Switch Mode

Chapter – 214.3

မြင်မြင်ချင်းအချစ် ဒုတိယအချစ်

အပိုင်း ၂၁၄•၃

” မြင်မြင်ချင်းအချစ် ဒုတိယအချစ် ”
°°°
သစ်ရွက်ပေါ်ရောက်ချိန်အထိ သူရဲ့မျက်နှာက တစ်ချက်လေးတောင်မနီသွားခဲ့သလို အသက်ရှုသံလဲမမှားခဲ့ပါဘူး။ လှလှပပလေးပြန်လှည့်လာခဲ့ပြီတဲ့နောက် ညာဘက်လက်ကိုရင်ဘတ်ပေါ်မှာတင်ရင်း အမျိုးသမီးတွေကို အနည်းငယ်ဦးညွတ်လိုက်ပါတယ်။

အမျိုးသမီးတွေအားလုံးကတော့ သူ့ရဲ့လုပ်ဆောင်ချက်ကိုသဘောကျကြတာမဟုတ်ပေမဲ့ ၀ူးမင်းရဲ့ဘေးမှာရှိနေတဲ့ ဟန်ရော့ရော့က ခပ်တိုးတိုးပြောလာခဲ့တယ်။

” ဒီကောင်က အတော်လေးချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီ ရက်ရက်ရောရောရှိတာပဲ အကယ်၍ နင်သာ သူကိုလိုလိုလားလားနဲ့ ခေါ်ယူလိုက်မယ်ဆိုရင်သေချာပေါက် သူနှလုံးသားထာ၀ရအပ်နှံလိမ့်မယ်…သေချာဖို့တော့လိုမယ်နော် ”

၀ူးမင်းကတော့ လက်ရှိအချိန်မှာ မျက်နှာတစ်ခုလုံးနီရဲလို့နေခဲ့ပါပြီ။

” အဲ့ဒါအကုန်လုံးနင်အပြစ်ပဲ အစောပိုင်းတုန်းက နင်ဒီလိုလောင်းကြေးမထပ်ခဲ့ရင်း ဒီလိုဖြစ်လာမှာမဟုတ်ဘူး ”

ချူးချင်းထန်ကတော့ ကောင်မလေးတွေဘက်မှာဘာတွေဖြစ်နေလဲဆိုတာ မသိတာအမှန်ပါ။ ဒီနေရာမှာ ဂုဏ်ယူ၀င့်ကြွားမှုအပြည့်နဲ့ရပ်နေရင်း သူ့ရဲ့လုပ်ဆောင်ချက်က အတော်လေးကောင်းတယ်လို့ ယုံကြည်နေခဲ့မိတယ်။ သူ့ရဲ့လုပ်ဆောင်မှုက အတော်လေးကောင်းခဲ့တာကို သူ့ဘာသာသူသိနေခဲ့တယ်။

ဒုတိယကျောင်းသားကတော့ အရှေ့ကိုထွက်လာခဲ့ပါပြီ ဒီတစ်ကြိမ်မှာတော့ ထိုက်ဟွပင်းဖြစ်နေခဲ့ပါတယ်။ ထိုက်ဟွပင်းက ချုးချင်းထန်လောက်မမြန်ဆန်တဲ့အတွက် ကောင်မလေးတွေဘက်ကိုရောက်ချိန်မှာ သူခန္ဓာကိုယ်အစွမ်းအစကိုသာ မှီခိုဖို့အတွက် ဆုံးဖြတ်ထားပါတယ်။

နာအူးသွားစေတဲ့အော်ဟစ်ဟိန်းဟောက်သံကြီးကို သူထုတ်လိုက်ချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးကနေ အဖြူရောင်အလင်းတန်းတွေထွက်ပေါ်လာခဲ့ပြီ ကျားဖြူဒိုင်းကာအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ အဖြူရောင်အမွေးတွေက တစ်ကိုယ်လုံးပြည့်သွားခဲ့ပြီ သူ့ခန္ဓာကိုယ်ကလဲ ချက်ချင်းကြီးမားလို့လာပါတော့တယ်။ အဲ့ဒီနောက် အဖြူရောင်လျှပ်စီးတန်းတစ်ခုလိုမျိုးပြေးထွက်လို့သွားတော့တယ်။

ကျားဖြူပုံသဏ္ဍာန်အသွင်ပြောင်းမှုက သူ့ခန္ဓာကိုယ်ကိုပေါ့ပါးစေပြီ ရေမျက်နှာပြင်ပေါ်မှာပေါ်နိုင်အောင်လို့ ခွင့်ပြုပေးပါတယ်။ လက်ရှိအချိန်မှာ သူက ချူးချင်းထန်လိုကျက်သရေရှိရှိလှပမနေပေမဲ့ ဒီနေရာမှာရှိသူတွေအားလုံးကတော့ အသိပညာကြွယ်၀တဲ့သူတွေပါ။ ရေပေါ်မှာတိုက်ခိုက်တယ်ဆိုတာက သူ့ရဲ့အဓိကအားသာချက်မဟုတ်နိုင်ပါဘူး။ ဒီလိုသိုင်းပညာ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သူ့အင်အားကမျက်နှာချင်ဆိုင်တဲ့တိုက်ခိုက်မျိုးသာဖြစ်ပါလိမ့်မယ်။

” အားလုံးပဲမင်္ဂလာပါ ငါနာမည်က ထိုက်ဟွပင်းပါ ဒီနေ့အသက်ဆယ့်ခုနှစ်ရှိပါပြီ အဆင့်ငါးဆယ်ခုနှစ်တိုက်ခိုက်ရေး၀ိညာဥ်ဘုရင်ပါ တိုက်ခိုက်ရေး၀ိညာဥ်က ကျားဖြူဖြစ်ပါတယ်…အားလုံးကျေးဇူးပါ ”

သူပြောပြီတာနဲ့ လေထဲမှာဂျွမ်းတစ်ပတ်ဖြစ်ပြီ နောက်ဖက်လီလီသစ်ရွက်ဆီကို ပြန်ပြီးခုန်၀င်လို့သွားပါတော့တယ်။

သူက ကျန်းလဲ့ရွှမ်ကို နံပါတ်တစ်ခုမ​ပေးခဲ့ပါဘူး။ ဒီနေရာမှာ သူသဘောကျနေတဲ့မိန်းကလေးမရှိဘူးဆိုတာ ဖော်ပြနေတာပါ သူ့ရဲ့လှုပ်ရှားမှုတွေကလဲ ချူးချင်းထန်ကိုမယှဥ်နိုင်သလို အရမ်းလဲရိုးရှင်းလို့နေခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ ထိုက်ဟွပင်းကိုလှမ်းကြည့်လိုက်မိတယ်။ အဲ့ဒီအချိန်မှသာ သူ့ကိုထိုက်ဟွပင်းပြန်ကြည့်နေတာ သတိထားမိလိုက်ပါတယ်။ ဒီမျက်လုံးတွေက အရမ်းကိုအေးစက်တောက်ပလို့နေပြီ သားရဲကောင်တစ်ကောင်လိုပါပဲ။

ထိုက်ဟွပင်းရဲ့စိတ်ထဲမှာ တခြားတစ်ယောက်ရှိနေပါတယ်။ အဲ့ဒီလူက သူ့နဲ့အတူမြေအောက်လောကကျားဖြူပေါင်းစည်းစွမ်းရည်ကို ထုတ်သုံးနိုင်တဲ့ ကျူးလုပါပဲ။ ဒီနှစ်ပင်လယ်နတ်ဘုရားကံကြမ္မာကို သူ၀င်ရောက်ယှဥ်ပြိုင်ရတာက ဟို့ယွိဟောင်နဲ့ ပြဿနာတက်ချင်လို့ပါသာဖြစ်ပါလိမ့်မယ်။

ထိုက်ဟွပင်းရဲ့မိတ်ဆက်မှုကရိုးရှင်းပေမဲ့ ကောင်မလေးတွေရဲ့တုန့်ပြန်မှုကတော့ မရိုးရှင်းခဲ့ပါဘူး။

ထိုက်ဟွပင်း ရှဲ့ဟွမ်ယွဲ့ ၀ူဖုန်းနဲ့ နင့်ထျန်းတို့က ကျောင်းတော်ထဲကိုမကြာခင်ကမှ ၀င်ရောက်လာခဲ့တာပါ။ ဒါကြောင့် အတွင်းနယ်မြေရဲ့ကျောင်းသားကြီးတော်တော်များများက သူတို့အကြောင်းသိပ်မသိကြပါဘူး။

သူပြောလိုက်တဲ့ရိုးရှင်းတဲ့စကားတချို့က လူတိုင်းရဲ့အာရုံကိုဖမ်းစားလိုက်ပါတယ်။ အသက်ဆယ်ခုနှစ်သာ ရှိသေးပေမဲ့ အဆင့်ငါးဆယ်ခုနှစ်ကိုရောက်နေပြီဖြစ်သလို သိုင်းပညာ၀ိညာဥ်ကလဲကျားဖြူပါ။

ဒီနေရာမှာရှိနေတဲ့သူတွေအားလုံးက ပါရမီရှင်၀ိညာဥ်ပညာရှင်တွေကြီးပါပဲ။ ဒါကြောင့် ဒီနံပါတ်တွေက ဘယ်လိုအရာကိုညွှန်ပြနေလဲနားလည်ပါတယ်။ သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် အသက်နှစ်ဆယ်မပြည့်ခင်မှာ အဆင့်ခြောက်ဆယ်ကိုရောက်ရှိနိုင်မှာပါ။ ဒီလိုအသက်နှစ်ဆယ်မှာ အဆင့်ခြောက်ဆယ်ကိုရောက်နိုင်တဲ့ပါရမီရှင်တွေအားလုံးက သေချာပေါက် သော့်လော့တွေဖြစ်လာနိုင်ကြသလို ထူးကဲသာလွန်သော့်လော့တောင်ဖြစ်နိုင်ပါသေးတယ်။

လူတစ်ယောက်ရဲ့အစွမ်းအစဆိုတာက အတွင်းနယ်မြေထဲက အမျိုးသမီးတွေ သူ့တို့ရဲ့အပေါင်းအဖော်တွေရှာဖွေဖို့အဓိကအရေးကြီးဆုံး ဆုံးဖြတ်ချက်ပါပဲ။ အကယ်၍ အနာဂတ်ခင်ပွန်းသည်နဲ့ ကျင့်ကြံမှုကသာ သူတို့လောက်သာမမြင့်ဘူးဆိုရင် အခြေအနေကမကောင်းပဲဖြစ်သွားပါလိမ့်မယ်။

ထိုက်ဟွပင်းပြီတဲ့နောက် လူအများကြီးက သူတို့ရဲ့အစွမ်းအစကိုထုတ်ဖော်ပြသကြပါတယ်။ သူတို့က မျက်စိကျိန်လောက်အောင် အားကောင်းတဲ့၀ိညာဥ်စွမ်းရည်ကိုထုတ်သလို တချို့ကတော့ရေပေါ်မှာရိုးရိုးရှင်းရှင်းသာဖြတ်လျှောက်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံးရဲ့လှုပ်ရှားမှုတွေနဲ့ သရုပ်ဖော်ပြမှုတွေကထူးခြားလို့နေခဲ့တယ်။ ဒါ့အပြင် သူတို့တွေက အသက်နှစ်ဆယ်ငါးနှစ်နဲ့ သုံးဆယ်ကြားပတ်လည်မှာရှိနေကြတာပါ။ အများစုကတော့ ၀ိညာဥ်ဘုရင်နဲ့ ၀ိညာဥ်သူတော်စင်တွေကြီးပါပဲ။

ဟယ့်ချိုက်ထို့က နံပါတ်ကိုးဖြစ်သလို ဟို့ယွိဟောင်ကတော့ နံပါတ်ဆယ့်တစ်ပါ ရှု့စန်းရှီကတော့ သူ့တို့လောက်ကံမကောင်းပါဘူး။ နံပါတ်နှစ်ဆယ်လေးဖြစ်နေခဲ့တာကြောင့် သူကနောက်ဆုံးမှာမိတ်ဆက်ရမဲ့သူဖြစ်နေခဲ့တယ်။ မကြာခင်မှာပဲ ဟယ့်ချိုက်ထို့ရဲ့အလှည့်ရောက်သွားခဲ့ပါပြီ။

” နောက်တစ်ယောက်လာခဲ့ပါ ”

ကျန်းလဲ့ရွှမ်ရဲ့ နူညံ့ပြီဆွဲဆောင်မှုရှိတဲ့အသံက ကန်ရေပြင်ကိုဖြတ်သန်းပြီ ထွက်ပေါ်လာခဲ့ပါတယ်။

ဟယ့်ချိုက်ထို့ကတော့ ချောင်းဟန့်ကာလည်ချောင်းရှင်းရင်းနဲ့ သူ့ရဲ့ခံစားချက်တွေအားလုံးကို ထိန်းချုပ်ဖို့ကြိုးစားနေခဲ့ရပါတယ်။ အခုလက်ရှိအချိန်မှာတော့ အရင်တစ်ခေါက်ကလို ကြောက်စရာကောင်းတဲ့လုပ်ဆောင်မှုမျိုးကို သူမလုပ်တော့ပါဘူး။

သူ့ရဲ့သစ်ရွက်ကိုခြေထောက်နဲ့ခပ်ဖွဖွထိလိုက်ပြီချိန်မှာ သူ့ရဲ့တစ်ကိုယ်လုံးကိုအလင်းတန်းတွေက လွှမ်းခြုံလို့သွားပါတော့တယ်။ ထိုက်ဟွပင်းနဲ့ အနည်းငယ်လှုပ်ရှားပုံတူညီနေခဲ့ပြီ သူက အကာအကွယ်တစ်ခုကိုအသုံးပြုပြီးရေပေါ်ကို ဖြည်းဖြည်းချင်းလွှင့်မျောလို့လာခဲ့တာပါ။ ဒါကတော့ ၀ိညာဥ်စွမ်းရည်တစ်ခုမဟုတ်ပဲ ၀ိညာဥ်အတားအဆီးသာဖြစ်နေခဲ့တယ်။

ဒီအတားအဆီးထဲမှာလွှင့်မျောနေရင်း ၀ိညာဥ်ရှပ်ပြေးကနေ အလင်းတန်းတွေထွက်နေခဲ့တာကြောင့် သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားက သိသိသာသာထင်ထင်ရှားရှားပေါ်လွှင်လို့နေခဲ့ပါတယ်။ အမျိုးသမီးတွေဖက်ကိုလှည့်ရင်း ပြောချိန်မှာပဲ စပြီတော့စကားပြောလာတော့တယ်။

” ကျွန်တော်နာမည် ဟယ့်ချိုက်ထို့ပါကြားရတာတော့ အတော်လေးမကောင်းတဲ့နာမည်တစ်ခုပါပဲ မျက်နှာသွင်ပြင်ကိုကြည့်ရင်း နည်းနည်းအိုနေပေမဲ့ တကယ်တော့ ကျွန်တော်အသက်က ဆယ့်ကိုးနှစ်ပဲရှိသေးတယ်…ဆရာက ကျွန်တော်အသက်ကိုကယ်တင်ခဲ့ပြီ ကျောင်းတော်ထဲကိုခေါ်လာခဲ့တာပါ ဒါကြောင့် ဒီနေ့ဒီနေရာမှာရပ်နေနိုင်တဲ့အတွက် ဆရာကိုပဲကျေးဇူးတင်ရပါ့မယ် ”

” ကျွန်တော်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဖြစ်သလို အဆင့်ခြောက်ဆယ်နှစ်ရှိပြီဖြစ်တဲ့ အထောက်အပံ့ပြုရေး၀ိညာဥ်ဧကရာဇ်တစ်ယောက်ပါ ”

” ကျွန်တော် ဒီနေရာကိုရောက်နေတာ လူတစ်ယောက်ထဲအတွက်ပါပဲ အခုအရမ်းစိတ်လှုပ်ရှားနေပေမဲ့ ဒီအချိန်မှသာ ခံစားချက်တွေကိုဖွင့်မပြောမိဘူးဆိုရင် ကျွန်တော်ကိုကျွန်တော်ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး…ရှောင်းရှောင်း ငါဒီနေရာမှာမင်းအတွက်ရှိနေတာပါ မင်းကိုငါအများကြီးသဘောကျတယ်…ငါရဲ့ဘ၀တစ်လျှောက်လုံးမှာ မင်းလိုမျိုးနှစ်သက်ရမဲ့သူမတွေ့ခဲ့ဖူးဘူး…ငါရဲ့မိသားစုကိုဟိုအချိန်တော်တော်ကြာကြာကထဲက ဆုံးရှုံးလိုက်ရတာကြောင့် သူတို့ရဲ့မျက်နှာတွေတောင်မေ့သွားခဲ့ပြီ ဒါပေမယ့် ငါနှလုံးသားထဲမှာလူတစ်ယောက်ကတော့ အ​ရေးကြီးဆုံးအဖြစ်အမြဲတမ်းရှိခဲ့တယ်..အဲ့ဒီလူကမင်းပါပဲ ငါတကယ်မင်းကိုစစ်စစ်မှန်မှန်နှလုံးသားထဲက သဘောကျတယ် ”

ရိုးရှင်းပြီတိုက်ရိုက်ကျသလို တဲ့တိုးပြောတဲ့ဖြေရှင်းချက်က ဟယ့်ချိုက်ထို့ပြင်ဆင်ထားတဲ့အရာပါ။

အစကနေအဆုံးအထိ သူခေါင်းငုံ့ပြီတော့ ဆက်တိုက်ပြောနေခဲ့ပါတယ်။ ရှောင်းရှောင်ကိုတောင် လှည့်မကြည့်၀ံ့ပါဘူး။ ဒါပေမယ့် သူသေချာတစ်ခွန်းချင်ဆီပြတ်သားအောင်ပြောခဲ့သလို လက်သီးကိုလဲကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပါတယ်။ နက်မှောင်တဲ့အသားအရေးနဲ့ မျက်နှာကနီရဲနေခဲ့သလို အခုအချိန်မှာ ချွေးစီးတွေတောင် နဖူးကနေကျနေခဲ့ပါပြီ။ သူစကားပြောပြီတဲ့အချိန်အထိ ရေကန်တစ်ခုလုံးကတော့ တိတ်ဆိတ်လို့နေခဲ့ပါတော့တယ်။ ဒါပေါ့ အခုကျောင်းသားကိုးယောက်အထိ ထွက်လာခဲ့ပြီဖြစ်ပေမဲ့ ဟယ့်ချိုက်ထို့တစ်ယောက်ကသာ သူ့ရဲ့မိတ်ဆက်မှုထဲမှာ အမျိုးသမီးတစ်ယောက်ကိုဖွင့်ပြောတာမျိုး လုပ်ခဲ့ပါတယ်။ သေချာပေါက် သူလုံး၀ကိုနောင်တမရဘူးဆိုတာကိုသိသာနေခဲ့တယ်။

” ဟဲ့ နင်ငါတို့ကို ၀င်တိုက်တော့မယ် ”

ရုတ်တရက်ထွက်လာတဲ့အသံက ဟယ့်ချိုက်ထို့ကို လန့်သွားစေခဲ့ပါတယ်။ သူက ခေါင်းကိုငုံ့ရင်း ၀ိညာဥ်ရှပ်ပြေးကိုသုံးပြီး အရှေ့ကိုဆက်တိုက်ရွေ့လာနေတာပါ အခုမော့ကြည့်လိုက်ချိန်မှာကတော့ သူဟန်ရော့ရော့နဲ့ ၀င်တိုက်တော့မလိုဖြစ်တာကို သတိထားမိလိုက်ပါတော့တယ်။

” အား တောင်းပန်ပါတယ် တောင်းပန်ပါတယ် “:

သူ့ရဲ့ပုခုံးပေါ်က ၀ိညာဥ်ရှပ်ပြေးကိုခပ်မြန်မြန် ပိတ်လိုက်တာကြောင့် သူ့ရဲ့ခန္ဓာကိုယ်က ယိမ်းယိုင်လို့သွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အကာအကွယ်၀ိညာဥ်အတားအဆီးကို ထုတ်ထားခဲ့တဲ့အတွက် ရေကန်ထဲကို၀ုန်းကနည်းပြုတ်ကျလို့မသွားခဲ့ပါဘူး။ မဟုတ်ရင် ရလဒ်ကိုပြောဖို့အတွက် အတော်လေးခက်ပါလိမ့်မယ်။

ဟန်ရော့ရော့ကတော့ သူ့ရဲ့ကြောင်တိကြောင်တောင်ပုံစံကို ကြည့်နေခဲ့မိပါတယ်။ ဒီလိုပုံစံကိုကြည့်ရင်း စိတ်ထဲကနေ မနာလိုမှုရော သဘောကျမှုတွေပါဖြစ်ပေါ်လာနေခဲ့တယ်။ ဒါကြောင့် ပြုံးပြရင်းနဲ့ အားပေးလိုက်ပါတယ်။

” ဆက်လုပ်ထားကောင်လေး ”

” ဟုတ်ကဲ့ပါ ”

ဟယ့်ချိုက်ထို့လဲ ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်ပြီတဲ့နောက် ဟန်ရော့ရော့ရဲ့တောက်ပတဲ့မျက်လုံးတွေကို ရှာတွေ့သွားတဲ့အတွက် သူကျေးဇူးတင်လိုက်ပါတော့တယ်။

” ကျေးဇူးပါပဲ အစ်မကြီး ”

ဟန်ရော့ရော့လဲမသိခဲ့ပါဘူး။ ဒါပေမယ့် ဒီရိုးရှင်းတဲ့စကားလေးက အနာဂတ်မှာသူမရဲ့အသက်ကိုကယ်တင်နိုင်မဲ့တစ်စုံတစ်ရာအဖြစ် အဆုံးသတ်လို့သွားခဲ့မယ်ဆိုတာကိုပေါ့။

ဟယ့်ချိုက်ထို့ကတော့ ရှောင်းရှောင်းကိုသာသေချာကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ရှောင်းရှောင်းကတော့ သူ့ကိုမကြည့်၀ံပါဘူး။ သူမက ခေါင်းကိုငုံ့ထားခဲ့ရင်း အင်္ကျီတွေကိုလိမ်နေခဲ့ပါတယ်။ အကယ်၍ အခုလက်ရှိအချိန်မှာကတော့ သူ့ရဲ့လက်ညိုးနှစ်ချောင်းတောင်ပျောက်နေခဲ့ပါပြီ။ သူပုံစံကနှင်းလုံးလေးနဲ့တစ်ပုံစံထဲပါပဲ။

ငါဘာလုပ်ရမလဲ ငါဘာလုပ်ရမလဲ ရှက်စရာကောင်းလိုက်တာ ရှောင်းရှောင်းရဲ့စိတ်က အခုလက်ရှိအချိန်မှာ အတော်လေးကိုရှူပ်ထွေးနေခဲ့ပါပြီ။

” ဟမ့် တစ်မိနစ်ပြည့်သွားပြီနော် ”

ပေ့ပေ့က ချောင်းဟန့်ရင်းနဲ့ လှမ်းအော်လိုက်ပါတယ်။

” ဟုတ်ကဲ့ ဟုတ်ကဲ့ ”

ဟယ့်ချိုက်ထို့လဲ ခပ်မြန်မြန်ပဲ သူ့ရဲ့နေရာသူပျံသန်းလာခဲ့ပါတယ်။

” ဒီတော့မင်းရှောင်းရှောင်းကိုရွေးလိုက်တာပေါ့ ဟုတ်တယ်ဟုတ် ”

” ဟုတ်ပါတယ် ”

ဟယ့်ချိုက်ထို့ကတော့ ဖြေပြီတဲ့နောက် အရူးတစ်ယောက်လိုမျိုးဆက်တိုက်သာခေါင်းညိတ်နေခဲ့တယ်။

” ရှောင်းရှောင်း ”

ဟန်ရော့ရော့က ခပ်တိုးတိုးလေးလှမ်းပြီခေါ်နေခဲ့တယ်။ ရှောင်းရှောင်းလဲ မော့ကြည့်လိုက်ချိန်မှာတော့ သူမရဲ့မျက်နှာလှလှလေးက ခရမ်းချဥ်တစ်လုံးလိုမျိုးနီရဲလို့နေခဲ့ပါပြီ။ အကယ်၍ ဟယ့်ချိုက်ထို့သာ သူ့ကိုအနီးကပ်ကြည့်ရမယ်ဆိုရင် သေချာပေါက် သူဒီလိုပြောမိမှာပါပဲ။

” ငါခရမ်းချဥ်သီးစားရတာ ကြိုက်တယ် ”

ဟန်ရော့ရော့ကရယ်မောရင်းနဲ့ပြောလာခဲ့တယ်။

” ညီမငယ်လေး ဘာမှရှက်မနေနဲ့ အမျိုးသမီးတွေကပိုပြီးသတ္တိရှိတယ်…အထူးသဖြင့် ဒီလိုကံကြမ္မာကောင်းမျိုးကို ကြုံရတဲ့အချိန်မှာပိုပြီးတော့တောင် ရဲ၀င့်ရဦးမယ် အခုလက်ထဲရောက်နေတဲ့အခွင့်အရေးကို သေချာသာဖမ်းဆုပ်လိုက် အမှန်တကယ်တော့ အဲ့ဒီအရပ်မြင့်မြင့်အသားမဲမဲကောင်လေးက ရုပ်ရည်အရကြည့်မယ်ဆိုရင် ငါညီမနဲ့လုံး၀မတန်ပေမဲ့လဲပေါ့ ”

ရှောင်းရှောင်းရဲ့မျက်နှာမှာ နီရဲတာလေးကနည်းနည်းလျော့သွားခဲ့ပြီ မကျေနပ်တဲ့မျက်လုံးလေက ပေါ်လာခဲ့ပါတယ်။ ဟန်ရော့ရော့ကို ပြန်ပြောချင်ပေမဲ့ ဟန်ရော့ရော့ကတော့ ဆက်ပြီပြောနေခဲ့တယ်။

” သူ့ရဲ့ရုပ်ရည်က ငါညီမနဲ့မတန်ပေမဲ့ ခံစားချက်က စစ်မှန်တယ်ဆိုတာကိုတော့ အစ်မကြီးသိတယ်..ဒါ့အပြင် သူလိုလူမျိုးက သူ့ရဲ့အိပ်မက်ထဲမှာတောင် သစ္စာမဖောက်တဲ့သူမျိုးပဲ နှလုံးသားကလဲ လွယ်လွယ်ပြောင်းလဲတတ်တဲ့သူမဟုတ်လောက်ဘူး..အကယ်၍ သူကိုသာရွေးချယ်မယ်ဆိုရင် သေချာပေါက် ပျော်ရွှင်ရလိမ့်မယ် ”

ရှောင်းရှောင်းလဲ ပြန်ဖြေချင်ပေမဲ့ နောက်ဆုံးမှာတော့ဘာမှမပြောနိုင်တော့ပဲ ခေါင်းကိုသာပြန်ငုံ့လို့သွားပါတော့တယ်။ ဒါကတော့ သူမရဲ့မျက်လုံးထဲမှာချိုမြိန်မှုတွေက ၀င်ရောက်လို့လာခဲ့ပါပြီ။

ဆယ်ယောက်မြောက်ကျောင်းသားမိတ်ဆက်နေချိန်မှာပဲ ဟို့ယွိဟောင်ကတော့ ချွေးပြန်နေတဲ့ ဟယ့်ချိုက်ထို့ကို ကြည့်ရင်းလက်မထောင်ပြလိုက်ပါတယ်။

“ကျွန်တော်လုပ်ရင်တော့ ဒီလောက်ကြီးမကောင်းနိုင်ဘူး အစ်ကိုကြီးရေ ”

” ငါလုပ်တာမှန်ရောမှန်ရဲ့လား ”

ဟယ့်ချိုက်ထို့က ပြန်ပြီမေးနေခဲ့တယ်။

” အနည်းဆုံးတော့ အစ်ကိုကြီး ကိုယ့်စိတ်ထဲမှာရှိတဲ့စကားတွေကိုပြောလိုက်တယ်လေ ရှောင်းရှောင်းလဲ ခံစားချက်ကိုသိတာပေါ့ ရလဒ်ကဘယ်လိုပဲဖြစ်လာပါစေ အနည်းဆုံးတော့ လူတွေအများကြီးရှေ့မှာဒီလိုပြောထွက်နိုင်တာကလဲ အောင်မြင်ပြီလို့ပြောလို့ရနိုင်တယ် ”

ဟယ့်ချိုက်ထို့လဲ သက်ပြင်းချလိုက်ရင်းနဖူးကချွေးတွေကို သုတ်နေခဲ့ပါတယ်။

” ကောင်းတာပဲ ဒါဆိုကောင်းတာပဲ မင်းအလှည့်ရောက်တော့မယ်ညီငယ်လေး ကံကောင်းပါစေဘယ်မိန်းကလေးကို မျက်စိကျနေလဲ ”

ဟို့ယွိဟောင်ကတော့ ဒုတိယမြောက်ကောင်မလေးကို လှမ်းကြည့်လိုက်ပြီတဲ့နောက်မှသာ ခေါင်းခါလိုက်ပါတယ်။

” ကျွန်တော်မသိဘူး ”

ဟို့ယွိဟောင်ရဲ့စိတ်က အချိန်အနည်းငယ်ဖြတ်ကျော်သွားပြီတဲ့နောက် ပိုပြီးတည်ငြိမ်လာခဲ့ပါပြီ။ လူတစ်ယောက်ရဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ဆိုတာက ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့သင်ခန်းစာပါနေခဲ့ပါတယ်။ ဒါကြောင့် သူ့အသက်အရွယ်ကြီးလာတာနဲ့အမျှ စိတ်ကိုထိန်းချုပ်နိုင်စွမ်းကလဲ ပိုပြီးမြင့်မားလာခဲ့ပါတယ်။

ဟယ့်ချိုက်ထို့ကလဲ တူညီတဲ့သင်ခန်းစာတွေကို သင်ကြားခဲ့ရပေမဲ့ အခုလက်ရှိအချိန်မှာ သူသဘောကျရတဲ့လူနဲ့ အရမ်းကိုနီးကပ်နေခဲ့တဲ့အတွက် စိတ်တွေကိုမထိန်းနိုင်တော့ပါဘူး။ ဒါက သူ့အတွက် အရမ်းကိုအ​ရေးကြီးလွန်နေပါတယ်။

ဟို့ယွိဟောင်လဲ သူဒုတိယအစ်ကိုကြီးကို အနည်းငယ်တော့မနာလိုဖြစ်နေခဲ့မိတယ်။ အကယ်၍အဲ့ဒါတကယ်ပဲ ၀မ်သုန့်ရဲ့အစ်မဖြစ်ခဲ့မယ်ဆိုရင် သေချာပေါက် အလင်းတန်းနတ်မိမယ်နဲ့တူညီနေမှာပဲ ဒါဆိုရင် ငါမှာရှိသမျှအားလုံး သူ့ကို ပုံအောပြီချစ်မြတ်နိုးသင့်လား ဒီလိုမျိုးအတွေးလွန်နေချိန်မှာ ဟယ့်ချိုက်ထို့က ရုတ်တရက်ပြောလာခဲ့ပါတယ်။

” ယွိဟောင် မင်းအလှည့်ရောက်ပြီ “:

ဒီအချိန်မှသာ ဟို့ယွိဟောင်လဲ သတိပြန်ကပ်လို့သွားပါတော့တယ်။ တစ်မီနစ်က ကုန်ဆုံးလို့သွားခဲ့ပြီဖြစ်သလို သူအရှေ့မှာမိတ်ဆက်ထားတဲ့ကျောင်းသားကတော့ သူနေရာသူပြန်ရောက်လို့နေခဲ့ပါပြီ။

” ယွိဟောင်ရဲ့အလှည့်ကိုရောက်ပြီ ”

ပေ့ပေ့ရဲ့ခေါ်သံကိုဒီအချိန်မှာကြားလိုက်ရပါတော့တယ်။

အပိုင်း ၂၁၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset