အပိုင်း ၂၁၆•၃
” သုံးဘ၀ကံကြမ္မာ ”
°°°
၀ူးမင်းက လှည့်ရင်းနဲ့ ကျန်းလဲ့ရွှမ်ကိုတောင်းပန်လို့နေခဲ့ပါတယ်။ သူမက လုံး၀ကို၀မ်းပမ်းတနည်းမျက်နှာလေးနဲ့ ဖြစ်နေခဲ့တာပါ။ ချူးချင်းထန်လဲ သူမရဲ့ ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကို မြင်ချိန်မှာတော့ အတော်ကြီးထိခိုက်လို့သွားရပါတော့တယ်။ ဒီအမျိုးသမီးက သူတွေးထင်ထားခဲ့သလိုမျိုး ကြောက်စရာမကောင်းဘူးဆိုတာကိုလဲ ရုတ်တရက်မြင်လာခဲ့ပါပြီ။ ဒါ့အပြင် သူ့စိတ်ထဲမှာရှိနေတဲ့တင်းမာမှုက ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားပါတော့တယ်။
ကျန်းလဲ့ရွှမ်ကတော့ သက်ပြင်းချနေခဲ့တယ်။ ချူးချင်းထန်ရဲ့ စကားတွေက ဘယ်လိုပဲကြားရတာချောမွေ့နေပါစေ စိတ်ရင်းမှန်ကန်မှုမရှိဘူးဆိုတာလူတိုင်းပြောနိုင်တာသူသိပါတယ်။ ဒါပေမယ့် အထူးသဖြင့် ဒီလိုမျိုးငိုကြွေးနေတဲ့ ၀ူးမင်းကိုမြင်ချိန်မှာသူကဘယ်လိုများငြင်းပယ်နိုင်တော့မှာလဲ။
” မင်အယ်စည်းမျဥ်းတွေကိုဖောက်ဖျက်လို့မရဘူးဆိုတာတော့မင်းသိမှာပါ ဒါပေမယ့် မင်းအတွက် ငါချွင်းချက်တစ်ခုထားပေးလိုက်မယ်ဆိုရင် တခြားသူတွေအတွက် ဘယ်တရားတော့မလဲ ဒါပေမယ့် ပင်လယ်နတ်ဘုရားကံကြမ္မာမှာ ချွင်းချက်တစ်ကြိမ်တစ်ခါလုပ်လို့ရတာငါတို့သိမှာပါ အားလုံးကသာ ဒီချွင်းချက်အခွင့်အရေးကို မင်းအတွက်သုံးဖို့ခွင့်ပြုပေးကြမယ်ဆိုရင် အဆင်ပြေမယ်လို့ထင်ပါတယ်…အကယ်၍ အားလုံးသာမင်းရဲ့ခံစားချက်ကြောင့် စိတ်လှုပ်ရှားခဲ့တယ်ဆိုရင် ဒါကိုငါတို့သဘောတူနိုင်မှာပါ ဒါပေမယ့် အားလုံးပြောစရာရှိမရှိဆိုတာကို အရင်မေးကြည့်ရမယ် ”
” ကျေးဇူးတင်ပါတယ် အစ်မကြီး ”
၀ူးမင်းရဲ့အသံက စိတ်လှုပ်ရှားတဲ့ဖက်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် အမျိုးသမီးတွေအားလုံးဖက်ကိုလှည့်ရင်းနဲ့ ပြောလိုက်ပါတော့တယ်။
” ဒီနေ့ ချူးချင်းထန်နဲ့အတူ အဆုံးအထိသွားဖို့ငါမျှော်လင့်ပါတယ်..ငါက တဲ့တိုးဆန်တဲ့သူတစ်ယောက်ပါ ဒီတော့တခြားသွယ်၀ိုက်ပြီပြောမနေတော့ပါဘူ..အားလုံးပဲ ငါ့ကိုဒီအခွင့်အရေးပေးကြမယ်လို့ မျှော်လင့်ပါတယ်…ဒီကျေးဇူးကိုအမြဲတမ်းမှတ်ထားမှာပါ အကယ်၍ အားလုံးလိုအပ်တာရှိတယ်ဆိုရင် ငါကိုပြောလို့ရပါတယ် ”
ပေ့ပေ့ကတော့ ၀ူးမင်းဖက်ကိုကြည့်ရင်းနဲ့ သူ့ဘာသာသူပြောနေခဲ့မိတယ်။
” အစ်မကြီး၀ူးမင်းကတော့ တကယ်ကို တဲ့တိုးဆန်တာပဲ အကယ်၍ သူသာအမျိုးသားတစ်ယောက်ဖြစ်တယ်ဆိုရင် သေချာပေါက် အထင်ကြီးစရာကောင်းမှာအမှန်ပဲ ”
ကျန်းလဲ့ရွှမ်ကတော့ ပေ့ပေ့ကို မျက်စောင်းထိုးနေခဲ့ပါတယ်။
” ဟာသတွေလုပ်မနေနဲ့ ချူးချင်းထန်ရဲ့စကားတွေက မမှန်ကန်ဘူးဆိုတာ ၀ူးမင်းမကြားနိုင်ဘူးများထင်နေလား သူကအပေါ်ယံကြမ်းတမ်းနေတဲ့ပုံစံနဲ့ အထင်မလွဲလိုက်နဲ့ တကယ်တော့သူကကြမ်းတမ်းတဲ့စိတ်သဘောရှိတယ်လို့ လူသိများပေမဲ့ အဲ့ဒီလိုဖြစ်နေတာက နောက်တစ်ကြိမ်မထိခိုက်ချင်လို့သူကိုယ်သူကာကွယ်ထားတာပဲ ဒါ့အပြင် သူ့အတွက် ဘ၀မှာအခွင့်အရေးတစ်ခေါက်ရဖို့လဲ တိုက်ခိုက်ဖို့၀န်လေးမှာမဟုတ်ဘူး…ဒါကြောင့်သာ ချူးချင်းထန်ကို သူဘာမှမပြောခဲ့တာ ချူးချင်းထန်ဘာလုပ်မလဲဆိုတာကြည့်ကြသေးတာပေါ့ အကယ်၍ သူသာဒီနေ့ မင်အယ်ကိုခေါ်သွားပြီအနာဂတ်မှာ သူ့ကိုထိခိုက်အောင်လုပ်ခဲ့မယ်ဆိုရင် ငါအဲ့ဒီကောင်ကိုလုံး၀အလွှတ်မပေးဘူး ”
ပေ့ပေ့လဲ ဒီအသံကိုကြားချိန်မှာ လန့်သွားပါတော့တယ်။ သူမဘယ်လောက်အထိ အလေးအနက်ထားပြီပြောနေတယ်ဆိုတာကို သိတဲ့အတွက် ကျန်းလဲ့ရွှမ်ကိုမျက်လုံးချင်ဆုံအောင်သူမကြည့်၀ံ့တော့ပါဘူး။
” အစ်မကြီးလဲ အမျိုးသားတစ်ယောက်ယောက်ကို ရှာသင့်တယ်မလား ”
” ပါးစပ်ပိတ်ထားစမ်း ”
ပေ့ပေ့လဲ ပါးစပ်ပိတ်ပြီခေါင်းငုံ့လို့သွားပါတော့တယ်။ သူ့ပုံစံကြည့်ရတာ အပြစ်မကင်းဖြစ်သွားသလိုပါပဲ။
” အစ်မကြီးတောင်းပန်ပါတယ် ”
” ဒါက ငါရဲ့ရည်ရွယ်ချက်ပဲ နင်နဲ့ဘာဆိုင်လဲ အရင်နှစ်တွေထဲက ငါရွေးချယ်ခဲ့ပြီးပြီ ဒီတော့ စိတ်ကိုပြောင်းလဲမှာမဟုတ်ဘူး..ကောင်းပြီ ငါတို့လုပ်စရာရှိတဲ့ကိစ္စကို ပြန်ပြီဆက်လုပ်ကြရအောင် ”
ဘယ်သူကမှ ၀ူးမင်းရဲ့စကားတွေကိုသံသယမ၀င်ကြပါဘူး။ အမျိုးသားကျောင်းသားတွေလဲ သူကိုကြောက်ပေမဲ့ အမျိုးသမီးကျောင်းသူတွေကတော့ သူမနဲ့ဆက်ဆံရေးကောင်းချင်သလို ဒီလိုကျေးဇူးကြွေးတင်တာကိုလဲ လိုချင်ကြပါတယ်။ ဒါ့အပြင် သူမအမြဲတမ်းလိုချင်နေခဲ့တဲ့ ပြီးပြည့်စုံအဆုံးသတ်လေးတစ်ခုကိုလဲ ဖြည့်စည်းပေးချင်ကြတယ်။
” ကောင်းပြီလေ ငြင်းပယ်တဲ့သူမရှိဘူးမှတော့ ချူးချင်းထန်အတွက် တစ်ခေါက်လောက်ချွင်းချက်ထားပေးကြတာပေါ့ ”
” အစ်မကြီးကို ကျေးဇူးတင်ပါတယ် ”
ချူးချင်းထန်ကတော့ ရေစိုရွှဲနေတဲ့ခန္ဓာကိုယ်နဲ့ အပေါ်ကိုခုန်တက်လို့လာခဲ့ပါပြီ။ ၀ူးမင်းကတော့ သူ့ကိုလက်ကမ်းပေးလိုက်ပါတယ်။ သူတို့ရပ်နေတဲ့လိီလီသစ်ရွက်က တစ်မီတာကျော်ပတ်လည်ရှိတာပါ။ ဒါကြောင့် လူနှစ်ယောက်ကောင်းကောင်းရပ်နေနိုင်ဖို့လုံလောက်ပါတယ်။ သူတို့တွေအများကြီးနီးနီးကပ်ကပ်ရပ်စရာလဲမလိုပါဘူး။
ချူးချင်းထန်လဲ ၀ူးမင်းဘေးမှာရပ်ပြီပြီးချင် မွှေးပျံ့နေတဲ့ရနံ့တွေကိုနှာခေါင်းထဲမှာ စတင်ပြီရှုရှိုက်လိုက်ရတော့တယ်။ ဒီအနံ့ကနေပူစာလုံနေတဲ့အချိန်မှာ ရတတ်တဲ့အနံ့မျိုးပါပဲ။ သက်သောက်သက်သာရှိသလို သန့်စင်ပြီစိတ်ကိုလဲကြည်လင်အေးမြစေပါတယ်။
၀ူးမင်းကတော့ သူ့ကိုလှမ်းကြည့်ရင်းခပ်တိုးတိုးလေးပြောလာခဲ့တယ်။
” အကယ်၍ နင်ငါ့ကိုလိမ်တယ်ဆိုရင် နင့်ကိုသင်ကွပ်ပြစ်လိုက်မယ် ”
ချူးချင်းထန်က ဒါကိုကြားချိန်မှာ ကျောထဲတောင်အေးသွားခဲ့ပါတယ်။ ဒါကြောင့် သူခေါင်းသာခါနေခဲ့တယ်။
” မလုပ်၀ံ့ပါဘူး ”
၀ူးမင်းက လက်ကိုမြောက်လိုက်ပြီတဲ့နောက် ခပ်ဖွဖွလေး ချူးချင်းထန်ရဲ့ပုခုံးကိုထိလိုက်ပါတော့တယ်။ ရုတ်တရက်ဆိုသလို နွေးထွေးတဲ့စီးဆင်းမှုက ခန္ဓာကိုယ်ထဲဖြတ်သန်းစီးဆင်းသွားပြီတဲ့နောက် စိုရွှဲနေတဲ့အ၀တ်တွေလဲ မြန်မြန်ဆန်ဆန်ခြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီအပူကြောင့်သူလောင်ကျွမ်းလို့မသွားခဲ့ပါဘူး။ ၀ူးမင်းရဲ့ရှေးမူလရွှေကျီးမီးလျှံထိန်းချုပ်နိုင်စွမ်းကတကယ်ကို အဆင့်မြင့်နေခဲ့ပါပြီ။
” ငါနင်နဲ့အတူတူရှိမယ်ဆိုရင် နူးညံ့ညင်းသာအောင်ကြိုးစားကြည့်ပါ့မယ် ဟုတ်ပြီလား ”
” ဟုတ်ကဲ့ပါ ”
” ဒါဆိုနင်က ငါအခုမနူးညံ့ဘူးလို့ထင်နေတာလား ”
“အားဒီလိုမဟုတ် ”
” ငါတကယ်ပဲ ပိုပြီးနူးညံ့ညင်သာသူဖြစ်အောင် ကြိုးစားပါ့မယ် ”
၀ူးမင်းက လုံး၀ကိုအာမခံချက်အပြည့်ပေးနေခဲ့တယ်။
ရှု့စန်းရှီနဲ့ ကျန်းနန်နန်ကနေ ၀ါးယောင်နဲ့ ကုဖုန်းအပြင် ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်းတို့ကလဲ အတွဲတွေဖြစ်သွားကြပါပြီ။ အခုလက်ရှိအချိန်မှာ ချူးချင်းထန်နဲ့ ၀ူးမင်းတို့အလှည့်အထိတောင် ချောချောမွေ့မွေ့ဖြစ်နေခဲ့တဲ့အတွက် ဒီနေ့အောင်မြင်တဲ့သူက အတော်လေးများနေခဲ့ပါပြီ။
ဒီလိုနဲ့ပဲ လေးခုမြောက်အစီအစဥ်ဖြစ်တဲ့ သုံးဘ၀ကံကြမ္မာက စတင်ပြီ ဆက်လက်ပြီကျင်းပလို့နေခဲ့ပါတယ်။ ၀ူးမင်းပြီတဲ့နောက် ဟန်ရော့ရော့ရဲ့အလှည့်ကိုရောက်လာခဲ့ပါပြီ။ ဟန်ရော့ရော့ကတော့ အမျိုးသားတွေကိုကြည့်ရင်း တွေဝေလို့နေခဲ့ပါတယ်။
” ငါနာမည်က ဟန်ရော့ရော့ပါ အားလုံးငါကိုသိကြမယ်လို့ထင်ပါတယ်..ငါက၀ူးမင်းထက်လဲ ပိုအသက်ကြီးတယ်..အတွင်းနယ်မြေထဲမှာ ပိုအသက်ကြီးဆုံးသူတောင်ဖြစ်နိုင်သေးတယ်…ငါရဲ့ကျင့်ကြံမှုကြောင့် ကြင်ဖော်တစ်ယောက်ကိုရှာတွေ့ဖို့အတွက် အမြဲတမ်းအခက်တွေ့နေခဲ့တာ တကယ်တော့ ဘယ်သူကိုရွေးရမလဲဆိုတာ ငါတကယ်ပဲမသိဘူး…ငါအတွက်တော့ တိုက်ခိုက်ရတယ်ဆိုတာက အမျိုးသားတစ်ယောက်ကိုရှာရတာထက် အများကြီးပိုပြီးလွယ်ကူတယ်…ဒါကြောင့်သာ ဘယ်သူကိုရွေးချယ်ရမလဲဆိုတာ မသိတာပဲ အစ်မကြီး ဒီအစီအစဥ်မှာ နည်းနည်းလေးအပြောင်းအလဲလုပ်လို့ရမလား အကယ်၍ တစ်ယောက်ယောက်ကသာ ငါကိုနှစ်သက်တယ်ဆိုရင် ကျေးဇူးပြုပြီး တိုက်ရိုက်သာပြောလိုက်ပါ မဟုတ်ရင် အခုကြင်ဖက်တွေ့ဆုံပွဲကနေ ငါထွက်သွားလိုက်ပါ့မယ် ”
ဟန်ရော့ရော့က ကျန်းလဲ့ရွှမ်ကို အစ်မကြီးလို့ခေါ်ပေမဲ့ တကယ်တော့သူက ကျန်းလဲ့ရွှမ်ထက် အသက်ကြီးပါတယ်။ ကျန်းလဲ့ရွှမ်တောင် အခုအချိန်မှာ သူ့ကိုဘယ်လိုငြင်းပယ်ရမလဲ မသိတော့ပါဘူး။ ဒါကြောင့် သူခေါင်းညိတ်ရင်းနဲ့သာ ကြော်ငြာပေးခဲ့တယ်။
” ရော့ရော့ကို နှစ်သက်တဲ့အမျိုးသားတစ်ဦးတစ်လေများရှိလေမလား ရှိခဲ့တယ်ဆိုရင် ကိုယ်ရဲ့ပျော်ရွှင်မှုအတွက် ကျေးဇူးပြုပြီး ရပ်တည်တိုက်ခိုက်ကြပါ ဘယ်သူကမှမင်းကိုလှောင်ရယ်မဟုတ်ပါဘူး..အားလုံးက အကောင်းဆုံးကံကြမ္မာကိုပဲရရှိဖို့ဆန္ဒရှိကြပါလိမ့်မယ် ”
အမှန်တကယ်တော့ ဟန်ရော့ရော့က မငယ်ရွယ်တော့ပါဘူး။ အခုလက်ရှိအချိန် သူအသက်အရွယ်ကို ယှဥ်နိုင်တဲ့သူက အတော်လေးနည်းနေခဲ့တယ်။ ဒါ့အပြင် ဟန်ရော့ရော့က ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့သော့်လော့ဆိုတာလူတိုင်းသိပြီသားပါ။ အတွင်းနယ်မြေထဲမှာ ကျန်းလဲ့ရွှမ်ကလွဲပြီ သူထက်အင်အားပိုကြီးတဲ့သူမရှိတော့ပါဘူး။
အတွင်းနယ်မြေတပည့်သားဖြစ်လာတဲ့ဘယ်သူမဆို သေချာပေါက်ကိုယ်ကိုကိုယ်ဂုဏ်ယူ၀ံ့ကြွားကြမှာပါ။ ဒါပေမယ့် ကိုယ်မိန်းမထက်ကျင့်ကြံဆင့်နှိမ့်နေတာကိုတော့ သဘောကျမဲ့သူသိပ်မရှိကြပါဘူး။ ဒါ၀ူးမင်းရင်ဆိုင်နေရတဲ့ပြဿနာပါပဲ ဒါကြောင့် သူတို့တွေအတွက် သင့်တော်မဲ့လူတစ်ယောက်ကိုရှာဖွေဖို့ဆိုတာအမြဲတမ်းခက်ခဲနေခဲ့တာပါ။ ဒါ့အပြင် တစ်ခါတစ်လေမှာအမျိုးသမီးတစ်ယောက်အနေနဲ့ အရမ်းထူးချွန်နေတာကကိစ္စလဲမဟုတ်လှပါဘူး။
ဘယ်အမျိုးသားကျောင်းသားကမှ ထွက်မလာခဲ့ပဲရှိခဲ့ပါတယ်။ လက်ရှိအချိန် သူကတော့ အကြောင်းအမျိုးမျိုးကြောင့် တိတ်တဆိတ်နေဖို့သာ ရွေးချယ်ခဲ့ကြတယ်။ အဆုံးသတ်မှာတော့ ဘယ်သူကမှဟန်ရော့ရော့ကိုမရွေးချယ်ခဲ့ပါဘူး။
ဟန်ရော့ရော့ကတော့ ကိုယ်ကိုကိုယ်လှောင်ရယ်လိုတဲ့အပြုံးနဲ့ ပြုံးနေခဲ့သလို ကူကယ်ရာမဲ့နေခဲ့တဲ့အသွင်က အထင်သားပေါ်နေခဲ့ပါတယ်။ သူဘာသာသူလဲ သက်ပြင်းချနေခဲ့ပါပြီ။ သူထွက်ခွာတော့မဲ့အချိန်မှာပဲ အသံတစ်သံက အဝေးကနေထွက်လာပါတော့တယ်။
” ငါရောပါ၀င်ပြီ ရွေးချယ်ခွင့်ရှိမလား သိချင်မိပါရဲ့ ”
ဒီအသံက အမျိုးသားကျောင်းသားတွေဖက်ကလာတာမဟုတ်ပါဘူး။ လှေကြီးဖက်ကနေလာတာပါ အဲ့ဒီနောက် အဲ့ဒီလှေပေါ်ကနေ သူခုန်ထွက်လာပြီတဲ့နောက် ပေါ်လာပါတော့တယ်။ သူ့အရှိန်ကမမြန်ပါဘူး အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်းအနက်ရောင်စက်ကွင်းနှစ်ကွင်းကိုသာ ပိုင်ဆိုင်လို့ထားခဲ့တယ်။
မှိန်ဖျော့ဖျော့အလင်းတန်းတွေက သူ့ကိုလေထဲမှာ ပျံသန်းနိုင်အောင်ကူညီပေးလို့နေပါတယ်။ သူက အမျိုးသားကျောင်းသားတွေရဲ့အရှေ့ဆီကို မကြာခင်မှာပဲ ရောက်လာခဲ့ပါပြီ။ ဒါကတော့ အသက်လေးဆယ်လောက်ရှိပြီ ဖြစ်ပေမဲ့ လူတစ်ယောက်ပါပဲ။ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတာကြောင့် ၀ိညာဥ်ဧကရာဇ်တစ်ယောက်လဲဖြစ်မှာပါ။ ရုပ်ရည်သွင်ပြင်ကဆွဲဆောင်မှုရှိသလို သန့်စင်ကြည်လင်ပြီတောက်ပတဲ့အရှိန်အ၀ါကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ မျက်လုံးနက်နက်တွေကတော့ ပညာရှိဟန်ကိုဆောင်နေခဲ့ပြီ သိုင်းပညာ၀ိညာဥ်ကတော့ အရမ်းကိုထူးခြားနေခဲ့တယ်။
အနီးကပ်ကြည့်လိုက်မယ်ဆိုရင် အလင်းတန်းတွေအများကြီးပါတဲ့ တုတ်ချောင်းရှည်တစ်ချောင်းဖြစ်နေမှန်း သူတွေမြင်နိုင်ကြမှာပါ။ ဒါ့အပြင် နဂါးကလဲဒီတုတ်ချောင်းပေါ်မှာရစ်ပတ်ထားပါသေးတယ်။ နဂါးပတ်တုတ်ချောင်း။
ဟို့ယွိဟောင် ဟယ့်ချိုက်ထို့ ပေ့ပေ့တို့ကတော့ ဒီလူကိုမြင်ချိန်မှာလန့်သွားခဲ့ကြတယ်။ အထူးသဖြင့် ဟို့ယွိဟောင်ကတော့ သူ့ကိုပိုပြီးမှတ်မိပါတယ်။ ဘာလဲဆိုတော့ အဲ့ဒီလူကတစ်ကြိမ်တစ်ခါမှာ သူတို့ရဲ့အတန်းပိုင်းဖြစ်ခဲ့ဖူးတဲ့ သူပါပဲ။ ဒါ့အပြင် သူတို့အဖွဲ့ကိုဦးဆောင်ပြီ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲကို ဦးဆောင်ခဲ့တဲ့သူ၀မ်ယန်ပါ။
ပြိုင်ပွဲကနေသူပြန်လာပြီတဲ့နောက် ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ သိုင်းပညာ၀ိညာဥ်သုတေသနတွေကို လုပ်ဆောင်ဖို့အတွက် သူအခွင့်အရေးရခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ အဲ့ဒီအချိန်ကနေစပြီ သူ့ကိုမတွေ့တော့တာပါ။ ဒီနေ့သူထွက်လာမယ်လို့လဲ မထင်ထားခဲ့မိပါဘူး။
” ဆရာ၀မ်ယန် ”
ဟန်ရော့ရော့က သူ့ကိုမြင်ချိန်မှာ အံ့အားသင့်လို့သွားခဲ့တယ်။ သူ့ကို ဘယ်ကျောင်းသားကမှ ခံစားချက်ဖွင့်ဟတာမျိုးမလုပ်ခဲ့ပဲ ဆရာတစ်ယောက်ကလုပ်လာခဲ့မယ်လို့ မတွေးခဲ့မိပါဘူး။
အသက်အရွယ်အရ ၀မ်ယန်က သူ့အတွက်တကယ်ကိုသင့်တော်ပါတယ်။ ဒါပေမယ့် သူက ဆရာတစ်ယောက်ပါ ပိုပြီးတော့ သိထားရမှာက ၀မ်ယန်ကျင့်ကြံဆင့်က ၀ိညာဥ်ခြောက်ကွင်းဖြစ်နေခဲ့တာပါပဲ။
ဒီနှစ်ကြင်ဖက်တွေ့ဆုံပွဲကတော့ သေချာပေါက် သူမတူအောင်ထူးခြားနေခဲ့ပါတယ်။
၀မ်ယန်က ဟန်ရော့ရော့ကိုတည်တည်ငြိမ်ငြိမ်နဲ့သာကြည့်နေခဲ့ပါတယ်။
” ရော့ရော့ အဆင်ပြေရဲ့လား ငါဒီလိုမျိုးထွက်လာတာ ရုတ်တရက်ဆန်လွန်မယ်ဆိုတာ နားလည်ပါတယ်…ဒါပေမယ့် ဒါကငါရဲ့တစ်ခုတည်သောအခွင့်အရေးတစ်ခုဖြစ်နေတယ်လေ အခုအချိန် အသက်ကလဲမငယ်တော့ဘူး ငါက အသက်လေးဆယ်ပြည့်ပြီသွားပြီ ”
” တစ်ဘ၀တာလုံးမှာ သိုင်းပညာ၀ိညာဥ်တွေကိုလုပ်ဖို့ပဲ စိတ်ရောလူပါမြုပ်နှံထားခဲ့မိတယ်..ငါရဲ့ကျင့်ကြံဆင့်မမြင့်တာကိုလဲ သိပါတယ်…မင်းနဲ့သင့်တော်မဲ့သူတစ်ယောက်လဲမဟုတ်ဘူး…ဒါပေမယ့် လဲ့ရွှမ်ပြောခဲ့သလိုပဲ လူတစ်ယောက်ကကိုယ်ရဲ့ပျော်ရွှင်မှုအတွက်တိုက်ခိုက်ဖို့ ရှက်ရွံ့မနေသင့်ဘူးမလား ဒါကြောင့်သာ ငါဒီလိုထွက်လာပြီ ငါရဲ့မြတ်နိုးမှုကို ပြောပြချင်တာပါပဲ ”
ဟန်ရော့ရော့က သူ့ကိုကြည့်ရင်းအံ့အားသင့်နေခဲ့မိပါတယ်။
” ရှင်က ကျွန်မကိုနှစ်သက်တယ်မလား ”
၀မ်ယန်ရဲ့အကြည့်တွေက အရမ်းကိုတည်ငြိမ်နေပေမဲ့ ချူးချင်းထန်တောင်မှ မပိုင်ဆိုင်ထားတဲ့စိတ်ရင်းမှန်ကန်မှုနဲ့ တည်ငြိမ်မှုတွေကိုဖော်ပြလို့နေခဲ့ပါတယ်။
သူက ခေါင်းညိတ်ရင်းနဲ့သာ ဆက်ပြီပြောနေခဲ့တယ်။
” ဒါတွေအားလုံးစခဲ့တာသုံးနှစ်တုန်းကပါပဲ အဲ့ဒီအချိန်တုန်းက တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲပြီလို့ ငါအဖွဲ့နဲ့အတူပြန်လာခဲ့တာလေ သိုင်းပညာ၀ိညာဥ်သုတေသနတွေနဲ့ ပတ်သက်တဲ့လေ့လာမှုတွေမှာ ပြဿနာတွေကိုဆက်တိုက်ကြုံခဲ့ရတာကြောင့် ကျောင်းအုပ်ရန်ကိုအကူအညီတောင်းပြီ အတွင်းနယ်မြေကျောင်းသားတွေကို ကူညီစေဖို့အတွက် တောင်းဆိုခဲ့တယ်…အဲ့ဒီအချိန်တုန်းက မင်းလဲပါခဲ့တယ်လေ သိုင်းပညာ၀ိညာဥ်တွေနဲ့ ၀ိညာဥ်လက်နက်တွေကို ငါတို့အတူတူသုတေသနလုပ်ခဲ့တဲ့ နှစ်လတာအချိန်ကာလက ငါတစ်ဘ၀တာလုံးမှာ သုတေသနအပေါ်အာရုံမရောက်မိဆုံးအခြေအနေလို့ပြောလို့ရတယ် ”
” မင်းရဲ့ချိုသာတဲ့ပုံစံလေးပေါ်မှာ ငါလုံး၀ကို နစ်မောသွားခဲ့မိတယ်…ဒါပေမယ့် ငါရဲ့အသက်အရွယ်က အိုမင်းလွန်နေတော့ ဒါကအချစ်လားဆိုတာ ကိုယ်တိုင်းတောင်မသေချာခဲ့ဘူး ”
” နှစ်လကြာပြီတဲ့နောက် မင်းငါကိုခွဲခွာသွားခဲ့တယ်လေ အဲ့ဒီလိုခွဲခွာသွားပြီတဲ့အချိန်မှသာ မင်းငါဆီကနေ အရေးကြီးအရာတစ်ခုကိုယူဆောင်သွားမှန်း နားလည်လိုက်ရတာပဲ မင်းယူသွားခဲ့တာကငါရဲ့နှလုံးသားဖြစ်နေခဲ့တယ် ”
အပိုင်း ၂၁၆•၃ ပြီး၏။