Switch Mode

Chapter – 16.1

" လူသစ်တွေရဲ့ စာမေးပွဲ "

Chapter – 16.1 ” လူသစ်တွေရဲ့ စာမေးပွဲ ”
°°°
ကောင်းပြီလေ အကယ်၍ မင်းတို့မှာ တခြားအကြံပြုချက်ရှိသေးတယ်ဆိုရင် အမြန်ဆုံးနှုန်းကို တင်ပြလိုက် မင်းတို့ကို စဥ်းစားဖို့အတွက် အချိန်တစ်ရက်ပေးမယ်..တခြားအတန်းတွေကလဲ အဖွဲ့တွေခွဲပြီးနေပြီ ဒါပေမယ့် မင်းတို့လောက်တော့ မြန်မှာမဟုတ်ဘူး..သူတို့တွေ သူ့တို့ဘာသာသူတို့ အချိန်နည်းနည်းလောက် ထပ်ဖြုန်းကြပါစေဦး အစောပိုင်းတုန်းက ပေးလိုက်တဲ့စာရွက်တွေ ရေးပြီးပြီမလား ငါတို့ကို ပြန်ပေးလိုက် မင်းတို့တွေ ပြန်ရောက်ရင်း သေသေချာချာ နားကျဦး ဘယ်သူမှ ပြဿနာရှာမနေကြနဲ့ ကျောင်းသားသစ်တွေရဲ့ စာမေးပွဲကမနက်ဖြန် စတင်မယ်…ငါ့ရဲ့ ရည်ရွယ်ချက်ကတော့ မင်းတို့နှစ်ဆယ့်နှစ်ဖွဲ့စလုံး အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ပဲ အကယ်၍ တစ်ယောက်ယောက်ကသာ ထပ်သွားရမယ်ဆိုရင် သူတို့တွေ အထုတ်ပြင်ပြီ ထွက်သွားရုံတင်မကဘူး တစ်သက်လုံးမမေ့နိုင်မဲ့ မှတ်ဉာဏ်တွေကိုလဲ ငါ သေချာပေါက်ရအောင် ပေးလိုက်ဦးမယ် “‘

ကျိုးယိရဲ့အကြည့်ကိုမြင်ချိန်မှာတော့ အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေအားလုံး စိတ်ထဲမှာအတော်ကို လေးလံလာခဲ့ပါတော့တယ်။ သူတို့တွေ ကြက်သီးတွေထနေခဲ့ပါပြီ။ ကျိုးယိပြောတဲ့ မှတ်ဉာဏ်ဆိုတာ သူတို့အတွက်တော့ မတွေး၀ံ့တဲ့ကိစ္စတွေကြီးပါပဲ။ အိပ်မက်ဆိုးကြီးတစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။

အတန်းနံပါတ်တစ်တစ်ခုလုံးက အဲ့ဒီလိုကြောက်စရာကောင်းတဲ့ အမိန့်အောက်မှာ ငြိမ်သက်သွားပါတော့တယ်။ သူတို့တွေ အကောင်းဆုံးဖြတ်သန်းဖို့အတွက် ကြိုးစားမှသာ ဆရာကျိုးရဲ့ လက်ထဲမှာ အနှိပ့်စက်မခံရမှာပါ။

” ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်ရှောင်း မင်းတို့သုံးယောက် ခဏနေခဲ့ဦး ”

တခြားကျောင်းသားတွေက စာရွက်ဖြူတွေကို လာပေးပြီတဲ့နောက် အတန်းကနေ ထွက်ခွာရင်း အခန်းကို ပြန်ဖို့လုပ်ပါတော့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်တို့ အုပ်စုအဖွဲ့သာ ကျန်ရစ်တော့တယ်။ လက်ရှိအချိန်မှာတော့ တခြားအတန်းကျောင်းသားတွေက သူတို့ဘာသာသူတို့ အတန်းခွဲနေကြဆဲဖြစ်ပါတယ်။

” ကောင်းပြီ ပေးလိုက် ၀မ်သုန့်ဘာတွေ ဖတ်နေတာလဲ “‘

ကျိုးယိက ၀မ်သုန့်ကို လှမ်းမေးလိုက်ပါတယ်။ ၀မ်သုန့်က ချက်ချင်းဆိုသလို နောက်ဆုတ်ရင်း ဟို့ယွိဟောင်ရဲ့ အနောက်ဖက်မှာ သွားပုန်းတော့တယ်။

ကျိုးယိ သူ့ရှေ့မှာရှိနေခဲ့တဲ့ စာရွက်သုံးရွက်ကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်ရှောင်းတို့ကို ပြန်မော့ကြည့်တယ်။ ကျိုးယိရဲ့အကြည့်က သူတို့သုံးယောက်ကို ဓားတွေနဲ့ထိုးနေသလိုပါပဲ။

” ကောင်းပြီ မင်းတို့သုံးယောက် ဘာရလဲဆိုတာ ကြည့်ရအောင် ”

စာရွက်တစ်ရွက်ကို ယူလိုက်ရင်း စာပွဲပေါ်ကို ရိုက်ချပြစ်လိုက်ပါတယ်။

” ကောင်းပါပြီ “‘

ဟို့ယွိဟောင်တို့သုံးယောက်စလုံးလဲ ဒီစာရွက်ပေါ်ရိုက်ချခံရတဲ့ အသံကြောင့် လန့်ကုန်ကြပါတော့တယ်။

” ထိန်းချုပ်ရေးစနစ် ”

ကျိုးယိရဲ့အသံက အေးစက်လို့နေခဲ့တယ်။ အဲ့ဒီနောက် ဒုတိယစာရွက်ကိုယူရင်း နောက်တစ်ကြိမ်ထပ်ပြီ စာပွဲပေါ်ကို စောင့်ချလိုက်ပြန်တယ်။

” ထိန်းချုပ်ရေးစနစ် ”

ဒီတစ်ကြိမ်မှာ သူ့ရဲ့အသံက ပိုလို့ကျယ်လောင်လာခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ သူနောက်မှာရှိနေတဲ့ ၀မ်သုန့်ကို တအံ့တဩကြည့်လိုက်မိတယ်။ ဒီဒုတိယစာရွက်က သူ့နဲ့ဆိုင်တဲ့စာရွက်ပါ။

ကျိုးယိက စာသင်ကြားတဲ့ ဘယ်ညာတစ်ခုလုံးကိုတောင် ဖျက်ဆီးပြစ်တော့မလို ဖြစ်နေခဲ့တယ်။

” ပြီးတော့ နောက်ထပ် ထိန်းချုပ်စနစ်ပဲ ”

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးလဲ မျက်လုံးပြူးသွားပါတော့တယ်။ အခုအချိန်မှာ ခေါင်းငုံ့ရင်းနဲ့ သူ့အင်္ကျီသူ့လိမ်းနေတဲ့ရှောင်ရှောင်းကို သူလှည့်ကြည့်မိလိုက်တယ်။ ရှောင်ရှောင်းက အထောက်အပံ့ပြုရင်း ၀ိဉာဥ်လက်နက်ပညာရှင်တစ်ယောက် ဖြစ်လာသင့်တာပါ။ ဘာကြောင့် ထိန်းချုပ်ရေးပညာရှင်အဖြစ် ပြောင်းလဲရတာလဲ။

ကျိုးယိကတော့ ပြောလာခဲ့ပါတယ်။

” မင်းတို့သုံးယောက် တမင်တကာ လုပ်နေတာလား လူသစ်တွေရဲ့ စာမေးပွဲမှာ အဖွဲ့တစ်ဖွဲ့ကို အနည်းဆုံးတိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်တစ်ယောက် ရှိရမယ်..ဒါ့အပြင် မင်းတို့အားလုံးတူညီတဲ့နေရာထဲမှာပဲ ကျင့်ကြံလို့မရဘူးလေ ဒီလောက်တောင် တော်နေကြတယ်လား အားလုံးက ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင်ဖြစ်ချင်ကြတယ်ပေါ့ တမင်တကာ လုပ်နေကြတာလား မနက်ဖြန် ပြိုင်ပွဲရှိတာကြောင့်သာ မဟုတ်ရင် မင်းတို့ကို ဆယ့်နာရီတိတိ ပတ်ပြေးခိုင်းပြီ စိတ်တွေကြည်လင်ရှင်းလင်းသွားအောင် ငါကူညီပေးလိုက်ပါတယ်…ဟို့ယွိဟောင် မင်းအရင်ဆုံးပြော ဘာတွေဖြစ်နေတာလဲ ဘာကြောင့် အဲ့ဒီကို သွားချင်ရတာလဲ မင်းရဲ့ စိတ်၀ိဉာဥ်အမျိုးအစား သိုင်းပညာ၀ိဉာဥ်က ထောက်ပံ့ရေးအတွက် အရမ်းကို ကောင်းတယ်…ဘာကြောင့် ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင် ဖြစ်ချင်နေရတာလဲ ”

ဟို့ယွိဟောင်က ဖြည်းဖြည်းချင်း ပြန်ဖြေပါတယ်။

” ဆရာကျိုး ကျွန်တော်က ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင် အမြဲတမ်းဖြစ်ချင်ခဲ့တာပါ ကျွန်တော်ရဲ့ စိတ်၀ိဉာဥ်စွမ်းအားထောက်ပံ့မှုက စစ်မြေပြင်တစ်ခုလုံးရဲ့ အခြေအနေကို ထောက်လှမ်းနိုင်ပါတယ်… ဒါ့အပြင် အနာဂတ် ၀ိဉာဥ်စက်ကွင်းရလာခဲ့ရင်း ကျွန်တော်ရဲ့ စိတ်၀ိဉာဥ်မျက်လုံးက သေချာပေါက် တိုက်ခိုက်ရေး၀ိဉာဥ်စွမ်းရည် ရှိလာလိမ့်မယ်…ဒါကြောင့် ကျွန်တော်ရိုးရှင်းတဲ့ အထောက်အပံ့ပြုရင်း ၀ိဉာဥ်ပညာရှင် မဖြစ်ချင်ပါဘူး ..ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင်ဖြစ်တာက ကျွန်တော်ရဲ့အနာဂတ် အလားအလာအတွက် ပိုကောင်းမှာပါ ”

ကျိုးယိလဲ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပါတယ်။

” မင်းပြောတာက လက်တွေ့ကြတယ်…ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင်တွေက ထောက်ပံ့ရေး၀ိဉာဥ်ပညာရှင်ထက် ပိုပြီး အနာဂတ်အလားအလာရှိတယ်…မင်းရွေးချယ်လိုက်တဲ့ ကိစ္စက မှားယွင်းတဲ့ကိစ္စတော့ မဟုတ်ဘူးကောင်းပြီ မင်းကိုတော့ အလွှတ်ပေးလိုက်မယ်…၀မ်သုန့် မင်းဘာတွေပုန်းနေတာလဲ အရှေ့ကိုထွက်လာခဲ့စမ်း ဟို့ယွိဟောင်နဲ့ ရှောင်ရှောင်းနှစ်ယောက်က ထိန်းချုပ်ရေးစနစ်ကိုရွေးတာ ကျိုးကြောင်းသင့်တော်ပေမဲ့ မင်းက ဘာဖြစ်နေတာလဲ မင်းက တိုက်ခိုက်ရေးအမျိုးအစား ၀ိဉာဥ်ပညာရှင်လေ အနာဂတ်ကို မျှော်တွေးပြီပြဿနာရှာဖို့ ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင် လုပ်ချင်နေတာလား ”

ဟို့ယွိဟောင်ရဲ့ အနောက်ဖက်မှာရှိနေတဲ့ ၀မ်သုန့်ကတော့ နောက်ကိုခြေတစ်လှမ်းထပ်ဆုတ်သွားခဲ့ပါတယ်။

” ဆရာကျိုး ကျေးဇူးပြုပြီ စိတ်မဆိုးပါနဲ့ အမှန်အတိုင်းပြော ရမယ်ဆိုရင် ကျွန်တော်ရဲ့အင်အားနဲ့ ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင်တစ်ယောက် ဖြစ်လာဖို့က မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ဘူးလေ ဒါ့အပြင် ကျွန်တော်က တိုက်ခိုက်ရေးစွမ်းအားကို အသုံးချပြီ စစ်မြေပြင်တစ်ခုလုံးကို ထိန်းချုပ်ပေးချင်တယ်…အဲ့ဒါကလဲ ထိန်းချုပ်ရေးနည်းစနစ်ပဲမဟုတ်ဘူးလား ဒါ့အပြင် ကျွန်တော်က ပျံသန်းပြီ အဝေးပြစ်တိုက်ခိုက်မှုတွေလဲ လုပ်နိုင်တယ်…စစ်မြေပြင်ကို ဒီလိုထိန်းချုပ်ပေးဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူးဟုတ်တယ်ဟုတ် ”

ကျိုးယိကတော့ ဒေါသထွက်နေရာကနေ ရယ်တော့မလို ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ခိုင်မာလေးနက်တဲ့အကြည့်တွေနဲ့ သူပြောလာခဲ့တယ်။

” မင်းရဲ့တကယ်အကြောင်းအရင်းအစစ်အမှန်ကို ငါမသိဘူးလို့များ ထင်နေတာလား မင်းဟို့ယွိဟောင်နဲ့ အတန်းမခွဲချင်လို့ ဒီလိုလုပ်နေတာ တကယ်ငတုံးလို့ခေါ်ရမယ်..မင်းက အတန်းတစ်ခုလုံးမှာ အမြင့်ဆုံးအစွမ်းအစကို ပိုင်ဆိုင်ထားပြီ ပါရမီရှင်လို့တောင် ခေါ်လို့ရနိုင်တယ်…ထက်မြက်ပေမဲ့ ဘယ်လိုလုပ်ပြီး ငတုံးတစ်ကောင်ဖြစ်သွားရတာလဲ တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်နဲ့ ထိန်းချုပ်ရေး၀ိဉာဥ်ရေးပညာရှင်တွေ လူခွဲပြီလှုပ်ရှားတာ မင်းမြင်ဖူးလား မင်းပြောတာမှန်တယ်… မင်းတို့တွေ အတန်းမတူကောင်းမတူပေမဲ့ ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင်နဲ့ တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်နှစ်ယောက်က အတူတူရှိနေမှာပဲ ငတုံး အခုချက်ချင်းပြန်ပြောင်းရေးစမ်း ”

သူမ ပြောပြီတာနဲ့ ၀မ်သုန့်ကို စာရွက်နဲ့ ပြစ်ပေါက်ပါတော့တယ်။

ငတုံးလို့ခေါ်ပြီ အဆူခံရတာကတောင် ၀မ်သုန့်က စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ချက်ချင်းဆိုသလို ထိန်းချုပ်ရေးစနစ်ကနေ တိုက်ခိုက်ရေးစနစ်ကို သူပြန်ပြီ ပြောင်းရေးပါတော့တယ်။ အဲ့ဒီနောက် ကျိုးယိဆီကို လေးစားမှုအပြည့်နဲ့ ပြန်ပြီးကမ်းပေးလိုက်တယ်။

အဲ့ဒီနောက် ရှောင်ရှောင်းဆီကို သူလှည့်သွားပါတယ်။

” ရှောင်ရှောင်း မင်းကောဘယ်လိုလဲ ငါသိထားတာ မမှားဘူးဆိုရင် မင်းရဲ့သိုင်းပညာ၀ိဉာဥ်က အရမ်းကိုရှားပါးတဲ့ ၀ိဉာဥ်​ချေဖျက်အိုးကြီးပဲ ဒါ့အပြင် ထိပ်တန်းအမျိုးအစား၀ိဉာဥ်ထဲမှာပါနေတယ်…အဲ့ဒီ၀ိဉာဥ်ချေဖျက်တဲ့ အိုးကြီးက လူတစ်ယောက်ကို ကာကွယ်ထောက်ပံ့ထားပေးဖို့အတွက် အဓိကအားသာချက် ရှိတယ်မလား ဘာဖြစ်လို့ ထိန်းချုပ်ရေးစနစ်ကို ရေးထားတာလဲ ”

ရှောင်ရှောင်းက ၀မ်သုန့်ကို တစ်ချက်ကြည့်ရင်း ခပ်တိုးတိုးပြောလာခဲ့ပါတယ်။

” ဆရာကျိုးကျွန်မရဲ့ ၀ိဉာဥ်ချေဖျက်အိုးကြီးက သာမန်၀ိဉာဥ်ချေဖျက်အိုးတွေနဲ့ ကွာခြားချက်ရှိနေပါတယ်…သူက တိုက်ခိုက်နိုင်သလို သူများတွေကိုလဲ အထောက်အပံ့ပြုနိုင်တယ်….အဲ့ဒါကို ခုခံဖို့အတွက်တော့ သိပ်ပြီးမသုံးနိုင်ပါဘူး…ဒါကြောင့် ပုံစံပြောင်းနေတဲ့ ၀ိဉာဥ်​ချေဖျက်အိုးလို့ ပြောလို့ရနိုင်ပါတယ်…အဲ့ဒါကို အသက်သုံးချောင်းရှိတဲ့ ၀ိဉာဥ်ချေဖျက်အိုးလို့ လူသိများတယ် ”

ကျိုးယိက မျက်လုံးပြူးသွားခဲ့ပါတယ်။

“‘ ရှောင်ရှောင်း မင်းရဲ့ ကျင့်ကြံတဲ့ရည်ရွယ်ချက်က အရမ်းရှုပ်ထွေးနေတာကို ငါမသိဘူးများ ထင်နေတာလား အနာဂတ်မှာ အဲ့ဒီလိုရှုပ်ထွေးတာက မင်းအတွက် အများကြီးအနှောင့်အယှက် ဖြစ်လာနိုင်တယ်..ဦးတည်ချက်တစ်ခုထဲကိုပဲ အဓိကအာရုံပြုလိုက် ပြီးတော့မှ တခြားအရာတွေကို တိုးတက်အောင်လုပ် အသွင်ပြောင်းနေတဲ့ ၀ိဉာဥ်ဖြစ်မယ်ဆိုရင်တောင် ၀ိဉာဥ်စက်ကွင်းတွေ တိုးတက်လာတာနဲ့ သင့်တော်တဲ့ဦးတည်ရာတစ်ခုကို ရသွားလိမ့်မယ် ”

ရှောင်ရှောင်းက ခေါင်းညိတ်လိုက်ပါတယ်။

” ကျွန်မရဲ့အဓိက စွမ်းရည်ကြောင့် တိုက်ခိုက်မှုနဲ့ ခုခံမှုတွေကို ရွေးချယ်သင့်တယ်ဆိုတာ ကျွန်မသိပါတယ် ”

ကျိုးယိက မျက်မှောင်ကြုတ်သွားခဲ့တယ်။

” ဒါက ထိန်းချုပ်မှုနဲ့ ဘာမှမဆိုင်တာပဲ ”

သူမက ရှောင်ရှောင်းနဲ့ ပတ်သက်လာရင်တော့ အတော်လေးကို စိတ်ရှည်ခဲ့ပါတယ်။

ရှောင်ရှောင်းက တုန်ရီနေတဲ့အသံနဲ့ ဆက်ပြီးပြောလာခဲ့တယ်။

” ဒါပေမယ့် ကျွန်မမှာ နောက်ထပ် သိုင်းပညာ၀ိဉာဥ်တစ်ခု ရှိသေးတယ်….အဲ့ဒါက ထိန်းချုပ်လို့ရသလို ထောက်ပံ့ပေးလို့လဲ ရနိုင်တယ် ”

ဒီတစ်ကြိမ်မှာတော့ ကျိုးယိတင်လန့်သွားရုံတင်မက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တောင်မျက်လုံးပြူးသွားခဲ့တော့တယ်။ အထူးသဖြင့် ၀မ်သုန့်ပါပဲ။ သူက သူ့ကိုယ်သူ အတန်းနံပါတ်တစ်ထဲမှာ အမြဲတမ်းပြိုင်ဘက်ကင်းတဲ့သူလို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့် အတန်းထဲမှာ သူ့ထက် ပိုပြီး ကောင်းကောင်းဖုံးကွယ်ထားနိုင်သူက ရှိနေခဲ့တယ်။

” အမွှာသိုင်းပညာ၀ိဉာဥ်လား ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်စလုံး တစ်ချိန်ထဲမှာ ပြောလိုက်မိပါတယ်။ ရှောင်ရှောင်းကတော့ ရှက်ရွံ့မှုအပြည့်နဲ့သာ ခေါင်းငုံ့ထားရင်း အင်္ကျီကိုလိမ်းနေခဲ့တယ်။

အပိုင်း ၁၆•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset