Chapter – 56
ချော်ရည်အောက်ဘက်ရှိ ရှေးဟောင်းအဆောက်အဦးမှတစ်ဆင့် နတ်သက်တန့်ရောင်စဉ် အလင်းတန်းက ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုတောက်ပသည့်အလင်းက ခမ်းနားစွာ ရောင်ပြန်ဟပ်လာပြီး ညကောင်းကင်ကို အရောင်အဝါ ထုတ်လွင့်ပေးကာ ယဲ့ဖန်း ရှိနေသည့် တောင်ထိပ်ပေါ်သို့ ပျံသန်းလာသည်။
ထိုအခြေနေက သူ့ကို အံ့ဩသွားစေသည်။ ကျွမ်းကျင်ပညာရှင်တစ်ယောက်က သူ့ကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။ သူက အသက်အောင့်ထားပြီးနောက် ကြီးမားသည့် ကျောက်တုံးကြီး၏ အနောက်တွင် ပုန်းနေကာ မလှုပ်ရှားရဲခဲ့ချေ။
ဆွစ် …။
နတ်သက်တန့်တိမ်စင်က အပြေးရောက်လာသည်။ အကြီးအကဲ ဝူချင်ဖုန်းက တောင်ပေါ်သို့ ဆင်းသက်လာပြီးနောက်တွင် ဖန်းပေါ်ကို အကွယ်နေရာတစ်ခုတွင်ချသည်။ ထို့နောက် သူက ကောင်းကင်သို့ ပြန်တက်သွားကာ အခြားသူများနှင့် ဆုံသည်။ သူတို့က ရှေ့ဆက်ပြီး မီးတောင်ထံ ဦးတည်သွားကြပြန်သည်။
ယဲ့ဖန်းက ကျောက်တုံးနောက်မှ ထွက်လာပြီးနောက် ထိုနေရာသို့ ခပ်မြန်မြန်သွားလိုက်သည်။ ထိုအချိန်တွင် ဖန်းပေါ်ကို ဝိညာဉ် အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ အကြီးအကဲများက ချိတ်ပိတ်ထားသည်။ သူ၏မျက်လုံးက ပိတ်နေပြီး ခန္ဓာကိုယ်က တောင့်တင်းကာ မလှုပ်ရှားနိုင်ချေ။ သူ၏ ကိုယ် ပတ်ဝန်းကျင်တွင်လည်း မိုးပြာရောင်အရှိန်အဝါ အလင်းတန်းနှင့် အသားရောင်က ပုံမှန် မဟုတ်ချေ။ သူ၏အသားအရေအောက်မှ ဖျော့တော့သည့် မိုးပြာရောင်အလင်းက ဖြာထွက်နေသည်။
“မင်းရဲ့ခန္ဓာကိုယ်ထဲ တကယ်ဘဲ ဘာကောင် ဝင်သွားတာလဲဟ ..။ ။”
ယဲ့ဖန်းက အကြီးအကဲများ ချိတ်ပိတ်ထားသောကြောင့် ဖန်းပေါ်၏ ခန္ဓာကိုယ်ကို မထိရဲချေ။ ထိုနေရာတွင်လည်း နတ်စွမ်းအားများ၏ ဖိအားကရှိနေသည်။
ထိုအချိန်တွင် မီးတောင်အောက်မှ လေထု အခြေအနေက အလွန်အမင်း သိပ်သည်းလာသည်။ လူသားကျင့်ကြံသူများနှင့် မိစ္ဆာများက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြပြီး မည်သူကမှ လက်မလျော့ချေ။
တစ်ကိုယ်လုံးအနှံ့ သွေးနီရောင်ကြေးခွံများ ရှိနေသည့် ရေနဂါးအိုကြီးတစ်ကောင်က သွေးနီရောင် နေလှံတစ်ခုကို ထုတ်ယူကာ မှင်သက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ထုတ်ပြသည်။ သူက အော်သည်။
“ဝိညာဉ် အပျက်အစီး ကောင်းကင်ဂူက လူတွေ နှစ်ရာကျော် တည်တံ့ခဲ့တဲ့ ငြိမ်းချမ်းမှုကို ဒီလိုနဲ့ ဖျက်ဆီးချင်ကြတာလား။ မင်းတို့က ငါတို့နဲ့ စစ်ဖြစ်ချင်နေကြပြီလား။”
ဂိုဏ်းခေါင်းဆောင်ကလည်း လှမ်းအော်သည်။
“လူသားမျိုးနွယ်ရဲ့ စွမ်းအားအကြီးဆုံး ရတနာကို သေချာပေါက် ပြန်ယူရမယ်။ ငါတို့က မိစ္ဆာတွေလက်ထဲကို ထပ်ပေးလိုက်လို့ ဖြစ်မလား။ ထာဝရ ရှင်သန်ခြင်းကျမ်းစာပိုဒ် တာအိုကျမ်းစာပိုဒ်ကတော့ နေ့အလင်းရောင်ကို ပြန်မြင်ဖို့ အချိန်ကျပြီ။ နှစ်တစ်သောင်းကျော် ပျောက်ကွယ်နေပြီးတဲ့နောက်မှာ လူသားမျိုးနွယ်က ပြန်ယူဖို့ လိုအပ်နေပြီ။”
ရွှေရောင်တောင်ပံတစ်စုံကို ပိုင်ဆိုင်ထားသည့် မိစ္ဆာကောင်မလေးက လှပလွန်းသည်။ သူမက ကျော့ရှင်းကြည့်ကောင်းစွာ ရွှေ့လျားလိုက်သည်။
သို့သော် သူမ၏ အသံက နားထောက်ရန် အလွန်ကောင်းပြီး ဆွဲဆောင်မှုရှိပြန်သည်။ သို့ရာတွင် လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် အရှိန်အဝါနှင့် တိုက်ခိုက်လိုစိတ်က တွဲ၍ ကပ်ပါနေသည်။ သူမက ပြောသည်။
“ဒါက ငါတို့ မိစ္ဆာမျိုးနွယ် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းပဲ။ နင်တို့တွေက လူသားမျိုးနွယ်တွေရဲ့ ဘိုးဘေးတွေ ချန်ထားတဲ့ တာအိုကျမ်းပိုဒ်ကို ဒီနေရာမှာ ရှိနေတယ်လို့ ချဲ့ကားပြောနေရင် ဘယ်လိုလုပ်လဲ။ မင်းတို့တွေက မိစ္ဆာမျိုးနွယ်တွေရဲ့ ဂူသင်္ချိုင်းကို လုချင်နေကြတာပဲ။ ဒါတောင်မှ နင်တို့က အကြောင်းပြချက် ပေးနေလိုက်သေးတယ်။ နင်တို့ တိုက်ခိုက်ချင်ရင်လည်း ကိစ္စမရှိဘူးလေ။ လာစမ်းပါ … ။”
ဂိုဏ်းခေါင်းဆောင်ကလည်း အပြစ်မကင်းသလို မခံစားရဘဲ ဆက်ပြောသည်။
“ဒါက မှန် မမှန် ငါတို့က ဒီဂူသင်္ချိုင်းကို ဖွင့်ရင် သိမှာပဲ။ လူသားမျိုးနွယ်ရဲ့ အရှေ့ပိုင်း ပျက်သုဉ်းခြင်း ကုန်းမြေက တန်ဖိုးအကြီးဆုံးရတနာနဲ့ တာအိုကျမ်းစာပိုဒ်ကိုသာ ငါတို့ မရရင် ငါတို့ရဲ့အမှားအတွက် နှစ်နှစ်ခြိုက်ခြိုက်နဲ့ တောင်းပန်မဲ့အပြင် အပြစ်ဒဏ်ကိုလည်း လက်ခံမယ်။ ဒါပေမဲ့ ဒီနှစ်ခုကို ရရင်တော့ ငါတို့က သေချာပေါက် ယူသွားရမယ် ဘယ်လိုလဲ။ ဒီလိုဆိုရင် ငါတို့ တိုက်ခိုက်စရာ မလိုတော့ဘူး မဟုတ်လား။”
သုံးမီတာခန့်ရှည်သည့် ခေါင်းတွင် ဦးချိုရှိသော လူထွားကြီးက ကြေးနီရောင် ခေါင်းလောင်းကဲ့သို့ ကျယ်လောင်သော တုန်ခါသံကို ထုတ်ဖော်လိုက်သည်။ လူတိုင်း၏ နားကို အူသွားစေ၏။ သူက ပြောသည်။
“မင်းတို့ပြောတဲ့ အဲ့ဒီအဖိုးတန်ရတနာနဲ့ တာအိုကျမ်းစာပိုဒ်မရှိရင်တောင်မှ အခြားပစ္စည်းနှစ်ခုကို မိစ္ဆာဧကရာဇ် ခိုးသွားတဲ့ ပစ္စည်းတွေပါဆိုပြီး မင်းတို့က ချဲ့ကားပြောနေရင် ဘယ်လိုလုပ်မလဲ။ ငါ မင်းတို့ လူသားတွေကို ကောင်းကောင်းနားလည်တယ်။ မင်းတို့ လူသားတွေက သမင်ကို မြင်းလို့ ပြောနိုင်တဲ့သူတွေ။ အမှန်ကို အမှားဖြစ်အောင် စိတ်ရှုပ်ထွေးအောင် လုပ်နိုင်ကြတယ်။ အဖြူကို အမဲအဖြစ် ပြောင်းနိုင်စွမ်းအား ရှိကြသေးတယ်။ မိစ္ဆာမျိုးနွယ် မဟာဧကရာဇ်ရဲ့ဂူသင်္ချိုင်းက မင်းတို့ လူသားတွေ လုပ်ချင်းတိုင်း လုပ်လို့ရမဲ့ နေရာမျိုး မဟုတ်ဘူး။”
လေထုက ပို၍ပြင်းထန်လာသည်။ မည်သည်ကမှ ခြေတစ်လှမ်းမှ မဆုတ်ချင်ကြချေ။ ထို့ကြောင့် တိုက်ပွဲက ဖြစ်မည်မှာ သေချာသည်။
“မင်းတို့ မိစ္ဆာမျိုးနွယ်တွေက လွန်လွန်းအားကြီးနေပြီ။ ဘာဘဲဖြစ်ဖြစ် ငါတို့က ငါတို့နယ်မြေက ပိုင်ဆိုင်တဲ့ပစ္စည်းကို ပြန်ယူချင်ယုံပဲလေ။”
ဂိုဏ်းခေါင်းဆောင်က ဆုံးဖြတ်ချက် ချထားပြီးသလိုမျိုး ခြေတစ်လှမ်းလှမ်းသည်။
“နင်တို့က ငါ့ကို လှုပ်ရှားခိုင်းတာပဲ။”
လှပသည့် ရွှေရောင်ဆံပင်နှင့် တောင်ပံကို ဖြန့်ကားလိုက်ချိန်တွင် ရွှေရောင်နတ်သားမွှေး တစ်သောင်းကျော်က ထွက်ပေါ်လာပြီး ထိုဂိုဏ်းခေါင်းဆောင်ထံ တိုးဝင်သွားသည်။
ဂိုဏ်းခေါင်းဆောင်က အင်္ကျီလက်ကို ခါးရမ်းလိုက်သည်။ ချက်ချင်းလိုလို ခရမ်းရောင်မြူထုက လေထုကို ထိုးခွဲကာ လွှမ်းခြုံသွားပြီးနောက် ထိုနေရာတစ်ခုလုံးကို ပင်လယ်သဖွယ် ဖြစ်သွားစေသည်။ ဤနည်းအားဖြင့် မရေမတွက်နိုင်သော နတ်သားမွှေးများကို တားဆီးလိုက်သည်။
“တောက် …။ ”
မိစ္ဆာကောင်မလေး၏အသံက အေးစက်သည်။ သူမ၏ခန္ဓာကိုယ်မှ နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။ ရွှေရောင်နတ်သားမွှေးများက ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ပြည့်နက်သွားသည်။ မျက်စိကြိမ်းမတတ် တောက်ပသည့် အလင်းတန်းမျိုးက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီးနောက် ရွှေရောင်ပိုက်ကွန်တစ်ခုဖြစ်လာကာ ကောင်းကင်မှ ကျဆင်းလာသည်။
ထို့နောက် မြူထုကို လွင့်ပျံသွားစေပြီး ဂိုဏ်းခေါင်းဆောင်ကို လွှမ်းခြုံလိုက်သည်။
ဝိညာဉ်အပျက်အစီး ကောင်းကင်ဂူ၏ အကြီးအကဲ ကိုယ်ထဲမှ ခရမ်းရောင်ကြယ် အဆောက်အဦးတစ်ခုက ထွက်လာသည်။ ရုတ်တရက် ခရမ်းရောင်မြူထုများက ကောင်းကင်သို့ ထိုးတက်သွားပြန်သည်။ ခရမ်းရောင် နတ်အလင်းတန်းများက ပတ်ဝန်းကျင်တခုလုံးကို လှုပ်ခါစေပြန်သည်။ ရွှေရောင်နတ်သားမွှေးများ အားလုံးက ကျိုးကြေသွားပြီး ရွှေရောင်အလင်းဖြင့် ပြောင်းလဲ၏။ ကောင်းကင်တစ်ခုလုံးကို ဗမ်းခနဲ မြည်သံနှင့်အတူ ပြည့်နှက်သွားစေသည်။ ဤနည်းအားဖြင့် မျက်စိကြိမ်းမတက် တောက်ပသည့် ရွှေရောင်စွမ်းအင်ပေါင်းများစွာက ထင်ရှားစွာ ရှိနေတော့သည်။
ရွှေရောင်ဆံပင်နှင့် ကောင်မလေး၏ အမူအရာက အေးစက်သွားသည်။ သူမက တောင်ပံကို ဖြန့်ကားပြီးနောက် နတ်ဓားတစ်စုံကို ထုတ်ဖော်လိုက်သည်။ ထိုနတ်ဓားတစ်စုံက ကြည်လင်တောက်ပပြီး မျက်စိကြိမ်းမတတ် ထင်ရှားနေသေးပြန်သည်။ သူတို့၏ မျက်ဝန်းထဲမှ ရွှေရောင်အလင်းတန်းကလည်း တောက်လောင်နေသည့် မီးတောက်ကဲ့သို့ ဂိုဏ်းခေါင်းဆောင်ထံ တိုးဝင်သွားသည်။
ဂိုဏ်းခေါင်းဆောင်က လက်ကို ဆန့်တန်းလိုက်ပြီးနောက် ရွှေရောင်သံဇောက်အိုးကို ချက်ချင်းလိုလို ကောင်းကင်ကို ထိုးတက်သွားစေသည်။ မဆုံးနိုင်သည့် ခရမ်းရောင်မီးတောက်များကလည်း ထိုဒယ်အိုးထဲမှ ထွက်လာကာ ထိုနတ်ဓားတစ်စုံကို တားဆီးလိုက်ပြန်သည်။ ဤနည်းအားဖြင့် သူတို့က ပြင်းထန်စွာဖြင့် လောင်ကျွမ်းသွားစေပြီး ချက်ချင်းလိုလို သန့်စင်ရန် ကြိုးစားသည်။
ဗုန်း …။
နတ်ဓားနှစ်လက်က မျက်စိကြိမ်းမတက် တောက်ပသော လျှပ်စီးအလင်းတန်းနှင့် တူသည်။ ထိုမျက်စိကြိမ်းမတတ် တောက်ပနေသော ခရမ်းရောင်အိုးကြီးနှင့် ရင်ဆိုင်ရချိန်တွင်မူ ကောင်းကင်ကိုပင် တုန်ရီသွားစေသည်။
“တက် ..။ ”
“သူတို့ကို တားစမ်း …။ ”
ထိုအချိန်တွင် အခြားသော မိစ္ဆာများကလည်း ဝင်ပါကြသည်။ ကောင်းကင်သို့ မိစ္ဆာကြီးများက ထိုးတက်သွားသည်။ ထိုသို့ဖြင့် တိုက်ခိုက်လိုစိတ်များက ပြင်းထန်စွာ မြှောက်တက်လာပြန်သည်။
မိစ္ဆာစွမ်းအင်များက ကျယ်ပြောသောပင်လယ်၏ အားလှိုင်းများလိုမျိုး ကြမ်းတမ်းစွာ ထိုးထွက်လာသည်။
တစ်ချိန်ထဲတွင်ပင် ဝိညာဉ်အပျက်အစီး ကောင်းကင်ဂူမှ အဆင့်လွန် အကြီးအကဲ လေးယောက်လုံးက ရှေ့ထွက်လိုက်ကြသည်။ ဒုက္ခဆင်းရဲပင်လယ်ထဲမှ နတ်စမ်းရေကန်နှင့် သူတို့၏ ခန္ဓာကိုယ်က မျက်စိကြိမ်းမတက် တောက်ပနေသော အလင်းတန်းများကို လွင့်ထုတ်လာသည်။ ကောင်းကင်တစ်ခုလုံးက ရောင်ပြန်ဟက်နေစေခြင်းအားဖြင့် မိစ္ဆာကြီးများကို လွင့်ပြယ်သွားစေသည်။ ကျွမ်းကျင်ပညာရှင်လေးယောက်က တစ်ကြိမ်ထဲလိုလို လှုပ်ရှားလိုက်ကြသည်။
မိစ္ဆာကြီးများက ကောင်းကင်ကို ကျော်ဖြတ်ပြီးနောက် နတ်အလင်းတန်းဖြင့် ကောင်းကင်သို့ ထိုးတက်သွားသည်။ မဟာမိစ္ဆာပေါင်းများစွာနှင့် ကျွမ်းကျင်ပညာရှင်ပေါင်းများစွာက ထိပ်တိုက်ရင်ဆိုင်ကြသည်။
ဤနည်းအားဖြင့် အရပ်မျက်နှာအနှံ့သို့ အလင်းတန်းများက လွင့်ထုတ်နေသည်။ ထိုသို့ဖြင့် လက်နက်အမျိုးမျိုးက ကောင်းကင်တွင် ကခုန်နေကာ ညကောင်းကင်အလား တည်ရှိနေသည်။
နတ်ဗုံ၊ ထာဝရရှင်သန်ခြင်း မီးအိမ်၊ ကြေးနီရောင်ဒဇောက်အိုး၊ ရွှေရောင်ဓား၊ ရှစ်ထောင့်မှန်၊ သွေးဆေဘာ၊ နဂါးကြေးခွံဓားနှင့် အခြားသောပစ္စည်းများ အားလုံးက အသက်ဝင်လာသလို ဖြစ်လာသည်။
သူတို့က အရာအားလုံးကို ဝါးမြိုကာ နတ်အလင်းတန်းများကို လွှင့်ထုတ်ပေးခြင်းအားဖြင့် အချင်းချင်း ထောက်ပံ့နေရင်း တွန်းတိုက်ကာ ထိပ်တိုက်ရင်ဆိုင်နေကြရသည်။ ထိုသို့ဖြင့် တရွှီရွှီအသံများက ဆက်တိုက်ထွက်ပေါ်လာပြီး လေထုက ထိပ်တိုက်ရင်ဆိုင်သည့် အချိန်တွင် နတ်စွမ်းအားများ၏ ဖျက်ဆီးပွဲဖြစ်သလိုမျိုး ကောင်းကင်ကိုပင် အနည်းငယ် တုန်ရီသွားစေသည်။
ထိုအချိန်တွင် ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည့် မိုးကြိုးငှက်က လျှပ်စီးစွမ်းအင်များဖြင့် ခြံရံလျက် ထွက်ပေါ်လာသည်။ ထို့အပြင် ငွေရောင်ကင်းခြေမြားကလည်း ငွေရောင်စွမ်းအားများနှင့် သိပ်သည်းထားသလိုမျိုး တောက်ပနေ၏။ အခြားသော သားရဲကြီးပေါင်းများစွာက မီးတောင်အဝသို့ရောက်လာသည်။
တစ်ချိန်တည်းတွင်ပင် ဝူချင်ဖုန်းနှင့် အခြားသောအကြီးအကဲများကလည်း သူတို့ဘေးသို့ ရောက်လာပြီဖြစ်သည်။ ဤနည်းအားဖြင့် ထိုသားရဲများကို ရင်ဆိုင်သည်။ ထိုသို့ဖြင့် တိုက်ပွဲက စတင်ပြန်သည်။
အဝေးမှ ယဲ့ဖန်းက တည်ငြိမ်အောင် မနည်းထိန်းနေရသည်။ သူက အဝေးမှ ကြည့်နေသည့်တိုင်အောင် ပြင်းထန်သည့်တိုက်ပွဲကို ထင်ထင်ရှားရှား ခံစားမိနေသေးသည်။
ယဲ့ဖန်းအနေဖြင့် ထိုဂူသင်္ချိုင်းနှင့် ပတ်သက်ပြီး အတွေးမရှိရန် ခက်ခဲသည်။ သို့သော် သူကလည်း အားအင်မဲ့နေသေးသည်။ သူက တာအိုကျမ်းစာပိုဒ်ကို ရနိုင်မည် မဟုတ်ချေ။
၄င်းက အရှေ့ပိုင်းပျက်သုဉ်းခြင်းနယ်မြေ တစ်ခုလုံးကို လှုပ်ခါနိုင်စွမ်းရှိသည့် ထာဝရ ရှင်သန်ခြင်းအဆင့် ကျမ်းစာပိုဒ်ကြီး ဖြစ်နေသည်။ ထို့အပြင် အလွန်အမင်း အဖိုးတန်သည့် စာလိပ်လည်း ဖြစ်သည်။ ထို့ကြောင့် သာမန်ကိစ္စ မဟုတ်တော့ချေ။ သူ့အနေဖြင့် နောက်ပိုင်းကျင့်ရမည့် သိုင်းအကွက်များ လိုအပ်နေသောကြောင့် အရေးတကြီး သိုင်းကျမ်း လိုအပ်နေသည်။
အရှေ့ပိုင်း အပျက်အစီးကုန်းမြေ၏ ရတနာဟုခေါ်ခဲ့ကတည်းက ယဲ့ဖန်းအနေဖြင့် ထိုသိုင်းက ထူးခြားမည်မှာ နားလည်သည်။ သို့သော် သူက များများစားစား မသေချာချေ။ တာအိုကျမ်းစာပိုဒ်ဆိုသော စကားလုံးကသာ သူ့ကို စိတ်ဆန္ဒအဖြစ် တောင်းတလာခဲ့ခြင်းဖြစ်သည်။
သူက ရှေးဟောင်း ကြေးနီရောင် ခေါင်းလောင်ထံမှ ရှေးဟောင်းကျမ်းစာပိုဒ်ကို ရရှိထားပြီးသော်လည်း သူက မည်သို့ပင် ကျင့်ကြံစေကာမူ ထိုနေရာတွင်ရှိသည့် ရှေးဟောင်းစကားလုံး ရာကျော်က နှလုံးသားထဲတွင် စွဲမြဲစွာ မှတ်သားထားရန် လိုအပ်နေပြီး အထူးတလည်ရှိသည့် ကျင့်ကြံခြင်းသူ မဟုတ်ကြောင်း သိလာသည်။ ထို့အစား ယင်းက အခြေခံ အပြင်ပန်းပုံစံများနှင့် တူညီနေပြီး သူ၏ လက်ရှိအခြေနေများတွင် တူညီမှုရှိသော အရာလည်း မဟုတ်ချေ။
တာအိုကျမ်းစာပိုဒ်၏ ကျော်ကြားမှုက တလောကလုံးကို လှုပ်ခါနိုင်စွမ်းအား ရှိသည်။ ယင်းက ဒဏ္ဍာရီလာ ထာဝရရှင်သန်ခြင်း ကျမ်းစာပိုဒ်ဖြစ်၏။ လွန်ခဲ့သောနှစ် သောင်းပေါင်းများစွာအကြာက မရေမတွက်နိုင်အောင် လူပေါင်းများစွာက အရှေ့ပိုင်း အပျက်အစီးကုန်းမြေတွင် နေထိုင်ခဲ့ကြသည်။ သူတို့က ရှေ့ဟောင်းကျမ်းစာပိုဒ်များကို ဝယ်ယူရန် ယှဉ်ပြိုင်ရန် နှစ်သက်ကြသည်။
သို့သော် သူတို့ထဲက မည်သူကမှ ထိုစာအုပ်ကို မကျော်နိုင်ကြချေ။ တာအိုကျမ်းစာပိုဒ်က လျှို့ဝှက်ဆန်းကျယ်သော နည်းလမ်းများကို မှတ်တမ်းတင်ထားသည်။ အသက်ဘီးက စတင်ကာ ကျယ်လာပြီး အသိစိတ်ပင်လယ်ကို ဖွင့်ပေးခြင်းအားဖြင့် ကောင်းကင်နှင့်မြေပြင်ကြားမှ နတ်တံတားကို တည်ဆောက်ခြင်းဖြစ်သည်။
ဤနည်းအားဖြင့် အခြားကမ်းစပ်တစ်ဖက်သို့ ရောက်ရှိသွားမည်ဖြစ်ရာ ခန္ဓာကိုယ်၏ အခြားလျှို့ဝှက်ဆန်းကျယ်သည့် အပိုင်းကို ထိတွေ့သွားနိုင်မည်ဖြစ်သည်။ အရာအားလုံးကိုလည်း အသေးစိတ် ရှင်းပြထားသေးသည်။ ယဲ့ဖန်က အလွန် လိုအပ်နေသည်။ ဖောက်ထွင်းမြင်ရနမတတ် ကြည်လင်နေသည့် ထာဝရရှင်သန်ခြင်း ကျမ်းစာလည်းဖြစ်သည်။
ဒုန်း ဒုန်း ဒုန်း …။
ထိုအချိန်တွင် ခပ်ထိုင်းထိုင်း ထိုင်းမှိုင်းသံက ထွက်ပေါ်လာပြန်ကာ နှလုံးခုန်နှုန်းကဲ့သို့ မြည်ဟီးလာသည်။ ငါးရောင်ခြယ် မျက်စိကြိမ်းမတက် တောက်ပသည့် အလင်းတန်းက ကောင်းကင်သို့ ထိုးတက်သွားပြန်သည်။ မီးတောင်ထဲမှ မကောင်းဆိုးဝါးဆန်သည့် မိစ္ဆာစွမ်းအင်များနှင့် ကျယ်ပြောသော နတ်စွမ်းအားများ၏ ဖိအားများကို ပျက်ပြယ်သွားစေသော စွမ်းအားတစ်မျိုးကလည်း ရှိနေသေးသည်။
ထိုသို့ သွေးနီရောင်ချော်ရည်က ဆူပွက်သောအခါ လူပေါင်းများစွာက ချော်ရည်ထဲမှ အပြေးထွက်ရန် ကြိုးစားကြပြီး သူတို့၏ခန္ဓာကိုယ် တစ်ဝက်ခန့်က နီရဲသွားသည်။ ခမ်းနားသော ရှေးဟောင်းဂူသင်္ချိုင်းကို အပေါ်အောက် စုံချီဆန်ချီကြည့်ပြီးနောက် ချော်ရည်ကိုပင် သူက လှုပ်ခါနိုင်ကြောင်း မြင်လိုက်ရသည်။
ထိုစံအိမ်ကြီးက အလွန်အမင်း တောက်ပစွာ လင်းထိန်နေသည်။
သွေးနီရောင်ချော်ရည်က ဆူပွက်လာသည်။ ချက်ချင်းလိုလို အကွဲအက်ကြားထဲမှ ထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို နီမြန်းလောင်ကျွမ်းသွားစေသည်။ ခမ်းနားသည့် ရှေးဟောင်းဂူ ကျောင်းတော်ကလည်း မြှုပ်ချီမြင့်ချီဖြစ်နေသည်။
တစ်နည်းအားဖြင့် ချော်ရည်ကို လှုပ်ခါနေစေပြန်သည်။ ထိုနောက် မျက်စိကြိမ်းမတက် တောက်ပလာကာ တစ်ကိုယ်လုံးက ဖောက်ထွင်းမြင်မတက် ကြည်လင်ကာ တဖျတ်ဖျတ် လက်လာသည်။
အဆုံးမသတ်နိုင်အောင် များပြားသည့် ရက်ပေါင်းများစွာက ချက်ချင်းကုန်လွန်သွားသည်နှင့် တူသည်။
ဗမ်း …။
နောက်ဆုံးတုန်ခါသွားသည့် လွှမ်းမိုးမှုအောက်တွင် ရှေးဟောင်းဂူသင်္ချိုင်းကြီးက ချော်ရည်ထဲမှ ထွက်လာသည်။ ရှုပ်ထွေးသောပုံစံနှင့် သင်္ကေတပေါင်းများစွာက သူ၏ကိုယ်ထည်တွင် ရှိနေသည့်တိုင်အောင် အနည်းငယ် ခြောက်ခြားဖွယ်ကောင်းသော ခံစားချက်ကို ပေးသည်။ သို့သော် သူတို့အနေဖြင့် ရှေးဟောင်းဂူဘုရားကျောင်း နှင့် ပတ်သက်ပြီး မကောင်းသောနာမည်များ မရှိကြချေ။
ခြိမ်း ခြိမ်း ခြိမ်း ..။
မီးတောင်က လှုပ်ခါသွားပြီး ခမ်းနားသည့် ရှေးဟောင်းဂူဘုရားကျောင်းက ကွဲအက်ရာထဲမှ မြှောက်တက်လာသည်။ မျက်စိကြိမ်းမတက်တောက်ပသော အလင်းတန်းများကို လွှင့်ထုတ်လာပြီး ရှေးဟောင်းနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားစေသည်။
ဤနည်းအားဖြင့် နေ့အချိန်အလား တောက်ပလာသည်။ ကောင်းကင်ရှိ ကြယ်များကပင် မှေးမှိန်သွားပြီး ငါးရောင်ခြယ် နတ်ဘုရားအလင်းကသာ ထွက်ပေါ်လာသည်။
ဂိုဏ်းမှ မဟာမိစ္ဆာပေါင်းများစွာနှင့် ကျွမ်းကျင်ပညာရှင်ပေါင်းများစွာက တိုက်ခိုက်ကြောင်း မြင်ရသောအခါ သူက ထိုဘုရားကျောင်းထံ အပြေးထွက်လာလိုက်သည်။
သူတို့အားလုံးကလည်း ဘုရားကျောင်း၏ တံခါးကို အရင်ဆုံး ဖွင့်ပြီး ၀င်ရောက်ကာ အမွေအနှစ်များကို ရယူပြီးမှသာ မိစ္ဆာမျိုးနွယ် အရှင်သခင်နေရာကို သိမ်းပိုက်ယူနိုင်မည်ဟု ထင်ထားကြသည်။
အပိုင်း ( ၅၆ ) ပြီး၏။