အပိုင်း ၂၁၆•၁
” သုံးဘ၀ကံကြမ္မာ ”
°°°
ဒီလိုပေါ်လိုက်ပျောက်လိုက် သုံးခါတိတိဖြစ်ပြီတဲ့နောက် အမျိုးသားကျောင်းသားတွေရဲ့အရှေ့ကိုရောက်ရှိလို့လာပါတော့တယ်။
ဒီအချိန်မှာပဲ ရေထဲကအသံတစ်သံထွက်ပေါ်လို့လာခဲ့ပါပြီ။ ဟယ့်ချိုက်ထို့က စိတ်လှုပ်ရှားလွန်လို့ သူ့ရဲ့လီလီပန်းပွင့်ကိုကွဲသွားအောင်လုပ်မိပြီ နှစ်ခြမ်းပြဲသွားခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ ခန္ဓာကိုယ်ရဲ့အကြောတွေက ပျော့ပျောင်းနေတာကြောင့်စွမ်းအားကိုစုစည်းပြီ လက်နှစ်ဖက်ကိုအသုံးပြုကာ အင်အားကိုစိုက်ထုတ်ပြီ ရေထဲမကျအောင်ထိန်းချုပ်လိုက်ရပါတယ်။
ဟို့ယွိဟောင်က မလှုပ်ရှားရပါဘူး ကြီးမားတဲ့အိုးကြီးက ဟယ့်ချိုက်ထို့ရဲ့အရှေ့ရောက်လာခဲ့ပါတယ်။
ရှောင်းရှောင်းကတော့ အတော်လေးစ်ိုးရိမ်နေပုံပေါ်ပါတယ်။
” တက်လာခဲ့ ”
ဘယ်သူမဆိုရေကန်ထဲကျသွားတာနဲ့ ထုတ်ပယ်ခံရမှာပါ ဒီတစ်ကြိမ်မှာတော့ သူမရှက်နိုင်တော့ပါဘူး။ အလင်းတန်းတွေက တောက်ပလို့လာခဲ့ပြီ သူ့ရဲ့အိုးကြီးကိုဟယ့်ချိုက်ထို့ရဲ့ရှေ့ပို့ကာအော်ခေါ်ရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။
ဟယ့်ချိုက်ထို့ကတော့ အိုးကြီးကိုလက်နဲ့ဖိထားပြီ အပေါ်ကိုတက်လာခဲ့တယ်။ သူက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် နှုတ်ခမ်းတွေတောင်တုန်နေခဲ့ပါပြီ။
” ရှောင်းရှောင်း ”
ဟယ့်ချိုက်ထို့က ခပ်တိုးတိုးလေးခေါ်လာခဲ့တယ်။
ရှောင်းရှောင်းကတော့ ခေါင်းငုံ့နေဆဲပါပဲ။
” ငါမင်းကိုကောင်းကောင်းတန်ဖိုးထားပါ့မယ် ”
” ဟုတ်ပါပြီ ”
” ငါမင်းကိုတကယ်အရမ်းသဘောကျတယ် “:
ဟယ့်ချိုက်ထို့ဘာပဲပြောပါစေ ရှောင်းရှောင်းကတော့တစ်ခွန်းသာပြန်ဖြေပါတယ်။ လက်ရှိအချိန်မှာသူဘာပြောရမှန်းတောင်မသိပါဘူး။ နှစ်နှစ်ခွဲခွဲခွာရပြီတဲ့နောက် သူတို့နောက်ဆုံးမှာအတူတူရှိနိုင်ကြပါပြီ။ သူတို့ရဲ့စိတ်အားထက်သန်မှုအပြည့်နဲ့ လောင်းကျွမ်းနေတဲ့နှလုံးသားတွေက ပိုပြီးတော့နီးကပ်လာပါတော့တယ်။
ကျန်းလဲ့ရွှမ်က ပေ့ပေ့ကို လှမ်းရိုက်လိုက်ရင်းပြောလာခဲ့တယ်။
” ပေ့ပေ့ လုပ်နိုင်တယ်မလား ”
” ဟုတ်အစ်မကြီး ”
ပေ့ပေ့လဲ အခုအချိန်မှသာ စိတ်ခံစားချက်တွေကိုပြန်ပြီထိန်းချုပ်သွားနိုင်တာပါ။ ရှု့စန်းရှိီရယ် ကျန်းနန်နန်ရယ် ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်းတို့ကိုကြည့်ရင်း သူတို့ရဲ့စစ်မှန်တဲ့အချစ်အတွက်လဲ ၀မ်းသာနေခဲ့မိပါတယ်။
” သုံးဘ၀ကံကြမ္မာကို အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးပေါ်မှာတည်ဆောက်ရတော့မယ်..ချိုက်ထို့ရေ မင်းတော့အခွင့်အရေးကိုကောင်းကောင်းကြီးရယူနိုင်ပြီပဲ ”
” အစ်ကိုကြီး ကျွန်တော်ဒီအခွင့်အရေးကို တကယ်ကောင်းကောင်းဖမ်းဆုပ်ထားပါ့မယ်…ဘယ်သူကမှ ကျွန်တော်ကိုမရွေးကြနဲ့တော့ အစ်ကိုကြီးတို့ အစ်မကြီးတို့ ကျွန်တော်ကိုဘယ်သူမှထပ်ပြီမရွေးကြနဲ့တော့ ကျွန်တော်အခုလက်တွဲဖော်ရသွားပြီ ”
ဟယ့်ချိုက်ထို့ရဲ့အော်သံက လူတွေအများကြီးကို ရယ်မောသွားစေခဲ့ပါတယ်။ အခုအချိန်မှာ တော်တော်များများက စိတ်အေးလက်အေးဖြစ်သွားခဲ့ကြပါပြီ။ ရှောင်းရှောင်းကတော့ ရှက်နေဆဲဖြစ်နေသလို လက်တစ်ဖက်ကိုဆန့်ထုတ်ရင်း ဟယ့်ချိုက်ထို့ရဲ့ လည်ပင်းကိုရိုက်ကာပြောလာခဲ့တယ်။
” အစ်ကိုကတော့လေ မဲလိုက်တာမှမီးသွေးတုံးလိုမှောင်နေတာပဲ ကျွန်မလိုလူသာမဟုတ်ဘူးဆိုရင် ဘယ်သူကများအစ်ကိုကိုရွေးဦးမှာလဲ ကိုယ့်ကိုကိုယ်တအားကြီးအထင်ကြီးလွန်လိုက်တာ ”
” မနာဘူး လုံး၀မနာဘူး နောက်တစ်ခေါက်ရိုက်လိုက်စမ်းပါဦး အိပ်မက်မက်နေတာဖြစ်မှာကြောက်လွန်လို့ပါ ”
ရှောင်းရှောင်းကတော့ မရိုက်ခဲ့ပါဘူး။ အဲ့ဒီအစား သူရိုက်လိုက်တဲ့နေရာကိုသာ ခပ်ဖွဖွလေးပွတ်ပေးနေခဲ့တယ်။
” ဘာလဲအိပ်မက်ထဲမှာဆိုရင် မတွေ့ချင်လို့လား ”
ဟယ့်ချိုက်ထို့ကတော့ သူ့ရဲ့ဂတုံးပြောင်ပြောင်ကို ပွတ်နေခဲ့ပါတယ်။
” သေချာပေါက် တွေ့ချင်တာပေါ့ ဒါပေမယ့် အိပ်မက်ဖြစ်ပြီနိုးထလာရင်းဘယ်လိုလုပ်ရမလဲ ”
” အကယ်၍ အိပ်မက်ဖြစ်မယ်ဆိုရင်လဲ အဲ့ဒီအတိုင်းဆက်သွားလိုက်လေ ”
လေးခုမြောက်အစီအစဥ်က ဆက်ပြီးတော့ကျင်းပလို့နေခဲ့ပါတယ်။နောက်ထပ်အမျိုးသမီးပေါ်လာခဲ့ပါပြီ။အခုလက်ရှိအချိန်မှာ ပေါ်လာတဲ့သူကဟို့ယွိဟောင်အရှေ့ကိုရောက်လာတဲ့သူလိုပဲ မျက်နှာကာနဲ့ဦးထုပ်ကိုဆောင်ထားခဲ့ပါတယ်။ သူမပေါ်လာချိန်မှာတော့ ညာဘက်လက်ကို ဝှေ့ရမ်းလိုက်ပြီရေကန်မျက်နှာပြင်ပေါ်မှာအလင်းတန်းတွေကို ပေါ်ထွက်လာစေခဲ့တယ်။ ဒါက၀ိညာဥ်လက်နက်တစ်ခုပါ အဲ့ဒီအမျိုးသမီးက ၀ိညာဥ်လက်နက်ပေါ်မှာစီးနင်းလို့လာခဲ့ရင်း ငြိမ်ငြိမ်သက်သက်လေးရပ်နေခဲ့တယ်။ အမျိုးသားတွေဆီကို ရောက်ရှိလို့လာချိန်မှာသာ သူ့ရဲ့ခမောက်ကိုဖယ်လိုက်ပြီတဲ့နောက် စတင်ပြီမိတ်ဆက်လိုက်ပါတယ်။
သူမကိုကြည့်ရတာ အသက်ဆယ်ခုနှစ် ဆယ်ရှစ်နှစ်အရွယ်လိုပါပဲ။ အရမ်းလှပရုံတင်မက ခန္ဓာကိုယ်ကလဲအချိုးအစားကျလှတဲ့အပြင် တောင်းပန်တဲ့ပုံသဏ္ဍာန်နဲ့ရှိနေခဲ့တယ်။
” ကျွန်မနာမည်က နင့်ထျန်းပါ အထောက်အကူပြုရေး၀ိညာဥ်ပညာရှင်ဖြစ်သလို ရေပေါ်မှာ၀ိညာဥ်လက်နက်အသုံးပြုပြီမှသာ တည်ငြိမ်အောင်သွားနိုင်တာပါ အဆင့်ငါးဆယ်လေးရှိပြီဖြစ်ပြီ အထောက်အကူပြုရေးအမျိုးအစား ၀ိညာဥ်ဘုရင်ပါ သိုင်းပညာ၀ိညာဥ်ကတော့ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ပါပဲ ”
သူမက ရေထဲမှာပေါ်နိုင်ဖို့ အင်အားမရှိဘူးလို့ပြောပေမဲ့ သူမရဲ့အစွမ်းအစတွေက အားနည်းနေတယ်လို့ ဘယ်သူမှမထင်၀ံ့ကြပါဘူး။ အတွင်းနယ်မြေထဲမှာ အားနည်းတယ်ဆိုတာမရှိရိုးအမှန်ပါ။ ဒါ့အပြင် ရုပ်ရည်သွင်ပြင်ကလဲ အရမ်းကိုငယ်ရွယ်လွန်လှရုံတင်မက သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကလဲလူတွေအားလုံးကို အံ့အားသင့်သွားစေခဲ့တယ်။
လောကနံပါတ်တစ်အထောက်အကူပြုရေးသိုင်းပညာ၀ိညာဥ်ကိုပိုင်ဆိုင်ထားတဲ့သူက အတွင်းနယ်မြေထဲကို၀င်နိုင်တာပေါ့ တိုက်ခိုက်နိုင်စွမ်းမရှိဘူးဆိုရင်တောင် တစ်လောကလုံးမှာအသန်မာဆုံးအထောက်အကူပြုရေး၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့မှာပါ။
ဟို့ယွိဟောင်လဲ နားလည်သွားခဲ့ပါတယ်။ မြင်မြင်ချင်ဒီလောက်ရင်းနှီးနေတာ ဘယ်အံ့ဩစရာရှိမလဲ နင့်ထျန်းဖြစ်နေတာကို နှစ်တွေကြာပြီတဲ့နောက် နင့်ထျန်းက အရမ်းကိုမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာတာကြောင့် သူလဲမမှတ်မိတော့ပဲဖြစ်သွားခဲ့ရပါတယ်။ အရင်နဲ့ယှဥ်မယ်ဆိုရင် သူ့ရဲ့ရုပ်သွင်က အတော်ကိုရိုးရှင်းလို့နေခဲ့ပါပြီ။ ဒါ့အပြင် ရိုးရှင်းမှုထဲမှာသန့်စင်ပြီအားကောင်းတဲ့အရှိန်အ၀ါကလဲ ပါနေခဲ့ပါတယ်။
” အထောက်အကူပြုရေး၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် သန်မာတဲ့လူတစ်ယောက်က ကျွန်မကိုကာကွယ်ပေးဖို့လိုအပ်ပါတယ်…ဒါကြောင့် ကျွန်မကိုကာကွယ်ပေးနိုင်မဲ့သူကိုပဲရွေးချယ်မှာပါ အဲ့ဒီလူကို ဒီတိုက်ကြီးတစ်ခုလုံးရဲ့ထိပ်ဆုံးကိုရောက်ရှိနိုင်အောင် ကူညီပေးနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ် ”
သူမက ပြုံးပြရင်းနဲ့အမျိုးသားတွေအရှေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ။ ဘယ်သူမှသူ့စကားကိုသံသယမ၀င်နိုင်ပါဘူး။ ဒါ့အပြင် အတွင်းနယ်မြေထဲမှာ သူ့ကိုကာကွယ်ပေးချင်တဲ့သူတွေအများကြီးရှိနေခဲ့တယ်။
ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်နဲ့ဆိုရင် သူတို့ရဲ့အစွမ်းအစတွေက အနည်းဆုံးလေးဆယ်ရာခိုင်နှုန်းအထိကိုတက်သွားခဲ့မှာပါ။ ဒါ့အပြင် ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ကသာ ရတနာကိုးသွယ်ဘုံကျောင်းဆောင်ဖြစ်သွားခဲ့မယ်ဆိုရင် တိုက်ပွဲတစ်ပွဲရဲ့အခြေအနေကိုတစ်ယောက်ထဲနဲ့ ပြောင်းပြန်လှန်ပြစ်နိုင်မဲ့ရလဒ်တောင်ရရှိနိုင်ပါတယ်။
အမျိုးသားတွေအားလုံးက လက်ရှိအချိန်မှာ စိတ်လှုပ်ရှားနေခဲ့ကြပြီဖြစ်သလို ထိုက်ဟွပင်းတောင်မှ တောက်ပတဲ့အကြည့်နဲ့ကြည့်လာခဲ့ပါတယ်။
အဆင့်တူအမျိုးသမီးကျောင်းသားတွေထဲမှာ နင့်ထျန်းတစ်ယောက်ကသာ သူ့ကိုဆွဲဆောင်နိုင်တဲ့သူပါ။ ကျူးလုထက်တောင် ပိုပြီးဆွဲဆောင်မှုရှိပါသေးတယ်။ ဒါပေမယ့် သူက ကျူးလုနဲ့ ပေါင်းစည်းစွမ်းရည်ကိုပိုင်ဆိုင်ထားပြီ ဆက်ဆံရေးကလဲ အရမ်းကိုနီးကပ်တာကြောင့် တခြားသူကိုရွေးချယ်လို့မရနိုင်ပါဘူး။ နင့်ထျန်းကိုလဲ ဇနီးအဖြစ်ရွေးချယ်လို့မရတဲ့အတွက် ဒီနေရာမှာအမျိုးသမီးတစ်ယောက်ကိုရွေးချယ်ဖို့ရောက်လာတာလဲမဟုတ်ခဲ့တာတောင် နင့်ထျန်းကြောင့် ဆွဲဆောင်ခံနေရပါတယ်။
နင့်ထျန်းကတော့ သူ့ရဲ့ပစ်မှတ်ဆီကို တန်းတန်းမတ်မတ်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ နင့်ထျန်းအကြောင်းကိုနည်းနည်းလေးပြန်တွေးကြည့်ခဲ့ပါတယ်။ ဒါပေမယ့် သူလန့်သွားခဲ့ရတယ် ဘာကြောင့်လဲဆိုတော့ သူမက သူ့ဆီကိုတန်းတန်းမတ်မတ်ကြီးလာနေခဲ့လို့ပါ။ တကယ်ကြီးလား ငါဆီတကယ်ကြီးလာနေတာလား။
သူတောင်စိတ်ထဲမှာတွေးလို့မပြီသေးခင်မှာပဲ သူရှေ့တည့်တည့်ကိုရောက်လာခဲ့ပါပြီ။ အရှေ့မှာရှိနေတဲ့ နံပါတ်နှစ်အမျိုးသမီးကိုမတွေ့တဲ့အတိုင်း သူ့ကိုသာကြည့်နေခဲ့ပါတယ်။
” ငါမျက်လုံးထဲမှာ နင်တစ်ယောက်ထဲပဲ ငါကိုကာကွယ်နိုင်လိမ့်မယ်..ဒါကြောင့် ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်နဲ့အတူ နင်ရဲ့နောက်လိုက်ဖို့ဆန္ဒရှိပါတယ်…ငါ့ကိုရေခဲနည်းနည်းပေးနိုင်မလား ”
ဟို့ယွိဟောင်ကတော့ လန့်သွားခဲ့ရပါတယ်။ နင့်ထျန်းကရှက်နေပေမဲ့ သူကြည့်ရတာစိတ်ဆုံးဖြတ်ချက်ချထားပုံပါပဲ။ ဟုတ်ပါတယ် ဟို့ယွိဟောင်က သူ့ရဲ့ရွေးချယ်မှုပါသူမက သူ့ကိုသဘောကျတာမဟုတ်ပဲ သူက သူမသဘောကျနိုင်လောက်တဲ့အထိ သန်မာနေခဲ့လို့ပါ။
ရတနာခုနှစ်သွယ်ဘုံးကျောင်းဆောင်ကိုပိုင်ဆိုင်ထားတဲ့သူမက ငယ်ငယ်လေးကထဲကနေ မျိုးနွယ်စုသခင်ဖြစ်ဖို့ မွေးမြူးခံထားရတဲ့သူပါ။ အဖက်ဖက်က ထူးချွန်သလို သူတစ်လောကလုံးမှာထိပ်ဆုံးကိုမရောက်ခင်အထိ သန်မာတဲ့ကာကွယ်သူတစ်ယောက်လဲလိုအပ်ပါလိမ့်မယ်။ ဒါကြောင့် လက်တွဲဖော်ကိုရွေးချယ်တာက ဒီအကာအကွယ်ပေးနိုင်မဲ့သူ့ကိုအကောင်းဆုံးအခွင့်အရေးလဲဖြစ်နေခဲ့တယ်။ ဒါကြောင့် သူသိသမျှလူတွေထဲမှာ အတော်ဆုံးလူကိုပဲ ချက်ချင်းတန်ပြီရွေးချယ်လိုက်တာပါ။
နှစ်နှစ်ခွဲကြာပြီတဲ့နောက်မှာ ဟို့ယွိဟောင်က သူ့ရဲ့အစွမ်းအစတွေကလူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။ ၀ိညာဥ်ဘုရင်တစ်ယောက်လဲဖြစ်နေသလို အဆင့်အတန်းကလဲ သိပ်မမြင့်ပေမဲ့ အမြွှာသိုင်းပညာ၀ိညာဥ်လဲရှိတဲ့သူပါ။
ဒါ့အပြင် အမြွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ရုံတင်မက အဆုံးစွန်းရေခဲကိုပါပိုင်ဆိုင်ထားမှန်းလဲသူသိပါတယ်။ ဒါ့အပြင် နှင်းလုံးလေးလဲရှိနေခဲ့သလို အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တောင် ဖြစ်နေခဲ့သေးတယ်။
အတွင်းနယ်မြေကျောင်းသားအများစုက ၀ိညာဥ်လက်နက်တွေကိုစိတ်မ၀င်စားပေမဲ့ နင့်ထျန်းကတော့ အမြင်မတူပါဘူး။ သူ့မှာတိုက်ခိုက်နိုင်စွမ်းမရှိတဲ့အတွက် ၀ိညာဥ်လက်နက်တွေကိုအသုံးပြုပြီးတိုက်ခိုက်လို့ရပါတယ်။ သူမနားလည်သလောက်အရဆိုရင် အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေဆိုတာ အရမ်းကိုသန်မာတဲ့သူပါ။
ဟို့ယွိဟောင်ရဲ့အစွမ်းအစတွေကိုအဓိကစိတ်၀င်စားသလို ခံစားချက်တွေကိုတော့ဖြည်းဖြည်းချင်းမွေးမြူးနိုင်မယ်လို့ထင်ခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့အရည်အချင်းတွေက ဟို့ယွိဟောင်ကို ဆွဲဆောင်နိုင်မယ်လို့လဲယုံကြည်နေခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်နဲ့ အစောပိုင်းတုန်းက ဟို့ယွိဟောင်ကိုရွေးချယ်ထားပြီသူရှိတာတောင် သူက လက်မလျှော့ပဲရောက်လာခဲ့တာပါ။
ဟို့ယွိဟောင် ဘာမှမပြောနိုင်ခင်အချိန်မှာပဲ နှင်းလုံးလေးက ရေခဲတစ်ခုကိုဖန်တီးပေးကာ နင့်ထျန်းရှေ့ကိုချပေးလိုက်ပါတော့တယ်။ ပြီးတဲ့နောက် သူကလက်ခုပ်လက်၀ါးတီးနေပြီ ရယ်တောင်ရယ်နေခဲ့သေးတယ်။ အရာအားလုံးက အဆင်ပြေတယ်ဆိုတဲ့ ပုံစံပါပဲ။
” ကျေးဇူးပါ ”
နင့်ထျန်းကပြုံးရင်းနဲ့ ရေခဲပေါ်ကိုတက်လာခဲ့ပါပြီ။
အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်တစ်ခုတို့က သူ့ခြေထောက်အောက်မှာပေါ်လာခဲ့ပါတယ်။ ညာဘက်လက်ကိုဝှေ့ရမ်းလိုက်ချိန်မှာတော့ တောက်ပတဲ့အလင်းတန်းတစ်ခုက လက်ဖ၀ါးပေါ်ပေါ်လာခဲ့ပြီ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ကလဲ ထွက်ပေါ်လို့လာတော့တယ်။ ၀ိညာဥ်စက်ကွင်းတွေက ဘုံကျောင်းဆောင်ရဲ့ဘေးမှာ လှည့်ပတ်လို့နေခဲ့ရင်း ဘုံကျောင်းဆောင်ကပိုမိုလှည့်ပတ်လို့လာခဲ့ပါတယ်။
နင့်ထျန်းကတော့ ဆက်ပြီပြောနေခဲ့တယ်။
” ဒီဘုံကျောင်းဆောင်က အဆင့်ခုနှစ်လွှာရှိပါတယ်…အင်အားအရှိန်နှုန်း ၀ိညာဥ် ခုခံမှုနဲ့ တိုက်ခိုက်မှုပါပဲ ”
အဲ့ဒီနောက် ရုတ်တရက်ဆိုသလို ထူးဆန်းတဲ့မြင်ကွင်းကပေါ်လာခဲ့ပါပြီ။ ဘုံကျောင်းဆောင်ကလေထဲကိုပျံသန်းရင်း ရုတ်တရက်ကြီးမားလို့လာခဲ့ပြီ သူမရဲ့၀ိညာဥ်စက်ကွင်းငါးခုကလဲ လှလှပပတောက်ပလို့နေခဲ့ပါတယ်။ အလင်းတန်းငါးခုက သက်တံရဲ့ရောင်စဥ်တွေအတိုင်းထုတ်လွှတ်လို့နေခဲ့ပြီ ဟို့ယွိဟောင်ခန္ဓာကိုယ်ပေါ်ကိုရောက်ရှိလို့လာပါတော့တယ်။ မှောင်မိုက်နေတဲ့ညအလယ်မှာ သူကတော့အလင်းတန်းတွေရောင်စဥ်ဖြာပြီတောက်ပလို့နေခဲ့ပါတယ်။
ချက်ချင်းဆိုသလို ခန္ဓာကိုယ်ရဲ့ကျင့်ကြံဆင့်မြင့်တက်လာတာကို ခံစားလိုက်ရပါတယ်။ သူ့ရဲ့ကျင့်ကြံမှုတင်မက သူ့ရဲ့အင်အား ၀ိညာဥ်စွမ်းအားနဲ့ အားလုံးပါ တိုးတက်လို့လာခဲ့ပါတယ်။
အပိုင်း ၂၁၆•၁ ပြီး၏။