Switch Mode

Chapter – 214.2

မြင်မြင်ချင်းအချစ် ဒုတိယအချစ်

အပိုင်း ၂၁၄•၂

” မြင်မြင်ချင်းအချစ် ဒုတိယအချစ် ”
°°°
” ကောင်းပါပြီ ပြီးဆုံးသွားပါပြီ အခုမီးအိမ်ဆယ်ခြောက်ခုကျန်ရှိသေးတဲ့အတွက် အစတော့ကောင်းခဲ့တယ် ယွိဟောင် ”

ပေ့ပေ့ကပြုံးပြရင်းနဲ့ ကြော်ငြာလို့နေခဲ့ပါတယ်။

လက်ရှိအချိန်မှာ မီးအိမ်လေးတစ်ခုကသာငြိမ်းသွားတာကို ဟို့ယွိဟောင် သတိထားမိလိုက်တော့တယ်။ ဟန်ရော့ရော့နဲ့ ၀ူးမင်းအပါအ၀င်တခြားမိန်းကလေးဆယ်ခြောာက်ယောက်စလုံးက သူ့အတွက် မီးအိမ်တွေထွန်းပေးနေထားဆဲပါ။ ဒါပေမယ့် ကိုယ်တိုင်းတော့မမျှော်လင့်ထားခဲ့မိပါဘူး။ မြင်မြင်ချင်းအချစ်ရဲ့ ပထမဆုံးအပိုင်းမှာ နှင်းလုံးလေးရဲ့သူ့ရဲ့လုပ်ဆောင်ချက်တွေက အဲ့ဒီအမျိုးသမီးတွေကို အထင်အမြင်ကောင်းသွားတာလဲပါပါလိမ့်မယ်။ ၀ူဖုန်းတစ်ယောက်ကသာ အငြိုးအတေးရှိနေတာကြောင့် မီးငြိမ်းလိုက်တာပါ။

” နောက်တစ်ယောက်ကတော့ ဟယ့်ချိုက်ထို့ပါပဲ အဆင်သင့်ပြင်ထားပါ ပင်လယ်နတ်ဘုရားရေကန်ရဲ့နတ်မိမယ်တို့ ”

ပေ့ပေ့က ဟို့ယွိဟောင် အောင်မြင်သွားတာကိုမြင်ပြီတဲ့နောက်မှာတော့ ဆက်ပြီပြောပါတော့တယ်။

သူ့ရဲ့ဒုတိယအစ်ကိုကြီးလဲ သူလို့ပဲစိတ်လှုပ်ရှားနေတာကို ဟို့ယွိဟောင်ကြည့်ရုံနဲ့တင် သိနေခဲ့တယ်။ ဟယ့်ချိုက်ထို့က မျက်လုံးအပြူးသားဖြစ်နေခဲ့သလို ရှောင်းရှောင်းကိုလဲ လှမ်းကြည့်နေခဲ့ပါတယ်။ ဒါ့အပြင် လက်သီးကိုလဲ တင်းတင်းကျပ်ကျပ်ဆုပ်ထားခဲ့ပြီ နဖူးကနေတောင် ချွေးလုံးတွေကစီးကျလို့နေခဲ့ပါပြီ။

ဒါကဒုတိယအပိုင်းသာဖြစ်ပေမဲ့ ရှောင်းရှောင်းက သူ့အတွက်ခံစားချက်ကောင်းရှိမရှိဆိုတာကို သက်သေပြဖို့အတွက် လုံလောက်နေမှာပါ။

” စတင်လို့ရပါပြီ ”

ပေ့ပေ့ရဲ့အသံနဲ့အတူမီးအိမ်တွေအများကြီးငြိမ်သွားတာကို ဟို့ယွိဟောင်မြင်လိုက်ရပါတော့တယ်။

ဟယ့်ချိုက်ထို့ရဲ့အခြေအနေက ဟို့ယွိဟောင်နဲ့တခြားဆီပါပဲ။ အဆင့်ခုနှစ်ရွေ့လျား၀ိညာဥ်အမြောက်ကြီးကိုထုတ်ယူလာပြီ ခြိမ်းခြောက်တာနဲ့တင် သူ့အတွက် အမှတ်တွေအများကြီးလျော့သွားခဲ့ပါပြီ။ ဒါ့အပြင် မဲမှောင်တဲ့အသားအရေးမြင့်မားပြီ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်တွေအားလုံးက အမျိုးသမီးတွေရဲ့စိတ်တိုင်းကျပုံစံဟုတ်မနေခဲ့ပါဘူး။

” အားလုံးတော့မငြိမ်သွားပါနဲ့ တောင်းပန်းပါတယ် ”

ဟယ့်ချိုက်ထို့က သူဘာသာသူ ဗလုံးဗထွေးပြောနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲနောက်ဆုံးမီးအိမ်လေးနှစ်လုံးကတော့ ကျန်ရှိနေပါတယ်။ တစ်ခုကတော့ ကျန်းနန်နန်ရဲ့မီးအိမ်ပါ အားပေးတဲ့ပုံစံနဲ့ သူကတော့လှမ်းပြုံးပြနေခဲ့ပါတယ်။ ဒါပေမယ့် ဟယ့်ချိုက်ထို့ကတော့ နောက်ထပ်မီးအိမ်တစ်ခုကို မြင်လိုက်ရချိန်မှာ လုံး၀ကိုတုန်လှုပ်လို့သွားတော့တယ်။

သူတစ်ကိုယ်လုံးအင်အားတွေကုန်ဆုံးပြီ ဒူးတောင်ခွေကျသွားတော့မလိုပါပဲ။ အင်္ကျီကတော့ လုံး၀ချွေးတွေအပြည့်ဖြစ်နေခဲ့ပါပြီ။ ဒီအချိန်က သူ့အတွက် သေရေးရှင်ရေးတိုက်ပွဲတစ်ခုလိုမျိုးဖြစ်နေခဲ့တယ်။

ကျန်းနန်နန်ရဲ့ မီးအိမ်အပြင်နောက်ထပ်ရှိနေတဲ့မီးအိမ်ကတော့ရှောင်းရှောင်းရဲ့မီးအိမ်ပါ။ ရှောင်းရှောင်းကတော့ လက်ရှိအချိန်မှာ ခေါင်းငုံ့ထားခဲ့ရင်း ဟယ့်ချိုက်ထို့ကိုမော့မကြည့်၀ံ့ပါဘူး။ အဝေးမှာသာရှိနေပေမဲ့ ဟို့ယွိဟောင်ကတော့ သူမရဲ့မျက်နှာတွေဘယ်လောက်အထိနီရဲနေလဲ လှမ်းမြင်နေခဲ့ရပါတယ်။

” နန်နန်က တကယ်သစ္စာရှိတဲ့သူပဲ “:
ဟယ့်ချိုက်ထို့က ပြောလိုက်မိတယ်။

” ရှောင်းရှောင်းကိုရော ဘာလို့မချီးမွမ်းတာလဲ အစ်ကိုကြီးရဲ့ ”

ဟယ့်ချိုက်ထို့က သူ့နဖူးပေါ်ကချွေးတွေကိုသုတ်ရင်းနဲ့ လှမ်းပြောလာခဲ့ပါတယ်။

” ယွိဟောင် ငါအရမ်းစိတ်လှုပ်ရှားနေတယ်..ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး ”

ဟို့ယွိဟောင်လဲ ရယ်မောလိုက်ရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။

” ကျွန်တော်လဲအတူတူပဲလေ ဒီလိုနေရာမှာနေရမဲ့အစား ကြောက်စရာကောင်းတဲ့တိုက်ပွဲတစ်ခုကိုသာသွားပြီတိုက်ခိုက်လိုက်ချင်တယ်…အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီလိုပွဲမျိုးက ကျွန်တော်နှလုံးသားကို ပိုအခုန်မြန်ပြီစိတ်လှုပ်ရှားအောင် လုပ်နေတာပဲ ကျွန်တော်မှာရည်ရွယ်ထားသူမရှိတာကြောင့်သာ နည်းနည်းလေးခံသာနေတာ ကိုယ်ကတော့ရည်ရွယ်ထားသူရှိတယ်ဆိုမှတော့ သေချာပေါက် ပိုပြီးစိတ်လှုပ်ရှားရမှာပေါ့ စိတ်အေးအေးထားအစ်ကိုကြီးရှောင်းရှောင်းရဲ့မျက်နှာက အခုနီရဲနေတယ် သူရှက်နေတာပဲဖြစ်လိမ့်မယ်..နောက်ဆုံးတော့လဲ သူ အစ်ကိုကြီးအတွက် မီးအိမ်ချန်ထားပေးတယ်လေ ဒါကောင်းတဲ့ကိစ္စပဲမဟုတ်လား အစ်ကိုကြီးမှာအခွင့်အရေးရှိသေးတယ် ”

” ဟုတ်တယ် ”

ဟယ့်ချိုက်ထို့လဲ ခေါင်းကိုဆက်တိုက်ညိတ်နေခဲ့ပါတယ်။ ရှောင်းရှောင်းဒီလိုမျိုး မီးအိမ်ကိုထွန်းညှိပေးထားတာကြောင့် သူယုံကြည်ကလဲ အနည်းငယ်တက်လာခဲ့ပါပြီ။ ပွဲတော်ကတော့ ဆက်ပြီလုပ်ဆောင်နေခဲ့ပါတယ်။ ဒီအမျိုးသမီးတွေက တကယ်ကိုကြမ်းတမ်းပြီ ရက်စက်လွန်လှတယ်။ ဟို့ယွိဟောင်နဲ့ နှင်းလုံးလေးက မီးအိမ်ဆယ်ခြောက်ခုကိုရပေမဲ့ တော်တော်များများကတော့ မီးအိမ်ရဲ့သုံးပုံတစ်ပုံကိုသာ မလင်းစေနိုင်ပါဘူး။ ဟယ့်ချိုက်ထို့လောက်တော့ မဆိုးပေမဲ့ နည်းနည်းတော့ကောင်းပါသေးတယ်။ မြန်မြန်ဆန်ဆန်နဲ့ပဲ ရှု့စန်းရှီရဲ့အလှည့်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ ရှု့စန်းရှီက ပထမဆုံးအတန်းရဲ့နောက်ဆုံးမှာရှိနေခဲ့တာပါ။ သူ့ရဲ့နောက်ဖက်မှာရှိတဲ့ နှစ်တန်းကတော့ ပထမအချီမှာ ဘာကိုမှမအောင်မြင်ခဲ့တဲ့သူတွေပါပဲ။

ဟယ့်ချိုက်ထို့ပဲ ပင်လယ်နတ်ဘုရားကံကြမ္မာကို ပထမဆုံးရောက်ရောက်လာချိန်ထဲက စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရှု့စန်းရှီလဲ ဒီလိုပါပဲ သူက ကျန်းနန်နန်ဖက်ကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည်နေခဲ့သလို တခြားမီးအိမ်တွေကို စိတ်မ၀င်စားပဲရှိနေခဲ့တယ်။ ကျန်းနန်နန်သာ သူ့အတွက် မီးအိမ်ထွန်းပေးမယ်ဆိုရင် အားလုံးအဆင်ပြေပါပြီ။

” ရှု့စန်းရှီရဲ့ မြင်မြင်ချင်အချစ် စတင်ပြီ ”

” ဒင် ဒင် ဒင် “:

ဒီလူက ကျန်းနန်နန်တစ်ယောက်ထဲကိုသာ ပစ်မှတ်ထားမှန်း သိတာကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်သလို ပထမအပိုင်းမှာ ညစ်တီးညစ်ပတ်လှည့်ကွက်တွေသုံးခဲ့တာကြောင့်ကော မီးအိမ်တွေက ဟယ့်ချိုက်ထို့တောင် ပိုမြန်မြန်ငြိမ်းသွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မီးအိမ်နှစ်ခုသာ ကျန်ရှိလို့နေပါတော့တယ်။ ဒါက တစ်ခုကတော့ရှောင်းရှောင်း တစ်ခုကတော့ကျန်းနန်နန်ပါ။

ရှု့စန်းရှီလဲ ဒါကိုမြင်ချိန်မှာသက်ပြင်းချရင်းပြုံးလိုက်ပါတယ်။ ကျန်းနန်နန်ကတော့ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားစွာနဲ့ သူ့လက်ထဲမှာရှိတဲ့ခလုတ်ကို နှိတ်ချလိုက်ပါပြီ။ သူခြေထောက်အောက်မှာရှိတဲ့ မီးအိမ်က ချက်ချင်းဆိုသလိုငြိမ်းသွားပါတော့တယ်။ ကျန်ရစ်တဲ့တစ်ခုသောမီးအိမ်ကတော့ ရှောင်းရှောင်းရဲ့မီးအိမ်ပါပဲ။

ရှု့စန်းရှီရဲ့မျက်နှာကတော့ အကြောတွေတင်းသွားခဲ့ပြီ ဖြူဖျော့လို့သွားကာလူတောင်တုန်ရီလို့သွားပါတယ်။

” နန်နန်လဲ ရက်စက်လှချေလား ”

ရှု့စန်းရှီ သနားစရာကောင်းအောင်အော်နေခဲ့ပေမဲ့လဲ သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းထားပါသေးတယ်။

တခြားတစ်ဖက်မှာ ဟယ့်ချိုက်ထို့ကတော့ ဟို့ယွိဟောင်ကို မေးနေခဲ့တယ်။

” ယွိဟောင် ယွိဟောင် ရှောင်းရှောင်းက ဘာဖြစ်လို့ တတိယအစ်ကိုကြီးအတွက် မိီးအိမ်ထွန်းပေးထားတာလဲ အဲ့ဒါဘာလို့လဲ ”

ဟို့ယွိဟောင်ကတော့ အခုအချိန်မှာ ဘာဖြေလို့ပြန်ဖြေရမှန်းတောင်မသိဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့် သူပြန်ပြောလာခဲ့ပါတယ်။

” ဒုတိယအစ်ကိုကြီး အရမ်းအတွေးလွန်ပြီ အာရုံစိုက်လွန်တာကြောင့် စိတ်ရှုပ်ထွေးကုန်ပြီနဲ့တူတယ်…ဒါဆိုရင် လေးယောက်မြောက်အစ်မကြီးကကော ဘာဖြစ်လို့ အစ်ကိုအတွက်မီးအိမ်ထွန်းပေးထားတယ်ထင်လဲ ဒါကငါတို့အားလုံးက မိသားစုတစ်ခုထဲကဖြစ်နေလို့လေ တစ်ယောက်ကိုတစ်ယောက်ထောက်ပံ့ကူညီအားပေးကြရမယ်မလား ဒါကရှောင်းရှောင်းလဲအတူတူပဲပေါ့ ဒုတိယအစ်ကိုကြီးအတွက် လူတွေအားလုံးမီးအိမ်ငြိမ်းပြစ်လိုက်တာကို သူဒီအတိုင်းဘေးကနေထိုင်ကြည့်နေနိုင်မယ်ထင်လို့လား ”

ဒီအချိန်မှသာ ဟယ့်ချိုက်ထို့လဲ စိတ်သက်သာရာရသွားခဲ့ပါတယ်။ ဒါပေမယ့် သူပြောနေဆဲပါ။

” စန်းရှီက ငါထက်ပိုပြိီးတော့ ခန့်ညားတယ်မဟုတ်လား ဒီတော့ ”

ဟို့ယွိဟောင်ကတော့ ပြန်လှည့်လို့သွားခဲ့ပြီ ပေါက်ကရတွေဆက်ပြောနေတဲ့ ဒီလူနဲ့နောက်ထပ်ဘာမှမပြောဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ရှု့စန်းရှီက ဒီတစ်ချီကိုကပ်သီးလေးကျော်ဖြတ်လို့သွားနိုင်ခဲ့တာပါ။ ဒါပေမယ့် သူ့နောက်ဖက်မှာရှိတဲ့သူတွေကတော့ သူ့လိုကံမကောင်းလှပါဘူး။ အမျိုးသားတွေက များလွန်ပြီ အမျိုးသမီးတွေကနည်းလွန်တဲ့အတွက် အရေအတွက်က နှစ်ဆကွာနေခဲ့တာပါ။ ဒါကြောင့်သာ အမျိုးသားတွေအားလုံးက ဒီတစ်ချီမှာတော့ အများကြီးထုတ်ပယ်ခံရပါလိမ့်မယ်။ မီးအိမ်တွေက ဆက်တိုက်ဆိုသလို ငြိမ်းနေခဲ့ပါတယ်။ မြင်မြင်ချင်းအချစ် ရွေးချယ်မှုပထမဆုံးပြီးဆုံးသွားချိန်မှာတော့ အမျိုးသားနှစ်ဆယ်လေးယောက်သာကျန်ရစ်ပါတော့တယ်။ ဒီလိုပဲ ဒုတိယအပိုင်းကတော့ အမျိုးသားကျောင်းသားတွေရဲ့ သုံးပုံတစ်ပုံကို ဖယ်ရှားပြစ်လိုက်ပါပြီ။

ဟို့ယွိဟောင်ကို အံ့အားသင့်စေတာကတော့ ထိုက်ဟွပင်းအတွက် မီးအိမ်တွေအများကြီးငြိမ်းသွားခဲ့တာပါပဲ။ ၀ူးမင်းကတော့ သူ့အတွက် မီးအိမ်တစ်လုံးကျန်အောင် ချန်ထားပေးခဲ့ပါသေးတယ်။ ဒါကိုမြင်ချိန်မှာတော့ ဟို့ယွိဟောင်စိတ်ထဲကနေ တွေးလိုက်မိတယ်။ ဒီနှစ်ယောက်က အစထဲက မရှင်းမရှင်းတွေဖြစ်နေခဲ့ကြတာလားလို့ပါ။

ရှဲ့ဟွမ်ရဲ့အခြေအနေက အတော်ဆိုးပါတယ်။ သူဒီနေရာကနေထွက်သွားပြီတဲ့နောက်မှာတော့ ဆက်တိုက်အော်နေခဲ့တော့တယ်။

” ၀တဲ့သူမှာရော အခွင့်အရေးမရှိတော့ဘူးလား ၀တဲ့သူမှာဘယ်လိုပဲဖြစ်ဖြစ် အခွင့်အရေးမရှိဘူးပေါ့ ”

သူ့အတွက် မီးအိမ်တစ်အိမ်မှတောင် မကျန်ခဲ့သလို ဒီအတိုင်းထွက်ခွာလိုက်တဲ့အတွက် မကျေမချမ်းဖြစ်နေခဲ့တာပါ။

ဒုတိယအပိုင်းကတော့ အဆုံးသတ်လို့သွားခဲ့ပါပြီ။ ယောကျ်ားလေး နှစ်ဆယ်လေးယောက်ကလဲ နောက်တစ်ကြိမ် ပြန်ပြီအစီအစဥ်ကြရပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့တစ်တန်းထဲစီးလိုက်ကြတာပါ။ အခုလက်ရှိအချိန်မှာကတော့ ကောင်မလေးဆယ်ခုနှစ်ယောက်နဲ့ မျက်နှာချင်ဆိုင်လျက်သား ဖြစ်သွားပါတော့တယ်။

ကျန်းလဲ့ရွှမ်က ဒီတစ်ကြိမ်မှာစတင်ပြီ စကားပြောလာပါတော့တယ်။

” အပိုင်းနှစ်ခုကို ကျော်ဖြတ်ပြီးပြီးဆိုမှတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိလာပြီလို့ ယူဆပါတယ်…ဒါကြောင့် တတိယအပိုင်းဖြစ်တဲ့ ဒုတိယအချစ်ကိုစတင်တော့မှာပါ ဒီတစ်ကြိမ်မှာအမျိုးသမီးတွေက အာရုံစိုက်ဖို့လိုပါတယ်…ဒီတစ်ကြိမ်မှာတော့ ဒုတိယတစ်ခေါက်လို ပုံမှန်ရွေးချယ်ရမှာမဟုတ်ပါဘူး…ရွေးချယ်မှုလုပ်ပြီတာနဲ့သေချာပေါက် စဥ်းစားဖို့လိုပါတယ်…အမျိုးသားတွေအားလုံး ကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့အချိန် တစ်မိနစ်ဆီရကြမှာပါ ဒါ့အပြင် မိတ်ဆက်ပြီတာနဲ့ ကိုယ်သဘောကျနှစ်သက်တဲ့ နတ်မိမယ်ရဲ့နံပါတ်စဥ်ကို ပြောပေးရပါ့မယ်…မိတ်ဆက်တာပြီးသွားပြီဆိုတာနဲ့ အမျိုးသမီးတွေက နောက်ထပ်အဆင့်ကို တက်လှမ်းကြတော့မှာပါ နောက်တစ်ခေါက်ရွေးချယ်မှုက နောက်ဆုံးရွေးချယ်မှုကိုကိုယ်စားပြုပါလိမ့်မယ်…အမျိုးသမီးတွေအားလုံးက နောက်တစ်ခေါက်ရွေးချယ်နိုင်မှာဖြစ်သလို ကိုယ့်ရွေးချယ်မှုကိုလဲနောင်တရလို့မရပါဘူး..ဒီလိုရွေးချယ်တာပြီးသွားတာနဲ့လဲ လေးခုမြောက်အစီအစဥ်ကိုစတင်ပါ့လိမ့်မယ် ”

” အမျိုးသားတွေအားလုံး အာရုံစိုက်ကြပါ ကိုယ်ကိုကိုယ်မိတ်ဆက်တဲ့နေရာမှာအင်အားအကြီးဆုံးလို့ ယူဆရတဲ့အစွမ်းအစကို ထုတ်ဖော်ပြသခွင့်ရှိပါတယ်…ဒါ့အပြင်ကိုယ်ရဲ့ကျင့်ကြံဆင့်နဲ့အဆင့်အတန်းတွေကိုလဲ မိတ်ဆက်လို့ရတယ်…ကိုယ်ရဲ့မိတ်ဆက်မှုကသာ ကိုယ်သဘောကျတဲ့အမျိုးသမီးကို ဆွဲဆောင်နိုင်ဖို့လုံလောက်တယ်ဆိုရင် သေချာပေါက် ပြောလို့ရပါတယ်…ဒီအချိန်မှာတော့ လူအစဥ်တွေကိုပြောင်းလိုက်တော့မှာပါ ဒါဆိုရင် မဲခွဲဆုံးဖြတ်ရတာကလဲပိုပြီးတရားမျှတသွားပါလိမ့်မယ် ”

ပေ့ပေ့ကတော့ လီလီပန်းပွင့်တစ်ရွက်ကို စီးလာခဲ့ပြီ အမျိုးသားတွေရဲ့အရှေ့ကိုရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့လက်ထဲမှာတော့ နံပါတ်စဥ်တုတ်ချောင်းလေးတွေရှိနေခဲ့တယ်။ ဘယ်ဘက်ကနေ ညာဘက်အထိ မဲခွဲဖို့တုတ်ချောင်းလေးကိုသူကိုင်ပြီ လိုက်ဝေနေခဲ့ပါတယ်။

တခြားတစ်ဖက်မှာရှိနေတဲ့ မိန်းကလေးတွေအားလုံးကလဲ ပြိုင်ဖက်တွေအပေါ်မှာ နံပါတ်စဥ်တွေရှိနေခဲ့ပါပြီ။ သူတို့အားလုံးလဲ နေရာတွေပြောင်းလိုက်ကြပါတော့တယ်။ ဟို့ယွိဟောင် စောင့်ကြည့်နေတဲ့ကောင်မလေးကတော့ နံပါတ်နှစ်နေရာမှာရှိနေဆဲပါပဲ။ မဲခွဲတာက ခပ်မြန်မြန်ပြီးဆုံးသွားတာဖြစ်သလို ဟို့ယွိဟောင်ရဲ့ကံတရားကတော့ ပုံမှန်သာဖြစ်နေခဲ့တယ်။ သူကနံပါတ်ဆယ့်တစ်နေရာမှာရှိနေခဲ့တာပါ။ အလယ်အလတ်နေရာမှာပါပဲ။

ပထမဆုံးရှိတဲ့လူတွေနဲ့ နောက်ဆုံးမှာရှိတဲ့လူတွေကတော့ ဒီတစ်ခေါက်ရွေးချယ်မှုမှာ အနည်းငယ်အရေးနှိမ့်ကြပါလိမ့်မယ်။ ပထမဆုံးတချို့လူတွေကတော့ အတွေ့အကြုံမရှိတာကြောင့်ပါပဲ။ နောက်ဆုံးမှာကတော့ နောက်ဆုံးရောက်နေတဲ့သူတွေကတော့ လူတော်တော်များများ အစွမ်းအစပြပြီဖြစ်တာကြောင့် အခွင့်အရေးနည်းလို့ပါ။ ပထမဆုံးအချီမှာဟို့ယွိဟောင်ရဲ့ဘေးမှာနေရာယူထားခဲ့တဲ့ ချူးချင်းထန်ကတော့ လက်ရှိအချိန်ပထမဆုံးအစွမ်းပြရမဲ့သူဖြစ်နေခဲ့တယ်။ ကျန်းလဲ့ရွှမ်က စတင်ကြော်ငြာလိုက်ပါပြီ။

” ကောင်းပါပြီ တတိယအစီအစဥ်စတင်ပါ့တော့မယ်…အစွမ်းကောင်းကောင်းပြကြပါကလေးတို့ ပင်လယ်နတ်ဘုရားနတ်မိမယ်တွေရဲ့ အာရုံကိုဆွဲဆောင်ဖို့ဒါကအကောင်းဆုံးအခွင့်အရေးပါပဲ ဒီအခွင့်အရေးကိုလွဲချော်မခံပါနဲ့ ”

” နံပါတ်တစ်ရထားတဲ့ ကျောင်းသားအရှေ့ကိုထွက်လာခဲ့ပါ ကိုယ်ရဲ့လုပ်ဆောင်ချက်အစွမ်းပြမှုက အလယ်တည့်တည့်ရေနယ်မြေမှာလုပ်ဆောင်ရမှာပါ စည်းမျဥ်းတွေကတော့ အတူတူပါပဲ အကယ်၍ ရေကန်ထဲကိုကျသွားမယ်ဆိုရင် ထုတ်ပယ်ခံရလိမ့်မယ် ”

” ကျေးဇူးပါပဲ အစ်မကြီး ”

ချူးချင်းထန်က အချိန်ကိုလုံး၀မဖြုန်းခဲ့ပါဘူး။ သူချက်ချင်းကောင်းကင်ပေါ်ကိုခုန်တက်လို့သွားပါတော့တယ်။ ခန္ဓာကိုယ်ဘေးပတ်လည်မှာ လျှပ်စီးအလင်းတန်းတွေက တောက်ပလို့လာခဲ့ပါပြီ။ ရေကန်ရဲ့မျက်နှာပြင်ပေါ်ကို မျက်တောင်တစ်ခတ်အတွင်း ပြန်ရောက်သွားခဲ့ပါတယ်။

” ပင်လယ်နတ်ဘုရားရေကန်ရဲ့ နတ်မိမယ်တွေကို ဂါရ၀ပြုပါတယ်..ငါရဲ့နာမည်က ချူးချင်းထန်ပါ ”

သူ့ရဲ့နာမည်က လေထဲမှာပဲ့တင်ထပ်သွားခဲ့သလို ၀ိညာဥ်စက်ကွင်းတွေကလဲ တောက်ပလာခဲ့ပါပြီ။ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်း အနက်ရောင်နှစ်ကွင်းတို့ပါပဲ။

သူက ကောင်းကင်ပေါ်မှာနောက်တစ်ကြိမ်လှည့်ပတ်လိုက်ချိန်မှာတော့ တတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာပါတော့တယ်။ မရေမတွက်နိုင်တဲ့ လျှပ်စီးတန်းတွေဖြစ်ပေါ်လာခဲ့ပြီ ခန္ဓာကိုယ်ကပျောက်ကွယ်သွားခဲ့သလို အသံတွေသာကျန်ရစ်နေပါတော့တယ်။

” ငါက အသက်နှစ်ဆယ်ခုနှစ်ရှိပါပြီ သိုင်းပညာ၀ိညာဥ်ကတော့ ရူးသွပ်နေတဲ့လျှပ်စီးကျားသစ်ပါ အမြန်နှုန်းအမျိုးအစား ၀ိညာဥ်ဧကရာဇ်ဖြစ်သလို ၀ိညာဥ်စွမ်းအားက အဆင့်ခြောက်ဆယ်ခုနှစ်ကိုရောက်နေပါပြီ အတွင်းနယ်မြေထဲမှာ အမြန်နှုန်းဖြစ်မဲ့သူဆိုတာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိပြောနိုင်ပါတယ်..အများကြီးထူးချွန်နေတဲ့သူမဟုတ်ပေမဲ့ စိတ်နှလုံးသားကတော့မှန်ကန်ပါတယ်…ဒါ့အပြင် ဒီနေ့ပွဲတော်မှာပါ၀င်ဖို့ဆုံးဖြတ်ချက်ချပြီကထဲက ဒီနေ့ငါကိုရွေးချယ်တဲ့ဘယ်နတ်မိမယ်ကိုမဆို နှလုံးသားအဖြစ်ပုံအပ်ပြီ တစ်သက်တာမြတ်နိုးကြင်နာပါ့မယ်လို့ ဆုံးဖြတ်ချက်ချထားခဲ့ပြီသားပါ ”

လျှပ်စီးတန်းတွေက ကောင်းကင်ပေါ်မှာရုတ်တရက်တောက်ပလို့နေခဲ့သလို သူပြောပြီတာနဲ့ ချက်ချင်းဆိုသလို ကြီးမားတဲ့နှလုံးသားပုံသဏ္ဍာန်လျှပ်စီးတန်းကြီးအဖြစ်ကိုပြောင်းလဲလို့သွားပါတော့တယ်။ သူ့ခန္ဓာကိုယ်ကတော့ အလင်းတန်းတွေနဲ့ဖြစ်ပေါ်လာခဲ့ရင်း ဒီနှလုံးသားပုံသဏ္ဍာန်လျှပ်စီးတန်းကြီးကနေ အပြင်ကိုခုန်ထွက်လို့လာပါတော့တယ်။ လေလိုမျိုးရွေ့လျှားနေခဲ့ရင်း သူ့ရဲ့နှလုံးသားပုံသဏ္ဍာန်လျှပ်စီးတန်းကြီးက အဝေးမှာရှိနေတဲ့မိန်းကလေးတွေဆီကို ဖြည်းဖြည်းချင်းပျံသန်းလာရင်း လေထဲမှာပျောက်ကွယ်လို့ သွားပါတော့တယ်။

အဲ့ဒီနောက် သူက ကောင်းကင်ပေါ်မှာနောက်တစ်ပတ်လှည့်လိုက်ပြီ ကျန်းလဲ့ရွှမ်ဆီကို နောက်ထပ်လျှပ်စီးတန်းတချို့ပြစ်လွှတ်လိုက်ပါတယ်။ အဲ့ဒီအပေါ်မှာကတော့ သူကြိုက်တဲ့မိန်းကလေးရဲ့နံပါတ်ကိုရေးထားခဲ့တယ်။ ဒီလိုနဲ့လေထဲမှာနောက်တစ်ကြိမ်ပြန်ခုန်လိုက်ရင်း လီလီပန်းပွင့်ပေါ်ကိုပြန်ရောက်လို့သွားခဲ့ပါပြီ။

ချူးချင်းထန်ကတော့ သူ့ရဲ့အရှိန်နှုန်းနဲ့ထိန်းချုပ်နိုင်စွမ်းတွေကို သေချာလေးပြသလို့သွားခဲ့ပါတယ်။ လှုပ်ရှားမှုတွေအားလုံးကလဲ စီးဆင်းနေတဲ့ရေ ရွေ့လျားနေတဲ့တိမ်တွေလိုပါပဲ ဘာမှပြောစရာမရှိခဲ့ပါဘူး။ ဒါ့အပြင် သူလိီလီပန်းပွင့်ပေါ်ကိုရောက်တာကလဲ တစ်မိနစ်တိတိကွက်တိဖြစ်နေခဲ့တယ်။

အပိုင်း ၂၁၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset