ရှိခဲ့တဲ့ ဒီချစ်ခြင်းမေတ္တာတရားကို ထာ၀ရသယ်ဆောင်သွားနိုင်ပါစေသား ”

လက်ခုပ်လက်၀ါးတီးပြီ အော်ဟစ်ဂုဏ်ပြုသံတွေကလဲ တစ်ချိန်ထဲမှာထွက်ပေါ်လို့လာပါတော့တယ်။ ၀ါးယောင်ကတော့ သူ့မရဲ့ကြာပန်းဆီကို အားလုံးကြည့်နေတဲ့အချိန်မှာ သူလဲ ဖြည်းဖြည်းချင်းဆင်းသက်လို့သွားခဲ့ပါပြီ။ ကြာပန်းကတော့ သူတို့နှစ်ယောက်ကိုသယ်ဆောင်ရင်းရေကန်ရဲ့အပေါ်မှာ ရွေ့လျားလို့နေခဲ့ပါတယ်။ ကြာပန်းပွင့်ဖတ်တွေကတော့ ကန်ရေပြင်တစ်လျှောက်မှာကြွေလွှင့်လို့လာခဲ့ပြီ ပန်းနုနီရောင်တောက်ပမှုနဲ့အတူဝေ့၀ဲပျံသန်းလို့နေပါတော့တယ်။

သူတို့ကတော့ အားလုံးကိုလက်ဝှေ့ရမ်းပြရင်းထွက်ခွာလို့သွားခဲ့ပါပြီ။ ချစ်ခြင်းမေတ္တာချည်နှောင်မှုက အခုအချိန်မှာစတင်ပါတော့မယ်။

” ယွိဟောင် မင်းအလှည့်ပဲ ”

ပေ့ပေ့က ဟို့ယွိဟောင်ကိုကြည့်လိုက်ပါတယ်။ ဒီစကားကိုကြားပြီချိန်မှာတော့ ဟို့ယွိဟောင် အနည်းငယ်အံ့အားသင့်လို့သွားခဲ့တယ်။ အခုအချိန်မှသာ ၀ါးယောင်ရဲ့ဘေးမှာရှိနေသူက ပန်းနုရောင်နဲ့ အပြာရောင်ဆံပင်တွေကို ပိုင်ဆိုင်ထားသူမိန်းမချောဆိုတာကို သူသတိထားမိလိုက်တာပါ။ အခုသူ့အလှည့်ရောက်နေပါပြီ။

” အမျိုးသမီးသုံးယောက်က ဟို့ယွိဟောင်ကိုရွေးချယ်ထားတယ်ဆိုမှတော့ သေချာပေါက် သူတို့ရဲ့စိတ်ခံစားချက်ကိုဖော်ပြပြီးပြီဖြစ်လောက်ပါတယ် အခုပဲစတင်လိုက်ရအောင် ”

အစီအစဥ်အရကတော့ လင်းလော့ချန် နင့်ထျန်းနဲ့ နံပါတ်နှစ်အမျိုးသမီးဒီအတိုင်းသွားရမှာပါ။

လင်းလော့ချန်က အရင်ဆုံးစပြောလာခဲ့ပါတယ်။

” အကယ်၍ နင်ငါ့ကိုသဘောကျတယ်ဆိုရင် ငါကိုရွေးချယ် အကယ်၍ ငါကိုသဘောမကျဘူးဆိုရင် မရွေးချယ်နဲ့ ”

” ဒါပေမယ့် နင်ငါ့ကိုမရွေးဘူးဆိုရင်တော့ ငါသေချာပေါက် စိန်ခေါ်ရမှာပဲ အနည်းဆုံးတော့ဒီနှစ်တွေနင်ဘယ်လောက်တိုးတက်လာတယ်ဆိုတာ ငါသိချင်သေးတယ် ”

သူ့စကားကိုကြားချိန်မှာ အားလုံးအံ့အားသင့်သွားခဲ့ပါတယ်။ ဒါက ခံစားချက်ကို၀န်ခံတာများလား ဒါက၀ူးမင်းထက်တောင် ပိုကြောက်စရာကောင်းနေရသေးတာလဲ ငါ့ကိုမကြိုက်ရင်မရွေးနဲ့တဲ့လား သူကတွန်းအားမပေးချင်တာလား ဒါမှမဟုတ် စိန်ခေါ်ဖို့ရောက်လာတာလား။

နင့်ထျန်းရဲ့အလှည့်ကိုရောက်လာခဲ့ပါပြီ။ နင့်ထျန်းကတော့ ပြုံးပြပြီးပြောလာခဲ့ပါတယ်။

” ငါရဲ့ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်နဲ့ ငါနဲ့က နင်ဘေးမှာအမြဲတမ်းရှိနေနိုင်မှာပါ ဒါ့အပြင် နင်ရဲ့အမျိုးသမီးဖြစ်လာဖို့လဲ ဆန္ဒရှိပါတယ် ”

နောက်ဆုံးတော့ ဒုတိယအမျိုးသမီးရဲ့အလှည့်ကိုရောက်လာခဲ့ပါပြီ။ သူမကတော့ အခုအချိန်အထိ မျက်နှာထုတ်မပြသေးပါဘူး။ ဒါကြောင့် ဘယ်သူကမှလဲ သူ့အကြောင်းကိုဘာမှမတွေးမိပဲရှိကြပါတယ်။

အားလုံးစုစည်းချိန်ကထဲကနေ အခုအချိန်အထိ သူမက တစ်ကိုယ်လုံးကိုဖုံးလွှမ်းလို့ထားခဲ့တာပါ။ ကျန်းလဲ့ရွှမ်နဲ့ ပေ့ပေ့တို့တောင်မှ သူ့ကိုတွေးလို့မရခဲ့ပါဘူး။ သူက တခဏတာတွေဝေနေပြီတဲ့နောက် ဘယ်သူမှမထင်ထားတဲ့အရာကိုလုပ်လိုက်ပါတယ်။

အ၀ါရောင်တစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်သုံးကွင်းတို့က ပေါ်လာပြီတဲ့နောက် တောက်ပတဲ့လိပ်ပြာတစ်စုံက သူမရဲ့နောက်ဖက်မှာထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ အခုလက်ရှိအချိန်မှာတော့ လူတွေကအထိတ်တလန့်ဖြစ်နေခဲ့ကြပါပြီ။ တလက်လက်တောက်ပနေတဲ့အတောင်ပံတွေရဲ့အလင်းတန်းက ​ကန်ရေပြင်ပေါ်မှာထင်ဟပ်လို့နေခဲ့တာပါ။

ဒီအတောင်ပံတွေက အရှေ့နဲ့အနောက် နှစ်ခြမ်းခွဲထားရင်းနေခဲ့ပါတယ်။ သူမရဲ့အတောင်ပံတွေရဲ့ထိပ်မှာတော့ တလက်လက်တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတွေက အပြင်ကိုပျံ့ထွက်လို့နေတော့တယ်။

ရှု့စန်းရှီကတော့ အခုအချိန်ကမ်းခြေအပေါ်မှာ ပါးစပ်အဟောင်သားဖြစ်နေခဲ့ပါပြီ။ ဟယ့်ချိုက်ထို့တောင်မှ ဒါကိုမြင်ချိန်မှာ သူအိုးကြီးပေါ်ကနေ ပြုတ်ကျမတတ်ဖြစ်သွားခဲ့ရပါတယ်။ ဟို့ယွိဟောင်ကတော့ သူမရဲ့လှုပ်ရှားမှုတွေကို အရမ်းကြီးအာရုံစိုက်ထားသူဖြစ်တာကြောင့် ပိုပြီးဆိုးပါတယ်။ နင့်ထျန်းတောင် မျက်လုံးပြူးသွားခဲ့တယ်။ ဟို့ယွိဟောင်တင်မက ရှု့စန်းရှီနဲ့ ဒီအတောင်ပံကိုမှတ်မိတဲ့ဟယ့်ချိုက်ထို့အပြင် နင့်ထျန်း ၀ူဖုန်း ထိုက်ဟွပင်းတို့ပါ လန့်ကုန်ကြတာပါ။

တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ပဲ ပထမတန်းမှာဟို့ယွိဟောင်နဲ့အတူ ရှိရှိသမျှလူတိုင်းရဲ့ အားလုံးကိုဖမ်းစားနိုင်ခဲ့တဲ့ တောက်ပရောင်စဥ်နတ်မိမယ် သိုင်းပညာ၀ိညာဥ်က ဘယ်လိုဖြစ်လို့၀မ်သုန့်မှာရှိနေရမှာ ဘာဖြစ်လို့ဒီနေရာပေါ်လာရတာလဲ။

ဟို့ယွိဟောင်ကတော့ တစ်ကိုယ်လုံးထူပူလို့နေခဲ့ပါပြီ။ နံပါတ်နှစ်အမျိုးသမီးက ဘာမှမပြောပေမဲ့ သူမရဲ့အတောင်ပံတွေနဲ့ ဆံပင်တွေနဲ့တင် ဟို့ယွိဟောင်သိသလောက် ကိစ္စတွေအားလုံးကိုသိသွားခဲ့ပါပြီ။

ဒါက ၀မ်သုန့်နဲ့ တစ်ပုံစံထဲတူညီတဲ့သိုင်းပညာ၀ိညာဥ်ဆိုမှတော့ တခြားဘယ်သူဖြစ်နိုင်မလဲ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က ဘယ်လောက်တောင်ရှားပါးသလဲဆိုတာကို သူသိပါတယ်။ ဒါက၀မ်သုန့်ရဲ့အစ်မ၀မ်ချိုးအယ်ပဲ ဖြစ်မှာပါ။

သူမက ဒီလိုနည်းလမ်းကိုအသုံးပြုပြီး သူမရဲ့ဇစ်မြစ်ကိုဖော်ပြလိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ သေချာပေါက် ရွေးချယ်ဖို့မှားစရာမလိုတော့ပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့ အစကနေအဆုံးအထိ စကားမပြောတာလဲ။

” ဟို့ယွိဟောင် ရွေးချယ်လို့ရပါပြီ ”

ကျန်းလဲ့ရွှမ်က လှမ်းပြီကြော်ငြာပါတယ်။ ဟို့ယွိဟောင်လဲ တစ်ချက်လေးတောင် မတွေဝေနေခဲ့ပါဘူး။

” နံပါတ်နှစ်အမျိုးသမီးကို ရွေးချယ်ပါတယ် ”

သူပြောပြီတာနဲ့ လင်းလော့ချန်နဲ့ နင့်ထျန်းတို့ကို တောင်းပန်ပါတော့တယ်။

” အမျိုးသမီးနှစ်ယောက်ရွေးချယ်တာခံရတဲ့အတွက် ကျွန်တော်အတွက်တော့၀မ်းသာစရာပါပဲ နှလုံးသားထဲမှာတော့ မေ့ဖျောက်လို့မရနိုင်တဲ့သူရှိနေပြီသားပါ တောင်းပန်ပါတယ် ”

လင်းလော့ချန်ရဲ့မျက်နှာက ဖြူဖျော့လို့သွားခဲ့တယ်။ ဒါပေမယ့် အများကြီးစိတ်လှုပ်ရှားပုံမပေါ်ပါဘူး။

” ငါစိန်ခေါ်မယ်လို့ပြောခဲ့ပြီသားနဲ့တူပါတယ် ”

ဟို့ယွိဟောင်လဲ ပြုံးပြရုံကလွဲပြိ ဘာတတ်နိုင်မှာလဲ။ နင့်ထျန်းကတော့ စိတ်ပျက်သွားပုံပေါ်ပါတယ်။ အခုအချိန်အထိ သူ့ကိုယ်သူဘယ်သူမှန်းမသိရတဲ့သူကို ရှုံးမယ်လို့မထင်ထားခဲ့မိပါဘူး။

သူမရဲ့လေ့လာစူးစမ်းတဲ့စွမ်းရည်နဲ့ဆိုရင်တောင် ဟို့ယွိဟောင်ကိုယ်တိုင်းလဲ တစ်ဖက်လူကဘယ်သူလဲဆိုတာသေချာနေခဲ့တယ်။ တစ်ခါမှလဲ မြင်ဖူးတဲ့ပုံမပေါ်ပါဘူး။ ဒါပေမယ့် တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ် သိုင်းပညာ၀ိညာဥ်ကိုထုတ်လာချိန်မှာတော့ ဘာကြောင့်များ ချက်ချင်းထရွေးလိုက်ရတာလဲ။

သူမငယ်ငယ်လေးကထဲကနေ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ကို ပိုင်ဆိုင်ထားတဲ့အတွက် အမြဲတမ်းပါရမီရှင်အဖြစ် ချီးမြောက်ခံရပြီ မျိုးနွယ်စုခေါင်းဆောင်အဖြစ် တန်ဖိုးထားခံရတာပါ။

ဟို့ယွိဟောင်ကို သူရွေးချယ်လိုက်တယ်ဆိုတာကလဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်တွေနဲ့ ကောင်းမွန်တဲ့အနာဂတ်အလားအလာကို မြင်နိုင်ခဲ့လို့ပါ။ ဒါ့အပြင် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ယောက်သူတစ်ယောက်ဖြစ်နေတာကြောင့်လဲပါပါတယ်။ သူမအတွက်တော့ ဟို့ယွိဟောင်က သူအမြင်အရသူ့ကိုငြင်းဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ ဒါ့အပြင် ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်အစွမ်းအစကိုလဲ အစပိုင်းကထဲက ထုတ်ဖော်ပြသပြီးခဲ့ပါပြီ။ဟို့ယွိဟောင်ရဲ့အစွမ်းအစနဲ့ဆိုရင် သူမဘယ်လောာက်အထိသန်းမာလဲဆိုရင် အာရုံမခံနိုင်ပဲနေဖို့ခက်ခဲပါလိမ့်မယ်။

ဒါပေမယ့် အချိန်ကြာလာတဲ့ အခိုက်အတန့်မှာလူတစ်ယောက်ကိုရွေးချယ်ဖို့လုံး၀မတွေဝေခဲ့ပါဘူး။ ဒါက နင့်ထျန်းအတွက် မမျှော်လင့်ထားတဲ့ရိုက်ခတ်မှုကြီးဖြစ်နေခဲ့ပါတယ်။ သူချက်ချင်းဆိုသလို မျက်နှာတစ်ခုလုံးမှောင်မိုက်လို့သွားခဲ့ပါပြီ။

” နင် ငါကိုမရွေးဘူးလား ”

နင့်ထျန်းက အံကြိတ်ရင်းဒေါသတကြီးနဲ့မေးလာခဲ့ပါတယ်။

” တောင်းပန်ပါတယ် ”

နင့်ထျန်းရဲ့မျက်လုံးတစ်ခုလုံးက ရီဝေလို့သွားခဲ့ပြီ အသံကလဲတုန်ရီလို့နေခဲ့သလို သူလှမ်းအော်တော့တယ်။

” ကျွန်မလဲစိန်ခေါ်ချင်ပါတယ် ”

သူမဒီလိုမျိုးရွေးချယ်လောက်တဲ့အထိ ဒေါသထွက်လာပြီးပြီဆိုရင် ဘာတွေဖြစ်နိုင်မလဲဆိုတာ သူမရင်းနှီးတဲ့သူတွေကလွဲပြီ ဘယ်သူမှမသိနိုင်ပါဘူး။

အစောပိုင်းတုန်းက အံ့ဩစရာကောင်းလောက်အောင် ချိုမြိန်တဲ့အတွေးတွေဖြစ်ပေါ်လာပြီတဲ့နောက် ဒီလိုအခိုက်အတန့်မျိုးကိုကြုံရမယ်လို့ ဘယ်သူများတွေးမိမှာလဲ။

ဒါကြောင့်သာ ပင်လယ်နတ်ဘုရားကံကြမ္မာရဲ့ နောက်ဆုံးအစီအစဥ်က အမြဲတမ်းမခန့်မှန်းနိုင်လောက်အောင် ထူးဆန်းလို့နေခဲ့တာပါ။ ဒီအစီအစဥ်ကိုပြီးဆုံးအောင်လုပ်ဖို့ဆိုရင်လူတစ်ယောက်က လုံလောက်အောင်သန်မာဖို့လိုပါလိမ့်မယ်။ ကံကောင်းမှုဆိုတာကတော့ မရှိမဖြစ်လိုအပ်တဲ့ကိစ္စပါပဲ။

အပိုင်း ၂၁၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset