Chapter – 63
ယဲ့ဖန်း၏ လက်ချောင်းထိပ်မှ ရွှေရောင်အပ်မျှင်လိုမျိုး အလင်းတန်းတစ်တန်းက ထွက်သွားပြီး တောင်ကျောက်ကမ်းပါးကို ကွဲထွက်အောင် ခွဲချလိုက်သည်။ ချက်ချင်းလိုလို အစိမ်းရောင်အလင်းမှုန်ပေါင်းများစွာ ထွက်လာပြီးနောက် တောင်၏အတွင်းပိုင်း တစ်ဝက်ခန့်က ပေါ်လာသည်။ သူက သူ၏လက်ဖြင့် ထိုအရာကို ဖမ်းကိုင်လိုက်ပြီး အားသုံးကာ ဆွဲထုတ်လိုက်သည်။ ချက်ချင်းလိုလို အစိမ်းရောင်မြူထုတစ်ခုလုံးက ကောင်းကင်ကို လွှမ်းခြုံသွားကာ သူ့ကို မျက်လုံးမှေးကျဥ်းကာ ကြည့်လိုက်စေသည်။
ရွှီ …။
ထိုအရာက အစိမ်းရောင်ဓားမြှောင်တစ်လက်ဖြစ်သည်။ အပြည့်အဝဆွဲထုတ်ပြီးနောက် သတ္ထုချင်း တိုက်ခိုက်သံက ထွက်ပေါ်လာသည်။ ဓားမြှောင်ပတ်ဝန်းကျင်မှ အစိမ်းရောင်မြူထု အလင်းတန်းများက ဝှေ့ဝဲကာ မယုံနိုင်စရာကောင်းလောက်အောင် ထက်ရှသည်။ သို့သော် ခြေချောင်းတစ်ဝက်ခန့်ပင် မရှိချေ။ အစိမ်းရောင်အငွေ့များက များလွန်း၍ အစိမ်းရောင်ရေကန်ထဲမှ ဆွဲထုတ်လာသည့်အလား ထင်ရလောက်အောင် စိုရွှဲနေသည်။ ထို့အပြင် တလက်လက်တောက်ပပြီး ဖောက်ထွင်းမြင်ရမတက် တည်ငြိမ်နေ၏။ လေအေးများကို လွှင့်ထုတ်နေသေးသည်။
ယဲ့ဖန်းကလည်း ၄င်းက သာမန်ပစ္စည်းမဟုတ်ကြောင်း သိလိုက်သည်။ မိစ္ဆာမျိုးနွယ်မှ မိစ္ဆာဧကရာဇ်က ထိန်းသိမ်းထားသောကြောင့် သာမန်ပစ္စည်း မဟုတ်နိုင်တော့ချေ။
“ဟား ဟား …။”
ထိုအချိန်တွင် ခပ်ကြမ်းကြမ်း ပုံပန်းသွင်ပြင်ရှိသည့် ခပ်ဝဝ တာအိုဘုန်းတော်ကြီးတစ်ပါးက နတ်သက်တန့်တိမ်စိုင်ကို စီးနင်းကာ ရောက်လာသည်။ သူက အလွန်ဝဖိုင့်ပြီး လေးလံထိုင်းမှိုင်းသလို ထင်ရပြီး လှုပ်ရှားမှုက အလွန်မြန်သည်။ သူက တိတ်တဆိတ်ဖြင့် သစ်ရွက်ကြွေလိုမျိုး အနောက်သို့ရောက်လာကာ အပြုံးနှင့်ပြောသည်။
“ငါက တကယ်ကံကောင်းတာပဲ။ ငါ ဝိညာဥ်လက်နက်နောက်ကို လိုက်ဖမ်းပြီး တကယ်ရသွားလိမ့်မယ်လို့ မထင်ထားဘူး။”
ထိုသို့ပြောပြီးနောက် သူက လက်ဆန့်လိုက်ကာ ယဲ့ဖန်း၏လက်ထဲမှ ဓားမြှောင်ကို လှမ်းဆွဲယူသည်။ သူက ကြင်နာစွာပြုံးကာ ပြောသည်။
” ကလေး …။ ဒါက သေစေနိုင်တဲ့ လက်နက်ပဲ။ မင်း မဖိနှိပ်နိုင်ဘူး။ လာပါ …။ ဒီတာအိုအဖိုးကိုပဲ သိမ်းပေးခိုင်းလိုက်စမ်းပါ။”
ယဲ့ဖန်းကမူ ထိုလူကောင်ကြီး၏ မျက်နှာကို လက်သီးဖြင့်သာ ထိုးလိုက်ချင်သည်။ ထိုတာအိုဝတုတ်က မရိုးသားချေ။ သူက သူ့ကို ကလေးတစ်ယောက်လို အမှန်တကယ် ဆက်ဆံနေသည်။ ယဲ့ဖန်းကမူ နောက်ဆုတ်ကာ ရှောင်လိုက်သည်။ ထိုတာအိုဘုန်းတော်ကြီးကမူ လက်ကို တစ်ချက်ယမ်းလိုက်ပြီးနောက် တစ်စုံတစ်ရာကို ဆွဲယူသွားသည်။ သူက ရယ်ကာ ပြောသည်။
” ကလေး ငါ ဒီကြင်နာမှုကို မှတ်သားထားမယ်။ တောင်တွေက ဘယ်တော့မှ ဇောက်ထိုးမရှိနိုင်သလို လမ်းတွေကလည်း အတည့်ပဲရှိလိမ့်မယ်။ နောက်တစ်ကြိမ် ငါတို့တွေ့ဆုံတဲ့အခါ ဒီတာအိုအဖိုးက မင်းကို သေချာပေါက် ကျေးဇူးတင်မှာပါ။”
ထိုစကားများကို ပြောပြီးနောက် ထိုအဖိုးကြီးက ဖင်ကိုခါကာ ထွက်ခွာသွားသည်။ ခြစ်ခနဲ မြည်သံနှင့်အတူ သူက နတ်သက်တန့်တိမ်စိုင်ကို စီးနင်းကာ ကောင်းကင်သို့ ထိုးတက်ပြီး ထွက်သွားတော့သည်။
“သောက်ကျိုးနည်း ဝတုတ်။ ငါ မင်းကို မှတ်ထားမယ်။”
ယဲ့ဖန်းက လေသံတိုးတိုးဖြင့် ကျိန်ဆဲပြီးနောက် ကောင်းကင်ကို လက်သီးဖြင့် ချိန်ရွယ်ကာ ကြိမ်းမောင်းသည်။ သူ၏ လက်ထဲသို့ ရောက်ခဲ့သည့် ထိုစိတ်ဝိညာဥ်လက်နက်က ပူပင် မပူသေးခင် တစ်ဖက်လူက တွေ့သွားခဲ့သည်။ သူက အလွန်မသက်မသာ ဖြစ်နေသည်။
“ဒီတာအိုအဖိုးက မဝဘူး။ ဒီအတိုင်း အင်အားကြီးတာ။”
အသက်သုံးဆယ်အရွယ် ရှိနေပြီဖြစ်သည့် ထိုဝတုတ် တာအိုဘုန်းတော်ကြီး၏ နားက အလွန်စူးရှသည်။ သူက မီတာရာပေါင်းများစွာအကွာ ရှိနေပြီးသည့်တိုင် ယဲ့ဖန်း၏ ခပ်တိုးတိုး လေသံကို ကြားနေသေးသည်။ သူကနောက်လှည့်ပြီးနောက် နှင်းကဲ့သို့ ဖြူဖွေးသည့်သွားများကို ဖြဲပြကာပြောသည်။ သူ၏အပြုံးက အလွန်အမင်း တောက်ပသည်။ သူက ပြောသည်။
“ငါတို့ နောက်တစ်ကြိမ် ဆုံတဲ့အခါ ဒီတာအိုအဖိုးအိုက မင်းကို ကံကောင်းမှု ဆောင်ယူပေးမယ်။”
ယဲ့ဖန်က သူ၏ စိတ်ဝိညာဥ် အာရုံခံနိုင်စွမ်းအားက အလွန်အာရုံစူးရှကြောင်း မြင်သောအခါ အသံမထွက်ရဲတော့ချေ။ မျက်လုံးသာ လှန်ပြလိုက်ပြီးနောက် ထိုဝတုတ် ထွက်သွားသည့် ဝေးသည်ထက်ဝေးသွားခြင်းကိုသာ ကြည့်နေလိုက်သည်။
မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းထဲမှ ထွက်ပြေးလာသည့် ဝိညာဥ်လက်နက် ပေါင်းများစွာရှိသည်။ နေရာတိုင်းသို့ ရောင်စုံအလင်းများလက်ကာ သူတို့က ထွက်ပြေးနေသည်။ ကျင့်ကြံသူအများစုက နတ်သက်တန့် တိမ်စိုင်များကို စီးနင်းကာ ဆက်တိုက် လိုက်ဖမ်းနေသည်။ ထိုသို့ဖြင့် အပျက်အစီးနယ်မြေ၏ အပေါ် ကောင်းကင်တစ်ခုလုံးက အလင်းတန်းများနှင့် အရိပ်များ ရောယှက်နေတော့သည်။
ခြစ် ….။
မိနစ်အနည်းငယ်ကြာပြီးနောက် ယဲ့ဖန်းထံသို့ နောက်ထပ် တာအို သက်တန့်တိမ်စိုင် အလင်းတစ်ခုက တိုးဝင်လာပြီး သူ့ကို ထိတ်လန့်သွားစေပြန်သည်။ သူက အလျင်စလို ရှောင်ရှားလိုက်သည်။ တောက်လောင်နေသော တိမ်စိုင်လိုမျိုး ထင်ရသည့် သွေးနီရောင်တိမ်စိုင်ကြီးက ရုတ်တရက် ထိုးဝင်လာပြီးနောက်တွင် ဘေးနားရှိ တောင်နံရံထဲသို့ ထိုးစိုက်သွားသည်။
ယဲ့ဖန်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူက အလွန်ကံကောင်းသည်ဟု တွေးမိလိုက်ပြီး ပျော်ရွှင်သွားသည်။ သူက ရထားသည့် ဓားမြှောင်ကို တာအိုဝတုတ်က လုသွားသည်။ ယခုမူ နောက်ထပ်လက်နက်တစ်ခုက သူ့ရှေ့တွင် ပေါ်လာပြန်သည်။ သူက သတိအနေအထားထားကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် မည်သူကမှ ဖြတ်သွားကြောင်း မတွေ့ရသဖြင့် သူ၏လက်မှ ရွှေရောင်အပ်မျှင်များကဲ့သို့ အလင်းတန်းများကို ထုတ်ဖော်လိုက်ကာ တာအိုနံရံကို အသာအယာ ထိုးခွဲလိုက်ပြီးနောက် သွေးရောင်ပုလဲလုံးကို ထုတ်ယူလိုက်သည်။ ဤနည်းအားဖြင့် သွေးရောင်အလင်းတန်းများက အရပ်မျက်နှာအနှံ့ တိုးဝှေ့သွားပြန်သည်။
“ဟား ဟား ဟား ဟား …။ ”
နောက်ထပ်ရယ်သံက ထွက်ပေါ်လာပြန်သည်။ အဝေးရှိကောင်းကင်မှ တာအိုဝတုတ်က သဘောတကျ အော်ရယ်သည့်အပြင် အပြေးလာသည်။ သူက အသားကုန်ဖြဲကာ အော်ရယ်နေသဖြင့် ပါးစပ်က နားရွက်တက်ချိတ်မလား ထင်ရသည်။ သူက နတ်သက်တန့်တိမ်စိုင်ကို စီးနှင်းကာ အပြေးရောက်လာသည်။
“သေစမ်း …။ ”
ယဲ့ဖန်းက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူက သွေးနီးရောင်အလင်းတန်း ကိုင်ထားသည့်ပုလဲလုံးကို ကိုင်လျက် ထွက်ပြေးရန် ကြံစည်သည်။
“ဒီသနားစရာ တာအို ဘုန်းတော်ကြီးက ဒီမိတ်ဆွေလေးနဲ့ အတော်လေးကို ကံကြမ္မာပါတာပဲ။ မင်းနဲ့ ဒီလောက်မြန်မြန် ပြန်တွေ့ရမယ်လို့ မထင်ထားမိဘူး။”
ထိုဝတုတ် တာအိုဘုန်းတော်ကြီးက သဘောတကျရယ်နေသည်။ သူက ဝှစ်ခနဲ မြည်သံနှင့်အတူ ယဲ့ဖန်း၏ အရှေ့သို့ ရောက်လာပြီးနောက် လမ်းကြောင်းကိုပိတ်သည်။ သူက သူ၏ ဝတုတ်နေသော လက်ကြီးကိုဆန့်ပြီး တောက်ပနေသော အပြုံးဖြင့်ပြောသည်။
“ဒီသနားစရာကောင်းတဲ့ တာအိုဘုန်းတော်ကြီးက မိတ်ဆွေးလေးနဲ့ ကံကြမ္မာပါတယ်ဆိုမှတော့ မိတ်ဆွေးလေ ဒါကို ငါ့ကို ငှားလိုက်ပါ .. ။”
“တာအိုဘုန်းတော်ကြီး။ ဒါက ခင်ဗျားက အနိုင်ကျင့်တာဖြစ်သွားပြီ။”
ယဲ့ဖန်းက အလွန်အမင်း ဒေါသထွက်နေသည်။ သူက ရောင်စုံအလင်းတန်း တောက်ပနေသည့် ပုလဲလုံးကို ကိုင်ပြီး နောက်ဆုတ်သည်။ သူက ပြောသည်။
” ခင်ဗျား … ကျုပ်ရဲ့စိတ်ဝိညာဥ် လက်နက်တစ်ခုကို ယူသွားခဲ့ပြီးပြီ။ ဒါတော့ မပေးနိုင်ဘူး။”
“ဒါက မိစ္ဆာတစ်ကောင်က ပုံသဏ္ဍာန်ပြောင်းထားတာ မိတ်ဆွေလေး။ မင်း ဒါကို မဖိနှိပ်နိုင်ဘူး။ ဒီဆင်းရဲတဲ့ တာအိုဘုန်းတော်ကြီးက မင်းကို ကောင်းဖို့အတွက် ကူညီပေးနေတာပါ။ ငါက ဒါကို အညံ့ခံအောင် သိမ်းသွင်းပေးနိုင်တယ်။”
ထိုတာအိုဝတုတ် ဘုန်းတော်ကြီး၏ မျက်နှာက နီရဲနေသည်။ သူက အဆီများပြည့်နေသည့် လက်ကြီးကို ဆန့်လိုက်ကာ ရယ်မောသံနှင့်အတူ ဝှစ်ခနဲမြည်သံ ပေါ်ထွက်စေလျက် အနီရောင်ပုလဲလုံးကို ယူလိုက်သည်။ ယဲ့ဖန်းက အလွန်အမင်း ဒေါသထွက်သွားသည် ။ သူ၏ သွား အမြစ်နေရာကပင် ယားယံလာသည်။ သူက ပြောသည်။
“တာအို ဘုန်းတော်ကြီး ငါတို့ထပ်တွေ့ရင် ခများကငါ့ကို ကံကြမ္မာကောင်း ဆောင်ယူပေးမယ်လို့ ပြောထားတယ်မဟုတ်ဘူးလား။ ကျေးဇူးတင်မယ်လို့လည်း ပြောထားသေးတယ်။ ဘာလို့ ငါ့ရဲ့ပစ္စည်းကို ထပ်ခိုးပြန်တာလဲ။ ခများ ဓားကို ရထားပြီးတာတောင် ဒီပုလဲကိုတော့ ငါ့ကိုပြန်ပေးသင့်တယ်။”
” ဒါ မမှန်ဘူး။ မိတ်ဆွေလေး မင်း နားမလည်သေးဘူးလား .. ။”
ထိုဝတုတ် တာအိုဘုန်းတော်ကြီး၏မျက်နှာက အပြုံးအပြည့် ရှိနေသည်။ သူက အရှက်မဲ့သော လူရမ်းကားနှင့်ပင် တူနေသေးသည်။
“တိတိကျကျပြောရရင် ငါတို့ပထမဦးဆုံးအကြိမ် ထပ်တွေ့တဲ့အချိန်မှာတုန်းက ကောင်းမွန်တဲ့ ကံကြမ္မာတစ်ခု ပိုင်ဆိုင်သွားလို့ နောက်ထပ်တစ်ကြိမ် ထပ်တွေ့ရတာပဲ။ ဒီလိုအခြေနေကြောင့် ငါက ဒီမိစ္ဆာပုလဲကို ဖိနှိပ်ပြီး မင်းကို ကံမဆိုးအောင် ကူညီပေးနိုင်တယ်။ ဒီလိုဆိုရင် မင်းက ကံကောင်းသွားပြီမဟုတ်လား။ ဒါက မင်းကို ကံကောင်းစေတဲ့ အချက်ပဲ။”
“…”
ယဲ့ဖန်းက သူ့ကို ရိုက်သတ်ချင်သွားသည်။ သူက ထိုဝတုတ်၏မျက်နှာကို ခြေထောက်နှင့်ပင် စောင့်ကန်ချင်သွားသည်။ ထိုဝတုတ်မျက်နှာတွင် သူ၏ခြေရာရှိနေလျှင် အလွန်ကောင်းပေလိမ့်မည်။ သို့ရာတွင် ထိုဝတုတ်၏ မြင့်မားသော ကျင့်ကြံနည်းအဆင့်ကို ရိပ်မိပြီးနောက် ထိုသို့လုပ်ချင်စိတ်ကို ထိန်းသိမ်းလိုက်ရသည်။
“အကန့်အသတ်မဲ့အောင် စွမ်းအားကြီးမားတဲ့ ကောင်းကင်ဘုံဖြစ်ပါစေ … မိတ်ဆွေလေး ငါတို့တွေ ကံကြမ္မာရှိသေးရင် ထပ်ပြီးဆုံကြမှာပါ။ ဒီဆင်းရဲတဲ့ တာအိုပညာရှင်က ထွက်သွားလိုက်ပါတော့မယ်။”
ထိုဝတုတ် တာအိုပညာရှင်က ဖင်လိမ်တွန့်ပြီးနောက် ချက်ချင်းလိုလို ပြန်လှည့်ကာ နတ်သက်တန့်တိမ်စိုင်ပေါ်ကို ခုန်တက်လိုက်ပြန်သည်။ ဤနည်းအားဖြင့် ဝှစ်ခနဲမြည်သံနှင့်အတူ ပျောက်ကွယ်သွားပြန်သည်။
“သောက်ကျိုးနည်း ဝတုတ်။ ငါ ဒီတစ်ဘဝလုံး မင်းကိုလုံးဝ ပြန်မတွေ့ချင်ဘူး။”
ယဲ့ဖန်း၏မျက်နှာက ရှုံ့မဲ့နေသည်။ သူက ကံဆိုးလွန်းသည်ဟု ခံစားနေရသည်။ သူက အလွန်အမင်း စိတ်ရှုပ်ထွေးနေသည်။ ထိုနှလုံးသားမဲ့သည့် တာအိုပညာရှင်က လူသားဆန်စိတ် မရှိချေ။
ဗုန်း …။
အဝေးတစ်နေရာမှ ပုဂ္ဂိုလ်ကြီးငါးယောက်က တစ်ဖန်ကြမ်းတမ်းစွာ တိုက်ခိုက်ကြပြန်သည်။ သူတို့၏လက်ထဲရှိ စွမ်းအားကြီးမားသည့် လက်နက်များက အခြားသော ထောင့်တစ်နေရာကို ဖျက်ဆီးရန် ကြိုးစားနေကြသည်။ ထိုသို့ဖြင့် ရောင်စုံအလင်းတန်းများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားချိန်တွင် ပို၍များပြားသော စိတ်ဝိညာဥ်လက်နက်များက ထွက်လာပြန်သည်။
ထိုပုဂ္ဂိုလ်ကြီးငါးယောက်၏ နတ်အလင်းတန်းက ပြိုင်ဘက်ကင်းသည့်တိုင်အောင် သူတို့က ထိုရောင်စုံအလင်းတန်းတိုင်းကို မတားဆီးနိုင်ခဲ့ချေ။
ထို့ကြောင့် လက်နက်ပေါင်းများစွာက လွင့်ထွက်သွားသည်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူပေါင်းများစွာက ပျော်ရွှင်သော မျက်နှားထားများ ဖြစ်သွားကြသည်။ သူတို့က သူတို့၏ နတ်သက်တန့်တိမ်စင်များကို စီးနှင်းကာ အရပ်မျက်နှာအနှံ့သို့ လူစုခွဲပြီး လိုက်ကြပြန်သည်။
ယဲ့ဖန်းက ကျောက်တောင်ပေါ်တွင်သာ သုန်သုန်မှုန်မှုန်ဖြင့် ထိုင်နေသည်။ သူက အရပ်မျက်နှာအနှံ့ လွင့်စင်နေသည့် ရောင်စုံအလင်းတန်းများကို ကြည့်သည်။ သူက ကူကယ်ရာမဲ့နေသည်။ သူက ပြောသည်။
” အဲ့ဒီ သောက်ကျိုးနည်း ဝတုတ်။ နှလုံးသားမဲ့တဲ့ မိစ္ဆာတာအိုပညာရှင်။ သူ အလုခံရပြီး တာအိုဝတ်ရုံတောင် မကျန်ခဲ့ပါစေနဲ့လို့ ဆုတောင်းတယ်။”
ခြစ်
အဝေးရှိကောင်းကင်မှ ခရမ်းရောင် အလင်းတန်းတစ်ခုက တောက်ပလာပြီးနောက် ရေက စီးဆင်းသွားသလိုမျိုး ချောခနဲ တိုးဝင်လာပြီး သူ၏အရှေ့ဘက် ကျောက်တုံးနံရံထဲသို့ တိုးဝင်သွားပြန်သည်။ ယဲ့ဖန်းက မျက်လုံးအပြူးသား ဖြစ်သွားပြန်သည်။ ယင်းက ဒီနေရာသို့ရောက်လာသော တတိယမြောက် ဝိညာဥ်လက်နက် ဖြစ်နေသည်။ အလွန်းအမင်း ထူးဆန်းနေသည်။
“ဒီနေရာက ဘာလဲ။…”
ဒီနေရာက တစ်ခုခုမှားယွင်းနေသည်ဟု ဖြော့တော့စွာ ခံစားလိုက်ရသည်။ ဒီနေရာကပင် ထူးဆန်းနေခြင်းဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ထိုမျှတိုက်ဆိုင်လွန်းသော ကိစ္စက မရှိနိုင်လောက်ချေ။
ဒီတစ်ကြိမ်တွင် ယဲ့ဖန်းကလည်း အလျင်စလို မလှုပ်ရှားတော့ချေ။ ထို့နောက် သူက အချိန်အတန်ကြာစောင့်သည်။ အချိန်အတန်ကြာသည်အထိ မည်သူကမှ ဖြတ်မသွားမှသာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ဒီတစ်ကြိမ်တော့ အဲ့ဒီသောက်ကျိုးနည်း ဝတုတ် ပေါ်မလာလောက်ပါဘူး။ ဟုတ်တယ် မလား။”
သူက ကျောက်တုံးနံရံကို ဂရုတစိုက် တွန်းကြည့်လိုက်သည်။ ချက်ချင်းလိုလို ယစ်မူးဖွယ်ကောင်းသော ခရမ်းရောင်အလင်းတန်း ပေါင်းများစွာက ထွက်လာလေပြီး သူ၏ လက်ဖဝါးကိုပင် ရောင်ပြန်ဟက်လာစေသည်။ ထို့နောက် တလက်လက်တောက်ပကာ အလင်းမှုန်များကို ထုတ်လွင့်လာသည်။
ခရမ်းရောင်ချည်က လေထုထဲသို့ ထိုးခွဲသွားလေပြီး လူအများကို သက်တောင့်သက်သာ ဖြစ်လာစေသည့်တိုင် ယင်းက ခရမ်းရောင်အလင်းတန်းများ ထုတ်လွင့်နေသည့် လက်မတွင် စွပ်ရသည့် ခရမ်းရောင် အကွင်းလေးတစ်ခု ဖြစ်သည်။ ခမ်းနားသော အလင်းတန်းများကိုလည်း ထုတ်လွင့်နေကာ ကြည့်၍ကောင်းသည်။
“နှလုံးသားမဲ့တဲ့ သောက်ကျိုးနည်း ဝတုတ်။ မင်းကငါ့ရဲ့ ရတနာနှစ်ခုကို လုသွားတယ်။ မဟုတ်ရင် ငါကသုံးခုတောင် ပိုင်ထားမှာပဲ။”
ယဲ့ဖန်းက စိတ်ပျက်လက်ပျက် ပြောသည်။
“ဒီတစ်ကြိမ်တော့ သူ့ကို တွေ့ခွင့်ပြုလို့ မရတော့ဘူး။”
“ဒီဆင်းရဲတဲ့ တာအိုပညာရှင်က လာပါပြီ။”
ယဲ့ဖန်းက ရေရွတ်၍ ပြီးသွားသည့်အချိန်တွင် ဝတုတ်တစ်ယောက်က ပေါ်လာပြန်သည်။ သူ၏ မျက်နှာတွင် ပျော်ရွှင်မှုက ပြည့်နှက်နေသည်။ သူ၏ နဖူးတွင် အရေးကြောင်းများကပင် ထနေသေးသည်။ သူ၏ပါးစပ်ကလည်း အလွန်ပင်ကျယ်နေကာ နားရွက်ထိ ချိတ်မတက် ထင်ရသည်။ သူ၏ လောဘကြီးသောအမူအရာက ထင်ရှားစွာ ပေါ်နေသည်။ သူက ကျယ်လောင်စွာ အော်ရယ်ကာပြောသည်။
“မိတ်ဆွေလေး ငါတို့က တွေ့ဆုံဖို့ ကံကြမ္မာကို ပါနေတာ .. ။”
” ငလူးမသားကြီး …”
ယဲ့ဖန်း၏မျက်နှာက အစိမ်းရောင်သန်းသွားသည်။ ထိုတာအိုဝတုတ်က သူ့ကို ခွေးအရေခွံ ပလာစတာကဲ့သို့ အသုံးပြုနေသည်ဟု မထင်ထားမိချေ။ သူက ဒေါသတကြီးအော်သည်။
“သရဲပဲ ခင်ဗျားနဲ့ ကံကြမ္မာပါချင်နေလိမ့်မယ်။”
“မင်းနဲ့ငါနဲ့က တကယ်ကို ကံကြမ္မာပါတာပါ။”
ဝတုတ် တာအိုပညာရှင်၏ မျက်နှာက နီရဲသွားခြင်းမရှိသလို အရောင်အဝါ ပြောင်းလဲသွားခြင်းလည်း မရှိချေ။ သူက လေးလန်သောမျက်နှာထားဖြင့် လက်ချောင်းများဖြင့် ရေတွက်ကာပြောသည်။
“မင်း မြင်လား။ ဒီလောက်တိုတောင်းတဲ့ အချိန်တိုအတွင်းမှာ ငါ မင်းနဲ့ သုံးကြိမ်တောင် ဆုံပြီးပြီ။ ငါတို့က ကံကြမ္မာပါတာ မဟုတ်လို့ ဘာဖြစ်မလဲ။ ဒါက ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒပဲ။”
” ခင်ဗျားရဲ့ အဘိုးပဲ ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒနေလိုက်။”
ယဲ့ဖန်းက ခြေထောက်ကိုမြှောက်ပြီးနောက် တစ်ဖက်လူ၏ ဖင်ကို နှစ်ချက်ခန့် ကန်ချင်သွားသည်။ သို့ရာတွင် ခွန်အားချင်း ကွာခြားမှုကို စဥ်းစားပြီးနောက် ဒေါသကို ဖိနှိပ်လိုက်ရပြန်သည်။ နောက်ဆုံးတွင် ဘေးဘက်သို့ လျှောက်သွားပြီးနောက် ကောင်းကင်ကို ကြည့်ကာ အော်သည်။
စိတ်ဝိညာဥ်လက်နက် …။
သူက အားသုံးကာ ထိုလက်စွပ်ကို လွင့်ပစ်လိုက်သည်။ ဤနည်းအားဖြင့် အခြားသူများ ယူသွားမည်ဆိုလျှင်ပင် ထိုဝတုတ်ကို မယူစေချင်ချေ။
သို့မဟုတ်လျှင် သူက ဒေါသထွက်ရလွန်းသဖြင့် သွေးအန်မိလောက်သည်။ ထိုသို့ဖြင့် ခရမ်းရောင်အလင်းတန်းများက ကောင်းကင်သို့ ထွက်သွားသည်။ သို့သော် တာအိုဝတုတ်၏ တုန့်ပြန်မှုက သူ၏ပုံစံနှင့်ပင် လိုက်မိခြင်းမရှိချေ။ သူက ဝှစ်ခနဲ မြည်သံနှင့်အတူ ချက်ချင်းခုန်ထွက်သွားသည်။ ထိုလက်စွပ်က မီတာတစ်ရာ မကျော်ခင် ချက်ချင်းလိုလိုပင် သူက ဖမ်းမိသွားသည်။ ထို့နောက် သူက မြေပြင်ပေါ်သို့ အပြုံးကျယ်ကြီးနှင့် ရောက်လာကာပြောသည်။
“ဒါက ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒဆိုမှတော့ ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒပဲပေါ့။”
ယဲ့ဖန်းကမူ သွေးအန်ချင်သွားသည်။ ထိုသောက်ကျိုးနည်းဝတုတ်က အရှက်မဲ့လွန်းသည်။ သူက လူအများကို ဒေါသထွက်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်နေသည်။
“တာအိုပညာရှင် ခင်ဗျား အတော်လေးကို လွန်နေပြီ။”
ယဲ့ဖန်း၏နဖူးမှ သွေးကြောများက ဖောင်းတက်လာသည်။ သူကပြောသည်။
“ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ ခများမှာ လုံလောက်တဲ့ အဆင့်အတန်း လုံလောက်တဲ့အင်အား ပိုင်ဆိုင်ထားမှာပဲ။ ဘယ်သူကမှ ဒီလောက်ထိ လောဘကြီးလို့မရဘူး။”
“ဒီဆင်းရဲတဲ့ တာအိုပညာရှင်က ကိုယ့်ကိုကို သေချာကျက်မှတ်ထားပါတယ်။ ပြင်ပရေးရာကိစ္စတွေက ဒီဘုန်းတော်ကြီးရဲ့ ခိုင်မာတဲ့နှလုံးသားကို သိမ်းပိုက်ရဖို့က အရမ်းကို ခက်ခဲလွန်းတယ်။ ဒီဘုန်းတော်ကြီးက အမြဲတစေ နှလုံးသားကို သန့်ရှင်းစင်ကြယ်အောင် ထားထားတာ။ ဒါကြောင့် ငါ့ရဲ့နှလုံးသားက ကောင်းကင်က နတ်လမင်းလိုမျိုး တောက်ပနေတာပေါ့။”
သူက ထိုသို့ပြုမူနေပြီး လူရမ်းကားလို ပြုမူနေကြောင်း မြင်သောအခါ ယဲ့ဖန်း၏နဖူးက အနက်ရောင်အစင်းတန်းများပင် ပေါ်လာမတက် ဖြစ်လာသည်။ သူကပြောသည်။
“ခင်ဗျားက ဒီလောက် ကိုယ့်ကိုကိုယ် ကျက်မှတ်ထားတယ်ဆိုမှတော့ ငါ့ရဲ့ပစ္စည်းတွေပြန်ပေးလိုက်လေ။”
“ဘုန်းတော်ကြီးတစ်ပါးက သနားညှာသာစိတ် ရှိရတယ်။ ငါတို့ကြားက ကံကြမ္မာကောင်းက ဒီဆင်းရဲတဲ့ ဘုန်းတော်ကြီးကို မင်းကို သုံးကြိမ်တိုင်တိုင် ကပ်ဘေးမရောက်အောင် ကူညီပေးနိုင်စေခဲ့တယ်။ ငါက တွန့်ဆုတ်စွာနဲ့ ငါ့ရဲ့အိုမင်းနာမကျန်းတဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်လို့ ဒီမဟာမိစ္ဆာသုံးကောင်ကိုတောင် ဖိနှိပ်ပေးခဲ့ရတာပဲ။”
ထိုတာအိုပညာရှင်ဝတုတ်၏ မျက်နှာတွင် သာဘောထားကြီးသော အပြုံးများက အပြည့်ပေါ်နေသည်။ သူက အလွန်ရိုးရှင်းကာ ရိုးသားဟန်ပေါက်သည်။ သူက တိုင်းတာရန် ခက်ခဲသော ကောင်းကင်ဘုံ ဖြစ်တည်မှုကိုပင် ရွတ်ဆိုနေသေးကာ မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ယောက်အလား ပြုမူနေသည်။
“ခင်များ လူရမ်းကား … ငလူးမ ..။ ”
ယဲ့ဖန်းက အံကိုကျိတ်ကာ ပြောသည်။
“တာအိုပညာရှင် ခင်ဗျားရဲ့နာမည်က ဘာလဲ။”
“ငါ့ရဲ့နာမည်က သွမ့်သဲ့ပါ။”
“ခင်ဗျားက လူသားဆန်စိတ် ကင်းလွတ်နေတာ အံ့ဩစရာ မရှိတော့ဘူး။ သွမ့်သဲ့ဆိုကတည်းက လူသားဆန်စိတ် မရှိတော့တာ။ ခင်ဗျားက သေချာပေါက် လူသားဆန်တဲ့ စိတ် ကင်းလွတ်နေတဲ့သူပဲ။”
အပိုင်း ( ၆၃ ) ပြီး၏။