Chapter – 16.2 ” လူသစ်တွေရဲ့ စာမေးပွဲ ”
°°°
ကျိုးယိရဲ့ မျက်လုံးထဲမှာ အကြည့်တွေက အတော်လေးကို လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးကို အတန်းနံပါတ်တစ်ထဲမှာ ပထမဆုံးကြုံတွေ့ရတာပါပဲ။ ဒါ့အပြင် သူမရဲ့ ထိန်းချုပ်မှုထက်ကို ကျော်လွန်နေခဲ့တယ်။ တခဏတာ စဥ်းစားပြီတဲ့နောက် သူမ ပြောလိုက်ပါတယ်။
” အကယ်၍ ဆန္ဒရှိမယ်ဆိုရင် ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင်မင်း ဖြစ်လာလို့ရတယ်…ဒါပေမယ့် မင်းတို့သုံးယောက် အနာဂတ်မှာ အလုပ်လုပ်တဲ့အချိန်မှာ အဲ့ဒါကိုပိုလွယ်ကူစေမှာပဲ ကျောင်းတော်ထဲမှာ လူသစ်တွေရဲ့ စာမေးပွဲထဲမှာ ပထမဆုံးစာမေးပွဲဖြစ်ပေမဲ့ မင်းတို့ရဲ့ အနာဂတ် ကျင့်ကြံတဲ့ လမ်းစဥ်က ပိုပြီး အရေးကြီးတယ်…ဒါ့အပြင် လူသစ်တွေရဲ့ စာမေးပွဲမှာ အဆင့်ကောင်းကောင်းရနိုင်မှသာ ကျောင်းတော်ထဲမှာ ကျင့်ကြံဖို့အတွက် ဂုဏတ်ကျက်သရေရှိတဲ့ နေရာတစ်ခုကို ရနိုင်မှာ ဒီအတန်းထဲမှာတော့ မင်းတို့သုံးယောက်ကို ငါအတော်လေး မျှော်မှန်းထားတယ်..၀မ်သုန့်နဲ့ ရှောင်ရှောင်း မင်းတို့နှစ်ယောက်ရဲ့ ပါရမီနဲ့ အင်အားက တခြားကျောင်းသားတွေထက် သာလွန်နေတာကိုတော့ ထပ်ပြောဖို့လိုမယ်မထင်ဘူး…ဟို့ယွိဟောင် ဒါပေမယ့် မင်းကတော့ သာမန်အင်အားနဲ့ ပါရမီရှိပေမဲ့ စိတ်ခွန်းအားက သာမန်လူတွေလိုက်မမီနိုင်တဲ့ အနေအထားတစ်ခုကို ရောက်နေပြီး ဒါ့အပြင် ထူးဆန်းတဲ့ စိတ်၀ိဉာဥ်အမျိုးအစား သိုင်းပညာ၀ိဉာဥ်လဲ ရှိနေတယ် ..ရှောင်ရှောင်းရဲ့ ဒုတိယသိုင်းပညာ၀ိဉာဥ်ကိုတောင် ထည့်မတွက်ဘူးဆိုရင် မင်းတို့သုံးယောက်ရဲ့ ဆွဲဆောင်ရည်နဲ့ အောင်မြင်မှုက အခြေအနေတစ်ခုကို ရောက်ရှိနိုင်တယ်…ငါမင်းတို့ကို ကိစ္စတစ်ခု ဆောင်ရွက်စေမယ်…လူသစ်တွေရဲ့ စာမေးပွဲမှာ မင်းတို့အနေနဲ့ ရည်ရွယ်ချက်တစ်ခုကို ထားရှိရမယ်…မင်းတို့တွေ ချန်ပီယံ ဖြစ်လာစေရမယ်…အကယ်၍ ချန်ပီယံမရဘူးဆိုရင် ရှောင်ရှောင်းအတွက်ကတော့ ထားလိုက်တော့ ဒါပေမယ့် မင်းတို့နှစ်ယောက်ကတော့ ငါနဲ့ဆက်တိုက်လိုက်ပြီး ကျင့်ကြံရတော့မှာပဲ ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။
” ဆရာကျိုး အကယ်၍ ကျွန်တော်တို့ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်က ဆရာနောက်ကို လိုလိုလားလားလိုက်ပြီး သင်ယူမှာပါ ”
ကျိုးယိက မျက်လုံးပြူးသွားပါတော့တယ်။
” ငတုံးကောင်လေး ငါက အရမ်းတင်းကြပ်နေတယ်လို့ မင်းထင်ခဲ့တာမဟုတ်ဘူးလား သူတို့တွေ ငါ့ကို အပြင်မှာဘယ်လိုခေါ်လဲပြောစမ်း…ဒီအတိုင်းငါ့ကို ပျော်စေချင်ရုံသက်သက်နဲ့ ဘာမှလိမ်နေဖို့မလိုဘူး ”
ဟို့ယွိဟောင်က ခေါင်းခါရင်းနဲ့ အလေးအနက်ပြောလာခဲ့ပါတယ်။
” မဟုတ်ဘူးဆရာကျိုး ကျွန်တော်တကယ်ပဲ ဆရာဆီကနေ ဆက်ပြီး သင်ကြားချင်နေတာပါ ဆရာက တခြားဆရာတွေထက် တင်းမာတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ နောက်ထပ် ပိုပြီး အရေးကြီးတဲ့ အသုံး၀င်တဲ့အရာတွေကို ကျွန်တော်သင်ယူချင်သေးတယ်…ဒါ့အပြင် ကျွန်တော်တခြားအတန်းက ကျောင်းသားတွေအားလုံးကိုလဲ လေ့လာထားပြီးပြီ သူတို့ရဲ့ စွမ်းအင်တိုးတက်မှုက ကျွန်တော်တို့အတန်းလောက် ဘယ်သူမှမများပြားဘူး..လွန်ခဲ့တဲ့သုံးလအတွင်းမှာ ကျွန်တော်တို့အတန်းရဲ့ တိုးတက်မှုက အကောင်းဆုံးပဲ ”
နောက်ဆုံးမှာတော့ ကျိုးယိက ပြုံးလာခဲ့ပါတော့တယ်။ သူမရဲ့မျက်နှာက အခုအချိန်မှာ အနည်းငယ်တော့ နူးညံ့သွားခဲ့ပါပြီ။ ပထမဆုံးအနေနဲ့ နွေးထွေးမှုကို သူတို့ မြင်ရချင်ပါပဲ။
” ကောင်းပြီ မင်းတို့သုံးယောက် သွားပြန်ပြီနားတော့ လူသစ်တွေရဲ့ပြိုင်ပွဲမှာ သေချာပေါက် ချန်ပီယံ ဖြစ်လာမှရမယ်…ဒါ့အပြင် ငါမင်းတို့သုံးယောက်ကို ပြောနိုင်တာတစ်ခုက ကျောင်းတော်က အရမ်းကို ချမ်းသာတယ်ဆိုတာပါပဲ…ဒါ့အပြင် ကျောင်းတော်က ပြိုင်ပွဲတွေကို အဓိက ထိန်းချုပ်ပြီ လူသစ်တွေရဲ့ပြိုင်ပွဲနဲ့အပြင် နယ်မြေရဲ့ပြီးမြောက်မှု ပြိုင်ပွဲ နှစ်ခုက ဆုလာဘ်အကြီးမားဆုံးပဲ ဒီဆုလာဘ်တွေကတော့ မင်းတို့ ချန်ပီယံဖြစ်လာရင် သိလာမှာပါ ထိပ်တန်းနေရာကိုရောက်အောင် သေချာတွေတောပြီး ကြိုးစားကြ ငါမင်းတို့ကို ယုံကြည်တယ် ”
” ဖြစ်လာစေရပါ့မယ် ဆရာ ”
သူတို့တွေ တစ်ပြိုင်နက်ထဲ ပြန်ဖြေလိုက်ပြီ အတန်းအပြင်ကို သွားဖို့ပြင်ပါတော့တယ်။
သူတို့ထွက်ခွာလာချိန်မှာ ရှောင်ရှောင်းကတော့ အရမ်းကို ကြိုးစားအားထုတ်ရင်း ပြောလာခဲ့ပါတယ်။
“‘၀မ်သုန့် ခဏလောက် စကားပြောလို့ရမလား ”
ဒါပေမယ့် ၀မ်သုန့်က လက်ခါလိုက်ပါတယ်။
” မလိုဘူး အခုအချိန် ငါတို့အခန်းကို အမြန်ဆုံးပြန်ပြီ မနက်ဖြန်အတွက် ပြင်ဆင်ကြရမယ်…မနက်ဖြန် စာမေးပွဲစတဲ့အချိန်ကြရင် မင်းရဲ့အမွှာသိုင်းပညာ၀ိဉာဥ်က ဘယ်လောက်အံ့ဩစရာကောင်းလဲဆိုတာ ငါတို့ကိုပြကြည့် ရှောင်ရှောင်း ”
သူပြောပြီတာနဲ့ ဟို့ယွိဟောင် ပုခုံးကို ဆွဲပြီအတင်းထွက်ပြေးပါတော့တယ်။
ရှောက်ရှောင်းကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရတယ်။ ဟို့ယွိဟောင်က သူမကို ပြုံးပြနေခဲ့တဲ့အတွက်ကြောင့်သာ သူမအားတင်းပြီ ပြန်ပြုံးပြခဲ့ရတာပါ။ သူတို့တွေက အတော်ကို ငယ်ရွယ်သေးတဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် ခံစားချက်တွေဆိုတာက သိပ်မနက်ရှိုင်းသေးပါဘူး။ ၀မ်သုန့်ရဲ့ ငြင်းပယ်မှုကတော့ သူမကို အနည်းငယ်စိတ်ပျက်လို့သွားစေခဲ့တယ်။ ဒါပေမယ့် သူမ သိပ်မတွေးတော့ပဲ စိတ်ထဲမှာတော့ ပြန်ပြီး မေးခွန်းထုတ်နေခဲ့မိပါတယ်။
“‘နင်ကရော ဘယ်လောက်တောင် တော်နေလို့လဲ ပြိုင်ပွဲစတဲ့အချိန်ထိ စောင့်လိုက် ပြိုင်ပွဲသာစလာခဲ့ရင် ငါဘယ်လောက်အစွမ်းထက်လဲဆိုတာ နင်သိစေရမယ် “‘
သူမရဲ့ မောက်မာတဲ့ စိတ်ထားက နှလုံးသားထဲမှာ ဖုံးကွယ်နေခဲ့တာပါ။
“‘မင်းသူ့ကို ငြင်းတဲ့အချိန် ဒီလောက်ကြီး သိသာစရာလိုလို့လား ”
ဟို့ယွိဟောင်က ၀မ်သုန့်ကို စနေခဲ့ပါတယ်။
သုံးလအအချိန်အတွင်းမှာ သူတို့နှစ်ယောက်က အတော်လေးရင်းနှီးလာခဲ့ပါပြီ။ ဟို့ယွိဟောင်အတွက်တော့ သူ့ရဲ့ ပြင်းထန်မှုနဲ့ ကျင့်ကြံတဲ့ဘ၀စရိုက်က သူ့ကိုလဲ ပြောင်းလဲစေခဲ့တယ်။ ဒါပေမယ့် စိတ်ဓာတ်ကတော့ အတွေ့အကြုံရင့်ကျက်လာပေမဲ့ အေးအေးဆေးဆေး ဖြစ်နေဆဲပါပဲ။
ဒါ့အပြင် ကျောင်းတော်ထဲမှာရှိတဲ့ ကျောင်းသားတိုင်းက တူညီတဲ့ ဆက်ဆံမှုကို ရရှိပါတယ်။ သူ့လဲ မြို့စားအိမ်တော်မှာ ခံစားခဲ့ရသလိုမျိုး အခြေအနေကို ဘယ်တော့မှမခံစားခဲ့ရပါဘူး။ စိတ်က ပိုပေါ့ပါးလွတ်လပ်နေတဲ့အတွက် အကျင့်စရိုက်ကလဲ အရင်ကထက်ပိုပြီး ရွှင်လန်းတက်ကြွလ်ို့လာခဲ့တယ်။ ရောက်ရှိခါစအချိန်ကလို ရှက်တတ် ကြောက်တတ်တဲ့လူငယ်လေး တစ်ယောက်မဟုတ်တော့ပါဘူး။
၀မ်သုန့်ကတော့ နှုတ်ခမ်းတွေကို တွန့်ကွေးရင်း ပြောလာခဲ့ပါတယ်။
” ငါ့ကိုကြိုက်နေတဲ့ မိန်းကလေးတွေများတစ်ပုံကြီးပဲ ငါက အကုန်လုံးကို လက်ခံလိုက်ရမှာလား “‘
သူပြောပြီတဲ့နောက် သူတော်စင်ကြီးတစ်ယောက်လိုမျိုး လေသံကို ပြောင်းလဲလို့သွားပါတော့တယ်။
“‘ငါတို့က ငယ်ရွယ်သေးတယ်…သင်ကြားဖို့ကိုပဲ အဓိက အာရုံစိုက်သင့်တယ်..ဘယ်လိုလုပ် ဒီလိုမျိုးအတွေးတွေ လျှောက်ပြီတွေးနေလို့ဖြစ်မှာလဲ ဟို့ယွိဟောင် မင်းရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို ပျက်စီးနေပြီ “‘
ဟို့ယွိဟောင်လဲ ဆက်ပြီးမပြောနိုင်တော့တဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့သာပြောလိုက်တယ်။
” ကောင်းပါပြီ မင်းပဲနိုင်ပါတယ် ”
၀မ်သုန့်ကတော့ ကောက်ကျစ်မှုအပြည့်နဲ့ ရယ်မောရင်း ပြောလာခဲ့တယ်။
“‘သွားကြစို့ ငါတို့ဒီနေ့ စောစောထွက်လာပြီဆိုမှတော့ စားဖို့အတွက် ငါးလေးဘာလေးသွားကင်ရအောင် မနက်ဖြန်ကြမှ ပြိုင်ပွဲအတွက် တရား၀င်စာရင်းသွင်းရမယ်…အဲ့ဒီနေ့ရဲ့ နောက်တစ်ရက်မှာ တကယ်စာမေးပွဲ စမယ်လို့ ငါထင်တာပဲ ငါတို့တွေ အစွမ်းပြဖို့အချိန်ရောက်လာပြီပေါ့ ”
ဟို့ယွိဟောင်က ပြန်ပြီး ပြောလိုက်ပါတယ်။
” မင်းငါးကင်နေ့တိုင်းစားနေတာပဲ မငြီးငွေ့သေးဘူးလား ဒါတင်မကဘူး စာမေးပွဲက သဘက်ခါရောက်မှာလေ အနည်းဆုံးတိုက်ပွဲအတွက် လေ့ကျင့်သင့်တယ်မဟုတ်ဘူးလား ”
” မင်းဦးနှောက်သေနေတဲ့ ငတုံးကောင် မင်းသိတာက အဲ့ဒီကျင့်ကြံဖို့အတွက်ကြီးပဲ ကျင့်ကြံတာ အချိန်များလွန်လို့ ဦးနှောက်ပျက်သွားလား “‘
ဟို့ယွိဟောင်ကတော့ ရယ်မောရင်း ပြောလာခဲ့ပါတယ်။
” သူတို့ပြောသလိုပဲ စောစောထတဲ့ငှက်က စောစောအစာ၀တယ်လေ ငါက ပါရမီမရှိတဲ့သူဆိုမှတော့ ကြိုးစားအားထုတ်ပြီပဲ အားနည်းချက်ကို ဖြေရှင်းရတာပေါ့ ငါ့ရဲ့၀ိဉာဥ်စွမ်းအားက အဲ့ဒီဆေးလုံးတွေကြောင့်သာ အဆင့်ဆယ့်ခုနှစ်ကို ရောက်လာတာ ပုံမှန်ပြောရမယ်ဆိုရင် ငါသာ တခြားအဖွဲ့နဲ့ နေလို့ကတော့ ဒီစာမေးပွဲကို ဖြတ်ကျော်နိုင်ဖို့ အခြေအနေ သိပ်မရှိပါဘူး….ဆရာကျိုးက ငါ့ကို မင်းတို့နဲ့တစ်ဖွဲ့ထဲ ထည့်ပေးလိုက်တာ သူက ငါ့ကို ဂရုစိုက်တယ်ဆိုတာ သိသာနေပြီပဲ အကယ်၍ ငါသာ အလုပ်မကြိုစားဘူးဆိုရင် သူ့ရဲ့ ကြင်နာသနားတတ်မှုကို ဖြုန်းတီးရာရောက်သွားမှာမဟုတ်ဘူးလား ”
၀မ်သုန့်က ဆက်ပြီးပြောလာခဲ့ပါတယ်။
” မင်းရဲ့ပါရမီက ဘာမှသိပ်မဟုတ်ပေမဲ့ သိုင်းပညာ၀ိဉာဥ်က အတော်လေးကောင်းတယ်..မစိုးရိမ်နဲ့ ငါလိုပါရမီရှင်က ဒီနေရာမှာရှိနေပြီး လူသစ်တွေမပြောနဲ့ ဒုတိယနှစ်ရဲ့ ကျောင်းသားတွေတောင် ငါ့ကို မတိုက်ခိုက်နိုင်ဘူး…အချိန်ကြလာရင် မင်းရဲ့စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းရေးကို အသုံးချပြီတော့သာ ငါ့ကို မျှဝေပေး ငါသာ ဦးဆောင်နေမယ်ဆိုရင် သေချာပေါက် ချန်ပီယံ ဖြစ်လာရလိမ့်မယ် “‘
ဟို့ယွိဟောင်က သူ့ကို ပြန်သတိပေးလိုက်ပါတယ်။
” ငါတို့အမျက်ဒေါသကျောင်းတော်က လောကနံပါတ်တစ်ဖြစ်နေသေးတယ်နော် ပုန်းကွယ်နေတဲ့ ကျားတွေ နဂါးတွေဆိုတာ အများကြီးပဲ သိပ်ပြီး သတိလက်လွှတ်လုပ်မနေနဲ့ ဒါပေမယ့် ရှောင်ရှောင်းလဲ အတော်သန်မာတယ်လို့ ငါထင်တယ်…အချိန်ကြလာရင်တော့ မင်းတို့နှစ်ယောက် သေချာအလုပ်တွဲလုပ်လို့ဖြစ်မှာပါ ”
သူ့မှာ အံ့ဩစရာကောင်းတဲ့ စိတ်၀ိဉာဥ်အမျိုးအစား ၀ိဉာဥ်အရည်အချင်း လေးခုရှိပေမဲ့ ၀မ်သုန့်ကတော့ နှစ်မျိုးကိုသာ သိပါတယ်။ ဒါကြောင့် အတူတူပေါင်းပြီ တိုက်ခိုက်ရမဲ့ တိုက်ခိုက်ရေးပြိုင်ပွဲမှာ သူက ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်နည်းလမ်းကိုသာ အဓိကအသုံးချပြီ တိုက်ခိုက်ရပါလိမ့်မယ်။ သူ့ရဲ့ သိုင်းပညာ၀ိဉာဥ်တစ်ခုထဲနဲ့တော့ တရားမျှတတဲ့ တိုက်ပွဲဖြစ်ဖို့တော့ မလွယ်ပါဘူး။ ၀မ်သုန့် ပြောလိုက်သလိုပဲ သူ့ရဲ့အဓိက အရေးကြီးဆုံးအသုံးချမှုက စိတ်၀ိဉာဥ်ထောက်လှမ်းရေး ဖြစ်နေခဲ့တယ်။
၀မ်သုန့်က ဟို့ယွိဟောင်ကို စကားတွေနဲ့ အနိုင်တိုက်နိုင်ပေမဲ့ သူ့ရဲ့ ခေါင်းမာမှုကိုတော့ အနိုင်မယူနိုင်ခဲ့ပါဘူး။ အခန်းကိုပြန်ပြီတဲ့နောက် သူတို့တွေတရားထိုင်ရင်းသာ ကျင့်ကြံကြပါတော့တယ်။ ဒါပေမယ့် စာမေးပွဲသာ ပြီသွားခဲ့ရင်း ငါးကင်တွေများများ ပိုကျွေးမယ်လို့ ၀မ်သုန့်ကိုတော့ ဟို့ယွိဟောင်က ကတိပေးထားရတယ်။
ဟို့ယွိဟောင်ရဲ့ အဆင့်ဆယ့်ခုနှစ်၀ိဉာဥ်စွမ်းအားက အဖြူရောင်မြူခိုတစ်ခုအဖြစ်ကို သိပ့်သည်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ခန္ဓာကိုယ်ထဲမှာ ဖြတ်သန်းသွားလာနေခဲ့ရင်း ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ လမ်းစဥ်တွေအတိုင်း စတင်လှည့်ပတ်ပါတော့တယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ထိုးဖောက်နေခဲ့ပြီ နွေးထွေးတဲ့ ခံစားချက်က သက်သောက်သက်သာ ဖြစ်စေရုံတင်မကပဲ ကျင့်ကြံမှုကိုလဲ တိုးတက်စေခဲ့တယ်။
သုံးလတိတိ ဆက်တိုက်ကျင့်ကြံပြီတဲ့နောက် ဟို့ယွိဟောင်လဲ သူ့ရဲ့ စွမ်းအားအရင်းအမြစ် ဖြတ်သန်းတဲ့လမ်းကြောင်းတွေက အတော်လေး ကျယ်ပြန့်လာတာကို သတိထားမိပါတယ်။ ဒါ့အပြင် ထူးဆန်းရေဆေးလုံးရဲ့ ကူညီပေးမှုကြောင့် ဒီနည်းလမ်းကို အသုံးချပြီ ကျင့်ကြံတာကလဲ အတော်ကို အားကောင်းလာခဲ့တယ်။ ဒါ့အပြင် စွမ်းအင်အရင်းအမြစ် ဖြတ်သန်းသွားလာတဲ့လမ်းကြောင်းတွေက လက်ရှိအချိန်မှာ အတော်လေးကို ကျုံ့နိုင်ဆန့်နိုင်အားကောင်းပြီ ခံနိုင်ရည်လဲ မြင့်မားနေခဲ့ပါပြီ။ ခန္ဓာကိုယ်အနေအထားမှာတော့ သူ့သက်တူရွယ်တူတွေနောက်ကို ရောက်မနေတော့ပါဘူး။ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိသွားတာကတော့ မငြင်းပယ်နိုင်တဲ့အရာပါပဲ။ ၀မ်သုန့်ကို လိုက်မီဖို့တော့ မဖြစ်နိုင်သေးပေမဲ့ ၀မ်သုန့်နဲ့အတူတူ တိုးတက်နိုင်ဖို့တော့ ဖြစ်နိုင်ပါသေးတယ်။
အပိုင်း ၁၆•၂ ပြီး၏။