Switch Mode

Chapter – 69

Chapter – 69

အေးစက်သော အနက်ရောင်ရေကန်ထဲတွင် အားလှိုင်းများက တစ်လုံးပြီးတစ်လုံး လှိမ့်တက်လာသည်။ ကျိုးပဲ့နေသည့် ကျောက်စိမ်းရထားလုံးက သွေးကန်ထဲမှ ထွက်လာသလိုမျိုး စိုရွှဲနေပြီး ဓားခုတ်ရာများ ဓားအပေါက်များစွာ ပါနေသည်။ လေဒဏ် မိုးဒဏ်ကို ခံထားရပြီး ထိုသို့ဖြင့် ထိုရထားလုံးကြီးက အနက်ရောင်ရေများ လေပြင်းများနှင့် အားလှိုင်းများကို သယ်ဆောင်ကာ ချဥ်းကပ်လာခြင်းဖြစ်သည်။
“ထူးဆန်းလိုက်တာ။ နှစ်သောင်းကျော် ကြာသွားပါပြီ။ ဘာလို့ မိစ္ဆာဧကရာဇ်ရဲ့ ယင် ဂူသင်္ချိုင်းထဲမှာ အစောင့်တွေ ရှိနေသေးတာလဲ။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။”
နှလုံးသားမဲ့သော တာအိုပညာရှင်က မျက်မှောင်ကြုံ့သည်။
ဆွစ် …။
သူက မှင်သက်နေချိန်တွင် အနက်ရောင် မြှားတစ်စင်းက လျင်မြန်စွာဖြင့် တိုးဝင်လာသည်။ မြှားထိပ်တွင် ကောင်းကင်ဘုံ မီးတောက်က တောက်လောင်နေပြီး မြှားမြီးတွင်မူ ထူထဲသော အနက်ရောင်မြူထုကပါသည်။
ရွှီ …။
နှလုံးသားမဲ့သော တာအိုပညာရှင်က သူ၏ သွေးရောင်လွှမ်းသော ဒိုင်း အကာအကွယ်ဖြင့် ထိုမြှားကို တားလိုက်သည်။ သို့သော် ထိုမြှားက ချက်ချင်းလိုလို ပေါက်ကွဲသွားသည်။ ကောင်းကင်ဘုံ မီးတောက်က အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး အနက်ရောင် မြူထုများက ထိုးထွက်လာသည်။ ကောင်းကင်ဘုံ မီးတောက်က ပတ်ဝန်းကျင်ရှိ မြေပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ချောက်ကမ်းပါးများစွာကို အရည်ပျော်ကျသွားစေခဲ့သည်။
ထို့နောက် အနက်ရောင်မြူထုက ထိုးထွက်လာပြန်ကာ အရာအားလုံးကို အေးခဲစေပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားစေပြန်သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်က ယဲ့ဖန်းနှင့် နှလုံးသားမဲ့သော တာအိုပညာရှင်ကို ထိလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုကဲ့သို့သော မြှားမျိုးက ရေခဲနှင့် မီးတောက်ကို ပေါင်းစပ်ထားခြင်းဖြစ်ကာ အလွန်အမင်း စွမ်းအားကြီးမားသည်။
သာမန်ကျင့်ကြံသူတစ်ယောက်ကသာ ဂရုမစိုက်လျှင် သူတို့၏ အသက်က အန္တရာယ်ရှိသွားနိုင်သည်။
ဆွစ် ဆွစ် …။
ထိုသို့ဖြင့် နားထဲတွင် တစ်စုံတစ်ရာ ထိုးဖောက်ခံရသံက ဆက်တိုက် ထွက်ပေါ်နေ၏။ အနက်ရောင်မြှားများက အနက်ရောင်မြူထုကို ဆက်တိုက် ထိုးခွဲထွက်လာပြီး အနက်ရောင်မိုးရွာသလို ဖြစ်လာသည်။
ခြိမ်း ခြိမ်း ခြိမ်း ….။
သွေးဒိုင်းက မြှားရာကျော်၏ ပစ်ခတ်ခံရသည်။ ပြီးနောက် ကောင်းကင်ဘုံ မီးတောက်အဖြစ် လွှမ်းခြုံခံထားရကာ မဆုံးနိုင်သော အနက်ရောင်မြူထုများအဖြစ် အဖော်ပြုခံထားရသည်။
တရွှီရွှီ မြည်သံများနှင့်အတူ ဒိုင်းမှ သွေးနီရောင်အလင်းတန်းများက တလက်လက် တောက်ပလာပြီး အားလှိုင်းများက ဖြာထွက်နေသည်။ ကောင်းကင်ဘုံမီးတောက်ကလည်း လှုပ်ခါနေသလို အနက်ရောင် မြူထုများကလည်း တဖြည်းဖြည်းချင်း ပျက်ပြယ်လာသည်။ သို့သော် နောက်ဆုံးတွင် ထိုတိုက်ကွက်များကို တားဆီးလိုက်နိုင်သည်။
သို့ရာတွင် ထိုအချိန်တွင် ရေစစ်သည်တော်များကိုသယ်​ဆောင်လာသည့် ကျိုးပဲ့နေသည့် စစ်ရထားလုံးများစွာထံမှ အသံပေါင်းများစွာ ထွက်ပေါ်လာသည်။ ထိုရေစစ်သည်တော်များ​​က ကမ်းခြေပေါ်သို့ ဆင်းသက်လိုက်ကြပြီးနောက် ရှေ့သို့ ဆက်လက် ချီတက်လာကြသည်။
“မင်းတို့က ဘယ်လိုအကောင်တွေလဲလို့ ငါ ကြည့်ဦးမယ် .. ။”
နှလုံးသားမဲ့သော တာအိုပညာရှင်က အံကျိတ်လိုက်ပြီးနောက် သူ၏ပါးစပ်ထဲမှ အစိမ်းရောင်အလင်းများကို လွှင့်ထုတ်လိုက်သည်။
ထိုအရာက ရှည်လျားသော ဓားရှည်ကြီးဖြစ်သည်။ အစိမ်းရောင်အလင်းဖြင့် တလက်လက်တောက်ပနေသေးသည်။ လေထဲတွင် တောက်ပနေပြီး တဖြည်းဖြည်းချင်း ကြီးမားသည်ထက် ကြီးမားလာကာ ခြေတစ်ဝက်ခန့်အထိ ရောက်ရှိသွားသည်။ ထိုဓားက အစိမ်းရောင်ရေကန်ထဲမှ ထွက်လာသည့်အလား ထင်ရပြီး တလက်လက်တောက်ပကာ ပြောင်လက်နေသေးသည်။ မဆုံးနိုင်သော အေးခဲသည့်လေထုကိုလည်း လွှင့်ထုတ်နေသေးပြန်သည်။
ယဲ့ဖန်းက ထိုအရာကို မြင်သောအခါ အန်ချင်လာသည်။ ယင်းက သူရခဲ့သော ဓားမြှောင်ဖြစ်သည်။ သို့သော် ထိုနှလုံးသားမဲ့သော တာအိုပညာရှင်က ခိုးယူသွားသည်။ ယခုမူ ရန်သူကို တိုက်ခိုက်ရန် သုံးနေလေသည်။
ရှစ် …။
အစိမ်းရောင်ဓားမြှောင်က အစိမ်းရောင် ဖဲကြိုးအဖြစ် ပြောင်းလဲ၏။ ပြီးနောက် အရှေ့ဘက်သို့ မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းတန်းပေါင်းများစွာကို လွှင့်ထုတ်လိုက်ကာ ပျက်စီးနေသော စစ်ရထားလုံးပေါင်းများစွာကို ဖျက်ဆီးရန် ကြံစည်သည်။
သို့သော် သိပ်မကြာခင် ထိုတာအိုပညာရှင်၏ ဒုက္ခဆင်းရဲပင်လယ်က ပေါက်ကွဲလာပြီး သွေးရောင်ပုတီးစေ့တစ်လုံးက ဖြာထွက်လာသည်။ သွေးနီရောင်အလင်းက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။
စွမ်းအားကြီးမားသည့် နတ်စွမ်းအင် အားလှိုင်းပေါင်းများစွာက ရှေ့သို့ ထိုးတက်သွားပြန်သည်။ ထိုရှေးဟောင်းရထားလုံးကို ထိုနေရာတွင်ပင် အေးခဲသွားစေသည်။ သူတို့က ရှေ့ဆက် မတိုးနိုင်ကြတော့ချေ။
တစ်ချိန်တည်းတွင်ပင် အလွန်အမင်း တောက်ပသည့် ခရမ်းရောင်စက်ကွင်းလေးတစ်ခုက တာအိုပညာရှင်၏ လက်မတွင် ပေါ်လာပြန်သည်။ ထိုအရာက သူ၏ လက်ဝါးတစ်ခုလုံးကို ရောင်ပြန်ဟပ်နေစေပြီး ပို၍ တောက်ပနေစေသည်။
“သတ် …။ ”
နှလုံးသားမဲ့သော တာအိုပညာရှင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် သူ၏ လက်မကို မြှောက်လိုက်သည်။ ချက်ချင်းလိုလို ထိုလက်စွတ်ကွင်းလေးထံမှ ထောင်ကျော်သော ခမ်းနားသည့် အလင်းတန်းများကို လွင့်ထုတ်လိုက်ကာ ခရမ်းရောင်ဓားသွားများအဖြစ် ပြောင်းလဲသွားသည်။
ဟူး ဟူး ဟူး …။
ထိုအလင်းဓားသွားများက ရထားလုံးများထံ ခွဲကာဝင်ရောက်သွားပြီး ရေစစ်သည်တော်များကို ရှေ့ဆက် မတိုးနိုင်အောင် တားဆီးသည်။
ထိုအခြေအနေကို မြင်သောအခါ ယဲ့ဖန်းက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူက ပစ္စည်းများကို ရှာတွေ့ခဲ့သောသူ ဖြစ်သည်။ သို့သော် ထိုနှလုံးသားမဲ့သော တာအိုပညာရှင်က ခိုးသွားခဲ့ပြီး ရန်သူကို တိုက်ခိုက်ရန် သုံးနေပြန်သည်။
တစ်ချိန်တည်းတွင်ပင် နောက်ထပ် စိတ်ဝိညာဥ် အစိမ်းရောက်ဓားမြှောင်က ရေစစ်သည်တော် ငါးယောက်ကို တစ်ဖန် ထိုးခွဲသွားပြန်သည်။ ပြီးနောက် ရထားလုံးများထဲမှ တစ်ခုကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေခဲ့သည်။ ထိုအကြိမ်တွင် သွေးနီရောင်ပုတီးစေ့က အောင်မြင်စွာဖြင့် ရထားလုံး သုံးခုကို ချုပ်ထိန်းထားနိုင်လိုက်သည်။
“ကောင်းလိုက်တဲ့ ပစ္စည်း …။ ။”
နှလုံးသားမဲ့သော တာအိုပညာရှင်က သဘောတကျ သက်ပြင်းချသည်။
နှလုံးသားမဲ့သော တာအိုပညာရှင်က လျင်မြန်စွာဖြင့် နောက်တစ်ကြိမ် ခုန်ဝင်သွားပြန်သည်။ သူတို့၏ ကိုယ်ပေါ်မှ အနက်ရောင်သံမဏိ သံချပ်ကာများကို ဆွဲထုတ်၍ အတွင်းရှိ အရာကို ကြည့်ရန် ကြိုးစားသည်။
ထိုအခြေနေအရ သူက အံ့အားသင့်လာရသည်။ အကြောင်းမူကား ပထမဦးဆုံး သံချပ်ကာများ စုတ်ဖြဲခံရသည့် ရေစစ်သည်တော်များ၏ အတွင်းမှ ထွက်လာသည့် သံမှုန်များအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သူတို့က သက်ရှိနှင့်ပင် မတူချေ။
သို့သော် သိပ်မကြာခင် သူက ရေစစ်သည်တော်အချို့ကို တွေ့လိုက်ရသည်။ ထိုသူများက သဲဖြင့် ပြုလုပ်ထားခြင်း မဟုတ်ချေ။ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သောအခါ ထိုသူများက ရေခဲထဲတွင် ပိတ်လှောင်ခံထားရသည့် သားရဲများ၏ အလောင်းများ ဖြစ်နေကြောင်း မြင်လိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ … ။”
နှလုံးသားမဲ့သော တာအိုပညာရှင်က အလွန်အမင်း အံ့အားသင့်သွားသည်။
“သူတို့ကို တာအိုသင်္ကေတတွေက ထောက်ပံ့ပေးထားတာများလား … ။”
သူက လျင်မြန်စွာဖြင့် ထိုသဲများအားလုံးကို ခါထုတ်လိုက်သည်။ သေချာစွာပင် နဂိုအတွင်းရှိ နေရာတစ်နေရာတွင် သေးငယ်သည့် စစ်သားပြားလေးဖြင့် စာရေးထားပြီး ရှုပ်ထွေးနေသည့် သင်္ကေတများစွာကိုလည်း မြင်လိုက်ရသည်။
“တကယ်ကို ဒီလို ဖြစ်နေတာပဲ။ ပြန့်ကျဲနေတဲ့ သဲတွေနဲ့ စစ်သည်တော်တွေအဖြစ် ဖန်တီးနိုင်ပြီး ဒီအလောင်းတွေကို စုစည်းလို့ ဗိုလ်ချုပ်တွေအဖြစ် ဖန်တီးထားတာက ကောင်းတဲ့နည်းလမ်းပဲ။”
ထိုသို့ဖြင့် စဥ်းလဲသော တာအိုပညာရှင်၏ အမူအရာက စိတ်လှုပ်ရှားသွားသည်။ သူက ပြောသည်။
“ဒါက လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာအကြာက တာအိုသင်္ကေတတွေပဲ။ ငါတို့ ဒါကို လေ့လာစမ်းသပ်လို့ ရနိုင်တယ်။”
သူက ခပ်မြန်မြန် ထိုသဲများကို သိမ်းလိုက်ပြီးနောက် အလောင်းများကိုလည်း သိမ်းလိုက်သည်။ ထို့နောက်သူက သစ်သားပြားများကိုလည်း စုစည်းယူလိုက်သေးသည်။
ထိုအချိန်တွင် နောက်ထပ် အေးခဲနေသည့် အနက်ရောင်ရေကန်ထဲမှ အသံတစ်သံ ထွက်လာပြန်သည်။ တစ်ကိုယ်လုံးကို ရွှေရောင်အပြည့် လွှမ်းခြုံထားသည့် ဝံပုလွေကြီးတစ်ကောင်က ထွက်လာသည်။ သူ၏ ကိုယ်မှ သိပ်သည်းလွန်းသည့် သေဆုံးခြင်း အရှိန်အဝါကို ခံစားမိနိုင်သလို သူက ရေစစ်သည်တော်များထက် အဆပေါင်းများစွာ စွမ်းအားကြီးမားကြောင်းလည်း သိနိုင်သည်။
” ဒါက အတိတ်က တိုက်ပွဲမှာ သေသွားခဲ့တဲ့ မိစ္ဆာဗိုလ်ချုပ်ပဲ .. ။ သူကလည်း အတော်လေးကို အသုံးဝင်ခဲ့တာ .. ။ ကြည့်ရတဲ့အတိုင်းဆိုရင် ဒီအလောင်းကို ထောက်ပံ့ဖို့ တာအိုသင်္ကေတ လိုအပ်တာတောင် မဟုတ်ဘူး။”
တာအိုပညာရှင်၏ အမူအရာက အထိတ်တလန့် ဖြစ်သွားသည်။ ထိုမိစ္ဆာဗိုလ်ချုပ်က တဖြည်းဖြည်း ချဥ်းကပ်လာသည်။ မြေပြင်ကလည်း တသိမ့်သိမ့် တုန်နေကာ အနက်ရောင်မြူထုကလည်း ဖြာထွက်နေသည်။
“ထင်သလောက် မရိုးရှင်းနိုင်ဘူး … ။”
ထိုအချိန်တွင် နှလုံးသားမဲ့သော တာအိုပညာရှင်၏ ဒုက္ခဆင်းရဲပင်လယ်က မျက်စိကျိန်းမတက်တောက်ပသည့် အစိမ်းရောင်အလင်းတန်းများက ဝန်းရံသွားသည်။ အလွန်အမင်းကြီးမားသည့် အစိမ်းရောင်မီးတောက်ကြီးတစ်ခုက ထိုးထွက်လာပြီးနောက်တွင် ထိုဝံပုလွေ မိစ္ဆာဗိုလ်ချုပ်ကို လွှမ်းခြုံသွားသည်။
ဗမ်း …။
သို့ရာတွင် ထိုမိစ္ဆာဗိုလ်ချုပ်ကို အထင်သေး၍ မရချေ။ သူက သိပ်သည်းသော သေဆုံးခြင်း အရှိန်အဝါများကို လွှင့်ထုတ်လိုက်ပြီးနောက် အစိမ်းရောင် မီးတောက်များကို အနောက်သို့ ပြန်တွန်းပို့လိုက်နိုင်သည်။
” သူက အလောင်းကောင် အဖြစ် ပြောင်းလဲပြီး အဆင့်ဆင့် ကျော်ဖြတ်သွားပြီဆိုတော့ အသိဉာဏ် နည်းနည်းရနေတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ထာဝရ ရှင်သန်ခြင်း အဆင့်ဆိုရင် သူက စွမ်းအားကြီးမားတဲ့ သေဆုံးခြင်းအရှိန်အဝါတွေကို လွှင့်ထုတ်နိုင်စွမ်းအား ရှိသွားလိမ့်မယ်။”
စဥ်းလဲသော တာအိုပညာရှင်က အံ့အားတကြီး ရေရွတ်လိုက်သည်။ ဤကိစ္စက ထင်သလောက် မရိုးရှင်းကြောင်းကိုလည်း သူက နားလည်နေသည်။ သူက ယဲ့ဖန်းကို နောက်ဆုတ်ရန်ပြောပြီးနောက် အစိမ်းရောင်မီးတောက်များကို ရင်ဆိုင်ရန် စိတ်ဝိညာဥ်လက်နက်များကို ထုတ်သုံးသည်။
“ဒီမှာ တစ်ခုခု ထူးဆန်းနေတာ .. ။”
ထိုအချိန်တွင် အေးစက်သော မှင်သေသေ အသံက ထွက်ပေါ်လာသည်။ အသက်နှစ်ဆယ်ခန့်ရှိမည့် လူငယ်လေးတစ်ယောက် တောင်ပေါ်သို့ ရောက်လာပြီးနောက်ပြောသည်။
“အရမ်းကောင်းတယ် .. ။ မင်းတို့ အခုထွက်သွားလို့ရပြီ .. ။”
သူ၏အကြည့်က မြေပြင်ပေါ်ရှိ သစ်သားပြားများသို့ ရောက်သွားသည်။ ထိုအရာက တာအိုသင်္ကေတကို ဖော်ပြထားခြင်းဖြစ်ပြီး သူက မိစ္ဆာဧကရာဇ်နှင့် ပတ်သက်သော အချက်အလက်များကိုသာ စူးစိုက်ကြည့်နေသည်။
စဥ်းလဲသော တာအိုပညာရှင်က အေးစက်စွာဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူက ချက်ချင်းလိုလို ထူးဆန်းသော အမူအရာမျိုး ဖြစ်သွားသည်။ ထိုလူ၏ ဝှက်ဖဲက ဝှေ့ယမ်းခြင်း အလင်း တော်ဝင်နယ်မြေ၏ သင်္ကေတဖြစ်နေသည်။
“ငါက ဝှေ့ယမ်းခြင်း အလင်းတော်ဝင်နယ်မြေရဲ့ တပည့်ပဲ။ ငါ့ရဲ့ ဆရာက မင်းတို့အားလုံးကို ချက်ချင်းထွက်သွားဖို့ အမိန့်ထုတ်လိုက်တယ်။”
ထိုလူငယ်လေးက အလွန် အဆင့်အတန်းမြင့်မားသောနေရာတွင် မွေးဖွားလာခဲ့သလိုမျိုး အလွန်အမင်း မောက်မာကာ မာနကြီးသည်။ သူက ယဲ့ဖန်းကို ကြည့်လိုက်သောအခါ တစ်ဖက်သူ၏ ကိုယ်ပေါ်မှ မည်သည့်နတ်စွမ်းအင်ကိုမှ မခံစားရသဖြင့် ပြောလိုက်သည်။
” မင်း မသေချင်ရင် ခု ချက်ချင်းထွက်သွား။”
ဗမ်း …။
ထိုအချိန်တွင် မိစ္ဆာဗိုလ်ချုပ်က ထိုတာအိုပညာရှင်၏ ဖမ်းချုပ်ထားမှုမှ လွတ်မြောက်သွားခဲ့ပြီး ခပ်မြန်မြန်ပင် ရေကန်ထဲသို့ နောက်တစ်ကြိမ် ပြန်လည် ခုန်ဆင်းသွားကာ ပျောက်ကွယ်သွားသည်။
စဥ်းလဲသော တာအိုပညာရှင်က နောက်လှည့်ကာ အေးစက်စွာ မေးသည်။
“အသုံးမကျတဲ့ကောင်။ မင်းက ကျားရဲ့အရေပြားကို လှံအဖြစ် သုံးနေတာပဲ။ ငါ မင်းလို အမှိုက်မျိုးကို အမုန်းဆုံးပဲ။ မင်းက ဝှေ့ယမ်းခြင်း အလင်းတော်ဝင်နယ်မြေက တပည့်အဖြစ် ဟန်ဆောင်ရဲသေးတယ်။ မင်းက ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး။ ဟုတ်နေရင်တောင်မှ ဒီတာအိုအဖိုးက မင်းကို သေတဲ့အထိ ပါးရိုက်လို့ ရသေးတယ် … ။”
ဆွေ့ …။
သူ၏ နောက်ခံပေါ်သွားသောအခါ ထိုလူငယ်က ချက်ချင်းလှုပ်ရှားလိုက်သည်။ သူက ရာပေါင်းများစွာ ထောင်ပေါင်းများစွာသော ရွှေရောင်အလင်းတန်းပေါင်းများစွာကို လွှင့်ထုတ်လိုက်ကာ ထိုတာအိုပညာရှင်ကို ရွှေရောင် အမိုးအောက်သို့ ရောက်သွားစေလိုက်သည်။
စဥ်းလဲသော တာအိုပညာရှင်က လက်ကို ယမ်းလိုက်သည်။ ဤနည်းအားဖြင့် အစိမ်းရောင်မြူထုက ဖြာထွက်လာပြီး အစိမ်းရောင်အလင်းတန်းများကို တစ်ဖန်ဆုတ်ယူသည်။ ထိုအရာများက အစိမ်းရောင်အပ်များအဖြစ် ပြောင်းလဲသွားသည်။
ဗမ်း …။
စဥ်းလဲသော တာအိုပညာရှင်က လျင်မြန်စွာဖြင့် ရှေ့တက်လိုက်ကာ ထိုလူငယ်၏ လည်ကို လှမ်းဆွဲလိုက်ပြီး သူ့ကို ရေကန်နားသို့ ပို့ကာ ပြောလိုက်သည်။
“ကျားသရေကို အလံအဖြစ်အသုံးပြုပြီး ဒီအဖိုးကို ရန်စရဲတယ်ဆိုတော့ ပြောစမ်း …။ မင်းကို ဘယ်ဂိုဏ်းကလွှတ်လိုက်တာလဲ။ ဒါမှမဟုတ် ငါ မင်းကို အောက်ကိုပစ်ချလိုက်ရမလား။”
“ငါက တကယ် ဝှေ့ယမ်းခြင်းအလင်း တော်ဝင်ဂိုဏ်းက တပည့်ဂိုဏ်းသားပါ။”
ထိုလူငယ်၏အမူအရာက ထိတ်လန့်မှုအပြည့်ဖြင့်ဖြစ်သည်။
“တာအိုပညာရှင်။ ဘာလို့ သူနဲ့ သေတဲ့အထိ တိုက်ခိုက်ပြီး အချိန်ဖြုန်းနေမှာလဲ .. ။ သူ့ကို ဒီအတိုင်း အထဲကိုပစ်ချပြီး မိစ္ဆာဗိုလ်ချုပ်ကို အစာကျွေးလိုက်ပါလား။”
ယဲ့ဖန်းက ပုခုံးတွန့်လိုက်ကာ လှမ်း၍ ပြောသည်။
“မင်း ပြောတာ မှန်တယ်။ အချိန်ဖြန်းနေဖို့ မလိုဘူး။”
တာအိုပညာရှင်က လက်ကို ညီညာစွာ ဝှေ့ယမ်းလိုက်ပြီးနောက် ထိုလူငယ်က ချက်ချင်းလိုလို ရေကန်ထဲသို့ ပြုတ်ကျသွားသည်။ ထိုသို့ဖြင့် မျက်တခပ်အချိန်အတွင်း ပျောက်ကွယ်သွားသည်။
အဝေးမှ ယဲ့ဖန်းက ကြောင်တောင်တောင်ဖြစ်သွားသည်။ ထိုတာအိုပညာရှင်က ထိုအတိုင်းလုပ်မည်ဟု မထင်ထားမိချေ။ တာအိုပညာရှင်က ရုတ်တရက် အန္တရာယ်များသလို ခံစားလိုက်ရသည်။
ပွက် ..။
အနက်ရောင်ရေကန်က နောက်တစ်ကြိမ် လိမ့်တက်လာပြီးနောက်တွင် နတ်ဗိုလ်ချုပ် ဆယ်ယောက်ကျော် ပေါ်လာသည်။ သူတို့၏ခန္ဓာကိုယ် တစ်ခုချင်းစီတိုင်းကို အနက်ရောင် ရွှေသံချပ်ကာက ဖုံးလွှမ်းထားသည်။ သူတို့၏ ခေါင်းသုံးခေါင်းသာ ပေါ်တော့သည်။ သူတို့က အမျိုးမျိုးသော ပုံသဏ္ဌာန်များဖြစ်သည်။ အချို့ကမူ ခွေးခေါင်းများ ရှိသည်။ အချို့ကမူ ကျားခေါင်းများပါသည်။
အချို့လူများဆိုလျှင် တစ်ယောက်ကိုတစ်ယောက် သေချာကြည့်မည်ဆိုလျှင် မိစ္ဆာများနှင့်ပင် တူသေးသည်။ သူတို့အားလုံးထံမှ သေဆုံးခြင်း အရှိန်အဝါကို ထုတ်လွှင့်နေသည်။ ထို့နောက် သူတို့သည် ချက်ချင်းလိုလို ဗမ်းခနဲမြည်သံနှင့်အတူ စုတ်ဖြဲခံရသလို ဖြစ်သွား၏။ ပြီးနောက် နေရာတိုင်းတွင် သွေးများ ကျဆင်းလာတော့သည်။
ခြိမ်း ….။
ထိုအခိုက် အအေးရေကန်က ဆူပွက်မတက်ဖြစ်လာသည်။ မှင်ရည်ကဲ့သို့ မဲမှောင်နေသည့်အခြေအနေမှ သွေးရောင်အတိ ပြောင်းလဲသွားသည်။ ၄င်းက မယုံနိုင်စရာကောင်းလောက်အောင် လှပသည်။
“မကောင်းတော့ဘူး။ ဒါက ဆိုးတာပဲ။ မိစ္ဆာဧကရာဇ်ရဲ့ ယင် ဂူသင်္ချိုင်းကို သွေးစွန်းသွားပြီ။ ဒီတော့ အခုက စပြီး သတ်ဖြတ်ခြင်းတွေ ဖြစ်လာတော့မယ် .. ။”
စဥ်းလဲသော တာအိုဘုန်း​တော်ကြီး၏ အမူအရာက အလွန်ပျက်ယွင်းသွားသည်။
ဗုန်း …။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေပြင်က တုန်ခါသွားသည်။ ကောင်းကင်ကြီးတစ်ခုလုံးက အအေးရေကန်ထဲမှလာသည့် သွေးအလင်းတန်းများဖြင့် ပြည့်နက်သွားသလို ဖြစ်သွား၏။ အပျက်အစီးနယ်မြေကြီးတစ်ခုလုံးက ယမ်းခါသွားကာ ကျင့်ကြံသူတိုင်းက အထိတ်တလန့် ဖြစ်သွားကြသည်။
” ငါတို့ ဒီမှာသေရတော့မှာလို့ ငါ့ကို မပြောနဲ့နော် … ။”
ယဲ့ဖန်း၏ အမူအရာကလည်း အလွန်အမင်း ကြောက်လန့်သွားတော့သည်။
အပိုင်း (၆၉) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset