Switch Mode

Chapter – 57

Chapter – 57

ထိုကျွမ်းကျင်ပညာရှင်များထဲတွင် အရှိန်နှုန်းအားဖြင့်ယှဥ်သော် မည်သူကမှ မိစ္ဆာကလန်က ရွှေရောင်ဆံပင်နှင့် မိန်းခလေးကို မယှဥ်နိုင်ကြချေ။ သူမက အမြန်ဆုံးဖြစ်သည်။ သူမက တောင်ပံကို တစ်ချက် ယမ်းလိုက်ရုံမျှဖြင့် ရွှေရောင်လျှပ်စီးတန်းနှစ်တန်းက လက်လာပြီးနောက် ကောင်းကင်ကို ဖြတ်သန်းသွားနိုင်သည်။ သူမက ဦးစွာ ရှေးဟောင်းနန်းတော်၏ အရှေ့သို့ ရောက်သွားပြီး တောင်ပံကို ဖြန့်ကားကာ ငါးရောင်ခြယ် ကျောက်စိမ်းတံခါးကို တွန်းဖွင့်ရန် ကြိုးစားသည်။
ဆွေ့ …။
လူတိုင်းကို အံ့ဩသွားစေသည်မှာ ငါးရောင်ခြယ် နတ်အလင်းတန်းက ထိုးထွက်လာပြီး သူမကို လွင့်ထွက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။ သူမကဲ့သို့ မဟာမိစ္ဆာကပင် ငါးပတ်ခြောက်ပတ်ခန့်အထိ လှိမ့်ထွက်သွားသည်။ အခြားသောသူများက ပင့်သံရှိုက်လိုက်ကြပြီး သတိလက်လွတ် မလုပ်ရဲကြတော့ချေ။ သူတို့အားလုံးက လက်နက်ကြီးကြီးကို ထုတ်ကာ ရှေ့သို့ ခုန်ဝင်သွားကြသည်။ လက်နက်များဖြင့် ထိုဂူသင်္ချိုင်း၏ တင်းကြပ်စွာပိတ်ထားသည့် ဝင်ပေါက်ကို ဖွင့်ရန်ကြိုးစားသည်။
နန်းတော်တစ်ခုလုံးကို ခမ်းနားလွန်းသည့် ငါးရောင်ခြယ် နတ်သလင်းသားများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုအရာက ရှေးဦး မူလခေတ်ကတည်းက တည်ရှိခဲ့သည်ဟုလည်း ထင်ရသည်။
အချိန်ကြာညောင်းခဲ့သည့်တိုင်အောင် သမိုင်း၏ အနှစ်သာရများကို ဖော်ထုတ်ပြသနေနိုင်သေးသည်။ တလက်လက်တောက်ပနေသည့် ထိုရှေးဟောင်းနန်းတော်ကြီးက နေရာတိုင်းတွင် ရှေး​ဟောင်းစာများကို ရေးသားထားသည်။ နဂါးပုံသဏ္ဌာန် စာသားများက အလွန် အဆင့်အတန်းမြင့်မားကာ ကြီးကျယ်မြင့်မြတ်မှုများကို ဖော်ပြနေသလို ဖီးနစ်ပုံစံ သင်္ကေတများကမူ လေတွင် တဖျတ်ဖျတ် လက်မတက် တောက်ပကာ ခန့်ညားလွန်းနေသည်။
လိပ်သဏ္ဌာန် သင်္ကေတများကမူ တည်ကြည်ခိုင်မာနေပြီး ချီလင်သဏ္ဌာန် သင်္ကေတများကမူ နဂါးနှင့် ဖီးနစ်များကဲ့သို့ ထာဝရ ဖြ၀်တည်မှု အပြည့်ရှိနေသည်။ ထို့အပြင် အခြားသော ယူနီကွန်း သားရဲများလည်း ရှိနေသေးပြီး အရာအားလုံးက ခမ်းနားကာ အင်အားကြီးမားနေ၏။ မိစ္ဆာမျိုးနွယ်၏ ရှေးဦးမူလခေတ်က အသုံးပြုခဲ့သည့် တော်ဝင် သင်္ကေတများ ဖြစ်နေကြောင်း သက်သေပြနေသည်။
ထိုသင်္ကေတများထဲတွင်ပင် လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားများက ပါနေသေးသည်။ လူတိုင်းက ကြိမ်ဖန်များစွာ တိုက်ခိုက်ရန် ကြိုးစားကြည့်ကြသည့်တိုင် အားလုံးက ငါးရောင်ခြယ် နတ်အလင်းကြောင့် လွင့်ထွက်ရသည်။ သူတို့က အနား မကပ်နိုင်ကြချေ။ သူတို့က တံခါးကိုပင် မဖွင့်နိုင်ကြချေ။
ဗုန်း …။
သူတို့အားလုံးက အတူတကွ တိုက်ခိုက်လိုက်ပြန်သည်။ ခရမ်းရောင်မီးဖို၊ ရွှေရောင်ဓား၊ ရှစ်ထောင့်မှန်နှင့် ငွေကြေးခွံ ဓားသွားတို့အားလုံးက ထိုရှေးဟောင်းနန်းတော်၏ဂိတ်ကို တချိန်တည်းလိုလို တိုက်ခိုက်လိုက်ကြသည်။ နောက်ဆုံးတွင် ထိုဂိတ်တံခါးက တုန်ခါသွားပြီး သေးငယ်သော အက်ကွဲရာသာ ပေါ်လာသည်။
ရုတ်တရက် ရှေးဆန်သောအရှိန်အဝါ တစ်ခုက ထိုးထွက်လာသည်။ စွမ်းအားကြီးမားသည့် အသက်စွမ်းအင်က ကျယ်​ပြောသော သမုဒ္ဒရာတစ်ခုလိုမျိုး ချက်ချင်းလိုလို လူတိုင်းကို လွင့်ထွက်သွားစေပြန်သည်။
ဗုန်း …။
ဒီတစ်ကြိမ်ထွက်လာသည့် ခပ်ထိုင်းထိုင်းအသံက ပို၍စွမ်းအားကြီးမားကာ ပို၍ကြောက်စရာကောင်းလာသည်။ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့၏ နှလုံးသားမှ ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ကြရသည်။ သို့ရာတွင် မည်သူကမှ မရပ်တန့်လိုကြချေ။ သူတို့က ကိုယ့်ကိုကို တည်ငြိမ်အောင် ထိန်း၏။ ပြီးနောက် ချက်ချင်းလိုလို ခုန်ဝင်သွားပြန်ကာ ခမ်းနားသည့် ရှေးဟောင်းနန်းတော်ကြီးကို တိုက်ခိုက်ကြပြန်သည်။
ဆွေ့ …။
ဆွေ့ ဆွေ့ ..။
အမျိုးမျိုးသော လက်နက်များမှ​ တောက်ပသည့် အလင်းတန်းများအားလုံးက ဝါးမျိုခံရသလိုမျိုး နတ်အလင်းတန်းများကို ပြန်ထုတ်ပေးခံရသည်။ ဤနည်းအားဖြင့် သူတို့က တိုက်ခိုက်လိုက်ပြီး တဒုန်းဒုန်းအသံများက ဆက်တိုက်ထွက်ပေါ်နေတော့သည်။
မိစ္ဆာမျိုးနွယ်မှ ကျွမ်းကျင်ပညာရှင်များနှင့် လူသားကျွမ်းကျင်ပညာရှင်များ အားလုံးက ထိုနန်းတော်၏အရှေ့တွင် မြဲမြံအောင်ထိန်းကာ အားယူတိုက်ခိုက်နေကြသည်။ တိုက်ပွဲက တစ်ဖန်ဆက်လက်ဖြစ်ပွားပြန်သည်။ သို့သော် မည်သူကမှ အထဲသို့ မဝင်နိုင်ကြသေးချေ။
ခမ်းနားသော ရှေးဟောင်းနန်းတော်ကြီး၏ အရှေ့တွင် မျက်စိကြိမ်းမတက် တောက်ပသည့် အလင်းတန်းများက ထိုးထွက်နေပြီး မိစ္ဆာစွမ်းအင်များကလည်း ရောနှောကာ ကောင်းကင်သို့ ထိုးတက်သွားသည်။
နှစ်ဖက်လုံးက ခပ်ကြမ်းကြမ်း တိုက်ခိုက်နေကြသည်။ ယင်းက သေရေးရှင်ရေးတိုက်ပွဲဖြစ်သည်။ မည်သူကမှ မထိမ်ချန်လိုကြချေ။ ဒီဂူသင်္ချိုင်းက သူတို့အတွက် အရေးကြီးလွန်းနေသည်။
မျက်စိကြိမ်းမတတ် တောက်ပနေသည့် အလင်းတန်းများက တဖျတ်ဖျတ်လက်လာပြီးနောက် ကောင်းကင်ကပင် တုန်ခါလာသည်။ အမျိုးမျိုးသော လက်နက်များအားလုံး၏ စွမ်းအားများက ဝါးမြိုခံရပြီးနောက် တစ်ဖက်မှ နတ်အလင်းကို ပြန်လည်ခံစားကြရသည်။ ရက်စက်ကြမ်းတမ်းလွန်းသည့် စိတ်ဆန္ဒတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသည်မှာ နတ်စွမ်းအားများက ထိုးထွက်လာသည့်အလား ထင်ရသည်။ ရှေးဟောင်းနန်းတော်ကြီး၏ အရှေ့နယ်မြေတစ်ခုလုံးက ပြိုကျတော့မတက် ဆူပွက်နေသည်။
တိုက်ပွဲက အလွန်အမင်း ကြမ်းတမ်းသည်။ မိနစ်အနည်းငယ်ထဲနှင့် ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ အဆင့်လွန်အကြီးအကဲ တစ်ယောက်က နောက်ဆုတ်လိုက်ရသည်။ သူ၏ရင်ဘက်က မဟာမိစ္ဆာတစ်ကောင်၏ အထိုးဖောက်ခံရပြီး နှလုံးသားတစ်ဝက်က ဆွဲထုတ်ခံလိုက်ရသည်။
ဤနည်းအားဖြင့် ထိုမဟာမိစ္ဆာကြီး၏ ကိုယ်တွင်လည်း သွေးများက စိုရွှဲသွားခြင်းအားဖြင့် အလွန်ရက်စက်ကြမ်းကြုတ်သော ပုံသဏ္ဌာန်ကို ပေါ်လာစေသည်။
အေးစက်ခက်ထန်သော မျက်နှာထားနှင့် ဂိုဏ်းခေါင်းဆောင်က လက်နှစ်ဖက်လုံးဖြင့် ချိတ်စည်းတံဆိပ်ကို ထုတ်ဖော်ကာ ထူးဆန်းသည့် ပုံစံခွက်တစ်ခုကို ကောင်းကင်တွင် ထွက်ပေါ်လာစေလိုက်သည်။
ဤနည်းအားဖြင့် ခရမ်းရောင် ကြေးနီ မီးဖိုတစ်ခုကို ထွက်ပေါ်လာစေပြီး တုန်ခါသွားစေသည်။ ယင်းက အဆုံးမသတ်နိုင်လောက်အောင် များပြားသည်ဟု ထင်ရသည်။ ခရမ်းရောင်မြူထုများက စတင်ကာ ထွက်လာပြီး မဟာမိစ္ဆာနဂါးကို အထဲသို့ စုပ်ယူသွားသည်။
ထိုခရမ်းရောင် နတ်မီးတောက်က ကောင်းကင်ကို ထိုးတက်သွားသည့်အခါ နှလုံးကို ကွဲကြေစေလောက်သည့် နာကျင်မှုမျိုးကြောင့် အော်ဟစ်လိုက်သည့် အသံမျိုး အထဲမှ ထွက်ပေါ်လာသည်။ မဟာမိစ္ဆာ နှစ်ကောင်က ချက်ချင်းလိုလို အရည်ပျော်ကျသွားသည်။
နောက်ဆုံးတွင် မီးခိုးများကသာ ထွက်လာတော့သည်။ အဝေးမှကြည့်နေသည့် ယဲ့ဖန်းက အံ့ဩသွားရသည်။ ထိုခါးသီးသောတိုက်ပွဲက ကြောက်စရာကောင်းလှသည်။ သူလို ခေတ်သစ်လူတစ်ယောက်အနေနှင့် တိုက်ခိုက်ရန် အလွန်ပင် ခက်ခဲသည်။ ကျင့်ကြံသူတစ်ယောက် ဖြစ်လာသည့် အဓိပ္ပါယ်နှင့် ​ကျင့်ကြံသူတစ်ယောက် ဖြစ်ထိုက်သည်ဆိုသော အတွေးအကြံများကိုမူ သူက ယခုမှသာ သေသေချာချာ တွေးတောမိလာသည်။
ထိုအချိန်တွင် အကြီးအကဲများနှင့် သားရဲများကြားမှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကလည်း ဖြစ်ပွားနေပြီဖြစ်သည်။ ထိုတိုက်ပွဲက ခါးသီးကြမ်းတမ်းသည်။ လူသား အသွင်ပြောင်းထားသည့် ကြောက်မက်ဖွယ် သားရဲက အစွယ်ပါသည့် ပါးစပ်ကြီးကိုဖြဲကာ တိုက်ခိုက်နေသည်။
ထို့ပြင် ခြေထောက်တစ်ဝက်စာခန့်ရှည်သော အမွှေးကြီးများကလည်း ဆိုးယုတ်သည့် သဏ္ဌာန် ပေါ်နေသေးသည်။ ထိုအကောင်က အကြီးအကဲ တစ်ယောက်၏ခန္ဓာကိုယ်ကို နေရာအနှံ့ စွဲဖြဲပစ်လိုက်သည်။ ဤနည်းအားဖြင့် သွေးများက နေရာတိုင်း ပြန့်နှံ့သွားပြီး အဖြဲခံရသည့် ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
၄င်းက ဝမ်းနည်းစရာကောင်းလွန်းသော မြင်ကွင်းဖြစ်သည်။ အခြားတစ်ဖက်တွင် ဝိညာဥ်အပျက်အစီးကောင်းကင်ဂူမှ အကြီးအကဲ တစ်ယောက်က မိစ္ဆာခေါင်းပြတ်ခြင်း ဓားသွားကို ထုတ်ပြီးနောက် ကြောက်မက်ဖွယ် ငှက်တစ်ကောင်ကို အလယ်မှ ပိုင်းချလိုက်သည်။ အေးစက်သော အလင်းတန်းများကလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြန်သည်။
မိစ္ဆာခေါင်းပြတ်ခြင်း ဓားက သွေးများ တစက်စက်ကျနေပြီး အလွန်အမင်း တောက်ပနေသည်။ ဤမြင်ကွင်းကလည်း သွေးလွှမ်းသောမြင်ကွင်း ဖြစ်နေသေးသည်။
ထိုနေရာတွင် ရှိနေကြသည့် ဆယ်ကောင်ကျော်သော ကြောက်မက်ဖွယ်ငှက်များနှင့် သားရဲကြီးများထဲတွင် မိုးကြိုးငှက်က ကြောက်စရာအကောင်းဆုံးဖြစ်သည်။ သူက အလွန်အမင်း မြန်ဆန်ပြီး ချက်ချင်းလိုလို ကောင်းကင်သို့ ထိုးတက်သွားနိုင်သည်။ သူက ရွှေရောင်လက်သည်းကြီးများကို သုံးကာ အကြီးအကဲတစ်ယောက်က ထုတ်လွင့်သည့် နတ်ဗုံကို အက်ကွဲသွားအောင် လုပ်လိုက်သည်။ သူက တစ်ဖန် ထိုးဆင်းလာသောအခါ မိုးကြိုးအလင်းတန်း ရာပေါင်းများစွာကို ထုတ်ဖော်လိုက်သေးသည်။ မိုးခြိမ်းသံများကို ထုတ်ဖော်လာပြီးနောက် လျှပ်စီးများက လျှပ်သည်။ ထို့နောက် မီတာတစ်ဆယ်ကျော် ရှည်လျားလှသည့် မိုးကြိုးများက အောက်သို့ ပစ်ခပ်လေ၏။
ဝုန်း …။
နတ်သက်တန့်တိမ်စိုင်ပေါ်မှ အကြီးအကဲတစ်ယောက်က ချက်ချင်းလိုလို အပေါ်သို့ ခုန်တက်သွားသည်။ သို့ရာတွင် သူက မရှောင်ရှားလိုက်နိုင်ချေ။ သူက ထိုမိုးကြိုး အခုတစ်ရာကျော် လက်မှ မလွတ်သွားနိုင်ခဲ့ချေ။ ထို့နောက် ခန္ဓာကိုယ်က မဲတူးသွားသည်။ သူ၏ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ပြီးနောက် မီးတောင်၏ အဟကြားနေရာသို့ ပြုတ်ကျသွားပြီး ချော်ရည်များ၏ ဝါးမြိုခံလိုက်ရသည်။
ထိုခါးသီး​သောတိုက်ပွဲက သွေးများလွှမ်းနေကာ သတ်ဖြတ်မှုအပြည့် ရှိနေသည်။ နှစ်ဖက်လုံးက ဆုံးရှုံးမှုများ ရှိနေသည်။ လူတိုင်းက သူတို့၏အသက်ကို ရင်းနေကြပြီး ပထမဦးဆုံး ဂူသင်္ချိုင်းအတွင်းသို့ ဝင်နိုင်သူဖြစ်လို​နေသည်။
“ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝလား။”
ယဲ့ဖန်းက ရေရွတ်လိုက်သည်။ သူ၏ စိတ်က မတည်ငြိမ်နိုင်တော့ချေ။ ယင်းက သူ ထင်ထားသည့် သက်တံ့တိမ်စိုင်ပေါ်ရှိ ခပ်အေးအေးနေထိုင်မည်ဆိုသော ဘဝမျိုးနှင့် ကွာခြားနေသည်။
“ကြည့်ရတာ မတူညီတဲ့ ကျင့်ကြံသူတွေက မတူညီတဲ့လမ်းကို လျှောက်ကြရတာပဲ။”
ထိုအချိန်တွင် သူ၏မျက်ဝန်းက တဖျတ်ဖျတ်လက်သွားပြီး ဆုံးဖြတ်ချက် ပြတ်သားသည့်အလင်းက ပေါ်လာသည်။ သူက ဆက်ပြောသည်။
“ငါက ဒီလမ်းကို ရွေးပြီးပြီဆိုတော့ ဆက်လျှောက်ဖို့ပဲ ရှိတော့တယ်။ ဒါပေမဲ့ တစ်လှမ်းချင်း လျှောက်ရမယ်။ ငါရဲ့ကံကြမ္မာကို အခြားသူက ထိန်းချုပ်တာမျိုးကို ခွင့်ပြုလို့ မရဘူး။ ဒါပေမဲ့ ငါ ပိုပြီး အင်အားကြီးလာချင်တယ်။”
ထိုအချိန်တွင် ယဲ့ဖန်း၏ အတွေးထဲသို့ နူးညံ့သည့်အသံက ဝင်ရောက်နှောက်ယှက်လာသည်။ မြေပြင်ပေါ်တွင် ထိုင်နေသည့် ဖန်းပေါ်ကို အစိမ်းရောင်မြူထုများက လွှမ်းခြုံနေသည်။ ထို့ပြင် သူ၏ကိုယ်မှ အလင်းတန်းများကလည်း တောက်ပနေရာ ခန္ဓာကိုယ်ပေါ်သို့ပင် ကူးစက်လာသည်။
ခြစ် ခြစ် …။
တခြစ်ခြစ်အသံများနှင့်အတူ ဖန်းပေါ်၏ ကိုယ်မှ အလင်းတန်းများက စီးဆင်းနေသည်။ အကြီးအကဲ ဝူချင်ဖုန်းက ချန်ထားရစ်ခဲ့သည့် တာအိုသင်္ကေတကြောင့် ချိတ်ပိတ်ထားသည့် စွမ်းအားများက ထိုသို့ပြန်လည်ဖိနှိပ်ခြင်းဖြစ်သည်။
သို့ရာတွင် ထိုအချိန်တွင် စွမ်းရည်အားလုံးက ထိုးထွက်လာကာ ချိတ်ပိတ်စည်းကို သတ်ရောက်မှုစွမ်းအား ပျောက်ဆုံးသွားအောင် လုပ်လိုက်သည်။
တစ်ချိန်တည်းတွင်ပင် ဖန်းပေါ်၏ ဒုက္ခဆင်းရဲပင်လယ်ထဲမှ ဖျော့တော့သည့် အစိမ်းရောင် အလင်းတန်းက ထွက်ပေါ်လာသည်။ ချက်ချင်းလိုလို သူ၏ခန္ဓာကိုယ်က လှုပ်ခါသွားပြီး မျက်လုံးက ပွင့်လာသည်။
သို့သော် အလွန်အမင်း မိစ္ဆာဆန်လွန်းသည့် အလင်းတန်းနှစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသည်။
တစ်ချိန်တည်းတွင်ပင် ဖန်းပေါ်၏ နဖူးနှင့်မျက်နှာတွင် ထူးဆန်းသော သင်္ကေတများ ပေါ်ထွက်လာသည်။ အချို့သင်္ကေတများက အဓိပ္ပါယ်မရှိဘဲ ခုတ်ခြစ်ထားသည် နှင့် တူနေသည်။ သို့သော် အချို့သော သင်္ကေတများက စာသားများနှင့် တူသည်။
ထိုသင်္ကေတများက နဂါးနှင့် ဖီးနစ် ပုံသဏ္ဌာန်ရှိသော စာသားများလို သို့မဟုတ် အနက်ရောင်လိပ်ကြီးလိုလို မြွေပေါင်းများစွာက တွန့်လိမ်ပြီးရှိနေသလို ပုံစံမျိုးနှင့်ဖြစ်နေသည်။ ယဲ့ဖန်းက အံ့အားသင့်သွားသည်။ သူကထိုသင်္ကေတများရဲ့ အဓိပ္ပါယ်ကို မသိသော်လည်း အခုလေးတင်ပြောလိုက်သည့် အကြီးအကဲ၏စကားအရ ၄င်းက မိစ္ဆာမျိုးနွယ်မှ ဆင်းသက်လာသောစာသားများနှင့် တူညီ​နေသည်။
ဖန်းပေါ်၏ မျက်လုံးများက ဖျော့တော့သည့် အစိမ်းရောင် လက်သည်။ သူက ခပ်မတ်မတ်ထိုင်ပြီးနောက် တဖြည်းဖြည်းချင် မတ်တပ်ထရပ်သည်။ သူက တိုက်ခိုက်ချင်သလိုမျိုး ယဲ့ဖန်းကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူ၏မြှောက်ထားသည့်လက်က တဆက်ဆက်တုန်ရီသွားကာ သူ၏အမိန့်ကို မနာခံဘဲဖြစ်နေသည်။
“ဖန်းပေါ် …။ ”
ယဲ့ဖန်းက ကျယ်လောင်စွာ အော်လိုက်သည်။ ဖန်းပေါ်၏စိတ်က အပြည့်အဝ မနိုးထနေကြောင်း သူ နားလည်သည်။ တစ်ဖက်သူက သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်း ဖြစ်လောက်သည်။
သူ၏ ခေါ်သံကိုကြားသောအခါ ခန္ဓာကိုယ်က တုန်ခါသွားပြီးနောက် သူ၏မျက်နှာရှိ မိစ္ဆာစာသား သင်္ကေတများက အများကြီး လျော့ကျသွားသည်။ သို့ရာတွင် ကျယ်လောင်သော ဟိန်းသံက ထွက်ပေါ်လာပြီးနောက် ဖန်းပေါ်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် လှုပ်ခါသွားကာ အစိမ်းရောင်အလင်းက ပို၍တောက်ပလာသည်။ သူ၏မျက်နှာရှိ သင်္ကေတများက အပြည့်ထွက်လာပြီးနောက် နောက်ဆုံးတွင်သူက ပြန်ငြိမ်သွားသည်။
ထိုအချိန်တွင် သူက ယဲ့ဖန်းကို မကြည့်တော့ဘဲ မီးတောင်ဘက်သို့ ကြည့်သည်။ သူက ဩရှသော လေသံဖြင့် ပြောသည်။
“ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ မင်းကို ငါက ချိတ်ပိတ်ခွင့်ပြုခဲ့တာ။”
ယဲ့ဖန်းက အံ့အားသင့်သွားသည်။ ဖန်းပေါ်၏ ခန္ဓာကိုယ်ကို ဝင်ပူးထားသည့် အမည်မသိရသည့် တည်ရှိမှုတစ်ခုက အလွန်ကြောက်စရာကောင်းသည်။ ထိုအချိန်တွင် ရှေးဟောင်းနန်းတော်၏ အရှေ့မှ တိုက်ပွဲက ပို၍ပြင်းထန်လာသည်။ နန်းတော်တံခါးက တိုးဝှေ့ခံလိုက်ရပြီးနောက် နှစ်ဖက်လုံးက ခပ်ကြမ်းကြမ်း တိုက်ခိုက်လျက် အဓိက ခန်းမအတွင်းသို့ ဝင်ရောက်သွားကြသည်။ ဂိုဏ်းခေါင်းဆောင်နှင့် မဟာမိစ္ဆာနှစ်ကောင်က အထဲသို့ ဝင်သွားနှင့်ပြီ ဖြစ်သည်။
ထိုအချိန်တွင် ဖန်းပေါ်က နောက်လှည့်ကာ ယဲ့ဖန်းကိုကြည့်သည်။ ထို့နောက် သူက ဟိန်းဟောက်လိုက်ကာ ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး အစိမ်းရောင်အလင်းတန်း အဖြစ်ပြောင်းလျက် မီးတောင်၏ အက်ကွဲကြောင်း အထက်တွင်ရှိနေသည့် ရှေးဟောင်းနန်းတော်ထံ ခုန်ဝင်သွားသည်။
ရှေးဟောင်းနန်းတော်၏ အရှေ့မှ တိုက်ပွဲက အလွန်အမင်း ပြင်းထန်နေသည်။ နှစ်ဖက်လုံးက ဆုံးရှုံးမှုများ ရှိနေသည်။ ဖန်းပေါ် ရုတ်တရက် ပေါ်ထွက်လာသောမြင်ကွင်းက အကြီးအကဲများကို အံ့အားသင့်သွားစေခဲ့သည်။ သို့သော် မိစ္ဆာများကမူ သူ၏မျက်နှာပေါ်မှ မိစ္ဆာသင်္ကေတများကို မြင်သောအခါ အံ့အားသင့်သွားကြသည်။
သို့ရာတွင် မည်သူကမှလည်း သူကို ဂရုစိုက်မနေကြချေ။ ဂိုဏ်းခေါင်းဆောင်နှင့် မဟာမိစ္ဆာနှစ်ကောင်က အထဲသို့ ဝင်သွားကြသည်။ ဖန်းပေါ်ကမူ ကောင်းကင်တွင် ပုံရိပ်ယောင်ကိုသာ ချန်ထားရစ်ခဲ့လျက် ကျွမ်းကျင်ပညာရှင်နှစ်ယောက်နှင့်အတူ လိုက်ဝင်သည်။ ကောင်းကင်က မျက်စိကြိမ်းမတက် တောက်ပနေသည့်​ အလင်းတန်းများနှင့် ပြည့်နှက်နေသည်။ နောက်ထပ်ကျန်ရှိသည့် အဆင့်လွန် အကြီးအကဲ နှစ်ယောက်နှင့် မဟာမိစ္ဆာတို့က တစ်ယောက်ပြီးတစ်ယောက် နန်းတွင်းထဲသို့ တိုးဝင်ကြပြန်သည်။
အောက်ဘက်တွင်ရှိသည့် မိုးကြိုးငှက်ကြီးနှင့် အခြားသော ကြောက်မက်ဖွယ်ကောင်းသည့် ငှက်ကြီးများ သားရဲကြီးများ အားလုံးအပါအဝင် အခြားသော သာမန် အကြီးအကဲများ အားလုံးက ကောင်းကင်သို့ ထိုးတက်ကြပြီး နန်းတော်အတွင်းသို့ ပြေးဝင်ကြသည်။
ဗုန်း …။
ထိုအချိန်တွင် နန်းတွင်းထဲမှ ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာပြန်သည်။ ထိုအသံက ပို၍ကြမ်းတမ်းလာပြီး ပို၍ပင် စွမ်းအားကြီးမားလာသေးသည်။
အွတ် …။
အကြီးအကဲ နှစ်ယောက်ကဆိုလျှင် ထိုနေရာတွင်ပင် သွေး အန်ထုတ်လိုက်ရပြီး လွင့်ထွက်သွားသည်။ တစ်ခြားတစ်ဖက်တွင် လက်မောင်းလုံးလောက်ထူသည့် ငွေရောင်ကင်းခြေမြား၏ ခန္ဓာကိုယ်တစ်ခုလုံးက ကွဲအက်လာသည်။ ထို့နောက် သူ၏ ကိုယ်က အစိတ်စိတ်အပိုင်းပိုင်း ကွဲကြေသွားပြီးနောက် ထိုနန်းတော်ထဲမှ လွင့်ထွက်သွားသည်။
တောရိုင်းနွားသိုးကြီး တစ်ကောင်လို ပုံစံမျိုးဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီးတစ်ကောင် ရှိနေသေးသည်။ ထိုအကောင်ကြီး၏ ခေါင်းကမူ ခြင်္သေ့ခေါင်းဖြစ်သည်။ ခန္ဓာကိုယ်တွင်လည်း အစိမ်းရောင်ကြေးခွံများက အပြည့်ရှိနေသေးသည်။ ထိုသို့ဖြင့် အမျိုးမျိုးသော သားရဲကြီးပေါင်းများစွာက ကောင်းကင်သို့ ခုန်တက်သွားလိုက်သည်။
သို့ရာတွင် ရှေးဟောင်းနန်းတော်သို့ ချဥ်းကပ်သွားသောအခါ ထွက်ပေါ်လာသည့် အသံ၏ တိုက်ခိုက်ခံရပြီး ချက်ချင်းလိုလို သွေး အန်ထုတ်လိုက်ရသည်။ သူက နေရာတွင်ပင် ကွဲကြေသွားသည့် နှလုံးအပိုင်းအစများကို သွေးနှင့်အတူ ပြန်အန်ထုတ်လိုက်ရသည်။
အထဲမှ အသံက ဆက်တိုက် ထွက်ပေါ်နေသည်။ မဟာအင်အားကြီးမားသည့် ကြောက်မက်ဖွယ်ငှက်ကြီးများနှင့် သားရဲကြီးများက အရင်ဆုံး ခုန်ဝင်သွားကြသည်။ အကြီးအကဲများကမူ နောက်တွင် ကျန်ရစ်ခဲ့သည်။ သူတို့အားလုံး၏ ဒွာရခုနစ်ပါးက သွေးများထွက်နေပြီး ပြင်းပြင်းထန်ထန် သေဆုံးသွားကြရသည်။ အားနည်းသောသူများနှင့် တချို့သော ကြောက်မက်ဖွယ်ငှက်များ သားရဲကြီးများက တိုက်ရိုပင် အထဲတွင် သေသွားသည်။ သူတို့၏ရင်ဘက်က ကွဲထွက်သွားပြီး သွေးများက နေရာအနှံ့ ပြန့်ကျဲကုန်သည်။ သူတို့က အထဲမှပင် မထွက်နိုင်ခဲ့ချေ။ အဝေးမှ ယဲ့ဖန်းက အံ့အားသင့်သွားသည်။
“မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာ ဘယ်လို စွမ်းအားမျိုးများ ရှိနေတာလဲ။ ဒါက အရမ်းကြောက်စရာကောင်းလွန်းတယ်။ အရမ်းဝေးနေတာတောင်မှ ဆက်တိုင်မြင့်လာတဲ့ဖိအားနဲ့ စွမ်းအားကြီးတဲ့ စွမ်းအင်တွေကို ခံစားမိနေသေးတယ်။ ဒီအသံကိုလည်း ငါ ဘယ်နည်းနဲ့မှ တောင့်မခံနိုင်လောက်ဘူး။”
ခမ်းနားသည့် ရှေးဟောင်းနန်းတော်ကြီးက ဆက်တိုက်တုန်ခါနေသည်။ အထဲရှိ လူများကလည်း ကြောက်မက်ဖွယ်ကောင်းစွာ တိုက်ခိုက်နေကြသည်။ ဂိုဏ်းခေါင်းဆောင်နှင့် အဆင့်လွန်အကြီးအကဲ တစ်ယောက်ကလည်း ထိုနေရာတွင် ဟိန်းဟောက်ကာ တိုက်ခိုက်နေကြသည်။
ဗမ်း …။
အစိမ်းရောင်အလင်းက ဖျတ်ခနဲ လက်လိုက်ပြီးနောက် ဖန်းပေါ်၏ပုံရိပ်က နန်းတော်ရှေ့တွင် ပြန်ပေါ်လာသည်။ သူက တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခံရသလိုပင် ထင်ရသည်။ မျက်နှာကလည်း ပြာနှမ်းနေသည်။ သူက မြေပြင်ရှိ အလောင်းအချို့ကို ရိုက်ချပြီးနောက် လွင့်ထွက်သွားစေလိုက်သည်။
သို့သော် ထူးခြားချက်အနေဖြင့် စွမ်းအားများပါနေကြောင်း မသိနိုင်ချေ။ အားလုံးက ယဲ့ဖန်းရှိနေသော တောင်ပေါ်သို့ ရောက်လာပြီးနောက် ခပ်ကြမ်းကြမ်း ပြုတ်ကျသွားသည်။ ယဲ့ဖန်း၏ နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။ သူက ဖန်းပေါ်ကိုလည်း သတိထားလိုက်သည်။ ဖန်းပေါ်၏မျက်နှာတွင် အစိမ်းရောင် ချီ များက လွှမ်းခြုံနေသည်။ ထို့နောက် သူ့ကို တစ်ချက်ကြည့်လာသည်။ ထို့နောက် တစ်ဖန် ဟိန်းဟောက်ပြန်ကာ နန်းတော်ထဲသို့ ပြန်ခုန်ဝင်သွားပြန်သည်။
ယဲ့ဖန်းက အလောင်းများကို ကြည့်ပြီးနောက် ဂရုတစိုက် စစ်ဆေးကြည့်သည်။ ထို့နောက် သူက အလောင်းများထဲမှ တစ်ခု၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော တစ်စုံတစ်ရာကို ရှာတွေ့လိုက်သည်။ ထိုအရာက ဖျော့တော့စွာ လင်းလက်နေသည်။ အနီးကပ်သာ မကြည့်မိလျှင် ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ချေ။
“ဘာတွေဖြစ်နေတာလဲ။”
ယဲ့ဖန်းက ထိုဒဏ်ရာကို လက်ညှိုးတစ်ချက် ထိုးကြည့်လိုက်သော်အခါ ခပ်မာမာ တစ်စုံတစ်ရာကို ခံစားမိသည်။ လက်ညှိုးတစ်ချောင်းနှင့်အတူ ဆွဲထုတ်ကြည့်လိုက်သည်။
ချက်ချင်းလိုလို မျက်စိကြိမ်းမတက် တောက်ပနေသည့် အလင်းတန်းများက ထွက်ပေါ်နေသည်။ ၄င်းက ယဲ့ဖန်းကို မျက်စိမဖွင့်နိုင်အောင် ဖြစ်သွားစေသည်။
ယင်းက အဆုံးအစမဲ့အောင် တောက်ပနေသည့် နတ်အလင်းတန်းများ ပါဝင်သော ရွှေရောင်စာရွက်တစ်ရွက်ဖြစ်သည်။ ထို့အပြင် အလွန်အမင်း တောက်ပလွန်းနေသည်။
ထိုရွှေရောင်စာရွက်က သတ္ထုထက်ပင် လေးလံသေးသည်။ ထို့အပြင် မရေမတွက်နိုင်သည့် ရှေးဟောင်းသင်္ကေတပေါင်းများစွာက အပြည့်ရှိနေသည်။
သို့သော် သေးငယ်လွန်းသဖြင့် သေသေချာချာ မြင်ရရန် ခက်ခဲပြန်သည်။ ရှေးဟောင်းသင်္ကေတ တစ်ခုချင်းစီတိုင်းက ကြယ်များကဲ့သို့ တောက်ပနေပြီး ခမ်းနားသောအလင်းကို လွင့်ထုတ်ပေးသည်။
ယဲ့ဖန်း၏ နှလုံးခုန်သံက မြန်ဆန်သွားသည်။ သူ၏ပါးစပ်က ခြောက်သွေ့သွားသလို ခံစားလိုက်ရသည်။ သူက ထိုစာရွက်ကိုသာ မျက်လုံးမှေးကျဥ်းကာ ကြည့်ကြည့်လိုက်သည်။

အပိုင်း ( ၅၇ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset