Switch Mode

Chapter – 15.2

" သုံးလတာ ကာလပတ် "

Chapter – 15.2 ” သုံးလတာ ကာလပတ် ”
°°°
” ဟို့ယွိဟောင် မင်းငါးကင်ရဲ့ ဒီအရေအသွေးက အဲ့ဒီလောက် ကောင်းမယ်လို့ ငါမတွေးမိခဲ့ဘူး..ဒီလိုဆိုရင် ဘယ်လိုလဲ ငါမင်းကို ညစာကျွေးထားပြီဆိုမှတော့ ငါ့ကို ငါးကင်လေး ပြန်ကျွေးပါလား အဆင်ပြေရဲ့လား ”

၀မ်သုန့်ကတော့ အရမ်းကို စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ ပြောလာခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ ရယ်သာရယ်နေခဲ့တယ်။

“‘ မင်းညတိုင်းငါးကင်စားချင်နေလို့တော့ မဖြစ်ဘူးလေ မင်းပြောသလောက် အရသာရှိတယ်ဆိုပေမဲ့ အများကြီးစားရင်း ငြီးငွေ့သွားမှာပဲ ”

၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။

” မစိုးရိမ်နဲ့ ငါဂရုမစိုက်ဘူး အရင်ဆုံး၀အောင်စားပြီမှ ပြောကြတာပေါ့ ဒါဆိုရင် ဒီအတိုင်းသတ်မှတ်လိုက်ပြီနော် ငါမနက်ဖြန် ငါးကင်လေးကောင်စားချင်တယ်…နှစ်ကောင်ကို ဘယ်လိုမှ မ၀ဘူး…ဒါ့အပြင် ဒီနေ့တန်းစီးနေတဲ့သူတွေ ဘယ်လောက်များလဲ မင်းမြင်လိုက်တယ်မလား နောက်ထပ် ငါးတွေပိုပြီး ရောင်းပါလား အချိန်လဲသိပ်ပြီကုန်မှာမဟုတ်ဘူး အကယ်၍ မင်းမရောင်းဘူးဆိုရင် သူတို့ကို မရောင်းခင်အချိန်မှာ ငါတို့စားတာနဲ့ကုန်တော့မယ် ‘”

အခုအချိန်မှာ သူတို့နှစ်ယောက်က အထုတ်သိမ်းပြီ အခန်းပြန်ဖို့လုပ်နေခဲ့ပါပြီ။ သူတို့အခန်းတွေကို မပြန်ခင် ညစာသွားစားဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။

” ၀မ်သုန့်ငါ့ရဲ့ ဆရာတူအစ်ကိုကြီးက ငါ့ကိုနောက်ထပ် ထူးဆန်းရေဆေးလုံးတစ်လုံး ပေးလိုက်တယ် ..ဒီနေ့ညအဲ့ဒါစားရမလား ဒါ့မှမဟုတ်ရင် ၀ိဉာဥ်အဆင့်တက်ဆေးလုံးပဲစားရမလား ”

ဟို့ယွိဟောင်က ဆေးလုံးနှစ်လုံးကို ထုတ်ယူလာရင်း ၀မ်သုန့်ကို မေးလိုက်ပါတယ်။ ၀မ်သုန့်က သူ့ထက်ပိုပြီး ဆေး၀ါးတွေအကြောင်း နားလည်နေခဲ့တယ်။ ဆေးလုံးနှစ်လုံးကို ရပြီတဲ့နောက် ဟို့ယွိဟောင်လဲ စိတ်မရှည်တော့ပါဘူး။ အကယ်၍ ဆေးလုံးနှစ်လုံးကသာ သူ့ရဲ့ကျင့်ကြံဆင့်ကို မြင့်တင်ပေးနိုင်မယ်ဆိုရင် တခြားကျောင်းသားတွေနောက်ကို မရောက်နေတော့မှာ အသေအချာပါ။

၀မ်သုန့်က တခဏတာ စဥ်းစားနေရင်း ပြောလိုက်ပါတယ်။

” မင်းဒီဆေးလုံးနှစ်လုံးကို အချိန်အတိုင်အတာတစ်ခုအထိ မသုံးသေးဖို့ ငါပြောချင်တယ် ”

” ဘာကြောင့်လဲ ”

ဟို့ယွိဟောင်က တအံ့တဩမေးလာခဲ့တယ်။

” မင်းစဥ်းစားကြည့်ကြည့် မင်းမနေ့တုန်းက ထူးဆန်းရေဆေးလုံးကို စားလိုက်တယ်…မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့မသန့်စင်မှုတွေက အကုန်ထွက်သွားပြီးပြီ ဆေးအာနိသင်က မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အချိန်အကြာကြီးရှိနေမှာပဲ ဒါပေမယ့် မင်းတရားထိုင်ပြီ သေသေချာချာ ချေဖျက်ပေးမှ ဆေးက မင်းခန္ဓာကိုယ်ထဲမှာ ကျေပျက်သွားလိမ့်မှာ အခုအချိန် နောက်ဆေးလုံးတစ်လုံးကို သောက်လိုက်မယ်ဆိုရင် ယာယီအားအင်တစ်ချို့ ရှိလာနိုင်ပေမဲ့ မူလဆေးလုံးရဲ့စွမ်းအင်ရော အသစ်သောက်တဲ့ဆေးရဲ့ စွမ်းအင်ရော အလဟာသဖြစ်သွားလိမ့်မယ်…ထူးဆန်းရေဆေးလုံးနဲ့ ၀ိဉာဥ်အဆင့်တက် ဆေးလုံးနှစ်ခုစလုံးက ကောင်းကင်ရတနာလို့ ပြောကြတဲ့ဆေးလုံးတွေကြီးပဲ မင်းမှာဒီလိုဆေးလုံးတွေ ရှိနေပြီဆိုမှတော့ သေချာပေါက် အပြည့်အ၀ အသုံးချရမယ်..နောက်ထပ် ဆယ့်ရက်လောက် ထပ်ပြီး ကျင့်ကြံလိုက်ဦး မင်းခန္ဓာကိုယ်က ပထမထူးဆန်းရေဆေးလုံးကို အပြည့်အ၀စုပ်ယူပြီချိန်မှာ ဒုတိယတစ်ခုကိုသောက်လိုက် ဒါဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကလဲ အဆင့်တစ်ဆင့် တက်သွားလိမ့်မယ်…၀ိဉာဥ်စွမ်းအားလဲ တိုးမြင့်လာမယ်…ထူးဆန်းရေဆေးလုံးရဲ့ စွမ်းအင်တွေကိုစုပ်ယူပြီရင် မင်းရဲ့ခန္ဓာကိုယ်လဲ အားကောင်းလာသလို စွမ်းအင်အရင်းအမြစ် ဖြတ်သန်းသွားလာတဲ့လမ်းကြောင်းတွေကလဲ အများကြီး တိုးတက်မှုရှိလိမ့်မယ်….အဲ့ဒါပြီတော့မှ ၀ိဉာဥ်အဆင့်တက်ဆေးလုံးကို သောက်လိုက် မင်းရဲ့ခန္ဓာကိုယ်မှာ အတားအဆီးတွေမရှိတော့တဲ့အတွက် အကောင်းဆုံးရလဒ်ကို ရလာလိမ့်မယ် ”

၀မ်သုန့်ရဲ့ သုံးသပ်ပြမှုက အတော်ကို အကျိုးအကြောင်း သင့်တော်တယ်လို့ ဟို့ယွိဟောင် ခံစားမိခဲ့ပါတယ်။

” ကျေးဇူးပဲ ငါ့ကို ဒါတွေအားလုံး ပြောပြပေးမဲ့ မင်းရှိနေတာ တကယ်ကို ကောင်းတယ်…မင်းသာမရှိဘူးဆိုရင် ငါလဲ သူတို့ကို ဘယ်လိုကောင်းကောင်းသုံးရမယ်မှန်းတောင် သိမှာမဟုတ်ဘူး…မင်းရောဘယ်လိုလဲ ဒီနေ့မင်းရဲ့ဆေးလုံးကို စားတော့မှလား “‘

၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။

” ငါက အဆင့်နှစ်ဆယ့်တစ်ကို ရောက်နေပြီ ငါ့ရဲ့ခန္ဓာကိုယ်နဲ့ စွမ်းအင်ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းတွေက အတော်လေး အခြေအနေကောင်းတယ်…ဒါကြောင့် အမြန်ဆုံးစုပ်ယူပြီ အဆင့်တက်တာက အကောင်းဆုံးပဲ ငါစားလိုက်ရင်း ဆေးရဲ့အာနိသင်ကို တစ်ညထဲမှာ ချေဖျက်ပြီသား ဖြစ်သွားလိမ့်မယ်…မနက်ဖြန် အဆင့်နှစ်ဆယ့်နှစ်ရောက်ချင်ရောက်နေမှာ အဆင့်နှစ်ဆယ့်သုံးတောင် ရောက်နိုင်သေးတယ်…အစ်မကြီးရှောင်ယာ့က ငါသာ လူသစ်တွေရဲ့ စာမေးပွဲမှာ အဆင့်တစ်ရခဲ့ရင်း ထန်မျိုးနွယ်ထဲကို ၀င်ဖို့ခွင့်ပြုပေးမယ်လို့ ပြောတာမင်းကြားတယ်မလား ၀ိဉာဥ်အဆင့်တက်ဆေးလုံးကို စားလိုက်ပြီရင်း နံပါတ်တစ်နေရာကိုလဲ ရဖို့ငါလဲ ပိုပြီးသေချာသွားပြီ ကောင်းပြီ ငါအခုပဲစတော့မယ်…မင်းလဲ မင်းဘာသာမင်းသွားပြီ ကျင့်ကြံတော့ ”

သူပြောပြီတာနဲ့ ဆေးလုံးကိုယူပြီး ပါးစပ်ထဲထည့်လိုက်ပါတယ်။ အေးအေးဆေးဆေးကိုက်ပြီး ၀ါးစားနေခဲ့တယ်။ အသက်ရှုသွင်း ရှုထုတ်လုပ်ရင်းနဲ့ ဆေးကို၀ါးနေတဲ့အချိန် ဆေးထဲကနေ အစိမ်းရောင်ရေတွေ ထွက်လာခဲ့ပါပြီ။ သူက ဆေးရဲ့အပြင်ခွံကိုတောင် လုံး၀အလဟာသမဖြစ်ခံပါဘူး။ အချိန်အတော်ကြာတဲ့အထိ ကောင်းကောင်းကြီး၀ါးစားလို့နေခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ အခန်းတစ်ခုလုံးက မွှေးရနံ့တွေနဲ့ ပြန့်နှံ့လို့နေခဲ့ပြီး ပန်းပေါင်းသောင်းချီရှိနေတဲ့ ဥယျာဥ်ထဲကျရောက်သွားသလို မွှေးပျံ့လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့စိတ်ကလဲ လန်းဆန်းလို့သွားခဲ့ပါပြီ။ ဒါ့အပြင် သူ့ရဲ့ မွှေးညင်းပေါက်သုံးသောင်းခြောက်ထောင်ကလဲ ပွင့်လာသလိုပါပဲ။ ဒီလိုဖော်ပြရခက်တဲ့ လုပ်ဆော်မှုက ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့လို့သွားခဲ့တယ်။ သူလဲ အချိန်မဖြုန်းတော့ပဲ ခပ်မြန်မြန် မြေပေါ်မှာ ထိုင်ပြီး တင်ပလ္လင်ခွေချိတ်လိုက်ရင်း တရားစထိုင်ဖို့ လုပ်ပါတော့တယ်။

ထူးဆန်းရေဆေးလုံးရဲ့ သန့်စင်ပေးမှုကြောင့် ကျင့်ကြံမှုက ဟို့ယွိဟောင်အတွက် ပျော်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ချက်ချင်းဆိုသလို တရားထိုင်ပြီတဲ့နောက် ထူးဆန်းကောင်းကင်နည်းလမ်းကို စတင် အသုံးပြုတော့တယ်။ သူ့ခန္ဓာကိုယ်ကလဲ ၀ိဉာဥ်စွမ်းအားတွေ ဆက်တိုက်ဆိုသလို ထိုးတက်လို့လာခဲ့နေပြီ အတော်ကို အခြေခိုင်တဲ့ အနေအထားကို ရောက်လာခဲ့ပါပြီ။ မှိန်ဖျော့ဖျော့ကျောက်စိမ်းရောင်အလင်းတန်းက ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လို့နေခဲ့ပြီး သန်မာအားကောင်းတဲ့ လန်းဆန်းမှုအရှိန်အ၀ါနဲ့အတူ အခန်းတစ်ခုလုံးကို လွှမ်းခြုံထားပါတော့တယ်။ တစ်ချို့တစ်၀က်ကိုတော့ ဟို့ယွိဟောင်က စုပ်ယူနေခဲ့ပြီး ၀မ်သုန့်ကတော့ အများစုကို ရှုရှိုက်နေခဲ့ပါတယ်။ ၀ိဉာဥ်အဆင့်တက် ဆေးလုံးရဲ့ လုပ်ဆော်မှုအောက်မှာ ၀ိဉာဥ်အင်အားတွေကတော့ အံ့ဩစရာကောင်းလှတဲ့ အရှိန်နှုန်းက တက်လာခဲ့တယ်။

°°°
နှစ်ရက်အတွင်းမှာ အလှည့်အပြောင်းတွေအများကြီးကို ကြုံလိုက်ရတဲ့ဟို့ယွိဟောင်ရဲ့ ကျောင်းသားဘ၀ကလဲ ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်စပြုလာပါပြီ။ ဒါတင်မကသေးပဲ သူလဲ အနည်းငယ်ကျော်ကြားလို့လာပါတော့တယ်။ အထူးသဖြင့် သူ့ငါးကင်ကို စားဖူးကြတဲ့ ကျောင်းသားနဲ့ ဆရာတွေအားလုံးက ချီးကျူးလို့မဆုံး ဖြစ်နေခဲ့တာပါ။

ဟို့ယွိဟောင်ကလဲ နေ့စဥ်နေ့တိုင်း ငါးအကောင်နှစ်ဆယ်ကနေ သုံးဆယ်အထိ တိုးပြီးရောင်းချနေခဲ့ပေမဲ့ စားသုံးသူတွေကတော့ မကျေနပ်နိုင်ကြပါဘူး။ ဒါပေမယ့် သူလဲ အများကြီး ထပ်ပြီး မလုပ်ချင်ပဲရှိနေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျင့်ကြံဖို့အတွက် အချိန်ပိုလိုအပ်လို့ပါ။

ငါးကင်တစ်ကောင်စားရဖို့အတွက်တောင် ကျောင်းသားတွေက အတန်းပြီတိုင်း အမြန်ဆုံးနှုန်းနဲ့ ကျောင်းပေါက်၀ကိုပြေးလာပြီး စောင့်ဆိုင်းကြပါတယ်။ ငါးကင်ရဲ့ ၀ယ်လိုအားက မြင့်တဲ့အတွက် ဟို့ယွိဟောင်လဲ ရွေးချယ်စရာမရှိတော့ပဲ လူတစ်ယောက်ကို ငါးကင်တစ်ကင်သာ ရောင်းချရတော့တယ်။ ဒီလိုအကန့်အသတ် လုပ်လိုက်တာက သူ့ငါးကင်ရဲ့ ၀ယ်လိုအားကိုလဲ ပိုပြီး တိုးမြင့်လာစေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ စျေးကိုဘယ်တော့မှ မမြင့်ခဲ့ပါဘူး။ ဒါကြောင့်လဲ ကျောင်းသားတွေဆီကနေ အသံတိတ်ချီးကျူးမှုတွေ ရရှိလာခဲ့ပါတယ်။ ဒါ့အပြင် မိတ်ဆွေတွေလဲ အများကြီးရလာခဲ့ပါပြီ။

အပြင်နယ်မြေရဲ့ နံပါတ်တစ် အလှပဂေးဖြစ်တဲ့ ကျန်းနန်နန်တောင်မှ အဆုံးသတ်မှာ သူ့ရဲ့ငါးကင်ကို လာစားရပါတယ်။ သူမကိုယ်တိုင်းလဲ လူတန်းရှည်ကြီးထဲမှာ စောင့်ဆိုင်းပြီတော့ လာ၀ယ်ယူနေခဲ့တယ်။ ဒါပေမယ့် ပိုပြီး အံ့ဩစရာကောင်းတဲ့အရာကတော့ ရှုစန်းရှီတောင်မှ ကျန်းနန်နန်ကို ငါးကင်မ၀ယ်ပေးပဲ သူကိုယ်တိုင်းအတင်းလုစားနေတာပါပဲ လက်ရှိအချိန် မှာ သူက ဟို့ယွိဟောင်ရဲ့ နံပါတ်တစ်ဖောက်သည်ကြီးတွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါ့အပြင် နေ့တိုင်းငါးကင်မစားပဲ မနေနိုင်တဲ့သူပါ။

သူက မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကျောင်းရဲ့ ပထမသုံးလတာအချိန်က ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ဆရာကျိုးယိရဲ့ တင်းကြပ်တဲ့ သင်ကြားမှုအောက်မှာ အတန်းနံပါတ်တစ်ကတော့ လုံး၀ကို ပြောင်းလဲလို့သွားပါတော့တယ်။ ဒါပေမယ့် ကျောင်းတော်ကို အံ့အားသင့်သွားစေခဲ့တဲ့အရာကတော့ ကျိုးယိရဲ့ထိန်းချုပ်အောက်မှာတောင် စုစုပေါင်း ကျောင်းသား ခြောက်ဆယ့်ခုနှစ်ယောက်က ကျန်ရစ်နေဆဲဖြစ်လို့ပါ။ ဒါက ကျောင်းတော်ရဲ့ သက်တမ်းတစ်လျှောက်မှာ အံ့ဩစရာကောင်းတဲ့ ကျန်ရစ်မှုပါပဲ။

အကယ်၍ ကျောင်းသုံးလတာအချိန်အတွင်း အခန်းနံပါတ်တစ်မှာ ပြောင်းလဲမှုအများဆုံးသူက ဘယ်သူလဲလို့မေးမယ်ဆိုရင် သေချာပေါက် ဟို့ယွိဟောင် ဖြစ်မှာပါပဲ။ ကျောင်းတော်ထဲကို စတင်၀င်ရောက်လာချိန်မှာ သူက ၀ိဉာဥ်အင်အားဟာ အဆင့်ဆယ့်တစ်သာ ရှိခဲ့သေးတာပါ။ ဒါ့အပြင် ၀ိဉာဥ်စက်ကွင်းကို ရခါစအချိန်လဲ ဖြစ်နေခဲ့ပါသေးတယ်။ သူ့ရဲ့ အင်အားက ကျောင်းတော်ထဲမှာ နောက်ဆုံးဖြစ်နေရုံတင်မက အားလုံးကလဲ သူ့အထက်မှာ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် သုံးလတာအချိန်အတွင်းမှာ သူက လုံး၀ ပြောင်းလဲသွားပါပြီ။ ဒါ့အပြင် ဘယ်သူကမှ သူ့ရဲ့ အတန်းခေါင်းဆောင်နေရာကို လာပြီးစိန်မခေါ်နိုင်ခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်က သူ့ရဲ့ အင်အားကိုအသုံးပြုပြီ လူတိုင်းကို ခြိမ်းခြောက်ထားလို့မဟုတ်သလို ဘယ်သူကမှ သူ့ကို အနိုင်မယူနိုင်တာကြောင့်လဲ မဟုတ်ပါဘူး။ သူ့ရဲ့ စိတ်ဓာတ်ကြောင့် ကျောင်းသားတွေအားလုံးက သူ့ကိုလေးစားနေတာကြောင့်ပါ။ ဒါ့အပြင် အတန်းရဲ့ နှစ်ပုံသုံးပုံကလဲ ဆရာကျိုးယိရဲ့ တင်းကြပ်တဲ့လေ့ကျင့်မှုတွေအောက်မှာ ကျန်ရစ်ခဲ့တဲ့သူတွေ ဖြစ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်က အရမ်းကို ကြိုးစားလွန်လှတယ်။ အတန်းနံပါတ်တစ်မှာ သင်ကြားတဲ့ဆရာတွေအားလုံးလဲ သူ့ရဲ့ ကြိုးစားမှုကို သိကြပါတယ်။ ဘယ်အချိန်ပဲ အတန်းစပါစေ တစ်ချက်လေးတောင်မှ ဆရာတွေရဲ့ သင်ကြားမှုကို သတိလက်လွှတ်မရှိပဲ စူးစိုက်နေတဲ့သူက သူတစ်ယောက်ထဲသာ ရှိတာပါ။

အပိုင်း ၁၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset