Switch Mode

Chapter – 751 & 765

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၅၁) သတ်ဖြတ်ပွဲကြီး

အရာရာ ဖြူဖွေးစွတ်နေသော ဟင်းလင်းပြင်ကြီးထဲ အားလုံးသည် ခေါင်းမပါသော ယင်ကောင်ကဲ့သို့ ဖြစ်နေခဲ့ကြ၏။ ထို့ကြောင့် ဘုံးကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မသည် သူမသိသည့် တစ်ဦးတည်းသော လူဖြစ်သည့် ရန်ကိုင်ကို နောက်တစ်ကြိမ် လာစကား ပြောပြန်၏။

ရန်ကိုင်က ခေါင်းလေးတရမ်းရမ်းဖြင့် သူတော်စင်မကို ကြည့်၍ ရုတ်တရက် ရယ်မောလိုက်၏။

“နင်ဘာရယ်နေတာလဲ” သူတော်စင်မ မျက်မှောင် ကြုံ့လိုက်ပြီး “တကယ်ကို မုန်းစရာကောင်းတဲ့ ကောင်ပဲ”

“အဲ့ဒါဆို ငါနဲ့ဘာလို့ လာစကားပြောနေသေးလဲ”

“ဒီမှာရှိတဲ့ လူတွေထဲမှာ နင့်တစ်ယောက်ကိုပဲ ငါသိတာလေ။ အခြားသူတွေသာ ငါက သူတော်စင်မမှန်း သိသွားခဲ့ရင်…” ဤနေရာသို့ ရောက်လာကတည်းက သူမ မည်သူမည်ဝါ ဆိုသည်ကို ဖုံးကွယ်ထားခဲ့ကာ ရုပ်အမှန်ကိုပင် ဖုံးကွယ်ထားခဲ့၏။ တကယ်တော့ သူမ ကျွန်းသို့ ရောက်စဉ်က မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့မှ ကျင့်ကြံသူများသည် သူမတို့ကို လာရောက် ကြိုဆိုခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူမ၏ ရုပ်အမှန်ကို မြင်လျှင် ကျိန်းသေ မှတ်မိသွားပေလိမ့်မည်။

သူတော်စင်မ တစ်ယောက်သည် မြင့်မြတ်မှု၊ သန့်စင်မှု၏ သင်္ကေတ အမှတ်လက္ခဏာ ဖြစ်၏။ ယနေ ကိစ္စသာ ပေါက်ကြားသွားမည် ဆိုပါက သူမ၏ ဂုဏ်သတင်းကို ထိခိုက်နိုင်ရုံမက ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ ဂုဏ်ကျက်သရေကိုလည်း စွန်းထင်း စေပေလိမ့်မည်။

ထို့ကြောင့် အခြား တစ်ယောက်ယောက်က သူမအား မှတ်မိသွားမည်ကို သူတော်စင်မ အတော်လေး စိုးရိမ်မိ၏။ ထို့ကြောင့် ရန်ကိုင်သည် မုန်းစရာ ကောင်းသော်ငြား သူတစ်ယောက်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပေ၏။

“ဒီနေရာကနေ ထွက်လို့ရမှာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါရမ်း၍ သက်ပြင်းချကာ ပြောလိုက်၏။

“ငါတို့ထွက်လို့ မရဘူးလား” သူတော်စင်မ၏ မျက်နှာလေး အနည်းငယ် ဖြူလျော်သွားခဲ့ပြီး “ဒီနေရာမှပဲ တစ်သက်လုံး ပိတ်မိနေတော့မှာလား”

“ဖြစ်နိုင်လောက်တယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

“ငါ့ကို လာခြောက်မနေနဲ့။ နောက်တော်ဝင် သခင်ကိုတောင် ရှာတွေ့သေးတာမဟုတ်ဘူး…” သူတော်စင်မ တကယ်ကို ထိတ်လန့်လာခဲ့လေပြီ။ သူမ ပုံစံကိုကြည့်ရင်း သူတော်စင်မသည် အမှန်အကန်ကို တုံးအရိုးသားပြီး ဤလောကကြီး မည်မျှ ရက်စက်၊ ကြမ်းတမ်းသည်ကို နားမလည်သည့် မိန်းကလေး တစ်ယောက် ဖြစ်ကြောင်း ရန်ကိုင် နားလည်လိုက်၏။

သူမသည် ရန်ကိုင်နှင့် ဆန့်ကျင်ဘက်ပင်။ ရန်ကိုင်သည် ငယ်ငယ်ကတည်း နိမ့်ချည်၊ မြင့်ချည် လောကဓံတရားကို ခံစားခဲ့ဖူးသူ ဖြစ်ရာ ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့နေရသော်ငြား အေးအေးဆေးဆး၊ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။

“နင်တို့ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင် သခင်တွေကို လူတန်းစား အမျိုးမျိုးထဲကနေ သူတော်စင်မတွေက ရှာတွေ့ခဲ့တာဆို။ ဘယ်သူက နောက်တော်ဝင်သခင် ဖြစ်လာမယ်မှန်း ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ နင်တို့မှာ ရှိနေတာလား”

“ဘာလို့ လာမေးတာလဲ။ ငါတို့မှာ ကိုယ်ပိုင် နည်းလမ်း ရှိတာပေါ့” သူတော်စင်မ ရုတ်တရက် နိုးကြားသွားခဲ့ပြီး “ဒါက ငါတို့ ဘုံကိုးခုထွတ်မြတ် နယ်မြေက သူတော်စင်မတွေပဲ လုပ်နိုင်တဲ့အရာ။ နင်ငါ့ကို လာမေးရင်တောင် ငါနင့်ကို ပြောပြမှာ မဟုတ်ဘူး”

“သိချင်ရုံသက်သက်ပါပဲ” ရန်ကိုင်က ပခုံးတွန့်ပြ၍ “နင်မပြောချင်ဘူးဆိုရင်လည်း ငါက အတင်း ပြောခိုင်းမနေပါဘူး”

သူတော်စင်မ စိတ်သက်သာရာ ရသွားခဲ၏။ ထွတ်မြတ် နယ်မြေ၏ လျှို့ဝှက်ချက်များကို ရန်ကိုင် ဆက်လက် မေးမြန်းလာမည်ကို သူမ အတော်လေး စိုးရိမ်နေမိ၏။ ရန်ကိုင် မေးသည်ဖြစ်စေ၊ မမေးသည် ဖြစ်စေ၊ သူတော်စင်မက ရန်ကိုင်နှင့် နည်းနည်း ခပ်ခွာခွာ နေလိုက်၏။

အချိန် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး တစ်ရာကျော်သော ကျင့်ကြံသူများသည် ထူးဆန်းသည့် အဖြူရောင်လောကကြီးထဲ ဝင်ပေါက်တစ်ခုကို တွေ့လိုတွေ့ငြား ဆက်လက် စူးစမ်းရှာဖွေနေကြ၏။ သို့သော် မည်သူမှ ဘာကိုမှ ရှာမတွေ့နိုင်ခဲ့ချေ။

တဖြည်းဖြည်းနှင့် သူတို့စိတ်ထဲ ခံစားနေရသည့် စိုးရိမ်ပူပန်မှု၊ တုန်လှုပ်ချောက်ချားမှု၊ စိတ်ဂနာမငြိမ် ဖြစ်မှုတို့ကြောင့် ကျင့်ကြံသူများသည် ပိုပို၍ စိတ်တို၊ စိတ်ပျက်အားလျော့လာခဲ့ကြ၏။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ပညာရှင် များသည်လည်း အရုပ်ဆိုးနေခဲ့ကြ၏။

ဤပြဿနာ မည်မျှကြီးမှန်း သူတို့အားလုံး သတိပြုမိပေ၏။

အလင်းလုံးသည် သူတို့၏ ဝိဥာဉ်များကို ထွက်ပေါက် မရှိသော ဤလေဟာနယ်ထဲသို့ အတင်းအကြပ် ဆွဲယူခဲ့၏။ ဆိုလိုသည်ကား သူတို့ ဤနေရာတွင် တစ်သက်လုံး ပိတ်မိနေပေတော့မည်။

ဤနေရာတွင် ရှိနေသည့် ကျင့်ကြံသူအားလုံးသည် အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်းအ ဆင့်(၇) ကျင့်ကြံသူများ ဖြစ်ကြ၏။ ဝိဥာဉ်မရှိသည့် သူတို့၏ ခန္ဓာကိုယ်တွင် ရေတိုအတွက် ပြဿနာ မရှိသော်ငြား အချိန်ကြာသွားလျှင်မူ ခြောက်သွေ့၊ သေဆုံး သွားရပေလိမ့်မည်။

ခန္ဓာကိုယ် မရှိတော့သည်နှင့် သူတို့၏ ဝိဥာဉ်များသည် အခွံမရှိသည့် ဝင်ကစွတ်များပမာ ဖြစ်သွားပေလိမ့်မည်။ သင့်လျော်သော ခန္ဓာကိုယ်တစ်ခုကို မရှာနိုင်ခဲ့လျှင် အနှေးနှင့်အမြန် သူတို့၏ ဝိဥာဉ်များ‌ ပျောက်ကွယ် သွားရပေလိမ့်မည်။

ထို့ကြောင့် လူအုပ်ကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချား၊ ကြောက်လန့်လာခဲ့ကြ၏။

ကျင့်ကြံသူများကြား အခြေအနေ တင်းမာလာသည်ကို မြင်သော် ရန်ကိုင်သည် လူအုပ်ကြီးနှင့် ခပ်ခွါခွါနေလိုက်၏။ ထို့ပြင် သူ့ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ် သတိ ဖြန့်ကျက်ထား၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မသည်လည်း ထိုထူးဆန်းသော အခြေအနေကို သတိပြုမိ၏။ ထို့ကြောင့် ရန်ကိုင်နား ကပ်နေခဲ့၏။ ရန်ကိုင်နှင့် နီးလည်း မနီးလွန်း၊ ဝေးလည်း မဝေးလွန်းသည့် နေရာတွင် နေလျက် ရန်ကိုင် ဘယ်နေရာသွားသွား သူ့နောက်လိုက်နေခဲ့၏။

ရန်ကိုင်သည် သူမအပြုအမူကို စိတ်ထဲမထားဘဲ သူမ စိတ်ရှိတိုင်း လုပ်ခွင့်ပေးထားခဲ့၏။

အချိန်တစ်ခု ကြာသွားပြီးနောက် အားလုံး ဤအဖြူရောင် ဟင်းလင်းပြင်အား စူးစမ်းရှာဖွေခြင်းကို လက်လျော့လိုက်၏။

အကုန်လုံးသည် သုန်မှုန်၊ မည်းမှောင်နေသော အမူအရာများဖြင့် ထိုင်ချလိုက်၏။

ထိုင်ချပြီး မကြာခင်မှာပင် အချင်းများသံတို့ ထွက်ပေါ်လာခဲ့၏။

“သူတောင်းစားအိုကြီး၊ ခင်ဗျားသာ အဲ့အရံအတားကို ဖျက်စီးဖို့ မကြိုးစားခဲ့ရင် ကျုပ်တို့လည်း အခုလိုဘဝမျိုး ရောက်ခဲ့မှာမဟုတ်ဘူး။ အခု ကျုပ်တို့အားလုံး ဒီမှာ ပိတ်မိနေပြီ။ ခင်ဗျား ဘယ်လို ပြန်လုပ်ပေးမှာလဲ” တစ်ယောက်ယောက်က လူအိုကြီးချန်ကို လှမ်းအော်ပြောလိုက်၏။

ထိုလူက စတင်မေးခွန်းထုတ်လိုက်သည်နှင့် လူအုပ်ကြီးထဲမှ လူအိုကြီးချန်ကို ပြစ်တင်ပြောဆိုသံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေ၏။

လူအိုကြီးချန်ကို မကြည်မသာဖြင့် ကြည့်နေသည့် ကျင့်ကြံသူများ မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့ထဲတွင်ပင် ရှိနေ၏။

လူအိုကြီးချန် သုန်မှုန်သွားခဲ့ပြီး အထင်အမြင် သေးသေးဖြင့် ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်၏ “ဘာလဲ၊ တစ်ဖက်စောင်းနင်းကြီးပါလား။ အရံအတားကို ချိုးဖျက်မယ် ပြောတုန်းက မင်းတို့ထဲက ဘယ်ကောင် ကန့်ကွက်ခဲ့လဲ။ မင်းတို့အားလုံးလည်း အရံအတားကို ချိုးဖျက်ပြီး နန်းတော်ထဲက ရတနာတွေကို ရှာချင်နေကြတာ မဟုတ်ဘူးလား။ အခုလို ဖြစ်သွားတော့မှ အကုန်လုံး ငါ့ကို လာအပြစ်တင်နေတာက နည်းနည်းတော့ မဟုတ်သေးဘူးနော်”

“ဘာပဲဖြစ်ဖြစ်၊ ဒီပြဿနာရဲ့ အရင်းအမြစ်က ခင်ဗျားပဲလေ။ ဒီနေရာက ထွက်နိုင်မယ့် နည်းလမ်းတစ်ခု ရှာပေးနိုင်ရင်ရှာပေး၊ မပေးနိုင်ရင် ခင်ဗျားအသက်နဲ့ ပြန်ပေးဆပ်ရမယ်”

“ဟုတ်တယ်။ မင်းတို့ ချန်မိသားစု သူတောင်းစားတွေ ဒီကိစ္စကို တာဝန်ယူရမယ်။ ရှင်းနိုင်ရှင်း၊ မရှင်းနိုင်ရင် မင်းတို့အသက်နဲ့ ပြန်ပေးဆပ်ပေတော့”

“မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှာ တာဝန်ရှိတယ်”

“အားလုံးက သေတော့မှာဆိုတော့ မသေခင်း မင်းတို့ကို အရင်သတ်ပစ်သွားရမှာပေါ့”

ယခုကိစ္စကို မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့ တာဝန်ယူရမည်ဟု အကုန်လုံးက သူတော်ကောင်းယောင် ဆောင်၍ ပြောဆိုနေခဲ့ကြ၏။ မိသားစုကြီးခုနှစ်ခု မဟာမိတ် အဖွဲ့သာ ယခုကိစ္စကို တာဝန်မယူပေးနိုင်လျှင် သူတို့ တကယ်ကြီး တိုက်ခိုက်တော့မည့် ပုံပင်။

မြှားဦးက သူတို့ဘက် လှည့်လာသဖြင့် ဝမ်ဟိုင်ကုလည်း ငြိမ်မနေနိုင်တော့ဘဲ သုန်မှုန်နေသော မျက်နှာထားဖြင့် “မင်းတို့သေသေ၊ရှင်ရှင် ငါတို့နဲ့ မဆိုင်ဘူးလို့ ဒီကို မလာခင်ကတည်းက မင်းတို့ကို ငါပြောပြီးသွားပြီလေ။ အဲ့ဒါကိုတောင် ဒီကိုလာဖို့ မင်းတို့ဘာသာ မင်းတို့ ရွေးချယ်လိုက်တာလေ။ ငါမင်းတို့ကို အတင်းလာခိုင်းခဲ့လို့လား။ ကိုယ့်ဘာသာ လာချင်လို့ လာပြီးမှ ငါတို့ မိသားစုကြီးခုနှစ်ခု မဟာမိတ် အဖွဲ့က မင်းတို့ကို ကာကွယ်ပေးရမယ်ပေါ့။ -ီးတောင် ကာကွယ်မပေးဘူးကွာ။ ဘာဖြစ်ချင်လဲ”

သူ့စကားကြောင့် လူအုပ်ကြီးတစ်ခုလုံး ဒေါသပုန် ထသွားခဲ့၏။ ကိုယ့်ကိစ္စကို တာဝန်မယူဘဲ ရှောင်ပြေးသည့် ဟိုင်ဝမ်ကုသည် တကယ့်ကို သနားစရာ ကောင်းနေခဲ့၏။

သို့သော်လည်း ဥာဏ်များသည့် လူအိုကြီးချန်က ယခုလို အခြေအနေမျိုး ဖြစ်လာမည်ကို မျှော်လင့်နေခြင်း ဖြစ်၏။ ဖြစ်လာသည်နှင့် ပြုံးလျက် သူ့အား ပထမဆုံး စတင်အော်ဟစ်ခဲသည့် ကျင့်ကြံသူဘက်လှည့်၍ “ဘာမဟုတ်တဲ့ ခွန်အားလေးနဲ့ ငါ့ကို သေစေချင်သေးတယ်။ ရူးမိုက်လိုက်တာ”

ပြောနေရင်း စိတ်စွမ်းအင်ဖြင့် ဓါးတစ်ချောင်း ဖန်တီး၍ ထိုကျင့်ကြံသူကို ခုတ်ပိုင်းချလိုက်၏။

ထိုကျင့်ကြံသူမှာ ခုခံချိန်ပင် မရလိုက်ဘဲ သူ့ဝိဥာဉ် ချက်ချင်း ပြိုကွဲသွားခဲ့ရ၏။

ထိုကျင့်ကြံသူမှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)သာ ရှိသေးလေရာ မသေမျိုး ဒုတိယအဆင့် ဖြစ်သော လူအိုကြီးချန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ တောင့်ခံနိုင်မည်နည်း။

လူအုပ်ကြီးတစ်ခုလုံး ရုတ်ချည်း တိတ်ကျသွားခဲ့၏။ အစောပိုင်းက ‘မင်းတို့ မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့ ဒီကိစ္စကို တာဝန်ယူပေးရင်ယူ၊ မယူပေးရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်‌’ ဆိုပြီး ခြိမ်းခြောက်ပြောနေကြသူ အားလုံး သေဆုံးသွားခဲ့သည့် ကျင့်ကြံသူကို ကြောက်ကြောက် လန့်လန့်ဖြင့် စိုက်ကြည့်နေခဲ့ကြ၏။ မည်သူမှ အသံ ထပ်မထွက်ရဲတော့။

လူအိုကြီးချန်သည် သတိပင်မပေးဘဲ လူတစ်ယောက်ကို ရုတ်တရက်ကြီး သတ်ဖြတ်မည်ဟု သူတို့ထဲက မည်သူမှ မထင်ထားခဲ့။

သို့သော် ခဏအကြာ၌ ကံအကောင်း အကြောင်း မလှဘဲ သေဆုံးသွားခဲ့ရသည့် ကျင့်ကြံသူဘေးတွင် ရပ်နေသူအားလုံး မိန့်မိန့်ကြီး ပြုံးနေခဲ့ကြ၏။ အကုန်လုံးသည် အချိုမြဆုံးသော ဝိုင်ကို သောက်လိုက်ရသည့်အလား ပျော်ရွှင်ကြည်နူးနေသည့် အမူအရာဖြင့် ရပ်နေခဲ့ကြကာ သူတို့၏ ဝိဥာဉ် များသည်လည်း ယခင်ထက် မဆိုသလောက်ကလေး ပိုမို သန်မလာခဲ့လေ၏။

“ဟန်” ထိုအခြင်းအရာကို မြင်သော် ဟိုင်ဝမ်ကု မျက်ခုံးပင့်မိလိုက်၏။

တစ်ချိန်တည်းမှာပင် ထိုထူးဆန်းအံ့အားသင့်စရာ အဖြစ်အပျက်ကို မသေမျိုးအဆင့် ပညာရှင်အားလုံး သတိပြုမိလိုက်ကြ၏။

သေဆုံးသွားသော ကျင့်ကြံသူ၏ ဝိဥာဉ်သည် စိတ်စွမ်းအင် အမျှင်တန်းလေးများအဖြစ် ပြောင်းလဲ သွားခဲ့ပြီး အနားတွင် ရပ်နေသော ကျင့်ကြံသူများ၏ စုပ်ယူခြင်း ခံလိုက်ရ၏။ သေဆုံးသွားသော ကျင့်ကြံသူ၏ စိတ်စွမ်းအင်ကို စုပ်ယူလိုက်သည့်အတွက်ကြောင့် အနားတွင် ရှိနေသော ကျင့်ကြံသူများ၏ ဝိဥာဉ် ယခင်ထက် ပိုမိုသန်မာလာရခြင်း ဖြစ်၏။

ရန်ကိုင်သည်လည်း ထိုထူးဆန်းမှုကို သတိပြုမိ၏။ သူ့နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ် ပြောဆိုလိုက်၏ “တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာ ကောင်းလာပြီပဲ”

“ဘာတွေဖြစ်နေလို့လဲ” ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မက စိုးရိမ်နေသည့် လေသံလေးဖြင့် မေးလိုက်၏။ သူမသည် ရန်ကိုင်နောက်ကိုသာ တစ်ချိန်လုံး လိုက်နေခဲ့သဖြင့် ထိုထူးဆန်းသည့် အဖြစ်အပျက်ကို သတိမပြုမိ ဖြစ်သွားခဲ့၏။ ထို့ကြောင့် ရန်ကိုင်က ထူးထူးဆန်းဆန်း စကားများ ရုတ်တရက် ပြောလာသည့်အခါ သူတော်စင်မ နားမလည်နိုင် ဖြစ်သွားခဲ့ခြင်း ဖြစ်၏။

“လူတော်တော်များများကတော့ သေရတော့မှာပဲ” ရန်ကိုင်က မှတ်ချက်ပြုလိုက်၏။

ထိုအချိန်တွင် မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့မှ ကျင့်ကြံသူများ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ချက်ချင်းပဲ သူတို့စိတ်ထဲ ဘာတွေးနေသေည်ကို အချင်းချင်း နားလည်လိုက်ကြလေ၏။

စိတ်စွမ်းအင်ကို ကျင့်ကြံခြင်းသည် ခန္ဓာကိုယ် သို့မဟုတ် အစစ်အမှန်ချီကို ကျင့်ကြံခြင်းထက် အဆများစွာ ပိုခက်ခဲ၏။ အဆင့်မြင့် ဝိဥာဉ်ကျင့်စဉ် တစ်ခုကိုသာ မပိုင်ဆိုင်ထားလျှင် ဆေးလုံးများကို သုံး၍သာ ဝိဥာဉ်ခွန်အား တိုးတက်အောင် လုပ်နိုင်၏။ သို့သော်လည်း ထိုနည်းလမ်းသည် အချိန်အများကြီး လိုအပ်၏။

သို့သော် ဤထူးဆန်းသော လေဟာနယ်ထဲရှိ ရှင်းပြမရနိုင်သည့် ဥပဒေသသည် သေဆုံးသွားသော ဝိဥာဉ်များ၏ အကြွင်းအကျန် စိတ်စွမ်းအင်ကို အခြားကျင့်ကြံသူများ စုပ်ယူနိုင်အောင် လုပ်ပေး၏။

သူတို့၏ ဝိဥာဉ်ကို အမြန်အဆန် တိုးတက်အောင် လုပ်ဆောင်နိုင်မည် ဆိုသော အချက်သည် အားလုံး အတွက် အရမ်းအရမ်းကိုမှ မက်မောစရာ ကောင်းလှ၏။

သို့သော် ထိုနည်းဖြင့် ဝိဥာဉ်ခွန်အားကို မြန်မြန် တိုးတက်အောင် လုပ်ဆောင်နိုင်သော် ဘေးထွက် ဆိုးကျိုးများ ရှိနေသေး၏။ လူတစ်ယောက်၏ ဝိဥာဉ် ပြိုကွဲသွားသည့်အချိန် အကြွင်းအကျန် စိတ်စွမ်းအင် များထဲ ထိုကျင့်ကြံသူ၏ မှတ်ဥာဏ်များ၊ ဘဝ အတွေ့အကြုံများ ပါဝင်နေပေလိမ့်မည်။ ထိုအကြွင်းအကျန် စိတ်စွမ်းအင်များကို အလွန်အကျွံ စုပ်ယူမိလိုက်ပါက အသိစိတ်ကို ဆုံးရှုံးသွားနိုင်ပြီး ကိုယ်ကိုယ်တိုင်သည် မိမိမဟုတ်သော အခြားတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားနိုင်၏။ အဆိုးဆုံးသည်ကား စုပ်ယူလိုက်သော စိတ်စွမ်းအင်များကို အပြည့်အဝ ချေဖျက်နိုင်ခြင်း မရှိတော့သဖြင့် စိတ်လွတ်ကာ ရူးသွပ်သွားနိုင်ခြင်းပင်။

ရန်ကိုင်သည်လည်း အခြားကျင့်ကြံသူများ၏ ဝိဥာဉ်အကြွင်းအကျန်များကို စုပ်ယူဝါးမြိုဖူး၏။ သို့သော် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ အကူအညီဖြင့်သာ ဝါးမြိုခဲ့ခြင်း ဖြစ်၏။ မဟုတ်လျှင် ယခုအချိန်လောက်ဆို သူအရူးတစ်ယောက် ဖြစ်နေလောက်ပေပြီ။

သူ့စိတ်စွမ်းအင် အရမ်း အားကောင်းနေရခြင်း၏ အဓိက အကြောင်းအရင်းသည် အခြားသူများ၏ ဝိဥာဉ်စွမ်းအင်များကို ဝါးမြိုခြင်းကြောင့် မဟုတ်သော်ငြား ကောင်းကင်းလမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည် သဘောပေါက်မှုများသည် သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်စွမ်းအင်များကို ဝါးမြိုခဲ့သောကြောင့် ဖြစ်ပေ၏။ ကျင့်ကြံခြင်းအဆင့်ကို ဇွတ်မြှင့်နေခြင်းထက် ကောင်းကင်လမ်းလမ်းစဉ်နှင့် သိုင်းတာအိုကို သေသေချာချာ နားလည် သဘောပေါက်အောင် လုပ်ဆောင်ခြင်းသည် ပို၍ အရေးကြီး၏။

သို့သော် ယခုနေရာတွင် ရှိနေသူများသည် ထိုကဲ့သို့ မတွေး။ ကျင့်ကြံသူတစ်ယောက်၏ စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်ပေးနိုင်သည့် ကျင့်စဉ်မျိုးကို သူတို့ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ တွေ့ခဲ့လျှင်ပင် ထိုကျင့်စဉ်သည် သူတို့ လက်လှမ်းမမှီနိုင်သည့် နေရာ၌ ရှိနေမည်မှာ မလွဲမသွေပင်။

သေဆုံးသွားသော ကျင့်ကြံသူ၏ ဝိဥာဉ်စွမ်းအင်ကို စုပ်ယူ၍ ရမှန်း သိပြီးနောက် မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ၏ မျက်လုံးထဲ လောဘမီးတောက်တို့ လောင်မြိုက်လာခဲ့ကြ၏။

အကြည့်ချင်း ဖလှယ်ပြီးနောက် အကုန်လုံး သွားပေါ်အောင် ပြုံးဖြီးလိုက်ကြ၏။

မသေမျိုးအဆင့် ပညာရှင်များစွာဆီမှ စိတ်စွမ်းအင်တို့ သတိပေးချက်မရှိ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။ အသွေးအသား ပိုင်ဆိုင်ထားခြင်း မရှိသဖြင့် သိုင်းပညာရပ်၊ လက်နက်များကို အသုံးမပြုနိုင်တော့ချေ။ သူတို့ အသုံးပြုနိုင်သော တစ်ခုတည်းသော အရာသည်ကား ဝိဥာဉ်ပညာရပ်များသာ ဖြစ်လေ၏။

အမျိုးမျိုးသော ဝိဥာဉ်ပညာရပ်များ လူအုပ်ထဲသို့ ကျရောက်သွား၏။ ပြင်ပကျင့်ကြံသူများထဲရှိ မည်သူကမှ မတုန့်ပြန်နိုင်သေးခင်မှာဘဲ သူတို့လူဒါဇင်ကျော် သေဆုံးသွားခဲ့လေပြီ။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ပညာရှင်များသည် ထိုကျင့်ကြံသူများ သေဆုံးသွားရာ ဆီသို့ ခုနှစ်ရက်ခုနှစ်လီ မစားရမသောက်ရသေးသော ဝံပုလွေများပမာ ပြေးဝင်သွားကြပြီး စိတ်စွမ်းအင်များကို အရူးအမူး ဝါးမြိုကြတော့လေ၏။

လူအိုကြီးချန်ဖြစ်စေ၊ ဟိုင်ဝမ်ကုဖြစ်စေ၊ သူတို့၏ အိုမင်းရွံ့တွနေသည့် မျက်နှာထက် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့၏။

ထိုစိတ်စွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက် တစ်နှစ်၊ နှစ်နှစ်လောက် ကျင့်ကြံရ သက်သာသလို သူတို့တစ်တွေ ခံစားလိုက်ရ၏။

ထိုပြင်ပကျင့်ကြံသူများ၏ အသက်ကို သူတို့ ဂရုမစိုက်ချေ။ ထိုလူများ သေလျှင် ပို၍ပင် ကောင်းသေး၏။ ထိုသို့ဆိုလျှင် သူတို့၏ ဝိဥာဉ်ကို သန်မာလာအောင် လုပ်နိုင်ရုံမက ရှေးဟောင်း အကြွင်းအကျန် နယ်မြေအတွင်းရှိ ရတနာအားလုံးသည် သူတို့အပိုင် ဖြစ်လာပေလိမ့်မည်။

စိတ်စွမ်းအင် တိုးတက်မည့် အခွင့်အရေးနှင့် ကြုံဆုံလာရသည့်အခါ ထိုလူအိုကြီးများ အကုန်လုံး ရက်စက်ကြမ်းကြုတ်သော သားသတ်သမားများ အဖြစ် တစ်မုဟုတ်ချည်း ပြောင်းလဲသွားခဲ့ကြလေ၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၅၂) ပွဲထိုင်ကြည့်ခြင်း

အဖြူရောင်လောကကြီးထဲရှိ လက်ရှိ အခြေအနေနှင့် မက်မောစရာများကြောင့် မိသားစုကြီးခုနှစ်မဟာမိတ် အဖွဲ့မှ ပညာရှင်များ၏ အတွင်းစိတ်ရိုင်းတို့ နိုးကြွလာခဲ့ကြ၏။ ထိုလူများသည် သူတို့လိုချင်သည်ကို ရရှိရန်အတွက် လူပေါင်းများစွာကို သတ်ဖြတ်ဖို့ပင် ဝန်မလေးတော့ချေ။

သတ်ဖြတ်ရာမှာ ရရှိလာသည့် အကျိုးအမြတ်ကို တစ်ကြိမ်ခံစားမိပြီးနောက် ထိုပညာရှင်များအားလုံး သောက်လေငတ်မပြေ ဖြစ်လာခဲ့ကြ၏။

ပြင်ပကျင့်ကြံသူများသည် တဒင်္ဂတာသာ မှင်သက် သွားခဲ့ကြပြီး ချက်ချင်း အသိပြန်ဝင်လာခဲ့ကြ၏။ အသိပြန်ဝင်လာသည်နှင့် ဒေါသတကြီး အော်ဟစ်ရင်း “မင်းတို့ရဲ့ လောဘမျက်လုံးတွေကို ငါမြင်နေတာ ကြာနေပြီ။ ညီအစ်ကိုတို့၊ အဲ့ခွေးသူတောင်းစားတွေကို တိုက်ကြ”

ချက်ချင်းပဲ ဝိဥာဉ်အချင်းချင်း တိုက်ပွဲ ဖြစ်ကြတော့လေ၏။ မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့က တစ်ဖက်၊ ပြင်ပကျင့်ကြံသူများက တစ်ဖက်၊ ဝိဥာဉ်တိုက်ပွဲခန်းထဲ စတင် တိုက်ခိုက်ကြတော့လေ၏။

လက်နက်၊ သိုင်းပညာရပ်၊ ခန္ဓာကိုယ် မရှိလေရာ အားလုံး အားကိုးနိုင်သည့် အရာဆို၍ သူတို့တစ်တွေ ကျင့်ကြံထားကြသော ဝိဥာဉ်ပညာရပ်များကိုသာ ရှိ

တိုက်ပွဲစတင် ဖြစ်ပွားသည်နှင့် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ကြပြီး စိတ်စွမ်းအင် အမျှင်တန်းလေးများအဖြစ် ပေါက်ကွဲထွက်ကုန်ကြလေ၏။

သေဆုံးသွားသော သူများ၏ စိတ်စွမ်းအင်များကို စုပ်ယူပြီးနောက် ထိုကျင့်ကြံသူများသည် ပို၍ စိတ်တို၊ သတ်ဖြတ်လိုစိတ် ကြီးမားလာကြ၏။ အကျိုးအမြတ် အတွက် သူတို့ရှေ့ရှိ လူအားလုံးကိုပင် သတ်ဖြတ်ချင်သည့် ပုံပင်။

အချိန်ကြာလာသော် တိုက်ပွဲသည် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့ဘက် အရေးသာလာခဲ့၏။ တကယ်တော့ မိသားစုကြီးတစ်ခုစီတိုင်းတွင် မသေမျိုးအဆင့် ပညာရှင် တစ်ယောက်၊ နှစ်ယောက်စီ ရှိကြသည် မဟုတ်ပေလော။ ထို့ကြောင့် သူတို့သည် ပြင်ပကျင့်ကြံသူများအပေါ် ဖိတိုက်နိုင်ခဲ့၏။

သို့သော် ပြင်ပကျင့်ကြံသူများကြား မသေမျိုးအဆင့် ပညာရှင်များ ရှိနေသေး၏။ ထိုလူများကြောင့် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့လည်း အတော်လေး အထိနာသွားခဲ့ရ၏။

အားလုံး၏ မျက်လုံးများ နီရဲနေခဲ့ကြပြီး အဖြူရောင် ဟင်းလင်းပြင်ထဲ ရူးသွပ်တကြီး အော်ဟစ်သံ၊ ကြောက်လန့်တကြား အော်ဟစ်သံတို့ ပဲ့တင်ထပ်နေခဲ့၏။

ထိုရက်စက်ပြီး ရူးသွပ်ဖွယ်ရာ အနိဠာရုံ မြင်ကွင်းကြောင့် ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မမှာ လုံးဝကို မှင်သက်နေခဲ့ရ၏။ သူမ၏ ခန္ဓာကိုယ်လေးသည်လည်း ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရင်နေခဲ့လေ၏။ ထို့ကြောင့် တစ်ယောက်ယောက် သူမနား ချဉ်းကပ်လာသည်ကိုပင် သတိမပြုမိခဲ့ချေ။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သော်ငြား ထိုသူတော်စင်မ မည်ကဲ့သို့ တုန့်ပြန်မည်ကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

သူမစိတ်ထဲ မကောင်းတာ တစ်ခုခု ဖြစ်တော့မည်ဟု ခံစားမိသည်နှင့် သူတော်စင် ငေးကြောင်မှင်သက်နေရာမှ အသိပြန်ဝင်လာခဲ့ပြီး အားကောင်းလှသော စိတ်စွမ်းအင်တို့ သူမ၏ ဝိဥာဉ်ပုံရိပ်မှ ပေါက်ကွဲ ထွက်လာခဲ့ရာ သူမနှင့် မလှမ်းမကမ်းရှိ ကျင့်ကြံသူကို လွင့်ပျံထွက်သွားစေခဲ့လေ၏။

အသိပြန်ဝင်လာသည်နှင့် လှည့်ပတ်ကြည့်လိုက်ရာ အနားတစ်ဝိုက် ပြန့်ကျဲနေသော စိတ်စွမ်းအင် အမျှင်တန်းလေးများကို တွေ့လိုက်ရ၏။ သူတော်စင် မျက်မှောင်ကြုံ့လိုက်၏။ အခြားသူများကဲ့သို့ ထိုစိတ်စွမ်းအင် အမျှင်တန်းများကို သွားရောက် စုပ်ယူခြင်း မပြုဘဲ ထိုစိတ်စွမ်းအင်များနှင့် ဝေးနိုင်သမျှ ဝေးဝေးသို့သာ ရွေ့သွားခဲ့လေ၏။ သူမ၏ မျက်နှာလေးထက် ရွံ့ရှာသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နေခဲ့ရ၏။

ရန်ကိုင် စိတ်ထဲ ချီးကျူးမိလိုက်၏။ ထိုစိတ်စွမ်းအင်များကို စုပ်ယူ၍ ပြန်ပေးဆပ်ရမည့် တန်ဖိုးသည် အတော်လေးကို ကြီးမားမှန်း သူမ ချက်ချင်း နားလည်လိုက်သည်မှာ တကယ်ကို ချီးကျူးစရာပင်။

ရန်ကိုင် သူမအား စောင့်ကြည့်နေသည်ကို အာရုံခံမိလိုက်သည့်အလား သူတော်စင်မသည် ရန်ကိုင်ကို သတိချပ်၍ ပြန်စိုက်ကြည့်လိုက်၏။

ရန်ကိုင်သည် အခြားသူများကဲ့သို့ မတိုက်ခိုက်ဘဲ ငြိမ်နေမည်လား၊ သို့မဟုတ် ထိုသူများကဲ့သို့ပင် ရုတ်တရက် ထတိုက်ခိုက်မည်လား၊ သူမ မသိပေ။ သူတိုက်ခိုက်လာခဲ့လျှင် သူမ ခုခံနိုင်၊ မခုခံနိုင်လည်း မသေချာချေ။

ရန်ကိုင်နားတွင် နေရသည်မှာ ဖိအားများ၏။ သူ့ကိုယ်မှ ထွက်ပေါ်နေသော ပူပြင်းသည့် အရှိန်အဝါသည် သူမအား တကယ့်ကို စိတ်မသက်မသာ ဖြစ်စေ၏။

ရန်ကိုင်သည် သူမကို ဆက်၍ အာရုံမစိုက်တော့ဘဲ တိုက်ပွဲဆီကိုသာ အာရုံပြန်ပြောင်းလိုက်၏။

တိုက်ပွဲသည် အနည်းငယ် တစ်ဖက်သတ် ဆန်နေခဲ့၏။ မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့သည် ထင်းစည်းတစ်စည်း ဆိုပါက ပြင်ပကျင့်ကြံသူများသည် စည်းနှောင်ထားခြင်း မရှိသော ထင်းချောင်းများ ဖြစ်၏။ ထို့ပြင် ခွန်အား ကွာခြားချက်သည်လည်း အတော့်ကို ကြီးမားနေလေရာ ပြင်ပကျင့်ကြံသူများမှာ တိုက်ပွဲစပြီး မကြာခင်မှာဘဲ အရေးနိမ့်လာခဲ့လေ၏။

ပြင်ပကျင့်ကြံသူများဘက်မှ မသေမျိုးအဆင့် ကျင့်ကြံသူများ အသတ်ခံလိုက်ရပြီးနောက် ကျန်ရှိနေသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူအားလုံး ကူကယ်ရာမဲ့သွားခဲ့ကြ၏။

အစောပိုင်းက ကျားရဲတစ်ကောင်ပမာ တိုက်ခိုက်နေကြသော ကျင့်ကြံသူများသည် ယခုအချိန်၌ အသနားခံ၊ တောင်းပန်နေကြလေပြီ။ သို့သော် မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် ထိုအသနားခံသံများကို လျစ်လျူရှု၍ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပြင်ပကျင့်ကြံသူများကို မြက်ရိတ်သည့်ပမာ ဆက်လက် သတ်ဖြတ်နေခဲ့ကြ၏။

တိုက်ပွဲပြီးနောက် မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့မှ မသေမျိုးအဆင့် ပညာရှင် ဒါဇင်ကျော်သာ ကျန်ခဲ့၏။

မြောက်များစွာသော စိတ်စွမ်းအင်များကို စုပ်ယူခဲ့သည့်အတွက်ကြောင့် နောက်ဆုံး၌ ဘေးထွက်ဆိုးကျိုး လက်စွမ်းပြလာခဲ့လေပြီ။ ယခုအချိန်၌ ထိုပညာရှင် တစ်ယောက်ချင်းစီတိုင်း၏ အရှိန်အဝါသည် အနည်းငယ် ပရမ်းပတာ၊ မတည်မငြိမ် ဖြစ်နေခဲ့၏။

တစ်ခဏတာ ရပ်တန့်သွားပြီးနောက် ထိုပညာရှင်များကြား နောက်တစ်ကြိမ် တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြန်လေ၏။

“ငါတို့ဘာလုပ်ကြမလဲ” ရန်ကိုင်က ဘာမှမလုပ်ဘဲ ထိုတိုက်ပွဲအား ရပ်ကြည့်နေသေးသည်ကို မြင်သော် သူတော်စင်မက မနေနိုင်တော့ဘဲ ရန်ကိုင်နားသွားပြီး မေးလိုက်၏။ သူမ၏ စိုးရိမ်ပူပန်၊ ကူကယ်ရာမဲ့နေသည့် မျက်နှာလေးကို ကြည့်ရင်း ရန်ကိုင် ယဲ့ယဲ့လေး ရယ်မောလိုက်၏။

“ဘာ ‘ငါတို့ဘာလုပ်ကြမလဲ’လဲ” ရန်ကိုင်က ပြန်မေးလိုက်၏။

“သူတို့ ငါတို့ကို ရုတ်တရက်ကြီး တိုက်ခိုက်လာရင် ဘာလုပ်ကြမလဲလို့ မေးတာ” သူတော်စင် အမှန်အကန်ကို ကြောက်လန့်နေမိ၏။ သူမသည် မသေမျိုးပထမအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်ပြီး တစ်ဖက်အဖွဲ့တွင် မသေမျိုးအဆင့် ပညာရှင်များစွာ ရှိနေခဲ့၏။ သူတို့သာ သူမကို ပစ်မှတ်ထားလာပါက သူမအနေဖြင့် ကျိန်းသေ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်ကို သတိထားနေသော်လည်း ရန်ကိုင်နားသွားပြီး သူ့ဆီမှ အကြံဥာဏ်ရယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

“ဘာလုပ်ရမှာလဲ၊ ကိုယ့်ပြဿနာ ကိုယ်ရှင်းရမှာပေါ့” ရန်ကိုင်က ခေါင်းလေး တရမ်းရမ်းဖြင့် ပြန်ပြောလိုက်၏။

“ဒီမှာသေသွားမှာ မကြောက်ဘူးလား”

“ဒါက ကံဆိုးတာမဟုတ်ဘူး၊ ကံကောင်းတာပဲ။ ကံဆိုးတာ ဖြစ်မယ်ဆိုရင်တောင် ရှောင်ရှားလို့မှ မရတာ။ ဘာကို ကြောက်နေရဦးမှာလဲ” ရန်ကို င်က ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်၏။ ရန်ကိုင်၏ သဘောထားကြောင့် နောက်တစ်ကြိမ် မှင်သက် သွားခဲ့ရပြန်လေ။ သူမ ရန်ကိုင်ကို စိုက်ကြည့်နေစဉ် ရန်ကိုင်ကလည်း သူမကို စိုက်ကြည့်လာခဲ့၏။

“နင်ဘာလုပ်ချင်တာလဲ” သူတော်စင်မ ချက်ချင်း နိုးကြားသတိရှိသွားခဲ့၏။ ရန်ကိုင်၏ ထိန်းချုပ်မှုမရှိသည့် အကြည့်ကြောင် သူမကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရပြီး ခပ်မြန်မြန်ပဲ ပြောလိုက်လေ၏ “ငါနင့်ကို တစ်ကြိမ်ကယ်ခဲ့တယ် ဆိုတာကို မမေ့နဲ့ဦး။ ကျေးဇူးလေးဘာလေးတော့ တင်သင့်တယ်နော်”

ရန်ကိုင်က ပခုံးတွန့်ပြလိုက်ပြီး “ငါ့နင့်ကို ဝါးမစားပါဘူးဟယ်၊ အဲ့လောက်ကြီး လန့်မနေစမ်းပါနဲ့”

သူတော်စင်မက ရန်ကိုင် ပြောသည်ကို မယုံကြည်သည့် အလား သူ့မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်၏။

ရန်ကိုင် သူမအပေါ် မကောင်းသည့် ရည်ရွယ်ချက် မရှိမှန်း သူမသိ၏။ သို့သော် သူ့ဘာတွေးနေလဲ ဆိုသည်ကို မသိနိုင်သဖြင့် သူမစိတ်ထဲ ရတက်မအေး ဖြစ်နေခဲ့ရ၏။

ဤခရီးသည် ယခုလောက် အန္တရာယ်များမည်မှန်း သိခဲ့လျှင် သူမ၏ သက်တော်စောင့်နှစ်ယောက်ကို လှည့်စားပြီး တစ်ယောက်တည်း ထွက်လာခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော် နောင်တအတွက် ဆေးမရှိ။

သူတော်စင်မမှာ အော်ငိုလိုက်ချင်သော်ငြား မျက်ရည် မကျနိုင်ဖြစ်နေခဲ့၏။

ရန်ကိုင်သည် သူမကို ဆက်လက် အာရုံစိုက်မနေတာဘဲ မသေမျိုးအဆင့် ပညာရှင်များကြားက တိုက်ပွဲကိုသာ တစ်ဖန် ပြန်လည် အာရုံစိုက်လိုက်၏။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ပညာရှင်များသည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေကြသဖြင့် သူတို့ကြားမှ တိုက်ပွဲသည် အတော်လေး ပြင်းထန်ခဲ့၏။ ထို့ပြင် သူတို့ စုပ်ယူထားသည့် ဝိဥာဉ်စွမ်းအင်များ၏ ဘေးထွက်ဆိုးကျိုးကြောင့် အကုန်လုံးသည် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ပြီး သတ်ဖြတ်ရန်သာ သိတော့သော လူများ ဖြစ်သွားခဲ့ကြ၏။ တစ်နာရီလောက် ကြာပြီးနောက် တိုက်ပွဲအဖြေ ထွက်လာခဲ့၏။

တိုက်ပွဲအတွင်း ပါဝင်ခဲ့သော် ဒါဇင်ကျော်သော ပညာရှင်များအနက် လူနှစ်ယောက်သာ အသက်ရှင်ခဲ့၏။

တစ်ယောက်သည် ဟိုင်မိသားစုမှ ဟိုင်ဝမ်ကုဖြစ်ပြီး ကျန်တစ်ယောက်သည် အားလုံးကို ဤနေရာ၌ စုဝေးခဲ့သည် လူအိုကြီးချန် ဖြစ်ပေ၏။ နှစ်ယောက်စလုံးသည် မသေမျိုးဒုတိယအဆင့် ပညာရှင်များ ဖြစ်ကြလေရာ ယခုတိုက်ပွဲအတွင်း သူတို့သည် ခွန်အားပိုင်းအရ အသာစီးရထားလေ၏။

သို့တော်လည်း တိုက်ပွဲပြီးနောက် နှစ်ယောက်စလုံး အတော်လေး ပင်ပန်းသွားသည့် ပုံပင်။ ချက်ချင်း ထိုင်ချလိုက်ပြီး အားပြန်ဖြည့်နေလိုက်လေ၏။

ထိုအခြင်းအရာကို မြင်သော် သူတော်စင်မက ရန်ကိုင်အား ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လူအိုကြီးနှစ်ယောက်ကို သွားတိုက်ရန် အချက်ပြလိုက်၏။

သို့သော် ရန်ကိုင်ကမူ ခေါင်းသာ ရမ်းပြလိုက်ရာ သူတော်စင်မ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့၏။

အစမှအဆုံးထိ ရန်ကိုင်သည် ကြောက်ရွံဟန်မပြ။ အခြားလူများ တိုက်သည်ကို စိတ်ဝင်တစားဖြင့်ပင် ကြည့်နေလိုက်သေး၏။

သူ့ကိုယ်သူပဲ ယုံကြည်ချက်ရှိနေလို့ ထိုကဲ့သို့ လုပ်နေခြင်းလား၊ သို့မဟုတ် ဆေးမမှီလောက်အောင် တုံးအနေခြင်းပဲလား။

ရန်ကိုင် ငတုံးတစ်ကောင် ဖြစ်မည်ဟု သူတော်စင်မ မထင်ချေ။ ထိုကြောင့် ချောင်းတိုက်လို့ရမည့် အခွင့်အရေးကောင်းကြီးကို ရန်ကိုင် မည်သည့်အတွက်ကြောင့် လက်လွှတ်လိုက်မှန်း သူမ တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့၏။

သူမသာ ကိုယ့်ဘာသာ သွားတိုက်ပါက ထိုလူများကို နိုင်မည်မဟုတ်။ ထို့ကြောင့် ရန်ကိုင်နားတွင်သာ ကပ်နေခဲ့၏။

ရန်ကိုင်အနေဖြင့် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ကို အလွယ်လေး သတ်နိုင်၏။ သို့သော် အပြင်လူရှေ့၌ သူ့ခွန်အား အမှန်ကို ထုတ်မပြချင်ချေ။ အခြား တစ်ယောက်သာဆိုပါက မျက်မြင်သက်သေကို နှုတ်ပိတ် သတ်ဖြတ်လိုက်ရုံပင်။ သို့သော် ယခုလူသည် အခြားလူ မဟုတ်။ ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မ ဖြစ်၏။ သူတော်စင်မသည် ယခင်က သူ့အား တစ်ကြိမ် ကူညီခဲ့ဖူး၏။ သူမ၏ အကူအညီကို မလိုခဲ့သည်မှာ မှန်သော်လည်း သူမသည် သူ့အား စေတနာဖြင့် ကူညီခဲ့သည် ဆိုသောအချက်ကို ငြင်း၍ မရချေ။

သူ့အား ကူညီခဲ့သူတစ်ယောက်ကို သွေးအေးအေးဖြင့် ရန်ကိုင် မသတ်နိုင်ပါချေ။

သူ့တွင်လည်း သူ့စည်းနှင့်သူရှိ၏။ သူ့အား ကူညီပေးခဲ့သူ တစ်ယောက်ကို အလကားသက်သက် သတ်မည် မဟုတ်ချေ။

ယခု ရန်ကိုင် အတော်လေး ခေါင်းစားနေခဲ့ရ၏။ ထိုမိန်းမကိုသာ တစ်ခဏတာလောက် သတိလစ်သွားအောင် လုပ်နိုင်မည့် နည်းလမ်းရှိလျှင် ဘယ်လောက် ကောင်းလိုက်မည်နည်း။

သူ့စိတ်ထဲ ထိုကဲ့သို့ စဉ်းစားနေတုန်းမှာပဲ အပြင်လူ နှစ်ယောက် ရှိနေသေးသည်ကို ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ သတိပြုမိသွားခဲ့၏။

ရန်ကိုင်နှင့် သူတော်စင်မသည် တိုက်ပွဲစကတည်းက အဝေးတွင်သာ နေခဲ့သည့်အတွက် အကုန်လုံး သူတို့ နှစ်ယောက်ကို သတိမပြုမိ ဖြစ်ခဲ့၏။ သို့သော် ယခု ထိုလူအိုကြီးနှစ်ယောက်မှလွဲ၍ ကျန်လူများအားလုံး သေသွားပြီ ဖြစ်ရာ ရန်ကိုင်နှင့် သူတော်စင်မလည်း ဆက်လက်၍ ပုန်းမနေနိုင်တော့ချေ။

ဝမ်ဟိုင်ကုနှင့် လူအိုကြီးချန်တို့ အချင်းချင်း ကြည့်၍ ကြည့်မောလိုက်ကြ၏။

“ညီအစ်ကိုချန်၊ ဒီကိစ္စလေးကို အရင် လက်စဖြတ်လိုက်ရင် မကောင်းဘူးလား။ ပြီးတော့မှ ငါတို့အချင်းချင်း ပြန်ပြိုင်ကြမယ်လေ” ဟိုင်ဝမ်ကုက အကြုံပြလိုက်၏။

လူအိုကြီးချန် မျက်မှောင် ကြုံ့သွားခဲ့ပြီး ခဏတာ စဉ်းစားနေလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ ထို့နောက် ရက်စက်တော့မည်ဟန်ဖြင့် “ငါလည်း စိတ်စွမ်းအင် ဖြည့်ဖို့လိုနေတာနဲ့ အတော်ပဲ”

ပြောပြီးသည်နှင့် နှစ်ယောက်စလုံး တစ်ပြိုင်တည်း မတ်တပ်ရပ်လိုက်ကြပြီး အပြင်လူနှစ်ယောက်ကို ကြည့်လိုက်ကြ၏။ ထို့နောက် စိုးရိမ်ပူပန်ခြင်းအရှင်း မရှိသည့် အမူအရာဖြင့် ရန်ကိုင်တို့ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်၏။

ရန်ကိုင်တို့နှင့် အတော်နီးနီးသို့ ရောက်သည့်အခါမှ သူတို့၏ ပစ်မှတ်ထဲမှ တစ်ယောက်သည် ဘုံးကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မ ဖြစ်နေမှန်း သိလိုက်ရ၏။ ထိုသို့ သိသွားသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်စလုံး မှင်သက် ကြောင်အသွားခဲ့ရလေ၏။

“နင်…” ဟိုင်ဝမ်ကုက မိန်းမငယ်လေးကို လက်ညိုးထိုးရင်း မျက်မှောင်ကြုံက “နင်က တော်ဝင်အရှင် သူတော်စင်မ မဟုတ်ဘူးလား”

လူအိုကြီးချန်လည်း လုံးဝကို မှင်သက်နေခဲ့၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မမှန်း သိသွားပြီးနောက် နှစ်ယောက်စလုံ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဖြစ်သွားခဲ့၏။

“ဟုတ်တယ်၊ ကျွန်မပဲ” သူတော်စင်မက အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“ဘယ်လိုလုပ်ပြီး ဒီရောက်နေရတာလဲ” ဟိုင်ဝမ်ကု မျက်မှောင်ကြုံ့လိုက်၏။ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်ကာ အံ့ဩတကြီးဖြင့် “ငါတို့ မိသားစုကြီး ခုနှစ်ခုမဟာမိတ်ရဲ့ စူးစမ်းရေးအဖွဲ့ထဲ လိုက်လာတာလား”

“ဟုတ်တယ်။ ပင်လယ်အောက်မှာရှိတဲ့ မြင်ကွင်းတွေကို ကြည့်ချင်လို့ လိုက်လာခဲ့တာလေ။ ဒါပေမယ့် အခုလို မြင်ကွင်းကို မြင်လိုက်ရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး” သူတော်စင်မက အကြွင်းမဲ့ တည်ငြိမ်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။

“ဒါက…” ဟိုင်ဝမ်ကုက ရန်ကိုင်ကို သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်လိုက်၏။

သူတော်စင် တစ်ခဏတာ တုန့်ဆိုင်းသွားခဲ့ပြီးနောက် ချက်ချင်းပဲ ပြန်ပြောလိုက်၏ “သူက ငါ့အစေခံပဲ”

သူတော်စင်မ ပြောလိုက်သည့် စကားကြောင့် ရန်ကိုင် ကြောင်သွားခဲ့၏။ သူမသည် သူမ၏ အဆင့်အတန်းကို သုံး၍ ရန်ကိုင်ကိုပါ ကာကွယ်ပေးရန် ကြိုးစားနေသည့် ပုံပင်။

သူတော်စင်မ၏ အစေခံဟု ပြောလိုက်ခြင်းသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တပည့်တစ်ယောက် ဖြစ်သည်ဟု ပြောလိုက်ခြင်းပင် မဟုတ်လေလာ။ ထို့ကြောင့် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့သည်လည်း ရန်ကိုင်ကို အလွယ်တကူ သတ်ရဲလိမ့်မည် မဟုတ်ချေ။

သူတော်စင်ပြောသည်ကို ကြားပြီးနောက် လူအိုကြီး နှစ်ယောက်စလုံး သုန်မှုန်သွားခဲ့ကြ၏။

သူတို့ စိတ်ထဲ ဘာတွေးနေသည်ကို သူတို့၏ အမူအရာ၊ အရှိန်အဝါက ဖော်ပြနေခဲ့၏။ သူတို့၏ အရှိန်အဝါသည် တစ်ခါတစ်ရံ ပြင်းထန်လာခဲ့ပြီး တစ်ခါတစ်ရံ တည်ငြိမ်သွားတတ်၏။ သူတို့ တုန့်ဆိုင်းနေခြင်းမှာ သူတော်စင်မကို လေးစားသောကြောင့် မဟုတ်။ သူတော်စင်မကို သတ်လိုက်လျှင် ရင်ဆိုင်ရမည့် အကျိုးဆက်ကို ချင့်ချိန်နှိုင်းဆ နေသောကြောင့်သာ ဖြစ်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၅၃) မသေခင်၊ သတ်ခွင့်မရှိ

သူတို့ဆီ ဦးတည်နေသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိသော် သူတော်စင်မ၏ မျက်နှာအမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး လက်ကို အသာအယာ ပင့်မြှောက်လျက် သိမ်မွေ့သော စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်၏။

ထိုစွမ်းအင်သည် ဆန်းကြယ်လှသလို မည်သည့် သတ်ဖြတ်လိုစိတ်မှ ပါဝင်ခြင်း မရှိခဲ့။ ပေါ်လာသည်နှင့် နွေဦးမိုးစက်များအလား ရန်ကိုင်၊ ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့၏ ဝိဥာဉ်ပုံရိပ်များထဲသို့ စိမ့်ဝင် ပျောက်ကွယ်သွားခဲ့လေ၏။

သူတော်စင်မ ဘာလုပ်ချင်နေမှန်း မသိလေရာ သုံးယောက်စလုံး မျက်မှောင် ကြုံ့သွားခဲ့၏။

ခဏကြာပြီးနောက် သူ့စိတ်အခြေအနေ တဖြည်းဖြည်း တည်ငြိမ်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။ နွေဦးစမ်းရေထဲ စိမ်နေရသလို သူ့ဝိဥာဉ်သည်လည်း အရမ်းကိုမှ သက်သောင့်သက်သာ ရှိသလို ခံစားနေခဲ့ရ၏။ လောကီရေးရာ ကိစ္စများကို လွှတ်ချပြီး သူ့ဘာသာတစ်ယောက်တည်း နေချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့၏။

ရန်ကိုင်မှာ ခေါင်းခါရမ်းပြီး ထိုအတွေးများကို အမြန်အဆန် ပယ်ဖျက်လိုက်ရ၏။ အံ့အားသင့်နေသည့် အမူအရာဖြင့် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ဆီ လှမ်းကြည့်လိုက်ရာ လူအိုကြီးနှစ်ယောက်စလုံး ယခင်ကကဲ့သို့ ကြမ်းကြုတ်သွေးဆာနေခြင်း မရှိတော့သည်ကို တွေ့လိုက်ရ၏။ နှစ်ယောက်စလုံး၏ အတွေးများသည် ယခုအချိန်၌ တစ်ဖန် ပြန်လည် ကြည်လင်လာခဲ့လေပြီ။

သူတော်စင်မ အသုံးပြုလိုက်သော ဝိဥာဉ်ပညာရပ်သည် လူတစ်ယောက်၏ စိတ်ကို ကြည်လင်သွားအောင် လုပ်ပေးနိုင်သော ပညာရပ်တစ်ခု ဖြစ်ရပေမည်။

ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်၍ မျက်မှောင် ကြုံ့လိုက်ကြ၏။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ဟိုင်ဝမ်ကုက မေးလိုက်၏ “အခုဖြစ်သွားတာတွေ အားလုံးကို သူတော်စင်မ မြင်လိုက်တယ်မလား”

သူတော်စင်မ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ယဲ့ယဲ့လေး ပြုံးလျက် “ဒါပေမယ့် ရှင်တို့ စိတ်ချထားလိုက်။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ကျွန်မ ပြန်ဖွမှာ မဟုတ်ဘူး။ တကယ်တော့ ကျွန်မ ဒီမှာရှိနေတာကို အခြားသူတွေကိုလည်း မသိစေချင်ဘူးလေ။ အခု အရေးကြီးတာက ဒီနေရာက ဘယ်လို ထွက်သွားရမလဲ ဆိုတာပဲ မဟုတ်ဘူးလား”

ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံး မျက်မှောင်ကြုံ့လျက် တိတ်ဆိတ်နေကြဆဲ။

သူတော်စင်မစိတ်ထဲ မသက်မသာ ဖြစ်နေခဲ့၏။ ဝိဥာဉ်ပညာရပ်ကို သုံး၍ လူအိုကြီး နှစ်ယောက်၏ စိတ်ကို ယာယီတည်ငြိမ်သွားအောင် လုပ်ခဲ့သော်လည်း ထိုနှစ်ယောက်သည် အစကတည်းက လူကောင်းများ မဟုတ်ကြရာ မကောင်းသည့် အတွေးတို့သာ သူတို့စိတ်ထဲ အမြစ်တွယ်လိုက်သည်နှင့် သူမ၏ ဝိဥာဉ်ပညာရပ်လည်း အသုံးမဝင် ဖြစ်သွားရပေလိမ့်မည်။

ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် ဤကိစ္စက သူနှင့် လာလာမျှ မဆိုင်သည့်ပုံ လုပ်နေသည်ကို မြင်လိုက်ရ၏။

သူတော်စင် အံသာ ကြိတ်လိုက်ပြီး ဘာမှ မပြောခဲ့၏။ သို့သော် သူမ အတော့်ကို ပေါက်ကွဲချင်နေလေပြီ။

တစ်ခဏကြာပြီးနောက် ဟိုင်ဝမ်ကုက ရုတ်တရက် ပြောလိုက်၏ “ညီအစ်ကိုချန်၊ မင်းဘယ်လိုထင်လဲ”

လူအိုကြီးချန်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်၏ “ဒီအထိ ရောက်လာပြီဆိုမှတော့ အဆုံးအထိ ဆက်သွားသင့်တာပေါ့”

ဟိုင်ဝမ်ကုက ပြုံးလိုက်ပြီး ခေါင်းညိတ်၍ “ငါလည်း အဲ့လိုတွေးနေတာ”

ပြောပြီးသည်နှင့် သူတော်စင်ကို စူးရှစွာ စိုက်ကြည့်၍ နှာခေါင်းရှုံ့ကာ ပြောလိုက်၏ “နင်က သူတော်စင်မ ဖြစ်နေတော့ဘာ ဘာဖြစ်လဲ။ ဒီနေရာမှ ဘယ်သူကမှ နင့်အဆင့်အတန်းကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ ပြီးတော့ နင့်ကို သတ်လိုက်တာက ငါတို့မှန်း ဘယ်သူမှ သိမှာ မဟုတ်ဘူး”

ထိုလူအိုကြီးနှစ်ယောက်က မျက်မြင်သက်သေကို နှုတ်ပိတ်ရန် ကြံနေမှန်း နားလည်လိုက်သည်နှင့် သူတော်စင်မ မျက်နှာပျက်သွားခဲ့၏။

ပြင်ပကျင့်ကြံသူပေါင်း များစွာ သေဆုံးခဲ့ရသလို၊ မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများစွာလည်း သေဆုံးခဲ့ရ၏။ ဤသတင်းသာ ပေါက်ကြားသွားပါက ဟိုင်မိသားစုနှင့် ချန်မိသားစု အတွက် အတော်လေး ပြသနာ များနိုင်ပေ၏။

ထို့ပြင် ဤနေရာသည် လူတစ်ယောက်ကို ဘယ်သူမှ မသိအောင် နှုတ်ပိတ်လို့ကောင်းသည့် နေရာတစ်ခုလည်း ဖြစ်၏။

ပြောနေစဉ်မှာ လူအိုကြီးနှစ်ယောက်၏ ဝိဥာဉ်ဆီမှ ကြမ်းကြုတ်ရန်လိုသည့် အရှိန်အဝါတို့ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့၏။ ပြီးသည်နှင့် လူအိုကြီး နှစ်ယောက်စလုံး ရန်ကိုင်ကို ကောင်ကင်စိတ်အာရုံဖြင့် တိုက်ခိုက်လိုက်ကြလေ၏။

ရန်ကိုင် ခွန်အားသည် အတော်လေးကို နိမ့်ကျဟန် ရသဖြင့် လူအိုကြီး နှစ်ယောက်က သူ့ကို အရင် ရှင်းပစ်ရန် တွေးလိုက်ခြင်း ဖြစ်၏။ ရန်ကိုင်ကို ရှင်းပစ်ပြီးမှသာ သူတော်စင်မနှင့် ရင်ဆိုင်ပေမည်။

ရန်ကိုင် မျက်နှာ အေးစက်သွားခဲ့ပြီး တိုက်ခိုက်မှုနှစ်ခု သူ့ဆီ မရောက်လာခင်မှာဘဲ အမြန် ရှောင်တိမ်းလိုက်၏။

“အန်” သူတို့၏ တိုက်ခိုက်မှုအား ရန်ကိုင် ရှောင်လိုက်နိုင်သည်ကို မြင်ပြီး လူအိုကြီး နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ကြလေ၏။

“ငါတစ်ယောက်ကို ထိန်းထားမယ်။ အခြား တစ်ယောက်ကိုတော့ နင်ရင်ဆိုင်နိုင်တယ်မလား” ရန်ကိုင်က ဘုံကိုးခုသူတော်စင်မကို လှမ်းပြောပြီးနောက် ဟိုင်ဝမ်ကုကို လက်ယပ်ခေါ်လိုက်ကာ “ဟေး၊ ခွေးအိုကြီး၊ ခင်ဗျားကို ဘာသားနဲ့ထုထားလဲ ကျုပ်သိအောင် ပြပေးပါလား”

“ခွေးသူတောင်းစားလေး၊ ငါမင်းကိုသတ်မယ်” ဟိုင်ဝမ်ကုမှာ ရန်ကိုင်၏ အပေါစား ရန်စမှုကို နည်းနည်းမှပင် သည်းမခံနိုင်ဘဲ သူ့ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။

ပုံမှန်ဆိုလျှင် ဟိုင်ဝမ်ကု အနေဖြင့် ယခုကဲ့သို့ ကမူးရှူးထိုး လုပ်လိမ့်မည် မဟုတ်ချေ။ သို့သော် ယခုအချိန်၌ ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံး သေဆုံးသွားသော ကျင့်ကြံသူများစွာ၏ ဝိဥာဉ်စွမ်းအင်များကို စုပ်ယူထားခဲ့သဖြင့် သူတို့၏ အသိစိတ်သည် အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့၏။ သူတို့၏ အပြုအမူတိုင်းသည် သူတို့၏ စိတ်ဆန္ဒရိုင်းများအရ လုပ်နေခြင်းဟုပင် ပြောနိုင်၏။ ထို့ကြောင့် ရန်ကိုင်က လာရန်စသည့်အခါ ဟိုင်ဝမ်ကုသည် နည်းနည်းမှပင် စဉ်းစားတွေးတောခြင်း မရှိဘဲ ရန်ကိုင်ဆီသို့ ချက်ချင်း ပြေးဝင်သွားခြင်း ဖြစ်၏။

“နေဦး…” သူတော်စင်မမှာ တစ်ခုခု ပြောရန် ပြင်လိုက်သော်ငြား ပြောပင်မပြောနိုင်သေးခင်မှာပင် လူအိုကြီးချန် သူမဆီ ပြေးဝင်လာသဖြင့် ဝိဥာဉ် ပညာရပ် တစ်ခုကို ထုတ်သုံး၍ သူမကိုယ်သူမ အမြန် ကာကွယ်လိုက်ရ၏။

ရန်ကိုင်သည် ဟိုင်ဝမ်ကုကို အဝေးတစ်နေရာသို့ ခေါ်သွားခဲ့၏။ သို့သော် ဟိုင်ဝမ်ကုအား တန်ပြန် တိုက်ခိုက်ခြင်း မပြုဘဲ အဆက်မပြတ် တိမ်းရှောင်နေရင်း ဘုံကိုးခုထွတ်မြတ်နယ်မြေသူတော်စင်မ၏ တိုက်ပွဲကို စောင့်ကြည့်လေ့လာနေခဲ့၏။

သူ့အစစ်အမှန် ခွန်အားကို မထုတ်ဖော်ရအောင် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံးကို သူတော်စင်မအား သတ်ခိုင်းရန် စီစဉ်ထားခြင်း ဖြစ်၏။

သူမ၏ အဆင့်အတန်းကြောင့် သူတော်စင်တွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု ရန်ကိုင် ထင်မိ၏။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သူတော်စင်မ တစ်ယောက်သည် သာမန်ထက် ပိုပြီး ထူးခြားသင့်သည် မဟုတ်ပေလော။

သူမ၏ ကျင့်ကြံခြင်းသည် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ထက် တစ်ဆင့်နိမ့်ကျနေသော်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေသည် မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့ထက် အဆပေါင်းများစွာ ပို၍ အားကောင်းသော နေရာတစ်ခုဖြစ်၏။ ထို့ကြောင့် ထိုအင်အားစုနှစ်ခု၏ အမွေအနှစ်များသည်လည်း အဆင့်တူအတွင်း ရှိမနေခဲ့ချေ။ သူမ ထုတ်သုံးလိုက်သည့် ဝိဥာဉ်ပညာရပ်အရ သူတော်စင်မ၏ ခွန်အားသည် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်ထက်ပင် ပို၍အားကောင်းမည်ဟု ရန်ကိုင် ခန့်မှန်းမိ၏။

သို့သော်လည်း သူတော်စင်မ တိုက်ပွဲကို တစ်ခဏကြာအောင် စောင့်ကြည့် လေ့လာ နေပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။

သူတော်စင်မသည် ရှောင်တိမ်းလိုက်၊ ခုခံလိုက်သာ လုပ်နေခဲ့ပြီး လူအိုကြီးချန်ကို ပြန်တိုက်ခိုက်ခြင်း မပြုခဲ့ချေ။

သူတော်စင်မသည် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးများစွာ ရခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ ပြန်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

“နင်ဘာလုပ်နေတာလဲ” ရန်ကိုင်လည်း စိတ်ညစ်သွားခဲ့ပြီး လှမ်းအော်ပြောလိုက်လေ၏ “ပြန်တိုက်လေ။ တစ်ချိန်လုံး ပတ်ပြေးနေပြီး ဘာလုပ်မလို့လဲ”

“ငါ…” သူတော်စင်မမှာ အော်ငိုချင်သော်လည်း မျက်ရည်က ကျမလာခဲ့။ စကားတစ်ခွန်းသာ ပြောလိုက်ရပြီး လူအိုကြီးချန်က တိုက်ခိုက်လာသဖြင့် ထပ်မံ တိမ်းရှောင်လိုက်ရပြန်လေ၏။

“ကောင်စုတ်လေး၊ မင်းကိုယ်မင်း အရင်စိုးရိမ်သင့်တယ်” ဟိုင်ဝမ်ကုက အရူးတစ်ယောက်ပမာ ရယ်မောရင်း ရန်ကိုင် နောက်သို့ ပြေးလိုက်ာလခဲ့၏။

ရန်ကိုင်က ဟိုင်ဝမ်ကုကို အေးစက်စက် အကြည့်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပြီး သူတော်စင်မ ရှိရာဆီ ပျံသန်းသွားလိုက်၏။

သူတော်စင်မနား ရောက်သည်နှင့် ချက်ချင်းပဲ ပြစ်တင်ပြောဆိုတော့လေ၏ “ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ပြန်မတိုက်တာလဲ”

သူတော်စင်မက အံကြိတ်လိုက်ပြီး ရန်ကိုင်ကို ဒေါသတကြီး ပြန်စိုက်ကြည့်လိုက်ကာ “သိပြီးသားကို ဘာလို့ လာမေးနေတာလဲ”

“သိပြီးသားဆိုရင် ငါဘာလို့ မေးနေရဦးမှာလဲ” ရန်ကိုင်က ပြန်မေးလိုက်၏။

“ငါက ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ သူတော်စင်မ တစ်ယောက်လေ”

“အဲ့ဒါတော့ ငါသိတာပေါ့။ ပြန်တိုက်တာ၊ မတိုက်တာက သူတော်စင်မနဲ့ ဘာဆိုင်လို့လဲ” ထိုမိန်းမ ဘာပြောချင်လဲ ဆိုသည်အား ရန်ကိုင် တကယ့်ကို နားမလည်နိုင် ဖြစ်နေခဲ့၏။

“သူတော်စင် ဘာတွေ လုပ်ခွင့်မရှိဘူးလဲ ဆိုတာကို နင်မသိဘူးလား” လူအိုကြီးချန်၏ တိုက်ခိုက်မှုတစ်ခုကို ကာကွယ်ပြီးနောက် သူတော်စင်မ ရန်ကိုင်ကို ကြောင်အမ်းအမ်း အမူအရာဖြင့် စိုက်ကြည့်လိုက်၏။

ရန်ကိုင်က ခေါင်းခါပြလိုက်၏။

“ဘယ်လို တောကြိုအုံကြားနေရာကနေများ ကုန်းထွက်လာခဲ့လို့ ဒါလေးတောင် မသိရတာလဲ” ရန်ကိုင် လိမ်မနေမှန်း သိသော် သူတော်စင် အံ့အားသင့်နေသည့် အမူအရာဖြင့် အော်ပြောလိုက်လေ၏ “ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ သူတော်စင်မက မသေခင်အထိ သူတစ်ပါး အသက်ကို သတ်လို့မရဘူးဟဲ့”

“ဘယ်သူပြောတာလဲ” ရန်ကိုင် မျက်နှာ မည်းမှောင် သွားခဲ့လေပြီ။ သူကြံစဉ်ထားသော အစီအစဉ်လေး အလုပ်ဖြစ်တော့မည် မဟုတ်မှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ.

“ရှေခေတ်ကတည်းက အဲ့စည်းမျဉ်း ရှိလာခဲ့တာ” သူတော်စင်မက အလျင်စလို ရှင်းပြလိုက်၏ “သူတော်စင်မတွေက သူတစ်ပါးအသတ်ကို သတ်လို့ မရဘူး။ အဲ့တားမြစ်ချက်ကို ချိုးဖျက်လိုက်တာနဲ့ ငါတို့ ကျင့်စဉ် ချို့ယွင်းသွားလိမ့်မယ်”

“ဘယ်လို သောက်သုံးမကျတဲ့ အစုတ်အပြတ် ကျင့်စဉ်ကြီးလဲကွာ” ရန်ကိုင် ဒေါသပုန် ထသွားခဲ့၏။ ထိုကဲ့သို့ ရယ်စရာကောင်းလှသည့် ကန့်သတ်ချက် ရှိသော ကျင့်စဉ်တစ်ခုကို သူတစ်ခါမှ မကြားဖူးခဲ့ချေ။

“နင်ဘာလို့ မလှုပ်ရှားတာလဲ” သူတော်စင်မက ရန်ကိုင်နှင့်အတူ ပျံသန်းထွက်ပြေးနေရင်း သူ့အား စူးရှစွာ စိုက်ကြည့်လိုက်ကာ “အခုလို အခြေအနေမျိုးမှာတောင် တည်ငြိမ်နိုင်သေးတယ်ပေါ့။ ဘာလဲ၊ ရှိသမျှ အလုပ်တွေ အကုန်လုံးကို ငါ့ကိုပဲ လုပ်ခိုင်းဖို့ စဉ်းစားနေတာလား”

ထိုကျင့်စဉ်ကို ဖန်တီးခဲ့သည့်လူအား ရန်ကိုင် စိတ်ထဲကနေ ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲပစ်လိုက်၏။ ထိုလူအိုကြီးနှစ်ယောက်ကို ဓါးငှာပြီး သတ်နိုင်တော့မည် မဟုတ်လေရာ သူကိုယ်တိုင် လုပ်ရတော့မည့်ပုံပင်။ သို့သော် သူဘာမှ မလုပ်ရသေးခင်မှာပဲ သူတော်စင်က ထပ်ပြောလာခဲ့၏။

“ငါဘာသာ မလုပ်နိုင်ပေမယ့် နင့်ကို ကူညီပေးလို့ ရတယ်။ ငါ့အကူအညီနဲ့ဆို အဲ့လူအိုကြီး နှစ်ယောက်စလုံး နင့်ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး” သူတော်စင်မက အလျင်စလို ပြောလိုက်၏။

“ငါ့ကို ဘယ်လိုကူညီပေးမှာလဲ”

သူတော်စင်မက ဘာမှပြန်မပြောဘဲ ဝိဥာဉ်ပညာရပ် တစ်မျိုးမျိုးကိုသာ ရန်ကိုင်စိတ်ထဲ ပို့လွှတ်ပေးခဲ့၏။

ရန်ကိုင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ထိုဝိဥာဉ်ပညာရပ် သူ့ခန္ဓာကိုယ် ဝင်ရောက်လာသည်နှင့် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ရန်ကိုင် ရလိုက်၏။ သူတော်စင်နှင့်သူ့ကား တစ်မျိုးတစ်ဖုံ ဆက်နွယ်သွားသလိုလို၊ တစ်နည်းဆိုရသော် သူတော်စင်မ ပိုင်ဆိုင်သော အရာတစ်ခု သူ့ခန္ဓာကိုယ်ထဲ စီးဆင်းနေသလို ရန်ကိုင် ခံစားနေခဲ့ရ၏။ ထိုအရာသည် သူ့ကိုယ်ထဲ စီးဆင်းနေရင်း သူ့စိတ်စွမ်းအင်ကို အမြန်အဆန် တိုးတက်လာအောင် ကူညီပေးနေခဲ့၏။

ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော ကျင့်စဉ်နှင့် သိုင်ပညာရပ်များသည် သူ့အသိစိတ်ထဲ အမြန်အဆန် ချင်းနင်းဝင်ရောက်လာနေခဲ့၏။

ထိုပညာရပ်ကို စိတ်ရှိသလို သူအသုံးပြုနိုင်၏။

သူ့ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး မြေကြီးပေါ် ရပ်လျက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မသည်လည်း အလျင်စလို ရပ်တန့်လိုက်ပြီး ရန်ကိုင်နှင့် မနီးမဝေးတွင် ရပ်လျက် သူ့အား စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့၏။

“ကောင်စုတ်လေး၊ အခု မင်းဘယ်ပြေးမလဲ” ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ ထိုဂျူနီယာနှစ်ယောက်သည် သူတို့လောက် မသန်မာကြသော်လည်း အတော့်ကိုမှ အပြေးမြန်ကြပေ၏။ ထို့ကြောင့် ရန်ကိုင်တို့သာ သူတို့ဘာသာသူတို့ မရပ်တန့်လိုက်ပါက လူအိုကြီးတို့ နှစ်ယောက်စလုံး သူတို့ကို ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။

တစ်ချိန်ကုန် လိုက်ဖမ်းနေရသောကြောင့် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံး ရန်ကိုင်တို့ကို တစ်စစီဖြစ်အောင် နုတ်နုတ်စင်းပစ်ချင်နေမိ၏။

ရန်ကိုင်က လက်ရှိ အခြေအနေကို နားမလည် နိုင်သေးသည့်အလား မျက်မှောင်ကြုံ့လျက် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

ခဏအကြာ၌ ရန်ကိုင်သည် သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ စိတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရွှေရောင်ဓါးကြီးတစ်ချောင်း သူ့ဦးခေါင်းထက် ဖွဲ့တည်လာခဲ့လေ၏။

ထိုရွှေရောင်ဓါးကို စိတ်စွမ်းအင် သက်သက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြပြီး မီတာ ဒါဇင်ကျော် ရှည်လျားပေ၏။ ထို့ပြင် ရွှေရောင်ဓါးဆီမှ ပူးပြင်းလှသော အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေ၏။

အတုမရှိ အရှိန်အဝါတစ်ခု ကောင်းကင်ထက်မှ ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့အပေါ် စီးမိုး ကျလာခဲ့၏။ လူအိုကြီးနှစ်ယောက်စလုံး ပြေးနေရင်း ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်ကို ငေးကြောင် ကြည့်နေမိလိုက်ကြ၏။ ထို့ပြင် ပြိုင်ဘက်ကင်း အရှိန်အဝါကြောင့် တောင်တစ်လုံးသည် သူတို့အပေါ် ဖိထားသည့်အလား၊ ကြောက်ရွံ့စိတ်တို့သည် သူတို့ စိတ်ဝိဥာဉ်အတွင်းပိုင်းထိတိုင် ထိုးဖောက် ဝင်ရောက်လာခဲ့လေ၏။ သေခြင်းသည် သူတို့အပေါ် ကျဆင်းလာနေပြီး ထိုသေခြင်းတရားကို မည်သို့မှ ရှောင်လွှဲ၊ ခုခံ၍ မရနိုင်သည်ဟု သူတို့စိတ်ထဲ ခံစားနေခဲ့ရ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မ၏ ခန္ဓာကိုယ်သည်လည်း တုန်တုန်ရင်ရင် ဖြစ်နေခဲ့ပြီး အံ့ဩမှင်သက်နေသည့် အမူအရာဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေခဲ့၏။ ရန်ကိုင်ကို စိုက်ကြည့်နေရင်း သူမ၏ မျက်ဝန်းအစုံတို့ ရုတ်တရက် တောက်ပသွားခဲ့၏။

ရန်ကိုင်သည် သူ့ခေါင်းထက် ဝဲနေသော ဓါးကို မော့ကြည့်လိုက်၏။ သူ့လက်ကောက်ဝတ်ကို ရုတ်တရက် လှုပ်ခါလိုက်ရာ ထိုဓါးသည် ကောင်းကင်ထက်မှ လူအိုကြီးချန်ဆီသို့ တိုက်ရိုက် ကျဆင်းသွားလေ၏။

လူအိုကြီးချန်မှာ အော်ပင်မအော်လိုက်နိုင်ဘဲ သေဆုံးသွားခဲ့ရ၏။ သူ့ဘေးတွင် ရှိနေသော ဝမ်ဟိုင်ကုမှာမူ အတော်ဝေးဝေး တစ်နေရာသို့ လွင့်စင် ထွက်သွားခဲ့ရလေ၏။

“ဒါက မဟာကောင်းကင်ဓါးပေါ့” ရန်ကိုင် မျက်မှောင်ကြုံ့လျက် သူတော်စင်မကို လှမ်းကြည့်လိုက်ရာ သူတော်စင်မက ပြန်ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်”

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၅၄) ကောင်းကင်နတ်ဘုရားပညာရပ်ကိုးခု

အသံပင် မထွက်နိုင်ဘဲ အသက်ပျောက်သွားသော လူအိုကြီးချန်၏ အဖြစ်အပျက်ကို မြင်ပြီးနောက် ဟိုင်ဝမ်ကုသည် ချက်ချင်း ကုန်းရုန်းထ၍ ခွေးဝဲစား တစ်ကောင်ပမာ သွေးရူးသွေးတန်း ထွက်ပြေး တော့လေ၏။

ရန်ကိုင်က ထွက်ပြေးနေသော ဝမ်ကိုင်ကုကို တစ်ချက်ကြည့်၍ သူ့လက်ကောက်ဝတ်ကို အသာအယာ လှုပ်ခါလိုက်၏။ လူအိုကြီးချန်ကို သတ်ဖြတ်ခဲ့သော ဓါးသည် ချက်ချင်းပဲ ကြိုးတစ်ချောင်း အသွင်သို့ ပြောင်းကာ ဝမ်ဟိုင်ကုကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်၏။

ထို့နောက် လူအိုကြီးကို သူ့ရှေ့ ဆွဲခေါ်လိုက်၏။

“ဒါက မဟာကောင်းကင် အချုပ်အနှောင်ပေါ့” ရန်ကိုက် ဘုံကိုးခုသူတော်စင်မကို လှမ်းမေးလိုက်၏။

“ဟုတ်တယ်”

“စိတ်ဝင်စားစရာဘဲ။ အဲ့ဝိဥာဉ်ပညာရပ်တွေကို ငါဘယ်လိုလုပ်ပြီး သုံးနိုင်သွားရတာလဲ” ရန်ကိုင်က သူတော်စင်မကို သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်ပြီး “ငါ့စိတ်စွမ်းအင်လည်း သိသိသာသာကို တိုးလာသေးတယ်။ နင်ငါ့ကို ဘာလုပ်လိုက်တာလဲ”

“အဲ့အကြောင်း နောက်မှ ပြောလို့ရမလား” သူတော်စင်မက ပြန်မဖြေချင်သည့်ပုံပင် ပြောလိုက်၏။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ချေ။

ထိုဝိဥာဉ်ပညာရပ် နှစ်ခုကို ရန်ကိုင် ကြားပင် မကြားဖူးခဲ့ချေ။ သို့သော် ရုတ်တရက်ကြီး ထိုပညာရပ် နှစ်ခုကို နားလည်နေခဲ့၏။ နားလည်သည်ပင် မဟုတ်သေး၊ ကျွမ်းကျွမ်ကျင်ကျင်ပင် အသုံးပြုနိုင်နေ၏။ မသိသာ မသိလျှင် သူသည် ထိုပညာရပ်နှစ်ခုကို နှစ်ပေါင်း များစွာကြာအောင် လေ့ကျင့်ထားသည်နှင့်ပင် တူသေး၏။

အကြောင်းမဲ့သက်သက် ယခုကဲ့သို့ ဖြစ်လာလိမ့်မည် မဟုတ်လေရာ သူတော်စင်မကြောင့်သာ ယခုကဲ့သို့ ဖြစ်လာခြင်း ဖြစ်ရပေမည်။

ရန်ကိုင် ခန့်မှန်းသည်သာ မှန်မည်ဆိုပါက သူတော်စင်မသည် ထိုပညာရပ်နှစ်ခုကို သူ့အသိစိတ်ထဲ တိုက်ရိုက် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် လေ့ကျင့်ခြင်း မရှိဘဲ ထိုပညာရပ်များကို သူနားလည်နေခြင်း ဖြစ်၏။

ထို့ပြင် သူ့အသုံးပြုလိုက်သည့် စိတ်စွမ်းအင် ပမာဏသည် များများစားစားမဟုတ်။ ဟိုင်ဝမ်ကုနှင့် သူတော်စင်မတို့ အသုံးပြုနိုင်သည်နှင့် တူညီရုံသာ ရှိ၏။ သို့သော် ထိုခွန်အားသက်သက်နှင့် လူအိုကြီးချန်ကို အလွယ်တကူ ရှင်းပစ်နိုင်ခဲ့ပေ၏။

ယခုအချိန်၌ ရန်ကိုင်စိတ်ထဲ သံသယ အတွေးပေါင်း သောင်းခြောက်ထောင်တို့ဖြင့် ပြည့်နေခဲ့၏။

“ဒီလူကို ဘာလုပ်မှာလဲ” သူတော်စင်မက ချည်နှောင်ထားခြင်း ခံရသော ဟိုင်ဝမ်ကုကို လက်ညိုးထိုး ညွှန်ပြလိုက်၏။

“ဘာလုပ်ရမှာလဲ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ရာ ဟိုင်ဝမ်ကုကို ချည်နှောင်ထားသော ကြိုးသည် မီးတောက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဟိုင်ဝမ်ကု၏ ဝိဥာဉ်ကို မသေမချင်း လောင်ကျွမ်းပစ်တော့လေ၏။

ယခု ဝိဥာဉ်တိုက်ပွဲခန်းမထဲ ရန်ကိုင်နှင့် သူတော်စင်မ တို့သာ ကျန်ရစ်တော့လေ၏။

မျက်နှာချင်း ဆိုင်မိသည်နှင့် ရန်ကိုင်၏ စူးစိုက်လွန်းလှသည့် အကြည့်ကြောင့် သူတော်စင်မ ချက်ချင်း အကြည့်လွှဲသွားခဲ့၏။

“နင့်နာမည်ဘယ်လိုခေါ်လဲ” ရန်ကိုင်က မေးလိုက်ရာ သူတော်စင်မက “အန်လင်းအာ… နင်ကော”

“ကျန်းစန်”

သူတော်စင်မ စိတ်ချဉ်ပေါက်သွား၏။ ရန်ကိုင်၏ ဝတ်ကျေတမ်းကျေ အပြုအမူသည် သူမအား အမှန်ကို စိတ်ပျက်သွားစေခဲ့၏။ သို့သော် ယခုအချိန်သည် ဒေါသထွက်ကောင်းသည့် အချိန်မဟုတ်လေရာ ဒေါသကို မြိုသိပ်ထားရုံသာ တတ်နိုင်ခဲ့၏။

“နင်အခုဘာလုပ်လိုက်လဲ ငါ့ကို ပြောလို့ရပြီလား”

“နင်သိရမှ ဖြစ်မှာလား” အန်လင်းအာက သူမ၏ နှုတ်ခမ်းလေးကို ကိုက်ပြီး မေးလိုက်ရာ ရန်ကိုင်က အခိုင်အမာ ခေါင်းညိတ်ပြလိုက်ပြီး “ဘာတွေ ဖြစ်သွားလဲ မသိဘဲ ငါ့ကို အန္တရာယ်ဖြစ်စေမှာလား၊ မဖြစ်စေဘူးလား ဆိုတာကို ငါဘယ်လိုလုပ်ပြီး သိမှာလဲ”

“ငါလုပ်ခဲ့တာက နင့်ကို လုံးဝ အန္တရာယ် မဖြစ်ဘူး ဆိုတာကို စိတ်ချထားလို့ရတယ်။ ပြီးတော့ ဘာအကြောင်းပြချက်ကြောင့် ငါနင့်ကို ဒုက္ခပေးရမှာလဲ”

“ဘာပဲဖြစ်ဖြစ် ရှင်းပြနိုင်ရင် ပိုကောင်းတာပေါ့”

“ကောင်းပြီလေ” အန်လင်းအာက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး “နင်က သိချင်နေမှတော့ ငါကလည်း ပြောပြရမှာပေါ့”

ပြောပြီးနောက် တစ်ခဏတာ တိတ်ဆိတ်သွားခဲ့၏။ ထို့နောက် ဆက်ပြောလိုက်လေ၏ “ငါတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေ အကြောင်းကို နင်နည်းနည်းပါးပါးတော့ သိထားလောက်မှာပေါ့။ ဟုတ်တယ်မလား။ တော်ဝင်သခင်တိုင်းကို ငါတို့ သူတော်စင်မတွေကပဲ အပြင်လောကကြီးကနေ ရှာတွေ့ခဲ့တာ။ ဘယ်သူ့ကို တော်ဝင်သခင်အဖြစ် ရွေးချယ်ရမလဲ ဆိုတာနဲ့ ပက်သက်ပြီး ငါတို့မှာ နည်းလမ်းတွေ ရှိပြီးသား။ ငါတို့စမ်းသပ်ချက်ကို အောင်မြင်တယ်ဆိုရင် ထွတ်မြတ်နယ်မြေရဲ့ နောက်တော်ဝင်သခင် ဖြစ်လာလိမ့်မယ်။ ဘယ်လိုနည်းလမ်းတွေ သုံးပြီး ရှာလဲဆိုတာကိုတော့ ငါမပြောနိုင်လို့ ခွင့်လွှတ်ပေးပါ။ ငါ့ကျင့်ထားတဲ့ ကျင့်စဉ်နဲ့ ဆက်စပ်တယ်လို့ပဲ ပြောနိုင်တယ်”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။

“အရင်တော်ဝင်သခင်တွေ အကုန်လုံးက နေရာမျိုးစုံ ကနေ လာကြတာ။ အရည်အချင်းတွေ ဆိုရင်လည်း တူကြတာ မဟုတ်ဘူး။ ကောင်းတဲ့လူကကောင်းမယ်။ ညံ့တဲ့လူက ညံ့မယ်။ သာမန်ထက် အရည်အချင်း နိမ့်ကျတဲ့ တော်ဝင်သခင်တွေတောင် ရှိသေးတယ်။ ဒါပေမယ့် အဲ့လူတွေက ငါတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ရောက်တာနဲ့ အသစ်ပြန်လည် မွေးဖွားလိုက်သလို အရမ်းကို အားကောင်းလွန်းတဲ့ အထွဋ်အထိပ် ပညာရှင်တွေ ဖြစ်သွားရော။ ဘာလို့ အဲ့လို ဖြစ်သွားရလဲ ဆိုတော့ ငါတို့ သူတော်စင်မတွေကြောင့်ပဲလို့ ပြောရမှာပေါ့”

“အို၊ ဘယ်လိုမျိုးလဲ”

“ငါတို့က… မွေးလာတဲ့ အချိန်ကစပြီး တော်ဝင်သခင်ရဲ့ ကျင့်ကြံရေးမီးဖိုအဖြစ် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရတာ။ ငါတို့ရဲ့ ကျင့်ကြံခြင်းတွေ၊ တတ်မြောက်ထားတဲ့ အရာအားလုံးကလည်း တော်ဝင်သခင်အတွက်ပဲ။ တော်ဝင်သခင်ကို ရှာတွေ့တာနဲ့ ဘုံကိုးခုထွတ်မြတ် နယ်မြေဆီ ပြန်ခေါ်သွားပြီး ငါတို့ သင်ကြားတတ်မြောက် ထားတဲ့ အရာတွေကို အဲ့တော်ဝင်သခင်ဆီ ပြန်ပို့ပေးတာ။ ဒါက ငါတို့ သူတော်စင်မတွေရဲ့ အကြီးမားဆုံး တာဝန်ပဲ။ ပြီးတော့ သူတော်စင်မကလည်း တစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလေ။ ခြောက်ယောက်၊ ခုနှစ်ယောက်လောက် ရှိတာဆိုတော့ တော်ဝင်သခင် ရနိုင်တဲ့ အကျိုးအမြတ် တွေကလည်း မနည်းမနောပဲပေါ့။ ဒါကြောင့်ပဲ တော်ဝင်သခင်တိုင်းက အရမ်းကို ထူးခြားတဲ့ ပညာရှင်တွေ ဖြစ်နေကြတာ။ သူတို့ဘာသာ လေ့ကျင့်ရုံတင် မဟုတ်ဘူး။ ငါတို့ကလည်း ကူညီပေးသေးတယ်လေ။ သူတို့ကို ကူညီပေးမယ့် ဒီလောက်များတဲ့ ကျင့်ကြံရေးမီးဖိုတွေ ရှိနေမှတော့ အဲ့တော်ဝင်သခင်တွေ မထူးခြားပဲ နေဦးမှာလား”

“အဲ့လိုတွေ တကယ်ကြီး ရှိတာလား” ရန်ကိုင် ထိတ်လန့်သွားခဲ့၏။

“ဒါက ငါတိုဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ။ အခြားဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်” အန်လင်းအာက ရန်ကိုင်ကို လေးလေးနက်နက် သတိပေးလိုက်၏။

“စိတ်မပူနဲ့။ ငါက ပါးစပ်ဖွာတတ်တဲ့လူ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် စဉ်းစားတွေးတောရင်း ထပ်ပြောလိုက်၏ “ဒီတော့ အဲ့ပညာရပ်တွေကို ငါသုံးနိုင်တဲ့ အကြောင်းအရင်းက နင်က အဲ့ပညာရပ်တွေကို အရင်သင်ထားပြီး ငါ့စိတ်ထဲ ပို့ပေးလိုက်လို့ပေါ့၊ ဟုတ်လား”

“ဟုတ်တယ်။ နင်အဲ့ပညာရပ်တွေကို ကျွမ်းကျင်နေရတဲ့ အကြောင်းအရင်းက ငါကိုယ်တိုင်က အဲ့ပညာရပ်တွေကို အရင်လေ့ကျင့်ထားလို့ပဲ။ သူတော်စင်မတွေက မသေခင်အချိန်အထိ သတ်ဖြတ်ခွင့် မရှိပေမယ့် တော်ဝင်သခင်တွေကို အထူးနည်းလမ်းတွေ သုံးပြီး ကူညီပေးခွင့်ရှိတယ်။ တော်ဝင်သခင် ဖြစ်လာရင် ငါတို့ဆီကနေ ရနိုင်တဲ့ အကျိုးအမြတ်က အဲ့ဒါ သက်သက်တင် မဟုတ်သေးဘူး။ စောနတုန်းက ငါ့အကူအညီကြောင့် နင့်စိတ်စွမ်းအင် ပိုပြီး အားကောင်းလာတယ်လေ”

ရန်ကိုင် အမူအရာ ထူးဆန်းသွားခဲ့ပြီး “ဒါပေမယ့် ငါက နင်တို့ရဲ့ တော်ဝင်သခင် မဟုတ်ဘူးလေ။ နင်ငါ့ကို ဘယ်လိုလုပ်ပြီး ကူညီပေးရတာလဲ”

အန်လင်းအာ သက်ပြင်းချလိုက်ပြီး နှုတ်ခမ်လေးကို ကိုက်ကာ ပြောလိုက်၏ “ဝန်မခံချင်ပေမယ့် တော်ဝင်သခင် ဖြစ်ဖို့ နင့်မှာ အရည်အချင်း ရှိပြီးသားပဲ”

“နင်နောက်နေတာမလား”

“နောက်နေတာမဟုတ်ဘူး။ အမှန်ကို ‌ပြောနေတာ။ အဲ့နှစ်ယောက်ကို တိုက်နိုင်ဖို့အတွက် နင့်စိတ်စွမ်းအင်ကို ပိုပြီး အားကောင်းသွားအောင်ပဲ လုပ်ပေးချင်ခဲ့တာ။ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ နတ်ဘုရားပညာရပ်တွေကို သင်ပေးဖို့ စိတ်မကူးခဲ့ဘူး။ ဒါပေမယ့် အဲ့ပညာရပ်တွေကိုပါ နင်နားလည်သွားလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ အဲ့နတ်ဘုရားပညာရပ် ဘယ်နှစ်ခုလောက်ကို နင်နားလည်လိုက်လဲ”

“နှစ်ခုပဲ”

“အဲ့ပညာရပ်နှစ်ခုစလုံးက ငါတို့အကူအညီ ပါရင်တောင် အရမ်းကို နားလည်ရခက်တဲ့ ပညာရပ်တွေပဲ။ တော်ဝင်သခင်သစ် တစ်ယောက် တော်ဝင်နယ်မြေရဲ့ နတ်ဘုရားပညာရပ်တွေကို နားလည်ဖို့ အဲ့လောက် မလွယ်ဘူး။ အကြိမ်ပေါင်းများစွာ ကြိုးစားလေ့ကျင့် ပြီးမှပဲ ကျွမ်းကျင်နိုင်တာ။ နင်ကတော့ ခဏလေးနဲ့ နှစ်ခုကိုတောင် နားလည်သွားနိုင်တယ်”

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး “နတ်ဘုရား ပညာရပ် ဘယ်နှစ်ခုကို နင်နားလည်ထားလဲ”

“ကိုးခု” သူတော်စင်မက အသာအယာ ပြုံးလိုက်ပြီး “သင်ချင်လား”

“ဟတ်” ရန်ကိုင်က စိတ်မဝင်စားချင်ယောင် ဆောင်လိုက်၏။

“သင်ချင်တယ်ဆိုရင် နင့်ကို အဲ့ကိုးခုစလုံးကို အခုချက်ချင်း သင်ပေးလိုက်လို့ရတယ်။ ဒါပေမယ့် အရင်ဆုံး ငါ့ကို ကတိတစ်ခုတာ့ ပေးရလိမ့်မယ်”

ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့၏။ အခြားသူများ သူ့အား အကြပ်လာကိုင်သည်ကို ရန်ကိုင် အရမ်းမုန်း၏။

“ငါနဲ့ တော်ဝင်နယ်မြေဆီ ပြန်လိုက်ခဲ့။ အချိန်ကျရင် ငါသိမြင်နားလည်ထားတဲ့ အရာအားလုံး နင်ပိုင်ရလိမ့်မယ်။ ငါတင်မဟုတ်ဘူး။ ငါ့ညီအစ်မ သုံးယောက်စလုံးစလုံးရဲ့ ဟာတွေကိုပါ နင်ပိုင်ဆိုင်နိုင်မှာ။ ပြီးတော့ နင်အမြန် အားကောင်းလာအောင်လည်း ကူညီပေးဦးမှာ”

“ငါ့ကို တော်ဝင်သခင်သစ် ဖြစ်စေချင်နေတာလား” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်၏။

“ဟုတ်တယ်။ နင်က တော်ဝင်သခင်ရာထူးနဲ့ သင့်လျော်တဲ့ လူတစ်ယောက်လို့ ငါထင်တယ်။ နည်းနည်း… မုန်းစရာ ကောင်းပေမယ့်လို့ပေါ့” အန်လင်းအာက အမှန်အတိုင်း ပြောလိုက်၏။

“စိတ်မဝင်စားဘူး” ရန်ကိုင်က ပြုံးလျက် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏။

“နင်…” အန်လင်းအား မျက်လုံးပြူးသွားခဲ့၏။ အံ့အားသင့်မှုတို့သည်လည်း သူ့မ မျက်နှာထက် အထင်းသား။ သူမ၏ ကမ်းလှမ်းချက်ကို ရန်ကိုင် ထိုမျှ ယတိပြတ် ငြင်းဆန်းလိုက်မည်ဟု အန်လင်းအာ တစ်ခါမှ မထင်မှတ်ထားခဲ့၏။

မည်သူကများ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်မလာချင်ရသနည်း။ သူတော်စင်မ၏ ရွေးချယ်ခြင်း ခံရရန်အတွက် သက်သက်နဲ့ နေရာမျိုးစုံမှ ကျင့်ကြံသူများ ဤနေရာသို့ ရောက်လာခဲ့၏။ တကယ်တော့ သူတို့သာ ရွေးချယ်ခံလိုက်ရပါက နဂါးဂိတ်ကို ကျော်ဖြတ်သွားနိုင်သည် ငါးတစ်ကောင် ဖြစ်လာလိမ့်မည် မဟုတ်လေလော။

ထို့ကြောင့် အန်လင်းအာ သွားသည့်နေရာတိုင်း လူစည်ကားနေခြင်း ဖြစ်၏။ လူငယ်၊ လူကြီး အားလုံးသည် သူမအား မျှော်လင့်တကြီး အမူအရာများဖြင့် ကြည့်ကြ၏။

ယခုတွင်မူ တော်ဝင်သခင်အသစ် ဖြစ်လာရန်အတွက် သူမဘက်မှ အရင်စတင်၍ ကမ်းလှမ်းလိုက်သော်ငြား ပြတ်ပြတ်သားသား ငြင်းပယ်ခြင်း ခံလိုက်ရ၏။ ရန်ကိုင်ကို မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်ရင်း သူမစိတ်ထဲ အိမ်မက်မက်နေသလို ခံစားနေခဲ့ရ၏။

“အားကောင်းချင်ရင် ကိုယ့်ဘာသာ လေ့ကျင့်မယ်။ မိန်းမတွေရဲ့ အကူအညီ မလိုဘူး” ရန်ကိုင်က ပြန်ပြောလိုက်၏။

“တော်ဝင်သခင် ဖြစ်လာရင် ဘယ်လို အကျိုးအမြတ်တွေ ရမလဲဆိုတာကို နင်သေချာ မသိသေးတာလား” အန်လင်းအာ မျက်မှောင် ကြုံ့လိုက်၏။

“တော်ဝင်သခင် ဖြစ်လာရင် နင်က ဒီလောကကြီးရဲ့ အထွဋ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်လာမယ်လို့ ဆိုလိုက်တာနဲ့ အတူတူပဲနော်။ လူတော်တော်များ အိမ်မက်ပဲ မက်နိုင်တဲ့ အကျိုးအမြတ်တွေကိုလည်း ရဦးမှာ။ ငွေကြေး၊ ဂုဏ်အဆင့်အတန်း၊ ကျော်းကြားမှု၊ မိန်းမ၊ နင်လိုချင်တာ အားလုံးရမှာနော်”

“နင်ရောပါလား” ရန်ကိုင်က အန်လင်းအာကို မိစ္ဆာဆန်ဆန် ပြုံးရင်း စိုက်ကြည့်လိုက်၏။

အန်းလင်းအာ ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။ သို့သော် ခဏအကြာ၌ ခေါင်းညိတ်ပြလိုက်ပြီး “ပါတယ်။ ငါက တော်ဝင်သခင်ရဲ့ ကျင့်ကြံရေးမီးဖို ဖြစ်ဖို့ မွေးလာတာလေ။ ငါတင်မဟုတ်ဘူး။ ငါ့ညီအစ်မ သုံးယောက်ပါ ပါသေးတယ်။ နင်သာဆန္ဒရှိရင် ဘာပဲဖြစ်ဖြစ် ငါတို့ ညီအစ်မလေးယောက်က နင်လိုချင်တာကို ပေးမှာ။ နင့်ဘဝကို မိန်းမလေးယောက်နဲ့ ပျော်ပျော်ကြီး ကုန်ဆုံးလို့ ရမှာနော်”

“ဘယ်လောက်တောင် စွဲမက်ဖွယ်ကောင်းတဲ့ မက်လုံးလဲ” ရန်ကိုင်က သူ့နှုတ်ခမ်းကို သပ်လိုက်၏။

“အဲ့လိုဆို နင်…”

“မလိုက်ဘူး” ရန်ကိုင်က ခေါင်းခါရမ်းလျက် ပြန်ပြောလိုက်၏ “တော်ဝင်သခင် ဖြစ်လာရင် ရမယ့် အကျိုးအမြတ်တွေက တကယ်ကို မက်လောက်စရာပဲ။ ဒါပေမယ့် ပြန်ပေးဆပ်ရမယ့် တန်ဖိုးကလည်း မသေးဘူးမလား”

အန်လင်းအာ၏ မျက်နှာလှလှလေး မဲ့သွားခဲ့ပြီး ရန်ကိုင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ရင်း ခေါင်းညိတ်ကာ “ဟုတ်တယ်။ အခြေအမြစ် မရှိပေမယ့် တော်ဝင်နယ်မြေထဲ ကောလဟာလ တစ်ခုရှိတယ်။ အဲ့ဒါက တော်ဝင်သခင်တွေ ပြန်ပေးဆပ်ရမယ့် တန်ဖိုးလို့ ထင်ရတာပဲ”

“ဘာလဲ။ ပြောကြည့်လေ”

“တော်ဝင်သခင်တိုင်း အသက်မရှည်တာပဲ… အသက်အရှည်ဆုံး တော်ဝင်သခင်တောင် အနှစ်သုံးရာပဲ နေခဲ့ရတယ်”

ဘုံကိုးခုထွတ်မြတ်နယ်မြေသည် အားကောင်းသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၏။ ထို့ပြင် အသစ်တက်လာသော တော်ဝင်သခင်သည် သူတော်စင်မ လေးယောက်၏ အကူအညီဖြင့် နှစ်အနည်းငယ်အတွင်း သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေ၏။

သူတော်စင် တတိယအဆင့် ပညာရှင်သည် အရမ်းကိုမှ အသက်ရှည်ကြ၏။ အသက်သုံးရာနှင့် သေသည် ဆိုသည်မှာ အရမ်းကိုမှ အသက်တိုလွန်းသည်ဟု ပြော၍ ရ၏။

မသေမျိုး တတိယအဆင့် ပညာရှင်များပင်လျှင် နှစ်ရာပေါင်းများစွာကြာအောင် နေနိုင်၏။

ပြန်ပေးဆပ်ရမည့် တန်ဖိုးကြောင့် တော်ဝင်သခင် ရာထူးကို ရန်ကိုင် လုံးဝ စိတ်မဝင်စားတော့။ နှစ်သုံးရာသည် အကြာကြီးဟု ထင်ရသော်လည်း ကျင့်ကြံသူများအတွက်မူ အတော့်ကိုမှ တိုတောင်းလှ၏။

တော်ဝင်သခင် ဖြစ်မလာလျှင်ပင် နှစ်သုံးရာအတွင်း ကောင်းကောင်း နေနိုင်မည်ဟု ရန်ကိုင် ယုံကြည်ပြီးသား။ စုယန်နှင့် စီနီယာမမလေးကို ရင်ထဲပိုက်ထဲ ဤလောကအနှံ့ ခြေဆန့်၍ပင် ရသေး၏။

“ဒါပေမယ့် ရမယ့် အကျိုးအမြတ်ကလည်း သေးတာမှ မဟုတ်တာ။ ပြန်ပေးဆပ်ရမယ့် တန်ဖိုးကလည်း ကြီးမှာပေါ့။ တကယ်တော့ ဒါမျိုးကို လူတွေအများကြီး တစ်သက်လုံး ကြိုးစားတာတောင် ရနိုင်ခဲ့တာမှ မဟုတ်တာ” အန်လင်းအာက ရန်ကိုင်ကို ထပ်မံ စည်းရုံးလိုက်၏။

သို့သော်လည်း ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် “နှစ်သုံးဆယ်ပဲ။ နှစ်သုံးဆယ်အတွင်း နင်တို့ရဲ့ ဘာမဟုတ်တဲ့ တော်ဝင်သခင် ရောက်တဲ့အဆင့်ကို ငါရောက်စေရမယ်”

“နှစ်သုံးဆယ်…” အန်လင်းအာက ရန်ကိုင်ကို မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်ပြီး “လေလုံးကတော့ ထွားချက်ပဲနော်”

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၅၅) တောင်းပန်ပါတယ်

တော်ဝင်သခင်နှင့် အဆင့်တူတွင် ရှိနေမည်ဟု ဆိုလိုက်ခြင်းသည် သူတော်စင် တတိယအဆင့်သို့ ရောက်နေမည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

ရန်ကိုင် ထိုကဲ့သို့ လုပ်နိုင်မည်ဟု အန်လင်းအာ မယုံကြည်။ ရန်ကိုင်သည် လေကြီးသော လူငယ်လေး တစ်ယောက်ဟုသာ ယုံကြည်နေမိ၏။

“နင်ဘာသာ ယုံချင်ယုံ၊ မယုံချင်နေ” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်၏။

“နင်တကယ် မစဉ်းစားတော့ဘူးလား”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် တော်ဝင်သခင်တစ်ယောက်ကို နင်တို့ ရွေးတဲ့ပုံစံက အရမ်းကို ပေါ့ပြက်ပြက် နိုင်လွန်းတယ်။ အင်အားစုကြီး တစ်ခုရဲ့ တော်ဝင်သခင်တစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်သလို ရွေးနိုင်ရတာလဲ”

“ပေါ့ပြက်ပြက် နိုင်တာမဟုတ်ဘူး” အန်လင်းအာက စပ်စပ်ထိမခံ ပြန်ပြောလိုက်၏ “ငါတို့ ကျင့်ကြံထားတဲ့ ကျင့်စဉ်က နောက်ဝင်သခင်ကို ရှာဖွေတာနဲ့ ပက်သက်ပြီး အခြေတည်ထားတာ။ သင့်လျော်တဲ့ တစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ ကျင့်စဉ်က ငါတို့ကို သတိပေးလိမ့်မယ်။ နင်လိုမျိုး လူကို ရှာတွေ့ဖို့ကတော့ သမားရိုးကျ မဟုတ်တဲ့ နည်းလမ်းကို သုံးပြီး ရှာရမှာပေါ့။ ငါတို့သာ အချိန် အတိုင်းအတာ တစ်ခုအတွင်း တော်ဝင်သခင် တစ်ယောက်ကို မရှာနိုင်ဘူးဆိုရင်တော့ ပါရမီမြင့်တဲ့ တပည့်တွေကို စုစည်း။ ပြီးတာနဲ့ ငါတို့ တော်ဝင်နယ်မြေရဲ့ နတ်ဘုရားပညာရပ်တွေကို သင်ပေးကြည့်ရတယ်။ သူတို့ နားလည်နိုင်လည်း၊ နားမလည်နိုင်ဘူးလားပေါ့။ ဒီနေ့ အဖြစ်အပျက်ကြောင့် နင်က စမ်းသပ်ချပ်ကို အောင်မြင်ပြီး တော်ဝင်မြေထဲ ဝင်လို့ ရသွားပြီ။ အင်း၊ တကယ်တော့ နင့်စွမ်းရည်ရည်က နည်းနည်းလေးတောင် လိုအပ်ချက် မရှိတဲ့အတွက် လုံးဝကို အရည်အချင်း ပြည့်မှီတယ်လို့ ဆိုလို့ရတယ်”

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “နင်ရွေးလိုက်တဲ့ လူက တော်ဝင်နယ်မြေကို သစ္စာရှိမယ်လို့ အာမခံနိုင်လို့လား။ အခြား ရည်ရွယ်ချက်တစ်ခုနဲ့ တော်ဝင်သခင် ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားတာ ဆိုရင်ကော”

“အာမခံနိုင်တယ်” အန်လင်းအာက အခိုင်အမာ ခေါင်းညိတ်လိုက်ပြီး “တော်ဝင်နယ်မြေထဲ ဝင်လိုက်တာနဲ့ တော်ဝင်သခင်ရဲ့ စိတ်အနေအထားလည်း ပြောင်းလဲသွားလိမ့်မယ်”

ထိုစကားကို ကြားသည်နှင့် ရန်ကိုင် မျက်လုံး မှေးစဉ်းလိုက်၏။ အသေးစိတ်ကို မသိသော်ငြား ဘုံးကိုးခု ထွတ်မြတ်နယ်မြေသည် နည်းလမ်းတစ်ခုခု သုံး၍ အသစ်ဖြစ်လာသော တော်ဝင်သခင်တိုင်းကို ဦးနှောက် ဆေးခဲ့သည့် ပုံပင်။

“ကောင်းပြီ၊ ‌ကောင်းပြီ။ အခုလောလောဆယ် ဒါကို ဘေးဖယ်ထားကြတာပေါ့” ဘုံးကိုခုထွတ်မြတ်နယ်မြေ၏ လျှို့ဝှက်ချက်များကို သူထပ်မသိချင်တော့။ သူပိုသိသေ သူ့အတွက် အကျိုးယုတ်လေပင်။ ပြောပြီးသည်နှင့် သိမ်မွေ့သော စိတ်စွမ်းအင်စီးကြောင်း တစ်ခုကို ထုတ်လွှတ်၍ အန်လင်းအာကို ရုတ်တရက် ချုပ်နှောင်လိုက်၏။

“နင်ဘာလုပ်နေတာလဲ” သူမ လှုပ်မရတော့မှန်း သတိပြုမိလိုက်သည်နှင့် အန်လင်းအာ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့၏။ ရန်ကိုင်၏ စိတ်စွမ်းအင်သည် သူမ ခန့်မှန်းထားခဲ့သည်ထက် အများကြီး ပိုအားကောင်းသည့်အပြင် ပူပြင်းလှသည့် အရှိန်အဝါများလည်း ပါဝင်နေခဲ့၏။

ရန်ကိုင်က စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် အန်လင်းအာကို ကြည့်လိုက်ပြီး “အင်း၊ ဖြစ်ပြီးတာတွေကို ပြန်ပြင်လို့ မရတော့ဘူးဆိုတော့ အလုံခြုံဆုံး နည်းလမ်းက နင့်ကို သတ်လိုက်ဖို့ပဲ ရှိတော့တယ်”

“ငါ့ကို သတ်ဖို့လား” အန်လင်းအာ၏ မျက်နှာ လှလှလေး ဖြူလျော်သွားခဲပြီး “ငါအရမ်း မြင်သွားတယ်လို့ နင်တွေးနေတယ်ပေါ့”

“အဲ့ဒါကြောင့်လည်း ဟုတ်တယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်လိုက်ပြီး “နင်ဒီလောက်အထိ သိသွားပြီးမှတော့ နင်သာ တော်ဝင်နယ်မြေကို ပြန်ရောက်တာနဲ့ ငါ့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်လောက်ဘူး။ အားသုံးပြီး ငါ့ကို တော်ဝင်သခင်ရာထူး ဆက်ခံခိုင်းလိမ့်မယ်။ ဒါမှမဟုတ် တော်ဝင်နယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို ကာကွယ်ဖို့ အတွက် ငါ့ကိုသတ်မှာပေါ့။ အဲ့လိုမျိုး ဖြစ်လာမှာကို ငါတကယ်ကို မလိုလားဘူး”

“ငါ့အပေါ့် အရမ်း သံသယကြီးလွန်းမနေဘူးလား” အန်လင်းအာ မျက်မှောင်ကြုံ့သွားခဲ့ပြီး “ငါပြန်မပြောသရွေ့ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူမှ သိမှာမဟုတ်ဘူးလေ။ ပြီးတော့ ငါနင့်ကို တစ်ကြိမ် ကပ်ခဲ့ဖူးတာကို မမေ့လိုက်နဲ့ဦး။ နင်က ကျေးဇူးကို ရန်ငြိုးနဲ့ တုန့်ပြန်တတ်တဲ့ လူစားလို့တော့ ငါ့ကို လာမပြောနဲ့နော်”

“ငါ့ကို လာသတိပေးနေစရာ မလိုဘူး” ရန်ကိုင်က အထင်အမြင် သေးသေးဖြင့် “အခု လောလောဆယ် နင့်ကို ဘာလုပ်ရင် ကောင်းမလဲ ငါတကယ် မစဉ်းစားတတ်သေးဘူး။ နင့်ကို သတ်လိုက်ရင် ငါ့လက်ကျန် တစ်ဘဝလုံး နောင်တရနေရမှာ။ ကံဆိုးရင် ကိုယ်တွင်းနတ်ဆိုးတောင် ဖြစ်လာနိုင်တယ်။ နင့်ကို သွားခွင့်ပြုလိုက်ရင်လည်း ငါကောင်းကောင်း နေရတော့မှာ မဟုတ်ဘူး”

သူပြောသည်ကို နားထောင်ပြီးနောက် အန်လင်းအာ အရမ်းကြီး စိုးရိမ်ခြင်း မရှိတော့ဘဲ တိုးတိုးလေး မေးလိုက်၏ “ဒီတော့ နင်ငါ့ကို ဘာလုပ်ဖို့ စဉ်းစားထားလဲ”

“ဘာမှမလုပ်ပါဘူး။ ဒါပေမယ့် ဒါကို ငါတကယ် မလုပ်ချင်တာ” ရန်ကိုင်က သက်ပြင်းချလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်၍ အန်လင်းအာ၏ ဝိဥာဉ်ပုံရိပ်ကို ဖမ်းကိုင်လိုက်၏။

အန်လင်းအာ တုန်လှုပ်သွားခဲ့ပြီး အသည်းအသန် ရုန်းကန်တော့လေ၏။ သို့သော် မည်မျှပင် ရုန်းကန် စေကာမူ ရန်ကိုင်လက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။

အန်လင်းအာကို မထိသေးခင်၌ ရန်ကိုင်က သူ့လက်ကို ဆုပ်လိုက်ပြီး နောက်ပြန် ဆွဲလိုက်၏။

ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး အန်လင်းအာ၏ အမြင်အာရုံလည်း ဝေဝါးသွားခဲ့ရ၏။ ခဏအကြာ သူမ၏ ဝိဥာဉ်ပုံရိပ် မြေကြီးပေါ်သို့ ပြိုလဲကျသွားခဲ့၏။

ခက်ခက်ခဲခဲနှင့် ခေါင်းမော့လိုက်ပြီး ရန်ကိုင်အား မုန်းမုန်းတီးတီး စိုက်ကြည့်၍ ဒေါသတကြီး ပြောလိုက်လေ၏ “ဒီတော့ နင်က နတ်ဘုရားပညာရပ် နှစ်ခုထက်မက တတ်သွားတယ်ပေါ့”

“တောင်ပန်ပါတယ်။ ငါစုစုပေါင်း သုံးမျိုးတောင် တတ်ခဲ့တာ” ရန်ကိုင်က ပြုံးလိုက်ပြီး “ဒါကို မဟာကောင်းကင်ဆွဲအားလို့ ခေါ်တယ်၊ ဟုတ်တယ်မလား”

အန်လင်းအာက နှုတ်ခမ်းလေးကိုသာ ခပ်တင်းတင်း ကိုက်ထားခဲ့ပြီး ပြန်မဖြေခဲ့။

“မဟာကောင်းကင်ဓါး၊ မဟာကောင်းကင် အချုပ်အနောင်၊ မဟာကောင်းကင်ဆွဲအား…” ရေရွတ်နေရင်း ရန်ကိုင်က “နင်တို့ ဘုံကိုခုထွတ်မြတ် နယ်မြေရဲ့ နတ်ဘုရားပညာရပ်တွေက တကယ်ကို သုံးရလွယ်တာပဲ”

“သုံးရလွယ်တယ်ဟုတ်လား။ ငါနှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့လို့သာ နင်အသုံးပြုနေနိုင်တာ” အန်လင်းအာက ချက်ချင်းပဲ ပြန်တုန့်ပြန်ပြောလိုက်၏။

ရန်ကိုင်က အန်လင်းအာကို လျစ်လျူရှုထားလိုက်ပြီး သူ့လက်ထဲရှိ စိတ်စွမ်းအင်လေးကိုသာ ကြည့်နေခဲ့၏။ ထိုစိတ်စွမ်းအင်လေးသည် အန်လင်းအာ၏ အရမ်းကိုမှ သေးငယ်လှသည့် ပုံစံမျိုးဖြစ်၏။ ယခု ထိုအန်လင်အားသည် သူ့လက်ဝါးထက်၌ တင်ပလင်ခွေ ထိုင်နေခဲ့၏။

ထိုအရာသည် အန်လင်းအာ၏ ဝိဥာဉ်အပိုင်းအစပင် ဖြစ်လေ၏။

ထိုဝိဥာဉ်အပိုင်းအစသာ ရှိနေပါက အန်လင်းအာ၏ သေခြင်းရှင်းခြင်းကို သူထိန်းချုပ်နိုင်ပေလိမ့်မည်။

“လုံခြုံရေးအတွက် ငါဒါကို သိမ်းထားလိုက်မယ်။ အခုကနေစပြီး ငါတို့ ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်မတွေ့တော့ဘူး။ နင်တို့ တော်ဝင်သခင်နဲ့ အဆင့်တူ ရောက်တဲ့တစ်နေ့ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီလာပြီး ဒီဝိဥာဉ်အပိုင်းအစကို ငါကိုယ်တိုင် နင့်ဆီ လာပြန်ပေးမယ်” ပြောပြီးသည်နှင့် ထိုဝိဥာဉ်အမှတ်အသားကို သူ့ကိုယ်ထဲ ထည့်သိမ်းလိုက်၏။

မတရားခံရသည်ကို မကျေနပ်သော်ငြား သူမ လုပ်နိုင်သည့်အရာ ဘာမှမရှိသဖြင့် ငြိမ်ခံရုံသာ တတ်နိုင်ခဲ့၏။

သူမသည်လည်း မဟာကောင်ကင်ဆွဲအားကို တတ်ကျွမ်းထားသော်ငြား သူမ၏ ဝိဥာဉ်သည် ရန်ကိုင်လောက် အားမကောင်းသဖြင့် သူ့ကို ပြန်မတိုက်နိုင်ခဲ့ချေ။

ထိုသေနာကောင်သည် အရမ်းကိုမှ ရွံရှာဖွယ်ကောင်း၏။ သူ့အား ကျော်ကြားမှု၊ ကြွယ်ဝချမ်းသာမှု၊ စွမ်းအား၊ မိန်းမတို့ကို ကမ်းလှမ်း ခဲ့သော်လည်း ပေးသည့်အစာကို ငြင်းပယ်ခဲ့ရုံမက သူမ၏ သေခြင်းရှင်ခြင်းကိုပင် ထိန်ချုပ်ရန် ကြိုးစားခဲ့၏။

“ဟေး၊ ငါ့ကို အဲ့လိုကြီး လာကြည့်မနေနဲ့။ ငါလည်း မတတ်နိုင်လို့ လုပ်လိုက်ရတာ။ လုပ်ချင်လို့ လုပ်နေတာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါရမ်းရင်း အန်လင်းအာကို ပြောလိုက်၏။

“သေနာကောင်” အန်လင်းအာက အံတင်းတင်းကြိတ်၍ ကျိန်ဆဲလိုက်၏။

“ဟုတ်တယ်။ ဟုတ်တယ်၊ ဟုတ်တယ်။ ငါက သေနာကောင် အကြီးစားကြီး။ ဒီလောကကြီးရဲ့ မုန်းတီးစရာ အကောင်းဆုံး လူဆိုလည်း ဟုတ်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စိတ်ငြိမ်ငြိမ်ထားပြီး ခဏလောက် တိတ်တိတ်လေး ကျင့်ကြံနေလိုက်နော်” ရန်ကိုင်က သူ့လက်ကိုဝှေ့ရမ်းပြီး ပြောလိုက်၏။ သူမ၏ ဝိဥာဉ် အမှတ်အသားကို ပိုင်ဆိုင်ထားပြီ ဖြစ်လေရာ သူလည်း အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့၏။

ဝိဥာဉ်အမှတ်အသား ဆွဲထုတ်ခံလိုက်ရခြင်းသည် သူမ၏ ဝိဥာဉ်ကို အနည်းငယ် ထိခိုက်သွားစေ နိုင်သော်ငြား နည်းနည်းလောက် ပြန်ကျင့်ကြံရုံဖြင့် ပြန်ကောင်းလာနိုင်၏။

အန်လင်းအာက နှုတ်ခမ်းလေးကိုကိုက်၊ ရန်ကိုင်ကို လျစ်လျူရှု၍ သူနှင့် ခပ်ဝေးဝေးသို့သွားကာ ထိုင်ချလိုက်၏။

အန်လင်းအာကို တစ်ခဏလောက် စိုက်ကြည့် နေပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလျက် အဝေးသို့ ပျံသန်းထွက်သွားလိုက်၏။

အဖြူရောင်လောကကြီးသည် ဝိဥာဉ်အမျိုးအစား လက်နက်၏ အတွင်းပိုင်းဖြစ်၏။ ဤလက်နက် ဘာလုပ်နိုင်သည်ကို သူမသိသေး။ သို့သော် အခြားလူများ၏ ဝိဥာဉ်ကို အတင်းအကြပ် ထုတ်ယူပြီး ဤထူးဆန်းသည့် လေဟာနယ်ထဲ ဆွဲခေါ်နိုင်ကြောင်း ကိုမူ သူသိ၏။

သူ့ဝိဥာဉ်သည် ခန္ဓာကိုယ်ထက် အများကြီး ပိုအားကောင်း၏။ ထို့ကြောင့် အားကောင်းသည့် ရန်သူ တစ်ယောက်ကိုသာ ရင်ဆိုင်ရပါက ဤလက်နက် အကူအညီဖြင့် သူ့ရန်သူ၏ ဝိဥာဉ်ကို အဖြူရောင် လောကကြီးထဲသို့ ဆွဲခေါ်ကာ ကောင်းကင် စိတ်အာရုံချင်း တိုက်ခိုက်နိုင်၏။

ကောင်းကင်စိတ်အာရုံချင်း တိုက်ခိုက်ပါက ရန်ကိုင်ဘက်မှ အတော်လေး အသာအစီး ရနိုင်၏။

ထို့ကြောင့် ဤလက်နက်ကို သူ့အပိုင် လုပ်နေလိုခြင်း ဖြစ်သည်။

သို့သော် ဤနေရာသို့ ဆွဲခေါ်ခံလိုက်ရသည့် လူတစ်ရာကျော်သည် အဖြူရောင်လောကကြီးကို နေရာမလပ်အောင် ရှာဖွေခဲ့သော်ခြား ထူးထူးခြားခြား ဘာကိုမှ ရှာမတွေ့ခဲ့။ ထူးဆန်းနေသည်ဆို၍ ကောင်းကင်ထဲ ဝဲနေသည့် ဝိဥာဉ်တိုက်ပွဲခန်းမ ဆိုသော စကားလုံးများသာ ရှိလေ၏။

ထို့ကြောင့် ကောင်းကင်ပေါ်သို့ ပျံသန်းတက်၍ ထိုစကားလုံးများကို သေသေချာချာ သွားလေ့လာ လိုက်၏။

အချိန်ကြာသော် အန်လင်းအာ ပြန်ကောင်းလာခဲ့၏။ ပြီးသည်နှင့် ရန်ကိုင်ဆီ ပျံသန်းသွားလိုက်ပြီး သူ့ဘေးတွင် ရပ်လျက် “ထွက်ပေါက်ရှာချင်နေတာလား။ ဒါမှမဟုတ် ဒီလက်နက်ကိုပဲ သန့်စင်နေချင်နေတာလား”

“ဒေါသမထွက်တော့ဘူးလား” ထိုမိန်းကလေးသည် အတော့်ကိုမှ ကြင်နာတတ်၏။ ယခုလေးတင် ရန်ကိုင်သည် သူမကို ဒုက္ခရောက်အောင် လုပ်ခဲ့၏။ သို့သော် ခဏကြာပြီးနောက် ရန်ကိုင်အပေါ် ဒေါသပြယ်သွားခဲ့၏။

“ထွက်တာပေါ့၊ မထွက်ဘဲ နေမလား” အန်လင်းအာက “ဒါပေမယ့် အဓိကနဲ့ သာမညကို ခွဲတတ်ရမယ်လေ။ အခုအရေးကြီးဆုံးက ဒီကနေ ဘယ်လိုထွက်ရမလဲ ဆိုတာပဲ။ ဒေါသထွက်နေလို့ ဒီကနေ ထွက်နိုင်မှာမှ မဟုတ်တာ”

“တော်လိုက်တဲ့ မိန်းကလေး” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “နင်ပြောမှန်တယ်။ ငါက ဒီလက်နက်ကို သန့်စင်ချင်နေတာ။ ဒါက ဝိဥာဉ်လက်နက် တစ်ခုဆိုတော့ စိတ်စွမ်းအင်ကို သုံးပြီးတော့ပဲ သန့်စင်လို့ ရလောက်မယ်။ ဒါပေမယ့် ဘယ်လို သန့်စင်ရမှန်းမသိ ဖြစ်နေလို့ နင့်မှာ အကြံလေး ဘာလေးများ မရှိဘူးလား”

အန်လင်းအာက သေသေချာချာ တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် “အဲ့စကားလုံးတွေကို သန့်စင်ကြည့်လိုက်။ အဲ့ဒါတွေက ဒီလက်နက်ရဲ့ အူတိုင် ဖြစ်လောက်တယ်။ အဲ့စကားလုံးတွေထဲ စိတ်စွမ်းအင် ထည့်ကြည့်လိုက်။ ဒီလက်နက်ကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်လိမ့်မယ်”

“ငါလည်း အဲ့လိုတွေးနေတာ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “နောက်ဆုတ်”

အန်လင်းအာ စိတ်ရှုပ်သွားခဲ့၏။ ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ ပြောလိုက်မှန်း သူမ နားမလည်သော်ငြား နောက်ဆုံး တိုက်ပွဲဖြစ်ပွားရာနေရာဆီ ဆုတ်သွားလိုက်၏။

မော့ကြည့်လိုက်ရာ ရန်ကိုင်သည် တင်ပလင်ခွေထိုင်၍ တစ်ခုခုအပေါ် အာရုံစိုက်နေသည်ကို တွေ့လိုက်ရ၏။

ရုတ်တရက် ရန်ကိုင်ဝိဥာဉ်မှ ပူပြင်းလှသည့် အရှိန်အဝါတို့ ‌ပေါက်ကွဲထွက်လာခဲ့ပြီး အဖြူရောင် ဟင်းလင်းပြင်တစ်ခုလုံး ရွှေရောင်အလင်းတန်းတို့ဖြင့် ပြည့်သွားခဲ့ပြီး ဝိဥာဉ်တိုက်ပွဲခန်းမသည်လည်း တုန်ခါလာခဲ့လေ၏။

ဝိဥာဉ်တိုက်ပွဲခန်းမ ဆိုသော စကာလုံးများကို မီးတောက်မီးလျှံတို့ စတင် လောင်ကျွမ်းလာခဲ့လေ၏။

အန်လင်းအာသည် ထိုမြင်ကွင်းကို တုန်တုန်ရီရီ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေခဲ့၏။

ရန်ကိုင် ဝိဥာဉ်မှ ပူပြင်းလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေရခြင်းမှာ ရန်ကိုင်သည် ဝိဥာဉ်ပညာရပ် တစ်မျိုးမျိုးကို လေ့ကျင့်ထားသောကြောင့်၊ သို့မဟုတ် ဝိဥာဉ်လက်နက် တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်ကို သူမ ယခင်က ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုမြင်ကွင်းကို မြင်ပြီးနောက် သူမ၏ အထင်အမြင် မှားယွင်းနေမှန်း အန်လင်းအာ နားလည်လိုက်၏။

တေဇောဓါတ် အသိစိတ်ပင်လယ်လား အန်လင်းအာ လုံးဝကို ထိတ်လန့်နေခဲ့၏။

ထို့ပြင် သူမ မြင်ရသောက် ရန်ကိုင်၏ စိတ်စွမ်းအင်သည် အတော့်ကို အဆင့်မြင့်နေလေပြီ။

ထို့ပြင် ရန်ကိုင် သူမ ဝိဥာဉ်အပိုင်းအစကို ယူခဲ့ခြင်းမှာ သူက တော်ဝင်နယ်မြေ၏ လျှို့ဝှက်ချက်များကို သိသွားရုံ ကြောင့်သာ မဟုတ်၊ ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုးကိုပါ ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ဖြစ်၏။

သူမ ဤအကြောင်း လျှောက်ဖွမှာကို ရန်ကိုင် စိုးရိမ်သည့်ပုံပင်။

သို့သော် ရန်ကိုင်တွင် တေဇောဓါတ်အသိတ်စိတ် ပင်လယ် ရှိနေသည့်အတွက် ယနေ့ ဤနေရာမှ သူမတို့ နှစ်ယောက်စလုံး လွတ်မြောက်နိုင်လောက်ပေ၏။ တေဇောဓါတ်အသိစိတ်ပင်လယ်သည် သာမန် အသိစိတ် ပင်လယ်များထက် အများကြီး ပိုအားကောင်း၏။

ဤဝိဥာဉ်လက်နက်သည် အဆင့်မနိမ့်သော်ငြား ပူပြင်းလှသော စိတ်စွမ်းအင်ဖြင့် သန့်စင်နေသည်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

သူမစိတ်ထဲ ရုတ်တရက် ပျော်သွားခဲ့၏။ မည်သို့သော နည်းလမ်းကိုပဲ သုံးသုံး၊ ရန်ကိုင်ကို တော်ဝင်နယ်မြေဆီ မရရအောင် ခေါ်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်၏။

တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့် တော်ဝင်သခင် ဆိုသည်မှာ တော်ဝင်နယ်မြေ၏ သမိုင်းကြောင်းထဲတွင်ပင် မရှိပေ။ သူသာ တော်ဝင်သခင် ဖြစ်လာပါက ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သမိုင်းကြောင်း တစ်လျှောက် အားအကောင်းဆုံး တော်ဝင်သခင် ဖြစ်လာပေလိမ့်မည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၅၆) နင်ကတဏှာရူးပဲ

ပင်လယ်ရေအောက်၊ ရှေးဟောင်းအပျက်အစီး နယ်မြေတည်ရှိရာနေရာ…

ဤနေရာ၌ ကျင့်ကြံသူ တစ်ရာကျော် လဲကျနေခဲ့ကြ၏။ အများစုသည် သေနေပြီ ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်သာ ရှိ၏။ သို့သော် နှစ်ယောက်စလုံး မိန်းမောသတိလစ်နေဆဲ။

ထိုကျင့်ကြံသူများရှေ့၌ သိမ်မွေ့သော စွမ်းအင်လှိုင်း များကို ထုတ်လွှတ်ပေးနေသည့် အလင်းလုံး တစ်လုံး ရှိနေခဲ့၏။ ထိုစွမ်းအင်လှိုင်းများ မြင့်လိုက်ကျလိုက် ဖြစ်နေသည့်နှင့်အညီ အလင်းလုံးသည်လည်း မှိန်ကျလိုက်၊ လင်းသွားလိုက် ဖြစ်နေခဲ့၏။

ရုတ်တရက် အလင်းလုံးဆီမှ ရွှေရောင် အလင်းတန်းတို့ ဖြာထွက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင် လေဟာနယ်သည်လည်း တဖြည်းဖြည်း ပူလောင် လာခဲ့၏။

ရွှေရောင်အရှိန်အဝါသည် တဖြည်းဖြည်း ကျယ်ပြန်သွားခဲ့ရာ မကြာခင်မှာဘဲ ဧရိယာတစ်ခုလုံး ပြည့်သွားခဲ့၏။ ယခု ထိုရွှေရောင်အလင်းလုံးသည် လေဟာနယ်ထဲ တောက်ပနေသော နေအသေးစားလေး တစ်ခုနှင့်ပင် တူနေသေး၏။ ဘေးပတ်ဝန်းကျင်ရှိ အပူချိန်သည်လည်း မြင့်သထက် မြင့်လာနေခဲ့၏။

ရုတ်တရက် အလင်းလုံးဆီမှ ဝိဥာဉ်ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့ပြီး လေထဲ နှစ်ပတ်၊ သုံးပတ်လောက် ဝိုင်းပတ်လိုက်ပြီးနောက် အောက်ဘက်တွင် လဲနေသော ခန္ဓာကိုယ်နှစ်ခုထဲ ဖြည်းဖြည်းချင်း ပြန်ဝင်သွား၏။

အလင်းလုံးဆီမှ ဖြာထွက်နေသော ရွှေရောင် အလင်းတန်းတို့သည်လည်း တဖြည်းဖြည်း မှိန်ကျလာခဲ့၏။

ခဏအကြာ၌ အန်လင်းအာ နိုးလာခဲ့၏။ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်၍ ခက်ခက်ခဲခဲ ကုန်းထလိုက်ပြီးနောက် လှည့်ပတ်ကြည့်လိုက်ရာ မနီးမဝေး တစ်နေရာ၌ ရန်ကိုင်ကို တွေ့လိုက်ရ၏။

မျက်ဝန်းချင်း ဆုံသွားသည်နှင့် နှစ်ယောက်စလုံး ပြုံးလိုက်ကြ၏။

ဝိဥာဉ်တိုက်ပွဲခန်းမထဲ၌၊ လက်နက်ကို သန့်စင်ရန် အလို့ငှာ ရန်ကိုင်သည် စကားလုံးခြောက်လုံးကို သူ့စိတ်စွမ်းအင်ဖြင့် အဆက်မပြတ် လောင်ကျွမ်းပစ်ခဲ့၏။ အချိန်အတော်ကြာအောင် ကြိုးစားပြီး နောက်ဆုံး၌ သူအောင်မြင်နိုင်ခဲ့၏။

အခက်အခဲကို အတူတူ ရင်ဆိုင်ခဲ့ရပြီးနောက် ရန်ကိုင်သည် ထင်သလောက် မဆိုးဟု အန်လင်းအာ တွေးလိုက်၏။ သို့သော် ကိစ္စအများစု၌ ဆိုးနေဆဲ။ သို့သော် သည်းခံနိုင်သည့် အတိုင်းအတာအတွင်း ရှိ၏။ ထိုမိန်းမငယ်လေးသည် နည်းနည်းပါးပါး တုံးသည်က လွဲ၍ အရမ်းကြီး မဆိုးဘူးဟု ရန်ကိုင်လည်း တွေးမိလိုက်၏။ လက်နက်ကို သန့်စင်နေစဉ်အတွင်း အန်လင်းအာသည် ရန်ကိုင်ကို လာရောက် နှောင့်ယှတ်ခြင်း မပြုခဲ့။ အဝေးမှသာ တိတ်တိတ်လေး စောင့်ကြည့်နေခဲ့၏။

ဝိဥာဉ်လက်နက်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီးနောက် ထိုထဲမှထွက်ရန် အရမ်း လွယ်သွားခဲ့လေပြီ။

ခန္ဓာကိုယ်နှင့် ဝိဥာဉ် ကွဲနေသည်မှာ အနည်းငယ် ကြာသွားပြီ ဖြစ်လေရာ ဝိဥာဉ်နှင့် ပြန်အသားကျအောင် ရန်ကိုင်တို့ မနည်းပြန်ကြိုးစားလိုက်ရ၏။ ရန်ကိုင်ကမူ သိပ်မဆိုး၊ သူ့ဝိဥာဉ်သည် အန်လင်းအာထက် အများကြီး ပိုအားကောင်းသည် မဟုတ်ပေလော။ ထို့ကြောင့် အန်လင်းအာသည် ခန္ဓာကိုယ်နှင့် ဝိဥာဉ် အံဝင်ခွင်ကျအောင် ကြိုးစားနေသည့်အချိန် ရန်ကိုင်ကမူ အေးဆေးဖြစ်နေခဲ့၏။ ရန်ကိုင် ပြန်ရောက်ကြောင်း အတည်ပြုပြီးနောက် တင်ပလင်ခွေထိုင်ကာ ကျင့်စဉ်ကို လှည့်ပတ်လိုက်၏။

သူ့ခန္ဓာကိုယ် တစ်ခုခု ဖြစ်ခဲ့၊ မဖြစ်ခဲ့ သေချာ စစ်ဆေးလိုက်ပြီး ဘာမှမဖြစ်ခဲ့မှန်း သေချာသွားသည်နှင့် မတ်တပ်ရပ်ကာ ဝိဥာဉ်လက်နက်ရှိရာဆီ သွားလိုက်၏။

ထိုဝိဥာဉ်လက်နက်ကို သန့်စင်ပြီးသွားခဲ့ပြီ ဖြစ်သဖြင့် ထိုလက်နက်သည် သူ့အပိုင် ဖြစ်သွားခဲ့လေပြီ.

ထို့ကြောင့် အတွေးတစ်ချက်နှင့် ထိုလက်နက်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ ထည့်သွင်းလိုက်နိုင်၏။

လက်နက်ကို သေသေချာချာ စစ်ဆေး ကြည့်လိုက်ပြီးနောက် ရန်ကိုင် အတော့်ကို အံ့အား သင့်သွားခဲ့ရ၏။ ထိုလက်နက်သည် အတော့်ကိုမှ ရှားပါးလှသည့် သူတော်စင်အဆင့် ရတနာတစ်ခု ဖြစ်နေခဲ့၏။ နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် လက်နက်သည် အရမ်းကြီး ထိခိုက်သွားခြင်း မရှိခဲ့။

သူ့အသိစိတ်ပင်လယ်ထဲထာပြီး ခဏလောက် အားပြန်ဖြည့်လိုက်လျှင် လက်နက်သည် ယခင်အတိုင်း ပြန်ကောင်းသွားပေလိမ့်မည်။

ရန်ကိုင် အတော်လေး ပျော်မိသွားသလို ပင်လယ်အောက်ခြေလို့ လာရထိုက်သည်ဟု တွေးလိုက်မိ၏။ အစောပိုင်းက ဆေးတိမ်တိုက် ပါသော သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို ရရှိခဲ့သလို ယခုလည်း သူတော်စင်အဆင့် ဝိဥာဉ်လက်နက်တစ်ခုကို ရရှိခဲ့ပြန်လေ၏။

အသိစိတ်ပင်လယ်မှ ပြန်ထွက်လာပြီးနောက် ဝေ့ကြည့်လိုက်ရာ အန်လင်းအာက တင်ပလင်ခွေ ထိုင်နေသေးပြီး ဟိုင်ဝမ်ကုနှင့် အခြားသူအားလုံး သေနေသည်ကို တွေ့လိုက်ရ၏။ ခဏလောက် စဉ်းစားပြီးနောက် သေသွားသည့် လူများဆီ လျှောက်သွားလိုက်ကာ သူတို့၏ သိုလှောင်အိတ်များကို စတင် ရှာဖွေစစ်ဆေးတော့လေ၏။ အသုံးဝင်သည့် ပစ္စည်းများကို သူ့အတွက် သိမ်းယူထားလိုက်ပြီး အသုံးမဝင်သည့် အရာများကိုမူ ချန်ထားရစ်ခဲ့၏။

နေ့ဝက်ကြာနောက် အန်လန်းအာ နိုးလာခဲ့၏။

ရန်ကိုင် သူမကို စောင့်ရှောက်ပေးနေမှန်း မြင်တွေ့လိုက်ရသည့်အခါ သူမစိတ်ထဲ ပျားရည် သောက်လိုက်ရသလို ချိုမြသွားခဲ့၏။

ထိလိုက်ပြီး ရန်ကိုင်ဆီ သွားကာ မေးလိုက်၏ “ပြန်တော့မှာလား၊ ဆက်ပြီးတော့ပဲ စူးစမ်းရှာ‌ဖွေ ဦးမှာလား”

“ဆက်ပြီး စူးစမ်းချင်သေးတယ်။ အနည်းဆုံး ငါစူးစမ်းရမယ့် နေရာတစ်ခု ရှိသေးတယ်။ နင်ကတော့… နင်လုပ်ချင်တာလုပ်ပေါ့” ရန်ကိုင်က စကားကို ခပ်ရှင်းရှင်းသာ ပြောသွားခဲ့၏။

ရန်ကိုင်၏ အေးစက်စက် ဟန်အမူအရာကို မြင်သော် အန်လင်းအာ သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး စကား တစ်ခွန်းမှ မပြောဘဲ ရန်ကိုင်နောက် လိုက်သွားလိုက်လေ၏။

နန်းတော်ရှေ့ရောက်သော် ရန်ကိုင် မျက်မှောင် မကြုံ့ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

ယခင်က ထိုနန်းတော်ကို အလင်းလုံးကို ဝိဥာဉ်တိုက်ပွဲခန်းမက ကာကွယ်ထားခဲ့၏။ ထို့ကြောင့် လူအိုကြီးချန်သည် အခြား လူပေါင်းများစွာကို စုစည်းပြီး အရံအတားကို ချိုးဖျက်ခဲ့ရ၏။

သို့သော် အရံအတားကို ချိုးဖျက်ပြီးနောက် အားလုံး၏ ဝိဥာဉ်သည် ဝိဥာည်တိုက်ပွဲခန်းမထဲ အတင်းအကြပ် ဆွဲခေါ်ခြင်း ခံလိုက်ရ၏။ ထို့ကြောင့် သူတို့ စီစဉ်ထားသည့် အစီအစဉ်အားလုံး ပျက်စီးသွားခဲ့ရ၏။

ယခု ရန်ကိုင်နှင့် အန်လင်းအာတို့ နန်းတော်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ဤနေရာသို့ လူသူ ရောက်ပြီးသည့် အရိပ်အယောင်တို့ကို မြင်တွေ့လိုက်ရ၏။ ဤနေရာတစ်ခုလုံးကို မွှေနှောက်ရှာထားပြီးလေပြီ။

“အခြားသူတွေလည်း ဒီနေရာကို ရှာတွေ့သွားခဲ့တာလား” အန်လင်းအာက ရေရွတ်လိုက်၏။

ရန်ကိုင်ကလည်း ခေါင်းညိတ်ပြလိုက်၏။

လူတစ်ရာကျော် ဝိဥာဉ်တိုက်ပွဲ ခန်းမထဲ ဆွဲခေါ်ခံခဲ့ရသော်ငြား အခြားနေရာများတွင် စူးစမ်း ရှာဖွေနေသည့် လူပေါင်းများစွာလည်း ရှိသေး၏။

ဝိဥာဉ်တိုက်ပွဲခန်းမထဲ အချိန်ဘယ်လောက် ကြာသွားခဲ့လဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ရှေးဟောင်း အပျက်အစီးနယ်မြေ တစ်ခုလုံး ချောင်ကြိုးချောင်ကြား မကျန် ရှာခံရပြီးသွားပြီ ဆိုသည်ကိုမူ ရန်ကိုင်သိ၏။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ဆက်လက် အချိန်ဖြုန်းမနေတော့ဘဲ ယန်ဓါတ်အရှိန်အဝါ ထွက်ပေါ်ရာ အဓိကနေရာဆီသာ တန်းသွားလိုက်၏။

ဤနေရာသို့ ရောက်သည်မှာ တစ်လ၊ နှစ်လလောက် ရှိပြီ ဖြစ်သော်လည်း ထိုယန်ဓါတ်အရှိန်အဝါသည် ပျောက်ကွယ်သွားခြင်း မရှိသေးချေ။

ထိုပစ္စည်း ဘာနှင့်တူသည်ကို ရန်ကိုင် သိချင်နေမိ၏။

အန်လင်းအာလည်း ဘာမေးခွန်းမှ မမေးဘဲ ရန်ကိုင်နောက်ကနေသာ လိုက်သွားခဲ့၏။

သူ့ကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ခေါ်သွားမည့် အကြံကို အန်လင်းအာ လက်မလျှော့သေးမှန်း သိသည့် အတွက်ကြောင့် ရန်ကိုင်က အန်လင်းအာကို မရှိသလိုသာ သဘောထားခဲ့၏။

တဖြည်းဖြည်း ယန်ဓါတ်အရှိန်အဝါကို ထုတ်လွှတ်နေသည့် ပစ္စည်းနှင့် နီးကပ်လာခဲ့၏။ သို့သော် နီးကပ်လာသည်နှင့် အခြားသော စွမ်းအင်တစ်ခုကိုပါ ရန်ကိုင် ထပ်မံ ခံစားမိလိုက်၏။

လေဟာနယ်စွမ်းအားပင်…

တစ်ခုခု မှားယွင်းနေမှန်း ချက်ချင်း နားလည်လိုက်ပြီး သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်၏။

ဟုတ်သွားလေပြီ… ဦးတည်ရာနေရာသို့ ရောက်သည့်အခိုက် ရန်ကိုင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။

ရန်ကိုင် မျက်နှာ ညိုးကျသွားသည်ကို မြင်သော် အန်လင်းအာလည်း ရန်ကိုင် ကြည့်နေသည့် နေရာဆီ လှမ်းကြည့်လိုက်၏။ လှမ်းကြည့်ကြည့်ချင်းမှာပဲ သူမ၏ ပါးစပ်လေးကို အလန့်တကြားပိတ်၍ အော်ဟစ်လိုက်၏ “လေဟာနယ်လိုဏ်ခေါင်းလား”

(အခုကနေစပြီး လေဟာနယ်လျှောက်လမ်းကို လေဟာနယ်လိုဏ်ခေါင်းလို့ ပြောင်းသုံးသွားပါ့မယ်)

သူမတို့နှင့် မနီးမဝေး၌ ငါးမီတာပတ်လည် အရွယ်အစား ရှိသော ပိန်းပိန်းပိတ်အောင် မည်းမှောင် နေသည့် တွင်းပေါက်ကြီးတစ်ခု ရှိနေခဲ့၏။

ရန်ကိုင် ခံစားမိသော ယန်ဓါတ် အရှိန်အဝါနှင့် လေဟာနယ်စွမ်းအားသည် ထိုနေရာဆီမှ လာနေခြင်း ဖြစ်၏။

“ဒီနေရာမှာ လေဟာနယ်လိုဏ်ခေါင်းတစ်ခု ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ” အန်လင်းအာ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ လေဟာနယ်လိုဏ်ခေါင်းများသည် ရိုးရှင်းသည့် အရာများ မဟုတ်ချေ။ ရှေးရှေးအခါက ပညာရှင်များ တိုက်ခိုက်ကြသည့်အခါ လေဟာနယ်ကို ဆုတ်ပြဲသွားစေပြီး လေဟာနယ်လိုဏ်ခေါင်းများ ဖြစ်လာသည်ဟု ဆိုကြ၏။ လေဟာနယ်လိုဏ်ခေါင်း များသည် သဘာအတိုင်း ဖြစ်သည်ဟုလည်း ဆိုကြပြန်၏။

လေဟာနယ်သဘောတရားကို လေ့လာပြီးနောက် ဤလောကကြီးရှိ ပညာရှင်အချို့သည် သူတို့၏ ကိုယ်ပိုင်ခွန်အားကို သုံး၍ လေဟာနယ်စွမ်းအားကို ထိန်းချုပ်ကာ လေဟာနယ်လိုဏ်ခေါင်းကဲ့သို့သော တည်ရှိမှုများကို ဖန်တီးနိုင်ကြ၏။ ဤနည်းဖြင့် သူတို့သည် ကီလိုမီတာထောင်ပေါင်းများစွာသော အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း သွားလာနိုင်ကြ၏။

ကောင်းကင်ဂိုဏ်းတော်မှ ချူလင်းရှောင်သည် ထိုကဲ့သို့သော စွမ်းရည်ကို ပိုင်ဆိုင်ထား၏။

သို့သော် ထိုကဲ့သို့လုပ်ရန် အချိန်ကုန်၊ စွမ်းအင် ကုန်၏။ ထို့ကြောင့် ချူလင်းရှောင်ကဲ့သို့သော ပညာရှင်မျိုးပင် မလိုအပ်လျှင် ထိုကဲ့သို့ မလုပ်ချေ။

သို့သော် ထိုပညာရှင်များ ဖန်တီးလိုက်သည် ယာယီ လေဟာနယ်လိုဏ်ခေါင်းများသည် အစစ်အမှန် လေဟာနယ် လိုဏ်ခေါင်းနှင့် ယှဉ်လိုက်လျှင် သွားနိုင်သည့် အကွာအဝေး၊ တည်ငြိမ်မှု၊ ခိုင်ခံမှု အဘက်ဘက်တွင် နိမ့်ကျ၏။

ထို့ကြောင့် ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲ လေဟာနယ်လိုဏ်ခေါင်းတစ်ခု ရှိနေသည်ကို အန်လင်းအာ အံ့အားသင့်သွားခဲ့ခြင်း ဖြစ်၏။

ထိုလေဟာနယ်လိုဏ်ခေါင်း၏ အခြားတစ်ဖက်တွင် ဘာရှိနေလဲ ဆိုသည်မှာ ဆန်းကြယ်လှ၏။ တုန်းရွှမ် လောကကြီး ရှိနေနိုင်သလို ဆန်းကြယ်လောကငယ် တစ်ခုလည်း ရှိနေနိုင်၏။

“ပြန်ကြတာပေါ့” တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် ရန်ကိုင်က ပြောလိုက်၏။ ယန်ဓါတ် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ပစ္စည်းအား ရှာချင်သော်ငြား မည်သည့်နေရာသို့ ဦးတည်နေမှန်း မသိသည့် လေဟာနယ်လိုဏ်ခေါင်းတစ်ခုထဲ ပြေးဝင်သွားရလောက်သည်အထိ မရူးမိုက်ချေ။ အကယ်၍ လေဟာနယ်လိုဏ်ခေါင်းသာ သူ့အား ကြယ်တာရာ ကောင်းကင်ထဲရှိ နေရာတစ်ခုဆီသို့ ပို့လိုက်ပါက ပြန်လမ်းပျောက်နေပေလိမ့်မည်။

ပြောပြီးသည်နှင့် အန်လင်အား ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။

“ဟေး၊ ငါ့ကို စောင့်ဦးလေ” အန်လင်းအာ အော်ပြောရင်း ရန်ကိုင်နောက်သလို့ အမြန် ပြေးလိုက်သွားလေ၏။

ခဏအကြာ၌ နှစ်ယောက်သား ရှေးဟောင်း အပျက်အစီး နယ်မြေ အစွန်အဖျားနေရာရှိ အရံအတားဆီသို့ ရောက်လာခဲ့၏။ ရောက်သည်နှင့် အရံအတားကို ဖြတ်ပြီး ပင်လယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားလေ၏။

ပင်လယ်ထဲ ရောက်သည်နှင့် ချက်ချင်းဆိုသလို သူ့အား အဘက်ဘက်မှ ဖိချလာသော ကြောက်မခန်း လိလိအား ဖိအားကို ခံစားမိလိုက်၏။

ထိုကြောက်မက်ဖွယ်ဖိအားကြောင့် ရန်ကိုင်မှာ အစစ်အမှန်ချီကို အမြန် လှည့်ပတ်၍ သူ့ပတ်လည်၌ ပူပေါင်းလေးတစ်လုံး ဖန်တီးလိုက်ရ၏။

အန်လင်းအာ၏ မျက်ဝန်းအစုံ ဝင်းပသွားခဲ့ပြီး ရန်ကိုင် ဖန်တီးလိုက်သည့် ရေပူးပေါင်းထဲ ပြေးဝင်ကာ သူ့နားတွင် ကပ်လျက် ရပ်လိုက်၏။

“နင်…” ရန်ကိုင်က သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။

“ဘာလဲ”

“သူတော်စင်မဆိုတာ သန့်စင်ပြီး မြင့်မြတ်တဲ့ မိန်းမမြတ် တစ်ယောက် မဟူတ်ဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့ လူတစ်ယောက်ကို လိုက်ပူးကပ်နေတာ သူတော်စင်မ တစ်ယောက် လုပ်သင့်တာမျိုး မဟုတ်ဘူးနော်”

“မရင်းနှီးတဲ့လူလား” အန်လင်းအာက ပြန်၍ ငြင်းချက်ထုတ်လိုက်၏ “ငါနင့်ကို ပြောခဲ့တယ်လေ။ နင်က တော်ဝင်သခင်ဖြစ်ဖို့ အရည်အချင်းရှိတယ်လို့။ နင့်မှာသာ အဲ့လိုအရည်အချင်း မရှိဘူးဆိုရင် စိတ်ချသာ၊ နင့်ဆီ ခြေတစ်လှမ်းတောင် လှမ်းမှာ မဟုတ်ဘူး”

“အဲ့အကြောင်း ထပ်ပြောရဲပြောကြည့်၊ ငါနင့်ကို သတ်မှာ”

“သတ်ချင်ရင် သတ်လိုက်လေ။ မသတ်ဘဲနဲ့များ ပြောနေသေးတယ်” အန်လင်းအာသည် ရန်ကိုင်၏ သဘောကိုသိထားသည့်အလား သူခြောက်တိုင်း အလွယ်တကူ ကြောက်မသွားခဲ့ချေ။

ရန်ကိုင်က အံတင်းတင်းကြိတ်၍ အန်လင်းအာကို စူးရဲစွာ စိုက်ကြည့်လိုက်၏။ ရုတ်တရက် ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ “နင်ငါ့ကို ရန်စနေတာပဲ။ နင့်ကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းမရှိဘူးလို့ နင်ထင်နေတာလား”

“လုပ်ရဲရင် စမ်းကြည့်လိုက်လေ” အန်လင်းအာက မကြောက်စတမ်း ပြန်ပြောလိုက်၏။

ရန်ကိုင် မျက်နှာ ပိုပို၍ ပြုံးဖြီးလာခဲ့ပြီး ရေပူးပေါင်းကို ဖန်တီးထားသည့် သူ့အစစ်အမှန် အနည်းငယ်ကို ပြန်သိမ်းယူလိုက်ရာ ရေပူပေါင်း၏ အရွယ်အစားသည် အတော့်ကိုမှ သေးငယ်သွားခဲ့၏။

ထိုအခြင်းအရာကို မြင်သည်နှင့် တစ်ပြိုင်နက် အန်လင်းအာက အလန့်တကြား အော်ဟစ်၍ ရန်ကိုင်ဆီသို့ တိုးကပ်သွားလေ၏။

ရန်ကိုင်က သူ့အစစ်အမှန်ချီကို ဖြည်းဖြည်းချင်း ပြန်သိမ်းယူနေခဲ့ရာ ရေပူပေါင်းသည်လည်း ကျုံ့သထက် ကျုံ့လာခဲ့လေ၏။

မြင့်မြတ်သော တော်ဝင်သူတော်စင်မသည် ရွေးစရာ မရှိတော့သည့်အဆုံး ရန်ကိုင်ဆီသို့ ပူးကပ်ရတော့လေ၏။ သူမ၏ လက်လေးများသည် ရန်ကိုင်၏ အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့ပြီး ပျော့အိအိ ရင်သား အစုံသည် ရန်ကိုင်၏ ရင်ခွင်ကျယ်ကြီးနှင့် ထိကပ်နေခဲ့၏။ မျက်နှာလေးသည် နီရာမှ၊ ဖြူရာမှနီ ဖြစ်နေခဲ့ကာ သူမ၏ ပုံစံသည် အတော့်ကိုမှ သနားစရာ၊ ချစ်စရာ ကောင်းနေခဲ့၏။

ခဏအကြာ၍ အန်လင်းအာ၏ မျက်နှာလေး ရဲရဲတောက်လာခဲ့၏။

ရေပူပေါင်းသည် ကျုံ့သထက် ကျုံ့လာနေရာ နောက်ဆုံး၍ ရန်ကိုင်ကို ဖက်ထားရသည့် အဖြစ်သို့ ရောက်သွားခဲ့၏။ ယခုဆိုလျှင် သူမ၏ မို့မောက် အိတင်းနေသော ရင်အစုံသည် ရန်ကိုင်၏ ရင်ဘတ်နှင့် လုံးဝကို ပူးကပ်နေခဲ့လေပြီ။

ရှက်နေသော်ငြား ရွေးစရာမရှိသဖြင့် ဤအရှက်တကွဲ အကျိုးနည်း ပုံစံဖြင့်သာ နေနေခဲ့၏။

“တဏှာရူးကောင်း။ လူညစ်ကောင်။ သေနာကောင်။ နတ်ဆိုးကောင်။ ဘာမှမကောင်းတဲ့ကောင်” အန်လင်းအာသည် ဆူပုပ်နေသည့် မျက်နှာဖြင့် နှုတ်ခမ်းလေးကို ဆူကာ ရန်ကိုင်ကို ဆဲနည်းမျိုးစုံဖြင့် ကျိန်ဆဲတော့လေ၏။ သို့သော် သူမ ဒေါသထွက်နေသည့် ပုံစံလေးမှာ အရမ်းကိုမှ ချစ်ဖို့ကောင်းနေခဲ့၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း  (၇၅၇) ရှေးဟောင်းသူတော်စင်ဆေးလုံး

အန်လင်းအာ၏ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေသည့် အမူအရာကို ကြည့်ရင်း ရန်ကိုင် ညစ်ကျယ်ကျယ် ရယ်မောလိုက်ပြီး “မြင့်မြတ်ပါသော သူတော်စင်မ ဘယ်လိုခံစားရပါလဲခင်ဗျာ”

ပြောနေစဉ်အတွင်း သူမ၏နားထဲ ရည်ရွယ်ချက် ရှိရှိဖြင့် လေမှုတ်ထုတ်လိုက်ရာ အန်လင်းအာ မျက်နှာပြင် တစ်ခုလုံး ရဲရဲတောက် နီမြန်းသွားခဲ့ပြီး နှလုံးခုန်နှုန်း မြန်ဆန်သွားခဲ့ရလေ၏။ သူမ၏ နှလုံးခုန်သံကို ရန်ကိုင်ပင် ကြားနေရ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မသည် မွေးကတည်းက သူမတို့၏ အချိန်အများစုကို ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးခဲ့ရ၏။

ကျင့်ကြံသည်ဆိုသည်မှာလည်း နောင်အသစ် ဖြစ်လာမည့် တော်ဝင်သခင်အတွက် ပြင်ဆင်ပေးခြင်းပင်။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၌ သူတော်စင်မ ဆိုသည်မှာ မြင့်မြတ်မှု၊ ကြီးကျယ်သော ဂုဏ်ကျက်ကရေ၏ ပြယုဂ်ဖြစ်၏။ ထို့ကြောင့် သူတော်စင်မများကို အခြား မည်သည့် ယောကျာ်းနှင့်ပင် အနီးကပ်ဆက်ဆံခိုင်းခြင်း မပြုခဲ့ချေ။

ယခု အခြေအနေသည် မလုပ်မဖြစ်ရ ဖြစ်လာခဲ့သဖြင့် သူတော်စင်မဖြစ်သော အန်လင်းအာသည် ရန်ကိုင်နှင့် ခန္ဓာကိုယ်ချင်း ပူးကပ်နေခဲ့ရ၏။ သူမစိတ်ထဲ အတွေးပေါင်း မြောက်မြားစွာတို့ ဟိုဟိုဒီဒီ‌ ပြေးလွှားနေခဲ့ပြီး သူမ အပြုအမူ မှန်လား၊ မှားလား ဆိုသည်ကို ဝေခွဲမရတော့။ သို့သော် ထိုမုန်းစရာကောင်းသည့် သူတောင်းစားကောင်ကို ရန်စမိလိုက်သည့် အပြုအမူအတွက်မူ အမှန်တကယ်ကို နောင်တရနေခဲ့၏။

ပိုဆိုးသည်ကာ ထိုကောင်စုတ်၏ သူမ၏ စမ်းသပ်ချက်ကို အောင်မြင်သွားရုံမက ကောင်းကင်နတ်ဘုရား ပညာရပ်သုံးခုကိုပင် ချက်ချင်း နားလည်လိုက်နိုင်၏။

ကောင်းကင်တယ်က တကယ်ကို မမြင်တတ်တာပဲ အန်လင်းအာက သူမ၏ နှုတ်ခမ်းလေးကို ကိုက်၍ မအော်မိအောင် မနည်းချုပ်တည်း နေခဲ့ရ၏။

သူမ၏ သနားစရာ ပုံစံလေးကို ကြည့်ရင်း ရန်ကိုင်သည် သူမအား ဆက်လက် စမနေတော့ဘဲ ဤပုံစံဖြင့်သာ ပင်လယ်ပေါ်သို့ ဆန်တက်နေတော့၏။

ခဏအကြာ၌ လူငယ်လေးနှစ်ယောက် ပင်လယ် အောက်ခြေမှ ပြန်တက်လာနိုင်ခဲ့၏။

အန်လင်းအာမှာ ကြောက်လန့်နေသော ယုန်လေး တစ်ကောင်ပမာ ရန်ကိုင်ဆီမှ ချက်ချင်း ခွါလိုက်ပြီး အမောတကော အသက်ရှူရင်း သူ့အား မကျေနပ်ချက် အပြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။

“ငါပြောရဦးမယ်။ အောက်မှာ ဖြစ်ခဲ့တဲ့ ဘာကိုမဆို ဘုံကိုးခုထွတ်မြတ်နယ်မြေက ဘယ်သူ့ရှေ့မှာမှ ပြန်အစ မဖော်လိုက်နဲ့နော်။ မဟုတ်ရင် ငါနင့်ကို တစ်ခါတည်း နှုတ်ပိတ်ပစ်လိုက်မှာ။ အပြန်အလှန် အနေနဲ့ ငါလည်း နင်တို့ ဘုံကိုးခုထွတ်မြတ်နယ်မြေကို ပြန်ဒုက္ခပေးမှာ မဟုတ်သလို နင်တို့ ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကိုလည်း လျှောက်ဖွမှာ မဟုတ်ဘူး။ ဒါကြောင့် အခုကနေစပြီး ငါတို့ နှစ်ဦးအတွက် ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် ပြန်မတွေ့ကြဘဲ နေကြတာပေါ့” ရန်ကိုင်က လေးလေးနက်နက် ပြောလိုက်၏။

“ငါနားလည်တယ်။ ထပ်ပြောနေစရာ မလိုဘူး” အန်လင်းအာက အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီ။ နင်ရဲ့ တော်ဝင်သခင်အသစ်ကို အမြန်ဆုံး တွေ့နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်” ပြုံးကာ ပြောပြီးနောက် အမြန် ထွက်ခွါသွားလေ၏။

ရန်ကိုင်၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း အန်လင်းအာ စိတ်ရှုပ်ရှုပ်ဖြင့် ကျန်ရစ်ခဲ့၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာမည့် အရေးကို ငြင်းဆိုသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့၏။ တော်ဝင်သခင်အဖြစ် ရွေးချယ်ခြင်း ခံရသည့် လူတစ်ယောက် အရမ်းကိုမှ ပျော်ရွှင်အူမြူးမည်ဟု အန်လင်းအာ ထင်ခဲ့ခြင်း ဖြစ်၏။ ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာမည့် အခွင့်အရေးကို မည်သည့် ယောကျ်ားသားကများ လက်လွှတ် ချင်မည်နည်း။ သို့သော် ရန်ကိုင်၏ တုန့်ပြန်မှုသည် သူမ၏ ထင်မြင်ယူဆချက် အားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့လေ၏။

ရန်ကိုင်သည် တော်ဝင်သခင် ဖြစ်လာနိုင်မည့် အခွင့်အရေးကို နောင်တတစ်စက်လေးမှပင် မရဘဲ တုန့်ဆိုင်းခြင်းမရှိ ငြင်းပယ်ခဲ့၏။

“အိုး၊ မဟုတ်သေး” အန်လင်းအာ အလန့်တကြား ထအော်လိုက်၏။ သူမ ပျောက်နေသည်မှာ အတော့်ကို ကြာနေပြီ ဖြစ်လေရာ ဦးလေးချန်တို့ သေမတတ် စိတ်ပူနေမည်မှန်း ယခုမှပဲ သူမ သတိရလိုက်၏။

ကျွန်စုတစ်ခုလုံး အခြေအနေမကောင်း။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ လူများနှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ တပည့်များသည် လွန်ခဲ့သည့် တစ်လခွဲအတွင်း အနားရှိ ကျွန်းအားလုံးကို အထက်အောက် ပြောင်းပြန် လုပ်ပစ်ခဲ့၏။

သို့သော် ယနေ့ထိတိုင် သူတော်စင်၏ သတင်း မကြားရသေး။

ဘုံကိုခုးထွတ်မြတ်နယ်မြေသည် ထိုကိစ္စနှင့် ပက်သက်၍ အရမ်းကိုမှ ဒေါသထွက်နေသည့် အတွက် မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်း ထိတ်လန့်ကြောက်ရွံ့‌ နေခဲ့ကြရ၏။

ယခုအချိန်၌ မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့မှ လူများသည် ဘုံကိုးခုထွတ်မြတ်နယ်မြေအတွက် အထူး ပြင်ဆင်ပေးထားသော နန်းတော်ကြီး၌ ရောက်နေခဲ့၏။ တစ်ယောက်ချင်းစီတိုင်း၏ နဖူးကြောတစ်လျှောက် ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့၏။

ချန်းနန်သည် မိုးပြိုတော့မည့် ရုပ်ဖြင့် သူ့ရှေ့ရှိ လူများကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ် လိုက်လေ၏ “အခုထိတောင် သူတော်စင်မသတင်း မကြားရသေးဘူးလား။ မင်းတို့ကို အချိန်သုံးရက် ထပ်ပေးမယ်။ သုံးရက်အတွင်းမှ ရှာမတွေ့ဘူး ဆိုရင်တော့ မင်းတို့ ကျွန်းတစ်ခုလုံးကို ငါကိုယ်တိုင် အထက်အောက် မြေလှန်ဖျက်စီးပစ်မယ်”

“ကာကွယ်သူချန်၊ စိတ်လျှော့ပါဦး။ သူတော်စင်မကို ရှာဖို့ ကျုပ်တို့ လူအင်အား ထပ်တိုးထားပါတယ်။ ဒါကြောင့် သူတော်စင်မကို ကျိန်းသေ ရှာတွေ့မှာပါ” မသေမျိုးအဆင့် ပညာရှင်တစ်ယောက် နဖူးထက်ရှိ ချွေးအေးများကို သုတ်လိုက်ရင် အော်ပြောလိုက်၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတို့ပိုင်နက်သို့ ရောက်လာခြင်းမှာ မိသားစုကြီးခုနှစ်ခုမဟာမိတ် အတွက် ဂုဏ်ပင် ရှိသေး၏။ သို့သော် ယခုကဲ့သို့ ကံဆိုးမှုကြီး ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

“ကာကွယ်သူချန်၊ အရှင်သခင် သူတော်စင်မက စူးစမ်းရှာဖွေရေး အဖွဲ့နဲ့ လိုက်သွားတာကော မဖြစ်နိုင်ဘူးလား” တစ်ယောက်ယောက်က ခန့်မှန်းလိုက်၏။

“ပင်လယ်အောက်ခြေကို ရတနာရှာထွက်သွားတဲ့ အဖွဲ့ကို ပြောတာလား” ချန်နင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “အရှင်သခင် သူတော်စင်မက ဒီလို ရယ်စရာကောင်းတာကြီးကို ဘာလို့ လုပ်ရမှာလဲ”

“ဒါပေမယ့် ပင်လယ်အောက်ကလွဲပြီး ကျန်တဲ့ နေရာတွေ အကုန်လုံးကို ကျုပ်တို့ ရှာပြီးသွားပြီလေ…”

“ပင်လယ်အောက်ခြေကို ရတနာရှာထွက်သွားတဲ့ လူတွေ လွန်ခဲ့တဲ့ သုံးရက်ကပဲ ပြန်ရောက်လာတာ မဟုတ်ဘူးလား။ သူတို့ထဲမှာ အရှင်သခင် သူတော်စင်မရဲ့ အရိပ်အယောင်ကို မတွေ့ရပါဘူး။ အရှင်သခင် သူတော်စင်မသာ သူတို့နဲ့လိုက်သွားရင် အခုလောက်ဆို ပြန်ရောက်နေရောပေါ့”

“ဒါပေမယ့်… အဲ့အောက်မှာ၊ တစ်ခုခု ဖြစ်သွားခဲ့တာလဲ ဖြစ်နိုင်တာပဲလေ။ ဖြစ်နိုင်တာက အရှင်သခင် သူတော်စင်မ…”

“ရိုင်းလိုက်တာ” ချန်နင် ဒေါသတကြီး အော်ဟစ်လိုက်ပြီး “အရှင်သခင် သူတော်စင်မဆိုတာ ဘယ်လိုလူမျိုးလဲ။ နိမ့်ကျတဲ့ ကောင်တွေတောင် ပြန်လာနိုင်ရင် အရှင်သခင် သူတော်စင်မကကော ဘာလို့ မပြန်လာနိုင်ရမမှာလဲ။ မင်းတို့ ဘယ်နည်းလမ်း သုံးသုံး ငါသောက်ဂရုမစိုက်ဘူး။ မင်းတို့ လူအင်အား သုံးချင်သလောက်သုံး။ သုံးရက်အတွင်းမှ သူတော်စင်မကို မမြင်ရသေးဘူး ဆိုရင်တော့ မင်တို့နဲ့ငါနဲ့ တွေပြီပေါ့ကွာ။ အခု ထွက်သွားကြစမ်း”

ယခုကဲ့သို့ ဆက်ဆံခံရသည့်အတွက် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့မှာ အတော့်ကိုမှ စိတ်ညစ် နေကြသော်လည်း မည်သူမှ ထုတ်မပြောရဲခဲ့ကြ။ သူတို့၏ မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့သည် ဘုံကိုးခု ထွတ်မြတ်နယ်မြေရှေ့၌ ဘာကောင်မှ မဟုတ်ချေ။

သို့သော် နန်းတော်ထဲမှ မထွက်ခွာရသေးခင်မှာဘဲ အစေခံတစ်ယောက်က ရုတ်တရက် ပြေးဝင်လာပြီး အော်ပြောလိုက်၏ “ကာကွယ်သူချန်၊ ကာကွယ်သူချန်၊ သူတော်စင်မ… ပြန်လာပြီ”

“သူတော်စင်မ ပြန်လာပြီး” ကာကွယ်ချန်က ချက်ချင်း ခေါင်းမော့လိုက်ပြီး အစေခံမဆီ ပြေးသွားလိုက်ကာ “ဘယ်မှာလဲ”

အစေခံမက ဦးဆောင်၍ သူတော်စင်မရှိရာဆီ ခေါ်သွားပေးလိုက်လေ၏။

သူတော်စင်မကို မြင်သည်နှင့် ချန်နန် မျက်ရည် ပေါက်ပေါက် ကျလာခဲ့လေ၏။ ပျော်လွန်းသဖြင့် စကားပင် မပြောနိုင်တော့။ သူ့ရင်ထဲရှိ ကျောက်တုံးကြီးကို အခုမှပင် လွှတ်ချနိုင်တော့လေ၏။

အန်လင်းအာ လမ်းလျှောက်လာသည့်အချိန် နန်းတော်ထဲရှိ ရှိနေသူအားလုံးက အမြန်အဆန် ဦးညွှတ်လိုက်ကြ၏ “သူတော်စင်မကို နှုတ်ဆက်ပါတယ်”

အန်လင်းအာက အသာအယာ ခေါင်းညိတ်လိုက်ပြီး အားတုံ့အားနာဖြင့် “ဒီတစ်ကြိမ်၊ ဦးလေးချန်ကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်”

“ဘာမှ မဖြစ်ပါဘူး။ ဘာမှ မဖြစ်ပါဘူး။ သူတော်စင်မ အဆင်ပြေနေရင် ပြီးတာပါပဲ” ချန်နင်က ပြုံးကာ ပြန်ပြောလိုက်၏။ “သူတော်စင်မ တစ်ခုခု ထိခိုက်မိတာကော ရှိသေးလား”

အန်လင်းအာက ခေါင်းခါရမ်းပြလိုက်၏။

“ဒီရက် အတောအတွင်း သူတော်စင်မ ဘယ်ရောက်နေလဲ သိလို့ရမလား”

“အပြင်ထွက်နေတုန်း ရုတ်တရက် ဥာဏ်အလင်း ပွင့်လို့ နေရာတစ်ခုရှာပြီး ကျင့်ကြံနေလိုက်တာ။ ကျင့်ကြံနေတုန်း တစ်လကျော် ကြာသွားမယ်လို့ ဘယ်သူထင်မှာလဲ” အန်လင်းအာက တိုးတိုးလေး ပြောလိုက်၏။ သေချာ အနီးကပ်ကြည့်မည် ဆိုပါက သူမ၏ မျက်နှာထက် မလုံမလဲ ဖြစ်နေသည့် အမူအရာ ရိပ်ရိပ်လေးကို မြင်နိုင်၏။

ချန်နင်သည် ထိုအချက်ကို ကောင်းစွာ မြင်လိုက်၏။ သို့သော် သူတော်စင်မက မပြောချင်မှဖြင့် သူကလည်း မေးမနေတော့။ ဒီအတိုင်းသာ ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။ ပျော်ရွှင်စွာ ခေါင်းညိတ်၍ အော်ပြောလိုက်၏ “ကောင်းတယ်။ အရမ်းကောင်းတယ်”

ထို့နောက် အနားရှိ အစေခံမဘက် လှည့်က “ပေးအာ၊ အရှင်သခင်မကို အနားယူဖို့ ခေါ်သွားလိုက်တော့”

“အင်း” အစေခံမလေး ပေးအာက ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်၏။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့ ခေါင်းဆောင်များ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သက်ပြင်းတစ်ချက် ချလိုက်ကြ၏။

———————————-

ကျွန်းတစ်ကျွန်းပေါ်တွင် ရန်ကိုင်သည် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့ စီမံကွပ်ကဲသည့် ကျင့်ကြံရေး အခန်းတစ်ခန်းကို သလင်းကျောက် အနည်းငယ်ပေး၍ ငှားရမ်းလိုက်၏။ ထိုကျင့်ကြံရေး အခန်းတစ်ခန်း၏ ငှားခသည် သာမန်အခန်းငှားခထက် ပို၍ ဈေးများ၏။

သို့သော် ကျင့်ကြံရေး အခန်းပတ်လည် အစီအရင် များစွာ ချထားသည့်အပြင် မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများကလည်း အခန်းပတ်လည်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြသေး၏။ ထို့အတွက်ကြောင့် အနှောင့်အယှတ် ကင်းကင်းဖြင့် စိတ်အေးလက်အေး ကျင့်ကြံနိုင်ကြပေ၏။

ကျင့်ကြံရေးအခန်းများသည် မြို့ကြီးအများစု၌ ရှိကြ၏။ ရုတ်တရက် ဥာဏ်အလင်းပွင့်သွားသော ကျင့်ကြံသူများ ကျင့်ကြံနိုင်ကြရန် လုပ်ထားကြခြင်း ဖြစ်၏။

အခန်းထဲရောက်သည်နှင့် ဘေးပတ်လည်ကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။ အရံအတားများသည် အရမ်းကြီး မဆိုးလှ။ ပြင်ပမှ ကျူးကျော်ဝင်လာလျှင် သတိပေးမည့် အစီအရင်များလည်း ခင်းကျင်းထား၏။ စစ်ဆေးပြီးသည်နှင့် ထိုင်ချလိုက်ကာ ဆေးတိမ်တိုက် ပါသည့် ဆေးလုံးကို ထုတ်ယူလိုက်၏။

ဤနေရာမှ ထွက်သွားရန် အလျင်မလိုသေးချေ။ ဆေးတိမ်တိုက်ဆေးလုံးကို မည်ကဲ့သို့ ဖော်စပ် သန့်စင်ထားသည်ကို အရမ်းသိနေသည်က တစ်ကြောင်း၊ အန်လင်းအာ၏ လှုပ်ရှားမှုများကို စောင့်ကြည်ချင်သည်က တစ်ကြောင်းတို့ကြောင့်ပင် ဖြစ်၏။

သူမအား မယုံကြည်သည် မဟုတ်သော်ငြား သတိဆိုသည်မှာ ပိုသည်မရှိချေ။

မဖြစ်နိုင်ချေ များသော်လည်း အကယ်၍ အန်လင်းအာက သူ့ကို ရောင်းစားသွားခဲ့သည် ရှိသော် သူသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ရန်သူ ဖြစ်လာရပေလိမ့်မည်။ ထိုကဲ့သို့သော အင်အားစုကြီးကို ရန်စမိလိုက်ပါက သူ့ဆီသို့ ပြဿနာများ အတော မသတ်နိုင်အောင် ရောက်ရှိလာပေလိမ့်မည်။

ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ကောင်းကင်နတ်ဘုရား ပညာရပ်သုံးခုကို မတော်တဆ တတ်မြောက်သွားခဲ့၏။ ထိုပညာရပ်သုံးခုသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အမွေအနှစ် ပညာရပ်များ ဖြစ်လေရာ အပြင်လူတစ်ယောက် လက်ထဲသို့ ရောက်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့သာ ရန်ကိုင် ထိုပညာရပ် သုံးခုကို တတ်မြောက်ထားမှန်း သိသွားပါက ရန်ကိုင်ကို သတ်လျှင်သတ်၊ မသတ်လျှင် သူတို့၏ တော်ဝင်သခင်ရာထူးကို အတင်းအကြပ် ဆက်ဆံခိုင်းပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပဲ အန်လင်းအာ၏ ဝိဥာဉ် အမှတ်အသားကို ယူလာခဲ့ရခြင်း ဖြစ်၏။

အန်လင်းအာ၏ ဝိဥာဉ်အမှတ်အသားကို ယူထားသော်ငြား သူမလုပ်သည့်အရာကို ရန်ကိုင် မသိနိုင်ချေ။ သို့သော် အကွာအဝေး တစ်ခုအတွင်း ရှိနေသရွေ့ သူမစိတ်အခြေအနေ ပြောင်းလဲမှုများကို ထိုဝိဥာဉ်အမှတ်အသားမှ တစ်ဆင့် စောင့်ကြည့်နိုင်၏။

ထပ်တွေးမနေတော့ဘဲ သူ့ရှေ့ရှိ ဆေးလုံးကိုသာ စတင် လေ့လာတော့လေ၏။

သူတော်စင်အဆင့် ဆေးလုံးပဲ။ တိတိကျကျ ပြောရလျှင် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးပင်။

သူတော်စင်အဆင့် ဆေးလုံးများကို သန့်စင်နိုင်သည့် ဆေးပညာရှင်များသည် သာမန်မဟုတ်ကြချေ။

တုဝမ်သည် သူတော်စင်အဆင့်နိမ့် ဆေးလုံးကိုသာ ဖော်စပ်နိုင်သော်ငြား တုန်းရွှမ်လောကကြီး တစ်လျှောက် ကျော်ကြားနေ၏။

ရန်ကိုင် တွေ့ခဲ့ဖူးသည့် လူများအနက် ထျန်းဇန် လူအိုကြီးလီရွေသာ သူတော်စင်အဆင့် ဆေးလုံးများကို အလွယ်တကူ သန့်စင်နိုင်၏။

သူ့လက်ထဲရှိ သူတော်စင်ဆေးလုံးကို စိုက်ကြည့်ရင်း ထိုဆေးလုံးကို သန့်င်သွားသည့် လူကို ရန်ကိုင် အတော်လေး အထင်ကြီးနေမိ၏။

ရဣ်ကိုင်သည် ဆေးပညာရပ်၌ အတော်လေး အဆင့်မြင့်နေပြီဟု ဆိုနိုင်သော်ငြား ဤဆေးလုံးကို ဖော်စပ်သန့်စင်ခဲ့သည့်လူနှင့် ယှဉ်လျှင် လိုအပ်နေသေး၏။ ဤဆေးလုံးကို သန့်စင်ခဲ့သည့်လူသည် ဆေးလုံးအား အမှားအယွင်း၊ အထစ်အငေါ့ မရှိစွာ ချောမွတ်ပြေပြစ်စွာ သန့်စင်ခဲ့ခြင်း ဖြစ်၏။ ထိုလူသည် လူအိုကြီးလီနှင့်ပင် ယှဉ်နိုင်လောက်၏။

သို့သော် အချိန်တွေ အများကြီး ကြာညောင်းသွားခဲ့ပြီ ဖြစ်လေရာ ပင်လယ်ရေအောက်ရှိ ထိုအင်အားစုအမည်ကို ရှာတွေ့ရန် အခက်ခဲသွားခဲ့လေပြီ။

ဤသူတော်စင်ဆေးလုံးနှင့် ပက်သက်၍ တန်ဖိုး အကြီးဆုံး အရာသည်ကား ဆေးလုံးကို ဝိုင်းရံနေသော ဆေးတိမ်တိုက်ပင်။ ဆေးတိမ်တိုက်သည် ဆေးအာနိသင်ကို လျော့ကျမသွာ‌အောင် ထိန်းထားရုံမက ပို၍ အားကောင်းလာအောင်ပင် ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအင်များကို စုပ်ယူ၍ ဆေးလုံးကို အားဖြည့်ပေးနေခဲ့၏။

နှစ်ထောင်ပေါင်းများစွာ ကြာညောင်းပြီးနောက် ဆေးလုံးထဲ စုဝေးနေသော စွမ်းအင်သည် တိုင်းတာ မရနိုင်သည့် အဆင့်တစ်ခုအထိသို့ ရောက်နေခဲ့လေပြီ။

ဤဆေးလုံးထဲရှိ စွမ်းအင်များကို သူတော်စင် အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ပင် စုပ်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ဤဆေးလုံးသည် ဒဏ္ဏာရီလာ ဆေးလုံးတစ်လုံးပင် ဖြစ်လေ၏။

ဤသို့ဖြင့် ရန်ကိုင်သည် ဆေးလုံးကို မည်သည့် နည်းစနစ်များသုံး၍ ဖော်စပ်ခဲ့သည့် အသေအချာ လေ့လာတော့လေ၏။

.Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၅၈) များပြားလှသောစွမ်းအင်များ

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့၏။ ထိုအချိန်အတွင်း ရန်ကိုင်သည် အခန်းတွင်းအောင်း၍ ဆေးတိမ်တိုက်ဆေးလုံးကို လေ့လာနေခဲ့၏။ ထို့ပြင် အန်လင်းအာကိုလည်း စောင့်ကြည်နေသေး၏။

ယခုအချိန်အထိ အန်လင်းအားသည် သူ့ကို ရောင်းမစားသေး။ သို့သော် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အဖွဲ့သည် ယခုထိတိုင် ဤကျွန်းမှ ထွက်ခွာခြင်း မရှိသေးချေ။

အန်လင်းအာ ပျောက်သွားသည့်အတွက် ယခုလက်ရှိ လူအင်အားဖြင့် မလောက်ငှဟု ထင်ကာ အကူများကို စောင့်နေခြင်းလား။

ခေါင်းလေး တရမ်းရမ်းဖြင့် ရန်ကိုင်သည် ထိုကိစ္စကို ဆက်လက် အာရုံမစိုက်တော့ဘဲ ဆေးလုံးကိုသာ ပြန်လေ့လာနေလိုက်၏။

ရက်အနည်းငယ် ထပ်မံ ကြာညောင်းသွားခဲ့၏။ သို့သော် ဆေးလုံးဆီမှ မည်သည့် အကျိုးအမြတ်မှ ရန်ကိုင် မရခဲ့။ ထို့ကြောင့် သူ့တွင် ရွေးစရာ တစ်ခုသာ ရှိတော့၏။ ထိုနည်းလမ်းသည် အန္တရာယ်များ၏။ ထို့ပြင် ဘာအကျိုးကျေးဇူးမှ မရနိုင်ချေလည်း ရှိ၏။

နည်းလမ်းသည်ကား ဆေးလုံးကို မျိုချဖို့ပင်။

ဆေးအာနိသင်ကို ခံစားရင်း ဆေးလုံးအား မည်ကဲ့သို့ ဖော်စပ်ခဲ့သည် ဆိုသည်ကို ဖော်ထုတ်နိုင်၏။ အချိန် အတော်ကြာအောင် တုန့်ဆိုင်းနေပြီးနောက် ဤနည်းအတိုင်းသာ လုပ်တော့မည်ဟု ရန်ကိုင် ဆုံးဖြတ်ချက် ချလိုက်၏။

ဆေးတိမ်တိုက်ပါသော ဆေးလုံးသည် အရမ်းကိုမှ ရှားပါလှ၏။ သူတော်စင်အဆင့် ဆေးလုံးသည်လည်း တန်ဖိုးရှိသော ဆေးလုံးတစ်လုံး ဖြစ်၏။ ထိုဆေးလုံးကို မြိုချလိုက်သည်နှင့် သူ့တွင် ကျန်တော့မည် မဟုတ်ချေ။

ထို့ပြင် ဆေးလုံးကို ဝန်းရံနေသော ဆေးတိမ်တိုက်ကြောင့် ထိုဆေးလုံးသည် မည်သို့သော ဆေးလုံးဖြစ်မှန်း ရန်ကိုင် မပြောနိုင်ချေ။ ကုသရေး ဆေးလုံး ဖြစ်နိုင်သလို၊ အဆိပ်ဖြေဆေးလုံးလည်း ဖြစ်နိုင်၏။ ကျင့်ကြံခြင်းကို အကူအညီ ပေးနိုင်သော ဆေးလုံးတစ်လုံးလည်း ဖြစ်နိုင်၏။

အဖြေကို စမ်းကြည့်မှသာ သိနိုင်ပေလိမ့်မည်။ ဆေးလုံးကို မသောက်ကြည့်ဘဲနှင့် ဤဆေးလုံးသည် အဆိပ်ဆေးလုံး မဟုတ်သည်ကိုတော့ သူသိ၏။

ဆေးတိမ်တိုက်သည် မိုးမြေစွမ်းအင်ကို အချိန် နှစ်ပေါင်းများစွာ ကြာအောင် စုပ်ယူခဲ့သဖြင့် ဆေးလုံးတွင်၌ စုဝေးနေသော စွမ်းအင်ပမာဏသည် ကြောက်မခန်းလိလိ ပမဏအထိသို့ ရောက်ရှိနေမည်မှာ မလွဲမသွေပင်။ ထိုဆေးစွမ်းအင်ကို သူတောင့်ခံနိုင်မည်၊ မတောင့်ခံနိုင်မည် ရန်ကိုင် မသေချာ။

သူ့တွင် စွမ်းအင်များကို စုပ်ယူပေးနိုင်သည့် ရွှေရောင်အရိုးခြောက် ရှိနေသော်လည်း ခန္ဓာကိုယ်နှင့် သွေးကြောများတွင် အကန့်အသတ်ရှိ၏။ ဆေးလုံး၏ စွမ်းအင်များသည်သာ ရွှေရောင်အရိုးခြောက် စုပ်ယူနိုင်သည့် အမြန်နှုန်းထက် ကျော်လွန်၍ သူ့သွေးကြောများအတွင်း ပြည့်တင်းသွားပါက သူ့ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်၏။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားသည်ပင် ဖြစ်နိုင်သေး၏။

အချိန်အတော်ကြာအောင် ချင့်ချိန်နှိုင်းဆနေပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်၏။

စွန့်စားကြည့်တာပေါ့

အခွင့်အရေးက သူရှေ့ရောက်နေမှဖြင့် မကြိုးစားကြည့်လိုက်လျှင် နောင်တရသွားနိုင်၏။ တုန့်ဆိုင်းတွေဝေနေမည့်အစား ချက်ချင်းလက်ငင်း ထလုပ်လိုက်သည်က ပိုကောင်း၏။ အကျိုးဆက်ကိုမှု ဆေးသောက်ပြီးမှသာ သိနိုင်ပေမည်။

စိတ်ပိုင်း၀ဖြတ်ပြီးနောက် ရန်ကိုင်က နောက်ထပ် ဆယ်ရက်စာ အခန်းထပ်ငှားလိုက်၏။ ခွင့်ပြုချက် မရှိဘဲ သူ့အား မနှောင့်ယှတ်ရန်‌ ပြောခဲ့သေး၏။ အခန်းကို စောင့်ကြပ်ရန် တာဝန်ရှိသည့် လူက သလင်းကျောက် အတော်များများ ရခဲ့သဖြင့် ရန်ကိုင်၏ တောင်းဆိုချက်ကို ပြုံးပြုံးကြီး လက်ခံခဲ့လေ၏။

အခန်းသို့ ပြန်ရောက်သည်နှင့် အခန်းပတ်လည်ရှိ အစီအရင်များကို သေချာစီစစ် စစ်ဆေးလိုက်၏။ ထို့နောက် ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ စိတ်ငြိမ်အောင် လုပ်ပြီးသည်နှင့် ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်၏။

ဆေးသောက်ပြီးသည်နှင့် သတိကြီးကြီးဖြင့် အစစ်အမှန်ချီကို လှည့်ပတ်၍ ဆေးအာနိသင်ကို စတင် ခံစားရန် ပြင်ဆင်ထားလိုက်၏။

အသက်သုံးရှိုက်စာ ပြီးနောက် သူ့ဝမ်းဗိုက်နေရာမှ ပူလောင်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။ ထိုမှတစ်ဆင့် အပူဓါတ်သည် သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့၏။ အပူဓါတ်သည် ချော်ရည်ပူအလား အရမ်းကို ပူပြင်းလှ၏။

ပေါ်လာလာခြင်း စွမ်းအင်သည် အရမ်းကြီး ပြင်းထန်သေး။ ပေါ်လာလာခြင်း စွမ်းအင်သည် ရေနွေးစီးကြောင်းလေး တစ်ခုလောက်သာ ရှိပြီး ထိုမှတစ်ဆင့် ချောင်း၊ ချောင်းမှတစ်ဆင့် မြစ်၊ မြစ်မှတစ်ဆင့် နောက်ဆုံး သမုဒ္ဒရာကျယ်ကြီးပုံစံသို့ ပြောင်းလဲသွားခဲ့၏။

သူ့ကိုယ်ထဲ စီးဆင်းနေသော သိပ်သည်းလှသည့် စွမ်းအင်စီးကြောင်းသံကိုပင် ရန်ကိုင် ကြားနေခဲ့ရ၏။ ကျောက်စိုင်ကျောက်သားများကို ဖြတ်၍ စီးဆင်းနေသာ ချောင်းကြမ်းလေး တစ်စင်းမှ ထွက်ပေါ်နေသော တဝေါဝေါ မြည်သံနှင့် တူလှ၏။

သူ့မျက်နှာတစ်ခုလုံး မီးတောက်နေသည့်အလား ဖြူရာမှ နီရဲလာခဲ့၏။ အခိုးအငွေ့တို့သည်လည်း သူ့ကိုယ်အနှံ့ရှိ မွှေးညင်းပေါက်လေးများမှ စတင် စိမ့်ထွက်လာခဲ့လေ၏။

အစစ်အမှန်ယန်ကျင့်စဉ်ကို မြင်နိုင်သမျှ မြန်မြန် လှည့်ပတ်နေသော်လည်း သူသွေးများသည် ပေါက်ကွဲ ထွက်တော့မတတ် ဖြစ်နေခဲ့၏။ ဆေးအာနိသင်သည် သူ့သွေးကြောတစ်လျှောက် စီးဆင်းပြီး ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်သွားခဲ့၏။

ယခုအချိန်၌ ရန်ကိုင်သည် ပေါက်ကွဲတော့မလို ဖြစ်နေသော စွမ်းအင်လုံးကြီးနှင့်ပင် တူသေး၏။ စွမ်းအင်များကို စုပ်ယူနေခြင်း ဆေးအာနိသင်ကိုလည်း အသေအချာ ဂရုတစိုက် ခံစားနေခဲ့၏။

အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ချေ။

ခဏအကြာ၌ တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ ကြောက်မခန်းလိလိ စွမ်းအင် များသည် သူ့ကိုယ်ထဲ စီးဆင်းနေ၍ သူသည် အစစ်အမှန်ယန်ကျင့်စဉ်ကို မြန်နိုင်သမျှ မြန်မြန် လှည့်ပတ်နေသော်ငြား ရွှေရောင်အရိုးခြောက်သည် ထိုစွမ်းအင်များကို စုပ်ယူခြင်း မပြုခဲ့။ ထို့အစား စွမ်းအင်အားလုံးသည် သူ့နဖူးရှိရာဆီသို့ ဦးတည် စီးဆင်းနေခဲ့ကြ၏။

သူ့နဖူးထက်သို့ ရောက်သည်နှင့် ထိုစွမ်းအင်များသည် မမြင်နိုင်သော ဝဲကတော့ကြီးတစ်ခု၏ စုပ်ယူခြင်း ခံလိုက်ရသည့်ပမာ ချက်ချင်း ‌ပျောက်ကွယ်သွားလေ၏။

ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး သူ့အသိစိတ်ပင်လယ်ကို အမြန် စစ်ဆေးကြည့်လိုက်၏။

သူ့ဝိဥာဉ်ပုံရိပ် မျက်လုံးဖွင့်လိုက်သည်နှင့် သူ့အသိစိတ် ပင်လယ်ထဲသို့ စီးဝင်နေသော စွမ်းအင်များကို ရန်ကိုင် တွေ့လိုက်ရ၏။ ထိုမြင်ကွင်းကို ငေးကြောင် ကြည့်နေပြီးနောက် တစ်ခုခုကို ရန်ကိုင် ရုတ်တရက် နားလည်သွားလိုက်၏။ ထိုသူတော်စင်အဆင့် ဆေးလုံးသည် ကုသရေးဆေးလုံး မဟုတ်သလို ကျင့်ကြံခြင်းကို တိုးတက်စေနိုင်သော ဆေးလုံးလည်း မဟုတ်ချေ။ အဲ့အစား ဝိဥာဉ်ကို အားဖြည့်ပေးနိုင်သော ဝိဥာဉ်အားဖြည့်ဆေးတစ်လုံး ဖြစ်နေခဲ့၏။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ကြောက်မခန်းလိလိ စွမ်းအင်ပမာဏတို့ သူ့အသိစိတ် ပင်လယ်ထဲ တစ်ရဟော တိုးဝင်လာခဲ့၏။ တစ်ဟုန်ထိုး တိုးဝင်လာသော များပြားလှသည့် စွမ်းအင်များကြောင့် သူ့အစိတ်ပင်လယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ကောင်းကင်ထက် ဝဲနေသော ဝိဥာဉ်တိုက်ပွဲ ခန်းမနှင့် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည်လည်း အနည်းငယ် မတည်မငြိမ် ဖြစ်လာခဲ့၏။

ကောင်းကင်အဆင့် ဓါးတိုလေးမှာမူ ထိုစွမ်းအင်မုန်တိုင်းပင်လယ်ကြား နစ်မြုပ်ပျောက်ကွယ် သွားခဲ့လေ၏။

ယခုလက်ရှိ အခြေအနေ မည်မျှ ဆိုးရွား အန္တရာယ်ရှိနေလဲ ဆိုသည်ကို နားလည်သွားသည်နှင့် ရန်ကိုင် စိတ်ထဲကနေ ကြိတ်၍ ကျိန်ဆဲလိုက်၏။ အစကမူ ဆေးလုံးထဲ စွမ်းအင်မည်မျှ ပါဝင်ပါစေ ရွှေရောင် အရိုးခြောက်ကို စုပ်ယူခိုင်းမည်ဟု စဉ်းစားထားခြင်း ဖြစ်၏။

သို့သော် ထိုဆေးလုံးသည် ဝိဥာဉ်ကို အားဖြည့်ပေးနိုင်သည့် ဆေးလုံးတစ်လုံး ဖြစ်နေ လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့။ ဝိဥာဉ်အားဖြည့်ဆေးလုံး တစ်လုံးဖြစ်နေသည့်အတွက် ရွှေရောင်အရိုးခြောက်၏ စွမ်းအင်ကို အသုံးပြု၍ မရတော့ချေ။

ရန်ကိုင် အသိစိတ်ပင်လယ်သည် သာမန် မသေမျိုး ပထမအဆင့် ကငျ့်ကြံသူထက် ပို၍ အားကောင်းသော်ငြား သူ့တွင်လည်း သူ့အကန့်အသတ်နှင့် သူရှိ၏။ ထိုများပြားလှသည့် စိတ်စွမ်းအင်များသာ သူ့အသိစိတ် ပင်လယ်ထဲ ဆက်လက် တိုးဝင်နေမည်ဆိုပါက် မကြာခင် အချိန်အတွင်း သူ့အသိစိတ်ပင်လယ် ပေါက်ကွဲ သွားရပေလိမ့်မည်။

ရန်ကိုင်အမူအရာ လွန်စွာကိုမှ အရုပ်ဆိုးနေခဲ့၏။ ရန်ကိုင်သည် လှိုင်းထန်နေသော အသိစိတ်ပင်လယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ဤကပ်ဘေးမှ မည်သို့ လွတ်မြောက်အောင် ကြိုးစားလျှင် ကောင်းမလဲ ဆိုသည်ကို စဉ်းစားတွေးတောနေခဲ့၏။

နည်းလမ်း စဉ်းစားမရလေရာ ရန်ကိုင် စတင် တုန်လှုပ်ချောက်ချားလာခဲ့၏။ သို့သော် ထိုအချိန်မှာပဲ သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ငါးရောင်ခြယ် ရောင်စဉ်တို့ဖြင့် တောက်ပလာခဲ့ပြီး ထိန်းမနိုင် သိမ်းမရဖြစ်နေသော စွမ်းအင်များသည် တစ်ခုခုဆီသို့ တိုးဝင်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

စွမ်းအင်များကို စုပ်ယူသွားသည့် အရာဆီ လှမ်းကြည့်လိုက်သည့်အခါ ငါးရောင်ခြယ်ကြာပန်းကို တွေ့လိုက်ရ၏။

ငါးရောင်ခြယ်ကြာပန်းသည် ဆင့်ကဲ ပြောင်းလဲနိုင်သည်ဟု နတ်ဆိုးအိုကြီး သူ့ကို ပြောဖူး၏။ သို့သော် ဆင့်ကဲ့ပြောင်းလဲမည့် အချိန်သည် နှစ်ပေါင်းများစွာ ကြာညောင်းနိုင်၏။

ဆင့်ကဲပြောင်းလဲပြီး၍ ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဆင့်သို့ ရောက်သည်နှင့် ကြာပန်းသည် သူ့အား တိုင်းတာမရနိုင်သော အကျိုးကျေးဇူးများကို ပေးစွမ်း ပေလိမ့်မည်။

ဝိဥာဉ်ကြာပန်းကြောင့်ပင် ရန်ကိုင်၏ စိတ်စွမ်းအင်သည် သူ့ကျင့်ကြံခြင်းအဆင့်ထက် အဆများစွာ ပိုမိုအားကောင်းနေခြင်း ဖြစ်၏။

ငါးရောင်ခြယ်ကြာပန်းပင်လျှင် ဤမျှ အစွမ်းထက်နေပါက ခုနှစ်ရောင်ခြယ် ကြာပန်းဆိုလျှင် မည်မျှ အစွမ်းထက်လိမ့်မည်ကို တွေးနေစရာ မလိုတော့ချေ။

ဝိဥာဉ်ကြာပန်းသည် ကြီးထွားနှုန်း နှေးသော်လည်း ဝိဥာဉ်ခွန်အားကို တိုးတက်စေနိုင်သည့် အဖိုးတန် ရတနာများ အသုံးပြု၍ ကြာပန်း၏ ကြီးထွားနှုန်းကို မြှင့်တင်နိုင်ကြောင်း နတ်ဆိုးအိုကြီး သူ့အား တစ်ကြိမ် ပြောခဲ့ဖူး၏။

ယခင်က ဝိဥာဉ်အားဖြည့်ဆေးများကို သူ သောက်သုံးလိုက်တိုင်း ဆေးအာနိသင် တစ်စိတ်တစ်ပိုင်းကို ဝိဥာဉ်ကြာပန်းဆီ ပို့လွှတ်ပေးခဲ့၏။ သို့သော် မည်သည့် တုန့်ပြန်မှုန်မှ မရရှိခဲ့။ ထို့ကြောင် ရန်ကိုင်လည်း ဝိဥာဉ်ကြာပန်းကို အရမ်းကြီး စိတ်ထဲ ထားမနေတော့ချေ။

သို့သော် ယခု မယုံကြည်နိုင်စရာကောင်းလှသော စိတ်စွမ်းအင်များ သူ့အသိစိတ်ပင်လယ်ထဲသို့ စီးဝင်လာသည်နှင့် ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းသည် ထိုစွမ်းအင်များကို သူ့အလိုလို စတင် စုပ်ယူတော့လေ၏။

ဝိဥာဉ်ကြာပန်းက ထိုစွမ်းအင်များကို အရူးအမူး စုပ်ယူနေသဖြင့် ရန်ကိုင် ခံစားနေရသည့် ဖိအားလည်း သိသိာသာသာကို လျော့ကျသွားခဲ့ရ၏။ အနည်းဆုံး သူ့အသိစိတ်ပင်လယ်သည် ယခင်ကကဲ့သို့ မတည်မငြိမ် ဖြစ်မနေတော့ချေ။

အသိပြန်ဝင်လာသည်နှင့် သူ့ကိုယ်ထဲ စီးဆင်းနေသော စိတ်စွမ်းအင်များကို ဝိဥာဉ်ကြာပန်းဆီ ရွေ့ပြောင်းပေးလိုက်ပြီး အပိုအလျှံများကိုသာ စုပ်ယူတော့လေ၏။

သို့သော်လည်း ထိုကဲ့သို့ပင်လျှင် သူစုပ်ယူရမည့် စွမ်းအင်ပမာဏသည် အတော့်ကိုမှ ကြောက်မက်ဖွယ် ကောင်းနေဆဲ။

တုန့်ဆိုင်းမနေတော့ဘဲ ရန်ကိုင်သည် ထိုစွမ်းအင် များကိုသုံး၍ အစစ်အမှန်ဆေးပညာနည်းလမ်းကို စတင် လေ့လာတော့လေ၏။

ဤနည်းလမ်းသည် စိတ်စွမ်းအင်ကို အလျင်အမြန် ကုန်ဆုံးအောင် လုပ်နိုင်သည့် ရန်ကိုင်သိသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။

စိတ်စွမ်းအင်သည် လမ်းကြောင်းနှစ်ခုခွဲ၍ စီးဆင်းနေ၏။ တစ်ခုသည် ငါးရောင်ခြယ်ကြာပန်းဆီသို့ စီးဆင်းနေပြီး အခြားတစ်ခုကမူ အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာနေရင်း အဆက်မပြတ် ကုန်ဆုံးနေခဲ့၏။

ဝိဥာဉ်ကြာပန်းပေါ်တွင် နေထိုင်ကြသော ဝိဥာဉ် ဝါးမြိုအင်းဆက်များသည်လည်း ထိုစွမ်းအင်များကို အရူးအမူး ဝါးမြိုနေခဲ့ကြ၏။

နောက်ဆုံး ရန်ကိုင် ကိုယ်ထဲ စွမ်းအင်စီးကြောင်းတို့သည် မျှခြေ အခြေအနေသို့ ရောက်ရှိသွားခဲ့၏။

ယခုမှပဲ ရန်ကိုင် သက်ပြင်းချနိုင်တော့၏။ မည်ကဲ့သို့သော သူတော်စင် ဆေးလုံးမှန်း မသိဘဲ အရဲစွန့်ကာ သောက်သုံးလိုက်သည့် အတွက်ကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရ၏။

အသိစိတ်ပင်လယ်ကို အာရုံမစိုက်သေးဘဲ ဆေးလုံး၏ ဆန်းကြယ်နက်နဲမှုများကိုသာ စတင် လေ့လာလိုက်၏။

ယခုအချိန်၌ သူ့ဝမ်းဗိုက်နေရာသည် နေအသေးစားလေး တစ်စင်းပမာ ပူလောင်နေ၏။ တစ်ချက် စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင် ပျာသလဲလဲ ဖြစ်သွားခဲ့ရ၏။ ဆေးစွမ်းအင် အကုန်လုံးသည် ကုန်ဆုံးလုမတတ် ဖြစ်နေခဲ့ပြီး ဆေးအာနိသင် စုစုပေါင်းပင် တစ်ရာခိုင်နှုန်း မပြည့်တတ် ပြည့်တတ်ကိုသာ သူစုပ်ယူခဲ့ရ၏။

သို့သော်လည်း ဆေးစွမ်းအင် အနည်းငယ်ကို စုပ်ယူနိုင်ခဲ့သည့် အတွက်ကြောင့် အချက်အလက် အချို့ကို ရန်ကိုင် နားလည်နိုင်ခဲ့၏။

ဆေးအမယ်များ၊ မီးတောက်ကို မည်ကဲ့သို့ ထိန်းချုပ်၍ ဆေးလုံးကို သန့်စင်ခဲ့ပုံ၊ ဆေးလုံးကို သန့်စင်ရာတွင် မည်ကဲ့သို့သော စိတ်ဝိဥာဉ် အစီအရင်များ အသုံးပြုခဲ့၊ ဆေးဝိဇ္ဇာ၏ အမျိုးမျိုးသော အထောက်အကူ နည်းစနည်းများ၊ အမျိုးမျိုးသော အချက်အလက် အသစ်များကို ရန်ကိုင် သိခဲ့ရ၏။

ထိုအချက်အလက်သစ်များကို လေ့လာနေရင်း ရန်ကိုင် ဈာန်ဝင်စားသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့၏။

ထိုဈာန်ဝင်စားနေသည့် အခြေအနေအတွင်း ရန်ကိုင်သည် အချက်အလက် အသစ်များကို တဖြည်းဖြည်းချင်း နားလည်လာနေခဲ့ပြီး သူ့ဆေးပညာ စွမ်းရည်သည်လည်း တစ်စထက်တစ်စ တိုးတက် လာနေခဲ့၏။

အမျိုးမျိုးသော အကြောင်းအရာများကို အတူတကွ ပေါင်းစည်းပြီးနောက် နက်နဲဆန်းကြယ်သော သဘောတရား အချို့ကို ရန်ကိုင် စတင် သိမြင်လာခဲ့၏။ သူတော်စင် ဆေးလုံးကို ဖော်စပ်ခဲ့သူ ကိုယ်တိုင် သူ့ရှေ့တွင် ဖော်စပ်နေသည်ကို ထိုင်ကြည့်နေရသော သူတစ်ယောက်ပမာ ရန်ကိုင် ခံစားလိုက်ရ၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၅၉) ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်း

ကျွန်းတစ်ခုပေါ်၌ ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မဆီသို့ ချန်နန် နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့ပြန်ပြီ။ သူအား နောက်တစ်နေရာဆီသို့ သွားဖို့ ပြောရန် လာခဲ့ခြင်း ဖြစ်၏။

ကံမကောင်းစွာဖြင့် သူတော်စင်မသည် ပြန်ရောက်သည့် အချိန်မှစ၍ သူ့တောင်းဆိုအားလုံးကို ငြင်းပယ်ချခဲ့၏။

ယခုတစ်ကြိမ်လည်း ချွင်းချက် မဟုတ်ချေ။

ချန်နန် စိတ်ညစ်လာခဲ့၏။ တော်ဝင်နယ်မြေ၌ သူ့အဆင့်အတန်းသည် သူတော်စင်မအောက် နိမ့်ကျသော်ငြား ယခုခရီးစဉ်၌ သူသည် အားလုံး၏ လုံခြုံရေးကို စီစဉ်တာဝန်ယူထားရသူ ဖြစ်၏။

“သခင်မလေး၊ နောက်တော်ဝင်သခင်ကို ရှာဖို့က သခင်မလေးရဲ့ တာဝန်နော်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီနေရာမှာ အကြာကြီး ရပ်နေလို့ မရဘူးနော်”

“ကျွန်မသိတယ်” အန်လင်းအာ မျက်မှောင် ကြုံ့သွားခဲ့ပြီး သူမ၏ မျက်နှာလှလှလေး အနည်းငယ် ဖြူလျော်သွားခဲ့ကာ “ဒါပေမယ့် ဘာလို့လဲတော့ မသိဘူး။ ကျွန်မစိတ်ထဲ မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်။ ဆိုးရွားတာ တစ်ခုခု ဖြစ်တော့မယ့် အတိုင်းပဲ”

“ဆိုးရွားတာ တစ်ခုခုလား” ချန်နန် အမူအရာ ပို၍ လေးနက်တည်ကြည်သွားခဲ့ပြီး “သခင်မလေး ဘာပြောချင်တာလဲ”

အန်လင်းအာက ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ ရေရွတ်လိုက်၏ “ကျွန်မလည်းမသိဘူး။ ရှင်းမပြတတ်ဘူး…”

ချန်နန် မျက်မှောင်ကြုံ့သွားခဲ့ပြီး အန်လင်းအာကို မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်၏။ တစ်ခဏအကြာ၌ ခေါင်းညိတ်လိုက်၍ “အဲ့လိုဆိုရင် ဒီမှာ ခဏလောက် ထပ်နေကြတာပေါ့။ ကျုပ်တို့ ထွက်ခွာသင့်တဲ့အချိန်ကျ ကျုပ်ကို ပြောပါ”

“အင်း”

ချန်နန်၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို စိုက်ကြည့်ရင်း အန်လင်းအာ၏ နဖူးထက် ချွေးသီးလုံးများ ဝေ့သီလာခဲ့၏။ ချန်နန်ကို သူမ လိမ်ပြောခဲ့ခြင်း မဟုတ်။ သူမစိတ်ထဲ ခံစားနေရသည်ကို ပြောခဲ့ခြင်းသာ ဖြစ်၏။

ဘာဖြစ်ခဲ့လဲ သူမမသိသလို ဘာဖြစ်မယ်မှန်းလည်း သူမ မသိချေ။ သို့သော် ယခုရက်အတောအတွင်း သူမစိတ်ထဲ တစ်ခုခုကို အလွန်အမင်း စိုးရိမ်နေမိ၏။

အစကမူ ရန်ကိုင် သူမဝိဥာဉ်အမှတ်အသားကို ယူသွားသောကြောင့် ဖြစ်သည်ဟု ထင်ခဲ့သော်ငြား သေချာ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်နှင့် ဘာမှမဆိုင်မှန်း တွေ့ရှိလိုက်ရ၏။

———————————-

ကျင့်ကြံရေးအခန်းထဲ ရန်ကိုင် အောင်းနေခဲ့သည်မှာ ဆယ်ရက်ကြာသွားခဲ့လေပြီ။ ထိုရက်အတွင်း သူတော်စင် အဆင့်ဆေးလုံး၏ ဆေးစွမ်းအင်အားလုံးကို စုပ်ယူနိုင်ခဲ့၏။

သူတော်စင်ဆေးလုံး၏ နက်နဲဆန်းကြယ်မှုများကို များများစားစား နားမလည်နိုင်ခဲ့သော်ငြား အတော့်ကို နားလည်နိုင်ခဲ့၏။ ထိုကဲ့သို့ နားလည်နိုင်ခဲ့သဖြင့် သူ့ဆေးပညာစွမ်းရည်လည်း အနည်းနှင့်အများ တိုးတက်လာခဲ့ရ၏။

သူတော်စင်ဆေးလုံးကို အပြည့်အဝ စုပ်ယူပြီးချိန် သူ့တစ်ကိုယ်လုံး ပြောင်းလဲသွားသလို ရန်ကိုင် ခံစားလိုက်ရ၏။

ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးနေပြီး ဝိဥာဉ်သည် လန်းဆန်းသစ်လွင်နေ၏။ ထို့အပြင် သူ့စိတ်စွမ်းအင်သည် ယခင်ကထက် အများကြီး ပိုအားကောင်းလာခဲ့၏။ ထိုသာမက ထူးဆန်းသည့် ခံစားချက်တစ်ခုကိုလည်း သူ့အသိစိတ်ပင်လယ်ထဲမှ ရနေခဲ့၏။ ထိုခံစားချက်ကြောင့် သူ့စိတ်စွမ်းအင်ကို ယခင်ကထက် ပိုမို မြန်ဆန်စွာ လှည့်ပတ်လာနိုင်ခဲ့၏။

မျက်မှောင်ကြုံ့လျက် အသိစိတ်ပင်လယ်ကို သွားစစ်ဆေးကြည့်လိုက်၏။

စစ်ဆေးလိုက်သည်နှင့် တစ်ပြိုင်နက် နေရာတွင်ပင် အေးခဲသွားခဲ့ရ၏။

အခန်းတွင်း အောင်းနေစဉ်အတွင်း ရန်ကိုင်သည် သူ့အသိစိတ်ပင်လယ်ကို အစပိုင်းတစ်ချက်သာ ဂရုစိုက်ခဲ့ပြီး နောက်ပိုင်း၌ ဆေးလုံး၏ ဆန်းကြယ်မှုများကိုသာ အာရုံစိုက် လေ့လာခဲ့၏။ ထို့ကြောင့် သူ့အသိစိတ်ပင်လယ် ပြောင်းလဲသွားသည်ကို ရန်ကိုင် သတိမပြုမိခဲ့ခြင်း ဖြစ်၏။

သူ့ဝိဥာဉ်နှင့် စိတ်စွမ်းအင်သည် အရမ်းကိုမှ တိုးတက်လာခဲ့၏။ အသိစိတ်ပင်လယ်ထဲရှိ မီးတောက် များသည် ယခင်ကထက် ပိုမိုအားကောင်းလာ၏။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ဝိဥာဉ်တိုက်ပွဲခန်းမကမူ သူ့အသိစိတ်ပင်လယ်ထဲ ဘာမှ ပြောင်းလဲသွားခြင်း မရှိဘဲ ယခင်အတိုင်း ဝဲနေခဲ့၏။

သို့သော် ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းမှ ဖြစ်တည်လာသော ကျွန်းကမူ ပြောင်းလဲသွားခဲ့လေပြီ။

ယခုအချိန်၌ ကျွန်းတစ်ခုလုံး ရောင်စဉ် အလင်းတန်းတို့ဖြင့် တောက်ပနေခဲ့ပြီး ယခင်ထက် ပိုပြီးတောက်ပ လှပလာသယောင် ထင်ရ၏။

သေချာစစ်ဆေးကြည့်လိုက်သည့်အခါ ယခင်က အရောင်ငါးရောင်သာရှိသော ကျွန်း၌ အပိုအရောင် တစ်ရောင် ရှိနေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။

အသစ်ဖြစ်ပေါ်လာသော အရောင်သည် အခြား အရောင်ငါးရောင်ထက် အနည်းပို မှိန်ဖျော့နေ၏။ သို့သော် အရောင်တစ်မျိုး ပိုလာသည့် ဆိုသော အချက်ကိုမူ ငြင်း၍ မရချေ။

ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်း…

အံ့ဩပြေသွားသော် ရန်ကိုင် နှစ်ထောင်းအားရ အော်ဟစ် ရယ်မောလိုက်လေ၏။

ဝိဥာဉ်ကြာပန်းကို ရစဉ်က ထိုဝိဥာဉ်ကြာပန်း ဆင့်ကဲပြောင်းလဲသွားမည်ကို ရန်ကိုင် တစ်ခါမှ မမျှော်လင့်ထားခဲ့။ တကယ်တော့ ဝိဥာဉ်ကြာပန်း ဆင့်ကဲ့ပြောင်းလဲရန် လိုအပ်သည့် အချိန်သည် အရမ်းကိုမှ ကြာညောင်းလှသည် မဟုတ်ပေလော။

သို့သော် သူတော်စင်အဆင့် ဆေးလုံးကို စုပ်ယူပြီးနောက် ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းသည် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းအဖြစ် ဆင့်ကဲ့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ ယခု နောက်ဆုံးအဆင့်သို့ ရောက်ရန် အဆင့်တစ်ဆင့်သာ လိုတော့၏။

အရောင်တစ်ရောင် တိုးသွားလိုက်တိုင်း ဝိဥာဉ် ကြာပန်း၏ အစွမ်းသည် နှစ်ဆတိုးလာပေလိမ့်မည်။

ထို့ပြင် ယာယီ တိုးမြင့်သွားခြင်းမဟုတ်။ အမြဲတမ်း တိုးမြင့်သွားခြင်း ဖြစ်လေရာ ရန်ကိုင်သည်သာ ဝိဥာဉ် ကြာပန်းကို ပိုင်ဆိုင်ထားသရွေ့ ဝိဥာဉ်ကြာပန်းသည် သူ့ဝိဥာဉ်ကို အစဉ်မပြတ် အားဖြည့်နေပေးလိမ့်မည်။

ငါးရောင်ခြယ်ကြာပန်းမှ ခြောက်ရောင်ခြယ် ကြာပန်း အဖြစ်သို့ ‌ပြောင်းလဲရန် ရာစုနှစ်တစ်ခုစာ အချိန် လိုအပ်ခဲ့၏။ ထိုအချိန်အတောအတွင်း ရန်ကိုင်သည် စိတ်စွမ်းအင်ကို တိုးတက်စေနိုင်သော ဆေးပင်များ၊ ဆေးလုံးများကို အသုံးပြုခဲ့၏။ သို့သော်လည်း ဝိဥာဉ်ကြာပန်းအပေါ် အများကြီး သက်ရောက်မှု မရှိခဲ့ချေ။

သူမသေခင်အချိန်အတွင်း ဝိဥာဉ်ကြာပန်းကို နောက်ဆုံးအဆင့်သို့ ပြောင်းလဲနိုင်၊ မပြောင်းလဲကို ရန်ကိုင် မသိချေ။

သို့သော်လည်း ဤလောက်နှင့်ပင် သူကျေနပ်၏။ ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်းကို ကြည့်ရင်း ရန်ကိုင် ပါးစပ်မစေ့နိုင်အောင် ပြုံးနေခဲ့၏။

ထိုကဲ့သို့ တွေးနေစဉ်မှာပင် သူ့ဝိဥာဉ် လှုပ်ခါသွား၏။

ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး မည်သည့် အတွက်ကြောင့် လှုပ်ခါသွားရသလဲ ဆိုသည်ကို စစ်ဆေး ကြည့်လိုက်ပြီးနောက် သူ့အမူအရာ လေးနက် တည်ကြည်သွားခဲ့၏။

သူ့ဝိဥာဉ်မှ လှုပ်ခါသွားခဲ့ခြင်း မဟုတ်၊ အန်လင်းအာ၏ ဝိဥာဉ်အမှတ်အသားမှ လှုပ်ခါသွားခဲ့ခြင်း ဖြစ်၏။ ထိုမိန်းကလေးသည် ကြောက်ရွံ့စရာ တစ်ခုခုကို ကြုံတွေ့ပြီး ထိတ်လန့်တုန်လှုပ်နေသည့်ပုံပင်။

ဘယ်လို အန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရလို့များ အခုလို ဖြစ်နေရတာလဲ ရန်ကိုင် တွေးလိုက်၏။

သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အရမ်းကြီး မမြင့်မားဘဲ မသေမျိုးပထမအဆင့်သာ ရှိသေးသော်ငြား အန်လင်းအာသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သူတော်စင်မ တစ်ယောက် ဖြစ်၏။ ဤကျွန်းငယ်လေး၌ မည်သူကမှ သူမအား မလေးမစား မလုပ်ရဲလေရာ ကြောက်လန့်အောင် လုပ်ဖို့ဆိုလျှင် ဝေလာဝေးပင်။

စိတ်အနှောင့်အယှတ် ဖြစ်လာသည်နှင့် အခန်း အပြင်သို့ ထွက်ရန် ပြင်လိုက်၏။

အမျိုးမျိုးသော အရံအတားများကို ပိတ်ချလိုက်ပြီးနောက် အပြင်သို့ ထွက်လိုက်၏။ သို့သော် အခန်းထဲမှ ထွက်လိုက်သည်နှင့် ထိတ်လန့်တကြား အော်ဟစ်သံတို့ကို ရန်ကိုင် ကြားလိုက်ရ၏။ ပေါက်ကွဲသံတို့လည်း မြည်ဟည်းနေခဲ့ပြီး ကုန်းမြေ တစ်ခုလုံး ကြောက်မက်ဖွယ်ဖိအားကြောင့် ပြင်းပြင်းထန်ထန် တုန်ရင်နေခဲ့၏။

ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့ပြီး အစစ်အမှန်ချီကို အလျင်အမြန် လှည့်ပတ်၍ ဖိအားကို ခုခံလိုက်၏။

ဝေ့ကြည့်လိုက်သည့်အခါ ကျွန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး လူများသည်လည်း ကျားလိုက်သည့်အလား ပြေးလွှားသည်ကို မြင်တွေ့နေကြ၏။

အုန်း…

ပေါက်ကွဲသံကြီး မြည်ဟည်းသွားခဲ့၏။ ရန်ကိုင် ယိုင်တိယိုင်တိုင် ဖြစ်သွားခဲ့ပြီး သူနောက်ရှိ ကျင့်ကြံရေး အခန်းတစ်ခုလုံး တစ်စစီ ဖြစ်သွားခဲ့၏။

လှည့်ပတ်ကြည့်လိုက်သော်ငြား ရန်သူ အရိပ်အယောင်ကိုမ တွေ့ခဲ့ရ၏။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် စစ်ဆေးကြည့်လိုက်တော့မှပဲ အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်၏။ ထိုအရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင် တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရ၏။

အရှိန်အဝါ ထွက်ပေါ်ရာဘက်ဆီ လှမ်းကြည့်လိုက်ရာ ကောင်းကင်ထက် ဝဲနေသော မီတာထောင်ပေါင်းများစွာ ရှည်လျားသည့် ဓါးကြီးတစ်လက်ကို မြင်တွ့လိုက်ရ၏။ ထိုဓါးကြီးသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ကျွန်းပေါ်သို့ စီးကျလာနေခဲ့၏။

“မဟာကောင်းကင်ဓါးလား” ထိုဓါးကို မြင်လိုက်သည်နှင့် ၎င်းသည် ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုထဲမှ တစ်ခုဖြစ်ကြောင်း ရန်ကိုင် တန်းသိလိုက်၏။

သူလည်း ထိုပညာရပ်ကို သိထားရုံမက ကျွမ်းကျွမ်းကျင်ကျင်ပင် အသုံးပြုနိုင်သေး၏ သို့သော် သူဖန်တီးလိုက်သည့် ဓါးသည် စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော ဓါးဖြစ်ပြီး ယခု သူမြင်တွေ့နေရသော ဓါးသည် ချီစွမ်းအင်သက်သက်ဖြင့် ဖန်တီးထားသော ဓါးဖြစ်၏။

ဓါးချက်အောက်၌ ကျွန်းတစ်ခုလုံး နှစ်ခြမ်း ကွဲသွား၏။

ရန်ကိုင် မျက်လုံး မှေစဉ်းသွားခဲ့ပြီး ကောင်းကင်ထက် ဝဲနေသော ပုံရိပ်ကို လှမ်းကြည့်လိုက်၏။

ထိုလူသည် မဟာကောင်းကင်ဓါးပညာရပ်ကို ဖန်တီးလိုက်သည့် လူဖြစ်၏။

ထိုမိန်းမသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကျက်သရေရှိလှသော ပုံရိပ်လေးနှင့် အရမ်းကိုမှ လိုက်ဖက်လှ၏။ သူမ၏ ခန္ဓာကိုယ်ကို မြင့်မြတ်သော အရှိန်အဝါ တစ်ခုက ဝန်းရံနေခဲ့၏။ သို့သော်လည်း သေချင်းချီ အရိပ်အယောင်တို့ကို ရန်ကိုင် ခံစားနေမိ၏။

သူမသည် လမ်းလျှောက်နေသော အလောင်ကောင်း သက်သက် ဖြစ်နေသည့်ပုံပင်။

ထိုအမျိုးသမီးသည် မဟာကောင်းကင်ဓါးကို လက်ထဲတွင် စွဲကိုင်၍ တစ်ကျွန်းပြီးတစ်ကျွန်း ခုတ်ထစ်နေခဲ့၏။

သူမ၏ တိုက်ခိုက်မှုကို မည်သူမှ မတောင့်ခံနိုင်ခဲ့။

မိုးပြာရောင်သန်းနေခဲ့ဖူးသော ရေပြင်သည် သွေးနီရောင် ရဲနေခဲ့လေပြီ။

မြင်ကွင်းတစ်ခုလုံးသည်လည်း ကမ္ဘာပျက်ကိန်း တစ်ခုကို ကြုံတွေ့နေရသည်ပမာ အရမ်းကိုမှ ကြောက်လန့်ဖွယ် ကောင်းနေခဲ့၏။

ကျွန်းတစ်ကျွန်းကို ဖျက်စီးပြီးသည်နှင့် နောက်ကျွန်း တစ်ကျွန်းဆီ သွားကာ ဓါးကို ဝှေ့ရမ်း၍ ထပ်မံ ဖျက်စီးပြန်လေ၏။

ချက်ချင်းဆိုလို နောက်ထပ် ကျွန်းတစ်ကျွန်း ထပ်မံ ပျက်စီးသွားရ၏။

အသက်ဆယ်ရှိုက်စာ အတွင်းမှာပင် သူမကြောင့် ကျွန်းသုံးကျွန်း ပျက်စီးသွားခဲ့ရလေပြီ။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် နှလုံးသား တစ်ခုလုံး အေးစက်သွားခဲ့၏။ ဆက်မနေရဲတော့သည်နှင့် လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ ဆန့်ကျင်ဘက် အရပ်ဆီသို့ ချက်ချင်း ထွက်ပြေးတော့လေ၏။

ရန်ကိုင်၏ လှုပ်ရှားမှုသည် ထိုအမျိုးသမီး၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။ ချက်ချင်းပဲ အမျိုးသမီးသည် အလင်းတန်း တစ်ခုကို ရန်ကိုင်ဆီ ပစ်လွှတ်လိုက်၏။

“မဟာကောင်းကင်အချုပ်အနှောင်” ထိုအမျိုးသမီးသည် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ လူတစ်ယောက်မှန်း သိသွားသည့်အချိန်၌ ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။ သူမသည် ဘုံးကိုခု ထွတ်မြတ်နယ်မြေလူ ကျိန်းသေ ဖြစ်ရပေမည်။ မဟုတ်လျှင် ထိုကောင်းကင်နတ်ဘုရားပညာရပ်များကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်ကို စိတ်အနှောင့်အယှတ် ဖြစ်စေသည်ကား တစ်ဖက်လူ၏ ကျင့်ကြံသူပင်။ ထိုအမျိုးသမီးသည် သူတော်စင်အဆင့် ကျင့်ကြံသူ ဖြစ်နေ၏။

ဤနည်းအတိုင်းသာ ထွက်ပြေးမည် ဆိုပါက မဟာကောင်းကင်အချုပ်အနှောင်လက်မှ လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် လေမိုးကြိုးတောင်ပံများကို တုန့်ဆိုင်းခြင်းမရှိ ထုတ်သုံး၍ ခြေကုန်သုတ် ထွက်ပြေးတော့လေ၏။

တစ်ဟုန်ထိုး မြင့်တက်သွားသည့် သူ့အရှိန်ကြောင့် မဟာကောင်းကင် အချုပ်အနှောင်သည် ရန်ကိုင် ပုံရိပ်ကိုသာ ဖမ်းဆုပ်မိသွားခဲ့၏။

ရန်ကိုင်၏ ပုံရိပ်ကို စိုက်ကြည့်နေရင်း အမျိုးသမီး၏ မျက်ဝန်းလှလှလေးများထဲ သံသယ အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။ ရုတ်တရက် ထိုအမျိုးသမီး ပျောက်ကွယ်သွားခဲ့၏။

သူမ ပြန်ပေါ်လာသည့်အချိန်တွင် ရန်ကိုင်နှင့် မလှမ်းမကမ်း၌ ရှိနေလေပြီ။

သူ့နောက်ဘက်ရှိ သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်နှင့် ရန်ကိုင် တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်တက်သွားခဲ့ရ၏။ တစ်ဖက်လူက သူ့အား မတိုက်ခိုက်ရသေခင်းမှာပင်က ရန်ကိုင်က သူ့အရှိန်အဝါကို ဖုံးကွယ်ပြီး အခြားတစ်ဖက်သို့ ထွက်ပြေးလေ၏။

အမျိုးသမီးသည် လေထဲတွင် ဝဲလျက် ခေါင်းလေး စောင်းကာ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်၍ ရန်ကိုင်ကို လိုက်ပတ်ရှာလိုက်၏။

ရန်ကိုင်ကို တွေ့သွားခဲ့သော်ငြား ဆက်မလိုက်ခဲ့။ အဲ့အစား အခြားတစ်ဖက်ကိုသာ လှမ်းကြည့်၍ မျက်မှောင် ကြုံ့လိုက်၏။ နာကျင်နေသည့် အရိပ်အယောင် အချို့ သူမ မျက်နှာထက် ထွက်ပေါ်လာခဲ့၏။

ရန်ကိုင် စိတ်ညစ်နေခဲ့၏။ ထိုကဲ့သို့ အားကောင်းသာ ပညာရှင်တစ်ယောက် မည်သည့်အတွက်ကြောင့် သူ့နောက်သို့ လိုက်နေမှန်း ရန်ကိုင် အမှန်တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ သို့သော် အန်လင်းအာ ထိုအကြောင်းကို သိလောက်၏။ ထို့ကြောင့် အန်လင်းအာကို သွားရှာပြီး မေးသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

နန်းတော်တစ်ခုရှေ့၌ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ပညာရှင်များသည် ကောင်းကင်ထက်တွင် ဝဲနေသော အမျိုးသမီးကို တွေဝေငေးငိုင်စွာ စိုက်ကြည့်နေခဲ့ကြ၏။

“ဒေါ်လေးနန်လား” အန်လင်းအာက အနည်းငယ် အက်ရှရှလေသံဖြင့် အော်ဟစ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရင်နေခဲ့ပြီး မျက်ရည်စတို့သည်လည်း မျက်လုံးထောင့်စွန်းမှ တစ်ဆင့် ပါးပြင်နုနုလေးပေါ်သို့ အဆက်မပြတ် စီးကျလာလေ၏။

“သူတော်စင်နန် အခုလို ဖြစ်နေပုံထောက်ရင်… တော်ဝင်သခင်… သေသွားပြီလို့ ဆိုလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား” ချန်နန်၏ နှုတ်ခမ်း တဆတ်ဆတ် တုန်ခါနေခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့လေ၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၀) သေပြီးနောက် အသက် သန်းပေါင်းများစွာကို သတ်ဖြတ်လေ၏

အားလုံးသည် ထိုမြင်ကွင်းကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေစဉ်မှာပဲ အန်လင်းအာရှေ့ ရန်ကိုင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ရန်ကိုင် မြင်သည်နှင့် ချက်ချင်း အသိပြန်ဝင်လာပြီး အလန့်တကြား ထအော်လျက် အလျင်စလို မေးလိုက်လေ၏ “နင်ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေသေးတာလဲ။ မထွက်သွားသေးဘူးလား”

“ထွက်သွားလို့မှ မရတာ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “အဲ့မိန်းမရဲ့ ကောင်းကင် စိတ်အာရုံကို ငါ့ကို ပစ်မှတ်ထားနေတယ်လေ”

“အာ…” အန်လင်းအာက သူမ၏ ပါးစပ်လေးကို အုပ်၍ ကတုန်ကရင်ဖြင့် ရန်ကိုင်ကို သနားစဖွယ် စိုက်ကြည့်လိုက်၏။ သူမ၏ အကြည့်ထဲ အားနာသည့် အရိပ်ယောင်တို့လည်း ပါဝင်နေခဲ့၏။

“အဲ့မိန်းမက ဘယ်သူလဲ။ ဘာလို့ ငါ့ကိုပဲ ပစ်မှတ်ထားနေတာလဲ။ ဒါတွေအားလုံးက နင်နဲ့ ဆက်စပ်နေတယ်မလား” ရန်ကိုင်က စိတ်ညစ်နေသည့် လေသံဖြင့် မေးခွန်းပေါင်းများစွာကို တစ်ပြိုင်တည်း မေးလိုက်၏။

“မင်းက… ငါတို့ ပင်လယ်ထဲကနေ ခေါ်လာတဲ့ ကောင်စုတ်လေးမလား” ချန်နန်က ရန်ကိုင်ကို သုန်မှုန်နေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ သူတို့မှာ ကိုယ့်ပြဿနာနှင့်ကိုယ် တိုင်ပတ်နေလေရာ ထိုကောင်စုတ်လေးသည် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာ၍ ဘာမဟုတ်သည့် မေးခွန်းပေါင်းများစွာကို တစ်ထိုင်တည်း မေးနေခြင်းသည် ချန်နန်ကို အလွန်အမင်း ဒေါသထွက်သွားစေခဲ့၏။ ထို့ကြောင့် ဒေါသတကြီး လက်သီးလက်မောင်းတန်းကာ “မင်းထွက်သွားလိုက်တော့။ ဒါက မင်းစကားပြောနိုင်တဲ့ နေရာမဟုတ်ဘူး”

ပြောပြီဂသည်နှင့် ရန်ကိုင်ဆီအား အစစ်အမှန်ချီဖြင့် တိုက်ခိုက်လိုက်၏။

ရန်ကိုင်က ချန်နန်ကို မှုန်ကုတ်နေသည့် အမူအရာဖြင့် ပြန်စိုက်ကြည့်လိုက်၏။ ဤအတိုင်းအတာထိ ရောက်လာပြီ ဖြစ်လေသဖြင့် သူ့ခွန်အားကို ဆက်လက် ဖုံးကွယ်ထားရန် ကြိုးစားမနေတော့ဘဲ ချန်နန်၏ တိုက်ခိုက်မှုကို အလွယ်တကူ တန်ပြန်တိုက်ခိုက်လိုက်၏။ ချန်နန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာ၌ သူ့အမူအရာသည် တစ်စက်ကလေးမှ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။

“အန်…” ချန်နန် ထိတ်လန့် အံ့အားသင့်သွားခဲ့၏။ ထိုကောင်စုတ်လေးသည် သူ့တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်နိုင်လိမ့်မည်ဟု ချန်နန် မမျှော်လင့်ထားခဲ့ချေ။

“အဲ့မိန်းမ ဘာလို့ ကျုပ်နောက် လိုက်နေလဲ ဆိုတာကိုပဲ သိချင်တာ။ ခင်ဗျားတို့နဲ့ ရန်သူ မဖြစ်ချင်ဘူး။ ကျုပ်ကို တွန်းအားလာမပေးနဲ့” ရန်ကိုင်က စိတ်မရှည်သည့် အမူအရာဖြင့် ပြောလိုက်၏။ ပြောပြီးသည်နှင့် အန်လင်းအာဘက် ပြန်လှည့်လိုက်၏။

“ဦးလေးချန်…” အန်လင်းအာက ချန်နန်ကို ဘာမှ ပြန်မပြောရန် လက်မြှောက်ပြလိုက်ပြီး ရန်ကိုင်ကို ကြည့်၍ ခါးခါးသီးသီး ပြုံးလျက် “သူနင့်ကို ပစ်မှတ်ထားနေတာက နင့်အမှားပဲ”

“ဘာလို့ ငါ့အမှားလဲ”

“ဘာလို့လဲဆိုတော့ နင်က ငါတို့ ဘုံကိုးခု ထွတ်မြတ်နယ်မြေရဲ့ ကောင်းကင်နတ်ဘုရား ပညာရပ်ကို တတ်မြောက်သွားတာကိုး”  

ထိုစကားကို ကြားသည်နှင့် ဘုံကိုးခုထွတ်မြတ် နယ်မြေမှ မသေမျိုးအဆင့် ပညာရှင်အားလုံး၏ အမူအရာအ အပြောင်းကြီး ပြောင်းလဲသွားခဲ့ကြလေ၏။ ချန်နန်သည် သူကြားလိုက်သည့် စကားကို မယုံကြည်နိုင်သေးသည့် အမူအရာဖြင့် အန်လင်းအာကို တစ်လှည့်၊ ရန်ကိုင်ကို တစ်လှည့် ကြည့်လိုက် လုပ်ရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် “သူက… ကောင်းကင် နတ်ဘုရားပညာရပ်တွေကို သူဘယ်လိုလုပ်ပြီး ကျွမ်းကျင် သွားတာလဲ”

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ရာထူးမြင့်သော ပုဂ္ဂိုလ်များသာ ထိုကောင်းကင်နတ်ဘုရားပညာရပ်ကို လေ့ကျင့်နိုင်ကြ၏။ ချန်နန်ပင်လျှင် ထိုပညာရပ်ကို တစ်ခါမှ မလေ့လာဖူးချေ။

“ကောင်မလေး၊ နင်သေချင်နေတာပဲ” ရန်ကိုင် ဒေါသပုန်ထသွားခဲ့၏။

ထိုအရေးကြီးသည့် လျှို့ဝှက်ချက်ကို အန်လင်းအာက လူအများကြီးရှေ့၌ ရုတ်တရက် ဖွင့်ချလိုက်လိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မထင်ထားခဲ့ချေ။

“ငါပြောပြောမပြောပြော အရေးမကြီးတော့ဘူး” အန်လင်းအာက ခါးခါးသီးသီး၍ ပြုံး၍ ခေါင်းခါရမ်းလျက် “သေရတော့မှာပဲ။ သူတို့ သိသွားလို့ကော ဘာဖြစ်မှာ မို့လို့လဲ”

“သခင်မလေး၊ ဘာတွေဖြစ်ခဲ့တာလဲ” ချန်နန်က အလျင်စလို မေးလိုက်၏။ သူ့စိတ်ထဲ အဖြေရှာမရသည့် သံသယပုစ္ဆာပေါင်းများစွာ လို့နေခဲ့၏။

“ရှင်ထင်သလိုပဲလေ” အန်လင်းအာက မျက်ရည် သုတ်လျက် တိုးတိုးလေး ပြောလိုက်၏ “ရှင့်ရှေ့က လူက ကျွန်မရဲ့ စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီး ကောင်းကင် နတ်ဘုရားပညာရပ်သုံးကို နားလည်သွားတဲ့လူပဲ”

ထိုစကားကို ကြားသည်နှင့် အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြပြီး မျက်လုံး အပြူးသားဖြင့် ရန်ကိုင်ကို ငေးကြောင် ကြည့်လိုက်ကြလေ၏။

အချိန်ခဏကြာမှာပဲ ချန်နန် အသိပြန်ဝင်လာခဲ့ပြီး “ဒီတော့… သူက တော်ဝင်သခင် ဖြစ်နိုင်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”

“ဟုတ်တယ်” အန်လင်းအာက အသာအယာ ခေါင်းညိတ်လိုက်၏။

ချက်ချင်းဆိုသလိုပဲ ရန်ကိုင်ကို ကြည့်သည့် ချန်နန်နှင့် ကျန်သူများ၏ အကြည့်ထဲ လေးစားသည့် အရိပ်အယောင်တို့ ပါဝင်လာခဲ့လေ၏။

“ဒါပေမယ့် အရမ်း နောက်ကျသွားပြီ။ ဒေါ်လေးနန် ဒီကို ရောက်လာပြီးပြီဆိုတော့…” အန်လင်းအာက ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။ ထိုစကားကို ကြားသည့်အခါ ချန်နန်နှင့် အခြားသူအားလုံး၏ အမူအရာ ညိုးကျသွားခဲ့၏။

“အဲ့ အစုတ်အပြတ် တော်ဝင်သခင်ကြီးကို ငါဂရုစိုက်ဘူး။ အခု ဘာတွေဖြစ်နေလဲ ဆိုတာကိုပဲ ငါ့ကို ရှင်းပြစမ်းပါ။ အနည်းဆုံးတော့ နင်သိလောက်တယ် မလား” သတ်ဖြတ်လိုစိတ်ကို ယာယီဖိနှိပ်ထား၍ လေထဲဝဲနေသော အမျိုးသမီးကို လက်ညိုးထိုးပြရင်း အန်လင်းအာအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။

အန်လင်းအာသည် အားလုံးကို လူမြင်ကွင်း၍ ဖွင့်ချခဲ့ပြီးလေပြီ။ ယခုအချိန်၌ ထိုကိစ္စကို သူမအား သွားခေါင်းခံခိုင်း၍လည်း သူ့ကို အကူအညီ ဖြစ်စေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် နောင်ရေး ပြဿနာကို ဘေးဖယ်၍ လက်ရှိ ပြဿနာ အကြောင်းကိုသာ မေးမြန်းလိုက်၏။

“သူက ငါ့ဒေါ်လေးနန်ပဲ” အန်လင်းအာက သိမ်မွေ့သည့် လေသံဖြင့် ပြန်ပြောလိုက်၏။

“ဒေါ်လေးနန်လား”

“တော်ဝင်နယ်မြေ နောက်ဆုံးမျိုးဆက်ရဲ့ နောက်ဆုံး ကျန်ရစ်တဲ့ တစ်ဦးတည်းသော သူတော်စင်မပေါ့”

ရန်ကိုင် မှင်သက်အံ့အားသင့်သွားခဲ့ပြီး “နင်တို့ တော်ဝင်နယ်မြေမှာ အတွင်းရေး ပဋိပက္ခတွေ ဖြစ်နေတာလား။ အဲ့ဒါကြောင့်ပဲ အဲ့သူတော်စင်မက နင့်အပေါ် အရမ်း ရန်လိုနေတာလား”

အန်လင်းအာက နာကျင်နေသည့် အမူအရာဖြင့် ခေါင်းရမ်းလျက် “ဒေါ်လေးနန်က ငါ့အပေါ် အရမ်း ကောင်းတာ။ ဘာလို့ ငါ့ကို ရန်လိုရမှာလဲ။ သူတော်စင်မနဲ့ ပက်သက်ပြီး ဟိုးတစ်ခါက ငါပြောခဲ့တာကို နင်မှတ်မိသေးလား”

“အန်”

“ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ သူတော်စင်မက မသေခင် တစ်ပါးသူရဲ့ အသတ်ကို မသတ်ရဘူး ဆိုတာလေ”

“အဲ့ဒါက အခုပြဿနာနဲ့ ဘာဆိုင်လို့လဲ” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့၏။

“အဲ့ဒါက အရှေ့တစ်ဝက်ပဲ ရှိသေးတယ်။ တကယ်တော့ အဲ့အရှေ့တစ်ဝက်အပြင် နောက်ထပ်တစ်ဝက် ကျန်သေးတယ်” အန်လင်းအာ၏ အသံလေး တုန်ရင်းသွားခဲ့ပြီး ဖြည်းဖြည်းချင်း ရေရွတ်ပြောလိုက်၏ “မသေခင် အခြားသူအသက်ကို မသတ်ရပေမယ့် သေပြီးရင်တော့ စိတ်ရှိလက်ရှိကို သတ်တော့တာပဲ”

ရန်ကိုင် အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး မျက်မှောင် ကြုံ့လျက် “နင်ဘာပြောချင်တာလဲ”

“တော်ဝင်သခင်မက မသေခင် ဘယ်သက်ရှိကိုမှ သတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သေသွားပြီဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးမသွားပဲ အလောင်းကောင် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ပြီးတာနဲ့ အသူရာလမ်းကြောင်းထဲ ရောက်သွားပြီး သက်ရှိမှန်သမျှကို သတ်ဖြတ်လိမ့်မယ်။ ဒါက ငါတို့ ကျင့်ကြံထားတဲ့ ကျင့်စဉ်ရဲ့ အကြီးမားဆုံး ချို့ယွင်းချက်၊ ယုတ်ညစ်ချက်ပဲ” အန်လင်းအာက သက်ပြင်း ယဲ့ယဲ့လေး ချလျက် “ဒါကြောင့် သူတော်စင်မ တစ်ယောက် သေသွားပြီး ဆိုတာနဲ့ အဲ့သူတော်စင်မရဲ့ ခန္ဓာကိုယ်ကို ချက်ချင်း မီးရှို့ကြတာပဲ။ ဒေါ်လေးနန်လိုမျိုး ဖြစ်မလာအောင်ပေါ့။ ငါတို့ ထွက်မလာခင်တုန်းက ဒေါ်လေးနန်က အကောင်းအတိုင်း ရှိသေးတာ။ ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး…”

ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ထိုအမျိုးသမီးဆီမှ သေခြင်းချီ အငွေ့အသက်ကို ခံစားနေရသည်မှာ မထူးဆန်းတော့ချေ။ အန်လင်းအာ ပြောခဲ့ပုံအရ ထိုအမျိုးသမီးသည် ဒေါ်လေးနန် ဖြစ်ပြီး သေပြီးသား သူတော်စင်မ တစ်ယောက် ဖြစ်ပေ၏။

လှုပ်ရှားနိုင်သော အလောင်းကောင်သည် ရန်ကိုင် အတွက် အစိမ်းမဟုတ်ချေ။

အလောင်းသယ်လူကြီးသည်လည်း သေဆုံးပြီးသော အလောင်းကောင်တစ်ကောင် ဖြစ်၏။ အလောင်းသယ် လူကြီး သေသွားခဲ့သည်မှာ နှစ်သန်းပေါင်းများစွာ ကြာပြီ ဖြစ်သော်ငြား ယခုထိတိုင် လှုပ်ရှားနေနိုင်ဆဲ။ သေဆုံးပြီးသည့်တိုင် သူလုပ်ရမည့်တာဝန်ကို ဆက်လက် လုပ်ဆောင်နေခဲ့၏။

ထို့ကြောင့် ဒေါ်လေးနန်သည်လည်း ထိုအတိုင်း ဖြစ်နေခြင်းသာ ဖြစ်ရပေမည်။ ထို့ပြင် ထိုကဲ့သို့ သတ်ဖြတ်ချင်စိတ်မှာ အရမ်းကိုမှ အားကောင်းလှ ရပေမည်။ မဟုတ်လျှင် ယခုကဲ့သို့ မြင်သမျှ သက်ရှိတိုင်းကို သတ်ဖြတ်နေလိမ့်မည် မဟုတ်ချေ။

“သူတော်စင်မနန်နဲ့ တော်ဝင်သခင်က တစ်ယောက်ကို တစ်ယောက် အရမ်း နှစ်သက်ကြတာ။ တော်ဝင်သခင် သေသွားတော့ သူတော်စင်မနန်လည်း…” ချန်နန်က သက်ပြင်းအရှည်ကြီး ချလိုက်၏။

“နင်တို့ တော်ဝင်နယ်မြေက လူတွေအကုန်လုံးက ငတုံးတွေလား။ ဒီလောက်တောင် အန္တရာယ်များတဲ့ လူတစ်ယောက်ကို အခုလိုမျိုး ဖြစ်စေလိုက်တာလဲ မသိဘူး” ရန်ကိုင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူတော်စင်တစ်ယောက်၏ ပစ်မှတ်ထား လိုက်လံ သတ်ဖြတ်ခြင်း ခံနေရသည့်အတွက် ရန်ကိုင် စိတ်ညစ်၊ စိတ်တိုနေသည်မှာ မထူးဆန်းချေ။

“အခုမှ ပြောနေလို့ ဘာထူးမှာလဲ” အန်လင်းအာက ရန်ကိုင်ကို ခါးခါးသီးသီး စိုက်ကြည့်လိုက်ပြီး “သူတော်စင်မတွေ အကုန်လုံးက တူညီတဲ့ ကျင့်စဉ်ကိုပဲ လေ့ကျင့်ထာတာမို့ ဒေါ်လေးနန်က ငါ့ကို မြန်မြန် ရှာတွေ့ခဲ့တာ။ ဒီကျွန်းပေါ်က ဘယ်သူကမှ သူ့ကို တားနိုင်မှာ မဟုတ်ဘူး။ ငါလည်း သေရလိမ့်မည်။ ငါနဲ့ ဒီမှာရှိနေတဲ့ လူအားလုံးကို သတ်ပြီးတာနဲ့ ငါ့ညီအစ်မ သုံးယောက်ကို သွားရှာပြီး သတ်ပစ်လိမ့်မယ်။ တစ်ယောက်ယောက် ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို လာမဖျက်စီးသရွေ့ ဒေါ်လေးနန်က မြင်သမျှ လူတိုင်းကို ဆက်သတ်ပစ်နေဦးမှာပဲ”

ဤကျွန်းပေါ်တွင် အားအကောင်းဆုံးလူဆို၍ ချန်နန်သာ ရှိ၏။ သို့သော် ချန်နန်သည်ပင် မသေမျိုး တတိယအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်လေရာ သူတော်စင် တစ်ယောက်ဖြစ်သော ယခင်မျိုးဆက် သူတော်စင်မကို မည်ကဲ့သို့ ဟန့်တားနိုင်မည်နည်း။

“ဘာပဲဖြစ်ဖြစ်၊ သခင်မလေးနဲ့ တော်တင်သခင်လောင်း ဒီမှာ သေသွားလို့ မဖြစ်ဘူး” ချန်နန်က ရန်ကိုင်ဘက် လှည့်လိုက်ပြီး “ညီလေး၊ မင်းက တော်ဝင်နယ်မြေကို မဝင်ရသေးခင်ပေမယ့် တော်ဝင် နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ။ သခင်မလေးရဲ့ စမ်းသပ်ချက်ကို အောင်မြင်သွားနိုင်မှတော့ သခင်မလေးကို အတူခေါ်ပြီး ထွက်ပြေးပါတော့။ အဆိုးဆုံး ဖြစ်လာလို့၊ သခင်မလေးကို စတေးရမယ် ဆိုရင်တောင် မင်းကိုယ်မင်းတော့ မသေစေနဲ့”

ရန်ကိုင်က ချန်နန်ကို ထူးမခြားနားဟန်ဖြင့် ပြန်စိုက်ကြည့်လိုက်၏။ သို့သော် ချန်နန်၏ စကားသည် သူ့ရင်ကို ထိသွားစေသည်ဟု ပြောလျှင် မမှားချေ။ သို့ရာတွင် တော်ဝင်သခင်ရာထူးကို မည်သို့မျှ သူလက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ချန်နန်၏ အပြုအမူသည် ကျွဲပါးစောင်းတီးသည်နှင့် ဘာမှ မထူးချေ။

“မင်းတို့ မြန်မြန် ထွက်သွားသင့်ပြီ။ ငါမင်းတို့ အတွက် ရသလောက် အချိန်ဆွဲထားပေးမယ်”

“ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့” ရန်ကိုင်က နှာခေါင်းရှုံ့၍ အေးစက်စက် လေသံဖြင့် “အချိန်ဆွဲဖို့လား။ ကိုယ့်ကိုယ်ကို သက်သေတာနဲ့ ဘာကွာလို့လဲ။ ပြီးတော့ ကျုပ်တို့ကကော ဘယ်ကို ထွက်ပြေးရမှာလဲ။ ထွက်ပြေးလို့ ရမယ့် နေရာမှ မရှိ…”

ပြောလို့ မပြီးသေးခင်မှာပဲ အလုပ်ဖြစ်လောက်မည့် နေရာတစ်ခုကို ရုတ်တရက် ရန်ကိုင် သတိရသွား၏။ အောင်မြင်နိုင်ချေ ရှိမရှိကို စဉ်းစားရင်း ပင်လယ် အောက်ခြေဆီ လှမ်းကြည့်လိုက်၏။

အန်လင်းအာသည် ထိုကဲ့သို့ တွေးနေဟန်ရကာ ချက်ချင်းပဲ ရန်ကိုင်နှင့် အကြည့်ချင်း ဖလှယ်လိုက်၏။

သူတို့ စကားပြောနေစဉ်အတွင်း ဒေါ်လေးနန်သည် နည်းနည်းလေးမှ လှုပ်ရှားခြင်း မပြုဘဲ လေထဲတွင် ဝဲလျက်သာ သူတို့အား စောင့်ကြည့်နေခဲ့၏။ သူမ၏ မျက်နှာထက် တုန့်ဆိုင်းနေသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေခဲ့ရ၏။ ယခင် အသိစိတ် အကြွင်းအကျန် များသည် သူမအား ရန်ကိုင်တို့ကို မသတ်အောင် တားဆီးနေသည့် ပုံပင်။ သို့သော် တစ်ခဏတာ တုန့်ဆိုင်းနေခဲ့ပြီး အချိန်ကြာလာသည်နှင့် သူမဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်သည် ပိုပို၍ အားကောင်းလာခဲ့လေ၏။

“ညီငယ်လေး၊ မင်းသေသွားခဲ့ရင် ဒါက မင်းရဲ့ ကံကြမ္မာပဲပေါ့။ မင်းအသက်ရှင်ခဲ့ရင်တော့ တော်ဝင်နယ်မြေဆီ သွားပြီး တောင်ဝင်သခင် ရာထူးကို ဆက်ခံလိုက်ပါ။ တော်ဝင်နယ်မြေမှာ… တော်ဝင်သခင် တစ်ရက်လေး မရှိလို့တောင် မဖြစ်ဘူး” ချန်နန်က ရန်ကိုင်၏ ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ပြောလိုက်၏။

ရန်ကိုင်ကမူ ဘာမှ ပြန်မပြောခဲ့ချေ။

“အခုသွားတော့၊ မြန်မြန် သွားပေတော့” ချန်နန်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး လေထဲ ဝဲနေသော သူတော်စင်မကို လှမ်းကြည့်လိုက်၏။

သူတော်စင်မနန်၏ အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေခဲ့၏။ သို့သော် သူမ မျက်နှာထက်ရှိ တွေဝေတုန့်ဆိုင်းမှုတို့ နေရာ၌ အေးစက်စက် သတ်ဖြတ် လိုစိတ်တို့က အစားထိုး ဝင်ရောက်လာခဲ့၏။ သတ်ဖြတ်လိုစိတ် ပြင်းထန်လာသည်နှင့် အပူချိန်သည် ရေခဲမှတ်အောက် ထိုးကျသွားသည့်အလား ကျွန်းတစ်ခုလုံးကို အေးစက်စက် အငွေ့အသက်တို့ လွှမ်းခြုံလာခဲ့၏။ လေပြင်းတို့ တိုက်ခတ်လာခဲ့ကာ တစ္ဆေသရဲများ အော်မြည်နေသည့် အလား ကျွန်းတစ်ခုလုံး စူးရှရှ လေတိုက်သံများဖြင့် ညံနေခဲ့၏။

ရန်ကိုင်သည် နည်းနည်းမျှပင် ဆက်လက် တုန့်ဆိုင်း မနေတော့ဘဲ အန်လင်းအာ၏ လက်ကိုဆွဲ၍ လေမိုးကြိုး တောင်ပံကို ဖွင့်ကာ ကောင်းကင်ပေါ်သို့ လျှပ်စီးတန်း တစ်ခုပမာ ပျံတက်သွားလေ၏။

သူလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူတော်စင်မနန်သည် ရန်ကိုင် ပျံသန်းသွားရာ အရပ်ဆီ သူမလက်ကို ဝှေ့ရမ်းလိုက်၏။

ချန်နန်နှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ပညာရှင် များသည် ထွက်ပြေးသွားခြင်း မပြုဘဲ ထိုတိုက်ခိုက်မှုကို ကြားဖြတ်ဝင်ခံလိုက်၏။

“ဦးလေးချန်၊ အားလုံး…” အန်လင်းအာက နောက်လှည့်ကြည့်ကာ စိုးရိမ်တကြီး လှမ်းအော်လိုက်၏။

“အော်မနေနဲ့။ အကုန်လုံး သေပြီ” ရန်ကိုင်က လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ အရှိန်ကို ထပ်မြှင့်လိုက်ကာ အန်လင်းအာနှင့်အတူ ပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားလေ၏။ ရေထဲရောက်သည်နှင့် အစစ်အမှန်ချီ အရံအတားကို ဖန်တီးကို ပင်လယ် အောက်ခြေသို့ တစ်ဟုန်ထိုး ဆင်းသွားလေ၏။

ရေထဲရောက်၍ နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ ချန်နန်နှင့် အခြားသူအားလုံး သွေမြူအဖြစ် ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရ၏။

သူတော်စင်မနန်နှင့် ရင်ဆိုင်ရရာတွင် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ပညာရှင်များသည် အသက်သုံးရှိုက်စာပင် မတောင့်ခံနိုင်ခဲ့ချေ။ ထိုအချက်ကို ကြည့်ရုံဖြင့် သူတော်စင်မနန် မည်မျှ ကြောက်စရာ ကောင်းကြောင်း မြင်တွေ့နိုင်၏။

ချန်နန်နှင့် အခြားသူများကို သတ်ပြီးနောက် သူတော်စင်မသည် လက်မလျှော့သေးဘဲ သူမရှေ့ရှိ ကျွန်းကို မဟာကောင်းကင်ဓါးဖြင့် ခုတ်ပိုင်းချလိုက်၏။ ပြီးသည်နှင့် ထိုမဟာကောင်းကင်ဓါးကို ရန်ကိုင်နှင့် အန်လင်းအာတို့ ထွက်ပြေးသွားရာ ပင်လယ်ရေအောက်ဆီ ပစ်လွှတ်လိုက်လေ၏။

ရန်ကိုင် တစ်ကိုယ်လုံး အေးစက်သွားခဲ့ပြီး အစစ်အမှန်ချီကို အဆုံးစွန်ထိ မြှင့်တင်၍ အရှိန်ကုန် တင်လေ၏။ သို့သော်လည်း အန္တရာယ်လက်မှ မလွတ်မြောက်နိုင်သေး။ မဟာကောင်းကင်ဓါးသည် ရေပြင်ခွဲ၍ သူတို့နောက်သို့ ဆက်လက် လိုက်လာနေခဲ့၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၁) ထွက်ပြေးခြင်း

ပင်လယ်ရေအောက်ထဲမှနေ၍ နောက်သို့ လှည့်ကြည့် လိုက်ရာ ထိတ်လန့်ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသော ဓါးကြီးကို မြင်လိုက်သည်နှင့် ရန်ကိုင် စိတ်တစ်ခုလုံး ကတုန်ကရင် ဖြစ်သွားခဲ့၏။

ဓါးကြီး၏ နောက်တွင် ယခင်မျိုးဆက် သူတော်စင်မ၏ အရိပ်အယောင်ကို ရန်ကိုင် ရေးတေးတေးလေး မြင်တွေ့နေရ၏။

သူတော်စင်မနန်သည် ရန်ကိုင်တို့ကို လက်မလျှော့တမ်း မရမက လိုက်သတ်နေခဲ့၏။

ဆက်လက် ကူးခတ်သွားလာနေရင်း ရန်ကိုင်က အန်လင်းအာကို အလျင်စလို အော်ပြောလိုက်၏ “အသက်ရှင်ချင်တယ်ဆိုရင် သေချာအာရုံစိုက်။ ငိုပြီး ဝမ်းနည်းမနေတော့နဲ့”

ထိုစကားကို ကြားသည်နှင့် အန်လင်းအာလည်း အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်ကိုယ်ထဲသို့ အစစ်အမှန်ချီများကို စတင် ထည့်သွင်းပေးတော့လေ၏။

ထိုအခိုက်အတန့်၌ သူ့အစစ်အမှန်ချီ လှည့်ပတ်နှုန်း ပိုမိုမြန်ဆန်လာသလို ရန်ကိုင် ခံစားလိုက်ရ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မ ကျင့်ကြံထားသော ကျင့်စဉ်သည် ရန်ကိုင်၏ တိုက်ပွဲ စွမ်းရည်ကို ယာယီတိုးမြှင့်ပေးနိုင်၏။

အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး မဟာကောင်းကင်ဓါး ပညာရပ်ကို ရန်ကိုင် ထုတ်သုံးလိုက်၏။

သို့သော် အန်လင်းအာ၏ အကူအညီဖြင့်ပင်လျှင် သူဖော်ထုတ်လိုက်သော မဟာကောင်းကင်ဓါးသည် မီတာ ဆယ်ဂဏန်းသာ ရှည်လျား၏။ သူတော်စင်မနန် ဖန်တီထားသည့် ဓါးနှင့် ယှဉ်လျှင် မိုးနှင့်မြေပမာ ဝေးကွာလှ၏။

ခဏအကြာ၌ မဟာကောင်းကင်ဓါးနှစ်ချောင်း ထိပ်တိုက် တွေ့သွားခဲ့၏။

ခပ်အုပ်အုပ် မြည်သံနှင့်အတူ ရန်ကိုင် ဖန်တီးထားသည့် မဟာကောင်းကင်ဓါး ချက်ချင်း ပျက်စီးသွားခဲ့ရ၏။ ဓါးချင်း ထိပ်တိုက်တွေ့ရာမှာ ဖြစ်ပေါ်လာသော ပေါက်ကွဲအားကြောင့် ပင်လယ်ရေလှိုင်းများ ဖြစ်လာခဲ့ရ၏။ ထိုလှိုင်လုံးများ၏ ရိုက်ခတ်မှုကြောင့် ရန်ကိုင်နှင့် အန်လင်းအာတို့မှာ အောက်သို့ မြန်မြန် ထိုးဆင်းသွားနိုင်ခဲ့၏။

သူတော်စင်မနန်ကမူ နောက်သို့ တွန်းထုတ် ခံလိုက်ရ၏။ သို့သော် ခပ်ဝေးဝေးသို့ မရောက်ခင်မှာပင် တွန်းကန်လာသော လှိုင်းလုံးများကို အတင်းအကြပ် ရပ်တန့်၍ ရန်ကိုင်တို့နောက် ဆက်လိုက်ပြန်၏။

“ဘုံကိုးခုထွတ်မြတ်နယ်မြေက သူတော်စင်မတွေမှာ ဘယ်လို အားနည်းချက်မျိုး ရှိလဲ” ရန်ကိုင်က စိတ်စောနေသည့် လေသံဖြင့် မေးလိုက်၏။

“အဲ့လိုမျိုးတော့ မရှိဘူး။ သူ့ထက် အားကောင်းတဲ့ လူကပဲ သူ့ကို ရပ်တန့်နိုင်လိမ့်မယ်။ ဒါပေမယ့် လိုအပ်ရင် ငါအချိန်နည်းနည်း ဆွဲပေးနိုင်တယ်” ပြောပြီးနောက် အံတင်းတင်းကြိတ်၍ သူမ၏ လုံခြုံရေးကို ရန်ကိုင် လက်ထဲ ပုံအပ်ကာ သေချာအာရုံစိုက်လျက် သူတော်စင်မနန်ဆီ စိတ်စွမ်းအင်လှိုင်းတစ်လှိုင်း ပို့လွှတ်လိုက်၏။

သူမ ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဝိဥာဉ်နှင့်အတူ ပဲ့တင်ထပ်နေသော သီချင်းသံကို ရန်ကိုင် ကြားလိုက်ရ၏။ ထိုသီချင်းကို ကြားလိုက်သည့် သူတိုင်း ဒေါသထွက်နေသူပင်လျှင် စိတ်ငြိမ်သွားနိုင်၏။

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး သူ့အလုပ်သူ ပြန်အာရုံစိုက်လိုက်၏။ အန်လင်းအာ အသုံးပြုလိုက်သည့် ပညာရပ်သည် ဝိဥာဉ်တိုက်ပွဲခန်းမထဲ ရှိစဉ်က ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ကို စိတ်ငြိမ်အောင် လုပ်ရန် အသုံးပြုခဲ့သည့် ပညာရပ်နှင့် အတူတူပင် ဖြစ်၏။

သူတော်စင်မသည် သေသွားခဲ့လေပြီ။ မသိစိတ်နှင့် အစွဲအလမ်း အရသာ ယခုကဲ့သို့ လုပ်နေခြင်း ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော ဝိဥာဉ်ပညာရပ်သည် သူမအား တန်ပြန်နိုင်မည့် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လေ၏။

အန်လင်းအာ ထိုပညာရပ်ကို အသုံးပြုလိုက်သည်နှင့် သူတော်စင်မနန်၏ လှုပ်ရှားမှုတို့ နှေးကွေးသွားခဲ့ပြီး သူမကိုယ်မှ ထွက်ပေါ်နေသော အစစ်အမှန်ချီ လှိုင်းတို့သည်လည်း မတည်မငြိမ် ဖြစ်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။

“ကောင်းတယ်” ရန်ကိုင် စိတ်အား တက်ကြွသွားခဲ့၏။ အန်လင်းအာသာ သူတော်စင်မနန်ကို အချိန်ဆွဲထား ပေးနိုင်သရွေ့ သူတို့ ကျိန်းသေ လွတ်မြောက်နိင်၏။

“အချိန်အများကြီး မရဘူးနော်” အန်လင်းအာ၏ မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး အနည်းငယ် အက်ရှရှ လေသံဖြင့် ပြောလိုက်၏။

နှစ်ယောက်သားကြားမှ ကျင့်ကြံခြင်းအဆင့်သည် အရမ်းကိုမှ ကွာခြားနေသည့်အတွက် အန်လင်းအာသည် တန်ပြန် အကျိုးသက်ရောက်မှုကို ခံစားလိုက်ရခြင်း ဖြစ်၏။

ရန်ကိုင် အမူအရာ ထပ်မံလေးနက်သွားခဲ့ပြီး ရေကိုခွဲလျက် ကူးခတ်သွားလာနေရင်း သူတော်စင်မနန်ကို မည်ကဲ့သို့ နှောင့်နှေးအောင် လုပ်လျှင် ကောင်းမလဲ ဆိုသည်နှင့် ပက်သက်၍ ခေါင်းခြောက်မတတ် စဉ်းစားလိုက်၏။

အကြံများစွာကို စဉ်းစားမိသော်လည်း ထိုအကြံ အားလုံးကို ချက်ချင်း ပယ်ချလိုက်၏။ ခွန်အား ကွာခြားချက် အရမ်းကိုမှ ကြီးမားလွန်းလေရာ မည်သည့် နည်းလမ်းကို သုံးသုံး အချိန်သာကုန်၊ လူသာ မောပေမည်။ အကျိုးသက်ရောက်မှုကမူ ရှိလိမ့်မည် မဟုတ်။ အစစ်အမှန်ခွန်အား၏ ရှေ့မှောက်၍ လှည့်ကွက်များ အလုပ်မဖြစ်ပေ။

ဝိဥာဉ်တိုက်ပွဲခန်းမသည် သူတော်စင်မနန်၏ ဝိဥာဉ်ကို ဆွဲထုတ်ယူနိုင်၏။ သို့သော် သူတော်စင်မကို ဝိဥာဉ်ချင်း အနိုင်တိုက်နိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက် မရှိ။

သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးသည် အရမ်းကိုမှ အားကောင်းသော်လည်း သူ့အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာသော ဝိဥာဉ်များကိုသာ တိုက်ခိုက်နိုင်၏။ သူတော်စင်မနန်၏ ဝိဥာဉ်သည် သူ့အသိစိတ်ပင်လယ်ထဲ မဝင်လာပါက သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးလည်း ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဝိဥာဉ်များကို သန့်စင်နိုင်သည်မှလွဲ၍ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးသည် သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်အပိုင်းအစများကို စုပ်ယူရာတွင်သာ အသုံးဝင်၏။

သူတော်စင်မသည် မသေးသေးဟု ဆို၍ရ၏။ မဟုတ်လျှင် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး၏ ဆွဲယူခြင်း ခံရပေလိမ့်မည်။

နည်းလမ်းပေါင်း မျိုးစုံ စဉ်းစားလိုက်ပြီးနောက် အကောင်းဆုံး နည်းလမ်းသည် ထွက်ပြေးရန်သာ ဖြစ်ကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရာ သူ့စိတ်ထဲ အရမ်းကိုမှ စိုးရိမ်သွားခဲ့ရ၏။

ထိုအချိန်၌ သူ့စိတ်ထဲ ကြားနေရသော သီချင်းသံလေး ရပ်တန့်သွားခဲ့၏။ အန်လင်းအာသည်လည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူမ တစ်ကိုယ်လုံး ပျော့ခွေသွားကာ ရန်ကိုင် လက်မောင်းထဲ လဲပြိုကျသွားခဲ့၏။

အန်လင်းအာ၏ ဝိဥာဉ်ပညာရပ် ရပ်တန့်သွားသဖြင့် သူတော်စင်မနန်၏ အမြန်နှုန်းသည် တစ်ဖန်ပြန်လည် မြန်ဆန်လာခဲ့ပြီး ရန်ကိုင်တို့ နောက်ကို တဖြည်းဖြည်း လိုက်မှီလာခဲ့၏။

ကံကောင်းစွာဖြင့် မဟာကောင်းကင်ဓါးသည် မီးစာကုန်၍ ရန်ကိုင်တို့ကို မထိခင်မှာပင် ပျောက်ကွယ် သွားခဲ့၏။

ဆူညံသံများကြောင့် ပင်လယ်နေသားရဲများသည် ရန်ကိုင်တို့နား တဖြည်းဖြည်း စုဝေးလာခဲ့ကြ၏။ ရန်ကိုင်သည် ထိုပင်လယ်သားရဲများကို လျစ်လျူရှု၍ ဆက်လက် ပြေးလွှားနေသော်လည်း သူတော်စင်မသည် လမ်း၌ တွေ့ခဲ့ရသမျှ သားရဲမှန်သမျှကို သတ်ပစ်သွားခဲ့၏။

ပင်လယ်သားရဲများကို သတ်ဖြတ်ရသည်မှာ သူမအတွက် အရမ်းကိုမှ လွယ်ကူသော်ငြား မြောက်မြားလှစွာသော ပင်လယ်သားရဲ အရေအတွက် ကြောင့် သူမအရှိန် လျော့ကျသွားခဲ့ရ၏။

ရန်ကိုင်သည် တစ်ဒင်္ဂတာပင် ရပ်နားခြင်း မပြုဘဲ အဆက်မပြတ် ပြေးလွှားနေခဲ့၏။

မကြာခင်မှာပဲ ရှေးဟောင်းအပျက်အစီးနယ်မြေ ဆီသို့ ရန်ကိုင်တို့ ရောက်လာခဲ့၏။ ရှေးဟောင်းအပျက်အစီး နယ်မြေကို မြင်သော် ရန်ကိုင်က ပျော်ရွှင်စွာ အော်ပြောလိုက်၏ “ငါတို့ရောက်တော့မယ်”

ထိုစကားကို ကြားသော် အန်လင်းအာ မျက်လုံး ပွင့်လာခဲ့ပြီး အားနည်းနေသည့် လေသံဖြင့် “နောက်ဆုံး မတိုင်ခင်လေး၊ နင့်နာမည် ငါ့ကို ပြောသွားနိုင်မလား။ နင့်နာမည် အစစ်ကို ပြောတာနော်။ ငါတို့သာ ဒီမှာ သေသွားခဲ့ရင် ဘယ်သူရင်ခွင်ထဲမှာ သေသွားခဲ့ရလဲ ဆိုတာကိုတောင် အနည်းဆုံးတော့ ငါသိလို့ မရဘူးလား”

ရန်ကိုင် အမူအရာ ရှုံ့မဲ့သွားခဲ့၏။ ယခုကဲ့သို့ အချိန်မျိုး၌ပင် မည်သည့်ခေါင်းဖြင့် အန်လင်းအာ ထိုကဲ့သို့ တွေးနိုင်သေးမှန်း ရန်ကိုင် တကယ်ကို နားမလည်နိုင်ချေ။

သို့သော် ယခုတစ်ကြိမ်၌ သူ့နာမည်အရင်းကို ဖုံးကွယ်မထားတော့ဘဲ အမှန်အတိုင်းသာ ပြောလိုက်၏။

အန်လင်းအာက သွားပေါ်အောင် ပြုံးလိုက်ပြီး “ဒီကပ်ဘေးကနေသာ အသက်ရှင်နိုင်ခဲ့ရင် ငါနဲ့အတူ တော်ဝင်နယ်မြေဆီ ပြန်လိုက်မှာလား”

“ဘယ်တော့မှပဲ” ရန်ကိုင်က တုန့်ဆိုင်းခြင်းမရှိ ငြင်းဆိုလိုက်၏ “မဟုတ်တာတွေ ထပ်ပြောနေဦးမယ် ဆိုရင် ငါနင့်ကို ဒီမှာပဲ ပစ်ထားခဲ့မှာနော်”

“အကြင်နာတရား ခေါင်းပါးတဲ့ကောင်”

အပြန်အလှန် ပြောဆိုနေစဉ်မှာပင် ပင်လယ်ရေကို ကာဆီးထားသည့် အရံအတားရှေ့သို့ ရောက်လာခဲ့၏။ တစ်ချက်ကလေးမှပင် မရပ်တန့်ဘဲ အထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်၏။

အရံအတားထဲ ရောက်သော် ရေဖိအားကို ခုခံနေစရာ မလိုတော့သဖြင့် ရန်ကိုင်အရှိန် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့၏။ လေမိုးကြိုးတောင်ပံကိုဖွင့်၍ အန်လင်းအာနှင့်အတူ လေဟာနယ်လိုဏ်ခေါင်းရှိရာဆီ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းပမာ တစ်ဟုန်ထိုး ပြေးသွားတော့လေ၏။

သူတို့နှစ်ယောက် အရံအတားထဲ ဝင်သွားပြီးပြီးချင်း မကြာခင်မှာပင် သူတော်စင်မနန်သည်လည်း အရံအတား ထဲသို့ လိုက်ဝင်လာခဲ့၏။

သူ့နောက်မှ ချဉ်းကပ်လာနေသော ကြောက်မက်ဖွယ် ဖိအားကို ခံစားမိသည်နှင့် ရန်ကိုင်လည်း အရှိန်ကုန်တင်၊ ခြေကုတ်သုတ်ပြေးလေ၏။

ထွက်ပြေးနေစဉ်အတွင်း သူခံစားနေရသော ယန်ဓါတ်စွမ်းအင်သည် တဖြည်းဖြည်း ပိုမို အားကောင်းလာရာ လေဟာနယ်လိုဏ်ခေါင်းနှင့် သိပ်မဝေးတော့မှန်း ရန်ကိုင် သိလိုက်၏။

ထို့ကြောင့် အံတင်းတင်းကြိတ်၍ အရှိန် ထပ်မံ မြှင့်လိုက်၏။

ရုတ်တရက် သူ့နောက်ဘက်မှ အစစ်အမှန်ချီများ ပေါက်ကွဲထွက်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။ သူတော်စင်နန် သူ့ကို ထပ်မံ တိုက်ခိုက်နေသည်မှန်း နားလည်လိုက်သည်နှင့် ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချက်းပဲ သူ့ပတ်ဝန်းကျင်ကို အဆက်မပြတ် အာရုံစိုက်သတိထားလိုက်၏။

အရှေ့ဘက်မှ ဧရာမပိုက်ကွန်ကြီးတစ်ခု သူ့ဆီသို့ အလျင်အမြန် တိုးဝင်လာနေခဲ့၏။

“ကောင်းကင်ဖမ်းပိုက်ကွန်ပဲ” အန်လင်းအာက အလန့်တကြား ထအော်ပြော၏ “မြန်မြန်ရှောင်လိုက်။ မိသွားရင် နင့်ဝိဥာဉ်တောင် ထွက်ပြေးလို့ ရမှာ မဟုတ်ဘူး”

အန်လင်းအာ အနေဖြင့် ရန်ကိုင်ကို သတိပေးနေစရာပင် မလိုချေ။ ထိုကောင်းကင် ပညာရပ် အကြောင်း သေချာမသိသော်လည်း အတွေ့အကြုံ ရင့်ကျက်သူပီပီ ထိုကောင်ကင်ဖမ်းပိုက်ကွန်၏ ဖမ်းဆီးခြင်း ခံမည် မဟုတ်ချေ။

ထိုကောင်းကင်ဖမ်းပိုက်ကွန်ကို ရှောင်ပြီးပြီးချင်းမှာပင် သူ့နောက်ဘက်မှ အစစ်အမှန်ချီတို့ ထပ်မံ ပေါက်ကွဲထွက်လာခဲ့ပြန်၏။

ကျောက်စိမ်းပမာ သွယ်လျချောမွတ်သော လက်တစ်ဖက်သည် ကောင်းကင်တစ်ခုလုံးကို စီးမိုး၍ သူတို့အပေါ် ကျဆင်းလာခဲ့၏။ ထိုလက်သွယ်သွယ်လေး၏ ဖိအား အောက်၍ ကောင်းကင်တစ်ခုလုံး ပြိုကျလာသလို ရန်ကိုင် ခံစားလိုက်ရ၏။

ရှောင်၍ မရသလို ခုခံ၍လည်း မရနိုင်လေရာ သူတို့ ပြေးပေါက်ပိတ်တော့မည် ပုံပင်။

“ကောင်ကင်ဖုံးလက်ပဲ” အန်လင်းအာက တိုးတိုးလေး ရေရွတ်လိုက်၏။ သူမ မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး မဲ့ပြုံးပြုံးလိုက်၏။ ထိုနောက် သေမှာကို စောင့်နေသည့် လူတစ်ယောက်ကဲ့သို့ သူမ၏ မျက်လုံးလေးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်၏။

“မိစ္ဆာအသွင်ပြောင်းလဲခြင်း” ရန်ကိုင်က မာန်သွင်း အော်ဟစ်လိုက်ရာ ချက်ချင်းဆိုသလို လောကကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပြီး လွန်စွာကိုမှ သိပ်သည်းလွန်းလှသည့် နတ်ဆိုးချီတို့ ရန်ကိုင်ကိုယ်မှ ပေါက်ကွဲထွက်လာခဲ့လေ၏။ နတ်ဆိုး အမှတ်အသား များသည် သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာပြီးနောက် သူ့အရေပြားထဲသို့ စိမ့်ဝင်သွားခဲ့၏။

ရန်ကိုင် သွေးစွမ်းနှင့် အရှိန်အဟုန် ချက်ချင်း မြင့်တက်သွားခဲ့၏။

အန်းလင်းအာ မျက်လုံးလေးများ ပြူးကျယ်သွားခဲ့ပြီး တုန်တုန်ရင်ရင်ဖြင့် သူမအား ပွေ့ပိုက်ထားသော ရန်ကိုင်ကို အံ့အားသင့်တကြီး စိုက်ကြည့်လိုက်၏။

ယခုအချိန်၌ ရန်ကိုင်သည် လုံးဝကို ကွဲပြားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို သူမ ခံစားလိုက်ရ၏။ ရန်ကိုင် ခန္ဓာကိုယ်မှ သွေးဆာ၊ ရက်စက်သည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့ပြီး တစ်ချိန်တည်းမှာပင် အားကိုးနိုင်သည် ဟူသော စိတ်ခံစားချက်ကိုလည်း ပေးစွမ်းနေခဲ့၏။

သူ့ခန္ဓာကိုယ်သည် လေဒဏ်မိုးဒဏ်ကို မပြိုမလဲ ကြံကြံခံ ကာကွယ်ပေးနေသော တောင်ကြီးတစ်လုံးနှင့် တူ၏။

ရန်ကိုင်အဟုန် တစ်ဟုန်ထိုး မြှင့်တက်သွားခဲ့ပြီး ကောင်းကင်ဖုံးလက်အောက်မှ ပွတ်ကာသီကာလေး ရှောင်တိမ်းလိုက်နိုင်၏။

ဘုန်း…

လက်ဝါးချက် မြေပြင်ကို ထိမှန်သွားသည်နှင့် လှိုင်းလုံးအဆင့်အဆင့် ဘေးပတ်ပတ်လည်သို့ ပျံသွားခဲ့၏။ အိမ်ပေါင်းများစွာ ပြိုကျသွားခဲ့ရပြီး ရန်ကိုင် တစ်ကိုယ်လုံး ကွေးတက်သွားခဲ့ရာ သူ့မျက်နှာလည်း သွေးဆုတ် ဖြူလျော်သွားခဲ့ရ၏။

သူမ ပါးပြင်ပေါ်သို့ ပူနွေးနွေး အရည်များ ကျလာသည်ကို ခံစားမိသဖြင့် ထိကြည့်လိုက်ရာ ထိုအရည်သည် ရန်ကိုင် ပါးစပ်မှ စီးကျနေသော သွေးများဖြစ်ကြောင်း‌ တွေ့လိုက်ရ၏။

ကောင်းကင်ဖုံးလက်၏ တိုက်ခိုက်မှုမှ ရန်ကိုင် လုံးဝဥဿုံ မလွတ်မြောက်နိုင်ခဲ့၏။

“ငါ့လခွမ်း” ရန်ကိုင်က ကျိန်ဆဲလိုက်၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက် ဝမ်းဗိုက်နေရာဆီ တစ်ချက် လှမ်းကြည့်၍ ဆက်လက် ထွက်ပြေးလေ၏။

အန်လင်းအာလည်း ရန်ကိုင် ဝမ်းဗိုက်နေရာကို သံသယဖြင့် စိုက်ကြည့်ပြီးသည်နှင့် သူမ၏ ပါးစပ်လေးကို အလန့်တကြား လက်ဖြင့်အုပ်၍ ထအော်လေ၏ “ကောင်းကင်အပြစ်ပေးလှံတံလား”

ရန်ကိုင် ဝမ်းဗိုက်ထဲသို့ လှံတစ်ချောင်း စိုက်ဝင် နေသည်ကို သူမပင် မသိလိုက်ချေ။ ထိုလှံသည် ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုထဲမှ တစ်ခု ဖြစ်သော ‌ကောင်းကင်အပြစ်ပေးလှံတံပင် ဖြစ်၏။ ထိတ်လန့်တကြား မရပ်မနား အသည်းအသန် ပြေးလွှားနေရသဖြင့် သူ့ကိုယ်ထဲ လှံတစ်ချောင်း စိုက်ဝင်နေသည်ကို အန်လင်းအာသာမက ရန်ကိုင် ကိုယ်တိုင်ပင် သတိမပြုမိခဲ့ချေ။ ယခုမှသာ သူ့ကိုယ်ထဲ လှံတစ်ချောင်း စိုက်ဝင်နေသည်ကို ရန်ကိုင် သတိပြုမိခဲ့ခြင်း ဖြစ်သည်။

မျှော်လင့်ချက် မရှိတော့လေဟု ထင်ကာ အန်လင်းအာ ချုံးပွဲချ ငိုတော့လေ၏။

ကောင်းကင်နတ်ဘုရားပညာရပ် ကိုးခု မည်မျှ အစွမ်းထက်သည်ကို အန်လင်းအာ ကောင်းကောင်းသိ၏။ ထို့ပြင် ယခု ထိုပညာရပ်ကို အသုံးပြလိုက်သောသူသည် သူမတို့ထက် အဆများစွာ အားကောင်းသည့် သူတော်စင် တစ်ယောက်ပင် ဖြစ်၏။ ရန်ကိုင်သည် လွန်စွာကိုမှ အရည်အချင်းရှိလှသည့် ပါရမီရှင် တစ်ယောက် ဖြစ်လျှင်ပင် သူ့ကိုယ်တွင်းအင်္ဂါများ အသားပြား ဖြစ်နေလောက်ပေပြီ။ ထို့ကြောင့် သူသည် အနှေးနှင့်အမြန် သေရတော့မည်ဟု ပြောလျှင် မမှားချေ။

သူမလဲကျသေးသော တစ်ခုတည်းသော အကြောင်းအရင်းသည် ရန်ကိုင်၏ အလျှော့မပေးသော စိတ်ဓါတ်ကြောင့်ပင် ဖြစ်၏။ ထိုအကြောင်းကို စဉ်းစားမိသည်နှင့် သူမစိတ်ထဲ အပြစ်ရှိသလို ခံစားလိုက်ရသလို ဝမ်းလည်း ဝမ်းနည်းသွားမိခဲ့၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၂) ဆိုးရွားလှသောကံကြမ္မာ

ဝိဥာဉ်တိုက်ပွဲခန်းမထဲရှိစဉ် သူမသာ ထိုဝိဥာဉ်ပညာရပ်ကို ထုတ်မသုံးခဲ့ပါက ရန်ကိုင်သည်လည်း သူတော်မနန်၏ လိုက်လံသတ်ဖြတ်ခြင်း ခံနေရလိမ့်မည် မဟုတ်ချေ။

သူမခေါင်းထဲ ထိုကဲ့သို့သော အတွေးများဖြင့် ပြည့်နေခဲ့၏။ သူမကြောင့်သာ ရန်ကိုင် ယခုကဲ့သို့ ဖြစ်သွားရခြင်းဟု ထင်ကာ သူမကိုယ်သူမ အပြစ်တင်နေမိ၏။

“ငါ့လခွမ်း၊ နင်တို့ရဲ့ ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုစလုံး ငါ့ကို သင်ပေးသင့်တယ်။ နင်တို့ကြောင့်ပဲ အခုလိုမျိုး ငါဖြစ်ခဲ့ရတာ” ရန်ကိုင် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်နေခဲ့ပြီး နာကျင်မှုကို တောင့်ခံရင်း ဒေါသတကြီး အထွန့်တက်လိုက်၏။

မိစ္ဆာအသွင်ပြောင်းလဲခြင်းကို ထုတ်သုံးပြီးသည့်တိုင် ကောင်းကင်အပြစ်ပေးလှံတံကို ခုခံနိုင်ခြင်း မရှိခဲ့ချေ။ မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုထားလျှင် ‌ကြယ်တာရာကောင်းကင်၏ အဖျက်စွမ်းအားကိုပင် ခုခံနိုင်သော်လည်း သူတော်စင်မနန်သည် သူ့ခန္ဓာကိုယ်ကို စက္ကူတစ်ရွက်ပမာ လှံဖြင့် ထိုးစိုက်ခဲ့၏။

ထိုအခြင်းအရာကို ကြည့်ရုံဖြင့် ထိုကောင်းကင် နတ်ဘုရား ပညာရပ် မည်မျှ အစွမ်းထက်ကြောင်း မြင်တွေ့နိုင်ပေသည်။

သူ့နေရာ၌ အခြား မသေမျိုးအဆင့် ပညာရှင် တစ်ယောက်သာ ဆိုပါက ယခုအချိန် အသက်ပျောက်နေလောက်ပေပြီ။

“နင်၊ အခုလိုအချိန်မျိုးမှာတောင် ဘယ်လိုလုပ်ပြီး အဲ့လိုတွေးနေနိုင်သေးရတာလဲ…” အန်လင်းအာက ရန်ကိုင် ဝမ်းဗိုက်ရှိ ဒဏ်ရာကို စိုက်ကြည့်ရင်း သူမ၏ လက်လေးကို ဆန့်ထုတ်လိုက်၏။ သူမ လက်ချောင်းများထက် စီးကျနေသော သွေးများကို ခံစားမိသည်နှင့် သူမ၏ မျက်ဝန်းလေးများမှ မျက်ရည်စတို့ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့လေ၏။

“မငိုလို့ မရဘူးလားဟင်။ နင်ငိုနေတာက ငါ့ကို အရမ်း စိတ်ညစ်စေတယ်ဟ” ရန်ကိုင်က အော်ဟစ်၍ “ဖိအားပေးခံလိုက်ရတာနဲ့ အရမ်းကို ပျော့ညံ့သွားတာပဲ”

ထိုစကားကို ကြားသော်ငြား အန်လင်းအာ၏ ငိုသံ ရပ်တန့်သွားခဲ့၏။ သို့သော် မျက်ရည်စတို့က မထိန်းနိုင် မသိမ်းနိုင် စီးကျနေဆဲ။

ရုတ်တရက် သူတို့ရှေ့ အနက်ရောင်အပေါက်ကြီး တစ်ပေါက် ထွက်ပေါ်လာခဲ့၏။ ထိုအပေါက်ကို မြင်သည်နှင့် ရန်ကိုင်က “ငါတို့ရောက်ပြီ”

လက်ကျန်ခွန်အား အားလုံးကို စုစည်းပြီး အန်လင်းအာနှင့်အတူ လေဟာနယ်လိုဏ်ခေါင်းထဲ ပြေးဝင်သွားလေ၏။

လေဟာနယ်လိုဏ်ခေါင်းဆီသို့ ရောက်တော့မည့် ဆဲဆဲမှာပဲ၊ သူတော်စင်မနန်၏ သတ်ဖြတ်လိုစိတ် သူ့ပေါ် စုပြုံကျလာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။

ထွက်ပြေးလွတ်မြောက်တော့ပေမည်ကို မည်သည့် အတွက်ကြောင့် သူ့သတိကို လျော့ချလိုက်ရမည်နည်း။ အန်လင်းအာကို လေဟာနယ်လိုဏ်ခေါင်းထဲ ပစ်ထည့် လိုက်ပြီးနောက် ချက်ချင်းပဲ နောက်ပြန်လှည့်၍ အနက်ရောင် နဂါးကို ဆင့်ခေါ်ကာ သူတော်စင်မနန်ကို တိုက်ခိုက်လိုက်၏။

အုန်း… အုန်း… အုန်း…

ပေါက်ကွဲသံတို့ မြည်ဟည်းသွားခဲ့၏။

အနက်ရောင်နဂါးသည် တစ်ခဏတာသာ ခုခံနိုင်ခဲ့ပြီး‌ ပျက်စီးသွားခဲ့ရ၏။ အနက်ရောင်နဂါးကို ဖျက်စီးပြီး၍ ရန်ကိုင်ကို လှမ်းကြည့်လိုက်သည့်အခါ ရန်ကိုင်သည် လေဟာနယ်လိုဏ်ခေါင်းထဲသို့ ခုန်ဝင်သွားခဲ့လေပြီ။

လေဟာနယ်လိုဏ်ခေါင်းထဲသို့ ရောက်သည်နှင့် ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး ဝင်ပေါက်ကို ဖျက်စီးပစ်လိုက်၏။

ဤသို့ဖြင့် ပင်လယ်ရေအောက်၌ နှစ်ပေါင်းများစွာ ကြာအောင် တည်ရှီခဲ့သော် လေဟာနယ်လိုဏ်ခေါင်းသည် ရန်ကိုင်လက်ချက်ကြောင့် တစ်စစီ ပျက်စီးသွားခဲ့ရလေပြီ။ လေဟာနယ်လိုဏ်ခေါင်း ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော ပြင်းထန်လွန်းလှသည့် လှိုင်းလုံးများသည် ရန်ကိုင်ကော၊ သူတော်စင်မနန်ကိုပါ ဝါးမြိုသွားခဲ့၏။

ချက်ချင်းဆိုသလို သူ့တစ်ကိုယ်လုံး အလွန့်ကိုမှ နာကျင်သွားခဲ့ရာ နာကျင်လွန်းလှသဖြင့် သတိလစ်လုမတတ် ဖြစ်သွားခဲ့ရ၏။

သတိလစ်မသွားအောင် ထိန်းထားရင်း နာကျင်မှုကို တောင့်ခံခဲ့၏။ ခဏကြာပြီးနောက် သူ့ပတ်လည်ရှိ အမှောင်ထုတို့ ‌ပျောက်ကွယ်သွား၍ တိမ်ဖြူဖြူတို့က အစားထိုး ဝင်ရောက်လာခဲ့၏။ ဤနေရာတွင် နေမရှိသလို လလည်း မရှိ။ ကြယ်လည်း မရှိဘဲ အပူဓါတ် ဖျော့ဖျော့လေးသာ ရှိနေ၏။

ထိုအပူဓါတ်သည် ရန်ကိုင်ကို တစ်မျိုးတစ်ဖုံ သက်သောင့်သက်သာ ဖြစ်စေ၏။

လေဟာနယ်လိုဏ်ခေါင်းမှတစ်ဆင့် ရန်ကိုင်သည် သူတော်စင်မနန်ဆီမှ လွတ်ရာကျွတ်ရာသို့ ထွက်ပြေးနိုင်ခဲ့၏။ လေဟာနယ်လိုဏ်ခေါင်းကို ဖြတ်သန်းပြီးပြီးချင်းမှာပင် ဖျက်စီးခဲ့သဖြင့် သူတော်မနန်သည် အခြားတစ်နေရာသို့ ရောက်သွားခဲ့ကာ အချိန်အတော်ကြာသည်အထိ သူ့ကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။

ယခုမှပဲ ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့၏။ သူတော်စင်အဆင့် ပညာရှင်တစ်ယောက်၏ လိုက်လံ သတ်ဖြတ်ခြင်း ခံရသည်မှာ အမှန်တကယ်ကို ‌ပျော်စရာ မကောင်းလှချေ။

သူတော်စင်မနန်သည် အနည်းဆုံး သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လောက်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ရေခဲဂိုဏ်းမှ ချန်ယွဲ့ထက် အများကြီး ပိုအစွမ်းထက်သောကြောင့် ဖြစ်၏။ သူမရှေ့၌ ရန်ကိုင် ခုခံနိုင်စွမ်း အရှင်း ကင်းမဲ့သွားခဲ့ရ၏။

သူပြုတ်ကျလာစဉ်အတွင်း သူ့ခန္ဓာကိုယ်ကို ကျောက်စိမ်းသဖွယ် လက်သွယ်သွယ်တစ်စုံက ပွေ့ဖက်ထားခဲ့၏။ လှည့်ကြည့်လိုက်ရာ မျက်ရည်စတို့ မခြောက်သေးသော မျက်နှာထက် အပြုံးပန်းကို ပန်ဆင်ထားသည့် အန်လင်းအာကို တွေ့လိုက်ရ၏။

သူမ ပွေ့ဖက်ထားသည်မှ ရုန်းထွက်ပြီးနောက် သစ်ပင်ကြီးတစ်ပင်ပေါ် ရပ်လျက် အမောတကော အသက်ရှူရင်း ဘေးပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်၏။

သူနှင့်အန်လင်းအာသည် အနည်းဆုံး မီတာ သုံးရာမြင့်သော သစ်ပင်ကြီးတစ်ပင်ထက် ရောက်နေခြင်း ဖြစ်၏။ ယခုအချိန်၌ သူတို့အား ဧရာမသစ်ပင်ကြီး များစွာက ဝန်းရံထားခဲ့၏။

ထိုသစ်ပင်များသည် သူမြင်တွေ့ခဲ့ဖူးသော သစ်ပင်များနှင့် အနည်းငယ် ကွဲပြားနေသည်ကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။ သစ်ပင်ပုံစံသာမက ဓါတ်သဘာဝကပါ သူမြင်တွေ့ခဲ့ဖူးသော သစ်ပင်များနှင့် မတူညီချေ။ ထိုသစ်ပင်များထဲ စီးဆင်းနေသော ယန်ဓါတ်စွမ်းအင် ဖျော့ဖျော့ကို ရန်ကိုင် ခံစားနေမိ၏။

ရှင်းရှင်းပြောရလျှင် ထိုသစ်ပင်များသည် ယန်ဓါတ်ကို ပိုင်ဆိုင်ကြ၏။

ရန်ကိုင် လုံးဝကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ထိုသစ်ပင်များသည် သာမန်သစ်ပင်နှင့် တူကာ အဖိုးတန် စိတ်ဝိဥာဉ်အပင်များ မဟုတ်ကြချေ။ ထိုသို့ဆိုလျှင် ထိုသစ်ပင်များသည် ယန်ဓါတ် အရှိန်အဝါကို မည်သည့် အတွက်ကြောင့် ပိုင်ဆိုင်ထားကြလေသနည်း။

မှိုင်းညို့ညို့ ကောင်းကင်ပေါ်သို့ မော့ကြည့်၍ မျက်မှောင်ကြုံ့ရင်း ရေရွတ်လိုက်၏ “ဆန်းကြယ် လောကငယ် တစ်ခုလား”

ဆန်းကြယ်လောကငယ် တစ်ခုတွင်သာ နေ၊လ၊ ကြယ် မရှိမှာ ဖြစ်၏။

“အာ၊ ဆန်းကြယ်လောကငယ်တစ်ခုလား” အန်လင်းအာ အံ့အားသင့်သွားခဲ့၏။ နိုးလာသည်နှင့် ချက်ချင်းဘဲ ဘေးပတ်ဝန်းကျင်ကို စိတ်ဝင်တစားဖြင့် လှည့်ပတ် ကြည့်လိုက်၏။ ဆန်ကြယ်လောကငယ် အတွင်းသို့ သူမ တစ်ခါမှ မရောက်ဖူးချေ။ ကြားသာ ကြားဖူး၏။ ဆန်းကြယ်လောကငယ်ဆီသို့ ရောက်ဖူးသည်မှာ သူမတွက် ပထမဦးဆုံး အကြိမ်ဖြစ်၏။

“ဟုတ်လောက်တယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။ စကားနည်းနည်းပါးပါး ပြောပြီးရုံပင် ရှိသေး၊ အဆက်မပြတ် သွေးအန်တော့ကာ သူ့ဒဏ်ရာ အားလုံးစီမှ သွေးထွက်လာခဲ့လေ၏။

“နင်အနားယူဖို့လိုတယ်” ရန်ကိုင်က ရန်ကိုင်ကို ထူမပေးထားရင်း စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ ယခုတစ်ကြိမ် ရန်ကိုင် ရရှိခဲ့သည့် ဒဏ်ရာများသည် အရမ်းကိုမှ ပြင်းထန်ပေ၏။ သူတော်စင်မနန်၏ ကောင်းကင်အပြစ်ပေးလှံတံဖြင့် ထိမှန်ခြင်း ခံလိုက်ရသည့်အပြင် လေဟာနယ်လိုဏ်ခေါင်း ပျက်စီးသွားရာမှ ထွက်ပေါ်လာသော လေဟာနယ် စွမ်းအင်များ၏ ရိုက်ခတ်ခြင်းကိုလည်း ခံခဲ့ရသေး၏။ ယခု သူ့အဝတ်အစာများ စုတ်ပြဲနေခဲ့၍ ဖြတ်ရှရာတို့သည်လည်း သူ့ကိုယ်အနှံ့ ရှိနေခဲ့၏။

သူ့နေရာတွင် သာမန်လူတစ်ယောက် ဆိုပါက ဘယ်နှစ်ကြိမ် သေ၍သေမှန်းမသိ သေသွားပေလိမ့်မည်။ သို့သော် ရန်ကိုင်ကမူ စကားပြောနိုင်သေးရုံမက သူ့ပတ်ဝန်းကျင်ကိုပင် လေ့လာနိုင်နေသေး၏။ ထို့ကြောင့် အန်လင်းအာ ရယ်ရခက်၊ ငိုရခက် ဖြစ်နေခဲ့၏။

စကားပြောနေစဉ် သူမ ခါးထက်ရှိ သိုလှောင်အိတ်ထဲမှ ဆေးတစ်ပုလင်းကို ထုတ်ယူပြီး ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်ကာ “ဒါက ငါတို့ တော်ဝင်နယ်မြေရဲ့ သူတော်စင်အဆင့် ကုသရေး ဆေးလုံးပဲ။ မြန်မြန်သောက်လိုက်”

ရန်ကိုင်လက် ထိုသူတော်စင်အဆင့် ဆေးလုံးကို ချက်ချင်းပဲ သောက်ပစ်လိုက်၏။

သန့်စင်မသန့်စင်ရသေးခင်မှာဘဲ ပူပြင်းလှသော အပူဓါတ်များ သူ့ဆီသို့ အဘက်ဘက်မှ တိုးဝင်လာခဲ့ပြီး နောက် ချက်ချင်းဆိုသလို သူနှင့် အန်လင်းအာတို့ နှစ်ယောက်စလုံး စွမ်းအင်ကြိုးများဖြင့် ချုပ်နှောင်ထားခြင်း ခံလိုက်ရလေ၏။

နှစ်ယောက်စလုံး အလစ်အငိုက် တိုက်ခိုက်ခံရသဖြင့် ဘာမှမလုပ်နိုင်သေးခင်မှာပဲ မြေကြီးပေါ်သို့ ပြုတ်ကျ သွားခဲ့ရ၏။

ယခင်ကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားခဲ့သည့်အပြင် အလစ်အငိုက်ပါ ချောင်းတိုက် ခံလိုက်ရသဖြင့် ရန်ကိုင် လုံးဝ မခုခံနိုင်ခဲ့ချေ။

သေလိုက်ပါတော့လာကွား။ နောက်တစ်ကြိမ် ထပ်အဖမ်းခံရပြန်ပြီ ထိုအတွေးသည် ရန်ကိုင်၏ နောက်ဆုံး အတွေးဖြစ်၏။ ပြီးသည်နှင့် သူ့အမြင်အာရုံ တစ်ခုလုံး မှောင်အတိကျသွားခဲ့၏။

ဆန်းကြယ်လောကငယ်ဆီသို့ နှစ်ကြိမ်တိုင်တိုင် သူရောက်ခဲ့ဖူး၏။ ပထမတစ်ကြိမ်ရော၊ ဒုတိယတစ်ကြိမ်ပါ အကျဉ်းသားအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်၏။

“မုန်းစရာကောင်းလိုက်တဲ့ နတ်ဆိုးမျိုးနွယ်စုတွေ” တစ်ယောက်ယောက် ကျိန်ဆဲနေသည်ကို ရန်ကိုင် ခပ်တိုးတိုးလေး ကြားလိုက်ရ၏။ ပုံရိပ်များစွာ သူ့ဆီသို့ ချဉ်းကပ်လာနေသည်ကိုလည်း မြင်တွေ့လိုက်ရ၏။ ပြီးနောက် သူ့မေ့မြောသွားလေ၏။

———————————-

မှောင်မိုက်နေသည့် ညအချိန်၌ ရန်ကိုင် နိုးလာခဲ့၏။ သူ့တစ်ကိုယ်လုံး ကိုက်ခဲနာကျင်၏။ အားကောင်းလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်ငြား ထိုပြင်းထန်လှသည့် နာကျင်မှုကို လျစ်လျူမရှုနိုင်ချေ။

ထထိုင်ခြင်း မပြုသလို မျက်လုံးလည်း မဖွင့်သေးဘဲ လက်ရှိ အခြေအနေကို အရင် စစ်ဆေးလိုက်၏။

စစ်ဆေးပြီးသည့်နောက် ရန်ကိုင် အမူအရာ သုန်မှုန် သွားခဲ့ရ၏။

သူ့စိတ်ကူးထားခဲ့သလိုပင် သူ့အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်နှစ်ခုစလုံး စည်းခတ်ထားခြင်း ခံရ၏။ အစစ်အမှန်ချီစည်းကို ဖြေရန် အချိန်အချို့ လိုအပ်ပေမည်။ မဖြစ်နိုင်တာတော့ မဟုတ်ချေ။ သူ့အသိစိတ်ပင်လယ်ထဲရှိ စည်းကိုမူ အလွယ်တကူ ဖျက်စီးပစ်နိုင်၏။ သို့သော် မလိုလားအပ်သော အာရုံစိုက်မှု မခံရစေရန် အလို့ငှာ ရန်ကိုင် ထိုကဲ့သလို့ မလုပ်ခဲ့ချေ။

သူဘယ်နေရာသို့ ရောက်နေသလဲ၊ အနီးအနား၌ မည်သည့် ပညာရှင်များ ရှိနေသလဲ ဆိုသည်ကို ရန်ကိုင် မသိချေ။ သူသာ အလျင်စလို လှုပ်ရှားလိုက်ပါက ဆိုးဆိုးရွားရွား အဆုံးသတ်သွားရနိုင်၏။

သို့သော်လည်း သူ့အစစ်အမှန်ချီကို ခတ်ထားသည့် စည်း၌ ယန်ဓါတ်အရှိန်အဝါတို့ ပါဝင်နေခဲ့၏။ ဤနေရာရှိ ယန်ဓါတ်သည် ပြင်လောကကြီးရှိ ယန်ဓါတ်ထက် အများကြီး ပိုသိပ်သည်းပေ၏။

ရှေးဟောင်းအပျက်အစီး နယ်မြေထဲ သူခံစားခဲ့ရသည့် ယန်ဓါတ်အရှိန်အဝါသည် ဤနေရာမှ အရင်းခံလာခြင်း ဖြစ်လောက်၏။

သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာအများစု ပျောက်ကင်း နေခဲ့လေပြီ။ အနီးအနား၌ အရှိန်အဝါအချို့ကို အာရုံ ခံလိုက်မိသော်ငြား အန်လင်းအာ၏ အရှိန်အဝါကိုမူ အာရုံခံမရခဲ့ချေ။

ထိုမိန်းမ ဘယ်ရောက်သွားလေသနည်း။

အန်လင်းအာသည် မြင့်မြတ်ပြီး ဖြူစင်သော အမူအကျင့်ကို ပိုင်ဆိုင်ထားသည့် မိန်းမကောင်း၊ မိန်းမလှလေး တစ်ယောက် ဖြစ်၏။ သူမသာ လူဆိုးလူညစ်များ လက်ထဲ ရောက်သွားခဲ့ပါက ဇာတ်သိမ်းကောင်းလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင် သူမအတွက် စိတ်မပူဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

ယခု သူ့အား မာကျာခိုင်ခံသော သစ်သား တစ်မျိုးမျိုးဖြင့် ဆောက်လုပ်ထားသော အကျဉ်းထောင်ထဲ ဖမ်းချုပ်ထားခဲ့၏။ အစစ်အမှန်ချီ ပိတ်ဆိုထားခံရသဖြင့် ထိုသစ်သားအကျဉ်းထောင်ကို အလွယ်တကူ သူမချိုးဖျက်နိုင်ချေ။

မျက်လုံးဖွင့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်ပြီးနောက် ထထိုင်လိုက်၏။

သူထထိုင်လိုက်သည်နှင့် အနီးရှိ အခြားသူများ သတိပြုမိသွားခဲ့ပြီး ရန်ကိုင်နားသို့ ရောက်လာ၍ အံ့အားသင့်တကြီး ရေရွတ်လိုက်လေ၏ “အန်၊ ကောင်လေး၊ မင်းတယ် အသက်ရှင်နေသေးတာပဲ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“ဒီနေရာက ဘာနေရာလဲ။ မင်းဘယ်သူလဲ” ရန်ကိုင်က ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရင်း ပြန်မေးလိုက်၏။

“မင်းပါးစပ်ကို ပိတ်ထားလိုက်။ ပြောရမယ့် အချိန်မှပဲပြော။ ပွစိပွစိ လုပ်နေဦးမယ် ဆိုရင်တော့ မင်းလျှာကို ဆွဲထုတ်ပစ်ရလိမ့်မယ်” ထိုလူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ အခန်းတံခါးကို ဖွင့်ကာ အမိန့်ပေးလိုက်၏ “ထွက်လာခဲ့။ ခေါင်းဆောင်က မင်းကို တွေ့ချင်နေတယ်”

“ခေါင်းဆောင်လား” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်၏။

“လေကြောမရှည်နဲ့၊ ‌ပြောတဲ့အတိုင်းလုပ်၊ မဟုတ်ရင် မင်းကို အပိုင်းပိုင်းအထစ်ထစ် ခုတ်ဖြတ်ပြီး နတ်ဘုရား သစ်ပင်ကို ကျွေးပစ်လိုက်မှာ” ထိုလူက ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ခြိမ်းခြောက်စကား ဆိုလိုက်ပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားလေ၏ “ငါ့နောက်ကနေလိုက်ခဲ့”

ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့် ထိုလူနောက်မှ လိုက်သွားခဲ့၏။ သွားနေရင်း ဘေးပတ်ဝန်းကျင်ကိုလည်း တိတ်တဆိတ် စစ်ဆေးသွားခဲ့ရ၏။

ယခုအချိန်တွင် သူသည် မှောင်မည်းစိုထိုင်းသော စင်္ကြန်လမ်းတစ်ခုကို ဖြတ်လျှောက်နေခဲ့၏။ စင်္ကြန်လမ်း ဘေးနှစ်ဖက်နှစ်ချပ်တွင် အကျဉ်းခန်းများစွာ ရှိနေ၏။ လှုပ်ရှားသံကြားသဖြင့် အကျဉ်းခန်းထဲမှ လူများသည် စိတ်ဝင်တစားဖြင့် ရန်ကိုင်အား စူးစမ်းကြည့်ကြ၏။

ထိုလူများ၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် တစ်ခုခု လွဲနေမှန်း ရန်ကိုင် နားလည်လိုက်၏။

ထိုလူများ၏ အရှိန်အဝါသည် သာမန်လူများ၏ အရှိန်အဝါနှင့် မတူချေ။ တစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်ပတ်လည်၌ ရစ်ဝဲနေသော နတ်ဆိုးချီများ ရှိနေခဲ့၏။

ထိုလူများထဲ အန်လင်းအာ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရသလို သူမကို ဘယ်နေရာသို့ ခေါ်သွားသလဲ ဆိုသည်ကိုလည်း ရန်ကိုင် မသိချေ။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၃) အရမ်း အမေးအမြန်း ထူလိုက်တာ
ထိုလူ၏ ဦးဆောင်မှုဖြင့် မကြာခင်မှာဘဲ အကျဉ်းထောင်ထဲမှ ရန်ကိုင် ထွက်လာနိုင်ခဲ့၏။ အလင်းထဲ ရောက်သည်နှင့် တစ်ခုခု ပြောချင်ဟန်ဖြင့် ရန်ကိုင်ကို လှည့်ကြည့်လိုက်သော်လည်း ရန်ကိုင်၏ အခြေအနေကို မြင်ပြီးနောက် ထိတ်လန့်သွားခဲ့ကာ ရန်ကိုင်အား လက်ညိုးထိုးလျက် အထစ်ထစ် အငေါ့ငေါ့ဖြင့် “မင်း… မင်းရဲ့ ခန္ဓာကိုယ်က…”
“တစ်ခုခု မှားနေလို့လား” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်မေးလိုက်၏။
“မင်းက သေမင်းတံခါး ရောက်နေခဲ့တာလေ။ ဘယ်လိုလုပ်ပြီး…”
ရန်ကိုင်ကို ခေါ်လာစဉ်က သူ့တစ်ကိုယ်လုံး ဒဏ်ရာ မရသည့်နေရာဟူ၍ မရှိချေ။ သူ့ဝမ်းဗိုက်သည်လည်း တစ်ခုခု၏ ထိုးဖောက်ထားခြင်း ခံရ၏။ ညမရောက်ခင် မှာပင် သူသေလိမ့်မည်ဟု အားလုံး ထင်ကြေးပေးခဲ့ကြ၏။
သို့သော် ယခု ရန်ကိုင် အကောင်းအတိုင်း ရှိနေသည်ကို မြင်ပြီးနောက် ထိုလူ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
“ကျုပ်ရဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းက အခြား လူအများစုထက် ပိုသာတယ်လေ”
“အများစုထက်ပိုသာတာလို့ လာမပြောနဲ့” ထိုလူက ရန်ကိုင်ပြောသည်ကို မယုံကြည်သည့် အမူအရာဖြင့် “ကောင်စုတ်လေး၊ အဆင့်မြင့်ကုသရေးဆေးလုံး တစ်လုံးလုံးကို မင်းသောက်လိုက်တာပဲ ဖြစ်ရမယ်။ မင်းမှာ ရှိရင် အခုချက်ချင်း ငါ့ကိုပေးစမ်း။ ငါကိုယ်တိုင်ရှာလို့ တွေ့ရင်တော့ မင်းသေပြီနော်”
“ကျုပ်မှာ အဲ့လိုဆေးလုံးမျိုး မရှိဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။
ထိုလူက ရန်ကိုင် ခန္ဓာကိုယ်ကို ဝေ့ဝိုက် ကြည့်လိုက်သော်ငြား သိုလှောင်အိတ်နှင့် ဆင်တူသည့် အရာ တစ်ခုမှ မတွေ့ခဲ့ရ၏။ ထို့ကြောင့် စိတ်ပျက်ပျက်ဖြင့် အံတင်းတင်းကြိတ်၍ ရန်ကိုင်ကို ဆွဲကာ ရှေ့သို့ တွန်းပို့လိုက်၏။
ခန်းမထဲတွင် လူပေါင်းများစွာ စုဝေးနေခဲ့၏။ အကုန်လုံးနီးပါးသည် အရောင်အဝါ တောက်ပသော အသားအရေကို ပိုင်ဆိုင်ထားကြပြီး ပူပြင်းလှသော အရှိန်အဝါကို ထုတ်လွှတ်နေကြ၏။
အခန်းထဲတွင် ရှိနေသော ယောကျာ်း၊ မိန်းမ၊ ကျားမ၊ လူငယ်၊ လူကြီးအားလုံးသည် ယန်ကျင့်စဉ် တစ်မျိုးမျိုးကို လေ့ကျင့်ထားကြ၏။ ထို့ပြင် တစ်ယောက် ချင်းစီတိုင်း၏ ကျင့်ကြံခြင်းသည် နိမ့်ကျခြင်းမရှိ။ အနိမ့်ဆုံးလူသည်ပင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)သို့ ရောက်နေခဲ့၏။ လူအုပ်ထဲ၌ မသေမျိုး အဆင့် ပညာရှင် တော်တော်များများလည်း ရှိနေ၏။
စုဝေးနေသူ လူစုစုပေါင်း ဒါဇင်ကျော်ရှိပြီး ခန်းမထိပ်၌ ဆံပင်အနီရောင်နှင့် လူအိုကြီးတစ်ယောက် ထိုင်နေခဲ့၏။
လူငယ်လေးဘေး၌ မသေမျိုး တတိယအဆင့်သို့ ရောက်နေသော မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လေးထောင့်မျက်နှာနှင့် လူငယ်လေးတစ်ယောက် ရှိနေခဲ့၏။
ထိုလူများသည် အကြောင်းအရာ တစ်ခုခုကို ဆွေးနွေးနေသည့်ပုံပင်။ သို့သော် ရန်ကိုင် ရောက်လာသည့် အခါ အကုန်လုံး ဆွေးနွေးနေခြင်းကို ရပ်တန့်လိုက်ပြီး အံ့အားသင့်နေသည့် အမူအရာများဖြင့်ရန်ကိုင်ကို စိုက်ကြည့်လာကြ၏။
“ခေါင်းဆောင်၊ ကျုပ်သူ့ကို ခေါ်လာခဲ့ပါပြီ” ရန်ကိုင်ကို ခေါ်လာသည့်လူက လက်သီးဆုပ်က ပြောလိုက်၏။ လူအိုကြီးက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်း၍ ထိုလူကို ထွက်သွားရန် အချက်ပြလိုက်၏။ ထိုလူသည် သူထွက်မသွားခင် ရန်ကိုင်အား နောက်တစ်ကြိမ် မလေးမစား ထပ်မလုပ်ရန် သတိပေးသွားခဲ့၏။
“ယီဖုန်း၊ သူက မင်းခေါ်လာတဲ့လူသားလား” လူအိုကြီးက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ရန်ကိုင်ကို စိုက်ကြည့်၍ မေးလိုက်၏။
ထိုအချိန်မှာပဲ သူ့ခန္ဓာကိုယ်ကို လာစစ်ဆေး နေသည့် ပူလောင်လောင် အရှိန်အဝါတစ်ခုကို ရန်ကိုင် ခံစားမိလိုက်၏။
“ဟုတ်ပါတယ်” လူအိုကြီးဘေးနား ရပ်နေသည့် လူငယ်လေးက ရန်ကိုင်ကို အထူးအဆန်းတစ်ခုပမာ စိုက်ကြည့်ရင်း အမြန် ပြန်ဖြေလိုက်၏။
“မင်းပြောတော့ သူသေတော့မှာဆို။ အခုဘာလို့ အကောင်းအတိုင်း ရှိနေရသေးတာလဲ” လူအိုကြီးက ထပ်မေးလိုက်၏။
ယီဖုန်းက ခေါင်းကုတ်၍ မျက်မှောင်ကြုံ့ကာ “ကျုပ်လည်း မသိဘူး။ သူ့ကို ခေါ်လာတုန်းက အချိန်မရွေး သေတော့မယ့် ပုံစံနဲ့။ အဲ့ဒါကြောင့် တစ်ရက်တောင် ခံပါ့မလားလို့ ကျုပ်တွေးနေခဲ့တာ… ဟေး၊ ကောင်းလေး၊ ဘာတွေဖြစ်ခဲ့တာလဲ။ မင်းကိုယ်မင်း ပြန်သက်သာသွားအောင် ဘယ်လိုလုပ်လိုက်တာလဲ”
ရန်ကိုင်က လူငယ်လေးကိုတစ်လှည့်၊ လူအိုကြီးကို တစ်လှည့် စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့၍ ပြန်မေးလိုက်၏ “ခင်ဗျားတို့ ပြောနေတဲ့ပုံအရ ခင်ဗျားတို့က လူသား မဟုတ်ဘူးမလား”
မျိုးနွယ်ခြား တစ်ခုကပဲ သူ့အား ‘လူသား’ဟု ခေါ်ဝေါ် သုံးစွဲပေလိမ့်မည်။
“ရိုင်းလိုက်တာ” ယီဖုန်း၏ အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး “မေးနေရင် ပြန်ဖြေ၊ အပိုတွေ လာမမေးနဲ့။ မဟုတ်ရင် မင်းပါစပ်ကို ထပ်မဟနိုင်အောင် လုပ်ပေးလိုက်မယ်”
ပြောပြီးသည်နှင့် စွမ်းအင်တန်းတစ်ခုကို ကြာပွတ်သဖွယ် ဖန်တီး၍ ရန်ကိုင် ခန္ဓာကိုယ်ကို ရိုက်ချလိုက်လေ၏။
ရွတ်…
ရန်ကိုင် ရင်ဘတ်ထက် သွေးစွန်းရာတစ်ခု ထွက်ပေါ်လာခဲ့၏။ အစစ်အမှန်ချီ စည်းခတ်ခြင်း ခံထားရဖသ◌ြင့် ထိုတိုက်ခိုက်မှုကို မည်သို့မှ မခုခံနိုင်ခဲ့ချေ။
ရန်ကိုင်သည် လှုပ်ရှားခြင်း မပြုခဲ့ဘဲ အံတင်းတင်း ကြိတ်၍သာ လူငယ်လေးကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့၏။
“သတ္တိတော့ရှိသားပဲ” ယီဖုန်းက လှောင်ပြောင်လိုက်ပြီး လက်ကိုမြှောက်၍ နောက်တစ်ကြိမ် ထပ်ရိုက်ရန် ပြင်လိုက်၏။
“တော်လောက်ပြီ ယီဖုန်း” လူအိုကြီးက ရုတ်တရက် ဝင်တားလိုက်၏။ ထို့နောက် ရန်ကိုင်အား အနည်းငယ် စိတ်ဝင်တစား အမူအရာဖြင့် ကြည့်၍ “လူသားမျိုးနွယ်က ကောင်လေး၊ မင်းက မခေဘူးပဲ။ ငါထင်တာသာ မမှားရင်၊ မင်းခန္ဓာကိုယ်က သာမန်သူတော်စင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်အောက် မနိမ့်ကျတော့ဘူးမလား”
“ဘယ်လို” ယီဖုန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် “ဒါပေမယ့် သူ့ကျင့်ကြံခြင်းက မသေမျိုး ပထမအဆင့်ပဲ ရှိသေးတာလေ”
“သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ခဲ့လိုပဲ ဖြစ်ရမယ်။ အသက်ငယ်ငယ်လေးနဲ့ ဒီလောက် အားကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ တကယ့်ကို အထင်ကြီးစရာပဲ” လူအိုကြီးက ပြုံး၍ မေးလိုက်၏ “ဒီလိုခန္ဓာကိုယ်မျိုးရအောင် မင်းဘယ်လို လေ့ကျင့်ခဲ့တာလဲ”
“နေ့တိုင်း တစ်ယောက်ယောက်ကို ကြာပွတ်နဲ့ အကြိမ်တစ်ထောင် ရိုက်ခိုင်းတယ်လေ။ အဲ့လို ရိုက်ခံနိုင်ရင် ကျုပ်လို ခန္ဓာကိုယ်မျိုး ပိုင်ဆိုင် လာလိမ့်မယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံး၍ ပြန်မေးလိုက်၏။
“အရူးအလုပ်ပဲ။ ဒါပေမယ့် ဖြစ်တော့လည်း ဖြစ်နိုင်ပါတယ်” ရန်ကိုင် အမှန်ကို ပြောနေသလား၊ ပါးစပ်ထဲရှိရာကို ပြောနေသလား လူအိုကြီးမသိ။ ထို့ကြောင့် ယခုကိစ္စကို ဤနေရာတွင်ပင် ရပ်ထားလိုက်ပြီး အခြားကိစ္စတစ်ခုဆီသို့ ဦးတည်ချက် ပြောင်းလိုက်၏ “မင်းက လူသားတစ်ယောက် ဖြစ်နေလို့ အခုထိ အသက်ရှင်နေသေးတာ။ နတ်ဆိုးမျိုးနွယ်စုက အခြား တစ်ယောက်ဆိုရင်တော့ မင်းကံက အခုလောက်အထိ ကောင်းနေမှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် လူအိုကြီး၏ အမူအရာ ရုတ်တရက် လေးနက်သွားခဲ့ပြီး “ကောင်လေး၊ ငါမင်းကို မေးခွန်းအချို့ ထပ်မေးမယ်။ မင်းပေးတဲ့ အဖြေက ငါ့ကို ကျေနပ်စေတယ် ဆိုရင် ရက်နည်းနည်းလောက် အသက်ထပ်ရှင်ခွင့် ပေးမှာပေါ့။ ငါသာ မကျေနပ်ဘူးဆိုရင်တော့… အကျိုးဆက်ကို မင်းသိပါတယ်”
နိမ့်ကျနေချိန် ဦးညွှတ်ရလေရာ ရန်ကိုင်လည်း ခေါင်းသာ ညိတ်ပြလိုက်၏။
“မင်းနဲ့ နတ်ဆိုးမျိုးနွယ်စုနဲ့ ဘယ်လို ဆက်စပ်လဲ”
“ဘာမှမဆက်စပ်ဘူး”
“မဆက်စပ်ဘူးလား။ ဒါဆိုရင် ဘာလို့ ဒီနေရာကို ရောက်လာတာလဲ။ ဘယ်ကနေ ရောက်လာတာလဲ”
“ပင်လယ်အောက်ခြေကနေ လာခဲ့တာ။ အဲ့က ရှေးဟောင်းအပျက်အစီးနယ်မြေမှ လေဟာနယ် လိုဏ်ခေါင်း တစ်ခု ရှိနေတယ်လေ။ ကျုပ်နဲ့ ကျုပ်အဖော်က အားကောင်းတဲ့ ပညာရှင်တစ်ယောက် လိုက်ဖမ်းတာ ခံနေရလို့ အဲ့က လေဟာနယ်လိုဏ်ခေါင်းကို သုံးပြီး ထွက်ပြေးလာခဲ့တာ။ ကျုပ်အသိပြန်ဝင်လာတဲ့ အချိန် ဒီနေရာကို ရောက်နေခဲ့တာပဲ”
ရန်ကိုင် ပြောနေစဉ်အတွင်း လူအိုကြီးသည် ရန်ကိုင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။ တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် လူအိုကြီးက ဆက်မေးလိုက်၏ “ငါ့ကို အသေစိတ်ပြောပြ”
ရန်ကိုင်လည်း ဖြစ်ကြောင်းကုန်စဉ်ကို ပြန်ပြောလိုက်၏။ လိမ်ညာခဲ့ခြင်း မပြုသလို ဘာကိုမှ ဖုံးကွယ်ရန်လည်း မကြိုးစားခဲ့ချေ။ တစ်ဖက်လူ၏ ခွန်အားသည် အရမ်းကိုမှ နက်နဲလှ၏။ လိမ်လိုက်၍ တစ်ဖက်လူက သတိပြုမိသွားမှဖြင့် အကျိုးနည်းနေ ပေလိမ့်မည်။
“သူတော်စင်အဆင့် ပညာရှင်တစ်ယောက် လက်ကနေတောင် ထွက်ပြေးနိုင်ခဲ့တာလား” လူအိုကြီး အံ့အားသင့်သွားခဲ့ပြီး “မင်းက တကယ်ကို တော်တာပဲ”
“ကံကြောင့်ပါပဲ။ ဒါတောင် သေလုနီးပါး ဖြစ်သွားခဲ့ရတယ်လေ…”
လူအိုကြီးက အသာအယာ ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်က နတ်ဆိုးမျိုးနွယ်စုနဲ့ ဆက်စပ်တယ်လို့ ခင်ဗျားဘာလို့ ထင်တာလဲ။ ပြီးတော့ ကျုပ်အဖော်ရော။ သူ့အခြေအနေ ဘယ်လိုရှိလဲ” ရန်ကိုင်က မေးလိုက်၏။
“ကောင်လေး၊ မင်းက တကယ်ကို အမေးအမြန်း ထူးတာပဲ” ယီဖုန်းက အေးစက်စက် လေသံဖြင့် နှာခေါင်း ရှုံ့လိုက်၏။
ရန်ကိုင်က အကျဉ်းသား ဖြစ်သော်ငြား သူ့ကို မေးခွန်း ပြန်မေးနေသည့်အတွက် လူအိုကြီး၏ မျက်ခုံကြောတို့ တွန့်ကွေးသွားခဲ့၏။ သို့သော် ပြန်၍ ဖြေလိုက်ပေသေး၏ “ဘာလို့လဲဆိုတော့ နတ်ဆိုးမျိုးနွယ်စုက လူတွေပဲ ဒီနေရာကို ဝင်လာဖူးတာလေ။ မင်းက ဒီနေရာကို ရောက်လာခဲ့တာ ပထမဆုံးလူသားပဲ။ ပြီးတော့ မင်းရဲ့ အဖော်အတွက် စိတ်ပူနေစရာ မလိုဘူး။ သူအဆင်ပြေတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရှိတာလေး တစ်ချက်ပဲ”
ပြောပြီးသည်နှင့် ယီဖုန်းဘက်လှည့်၍ “သူ့ကို တွေ့တဲ့နေရာဆီ သွားပြီး အခြားဝင်ပေါက်တစ်ခု ရှိမရှိ စစ်ဆေးကြည့်လိုက်။ တွေ့ရင် တစ်ခါတည်း ဖျက်စီးပစ်လိုက်”
ယီဖုန်းက ခေါင်းညိတ်မည်အပြု ရန်ကိုင်က ကြားဝင် ဖြတ်ပြောလိုက်၏ “သွားစစ်ဆေးနေစရာ မလိုဘူး။ ကျုပ်လာကတည်းက လေဟာနယ်လိုဏ်ခေါင်းကို တစ်ခါတည်း ဖျက်စီးပစ်ပြီးသွားပြီ”
“မင်းပြောတိုင်း ငါက ယုံရမှာလား” ယီဖုန်းက နှာခေါင်းရှုံ့လိုက်၍ ရန်ကိုင်ကို တစ်ချက် စိုက်ကြည့် လိုက်ပြီးနောက် လူအိုကြီးကို လက်သီးဆုပ်နှုတ်ဆက်ကာ အဖွဲ့တစ်ဖွဲ့ကို ခေါ်ပြီး ခန်းမထဲမှ ထွက်သွားလေ၏။
ယီဖုန်း ထွက်သွားပြီးနောက် လူအိုကြီးက ဆက်မေးလိုက်၏ “မင်း ယန်ကျင့်စဉ် တစ်ခုခုကို လေ့ကျင့်ထားတာလား”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
လူအိုကြီးက သွားပေါ်အောင် ပြုံးလိုက်ပြီး “လူသားထဲမှာ ယန်ကျင်စဉ်ကို လေ့ကျင့်တဲ့လူ သိပ်မရှိဘူး။ မင်းပုံအရ မင်းလေ့ကျင့်ထားတဲ့ ကျင့်စဉ်က မဆိုးတဲ့ပုံပဲ”
လူအိုကြီးက သူလေ့ကျင့်ထားသည့် ကျင့်စဉ်ကို စိတ်ဝင်စားနေသည်ဟု ထင်ကာ ရန်ကိုင် အမူအရာ တင်းကြပ်သွားခဲ့ရ၏။ သို့သော် သူဘာမှ ပြန်မပြော ရသေးခင်မှာဘဲ လူအိုကြီးက သူ့လက်ကို ဝှေ့ရမ်းပြီး “ဒါပေမယ့် မင်းတို့လူသားတွေ့ လေ့ကျင့်ထားတဲ့ အကောင်းဆုံး ယန်ကျင့်စဉ်က ငါတို့ဆီက ကျင့်စဉ်တွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး”
လူအိုကြီး ထိုစကားကို ပြောလိုက်သည်နှင့် အခန်းထဲတွင် ရှိနေသူအားလုံး ခေါင်းညိတ်လိုက်ကြပြီး ရန်ကိုင်ကို အထင်အမြင် သေးသေးဖြင့် စိုက်ကြည့် လိုက်ကြ၏။
ရန်ကိုင် စိတ်သက်သာရသွားခဲ့ပြီး ပြန်မေးလိုက်၏ “ခင်ဗျားတို့အားလုံးက ယန်ကျင့်စဉ်တွေကို လေ့ကျင့်ထားတဲ့ ပုံပဲ။ ခင်ဗျားတို့တွေက ဘယ်မျိုးနွယ်စုကလဲ။ ပြီးတော့ ဒီနေရာက ဘယ်နေရာလဲ”
“ငါတို့လား” လူအိုကြီးက သူ့နှုတ်ခမ်းမွှေးကို ပွတ်သပ်လိုက်ပြီး “ငါတို့က လူသားမျိုးနွယ်စုကပဲ။ ဒါပေမယ့် လူသားလည်း မဟုတ်ဘူး”
လူအိုကြီး ပြောသည်ကို နားထောင်ပြီးနောက် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။
“ငါတို့ဘိုးဘေးတွေက လူသားမျိုးနွယ်စုကပဲ။ ဒါပေမယ့် ငါတို့တွေက လူသားတွေနဲ့ နည်းနည်းလေး ကွဲပြားတယ်” လူအိုကြီးက ဆက်လက် ရှင်းမပြတော့ဘဲ “ဒီနေရာက ငါတို့အိမ်ပဲ။ မင်းတို့ အပြင်လူတွေကတော့ ဆန်းကြယ်လောကငယ်လို့ ခေါ်တာပေါ့”
“မြေအောက်လိုဏ်ခေါင်းထဲမှာ လူတွေအများကြီး ကျုပ်တွေ့ခဲ့တယ်။ သူတို့တွေက နတ်ဆိုးမျိုးနွယ်စုက မလား။ ခင်ဗျားတို့နဲ့ နတ်ဆိုးမျိုးနွယ်စုကြားမှ ဘယ်လို အမုန်းတရားတွေ ရှိနေတာလဲ”
“ကောင်လေး၊ မင်းက အရမ်းမေးတာပဲနော်။ မင်းလည်း ကိုယ်နေရာကိုယ်မသိတဲ့ အရူးတွေနဲ့ အတူတူပဲနဲ့ တူပါတယ်” လူအိုကြီးက ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်၏။
သို့သော် အံတင်းတင်းကြိတ်၍ ရေရွတ်လိုက်၏ “ငါတို့နဲ့ နတ်ဆိုးမျိုးနွယ်စုကြားက အမုန်းတရားက ဘယ်လိုမှကို ကြေအေးလို့ မရတော့တာ။ တစ်နေ့ကျရင် နတ်ဆိုးမျိုးနွယ်စုတစ်ခုကို ငါတို့ သုတ်သင်ပစ်မှာ။ မင်းကိုတော့၊ အခုလောလောဆယ်တော့ ငါတို့ မင်းကို သတ်ဦးမှာ မဟုတ်သေးဘူး။ မင်းရဲ့ ထူးခြားနဲ့ ခန္ဓာကိုယ်က ငါတို့အတွက် နည်းနည်းပါးပါး အသုံးဝင်သေးတယ်”
ပြောပြီးသည်နှင့် မျက်လုံးမှေးစဉ်းလျက် ရန်ကိုင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးနောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ “သူ့ကို ခေါ်သွားတော့”
အစောင့်တွေထဲမှတစ်ယောက် ရောက်လာပြီး ရန်ကိုင်ကို တံခါးပေါက်ဆီ တွန်းထုတ်လိုက်၏။
ရန်ကိုင် ထွက်သွားပြီးနောက် ခန်းမထဲတွင် ရှိနေသူအားလုံး တစ်ယောက်တစ်ပေါက် ထပြောကြတော့လေ၏။
“ခေါင်းဆောင်။ အဲ့လူငယ်လေးရဲ့ ခန္ဓာကိုယ်က တကယ်ကို ထူးခြားတာ။ ပြီးတော့ သူက ယန်ကျင့်စဉ်ကို လေ့ကျင့်သေးတယ်။ ကျုပ်တို့သာ သူ့ကို နတ်ဘုရား သစ်ပင်ရဲ့ မြေဩဇာအဖြစ် ပြောင်းပစ်လိုက်ရင် နတ်ဘုရား သစ်ပင်လည်း ခဏလောက် တည်ငြိမ်သွားနိုင်တယ်”
“ဟုတ်တယ်။ အခုနောက်ပိုင်း နတ်ဘုရား သစ်ပင်က ပိုပိုပြီး မတည်မငြိမ် ဖြစ်လာတယ်။ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျုပ်တို့ နေစရာ ပျောက်လိမ့်မယ်”
“အဲ့နတ်ဆိုးမျိုးနွယ်စုက ကောင်တွေနဲ့ ဖြေရှင်းတာက ရေရှည် ကောင်းတာ မဟုတ်ဘူး။ နတ်ဘုရားသစ်ပင် ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ အဖြေထုတ်ဖို့ လိုအပ်တယ်။ နတ်ဘုရားသစ်ပင်သာ တစ်ခုခု ဖြစ်သွားရင်… ကျုပ်တို့ ကလန်တစ်ခုလုံး ပျက်စီးရလိမ့်မယ်”
“မင်းတို့အားလုံး သောက်ပါးစပ် ပိတ်ထားကြစမ်း” လူအိုကြီးက ထအော်လိုက်ကာ “ဒီလူအိုကြီလည်း အဲ့ပြဿနာကို မဖြေရှင်းချင်ဘူးလို့ မင်းတို့ ထင်နေတာလား။ နတ်ဘုရားသစ်ပင် ဘာလို့ အဲ့လို ဖြစ်နေတာကိုတောင် မသိသေးတာကို ဘယ်လိုလုပ်ပြီး ဖြေရှင်းမှာလဲ”
ထိုစကားကို ကြားသည်နှင့် အားလုံး၏ အမူအရာ ညိုးကျသွားခဲ့၏။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် လူအိုကြီးက အမိန့်တစ်ခု ထပ်ထုတ်လိုက်၏ “ရှုချို၊ အဲ့ကောင်လေးကို ကောင်းကောင်းဂရုစိုက်ထားဖို့ ကလန်သားတွေကို သွားသတိပေးလိုက်။ သူ့ကို အကောင်းဆုံး အစာတွေပဲ ကျွေးထား။ စည်းခတ်ထားတာတွေကိုလည်း ဖြေပေးလိုက်။ ပြီးတော့ နတ်ဘုရားသစ်ပင်ရဲ့ အသီးလည်း ကျွေးလိုက်ဦး။ သူ့ရဲ့ အကောင်းဆုံး အခြေအနေကို အမြန်ဆုံး ပြန်ရောက်စေချင်တယ်”
“နားလည်ပါပြီ” ရှုချိုဆိုသော လူက ထိုင်ရာမှထ၍ ခန်းမထဲမှ ထွက်သွားလိုက်လေ၏။
ခန်းမထဲတွင် ရှိနေသူအားလုံး မျှော်တင့်တကြီးဖြင့် လက်သီးတင်းတင်း ဆုပ်မိလိုက်ကြ၏။ သူတို့ ခေါင်းဆောင် ဘာလုပ်ချင်နေလဲ ဆိုသည်ကို သူတို့ မသိဘဲ နေမည်လော။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၄) မင်းတို့လူသားတွေကို ငါအရွံဆုံးပဲ

ရန်ကိုင်သည် အကျဉ်းထောင်ဆီသို့ ပြန်ခေါ်သွားခြင်း ခံခဲ့ရပြီး အခန်းသစ်တစ်ခန်းဆီသို့ ရောက်သွားခဲ့ရ၏။

ထိုအခန်းထဲတွင် နောက်ထပ် လူတစ်ယောက် ရှိနေခဲ့ပြီး ထိုလူသည် ညိုးကျထိုင်းမှိုင်းစွာဖြင့် ထောင့်တစ်ထောင့်တွင် ထိုင်လျက် ငိုရှိုက်နေ၏။

လှုပ်လှုပ်ယှတ်ယှတ် အသံကြားသဖြင့် ထိုလူလည်း မော့ကြည့်လိုက်၏။ သို့သော် ရန်ကိုင်ကို မြင်လိုက်သည်နှင့် သူမ၏ မျက်နှာ လှလှလေး ချက်ချင်း ဝင်းပသွားခဲ့ပြီး “ရန်ကိုင်လား”

ပြောနေရင်း ထိုင်နေရာမှ ချက်ချင်း ကုန်းထလိုက်ပြီး ရန်ကိုင်ဆီ ပြေးလာကာ သူ့ဒဏ်ရာ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ ရန်ကိုင် ခန္ဓာကိုယ်၌ ဘာဒဏ်ရာမှ မရှိတော့မှန်း သိလိုက်ရသည့်အခါတွင်မူ သူမ လုံးဝကို အံ့အားသင့်သွားခဲ့ရ၏။

အန်လင်းအာသည် အခြားအခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရ၏။ သူမသည်လည်း အခြားသူများကဲ့သို့ ရန်ကိုင်သည် သေလျှင်သေ၊ မသေလျှင် ဒုက္ခိတတစ်ယောက် ဖြစ်သွားမည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ရန်ကိုင်သည် အကောင်းပကတိအတိုင်း ရှိနေဦးမည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ချေ။

တိုးတိုးနေရန် ရန်ကိုင်က အန်လင်းအာကို မျက်လုံးဖြင့် အချက်ပြလိုက်၏။ အခန်းအပြင်ဘက်ရှိ အစောင့်နှစ်ယောက် ထွက်သွားတော့မှာသာ သူမကို အခန့်ထောင့်ဆီ ခေါ်သွားလိုက်၏။

“နင်အဆင်ပြေလား” ရန်ကိုင်က မေးလိုက်၏။ အန်လင်းအာသည် ငိုကြွေးထားသဖြင့် သူမ၏ မျက်လုံးများ မို့အစ်နေသည်မှလွဲ၍ သူမ၏ အဝတ်အစားနှင့် မျက်နှာသည် အကောင်းအတိုင်း ရှိနေသေး၏။

အန်လင်းအာက ခေါင်းညိတ်လိုက်ပြီး “ငါအဆင်ပြေတယ်။ သူတို့ ငါ့ကို ဘာမှမလုပ်ခဲ့ဘူး။ နင်ကော”

“ငါလည်း အဆင်ပြေတယ်” ရန်ကိုင်က ပြုံးပြလိုက်၏။

“ဒါဘယ်နေရာလဲ။ အဲ့လူတွေ ဘယ်သူလဲဆိုတာကို နင်သိလား။ ဘာလို့ ငါတို့ကို အကျဉ်းချထားတာလဲ”

“ငါလည်း သေချာမသိသေးဘူး။ ငါသိတာဆိုလို့ သူတို့တွေက လူသားဟုတ်တဲ့ပုံ မပေါ်ဘူး။ ပြီးတော့ သူတို့နဲ့ နတ်ဆိုးမျိုးနွယ်စုတွေကြားမှာ မကျေချမ်းနိုင်တဲ့ အမုန်းတရားတွေ ရှိနေတယ်” ရန်ကိုင် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ရာ သူတို့အား စပ်စုလိုစိတ်ဖြင့် စိုက်ကြည့်နေသော မျက်ဝန်းများကို တွေ့လိုက်ရ၏။ ထိုမျက်လုံးများ၏ နောက်ကွယ်ရှိ နတ်ဆိုးအရှိန်အဝါ ဖျော့ဖျော့ကို ရန်ကိုင် အသေအချာ အာရုံခံမိ၏။

ထိုလူများသည် ဤနေရာသို့ ဖမ်းခေါ်လာခြင်း ခံရသည့် နတ်ဆိုးမျိုးနွယ်စုဝင်များပင် ဖြစ်လေ၏။

“မြေခွေပါးစပ်ကလွတ်ပြီး ကျားပါးစပ်ထဲ ရောက်သွားရတယ်လို့။ ကံဆိုးလိုက်တာ” အန်လင်းအာက သက်ပြင်း အမောကြီး ချလိုက်၏။

“အနည်းဆုံး နင့်ဒေါ်လေးနန် ငါတို့ကို ရှာတွေ့မှာ မဟုတ်သေးဘူးလေ” ရန်ကိုင်က ထိုင်ချရင်း ပြောလိုက်၏။ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ယခင်မျိုးဆက် သူတော်စင်မ၏ လိုက်သတ်ခြင်း ခံရ၍ ထွက်ပြေးရသည်နှင့် စာလျှင် ယခုလောလောဆယ် အချိန်၌ ဤနေရာသည် ပို၍ လုံခြုံပေ၏။

ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် အန်လင်းအာလည်း အတော်လေး စိတ်ရွှင်လန်းလာ၏။ ထို့နောက် သူ့ဘေးနားထိုင်ချ၍ သူ့နား ပူးကပ်နေလေ၏။

ရန်ကိုင်သည် သူမ အပြုအမူကို စိတ်ထဲမထားဘဲ ဘေးပတ်လည်ရှိ နတ်ဆိုးမျိုးနွယ်စုဝင်များကိုသာ အာရုံ စိုက်ထားလိုက်၏။ ထိုလူများ၏ နတ်ဆိုးချီနှင့် ကောင်းကင်စိတ်အာရုံသည် စည်းခတ်ခြင်း ခံထားရ၏။ စည်းခတ်ခြင်း မခံထားရလျှင်ပင် ဤနေရာရှိ သိပ်သည်းလှသော ယန်ချီကြောင့် သူတို့၏ နတ်ဆိုးချီ ဖိနှိပ်ခြင်း ခံရပေလိမ့်မည်။

ဤနေရာ၌ ကျင့်ကြံခြင်းအဆင့် အမျိုးမျိုးသော နတ်ဆိုးအမျိုးမျိုးကို ဖမ်းဆီးထားကြ၏။ ကျင့်ကြံခြင်း အဆင့် အတိအကျကိုမူ ရန်ကိုင် မပြောနိုင်ချေ။ သူ့အသိစိတ်ပင်လယ် စည်းခတ်ထားခြင်း ခံရသဖြင့် ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်သေးချေ။

ရန်ကိုင်က သူ့အနီးအနားဝန်းကျင်ရှိ လူများကို လေ့လာနေစဉ် လူတစ်ယောက် သူ့အခန်းဆီသို့ ရုတ်တရက် ရောက်လာခဲ့၏။

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ထိုလူကို စစ်ဆေးကြည့်လိုက်၏။

ထိုလူကို ရန်ကိုင် ယခုလေးတင် မြင်ခဲ့ဖူး၏။ သူ၏ အဆင့်အတန်းသည် အတော်လေးကို မြင့်မားလှရာ နန်းတော်သခင်တွေထဲက တစ်ယောက်ဟုတောင် ဆို၍ ရ၏။

ထိုလူသည် အပြင်ဘက်တွင် ရပ်၍ ရန်ကိုင်ကို ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လိုက်၏။ ခဏအကြာ၌ နောက်ထပ်လူများစွာ ထပ်မံ ထွက်ပေါ်လာ၏။

“အခန်းကို ဖွင့်လိုက်” ဦးဆောင်လာသည့် လူက အစောင့်အကြပ်ကို ပြောလိုက်ရာ အစောင့်လည်း အခန်းတံခါးကို ချက်ချင်း ဖွင့်ပေးလိုက်လေ၏။

ထိုလူများ အခန်းထဲသို့ ရောက်လာသည်နှင့် အခန်းတစ်ခုလုံး သင်းပျံ့မွှေးကြိုင်သွားခဲ့၏။ ရန်ကိုင်လည်း အတော့်ကိုမှ အံ့အားသင့်နေခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူများသည် လှလှပပ စီစဉ်ထားသော စားကောင်းသောက်ဖွယ်များနှင့် ဝိုင်ကရားများစွာကို သယ်ဆောင်လာသောကြောင့်ပင် ဖြစ်၏။

“ကောင်လေး၊ မင်းကံကို ကျေးဇူးတင်သင့်တယ်။ ငါတို့ခေါင်းဆောင်က မင်းကို စောင့်ရှောက်ဖို့ပြောထားလို့ ဒါတွေကို လာပို့ပေးတာပဲ” ခေါင်းဆောင်လာသည့် လူကြီးက နှာခေါင်းရှုံ့၍ ရန်ကိုင်ကိုယ်ထဲ အစစ်အမှန်ချီ လှိုင်းတစ်လှိုင်း ပစ်သွင်းလိုက်၏။

သူ့ကိုယ်ရှိ စည်းအားလုံး ရုတ်တရက် ပျောက်ကွယ် သွားသည်ကို ရန်ကိုင် ခံစားလိုက်ရပြီး အစစ်အမှန်ချီ ကိုလည်း နောက်တစ်ကြိမ် ပြန်အသုံးပြုလာနိုင်ခဲ့၏။

သို့သော် ရန်ကိုင် ချက်ချင်း မလှုပ်ရှားသေးချေ။ မပိုင်ဘဲ အကွက်ရွေ့လျှင် ငါးပါးမှောက်နိုင်၏။

အစားအသောက်များကို ရန်ကိုင်ရှေ့တွင် ချထားပေးလိုက်ပြီးနောက် ဦးဆောင်လာသည့် လူက ထူးမခြားနားဟန်ဖြင့် ရပ်ကြည့်နေ၏။

“ဒါဘာအဓိပ္ပါယ်လဲ” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။ စားကောင်းသောက်ဖွယ်များ ယူလာပေးရုံမက ဝိုင်ကရားများပါ ယူလာပေးခြင်း၊ သူ့အစစ်အမှန်ချီနှင့် အသိစိတ်ပင်လယ်အား စည်းခတ်ထားသည်ကို ဖြေပေးခဲ့ခြင်း၊ ထိုကဲ့သို့ ရှင်းပြမရနိုင်သော အပြုအကြောင့် ရန်ကိုင်လည်း ချက်ချင်း သတိချပ်လိုက်မိ၏။

အလကားရသည့် နေလယ်စာဟူ၍ မရှိချေ။

“ဘာမှမဟုတ်ဘူး” ထိုလူက နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကို ဖွင့်လိုက်ရာ လက်သီးအရွယ် ဝါဖြော့ဖြော့ အသီးလေးတစ်လုံး ထွက်ပေါ်လာခဲ့၏။ ထိုအသီး ပေါ်လာသည်နှင့် အခန်းတစ်ခန်းလုံး သိပ်သည်းလှသော ယန်ချီများဖြင့် ပြည့်သွားသည်ကို ရန်ကိုင် ခံစားမိလိုက်၏။

ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ထိုအသီးကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေလိုက်၏။

“ဒီလောက် ‌ပေးပြီးတာတောင် သံသယဝင် နေတုန်းပါလား။ မြန်မြန် စားလိုက်” ထိုလူက အသီးကို ရန်ကိုင်ဆီ လှမ်းပစ်ပေးလိုက်၏။ ရန်ကိုင်လည်း အသီးကို ဖမ်းယူလိုက်ပြီး ထိုလူကို သင်္ကာမကင်း အမူအရာဖြင့် ပြန်စိုက်ကြည့်လိုက်၏။

ဦးဆောင်လာ‌သော လူသည် ဘာမှ ထပ်မပြောတော့ဘဲ သူ့လူများကို ဦးဆောင်၍သာ အခန်းထဲမှ ပြန်ထွက်သွားလေ၏။

ခဏအကြာ၌ ထိုအဖွဲ့ ပျောက်ကွယ်သွားခဲ့၏။

ရန်ကိုင်သည် သူ့ရှေ့ရှိ စားစရာများကို ချက်ချင်း မစားသေးဘဲ သေသေချာချာ ထိုင်စဉ်းစားလိုက်၏။ သို့သော် မည်သို့ပင် စဉ်းစားစေကာမူ ထိုလူများ ဘာလုပ်ချင်နေသည်ကို သူလုံးဝ မတွေးတောနိုင် ဖြစ်နေခဲ့၏။

ရုတ်တရက် သူ့ဘယ်ဘက် အခန်းဆီမှ ထူးဆန်းသည့် ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး “လူသားကောင်လေး၊ မင်းရဲ့ ကံက မဆိုးလှပါလား။ မသေခင်တောင် ကောင်းကောင်း ကန်ကန်း စားသွားရသေးတယ်။ အဲ့ခွေးသူတောင်းစား ကောင်တွေက မင်းကို တော်တော်လေး တန်ဖိုးထားတဲ့ ပုံပဲ”

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး အသံထွက်ပေါ်ရာ နေရာဆီ လှမ်းကြည့်လိုက်၏။ သို့သော် အရမ်း မှောင်လွန်းသဖြင့် ထိုလူပုံစံကို သေချာ မမြင်ခဲ့ရချေ။

မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ရင်းရင်းနှီးနှီး ရယ်မောလျက် ပြန်မေးလိုက်၏ “မိတ်ဆွေ၊ အားလုံးက တစ်လှေတည်း စီးနေရတဲ့ လူတွေပဲလေ။ ဘာလို့ တစ်ယောက်ကိုတစ်ယောက် လှောင်ပြောင်နေချင် ရတာလဲ။ မင်းရော လိုချင်လို့လား”

“မလိုပါဘူး။ မင်းကံကောင်းပါစေကွာ” ထိုလူက ရန်ကိုင်၏ ကမ်းလှမ်းချက်ကို ခပ်ပြတ်ပြတ် ငြင်းပယ် ပစ်လိုက်၏။

“အဆိပ်ခတ်ထားလို့လား” အန်လင်းအာက စိုးရိမ်နေသည့် လေသံလေးဖြင့် မေးလိုက်၏။

“အတွေးမလွန်နဲ့” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။ ထိုလူများသာ သူတို့ကို သတ်ချင်လျှင် ယခုကဲ့သို့ လုပ်နေစရာ မလိုချေ။ သူတို့ ခွန်အားနှင့်ပင် ရန်ကိုင်နှင့် အန်လင်းအာကို ချက်ချင်း တန်းသတ်ပစ်နိုင်လေရာ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ အလုပ်ရှုပ် ခံနေရမည်နည်း။

ထို့အပြင် ထိုအရာက ဘာမှန်း ရန်ကိုင် မသိသော်လည်း ထိုအသီးသည် ပုံမှန်မဟုတ်သည့် အရာ တစ်ခုခု ဖြစ်ရပေမည်။ အနည်းဆုံး ထိုအသီးသည် ယန်ဓါတ် ပေါကြွယ်ဝသည့် စိတ်ဝိဥာဉ် အထွတ်အထိပ် အဆင့် အသီးတစ်လုံး ဖြစ်ပေ၏။

ထိုကဲ့သို့သော အသီးတစ်လုံးသည် ရန်ကိုင်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်ရှိ လူတစ်ယောက်အတွက် အားပြန်ပြည့်လာရန် လုံလောက်၏။

“စားလိုက်၊ ဒါတွေကို အဆိပ်ခတ်မထားဘူး” ရန်ကိုင်က ပြုံးလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ကို အန်လင်းအာ လက်ထဲ ထည့်ပေးလိုက်၏။

အစစ်အမှန်ချီနှင့် စိတ်စွမ်းအင် စည်းခတ် ခံရပြီးနောက် အန်လင်းအာမှ ကြောက်ကြောက်လန့်လန့် ဖြင့် အကျဉ်းခန်းထဲ နေခဲ့ရ၏။ သူမလည်း အားပြန်ဖြည့်ရန် လိုအပ်နေလေရာ ချက်ချင်းပဲ စစားတော့လေ၏။

ရန်ကိုင်သည်လည်း သူ့ရှေ့တွင် လာချပေးထားသော အစားအစာ မှန်သမျှကို အပီအပြင် ဆွဲတော့လေ၏။ သူ့အား ပေးထားသော အသီးကို စားပြီးနောက် ယန်အရည်စက် အနည်းငယ် ဖန်တီးနိုင်ခဲ့၏။

ဤရက်အတောအတွင်း ဤနေရာရှိ လူများသည် ရန်ကိုင်ဆီသို့ နေ့တိုင်း အစာလာပို့ပေး၏။

ရန်ကိုင်လည်း ပတ်ဝန်းကျင် အသစ်နှင့် နေသား ကျနေလေပြီ။ ဤရက်များအတွင်း သူ့ဒဏ်ရာများ အပြည့်အဝ သက်သာသွားရုံမက သူ့ခွန်အားပင် မဆိုသလောက်ကလေး တိုးတက်လာသေး၏။ ယခု နေရာသည် အစစ်အမှန်ယန်ကျင့်စဉ်ကို လေ့ကျင့်ရန် အတွက် နေရာကောင်းတစ်ခုပင် ဖြစ်လေ၏။

ရန်ကိုင်နှင့် အန်လင်းအာတို့ နေ့စဉ်နေ့တိုင်း ကောင်းကောင်းကန်းကန်း စားသောက်နေရသည်ကို မြင်ဖန်များလာရသော် ဘေးဘက်အခန်းရှိ နတ်ဆိုးမျိုးနွယ်စုဝင်များ မပျော်မရွှင် ဖြစ်လာခဲ့ကြ၏။

အကျဉ်းသားချင်း တူသော်လည်း ဆက်ဆံခံရပုံမှာ မိုးနှင့်မြေအလား ကွာခြားလှ၏။

ဘယ်ဘက်အခန်းရှိ နတ်ဆိုးမျိုးနွယ်စုဝင်သည် ရန်ကိုင်အနေဖြင့် မကြာခင်မှာပဲ အသတ်ခံရမည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော် ရက်ပေါင်းများစွာ ကြာပြီးသည့်တိုင် ရန်ကိုင်သည် မည်သည့် ပြဿနာမှ မကြုံတွေ့ရရုံမက အမျိုးမျိုးသော စားကောင်း သောက်ဖွယ်များကိုပင် စားနေရသေးလေရာ ထိုလူမှာ လုံးဝကို ပြောစရာစကား မဲ့သွားခဲ့ရ၏။

ငါးရက်လောက် ကြာပြီးနောက် ရန်ကိုင်သည် အကျဉ်းခန်းထဲ တင်ပလင်ခွေ ထိုင်နေစဉ် မတည်ငြိမ်သော ယန်စွမ်းအင်လှိုင်းများကို ရုတ်တရက် အာရုံခံမိလိုက်၏။

မျက်မှောင်ကြုံ၍ ဘာတွေ ဖြစ်ပျက်နေလဲ သိရရန် စစ်ဆေးကြည့်လိုက်သော်ငြား အသုံးဝင်သည့်အရာ ဘာကိုမှ ရှာမတွေ့ခဲ့ချေ။

တစ်ဖက်တွင်မူ ထိုစွမ်းအင်လှိုင်းများကို အာရုံ ခံမိသည်နှင့် နတ်ဆိုးမျိုးနွယ်စုဝင် အားလုံး တိတ်ဆိတ် သွားခဲ့ကြပြီး ဂနာမငြိမ် ဖြစ်လာခဲ့ကြ၏။

“သူတို့တွေ ဘာဖြစ်နေတာလဲ” အန်လင်းအာက ရန်ကိုင်နား တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်၏။

ရန်ကိုင် ခေါင်းခါလိုက်၏။ သူ့အမူအရာသည်လည်း လေးနက်လာခဲ့လေ၏။

ခဏအကြာ၌ ခြေသံများစွာ ထွက်ပေါ်လာခဲ့ပြီး အကျဉ်းထောင်ထဲသို့ လူပေါင်းများစွာ ဝင်လာခဲ့၏။ ထိုလူများသည် နတ်ဆိုးမျိုးနွယ်စုဝင် အချို့ကို ကန်ကျောက်၊ အော်ဟစ်ရင်း ဆွဲခေါ်သွားခဲ့ကြ၏။

သူတို့၏ ခွန်အားမှ စည်းခတ်ထားခြင်း ခံရသဖြင့် နတ်ဆိုးမျိုးနွယ်စုဝင်များသည် ပြန်မတိုက်နိုင်ဘဲ ဆွဲခေါ်ရာသို့သာ လိုက်ပါသွားခဲ့ရ၏။

ထိုအကျဉ်းသားများကို ဆွဲခေါ်သွားပြီးနောက် အကျဉ်းခန်းတံခါး နောက်တစ်ကြိမ် ပြန်ပိတ်သွားခဲ့၏။

ကျန်ရှိနေကြသော နတ်ဆိုးမျိုးနွယ်စုဝင်များကမူ စတင် ကျိန်ဆဲကြလေရာ ခဏအကြာ၌ အခန်း တစ်ခန်းလုံး ပွက်ပွက်ညံအောင် ဆူညံလာတော့၏။

“တော်လောက်ပြီး။ မင်းတို့အားလုံး ပါးစပ် ပိတ်ထားလိုက်တော့။ အော်နေလို့ အသုံးဝင်မယ် ထင်လား” ရန်ကိုင်ကို စကားပြောခဲ့သည့် နတ်ဆိုး မျိုးနွယ်စုဝင်က အော်ဟစ်လိုက်၏။

မကြာခင်မှာပဲ အာလုံး တိတ်ဆိတ်သွားခဲ့၏။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်လည်း ထိုလူကို စိတ်ဝင်တစား စိုက်ကြည့်လိုက်၏။ ထိုလူသည် နတ်ဆိုး မျိုးနွယ်စုထဲ အဆင့်အတန်းတစ်ခုရှိသည့် ပုံပင်။ မဟုတ်လျှင် သူအော်လိုက်သည်နှင့် အကုန်လုံး တိတ်ကျသွားလိမ့်မည် မဟုတ်ချေ။

အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက် ကုန်ဆုံးသွားပြီးနောက် မတည်ငြိမ်သော စွမ်းအင်လှိုင်းတို့ ငြိမ်ကျသွားခဲ့၏။

အကုန်လုံး သိသိသာသာကို စိတ်ဓါတ်ကျသွားခဲ့ပြီး ငေးငေးငိုင်ငိုင် ဖြစ်ကုန်ကြလေ၏။

ထိုအခြင်းအရာကို မြင်သော် ထိုနတ်ဆိုး မျိုးနွယ်စုဝင်များ တစ်ခုခု သိလောက်လောက်မည်မှန်း ရန်ကိုင် သိလိုက်၏။

တစ်ရက်ကြာပြီးနောက် ရန်ကိုင်ဆီသို့ အစားအသောက်များ ထပ်မံရောက်လာခဲ့၏။ ယခုတစ်ကြိမ်တွင် ရန်ကိုင်သည် အစားအစားများကို ချက်ချင်း မစားသေးဘဲ ဝိုင်တစ်ကရားကို ယူ၍ သူ့ဘယ်ဘက်ရှိ နတ်ဆိုးမျိုးနွယ်စုဝင်ဆီ သွားလိုက်ကာ ရင်းရင်းနှီးနှီး လေသံဖြင့် “မင်းရော သောက်ချင်းလား။ ဒီဝိုင်က သိပ်မဆိုးဘူး”

အမှောင်ထုထဲမှ မျက်ဝန်းတစ်စုံသည် ရန်ကိုင်ကို ဖြည်းဖြည်းချင်း စိုက်ကြည့်လာခဲ့၏။ ခဏကြာပြီးနောက် နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာခဲ့၏။

“ငါက လူသား၊ မင်းက နတ်ဆိုး၊ ငါတို့ မျိုးနွယ်စု နှစ်ခုကြားက ဆက်ဆံရေးကလည်း ကောင်းတာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ဆီမှာ စကားပုံတစ်ခုရှိတယ် ‘ကိုယ့်ရန်သူရဲ့ ရန်သူက ကိုယ့်မိတ်ဆွေပဲတဲ့’ မင်းဘယ်လို ထင်လဲ” ရန်ကိုင်က ဆက်ပြောလိုက်၏။

ထိုနတ်ဆိုးမျိုးနွယ်စုဝင်က တစ်ခဏလောက် စဉ်းစားလိုက်ပြီး “ဟန့်၊ မင်းတို့လူသားတွေက အရမ်းကို ကောက်ကျစ်ဥာဏ်များကြတဲ့ ကောင်တွေ။ ဒါပေမယ့် မင်းကတော့ အဲ့လောက်ကြီး မုန်းစရာကောင်းတဲ့ပုံ မပေါက်ဘူးပဲ”

ပြောပြီးသည်နှင့် မတ်တပ်ရပ်၍ အကျဉ်းခန်း နှစ်ခု ကပ်လျက်နေရာဆီ သွားလိုက်ပြီး ထိုင်ချလိုက်ကာ ရန်ကိုင်ပေးသည် ဝိုင်ကရားကိုယူ၍ မော့ချလိုက်၏။

ခဏကြာပြီးနောက် ဝိုင်တစ်ကရားလုံး ကုန်သွားခဲ့ရာ ရန်ကိုင်က နောက်ထပ် ဝိုင်တစ်ကရား ထပ်ပေးလိုက်၏။

ရန်ကိုင်က ခခယယ လုပ်နေသည်ကို မြင်သော် နတ်ဆိုးမျိုးနွယ်စုဝင်က လှောင်ပြောင်ပြောဆိုလိုက်၏ “ငါမင်းတို့ လူသားတွကို အရွံ့ဆုံးပဲ။ အားကြီးတဲ့သူနဲ့ တွေ့ရင် ခယဝပ်တွားလိုက်တာ။ အားနည်းတဲ့လူနဲ့လည်း တွေ့ရော မိုးထိမတတ်ကို မောက်မာပြတော့တာပဲ”

“ဟဲဟဲ” ထိုလူစကားကြောင့် ရန်ကိုင် ဒေါသ ထွက်သွားခြင်း မရှိခဲ့။ ရယ်ရယ်မောမောဖြင့်သာ “အရင်သောက်လိုက်ပါဦး။ နောက်မှ စကားပြောကြတာပေါ့”

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၅) သေခြင်းတရား နီးကပ်လာခြင်း

အစားအသောက်များ အလျင်အမြန်ပဲ ကုန်ဆုံးသွားခဲ့၏။

နတ်ဆိုးမျိုးနွယ်စုမှ လူသည် ဆက်လက် ဆဲရေးမနေတော့သော်ငြား ရန်ကိုင်ကို အထင်သေး၊ အမြင်သေးဖြင့် စိုက်ကြည့်နေဆဲ။

“မင်းမေးချင်တာ တစ်ခုခုရှိလို့လား” ရန်ကိုင် ဘာကြံနေလဲ သိလေရာ ထိုလူက အရင်စမေးလိုက်၏။

ရန်ကိုင်က ပြုံးရုံသာ ပြုံးလိုက်ပြီး သူ့နာမည်ကို အရင်ပြောပြလိုက်ပြီးနောက် “မိတ်ဆွေရဲ့ နာမည်ကို မသိရသေးဘူးနော်”

ထိုလူ မျက်မှောင်ကြုံ့သွားခဲ့ပြီး မပြောချင် ပြောချင်ဖြင့် ပြန်ပြောလိုက်၏ “ကျိုးချဲ”

ထိုနာမည်ကို ကြားသော် ရန်ကိုင် အမူအရာ ပြောင်းလဲသွားခြင်း မရှိသော်လည်း အနားတွင် ရှိနေသော အန်လင်းအာကမူ ပါးစပ်လေးကို လက်ဖြင့်အုပ်၍ အလန့်တကြား ထအော်လေ၏။

“ဟန်” ရန်ကိုင်က အန်လင်းအာဆီ အကြည့်လှည့်လိုက်၏။

“ရှင်က ကျိုးချဲဆိုတာ တကယ်ပဲလား” အန်လင်းအာက ထိုနတ်ဆိုးမျိုးနွယ်စုဝင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။

“ဟုတ်တယ်”

“ဘုရားရေ၊ ရှင်က တကယ်ကြီး ကျိုးချဲပဲ။ ဒါနဲ့ နေစမ်းပါဦး၊ ရှင်က ဒီမှာ ဘယ်လိုလုပ်ပြီး အချုပ်ကျနေတာလဲ”

“သူက ကျော်ကြားလို့လား” ရန်ကိုင်က အန်လင်းအာကို မေးလိုက်၏။

ကျိုးချဲက နှာခေါင်းရှုံ့လိုက်ပြီး နှုတ်ခမ်းအစုံကို တွန့်ကွေး၍ “လူသားကောင်လေး၊ မင်းကို တော်ပါတယ်လို့ ထင်နေခဲ့တာ။ တကယ်တော့ မင်းက ဘာမှမသိတဲ့ ကောင်ပဲ”

“အာနာပေမယ့် ခင်ဗျားအကြောင်းကို ကျုပ်တစ်ခါမှ မကြားဖူးဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်၏။

အန်လင်းအာက သူမ၏ နှုတ်ခမ်းလေးကို သပ်၍ တိုးတိုးလေး ပြောလိုက်၏ “ကျိုးချဲဆိုတဲ့ နာမည်ကို ကြားဖူးပေမယ့် တကယ် ကျော်ကြားတာက သူမဟုတ်ဘူး။ နတ်ဆိုးဗိုလ်ချုပ် လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သူ့အဖေ ကျိုးချုန်ပဲ”

“မင်းရဲ့ လူအိုကြီးက နတ်ဆိုးဗိုလ်ချုပ် တစ်ယောက်လား” ရန်ကိုင်လည်း ထိတ်လန့်သွားခဲ့၏။

‘နတ်ဆိုးဗိုလ်ချုပ်’ ဆိုသော ခေါင်းစဉ်ကို ရန်ကိုင် အတော်လေး ရင်းနှီးပေး၏။ တိမ်မိစ္ဆာနယ်မြေထဲရှိ မိစ္ဆာလိုဏ်ဂူထဲတွင် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်၏ ကိုယ်ပွါးကို သူသတ်ခဲ့ဖူးပေ၏။ တုန်းရွှမ်လောကကြီး ဆီသို့ ရောက်လာပြီးမှသာ နတ်ဆိုးဗိုလ်ချုပ် တစ်ယောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူသိခဲ့ခြင်း ဖြစ်၏။

“ငါ့အဖေက ငါ့အဖေ၊ ငါက ငါပဲ” ကျိုးချဲသည် သူ့ထက် သူ့အဖေကိုသာ အခြားသူများ အလေးထားသည်ကို မကြိုက်သည့်ပုံပင်။

“အဲ့လောက် အားကောင်းတဲ့ အဖေတစ်ယောက် ရှိနေတာတောင် ဒီမှာ ဘယ်လိုလုပ်ပြီး အကျဉ်းချ ခံထားရတာလဲ” ရန်ကိုင်က အနည်းငယ် ကြောင်အနေသည့် အမူအရာဖြင့် မေးလိုက်၏။

ကျိုးချဲ မျက်လုံးမှေးစဉ်း၍ ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး တစ်ခဏကြာပြီးနောက် လေးလေးပင်ပင် သက်ပြင်းချလိုက်ကာ “ကံတောက်လျှောက် ဆိုးနေလို့ပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့အကြောင်းကို မပြောဘဲ နေကြရအောင်။ ဒီနေရာကနေ လွတ်တာနဲ့ စစ်သားတွေခေါ်ပြီး ဒီနေရာတစ်ခုလုံးကို ပြာချပစ်မယ်”

“မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်လာပါစေကွာ” ရန်ကိုင်က ဝတ်ကျေတမ်းကျေ ပြောလိုက်ပြီးနောက် လိုရင်းဆီ သွားလိုက်၏ “ဒီနေရာအကြောင်း မင်းဘယ်လောက် သိလဲ”

“သိပ်မသိဘူး” ကျိုးချဲက ခေါင်းခါပြလိုက်၏ “ဒီနေရာက လူတွေက သူတို့ကို နေမင်းကလန်သားတွေလို့ ခေါ်ကြတာပဲသိတယ်။ တစ်ချိန်တုန်းက သူတို့တွေက လူသားမျိုးနွယ်စုကပဲ။ ဒါပေမယ့် သူတို့ကျင့်ကြံတဲ့ ကျင့်စဉ်ရယ်၊ မဟုတ်တရုတ် နတ်ဘုရားသစ်ပင်ကြီးရယ် ကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်က သာမန်လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ သိပ်မတူဘူး။ ဒါကြောင့် သူတို့ကိုယ်သူတို့ နာမည်အသစ် ပေးလိုက်တာပဲ”

“နတ်ဘုရားသစ်ပင်လား” ထိုနာမည်ကို ကြားသည်နှင့် ရန်ကိုင် မျက်မှောင်ကြုံ့လိုက်၏။ သူနိုးလာစဉ်က ထိုနာမည်ကို ဝိုးတဝါး ကြားမိခဲ့၏။ သူထင်သည်သာ မမှားပါက သူသာ နာနာခံခံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုပါက သူ့ကို နတ်ဘုရား သစ်ပင်၏ မြေဩဇာလုပ်ပစ်မည်ဟု သူ့ကို ခန်းမထဲ ခေါ်သွားသည့် ကလန်သားက ပြောခဲ့ဖူး၏။

“ဟုတ်တယ်။ အဲ့နတ်ဘုရားသစ်ပင်က နေမင်းကလန်ရဲ့ မရှိမဖြစ် အရာတစ်ခုပဲ။ ဒီကို ရောက်လာတုန်းက ဧရာမသစ်ပင်ကြီး တစ်ပင်ကို သတိမပြုမိဘူးလား။ ဒီနေရာမှာ ယန်ချီ အရမ်း သိပ်သည်းနေရာက အဲ့နတ်ဘုရားသစ်ပင်ကြောင့်ပဲ။ မဟုတ်ရင် ငါတို့ နတ်ဆိုးချီလည်း အရမ်းကြီး ဖိနှိပ်ထားခံရမှာ မဟုတ်ဘူး”

နတ်ဆိုးမျိုးနွယ်စုဝင်များထဲ စီးဆင်းနေသော ချီကို နတ်ဆိုးချီဟု ထိုခေါ်ပြီး ထိုချီသည် လူသားမျိုးနွယ် ကျင့်ကြံသူများ ကိုယ်ထဲ စီးဆင်းနေသည့် အစစ်အမှန်ချီနှင့် တူပေ၏။

ကျိုးချဲရှင်းပြသည်ကို နားထောင်ပြီးနောက် ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။ သူတို့ ရောက်လာစဉ်က နတ်ဘုရားသစ်ပင်ကို မတွေ့ခဲ့ချေ။ အခြားဝင်ပေါက်တစ်ခုမှ ဤဆန်းကြယ်လောကငယ်ထဲ ရောက်လာသည့်အတွက်ကြောင့် နတ်ဘုရားသစ်ပင်ကို မတွေ့ခဲ့ခြင်း ဖြစ်နိုင်ပေ၏။

“နတ်ဘုရားသစ်ပင်က အစစ်အမှန်ယန်ချီကို ထုတ်လွှတ်ပေးနိုင်တဲ့ ထူးဆန်းတဲ့ တည်ရှိမှုတစ်ခုပဲ။ ဒါပေမယ့် အခုနောက်ပိုင်း ဘာအကြောင်းကြောင့်မှန်း မသိဘူး။ နတ်ဘုရားသစ်ပင်က မတည်မငြိမ် ဖြစ်လာတယ်။ နတ်ဘုရားသစ်ပင် တစ်ခုခု ဖြစ်မသွားစေဖို့အတွက် နေမင်းကလန်သားတွေက အပြင်ဘက်လောကကြီးက လူတွေကို စဖမ်းကြတော့တာပဲ။ ဒါပေမယ့် ဒီဆန်းကြယ်လောကငယ်ထဲကနေ အပြင်ဘက်ကို ဦးတည်နေတဲ့ ဝင်ပေါက်က တစ်ခုပဲရှိတယ်။ အဲ့ဝင်ပေါက်က ငါတို့ နတ်ဆိုးကုန်းမြေထဲမှာဆိုတော့ ဒီက လူတွေက ငါတို့နတ်ဆိုးမျိုးနွယ်စုကို ဖမ်းကြတာပေါ့။ အဲ့လိုနဲ့ ငါလည်း အဖမ်းခံရပြီး ဒီကို ရောက်လာခဲ့တာပဲ”

“ဒီနေရာမှာ ဝင်ပေါက်တစ်ခုထက် မက ရှိတယ်။ ငါတို့တွေက အဲ့ကနေ ဒီနေရာကို မတော်တဆ ရောက်လာခဲ့တာ” ရန်ကိုင်က ရှင်းပြလိုက်၏။

“အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” ကျိုးချဲက အသာအယာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်၏ “မတည်မငြိမ် ဖြစ်နေတဲ့ စွမ်းအင်လှိုင်းတွေကို မင်းလည်း ခံစားမိမှာပေါ့။ အဲ့စွမ်းအင်လှိုင်းတွေက နတ်ဘုရားသစ်ပင် မတည်မငြိမ် ဖြစ်နေလို့ ထွက်ပေါ်လာတာပဲ။ အဲ့လို ဖြစ်တိုင်း သူတို့တွေက ဖမ်းထားတဲ့ ငါတို့ ကလန်သားတွေကို ခေါ်ပြီး သူတို့ရဲ့ အသွေး၊အသားနဲ့ နတ်ဘုရားသစ်ပင်ကို အားဖြည့်ပေးတယ်လေ”

“ဒါဆိုရင် အခု ခေါ်သွားခံရတဲ့လူတွေ အကုန်လုံး…”

“သေသွားပြီ” ကျိုးချဲက လှောင်ပြောင် ပြောဆိုလိုက်၏ “ပြီးတော့ ငါတို့ အလှည့်ရောက်ဖို့လည်း ကြာမှာ မဟုတ်တော့ဘူး။ မင်းမြင်တဲ့အတိုင်းပဲ ဒီမှာ လူအများကြီး ကျန်တော့တာမှ မဟုတ်တာ”

ထိုစကားကို ကြားသည်နှင့် ရန်ကိုင် အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့၏။ သူနှင့် ကပ်လျက် အခန်း၌ လူတစ်ယောက်၊ နှစ်ယောက်စသာ ကျန်တော့၏။ အခြား အခန်းများတွင်လည်း အများကြီး မကျန်တော့ချေ။ နတ်ဘုရားသစ်ပင် မတည်မငြိမ် ဖြစ်တိုင်း နတ်ဆိုးမျိုးနွယ်စုဝင်များကို စတေးကြ၏။ ထို့ကြောင့် သူတို့အလှည့်ရောက်ရန် အရမ်းကြီး ကြာတော့လိမ့်မည် မဟုတ်ချေ။

နေမင်းကလန်သည် နတ်ဆိုးကုန်းမြေမှ နတ်ဆိုးမျိုးနွယ်စုဝင်များကို အဆက်မပြတ် ဖမ်းနေခဲ့ရာ ယခုအချိန်လောက်ဆိုလျှင် နတ်ဆိုးမျိုးနွယ်စုလည်း သတိပြုမိနေလောက်ပေပြီ။ ထို့ကြောင့် ယခင်ကကဲ့သို့ နတ်ဆိုးမျိုးနွယ်စုဝင်များကို ဖမ်းဆီးရန် မလွယ်ကူတော့ချေ။

“လွန်ခဲ့တဲ့ရက်တုန်းက မင်းစားခဲ့တဲ့ အသီးက အဲ့နတ်ဘုရားသစ်ပင်ကနေ ဖြစ်လာတာ” ကျိုးချဲက မျက်မှောင်ကြုံ့ကာ ရှင်းပြလိုက်၏ “အဲ့အသီးကို ပျော်ပျော်ကြီး စားနေတာရယ်၊ မင်းဆီကနေ စိတ်ပျက်စရာ ခံစားချက်ကို ရနေတာရယ်၊ အဲ့နှစ်ခုကို ပေါင်းပြီး စဉ်းစားကြည့်ရမယ်ဆိုရင် မင်းက ယန်ကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားတယ်မလား”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“အဲ့လိုဆိုရင် အခုလောလောဆယ် မင်း စိတ်အေးအေးနေလို့ ရတယ်။ အာလုံး မသေခင် မင်းသေဦးမှာ မဟုတ်ဘူး။ နတ်ဘုရားသစ်ပင်က မင်းလို လူမျိုးတွေကို နှစ်သက်တော့ သူတို့တွေက မင်းကို နောက်ဆုံးအတွက် ချန်ထားမှာ သေချာတယ်” ကျိုးချဲက ပြောလိုက်၏။ တစ်ပါးသူ ဒုက္ခရောက်နေသည်ကို ကြည်နူးနေသည့် သူ့မျက်နှာထက်ရှိ ကြောက်စရာ အပြုံးကြောင့် အန်လင်းအာ ကျောပြင်တစ်လျှောက် စိမ့်တက်သွားခဲ့ရ၏။

“အခုလို စဉ်းစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်၏။

ကျိုးချဲက ကြိတ်ရယ်လိုက်ပြီး အန်လင်းအာ တစ်ကိုယ်လုံးကို စိတ်ရှိလက်ရှိ ဝေ့ကြည့်လိုက်ကာ အဓိပ္ပါယ်ပါပါ ပြောလိုက်၏ “ကောင်လေး၊ ငါသာ မင်းနေရာမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် ပျော်အောင် နေတယ် သိလား။ မိန်းမလှလေးတစ်ယောက် အနားမှာ ရှိနေတာတောင် မထိဘဲ နေတယ်ဆိုရင်တော့ မင်းအောက်မှာ ပြဿနာ ရှိနေလို့လား။ အဲ့လိုဆိုရင် မကောင်းဘူးနော်။ ကောင်မလေးကို စိတ်ပျက်အောင် လုပ်တာ မကောင်းဘူးကွ”

ကျိုးချဲ ထိုစကားကို ပြောလိုက်သည်နှင့် ကျန်သည့် နတ်ဆိုးမျိုးနွယ်စုဝင် အားလုံး ပွဲကျသွားခဲ့၏။

ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး ကျိုးချဲ ဆိုသူ၏ မျက်နှာကို ထရိုက်ချင်စိတ် ပေါက်လာ၏။ အန်လင်းအာကမူ ကျိုးချဲ ပြောလိုက်သည့် စကားကြောင့် ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့ပြီး ရန်ကိုင်နောက်၌ ပုန်းကွယ်နေတော့လေ၏။

———————————-

ကျိုးချဲနှင့် စကားပြေားပြီးသည့် အချိန်မှစ၍ လက်ရှိ အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့၏။ ဖြစ်လာမည့် နောက်ဆက်တွဲ ရလဒ်များအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်တော့လေ၏။

ဝိုင်အရသာကို တစ်ကြိမ် မြည်းစမ်းဖူးသွားသည့် အချိန်မှစ၍ ကျိုးချဲသည် ပို၍ အရှက်မဲ့လာခဲ့၏။ နေမင်းကလန်သားများ ရန်ကိုင်ဆီ အစားအသောက် လာပို့တိုင်း ကျိုးဆဲသည် ရန်ကိုင်ဆီမှ ဝိုင်နှစ်ကရား အမြဲယူလေ၏။

ရန်ကိုင်ကမူ ကျိုးချဲ၏ အပြုအမူကို စိတ်ထဲ မထားခဲ့ပေ။

ရက်ပေါင်းများစွာ အတူရှိလာပြီးနောက် ကျိုးချဲသည် ရန်ကိုင်က သွေးသောက်ညီအစ်ကို တစ်ယောက်ပမာ အဆင့်ထိ မရောက်သော်ငြား အတော့်ကို ရင်းရင်းနှီးနှီး ဆက်ဆံလာခဲ့လေ၏။

ရန်ကိုင်ကို စိတ်ညစ်စေသော တစ်ခုတည်းသော အရာသည်ကား အန်လင်းအာက ကိစ္စပင်။ ကျိုးချဲ ထိုအကြောင်းကို ကျိုးချဲပြောလိုက်သည့် အချိန်တိုင်း အန်လင်းအာ၏ မျက်နှာလေး ရဲပတောင်းခတ်သွားပြီး ရှက်ရှက်ဖြင့် ရန်ကိုင်နောက် ပုန်နေတော့လေ၏။

ဤနေရာ၌ အကျဉ်းချထားခံရပြီး ဘယ်အချိန် သေမလဲ ဆိုသည်ကို မသိရလေရာ နတ်ဆိုးမျိုးနွယ်စုဝင် များသည် တဖြည်းဖြည်းဖြင့် စည်းလွတ်ကမ်းလွတ် ဖြစ်လာခဲ့၏။ စိတ်ညစ်စရာ ကိစ္စများကို တွေးမနေတော့ဘဲ ပျော်ပျော်သာ နေနေကြတော့၏။

လွန်ခဲ့သည့် (၁၀)ရက်က နတ်ဘုရားသစ်ပင်မှ မတည်ငြိမ်သော ယန်ဓါတ်စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာသည်ကို ရန်ကိုင် အာရုံခံမိလိုက်၏။

အကြိမ်တိုင်း အကျဉ်းချထားခံရသော နတ်ဆိုး မျိုးနွယ်စုဝင်များစွာ ဆွဲခေါ်သွားခံရပြီး ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ချေ။

အချိန်ကြာလာသည်နှင့် လက်ကျန် နတ်ဆိုး မျိုးနွယ်စုဝင်များသည်လည်း မပျော်နိုင်တော့ဘဲ တဖြည်းဖြည်းဖြင့် စိတ်လေးလံလာခဲ့ကြရ၏။

သေခြင်းသည် သူတို့နှင့် မဝေးတော့မှန်း အားလုံး သတိပြုမိကြ၏။

အကုန်လုံးသည် စိတ်အခြေအနေရော၊မျက်နှာ အမူအရာပါ မကောင်းကြ။ ရန်ကိုင်နှင့် ကျိုးချဲတို့ နှစ်ယောက်သာ သူတို့ သေရမည်ကို ဂရုမစိုက်သည့်အလား စိတ်မပူဟန်ဖြင့် ရှိနေခြင်း ဖြစ်၏။

ရန်ကိုင်သည် သူ့အချိန်အများစုကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့ပြီး သူ့ခွန်အားကို ပို၍ တိုးတက်လာအောင် အဆက်မပြတ် ကျင့်ကြံနေခဲ့၏။

ဤနေရာမှ ဆွဲထုတ်ခံရသည့် တစ်နေ့ တိုက်ပွဲကြီး တစ်ပွဲကို တိုက်ခိုက်ရမည်မှန်း ရန်ကိုင် သိ၏။ ဤဆန်းကြယ်လောကငယ်အတွင်း ရှင်သန်နိုင်ဖို့ရာ တိုက်ခိုက်ရပေမည်။ ထို့ကြောင့် ယခုအချိန်၌ သူအလုပ်သင့်ဆုံးသော အရာသည်ကား သူ့ဓါးသွားကို အဆက်မပြတ် သွေးပေးနေခြင်းပင် ဖြစ်လေ၏။

သူတော်စင်အဆင့်အောက်၌ မည်သူ့ကိုမှ ရန်ကိုင် မျက်လုံးထဲ မထည့်ချေ။ တစ်ယောက်ယောက်သာ သူ့ကို လာရန်စပါက ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ထုတ်ပေးလိုက်ရုံပင်။ ဝိဥာဉ်ဝါးမြိုအင်းဆက်များကိုသာ ထုတ်လွှတ်လိုက်သည်နှင့် ဤဆန်းကြယ်လောကငယ် တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားပေလိမ့်မည်။ နေမင်းကလန်၏ ခေါင်းဆောင်များသည်လည်း ထိုကဲ့သို့ အဖြစ်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်လည်း ထိုလူနှင့် ဆွေးနွေးညိနှိုင်းခွင့် ရနိုင်၏။

သို့ဖြစ်ရာ မည်သည့်အတွက်ကြောင့် ထိတ်လန့် တုန်လှုပ်နေရမည်နည်း။

သို့သော်လည်း ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် သူ၏ အကြီးမားဆုံး ဝှက်ဖဲဖြစ်လေရာ နောက်ဆုံးအချိန် မတိုင်ခင်အထိ ထုတ်သုံးမည် မဟုတ်ချေ။

ဤသို့ဖြင့် နှစ်လကုန်ဆုံးသွား၏။ ငါးရက်ကြာတိုင်း အကျဉ်းထောင်ထဲမှ နတ်ဆိုးမျိုးနွယ်စုတစ်သိုက် ဆွဲထုတ်သွားခံရ၏။ သို့သော် အချိန်ကြာလာသည်နှင့် အမျှ နတ်ဘုရားသစ်ပင်သည် မကြာမကြာ မတည်မငြိမ် ဖြစ်လာခဲ့၏။

ယခု အကျဉ်းထောင်ထဲတွင် လူအနည်းငယ်သာ ရှိတော့၏။

ရန်ကိုင်၊ အန်လင်းအာ၊ ကျိုးချဲနှင့် သူ့ကလန်သားများသာ ကျန်ရှိတော့၏။

နောက်တစ်ကြိမ် နတ်ဘုရားသစ်ပင် မတည်မငြိမ် ဖြစ်သည့်အချိန် သူတို့ အလှည့်ရောက်ပေလိမ့်မည်။ သေမင်းသည် သူတို့ဆီ ရောက်လာတော့မည် ဟူသော အတွေးသည် တည်ငြိမ်နေတတ်သော ကျိုးချဲကိုပင် နေမထိထိုင်မထိ ဖြစ်စေ၏။

တစ်နေ့ ရန်ကိုင်နှင့် သောက်စားနေစဉ် ကျိုးချဲက ရုတ်တရက် ပြောလိုက်၏ “ရောင်းရင်း၊ မင်းက တကယ့် ယောကျ်ားတစ်ယောက်ပဲ။ သေရတော့မယ်ဆိုရင် မင်းခုခံနေမှာလား”

“ငါ့မှာခုခံနိုင်စွမ်းရှိမယ်လို့ မင်းထင်လား” ရန်ကိုင်က ပြန်မေးလိုက်၏။

“သူတို့တွေက မင်းရဲ့ အစစ်အမှန်ချီကို စည်းခတ် မထားဘူးလေ။ မင်းရဲ့ အခွင့်အရေးက ငါတို့ထက် အများကြီး ပိုသာတယ်”

“အဲ့လိုဖြစ်လာခဲ့ရင် သေမှာကို ဘာလို့ ထိုင်စောင့်နေရမှာလဲ”

“ဟုတ်တယ်။ အချိန်ရောက်လာရင် ငါမင်းကို ကူညီပေးမယ်။ ဒီနေရာကနေ မင်းလွတ်မြောက်သွားခဲ့ရင် ငါ့အဖေဆီသာ သတင်းပို့ပေး။ ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းသာ သူ့ကို ပြန်ပြောပေး” ပြောနေစဉ်အတွင်း ကျိုးချဲအမူအရာ ကြမ်းကြုတ်သွားခဲ့ပြီး “နတ်ဆိုးမျိုးနွယ်စုက ရှုပ်လို့ကောင်းတဲ့ မျိုးနွယ်စုတစ်ခု မဟုတ်မှန်း အဲ့သူတောင်းစားတွေ သိသွားအောင် ငါလုပ်ပေးရမယ်”

ကျိုးချဲ ပြောစကားအရ ထိုကောင်သည် နည်းလမ်း တစ်ခုခုကို ဖုံးကွယ်ထားသေးမှန်း ရန်ကိုင် နားလည်လိုက်၏။

သို့သော်လည်း မည်သည့် နည်းလမ်းပင် ဖြစ်ပါစေ အကန့်အသတ် ရှိ၏။ ထို့ပြင် သူ့လေသံရာ ဤနေရာမှ သူလွတ်မြောက်နိုင်မည် မဟုတ်မှန်း သိနေသည့် ပုံပင်.

သူ့အကူအညီနဲ့ဆို လွတ်မြောက်နိုင်ချေ ရှိလောက်တယ် ရန်ကိုင် သူ့ဘာသူ တွေးလိုက်၏။

ရန်ကိုင်၊ ကျိုးချဲနှင့် အန်လင်းအာတို့၏ မျက်ဝန်းများ လက်သွားခဲ့ပြီး တစ်ခဏတာ ငေးငိုင်သွားခဲ့ကြ၏။

“အချိန်ကျပြီ” ကျိုးချဲက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။

နတ်ဘုရားသစ်ပင် နောက်တစ်ကြိမ် မတည်မငြိမ် ဖြစ်လာခဲ့လေပြီ။ ယခု အကျဉ်းခန်းထဲတွင် သူတို့မှလွဲ၍ အခြားသူများ မရှိတော့လေရာ သူတို့ကိုသာ ကျိန်းသေ ရွေးပေလိမ့်မည်။

အပြင်ဘက်မှ အလျင်လိုနေသည့် ခြေသံများစွာ ထွက်ပေါ်လာခဲ့ပြီး ဘုန်းဆိုသော မြည်သံကြီးနှင့်အတူ အခန်းတံခါး ပွင့်သွားခဲ့ပြီး နေမင်းကလန်သားများ အကျဉ်းခန်းထဲသို့ ဝင်လာကြလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset