Switch Mode

Chapter – 15.4

" သုံးလတာ ကာလပတ် "

Chapter – 15.4 ” သုံးလတာ ကာလပတ် ”
°°°
ဟို့ယွိဟောင်လဲ တခြားကျောင်းခန်းက ကျောင်းသားတွေကို လေ့လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ တူညီတဲ့ပုံစံကို ရှာမတွေ့ခဲ့ပါဘူး။ ပေ့ပေ့ပြောခဲ့သလိုပဲ ကျိုးယိက အရမ်းကို တင်းကြပ်တဲ့ ဆရာတစ်ယောက်ဖြစ်ပေမဲ့ သူ့ရဲ့လက်ထဲမှာ ကျောင်းသားတွေက အရမ်းကို ထူးချွန်လာနိုင်သလို အနာဂတ်မှာလဲ ကျွမ်းကျင်တဲ့ပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။ သူမရဲ့ အတန်းတွေကိုသာ ကောင်းကောင်းဖြတ်ကျော်နိုင်မယ်ဆိုရင် မထူးချွန်နိုင်လာစရာဘာအကြောင်းမှ မရှိပါဘူး။

ကျိုးယိက ဟို့ယွိဟောင်ကို အရှေ့အမြန်လျှောက်လာခိုင်းလိုက်ပါတယ်။ အဲ့ဒီနောက် စာရွက်တစ်ထပ်ကြီးကို ပေးလိုက်တယ်။ ကျိုးယိတောင် ပြောဖို့မလိုပဲ ချက်ချင်းဆိုသလို ကျောင်းသားတွေကို သူစာရွက်တွေအမြန် ဝေပေးလိုက်ပါပြီ။

” လူသစ်တွေရဲ့ စာမေးပွဲပြီးသွားရင်း မင်းတို့အတန်းကလဲ မင်းတို့ရဲ့ အရည်အချင်းအလိုက် ခွဲခြားသတ်မှတ်ကြရလိမ့်မယ်…အနာဂတ်မှာ ဘယ်နေရာကိုသွားပြီ လေ့ကျင့်ချင်လဲဆိုတာရေးလိုက်ကြ ပြီးရင်းငါ့ကို ပြန်ပေး ”

သူမ ပြောတဲ့အရာကတော့ တိုက်ခိုက်ရေးနယ်မြေကို သွားမလား ခုခံရေနယ်မြေကိုသွားမလား စသဖြင့်နေရာတွေပါ။ စုစုပေါင်း၀ိဉာဥ်အမျိုးအစားပညာရှင်က လေးမျိုးရှိပါတယ်။ ပထမဆုံးအကြိမ် သုံးလတာသင်ကြားမှုက လူတိုင်းအနေနဲ့ တူညီတဲ့အတန်းထဲမှာ ရောနှောနေရတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လူသစ်တွေရဲ့ အတန်းကိုစပြီဆိုရင် အားလုံးက အတန်းခွဲရတော့မှာပါ။ ဒါ့အပြင် ၀ိဉာဥ်ပညာရှင်တွေရဲ့ လျှောက်လမ်းရမဲ့လမ်းကြောင်းတွေကလဲ အတော်ကို ကြီးမားလွန်းလှပါတယ်။

ဟို့ယွိဟောင်လဲ သူ့အတန်းက ထိုင်ခုံမှာ ပြန်ထိုင်ပါတော့တယ်။ ပထမဆုံးအနေနဲ့ သူသွားချင်တဲ့နေရာကို ရေးတယ်။ အဲ့ဒါကတော့ ထိန်းချုပ်ရေးစနစ်၀ိဉာဥ်ပညာရှင်ပါပဲ။ အောက်ဆုံးမှာတော့ သူ့ရဲ့နာမည်ကို ရေးထိုးလိုက်ပါတယ်။ ဒါပေမယ့် သူ့ဘေးနားမှာရှိတဲ့ ၀မ်သုန့်က သူ့ကိုလှမ်းကြည့်ပြီ ရေးနေမှန်းသူသတိမထားမိလိုက်ပါဘူး။

” မင်းတို့အားလုံးက ငါသင်ကြားပေးလိုက်တဲ့ ကျောင်းသားတွေကြီးပဲ မင်းတို့တွေ အတန်းခွဲသွားကြရင်တောင် ခုနက ငါသင်ပေးလိုက်တဲ့အရာတွေကို မမေ့ကြဖို့မျှော်လင့်ပါတယ်…ကျောင်းအတန်းပြီရင်း စာရွက်တွေငါ့ကို ပြန်ပေးကြ ပြီးရင် အဓိကအချက်တွေကို ငါပြောပြမယ် ”

သူမပြောနေချိန်မှာပဲ ကျိုးယိက ကျောက်သင်ပုန်းအနားကို ပြန်ရောက်သွားပါတော့တယ်။ အဲ့ဒီနောက် မျဥ်းကြောင်းတစ်ချို့ကို ဆွဲလိုက်ပြီ တိုက်ပွဲဆိုတဲ့စာလုံးကို အလယ်တည့်တည့်မှာ ရေးထားလိုက်တယ်။

” ငါတို့တွေ ပထမဆုံးကြုံရမဲ့အရာကတိုက်ပွဲပဲ ဒါ့အပြင် အဲ့ဒီတိုက်ပွဲက လူတိုင်း ပါ၀င်ယှဥ်ပြိုင်ရမဲ့တိုက်ပွဲ ငါသိတယ်…မင်းတို့ထဲမှာ ၀ိဉာဥ်လက်နက်ပညာရှင်တွေအများကြီးပါ၀င်မဲ့အပြင် အထောက်အပံ့စနစ်ရော အစာစနစ်ရောပါမှာ အသေအချာပဲ ဒါက မင်းတို့အတွက် ထူးဆန်းကောင်းထူးဆန်းနေမှာပေါ့ ဘာကြောင့်များ တိုက်ခိုက်ရမှာလဲ ကောင်းပြီ ငါပြောတာကို နားကြားမလွဲဘူးအားလုံးက စစ်မြေပြင်ထဲကို ၀င်ရမယ်…တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်တွေလိုပဲ အတူတူ တိုက်ခိုက်ရမယ် ..ဒါပေမယ့် အမျက်ဒေါသကျောင်းတော်က ပါရမီရှိတဲ့ ၀ိဉာဥ်ပညာရှင်ကို အမျိုးအစားအားလုံးသင်ကြားပေးနေတဲ့အထဲမှာ တိုက်ခိုက်ရေးက အရေးကြီးပဲ ငါမင်းတို့ကို တစ်ခေါက်ပြောဖူးပါတယ်…ကျောင်းစတဲ့နေ့တုန်းက ၀ိဉာဥ်လက်နက်တွေ ပေါ်ထွက်လာပြီတဲ့နောက် ၀ိဉာဥ်ပညာရှင်တွေရဲ့ ကွာခြားချက်က ဝေး၀ါးသွားတယ်လို့ ပြောခဲ့တာ မှတ်မိတယ်မဟုတ်လား အကယ်၍ မင်းတို့က အထောက်အပံ့ပြုတဲ့ ၀ိညာဥ်ပညာရှင်နဲ့ အစာပညာရှင် ဖြစ်နေကြမယ်ဆိုရင်တောင် ၀ိဉာဥ်လက်နက်တွေကိုတောင် အသုံးပြုပြီ သန်မာတဲ့ တိုက်ခိုက်ရေးစွမ်းအားရရှိနိုင်တယ်…ဒါပေမယ့် တကယ် တိုက်ခိုက်နိုင်တဲ့ စိတ်ကဘယ်ကနေလာတာလဲ ၀ိဉာဥ်ပညာရှင်တွေက လက်နက်တစ်ခု ရရုံနဲ့စစ်မြေပြင်ထဲမှာဒီအတိုင်း မတ်တပ်ရပ်ပြီ ထူးထူးဆန်းဆန်းကြီး အသက်ရှင်သွားမယ်လို့ ထင်နေတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းတို့ရဲ့ တိုက်ခိုက်ရေးအသိစိတ်ကပဲ တကယ်စစ်မှန်တဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နိုင်စေမှာ ဒါကြောင့် အားလုံးဒီတ်ိုက်ပွဲကို သွားရမယ် ”

” ဒါပေါ့ အထောက်အပံ့ပြုတဲ့ ၀ိဉာဥ်ပညာရှင်တွေနဲ့ အစာ၀ိဉာဥ်ပညာရှင်တွေကိုတော့ တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်တွေနဲ့က မတိုက်ခိုက်ပါဘူး…မင်းတို့အတွက် မတရားရောက်လွန်တယ်လေ…ဒါကြောင့် လူသစ်တွေအားလုံးအတွက် အဖွဲ့အစည်းဖွဲ့ပြီ တိုက်ခိုက်ရမယ်…တစ်ဖွဲ့ထဲမှာလဲ လူအများကြီးမရှိရဘူး..အထူးသဖြင့် ကျောင်းတော်က ဒီနှစ်ထဲမှာ ဆုံးဖြတ်ထားတယ်…အဖွဲ့တစ်ဖွဲ့မှာ လူသုံးယောက်ရှိရမယ်…ဒါ့အပြင် မင်းတို့အသက်အရွယ်တွေအတွက်တော့ ဒီလိုပေါင်းစည်းတာက အကောင်းဆုံးပဲ အဖွဲ့တွေ လုပ်ပြီးပြီဆိုရင် မင်းတို့ရဲ့အဖွဲ့ထဲမှာ တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်တစ်ယောက်ပဲပါရမယ်…တခြားအဖွဲ့သားနှစ်ယောက်ကိုတော့ စိတ်ကြိုက်ရွေးချယ်နိုင်တယ်..ပထမဆုံးအနေနဲ့ အခန်းတူတဲ့ကျောင်းသားတွေကို အဖွဲ့တစ်ဖွဲ့အရင်ဖွဲ့ပေးမယ်…ကျန်တာကိုတော့ ကိုယ့်ဘာသာကိုယ် ဖွဲ့ကြပေါ့ အဖွဲ့ကို ရွေးစရာမရှိတဲ့သူတွေအနေနဲ့ မင်းတို့ရဲ့အဖွဲ့တွေကို ငါတို့ မဲနှိက်ပြီးသတ်မှတ်ပေးမယ်..တခဏလောက်စောင့်လိုက်ရင် သင့်တော်တဲ့ကိုယ်ပိုင်းအဖွဲ့တွေ ရလာမှာပါ ”

” လူသစ်တွေရဲ့ ပြိုင်ပွဲက တစ်နှစ်တာလုံး သင်ကြားရတဲ့ ကျောင်းသားတွေတိုင်း တိုက်ခိုက်ကြရတာပဲ ဒါ့အပြင် ငါတို့ကျောင်းတော်ကို ၀င်ရောက်လာတဲ့ ကျောင်းသားအရေအတွက်က တကယ်ကို များပြားတယ်…ဒီတစ်ကြိမ်မှာ စုစုပေါင်းကျောင်းသားအဖွဲ့ သုံးရာကျော်ယှဥ်ပြိုင်ရလိမ့်မယ်..ဒါပေမယ့် တစ်၀က်တိတိပဲ ကျန်ရစ်ပြီတော့ နံပါတ်ထိပ်ဆုံးမှာ ရောက်နေတဲ့ အဖွဲ့တစ်ရာငါးဆယ့်ကပဲ ကျောင်းတော်ထဲမှာ ဆက်ပြီးနေခွင့်ရှိမယ်….ဒါ့အပြင် အဲ့ဒီအဆင့်အတန်းက မင်းတို့တိုက်ပွဲထဲမှာ ဘယ်လောက်အမှတ်ရမလဲဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်နေမယ် “‘

” မင်းတို့ရဲ့ပြိုင်ပွဲတွေကို မဲနှိက်ပြီးတော့ပဲ အဓိကစီစဥ်လိမ့်မယ်..ဒါ့အပြင် တစ်ဖွဲ့က အနည်းဆုံးဆယ်ကြိမ်တိတိ ယှဥ်ပြိုင်တိုက်ခိုက်ရမယ်…နောက်ဆုံးမှာ မင်းတို့ယှဥ်ပြိုင်ပြီ အနိုင်ရခဲ့တဲ့ တိုက်ပွဲအရေအတွက်တွေကို မူတည်ပြီ အဆင့်အတန်းကို ခွဲခြားရလိမ့်မယ်…ဒါ့အပြင် ထိပ်ဆုံးရောက်နေတဲ့ ခြောက်ဆယ့်နဲ့လေးဖွဲ့ကတော့ အပြန်အလှန်အသီးသီးတိုက်ခိုက်ရပြီး ထိပ်ဆုံးလေးဖွဲ့ကတော့ မတူညီတဲ့ ဆုလာဘ်တွေကို ရရှိလိမ့်မယ်…ဒါ့အပြင် ချန်ပီယံတွေအတွက် ဆုကအရမ်းကို တန်ဖိုးကြီးတယ် ”

အတန်းထဲမှာရှိတဲ့ ကျောင်းသားတွေအားလုံးကတော့ အပြည့်အ၀အာရုံစူးစိုက်ပြီ နားထောင်နေခဲ့ပါတယ်။ သူတို့အတွက်တော့ ဒီပြိုင်ပွဲက ကျောင်းတော်ထဲမှာ ဆက်နေနိုင်ဖို့အဓိက လိုအပ်ချက်ပါပဲ။ အကယ်၍ သူတို့သာ ထုတ်ပယ်ခံရမယ်ဆိုရင် ပြန်ရုံကလွဲပြီ ဘာမှမရှိပါဘူး။ ဒါ့အပြင် တခြားအစားထိုးကျောင်းတစ်ခုကို သွားတက်ရမှာပါ။ အကယ်၍ ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် သော့်လော့တိုက်ရဲ့ ထိပ်တန်းပညာရှင်ဖြစ်လာဖို့က ခက်ခဲပါလိမ့်မယ်။ သူတို့တွေ သုံးလလုံးလုံးကြိုးစားခဲ့ပြီဖြစ်တာကြောင့် ဘယ်သူကမှ မထွက်ခွာချင်ကြပါဘူး။ ကျိုးယိက ဆက်ပြောလာခဲ့ပါတယ်။

” ငါတို့အတန်းထဲမှာ စုစုပေါင်း ခြောက်ဆယ့်ခုနှစ်ယောက်ရှိတယ်…ဒါကြောင့် အဖွဲ့နှစ်ဆယ့်နှစ်ဖွဲ့ ရှိလိမ့်မယ်…တစ်ယောက်ကတော့ ကျန်နေလိမ့်မယ်…မင်းတို့အားလုံးကို သိုင်းပညာ၀ိဉာဥ်အရ ငါခွဲခြားပြီ တစ်ချို့ကိုတော့ သေချာလေးစစ်ဆေးပေးထားတယ်…ဒါကြောင့် မင်းတို့အဖွဲ့ဖွဲ့တဲ့အချိန်မှာ ငါကူညီပေးမှာပါ အကယ်၍ မကျေနပ်တဲ့သူရှိရင်း အခန်းကို ကိုယ့်ဘာသာကိုယ် ပြန်ပြီ လှဲလိုက်ကြ ဒါပေမယ့် ငါတို့မနက်ဖြန် နာမည်စာရင်းကောက်တဲ့အချိန်မှာ ဘယ်သူမှသဘောမတူတာမျိုး လုပ်လို့မရဘူး…မကျေမနပ်တွေ ဂဆန်ဂလန်တွေ လုပ်လာခဲ့ရင်းတော့ ငါရဲ့စီစဥ်မှုအောက်ကို ရောက်ရှိလိမ့်မယ်…ဒါဆိုရင်တော့ ဘာဖြစ်မလဲဆိုတာ မင်းတို့ကောင်းကောင်းသိမှာပါ ”

” စုန့်ချင်းဟမ် ”
ကျိုးယိက ပြောလိုက်ပါတယ်။

” ကျွန်တော်ရှိ “‘

အတော်လေးကို သေးကွေးပြီ နုနယ်တဲ့ ကျောင်းသားတစ်ယောက်က ထရပ်လိုက်ပါတော့တယ်။ သူက အတန်းထဲမှာ အမြဲတမ်းသိုသိုသိပ်သိပ် နေတာကြောင့် ဘယ်သူမှသူ့ကိုသိပ်ပြီ ဂရုမစိုက်မိပါဘူး။ သူလဲ ဘာကြောင့်ကျိုးယိအရင်ခေါ်ရမှန်း မသိပဲဖြစ်နေခဲ့တယ်။

” လူသစ်တွေရဲ့ အတန်းထဲမှာ ကျောင်းသားတစ်ယောက်က ဆရာတွေရဲ့ ထောက်ခံမှုကို ရယူပြီး စမ်းသပ်ချက်ကို ဖြေစရာမလိုပဲ ဖြတ်သန်းနိုင်တယ်..ဒါကြောင့် ငါမင်းကို ရွေးထားတယ်…မင်းက ၀ိဉာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကို ၀င်ရောက်ဖို့အသင့်တော်ဆုံးသူပဲ ငါမင်းကို သေချာလေ့လာထားပြီးပြီ ဒီကိစ္စနဲ့ ပတ်သက်ပြီ မင်းမှာ ပြဿနာရှိလား အခုအချိန် မင်းမှာရွေးချယ်စရာနှစ်ခုရှိတယ်…၀ိဉာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကို ရွေးချင်ရွေး..မရွေးရင် အထုတ်ပြင်ပြီ ပြန်တော့ ”

ကြောက်စရာကောင်းလွန်လှပါတယ်။ တကယ်ကို ရွေးချယ်စရာမရှိနိုင်တော့တဲ့အထိ ကြောက်စရာကောင်းလွန်လှတယ်။ အတန်းထဲမှာ ရှိရှိသမျှ ကျောင်းသားတွေအားလုံးကတော့ စုန့်ချင်းဟမ်ကိုသာ ကြည့်နေခဲ့ပါပြီ။

” ကျွန်တော်၀ိဉာဥ်တည်ဆောက်ရေး အသက်မွေး၀မ်းကြောင်းကို သွားပါ့မယ်…ကျေးဇူးတင်ပါတယ် ဆရာကျိုး ”

စုန့်ချင်းဟမ်ကတော့ အရမ်းကို ပျော်ရွှင်ပြီ ခုန်ပေါက်မတတ်ဖြစ်နေခဲ့ပါတယ်။ သူကျောင်းတော်ကို လာရတဲ့အကြောင်းအရင်းက ၀ိဉာဥ်အသက်မွေး၀မ်းကြောင်းမှာ သင်ကြားဖို့ပါပဲ။

ကျိုးယိက သူ့ကို ပြန်ထိုင်စေလိုက်ပါတယ်။

” ငါမင်းတို့ကို အဖွဲ့တွေ ပြန်ခွဲပေးမယ် ပထမအဖွဲ့က ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်ရှောင်း ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်လဲ တစ်ချိန်ထဲမှာ ထရပ်လိုက်မိပါတယ်။ သူတို့တွေလဲ အစကထဲက အဖွဲ့တစ်ဖွဲ့ဖြစ်ဖို့ တွေးထားပြီသားပါ။ ကျိုးယိက သူတို့ကို ကိုယ်တိုင်းအဖွဲ့ဖွဲ့ပေးလိုက်တဲ့အတွက် အတော်လေးကို ကျေနပ်သွားပြီ ပျော်ရွှင်နေခဲ့ပါတော့တယ်။

တစ်ဖက်မှာ သူတို့နဲ့အတူ အဖွဲ့ထဲရောက်ရှိလာသူကတော့ အရှေ့ဆုံးမှာရှိနေတဲ့ အမျိုးသမီးကျောင်းသားတစ်ယောက်ပါပဲ။ သူက အရပ်လဲမရှည်သလို အတော်လေးလဲ သေးငယ်ပါတယ်။ စုန့်ချင်းယမ်လိုပဲ သေးသေးကွေးကွေးလေးပါပဲ။ အတန်းထဲမှာလဲ သိပ်ပြီး မထူးချွန်နေပါဘူး။ ဒါပေမယ့် သူမရဲ့ အရည်အချင်းတွေကတော့ အတန်းရဲ့အလယ်မှာရှိနေခဲ့တယ်။

အဲ့ဒီမိန်းကလေးက သိပ်ပြီမလှပေမဲ့ သေးသေးကွေးကွေးနဲ့ ချစ်စရာကောင်းနေခဲ့ပါတယ်။ သူမရဲ့မျက်နှာကတော့ အနည်းငယ်နီရဲလို့နေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့အကြည့်က ၀မ်သုန့်ဆီကိုသာ ရစ်၀ဲနေခဲ့တာပါ။ နောက်တော့ ခေါင်းပြန်ကုတ်ရင်း ပြန်ထိုင်သွားပါတော့တယ်။

” ဒုတိယအဖွဲ့ကတော့ ယွဲ့ဟောင် မာကျင်းရွှမ်နဲ့ လျန်လျန် ”

” တတိယအဖွဲ့ကတော့ ”

ကျိုးယိက ကြမ်းတမ်းခက်ထန်တဲ့ အသံနဲ့သာ အဖွဲ့တွေကို တစ်ဖွဲ့ပြီတစ်ဖွဲ့ ကြော်ငြာပေးနေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဖွဲ့ခွဲတဲ့ အသံတွေကိုကြားပြီချိန်မှာတော့ အတန်းထဲမှာရှိရှိသမျှ ကျောင်းသားတိုင်းက ရင်ထဲမှာရှိတဲ့ ၀န်ထုတ်၀န်ပိုးကြီးပျောက်ဆုံးလို့သွားခဲ့ရပါတော့တယ်။

ဟို့ယွိဟောင်လဲ အတန်းထဲကို အကဲခတ်နေရင်း စိတ်ထဲမှာတော့ အတော်ကို လေးစားနေခဲ့မိပါတယ်။ ဆရာကျိုးယိက အမြဲတမ်းတင်းမာအေးစက်တဲ့ပုံစံ ပေါ်နေခဲ့ပြီး တင်းကြပ်လွန်လှပေမဲ့ သူ့ရဲ့ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းကို ကောင်းကောင်းနားလည်သူပါ။ ဒါ့အပြင် အဖွဲ့တွေအားလုံးကိုလဲ သူမ သေချာဖွဲ့စည်းပေးထားတာ ဖြစ်နေခဲ့တယ်။

အပိုင်း ၁၅•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset