Switch Mode

Chapter – 53

Chapter – 53

အစိမ်းရောင်အလင်းက ဖျတ်ခနဲလက်သွားသည်။ အစိမ်းရောင်သစ်သားဓား ဆယ့်နှစ်လက်လုံးက မြွေသွေးများ စိုရွှဲသွားသည်မှာ အသက်ဝင်လာသည့်အလား ထင်ရသည်။
ထို့နောက် သွေး၏ အဆီအနှစ်များကို ဆက်တိုက် စုပ်ယူသွားသည်။ အစိမ်းရောင်သစ်သားဓားများက ဖောက်ထွင်းမြင်ရမတက် ကြည်လင်လာပြီးနောက်တွင် ရိုးရှင်းသောသဏ္ဌာန်က ပျောက်ဆုံးသွားလေပြီး စိုရွှဲလာသည်မှာ အစစ်အမှန် အစိမ်းရောင်ကျောက်စိမ်းဓားများအဖြစ် ပြောင်းလဲသွားသလို ထင်ရသည်။ သို့ရာတွင် ထိုအလင်းက ထူးဆန်းသော အရှိန်အဝါမျိုးကို ထုတ်ဖော်နေသေးသည်။
၄င်းက တစ္ဆေမီးတောက်လိုမျိုး ထင်ရပြီး နောက်ဆုံးတွင် တစစ်စစ်အသံများဖြင့် အကြီးအကဲဟန်၏ တုန်ရီနေသော ကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။
သူက လက်ထဲတွင် အစိမ်းရောင်သစ်သား မှော်တုတ်တံကို ကိုင်ထားပြီးမှ အရှေ့သို့ တစ်လှမ်းချင်း လှမ်းလာသည်။ သွေးမြေပြင်ထံသို့ ရောက်သွားချိန်တွင် သူက ကျောက်စိမ်းဦးချိုကို ခုတ်ဖြတ်လိုက်သည်။ ထို့နောက် မြွေ၏အလောင်းထဲမှ ကြီးမားသည့်မြွေသည်းခြေကို ထုတ်ယူသည်။ ထိုသည်းခြေက သွေးများ တစက်စက်ကျနေသည်။ သူ၏ငှက်ကဲ့သို့ ထင်ရသောလက်က ထိုသည်းခြေကို ဆွဲဖြဲလိုက်ပြီး ပါးစပ်ထဲသို့ထည့်ကာ ကိုက်စားသည်။
နောက်ဆုံးတွင် သည်းခြေအားလုံးကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်နိုင်သည်။ ထို့နောက် တစိမ့်စိမ့် ဝါးပြီးနောက် မျိုချသည်။
” ဝူး …။ ခါးပေမဲ့လည်း ငါ့ရဲ့ခန္ဓာကိုယ်က အသက်စွမ်းအားတွေ ဆုံးရှုံးတော့မှာဆိုတော့ ဒါက ကြီးမားတဲ့အားဖြည့်စာပဲ။ ဒီမြွေဝိညာဉ်ရဲ့သည်းခြေက ပုံမှန်မြင်တွေ့နိုင်တာမျိုး မဟုတ်ဘူး။”
သူ၏စကားက ဖျော့တော့သော်လည်း ကျောခြမ်းဖွယ်ကောင်းလွန်းနေသည်။ လီလင်းနှင့် လီယွန်တို့က အလွန်ပင် ထိတ်လန့်သွားကြသည်။
ထို့နောက် သူက မြွေ၏ သွေးနှင့် အဆိပ်များကို စတင်ကာ သန့်စင်သည်။ သူက မည်သည့်အရာကိုမှ မဖြုန်းတီးနိုင်ချေ။ နောက်ဆုံးတွင် သူက အရာအားလုံးကို အစိမ်းရောင်အလင်းထဲသို့ သွပ်ထည့်ပြီးနောက် ပျောက်ကွယ်သွား​စေသည်။
“မင်းတို့တွေ ဒီနေရာကို လာရဲကြတာပဲ။”
အကြီးအကဲ ဟန်၏ ဆံပင်များက ရှုပ်ပွနေသည်။ မျက်နှာကလည်း အုပ်နေသည်။ သို့ရာတွင် သူ၏ သုန်မှုန်သောမျက်နှာထားကို ခံစားမိနိုင်သည်။ သူ၏အသံကလည်း အေးစက်နေသည်။
“မင်းတို့တွေကို မပြောနဲ့။ နတ်ဘုရားရေကန်နဲ့ အင်းအားကြီးမားတဲ့ စစ်သည်တော်တွေတောင်မှ ဒီအပျက်အစီးနယ်မြေရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို မဝင်ရောက်လာရဲဘူး။”
” မဟာဦးလေး …။ ကျွန်တော် ကျွန်တော်မှားပါတယ်။”
ဟန်ဖေးယီက ခေါင်းကို ငုံ့လိုက်သည်။ သူက မရှင်းပြရဲချေ။ သူက အကြီးအကဲ ဟန် ကို အလွန်ကြောက်ရွံ့သည်နှင့် တူသည်။ လီလင်းနှင့် လီယွန်တို့ကလည်း ခေါင်းငုံ့ထားကြသည်။ သူတို့ကလည်း ထိုလူအိုကြီးကို မကြည့်ရဲကြချေ။
“မင်းက နည်းနည်းလေး ဉာဏ်ကောင်းပြီး ငှက်တွေနဲ့သားရဲတွေက ထွက်ပြေးသွားတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ဒီထဲကို ဝင်လာတယ်ဆိုပေမဲ့လည်း မင်းတို့ မေ့နေတာရှိတယ်။ ဒီလောကမှာ အရာအားလုံးက ခွန်အားပေါ် မူတည်နေတာ။ မင်းတို့က မြင့်လွန်းတဲ့ အတိုင်းအတာ တစ်ခုထိ မရောက်မချင်း မင်းတို့ရဲ့လှည့်ကွက်တွေကို ဘယ်လောက်သုံးသုံး အသုံးမဝင်ဖြစ်နေမှာပဲ။”
ထို့နောက် အကြီးအကဲ ဟန်၏ လေသံက ညင်သာသွားသည်။
“ဒီအပျက်အစီးရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုကြီး ဖြစ်လာတော့မယ်။ ငါတောင်မှ သတိထားဖို့ လိုအပ်တယ်။ မဟုတ်ရင် ငါ့ရဲ့အသက်က ဒုက္ခရောက်သွားမှာ။ ကောင်းပြီ ..။ မင်းတို့တွေ အခုထွက်သွားနိုင်ပြီ။ ဒီနေရာက ပြန်မလာကြနဲ့။”
“ဟုတ်ကဲ့ .. ။”
သုံးယောက်လုံးက သဘောတူကြသည်။ သို့သော် သူတို့က ချက်ချင်းမထွက်သွားကြဘဲ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ ရှိနေရာသို့ ရက်စက်ကြမ်းတမ်းလွန်းသော ရည်ရွယ်ချက်များဖြင့် လှည့်ကြည့်သွားကြသည်။
“မြန်မြန် ထွက်သွားကြရအောင်။”
အကြီးအကဲဟန်ရဲ့ ဆံပင်များက ရှုပ်ပွနေပြီး မျက်နှာအမူအရာကလည်း အုပ်နေသေးသည်။ ထိုတခဏတွင် သူ၏ဆံပင်မှ အလင်းတန်းနှစ်တန်း ထွက်လာသည်။ ချက်ချင်းလိုလို သုံးယောက်လုံးက ကျောစိမ့်သွားသလို ခံစားလိုက်ရပြီး ထပ်မနေရဲကြတော့ဘဲ ကျောက်တုံးတောအုပ်ထဲသို့ ခပ်မြန်မြန်​လျှောက်သွားလိုက်ကြသည်။
အကြီးအကဲဟန်က ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ထံ လျှောက်သွားသည်။ သူ၏ခန္ဓာကိုယ်က ဆွေးမြေ့နေသော သစ်သားတုံးတစ်တုံးလို ထင်ရပြီး အနက်ရောင်ဝတ်စုံများက ခပ်တိုတို ဝါးချောင်းတစ်ချောင်းကို ဝှက်ထားသလို ဖြစ်နေသည်။
ထို့ပြင်် သူ၏ပြေလျော့နေသော ဆံပင်ဖြူများနှင့်ပေါင်းလိုက်သော် ပုံစံက ပို၍ သုန်မှုန်လာပြီး ကြောက်မက်ဖွယ်ကောင်းသွားသည်။ သူက မှင်စာတစ်ကောင်လိုမျိုး မည်သည့်အသံမှ မထုတ်လွင့်ချေ။ သူ၏ခြေထောက်က မြေပြင်ကိုပင် မထိဘဲ ဒီအတိုင်းမျောပါလာပြီးနောက် သေဆုံးခြင်း အရှိန်အဝါများကို လွင့်ထုတ်နေသည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အလွန်ထိတ်လန့်သွားကြသည်။ ထိုပိန်ကပ်နေသော လူအိုကြီးက ဆိုးယုတ်သောဆန္ဒ အပြည့်ရှိသည်။ သူတို့နှစ်ယောက်ပင် ဦးခေါင်းခွံက ကြိမ်းတက်သွားသလို ခံစားသွားရသည်။
ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူထဲတွင် ရှိနေသောကြောင့်သာ မဟုတ်လျှင် ထိုလူအိုကြီးက သူတို့ကို ဖမ်းပြီး ဆေးလုံးအဖြစ် သန့်စင်ချင်လောက်သည်။ သူတို့က အော်ဟစ်ကာ အကူအညီတောင်းမည်ဆိုလျှင်ပင် မည်သူကမှ မကူညီနိုင်လောက်ချေ။
အကြီးအကဲ ဟန်၏ ခြေထောက်က မြေပြင်ကို မထိချေ။ ထိုနည်းအားဖြင့် သူက လျောခနဲ အနားသို့ ရောက်လာသည်။ သူ၏ ပါးစပ်မှ အေးစက်သောလေသံက ဇီးကွက်တစ်ကောင် အော်ဟစ်သံလိုမျိုး ထင်ရပြီး ဆံပင်မွှေးများကို ထောင်သွားမတက် ဖြစ်စေသည်။ သက်ရှိလူတစ်ယောက်၏ အသံမျိုးနှင့် တူမနေခဲ့ချေ။
“ကျောက်စိမ်း ဦးချိုမြွေရဲ့ ပါးစပ်ထဲကနေ လွတ်မြောက်နိုင်ပြီး ကျောက်စိမ်းမြွေသစ်ခွကိုတောင် ယူနိုင်တယ်ဆိုတော့ မဆိုးဘူးဘဲ။”
သူက သဘောတကျ ခေါင်းငြိမ့်ပြီးနောက် ယဲ့ဖန်းနှင့် ဖန်းပေါ်ကို ကြည့်သည်။ သူ၏ဆံပင်ဖြူများက အလင်းတန်းများ ထွက်လာလျက် ယဲ့ဖန်းနှင့်ဖန်းပေါ်ကို စုန်ချီဆန်ချီကြည့်သည်။
သူတို့နှစ်ယောက်ကမူ ချီးကျူးခံရသည့်တိုင်အောင် မသက်မသာ ခံစားရသည်။ အထူးသဖြင့် မဆိုးဘူးဟုဆိုသော စကားပင်ဖြစ်သည်။ ထိုစကားက ချီးကျူးနေသည်နှင့် မတူဘဲ ခန္ဓာကိုယ်ကို အကဲဖြတ်နေသလို ဖြစ်နေသည်နှင့် တူသည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ဆံပင်မွှေးများ ထောင်တက်သွားသလို ခံစားလိုက်ရသည်။ တစ္ဆေနှင့်တူသော ထိုအကြီးအကဲ ဟန်က သက်တမ်းအဆုံးသတ်နားသို့ ရောက်နေသဖြင့် ယန် ပြန်လှည့်ဆေးလုံးကို သန့်စင်ရန် နည်းလမ်းတစ်ခုကို တွေးတောနေခြင်း ဖြစ်သည်။ သို့သော် ယခုလို ကြည့်နေသောအကြည့်က သူတို့၏ ဆံပင်မွှေးများကို ထောင်တက်စေသည်။
“အကြီးအကဲ ဟန်ကို နှုတ်ဆက်ပါတယ်။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ချက်ချင်းလိုလို ရှေ့ထွက်ဂါရဝပြုလိုက်ကြသည်။ သူတို့က လွတ်မြောက်လမ်း မရှိတော့ချေ။ ထိုလူအိုကြီးက နတ်သက်တန့်ကိုပင် ထိန်းချုပ်နိုင်စွမ်းအား ရှိသည့်အတွက် သူတို့ကို ချက်ချင်း မှီသွားနိုင်လေသည်။
“မင်းတို့နှစ်ယောက်က ငါ့ကို နည်းနည်းတော့ ကြောက်တဲ့ပုံပဲ။ ဒီလိုလုပ်ဖို့ မလိုပါဘူး။ ငါက လူငယ်တွေကို သဘောကျတယ်။ အထူးသဖြင့် အသက်စွမ်းအား အပြည့်ရှိတဲ့ လူငယ်တွေကိုပဲ။”
အကြီးအကဲဟန်၏ အသံက တိုးပြီး စူးရှသည်။ သူကခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဖန်းပေါ်၏ အရှေ့သို့ ရောက်လာကာ ကြည့်သည်။ သူ၏ အကြည့်က ယဲ့ဖန်းထံသို့ ရောက်သွားသည်။ ထိုအကြည့်က အလွန်ပူပြင်းပြီး သူ့ အပိုင်ပစ္စည်းတစ်ခုကို ကြည့်နေသည်နှင့်တူသည်။
ယဲ့ဖန်းကမူ တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးချင်သွားသည်။ ဖန်းပေါ်ကလည်း ဆက်လက်ပင် မထိန်းထားနိုင်တော့ဘဲ တိုက်ခိုက်ချင်လာသည်။
ထိုအချိန်တွင် အကြီးအကဲဟန်က ယဲ့ဖန်း၏ ပုခုံးကို ပုတ်သည်။ ထို့နောက် တစ္ဆေတစ်ကောင်လိုမျိုး အနောက်သို့ ချက်ချင်းပြန်မျောလွင့်သွားပြီး သူတို့၏အနားမှ ထွက်သွားသည်။
“ငါ မင်းတို့နှစ်ယောက်ကို အများကြီး မျှော်လင့်ထားတယ်။”
” ငါ မင်းတို့အတွက် အများကြီး မျှော်လင့်ထားတယ်။ ဒီတော့ အခုက စ ကောင်းကောင်း ကျင့်ကြံကြ။”
သူ၏စကားများက အားအင်မဲ့ပြီး အသက်စွမ်းအား ကုန်ဆုံးနေသည်နှင့်ပင် တူသည်။ မျက်တောင်တစ်ခက်အချိန်အတွင်း သူက သူတို့ နောက်မှ ပျောက်ကွယ်သွားပြီး အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်သွားသည်။
” ဒီအဖိုးကြီးက ဘာကို ဆိုလိုတာလဲ။”
ဖန်းပေါ်ကမူ သံသယဝင်သော အမူအရာမျိုးဖြစ်နေသည်။ ယခုလေးတင် အကြီးအကဲ ဟန်က တိုက်ခိုက်တော့မည်ဟု ခံစားခဲ့ရသည်။ သို့သော် ယခုလို ထွက်သွားမည်ကို မျှော်လင့်မထားချေ။
” ဒီအဖိုးကြီးက …”
ယဲ့ဖန်း၏ အမူအရာကလည်း မကောင်းချေ။ သူကလေသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။
“သူက သူ့ရဲ့အကြည့်ကို ဖုံးကွယ်ဖို့တောင် မကြိုးစားဘူး။ သူက ငါ့ကို သူ့အပိုင်ပစ္စည်းလို့ သတ်မှတ်နေတာပဲ။ သေစမ်း။ ဒီအဖိုးကြီး သေတဲ့အထိ ဒီအပျက်စီးနယ်မြေ အနက်ရှိုင်းဆုံးအပိုင်းမှာ ပိတ်လှောင်ခံရပါစေလို့ ကျိန်ဆဲတယ် .. ။”
ဖန်းပေါ်ကလည်း ဝင်ကာ အကြံပေးသည်။
” ဒီနေရာက မြန်မြန်ထွက်သွားရအောင်။ ဝေးလေကောင်းလေလေပဲ။”
“ငါတို့ လွတ်လွတ် မလွတ်လွတ် အခြေနေက တူတူဘဲဖြစ်လိမ့်မယ်။ သူက ငါတို့ကို တိုက်ရိုက် မတိုက်ခိုက်တာက အကြီးအကဲ ဝူချင်ဖုန်းကို စိုးရိမ်လို့ဘဲ။ ဒါပေမဲ့ သူ အမူအရာကို ကြည့်ရတာ အရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်နေသလိုပဲ။ သူ ဘာလိုချင်လဲဆိုတာကိုတော့ ငါ မသိတော့ဘူး။”
အဝေးရှိ တောအုပ်တစ်နေရာမှ ဟန်ဖေးယီကမူ ပဟေဠိဖြစ်သွားသည်။ မူလက သူ၏ မဟာဦးလေးက ယဲ့ဖန်းကို ဆေးအဖြစ် သန့်စင်တော့မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဒီတခဏတွင် ရပ်ပြီး ထွက်ပြေးသွားမည်ဟု မထင်ထားမိချေ။
လီလင်းနှင့် လီယွန်တို့ကလည် အံကြိတ်ထားကြသည်။ အကြီးအကဲ ဟန်က ထွက်သွားကြောင်းကို မြင်သောအခါ သူတို့က လေသံတိုးတိုးဖြင့် ဆွေးနွေးကြပြီး ယဲ့ဖန်းနှင့်ဖန်းပေါ်၏ အသက်ကို တိုက်ရိုက်ပင် ယူချင်နေသည်။
” ဖန်းပေါ်က ထာဝရ ရှင်သန်ခြင်း မျိုးစေ့ပဲ။ ဒီတော့ သူ့ကို အကြီးအကဲ ဝူချင်ဖုန်းက သင်္ကေတ ချန်ထားရစ်ခဲ့ပြီး တောက်လျှောက်စောင့်ကြည့်နေမှာ သေချာတယ်။ ငါတို့ကသာ သူ့ကိုသတ်လိုက်ရင် အနှေးနဲ့အမြန် ငါတို့လုပ်မှန်း သိသွားမှာပဲ။”
အဆုံးတွင် သူတို့သုံးယောက်က ဒေါသတကြီး ထွက်ခွာသွားရသည်။ သူတို့၏ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်လိုက်ပြီး မတိုက်ခိုက်နိုင်တော့ချေ။
ထိုအချိန်တွင် ကောင်းကင်မှ နတ်သက်တန့်ရောင်စင်တစ်ခုက ဖြတ်သန်းသွားပြီး တောအုပ်တစ်ခု၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်သွားသည်။
“ဒါက အကြီးအကဲ ဝူချင်ဖုန်းပဲ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာက ပျော်ရွှင်မှုကို မြင်နိုင်သည်။
ထိုအချိန်တွင် အပျက်အစီးနယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းက သံသယဝင်စရာ မရှိလောက်အောင် အလွန်အန္တရာယ်များသည်။ သို့သော် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ကမူ နောက်မဆုတ်ကြချေ။ သူတို့က ရှေ့သို့သာ ဆက်သွားကြသည်။
” ငါတို့ အပျက်အစီးနယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာကို ဝင်လို့ မရလောက်ဘူး။ အပျက်အစီးနယ်မြေရဲ့ အနက်ရှိုင်းဆုံးအပိုင်းထဲကို မရောက်နိုင်ရင်တောင်မှ ဒီနယ်မြေအတွင်းက ရတနာတွေကို ရှာဖွေလို့ရနေတာပဲ။ ငါတို့တွေ ကျောက်စိမ်း​မြွေ သစ်ခွလိုမျိုး စိတ်ဝိညာဥ်ဆေးပင်တွေကို ရရင်ကောင်းမယ်။”
နှစ်ယောက်လုံးက အတွင်းပိုင်းက အလွန်အန္တရာယ်များကြောင်းကို သိလိုက်ကြသည်။ အံ့အားသင့်ဖွယ် ပြောင်းလဲမှုက ထိုနေရာတွင် ဖြစ်ပျက်နေပေလိမ့်မည်။ ထို့ကြောင့် အခြားနေရာများကမူ လုံခြုံလောက်သည်။
တောင်တောအုပ်ကြီးက တိတ်ဆိတ်နေသည်။ နောက်ထပ် ဆယ်မိုင်ခန့်လျှောက်ပြီး ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က အဆောက်အဦးများ၏ အောက်ခြေကျောက်တုံးများနှင့် အပျက်အစီးပုံများကို မြင်လိုက်ရသည်။ စိုက်ခင်းများကပင် အပျက်အစီးပုံများအတွင်း ရောက်နေသည်။
ထိုသို့ လျှောက်သွားနေလိုက်ကြပြီး နောက်ဆုံးတွင် ကြောက်မက်ဖွယ် ငှက်များနှင့်သားရဲကောင်များ အားလုံးက ထွက်သွားခဲ့ခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
အကြောင်းမူကား တစ်ချို့နေရာများတွင် ကျောက်စိမ်းဦးချိုမြွေထက် အားမနည်းသည့် သတ္တဝါကြီးများ ရှိနေသေးသည်။ သူတို့အားလုံးက သူတို့၏ဂူနေရာများတွင် ပုန်းအောင်းနေလျက် မသက်မသာဖြစ်နေကြသည်။
ဒုန်း …။
ထိုအချိန်တွင် အပျက်အစီးနယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းမှ အသံတစ်သံထွက်လာသည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ နှလုံးသားကလည်း တုန်ရီသွားပြန်သည်။ သူတို့၏နှလုံးသားကို လက်သည်းတစ်ခုက ကုတ်ခြစ်လာသလိုမျိုး ခံစားချက်လိုက်ကြရပြီး ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်က သာမန်လူများထက် သာလွန်နေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် မသက်မသာဖြစ်နေပေလိမ့်မည်။ သူတို့က ခြေလှမ်း အနည်းငယ် နောက်ဆုတ်ပြီးမှသာ တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။ သူတို့၏ မျက်နှာအမူအရာကလည်း ဖြူဖျော့နေပြီး ကြောက်လန့်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။
” တကယ်ပဲ အဲ့တာက ဘာလဲ။”
” အတွင်းပိုင်းက အဲ့ဒီထွက်လာတဲ့သံက အချိန် ပို တိုသထက် ပိုတိုလာတယ်လို့ မခံစားမိဘူးလား။”
ထိုအရာတွင် မကသေးဘဲ နှစ်ယောက်စလုံးက အပျက်အစီးနယ်မြေ အနက်ရှိုင်းဆုံးအပိုင်းမှ လာသည့် မှော်ဆန်ကာ ခမ်းနားသည့် အသက်စွမ်းအင် အရှိန်အဝါကို ခံစားနေရသည်။
“မင်း ဘယ်လိုထင်လဲ။”
ဖန်းပေါ်က မေးသည်။
ယဲ့ဖန်းက ခေါင်းခါကာ ပြောသည်။
“ငါ့မှာ အတော်လေးကို ဖြစ်နိုင်ခြေမရှိတဲ့ အကြံတစ်ခုတော့ရှိတယ်။ အချို့ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင်ကောင်က နှစ်ပေါင်း မရေမတွက်နိုင်အောင် အိပ်ပျော်နေပြီး နိုးလာတာများ ဖြစ်နေမလား။”
ဖန်းပေါ်၏ မျက်နှာက အလွန်အံ့အားသင့်ဟန် ဖြစ်သွားပြီးနောက် ပြောသည်။
“ဒီအသံက နှလုံးခုန်သံနဲ့ တူတယ်လို့ မင်း ပြောချင်တာ မဟုတ်ပါဘူးနော်။”
ထိုအချိန်တွင် လေထဲတွင် တစ်စုံတစ်ရာက ကြိုးပြတ်သွားသလို အသံမျိုးဖြင့် ရုတ်တရက် ဝုန်းခနဲ မြည်ဟီးလာသည်။ ဆယ်ခုကျော်သော နတ်ချိန်းကြိုးများက ကောင်းကင်ဘုံကို ​ကျော်ဖြတ်ပြီးနောက် အပျက်အစီးနယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ တိုးဝင်သွားသည်။
အပိုင်း ( ၅၃ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset