အပိုင်း ၂၁၅•၁
” ကလိမ်ကကျစ်လေးတစ်ယောက်ရှိနေတာ ဘယ်လောက်ကောင်းလိုက်သလဲ ”
°°°
ဟို့ဟွိဟောင် အသက်ပြင်းပြင်းရှုသွင်းနေခဲ့ပါတယ်။ သူက တည်ငြိမ်နေခဲ့တာကြောင့် လှုပ်ရှားမှုတွေက ချောမွေ့ပြီသဘာ၀ကျကျရှိနေခဲ့တယ်။ သစ်ရွက်ကိုခြေဖ၀ါးနဲ့ခပ်ဖွဖွထိလိုက်ပြီတဲ့နောက် ခန္ဓာကိုယ်လဲလေထဲကိုမြောက်တက်လို့သွားခဲ့ပါပြီ ငှက်မွေးလေးတစ်ခုအတိုင်းလှုပ်ရှားနေခဲ့သလို သူ့လှုပ်ရှားမှုကိုခုခံနေတဲ့ မြေစွမ်းအားမရှိတဲ့အတိုင်းရွေ့လျားနေခဲ့တာပါ။ ဒါ့အပြင် သူ့ပုခုံးပေါ်မှာထိုင်နေတဲ့ နှင်းလုံးလေးကလဲ တစ်ချက်လေးတောင်တုန်ရီမသွားခဲ့ပါဘူး။
အဲ့ဒီအတိုင်းရေမျက်နှာပြင်ပေါ်မှာ ခြေဖျားလေးထောက်ရင်း ငါးမီတာခြောက်မီတာအထိကို ရှေ့ဆက်တိုးလာခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ဘေးပတ်လည်မှာတော့ အေးစက်တဲ့လေတွေက ရေခဲထုတွေအဖြစ်ကိုပြောင်းလဲရင်းနဲ့ ခန္ဓာကိုယ်ကိုထောက်ပံ့ပေးခဲ့တယ်။
” ကျွန်တော်နာမည်ကဟို့ယွိဟောင်ပါ ဒီနေ့အသက်ဆယ်ခုနစ်ပြည့်ပါပြီ အခုလက်ရှိအချိန်မှာ ထိန်းချုပ်ရေးအမျိုးအစားနဲ့ တိုက်ခိုက်ရေးအမျိုးအစားသိုင်းပညာ၀ိညာဥ်ဘုရင်ဖြစ်သလို အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်လဲ ဟုတ်ပါတယ် ”
သူဒီနေရာအထိ ပြောပြီရပ်လိုက်တာနဲ့ အမျိုးသမီးတွေဖက်ကနေ အံ့အားသင့်တဲ့ပုံစံကနေပေါ်လာပါတော့တယ်။ ရွှေကျီးသခင်မလိုမျိုးစိတ်မြန်လက်မြန်အရှိဆုံးသူကတော့ စိတ်မထိန်းနိုင်ပဲ လက်မြောက်ရင်းနဲ့မေးလိုက်တော့တယ်။
” ခဏလေး ခဏလေး နေပါဦး အစ်မကြီး ကျွန်မနားမလည်တာတစ်ခုရှိတယ်…သူ့ကိုမေးခွန်းမေးလို့ရလား ”
” တစ်ခုပဲမေးလို့ရမယ် နောက်ထပ်မေးလို့ရမှာမဟုတ်ဘူး ”
” ဟုတ်ကဲ့ပါ ”
၀ူးမင်းက ပျော်ပျော်ကြီးပြန်ဖြေလိုက်ရင်း ဟို့ယွိဟောင်ကိုမေးပါတော့တယ်။
” ကိုယ့်ကိုကိုယ် ဘွဲ့ထူးတွေအများကြီးပေးပြီ ကောင်မလေးတွေကို ဆွဲဆောင်ဖို့ကြိုးစားနေတာလား ထိန်းချုပ်ရေးအမျိုးအစားနဲ့ တိုက်ခိုက်ရေးအမျိုးအစားကဘယ်လိုလုပ်ခွဲထွက်လို့ရမှာလဲ မင်းမှာသိုင်းပညာ၀ိညာဥ်နှစ်ခုရှိနေလို့လား ဒါ့အပြင် အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်လဲ ဖြစ်နေသေးတယ်..အခုမှအသက်ဆယ်ခုနှစ်ပဲရှိသေးတာကို အရာအားလုံးလုပ်နိုင်တဲ့ တိုက်ခိုက်ရေးသမားကြီးလို့ ပြောနေပါလား ”
” အစ်မကြီးကို ဂါရ၀ပြုပါတယ်..ကျွန်တော်မှာတကယ်ပဲ သိုင်းပညာ၀ိညာဥ်နှစ်ခုရှိပါတယ်…အဓိကသိုင်းပညာ၀ိညာဥ်က ထိန်းချုပ်ရေးအမျိုးအစားပါ ဒုတိယတစ်ခုကတော့ တိုက်ခိုက်ရေးပါပဲ ဒါ့အပြင် ကျွန်တော်က၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနမှာလဲ တစ်ပြိုင်နက်ထဲသင်ကြားခဲ့တာကြောင့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့တာပါ ကျွန်တော်က နေလနိုင်ငံတော်ကိုကျောင်းပြောင်းပြီ သင်ကြားခဲ့ရတဲ့နှစ်နှစ်ခွဲသင်ကြားမှုကနေ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ကျွန်တော်ပြန်ရောက်လာခဲ့တာပါ အစ်မကြီး ”
၀ူးမင်းလဲ ဒါကိုကြားချိန်မှာ အထိတ်တလန့်နဲ့ထပြီပြောမိပါတော့တယ်။
” အမြွှာသိုင်းပညာ၀ိညာဥ်လား ”
ဟို့ယွိဟောင်က အပြင်နယ်မြေမှာကျော်ကြားပေမဲ့ အတွင်းနယ်မြေထဲမှာတော့ အဲ့လောက်မကျော်ကြားသေးပါဘူး။ ကျောင်းတော်နဲ့နှစ်နှစ်ခွဲကြာအောင်ဝေးကွာနေခဲ့တာကြောင့် အစပိုင်းမှာသူ့ကိုသိတဲ့လူတော်တော်များများကလဲ သူ့ကို မေ့သွားခဲ့ကြပါပြီ။ အမြွှာသိုင်းပညာ၀ိညာဥ်ဆိုတဲ့စကားလုံးကို ပေါ်လာချိန်မှာတော့ ကောင်မလေးတွေအများကြီးရဲ့မျက်လုံးက တောက်ပလာပါတော့တယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့သူတွေပါပဲ။
အတွင်းနယ်မြေရဲ့ကျောင်းသားတွေက အမြွှာသိုင်းပညာ၀ိညာဥ်တွေအကြောင်းကိုပိုပြီးကောင်းကောင်းသိပါတယ်။ အကယ်၍ အမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့သူသာ သော့်လော့တစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင် သေချာပေါက် သူ့အတွက် သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်အတွက် လိုအပ်တဲ့၀ိညာဥ်စက်ကွင်းတွေကိုသာ လုံလုံလောက်လောက်သာရလို့ကတော့ အဆင့်ကိုးဆယ်တစ်မှာတင် ကြောက်စရာကောင်းတဲ့ထူးကဲသာလွန်သော့်လော့တွေကိုစိန်ခေါ်နိုင်နေပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ အမြွှာသိုင်းပညာ၀ိညာဥ်က ထိန်းချုပ်ရေးနဲ့တိုက်ခိုက်ရေးလဲဖြစ်နေတဲ့အတွက် တစ်ခုနဲ့တစ်ခုလဲ လိုက်ဖက်ညီနေခဲ့ပါတယ်။
” ဆက်ပြောပါ ယွိဟောင် စက္ကန့်သုံးဆယ်ကြာပါသေးတယ် ”
” အားလုံးပဲ ဒီလိုအချိန်အကြာကြီးရပ်နေရတာ ပင်ပန်းလောက်ပြီပေါ့ နှင်းလုံးလေး ဘာလုပ်နိုင်လဲဆိုတာကို အားလုံးလဲသိပြီကြမှာပါ ဒီတော့သက်သောက်သက်သာရှိသွားအောင် ကူညီပေးပါရစေ ”
သူပြောပြီတဲ့နောက် သူအသံပျောက်သွားချိန်မှာပဲ နှင်းလုံးလေးကချက်ချင်းပျံထွက်လို့သွားပါတော့တယ်။ လိမ္မော်ရွှေရောင်အလင်းတန်းတွေက ကောင်မလေးတွေဆီကို တောက်ပလို့လာခဲ့ပြီတဲ့နောက် သူ့ရဲ့အလင်းတန်းတွေက အရင်ကထက်ပိုပြီး သိပ့်သည်းလာခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေကိုထုတ်ထားပါတော့တယ်။
အနီရောင်တစ်ခုနဲ့ လိမ္မော်ရောင်လေးခုတို့က သူ့ရဲ့ခြေထောက်အောက်မှာတောက်ပလို့နေခဲ့ပါပြီ။ အနီရောင်က လက်ရှိအချိန်မှာ ရွှေရောင်အကြောင်းသုံးကြောင်းပေါ်ထွက်လို့နေခဲ့ပြီ။ လိမ္မော်ရောင်ကတော့ သု့နောက်ဖက်မှာလှလှပပလေး လှည့်ပတ်လို့နေပါတယ်။ ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါက အရမ်းကိုထိုးတက်လို့သွားခဲ့တဲ့အတွက် သူကဒီနေရာမှာတစ်လောကလုံးကို အုပ်ချုပ်တော့မဲ့ဧကရာဇ်တစ်ပါးနဲ့ တူညီလို့နေခဲ့တယ်။
အားလုံးကတော့ ဒါကိုမြင်ချိန်မှာ အထိတ်တလန့်အော်နေခဲ့ကြပါပြီ။ အမျိုးသားဘက်ရော အမျိုးသမီးတွေဘက်မှာတင်မက ကျန်းလဲ့ရွှမ်နဲ့ ပေ့ပေ့အပြင် အကြီးအကဲနဲ့ဆရာတွေတောင် ဟို့ယွိဟောင်ကိုအာရုံစိုက်နေခဲ့တာပါ။
လိမ္မော်ရောင်၀ိညာဥ်စက်ကွင်းတွေလား ဒါက ဘာတွေများလဲ အမျက်ဒေါသကျောင်းတော်က သိုင်းပညာ၀ိညာဥ်တွေနဲ့ပတ်သက်ပြီ ရှာဖွေမှုတွေအများကြီးလုပ်ခဲ့ပေမဲ့ သူတို့ရဲ့သမိုင်းတစ်လျှောက်မှာ မိစ္ဆာ၀ိညာဥ်ပညာရှင်အပါအ၀င် ခန္ဓာကိုယ်မျိုးနွယ်နဲ့ တခြားအင်အားကြီး၀ိညာဥ်ပညာရှင်တွေရှိခဲ့ပေမဲ့ လိမ္မော်ရောင်စက်ကွင်းတွေကိုတော့ ဘယ်သူမှမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် သွေးနီရောင်တောက်နေတဲ့ နှစ်နစ်သိန်း၀ိညာဥ်စက်ကွင်းက လိမ္မော်ရောင်၀ိညာဥ်စက်ကွင်းတွေရဲ့အရှေ့မှာရှိနေခဲ့တာပါ။
အပြင်နယ်မြေမှာ ဟို့ယွိဟောင်နဲ့ပြဿနာဖြစ်ခဲ့ဖူးတဲ့သူတွေအားလုံးလဲ လက်ရှိအချိန်မှာတော့ မအံ့ဩကြပါဘူး။ ဟို့ယွိဟောင်က ပုံစံတူတုပမှုကို ပြုလုပ်နိုင်မယ်မှန်းသူသိပါတယ်။ ဒါကြောင့် ဒီငါးခုကလူတွေကိုတမင်တကာအထင်ကြီးစေချင်လို့ ဟန်ဆောင်ထားတယ်လို့ထင်နေခဲ့တယ်။
ဒါပေမယ့် ဟို့ယွိဟောင်သာ သူ့ရဲ့ငါးခုမြောက်၀ိညာဥ်စက်ကွင်းကိုစတင်ပြီ လှည့်ပတ်စေရင်းပါးစပ်ကနေလဲ ရွတ်ဆိုနေခဲ့ပါပြီ။
” မိုးကောင်းကင်ကို အေးခဲစေနိုင်တဲ့ လက်သီးနဲ့ လက်၀ါး ”
နှင်းလုံးလေးရဲ့ခန္ဓာကိုယ်က လေပေါ်ကိုမြောက်တက်သွားခဲ့ပြီတဲ့နောက် သူမရဲ့လုံး၀င်းတဲ့မျက်နှာလေးက ချက်ချင်းတည်ငြိမ်လို့သွားပါတော့တယ်။
ကောင်းကင်မှာနှင်းမှုန်တွေက ကျဆင်းလို့လာခဲ့ပါပြီ။ အစပိုင်းမှာသိပ်ပြီမထင်ရှားပေမဲ့လဲ များပြားသိပ့်သည်းတဲ့နှင်းမှုန်တွေက ကောင်းကင်မှုစုပုံတာကို အချိန်သိပ်မကြာလိုက်ပါဘူး။
ဒီနှင်းတွေအားလုံးက အုပ်စုဆယ်ခုနှစ်တိတိကွဲသွားရင် ကောင်မလေးတွေဘက်မှာလှည့်ပတ်ပြီ သူတို့ရဲ့ခြေထောက်အောက်ဆီကို ထိုးဆင်းလို့ သွားပါတော့တယ်။
ခိုင်မာတဲ့မြေပြင်တစ်ခုမှာ ရပ်နေခဲ့ရတဲ့အတိုင်း ကောင်မလေးတွေရဲ့အောက်ဖက်မှာရှိနေတဲ့ရေထုက ချက်ချင်းဆိုသလိုသိပ့်သည်းလို့လာခဲ့ပါပြီ။ သူတို့အနေနဲ့ ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး ပေါ့ပါးအောင်လုပ်ပြီကြိုးစားရပ်နေဖို့မလိုတာကြောင့် အနည်းငယ်သက်သောက်သက်သာရှိသွားခဲ့ပါတယ်။
နှင်းလုံးလေးကတော့ ရယ်မောရင်းနဲ့ ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်ကို ပြန်ရောက်သွားခဲ့ပါပြီ။
ကြောက်စကောင်းလိုက်တဲ့ ၀ိညာဥ်စွမ်းအားထိန်းချုပ်မှုပါလား ၀ူဖုန်းကလွဲပြီ တခြားသူတွေအားလုံးကတော့ ထိတ်လန့်အံ့ဩနေခဲ့ကြသလို သဘောကျမှုလဲရှိနေခဲ့ပါတယ်။ ၀ူဖုန်းကတော့ အရင်ကထက်ပိုပြီးမျက်နှာတစ်ခုလုံးမဲမှောင်လို့ သွားတော့တယ်။
နှင်းတွေကိုထိန်းချုပ်နိုင်စွမ်းက ဟို့ယွိဟောင်နဲ့ဘာမှမသက်ဆိုင်ပါဘူး။ နှင်းလုံးလေးကသာ အကုန်လုံးကိုလုပ်တာပါ သူ့လိုမျိုးနှင်းဧကရီဖြစ်ခဲ့တဲ့ ရေခဲကောင်းကင်ရဲ့နှင်းသခင်မက ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲမှာတောင် ထိပ်ဆုံးရောက်နေခဲ့တာပါ။ နှင်းတွေကိုထိန်းချုပ်နေရာမှာသူကိုယှဥ်လို့ရနိုင်မှာလဲ။ ဟို့ယွိဟောင်က အရမ်းကိုတည်ငြိမ်ပြီ ကျက်သရေရှိတဲ့ပုံစံနဲ့ဦးညွတ်လိုက်ရင်း နောက်ဖက်ကို ပျံသန်းလို့သွားပါတော့တယ်။
သူစိတ်၀ိညာဥ်ရဲ့စွမ်းအားကို ထပ်ပြီးထုတ်ပြလို့ရပါသေးတယ်။ နောက်ဆုံးတော့လဲ ဒီကြင်ဖက်တွေ့ဆုံပွဲပြီရင်း ကျောင်းတော်ကသူ့ကိုလာရှာမယ်မှန်းသိနေခဲ့တယ်။ အကယ်၍ သူသာအတွင်းနယ်မြေတပည့်သားအစ်ကိုကြီးတွေ အစ်မကြီးတွေရဲ့အတည်ပြုချက်နဲ့ ကျောင်းတော်ရဲ့အတည်ပြုချက်ကိုသာရရှိသွားမယ်ဆိုရင် သေချာပေါက် စိတ်၀ိညာဥ်တွေနဲ့ ပတ်သက်တဲ့သုတေသနနဲ့ လေ့လာမှုတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်ပါလိမ့်မယ်။
ကြည်လင်ကောင်းကင်မျိုးနွယ်စုမှာတောင် မျိုးနွယ်စုခေါင်းဆောင်နျိုထန်က သူ့စိတ်တွေကိုလှုပ်ရှားစေမဲ့စကားတွေအများကြီးပြောခဲ့ပါတယ်။
၀ိညာဥ်သားရဲကောင်တွေရဲ့ ကြီးထွားမှုအင်အားက လူသား၀ိညာဥ်ပညာရှင်တွေအတွက် ဘယ်တော့မှလိုက်လျောညီထွေးမဖြစ်ခဲ့ပါဘူး။ ၀ိညာဥ်ပညာရှင်တွေ ဘယ်လောက်ပဲနည်းပါးပါစေ သူတို့တွေတောင် ၀ိညာဥ်စွမ်းအားကိုအများကြီးဆက်တိုက်စုဆောင်းနေရဦးမှာပါ အကယ်၍ ၀ိညာဥ်ပညာရှင်တွေသာ အကုန်လုံး၀ိညာဥ်စက်ကွင်းလေးကွင်းပဲရှိတယ်ဆိုရင်တောင် ၀ိညာဥ်သားရဲကောင်လေးကောင်သတ်ဖို့လိုပါလိမ့်မယ်။ ဒါ့အပြင် ဆယ်နှစ်ကနေ နှစ်တစ်သိန်းသက်တမ်းကြားလဲ ဖြစ်ရဦးမှာပါ။
ဒီအတိုင်းသာဆက်ပြီသွားနေခဲ့မယ်ဆိုရင် လောကမှာကျင့်ကြံဆင့်မြင့်တဲ့၀ိညာဥ်သားရဲကောင်ရှိတော့မှာမဟုတ်ပါဘူး။ ၀ိညာဥ်သားရဲကောင်တွေအားလုံး မျိုးသုန်းသွားတာလဲဖြစ်နိုင်ပါသေးတယ်။
စိတ်၀ိညာဥ်တည်ရှိမှုက ဒီပြဿနာကိုမဖြေရှင်းနိုင်ပေမဲ့လဲ အတိုင်းအတာတစ်ခုအထိတော့သက်သာစေမှာပါ။ ပဋိပက္ခတွေကိုလဲ အတော်ကြီးလျော့ပါးသွားစေနိုင်ပါတယ်။ သူဘယ်လောက်အထိ လုပ်နိုင်မလဲဟို့ယွိဟောင်မသိပေမဲ့ ကြိုးစားအားထုတ်ကြည့်ချင်ပါသေးတယ်။ ဒါကြောင့်သာ ၀ိညာဥ်ပညာရှင်နဲ့ ၀ိညာဥ်သားရဲကောင်တွေကြားက ပဋိပက္ခအတွက် သူကြိုးစားကြည့်ဖို့ဆုံးဖြတ်လိုက်တာပါ။
ပင်လယ်နတ်ဘုရားကံကြမ္မာကို လက်ရှိအချိန်မှာ ကြင်ဖက်တွေ့ဆုံပွဲလို့သူမမြင်တော့ပါဘူး။ လက်ရှိအားလုံးထက်အရေးကြီးတာက သူ့ရဲ့ကျင့်ကြံမှုပါပဲ။
အခုအချိန်မှာ သူအာရုံစိုက်နေတဲ့သူကတော့ ဒုတိယမြောက်ကောင်မလေးသာရှိနေခဲ့တယ်။ မျှော်လင့်ချက်က သုံးဆယ်ရာခိုင်နှုန်းပဲရှိနေနိုင်သလို သူမက အလင်းတန်းနတ်မိမယ်ရဲ့ရုပ်သွင်ကိုပိုင်ဆိုင်ထားတဲ့ ၀မ်သုန့်အစ်မဖြစ်ရင်တောင် သူကိုသဘောကျဦးမှာလား ဘယ်လိုများသူနဲ့ရင်ဆိုင်ရဦးမှာလဲ။ ဟို့ယွိဟောင် တွေးရခက်နေပါတယ်။
ဟို့ယွိဟောင်က ဟယ့်ချိုက်ထို့လိုမျိုး စိတ်ခံစားချက်တွေအများကြီးကို မဖော်ပြခဲ့ပါဘူး။ ဒါပေမယ့် အထင်ကြီးစရာကောင်းတဲ့အစွမ်းအစကိုတော့ ထုတ်ဖော်ပြသခဲ့ပါတယ်။ ၀ိညာဥ်စက်ကွင်းငါးကွင်းက အတွင်းနယ်မြေတပည့်သားတွေထဲမှာအနှိမ့်ဆုံးတည်ရှိသူဖြစ်ပေမဲ့ သူ့မှာအမြွှာသိုင်းပညာ၀ိညာဥ်လဲရှိနေခဲ့တယ်။ ဒါ့အပြင် အရမ်းကိုထူးခြားတဲ့စိတ်၀ိညာဥ်တစ်ခုကိုလဲ ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။
ကောင်မလေးတွေကတော့ သူကိုအကြောင်းအရင်းတစ်မျိုးနဲ့တစ်မျိုးစိတ်၀င်စားနေခဲ့ကြပါပြီ။ ဟို့ယွိဟောင်က အားလုံးအတွက် နက်ရှိုင်းတဲ့အမြင်ကောင်းမှုတစ်ခုကို ချန်ရစ်ထားခဲ့ပါတယ်။ ဒုတိယအချစ်က ဒီအတိုင်းဆက်သွားနေခဲ့ပြီတဲ့နောက် အမျိုးသားတွေအားလုံးက တစ်ယောက်ပြီတစ်ယောက်မိတ်ဆက်ခဲ့ကြပါတယ်။ အဲ့ဒီအချီကိုပြီးချိန်မှာတော့ လေးခုမြောက်အစီအစဥ်ကိုစတင်ကြတော့မှာပါ။
အမျိုးသမီးတွေ ရွေးချယ်တာမလာခင် အားလုံးကအစွမ်းအစတွေထုတ်ပြဖို့လုပ်နေခဲ့ပါတယ်။ ဒီနေရာမှာရှိသူတွေအားလုံးက ၀ိညာဥ်ပညာရှင်တွေဖြစ်တာကြောင့် သူတို့ရဲ့အင်အားကိုထုတ်ဖော်ပြသမှုက အများစုက အင်အားတွေထုတ်ဖော်ပြီးသားဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ ရှု့စန်းရှီအလှည့်ကိုရောက်လာခဲ့ပါပြီ။ သူ့ပုံစံကြည့်ရတာကတော့ သိပ်အဆင်မပြေပါဘူး။ ကျန်းနန်နန်က သူ့အတွက်မီးအိမ်မထွန်းပေးတဲ့အတွက် အတော်လေးစိတ်ထိခိုက်နေပုံပေါ်ပါတယ်။
ကျန်းနန်နန်ကတော့ မျက်မှောင်ကြုတ်ရင်းခေါင်းကိုတစ်ဖက်လွဲထားခဲ့တယ်။ ရှု့စန်းရှီ သူ့ကိုဘယ်လောက်ပဲကြည့်နေပါစေ သူပြန်မကြည့်ခဲ့ပါဘူး။ သူက ရှု့စန်းရှိီနဲ့ ဆယ်မီတာအကွာအထိကိုရောက်လာခဲ့ပြီ ဖြည်းဖြည်းချင်းရပ်လိုက်ပါပြီ။
” နန်နန် ငါပြန်ရောက်လာပြီ မင်းကိုငါအချိန်ဘယ်လောက်များများခံစားချက်တွေ ဖွင့်ပြောခဲ့လဲဆိုတာ ငါကိုယ်တိုင်တောင်မမှတ်မိတော့ဘူး…ငါရဲ့ညီနောင်တွေက ငါကိုအမြဲတမ်းမေးခဲ့တယ်..ဘယ်လိုကောင်မလေးတစ်ယောက်ကိုလိုက်ရမလဲတဲ့ သူတို့ကိုသတ္တိရှိရမယ်..အကြံအညံကောင်းရမယ်..မျက်နှာပြောင်တိုက်တတ်ရမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီပုံမှန်ပဲပေါ့ အကယ်၍ မင်းသာမင်းရဲ့အတ္တနဲ့ မာနတွေကို ဘေးဖယ်ထားပြီ သူ့အတွက်တိုက်ခိုက်ပေးမယ်ဆိုရင် သေချာပေါက် အောင်မြင်ဖို့အလားအလာရှိလာလိမ့်မယ် ”
ဒီစကားတွေကိုကြားပြီချိန်မှာ အမျိုးသားကျောင်းသားတွေကတော့ ခပ်တိုးတိုးလေးရယ်နေခဲ့ပါတယ်။ ရှု့စန်းရှီကတော့ မရယ်ခဲ့ပါဘူး သူ့မျက်နှာကအရမ်းကိုတည်ငြိမ်လို့နေခဲ့တယ်။
” နန်နန် ငါမင်းကိုပထမဆုံးစတွေ့ကထဲက နှစ်သက်ခဲ့တာ အဲ့ဒီနှစ်တွေမှာ မင်းငါ့အပေါ်ကိုမကောင်းတဲ့အမြင်တွေရှိခဲ့တာငါသိတယ်..ဒါပေမယ့် ငါတို့တွေတစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာခဲ့တာအချိန်အတော်အရမ်းကိုကြာနေခဲ့ပြီလေ ကလေးဘ၀ကနေပြီ ဆယ်ကျော်သက်တွေဖြစ်လာတဲ့အချိန်အထိ ရင်းနှီးခဲ့တဲ့အပြင် အခုအချိန်အထိလဲ ငါတို့တွေတစ်ယောက်နဲ့တစ်ယောက် နီးကပ်နေခဲ့ကြတာပဲ ငါမင်းကိုဘယ်လိုတန်ဖိုးထားလဲဆိုတာ မင်းမြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ် ”
” မင်းအတွက်ဆိုရင် ငါအသက်ကိုတောင်ပေးနိုင်တယ်ဆိုတာ မင်းသိမှာပါ ဒါ့အပြင် မင်းရဲ့ဒီနေ့အဖြေကလဲ အရင်လိုပဲတူညီနေမယ်ဆိုတာကို ငါသိပါတယ်..ဘယ်လိုပဲဖြစ်ပါစေ ငါကြိုးစားကြည့်ချင်သေးတယ်..ဆံချည်တစ်မျှင်လောက်ပဲ အခွင့်အရေးရှိမယ်ဆိုရင်တောင် ဒီလိုအခွင့်အရေးကိုအလွှတ်ပေးမှာမဟုတ်ဘူးနန်နန် ကျေးဇူးပြုပြီး နှလုံးသားတံခါးကိုဖွင့်ရင်း ငါကိုနည်းနည်းလောက်၀င်ခွင့်ပြုနိုင်မလား ဒါဆိုရင်ငါလဲ မင်းရဲ့ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေကိုရနိုင်လောက်မှာပေါ့ ”
ရှု့စန်းရှီရဲ့ ၀န်ခံမှုက အရမ်းကြီးစိတ်အားထက်သန်နေတာမရှိခဲ့သလို နာကျင်မှုလဲပါနေခဲ့ပါတယ်။ သူဒီလိုမျိုးပြောပြနေတာက သူခံစားချက်ကိုဘယ်လောက်ဖိနှိမ့်ထားလဲသိသာနေခဲ့တယ်။ တကယ်ပဲနာကျင်မှုနဲ့ စိတ်ခံစားချက်တွေအများကြီးက သူ့မျက်လုံးထဲမှာအထင်သားပေါ်နေခဲ့တာပါ။
ကျန်းနန်နန်က နောက်ဆုံးမှာတော့ ပြန်လှည့်လာခဲ့ပါပြီ။ ပြန်လှည့်ကြည့်လိုက်ချိန်မှာပဲ ရှု့စန်းရှိီရဲ့ တည်ငြိမ်တဲ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ကြောင်းက ရှိနေခဲ့ပြီ မျက်နှာတစ်ခုလုံးနီရဲနေတာကို တွေ့လိုက်ရပါတော့တယ်။
အပိုင်း ၂၁၅•၁ ပြီး၏။