Switch Mode

Chapter – 14.4

" ကောင်းကင် အိပ်မက် နိုးထမှု "

Chapter – 14.4 ” ကောင်းကင် အိပ်မက် နိုးထမှု ”
°°°
” ဒီဆေးလုံးကို ဘယ်အချိန်မှာစားရင်း အကောင်းဆုံးဖြစ်မယ်လို့ မင်းထင်လဲ ”

၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။

” အကောင်းဆုံးကတော့ ငါတို့ဒီနေ့အခန်းထဲပြန်ရောက်ရင်းစားမှာပေါ့ ဒီလိုမျိုးပစ္စည်းကောင်းကို အလဟာသထားလို့မဖြစ်ဘူးလေ ဒါ့အပြင် အစောပိုင်းတုန်းက ကျင့်ကြံဆင့်ကို မြင့်တင်ထားတယ်ဆိုတော့ အဆင့်သုံးဆယ်ကို အမြန်ရောက်ဖို့ ဒီဆေးလုံးကို ဒီညစားတာက အကောင်းဆုံးပဲ အကယ်၍ ငါ့မှာ တတိယ၀ိဉာဥ်စက်ကွင်းသာ ရှိနေခဲ့မယ်ဆိုရင် ဒီလောက်ကြီးစိတ်အလောကြီးနေမှာမဟုတ်ဘူး….အနည်းဆုံးပြဿနာက အေးနေလိမ့်မယ်လေ ”

ဟို့ယွိဟောင်လဲ တခဏတာ စဥ်းစားနေပြီတဲ့နောက် ဆေးလုံးကို အခန်းထဲပြန်ရောက်တဲ့ညစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ၀ိဉာဥ်စွမ်းအားက ပိုပြီး သန်မာလေလေ သူ့ရဲ့ ထူးဆန်းကောင်းကင်နည်းလမ်းကို အသုံးပြုဖို့က ပိုအဆင်ပြေလာလေပါပဲ။ ဒါ့အပြင် စွမ်းအင်အရင်းအမြစ်တွေကိုလဲ ပိုပြီး အားဖြည့်ပေးနိုင်ပါတယ်။ လက်ရှိအချိန်မှာ ၀ိဉာဥ်စွမ်းအားကို တိုးတက်စေတာက အကောင်းဆုံးအရာတစ်ခုပါပဲ။ ဒါပေမယ့် ဘယ်လောက်အထိ တိုးတက်နိုင်မလဲဆိုတာကိုတော့ သူကိုယ်တိုင်းလဲ မသိသေးပါဘူး။ လက်ရှိအချိန်မှာ ၀ိဉာဥ်ဆေးလုံးကိုစားမယ်ဆိုရင် အဆင့်ဆယ့်သုံးကနေ အဆင့်သုံးဆယ့်တစ်အထိ ကြားတစ်ခုခုကို သူတိုးတက်သွားနိုင်မှာပါ။ အနည်းဆုံး အဆင့်နှစ်ဆင့် သုံးဆင့်လောက်အထိတောင် တက်သွားနိုင်ပါသေးတယ်။ ဒီလိုအချိန်မှာတော့ သူလဲ ကျင့်ကြံဆင့်ဆယ့်ငါးလောက်ပို ရောက်နေခဲ့ပြီဆိုရင် ကျောင်းတော်ထဲ၀င်ဖို့အတွက် အနှိမ့်ဆုံးလိုအပ်ချက်ကို ပြည့်မီသွားပါလိမ့်မယ်။

ဒီအတွေးကို တွေးပြီးပြီချိန်မှာပဲ ဟို့ယွိဟောင် အရမ်းကို စိတိအားထက်သန်လာပါတော့တယ်။ သူက သူ့ကျောင်းသားအခန်းဖော်တွေထက်ကို အမြဲတမ်းနောက်ကျနေခဲ့တဲ့အတွက် အန္တရာယ်အငွေ့အသက်ကိုလဲ အမြဲတမ်း ခံစားနေခဲ့မိပါတယ်။ ပါရမီက ပုံမှန်သာ ဖြစ်တာကြောင့် လူသစ်တွေကို လက်ခံဖို့စာမေးပွဲကို သူ၀င်ဖြေခဲ့ရမယ်လို့ဆိုရင် ဖြတ်ကျော်ဖို့အတော်ကို ခက်ပါလိမ့်မယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ရက်အတွင်း စွမ်းအင်အများကြီး တိုးတက်လာခဲ့မှုက သူ့ကို မျှော်လင့်ချက် ရလာစေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူကျောင်းတော်ထဲမှာနေမှဖြစ်မှာပါ။

ကျိုးယိရဲ့အတန်းနဲ့ ယှဥ်လိုက်မယ်ဆိုရင် ဒီနေ့အတန်းမှာတော့ကျောင်းသားတွေက အေးအေးဆေးဆေး ရှိနေခဲ့ကြပါတယ်။ သူတို့ကမနက်အတန်းရော နေ့လည်အတန်းရောက အတွေးအခေါ်ပညာရပ်တွေကြီးပါပဲ။ မနက်အတန်းကတော့ သိုင်းပညာ၀ိဉာဥ်တွေအကြောင်း လေ့လာမှုဖြစ်ပြီ နေ့လည်အတန်းကတော့ ၀ိဉာဥ်သားရဲကောင်တွေရဲ့သက်တမ်းကို ခွဲခြမ်းစိတ်ဖြာမှုဖြစ်ပါတယ်။

အများစုကတော့ ဒီအတန်းနှစ်တန်း ပြီးချိန်မှာအတော်လေးကို ရင်းနှီးသွားခဲ့ကြပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ကွာခြားနေခဲ့တယ်။ ဆရာရဲ့ရှင်းပြမှုကို သူက အပြည့်အ၀အာရုံစိုက်ပြီး နားထောင်နေခဲ့ရတာပါ။ သူ့မှာအဓိက လိုအပ်နေတာက ပါရမီနဲ့ ကျင့်ကြံဆင့်တင်မကပဲ အသိပညာပါ ဖြစ်နေခဲ့တယ်။

၀မ်သုန့်က သူ့ကိုတကယ် နေ့လည်စာကောင်းကောင်းကျွေးခဲ့ပါတယ်။ နေ့လည်စာပြီတဲ့နောက် ထန်ယာ့က သူ့ဆီကို ရောက်လာတော့တယ်။

” သွားကြစို့ ယွိဟောင် ဒီနေ့လဲ ပစ္စည်းတွေအကုန်လုံးကို ပြင်ဆင်ထားပြီးပြီ မစိုးရိမ်နဲ့ ဆရာရှောင်ယာ့က ဒီနေ့မင်းဘေးမှာနေပြီ မင်းကိုကာကွယ်ပေးမယ်…ဘယ်ငတုံးကောင် ငါရှိနေရင်း လာပြီးပြဿနာရှာ၀ံ့မလဲ ကြည့်ကြသေးတာပေါ့ ဒါပေမယ့် ပြောရဦးမယ်…ဆရာတူအစ်ကိုကြီးက ဒါပေးခိုင်းလိုက်တယ်…ညနေရောင်းချပြီလို့ အခန်းထဲပြန်ရောက်ချိန်မှာစားလိုက် ”

ထန်ယာ့က ပြောပြီတဲ့နောက် ပုလင်းလေးတစ်ပုလင်းကို ဟို့ယွိဟောင်ဆီ ပေးလိုက်ပါတယ်။

၀မ်သုန့်ကတော့ ကြည့်နေရင်း မျက်လုံးပြူးနေခဲ့ပါပြီ။ အဲ့ဒီပုလင်းလေးကို သူမနေ့တုန်းက မြင်ခဲ့တာပါ။ ပေ့ပေ့လဲ အဲ့ဒီပုလင်းထဲကနေ ထူးဆန်းရေဆေးလုံးကို ထုတ်ယူလာပြီ ဟို့ယွိဟောင်ကို ကျွေးခဲ့မှန်းသူသိပါတယ်။ အဲ့ဒါ တစ်ပုံစံထဲမှာပါပဲ။

နောက်တစ်ကြိမ် ထူးဆန်းရေဆေးလုံးတစ်လုံး ထပ်ပေးတာလား။ ထူးဆန်းရေဆေးလုံးက ၀ိဉာဥ်အဆင့်တက်ဆေးလုံးနဲ့ မတူညီသလို ဘယ်နှစ်ကြိမ်စားရမလဲဆိုတာကလဲ အကန့်အသတ်မရှိပါဘူး။ ဒါပေမယ့် ပထမဆုံးသောတစ်ခေါက်ကဆေးလုံးရဲ့ရလဒ်က အကောင်းဆုံးဖြစ်မှာပါ။ အဲ့ဒီနောက် ဆက်တိုက်စားမယ်ဆိုရင်တော့ ဆေးလုံးရဲ့ရလဒ်က နှိမ့်ပါးသွားပါလိမ့်မယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ မသန့်စင်မှုက အကန့်အသတ်ရှိသလို ၀ိညာဥ်စွမ်းအားတိုးတက်မှုကလဲ ၀ိဉာဥ်အဆင့်တက်ဆေးလုံးလောက် မကြီးမားနိုင်ပါဘူး။

” ဆရာရှောင်ယာ့ ကျွန်တော်ကိစ္စအကြောင်းကိုရော တွေးပြီးပြီလား ”

၀မ်သုန့်က ထန်ယာ့ကို မေးလိုက်ပါတယ်။

ထန်ယာ့က ရယ်မောရင်းနဲ့ ပြန်ဖြေတယ်။

” ပေ့ပေ့ကို ဒီအကြောင်းပြောပြီးပြီ ပေ့ပေ့က ပြောတယ်…အကယ်၍ ပထမနှစ်လူသစ်ရဲ့စာမေးပွဲမှာသာ ပထမဆုံးနေရာကို ရနိုင်မယ်ဆိုရင် ငါတို့ ထန်မျိုးနွယ်ကို ၀င်ဖို့အတွက် အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်လို့ရမယ် ”

” ကောင်းပြီလေ ဒါကို အပေးအယူလို့သတ်မှတ်လိမ့်မယ်…ဒီအတိုင်းပဲ ဆုံးဖြတ်ကြတာပေါ့ ”

၀မ်သုန့်က တစ်ချက်လေးတောင် မတွေးဝေခဲ့ပါဘူး။ ထန်မျိုးနွယ်ကို ၀င်ရောက်ဖို့အတွက် သူ့ကအတော်ကို မျှော်လင့်တာပါ။ ဒါ့အပြင် ထန်မျိုးနွယ်စုကို ၀င်ရောက်တာက အကျိုးအမြတ်များပါတယ်။ ဟို့ယွိဟောင်က ထူးဆန်းရေဆေးလုံးနှစ်ခုကို သူရှေ့မှာတင် ရက်ပိုင်းမှာအတွင်း ရရှိခဲ့ပါတယ်။ သူ့ရဲ့ပါရမီက နည်းပါးပေမဲ့ ထန်မျိုးနွယ်က သူ့ကို အစွမ်းကုန်ထောက်ပံ့ပေးနေခဲ့တာပါ။ ဒါပေမယ့် သူ၀င်ရောက်ချင်တဲ့အကြောင်းအရင်းက အဲ့ဒီအကျိုးအမြတ်တွေကြောင့် မဟုတ်ခဲ့ပါဘူး။

ဟို့ယွိဟောင်ကလဲ ပုလင်းကိုကြည့်ရင်း သူ့ရဲ့ သိမ်းဆည်းတဲ့ပစ္စည်းထဲကို ထည့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ထန်ယာ့နဲ့အတူတူ ကျောင်းတော်အပြင်ကို ထွက်သွားခဲ့ပါပြီ။

၀မ်သုန့်လဲ သူ့တို့နှစ်ယောက်အနောက် လိုက်လာခဲ့ပါတယ်။

“‘ငါလဲ လိုက်ချင်တယ်ဟို့ယွိဟောင်…ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အခန်းဖော်တွေပဲလေ စီးပွားရေးကို ကူညီပေးဖို့ ငါ ငါးကင်နှစ်ကောင်၀ယ်မယ် ”

ဟို့ယွိဟောင်က ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ငါကျွေးပါ့မယ်ဆို “‘

၀မ်သုန့်က ခေါင်းခါလိုက်ပါတယ်။

“‘ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ သူငယ်ချင်းက သူငယ်ချင်းပဲ စီးပွားရေးက စီးပွားရေးပဲလေ အလကားကျွေးစရာမလိုဘူး…ငါ ၀ယ်ဖို့တော့ ပိုက်ဆံရှိပါသေးတယ် ”

သူပြောပြီတဲ့နောက် ငွေပြားတစ်ပြားကို ထုတ်ယူလာရင်း ဟို့ယွိဟောင်ရဲ့ လက်ထဲကို အတင်းထိုးထည့်ပေးပါတယ်။

သူက အစောပိုင်းမှာ ဟို့ယွိဟောင်ကို ကူညီဖို့အတွက် တွေတောခဲ့ပေမဲ့ သူတို့သုံးယောက် အပြင်ကိုလျှောက်လာပြီချိန်မှာပဲ ဟို့ယွိဟောင်ကို အခွင့်အရေးယူလိုက်မိတယ်လို့ ခံစားလာခဲ့ရပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ ငါးကင်ဘေးမှာ စောင့်ဆိုင်းနေတဲ့သူက အယောက်သုံးဆယ့်ထက်မနည်း ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အားလုံးထဲမှာ အမြင်အာရုံကို ဖမ်းစားနိုင်ဆုံးသူကတော့ ပေ့ပေ့ကို ရှုံးနှိမ့်ခဲ့တဲ့ ရှုစန်းရှီပါပဲ။

ဟို့ယွိဟောင်လဲ ရှုစန်းရှီကို မြင်ချိန်မှာ မျက်လုံးပြူးသွားပါတော့တယ်။ ဒါပေမယ့် ထန်ယာ့က သူ့ရှေ့မှာချက်ချင်းဆိုသလို လာပြီးရပ်နေခဲ့တယ်။

” ဘာတုန်း ရှုံးတာကို လက်မခံချင်လို့လား နောက်တစ်ခေါက်ကျရင်း ငါနဲ့ တိုက်ခိုက်မလား ”

ရှုစန်းရှီက စိတ်မကြည်လက်မကြည်နဲ့ ပြန်ဖြေလိုက်ပါတယ်။

” မင်းနဲ့တိုက်ခိုက်ရမှာလား ထားလိုက်စမ်းပါ ငါမိန်းမတွေနဲ့ မတိုက်ခိုက်ဘူး ..ဒီနေ့ငါ့ကို ပြဿနာလာရှာမနေနဲ့ ငါဒီနေ့ ငါးကင်၀ယ်ဖို့လာတာ ပြဿနာလာရှာဖို့လာတာမဟုတ်ဘူး..ငါပထမဆုံးလာစောင့်နေတာ မင်းမမြင်ဘူးလား “‘

ထန်ယာ့ရဲ့အမူအရာက ချက်ချင်းဆိုသလို ပြန်လည်အေးဆေးသွားပါတော့တယ်။

” နင် ကျန်းနန်နန် အတွက်လာ၀ယ်တာလား ”

” ဒါပေါ့ ”
ရှုစန်းရှီက ခေါင်းညိတ်လိုက်ပါတယ်။

ထန်ယာ့က သူ့ကို စပါတော့တယ်။

” မနေ့တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေ ငါမြင်လိုက်သားပဲ သူက နင့်ကို တစ်စက်မှမကြိုက်ဘူးနော် ”

” ထန်ယာ့ မင်းငါ့ကို လာပြီစမနေနဲ့ မင်းရဲ့ ပေ့ပေ့က ငါ့ကို မနေ့တုန်းက အတော်ပြဿနာရှာသွားတယ် ..မင်းတို့နဲ့ အကြွေးဟောင်းတွေကိုတောင် မ​ချေရသေးဘူး “‘

ထန်ယာ့ကတော့ လျှာထုတ်ရင်း ပြောင်ပြလိုက်ပါတယ်။

“‘ယွိဟောင် အခုစလို့ရပြီ တစ်စုံတစ်ယောက်က မင်းကို မနေ့က ကောင်းကောင်းကြီးပေးသွားတယ်ဆိုမှတော့ သူ့ကို ငါးကင်နှစ်ကောင်လောက် ရောင်းပေးလိုက်စမ်းပါ “‘

မီးဖိုကို ပြင်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ သူငါးတွေကို ကောင်းကောင်းကင်ပါတော့တယ်။ ဒါပေမယ့် ပထမဆုံးငါးကင်နှစ်ကောင်ကို ရှုစန်းရှီဆီ သူမရောင်းခဲ့ပါဘူး။ အဲ့ဒီကောင်က သူ့ကိုမနေ့က တိုက်ခိုက်ခဲ့တဲ့အတွက် သူ့ကို အမြင်မကြည်ပဲ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ၀မ်သုန့်က သူ့ကို အရင်ဆုံးပိုက်ဆံပေးတာပါ။ ဒါကြောင့် ငါးကင်နှစ်ကောင်ကို ၀မ်သုန့်ဆီ အရင်ဆုံးပေးလိုက်ပါတယ်။ အဲ့ဒီနောက် တတိယနဲ့ စတုတ္ထကိုတော့ ထန်ယာ့ဆီ ပေးလိုက်တယ်။

ရှုစန်းရှီရဲ့မျက်နှာကတော့ မည်းမှောင်နေခဲ့ပါပြီ။ သူက ငါးကောင်နဲ့ ခြောက်ကောင်မြောက်တွေကို ရလိုက်ပါတယ်။ ဟို့ယွိဟောင်ဆီ ပိုက်ဆံပြစ်ပေးပြီး သူထွက်ခွာသွားတော့တယ်။

” အရသာရှိလိုက်တာ အရမ်းအရသာရှိတာပဲ ငါးကင်က ဒီလောက်တောင် ကောင်းတာ ဖြစ်ကောဖြစ်သင့်ရဲ့လား ”

၀မ်သုန့်ကတော့ ငါးကင်ကို ဆက်တိုက်စားနေရင်းနဲ့ စိတ်အားထက်သန်မှုအပြည့် ဖြစ်နေခဲ့ပါတယ်။ ငါးကင်ကို စားနေတဲ့အချိန် သူဖြစ်နေတဲ့ရုပ်က ထန်ယာ့နဲ့အတူတူပါပဲ။ ငါးကင်ကို စားပြီးပြီချင် သူ့လက်နဲ့မျက်နှာတွေအားလုံးက ဆီတွေအပြည့်နဲ့ ပေစုတ်နေပါတော့တယ်။

ဟို့ယွိဟောင်ကတော့ ကျောင်းရှေ့မှာငါးတွေကို ကင်ရင်းရောင်းနေဆဲပါ။ ဒီအချိန်မှာပဲ ပင်လယ်နတ်ဘုရားရေကန်ရဲ့ အထဲအလယ်ဗဟိုကျွန် လျှို့၀ှက်ခန်းထဲမှာ လူတစ်ယောက်က သတိလစ်မေ့မျောနေရာကနေ နိုးထလာပါတော့တယ်။

အနီရောင်၀တ်ရုံ၀တ်ထားတဲ့ အမျိုးသမီးရဲ့ခန္ဓာကိုယ်က လှုပ်ရှားလို့လာခဲ့ပြီး သူ့ရဲ့ ညာဘက်ရင်ဘတ်ကို လက်နဲ့ဖိမိလိုက်ပါတော့တယ်။

” ပူလိုက်တာ အရမ်းကိုပူပြင်းလွန်တာပဲ မခံမရပ်နိုင်အောင် နာလိုက်တာ “‘

သူမျက်လုံးဖွင့်လာပြီချိန်မှာတော့ မျက်၀န်းတွေက ပန်းနုရောင်တောက်ပနေတာကို မြင်လိုက်ရပါတော့တယ်။ ဒါ့အပြင် သံသယအကြည့်ကလဲ ပေါ်လာခဲ့တယ်။

” ထူးဆန်းလိုက်တာ မပူတော့ဘူးပဲ ”

သူရုတ်တရက်ဆိုသလို ထရပ်ရင်း သူ့ဘာသာသူ ငုံ့ကြည့်နေခဲ့ပါတယ်။ ချွေးစိုနေတဲ့ အ၀တ်အစားတွေက ခြောက်သွေ့လို့လာခဲ့ပါပြီ။ အိပ်ရာပေါ်ကနေ ချက်ချင်းဆိုသလို ခုန်ထရင်း မျက်နှာဖုံးကိုချွတ်လိုက်ပါတော့တယ်။ ဖြူဖျော့နေတဲ့ ဘဲဥပုံသဏ္ဍာန်လေးက ပေါ်ထွက်လို့လာခဲ့ပါပြီ။ သူက အသက်နှစ်ဆယ့်၀န်းကျင်ရှိပြီ မျက်နှာအမူအရာက အတော်ကို အေးစက်ပါတယ်။ ဒါပေမယ့် လှပမှုကတော့ ပြိုင်ဘက်ကင်းလွန်နေခဲ့တယ်။ ဒီအတိုင်းရပ်နေရုံနဲ့တင် သူမက ပန်းပွင့်လေးတစ်ပွင့်လိုပါပဲ။

” နိုးလာပြီလား ”

သက်ပြင်းချသံနဲ့အတူ အသံတစ်သံက ထွက်ပေါ်လာပါတော့တယ်။

” ရှောင်ဖျောင့်မင်းက ဒီတစ်ခေါက် အမှားအကြီးကြီးကို လုပ်လိုက်မိတော့မလိုပဲ ကံကောင်းတာလား ကံဆိုးတာလားတော့ ငါလဲ မပြောတတ်ဘူး..ဒါပေမယ့် တခြားလောကဆန်းလွန်တဲ့ရေခဲအမျိုးအစား စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်လာပြီး မကောင်းဆိုးရွားမီးကို ငြိမ်သက်ပေးလိုက်တယ်။ ရေကန်ထဲကို ထွက်မသွားခင် မင်းမှတ်မိတာ တစ်ခုခုရှိလား ”

အပိုင်း ၁၄•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset