Switch Mode

Chapter – 67

Chapter – 67

ထိုနှလုံးသားမဲ့သော တာအိုပညာရှင်က လက်နောက်ပင့်လျက် မျက်မှောင်ကြုံ့ပြီး ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေသည်။ သူက ခပ်တိုးတိုးရေရွတ်နေသေးသည်။
“မိစ္ဆာဧကရာဇ်က သူ့ရဲ့ကျော်ကြားမှုနဲ့ တကယ်ထိုက်တန်တာပဲ။ သူက ယန် ဂူသင်္ချိုင်းနဲ့ ယင် ဂူသင်္ချိုင်းဆိုပြီး ဂူသင်္ချိုင်းနှစ်ခုတောင် ဆောက်ထားခဲ့တာ။ ဒီနေရာက ပစ်ချက်ကလည်း ရည်ရွယ်ချက်ရှိရှိ ချန်ထားရစ်ခဲ့တာပဲ ဖြစ်နေမလား။”
ဝတုတ် တာအိုပညာရှင်က အံ့ဩတကြီး ဖြစ်သွားသည်။ အဝေးတွင်ရှိနေသည့် မီးတောင်ရှင်ကို ကြည့်ပြီးနောက် သူ၏အရှေ့တွင်ရှိသော မတိုင်းတာနိုင်လောက်အောင်နက်သည့် အနက်ရောင် ရေကန်ကြီးကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ သူ၏ မျက်မှောင်က ပြန်ကြုံ့သွားပြန်သည်။ သူက ပြောသည်။
“ငါထင်တာ မမှားဘူးဆိုရင် ဒီ ယင် သင်္ချိုင်းက ထင်သလောက် မရိုးရှင်းနိုင်ဘူး။ လူတွေ ဘယ်လောက် ဝင်ဝင် သေသွားနိုင်တယ်။”
“တာအိုပညာရှင်။ ခများ အသက်ရှင်နေသေးတာပဲ မဟုတ်ဘူးလား။ နောက်ပြီး ကျန်းကျန်းမာမာပဲလေ။”
ယဲ့ဖန်းက ဘေးမှ ဝင်ဖြတ်ပြောလိုက်သည်။
“မင်း ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ဒေါသထွက်အောင်လုပ်နေတာလား။”
နှလုံးသားမဲ့သော တာအိုပညာရှင်က ယဲ့ဖန်းဟာ မျက်စိဆံပင်မွှေး ဆူးစရာကောင်းသည်ဟု ပြန်ပြောလိုက်သည်။
“မင်းက လူရမ်းကားကောင် .. ။ မင်း ဘာလို့ အဲ့ဒီအောက်ကိုဆင်းပြီး မိစ္ဆာဧကရာဇ်ကို အဖော်မပြုတာလဲ။”
“မလုပ်ပါနဲ့ တာအိုပညာရှင်ရယ်။ ငါ့အပေါ်တော့ ဒေါသတွေ မပုံချနဲ့လေ။ ဒါက ငါနဲ့မှ မဆိုင်တာ။”
ဟူး ….။
နှလုံးသားမဲ့သော တာအိုပညာရှင်က စိတ်ဓာတ်ကျနေသော ပုံစံမျိုးဖြင့် ထိုင်လိုက်သည်။
“ငါက အံ့အားသင့်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကြီးကို ရှာတွေ့လိုက်ပေမဲ့လည်း ဂူသင်္ချိုင်းကို မဖွင့်နိုင်ဘူး။ အောက်မှာ သေစေနိုင်တဲ့ ထောင်ချောက်ကြီး ရှိမှာ သေချာတယ်။ အခုအနေအထားမျိုးနဲ့ အောက်ခြေထိ ဆင်းသွားလိုက်ပြီးရင် သင်္ချိုင်းထဲကို ဝင်သွားလိုက်သလိုပဲ …။ ငါ ဒီလောကကနေ ထွက်ခွာသွားရမှာကို​တောင် စိုးရိမ်ရတယ်။ ”
“ဒီတော့ အရှေ့ဘက်ပျက်သုဥ်းခြင်းနယ်မြေက အဆင့်လွန်ရတနာက ဒီသင်္ချိုင်းထဲမှာလား။”
ယဲ့ဖန်းက အလွန်ဝေးကွာသော တစ်နေရာမှ ကျောက်တုံးကြီးပေါ်တွင် ထိုင်သည်။ သူက မလိုလားအပ်သော ပြဿနာ မဖြစ်စေရန်အလို့ငှာ အနားသို့ မလာချေ။ သူက ပြောသည်။
“အဲ့ဒီပုဂ္ဂိုလ်ကြီးငါးယောက်က ရတနာကို မရှာနိုင်လို့တော့ မအံ့ဩတော့ပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ရတနာက ဒီနေရာကိုရောက်နေတာကို။”
နှလုံးသားမဲ့သော တာအိုပညာရှင်က သူ့ကို လျစ်လျူရှုထားပြီးနောက် အထိတ်တလန့်ဖြစ်နေသော မျက်နှာထားမျိုး ဖြစ်သွားပြန်သည်။ ထို့နောက် သူက မြေပြင်တွင် ယန် ဂူသင်္ချိုင်းနှင့် ယင် ဂူသင်္ချိုင်းကြားမှ ဆက်နွယ်မှုများကို ဖယ်ရှားချင်သလိုမျိုး တွက်ချက်နေသေးပြန်သည်။ နောက်ဆုံးတွင် သူက သက်ပြင်းရှည်ကြီးကို ချပြီးနောက် ကူကယ်ရမဲ့သော မျက်နှာထားမျိုး ဖြစ်သွားပြန်သည်။
” ငါ အဆင့်လွန်ရတနာကို လက်လွတ်လိုက်ရပြီ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ယင် ဂူသင်္ချိုင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ ကိစ္စကြီးကို ရှာတွေ့တာ။ ဒါက ငါ ဝင်လို့မရဘူး။ ဘယ်လောက်တောင် နောင်တရပြီး စိတ်ဓာတ်ကျစရာကောင်းတဲ့ ကိစ္စလဲ။”
“အဲ့ဒီမှာ ပုဂ္ဂိုလ်ကြီးတွေ ရှိတယ်မဟုတ်လား။”
ယဲ့ဖန်းက မီးတောင်နားမှ ကျွမ်းပျင်ပညာရှင် ငါးယောက်ကို ပြောသည်။
“သူတို့ဝင်သွားပေးမယ်ဆိုရင်တောင် ငါ သူတို့လို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါက သေစေနိုင်တဲ့ ထောင်ချောက်ပဲ။ ယင် ဂူသင်္ချိုင်းက မိစ္ဆာဧကရာဇ် ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တဲ့ ပြစ်ချက်ကြီး။ မိစ္ဆာမျိုးနွယ်ရဲ့ အဆင့်လွန် ရတနာကို အဲ့ဒီနောက်မှာ ချန်ထားရစ်ခဲ့တယ်ဆိုတော့ သူ့ရဲ့မျိုးဆက်တွေအတွက် စွမ်းရည်အရင်းအမြစ်ကို လက်ဆင့်ကမ်းပေးချင်လို့ပဲ။ ဒါကတော့ သူ အနားယူတဲ့နေရာ။ ဒီတော့ ဘယ်သူကမှ သူ့ကို သွားပြီးနှောက်ယှက်လို့ မရဘူး။ ယန် ဂူသင်္ချိုင်းကို ထုတ်ပြတယ်ဆိုတာကလည်း ယင် ဂူသင်္ချိုင်းကို ဖုံးကွယ်ထားချင်လို့ပဲ။ နောက်ပြီး အခြားအသုံးဝင်တဲ့ အခြေအနေမျိုးတွေလည်း ဖြစ်နိုင်နေသေးတယ်။ ယင်နဲ့ယန်က ထိုက်ချီသဘောအရ အချင်းချင်းပွေ့ဖက်ပြီး ကာကွယ်စောင့်ရှောက်ပေးနေခဲ့တာ။ အတော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်။”
ထိုသို့ပြောပြီးနောက် နှလုံးသားမဲ့သော တာအိုပညာရှင်က စိတ်ပျက်လက်ပျက်ဖြစ်နေသော မျက်နှာထားမျိုးဖြင့် ပြောသည်။
“အရှေ့ဘက် ပျက်သုဥ်းခြင်းနယ်မြေရဲ့ အဆင့်လွန်ရတနာ ဒီနေရာမှာ မရှိနေဘူးဆိုရင် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်က ဒီနေရာက သေစေနိုင်တဲ့ထောင်ချောက်ကို ဖြတ်ပြီး ဝင်နိုင်မယ်ဆိုရင်တောင်မှ သူက ယင် ဂူသင်္ချိုင်းကို တားဆီးနိုင်မှာ မဟုတ်သလို အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်မှာလည်း မဟုတ်ဘူး။ ဒါက အန္တရာယ် အရမ်းများလွန်းတယ်။ မိစ္ဆာဧကရာဇ်ဆိုတာက အရှေ့ဘက် ပျက်သုဥ်းခြင်းနယ်မြေကို ပင်လယ်ထဲရောက်နေတဲ့ နဂါးတစ်ကောင်လိုမျိုး လိုသလိုသွားနိုင်စွမ်းရှိတဲ့ သူ … ။”
“ရှေးဟောင်းအပျက်အစီး မျှော်စင်က အတော်လေးကို အံ့အားသင့်စရာကောင်းတာပဲ … ။ မိစ္ဆာဧကရာဇ်ရဲ့ ယင် ဂူသင်္ချိုင်းကိုတောင် အေးခဲအောင်လုပ်နိုင်တယ်။ ဒီတော့ပြိုင်ဘက်ကင်းကျွမ်းကျင်ပညာရှင်ထက် ပိုပြီးစွမ်းရည်ကြီးမားမှာပေါ့။”
ယဲ့ဖန်းကလည်း အံ့အားသင့်သော မျက်နှာထားမျိုးဖြင့်ပြောသည်။
“ဒါပေါ့ .. ။”
နှလုံးသားမဲ့သော တာအိုပညာရှင်က အလွန် ဆန္ဒပြင်းပြပြီး လိုချင်စိတ် ပြင်းထန်နေသော မျက်နှာထားမျိုးဖြင့် ပြောသည်။
“ရှေးဟောင်း အပျက်အစီးမျှော်စင်က နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိခဲ့ပြီးပြီ။ ဒါပေမဲ့ ဘယ်သူကမှ ဘယ်အချိန်ကတည်းက တည်ရှိခဲ့လဲဆိုတာကို မသိကြသေးဘူး။ နောက်ပြီး ဒီလောကက ဘယ်အရာကမှလည်း သူ့ကို မတားဆီးမဖိနှိပ်နိုင်ဘူး။”
“ဒီလောက်ထိ ​ကြောက်စရာကောင်းတာလား။”
တာအိုပညာရှင်ဝတုတ်က သဘောတကျဖြစ်သွားသော မျက်နှာထားမျိုးဖြင့် ပြောသည်။
” ရှေ့ခေတ်အချိန်ကတည်းက ထာဝရ ရှင်သန်သူတွေရဲ့ တည်ရှိမှုကို ဘယ်သူကမှ အတည်မပြုပေးနိုင်သလို ဘယ်သူကမှလည်း အစစ်အမှန်လို့ မပြောနိုင်ကြဘူး။ ဒါပေမဲ့ အရှေ့ဘက် အပျက်အစီးနယ်မြေကြီးထဲမှာ ထာဝရရှင်သန်သူတွေနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အများကြီးရှိနေတယ်။ ဒါပေမဲ့ အဲ့တာတွေအားလုံးကလည်း ရှေးဟောင်း အပျက်အစီးမျှော်စင်နဲ့ ဆက်စပ်နေတာပဲ။’
” ဘယ်လို ဆက်စပ်နေတာလဲ။”
ယဲ့ဖန်းက အံ့အားတကြီး ဖြစ်သွားသည်။
” နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့တဲ့အချိန်တုန်းကပေါ့။ အရှေ့ဘက် အပျက်အစီးနယ်မြေထဲမှာ ထာဝရ ရှင်သန်သူတွေ ပေါ်ခဲ့ကြတယ်။ ဒါမျိုးကို ရှေးဟောင်းစာအုပ်တွေထဲမှာ ထပ်ခါတလဲလဲ မှတ်တမ်းတင်ထားတာပဲ။ ချို့ယွင်းချက် မရှိလောက်အောင် အဲ့ဒီ ထာဝရ ရှင်သန်သူတွေဆိုတာက ရှေးဟောင်းအပျက်အစီးမျှော်စင်ကြောင့် သေဆုံးသွားခဲ့ရတယ်။”
“မဖြစ်နိုင်တာ။ ရှေးဟောင်း အပျက်အစီးမျှော်စင်က ဒီလောက်ထိ ကြောက်စရာကောင်းမှာလား။”
ယဲ့ဖန်းက ပို၍ အံ့ဩသွားရသည်။ ထာဝရ ရှင်သန်သူများ၏ တည်ရှိမှုကိုပင် လက်ရှိလောကတွင် အတည်မပြုနိုင်သေးချေ။ သို့ရာတွင် ထိုထာဝရ ရှင်သန်သူများက အမှန်တကယ် တည်ရှိနေခဲ့လျှင်ပင် ဒီလောကထဲမှ ကျင့်ကြံသူများထက် မြင့်သော အဆင့်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အလွန်အမင်း စွမ်းအားကြီးမားနေသည့်တိုင်အောင် ရှေ့ဟောင်း အပျက်အစီးမျှော်စင်ကို ဖိနှိပ်နိုင်လောက်သေးသည်။ ထိုအချက်က အလွန်အံ့အားသင့်စရာ ကောင်းလွန်းပေသည်။
“ဒါပေါ့။ မဟုတ်ရင် ဘာလို့ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ရောက်လာလိမ့်မယ်လို့ထင်လဲ။ သိပ်မကြာခင်မှာ တော်ဝင်နယ်မြေရဲ့ ခေါင်းဆောင်တောင် ကိုယ်တိုင်ကိုယ်ကျ ရောက်လာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အရှေ့ဘက် အပျက်အစီးနယ်မြေ ပျက်သုဉ်းခြင်းနယ်မြေကြီးဆိုတာက ဘယ်လောက်ကြီးလိုက်သလဲ။ လူမနည်းငယ်ပဲ သတင်းရသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းလူတွေ သိသွားကြရင် ပုဂ္ဂိုလ်ကြီးတွေက ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး တာအိုသင်္ကေတတွေကို ချခင်းလို့ အာကာသကို ကျော်ဖြတ်ပြီး ဒီနေရာကို ချက်ချင်းရောက်လာကြလိမ့်မယ်။”
” ရှေးဟောင်း အပျက်အစီး မျှော်စင်ရဲ့ မူလဇစ်မြစ်ကဘာလဲ။ ဘာလို့ဒီလောက် ထူးခြားပြီး စွမ်းအားကြီးနေတာလဲ။”
ယဲ့ဖန်းက စိတ်မငြိမ်နိုင်တော့ချေ။
“ပြောကြတာက ရှေ့ဟောင်း အပျက်အစီးနယ်မြေ ပျက်သုဉ်းခြင်းနယ်မြေလို့ခေါ်တဲ့ လောကကြီး မမွေးဖွားခင်ကတည်းက တည်ရှိခဲ့တာတဲ့။ ဘယ်သူကမှ သူ့ရဲ့ဇစ်မြစ်ကို မသိဘူး။”
” နှမြောစရာပဲ .. ။ တာအိုပညာရှင် ခင်များလွင့်ပစ်လိုက်တဲ့ အဲ့တာက ခများရဲ့ လက်ထဲမှာရှိနေခဲ့တယ်။ ဒါကို ခများက အသုံးမဝင်တဲ့ သတ္ထုတုံးလို ဆက်ဆံခဲ့တာပဲ။”
ယဲ့ဖန်းက ခေါင်းခါပြီးနောက် သက်ပြင်းချသည်။
ထိုစကားကိုကြားသောအခါ တာအိုပညာရှင်၏မျက်နှာက ပို၍မသက်မသာဖြစ်သွားသည်။ သူက ထိုအစိမ်းရောင် ကြေးနီတုံးထက်ပင် ပို၍အစိမ်းရောင် သန်းသွားသည်။ သူက ဒေါသတကြီးအော်သည်။
“မင်းကြောင့်သာ မဟုတ်ရင် ငါ ရပြီးလောက်ပြီ။”
“တာအိုပညာရှင်။ ခများအဲ့ဒီလို ပြောလို့မရဘူးလေ။ ခများ အရင်လွင့်ပစ်ခဲ့တာ။ ရှေးဟောင်း အပျက်အစီးမျှော်စင်အတွက်တော့ နှမြောစရာပဲ။”
“မင်းကို အဲ့တာက ရှေးဟောင်း အပျက်အစီးမျှော်စင်လို့ ဘယ်သူကပြောလဲ။ ဘယ်အချိန်ကများ ဒါက အရှေ့ပိုင်းပျက်သုဥ်းခြင်းနယ်မြေက လူသားမျိုးနွယ်ရဲ့ အဆင့်လွန် ရတနာလို့ ပြောမိလို့လဲ .. ။”
ယဲ့ဖန်းက အလွန်အံ့အားသင့်သွားသည်။ သူက ပြောသည်။
“အဲ့တာက ရှေးဟောင်းအပျက်အစီးမျှော်စင် မဟုတ်ရင် ခများက ဘာလို့ တယောက်ထဲအလောတကြီး လိုချင်နေတာလဲ။ ဒါဆိုရင် ဒါက ဒီအတိုင်း ကြေးနီရောင် သတ္ထုတုံးလေးပဲလေ။ ဒါက မျှော်စင်နဲ့မှ မပတ်သက်ပဲ။”
“မင်းက ဘာသိလို့လဲ။ မင်းက ဒီအတိုင်း ဘာမှမသိ နားမလည်တဲ့ ကောင်စုတ်လေးတစ်ကောင်ပဲ။ ငါ မင်းနဲ့ အချိန်ဖြုန်းမနေတော့ဘူး။”
စဥ်းလဲသော တာအိုပညာရှင်က ဒေါသအပြည့်ဖြစ်နေသည်။ သူက ထိုကြေးနီရောင် အတုံးအကြောင်း ဆက်မပြောချင်တော့ချေ။
ယဲ့ဖန်းက ၁၁နှစ် ၁၂နှစ် အရွယ်ဟုသာ ထင်ရသော်လည်း သူက ၂၀ကျော်နေပြီ ဖြစ်သည်။ သဘာဝအလျှောက်ပင် ထိုသို့အခေါ်ခံရသောအခါ မကျေမနပ်ဖြစ်သွားသည်။ သူက ခပ်တိုးတိုးပြောသည်။
“သေစမ်း … ။”
” မင်း ဘယ်သူ့ကိုပြောတာလဲ။”
စဥ်းလဲသော တာအိုပညာရှင်က ထပ်မေးလာသည်။
“ငါက ခများကိုပဲ မှီခိုရမှာလေ။”
ယဲ့ဖန်းက အလွန်မပျော်မရွှင်ဖြစ်နေပြီးနောက် ခပ်ရိုင်းရိုင်း အမူအရာဖြင့် ပြောလိုက်သည်။
“ငါ့ကို မှီခိုမယ်ဟုတ်လား။ ဘာကို သောက်ပေါက်ကရတွေ ပြောနေတာလဲ။ ငါ့မှာ မင်းနဲ့ ဖြုန်းဖို့ အချိန်မရှိဘူး။”
ထိုသို့ပြောပြီးနောက် ထိုစဥ်းလဲသော တာအိုပညာရှင်က တစ်ပတ်လှည့်လိုက်ပြီးနောက် အနက်ရောက်ရေကန်ကြီးကိုသာ မှင်သက်စွာ ငေးရီနေတော့သည်။
“တာအိုပညာရှင် ခများက အထဲကိုမဝင်ရဲဘူးဆိုရင် ဘာလို့ ကြေးနီရောင်အတုံးနဲ့ ပတ်သက်တာ မပြောပြတာလဲ။ သူရဲ့ ဇစ်မြစ်ကို ပြောပြစမ်းပါ။ ဘာပဲဖြစ်ဖြစ် ငါက လွင့်ပစ်ခဲ့တဲ့သူလေ။”
“မင်း အဲ့ဒါကို ထပ်ပြောရင် သေတောင်။”
ထိုစကားကိုကြားသောအခါ ဝတုတ်က ပို၍ဒေါသထွက်သွားသည်။ သူ၏ မျက်လုံးကပင် အနီရောင်သန်းသွားသည်။
“ကြည့်ရတာ ဒါက သာမန်ပစ္စည်းမဟုတ်ဘူး ထင်တယ်။ ဒါက ရှေးဟောင်းပစ္စည်းမျှော်စင်ထက် အနည်းငယ်လောက်ပဲ နိမ့်ကျလောက်တယ်လို့ ငါ ထင်တယ်။”
ယဲ့ဖန်းတွင်လည်း ကောင်းသော စိတ်ဆန္ဒ မရှိချေ။ သူက ရည်ရွယ်ချက်ရှိရှိဖြင့် ထိုစဥ်းလဲသော တာအိုပညာရှင်ကို ရန်စနေခြင်း ဖြစ်သည်။ သို့သော် အလွန်အကြူး မလုပ်ရဲချေ။
“ဆင်းရဲတဲ့ ကောင်စုတ်လေး။ မင်းက ငါ့ကို လှည့်ကွက် ဆင်ရဲတယ်။ ငါ မင်းကို သေအောင်ရိုက်နှက်လိုက်လို့ရတယ်။ ဒါပေမဲ့ မပြောပြဘူး။”
ထိုဝတုတ် တာအိုပညာရှင်က လှည့်ထွက်သွားပြီး သူ့ကို လျစ်လျူရှုသွားသည်။
” တာအိုပညာရှင်။ ခများက အတော့်ကိုအကျိုးအကြောင်း နားမလည်တာပဲ။ ခများက ငါ့လက်ထဲက ဝိညာဥ်လက်နက်သုံးခုတောင် ယူသွားတယ်။ အခု ငါက အကြောင်းအရာလေး နည်းနည်းမေးတာကို ခများက ဒီလိုလုပ်နေတယ်။”
စဥ်းလဲသော တာအိုပညာရှင်က ယဲ့ဖန်းကို ကြည့်ပြီးနောက် သေသည်အထိ ရိုက်နှက်ချင်သွားသည်။ သူကပြောသည်။
“တစ်ဆယ် တစ်ရာ တစ်ထောင်ယူသွားတယ်ဆိုရင်တောင်မှ အဲ့ဒီအစိမ်းရောင် ကြေးနီတုံးနဲ့ လဲလို့ မရဘူး။”
“တာအိုပညာရှင်။ ခများ ဒေါသမထွက်ပဲ နေလို့မရဘူးလား။ ငါက ဒီအတိုင်း ရေကန်ထဲကို ပစ်လိုက်ရုံပဲ မဟုတ်ဘူးလား။ အဲ့တာက ရတနာမှန်း ခများပဲ မပြောခဲ့တာလေ။”
စဥ်းလဲသော တာအိုပညာရှင်က ပို၍ပင် ဝမ်းနည်းသွားရသည်။ အထူးသဖြင့် ၁၁နှစ် ၁၂နှစ်အရွယ်ခန့်သာရှိသော ကလေးလေးက သူ့ကို ထိုသို့ပြန်ပြောနေခြင်းအား မြင်လိုက်ရချိန်တွင် ဖြစ်သည်။ နောက်ဆုံးတွင် သူက ငိုချင်လာသည်။ သို့သော် မျက်ရည်က မထွက်ချေ။ သူက သူ့လက်သူ ခုတ်ပစ်ချင်သွားသည်။ သူ၏လက်များက အသုံးမကျခြင်းဖြစ်သည်။ သူက ထိုကြေးနီရောင် အတုံးလေးတစ်တုံးကိုပင် မထိန်းသိမ်းထားနိုင်ခဲ့ချေ။
“မရိုးဖြောင့်တဲ့ ကောင်းကင်ဘုံ ဖြစ်တည်မှု။”
သူက အသက်ပြင်းပြင်း ရှူပြီးနောက် ပြောသည်။
“ပေါက်ကရတွေ ပြောမနေနဲ့။ လိမ်လိမ်မာမာ နေ … ။”
” အား …။ ”
ယဲ့ဖန်းက ခေါင်းခါပြီးနောက် သက်ပြင်းချသည်။ သို့ရာတွင် သူ၏နှလုံးသားထဲတွင် ခံစားချက်က အလွန်ကောင်းနေသည်။ အချိန်ကာလတို တစ်ခုတည်းဖြစ်သည့်တိုင် ထိုစဥ်းလဲသော တာအိုပညာရှင်က အဆုံးစမဲ့သည့် နောက်တများကို ခံစားနေရသည်။ သူ၏ မကောင်းသော ခံစားချက်များကို အောင်အောင်မြင်မြင် နုတ်ဆွနိုင်ခဲ့ခြင်းအားဖြင့် သူ၏ဒေါသများကို ဖောက်ထုတ်နိုင်ခဲ့သည်။
ယဲ့ဖန်းက ဘာစကားမှ ဆက်မပြောတော့သောအခါ ဝတုတ် တာအိုပညာရှင်က စ​ပြောလာသည်။ သူကလည်း အလွန်အမင်း သနားစရာကောင်းသည်ဟု ထင်ရသောကြောင့်လား မသိ ဆက်ပြောလာသည်။
“အစိမ်းရောင်ကြေးနီရောင်အတုံးက ရှေးဟောင်းအပျက်အစီးမျှော်စင်ထက် အဆင့်နိမ့်တယ်လို့ ဘယ်သူကပြောလဲ။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က အရှေ့ပိုင်းပျက်သုဥ်းခြင်း နယ်မြေကြီးက အဲ့ဒီအစိမ်းရောင် ကြေးနီရောင် ကျောက်တုံးလေးကြောင့် ​အုတ်အော်သောင်းနင်းဖြစ်ခဲ့ရသေးတယ်။”
“အဲ့ဒီလိုကိစ္စမျိုးရှိတာလား။”
ယဲ့ဖန်းက သံသယဝင်ဟန် ဖြစ်သွားသည်။
“ဒါပေါ့။ ရှေးဟောင်း အပျက်အစီးမျှော်စင် ပျောက်သွားရင်တောင်မှ ဒီလိုအခြေအနေမျိုး မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဒီကြေးနီရောင်အတုံးလေးက အရှေးပိုင်း ပျက်သုဥ်းခြင်းနယ်မြေတစ်ခုလုံးကို ဂနာမငြိမ်ဖြစ်စေခဲ့တာ။”
“ရှေးဟောင်းအပျက်အစီး မျှော်စင်က ထာဝရ ရှင်သန်သူကို သေအောင် ဖိနှိပ်နိုင်တယ်။ သူ့ရဲ့အရှိန်အဝါကို ရပ်တန့်လို့ မရဘူး။ အရှေ့ပိုင်း ပျက်သုဥ်းခြင်းနယ်မြေရဲ့ ပြိုင်ဘက်ကင်း ရတနာလို့တောင် သတ်မှတ်လို့ရတယ်။ ဒီတော့ အစိမ်းရောင်အတုံးလေးက ဒီထက် ပိုပြီး စွမ်းအားကြီးတာလား။”
တာအိုပညာရှင်က ပြောသည်။
“ဒီကြေးနီရောင် အတုံးလေးက ဗဟိုရ်ပြင်ကျယ်က ပစ္စည်းပဲ။ အဲ့တာ ပျောက်သွားတော့ ဗဟိုရ်ပြင်ကျယ်က ကျွမ်းကျင်ပညာရှင်အားလုံးနီးပါး ထွက်လာကြပြီး အရှေ့ဘက် ပျက်သုဥ်းခြင်းနယ်မြေ တစ်ခုလုံးကို မြေလှန်ရှာလုနီးပါး လုပ်ခဲ့သေးတယ်။ နောက်တော့ သူတို့က တောင်ပိုင်းတောင်တန်းနဲ့ အနောက်ပိုင်း ကန္တာရပြင်ကျယ်အထိတောင် ​တစ်လျှောက်လုံးရှာခဲ့တာ။ ဒီလောက်ထိ အုတ်အော်သောင်းနင်း ဖြစ်စေခဲ့တာပဲ။”
ယဲ့ဖန်းက ထိုစကားကို ကြားသောအခါ ပဲ့သက်ရှိုက်လိုက်သည်။
ဗဟိုရ်ပြင်ကျယ်က အရှေ့ဘက် ပျက်သုဥ်းခြင်းနယ်မြေထက် အစပေါင်းများစွာကျယ်ကြောင်း သူနားလည်ထားသည်။ နတ်သက်တန့် တိမ်စိုင်ကို စီးသော လူများပင် ကျော်ဖြတ်သွားနိုင်ရန် အလွန်အမင်း ခက်ခဲသည်။ တစ်ဖက်မှ တစ်ဖက်အထိ အဆုံးအထိသွားချင်လျှင် တာအိုအမှတ်အသားကို ထွင်းထုမှ ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် တောင်တန်းနှင့်မြစ်ပြင်များကို ထွင်းထုလိုက်ခြင်းအားဖြင့် ကောင်းကင်စွမ်းအားကို သိပ်သည်းစေနိုင်မည်ဖြစ်ကာ အာကာပြင်ထဲသို့ တိုးထွက်သွားနိုင်ပေလိမ့်မည်။
ကောလဟာလအရ ဗဟိုရ်ကုန်းမြေကြီးတွင် သမိုင်းမှတ်တမ်းဝင်နေရာ ပေါင်းများစွာရှိသည်ဟု ဆိုကြသည်။ ထိုသို့ဖြင့် မဟာသူရဲကောင်းကြီးများ စွမ်းအားကြီးမားသောပုဂ္ဂိုလ်ကြီးများစွာ ရှိသောနေရာလည်းဖြစ်သည်။ ထိုနေရာက အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်ပြီး သမိုင်းဝင် မှတ်တမ်း အပြည့်ရှိသော ရှေးဟောင်း နယ်မြေကြီးဖြစ်နေသည်။
“ဗဟိုရ်ပြင်ကျယ်က ထိပ်တန်း ကျွမ်းကျင်ပညာရှင်တွေကို ဘယ်သူက ရန်စရဲတာလဲ။”
“ဒါပေါ့။ အရှေ့ဘက် ပျက်သုဥ်းခြင်း နယ်မြေက မိစ္ဆာမျိုးနွယ်ကို စုစည်းခဲ့တဲ့ အဲ့ဒီနောက်ဆုံး မိစ္ဆာ ဧကရာဇ်ပဲ … ။ သူက အရှေ့ဘက် ပျက်သုဥ်းခြင်းနယ်မြေဆိုတဲ့ရှေးဟောင်း အရှေ့ဘက် ကုန်းမြေကြီးတစ်ခုလုံးကို ဒုက္ခပေးခဲ့တာ။”
“ဒါဆိုရင် မိစ္ဆာဧကရာဇ်က အတော်လေးကို စွမ်းအားကြီးတာပေါ့။ သူက နေရာတိုင်းကို မုန်တိုင်းထန်စေခဲ့တာပဲ။ သူက အတော်လေးကို ထူးခြားတဲ့သူ ဖြစ်နိုင်တယ်။”
စဥ်းလဲသော တာအိုပညာရှင်က သူ့ကို မပျော်မရွှင်ကြည့်ကာ ပြောသည်။
” မင်း ဒီလိုပြောဖို့ လိုသေးလို့လား။ သူသာ လုံလောက်အောင် စွမ်းအားမကြီးရင် အရှေ့ဘက် ပျက်သုဥ်းခြင်းနယ်မြေက သာမန် မိစ္ဆာမျိုးနွယ်ကို စည်းလုံးညီညွှတ်အောင် စုစည်းခဲ့ပြီး ထာဝရ ရှင်သန်သူ အရှင်သခင်ဘဝကို ရောက်ခဲ့တာမလား။”
ယဲ့ဖန်းက တစ်ခဏခန့် တွေးတောပြီးနောက်ပြောသည်။
“အစိမ်းရောင် ကြေးနီရောင်အတုံးက ဗဟိုရ်ပြင်ကျယ်နဲ့ သက်ဆိုင်နေတယ်လို့ ခင်များက ဘာလို့ သေချာနေတာလဲ။”
အပိုင်း (၆၇) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset