Switch Mode

Chapter – 215.2

ကလိမ်ကကျစ်လေးတစ်ယောက်ရှိတယ် ဘယ်လောက်ကောင်းလိုက်သလဲ

အပိုင်း ၂၁၅•၂

” ကလိမ်ကကျစ်လေးတစ်ယောက်ရှိတယ် ဘယ်လောက်ကောင်းလိုက်သလဲ ”
°°°
အားလုံးရဲ့ရှေ့မှာရှု့စန်းရှီ ငိုကြွေးနေတာကို မြင်လိုက်ရချိန်မှာတော့ ကျန်းနန်နန်တစ်ယောက် ဘယ်တုန်းကမှမခံစားခဲ့ရဖူးတဲ့ ထိတ်လန့်မှုကိုခံစားလိုက်ရပြီ တစ်ချက်တုန်ရီလို့သွားခဲ့ပါတယ်။

ဒီနှစ်တွေမှာရှု့စန်းရှီ သူ့တစ်ယောက်ထဲကိုသာ နှစ်သက်ခဲ့မှန်းလဲသူသိပါတယ်။ ဒါ့အပြင် ပြေခဲ့သမျှအားလုံးကလဲ ဟာသတွေမဟုတ်ခဲ့ပါဘူး။ တကယ်ပဲ သူမအတွက် အသက်ကိုတောင်ပေးနိုင်တဲ့သူပါ။ ဒါပေမယ့် အတိတ်မှာဖြစ်ခဲ့တဲ့ ကိစ္စကိုဘာကြောင့်များသူမကအများကြီးအာရုံစိုက်နေမိတာလဲ အဲ့ဒီဖြစ်သွားခဲ့တဲ့ကိစ္စတွေက အခုသူမတွေ့ကြုံရမဲ့သူတွေနဲ့ယှဥ်မယ်ဆိုရင် လဲလှယ်ပြစ်လိုက်ဖို့တန်​ကြေးရှိနေလား ဒါပေမယ့် ပြန်တွေးကြည့်မယ်ဆိုရင် အဲ့ဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကသူ့မစိတ်ထဲမှာဒဏ်ရာကြီးတစ်ခုအဖြစ်ကျန်ရှိလို့နေတာပါ။ ရှု့စန်းရှီ သူနေရာကထွက်လာခဲ့တာ တစ်မိနစ်ကျော်သွားပြီဖြစ်ပေမဲ့ ဘယ်သူကမှ သူ့ကိုအလောတကြီးမပြောခဲ့ကြပါဘူး။

ပင်လယ်နတ်ဘုရားကံကြမ္မာရဲ့အစီအစဥ်ကို ဘယ်လိုပဲစီမံထားပါစေ စစ်မှန်တဲ့ခံစားချက်နဲ့၀န်ခံပြောဆိုမှုတွေကို စောင့်ဆိုင်းဖို့အချိန်တော့ရှိပါသေးတယ်။ အားလုံးကတော့ ရှု့စန်းရှီနဲ့ ဆယ်မီတာအကွာမှာရှိနေတဲ့ ကျန်းနန်နန်ကိုအာရုံစိုက်နေခဲ့ပါပြီ။ ကျန်းနန်နန်ကတော့ သူမရဲ့အောက်နှုတ်ခမ်းကိုကိုက်ထားရင်း ရှု့စန်းရှီရဲ့မျက်ရည်အပြည့်နဲ့ မျက်နှာကိုကြည့်နေခဲ့ပါတယ်။ သူမက သူ့ရဲ့မျက်နှာကိုအရင်လိုပုံစံနဲ့ တစ်ပုံစံထဲ ကြည့်နေခဲ့ပြီ စကားပြောချင်ပေမဲ့လဲ ဘာမှထွက်မလာခဲ့ပါဘူး။

” ငါနာလည်းလို့သွားခဲ့ပါပြီ ”

ရှု့စန်းရှီလဲ အချိန်အကြာကြီးမစောင့်ခဲ့ပါဘူး။ သူ့ရဲ့မျက်နှာပေါ်မှာ ၀မ်းပမ်းတနည်းအပြုံးက ပေါ်ထွက်လာခဲ့ပြီတဲ့နောက် လက်နှစ်ဖက်ကိုဘေးဖက်ဆီဆန့်ထုတ်လိုက်ရင်း ခန္ဓာကိုယ်က နောက်ပြန်လဲကျလို့သွားပါတော့တယ်။ ရှိရှိသမျှအင်အားတွေ ဟန်ချက်တွေအားလုံးကို ဆုံးရှုံးသွားသလိုပါပဲ။

ဒီလိုနောက်ပြန်ပြုတ်ကျသွားချိန်မှာတောင် အစကနေအဆုံးအထိ ကျန်းနန်နန်ကိုသာ ကြည့်နေခဲ့ပါတယ်။ ဒီလိုမျိုးမျက်ရည်အပြည့်နဲ့မျက်နှာမှာချစ်ခြင်းမေတ္တာတွေ၀မ်းနည်းမှုတွေကတော့ အများကြီးပါ၀င်လို့နေခဲ့ပါတယ်။

ရေထဲကိုသူနောက်ပြန်ပြုတ်ကျသွားချိန်မှာတော့ ရေတွေက နေရာအနှံ့ကိုလွှင့်စင်လို့သွားပါတော့တယ်။ ရှု့စန်းရှီနဲ့ သူ့ရဲ့ဒိုင်းကာကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူဒီလိုရေထဲကျသွားတာက အစိီအစဥ်ထဲကထွက်လိုက်ပြီလို့ ဆိုလိုတာပါပဲ။ ဒီလိုပြုတ်ကျသွားတာတောင် ငိုနေတာရပ်မသွားခဲ့ပါဘူး။

ယောကျာ်းသားတွေလဲ ငိုကြွေးတတ်ပါတယ်။ ဒါပေမယ့် လွယ်လွယ်မငိုတတ်သလိုကြီးမားတဲ့နှလုံးသားနာကျင်မှုကိုခံစားရမှာသာ ထွက်ပေါ်လာတာပါ။

ရှု့စန်းရှီက ကျန်းနန်နန်ကို ဒီနေ့အထိသိလာခဲ့တာ နှစ်တွေအများကြီးကြာနေခဲ့ပါပြီ။ ဒါ့အပြင် ခြောက်နှစ်တိတိသူနောက်ကိုမရပ်မနားလိုက်လာခဲ့ပါတယ်။ ဆက်တိုက်လဲခံစားချက်တွေကို ပြောပြနေခဲ့ပေမဲ့ သူရခဲ့တဲ့အားလုံးက ငြင်းဆိုမှုတွေပါပဲ။ အဲ့ဒီလွန်ခဲ့တဲ့ခြောက်နှစ်မတိုင်ခင်ကာလတုန်းက သူလုပ်ခဲ့ဖူးတဲ့အမှားအယွင်းတစ်ခုက ကျန်းနန်နန်ရဲ့နှလုံးသားထဲမှာ အရိပ်ဆိုးကြီးတစ်ခုလိုကပ်တွယ်နေပြီ ဘယ်တော့မှလဲဖယ်ရှားလို့မရနိုင်တော့ပါဘူး။

လွန်ခဲ့တဲ့ခြောက်နှစ်လုံးလုံးအများကြီးကြိုးစားအားထုတ်ခဲ့ပေမဲ့လဲ အဆုံးအထိဆက်တိုက်ငြင်းပယ်ခံရပါတယ်။ ရှု့စန်းရှီက အမြဲတမ်းစောင့်ဆိုင်းနေတဲ့သူပါ။ တစ်နေ့မှာမိုးကောင်းကင်က တိမ်တွေကွယ်ပျောက်ပြီနေသာလာမဲ့တစ်နေ့ကို စောင့်ဆိုင်းခဲ့ပေမဲ့လဲ ရလာခဲ့တဲ့အဖြေကတော့ ငြင်းပယ်မှုသာဖြစ်နေခဲ့တယ်။

ကျန်းနန်နန်လဲ ရှု့စန်းရှီရေထဲကျသွားတာကို ဒီအတိုင်းသာစိုက်ကြည့်လို့နေခဲ့ပါတယ်။ အခုလက်ရှိအချိန် သူမရဲ့၀ိညာဥ်ကခန္ဓာကိုယ်ကနေ ထွက်ခွာသွားသလိုပါပဲ။ သူကိုယ်တိုင်းလဲ ခြေမခိုင်ဖြစ်လာခဲ့ပြီတဲ့နောက် သူ့ရဲ့ခြေထောက်အောက်မှာရှိနေတဲ့ လီလီပွင့်ပေါ်ကိုချော်ကျလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရေတွေကို ခဲပေးထားတာကြောင့်သာ မဟုတ်ဘူးဆိုရင် သူကိုယ်တိုင်းလဲရေထဲကိုပြုတ်ကျသွားမှာပါ။

” ခွေးမသား ခွေးမသား ခွေးမသား ”

ကျန်းနန်နန်က ရုတ်တရက်ဆိုသလို ထပြီအော်ပါတော့တယ်။ သူမက သူ့ကိုယ်သူထိန်းချုပ်မှုလွှတ်သွားခဲ့ပါပြီ။ မျက်နှာပေါ်မှာတော့ မျက်ရည်တွေက ရေတံခွန်တစ်ခုလိုမျိုးစီးကျလို့နေခဲ့ပါတယ်။

” ဘာလို့လဲ ဘာဖြစ်လို့လဲ နင်ငါ့ကိုပဲအမြဲတမ်းလိုက်နေခဲ့ရတာလဲ ငါနင်ကိုအကြိမ်ကြိမ်ငြင်းပယ်ခဲ့ပြီပြီ ဘာဖြစ်လို့လက်မလျှော့တာလဲ နင်ကအခုအရွယ်ရောက်ပြီသားလူဖြစ်နေတာတောင် ဘာဖြစ်လို့ငိုနေရတာလဲ ဘာများငိုဖို့လိုလို့လဲ ”

ကျန်းနန်နန်ရဲ့ငိုကြွေးနေတဲ့ပုံနဲ့ အော်ဟစ်နေတဲ့ပုံစံကိုကြည့်ရင်း အားလုံးကတိတ်ဆိတ်လို့သွားခဲ့ပါတယ်။ ဘေးမှာရှိတဲ့ကောင်မလေးတွေကလဲ သူ့ကိုနှစ်သိမ့်ချင်ပေမဲ့ ဘယ်လိုစပြီလုပ်ရမှန်းတောင်မသိရပါဘူး။ အဆုံးသတ်မှာတော့ သူတို့နှစ်ယောက်ကြားဖြစ်ခဲ့တဲ့ကိစ္စကို ဘယ်သူမှမသိခဲ့လို့ပါ။

ကျန်းနန်နန်က သူ့ရဲ့လီလီပန်းပွင့်ပေါ်မှာထိုင်ချလိုက်ပြီ သူ့ရဲ့အသံကလဲ ပိုမိုကြမ်းတမ်းလို့လာခဲ့ပါတယ်။ နှလုံးသားတစ်ခုလုံးက နာကျင်မှုတွေနဲ့ပြည့်နှက်နေသလိုမျိုးသူက အော်ဟစ်ငိုကြွေးလို့နေခဲ့တော့တယ်။

အဲ့ဒီနောက် ရေကန်ကတောက်ပတဲ့ရောင်ပြန်ဟပ်မှုကိုကြည့်ရင်းတုန်ရီနေတဲ့အသံနဲ့ သူပြောလာခဲ့ပါတယ်။

” နင်မသွားသေးဘူးလား ဒီအစုတ်ပလုတ်လေးကတော့လေ ”

ရှု့စန်းရှီက သူ့ကိုလွန်ခဲ့တဲ့ခြောက်နှစ်လုံးလုံးစိတ်ရင်းမှန်ကန်မှုအပြည့်နဲ့ ဂရုစိုက်ခဲ့ပါတယ်။ ဒါ့အပြင် သူမအတွက် သူ့ရဲ့အသက်ကိုတောင်မမှု့ပဲစွန့်စားခဲ့တာအကြိမ်ကြိမ်ပါ။ ကြောက်စရာကောင်းတဲ့ရန်သူတွေအများကြီးကို သူမအတွက် ကိုယ်စား၀င်ပြီကာကွယ်ပေးခဲ့သလို လောကကြီးရဲ့အန္တရာယ်တွေကနေလဲ ကူညီကာကွယ်လို့ပေးပါသေးတယ်။

သူမကလဲ နောက်ဆုံးတော့အသွေးအသားထဲကလုပ်ထားတဲ့ လူတစ်ယောက်သာဖြစ်နေခဲ့တာကြောင့် ဘယ်လိုလုပ်ဒါတွေကိုမသိပဲနေမှာလဲ ဘယ်လိုပဲဖြစ်ပါစေ အဲ့ဒီနှလုံးသားထဲမှာ လွှမ်းမိုးထားတဲ့အရိပ်ဆိုးကြီးက နက်ရှိုင်းလွန်တာကြောင့် သူ့ကိုလက်ခံဖို့ဘယ်လိုမှနည်းလမ်းမရှိပဲဖြစ်ခဲ့ရတယ်။

ဒီနေ့မှာတော့ ပုံမှန်အချိန်မှာအမြဲတမ်းပျော်ရွှင်နေတတ်ပြီ ကောက်ကျစ်တတ်တဲ့ကောင်က သူ့ရှေ့မှာငိုကြွေးနေတာကိုမြင်ရပြီတဲ့နောက် ဖိနှိမ့်ထားတဲ့ခံစားချက်တွေကို ဘယ်လိုမှထိန်းချုပ်ထားလို့မရတော့ပါဘူး။

နောက်ဆုံးမှာတော့ စိတ်ခံစားချက်တွေပေါက်ကွဲထွက်လာပြီ သူလဲထိန်းချုပ်နိုင်စွမ်းလွှတ်သွားခဲ့ပါတယ်။ ရှု့စန်းရှီရေထဲပြုတ်ကျသွားတာကိုကြည့်ရင်း သူမသူ့ကိုတစ်သက်တာပတ်လုံးဆုံးရှုံးသွားရမယ်လို့ ခံစားနေခဲ့ရတယ်။

ဒီလိုမျိုးကူကယ်ရာမဲ့မှုနဲ့ အကြောက်တရားတွေက ထွက်ပေါ်လာချိန်မှာတော့ သူ့နှလုံးသားထဲက မျှော်လင့်ချက်မဲ့မှုကြီးကလဲ နောက်ဆုံးမှာပေါက်ထွက်လို့သွားခဲ့ပါပြီ။

” နင်မသွားသေးဘူးလား အစုတ်ပလုတ်လေး ”

ကျန်းနန်နန်က ငိုကြွေးရင်းအသံကခပ်တိုးတိုးထွက်လာခဲ့သလို သူမရဲ့နှလုံးသားထဲမှာရှိနေတဲ့ နာကျင်မှုကလဲ ပိုလို့သာတိုးလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူနားလည်လို့သွားခဲ့ပါပြီ။ သူမရဲ့အနားမှာအမြဲတမ်းကပ်တွယ်နေပြီ အနှောင့်အယှက်ဖြစ်အောင် လုပ်နေခဲ့တဲ့အဲ့ဒီကလိမ်ကကျစ်ကောင်ကလေးကို လုံး၀အဆုံးအရှုံးခံနိုင်မှာမဟုတ်ပါဘူး။

ရုတ်တရက်ဆိုသလို ကျန်းနန်နန်ရဲ့ခြေထောက်အောက်မှာရှိတဲ့ ရေတွေက လှုပ်ရှားလို့လာခဲ့ပြီ ခေါင်းတစ်လုံးက ထွက်လာခဲ့ပါပြီ။

ကျန်းနန်နန်ကတော့ ဝေ၀ါးနေတဲ့မျက်ရည်အပြည့် မျက်လုံးတွေနဲ့အတူ အဲ့ဒီမျက်နှာကို စိုက်ကြည့်လို့နေပါတော့တယ်။

တစ်ဖက်လူကတော့ မျက်နှာပေါ်ကရေတွေကိုသုတ်ရင်း နီရဲမို့ဖောင်းနေတဲ့မျက်လုံးတွေနဲ့ သူ့ကိုနွေးနွေးထွေးထွေးပြုံးပြလို့နေခဲ့တယ်။

” အစုတ်ပလုတ်ကောင်လေး ရောက်လာပါပြီ “:

ကျန်းနန်နန်ကတော့ ဒီမျက်နှာနဲ့အပြုံးကိုမြင်ချိန်မှာအရင်ကလိုမျိုး စိတ်ရှုပ်စရာကောင်းတယ်လို့မထင်မိတော့ပါဘူး။

အရာအားလုံးကိုဆုံးရှုံးသွားရတဲ့အခြေအနေကနေ အရာအားလုံးကိုပြန်လည်ရရှိလိုက်ရသလိုပါပဲ။ စိတ်ခံစားချက်တွေက မီးတောင်ကြီးတစ်ခုလိုမျိုးပေါက်ကွဲထွက်လို့လာနေခဲ့တာကြောင့် ချက်ချင်းဆိုသလို ရေကန်ထဲကိုခုန်ဆင်းရင်း အဲ့ဒီကောင်စုတ်လေးကို ရေကန်ထဲကနေဆွဲထုတ်ဖို့အတွက် ပြင်ပါတော့တယ်။

” သေသင့်တဲ့ကောင် သေသင့်တဲ့ကောင် ”

ရှု့စန်းရှီကလဲ နောက်ထပ်ဘာမှမပြောတော့ပါဘူး။ ဒီအတိုင်းရေအောက်ထဲမှာသာ ပူးဖောင်းတွေကိုမှုတ်ထုတ်လို့နေပါတယ်။ ဒါပေမယ့် ဒီပူးဖောင်းတွေက ပျော်ရွှင်မှုကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။

ကောင်မလေးတွေကတော့ အထိတ်တလန့်မျက်လုံးနဲ့ကြည့်နေခဲ့ရင်း ပါးစပ်အဟောင်းသားဖြစ်နေခဲ့ပါပြီ။ ကျန်းနန်နန်နဲ့ အနီးဆုံးမှာရှိနေတဲ့ ကောင်မလေးကတော့ မျက်ရည်တွေတောင်၀ဲနေပြီပြောလာခဲ့ပါတယ်။

” စိတ်လှုပ်ရှားစရာကောင်းပြီ ရင်ထဲထိလိုက်တာ ဒီလိုမျိုးကိုယ်ပိုင်အစုတ်ပလုတ်လေးတစ်ကောင်ရှိတာ မဆိုးဘူးပဲ “:

ရှု့စန်းရှီကတော့ ကျန်းနန်နန်ကို တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့ပါတယ်။ ဒါကြောင့် ရေအောက်ကနေရေပေါ်ပြန်ပေါ်လာဖို့အတွက်လဲ အတော်​လေးကြိုးစားလိုက်ရတယ်။ လက်ရှိအချိန်နှစ်ယောက်စလုံးက ရေတွေရွှဲရွှဲစိုနေခဲ့ပါပြီ။

အားလုံးက ဒီနေရာကိုလှမ်းကြည့်နေခဲ့ကြတာပါ။ ရှု့စန်းရှီက ကျန်းနန်နန်နဖူးပေါ်ကျနေတဲ့ ခရမ်းရောင်ဆံပင်တွေကို​ဖြည်းဖြည်းလေးဖယ်ပေးနေခဲ့ပါတယ်။

” မင်းကငါ့ကိုပြန်ခေါ်ထုတ်လိုက်တဲ့သူဆိုတော့ သေချာပေါက် ငါ့ကိုတာ၀န်ယူရမယ် ”

ကျန်းနန်နန်ရဲ့မျက်နှာက ချက်ချင်းနီသွားခဲ့ပါတယ်။ သူမခေါင်းငုံ့ရင်းနဲ့ ခပ်တိုးတိုးသာပြန်ဖြေခဲ့တယ်။

” ငါတွေးပေးပါ့မယ် ”

” အကယ်၍ မင်းဒီဘ၀တာလုံးတွေးနေမယ်ဆိုရင်လဲရတယ်..ငါမင်းကိုစောင့်နိုင်တယ် ”

ရှု့စန်းရှီက သူမကိုတင်းတင်းကျပ်ကျပ်ဖက်ထားရင်းပြောနေခဲ့ပြန်ပါတယ်။

ကျန်းနန်နန်ကတော့ အခုလက်ရှိအချိန်မှာ နောက်ထပ်ရုန်းကန်မနေတော့ပါဘူး။ သူ့ရဲ့လက်မောင်းတွေထဲမှာသာ မျက်နှာကိုနစ်ထားခဲ့ရင်း နောက်ထပ်ခေါင်းမဖော်ချင်တဲ့ပုံပေါ်နေခဲ့တယ်။

အားလုံးကတော့စပြီလက်ခုပ်တွေတီးနေခဲ့ကြပါပြီ။ အမျိုးသားဖက်မှာရောအမျိုးသမီးဖက်မှာရောသူ့တို့ကို ချီးမြောက်ပြီကောင်းချီးပေးချင်တဲ့လက်ခုပ်သံတွေက ထွက်ပေါ်လို့လာပါတော့တယ်။

ရှု့စန်းရှီလဲ ဘယ်ဘက်လက်ကိုမြောက်ရင်းနဲ့ လက်သီးကိုဆုပ်လိုက်ကာလေထဲမှာဝှေ့ရမ်းလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ သူမကိုလက်မထောင်ပြလို့နေခဲ့ပါပြီ။

ရှု့စန်းရှီက နတ်ဘုရားတစ်ပါးမဟုတ်ခဲ့သလို သူလုပ်ခဲ့သမျှအရာအားလုံးကလဲ စံပြဖြစ်တယ်လို့မဆိုသာတာအမှန်ပါ။ ဒါပေမယ့် ဒီလိုမျိုးအ​​ရေးကြီးအချိန်မျိုးမှာသူဘယ်လိုများပြန်လှည့်နိုင်ခဲ့သလဲဆိုရင် စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့အကူအညီရှိနေလို့ပါပဲ။

ကျန်းနန်နန်ရဲ့ လှုပ်ရှားမှုတွေနဲ့ သူမရဲ့အသံကို စိတ်၀ိညာဥ်ထောက်လှမ်းမှုကတစ်ဆင့် ကြားနေသိနေခဲ့ရပါတယ်။ ဒါကြောင့်သာ ရှု့စန်းရှီရဲ့ မျှော်လင့်ချက်မဲ့မှုကြီးကအံ့အားသင့်ထိတ်လန့်မှုအဖြစ်ကိုပြောင်းလဲသွားတာကြောင့် အရေးကြီးချိန်မှာ ကျန်းနန်နန်အရှေ့တည့်တည့်ကိုသူကူးခတ်လို့လာခဲ့ပြီ နောက်ဆုံးမှာသူမကို ပြန်ရယူနိုင်ခဲ့တာပါ။

ဒီအခွင့်အရေးကိုလွဲချော်သွားခဲ့သည်ရှိသော် ကျန်းနန်နန်သာ စိတ်ပြန်ငြိမ်သွားလို့ကတော့ သေချာပေါက်သူကြိုးစားသမျှအရာအားလုံးက အလဟာသဖြစ်သွားမှာပါ။ ဒါ့အပြင် ဒီနေ့လိုမျိုးတူညီတဲ့စိတ်ဓာတ်ပြင်းထန်မှုမျိုးကို ရနိုင်ပါ့မလားဆိုတာလဲ မသေချာပါဘူး။

ဒါကြောင့်သာ အခုလက်ရှိအချိန်မှာဟို့ယွိဟောင်ကို သူကျေးဇူးတင်နေခဲ့ပါတယ်။ တကယ်ညီနောင်ကောင်းဆိုတာဘာလဲ တစ်ယောက်နဲ့တစ်ယောက်လိုအပ်တဲ့အချိန်မှာကူညီထောက်ပံ့ပေးတာက ညီနောင်ကောင်းပါ။ ဟို့ယွိဟောင်ကလဲ ပြုံးနေခဲ့သလို ရှု့စန်းရှီနဲ့ ကျန်းနန်နန်ကိုကြည့်ရင်း သူတောင်သွေးဆူလာခဲ့ပါပြီ။ သူ့ရဲ့စိတ်ခံစားချက်တွေက ပြင်းပြင်းထန်ထန်လှုပ်ရှားနေခဲ့ပြီ စိတ်ဆန္ဒတစ်ခုကလဲ ထွက်ပေါ်လို့လာပါတော့တယ်။

ပေ့ပေ့ကတော့ လက်ရှိအချိန်မှာ အစီအစဥ်တင်ဆက်တဲ့သူပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ ဘယ်သူမှမမြင်အောင်နောက်ကိုလှည့်ရင်းမျက်ရည်တွေကိုသုတ်နေခဲ့ပါတယ်။ အခုလက်ရှိအချိန် သူ့ရဲ့စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းတမ်းတနေတဲ့သူက ရုတ်တရက်ပြန်ပေါ်ထွက်လာလို့ပါပဲ။ ရှောင်ယာ့ မင်းဘယ်ရောက်နေလဲ။

” ဟိုကနှစ်ယောက်ရေ စည်းမျဥ်းတွေကိုဖောက်ဖျက်လွန်နေပြီ ဒါကပြိုင်ပွဲရဲ့တတိယအစီအစဥ်ပဲရှိသေးတယ်..မင်းတို့နှစ်ယောက်က နောက်ဆုံးအဆင့်ကိုတိုက်ရိုက်သွားနေကြပြီးလား ”

ကျန်းလဲ့ရွှမ်က ပြောလာခဲ့ပါတယ်။

ရှု့စန်းရှီကတော့ ရယ်သာရယ်နေခဲ့တယ်။

” အစ်မကြီးအားလုံးကျွန်တော်အမှားပါပဲ ပွဲပြီးတော့မှာပဲ ကျွန်တော်တောင်းပန်ပါတော့မယ်..အခုတော့ အရင်ဆုံးသွားလိုက်ပါဦး ”

ကျန်းနန်နန်ကို ဒီလိုရေစိုနေတဲ့ပုံစံမျိုးနဲ့ အားလုံးကိုမြင်ခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့် ရွှမ်၀ူဒိုင်းကာကြီးကို သူထုတ်ဖော်လိုက်ရင်း နှစ်ယောက်စလုံးကိုလွှမ်းခြုံလိုက်ကာကမ်းခြေဆီကိုပြေးထွက်လို့သွားပါတော့တယ်။

ကျန်းလဲ့ရွှမ်ကတော့ လက်ဝှေ့ရမ်းပြရင်းနဲ့ လှမ်းပြောနေခဲ့တယ်။

” မင်းတို့နှစ်ယောက်ကိုအားလုံးကောင်းချီးပေးကြပါရစေ ကျန်းနန်နန်ကို ဒီလိုမျိုးခံစားချက်ထုတ်ဖော်ပြောဆိုတဲ့ကိစ္စကို မှတ်မိနေလိုက်ပါ ”

” သေချာပေါက် မှတ်မိမှာပါ ”

ရှု့စန်းရှီရဲ့အသံက အဝေးကနေ ထွက်ပေါ်လို့လာခဲ့ပါတယ်။

ကျန်းလဲ့ရွှမ်ကတော့ သူ့ဘေးကနေပြန်လှည့်လာတဲ့ပေ့ပေ့ကို ခပ်တိုးတိုးလေးမေးနေခဲ့တယ်။

” အဆင်ပြေရဲ့လား ”

ပေ့ပေ့လဲ ခေါင်းပြန်ညိတ်လိုက်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ သူ့ရဲ့မျက်နှာကပြုံးနေခဲ့ပါပြီ။ ဒါပေမယ့် မျက်လုံးထဲကနေ မျက်ရည်စတွေကိုတော့မြင်နေခဲ့ရတယ်။

ကျန်းလဲ့ရွှမ်ရဲ့ခန္ဓာကိုယ်က တစ်ချက်တောင့်ခဲလို့သွားခဲ့ပေမဲ့ သူလဲခပ်မြန်မြန်ပဲ ပုံမှန်ပြန်ဖြစ်လို့သွားခဲ့ပါတယ်။

” မကြာခင်မှာ လေးခုမြောက်အစီအစဥ်ကိုစတင်ပါ့တော့မယ်တစ်ယောက်ကိုယောက် ခံစားချက်အပြန်အလှန်တွေ မြင်မြင်ချင်းအချစ် ဒုတိယအချစ် ပြီတဲ့နောက်မှာတော့ သုံးဘ၀အချစ်ကိုထိန်းသိမ်းဖို့အချိန်ပါပဲ ဒါကြောင့် လေးခုမြောက်အစီအစဥ်ကိုတော့ သုံးဘ၀တာကံကြမ္မာလို့ခေါ်ပါတယ် ”

” အမျိုးသမီးတွေအနေနဲ့ ဒီတစ်ကြိမ်မှာအရှေ့ကိုတက်လာပြီ မိတ်ဆက်ကြပါတယ်.. ဒါ့အပြင် သူတို့က သဘောကျတဲ့အမျိုးသားကိုရွေးချယ်ပြီ သူ့ဘက်မှာရှိဖို့လုပ်ဆောင်ကြပါလိမ့်မယ်..အမျိုးသားတွေကတော့ ဒီအချိန်ပြီရင်ခွဲခွာရတော့မှာပါ ဒီတော့အမျိုးသားတွေအနေနဲ့ အမျိုးသမီးတစ်ယောက်ထက်ပိုပြီးတော့ကို ဆွဲဆောင်တာမျိုးဖြစ်နိုင်ပါတယ်…ဒီအစီအစဥ်မှာ အကယ်၍ အမျိုးသားတစ်ယောက်သို့မဟုတ် အမျိုးသားအများကြီးကမှ မရွေးချယ်ခံရဘူးဆိုရင်တော့ တောင်းပန်ပါတယ်…ဒီအစီအစဥ်ကနေ ထွက်ခွာရပါလိမ့်မယ်…ကျန်ရစ်တဲ့သူကတော့ နောက်ဆုံးအဆင့်ကိုတက်လှမ်းကြရမှာပါ ”

လေးခုမြောက်အစီအစဥ်မှာတော့ အမျိုးသားတွေအများကြီးထုတ်ပယ်ခံရမှာဆိုတာသိသာနေခဲ့ပါတယ်။ ကျန်းနန်နန်ကတော့ ဆယ်ခုနှစ်ယောက်ထဲက ထွက်သွားပြီဖြစ်တာကြောင့် ဆယ့်ခြောက်ယောက်သာကျန်ရစ်ပါတော့တယ်။ အမျိုးသမီးတွေအားလုံးက တစ်ယောက်ချင်ဆီကိုရွေးချယ်မယ်ဆိုရင်တောင် လူဆယ့်ခြောက်ယောက်သာကျန်တော့မှာပါ။ အမျိုးသားက နှစ်ဆယ်သုံးယောက်တိတိကျန်ပါသေးတယ်။

ပင်လယ်နတ်ဘုရားကံကြမ္မာရဲ့ လေးခုမြောက်အစီအစဥ်ကိုအမျိုးသမီးတွေက မကြာခင်မှာ စတင်တော့မှာဖြစ်တဲ့အတွက် သူတို့တွေအားလုံးလဲ အဆင်သင့်ဖြစ်နေကြပါပြီ။

” အမျိုးသမီးတွေစတင်လို့ရပါတော့မယ် ”

” အခုစတင်နိုင်ပါပြီ ၀ါးခမောက်သုံးလုံးကိုဆောင်ထားတဲ့ အမျိုးသမီးသုံးယောက်အတွက် ပြောစရာတစ်ခုရှိပါတယ်..ကိုယ့်ကိုကိုယ်နောက်ပိုင်းမိတ်ဆက်တဲ့အချိန်မှာခမောက်ကိုဖယ်ပြီ မျက်နှာကိုပြလို့ရပါတယ်…အကယ်၍ မျက်နှာကိုမပြပဲသဲလွန်စတချို့ပေးမယ်ဆိုရင်လဲ နောက်ဆုံးအစီအစဥ်မှာအမျိုးသားတစ်ယောက်မှ မင်းကိုမရွေးချယ်ခဲ့ဘူးဆိုရင် အစီအစဥ်အဆုံးအထိ ခမောက်ကိုချွတ်လို့မရတော့ပါဘူး ကောင်းပါပြီ ပထမဆုံးနာမည်ရထားတဲ့သူ အရှေ့ကိုထွက်လာပြီရွေးချယ်ပါ ”

အပိုင်း ၂၁၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset