အပိုင်း ၂၁၅•၃
” ကလိမ်ကကျစ်လေးတစ်ယောက်ရှိနေပြီ ဘယ်လောက်ကောင်းလိုက်သလဲ ”
°°°
ပထမနံပါတ်တစ်ကိုရထားတဲ့ ကောင်မလေးက ဖြည်းဖြည်းချင်းလျှောက်လာခဲ့ပါတယ်။ သူ့ရဲ့ခြေအောက်မှာရှိနေတဲ့ ရေခဲတွေကြောင့်လက်ရှိအချိန် သူမက ကောင်းကင်မှာအသာအယာလွှင့်မျောနေခဲ့တာပါ။
အဲ့ဒီနောက် ရေကန်မျက်နှာပြင်ပေါ်မှာဖြည်းဖြည်းချင်းတစ်ပတ်လှည့်ပတ်လိုက်ချိန်မှာတော့ အဖြူရောင်၀ိညာဥ်စွမ်းအားတွေက ခန္ဓာကိုယ်ပတ်လည်မှာထွက်ပေါ်လို့လာခဲ့ပါပြီ။ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်း အနက်ရောင်၀ိညာဥ်စက်ကွင်းတို့က စည်းချက်ကျကျလှည့်ပတ်နေရင်း သူမကိုလေထဲမှာတည်တည်ငြိမ်ငြိမ်ထိန်းထားလို့ပေးခဲ့ပါတယ်။ ဒီအမျိုးသမီးက အသက်နှစ်ဆယ်ခုနှစ် နှစ်ဆယ်ရှစ်လောက်ဖြစ်နေပါပြီ။ အရမ်းကြီးမလှပေမဲ့ နူးညံ့တဲ့ရုပ်ရည်သွင်ပြင်ကိုပိုင်ဆိုင်ထားသလို ထိလိုက်တာနဲ့တင် ပဲ့ကြွေကျတော့မလိုပုံစံပေါ်နေခဲ့တယ်။ ၀ိညာဥ်စွမ်းရည်တွေကို ထုတ်မပြထားပေမဲ့ ၀ိညာဥ်စွမ်းအားထိန်းချုပ်နိုင်တာကိုကြည့်ရုံနဲ့တင် သူမက အားလုံးရဲ့အားပေးမှုတွေကို ရလိုက်ပါပြီ။ ဒါကိုကြည့်ရတာ ရိုးရှင်းလွယ်ကူတယ်ထင်ရပေမဲ့ တကယ်တမ်းကိုယ်တိုင်းလုပ်ကြည့်ချိန်မှာတော့ ထိန်းချုပ်ဖို့ခက်ပါတယ်။
ဟို့ယွိဟောင်က ဒါကိုမြင်ချိန်မှာ သူကိုယ်တိုင်းလဲသဘောကျလို့လက်ခုပ်တီးနေခဲ့ပါတယ်။ အနည်းဆုံးတော့ သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် ၀ိညာဥ်စွမ်းအားကို ဘယ်လိုပဲထိန်းချုပ်ပါစေ ဒီလိုမျိုးမလုပ်နိုင်ပါဘူး။
” ငါ့နာမည်က ၀ါးယောင်ပါ သိုင်းပညာ၀ိညာဥ်ကတော့ ကြာပန်းပွင့်ပါပဲ ထိန်းချုပ်မှုအမျိုးအစားသူတော်စင်ဖြစ်သလို အခုအသက်သုံးဆယ်တစ်နှစ်ရှိနေပါပြီ စိတ်သဘောထားနူးညံ့ပြီ အကျင့်စရိုက်ကောင်းမွန်တဲ့သူတစ်ယောက်ကို လက်တွဲဖော်အဖြစ်လိုချင်ပါတယ်…ဒါ့အပြင်ရိုးရှင်းပြီ ပကာသနမပါတဲ့ဘ၀က ငါမျှော်လင့်တဲ့ဘ၀မျိုးပါပဲ ”
သူမရဲ့မိတ်ဆက်မှုကရိုးရှင်းပေမဲ့ အမျိုးသားတွေအားလုံးအံ့အားသင့်သွားခဲ့တယ်။ သူ့အသက်ကသုံးဆယ်တစ်နှစ်သာရှိပြီသာပြောပေမဲ့ အဆင့်မြင့်၀ိညာဥ်ပညာရှင်တွေရဲ့အသက်အရွယ်ကွာခြားချက်က ပြဿနာမဟုတ်ပါဘူး။ ကျန်းလဲ့ရွှမ်ကတော့ ပြုံးပြရင်းမေးလာခဲ့ပါတယ်။
” ဒီတော့ ဘယ်သူကိုမင်းရွေးချယ်ထားလဲ ”
၀ါးယောင်က ခဏတာရှက်သွေးဖြာသွားခဲ့ပေမဲ့ သူမရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းအရှေ့ကိုရွေ့လာခဲ့ပါတယ်။
လေးခုမြောက်အစီအစဥ်ဖြစ်တဲ့ သုံးဘ၀ကံကြမ္မာက ကျန်းလဲ့ရွှမ်ပြောသလောက် တော့မရိုးရှင်းပါဘူး။ အမျိုးသမီးတွေက ဒီတစ်ကြိမ်မှာခက်ခဲတဲ့ရွေးချယ်မှုကိုရင်ဆိုင်ရမှာပါ။ သူတို့တွေက အမျိုးသားတွေအရှေ့ကိုရောက်အောင်သွားရင်း ရေထဲပြုတ်ကျမသွားရအောင်လဲ သေချာလုပ်ရပါသေးတယ်။ ရေဆိုတာက ဘယ်အလေးချိန်ကိုမှမထိန်းပဲနစ်မြုပ်စေမှာပါ။ ဒါကြောင့် နောက်ဆုံးအချိန်အထိ ဘယ်သူကျန်ရစ်မလဲဆိုတာ ပြောဖို့ခက်ပါလိမ့်မယ်။
အမျိုးသမီးရွေးချယ်ခံရတဲ့ တစ်ဖက်လူက သေချာပေါက်နောက်ဆုံးအချိန်အထိ သူတို့ရဲ့လီလီပန်းပွင့်ပေါ်မှာ လုံလောက်အောင်သန်မာပြီရှိနေမှသာ ရွေးချယ်ခံရနိုင်မှာပါ။
၀ါးယောင်ကတော့ ခပ်မြန်မြန်ပဲအမျိုးသားကျောင်းသားတွေကိုကြည့်ရင်း ရှာဖွေလို့နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အသက်သုံးဆယ်အရွယ်ရှိတဲ့ အမျိုးသားတစ်ယောက်ဆီကို သူအကြည့်ရောက်သွားခဲ့ပါပြီ။
ဒီလူကတော့ အရပ်ရှည်ရှည်နဲ့ ပိန်ပိန်သွယ်သွယ်ပါပဲ။ ရုပ်ရည်သွင်ပြင်ကတော့ ပုံမှန်ပဲဖြစ်သလို ကြည့်လိုက်ရုံနဲ့တင် တည်ငြိမ်ပြီရိုးရှင်းတဲ့ဘ၀ပိုင်နေခဲ့တယ်။ ဒါ့အပြင် အစောပိုင်းအစီအစဥ်တွေမှာ သူ့ရဲ့သရုပ်ဖော်ပြသမှုတွေအားလုံးကလဲ ပုံမှန်ပါပဲ။ အရမ်းကြီးလဲထူးချွန်မနေပါဘူး။ ဟို့ယွိဟောင် မှတ်မိတာကတော့ သူ့မှာ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတယ်ဆိုတာပါ။
၀ါးယောင်လဲ သူ့ရှေ့ကိုချက်ချင်းရောက်လာခဲ့ပြီတဲ့နောက် ငြင်းငြင်းသာသာလေးပဲ နှုတ်ဆက်လိုက်ပါတယ်။ တခြားအမျိုးသားတွေကတော့ စပြီလက်ခုပ်တီးကြပါတယ်။ ဒီနေ့တော့ တစ်ယောက်ယောက်ကံကောင်းတော့မှာပဲ။
အမျိုးသားဖက်ကတော့ အံ့အားသင့်နေတဲ့ပုံပေါ်ပေမဲ့ မကြာခင်မှာပဲ ပျော်ရွှင်တဲ့အပြုံးက ပေါ်လာခဲ့ပါပြီ။ သူကဘာမှမပြောခဲ့ပေမဲ့ လီလီပန်းပွင့်ပေါ်ကို ခြေထောက်နဲ့ခပ်ဖွဖွထောက်လိုက်ပြီ သုံးမီတာကျော်နောက်ဖက်ကိုရွေ့သွားပြီ အမျိုးသမီးကိုဖိတ်ခေါ်လိုက်ပါတယ်။
၀ါးယောင်လဲ ဘာမှကွေ့၀ိုက်မနေတော့ပါဘူး။ ခပ်မြန်မြန်ပဲ လီလီပွင့်ပေါ်ကိုတက်လိုက်ပါတော့တယ်။ သူမက မျက်နှာတစ်ခုလုံးနီရဲနေခဲ့သလို ခေါင်းလဲညိတ်နေခဲ့ပါတော့တယ်။ သူတို့နှစ်ယောက်ကြားမှာစကားတစ်ခွန်းမှမပြောသလို တိတ်ဆိတ်နေပေမဲ့ တစ်ဖက်လူက ၀ါးယောင်နဲ့အတူတူလေထဲမှာလွှင့်မျောလို့နေခဲ့တာပါ။ ဒီအချိန်မှာပဲ သူ့ရဲ့ခြေထောက်အောက်ဖက်ကို ကြာပန်းတစ်ပွင့်က ရောက်ရှိလို့လာခဲ့ပါတော့တယ်။ ဒီကြာပန်းပွင့်က သူ့ခန္ဓာကိုယ်ရဲ့အလေးချိန်ကို ကောင်းကောင်းထိန်းညှိထားပြီတဲ့နောက် ပန်းပွင့်တွေကပွင့်လန်းလာခဲ့ပါပြီ။
သူမရဲ့သိုင်းပညာ၀ိညာဥ်က ကြာပန်းပွင့်ဆိုတာကို ၀ါးယောင်ကပြောခဲ့ပြီသားပါ။ ဒီလိုမျိုးတစ်ယောက်ကိုတစ်ယောက်ပြုံးပြပြီ နားလည်မှုရှိနေတာက ဘာမှတောင်ပြောစရာလိုမနေခဲ့ပါဘူး။ အရာအားလုံးကတော့ တိတ်ဆိတ်လို့နေခဲ့ပါတယ်။
အတွင်းနယ်မြေတပည့်သားတွေက တစ်ယောက်ကိုတစ်ယောက်နေ့တိုင်းစကားမပြောခဲ့ကြပေမဲ့ နားလည်မှုရှိတာကပုံမှန်ပါ။ အားလုံးကပုံမှန်အချိန်မှာ သူတို့ခံစားချက်ကိုဖော်ပြဖို့ရှက်ရွံ့နေကြပေမဲ့ ဒီနေ့လိုအခွင့်အရေးနဲ့ အကောင်းဆုံးကိစ္စပါပဲ။
” ကုဖုန်း မင်းရဲ့လှေငယ်လေးက မကြာခင်မှာသင်္ဘောကြီးဖြစ်တော့မယ် ”
ကုဖုန်းကတော့ စကားများများမပြောခဲ့ပါဘူး။ ကျန်းလဲ့ရွှမ်ရှိရာဖက်ကိုတစ်ချက်လှည့်ပြီတော့သာ အရိုအသေပြုလိုက်ပါတယ်။ ဒါပေမယ့် သူ့စိတ်လှုပ်ရှားနေတာကိုတော့ မျက်လုံးထဲမှာပေါ်နေခဲ့တယ်။
” ကောင်းပါပြီ နောက်အမျိုးသမီးအရှေ့ကိုထွက်လာခဲ့ပါ ”
ဒါကဟို့ယွိဟောင်တစ်ချိန်လုံးကြည့်နေတဲ့ကောင်မလေးပါပဲ။ ကျန်းလဲ့ရွှမ် ကြော်ငြာပြီးပြီချင်မှာတင် သူ့ခန္ဓာကိုယ်က တောင့်တင်းလို့သွားပါတော့တယ်။ သူမက ၀ါးခမောက်ကိုဆောင်ထားဆဲပါ။ ဒါ့အပြင် ဘယ်သူကိုရွေးမှာလဲ။
ကောင်မလေးက ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့သလို ရွှေရောင်အလင်းတန်းတွေကလဲ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလို့ထားခဲ့ပါတယ်။ သူက စကားတစ်ခွန်းမှမပြောခဲ့သလို ဦးထုပ်ကိုလဲမချွတ်ခဲ့ပါဘူး။ ချက်ချင်းဆိုသလို အမျိုးသားတွေဆီကိုသာ ပျံသန်းလို့လာပါတော့တယ်။
” ဒီကောင်မလေးကို မမြင်ဖူးသလိုပဲ သူကဦးထုပ်ကိုချွတ်တာတွေ မိတ်ဆက်တာတွေမလုပ်ဘူးလား ငါဘာပြောလိုက်လဲဆိုတာ သူမေ့သွားပြီလား ”
ကောင်မလေးကတော့ ခေါင်းသာခါပြလိုက်ပါတယ်။ သူဘာမှမပြောပဲနဲ့ အမျိုးသားတွေရှိရာဆီကို လွှင့်မျောလာနေခဲ့တယ်။ ခန္ဓာကိုယ်က ငှက်မွေးတစ်ခုလိုပေါ့ပါးနေသလို ဆယ်မီတာကျော်အထိပျံသန်းလာပြီမှသာ ရေထုကိုခြေဖျားလေးနဲ့ထောက်လိုက်ရင်း ပိုပြီးအရှိန်မြင့်လိုက်ပါတယ်။ ဒီအတိုင်းမီတာတစ်ရာကျော်ကို ပျံသန်းလို့လာခဲ့တာပါ။
အ၀ါရောင်တစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်သုံးခုတို့က သူခြေထောက်အောက်မှာပေါ်ထွက်လာခဲ့ပါပြီ။ ဒါက သာမန်၀ိညာဥ်စက်ကွင်းတွေ ပေါင်းစည်းမှုထက်တောင် ပိုပြီးကောင်းနေပါသေးတယ်။ ဒီကောင်မလေးက အစကနေအခုအထိ သူ့ရုပ်သွင်ကိုမဖော်ပြသလို စကားတစ်ခွန်းမှမပြောတဲ့အတွက် ပိုပြီးတော့တောင် ထူးဆန်းနေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ အံကြိတ်ရင်းလက်သီးကိုတောင်ဆုပ်ထားခဲ့မိပါပြီ။ သူဒီကောင်မလေးကို အသက်တောင်မရှု၀ံ့ပဲစိုက်ကြည့်နေခဲ့ပါတယ်။ ဒါ့အပြင် သူဆက်တိုက်မေးနေမိခဲ့တာကတော့ သူမကိုရွေးမှာလား ငါကိုရွေးမှာလားဆိုတာပါပဲ။
ကောင်မလေးက နီးကပ်လာနေပြီဖြစ်သလို တစ်ချက်လေးတောင်မရပ်တန့်ပဲ ဟို့ယွိဟောင်ဆီကို တန်းတန်းမတ်မတ်ဆင်းသက်လို့လာခဲ့ပါတယ်။ ရွှေရောင်အလင်းတန်းတွေက သူမရဲ့ခန္ဓာကိုယ်ဘေးပတ်လည်က ပျောက်ကွယ်သွားပြီဖြစ်သလို ၀ိညာဥ်စက်ကွင်းတွေကလဲ ပြန်သိမ်းလိုက်ပြီဖြစ်တာကြောင့် ရေထဲကိုပြုတ်ကျတော့မဲ့အတိုင်းဖြစ်သွားပါတော့တယ်။
ဟို့ယွိဟောင်က အချိန်မီမထိန်းနိုင်ပေမဲ့ သူ့ပုခုံးပေါ်မှာရှိနေတဲ့ နှင်းလုံးလေးကတော့ လက်ညိုးလေးတစ်ချောင်းကိုအသုံးပြုကာ အပြာရင့်ရောင်အလင်းတန်းတစ်ခုကို ပြစ်လွှတ်လိုက်ပါတယ်။ ရေခဲအပိုင်းအစတစ်ခုက ချက်ချင်းဆိုသလို ကောင်မလေးရဲ့ခြေထောက်အောက်မှာပေါ်လာခဲ့ပြီ သူမရဲ့ခန္ဓာကိုယ်ကိုထိန်းပေးလိုက်တော့တယ်။
ဟို့ယွိဟောင်အတွက် အခုအချိန်မှာ အကောင်းဆုံးအာသာချက်က ရှိလာခဲ့ပါပြီ။
” မင်းက ”
ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ သိသိသာသာကိုအံ့ဩမှုတွေပြည့်နှက်နေခဲ့ပေမဲ့ မသေချာတဲ့အတွက် တွေဝေလို့နေခဲ့တယ်။
ကောင်မလေးကတော့ ခေါင်းကိုခပ်ဖွဖွလေးလှည့်လိုက်ချိန်မှာ တောက်ပတဲ့အပြာရောင်ဆံပင်တွေက သူ့ရှေ့ကိုကျဆင်းလို့လာပါတော့တယ်။ ဒီဆံပင်တွေက ပုခုံးပေါ်မှာလှိုင်းတွေလိုမျိုး ဝှေ့၀ဲနေခဲ့ရင်း သူမက ခေါင်းပေါ်မှာဆောင်ထားတဲ့ဦးထုပ်က အပြင်ဖက်ဆီဆံပင်တွေထွက်လာကာ ခွင့်ပြုပေးထားခဲ့ပါတယ်။
ဘာစကားမှမပြောခဲ့သလို မျက်နှာကာကိုလဲ မချွတ်ခဲ့ပါဘူး။
ဒီတစ်ခုထဲနဲ့တင် ဟို့ယွိဟောင်ကတော့ တုန်ရီလို့သွားခဲ့ပါပြီ။ သူ့ရဲ့တွက်ချက်မှုက မှန်ကန်လို့သွားခဲ့တယ်။ ဒီကောင်မလေးက စကားမပြောတာရှက်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ မျက်နှာကိုမဖော်ပြဘူးဆိုတာ အမျိုးသားတွေကိုမဆွဲဆောင်ချင်တာကြောင့် ဖြစ်နိုင်လောက်တယ်။
အဆုံးသတ်မှာ သူမကသာ အလင်းနတ်မိမယ်လိုလှပနေခဲ့မယ်ဆိုရင် သေချာပေါက် ဒီအစီအစဥ်တစ်ခုလုံးမှာ အလှဆုံးသူအဖြစ်နေမှာပဲ သေချာပေါက် ဒါက၀မ်သုန့်ရဲ့အစ်မ ၀မ်ချိုးအယ်ဖြစ်နေပါလိမ့်မယ်။
ဟို့ယွိဟောင်လဲ နောက်ထပ်မတွေဝေတော့ပါဘူး။ သူက အရင်တုန်းကလိုစိတ်ဝေခွဲမရဖြစ်တတ်တဲ့ လူငယ်လေးတစ်ယောက်မဟုတ်ခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုလက်ရှိအချိန်မှာ နွေးထွေးတဲ့စိတ်အားထက်သန်မှုတွေက သူ့နှလုံးသားနဲ့အတူ ပေါင်းစည်းလို့နေခဲ့ပါပြီ။ အားလုံးက သူတို့ရဲ့ခံစားချက်ကိုဖော်ပြလို့နေမှတော့ သူကဘယ်လိုလုပ်တုန့်ပြန်တာမျိုးမရှိနိုင်တော့မှာလဲ။
ဟို့ယွိဟောင်လဲ သူ့ရဲ့လီလီပန်းပွင့်ပေါ်ကနေ အပေါ်ကိုမြင့်တက်လာခဲ့ရင်း အနောက်ဖက်ကိုရွေ့လျားသွားကာ သူမကို ကြိုဆိုတဲ့ပုံစံနဲ့ပြောလိုက်ပါတယ်။
” ကျေးဇူးပြုပြီးကြွပါ ”
အခုအချိန်မှာ သူစိတ်ဆုံးဖြတ်လိုက်ပါပြီ။ ဒီ၀မ်ချိုးအယ်နဲ့ အဆုံးသတ်မှာ အတူတူရှိရပြီဖြစ်စေ မရှိရသည်ဖြစ်စေ သူမကူညီပေးမယ်ဆိုရင်တော့ အကောင်းဆုံးကြိုးစားကြည့်ချင်ပါတယ်။ ဒါ့အပြင် သူ့သူငယ်ချင်းရဲ့အမြွှာအစ်မဖြစ်မှတော့ သေချာပေါက် အိပ်မက်ထဲကကောင်မလေးနဲ့ တစ်ရုပ်ထဲဖြစ်နေမှာပါ။ ဒါထက်ပိုကောင်းတာဘာရှိဦးမလဲ။ သူ့နှလုံးသားက အပြည့်အ၀လက်မခံနိုင်သေးပေမဲ့ ဒီနေ့ရှိတဲ့အမျိုးသမီးတွေအားလုံးထဲမှာ ၀မ်ချိုးအယ်တစ်ယောက်ကသာ သူတို့ကိုဆွဲဆောင်နိုင်တာပါ။
အမျိုးသမီးလေးကလဲ အရှေ့တည့်တည့်ကိုခုန်ထွက်လို့လာခဲ့ပြီ ဟို့ယွိဟောင်ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပါတယ်။ အခုအထိလဲ သူဘာမှမပြောသေးပါဘူး။
ဟို့ယွိဟောင်ရဲ့ခြေထောက်အောက်မှာရှိတဲ့ရေတွေက ရေခဲနဲ့အေးခဲနေတာကြောင့် အောက်ဖက်နေရာမှာကတော့ ခိုင်မာပါတယ်။ ဟို့ယွိဟောင်လဲ သူ့ရှေ့မှာရှိနေတဲ့ ကောင်မလေးကိုကြည့်ရင်း ဘာကြောင့်မှန်းမသိရင်းနှီးတဲ့ခံစားချက်က နှလုံးသားထဲမှာဖြစ်ပေါ်လာတာကြောင့် ပိုပြီးတော့တောင် စိတ်ခံစားမှုကမြင့်တက်လို့လာခဲ့တယ်။ ဘာကြောင့်များ ဒီလောက်တောင်ရင်းနှီးနေရတာလဲ ဒါ့အပြင် ပထမဆုံးအကြိမ် ၀မ်ချိုးအယ်နဲ့တွေ့ဆုံချိန်ကနဲ့ တူညီတဲ့ခံစားချက်မျိုးမဟုတ်ဘူး။
ဟို့ယွိဟောင်က စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် သူ့ရဲ့အာရုံခံနိုင်စွမ်းက အရမ်းကိုစူးရှထက်မြက်ပါတယ်။ ဒါ့အပြင် ခံစားချက်နဲ့သူ့ရဲ့ပင်ကိုယ်အသိစိတ်ကိုယုံကြည်တဲ့သူပါ။ အထူးသဖြင့် ကံကြမ္မာမျက်လုံးရရှိပြီချိန်မှာ ပိုပြီးတော့ ဒီခံစားချက်တွေကအားကောင်းလာခဲ့ပါတယ်။
ကျန်းလဲ့ရွှမ်ကတော့ ပြုံးပြရင်းပြောလာခဲ့ပါတယ်။
” ကြည့်ရတာ ဒီထူးဆန်းတဲ့ကောင်မလေးနဲ့ ဟို့ယွိဟောင်က အတော်လေးသဟဇာတဖြစ်တဲ့ပုံပဲ အစောကထဲက ဒီလိုမျိုးစီစဥ်ထားတာလား နောက်ဆုံးအပိုင်းမှာတော့ သေချာလေးတွေ့ရမှာပေါ့ ကောင်းပါပြီ ဆက်သွားရအောင် ”
အမျိုးသမီးတွေအများကြီးလဲ ဆက်တိုက်ထွက်လာခဲ့ပါတယ်။ အားလုံးကလဲ သူတို့သဘောကျတဲ့သူတွေကိုရွေးချယ်ခဲ့ကြတယ်။ ဘယ်သူကမှ ဒီလိုအခွင့်အရေးကိုလက်လွှတ်ခံကြမှာမဟုတ်ပါဘူး။
နောက်ဆုံးမှာရှောင်းရှောင်းအလှည့်ရောက်လာပါပြီ ရှောင်းရှောင်းကလဲ အခုလက်ရှိအချိန်မှာ သူမျက်နှာတစ်ခုလုံးနီရဲနေခဲ့သလို တွေးလဲတွေးဝေနေခဲ့ပါတယ်။ သူ့ဘေးမှာရှိနေတဲ့ ၀ူးမင်းကတော့ ရယ်သာရယ်မောနေခဲ့တယ်။
” အစ်မကြီးစကားကို နားထောင်လိုက်ရှောင်းရှောင်း ရှက်နေတာကြောင့် အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်မခံနဲ့ အကယ်၍ သူမင်းကိုအချစ်ဆုံးအချိန်မှာ လက်ခံလိုက်မယ်ဆိုရင် သူရဲ့နှလုံးသားကိုအပိုင်ချုပ်ကိုင်နိုင်လိမ့်မယ်..တစ်ဘ၀တာလုံးချစ်မြတ်နိုးမဲ့အပြင် မင်းကိုကျေးဇူးတင်တာကြောင့် ပိုပြီးတော့တောင် ဂရုစိုက်ဦးမယ် ”
ဟန်ရော့ရော့ကလဲ ရယ်နေခဲ့ပါတယ်။
” မင်အယ် ကြည့်ရတာ ဒီကိစ္စကိုကောင်းကောင်းသိပုံပဲ.ဘာဖြစ်လို့ အခုအထိတစ်ယောက်မှမဖမ်းမိသေးတာလဲ ”
” သင့်တော်မဲ့သူမရှိလို့ပေါ့ ”
၀ူးမင်းက ပြန်ပြောလာခဲ့ပါတယ်။
ရှောင်းရှောင်းကတော့ ခေါင်းညိတ်နေရင်း ခက်ခက်ခဲခဲနဲ့ ပျံသန်းလို့သွားခဲ့ပါပြီ။
” အစ်မကြီးတို့ ကျေးဇူးတင်ပါတယ် ”
သူပြောပြီတဲ့နောက် အရှေ့ကိုသူပျံသန်းလို့သွားတဲ့ပုံက တခြားအမျိုးသမီးတွေနဲ့ မတူညီပါဘူး။ ပျံသန်းသွားချိန်မှာ ၀ိညာဥ်စက်ကွင်းငါးကွင်းက ပေါ်ထွက်လို့လာပါတော့တယ်။ အ၀ါရောင်တစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်နှစ်ကွင်းပါ။ သူကတခြားအမျိုးသမီးတွေထက် အားနည်းတာတော့အမှန်ပါ။ ၀ိညာဥ်စက်ကွင်းငါးကွင်းသာရှိသေးတဲ့ ၀ိညာဥ်ဘုရင်ဖြစ်တာကြောင့် လေထဲမှာအကူအညီမပါပဲ မရွေ့လျားနိုင်ပါဘူး။ ဒါပေမယ့် သူ့မှာလဲ ပျံသန်းနိုင်တဲ့အချိန်ကုန်ဆုံးတော့မဲ့အခိုက်အတန့်မှာပဲ ကြီးမားတဲ့အိုးကြီးတစ်လုံးက ခြေထောက်အောက်မှာပေါ်ထွက်လာခဲ့ပြီတဲ့နောက် အဲ့ဒီအပေါ်ကို သူမရောက်ရှိလို့သွားပါတော့တယ်။ ထူးဆန်းတဲ့မြင်ကွင်းကလဲ ဖြစ်ပေါ်လာခဲ့ပါပြီ။ သူမကလဲ ဒီအိုးကြီးနဲ့အတူတူ ပျောက်ကွယ်သွားရင်း သုံးဆယ်မီတာအကွာမှာ ပြန်ထွက်ပေါ်လို့လာခဲ့ပါတယ်။
အပိုင်း ၂၁၅•၃ ပြီး၏။