Switch Mode

Chapter – 18

နဂါးကိုးကောင် ခုတ်ချက်

Chapter – 18 နဂါးကိုးကောင် ခုတ်ချက်

ရှီဖုန်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်သွားသဖြင့် ကိုဘိုးအကြီးအကဲက အလွန်ဒေါသထွက်သွား၏။ ဒဏ်ရာမှ ထွက်နေသော သွေးများကလည်း သူ၏ ဒေါသ ဆွပေးနေသကဲ့သို့ ဖြစ်နေလေသည်။

ကိုဘိုးအကြီးအကဲက ပုဆိန်ဖြင့် ရှီဖုန်းအား တစ်ချက်ပြီး တစ်ချက်ဆိုသလိုပင် တရစပ် တိုက်ခိုက်လိုက်သည်။

ကိုဘိုးအကြီးအကဲ၏ တရပ်စပ် တိုက်ခိုက်မှုများက အဆင့်၅ ဒိုင်းစစ်သည်တစ်ဦးကိုပင် ချက်ချင်း သေသွားစေနိုင်သည်။

ပြင်းထန်လှသော တိုက်ခိုက်မှုများအောက်တွင် ရှီဖုန်းက နောက်သို့ ဆုတ်ရန်သာ တတ်နိုင်ပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရှိပေ။ ထို့အပြင် သူ့ဆီသို့ ဦးတည်လာသော လက်သီးဆုပ်အရွယ် ကျောက်တုံးများကိုလည်း ရှောင်နေရသေး၏။ ထိုကျောက်တုံးများသာ သူ့ကို ထိမှန်သွားပါက သူ့ကို ထိခိုက်မှု တော်တော် ဖြစ်စေပေလိမ့်မည်။

လူတစ်ယောက်နှင့် မွန်းစတားတစ်ကောင်သည် အလွန်မြင့်မားသော အမြန်နှုန်းတစ်ခုဖြင့် တိုက်ခိုက်နေကြသည်။ သာမန်ကစားသမားတစ်ယောက် ဆိုပါက တစ်ချက်တောင် ပြန်တိုက်နိုင်မှာ မဟုတ်ဘဲ ပုဆိန်နှင့် ထက်ခြမ်း ခြမ်းခံလိုက်ရနိုင်သည်။

“ဘလက်ကီ… မြန်မြန်တိုက်… ဒီထက်ပိုပြီး ငါ တောင့်မခံနိုင်တော့ဘူး… “ ရှီဖုန်းက ၇ စက္ကန့်၊ ၈ စက္ကန့်ခန့် ရှောင်ရှားပြီးချိန်တွင် ဘလက်ကီက မတိုက်ခိုက်ဘဲ ရပ်နေသည်ကို တွေ့ပြီး လှမ်းအော်ပြောလိုက်သည်။

သူတို့က သာမန်လက်ရွေးစင်မွန်းစတားတစ်ကောင်ကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ကိုဘိုးအကြီးအကဲတစ်ကောင်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ အကြီးအကဲအဆင့် ဘော့စ်တစ်ကောင်၏ တိုက်ခိုက်မှုပုံစံက သာမန်လက်ရွေးစင်များကဲ့သို့ တစ်သတ်မတ်တည်း တိုက်ခိုက်ခြင်းမျိုး မဟုတ်ချေ။ အကြီးအကဲအဆင့် ဘော့စ်များက အသိဉာဏ်လည်း ရှိသဖြင့် တိုက်ခိုက်မှုများကို အမျိုးမျိုး ပြောင်းလဲပြီး တိုက်ခိုက်နိုင်သည်။ သာမန်လက်ရွေးစင်များထက် ၂ဆမှ ၃ဆခန့်အထိ သာလွန်သော သန်မာမှုဖြင့်ပါ ပေါင်းစပ်၍ တိုက်ခိုက်ပါက အကြီးအကဲအဆင့် ကိုဘိုးတစ်ကောင်သည် သာမန်လက်ရွေးစင်တစ်ကောင်ထက် အနည်းဆုံး ၄ဆခန့် ပိုမို အစွမ်းထက်သည်ဟု ဆိုနိုင်သည်။

ကိုဘိုးအကြီးအကဲနှင့် ၈ စက္ကန့်မျှသာ တိုက်ခိုက်ရသေးသော်လည်း မိနစ်များစွာ ကြာသွားသကဲ့သို့ ရှီဖုန်း ခံစားလိုက်ရသည်။ ကိုဘိုးအကြီးအကဲ၏ တိုက်ခိုက်မှုများကို ခုခံရင်းဖြင့် သူ၏HPက ၁၀၀ကျော် နုတ်ယူခံလိုက်ရပြီဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက သိပ်မကြာခင်မှာတင် သူ၏HPက သုညသို့ ရောက်သွားနိုင်သည်။

ကျော်ကြားဓားတစ်ချောင်းဖြစ်သော အသူရာဓားသွားကြောင့် ရှီဖုန်း၏ စွမ်းရည်များက အလွန်တိုးတက်လာပြီး အခြေခံလျှို့ဝှက်စကေး၃ခုကို ဖွင့်နိုင်ခဲ့ကာ စွမ်းအားကြီးသော တိုက်ခိုက်မှုများနှင့် လျင်မြန်လှသော ရှောင်တိမ်းမှုများကို ပြုလုပ်နိုင်ခဲ့သည်။ သူကသာ အသူရာဓားသွားကို မပိုင်ဆိုင်ခဲ့လျှင် ရှီဖုန်းသည် စတိုက်ကတည်းက သေသွားလိမ့်မည် ဖြစ်သည်။

“အာ… ငါ ကူမယ်… “ ဘလက်ကီက သူ့အမှားကို သိသွားပြီး ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက မှော်တုတ်တံကို ဝေ့ယမ်းလိုက်ပြီး ပါးစပ်မှ ကျိန်စာတစ်ခုကို ရွတ်ဆိုလိုက်ကာ ကိုဘိုးအကြီးအကဲဆီသို့ မြှားနက်တစ်ချောင်းကို ပစ်လွှတ်လိုက်သည်။

မြှားနက်က ကိုဘိုးအကြီးအကဲကို ထိမှန်သွားပြီး ထိခိုက်မှု -၁၇သာ ပေါ်လာသည်။

ထိုထိခိုက်မှုအား မြင်သောအခါ ဘလက်ကီက ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ကိုဘိုးအကြီးအကဲ၏ ခုခံမှုက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူက အဆင့်၅ မွန်းစတားတစ်ကောင်ကို တိုက်ခိုက်လျှင်တောင်မှ ထိခိုက်မှုက ၅၀ကျော် ဖြစ်စေနိုင်သည်။ သို့သော်လည်း ယခုမူ ထိုပမာဏ၏ သုံးပုံ တစ်ပုံခန့်သာ ရှိတော့လေသည်။ မည်သို့သော တိုက်ခိုက်မှုစွမ်းအား ဖြစ်သနည်း။

ရှီဖုန်းက ရှောင်တိမ်းနေရင်း ရုတ်တရက် အသူရာဓားသွားဖြင့် ခုတ်ပိုင်းလိုက်သည်။

“ခုတ်ချက်… “

ကိုဘိုးအကြီးအကဲ၏ တိုက်ခိုက်မှုများကြားမှ အနက်ရောင်အလင်းတန်းတစ်ခုက ဖောက်ထွက်လာသည်။

“ဝုန်း… “

ရှီဖုန်းက နောက်သို့ ခြေလှမ်း၃လှမ်းဆုတ်ပြီး သူ့ကိုယ်သူ ထိန်းလိုက်သော်လည်း သူ၏ခေါင်းထက်တွင် ထိလိုက်မှု၃၀ကျော် ပေါ်လာလေသည်။ တခြားတစ်ဖက်တွင် ကိုဘိုးအကြီးအကဲ၏ ပုဆိန်ကား နောက်သို့ တွန်းခံလိုက်ရပြီး လေထဲ၌ အနည်းငယ် ရပ်တန့်သွား၏။

“ဒါက အလုပ်ဖြစ်တယ်ဟ… ကြည့်ရတာ ငါ့ရဲ့ သန်မာမှုက လုံလောက်ရုံလေးတော့ ရှိတဲ့ပုံပဲ… “

ရှီဖုန်းက သည်တစ်ကြိမ် တိုက်ခိုက်မှုကို အလွန်အားရကျေနပ်၏။

နတ်ဘုရားနယ်မြေအတွင်းမှ တိုက်ပွဲများတွင် ကစားသမားများက မွန်းစတားများ၏ တိုက်ခိုက်မှုများကို ရှောင်နိုင်ရုံတင် မဟုတ်ဘဲ နှောင့်ယှက်ကာ တစ်ဖက်မှ တိုက်ခိုက်မှုများကို ရပ်တန့်နိုင်သည်။ ၎င်းသည် အဆင့်မြင့်တိုက်ပွဲနည်းစနစ်တစ်ခု ဖြစ်သည်။ ၎င်းနည်းစနစ်သည် နတ်ဘုရားနယ်မြေ စဖွင့်ပြီး နှစ်ဝက်အကြာတွင် စတင်၍ နာမည်ကြီးလာခဲ့သည်။ အထူးသဖြင့် ဘော့စ်များနှင့် တိုက်ခိုက်သည့် တိုက်ပွဲများတွင် ဖြစ်၏။ အကယ်၍ အဓိက ကာကွယ်သူများကသာ ဤနည်းစနစ်ကို မသင်ယူထားလျှင် ဘတစ်ဖွဲ့လုံး သေဆုံးသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဘော့စ်များ၏ ကြမ်းကြမ်းတမ်းတမ်း တရစပ် တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်သော ကစားသမား မရှိသောကြောင့် ဖြစ်သည်။

ကိုဘိုးအကြီးအကဲ၏ ခဏတာ ရပ်တန့်သွားခြင်းက အားနည်းချက်တစ်ခုကို ပေါ်လာစေသည်။

ရှီဖုန်းက ချက်ချင်း ပြေးထွက်သွားပြီး ရှိသမျှ အားအင်များကို လက်တွင် စုကာ ဓားဖြင့် အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

ဓားအလင်း၄ချက် ပေါ်လာပြီး ကိုဘိုးအကြီးအကဲ၏ ခန္ဓာကိုယ်အနှံ့သို့ ထိမှန်သွား၏။

ထပ်ပေါင်းထိခိုက်မှုကြောင့် ရှီဖုန်း၏ တိုက်ခိုက်မှုများက ကိုဘိုးအကြီးအကဲ၏ HP 300 ကျော်ကို နုတ်ယူသွားလေသည်။ ဘလက်ကီ၏ တိုက်ခိုက်မှုများကိုပါ ပေါင်းထည့်လိုက်သောအခါ ကိုဘိုးအကြီးအကဲ၏ HPက ၉၀၀ကျော်သာ ကျန်ခဲ့တော့၏။

“ဝူး… ဝူး… ဝူး… “ ကိုဘိုးအကြီးအကဲက သွေးရူးသွေးတန်း ဖြစ်လာပြီး ပုဆိန်ကို ဘေးသို့ ပစ်လိုက်ကာ ခါးမှ တောခုတ်ဓား ၂လက်ကို ဆွဲထုတ်လိုက်သည်။

လက်နက် ပြောင်းသွားခြင်းက ကိုဘိုးအကြီးအကဲ၏ တိုက်ခိုက်မှုပုံစံများကိုလည်း ပြောင်းသွားစေသည်။

ကိုဘိုးအကြီးအကဲက ပုဆိန်ကိုင်ဆောင်ထားသည့်အချိန်တွင် စစ်သည်တော်တစ်ဦး ဖြစ်သွားပြီး ဓား၂လက်ကို ကိုင်ထားသည့်အချိန်တွင်လည်း ဓားသမားတစ်ယောက် ဖြစ်သွားလေသည်။ ယခုအခါ ခွန်အားနှင့် သွက်လက်မှုကို အချိုးညီစွာ ပေါင်းစပ်လိုက်‌သော ကိုဘိုးအကြီးအကဲ၏ တိုက်ခိုက်မှုများက ယခင်ကဲ့သို့ တရကြမ်း တိုက်ခိုက်မှုမျိုး မဟုတ်တော့ပေ။

ဓား၂လက်၏ တိုက်ခိုက်မှု ပုံစံကလည်း တစ်သတ်မတ်တည်း မဟုတ်ပေ။ ကိုဘိုးအကြီး၏ တိုက်ခိုက်မှုနှုန်းကလည်း အလွန်တိုးလာသည့်အတွက် ရှီဖုန်းက ဓားချက်တစ်ချက်ကို ရှောင်လိုက်သည့်အချိန်တွင် နောက်ဓားချက်က သူဆီသို့ တိုးဝင်လာသည်။ ထိုအခါ ရှီဖုန်းက အသူရာဓားသွားဖြင့် အလျင်အမြန် ခုခံလိုက်ရသည်။

အသူရာဓားသွားနှင့် ကိုဘိုးအကြီးအကဲ၏ တောခုတ်ဓားတို့ ဆုံမိကြာသောအခါ မီးပွားများ ဖြစ်ပေါ်လာပြီး ရှီဖုန်း၏ ခန္ဓာကိုယ်က နောက်သို့ လွှင့်စင်သွားလေသည်။

ရှီဖုန်းက လေထဲတွင် လွှင့်ထွက်သွားချိန်၌ ကိုဘိုးအကြီးအကဲက တောခုတ်ဓားအား မြောက်ပြီး အားကုန်ခုတ်ချလိုက်သည်ကို မြင်တွေ့လိုက်သည်။

“အားကုန်တိုက်တာလား… “

ရှီဖုန်းက ထိတ်လန့်သွားပြီး ချက်ချင်း အသက်ကယ်စကေးကို အသုံးပြုလိုက်သည်။

“တန်ပြန်ခုခံခြင်း… “

“ဝုန်း… “

အသူရာဓားသွားက တောခုတ်ဓားက တားဆီးလိုက်သည်။ သို့သော် ရှီဖုန်းက မြေပြင်နှင့် အရှိန်ပြင်းပြင်း မိတ်ဆက်သွား၏။ ရှီဖုန်းက ကိုဘိုးအကြီးအကဲ၏ တိုက်ခိုက်မှုက ပြီးဆုံးပြီဟု ထင်မိလိုက်သော်လည်း သူက မြေပြင်ပေါ်သို့ ပြုတ်ကျနေသည့်အချိန်တွင် တောခုတ်ဓား၂ချောင်းကလည်း သူ့နောက်မှ အရှိန်ပြင်းပြင်းဖြင့် လိုက်ပါလာပြီး ရှီဖုန်း၏ ရင်ဘတ်ပေါ်သို့ ဦးတည်လာသည်။

ရှီဖုန်းက ထိုတိုက်ခိုက်မှုကို မရှောင်နိုင်တော့ပေ။

“တစ္ဆေစကေး… “

ချက်ချင်းပင် ရှီဖုန်း၏ ကိုယ်ပွားတစ်ခုက ၃ကိုက်အကွာတွင် ပေါ်လာပြီး သူက ကိုယ်ပွားနှင့် အလျင်အမြန် နေရာလဲလိုက်သည်။

ကိုဘိုးအကြီးအကဲ၏ ဓား၂ချောင်းက ကိုယ်ပွား၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားရာ ကိုယ်ပွား၏ HP ၃၀၀ ကျော်က ချက်ချင်း ပျောက်ကွယ်သွား၏။

ထိုအခါ ကိုဘိုးအကြီးအကဲက အားရကျေနပ်စွာ ပြုံးလိုက်သည်။ ထိုအခိုက်အတန့်တွင် ရှီဖုန်းက သူ့နောက်ကျောဘက်တွင် ပေါ်လာပြီး အသူရာဓားသွားက အနက်ရောင်မှိန်မှိန်လေး လက်သွား၏။

“နဂါးကိုးကောင် ခုတ်ချက်… “

အသူရာဓားသွား၏ ဓားကိုယ်ပွား၉ချောင်းက လေထဲတွင် ချက်ချင်း ပေါ်လာပြီး ရှီဖုန်းကို လှည့်ပတ်နေလေသည်။

ရှီဖုန်းက ဓားကိုယ်ပွား ၉ချောင်းလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသော်လည်း ဓား၉ချောင်းစလုံးဖြင့် ရိုးရှင်းသော တိုက်ကွက်တစ်ခုကို ထုတ်ဖော်ရန်ကား မခက်ခဲပေ။

“ဝှစ်… ဝှစ်… ဝှစ်… “

ဓား၉ချောင်းက ကစားနေသည့် ဝိညာဉ်များကဲ့သို့ လှုပ်ရှားသွားပြီး ကိုဘိုးအကြီးအကဲ၏ ခန္ဓာကိုယ်အား ဆက်တိုက် ထိုးဖောက်သွား၏။

ကိုဘိုးအကြီးအကဲ၏ ခေါင်းပေါ်တွင် ထိခိုက်မှု -၁၀ကျော်က ဆက်တိုက်ပေါ်လာသည်။ ထိုထိခိုက်မှုက နည်းသော်လည်း ရှီဖုန်း၏ ခုတ်ချက်နှင့် သာမန်တိုက်ခိုက်မှုများပါ ပေါင်းလိုက်သောအခါ ကိုဘိုးအကြီးအကဲ၏ HPက ၅၀၀သို့ ကပ်လာသည်။

ကိုဘိုးအကြီးအကဲက နောက်သို့ လှည့်ချင်နေသည်ကို မြင်သောအခါ ရှီဖုန်းက ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မပေးရဲပေ။ ထို့ကြောင့် အသူရာနှောင်ကြိုးစကေးကို ချက်ချင်း အသုံးပြုလိုက်ရာ ကိုဘိုးအကြီးအကဲက ၃စက္ကန့် မလှုပ်ရှားနိုင်တော့ဘဲ သူ၏ခုခံမှုကလည်း ၁၀၀% လျော့ကျသွားလေသည်။

တိုက်ပွဲတစ်ပွဲတွင် မျက်တောင်တစ်ခတ်အတွင်း၌ အသတ်ခံရနိုင်သည်။ ယခု ၃စက္ကန့်ဆိုသော အချိန်က တိုက်ပွဲရလဒ်ကို ပြောင်းရန်အတွက် လုံလောက်ပေသည်။

ကိုဘိုးအကြီးအကဲသည် အသူရာဓားသွားမှ ထွက်လာသော အနက်ရောင်ချိန်းကြိုးများ၏ ချုပ်နှောင်ခြင်းကို ခံရပြီး မလှုပ်နိုင်တော့ချေ။ ဓားကိုယ်ပွား ၉လက်ကလည်း ဆက်တိုက်တိုက်ခိုက်နေပြီး တစ်ချက်ချင်းစီတိုင်းတွင် ထိခိုက်မှု -၂၀ကျော် ဖြစ်ပေါ်လာစေသည်။ ကိုဘိုးအကြီးအကဲ၏ HPက လျင်မြန်စွာ လျော့ကျလာပြီး တစ်ခဏအတွင်းမှာပင် 200HP ခန့်သာ ကျန်ရှိတော့၏။

“အာဝူး… “ ကိုဘိုးအကြီးအကဲက စိတ်ရိုင်းများ ဝင်လာသကဲ့သို့ ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ် အရွယ်အစားက ၂ဆခန့်အထိ ကြီးမားလာသည်။

အချိန်၃စက္ကန့်ကလည်း တခဏချင်းမှာပင် ကုန်သွား၏။ ကိုဘိုးက ဒေါသတကြီး ပေါက်ကွဲပြီးနောက်တွင် သူ၏ သန်မာမှုက အနည်းဆုံး ၃၀ရာခိုင်နှုန်းခန့် တိုးပွားလာလေသည်။

သို့သော်လည်း ရှီဖုန်း၏ တိုက်ခိုက်မှုများနှင့်အသက်ကယ်စကေးများက ပြန်လည်အသုံးပြုရန် အသင့်ဖြစ်နေလေပြီ။

ကိုဘိုးအကြီးအကဲက သရော်ပြုံး ပြုံးလိုက်ပြီး ရှီဖုန်းဆီသို့ ဓား၂လက်ဖြင့် ခုတ်ချလိုက်သည်။ ကြီးမားသော ဓား၂လက်က မြှားပျံများကဲ့သို့ အမြန်နှုန်းဖြင့် ရှီဖုန်းဆီသို့ ဦးတည်လာသည်။

သေရေးရှင်ရေး ဖြစ်နေသည့်အချိန်တွင် ရှီဖုန်းက မျက်လုံးထောင့်မှနေပြီး ပြန်ရှင်လာသော ကိုဘိုးတစ်ကောင်ကို မြင်လိုက်ရသည်။

ထိုအခါ ရှီဖုန်းက မြေဆွဲအားလွတ်မြောက်မှုစကေးကို ချက်ချင်း သုံးပြီး လေဓားသွားစကေးကို ဆက်သုံးလိုက်သည်။

လျှပ်စီးကဲ့သို့ အလျင်ဖြင့် ရှီဖုန်းက ဓား၂လက်ကို ရှောင်လိုက်ကာ ပြန်ရှင်လာပြီး မိုင်းတူးနေသည့် ကိုဘိုးဆီသို့ ပြေးဝင်သွားလိုက်၏။

“အဝူး… အဝူး… အဝူး… “ ရှီဖုန်းက သူ၏ တိုက်ခိုက်မှုအား ရှောင်သွားသည်ကို မြင်လိုက်ရသောအခါ ကိုဘိုးအကြီးအကဲက မြေပြင်ကို ခြေဆောင့်နင်းကာ ရှီဖုန်းဆီသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။

ဘလက်ကီကတော့ ရှီဖုန်း၏ တိုက်ခိုက်မှုများကို မြင်ပြီး ကျောချမ်းနေသော်လည်း သူ၏ ပါးစပ်မှ ကျိန်စာများကို အဆက်မပြတ် ရွတ်ဆိုနေပြီး မြှားနက်များကို တစ်ချောင်းပြီးတစ်ချောင်း ပစ်လွှတ်နေသည်။ သို့သော် ကိုဘိုးအကြီးအကဲ၏ အလျင်က အလွန်မြန်သဖြင့် မြှားနက်က ထိမှန်ရန် ခက်ခဲလှသည်။

ယခု ကိုဘိုးအကြီးအကဲနှင့် ရှီဖုန်း၏ ကြားမှ အကွာအဝေးက ကိုက်၂၀ခန့် ကွာသွားသဖြင့် ကိုဘိုးအကြီးအကဲအနေဖြင့် ရှီဖုန်းအား လိုက်မီရန် အချိန်အနည်းငယ်ခန့် လိုအပ်ပေဦးမည်။ ထိုအချိန်တွင် ရှီဖုန်းက ကိုဘိုးအကြီးအကဲအား အသူရာဓားသွားကို အသုံးပြုပြီး သတ်ကောင်း သတ်နိုင်ပေလိမ့်မည်။

သို့ရာတွင် ရှီဖုန်းနှင့် ဘလက်ကီက ကိုဘိုးအကြီးအကဲ၏ တိုးပွားလာသော ခွန်အားကို လျော့တွက်မိခဲ့ကြသည်။ ၎င်းက သန်မာမှုနှင့် ခုခံမှုတွင် တိုးပွားလာရုံသာမက သွက်လက်မှုကလည်း အလွန်တိုးလာလေသည်။

ကိုက်၂၀ကျော်ကို မီအောင် လိုက်ရန် ကိုဘိုးအကြီးအကဲအတွက် အချိန် ၂စက္ကန့်သာ လိုအပ်ခဲ့သည်။

ထို့နောက် ကိုဘိုးအကြီးအကဲက ဓားကို မြှောက်ပြီး ရှီဖုန်းအား ခုတ်ချလိုက်သည်။

ရှီဖုန်း၏ ရှေ့တွင် ရှိနေသော ကိုဘိုးအငယ်၏ ခန္ဓာကိုယ်က ၂ခြင်း ပိုင်းခံလိုက်ရပြီး ၅ကိုက်ပတ်လည်တွင် သွေးမိုးများ ပတ်ဖြန်းသွားလေသည်။ ကိုဘိုးအကြီးအကဲ၏ တိုက်ခိုက်မှုက ရှီဖုန်း၏ ပါးဘေးမှ ဖြတ်သွားကာ အသက်ကို နုတ်ယူလုနီးပါ ဖြစ်သွား၏။

ကိုဘိုးအကြီးအကဲက နောက်လက်တစ်ဖက်မှ ဓားဖြင့် နောက်တစ်ကြိမ် ခုတ်ချတော့မည်ကို မြင်သောအခါ ရှီဖုန်းက အသူရာဓားသွားကို မြှောက်ကာ မိုးကြိုးလျှပ်စီးကို ထုတ်သုံးလိုက်သည်။ မိုးကြိုးစီးကြောင်း ၃ခုက ကိုဘိုးအကြီးအကဲကို ထိမှန်သွားပြီးနောက် ကျန်ရှိနေသော 130HPကို နုတ်ယူသွားလေသည်။

ကိုဘိုးအကြီးအကဲ လဲကျသွားတော့မှ ရှီဖုန်းက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

အကြီးအကဲအဆင့် မွန်းစတားတစ်ကောင်က တစ်ကယ်ကို အစွမ်းထက်လွန်းလှသည်။ ရှီဖုန်းက အဆင့်၅ရောက်ပြီး ကြေးအဆင့် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်လာခဲ့လျှင်တောင်မှ သေဆုံးရလိမ့်မည်ဖြစ်သည်။ ယခု သူက ကံကောင်း၍သာ သတ်နိုင်လိုက်ခြင်း ဖြစ်၏။ အဆင့်၂ မိုးကြိုးလျှပ်စီးနှင့် ယှဉ်လျှင် အဆင့်၄ မိုးကြိုးလျှပ်စီးက နောက်တစ်ကြိမ်အသုံးပြုရန် ၂၄စက္ကန့်သာ စောင့်ရသည်။ မိုးကြိုးလျှပ်စီးစကေး၏ ပြန်လည်အသုံးပြုရန် ကြာချိန်က အချိန်မီ ပြည့်သွား၍သာ ရှီဖုန်းက သေခြင်းတရားဆီမှ လွတ်လာခဲ့ခြင်း ဖြစ်သည်။

စနစ်။ ။ အဆင့်၅ ကိုဘိုးအကြီးအကဲအား သတ်နိုင်လိုက်ပါပြီ။ အဆင့် ကွာခြားမှု ၅။ EXP ရရှိနှုန်း 500% တိုးသည့်အတွက် 2350 EXP ရရှိပါသည်။

ရှီဖုန်းက အဆင့်၁၏ ၇၆% သို့ ချက်ချင်း ရောက်သွား၏။

စနစ်။ ။ အကြီးအကဲအဆင့် မွန်းစတားအား ပထမဆုံး သတ်နိုင်သည့် ဖြစ်သည့်အတွက် ဂုဏ်ပြုပါတယ်။ ကိုဘိုးအကြီးအကဲ၏ အိုင်တမ်ကျနှုန်းကို ၂၀၀% တိုးပေးပါသည်။ စတားမွန်းနိုင်ငံ၏ ကျော်ကြားမှု ၁၀မှတ် တိုးပါသည်။

ရုတ်တရက် ကိုဘိုးအကြီးအကဲ၏ ခန္ဓာကိုယ်က ကြီးမားလာပြီး နောက်ဆုံးတွင် ပေါက်ကွဲသွားကာ အိုင်တမ်များက မြေပြင်ပေါ်တွင် ကျန်နေခဲ့၏။

အပိုင်း ၁၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset