Switch Mode

Chapter – 14.3

" ကောင်းကင် အိပ်မက် နိုးထမှု "

Chapter – 14.3 ” ကောင်းကင် အိပ်မက် နိုးထမှု ”
°°°
” တကယ်ကြီးလား ”
ဟို့ယွိဟောင်လဲ ပျော်သွားခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ကို သူရောက်ရှိလာခဲ့ချိန်ကစပြီး သူ့ကိုယ်သူ ဘယ်လောက်အထိ သေးငယ်ပြီ မထင်မရှားဖြစ်နေလဲဆိုတာ သိလာခဲ့ရတာပါ။ ပညာရှင်တွေအများကြီးကို ကြုံတွေ့လာခဲ့ပြီးတဲ့နောက် အင်အားကြီးမားလိုတဲ့ စိတ်ဆန္ဒက ပိုပြီးတော့တောင် ကြီးမားလာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပါရမီက အတော်ကို နှိမ့်ပါးလွန်တဲ့အတွက် ကြိုးကြိုးစားစားအလုပ်လုပ်ဖို့သာ တတ်နိုင်ခဲ့တယ်။ လက်ရှိအချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကို ချီးမွမ်းနေခဲ့ပါပြီ။ သူဘယ်လိုလုပ် မပျော်ပဲနေနိုင်မှာလဲ။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ အတော်လေး စိတ်ဖိစီးနေတဲ့လေသံနဲ့ ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် ဒီအစ်ကိုကြီးက စွမ်းအင်အရင်းအမြစ်ကိုသုံးလိုက်ရတာလေ ဒါက မူလအသိစိတ်ပဲ ပြောရမယ်ဆိုရင် ၀ိညာဥ်စက်ကွင်းထဲကို ထည့်သွင်းထားတဲ့ အသိဉာဏ်လို့ပြောလို့ရတယ်…ဒါကြောင့်သာ ခန္ဓာကိုယ်ကို စွမ်းအားအသုံးပြုပြီ ကာကွယ်ပေးနိုင်တာ..ဒါ့အပြင် အဲ့ဒီတိုက်ခိုက်မှု ပြီတဲ့နောက် မင်းရဲ့ခန္ဓာကိုယ်ကို ငါအနည်းဆုံးနောက်တစ်နှစ်လောက်အထိ ၀င်ပြီးထိန်းချုပ်လို့ရတော့မှာမဟုတ်ဘူး…ဒါကြောင့် အများကြီးသတိထားမှရမယ်…အကယ်၍ ဒီလိုမျိုး မင်းအနိုင်မယူနိုင်တဲ့ ရန်သူတော်တစ်ယောက်ယောက်နဲ့သာ နောက်တစ်ကြိမ် တွေ့လာခဲ့မယ်ဆိုရင် ငါတို့နှစ်ယောက်လုံး တစ်ခါထဲသေသွားမှာပဲ ကောင်းပြီလေ ငါနောက်ထပ် ဆက်ပြီမတောင့်ခံနိုင်တော့ဘူး…သွားအိပ်တော့မယ် သေချာပေါက် ကြိုးကြိုးစားစား အလုပ်လုပ်နော် ဒုတိယ၀ိညာဥ်စက်ကွင်းကို ရလာပြီဆိုတာနဲ့ ဒီအစ်ကိုကြီးကို နောက်ထပ် အနှောင့်အယှက်ပေးစရာသိပ်မလိုတော့ဘူး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောပြီတာနဲ့ ထွက်ပြေးသွားပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ မူလမေးခွန်းတစ်ချို့ကို မေးမဲ့အစီအစဥ်ကလဲ လက်ရှိအချိန်မှာ ပျောက်ကွယ်လို့သွားခဲ့ရပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က လုံး၀ကို နစ်နစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အတွက်အရာအားလုံးက ပြန်လည်မည်းမှောင်သွားပါတော့တယ်။

°°°
၀မ်သုန့်ကတော့ ပထမဆုံးနိုးလာတဲ့သူ ဖြစ်ခဲ့တယ်။ သူ့မျက်လုံးဖွင့်လိုက်ချိန်မှာတော့ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ အဘိုးကြီးတစ်ယောက် သူ့ရှေ့မှာရှိနေတာကို မြင်လိုက်ရပါပြီ။ ဒါပေမယ့် သူ့စကားမပြောနိုင်ခင်အချိန်မှာပဲ ဟို့ယွိဟောင်က နာနာကျင်ကျင် အော်ညီးရင်း မျက်လုံးတွေဖွင့်လာပါတော့တယ်။

လက်ရှိအခြေအနေကို သူက သိပ်ပြီးမရှင်းလင်းတာကြောင့် ၀မ်သုန့်က ဒေါသတကြီးနဲ့ မေးလာမိပါတော့တယ်။

” ဘာတွေဖြစ်သွားတာလဲ အစောပိုင်းတုန်းက မိစ္ဆာက ဘာမိစ္ဆာကြီးလဲ ”

၀တ်ရုံဖြူ၀တ်ထားတဲ့သူကတော့ အေးအေးဆေးဆေး ပြန်ဖြေလာခဲ့ပါတယ်။

” အခုမင်းတို့ နှစ်ယောက်စလုံး အဆင်ပြေသွားပြီမလား အစောပိုင်းတုန်းက မြင်ခဲ့တဲ့ကိစ္စကို မေ့ပြစ်လိုက် အကယ်၍ မမေ့ပြစ်ဘူးဆိုရင် ကျောင်းတော်ကနေ ထုတ်ပယ်ခံရမယ်…လျော်ကြေးအတွက် မင်းတို့နှစ်ယောက်စလုံးကို ငါကောင်းကောင်းပေးမှာပါ ထက်မြက်တဲ့သူတွေ ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ”

အဲ့ဒီနောက် အစိမ်းရောင်ပစ္စည်းတစ်ခုကို ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ဆီ ပြစ်ပေးလိုက်ပါတယ်။

သတိရလာတဲ့လူနှစ်ယောက်လဲ ချက်ချင်းဆိုသလို ဖမ်းလိုက်တယ်။ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့သူကတော့ ကောင်းကင်ပေါ်ကို ပျံသန်းရင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

” အတန်းသွားတက်ကြတော့ မှတ်ထားလိုက် ဒီနေ့ကိစ္စတွေအားလုံးကို မေ့ပြစ်တာက အကောင်းဆုံးဖြစ်လိမ့်မယ် ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်စလုံးကလဲ ကြောင်အရင်းနဲ့သာ ကျန်ရစ်နေခဲ့ပါတယ်။

” ဟို့ယွိဟောင် ဘာတွေဖြစ်သွားတယ်လို့ထင်လဲ ”

၀မ်သုန့်က ခပ်တိုးတိုးမေးလာခဲ့တယ်။

” မသိဘူး ငါတို့တွေ အရူးတစ်ယောက်နဲ့တိုးလာပုံပဲ ”

ဟို့ယွိဟောင်လဲ ခေါင်းခါလိုက်ပါတယ်။

၀မ်သုန့်လဲ ခေါင်းငုံ့ရင်းနဲ့ အစိမ်းရောင်ပစ္စည်းကိုကြည့်ပြီ မျက်လုံးပြူးသွားခဲ့တယ်။ အဲ့ဒီနောက် သူအရမ်းကို ပျော်သွားခဲ့ပါပြီ။

” ငါတို့တော့ ရွှေတုံးကြီး ကောက်ရတာပဲ ဒါက ၀ိညာဥ်အဆင့်တက်တဲ့ဆေးလုံးကြီး တကယ်၀ိညာဥ်အဆင့်တက်တဲ့ ဆေးလုံးကြီးပဲ ”

ဟို့ယွိဟောင်လဲ သူ့လက်ထဲမှာရှိနေတဲ့ အစိမ်းရောင်အလင်းလုံးကိုကြည့်ရင်း နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ ဒီအစိမ်းရောင်အလင်းလုံးကြီးက သစ်ကြားသီးအရွယ်အစားလောက်ရှိတာပါ။ ဒါ့အပြင် အနံ့မွှေးလွန်လှပါတယ်။ အစိမ်းရင့်ရောင်တောက်ပနေခဲ့တဲ့ အလင်းတန်းက ဆေးလုံးရဲ့ပတ်လည်မှာ ဆက်တိုက်ဆိုသလို လှည့်ပတ်ရင်း အသက်စွမ်းအားအပြည့်နဲ့ တောက်ပလို့နေခဲ့တယ်။

‘” ဒီဆေးလုံးက ထူးဆန်းရေဆေးလုံးလို ဆေးလုံးလိုပဲလား ”

” ဒါ့ပေါ့ ဒါ့အပြင် သူက ထူးဆန်းရေဆေးလုံးနဲ့ အဆင့်တူတဲ့ဆေးလုံးပဲ ဒါပေမယ့် ထူးဆန်းရေဆေးလုံးကတော့ ၀ိညာဥ်အဆင့်တက်ဆေးလုံးထက် နည်းနည်းပိုပြီး တန်ဖိုးကြီးတာပေါ့ သူက လူတစ်ယောက်ရဲ့ အရိုးတွေနဲ့ ၀ိညာဥ်တွေအားလုံးကိုပြန်ပြီ သန့်စင်ပေးနိုင်တဲ့ အစွမ်းအစရှိတယ်လေ ဒါပေမယ့် အဆင့်ဆယ့်သုံးအထက်မှာရှိနေတဲ့ ၀ိညာဥ်ပညာရှင်တွေအတွက်ကတော့ ကြွက်သားနဲ့ အရိုးတွေက သန့်စင်ပြီသားဖြစ်သွားပြီ ဒါကြောင့် ၀ိညာဥ်အဆင့်တက်တဲ့ဆေးလုံးက ထူးဆန်းရေဆေးလုံးထက်တောင် ပိုကောင်းသေးတယ်…ဒါကြောင့် ဆေးလုံးနှစ်လုံးရဲ့တန်ဖိုးက အတူတူလောက်ပဲ သေချာသိမ်းထား ဘာကြောင့်လဲဆိုတော့ ဒီဆေးလုံးက သန့်စင်ဖို့အတွက် အရမ်းကိုခက်လွန်တယ်…ဒီလို ဆေးလုံးမျိုးကို ဆရာတစ်ယောက်က ပေးလာမယ်လို့ ငါထင်တောင်မထင်ထားခဲ့မိဘူး…တွေ့ရတဲ့ကိစ္စတွေအားလုံးကို ငါမေ့ပြစ်လိုက်တော့မယ် ”

” နည်းနည်းပိုပြီး ရှင်းရှင်းလင်းလင်း ပြောပေးလို့ရမလား ဒါက ဘာအတွက်သုံးရတာလဲ ”

” မပြောပြနိုင်ပါဘူး တောင်းပန်လေ ”

ပြောပြီတဲ့နောက် ၀မ်သုန့်က ချက်ချင်းဆိုသလို လှည့်ပြီးထွက်ပြေးသွားပါတော့တယ်။

ဟို့ယွိဟောင်ကတော့ ပါးစပ်အဟောင်းသားနဲ့သာ ရှိနေဆဲပါ။ ၀ိညာဥ်အဆင့်တက်ဆေးလုံးကို သူ့ရဲ့ ပစ္စည်းသိမ်းဆည်းတဲ့ လရောင်ဖြာတံတားနှစ်ဆယ့်လေးစင်းထဲကို ထည့်ပြီတဲ့နောက် ၀မ်သုန့်နောက် ပြေးလိုက်ပါတော့တယ်။

” မင်းငါ့ကို မပြောဘူးဆိုလဲ ငါ့ဆရာတူအစ်ကိုကြီးကိုသွားပြီ မေးလိုက်မယ်..သူက သေချာပေါက် သိမှာပဲ အကယ်၍ ငါ့ကိုပြောပြမယ်ဆိုရင်တော့ ငါမင်းကို နေ့လည်စာကျွေးမယ် ”

” ဒါဆိုရင်လဲ အရသာရှိတာလေးတစ်ခုခု စားရတာပေါ့ ”

၀မ်သုန့်က အရှိန်လျှော့လိုက်ရင်း ပြောပါတော့တယ်။

ဟို့ယွိဟောင်က ရှိရှိသမျှ စုဆောင်းထားသမျှ ပိုက်ဆံတွေအကုန်လုံးကို ထုတ်လာရင်း ပြောလိုက်တော့တယ်။

” ငါက အိမ်ခြေရာမဲ့ မိဘမဲ့ပဲလေ ဒါငါစုဆောင်းထားသမျှ အရာအားလုံးပဲ လိုချင်တာယူပြီ ကြိုက်သလောက်စား ”

ဟို့ယွိဟောင်ရဲ့စကားကိုကြားချိန်မှာ ၀မ်သုန့်ကတော့ မျက်လုံးပြူးသွားခဲ့ပါတယ်။

” မင်းက မိဘမဲ့လား ”

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်တယ်။

” ဒါဆို မင်းအိပ်ယာပေါ်မှာ အိပ်ယာခင်းမရှိဘူးဆိုတာ ကျင့်ကြံဖို့အတွက် တမင်တကာ လုပ်ထားတာမဟုတ်ဘူးပေါ့ အိပ်ယာ၀ယ်ဖို့ ပိုက်ဆံမတတ်နိုင်တာကြောင့်လား ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

” ငါထမင်းစားဖို့ ပိုက်ဆံချန်ရသေးတယ်လေ ထမင်းစားဖို့က အိပ်ယာ၀ယ်ဖို့အတွက် ပိုပြီး အ​ရေးကြီးတယ်…ဒါ့အပြင် ထမင်းစားဆောင်မှာရောင်းတဲ့ အစားအသောက်တွေကလဲစျေးကြီးတာကို ”

၀မ်သုန့်ကတော့ လုံး၀ကို ရပ်နေခဲ့ပါပြီ။

” ဘာလုပ်နေတာလဲ အတန်းချိန်နောက်ကျတော့မယ်လေ ငါတို့အမြန်သွားရအောင် ”

ဟို့ယွိဟောင်က ၀မ်သုန့်ရပ်နေတာကိုမြင်ချိန်မှာ ပြောပါတော့တယ်။

၀မ်သုန့်ကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ဟို့ယွိဟောင်ကို စိုက်ကြည့်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ကတော့ ကြက်သီးတွေတောင် ထနေခဲ့ပါပြီ။

” ဘာဖြစ်လို့လဲ ခုနကကောင် လုပ်လိုက်တာ မင်းရဲ့ဦးနှောက်တစ်၀က်ကျက်သွားလို့လား ”

၀မ်သုန့်က အသက်ပြင်းပြင်းရှုသွင်းပြီ လေပူတွေကို မှုတ်ထုတ်နေရင်း ပြောလာခဲ့ပါတယ်။

” ဟို့ယွိဟောင် ငါတောင်းပန်ပါတယ်…မင်းက မိဘမဲ့ဆိုတာ ငါမသိခဲ့ဘူး ငါဒီလို အနိုင်မကျင့်ခဲ့သင့်ဘူး ”

” မင်းအနိုင်ကျင့်ခဲ့တာတွေလဲ အလုပ်မဖြစ်ခဲ့ဘူးလေ ”

၀မ်သုန့်ကတော့ သူပုခုံးကိုလာပြီ တစ်ချက်ရိုက်လိုက်ပါတယ်။

” ငါဒီလို စိတ်ခံစားချက်အပြည့်နဲ့ စကားပြောနေတဲ့အချိန်မှာ စကားကို ဖြတ်မပြောပါနဲ့လား လာအတန်းသွားတက်မယ်…အခုကနေစပြီး ငါမင်းကို နေ့လည်စာ ကျွေးမယ် ”

ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” မလိုဘူး ဆရာရှောင်ယာ့က ငါ့ကိုပိုက်ဆံရှာဖို့အတွက် နည်းလမ်းရှာပေးထားပြီးပြီ အခုအချိန်ကနေစပြီး ငါက ကျောင်းအတန်းပြီတိုင်း ငါးကင်သွားရောင်းတော့မှာ ဒါက အနည်းဆုံးတော့ စားရေးသောက်ရေးအတွက် လုံလောက်တယ်လေ နောက်ရက်ညမှာ ငါမင်းအတွက် ငါးကင်ယူလာခဲ့မယ်လေ ”

သူတို့ပြောပြီတဲ့နောက် ကျောင်းခန်းဆီကိုလျှောက်လာခဲ့ပါတော့တယ်။ ၀မ်သုန့်ကတော့ ၀ိညာဥ်အဆင့်တက်ဆေးလုံးရဲ့ အသုံးချပုံတွေအကြောင်း ရှင်းပြလို့နေခဲ့တယ်။

၀ိညာဥ်အဆင့်တက်ဆေးလုံးရဲ့ အဓိက အသုံးချတဲ့ရည်ရွယ်ချက်ကတော့ ၀ိညာဥ်စွမ်းအားကို တိုးတက်စေဖို့ပါပဲ။ ဒါ့အပြင် ကောင်းကင်ရတနာတစ်ချို့ကနေ သန့်စင်ထားတာ ဖြစ်တာကြောင့် ၀ိညာဥ်ပညာရှင်တွေက သူတို့ရဲ့တစ်ဘ၀တာလုံးမှာ ၀ိညာဥ်အဆင့်တက်ဆေးလုံးကို တစ်ကြိမ်သာအသုံးချနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီအဆင့်တက်မှုကလဲ အဆင့်ဆယ့်သုံးနဲ့ အဆင့်သုံးဆယ့်တစ်ကြားမှာရှိတဲ့ ၀ိညာဥ်ပညာရှင်တွေသာ သုံးနိုင်မှာပါ။ ဒါ့အပြင် အဆင့်တစ်ဆင့်လုံးကို အပြည့်အ၀တိုးတက်သွားစေနိုင်ခဲ့ပါတယ်။ တွေးကြည့်ဖို့တောင် ခက်တဲ့အရာပါပဲ။ အနာဂတ်မှာ တစ်စုံတစ်ယောက်ကြောင့် ကျင့်ကြံမှုရပ်တန့်သွားခဲ့မယ်ဆိုရင် ဒါကို အသုံးပြုပြီ ချိုးဖျက်နိုင်ပါတယ်။

ဒါ့အပြင် ၀ိညာဥ်အဆင့်တက်တဲ့ ဆေးလုံးနဲ့ ထူးဆန်းရေဆေးလုံးတို့ နှစ်ခုစလုံးက တူညီနေခဲ့ကြပြီ။ အရာအားလုံးက လူတစ်ယောက်ရဲ့အလားအလာကို ပိုအားကောင်းစေသလို ခန္ဓာကိုယ်ကိုလဲ အင်အားဖြည့်တင်းပေးနိုင်ပါတယ်။ ဒါကြောင့်သာ သူတို့ရဲ့ ဆေးပညာဂုဏ်သတ္တိတွေက အတော်လေးကို နူးညံ့နေခဲ့တာလဲ ဖြစ်ပါတယ်။ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ အဆင့်တစ်ဆယ့်အထက်ရောက်မှသာ ဒါကို အသုံးပြုနိုင်မှာပါ။

” ဒါဆိုရင် အကယ်၍ ဒါကို ငါစားလိုက်မယ်ဆိုလို့ကတော့ ၀ိညာဥ်စွမ်းအား ဘယ်လောက်အထိ တိုးတက်သွားမလဲ “‘

ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

၀မ်သုန့်ကတော့ ခေါင်းခါလိုက်တယ်။

” ငါလဲ မသိဘူးလေ အဆင့်ဆယ့်နှစ်မှာ ဒါကိုစားတာမျိုးငါမသိဖူးဘူး ဘယ်လောက်ပဲ စွမ်းအားကောင်းပါစေ ဒီဆေးလုံးက ပစ္စည်းကောင်းတစ်ခုပဲလေ ဒါ့အပြင် လူနည်းနည်းလောက်ကပဲ ဒီဆေးလုံးကို ထုတ်ရောင်းကျတာ ဒါ့အပြင် ငါကြားတာတော့ အပင်အမျိုးအစား ၀ိညာဥ်ပညာရှင်တွေထဲမှာ လူအနည်းစုကပဲ ဒါကိုသန့်စင်နိုင်တာတဲ့ ဒါ့အပြင်မှာ တစ်နှစ်မှာဆေးလုံးထုတ်လုပ်မှုက နှစ်ဆယ့်တောင်ရှိမှာမဟုတ်ဘူး…ဒီတစ်ကြိမ်မှာ ငါတို့တော့ တကယ်စိုင်ကော်လို့ ချုံပေါ်ရောက်တာပဲ ကြည့်ရတာ ကျောင်းကအတော်လေး တရားမျှတတဲ့ပုံပေါ်ပါတယ်…အဲ့ဒီကောင်က ငါတို့အသက်ကို ခြိမ်းခြောက်ခဲ့ပေမဲ့ ငါတို့လဲ ပစ္စည်းကောင်းတစ်ခုကို ရလိုက်တယ်လေ “‘

၀မ်သုန့်ကတော့ ကျောင်းကိုဒီဆေးလုံးပေးတဲ့အတွက် ချီးမွမ်းနေခဲ့မိပါတယ်။ ဟို့ယွိဟောင်ကတော့ မပျော်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့နဲ့၀မ်သုန့် နှစ်ယောက်စလုံး မီးသွေးတုံးဖြစ်သွားနိုင်တာကို သူရှင်းရှင်းလင်းလင်း သိထားလို့ပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်သာ ရှိမနေခဲ့ဘူးဆိုရင် သူတို့တွေ သေနေလောက်ပါပြီ။ ဆေးလုံးတွေရပေမဲ့ သေသွားခဲ့ရင်း အသုံး၀င်နိုင်မှာမဟုတ်ပါဘူး။

အပိုင်း ၁၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset