Switch Mode

Chapter – 913

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၁၃)

သူတို့ ကြုံတွေ့ခဲ့ရသမျှကို ပြန်စဉ်းစားမိရုံဖြင့် မွန်းစတား မျိုးနွယ်စုမှ စီနီယာကြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြသည်။

အစိမ်းရောင်ပင်လယ်ဖြစ်စေ၊ သွေးပင်လယ်ဖြစ်စေ၊ ကျောက်တိုင်ရှစ်တိုင် ဖြစ်စေ၊ အကုန်လုံးသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတော်စင် တတိယအဆင့် ဖြစ်ကြသော သူတို့သည်ပင် ပထမ အတားအဆီးနှစ်ခုကို ကျော်ဖြတ်ရုံလေး ကျော်ဖြတ်နိုင်ခဲ့ကြပြီး နောက်ဆုံးတစ်ခုကိုမူ လုံးဝ လက်မှိုင်ချခဲ့ကြရသည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက စီစဉ်ထားခဲ့သော အရာလေးများပင် ထိုမျှ အားကောင်းနေလျှင် မဟာနတ်ဆိုးနတ်ဘုရား ကိုယ်တိုင်သည် မည်မျှ အားကောင်းနေမည်နည်း။

မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသို့ မစဉ်းစားရဲတော့။

ထိုဒဏ္ဏာရီလာ ပုဂ္ဂိုလ်ရှေ့တွင် သူတို့ကိုယ်သူတို့ အားနည်းသည့် ကလေးလေးများလို ခံစားလိုက်ရသည်။

“သူဘယ်လောက်သန်မာလဲ ဘယ်သူသိမှာလဲ” ရန်ကိုင်က တောက်ပစွာပြုံးလိုက်ပြီး “သူက သူတော်စင်တတိယအဆင့် ဖြစ်နိုင်သလို အဲ့ထက်ပိုမြင့်တဲ့ အဆင့်မှာလည်း ဖြစ်နိုင်တာပဲ”

“ပိုမြင့်တဲ့အဆင့်လား” မိုးကြိုးနဂါး၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး “အဲ့အကြောင်းကို ဒီဘုရင် ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”

“လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက၊ အင်မော်တယ် တက်လှမ်းခြင်းအထက်မှာ မသေမျိုးအဆင့် ရှိတယ်ဆိုတာကို ကျုပ်သိခဲ့တာမဟုတ်ဘူး။ ကျုပ်လာခဲ့တဲ့ နေရာမှာဆိုရင် မသေမျိုးအဆင့်ကို မသေမျိုးအဆင့်လို့ ခေါ်ရကောင်းမှန်း မသိခဲ့ဘူး။ သူတော်စင်အဆင့် ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး”

မိုးကြိုးနဂါး စီနီယာကြီးက ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြောင်ကြည့်နေမိလိုက်သည်။ အချိန်အတော်ကြာသွားမှပဲ မှင်သေသေ အမူအရာဖြင့် ပြန်မေးလိုက်လေသည် “ဘယ်လို တောကြိုအုံကြားက လာလို့ အဲ့ဒါလေးတွေကိုတောင် မသိရတာလဲ”

“အဲ့အကြောင်းကို ခဏထားလိုက်။ ခင်ဗျားနှစ်ယောက် အားပြန်ပြည့်သွားပြီလား” ရန်ကိုင်က မေးလိုက်သည်။

“တော်တော်လေး ပြန်ဖြည့်ပြီးသွားပြီ။ မင်းပေးတဲ့ ဆေးလုံးက တော်တော်လေး အဆင့်မြင့်တဲ့ပုံပဲ။ အဲ့ဆေးလုံးရဲ့ ကုစားနှုန်းက တော်တော်လေး မြင့်တာဟ။ ဒီဘုရင်ဆီ နည်းနည်းလောက် ထပ်ပို့ပေးပါဦး။ ဘာပဲဖြစ်ဖြစ်၊ မင်းတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေက ဆေးလုံးတွေ တောက်လျှောက် ထုတ်နေတာမလား” မိုးကြိုးနဂါးက နည်းနည်းလေးမှပင် ယဉ်ကျေးခြင်းမရှိဘဲ တောင်းဆိုလိုက်လေသည်။

ဆန်းကြယ်လောကငယ်အား စူးစမ်းရှာဖွေနေစဉ်အတွင်း မွန်းစတားမျိုးနွယ်စုဝင် လေးယောက်မှာ တောင်ကိုကျော်၊ ပင်လယ်ကိုဖြတ်၊ သဲကန္တာရကို ကျော်လွှားခဲ့ရသော်လည်း မည်သည့် အကျိုးအမြတ်မှ မရှိခဲ့ချေ။ ထို့အပြင် သေခါနီးဆဲဆဲပင် ဖြစ်သွားခဲ့ရသည်။ ရန်ကိုင်ကမူ အကျိုးအမြတ် များစွာ ရရှိခဲ့လေသည်။

လီရုန်သည် ဈာန်ဝင်စားသည့် အခြေအနေထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး သူတော်စင်တတိယအဆင့်သို့ ချိုးဖျက်နိုင်ခဲ့၏။ ရန်ကိုင်ကမူ မတွေ့ရသည်မှာ ကြာပြီဖြစ်သော သူ့စီနီယာမမလေးကို ပြန်တွေ့ကာ ကယ်ဆယ်နိုင်ခဲ့သည်။

ရန်ကိုင်ဆီမှ တစ်ခုခုလောက် မညစ်ထုတ်ရလျှင် သူကြိုးစားထားခဲ့ရသမျှ အရာအားလုံး အလဟဿ ဖြစ်သွားလိမ့်မည်ဟု မိုးကြိုးနဂါး ခံစားနေခဲ့ရသည်။

“အခု အရင်ပြန်ကြတာပေါ့။ ကျုပ်ပြန်ရောက်ရင် ခင်ဗျားဆီ ဆေးလုံးတွေ ပို့ပေးလိုက်မယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။ သူ့ဘက်မှ နည်းနည်းလောက် ပြန်မပေးလျှင် ထိုလူများ ကျေနပ်မည်မဟုတ်မှန်း ရန်ကိုင် သိနေခဲ့သည်။

“အင်း။ အဲ့လိုဆိုရင် ဒီဘုရင် သတင်းကောင်းကို စောင့်နေမယ်နော်” မိုးကြိုးနဂါးက ခေါင်းညိတ်လိုက်ပြီး အားရပါးရ ရယ်မောလိုက်သည်။

“ဒီနွားအိုကြီးရဲ့ ဝေစုကိုလည်း မမေ့နဲ့ဦးနော်” မြေကမ္ဘာနွားသိုးက ဝင်သတိပေးလိုက်သည်။

“ဟုတ်တာပေါ့၊ ဘယ်မေ့ပါ့မလဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “နောက်နောင် ကျုပ်တို့က အိမ်နီးချင်‌တွေ ဖြစ်နေဦးမှာလေ။ စီနီယာကြီးတို့ နှစ်ယောက်ကို အားကိုးရမယ့် အချိန်တွေလည်း ရှိလာဦးမှာပေါ့၊ ဟုတ်တယ်မလား”

“မင်းက အရမ်း ယဉ်ကျေးတာပဲ။ ဟားဟားဟား”

ပြောချင်သည်ကို ပြောပြီးသည့်နောက် မိုးကြိုးနဂါးနှင့် မြေကမ္ဘားနွားသိုးသည် တင်ပလင်ခွေ ပြန်ထိုင်ကာ ကိုင်တေနှင့် ကျင်းနီတို့ အားပြန်ပြည့်မည့်အချန်ကို စောင့်နေလိုက်သည်။

ရန်ကိုင်သည် ရှနင်းချန်ဘေးတွင် ထိုင်နေခဲ့သည်။ ရံဖန်ရံခါ မန်ဝူရအား လှမ်းလှမ်းကြည့်တတ်၏။

ဆယ်နှစ်ကြာပြီးသည့်တိုင် စီနီယာမမလေး၏ အရှိန်အဝါသည် ယခင်ကကဲ့သို့ ကင်းစင်သန့်ရှင်းနေဆဲပင်။ နည်းနည်းလေးမှ ပြောင်းလဲသွားခြင်းမရှိ။ သို့သော် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာမူ ပိုပို၍ ပြီးပြည့်စုံလာခဲ့သည်။ သူမ ခန္ဓာကိုယ်ကောက်ကြောင်းများမှာ ပို၍ ဆွဲဆောင်မှု ရှိလာခဲ့လေပြီ။ ခပ်ကြပ်ကြပ် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားသည့်အတွက် သူမ၏ ကောက်ကြောင်းများကို ပို၍ ပေါ်လင်ထင်ရှားနေစေခဲ့သည်။ ထို့အပြင် သူမ အသက်တစ်ခါ ရှူလိုက်တိုင်း ရင်မို့မို့အစုံမှာ မြင့်မြင့်တက်လာခဲ့ရာ ရန်ကိုင်မှာ သူမလေးဆီမှ အကြည့်မခွာနိုင် ဖြစ်နေခဲ့ရသည်။

ထို့အပြင် သူ့စီနီယာမမလေး၏ သင်းပျံ့မွှေးကြိုင်သော ကိုယ်သင်းရနံ့လေးကြောင့် သူ့စိတ်ရောကိုယ်ပါ လန်းဆန်းသွားခဲ့ရသည်။

“သခင်… ဒီမိန်းကလေးကို ကြည့်ရတာ နိုးနေတဲ့ပုံပဲ” လီရုန်က ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည်။

ရန်ကိုင် ရှနင်းချန်အား ကြည့်ကြည့်လိုက်ရာ သူမ၏ မျက်တောင်လေးများ လှုပ်ခတ်လှုပ်ခတ် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ အရှိန်အဝါမှာလည်း သိပ်ပြီး မတည်မငြိမ် ဖြစ်နေခဲ့၏။ ထို့အပြင် သူမ၏ နှလုံးခုန်သံမှာ ပိုပို၍ အားကောင်းလာပြီး ပုံမှန်ထက် အနည်းငယ်လေး ပိုမြန်နေခဲ့သည်။

“ခင်ဗျား ဘယ်ကတည်းက သတိပြုမိလိုက်တာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“သခင် မိုးကြိုးနဂါးနဲ့ စကားပြောနေကတည်းကပါ”

“အဲ့ကတည်းကလား…” ရန်ကိုင် မဆိုသလောက်ကလေး အံ့အားသ့်သွားခဲ့ပြီး နောက်ဆုံးတွင် ပြုံး၍ “ဆက်ပြီးတော့သာ မသိချင်ယောင် ဆောင်နေလိုက်”

“အင်း” လီရုန်က ခေါင်းညိတ်လိုက်သည်။ ရန်ကိုင်နှင့် သူ့စီနီယာမမလေးတို့ မည်သည့်ဇာတ် ကနေသည်ကို သူမ တကယ် နားမလည်နိုင်တော့ပေ။ တစ်ယောက်နှင့်တစ်ယောက် မတွေ့သည်မှာ ဆယ်နှစ်ကျော်ပင် ကြာခဲ့ပြီ ဖြစ်လေရာ နိုးနေလျှင် ဘာကြောင့် ထမတွေ့ဘဲ အိပ်ချင်ယောင် ဆောင်နေရသနည်း။

ရန်ကိုင်သည် ရှနင်းချန်အား ကြင်နာယုယစွာဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

သူ့စီနီယာမမလေးသည် နည်းနည်းလေးမှပင် မပြောင်းလဲသွားခဲ့ချေ။ ဆယ်နှစ်ကြာသွားပြီးနောက် သူမ၏ အိပ်ချင်ယောင်ဆောင်သည့် စွမ်းရည်သည် ယခင်ကကဲ့သို့ ထက်မြက်နေဆဲ။

နေ့တစ်ဝက်ကြာပြီးနောက် ကိုင်တေနှင့် ကျင်းနီတို့ အားပြန်ပြည့်လာခဲ့သည်။ သို့သော်လည်း ကျောက်တိုင် ရှစ်တိုင်၏ လူမဆန်သော နှိပ်စက်မှုကြောင့် ထိုအကြောင်း ပြန်စဉ်းစားမိလိုက်သည်နှင့် သူတို့တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရ၏။

သူတို့၏ လက်ရှိအရည်အချင်းဖြင့် သူတို့အား သေအောင် လုပ်နိုင်သည့် နေရာမျိုး ဤလောကတွင် ရှိဦးမည်ဟု သူတို့ တစ်ခါမှ မစဉ်းစားဖူးခဲ့ချေ။

ကျင်းနီသည် လက်ရှိ နေရာအကြောင်း သွားစုံစမ်းခဲ့သည်။ သူ့စုံစမ်းချက်အရ သူတို့သည် သားရဲပင်လယ်တွင် မဟုတ်သည်ကို သိလိုက်ရသည်။ ထိုတွေ့ရှိမှုကြောင့် ရန်ကိုင်တို့ တစ်ဖွဲ့လုံး ကြောင်သွားခဲ့ရသည်။

“ဒါဆို ဒါက ဘယ်နေရာလဲ” ရန်ကိုင်က မေးလိုက်သည်။

“ဒီကနေ ကီလိုမီတာတစ်ရာအကွာမှာ မြို့သေးသေးလေး တစ်မြို့ရှိတယ်။ ကျုပ်အဲ့မှာ သွားမေးခဲ့တာ။ သူတို့ ပြောတာတော့ ဒီနေရာကနေ နှစ်လလောက် ခရီးသွားလိုက်ရင် တော်ဝင်နယ်မြေဆီ ရောက်တယ်တဲ့… ဒါပေမယ့် အဲ့ဒါက မသေမျိုးအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အမြန်နှုန်းပေါ် မူတည်ပြီး တွက်ချက်ထားတာ”

“အဲ့လောက်တောင် ဝေးတာလား” ရန်ကိုင်က အလန့်တကြား ဆိုလိုက်သည်။

မိုးကြိုးနဂါးနှင့် အခြားသူများသည်လည်း မထိန့်ဘဲ မနေနိုင်ခဲ့ကြ။ သူတို့သည် ထိုနေရာသို့ သားရဲပင်လယ်တောအုပ် မှတစ်ဆင့် ဝင်သွားခဲ့ခြင်း ဖြစ်သော်လည်း ကီလိုမီတာ သောင်းချီကွာဝေးသည့်နေရာတွင် ပြန်ပေါ်လာခဲ့ရသည်။ နောက်ဆုံးတွင် လေဟာနယ်လိုဏ်ခေါင်းကိုသာ အပြစ်တင်နိုင်တော့လေသည်။

လေ’ဟာနယ်လိုဏ်ခေါင်းသည် သူတို့ ဝင်ခဲ့သော နေရာနှင့် ကွာလှမ်းသည့် နေရာတစ်ခုသို့ ပို့လိုက်သည့်ပုံပင်။

“ထူးဆန်းလိုက်တာ။ ဒီလူအိုကြီးလည်း နတ်ဆိုးကုန်းမြေကနေ ဝင်သွားခဲ့တာ” ထိုအချိန်မှာပဲ မန်ဝူရ၏ အက်ရှရှအသံ ထွက်ပေါ်လာခဲ့သည်။

“ဘဏ္ဏာထိန်းမန်” ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး မန်ဝူရဆီ ချက်ချင်း လှည့်ကြည့်လိုက်သည်။

မန်ဝူရက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “ဒီတစ်ကြိမ် ဒီလူအိုကြီးကို ကယ်လိုက်တဲ့လူက မင်းဖြစ်နေမယ်လို့ ငါတကယ်ကို မင်ထားဘူး။ နောက်ကျရင် အခွင့်အရေးရှာပြီး ဒီအကြွေးကို ပြန်ဆပ်ရမယ့်ပုံပဲ”

ရန်ကိုင်က ပါးစပ်နားရွက်တက်ချိန်မတတ် ပြုံးဖြီးလိုက်ပြီး လက်ဝှေ့ရမ်း၍ “ကျုပ်တို့သာ တစ်မိသားစုတည်း ဖြစ်နေပြီကို၊ ဘာတွေ အကြွေးဆပ်စရာ လိုရဦးမှာလဲ”

မန်ဝူရမျက်နှာ တစ်မုဟုတ်ချည်း မည်းမှောင်သွားခဲ့ပြီး လေးငါးကြိမ်လောက် ချောင်းဟန့်၍ “မင်းစားချင်ရာ စားလို့ရတယ်။ ဒါပေမယ့် စကားကို လက်လွတ်စပယ် ပြောလို့ မရဘူးကွ။ ငါတို့ ဘယ်တုန်းက တစ်မိသားစုတည်း ဖြစ်သွားတာလဲ”

ရှနင်းချန်သည် ရန်ကိုင်ကိုသာ ချစ်မေတ္တာသက်ဝင်နေသည်ကို ယခုထိတိုင် လက်မခံချင်သေးသည့်ပုံပင်။

“သူတို့တွေက…” မန်ဝူရက မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးတို့ကို ချက်ချင်းပဲ မြင်သွားခဲ့သည်။

မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည်လည်း မန်ဝူရအား အလေးအနက်အမူအရာဖြင့် ကြည့်လာခဲ့သည်။ မည်သူမှ သူ့အား ပေါ့သေးသေး မမှတ်ရဲကြပေ။

သူတို့ရှေ့ရှိ လူသည် သွေးနဂါးစီနီယာကြီးအား အမွှေးတိုင်တစ်ချောင်းစာ အတွင်း အနိုင်ယူသွားခဲ့သည့် လူသားမျိုးနွယ်စု၏ နံပါတ်တစ် ပညာရှင် ဖြစ်ပေသည်။ ထို့အပြင် လူသားအားလုံးသည် ရန်ကိုင်ကဲ့သို့ မဟုတ်။ ထိုလူအိုကြီးသာ သူတို့ မွန်းစတားမျိုးနွယ်စုအပေါ် အာဃာတ ထားနေမည်ဆိုပါက…

မည်သို့ပင်ဖြစ်ကောမူ သတိပိုထားလိုက်၍ အရှုံးမရှိချေ။

“သူတို့တွေက မွန်းစတားမျိုးနွယ်စုက ကျုပ်မိတ်ဆွေပဲ” ရန်ကိုင်က ထိုလူများအား မန်ဝူရနှင့် ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။

“ဒီနားမှာ မွန်းစတားချီတွေ ဘာလို့ ဒီလောက် သိပ်သည်းနေလဲ အောက်မေ့နေတာ။ လတ်စတ်သတော့ မွန်းစတားမျိုးနွယ်စုကလူတွေ ရှိနေတာကြောင့်ကိုး” မန်ဝူရက ခေါင်းညိတ်လိုက်ပြီး မိုးကြိုးနဂါးက မယုံသင်္ကာဖြင့် ကြည့်ကာ “ငါတို့ တွေးဖူးလား။ မင်းကြည့်ရတာ ရင်းနှီးနေသလိုပဲ”

မိုးကြိုးနဂါးက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်လေသည် “လွန်းခဲ့တဲ့ နှစ်ငါးရာတုန်းက သားရဲပင်လယ်တောအုပ်ထဲမှာ”

မိုးကြိုးနဂါးက သူ့အား ရန်စောင်သည့် အကြည့်ဖြင့် ကြည့်နေသည်ကို သတိပြုမိသော် မန်ဝူရ မျက်မှောင်ကြုံ့သွားခဲ့၏။ ခဏလောက် စဉ်းစားပြီးနောက် သူ့မျက်လုံးများ တောက်ပသွားခဲ့ပြီး “မင်းက သွေးနဂါးနဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်မလား”

“ခင်ဗျားရဲ့ မှတ်ဥာဏ်က တကယ်ကောင်းတာပဲ” မိုးကြိုးနဂါးက ပြုံးလိုက်ပြီး “တစ်နေ့ကျရင် သွေးနဂါးစီနီယာကြီးအတွက် ဒီဘုရင် လက်စား ပြန်ချေပေးရလိမ့်မယ်”

မန်ဝူရက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်၏ “ဒီလူအိုကြိးက သူ့ကိုသတ်ခဲ့တာမှ မဟုတ်တာ။ သူ့ကိုယ်က အရမ်း အားနည်းနေတာကိုး။ တစ်ပွဲလောက် ရှုံးသွားတာနဲ့ လုံးဝကို နလန်ပြန်မထူနိုင်တော့ ငါ့အပြစ်မှ မဟုတ်တာ။ အားနည်းလွန်းတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်သင့်တယ်”

“သွေးနဂါးစီနီယာကို ခင်ဗျား ဘယ်လိုတောင် စော်ကားရဲတာလဲ” မိုးကြိုးနဂါးက ထရပ်ပြီး ဒေါသတကြီး အော်လိုက်လေသည်။

နှစ်ယောက်သား ထသတ်ကြတော့မည်ကို မြင်သော် ရန်ကိုင် အလျင်စလို ကြားဝင်တားလိုက်ရသည်။

သူတို့နှစ်ယောက်သာ တိုက်ခိုက်မည်ဆိုပါက သူ့အနေဖြင့် ကျိန်းသေ တားရပေလိမ့်မည်။ မန်ဝူရသည် အပြည့်အဝ ပြန်မကောင်းသေးလေရာ တိုက်ရန်ခန် မသင့်တော်သေးပေ။

“ကြည့်ရတာ နည်းနည်း‌တောင် စကားပြောလို့ရမယ့်ပုံ မပေါ်ပါလား” မိုးကြိုးနဂါးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ “ကောင်လေး၊ ငါတို့ အရင်သွားတော့မယ်။ အဲ့ဆေးလုံးတွေ ဒီဘုရင်ဆီ ပို့ပေးမယ်လို့ ပြောထားတဲ့ကတိကို မမေ့နဲ့နော်”

“အင်း၊ ကျုပ်မှတ်မိပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည် ရန်ကိုင်အား ခေါင်းညိတ် နှုတ်ဆက်ပြီးနောက် ထွက်သွားကြလေသည်။

မန်ဝူရသည် ထူးမခြားနားဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး ရန်ကိုင်အား ပြုံးပြကာ “ကောင်စုတ်လေး။ မတွေ့ရတနာ ကြာတာ အပေါင်းအသင်းတွေ စုံလှပါလား။ အဲ့လောက် အားကောင်းတဲ့လူတွေနဲ့ ဘယ်လိုလုပ်ပြီး ရင်းနှီးနေတာလဲ”

“ဘဏ္ဏာထိန်းမန် အသင်အပြင် ကောင်းလို့ပဲပေါ့” ရန်ကိုင်က အလျင်အမြန်ပဲ ပြန်ပြောလိုက်သည်။

“ဒီလူအိုကြီးကို လာဖားမနေနဲ့။ အဲ့ပုံစံကြီးကို ကြည့်ရတာ အရမ်း ရွံဖို့ကောင်းတယ်” မန်ဝူရက မျက်နှာမဲ့လိုက်ပြီး “မင်းဘာကြံနေလဲ ငါမသိဘူး မှတ်နေလား။ ကောင်စုတ်လေး၊ မင်းက လမ်းလျှောက်နေတဲ့ ပြဿနာအိုးကြီးကွ။ အားနေရင် ပြဿနာပဲ ပတ်ရှာနေတာ။ နင်းချန်လေးကို မင်းလက်ထဲ ထည့်ပေးလိုက်ရမှာ ငါစိတ်မချဘူး”

“ခင်ဗျားနောက် လိုက်ခိုင်းရင်တော့ လုံခြုံတယ်ပေါ့၊ ဟုတ်လား လူအိုကြီး” ရန်ကိုင်က ထီမထင်ဟန်ဖြင့် ပြန်ပက်လိုက်သည်။

သူ့စကားကြောင့်ပဲ မန်ဝရ အကြပ်ရိုက်နေခဲ့ရလေပြီ။ ထို့ကြောင့် ချောင်းဟန့်၍ ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်၏ “ဒီက အမျိုးသမီးကို ဘယ်လိုခေါ်ရမလဲ မသိဘူး”

ရန်ကိုင်က ခပ်မြန်မြန်ပဲ မန်ဝူရအား လီရုန်နှင့် မိတ်ဆက်ပေးလိုက်သည်။

မန်ဝူရသည် လီရုန်အား စိုက်ကြည့်နေလိုက်သည်။ အချိန်ကြာလသည်နှင့် သူ့မျက်လုံးထဲရှိ သံသယရိပ်တို့ ပိုပို၍ ထူထည်းလာခဲ့ပြီး “ဒီအမျိုးသမီးရဲ့ ကျင့်စဉ်က ပုံမှန်မဟုတ်ဘူးလို့ ငါဘာလို့ ခံစားနေရတာလဲ”

မန်ဝူရ၏ စကားကို လီရုန် နားမလည်ဘဲ ဘယ်နေမည်နည်း။ ထို့ကြောင့် ယဲ့ယဲ့လေးပြုံးလျက် ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်လေသည် “စီနီယာက တကယ်ကို မျက်စိရှင်တာပဲနော်။ တကယ်တော့ ကျွန်မက နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ပါ။ လူသားမျိုးနွယ်က မဟုတ်ပါဘူး”

မန်ဝူရ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်လေသည် “ကောင်လေး၊ မင်းဘာတွေလုပ်ဖို့ စဉ်းစားနေတာလဲ။ ဒီလောက် အားကောင်းတဲ့ နတ်ဆိုးတွေ၊ မွန်းစတားတွေနဲ့ ဘယ်လိုလုပ်ပြီး မိတ်ဆွေတွေ ဖြစ်နေရတာလဲ။ မျိုးနွယ်ခြားတွေကို အလွယ်တကူ ယုံလို့မရဘူးဆိုတာကို မင်းမသိဘူးလား”

ရန်ကိုင် ပြန်မပြောရသေးခင်မှာဘဲ လီရုန်က “စီနီယာ၊ သခင့်အပေါ် ကျွန်မ မကောင်းကြံမှာကို စိတ်ပူစရာ မလိုပါဘူး။ ကျွန်မတို့ကလန်က သခင်ရဲ့ အမိန့်တွေကို သူအသက်ရှင်နေသမျှ ကာလပတ်လုံး လုံးဝ လိုက်နာပါမယ်လို့ သစ္စာဆိုးထားပြီးသားပါ”

“သခင်လား” မန်ဝူရ မျက်လုံးကျွတ်ထွက်လုမတတ် ဖြစ်သွားခဲ့ရသည်။ ထို့နောက် မျက်လုံးအပြူးသားဖြင့် ရန်ကိုင်အားတစ်လှည့်၊ လီရုန်အား တစ်လှည့် ကြည့်နေပြီးနောက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “နင်က သူ့ကို လိုလိုလားလားနဲ့ သခင်လို့ ခေါ်တယ်ပေါ့”

“ဟုတ်ပါတယ်” လီရုန်က ရိုးရိုးသားသား ဝန်ခံလိုက်သည်။

မန်ဝူရ၏ အမူအရာ အမျိုစုံ ပြောင်းလဲသွားခဲ့သည်။ အချိန် အတော်ကြာပြီးနောက် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ရန်ကိုင်အား ပြောလိုက်လေ၏ “နောက်တစ်နေ့ အခွင့်အရေးရှိရင် ငါတို့ စကားကောင်းကောင်း ပြောရလိမ့်မယ်”

ဆယ်နှစ်လောက် မတွေ့ရပြီးသည့်နောက် ပြန်တွေ့သည့်အခါ ရန်ကိုင်သည် နတ်ဆိုးများနှင့် အဆက်အသွယ် လုပ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် မန်ဝူရ စိတ်မပူဘဲ ဘယ်နေမည်နည်း။ ထို့အပြင် ထိုနတ်ဆိုးမိန်းကလေး၏ ခွန်အားသည် ရန်ကိုင်ထက် အများကြီး ပိုမြင့်ပေသည်။ သူမအနေဖြင့် ရန်ကိုင်အား သတ်ချင်သည် ဆိုပါက အလွယ်လေးပင်။

“နောက်မှပြောတာပေါ့။ အခုလောလောဆယ်တော့ အရင်ပြန်ကြမယ်” မန်ဝူရ ဘာကိုစိုးရိမ်နေမှန်း ရန်ကိုင် သိပြီးသားပင်။

“ရော့၊ ဒီမှာ မင်းရဲ့ သွေးအဆီအနှစ်ကျောက်တုံး။ အထဲက သွေးချီတွေကတော့ ငါစုပ်ယူလိုက်လို့ ကုန်သလောက် ဖြစ်သွားပြီ” မန်ဝူရက ရန်ကိုင်အား သွေးအဆီအနှစ် ကျောက်တုံးအား ပြန်ပေးရင်း ပြောလိုက်သည်။

သွေးအဆီအနှစ်ကျောက်တုံးကို ယူပြီးနောက် ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး “ခင်ဗျားရဲ့ ကျင့်ကြံခြင်း ဘယ်ရောက်နေပြီလဲ ဘဏ္ဏာထိန်းမန်။ ဒီထဲကနေ သွေးချီတွေ ဘယ်လောက်များများကို ခင်ဗျား စုပ်ယူလိုက်တာလဲ”

မန်ဝူရက ပြုံးလိုက်ပြီး “ဒီနေရာကို ဝင်မလာတုန်းက ဒီလူအိုကြီးက သူတော်စင် ပထမအဆင့်ပဲ ရှိသေးတာ။ ဒါပေမယ့် အခုတော့… ငါ့ကျင့်ကြံခြင်းက အရင်အတိုင်း ပြန်ဖြစ်သွားပြီ။ ဟိုကျောက်တိုင်ရဲ့ ကျေးဇူးကြောင့်ပေါ့။ ငါ့ကိုယ်ထဲက စည်းတွေ အကုန် ထိခိုက်သွားတော့ ငါလည်း အဲ့ဒါတွေကို တစ်ခါတည်း ဖျက်စီးပစ်လိုက်တာပေါ့”

ရန်ကိုင် စိတ်အားတက်သွားခဲ့ပြီး “စည်းတွေ အကုန်လုံးကို ဖျက်စီးပစ်လိုက်နိုင်ပြီလား”

“အင်း” မန်ဝူရက ခေါင်းညိတ်လိုက်သည်။

ရန်ကိုင် မျက်လုံးများ ဝင်းလက်သွားခဲ့၏။ မန်ဝူရအတွက် သူလည်း ပျော်မိပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset