Chapter – 15.3 ” သုံးလတာ ကာလပတ် ”
°°°
ပါရမီကော အင်အားရောက သိပ်ပြီး မကြီးမားတဲ့သူဖြစ်နေခဲ့ပေမဲ့ သူက ကျောင်းထဲမှာ အတန်းအမှန်ဆုံးနဲ့ အာရုံအစိုက်ဆုံးသူဖြစ်ခဲ့ပါတယ်။
ကျိုးယိရဲ့ တင်းကြပ်မှုက ကျောင်းတော်ထဲမှာ နှစ်ယောက်မရှိအောင် မြင့်မားတဲ့သူပါ။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ပတ်သက်ပြီ အမှားအယွင်းပြစ်ချက်တစ်ခုကိုမှ သူမ ရှာမတွေ့ခဲ့ပါဘူး။ သူမရဲ့ရှည်လျားပြီ ရက်စက်တဲ့ ခန္ဓာကိုယ်လေ့ကျင့်ရေးတွေက သူနဲ့ သက်တူရွယ်တူ ကျောင်းသားတွေအတွက်တော့ နှိပ့်စက်မှုတစ်ခုပါပဲ။ ဒါတောင် ဟို့ယွိဟောင်က လေ့ကျင့်မှုတစ်ခုချင်းဆီတိုင်းကို အဆုံးသတ်အထိ တောင့်ခံနိုင်တဲ့အပြင် ညဘက်မှာလဲ ဆက်တိုက်ဆိုသလို လေ့ကျင့်ပါတယ်။
ဒါကတော့ ကျိုးယိကိုယ်တိုင် တစ်ညတာမှာ ကံကောင်းပြီ တွေ့ရှိခဲ့တဲ့အရာပါ။ အဲ့ဒီနေ့တုန်းက သူမတစ်ယောက်ထဲလုပ်ဖို့ကိစ္စရှိခဲ့တယ်။ ဒါကြောင့် ကျောင်းတော်ကို ပြန်လာချိန်မှာ အတော်ကို ညဥ့်နက်နေခဲ့ပါပြီ။ ကျောင်းတော်ရဲ့ ရင်ပြင်ကျယ်ကို ဖြတ်သွားချိန်မှာ သူမ လန့်စရာကောင်းလောက်အောင် ရှာဖွေတွေ့ရှိသွားရတဲ့အရာက ကျောင်းရင်ပြင်ထဲမှာ သံကြိုးကြီးကို သယ်ရင်းပတ်ပြေးနေတဲ့ သူတစ်ယောက်ပါပဲ။
သူမ သေချာအာရုံစိုက်ပြီကြည့်လိုက်ချိန်မှာတော့ အပေါ်ပိုင်းဗလာဖြစ်နေပြီ ချွေးတွေစိုရွှဲနေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့သံကြိုးကလဲ ချွေးတွေစိုရွှဲလို့နေခဲ့ပါပြီ။ ဒါ့အပြင် ခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းက အရမ်းကို လေးလံလို့နေခဲ့ပါတယ်။ ကျိုးယိတောင်မှ သူ့ခန္ဓာကိုယ်ပေါ်ကကျနေတဲ့ ချွေးတွေမြေပြင်ပေါ်မှာ ရေစီးကြောင်းလိုဖြစ်နေတာ မြင်လိုက်ရပါတယ်။
အဲ့ဒီသူက အရပ်အရမ်းမရှည်သေးပေမဲ့ ခန္ဓာကိုယ်က တည်ငြိမ်နေပြီ ခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကလဲ လုံး၀ကို အရှိန်အဟုန်အပြည့် ရှိနေခဲ့ပါတယ်။ ဒါကတော့ ဟို့ယွိဟောင်ပါ။ ကျိုးယိလဲ သူ့ရဲ့ လုပ်ရပ်ကြောင့်အတော်ကို အံ့အားသင့်သွားစေခဲ့ရပါတယ်။ ဒီလိုညနက်သံခေါင်မှာတောင် သူ့ဘာသာသူ အပိုလေ့ကျင့်ရေးဆင်းနေသေးတာလား။
ဘာတွေလုပ်နေလဲဆိုတာ သိချင်တဲ့အတွက် ကျိုးယိကိုယ်တိုင်းလဲ သူ့ကို ခေါ်မေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဟို့ယွိဟောင်ကတော့ ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေခဲ့တယ်။
” ဆရာကျွန်တော်က တကယ်ကို ပါရမီနည်းပါးလွန်းပါတယ်…ဒါကြောင့် တခြားသူတွေထက် ပိုပြီး ကြိုးစားဖို့လိုအပ်တယ်…ခန္ဓာကိုယ်လေ့ကျင့်တဲ့အချိန်မှာ တရားမှတ်တာကိုပါ တစ်ချိန်ထဲလုပ်နေမယ်ဆိုရင် ကျွန်တော်ရဲ့ စွမ်းအင်တိုးတက်မှုက ပိုပြီး မြန်လာတယ်လို့ ကျွန်တော်ထင်တာပဲ “‘
သူမလာမှာကိုသိနေတဲ့အတွက် ဟို့ယွိဟောင် တမင်တကာ ဒီလိုမျိုးပြေးပြနေလို့ သံသယရှိခဲ့ပါတယ်။ ဒါပေမယ့် သူမ သိလာခဲ့ရတဲ့အရာကတော့ မိုးရွာသည်ဖြစ်စေ နေသာသည်ဖြစ်စေ လေတိုက်သည်ဖြစ်စေ နှင်းကျသည်ဖြစ်စေ ဟို့ယွိဟောင်က အမြဲဲဒီလိုပြေးလွှားနေတာကို တစ်ရက်မှမရပ်တန့်ခဲ့ပါဘူး။ သူ့ရဲ့လေ့ကျင့်မှုကလဲ အနည်းဆုံးလေးနာရီကျော်ကြာအောင် ကြာမြင့်ပါတယ်။ ဒါ့အပြင် သူက သံကြိုးကို တစ်ခုထဲမဟုတ်ပဲ နှစ်ခုအထိ မပြီးပြေးနေခဲ့တာပါ။
ဒါ့အပြင် သူက ကျောင်းထဲမှာဆက်တိုက်ပြေးနေခဲ့တာလဲ ဖြစ်ပါတယ်။ ဟို့ယွိဟောင်က ဘယ်သူကိုမှမပြောပြပေမဲ့ သူ့ရဲ့လုပ်ရပ်တွေကို အတန်းသားတွေအားလုံးကတော့ သိသွားခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်နဲ့အတူတူ လေ့ကျင့်ဖို့အတွက် တစ်ချို့ကျောင်းသားတွေက ကြိုးစားခဲ့ပေမဲ့ ဘယ်သူကမှ သုံးရက်အချိန်အထိတောင် မတောင့်ခံနိုင်ခဲ့ပါဘူး။ သူတို့တွေက နေ့လည်အချိန်မှာလဲ ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့တာကြောင့် ညအချိန်မှသာ ထပ်ပြီလေ့ကျင့်မယ်ဆိုရင် ကိုယ့်ကိုကိုယ် နှိပ့်စက်နေတာကလွဲပြီ ကျန်တာမရှိနိုင်ပါဘူး။
ဟို့ယွိဟောင်ကတော့ ခန္ဓာကိုယ်ဒီနှိပ့်စက်မှုကြီးကို ကောင်းကောင်းတောင့်ခံထားနိုင်ခဲ့ပါတယ်။ မဖြစ်နိုင်တဲ့အရာကို ဖြစ်နိုင်အောင်လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ ကြောက်စရာကောင်းလွန်းလှတဲ့ စိတ်အားထက်သန်မှုက အတန်းထဲမှာ ရှိရှိသမျှ ကျောင်းတော်သားတိုင်းရဲ့ လေးစားမှုနဲ့ အသိအမှတ်ပြုမှုကို ရစေခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ကိုယ်တိုင်းကလဲ ကျိုးယိရဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို သုံးလလုံးလုံး တောင့်ခံနိုင်ခဲ့ရင်း အတန်းနံပါတ်တစ်ရဲ့ကျန်ရစ်တဲ့ လူသစ်ခြောက်ဆယ့်ခုနှစ်ယောက်ထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်လာခဲ့တယ်။
” ကြိုးစားမှုက လူတစ်ယောက်ကို ပြောင်းလဲစေတယ် ”
ဒီစကားလုံးက ရိုးရှင်းပေမဲ့ ဘယ်သူကများအမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်တာလဲ။ ဟို့ယွိဟောင်ကတော့ လုပ်နိုင်ခဲ့ပါပြီ။ သူလဲ သူ့ရဲ့ကြိုးစားမှုအသီးအပွင့်ကို ရိတ်သိမ်းရပါတယ်။ အမှားအယွင်းမရှိနိုင်လောက်အောင် သူ့ရဲ့ကျင့်ကြံဆင့်ကလဲ အချိန်အတိုလေးအတွင်းမှာ အရမ်းကို တိုးတက်လာခဲ့တယ်။ ထူးဆန်းရေဆေးလုံးနှစ်လုံးနဲ့ ၀ိဉာဥ်အဆင့်တက်ဆေးလုံးတစ်လုံးကြောင့်လဲ ပါနေခဲ့ပါတယ်။ ၀ိဉာဥ်စွမ်းအားတိုးတက်လာရုံတင်မကပါဘူး။ အသိပညာကလဲ အတော်များများ တိုးမြင့်လို့လာခဲ့သလို ခန္ဓာကိုယ်နဲ့ အရိုးတွေရဲ့ တည်ဆောက်မှုကလဲ အများကြီးပိုပြီးအားကောင်းလာခဲ့ပါတယ်။
အစောပိုင်းတုန်းက ၀မ်သုန့်ထက် အရပ်နည်းနည်းပုနေပေမဲ့ လက်ရှိအချိန်မှာတော့ ၀မ်သုန့်နဲ့ တူညီတဲ့အရပ်အမြင့်ကို သူရရှိလာခဲ့ပါပြီ။ ခန္ဓာကိုယ်ကလဲပိုပြီး ပိုပြီးကျစ်လစ်တောင့်တင်းလာခဲ့ပါတယ်။ ကြီးမားတဲ့ကြွက်သားတွေ ရှိမနေခဲ့ပေမဲ့ အပေါ်ပိုင်းခန္ဓာကိုယ်က အတော်ကို အချိုးကျကျနဲ့ ဖြစ်လာခဲ့ပါတယ်။ ကြွက်သားတစ်ခုချင်းဆီတိုင်းကလဲ ကျစ်လစ်ပြီး စွမ်းအင်တွေအပြည့်အ၀ ရှိနေခဲ့တယ်။
အရေးကြီးဆုံးကတော့ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က နတ်ရေကန်ပြုတ်ကျလိုက်သလိုမျိုး သုံးလတာအချိန်အတွင်းမှာ ပြောင်းလဲလို့သွားခဲ့တာပါ။ ဒီလိုအပြောင်းအလဲက အတွင်းပိုင်းနဲ့ အပြင်ပိုင်းအချက်တွေကြောင့် ညီတူညီမျှ ပါ၀င်နေခဲ့ပါတယ်။
ထူးဆန်းကောင်းကင်နည်းလမ်းကို ပိုမို နားလည်လာတာကြောင့် အဲ့ဒီအကြောင်းအရာကို ထန်ယာ့နဲ့ ပေ့ပေ့တို့ဆီ သူတင်ပြခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးကတော့ သူရှာဖွေတွေ့ရှိခဲ့သလိုမျိုး စွမ်းအင်ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းတွေကို အင်အားဖြည့်တင်းစေဖို့ မလုပ်နိုင်ခဲ့ပါဘူး။
အကြောင်းအရင်းကတော့ ဟို့ယွိဟောင်ရဲ့ပြင်းထန်တဲ့လေ့ကျင့်မှုက သက်လုံရော၀ိဉာဥ်စွမ်းအားပါ အပြည့်အ၀ ကုန်ဆုံးပြီး လှဲကျမလိုဖြစ်တဲ့အချိန်မှာ ပေါ်လာတာကြောင့်ပါပဲ။ ဒီလိုအပြောင်းအလဲနဲ့ အင်အားဖြည့်တင်းပေးနိုင်တဲ့ အရာက သူ့ရဲ့ စွမ်းအင်ဖြတ်သန်းမှုလမ်းကြောင်းတွေကို အနည်းငယ်ကျယ်ပြန့်လာစေပါတယ်။ ဒါပေမယ့် အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ပြန်လည်အားနည်းလို့သွားခဲ့ရတယ်။
အဲ့ဒီလိုအချိန်ကာလအနည်းငယ်အတွင်းမှာပဲ ကျယ်ပြန့်မှုကတင် ကျင့်ကြံဆင့်ကို ကြောက်စရာကောင်းလောက်အောင် တိုးတက်စေခဲ့ပါပြီ။
ဒုတိယမြောက်ထူးဆန်းရေဆေးလုံးကို ဟို့ယွိဟောင်သောက်ပြီးချိန်မှာတော့ ကျင့်ကြံဆင့်က ပုံမှန်အချိန်ထက် ခုနှစ်ဆတိတိ ပိုမြန်ဆန်လာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ခန္ဓာကိုယ်ရဲ့ မသန့်စင်မှုတွေကလဲ ဖယ်ရှားခံလိုက်ရတော့တယ်။ သုံးလတာကုန်ဆုံးပြီတဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်အရင်းအမြစ် ဖြတ်သန်းသွားလာရာလမ်းကြောင်းတွေက အများကြီးပိုပြီး ကျယ်ပြန့်လာခဲ့ရုံတင်မက ခံနိုင်ရည်အားကလဲ တိုးတက်လာခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ ကျင့်ကြံဆင့်က အစပထမကျင့်ကြံချိန်တုန်းကထက် ဆယ့်ဆပိုမြန်ဆန်လာခဲ့ပါတယ်။ ဒါက လန့်စရာကောင်းလောက်အောင် တိုးပွားလာတဲ့နှုန်းထားပါပဲ။
ဒုတိယရေဆေးလုံးကို အသုံးပြုပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ ၀ိဉာဥ်စွမ်းအားကလဲ အဆင့်တစ်ဆင့်အထိ တက်သွားခဲ့ပါတယ်။ သူ့ကို အဆင့်ဆယ့်နှစ်ရဲ့အထွဠ်အထိပ်ကနေ အဆင့်ဆယ့်သုံးထိပ်အထိကို ရောက်သွားစေခဲ့တယ်။ ခန္ဓာကိုယ်ကို သင့်တော်အောင် ချိန်ဆပြီတဲ့နောက် ၀ိဉာဥ်အဆင့်တက်ဆေးလုံးကို သူအသုံးချလိုက်ပါတယ်။ ရလဒ်ကတော့ ပိုပြီး အထင်ကြီးစရာကောင်းနေခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀ိဉာဥ်စွမ်းအားက အဆင့်ဆယ့်သုံးတိတိ ဆက်တိုက်တက်သွားခဲ့ပြီး အဆင့်ဆယ့်လေးတစ်၀က်ကနေ အဆင့်ဆယ့်ခုနှစ်အထိကို ရောက်ရှိလို့သွားခဲ့ပါတယ်။
လက်ရှိအချိန် ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်က အဆင့်တူကျောင်းသားတွေရဲ့ အလယ်အလတ်မှာရှိနေခဲ့ပါတယ်။ ပိုပြီး ချီးမွမ်းစရာကောင်းတဲ့ အရာကတော့ သူ့ရဲ့ကိုယ်ပိုင်း ကျင့်ကြံအားထုတ်နိုင်စွမ်းပါပဲ။ လွန်ခဲ့တဲ့သုံးလအတွင်းမှာ ၀ိဉာဥ်စွမ်းအားက ဆက်တိုက်တိုးတက်နေခဲ့သလို အဆင့်ဆယ့်ခုနှစ်အထိကို ရောက်ရှိလို့လာခဲ့ရင်း အဆင့်ဆယ့်ရှစ် ဖြတ်သန်းတိုးတက်ခါနီးကို ထပ်မံရောက်ရှိပြန်ပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ အခြေခံကို ခိုင်မာအောင်ထိန်းညှိနေဆဲဖြစ်တာကြောင့်သာ အဆင့်ကျော်တိုးတက်မှုကို မစတင်သေးတာပါ။ ဒါပေမယ့် ဒီလိုပါရမီမျိုးနဲ့ဆိုရင် အရင်ကလိုအမှိုက်သရိုက်မျိုးအဖြစ် မသတ်မှတ်ခံရတော့ပါဘူး။
” ခန္ဓာကိုယ်လေ့ကျင့်မှုကို ငါတို့ဒီနေ့ရပ်မယ် ”
ကျိုးယိက သင်ကြားရေနယ်မြေရဲ့ ဘေးမှာရပ်နေရင်း ပြောလိုက်ပါတယ်။ ဒါပေမယ့် သူမ အတန်းထဲမှာရှိနေသရွေ့ ကျောင်းသားတိုင်းက လုံး၀ကို မပျင်းမရိသင်ကြားကြရတယ်။
” ဒီနေ့တော့ မင်းတို့တွေ ကျောင်းစတက်ရတာ သုံးလပြည့်သွားပြီ အားလုံးပထမအချိန် စမ်းသပ်မှုကို ကျော်ဖြတ်ရမယ် ..ဒီစာမေးပွဲကို အောင်မြင်ရင်း ပထမနှစ်ကျောင်းသားတွေအဖြစ် တရာ၀င်အသိအမှတ်ပြုခံရမယ်…ဒါဆိုရင် အမျက်ဒေါသကျောင်းတော်ရဲ့ တကယ်ကျောင်းသားအစစ်တွေ ဖြစ်လာပြီပဲ အကယ်၍ မမျှော်လင့်တာ တစ်ခုခု ဖြစ်မလာဘူးဆိုရင်တော့ ပထမနှစ်ရဲ့ ဆုပေးပြီ ပြီးမြောက်တဲ့အချိန်အထိ ကောင်းကောင်းမွန်မွန် သင်ကြားကျင့်ကြံရမှာပါစစ်ဆေးရေးစာမေးပွဲက မနက်ဖြန်မှာ စတင်မယ်…ဒါကြောင့် အဓိက အချက်တွေကို ငါဆွေးနွေးချင်တယ် “‘
ကျိုးယိအနေနဲ့ ဒီလိုချိုချိုသာသာ ပြောတယ်ဆိုတာ အတော်ကို ရှားပါးလွန်တဲ့အရာပါ။ သူ့ရှေ့မှာရှိနေခဲ့တဲ့ ကျောင်းသားခြောက်ဆယ့်ခုနှစ်ယောက်ကို ကြည့်ရင်း အတော်ကို ကျေနပ်နေခဲ့ပါတယ်။ ဒီအရေအတွက်နဲ့ အရေအသွေးက သူမ အရင်ကသင်ကြားပေးဖူးတဲ့ကျောင်းသားတွေထက် အတော်ကို ပိုပြီး အားကောင်းနေခဲ့တယ်။ ဒါ့အပြင် သုံးလတာသင်ကြားမှုမှာကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်စွမ်းအင်ကလဲ အတော်ကို မြင့်မားလာခဲ့ပါပြီ။ ကျိုးယိအတွက်တော့ ဒါက မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတစ်ခုပါပဲ။ ကျောင်းသားခေါင်းဆောင် ဟို့ယွိဟောင်က အားလုံးအတွက် အရေးကြီးတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပါ၀င်နေခဲ့တယ်။
” ဟို့ယွိဟောင် ”
” ကျွန်တော်ရှိ ”
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ထရပ်လိုက်ပါတယ်။
သုံးလတာအချိန်မှာ ဟို့ယွိဟောင်က ကျိုးယိကို စိတ်ထဲကနေ လေးလေးနက်နက် လေးစားပြီသားဖြစ်နေခဲ့တယ်။ သူမရဲ့လေ့ကျင့်မှုကြောင့်သာ မဟုတ်ရင် သူလဲ ဒီလောက်အထိ တိုးတက်မှုမြန်ဆန်မှာ မဟုတ်ပါဘူး။ တော်တော်များများကတော့ သေချင်စိတ်ပေါက်နေခဲ့ပေမဲ့ သူမရဲ့ ကျင့်ကြံမှုတွေက အရမ်းကို သန်မာစေခဲ့ပါတယ်။ ဒါ့အပြင် သူမ လုပ်ခိုင်းတဲ့ ထူးထူးဆန်းဆန်းအရာတွေက သူ့တို့ခန္ဓာကိုယ်ပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုရှိနေခဲ့တယ်။ ဒါကြောင့်သာ အတန်းနံပါတ်တစ်ရဲ့ကျောင်းသားတွေက ခန္ဓာကိုယ်အပြောင်းအလဲ အများကြီးရှိလာရုံတင်မကပဲ စိတ်ခွန်အားကလဲ ကျောက်စိုင်ကျောက်သားတွေလို မာကျောနေခဲ့ပါပြီ။
အပိုင်း ၁၅•၃ ပြီး၏။