Switch Mode

Chapter – 70

Chapter – 70

စဥ်းလဲသော ထိုတာအိုပညာရှင်က သက်ပြင်းချကာပြောသည်။
” ငါ ဒီ ယင် ဂူသင်္ချိုင်းထဲကို ဝင်လို့ မရဘူး …။ သောက်ကျိုးနည်း သေစမ်း .. ။”
သူ့အနေဖြင့် အစိမ်းရောင် ကြေးနီရောင်တုံးလေးကို မေ့မရချေ။ သို့သော် ရုတ်တရက် သူက အခွင့်အရေးကို ပျောက်ဆုံးသွားသည်။ ထို့ကြောင့် နောင်တရပြီး ဝမ်းနည်းတကြီး ဖြစ်နေတော့သည်။
ထိုအေးစက်နေသည့် ရေကန်ထဲမှ တိုက်ခပ်မည့် အနေအထားများက စတင်ဖြစ်ပေါ်လာသည်။ သို့သော် အပြင်ဘက်ရှိ လူများကမူ အန္တရာယ်ကို မခံစားမိနိုင်ကြသေးချေ။
ထိုအချိန်တွင် မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းတန်းငါးခုက အပြေးဝင်ရောက်လာသည်။ မဟာပုဂ္ဂိုလ်ကြီးငါးယောက်ကလည်း ဤအခြေအနေကို ခံစားမိသွားကြပြီး ချက်ချင်းလိုလို အပြေးရောက်လာကြခြင်းဖြစ်သည်။ သူတို့ကိုယ်မှ ထွက်ပေါ်နေသည့် စွမ်းအားများက အလွန်အမင်း ပြင်းထန်သလို လေထဲတွင် လွင့်မြောပြီးမှ ရောက်လာသည်မှာ နတ်ဘုရားများအလား ထင်ရသည်။
ယဲ့ဖန်းက သူတို့ကို လေ့လာကြည့်ချင်သည်။ သို့သော် သူက တောက်ပသည့် အလင်းများကို ဖောက်ပြီး ဘာကိုမှ မမြင်နိုင်ကြောင်း တွေ့လိုက်ရသည်။ အလွန်အမင်း တောက်ပသော အလင်းလုံး ငါးလုံးက လွဲပြီး အခြား မမြင်နိုင်ချေ။
“မိစ္ဆာဧကရာဇ်ရဲ့ ယင် ဂူ သင်္ချိုင်း ။”
တစ်ယောက်က မင်သက်စွာ ပြောသည်။ သူ၏ မျက်လုံးက မီးအိမ်လိုမျိုး အလွန်အမင်း တောက်ပလာလျက် အောက်မှ အခြေအနေကို နားလည်သွားသည်။
” တစ်ဖက် မီးတောင်က ယန် ဂူသင်္ချိုင်းပဲ။ ဒီကောင်းကင်ဘုံ အအေးရေကန်ကတော့ ယင် ဂူသင်္ချိုင်းဖြစ်လိမ့်မယ်။ ယန် နဲ့ ယင်က ထိုက်ချီပုံစံနဲ့ အချင်းချင်း ကာကွယ်နေတာ။ ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာကောင်းကိုလည်း ဖမ်းဆုပ်နိုင်စွမ်းအား ရှိတယ်။ ဒီတော့ မဆုံးနိုင်တဲ့ ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်လာနိုင်တာပေါ့ … ။”
နောက်ထပ် ပုဂ္ဂိုလ်ကြီးတစ်ယောက်က သက်ပြင်းချကာ ပြောသည်။
“မိစ္ဆာ ဧကရာဇ်က အတော်လေးကို ထူးခြားလွန်းပါပေတယ်။ ဒါတောင်မှ မမျှော်လင့်ထားဘဲ တွေ့ထားတာမျိုးမဟုတ်ရင် ဒီလို ဂူသင်္ချိုင်းနှစ်ခုရှိတာ သိမှာ မဟုတ်ဘူး။”
“ဒါက ပြဿနာကြီးပဲ။ ယင် ဂူသင်္ချိုင်းထဲမှာ သတ်ဖြတ်ခြင်း ထောင်ချောက်ရှိတယ်။ ဒီတော့ ဝင်ဖို့ ခက်လိမ့်မယ်။”
“အရှေ့ပိုင်း ပျက်သုဥ်းခြင်း နယ်မြေက လူသားမျိုးနွယ်ရဲ့ အဆင့်လွန်ရတနာကို ဘယ်နေရာမှ ရှာမတွေ့ဘူးဆို​တော့ ဒီနေရာမှာ ဖြစ်လောက်တယ်။”
ထိုပုဂ္ဂိုလ်ကြီးများက စိတ်မငြိမ်နိုင်ကြတော့ချေ။ သူတို့က မိစ္ဆာ ဧကရာဇ်၏ ယင် သင်္ချိုင်းထဲသို့ ဝင်ရန် နည်းလမ်းကို ရှာမတွေ့ကြချေ။
“နည်းလမ်း မရှိတာတော့ မဟုတ်ဘူး။ နှစ်တစ်သောင်းကျော် ကုန်လွန်သွားပြီလေ။ ဒီတော့ ဒီဆင်ခြင်မှုတွေက ဘယ်လောက်ပဲ ပြီးပြည့်စုံနေနေ​ ပစ်ချက် တစ်ခုမဟုတ် တစ်ခုကတော့ ရှိနေဦးမှာပဲ။ ငါတို့က ဂရုတစိုက် ခိုးဝင်သွားပြီး ဆုံးဖြတ်ချက် မချခင် တစ်ချက်ကြည့်သင့်တယ်။”
“ကောင်းပြီ … ။”
ထိုသို့ဖြင့် ပုဂ္ဂိုလ် ငါးယောက်လုံးက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။ တစ်ယောက်က ချက်ချင်းလိုလို စဥ်းလဲသော တာအိုပညာရှင်ကို ရှာတွေ့သွားသည်။
” တစ်ယောက်ယောက်က တော်ဝင်နယ်မြေက တပည့်တစ်ယောက်ကို တစ်ချက်ထဲနဲ့ ရိုက်သတ်ရဲတယ်လို့ ပြောတာက်ု ငါ ကြားလိုက်သလိုပဲ။ မင်းက အတော်လေးကို ထူးခြားတယ်။ မင်းက ဒီထောင်ချောက်ကိုတောင် သိနိုင်တယ်ဆိုတော့ ဘာလို့ ငါတို့နဲ့အတူ မလိုက်ခဲ့တာလဲ။”
စဥ်းလဲသော တာအိုပညာရှင်၏ မျက်နှာက ထိုနေရာတွင်ပင် အစိမ်းရောက်သန်းသွားကာ သူက အလျင်စလို ပြောလိုက်သည်။
“အကြီးအကဲတို့ … ။ ငါက ပေါက်ကရပြောလိုက်တာပါ။ ငါ့ရဲ့အဆင့်ကို ရောက်အောင် ကိုယ့်ကိုကို အနှိမ့်ကျမခံပါနဲ့။ အခုအချိန်မှာ ယင် ဂူသင်္ချိုင်းက သေဆုံးခြင်းထောင်ချောက်ကို အသက်သွင်းပြီးသွားပြီ။ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆို အောက်ကိုသာ ဆင်းသွားရင် သေချာပေါက် သေမှာပဲ။”
“မင်းက တကယ်ကို မရိုးရှင်းဘူးပဲ။ မင်းက ယန် ဂူသင်္ချိုင်းနဲ့ ယင် ဂူသင်္ချိုင်းအကြောင်းကိုတောင် သိနေသေးတာပဲ။ ကြည့်ရတာ မင်းက အတော်လေးကိုထူးခြားတယ်။ ငါတို့နဲ့ လိုက်ခဲ့။”
” မလုပ်ပါနဲ့ အကြီးအကဲတို့။ ကျေးဇူးပြုပြီး ညှာတာပေးပါ။”
တာအိုပညာရှင်က အော်သည်။
ဝှေ့ …။
အလင်းတန်းငါးတန်း လက်သွားပြီးနောက် ထိုစွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်ကြီးငါးယောက်က မျက်နှာပုတ်သိုးနေသည့် ထိုတာအိုပညာရှင်ကို ထိုသွေးနီရောင်ရေကန်ထဲသို့ ခေါ်ချသွားသည်။
စဥ်းလဲသော တာအိုပညာရှင်၏ အထိတ်တလန့် အော်ဟစ်သံက ဝက်တစ်ကောင် အသတ်ခံရသလို ထင်ရသည်။ သို့သော် ရုတ်တရက် ရေထဲသို့ရောက်သွားချိန်တွင် ရပ်တန့်သွားသည်။ သူတို့က အထဲသို့ဝင်လိုက်ပြီးနောက် ထိုအေးစက်နေသည့်ရေကန်က ပွက်ပွက်ဆူလာကာ သွေးအလင်းများက ကောင်းကင်ကို ထိုးတက်သွားသည်။ မိစ္ဆာဗိုလ်ချုပ်များက အထဲတွင် ပျောက်ကွယ်သွားပြီးသည်မှာ ကြာလှချေပြီ။
” တကယ်ကို ဆိုးယုတ်တဲ့သူတွေက ဆိုးယုတ်တဲ့သူတွေရဲ့ လှည့်စားတာကို ခံရတာပဲ။ သောက်ကျိုးနည်း .. ငလူးမ ဝတုတ် ကံကောင်းပါစေ … ။”
ယဲ့ဖန်းက မတ်တပ်ထလိုက်သည်။ သူက ဖင်မှ ဖုတ်ဖက်ခါလိုက်ပြီးနောက် ထွက်ခွာသွားသည်။ မည်သို့ပင်ဆိုစေ သူက ဒီနေရာတွင် ဆက်နေ၍ မရတော့ချေ။
ဗုန်း …။
သွေးရောင်အလင်းက ဖြတ်ခနဲလက်လာသည်။ ရှေးဦးမူလခေတ်ကတည်းက တည်ရှိခဲ့သည့် ထိုရှေးဟောင်းအပျက်အစီး နယ်မြေကြီးတစ်ခုလုံးကို သွေးရောင်အလင်းက လွှမ်းခြုံထားသည်။ ထိုနေရာက တဖြည်းဖြည်း လိမ်တွန့်လာပြီး ပုံမှန်မဟုတ်လောက်အောင် ကြောက်စရာကောင်းသော မြင်ကွင်းမျိုးအဖြစ် ပြောင်းလဲလာသည်။
ထိုအချိန်တွင် လူတိုင်းက သူတို့၏ နှလုံးသားက တုန်လှုပ်မောပန်းနွမ်းနယ်လာပြီဟုပင် ခံစားနေရသည်။ မြေကမ္ဘာ အက်ကွဲစေလောက်သည့် ပြင်းထန်သည့် ပြောင်းလဲမှုကြီးက အေးစက်နေသော ထိုသွေးရောင်ရေကန်ကြီးအောက်တွင် ဖြစ်ပျက်နေသည်။
ယဲ့ဖန်းက တောင်ထဲမှ ထွက်ခွာလာပြီးနောက် အဝေးတွင် သွားပုန်းနေလိုက်သည်။
ထိုအချိန်တွင် အရပ်မျက်နှာတိုင်းမှ တောင်နှင့်မြစ်များတွင် တာအို သင်္ကေတပေါင်းများစွာက အပြည့်ရှိနေပြီး ဒီနေရာကို ချိတ်ပိတ်ထားသည်။ ယဲ့ဖန်းက ဖောက်၍ မသွားနိုင်ချေ။ ထို့ကြောင့် တောင်တန်းတိုင်းတွင် လှည့်လည်ကာ သွားနေရုံသာ ရှိတော့သည်။ သူက ထွက်သွားနိုင်မည့် အခွင့်အရေးကို စောင့်နေခြင်းဖြစ်သည်။ ယခုအခါ သူက ရွှေရောင်စာအုပ်မှ စာရွက်တစ်ရွက်ကို ရထားပြီးသား ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သည့် အစိမ်းရောင် ကြေးနီရောင်တုံးလေးကိုလည်း ရထားပြီးသား ဖြစ်သည်။
ထို့ကြောင့် ယင်းက သူ၏ အကျိုးအမြတ်ဟု ဆိုနိုင်သည်။ ထိုပစ္စည်းများက ​ကျင့်ကြံသူပေါင်းများစွာကို နွေးထွေးစေနိုင်စွမ်းအား ရှိသည်။ သို့သော် သူက ပိုင်ဆိုင်ထားပြီးဖြစ်သဖြင့် ခပ်ဝေးဝေးနေခြင်းက ပို၍ ကောင်းပေလိမ့်မည်။
” ဒီ ပိတ်ဆို့ထားတာက အမြန်ဆုံး ပြန်ပွင့်သွားဖို့ပဲ မျှော်လင့်တယ်။”
ယဲ့ဖန်း၏ ကျင့်ကြံနည်းအဆင့်က အလွန်နှိမ့်သည်။ သူက ဝိညာဥ်လက်နက်များကို ရယူနိုင်ရန်အတွက်ပင် အခြားသောသူများနှင့် မတိုက်ခိုက်နိုင်ခဲ့ချေ။ သူက ကိုယ့်အခြေအနေကို နားလည်သည်။ ထို့ကြောင့် လူရှင်းသောနေရာတစ်ခုသို့သာ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်လိုက်သည်။
ယဲ့ဖန်းက ကျောက်စိမ်းသေတ္တာတစ်ခုကို ဖွင့်လိုက်သောအခါ မွှေးပျံ့သည့်ရနံ့က ချက်ချင်းလိုလို ထွက်လာပြီး သူ၏နှာခေါင်းထံ လာရောက်ကြည်စယ်သည်။ ကျောက်စိမ်းမြွေသစ်ခွပန်းက အလွန်အမင်း မွှေးပျံ့သည်။ ထိုအချိန်တွင် သူက ချက်ချင်းလိုလို လှုပ်ရှားပြီး ဤအခွင့်အရေးကို သုံးကာ ဝိညာဥ်ဆေးပင်များကို ရှာဖွေလိုသည်။ ယခုအခါ သူက ရွှေရောင်စာအုပ်မှ စာရွက်တစ်ရွက်ကို ရထားပြီးသားဖြစ်သည့်အပြင် ပြီးပြည့်စုံသည့် ပြန်လည်ဝင်စားခြင်း စာလိပ်က သူ့ကို ရှေ့ဆက်ပြီး လမ်းညွှန်ပေးနိုင်ပေလိမ့်မည်။ ဤနည်းအားဖြင့် သူက လုံလောက်သည့် ဝိညာဥ်ဆေးပင်များကိုသာ ရှာဖွေနိုင်မည်ဆိုလျှင် အချိန်တိုအတွင်း အဆင့်များစွာ တက်လာပေလိမ့်မည်။
ယဲ့ဖန်းက လျင်မြန်စွာဖြင့် ရွှေ့လျားပြီးနောက် တောင်တန်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဦးတည်သည်။ မိစ္ဆာ ဧကရာဇ်၏ ဂူသင်္ချိုင်း ပေါ်လာသောကိစ္စကြောင့် သမိုင်းဝင်သားရဲများက ထွက်ပြေးသွားကြသည်။ ထို့ကြောင့် အနည်းစုက သူတို့၏ ဂူထဲတွင် ပုန်းနေကာ ထွက်မလာကြချေ။ ထိုအချိန်တွင် ဝိညာဥ်ဆေးပင်များကို ရိတ်သိမ်းရန် အခြားသော အခြေအနေများထက် အဆပေါင်းများစွာ လွယ်ကူသွားသည်။
ယခင်က သူ ဒီအပျက်အစီးနယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ လာရောက်ခဲ့သောအခါ စွမ်းအားကြီးမားသည့် ထူးဆန်းသော သားရဲပေါင်းများစွာက တစ်စုံတစ်ရာကို စောင့်ကြပ်နေသလိုမျိုး ဖြစ်နေသည့် နွံအိုင်တစ်ခုကို ကျော်ဖြတ်ခဲ့ရကြောင်း မှတ်မိနေသေးသည်။ ထို့အချိန်က သူက ဒီအတိုင်း လျှောက်ကြည့်ရန်သာ ဖြစ်သည်။ ယခုမူ သွားရှာရန် ဆုံးဖြတ်ချက် ချလိုက်လေပြီ။
တောင်ကို ရှောင်ကွေ့ပြီး​နောက် ယဲ့ဖန်းက လျင်မြန်စွာဖြင့် ထိုရေအိုင်ကို ရှာတွေ့သွားသည်။ သတ်ဖြတ်ခြင်း အရှိန်အဝါ အားလှိုင်းပေါင်းများစွာကို သူက ဝေဝေဝါးဝါး ခံစားမိနေသည်။ နွံအိုင်ထဲတွင် ကြေးခွံကြီးပေါင်းများစွာ ရှိနေသည်။ သို့သော် ထိုကြေးခွံကြီးများက လက်တစ်ဝါးစာ ရှိနေသည်။
“ကြည့်ရတာ ဒီနေရာမှာ တစ်ကောင်ကောင် ပုန်းနေခဲ့တဲ့ ပုံပဲ။ ကံကောင်းစွာနဲ့ သူက ထွက်သွားပြီ။”
ယဲ့ဖန်းက အချိန်အတန်အကြာ ရှာသော်လည်း သံသယဖြစ်ဖွယ် အခြေအနေကို မတွေ့ရချေ။ နောက်ဆုံးတွင် ကြေးခွံများ ကျွတ်ကျခဲ့သောနေရာမှ ပုံမှန် မဟုတ်ဆုံး သံလွန်စများကို ရှာတွေ့လိုက်သည်။
ထိုနေရာတွင် အလွန်အမင်း သာမန်ဖြစ်နေသည့် အမည်မသိရသော အပင်တစ်မျိုး ရှိနေသည်။ ထူးဆန်းသော သားရဲကောင်က ဂရုတစိုက် ရှောင်ရှားပြီး ထိုအပင်ပေါ် တက်မနင်းမိရန် ကြိုးစားသွားခဲ့သည်။ သူက နည်းနည်း သံသယဝင်မိသည်။ သူက ဆောင့်ကြောင့်ထိုင် လိုက်ပြီး အမြစ်များကို တူးရန် မြေဆီလွှာကို တူးထုတ်လိုက်သည်။ တစ်မီတာထက်နက်အောင် တူးပြီး​နောက် ပုံမှန် မဟုတ်သည့်အရာကို ရှာမတွေ့သေးချေ။
ယဲ့ဖန်းက လက်လျော့တော့မည့်အချိန်တွင် ရုတ်တရက် သူ၏မျက်ဝန်းထဲတွင် ရွှေရောင်အလင်းက လက်လာသည်။
တစ်ဆက်တည်းတွင် ထိုအပင်၏ အမြစ်အဆုံးအနားတွင်ရှိနေသည့် ရွှေရောင် ပင်စည်လေးတစ်ခု ရှိနေသည်။ ထိုအရာက ကြက်မောက်သီး အရွယ်အစားသာရှိပြီး မျက်စိကျိန်းမတက် တောက်ပသည်။
” ဒါက …။ ”
ယဲ့ဖန်းက အံ့အားသင့်သွားသည်။ သူက ရုတ်တရက် သူ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူတွင် ဝိညာဥ်ဆေးပင်များ၏ စာအုပ်ကို တဖြတ်ဖြတ် လှန်ခဲ့ချိန်က မြင်ခဲ့ရသော မှတ်တမ်းတစ်ခုကို သတိရသွားသည်။
ထိုအချိန်ကဆိုလျှင် အချို့သော ရှေးဟောင်းသစ်ပင်များက စမ်းသပ်မှုများကို မကျော်ဖြတ်နိုင်သဖြင့် အဆင့်တက်ရန် ကျရှုံးသွားပြီးသည့်တိုင် တစ်ခါတည်း အပြီး သုတ်သင်ခံလိုက်ရသည်။ ထို့ကြောင့် အခြားသောအပင်များ၏ ခြေရင်းတွင် သူတို့၏ အဆီအနှစ်ပေါင်းများစွာကို ချန်ထားရစ်ထားခဲ့ခြင်းဖြင့် အဆုံးသတ်သွားလေ့ရှိသည်။ အနာဂတ်တွင် သူတို့က ဤနည်းအားဖြင့် ပြန်လည်ပေါက်ဖွားနိုင်မည်ဖြစ်သည်။
“ဒါက သစ်ပင်အိုကြီးရဲ့ ဝိညာဥ်က ချန်ထားရစ်ခဲ့တဲ့ အဆီအနှစ် မဟုတ်လောက်ဘူးလား။”
ယဲ့ဖန်းက ရွှေရောင်ပင်စည်လေးကို ကြည့်လိုက်ပြီးနောက် ပျော်ရွှင်သွားသည်။ သူက ထိုအရာကို ကျောက်စိမ်းသေတ္တာထဲသို့ ထည့်သည်။ ထို့နောက် သူက အခြားတစ်နေရာသို့ ထွက်သွားသည်။ သိပ်မကြာခင် ကျောက်တောင်တစ်ခုထံသို့ ရောက်သွားသည်။ ထိုနေရာ၏ တောင်ခြေရင်းတွင် ကြီးမားသော အနက်ရောင် အပေါက်ကြီး ရှိသည်။ ထိုနေရာ၌ မွှေးပျံ့သည့်ရနံ့က ထွက်လာသည်။
ယဲ့ဖန်း၏ မျက်နှာတွင် ပျော်ရွှင်သည့် မျက်နှာထားမျိုး ဖြစ်သွားသည်။ သူက ခပ်မြန်မြန် အတွင်းသို့ဝင်သွားသည်။ ရုတ်တရက် ကျောက်ဂူ၏ အတွင်းပိုင်းမှ ဟိန်းသံကြီးက ထွက်လာသည်။
တချိန်တည်းလိုလို ကြောက်မက်ဖွယ်ကောင်းကာ တိုက်ခိုက်လိုစိတ်များက ပြည့်နက်စွာ ထွက်ပေါ်လာသည်။ ယဲ့ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားသည်။ သူက အလျင်စလို နောက်ဆုတ်သည်။
ဂူကြီးထဲမှ ကိုယ်တစ်ဝက်ခန့်က ထွက်လာသော်လည်း ကြီးမားသော သားရဲကောင်ကြီးဖြစ်ကြောင်း မြင်နိုင်သည်။ သူက ဆက်တိုက် ဟိန်းနေသည်။ အကောင်ကြီးက ခွေးအကြီးနှင့် တူသည်။ သို့သော် သူ၏ ကိုယ်ပေါ်မှ အမွှေးတစ်မျှင်မှ ရှိမနေခဲ့ချေ။
သို့သော်သူ၏ကိုယ်ထဲမှ စူးရှသည့် အနက်ရောင်အဆိပ်ဆူးချွန်များစွာ ထွက်လာသဖြင့် ပို၍ပင် ကြောက်စရာကောင်းလာလေသည်။
ထိုအကောင်က ခုနှစ်မီတာ ရှစ်မီတာအထိ ရှည်ပြီး သတ်ဖြတ်လိုစိတ် အပြည့် သယ်ဆောင်ထားသည်။ သူဟိန်းလိုက်ချိန်တိုင်း ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင် အလင်းအပြည့် ထွက်ပေါ်လာလေ့ရှိသည်။
၄င်းက အနက်ရောင်မီးတောက်အဖြစ် လောက်ကျွမ်းခံရသည့်အလား ဖြစ်သည်။ ယဲ့ဖန်းက အဝေးတွင်ပုန်းလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုတောရိုင်းကောင်ကြီးက်ု ရန်စ၍မရကြောင်း နားလည်စေသည်။ ထိုအကောင်ကြီးက ကျောက်စိမ်းသရဖူမြွေထက်ပင် စွမ်းအားကြီးမားသေးသည်။ သူ၏ အရှိန်အဝါက ပို၍ကြောက်စရာကောင်းသည်။
“အခြားသားရဲတွေအားလုံး ထွက်သွားကြတာ .. ။ သူက နေရဲတယ်ဆိုတော့ ထူးခြားနေလို့ ဖြစ်မယ် … ။”
အဆုံးတွင် ယဲ့ဖန်းက ဒီနေရာတွင် ဘာမှ မလုပ်နိုင်တော့ရာ အခြားသောနေရာသို့သာ သွားရှာတော့သည်။ ၄နာရီခန့်ကြာပြီးနောက် သူက နောက်ထပ် ဆေးပင်သုံးပင်ကို တွေ့သည်။ သို့ရာတွင် ထိုဆေးပင်များက ရှားပါးဆေးပင်များမဟုတ်သလို ရွှေရောင်ပင်စည်လောက်လည်း တန်ဖိုးမကြီးချေ။
ဗုန်း …။
ထိုအချိန်တွင် ရေအေးကန်ထဲမှ သွေးရောင်အလင်းက ရုတ်တရက် ထိုးတက်လာပြီး ပုံရိပ်ပေါင်းများစွာက အပေါ်သို့ ခုန်တက်သွားသည်။ ထို့နောက် ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွှဲကြသည်။
ခြင်္သေ့ကဲ့သို့ ထင်ရသည့် အနက်ရောင် မကောင်းဆိုးဝါးကြီးတစ်ကောင်နှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။ သို့ရာတွင် အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ ထိုအကောင်ဟု မထင်ရတော့ချေ။ အကြောင်းမူကား ထိုအကောင်က ဒဏ္ဍာရီလာ ဟုန်သားရဲနှင့် တူနေသောကြောင့် ဖြစ်သည်။ ထိုကြီးမားသော အကောင်ကြီးနဲ့ တိုက်ခိုက်နေရသောကြောင့် သူတို့က အားသာချက် မရနိုင်တော့ချေ။
” မိစ္ဆာ ဧကရာဇ်ရဲ့ စီးတော်သားရဲက ဒီနေရာမှာ သေသွားရမယ်လို့ ဘယ်သူက ထင်မှာလဲ။ သူတို့ရဲ့ ထာဝရရှင်သန်ခြင်းအလောင်းက ဝိညာဥ်အလောင်းအဖြစ် ပြောင်းလဲသွားပြီး ဂူ သင်္ချိုင်းအစောင့်ဖြစ်လာတာ။”
ကောင်းကင်တွင်ရှိသည့် ထိုပုဂ္ဂိုလ်ကြီးပေါင်းများစွာက ထို မကောင်းဆိုးဝါး သားရဲကြီးကို ၀ိုင်းထားသည်။ သူတို့က ထိုအကောင်ကို သတ်ဖြတ်ချင်နေသည်နှင့်တူသည်။
“ဒီဒဏ္ဍာရီလာ ဟုန်ရဲ့ဆက်ခံသူက သေချာပေါက်ထူးခြားလိမ့်မယ်။ သူက မိစ္ဆာ ဧကရာဇ်ရဲ့နောက်ကို တသက်လုံးသာ မလိုက်ခဲ့ဘူးဆိုရင် ပိုပြီး မယုံနိုင်တဲ့ အဆင့်အထိ ရောက်သွားဦးမှာပဲ။”
အနက်ရောင် ဟုန် သားရဲက အရှုံးပေးမည့် လက္ခဏာ မပြချေ။ မကြာခဏဆိုသလို သူက ရေကန်ထဲသို့ ပြန်ခုန်ဝင်သည်။
ခြိမ်း …။
ရေကန်က ပွက်ပွက်ဆူနေသည်မှာ မဟာမိစ္ဆာဗိုလ်ချုပ်ပေါင်းများစွာက ဆက်တိုက်ချီတက်လာသည်နှင့်တူသည်။ သူတို့ကို ထိုဟုန်က ထိန်းချုပ်ထားသဖြင့် ခုန်တက်သွားကြသည်။
“ငါတို့က ဟုန်သားရဲကို သတ်နိုင်ရင်တောင်မှ မိစ္တာဧကရာဇ်က ချန်ထားရစ်ခဲ့တဲ့ တာအိုသင်္ကေတွေကို ဖျက်ဆီးနိုင်ဦးမှာ မဟုတ်ဘူး။ ငါတို့ ယင် ဂူသင်္ချိုင်းထဲကို မဝင်နိုင်ဘူး။”
အဝေးမှ ယဲ့ဖန်းက အလွန်အံ့အားသင့်သွားသည်။ ယင်ဂူသင်္ချိုင်းထဲတွင် အံ့အားသင့်စရာကောင်းသော ကိစ္စများစွာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မကောင်းဆိုးဝါးများပင် ထွက်လာသည်။
ခြိမ်း ခြိမ်း ခြိမ်း …။
ရုတ်တရက် အပျက်အစီးနယ်မြေ အရပ်မျက်နှာအနှံ့မှ အသံလှိုင်းပေါင်းများစွာ ထွက်လာသည်။ အစပိုင်းတွင် သတ္တုနှင့်​ ကျောက်တုံးများ ထိခိုက်သံနှင့် တူသည်။ သို့သော် နောက်ပိုင်းတွင်မူ ဆူနာမီမုန်တိုင်းကဲ့သို့ဖြစ်လာပြီး ဆက်တိုက်ပင် မြည်ဟိန်းသံကြီးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် နတ်အလင်းတန်းပေါင်းများစွာက အရပ်မျက်နှာအနှံ့မှ ထိုးထွက်လာပြီး မဆုံးနိုင်အောင် တောက်ပသည့် နတ်အလင်းတန်းအဖြစ် ထွက်ပေါ်လာတော့သည်။ ဤနည်းအားဖြင့် အရပ်မျက်နှာအနှံံ့မှ ထွက်ပေါ်လာသည်။
မဟာပုဂ္ဂိုလ်ကြီးငါးယောက်က ချရေးထားသော တာအိုသင်္ကေတပေါင်းများစွာကို တစ်ယောက်ယောက်က ဖျက်ဆီးပစ်လိုက်သည်။
ထိုအခြေအနေက လူတိုင်းကို အံ့အားသင့်သွားစေသည်။ လူတိုင်းနီးပါးက နောက်ထပ် အဆင့်လွန်ပုဂ္ဂိုလ်ကြီး ရောက်လာပြီဖြစ်ကြောင်း သိသွားကြပြီဖြစ်သည်။ ထို့အပြင် တစ်ယောက်ထဲ မဟုတ်ချေ။ မဟာပုဂ္ဂိုလ်ကြီးငါးယောက်က ချန်ထားရစ်ခဲ့သည့် တာအိုသင်္ကေတပေါင်းများစွာကို အက်ကွဲစေရန်အလို့ငှာ ပြီးပြည့်စုံသည့် ကောင်းကင်စွမ်းအားကို ထုတ်သုံးရမည် ဖြစ်သည်။
ထို့နောက် နတ်သက်တန့် တိမ်စိုင်ပေါင်းများစွာက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူပေါင်းများစွာ ရောက်လာသည်။ ယခင်ထက် အဆပေါင်းများစွာ များပြားနေသည်။ သို့သော် ထိုအချိန်တွင် လျှို့ဝှက်စွာ တိုက်ခိုက်ခဲ့သည့် မဟာပုဂ္ဂိုလ်ကြီးများက ပေါ်မလာသောကြောင့် သူတို့က အထဲသို့ ဝင်သွားပြီဖြစ်ကြောင်း သေချာသွားစေသည်။
မူလဖြစ်တည်မှု ခေတ်ကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်း အပျက်အစီးနယ်မြေအတွင်းတွင် အအေးရေကန်ကို ဗဟိုပြု၍ သွေးမြူများက စတင်ကာ လိမ့်ထွက်နေသည်မှာ ပို၍ပင် မိစ္ဆာဆန်လာကာ ကြောက်စရာကောင်းလာသည်။ မရေမတွက်နိုင်သည့် မကောင်းဆိုးဝါးပေါင်းများစွာက ပေါ်ထွက်လာသည်။ သို့သော် ကျင့်ကြံသူပေါင်းများစွာက စုစည်းရောက်ရှိလာသည်။ မည်သူကမှ ထွက်မသွားချေ။
ဂိုဏ်းပေါင်းများစွာက ထိုနေရာသို့ ရောက်လာကြပြီး ထိုနေရာမှ အကန့်အသတ်က ပျက်စီးသွားပြီဖြစ်သောကြောင့် ယဲ့ဖန်းက အပျော်လွန်သွားသည်။ သူက နောက်ဆုံးတွင် ထွက်သွားနိုင်လေပြီ။
ထိုအချိန်တွင် သူ၏ ဒုက္ခဆင်းရဲ ရွှေရောင်ပင်လယ်ထဲတွင် အစိမ်းရောင်အတုံးလေး ပါသွားသည်။ သူက ​ကံကြမ္မာကောင်းတစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။ တစ်ယောက်ယောက်ကသာ သိသွားခဲ့မည်ဆိုလျှင် သူက ကောင်းကင်မှ ငရဲသို့ ပြုတ်ကျသွားပေလိမ့်မည်။ ထို့ကြောင့် သူက ဒီနေရာမှ အမြန်ဆုံး ထွက်သွားရခြင်းဖြစ်သည်။
” တိုက်ခိုက်ရမယ် .. ။ ကောင်းကင် ပြိုကျပြီး မြေကမ္ဘာအက်ကွဲတဲ့အထိ တိုက်ခိုက်ရကြမယ်။ သရဲတွေ ငိုကြွေးပြီး နတ်ဘုရားတွေ ဟိန်းဟောက်တဲ့အထိတိုက်ခိုက်ကြ။ ဒါပေမဲ့ ငါနဲ့မှ မဆိုင်ပဲ .. ။”
ယဲ့ဖန်းက ခပ်မြန်မြန် အဝေးသို့ ရောက်သွားသည်။ သူက အပျက်အစီးနယ်မြေမှ ထွက်လိုက်ပြီးသောအခါ နောက်သို့ ခြင်္သေ့လည်ပြန်ကြည့်ကာ ပြောသည်။
“အားလုံးက ကိုယ့်လမ်းကို ကိုယ် လျှောက်ရမှာပဲလေ။ တခြားရတနာတွေကို သွားရှာတာပဲ ကောင်းတယ်။”
နှလုံးသားမဲ့သော တာအိုပညာရှင်ကသာ အမှန်တရားကို သိသွားပြီး သူ၏စကားများကိုသာ ကြားသွားမည်ဆိုလျှင် သူက သွေးအန်ပြီး သူ့ကို အရှင်လတ်လတ် အရေခွံစုတ်ပေလိမ့်သည်။
သို့သော် အခြားသော ကျင့်ကြံသူများက သိလျှင်မူ အခြေအနေက ပိုဆိုးပေလိမ့်မည်။
အပိုင်း (၇၀) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset