အပိုင်း ၂၁၆•၂
” သုံးဘ၀ကံကြမ္မာ ”
°°°
ဟို့ယွိဟောင်က တစ်စုံတစ်ယောက်ပြောတာကို ကြားလိုက်ရပါတယ်။
” တစ်ကြိမ်ထဲမှာအထောက်အကူပြု၀ိညာဥ်စွမ်းရည်ငါးခုကို ထုတ်သုံးတာက ဒါကဒွာယငါးပေါက်ပြန့်ကျဲနေတဲ့နှလုံးသားနည်းလမ်းပဲ ကျင့်ကြံဆင့်ကတင် မြင့်နေတာမဟုတ်ဘူး..ထိန်းချုပ်နိုင်စွမ်းကလဲ အဲ့ဒီအဆင့်အထိရောက်နေပြီပေါ့ ”
ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ပတ်လည်မှာအလင်းတန်းတွေပျောက်သွားပေမဲ့ စွမ်းအားတိုးမြင့်မှုကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။ သူ့ကိုယ်သူ၀ိညာဥ်ဧကရာဇ်တစ်ယောက်လိုမျိုးရုတ်တရက်ခံစားလိုက်ရတယ်။
နင့်ထျန်းကတော့ ပြုံးပြရင်းပြန်ဖြေလိုက်ပါတယ်။
” အခု၀ိညာဥ်စွမ်းရည်တွေကို သုံးထားတာကြောင့် အနည်းငယ်ပင်ပန်းနေလိမ့်မယ်…ဒါကြောင့် အခုအကူအညီနဲ့ စွမ်းအားတွေပြန်ပြည့်မယ်လို့ မျှော်လင့်ပါတယ်..ငါသာအဆင့်ခြောက်ဆယ်ကိုရောက်သွားပြီဆိုရင် သေချာပေါက် ဓာတ်သဘောသဘာ၀လဲ မြင့်တင်မှုလဲလုပ်နိုင်ပါတယ်..ဘယ်ရေခဲကိုမဆိုပိုပြီးတော့ တုနှိုင်းမဲ့အောင်ကူညီပေးနိုင်မှာပါ ”
” မင်းရဲ့ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်က တကယ်သန်မာတာပဲ ”
နင့်ထျန်းက ဘာမှမပြောတော့ပါဘူး။ အစကနေအဆုံးအထိ ဘေးမှာရှိနေတဲ့အမျိုးသမီးကို တစ်ချက်တောင်မကြည့်ပဲရှိနေခဲ့ပါတယ်။
၀ိညာဥ်စွမ်းရည်ငါးခုကိုသူထုတ်သုံးလိုက်ရတဲ့ရည်ရွယ်ချက်က ဟို့ယွိဟောင်ကို သူ့အစွမ်းအစနဲ့ ဆွဲဆောင်ဖို့ပါပဲ။ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်နိုင်တဲ့ အရည်အချင်းတွေနဲ့ တခြားအစွမ်းအစတွေအားလုံးက ရတနာခုနှစ်သွယ်ရဲ့ဘုံကျောင်းဆောင်နဲ့ဆိုရင် တိုက်ပွဲစစ်မြေပြင်ထဲမှာအများကြီးတိုးတက်လာမှာပါ။
သူမအသုံးပြုလိုက်တဲ့ ၀ိညာဥ်စွမ်းရည်ငါးခုမြင့်တင်မှုက အရမ်းကိုအားကောင်းတဲ့အပြင် ဟို့ယွိဟောင်ကို ၀ိညာဥ်ဘုရင်တစ်ယောက်ကနေ ၀ိညာဥ်ဧကရာဇ်အဆင့်ရောက်အောင် မြန်မြန်ဆန်ဆန်ပဲမြင့်တင်ပေးနိုင်ပါတယ်။
ဒါကစွမ်းအားမြင့်တင်မှုတွေထဲမှာ ကြောက်စရာကောင်းလောက်အောင်မြင့်တင်မှုပါပဲ။ သူမ ဘယ်လောက်အထိသန်မာလဲဆိုတာကိုတစ်ချက်ကြည့်ရုံနဲ့တင်သိနိုင်နေခဲ့ပါပြီ။ ဒါ့အပြင် သူမရဲ့ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်က လောကနံပါတ်တစ်အထောက်အကူပြုသိုင်းပညာ၀ိညာဥ်ခေါ်တယ်ဆိုတာ အလဟာသမဟုတ်ပါဘူး။
နင့်ထျန်းကတော့ အပေါ်ယံမှာ နံပါတ်နှစ်အမျိုးသမီးကိုကြည့်တဲ့ပုံမပေါ်ပေမဲ့ တကယ်တမ်းတော့ အခုလက်ရှိအချိန်မှာ လျှို့၀ှက်ပြီထောက်လှမ်းနေခဲ့တာပါ။ သူမဖက်ကနေ တုံ့ပြန်မှုတစ်ခုခုကို မျှော်လင့်လို့ထားခဲ့ပေမဲ့ တစ်ဖက်ကလှုပ်ရှားမှုတောင်မရှိခဲ့ပါဘူး။ အရမ်းကိုအေးဆေးတည်ငြိမ်နေခဲ့တဲ့ နင့်ထျန်းတောင် ထူးဆန်းလို့နေခဲ့ပါတယ်။ သူမက အစကနေအဆုံးအထိ ဘေးကနေဒီအတိုင်းအေးစက်စက်နဲ့ ရပ်ကြည့်နေခဲ့တာပါ။
နောက်ထပ်အမျိုးသမီးနှစ်ယောက်ကလဲ ထပ်ပြီရွေးချယ်မှုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရွှေကျီးမြင့်မြတ်သခင်မရဲ့အလှည့်ကိုရောက်ရှိလို့လာခဲ့ပါပြီ။
သူမက ရွှေရောင်တောင်ပံတွေကိုဖြန့်ထားရင်း ဖြည်းဖြည်းချင်းပျံသန်းလို့လာခဲ့ပါတယ်။ ရွှေကျီးကလဲ ငှက်တစ်ကောင်ပဲဖြစ်တာကြောင့် နတ်မိီးငှက်နဲ့အတော်ကိုနီးစပ်တဲ့မီးလျှံငှက်လိုပြောရမှာပါ။ ၀ူးမင်းက ရွှေကျီးမီးလျှံကိုသုံးနိုင်ပေမဲ့ အဆုံးစွန်းအဆင့်နားကိုကပ်နေတဲ့ အားကောင်းလွန်တဲ့မီးတစ်ခုလိုပါပဲ။
အတောင်ပံကိုတစ်ချက်ခတ်လိုက်ပြီတဲ့နောက် လေထဲကိုသူကမြောက်တက်လို့သွားခဲ့ပါတယ်။
” ငါနာမည်က ၀ူးမင်းပါ အသက်ကဒီနေ့သုံးဆယ်နှစ်နှစ်ရှိပြီ အားလုံးကငါ့ကိုရွှေကျီးမြင့်မြတ်သခင်မလို့ခေါ်ကြတယ်…သိပါတယ် တချို့လူပြောပုံအရဆိုရင် ကျန်ခဲ့တဲ့သူက ကျန်ခဲ့သူပဲတဲ့ ငါကအိုနေပြီဆိုတော့ များများစားစားရွေးချယ်စရာမရှိဘူး..ဒီတော့တစ်ယောက်ကိုဒီအတိုင်းပဲရွေးချယ်လိုက်တော့မယ်..ငါကိုငြင်းတဲ့ဘယ်သူမဆိုသေရမယ် ”
ပြောပြီတာနဲ့ ချက်ချင်းလေထဲကိုထိုးဆင်းလာခဲ့ပါတယ်။ တောက်ပတဲ့ရွှေရောင်မီးလျှံတွေက အနောက်ဖက်မှာရောင်စဥ်တန်းကြီးအဖြစ်ကိုကျန်ရှိလို့နေခဲ့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူက အမျိုးသားတွေအရှေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ။
ငါကိုမရွေးလိုက်ပါနဲ့ ငါ့ကိုမရွေးလိုက်ပါနဲ့ လူတိုင်းကတော့စိတ်ထဲမှာအော်ဟစ်လို့နေခဲ့ပါတယ်။
၀ူးမင်းက ရုပ်လဲမဆိုးသလို ကျင့်ကြံတဲ့အရည်အချင်းကလဲ အရမ်းကိုမြင့်မားပါတယ်။ အသက်အရွယ်ကလဲ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ဒေါသကတော့ကြောက်ရပါတယ်။ သူ့ရဲ့ဒေါသမျိုးနဲ့ဆိုရင် မာရှောင်ထောင့်ထက်တောင် ပိုပြီးကြောက်စရာကောင်းဦးမှာပါ။ သူက အတွင်းနယ်မြေထဲကို စောစောစီးစီးကထဲက ၀င်ရောက်ခဲ့သူဖြစ်တာကြောင့် ပြိုင်ဆိုင်လိုစိတ်လဲအတော်ကိုကြီးမားပါတယ်။ အကယ်၍ သူတို့သာရွေးချယ်ခံရပြီ လက်တွဲဖော်ဖြစ်သွားမယ်ဆိုရင် သေချာပေါက် အဆုံးသတ်ကကောင်းမှာမဟုတ်ပါဘူး။ ပုံမှန်အခြေအနေတွေမှာ လူတွေက နူးညံ့တဲ့အမျိုးသမီးတွေကိုပိုစိတ်၀င်စားပါတယ်။
၀ူးမင်းလေထဲမှာရပ်ကြည့်နေတာကို ခံရရုံနဲ့တင် လူတိုင်းကလန့်နေခဲ့ပါပြီ။ အဲ့ဒီနောက် ရုတ်တရက်ဆိုသလိုလူတစ်ယောက်ရှေ့ကိုရောက်သွားခဲ့ပါတော့တယ်။ သူ့ရဲ့အတောင်ပံတွေက ဖွင့်နေဆဲဖြစ်သလို အဲ့ဒီလီလီပွင့်ပေါ်မှာရပ်နေတဲ့သူ့ကို အားလုံးကအကြည့်ရောက်သွားခဲ့ပါတယ်။
ချူးချင်းထန်ကတော့ ၀ူးမင်းကို မြင်ချိန်မှာလန့်သွားပါတော့တယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ၀ူးမင်းက အရမ်းကိုလှလှပပကြီးပေါ်လာတာပါ။ အမှောင်ထုထဲမှာ ရွှေရောင်မီးလျှံတွေကြားတောက်ပနေတဲ့ သူမက နတ်ဘုရားတစ်ပါးလိုလှပပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့သူ့ရှေ့မှာပေါ်လာရတာလဲ ချူးချင်းထန်ကတော့ ထိတ်လန့်လို့နေတော့တယ်။
” နင်ဘာကြည့်နေတာလဲ ငါ့ကိုလီလီပွင့်ပေါ်မှာနေရာမပေးတော့ဘူးလား ဘာလဲယောကျ်ားမဟုတ်လို့လား ”
၀ူးမင်းက ထအော်ပါတော့တယ်။ ချူးချင်းထန်လဲ အထိတ်တလန့်နဲ့ နောက်ဆုတ်ရင်းသူမကိုနေရာပေးလိုက်ပါပြီ။
၀ူးမင်းကတော့ ဒီတုံ့ပြန်မှုကိုမြင်ချိန်မှာ သဘောကျလို့သွားခဲ့တယ်။ အနည်းဆုံးတော့ သူလက်လျှော့ဖို့သိနေတာပဲ။
ချူးချင်းထန်က သူမလီလီပွင့်ပေါ်တက်လာတာနဲ့ နောက်ကိုပြုတ်ကျလို့သွားခဲ့ပါပြီ။
အမျိုးသားကျောင်းသားတွေအားလုံးလဲ ထ်တ်လန့်သွားခဲ့သလို တချို့လူတွေကတော့ ချီးတောင်ချီးကျူးနေခဲ့ကြသေးတယ်။
” ဆုံးဖြတ်ချက်ခိုင်မာလိုက်တာတကယ်သန်မာတဲ့သူပဲ ”
” ချူးချင်းထန် ”
၀ူးမင်းက ဒေါသတကြီးနဲ့ရေကန်ထဲကိုရိုက်ချလိုက်ပါတယ်။ ချက်ချင်းဆိုသလို ရေတွေအများကြီးအငွေ့ပျံသွားခဲ့ပါပြီ။
” ငါ ”
ချူးချင်းထန်က အဲ့ဒီအချိန်မှာ ရေကန်အပေါ်ဖက်ကိုပေါ်လာပါတော့တယ်။ ဒါပေမယ့် သူလဲ ရေတွေကြောင့်လွှင့်ထွက်လို့သွားခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ အမြန်နှုန်းသုံးတဲ့၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် မြန်မြန်ဆန်ဆန်ပဲ ရေထဲကထွက်လာပြီလေထဲကိုတက်သွားတာကြောင့် အဲ့ဒီလက်၀ါးရိုက်ချက်ကိုရှောင်ရှားလိုက်ပါတယ်။
” ငါ့ကိုမတိုက်ခိုက်ပါနဲ့ မကြံရွယ်ပဲဖြစ်သွားခဲ့တာပါ ”
ချူးချင်းထန်က ထွက်မပြေးခဲ့ပါဘူး။ သူအရှိန်နှုန်းကိုသူယုံကြည်ပေမဲ့လဲမပြေးခဲ့ပါဘူး။ တစ်ဘ၀တာလုံးရွှေကျီးမြင့်မြတ်သခင်မ သူ့ကိုတစ်ဘ၀တာလုံးလိုက်မဖမ်းခံချင်တာကြောင့်ပါ။
၀ူးမင်းဘယ်လောက်အထိ သန်မာလဲဆိုတာ သူမြင်ဖူးပါပြီ။ တစ်ကြိမ်တစ်ခါတုန်းက မဟာကြယ်တာရာသစ်တောရဲ့ အတွင်းနယ်မြေထဲမှာ၀ိညာဥ်သားရဲကောင်တစ်ကောင်က သူမကို အလစ်၀င်ချောင်းပြီ တိုက်ခိုက်ခဲ့တဲ့အတွက် အဲ့ဒီ၀ိညာဥ်သားရဲကောင်ကို မရမကလိုက်ဖမ်းခဲ့ပါတယ်။ အကယ်၍ လူသားတစ်ယောက်သာသူ့ကိုတားဆီးမယ်ဆိုရင်လဲ အဲ့ဒီလူကိုသေချာပေါက် သူမကသတ်မှာပါ။ ၀ိညာဥ်သားရဲကောင်ဆိုရင်လဲ သတ်မှာပါပဲ။
” ငါက အဲ့ဒီလောက်ကြောက်စရာကောင်းနေလို့လား ဘာဖြစ်လို့ရေထဲခုန်ချသွားတာလဲ ”
၀ူးမင်းက ခါးပေါ်မှာလက်နှစ်ဖက်ထောက်ထားရင်းနဲ့ မေးနေခဲ့ပါတယ်။ သူက မကျေမနပ်ဖြစ်နေခဲ့သလိုမျိုး မျက်လုံးကလဲ မျက်ရည်တွေတောင်၀ဲနေခဲ့ပါပြီ။
သူလဲအမျိုးသားတွေကိုသဘောကျပါတယ်။ ဒါ့အပြင် ပုံမှန်အမျိုးသမီးတစ်ယောက်ပါပဲ။ သူခံစားချက်ကို၀န်ခံဖူးတဲ့အမျိုးသားတွေအားလုံးက ကြောက်လန့်တကြားနဲ့ ထွက်ပြေးကုန်ကြတယ်။ ဒါ့အပြင် ချူးချင်းထန်ကတော့ သူ့ရှေ့တည့်တည့်မှာတင် ရေကန်ထဲခုန်ဆင်းလို့သွားတာပါ။ ဒါကြောင့် မျက်ရည်၀ဲလာတာပုံမှန်ပါပဲ။ သူမရဲ့ကြင်ဖော်ဖြစ်ဖို့ထက်ဆိုင်ရင် ဒီအခွင့်အရေးကိုလက်လျှော့ပြီ ခုန်ချလိုက်ဖို့တောင်ပိုပြီးစိတ်ပါနေတဲ့ပုံဖြစ်နေခဲ့တယ်။
” အထင်မလွဲပါနဲ့ အထင်မလွဲပါနဲ့ အံ့အားသင့်လွန်သွားတာကြောင့် အောက်ဖက်မှာရေရှိနေပြီဆိုတာ သတိလစ်သွားလို့ဒီလိုဖြစ်သွားတာပါ ”
ချူးချင်းထန်က ရှင်းပြဖို့ကြိုးစားနေခဲ့တယ်။
၀ူးမင်းလဲ အံ့အားသင့်သွားခဲ့တာကြောင့် မျက်ရည်လဲကျမလာတော့ပါဘူး။ ချူးချင်းထန်က တစ်ကိုယ်လုံးရေစိုရွှဲနေပေမဲ့လဲ သူမကိုစိုက်ကြည့်နေခဲ့ပါတယ်။
” ငါ့ကိုရွေးချယ်မယ်လို့ တကယ်မထင်ထားခဲ့လို့ပါ ဟယ့်ချိုက်ထို့ အစောတုန်းက ဘယ်လိုဖြစ်သွားလဲဆိုတာ မြင်လိုက်တာပဲ ရှောင်းရှောင်းကိုကြောက်လို့ သူဒီလိုမျိုးရေထဲပြုတ်ကျမလိုဖြစ်သွားရတာလား စိတ်လှုပ်ရှားလွန်လို့ဖြစ်သွားရတာပါ ကိုယ်ကိုကိုယ်မထိန်းချုပ်နိုင်တာကြောင့်သာ ဒီလိုဖြစ်သွားရတာ ငါရဲ့အခြေအနေကလဲ တူညီပါတယ်…ဒါပေမယ့် ငါစိတ်လှုပ်ရှားရတာက ပိုပြီးတော့ပြင်းထန်တယ်…ဒါကြောင့်သာ ရေထဲကိုပြုတ်ကျသွားရတာပါ ငါမင်းကိုအရမ်းသဘောကျလွန်တာကြောင့် ဒီလိုဖြစ်သွားရတာပါပဲ ”
” တကယ်ပဲဒီလိုလား ”
သူ့ရဲ့စကားချိုချိုတွေကြောင့် ၀ူးမင်း ပြန်ပြီမေးလာခဲ့ပါတယ်။
ချူးချင်းထန်ကတော့ခေါင်းကိုဆက်တိုက်ညိတ်နေခဲ့တယ်။
” ဟုတ်တယ် စဥ်းစားကြည့်လိုက်စမ်းပါ ငါကကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိတဲ့လူတစ်ယောက်ပါပဲ ဒါကြောင့်သာ ဘယ်သူမဆိုငါ့ကိုလက်ခံတဲ့သူဆိုရင် အဲ့ဒီလူကို လိုလိုလားလားတစ်ဘ၀တာမှာပုံအပ်မယ်လို့ပြောခဲ့တယ်မလား ”
” ဒါပေမယ့် ငါ့ကိုသဘောကျတဲ့ဘယ်သူမဆို သူဘယ်လောက်ပဲ ငါနဲ့အခြေအနေကွာပါစေ ငါကလက်ခံမှာ မင်းမမှတ်မိတာလဲဖြစ်နိုင်တယ်..အရင်တုန်းက မဟာကြယ်တာရာသစ်တောထဲကို အတွင်းနယ်မြေတပည့်သားတစ်စုသွားတဲ့အချိန်မှာမင်းရဲ့သတ္တိနဲ့အင်အားက ငါ့ကိုတကယ်ပဲဆွဲဆောင်နိုင်ခဲ့တယ်..အမျိုးသမီးတစ်ယောက်သာဖြစ်ပေမဲ့ ငါရဲ့မျက်လုံးထဲမှာတော့ တကယ်သူရဲကောင်းတစ်ယောက်ပါပဲ အဲ့ဒီအချိန်တုန်းက ငါ့အရှေ့တည့်တည့်မှာရပ်ရင်း သားရဲကောင်တွေကိုတိုက်ခိုက်ခဲ့တဲ့ မင်းရဲ့ပုံစံကိုရှင်းရှင်းလင်းလင်းမှတ်မိနေသေးတယ်..အဲ့ဒီအချိန်ကစပြီ စိတ်ထဲမှာမင်းရဲ့ပုံရိပ်တွေက အမြဲတမ်းရှိနေခဲ့တာပါ ”
သူပြောပြီတဲ့နောက် သက်ပြင်းချလိုက်ပါတယ်။
” ဒါပေမယ့် မင်းလိုမျိုးထူးချွန်တဲ့လူတစ်ယောက်က အကောင်းဆုံးသူကိုပဲရွေးချယ်သင့်တယ်မလား ငါ့လိုမျိုးသာမန်လူတစ်ယောက်ကိုဘာကြောင့်ရွေးချယ်မှာလဲ အရှိန်မြန်တာကလွဲပြီ ငါ့မှာထူးချွန်တာဘာမှမရှိဘူး..ရုပ်ကလဲမချောဘူးလေ…ဒီတော့ဘေးကနေကြည့်နေရုံကလွဲပြီ မတတ်နိုင်ဘူး…လာပြီ၀န်ခံရဲတဲ့သတ္တိလဲမရှိတော့ အခြေအနေတွေက ဒီလိုဖြစ်လာတာပဲ ”
” ဒီနေ့ပထမဆုံးအပိုင်း အစီအစဥ်မှာမင်းရဲ့နေရာကိုတိကျသိပြီတဲ့အချိန်မှာ ငါစိတ်ဆုံးဖြတ်ပြီ လှုပ်ရှားခဲ့တာပဲ ဒါကြောင့်သာ ဦးထုပ်ကိုယူဖို့မတွေဝေခဲ့တာ “:
” ဒီနေ့မင်းနဲ့ ဒီလိုကံကြမ္မာဆုံးရမယ်လို့မမျှော်လင့်ထားခဲ့မိဘူး..မင်းငါ့ကိုရွေးချယ်မယ်လို့လဲ တစ်ခါမှတောင်တွေးခဲ့ဖူးဘူး ဒီလိုမျိုးဦးထုပ်ကိုချွတ်လိုက်တယ်ဆိုတာ မင်းကိုတစ်ကြိမ်လောက် တွေ့ခွင့်ရချင်ရုံပါပဲ ပြန်တွေးကြည့်လိုက်စမ်းပါ ငါရဲ့အိပ်မက်တွေက အမှန်တကယ်ဖြစ်လာတာကို ဘယ်လိုများစိတ်မလှုပ်ရှားပဲနေမှာလဲ အစ်မကြီးကျေးဇူးပြုပြိး ကျွန်တော်ကို လီလီပွင့်ပေါ်မှာရပ်နိုင်ဖို့တစ်ခါလောက်အခွင့်အရေးထပ်ပေးလိုက်ပါ အကယ်၍ စည်းမျဥ်းတွေဒါတွေကခွင့်မပြုထားဘူးဆိုရင် မိုးကောင်းကင်ကကျွန်တော်ကိုလှည့်စားနေတာပဲဖြစ်လိမ့်မယ် ”
ပြောပြီတဲ့နောက် ၀မ်းပမ်းတနည်းနဲ့ပြုံးနေခဲ့ပါတော့တယ်။ ၀ူးမင်းကတော့ သူ့ကိုလှမ်းကြည့်နေခဲ့တယ်။
” တကယ်ကြီးပြောတာလား ငါကိုသဘောကျတယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ”
ချူးချင်းထန်ကတော့ ဆက်တိုက်ခေါင်းညိတ်နေခဲ့ပါတယ်။ အမျိုးသားကျောင်းသားအများစုက တအံ့တဩဖြစ်နေခဲ့ပါပြီ။
” ဒီကောင်ငါတို့ကို အံ့ဩအောင်လာလုပ်နေတာလားတကယ်ပဲထိတ်လန့်စရာကောင်းနေခဲ့တယ်…ဒါပေမယ့် သူ့ရဲ့သရုပ်ဆောင်နိုင်စွမ်းက အင်မတန်ကောင်းသလို အရမ်းလဲချောမွေ့နေတဲ့အတွက် ၀ူးမင်းကတော့လှည့်စားခံလိုက်ရပါပြီ ”
အမျိုးသားကျောင်းသားတွေတော်တော်များများကတော့ ၀ူးမင်းရဲ့စကားကိုမယုံကြည်ကြပါဘူး။ ဟို့ယွိဟောင်တောင် သံသယရှိနေခဲ့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက အမြဲတမ်းထုတ်သုံးနေခဲ့တာပါ။ ဒါကြောင့်သာ ချူးချင်းထန်ရဲ့စိတ်၀ိညာဥ်လှုပ်ရှားမှုတွေက သူ့အခုစကားပြောလိုက်တဲ့အချိန်မှာ အရမ်းကိုပြင်းထန်နေမှန်းသတိထားမိပါတယ်။
ဒါက လှုပ်ရှားပြီစိတ်အားထက်သန်လွန်တာကြောင့် ပြင်းထန်နေတာမဟုတ်ပါဘူး။ မသက်မသာဖြစ်လွန်တာကြောင့် ဖြစ်လာတဲ့တုန့်ပြန်မှုပါပဲ။ ဒါ့အပြင် သူ့ရဲ့လက်တွေကလဲ ခန္ဓာကိုယ်နောက်ဖက်မှာဆက်တိုက်လှုပ်ရှားနေခဲ့သလို စိတ်ခံစားချက်ပရမ်းပတာတွေဖြစ်နေတာကို ဖော်ပြလို့နေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့စကားတွေက အရမ်းကိုဖြောင့်ဖြောင့်တန်းတန်းထွက်လာတာလဲ ဖြစ်နိုင်ပါတယ်။
၀ူးမင်းကရုတ်တရက် ကျန်းလဲ့ရွှမ်နဲ့ ပေ့ပေ့ဖက်ကိုလှည့်သွားခဲ့ပါတယ်။ မျက်ရည်၀ဲနေတဲ့မျက်လုံးတွေနဲ့သူလှမ်းပြီအော်လိုက်တယ်။
” အစ်မကြီး နောက်ဆုံးတော့ ငါကိုသဘောကျတဲ့လူတစ်ယောက်ကိုရှာတွေ့ပြီ ကျေးဇူးပြုပြီး ကူညီပေးပါ တောင်းပန်ပါတယ် ”
ချူးချင်းထန်ရဲ့စကားတွေက သူ့နှလုံးသားတွေထဲကလာတာမဟုတ်ပါဘူး။ သူလဲ သူမကိုအမြဲတမ်းစောင့်ကြည့်နေတာမှန်တော့မှန်ပေမဲ့ ချစ်ခင်မြတ်နိုးစိတ်ကြောင့် မဟုတ်တာတော့အမှန်ပါ ဒါပေမယ့် ဒီလိုမျိုးမျက်ရည်၀ဲနေတဲ့ ပုံစံကိုမြင်ချိန်မှာတော့ မငြင်းနိုင်ခဲ့ပါဘူး။ တကယ်တမ်းတော့ မငြင်းလဲမငြင်း၀ံ့ပါဘူး။ ဒါကြောင့်သာ အစောပိုင်းတုန်းက အကုန်လုံးကိုပြောထွက်နိုင်ခဲ့ပြီ သူ့ကိုယ်သူတောင်လှည့်စားနိုင်ခဲ့ပါတယ်။
အပိုင်း ၂၁၆•၂ ပြီး၏။