Switch Mode

Chapter – 15.1

" သုံးလတာ ကာလပတ် "

Chapter – 15.1 ” သုံးလတာ ကာလပတ် “‘
°°°
အနီရောင်၀တ်ရုံ၀တ်ထားတဲ့ အမျိုးသမီးက မီးလျှံကိုအသုံးပြုတဲ့ ၀ိညာဥ်ဧကရာဇ် ဖြစ်နေခဲ့ပြီး သူက ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်ကို ကပ်ဆိုးဆိုက်ရောက်စေခဲ့သူပါ။ သူမရဲ့ရုပ်သွင်က အတော်လေး ငယ်ရွယ်သေးပေမဲ့ စကားနဲ့ဖော်ပြလို့မရနိုင်လောက်အောင် အံ့ဩစရာကောင်းတဲ့ အဆင့်အတန်းတစ်ခုကို သူက ရောက်ရှိနေခဲ့ပါပြီ။

သော့်လော့တိုက်ရဲ့ သမိုင်းတစ်လျှောက်မှာ ၀ိဉာဥ်ပညာရှင်တွေ ပထမဆုံးစပေါ်ထွက်လာခါစအချိန်ကနေစပြီး အသက်နှစ်ဆယ့်အရွယ်၀ိညာဥ်ဧကရာဇ်ဆိုတာက အမျက်ဒေါသကျောင်းတော်ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ မိစ္ဆာခုနှစ်ဖော်မှာသာ ရှိခဲ့ဖူးပါတယ်။

အဘိုးကြီးက သူမရဲ့ပုံစံကိုကြည့်ရင်း မေးနေခဲ့ပါတယ်။ အနီရောင်၀တ်ရုံ၀တ်ထားတဲ့ မိန်းကလေးကတော့ ခေါင်းသာခါနေခဲ့တယ်။

” မျက်စိရှေ့မှာ အနီရောင်မြင်ကွင်းကြီးတစ်ခုလုံး ဖြစ်သွားခဲ့တာကလွဲပြီ ကျွန်မဘာကိုမှမမှတ်မိတော့ဘူး..အဲ့ဒီနောက် အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့ တစ်စုံတစ်ရာကို ခံစားလိုက်မိတယ်.. ခုခံဖို့ကြိုးစားပေမဲ့ နောက်တော့ ဒီနေရာမှာ နိုးလာရတော့တာပဲ ”

၀တ်ရုံဖြူ၀တ်ထားတဲ့ အကြီးအကဲကတော့ မျက်မှောင်ကြုတ်နေရင်း သူမဘေးကို လျှောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူခပ်တိုးတိုးနဲ့ ပြောလိုက်တယ်။

” မင်းခန္ဓာကိုယ်ထဲက မိစ္ဆာမီးကို မဖိနှိမ့်နိုင်တဲ့အကြောင်း ဘာလို့မပြောပြခဲ့တာလဲ အဲ့ဒါက ကပ်ဆိုက်စေတော့မယ်ဆိုတာကို သိတယ်မဟုတ်လား အပြင်နယ်မြေရဲ့ ကျောင်းသားနှစ်ယောက်တောင် မင်းကြောင့်သေတော့မလို့ ”

” အဲ့ဒီလောက်ကြီး ဆိုးရွားသွားမယ်လို့ မသိခဲ့လို့ပါ ကိုယ်တိုင်းထိန်းချုပ်နိုင်မယ်လို့ပဲ တွေးမိခဲ့တယ်…ဒါပေမယ့် ”

ရှောင်​ဖျောင့်ကလဲ စိတ်ညစ်လို့နေခဲ့ပါတယ်။

အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ အကြီးအကဲက သက်ပြင်းချလိုက်တယ်။

” ဒါကို ပိုပြီး ဖိနှိမ့်ထားလေလေ ပိုပြီးပေါက်ကွဲမှု မြန်လေပဲ ရှောင်ဖျောင့် အခုကနေစပြီး ကျင့်ကြံအားထုတ်နေတာကို ရပ်ထားလိုက်ဦး ကျောင်းတော်ထဲမှာ နှစ်ပေါင်းရာနဲ့ချီတဲ့ ကာလအတွင်း မင်းက အထူးချွန်ဆုံးပါရမီရှင် ဖြစ်ခဲ့တယ်..ဒါပေမယ့် ကျောင်းတော်အတွက်နဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးလို့မဖြစ်ဘူးလေ…အကယ်၍ အဲ့ဒီမီးကသာ အနာဂတ်မှာ မင်းရဲ့အသိစိတ်ကို ဖျက်ဆီးသွားမယ်ဆိုရင် မင်းရဲ့ဆရာလဲ သူ့တစ်ဘ၀တာလုံး နောင်တအကြီးအကျယ်ရလိမ့်မယ် ”

” မဖြစ်ဘူးဆရာ ကျွန်မလေ့ကျင့်မှဖြစ်မယ်…အနာဂတ်မှာ ဒါမျိုးထပ်ပြီး ဖြစ်မလာစေရဘူးလို့ အာမခံပါတယ်…နှလုံးသားထဲက ဆိုးယုတ်မှုနဲ့ အပူမီးတွေလဲ အတော်လေးငြိမ်သက်သွားတာကို ကျွန်မခံစားမိတယ်…နောင်အနာဂတ်မှာ ဒါက ပြဿနာဖြစ်နိုင်မှာမဟုတ်ပါဘူး….ဒါပေမယ့် ဘယ်လိုစွမ်းအားကများ နတ်မီးငှက်ရဲ့မီးလျှံကို ဖိအားပေးနိုင်ခဲ့တာလဲ ”

အကြီးအကဲကလဲ တော်တော်လေးကို စဥ်းစားနေခဲ့ရပါတယ်။

” အဲ့ဒါက အလွန်အမင်ကို အစွမ်းထက်ပြီ လောကထိပ်တန်းရောက်နေတဲ့ ရေခဲစွမ်းအင်မျိုးပဲ မင်းရဲ့မီးလျှံထက်ကို အများကြီးကျော်လွန်နေတဲ့အပြင် ရှေးမူလနဂါးကြီးရဲ့ အဆုံးမဲ့အေးခဲ၀င်လေထွက်လေထက်တောင် ပိုပြီး အားကောင်းနေသေးတယ် ..မင်းခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မီးလျှံကို လုံး၀ငြိမ်သက်လိုက်ရုံတင်မကဘူး ငါတို့သုံးခဲ့ဖူးတဲ့ ဘယ်နည်းလမ်းထက်မဆို သာလွန်နေတယ် ”

ရှောင်ဖျောင့်က သံသယရှိတဲ့ လေသံနဲ့မေးလာခဲ့ပါတယ်။

” ဒါပေမယ့် ရှေးမူလရေခဲနဂါးက ဒီနေရာကို မရောက်လာနိုင်ဘူးမလား ကျောင်းတော်ထဲမှာဆိုရင် ပိုလို့တောင် မရှိသေးတယ်…ကျောင်းတော်ထဲကို တစ်ယောက်ယောက်ကများ ကျုးကျော်၀င်ရောက်လာတာလား “‘

အကြီးအကဲက ခေါင်းခါလိုက်ပါတယ်။

” ငါလူလွှတ်ပြီး စုံးစမ်းစစ်ဆေးခိုင်းပြီးပြီ အစတုန်းက ထင်ထားခဲ့တာ တစ်ချို့မိသားစုရဲ့ ကာကွယ်စောင့်ရှောက်သူကြောင့်လို့ တွေးခဲ့မိတာပဲ ဒါပေမယ့် စုံးစမ်းစစ်ဆေးပြီတဲ့နောက် အဲ့ဒါက မဖြစ်နိုင်တာကို ခံစားလိုက်မိတယ်…သူတို့တွေက ၀မ်သုန့်နဲ့ ဟို့ယွိဟောင်ပဲ ဟို့ယွိဟောင်က ထန်မျိုးနွယ်ရဲ့ အထူးတပည့်သား ပေ့ပေ့ကို သူ့အကြောင်းမေးပြီးပြီ သူ့နဲ့ထန်ယာ့က သူ့ကို မဟာကြယ်တာရာသစ်တောထဲမှာတွေ့ပြီ ပြန်ခေါ်လာခဲ့တာ ပါရမီက ပုံမှန်ပဲ ဒါ့အပြင် မိဘမဲ့တစ်ယောက်လဲ ဖြစ်နေသေးတယ်…သူက ကာကွယ်ပေးမဲ့ပညာရှင်ဆိုတာ ရှိမနေဘူး…၀မ်သုန့်ရဲ့ နောက်ခံအင်အားကတော့ ကြီးမားတယ်..ဒါပေမယ့် ရေခဲအမျိုးအစားတွေ ရှိမနေခဲ့ဘူး….ကျောင်းတော်ကိုယ်တိုင်းလဲ ငါအကြိမ်ကြိမ် ​မေးမြန်ခဲ့ပြီးပြီ ဒီကျောင်းသားတွေထဲမှာ ရေခဲအမျိုးအစားသိုင်းပညာ၀ိဉာဥ်ရှိပေမဲ့ လောကထိပ်တန်းရောက်နေတဲ့ အမျိုးအစားသိုင်းပညာ၀ိဉာဥ်တော့ မရှိခဲ့ဖူးဘူး…တကယ်ထူးဆန်းလွန်တယ် ”

” ဆရာဒါကိုမေ့လိုက်ပါတော့ နောက်ထပ် ဆက်ပြီးမစုံစမ်းပါနဲ့တော့လား ”

” ဒီကိစ္စက မင်းရဲ့အနာဂတ်နဲ့ သက်ဆိုင်နေတယ်လေ ငါဘယ်လိုလုပ် မစိုးရိမ်ပဲနဲ့နေရမှာလဲ ရေခဲအမျိုးအစား သိုင်းပညာ၀ိဉာဥ်ပိုင်ဆိုင်သူကို ရှာနိုင်ခဲ့မယ်ဆိုရင် သူသာ ယောက်င်္ကျားလေးသာဖြစ်နေလို့ကတော့ မင်းနဲ့တွဲဖက်ပေးရမှာပဲ ဒီလိုနည်းနဲ့ မိစ္ဆာမီးရဲ့ ရလဒ်နဲ့ဆိုးကျိုးတွေကို ဖယ်ရှားပေးနိုင်လိမ့်မယ်….ဒါမှသာ စစ်မှန်တဲ့ စွမ်းအားမြင့်ပါရမီရှင်ဖြစ်လာမှာ လက်ရှိအချိန်မှာတော့ လုံး၀ကို ကန့်သတ်ခံထားရသေးတယ်…ကျင့်ကြံနှုန်းကို လျှော့ချလိုက်ရုံတင်မကဘူး အသက်အန္တရာယ်လဲ စွန့်စားရာရောက်နေတယ် ”

ရှောင်ဖျောင့်ရဲ့မျက်နှာက နီရဲလို့နေခဲ့ပါပြီ။

” ကျွန်မလက်မထပ်ချင်ဘူးဆရာ ဒါ့အပြင် လူတစ်ယောက်ကို မကြိုက်ပဲနဲ့ သူ့ရဲ့သိုင်းပညာ၀ိဉာဥ်ကြောင့်နဲ့ လုံး၀ လက်ထပ်တာမျိုး မလုပ်ချင်ဘူး “‘

အကြီးအကဲက သက်ပြင်းချလိုက်ပါတယ်။

” ပြဿနာကတော့ မင်းရဲ့ မကောင်းဆိုးရွားမီးလျှံက လုံး၀ကို ထိန်းချုပ်လို့မရနိုင်တာပဲ ”

ရှောင်ဖျောင့်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ပြန်ဖြေပါတယ်။

” ကျွန်မရအောင် ထိန်းပါ့မယ် လုံး၀ လက်မထပ်ချင်ဘူး ”

အကြီးအကဲကတော့ ဒေါသတကြီးနဲ့ ပြောလာခဲ့တယ်။

“မာရှောင်ဖျောင့် မင်းဒီအတိုင်းသာဆက်ပြီး မနာမခံလုပ်နေမယ်ဆိုရင် ငါမင်းကို တပည့်အဖြစ် နောက်ထပ် မသတ်မှတ်တော့ဘူး ”

၀တ်ရုံဖြူအကြီးအကဲ စိတ်ဆိုးနေတာကို မြင်ပြီတဲ့နောက် မာရှောင်ဖျောင့်က ချက်ချင်းဆိုသလို လိမ်လိမ်မာမာ ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် သူမ အခုအထိတော့ မကျေမနပ်ဖြစ်နေဆဲပါ။

” ဆရာ ”

၀တ်ရုံဖြူအကြီးအကဲက သူမရဲ့ ခေါင်းကိုပွတ်ပေးရင်း ပြောလာခဲ့တယ်။

” ငတုံးမလေး မင်းရဲ့ ခံစားချက်တွေဆိုတာက ပြောင်းလဲလို့ရတယ်…ဒါပေမယ့် အသက်ရှင်ဖို့ကတော့ ဒီတစ်ဘ၀ပဲရှိတာ မင်းမှာဘယ်လောက်ပဲ ပါရမီရှိပါစေ အသက်မရှင်ရင်း ဘာမှလုပ်လို့မရဘူး…ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ဆရာက ယောက်င်္ကျားကောင်းတစ်ယောက် ရှာပေးမယ် “‘

°°°
” နန်နန် ငါမင်းအတွက် အဲ့ဒီဟိုကလေးဆီကနေ ငါးကင်သွား၀ယ်လာခဲ့တယ်…မစိုးရိမ်နဲ့ ငါဘယ်လိုမျိုး မကောင်းတဲ့နည်းလမ်းမှ သုံးမထားဘူးသေချာတန်စီးပြီ ၀ယ်လာတာ “‘

ရှုစန်းချီက ကျန်းနန်နန်ကို ငါးကင်လာပေးရင်းနဲ့ ပြောနေခဲ့ပါတယ်။ ကျန်းနန်နန်ကတော့ ထမင်းစားဆောင်သွားဖို့လုပ်နေခဲ့တာပါ။

ကျန်းနန်နန်ကတော့ ခေါင်းသာခါလိုက်ပါတယ်။

“‘ မစားတော့ဘူး ကျေးဇူးပဲ ”

ရှုစန်းရှီက နောက်တစ်ကြိမ်ဆက်မေးလိုက်ပါတယ်။

” ငါမနေ့တုန်းက အရမ်းကြမ်းတမ်းသွားတယ်လို့ မင်းထင်သွားတယ်မလား တကယ်တော့ ငါပုံမှန်ဆို အဲ့ဒီလိုမဟုတ်ပါဘူး…အဲ့ဒါမင်းကြောင့် ဖြစ်ရတာပါ နန်နန် ငါကို ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် အငြိုးအတေးတွေ ထားမနေပါနဲ့ ငါတို့တွေ ကျောင်းတော်ထဲမှာပြန်ပြီ ဆုံတွေ့ရတယ်ဆိုတာက ကံစပ်လို့ပဲမဟုတ်လား ငါမင်းကို တကယ် နှစ်သက်ပါတယ်…သေတဲ့အထိ သစ္စာရှိမယ်လို့လဲ ကတိပေးတယ် “‘

ကျန်းနန်နန်ကတော့ ခေါင်းသာခါလိုက်ပါတယ်။ ဒါ့အပြင် သူ့အေးစက်တဲ့အသံနဲ့ ဆက်ပြီးတော့ပြောလာခဲ့တယ်။

” ငါနင့်ကို ပြောပြီသားပဲ ငါတို့တွေက ကိုယ့်လမ်းကိုယ်သွားရမဲ့သူတွေ အနာဂတ်မှာ ဘာမှဆက်ပြီး တွေ့ဆုံစရာ အကြောင်းကိစ္စမရှိဘူး…ဒါ့အပြင် ငါတို့ နှစ်ယောက်လဲ ဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူး..ရှုစန်းရှီ နင်က မြင့်မြတ်ပြီ ကြီးကျယ်တဲ့မိသားစုကပါ ဘာကြောင့်ငါ့လို ကောင်မလေးတစ်ယောက်ကို လာပြီး အာရုံစိုက်နေရတာလဲ ငါနင့်ကို ဘာမှမပေးနိုင်ဘူး…ကျေးဇူးပြုပြီ အနာဂတ်မှာ ငါ့ကိုထပ်ပြီ မနှောင့်ယှက်ပါနဲ့ ဒီအတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင် ငါကျောင်းကိုတိုင်ရလိမ့်မယ်…ဒါ့အပြင် ငါ့ကြောင့် တခြားကျောင်းသားတွေကိုသွားပြီ အနိုင်မကျင့်နဲ့ ”

သူမ ပြောပြီးဝာာနဲ့ ချက်ချင်းလှည့်ထွက်သွားပါတော့တယ်။ ဒါပေမယ့် ရှုစန်းရှီကတော့ သူ့ကို ဒေါသတကြီးနဲ့ ပိတ်ဆို့တားဆီးထားရင်း ပြောလာခဲ့တယ်။

” ငါက တခြားကျောင်းသားတွေကို အနိုင်ကျင့်တယ်လား ပေ့ပေ့ ငါ့ကို ဘယ်လောက်အထိ အနိုင်ကျင့်ခဲ့လဲဆိုတာရော မင်းသိရဲ့လား မနေ့က ငါးကင်ပြီ ရောင်းနေတဲ့သူက သူ့ရဲ့ဆရာတူညီလေးလေ ဒါ့အပြင် အဲ့ဒီအကြောင်းပြချက်ကို သုံးပြီး ငါဆီကထူးဆန်းရေဆေးလုံးနှစ်လုံးကို သူက ဓားပြတိုက်သွားတယ်…ထန်ယာ့ကလဲ ငါ့ရဲ့လက်ကောက်၀တ်ကို နဂါးမုတ်ဆိတ်မွှေးအပ်နဲ့ ပြစ်သွားလို့ အခုအချိန်ထိ အညိုအမဲတွေဆွဲပြီ ကျန်ရစ်နေတုန်းပဲ တကယ်ပဲ ငါ့မှာဘာအပြစ်များရှိလို့ ငါ့ကို ဒီလိုအခွင့်အရေးတစ်ခေါက်လောက် မပေးနိုင်တာလဲ ”

ကျန်းနန်နန်ကတော့ အေးစက်တဲ့အသံနဲ့သာ ဆက်ပြီး ပြောလာခဲ့ပါတယ်။

” အသက်ငယ်ငယ်ရွယ်ရွယ်မှာတောင် အဲ့ဒီလိုနေရာမျိုးကို နင်သွားနေမှာတော့ နင်နဲ့ပတ်သက်ပြီ ဘာများကောင်းနေတာရှိမှာလဲ “‘

သူပြောပြီးတာနဲ့ လှည့်ထွက်သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့မက ချက်ချင်းဆိုသလို ခုန်ထွက်လို့သွားခဲ့ပြီ အ၀ါရောင်၀ိညာဥ်စက်ကွင်းသုံးကွင်းက ချက်ချင်းဆိုသလို တောက်ပလာပါတော့တယ်။ သူမရဲ့ နားရွက်တွေကလဲ ချက်ချင်းဆိုသလို ရှည်လျားလာခဲ့ပြီး ခန္ဓာကိုယ်ကတော့ ပိုပြီး ပိန်သွယ်လို့သွားခဲ့တယ်။ အဲ့ဒီနောက် မြေပြင်ကို ခြေထောက်နဲ့ အားပြုရင်း ဆယ့်မီတာအကွာအဝေးကို ခုန်ထွက်လို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် နောက်ကိုတစ်ချက်လေးမှလှည့်မကြည့်တော့ပဲ ထွက်ပြေးသွားတော့တယ်။

သူမ ထွက်ပြေးသွားတာကိုကြည့်ရင်း ရှုစန်းရှီကတော့ ခဏတာ တွေဝေမှိန်မောလို့နေပါတော့တယ်။ အခုအချိန်ထိ သူက ငါးကင်နှစ်ကောင်ကို ကိုင်ထားဆဲပါပဲ။

“‘ရှုစန်းရှီ မင်းက တကယ်အရှုံးသမားပါလား ဘာတွေများ ဒီလောက်အံ့ဩစရာကောင်းနေလို့လဲ ငါကိုယ့်ဘာသာကိုယ်ပဲ စားပြစ်လိုက်တော့မယ်…ဒီငါးကင်တွေက အတော်အရသာရှိတာပဲ ”

အပိုင်း ၁၅•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset