အပိုင်း ၂၁၇
” ကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲပဲ ”
°°°
” ငါတို့က တစ်ယောက်နဲ့တစ်ယောက်မသင့်တော်ဘူးဆိုတာ သိပါတယ်…အတွင်းနယ်မြေထဲမှာ မင်းက ကောင်းချီးမင်္ဂလာတစ်ခုလိုလူတစ်ယောက်ပါ မင်းရဲ့ကျင့်ကြံဆင့်ကလဲ အဲ့ဒီအချိန်ထဲက ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိနေပြီလေ ငါကတော့ ခြောက်ကွင်းပဲရှိသေးတယ်…ငါတို့ရဲ့ကျင့်ကြံဆင့်တွေရော အနာဂတ်တွေအားလုံးရော အလှမ်းဝေးလို့နေခဲ့တယ်…ဒါ့အပြင် ဆရာနဲ့တပည့်တောင်ဖြစ်နေသေးတယ်..ခံစားချက်တွေကိုဖုံးကွယ်ဖို့အတွက် ရှိသမျှအချိန်တွေနဲ့ ကြိုးစားအားထုတ်မှုတွေကို သိုင်းပညာ၀ိညာဥ်လေ့လာမှုမှာပဲ မြုပ်နှံပြီ မင်းကိုမေ့ဖျောက်နိုင်ဖို့အတွက် ကြိုးစားမိခဲ့တယ် ”
” ဒါပေမယ့် တကယ်ပဲချစ်မိသွားပြီဆိုရင် ငါဘယ်လိုများမင်းကိုမေ့လို့ရနိုင်မှာလဲ အထူးသဖြင့် ငါကိုယ်ငါအထင်သေးမိတဲ့အချိန်တွေတောင် အများကြီးကြုံတွေ့လာခဲ့ရတယ်..ဒါကြောင့် သုတေသနကိုအကောင်းဆုံးကြိုးစားပြီ အာရုံစိုက်ပေမဲ့လဲ ငါရဲ့နှလုံးသားတွေက နာကျင်ရလွန်လို့ မင်းကိုနောက်တစ်ခေါက်တွေ့ပါရစေလားလို့ စိတ်ထဲမှာပြင်းပြင်းထန်ထန် တွေတောပြီ နာကျင်ရတဲ့အထိပဲ ဒါပေမယ့် ငါရဲ့ကိုယ့်ကိုကိုယ်အထင်သေးတဲ့စိတ်က အမြဲတမ်းတားဆီးနေခဲ့တာကြောင့်သာ လာမတွေ့၀ံ့ဘူး ”
” လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှသာ ကိုယ်ခံစားချက်တွေကို ကိုယ်နားလည်ပြီ လက်ခံလာနိုင်တာကြောင့် ဖြည်းဖြည်းချင်းသက်သာသွားခဲ့တယ်…ဒါပေမယ့် ငါရဲ့အခွင့်အရေးတွေကလဲ အတော်ကြီးကို မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားခဲ့ပြီလေ မင်းရဲ့ကျင့်ကြံမှုကို အမီလိုက်နိုင်ဖို့အတွက် ၀ိညာဥ်၀ိညာဥ်တွေကို သုတေသနပြုနေတုန်း ကျင့်ကြံမှုကိုလဲ အားကောင်းအောင်လုပ်ဖို့ကြိုးစားခဲ့တယ်…မင်းကိုတစ်နေ့မှာအမီလိုက်နိုင်ဖို့ အမြဲတမ်းမျှော်လင့်နေခဲ့တာ ဒါမှသာ မင်းနဲ့လိုက်ဖက်ညီနိုင်မယ်လို့လဲ တွေးနေခဲ့သေးတယ်…မကြာခင်သေးမှာပဲ ငါအဆင့်ခြောက်ဆယ်ကိုရောက်ရှိခဲ့တယ်လေ အခုငါအဆင့်ခြောက်ဆယ်လေးရောက်နေပြီ မင်းနဲ့အများကြီးအလှမ်းဝေးနေခဲ့ပေမဲ့လဲ ဒီနေ့အခွင့်အရေးကိုတော့ ငါလုံး၀လက်မလွှတ်ချင်ခဲ့ဘူး…အနည်းဆုံးတော့ ငါရဲ့ခံစားချက်တွေကို ၀န်ခံချင်တယ်…ဒီတစ်ကြိမ်မှာ ငါကျရှုံးခဲ့တယ်ဆိုရင်တောင် ကြိုးစားခဲ့တဲ့အတွက် နောင်တရမှာမဟုတ်ပါဘူး ”
” ငါတကယ်ပဲ ဒီတစ်ခေါက်ကြင်ဖက်တွေ့ဆုံပွဲမှာ မင်းအနေနဲ့ သင့်တော်တဲ့ကြင်ဖက်တစ်ယောက်ကို ရှာတွေ့နိုင်ဖို့အတွက် ဆုတောင်းနေခဲ့မိသေးတယ်…ဒါ့အပြင် တစ်ဘ၀တာလုံးမှာအကောင်းဆုံးအရာတွေကို ရရှိပါစေလို့အမြဲတမ်းတွေးနေခဲ့မိတာ ဒါပေမယ့် ဒီလူတွေကမင်းကိုတန်ဖိုးမထားနိုင်ကြဘူး…ဒါကြောင့် ငါဒေါသထွက်လာရတာပဲ မနက်ဖြန်မှာငါလုပ်ခဲ့တဲ့ကိစ္စကြောင့် ကျောင်းတော်ကထုတ်ပယ်ခံရတာတောင် ဖြစ်နိုင်သေးတယ်…ဒါပေမယ့် အခုငါရဲ့ဆုံးဖြတ်ချက်ကိုငါလုံး၀နောင်တမရဘူး ”
သူဒီအထိပြောပြီချိန်မှသာ စကားပြောတာကိုရပ်လိုက်ပါတော့တယ်။ ဟန်ရော့ရော့ရဲ့ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မျက်နှာလေးကိုကြည့်ရင်း သူနောက်ဆုံးမှာကြိုးစားကာ အားတင်ပြီတောင်ပြောလာခဲ့ပါတယ်။
” ရော့ရော့ မင်းငါကိုအခွင့်အရေးများပေးနိုင်မလား ”
ဟန်ရော့ရော့ကတော့ မျှော်လင့်တကြီးကြည့်နေတဲ့ ၀မ်ယန်ကို စိုက်ကြည့်နေခဲ့မိပါတယ်။ သူမလဲ ဒီအချိန်မှသာ သူ့မျက်လုံးတွေဘယ်လောက်အထိ နက်ရှိုင်းနေလဲဆိုတာကို မြင်သွားခဲ့ပုံပါပဲ။ သူတို့ရဲ့အသက်ရွယ်က မငယ်တော့ပါဘူး။ ဟန်ရော့ရော့လဲ များများစားစားမတွေဝေနေတော့ပဲ ပြုံးပြလိုက်ပါတယ်။ သူမရဲ့အပြုံးက လန်းလန်းဆန်ဆန်ပွင့်ဖူးလာခဲ့တဲ့ပန်းပွင့်လို တောက်ပလို့နေခဲ့ပြီ ဒီလှပတဲ့ညချမ်းအချိန်အခါမှာအရမ်းကို စိတ်ကြည်နူးဖွယ်ကောင်းနေတော့တယ်။
၀မ်ယန်ဆီကို ဖြည်းဖြည်းချင်းဆင်းသက်လာခဲ့ရင်း ညာဘက်လက်ကိုဆန့်ထုတ်ကာပြောလာခဲ့ပါတယ်။
” ကြည့်ရတာ ငါရဲ့ပျော်ရွှင်မှုက ဒီမှာရောက်နေပြီတူပါရဲ့ ”
ပုံမှန်အချိန်မှာ နူးညံ့ညင်သာနေတာကြောင့် ၀မ်ယန်ကတော့ အခုလက်ရှိအချိန်မှာ လုံး၀ကိုတည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပါဘူး။ ချက်ချင်းဆိုသလို သူမရဲ့လက်ကိုဆွဲယူလိုက်ပြီတဲ့နောက် လောကမှာအခိုင်မာဆုံးပြောနိုင်သလောက်စကားနဲ့ သူကတိပေးခဲ့ပါတယ်။
” ငါမင်းအပေါ်မှာထာ၀ရနဲ့ သစ္စာရှိရှိမြတ်နိုးပြီ စောင့်ရှောက်မှာပါ ”
ဟန်ရော့ရော့ကတော့ အလျင်လိုနေတဲ့သူ့ပုံစံကိုကြည့်ရင်းနဲ့ ပြောလာခဲ့တယ်။
” အစကထဲက စောစောစီးစီးပြောခဲ့မယ်ဆိုရင် အဲ့ဒီထဲက သဘောတူလိုက်မှာပေါ့ ”
” အခုလဲနောက်မကျသေးပါဘူး နောက်မကျသေးပါဘူး ငါကသော့်လော့တစ်ယောက်မဖြစ်လာနိုင်ပေမဲ့ လူရဲ့သက်တမ်းက အနှစ်ခြောက်ဆယ်ကျန်သေးတယ်လေ အနှစ်ခြောက်ဆယ်ဆိုတာက ရက်ပေါင်းနှစ်သိန်းနဲ့ညီမျှတယ်..ရော့ရော့ မင်းနဲ့အတူရှိနေတဲ့ ဖြတ်သန်းရတဲ့တစ်ခုချင်းဆီတိုင်းကို ငါတန်ဖိုးထားမှာပါ ကျေးဇူးတင်ပါမယ် ”
ဟန်ရော့ရော့က နောက်ထပ်ဘာမှမပြောတော့ပါဘူး။ ၀မ်ယန်ရဲ့လက်ကိုကိုင်လိုက်ရင်း လူတွေဖက်ကိုပြန်လှည့်လိုက်ပါတယ်။
” အားလုံးပဲ အားနာပါတယ် အခုပင်လယ်နတ်ဘုရားကံကြမ္မာမှာ ငါနောက်ထပ်မပါ၀င်တော့ပါဘူး…လဲ့ရွှမ် ငါကိုထုတ်ပယ်လိုက်ပြီလို့ပဲသဘောထားလိုက်ပါ ငါတို့သွားလိုက်ဦးမယ် ”
ဒီအချိန်မှာပဲ လူကြီးတစ်ယောက်ရဲ့အသံက ထွက်ပေါ်လာခဲ့ပါတယ်။
” ၀မ်ယန် အကြီးအကဲတွေအားလုံးနဲ့ ငါမှာ တူညီတဲ့အတွေးရှိကြပြီးပြီ ဒီနေ့ကိစ္စကို ငါတို့မမြင်ဖူးဘူးလို့ သဘောထားလိုက်မယ်…ဒါပေမယ့် မင်းတို့ရဲ့လက်ထပ်ပွဲမှာ ငါတို့ကိုညစာမဖိတ်ကျွေးဘူးဆိုရင် သေချာပေါက် မင်းကိုကျောင်းတော်ကနေ ထုတ်ပယ်ပြစ်မယ် ”
၀မ်ယန်ကတော့ ပျော်ရွှင်လို့သွားခဲ့ပါတယ်။
” အကြီးအကဲတွေအားလုံးနဲ့ အကြီးအကဲရွှမ်ကို ကျေးဇူးတင်ပါတယ်…ကျွန်တော်ကအမျက်ဒေါသကျောင်းတော်မှာ ထာ၀ရရှိနေမှာပါ ကျွန်တော်ကိုထုတ်ပယ်မယ်ဆိုရင်တောင် ကျွန်တော်ထွက်မသွားပါဘူး ”
ဟန်ရော့ရော့နဲ့ ၀မ်ယန်နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြုံးနေခဲ့မိပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ရဲ့ခန္ဓာကိုယ်တွေက လေထဲမှာဖြည်းဖြည်းချင်းလွှင့်မျောလို့သွားခဲ့ပါပြီ။ ဒီဆရာနဲ့ တပည့်ချစ်ခြင်းမေတ္တာက အရမ်းကိုငြိမ်ငြိမ်ချမ်းချမ်းနဲ့ ဖြစ်ပေါ်လို့လာပါတော့တယ်။
” နှစ်ယောက်စလုံးအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ”
ကျန်းလဲ့ရွှမ်ကတော့ အနည်းငယ်စိတ်ပျက်နေပေမဲ့ သူ့အသံကတော့ အရင်အတိုင်းချိုမြိန်လို့နေခဲ့တယ်။
အစီအစဥ်လေးခုပြီတဲ့အချိန်မှာ ကိစ္စတွေကပိုပြီးပြင်းထန်လို့လာခဲ့ပါပြီ။ ၀ူးမင်းနဲ့ ဟန်ရော့ရော့နှစ်ယောက်စလုံးကလဲ သူတို့လက်တွဲဖော်တွေကို ရှာတွေ့လို့သွားခဲ့ပါတယ်။ ဒါက အားလုံးမျှော်လင့်ထားတာထက်ကို မတူညီပါဘူး။
ဟန်ရော့ရော့ပြီတဲ့နောက် ၀ူဖုန်းက ထိုက်ဟွပင်းကိုတကယ်ကြီးရွေးချလိုက်ပါတယ်။ သူဘာမှတောင်မပြောခဲ့ပါဘူး။ ဒီအတိုင်း ထိုက်ဟွပင်းဆီရောက်သွားပြီ ဟို့ယွိဟောင်ကိုသာ မျက်စောင်းထိုးနေတော့တယ်။
နောက်ထပ် ခမောက်ဆောင်ထားဆဲအမျိုးသမီးကလဲ သူ့ရဲ့မျက်နှာကိုထုတ်ပြလာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ လင်းလော့ချန်အလှည့်ဖြစ်ပြီ နောက်ထပ်အံ့ဩစရာကောင်းတဲ့ကိစ္စက ဖြစ်လာပါတော့တယ်။ လင်းလော့ချန်က ညင်ညင်သာသာလေးလှုပ်ရှားလို့လာခဲ့ပြီ တခြားအမျိုးသမီးတွေနဲ့နည်းအတူ ဟို့ယွိဟောင်ဆီကို လျှောက်လှမ်းလို့လာခဲ့ပါတယ်။ ရေကန်မျက်နှာပြင်ပေါ်မှာတစ်လှမ်းချင်းဆီလျှောက်လှမ်းခဲ့လာတဲ့သူမက ရေခဲပွင့်ဖတ်တွေကိုနင်းချေလို့လာခဲ့တယ်။ ဒီလိုပဲ ကျောင်းသားတွေရဲ့အရှေ့ကိုရောက်ရှိလို့လာခဲ့ပြီ သူ့ကိုယ်သူတောင်မိတ်မဆက်ခဲ့ပါဘူး။ ဘေးမှာရှိသမျှကျောင်းသားတွေအားလုံးကိုကြည့်လိုက်ပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့အရှေ့တည့်တည့်ကိုရောက်လာရင်း ရပ်တန့်လိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ ကြောင်နေခဲ့ပါပြီ။ လင်းလော့ချန်က ၀ူးမင်းထက်တောင် ပိုပြီးအေးစက်ပါသေးတယ်။ သူက ခပ်ပြတ်ပြတ်သာပြောခဲ့တယ်။
” ငါအကြောင်းနင်သိမှာသေချာပါတယ်..ငါဒီလိုလာကြည့်တာ နင်ကငါနဲ့ကိုက်ညီမယ်လို့ထင်တယ် အကယ်၍ ငါတို့ကြားမှာရှိတဲ့ ကွာဟချက်တွေကို စိတ်ထဲမထားဘူးဆိုရင်တော့ ငါတို့အတူတူရှိကြတာပေါ့ ”
ဟို့ယွိဟောင်ကတော့ အခုလက်ရှိအချိန်မှာ ပါးစပ်အဟောင်သားဖြစ်နေခဲ့ပါပြီ။ သူ့ကိုတကယ်ကြီးဒီလိုရွေးချလာမယ်လို့ မထင်ထားခဲ့လို့ပါ။
အသက်အရွယ်အရ လင်းလော့ချန်က သူ့နဲ့သိပ်မကွာပါဘူး။ ဒါ့အပြင် အရင်တစ်ခေါက်ပြိုင်ပွဲမှာ လင်းလော့ချန်က သူနဲ့အတူအဓိကအဖွဲ့ရဲ့လူဖြစ်ခဲ့သလို အဲ့ဒီအချိန်တုန်းကအသက်နှစ်ဆယ်၀န်းကျင်လဲ ရှိနေခဲ့ပါပြီ။ အခုတော့ အသက်နှစ်ဆယ်လေး၀န်းကျင်ရှိပြီဖြစ်တာကြောင့် သူတို့ရဲ့အသက်ကွာဟချက်က ခုနှစ်၀န်းကျင်ဖြစ်နေခဲ့တယ်။
လင်းလော့ချန်က သူအသံလိုပဲ အမြဲတမ်းအေးစက်နေတာသူမရဲ့မျက်လုံးတွေက အရမ်းကိုတောက်ပလို့နေခဲ့ပြီ သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာကြီးထဲကနေ အပြင်ကိုရုန်းမထွက်နိုင်တဲ့ပုံပေါ်နေခဲ့တယ်။ ဒါပေမယ့် မျက်နှာကတော့ ပန်းရောင်ခပ်ဖျော့ဖျော့သန်းနေခဲ့ပါတယ်။
အမျိုးသမီးသုံးယောက်က ဟို့ယွိဟောင်ကိုရွေးချယ်ပြီပါပြီ အတွင်းနယ်မြေရဲ့ ကျောင်းသားတွေတော်တော်များများက အသက်နှစ်ဆယ်နဲ့ သုံးဆယ်၀န်းကျင်ကြားရှိကြတာပါ။ အဲ့ဒီထဲမှာ တစ်ဆယ်ရာခိုင်နှုန်းလောက်ကသာ သုံးဆယ်ကျော်ကြပါသေးတယ်။ ကျန်တဲ့သူတွေကတော့ ဟို့ယွိဟောင်လိုပဲ သုံးဆယ်မပြည့်ကြသေးပါဘူး။
အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့အသက်ကွာခြားချက်ကလဲ အတော်လေးကို ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအများကြီးအနေနဲ့ အမျိုးသားကျောင်းသားတစ်ယောက်ထဲကို ရွေးချယ်ခဲ့တာလဲရှားပါးနေခဲ့တယ်။ အတွင်းနယ်မြေမှာ အမျိုးသမီးတွေက လက်ရှိအချိန် အမျိုးသားတွေထက်ကို အရေအတွက်များနေခဲ့ပါပြီ။ ဒါ့အပြင် သူတို့ရဲ့အစွမ်းအစတွေကလဲ အမျိုးသားတွေထက် ပိုသာလွန်ပါတယ်။
ကျောင်းပြီးဆုံးသွားတဲ့လူတွေကလွဲရင်လက်ရှိအချိန်မှာ အဆင့်ရှစ်အမျိုးသားကျောင်းတော်သားမရှိသလောက်ပါပဲ။ ဒါပေမယ့် ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့အမျိုးသမီးတစ်ယောက်ထက်မက ကျောင်းတော်ထဲမှာရှိနေခဲ့တယ်။ ဒါ့အပြင် ဒီနေ့ပြိုင်ပွဲမှာတော့ အမျိုးသားတော်တော်များများပြီ အမျိုးသမီးကနည်းပါတယ်။ နောက်ဆုံးအစိီအစဥ်မှာတော့ ကျောင်းသားတွေအများကြီးက တူညီတဲ့အမျိုးသမီးတွေကို ရွေးချယ်ဖို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဟို့ယွိဟောင်ကလွဲပြီ ဒီနေရာမှာချောမောခန့်ညားတဲ့ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ အမျိုးသားကျောင်းသားတစ်ယောက်ထဲကသာ အမျိုးသမီးကျောင်းသူနှစ်ယောက် ရွေးချယ်တာကိုခံထားရတာပါ။
ဟို့ယွိဟောင်အနေနဲ့လဲ သူအရှေ့မှာရှိနေတဲ့အမျိုးသမီးသုံးယောက်ကိုကြည့်ရင်း သူဒီလိုမျိုးလူကြိုက်များမယ်လို့ မထင်ထားခဲ့မိတာကြောင့် အံ့အားသင့်နေခဲ့တယ်။ ကြည့်ရတာ ၀မ်သုန့်နဲ့အချိန်ဖြုန်းရတာ များလွန်တဲ့အတွက် ကိုယ့်ရုပ်ရည်ကိုယုံကြည်ချက်မရှိတော့တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အဲ့ဒီလိုအမျိုးသမီးသုံးယောက်က သူ့ကိုဒီလိုကြီးလာရွေးနေရတာလဲ။ သူ့စိတ်ကိုဆွဲဆောင်နိုင်ဆုံးကတော့ အဲ့ဒီပန်းရောင်နဲ့ အပြာရောင်ရောထားတဲ့ဆံပင်ပိုင်ရှင်ကောင်မလေးပါ။ ဒါပေမယ့် နင့်ထျန်းနဲ့ လင်းလော့ချန်နှစ်ယောက်စလုံးကလဲ တကယ်ကြီးကိုတော်နေခဲ့တယ်။
လေးခုမြောက်အစီအစဥ်က အဆုံးသတ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ငါးခုမြောက်နဲ့ နောက်ဆုံးအစီအစဥ်က စတင်လာပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ ကျန်ခဲ့တဲ့သူက တော်တော်ကြီးကိုနည်းပါးလို့နေခဲ့ပါပြီ။ ကျန်းနန်နန်နဲ့ ဟန်ရော့ရော့တို့ ထွက်ခွာသွားပြီတဲ့နောက် အမျိုးသမီးငါးယောက်သာကျန်ပါတော့တယ်။ သုံးယောက်ကဟို့ယွိဟောင်ကို ရွေးထားသလို ကျန်တဲ့နှစ်ယောက်ကလဲတစ်ယောက်ကိုရွေးထားခဲ့ပါတယ်။ ရလဒ်အနေနဲ့ လက်ရှိအချိန်မှာ ရွေးချယ်စရာမဲ့အမျိုးသားတွေက နည်းပါးလို့သွားခဲ့တယ်။
ဟို့ယွိဟောင် ဟယ့်ချိုက်ထို့ ထိုက်ဟွပင်း အပါအ၀င်ဆယ်နှစ်ယောက်သာကျန်ပါတော့တယ်။
°°°
ကမ်းစပ်ပေါ်မှာတော့ ရှု့စန်းရှီနဲ့ ကျန်းနန်နန်တို့က ကျောက်တုံးကြီးရဲ့အနောက်မှာ ပုန်းနေကြရင်း ကျောင်းသားတွေကို ကြည့်နေခဲ့တယ်။
သူတို့နှစ်ယောက်က အခုအချိန်မှသာအ၀တ်တွေကိုခြောက်အောင်လုပ်နေခဲ့တာပါ။ သူတို့နှစ်ယောက်က ၀ူးမင်းနဲ့မတူပါဘူး အ၀တ်ပေါ်ကရေတွေကို သူတို့တိုက်ရိုက်ပဲဖယ်ရှားလိုက်ပါတယ်။
ရှု့စန်းရှီက ရွှမ်၀ူဒိုင်းကာရဲ့အစွမ်းကိုပိုင်ဆိုင်တာကြောင့် ဒီလိုမျိုးအစွမ်းအစနဲ့ အသာအယာဖယ်ရှားလိုက်တာပါ။ ဒါပေါ့ အခွင့်အရေးကိုအသုံးပြုပြီး ကျန်းနန်နန်ရဲ့ခန္ဓာကိုယ်ကိုလဲ ကောင်းကောင်းကြည့်လိုက်ပါသေးတယ်။ ရှု့စန်းရှီက သူ့ရဲ့ခန္ဓာကိုယ်ကိုတစ်လောကလုံးမှာ ပြည့်ပျိုးမဲ့မထင် ခြောက်ပြစ်ကင်းသဲလဲစင်လို့ထင်နေခဲ့တာပါ တကယ်ကို အကောင်းဆုံးပါပဲ။
” နန်နန် ငါတို့ဘာဖြစ်လို့သူတို့ကိုကြည့်နေသေးတာလဲ နေရာတစ်နေရာရှာပြီ ရင်းနှီးနေကြသင့်ပြီမလား ဒီလောက်ငါမင်းကိုနှစ်တွေအများကြီးလိုက်လာခဲ့တာ နောက်ဆုံးတော့ မင်းရဲ့နှလုံးသားကိုအနိုင်ရခဲ့ပြီ ဒါက မလွယ်ဘူးပဲ “:
“ပါးစပ်ပိတ်ထားစမ်း ငါနှလုံးသားကိုရတုန်းကရော ရင်းနှီးမှုတွေရောဘာမှလာမပြောနဲ့ ဝေးဝေးသွားနေ ငါနင့်ကိုပြောလိုက်မယ် လာမထိနဲ့ ”
” နန်နန် ငါကိုသတိပေးခဲ့တယ်မဟုတ်ဘူးလား ”
” ဘာကတိပေးဖူးလို့လဲ ”
” ငါကောင်မလေးလုပ်ဖို့လေ ”
“ပြောမိလို့လား ”
” အဲ့ဒီတုန်းက ငါလက်မောင်းတွေထဲခုန်၀င်လာတယ်ဆိုတာ အတည်ပြုလိုက်တာပဲမဟုတ်ဘူးလား ”
” ငါနင့်ကိုဘာမှကတိမပေးဖူးဘူး ”
” မင်းကတော့လေ လက်ခံမှုကိုငြင်းနေပြန်ပြီ ”
” ဒါကအမျိုးသမီးတစ်ယောက်ရဲ့မွေးရာပါတုန့်ပြန်မှုပဲမဟုတ်ဘူးလား ဒါ့အပြင် ငါတကယ်ဘာမှမပြောခဲ့ဘူးလေ ”
ရှု့စန်းရှီကတော့ ခေါင်းကိုငုံ့နေခဲ့ရင်း မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ သူက နှင်းလုံးလေးလိုပုံစံမျိုးလိုက်ပြီ တုပနေခဲ့တာပါ။
” ဒါဆိုရင် မင်းငါရဲ့ကောင်မလေးဖြစ်မလာခင် ငါဘာလုပ်ဖို့လိုလဲ ”
” ငါနင့်ကိုနောက်တစ်ကြိမ် စမ်းသပ်မယ် ”
” ဒီလိုစမ်းသပ်တဲ့ကိစ္စက ဘယ်လောက်ကြာမှာလဲ ”
” နောက်ထပ်သုံးနှစ်ကနေ ငါးနှစ်လောက်ပေါ့ ”
ရှု့စန်းရှီကတော့ ထရပ်တော့မလိုဖြစ်နေခဲ့ပါပြီ။
” သုံးနှစ်ကနေ ငါးနှစ်လား နောက်တစ်ခေါက် ရေထဲခုန်ဆင်းလိုက်ရမလား ”
ကျန်းနန်နန်က သူ့ကိုမတားခဲ့ပါဘူး။
” လုပ်လိုက်လေ နင်ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ဆိုရင် သေချာပေါက် ရေနစ်မှာတော့ဘယ်ဟုတ်မလဲ နောက်တစ်ခေါက်ပြန်တက်လာမယ်ဆိုရင် ငါနင့်ကိုအဲ့ဒီစမ်းသပ်ချက်ဖြတ်ကျော်ဖို့ အခွင့်အရေးတောင်ပေးမှာမဟုတ်တော့ဘူး ”
” ဒါဆိုရင်လဲ မလုပ်တော့ဘူးလေ စမ်းသပ်ပါ စမ်းသပ်ပါ ”
ရှု့စန်းရှီကတော့ မျက်နှာသေကြီးနဲ့ ကျန်းနန်နန်အနားကိုကပ်လာခဲ့ပါတယ်။
” နည်းနည်းပါးပါးဆုလေးဘာလေးချသင့်တယ်မဟုတ်လား ဥပမာအားဖြင့်ဆိုရင် လက်ကလေးတွေကိုင်ကာ ဖက်ကာ တစ်ခါတစ်လေနမ်းတာလောက်ပေါ့ အကယ်၍ ဘယ်လိုအားပေးမှုမျိုးမှမရှိဘူးဆိုရင် ဒီစမ်းသပ်ချက်တွေကိုဖြတ်ကျော်ဖို့ ဘယ်လိုလုပ်အားရှိတော့မလဲ ”
” လုပ်ရဲရင်း လုပ်ကြည့်လိုက်စမ်းပါ ”
ရှု့စန်းရှီကတော့ ၀မ်းနည်းပြီဒေါသထွက်နေခဲ့ပါတယ်။ သူအစကိုပဲပြန်သွားချင်နေမိတယ်။ ဒါဆိုရင် ကျန်းနန်နန်အနေနဲ့ သူ့ကိုဆက်ဆံတာနည်းနည်းပါးပါးကောင်းလာမှာပါ။
” လက်ကိုတော့ကိုင်ခွင့်ပြုမယ် ”
ကျန်းနန်နန်က နည်းနည်းပါးပါး အလျော့အတင်းလေးလုပ်ပေးခဲ့ပါတယ်။ ရှု့စန်းရှီကတော့ ပျော်နေခဲ့ပါပြီ။ ဘာမှမရှိတာထက်ဆိုင်ရင်တော့ ကောင်းပါသေးတယ်။ နောက်ဆုံးတော့ အားလုံးရဲ့ရှေ့မှာလက်တွဲထားရင်း သူတို့ရဲ့ပတ်သက်မှုကို ထုတ်ဖော်ပြသလို့ရမှာပါ။ ဒါ့အပြင် ကျန်းနန်နန်ရဲ့ ဖြူဖွေးတဲ့လက်ကလေးအကြောင်းပြန်တွေးလိုက်မိတာကြောင့် သူရင်ခုန်မြန်လာပါတော့တယ်။
” တစ်လမှာသုံးကြိမ် တစ်ကြိမ်မှာဆယ်မိနစ် ”
ကျန်းနန်နန်က ချက်ချင်းပြောတော့တယ်။
” မင်းပေ့ပေ့ကြောင့် လွှမ်းမိုးခံရတာများနေပြီလား ”
” အစ်ကိုကြီးလား သေချာပေါက် ဘယ်ဟုတ်မလဲ အတွင်းနယ်မြေထဲမှာရှိတဲ့ အစ်မကြီးတွေအားလုံးပြောတယ်…ယောကျ်ားတွေကို ကောင်းကောင်းမဆက်ဆံနဲ့တဲ့ အကယ်၍ တအားကောင်းကောင်းဆက်ဆံမိသွားရင်း သူတို့တွေက မင်းကိုဘယ်လိုသဘောထားရမလဲသိတော့မှာမဟုတ်ဘူး ”
” မိုးကောင်းကင်နဲ့ မြေကမ္ဘာကြီးရေ ငါတော့သွားပြီ ”
” အသံကိုလျှော့စမ်းပါ နောက်ဆုံးအစီအစဥ်ကိုစတင်တော့မယ်…ငါတို့တွေ ပွဲကြီးပွဲကောင်းကြည့်ရတော့မှာပဲ ”
အပိုင်း ၂၁၇ ပြီး၏။