အပိုင်း ၂၁၄•၁
” မြင်မြင်ချင်းအချစ် ဒုတိယအချစ် ”
°°°
လေထဲကိုနှစ်မီတာကျော် ဒီအတိုင်းခုန်တက်သွားရုံနဲ့ ဘာများလုပ်နိုင်မှာလဲ ဟယ့်ချိုက်ထို့က ချက်ချင်းအဖြေပေးလိုက်ပါတယ်။ နောက်ကျောမှာ၀ိညာဥ်ရှပ်ပြေးတွေက ထွက်ပေါ်လာခဲ့ပါပြီ။ အရှိန်နှုန်းခပ်ပြင်းပြင်းနဲ့ပြေးထွက်လို့သွားခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ သူကမြန်မြန်ဆန်ဆန်အရှေ့ကိုဖြတ်သွားနေတာမဟုတ်ပဲ ကန့်လန့်သွားနေတာပါ။ နောက်ကျောဖက်မှာကြီးမားတဲ့ပုံသဏ္ဍာန်ဖြတ်သန်းရေး၀ိညာဥ်လက်နက်တွေထွက်ပေါ်လာခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားကလဲ အရှေ့ကိုပေါက်ကွဲထွက်လာပြီတဲ့နောက် အမျိုးသမီးကျောင်းသူတွေရဲ့အရှေ့ ကောင်းကင်ပေါ်ကို သူရောက်ရှိလို့လာပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ အတောင်ပံတွေက ပုံစံဲပြောင်းသွားခဲ့ပါပြီ။ လက်ရှိအချိန်မှာထီးကြီးတစ်ခုလိုမျိုးပုံစံနဲ့ ဟယ့်ချိုက်ထို့ရဲ့ရင်ဘတ်ပတ်လယ်မှာလည်ပတ်လို့နေပါတော့တယ်။ အလင်းတန်းတွေက အောက်ကိုစိုက်ချလို့လာခဲ့ပြီ အရင်ကထက် နည်းနည်းလေးအားနည်းလို့သွားခဲ့တယ်။ ဟယ့်ချိုက်ထို့ကတော့ သူ့ရဲ့အရှိန်နှုန်းကိုအသုံးပြုပြီး အရမ်းကိုအထင်ကြီးစရာကောင်းတဲ့ပုံစံမျိုးနဲ့ ထိန်းချုပ်လို့ထားခဲ့ပါတယ်။
” အားလုံးသတိထားကြ ”
ဟယ့်ချိုက်ထို့ရဲ့လက်တွေက လှုပ်ရှားရင်းနဲ့ အော်လိုက်ပါတော့တယ်။ သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက သိပ့်သည်းပြီလေးလံတဲ့ပုံပေါ်နေခဲ့သလို လက်တွေကတော့ မြန်မြန်ဆန်ဆန်လှုပ်ရှားရင်း အနက်ရောင်မီးလုံးတွေကို ရေထဲပြစ်ချနေခဲ့ပါတယ်။ တကယ်တော့ ရာနဲ့ချီပြီတော့ကိုပြစ်ချနေတာပါ။
ဒါက ဘာတွေကြီးလဲ အားလုံးချက်ချင်းတွေးမိလိုက်ကြတယ်။ ဟယ့်ချိုက်ထို့ရဲ့အစောပိုင်းပုံစံတွေက ကြည့်လိုက်မယ်ဆိုရင် ဒီလူကအရမ်းကိုတဲ့တိုးဆန်ပြီ အညှာအတာကင်းမဲ့တဲ့ပါ။ ဒါကြောင့် အင်အားကြီးတဲ့ဖောက်ခွဲရေးပစ္စည်းတွေလို့သူတို့ချက်ချင်းတွေးမိလိုက်တယ်။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအကြောင်းကိုသူတို့မသိပေမဲ့ ဒါတွေနဲ့မထိရမှန်းတော့သိကြပါတယ်။
ချက်ချင်းဆိုသလို ကောင်မလေးတွေအားလုံးက လေပေါ်ကိုခုန်တက်လို့သွားခဲ့ကြပါပြီ။ လူဆယ့်ခုနှစ်ယောက်စလုံး လေပေါ်ကိုရောက်သွားချိန်မှာပဲ အနက်ရောင်အလုံးတွေက တစ်ခုပြီတစ်ခုရေထဲကိုပြုတ်ကျလို့သွားခဲ့ပါတယ်။ ဒါပေမယ့် ဘာမှဖြစ်မလာခဲ့ပါဘူး။ ဟယ့်ချိုက်ထို့ကတော့ရယ်ရင်းလက်ညိုးကို သူတို့ဆီထိုးထားခဲ့တယ်။ ရေထဲမှာအလင်းတန်းကြီးတစ်ခုက တောက်ပလို့လာခဲ့ပြီ အံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်လာခဲ့ပါပြီ။
ရေမျက်နှာပြင်တစ်ခုလုံးက တောက်ပလို့လာခဲ့ပြီတဲ့နောက် ရေအောက်ဖက်ကနေ ရာနဲ့ချီတဲ့ အလင်းလှိုင်းတွေက အပေါ်ကိုထိုးတက်လို့လာခဲ့ပြီ အမျိုးသမီးဆယ့်ခုနှစ်ယောက်စလုံးကို ဖုံးလွှမ်းလို့သွားပါတော့တယ်။
ဒါကဘယ်လိုတိုက်ခိုက်မှုမျိုးလဲ အမျိုးသမီးတွေလဲသေချာမသိပါဘူး။ ဒါပေမယ့် ခြိမ်းခြောက်မှုကို သေချာပေါက်မခံစားရပဲ အလင်းတန်းရဲ့မြန်ဆန်တဲ့အရှိန်နှုန်းကိုသာ ခံစားလိုက်ရပါတယ်။ တချို့မြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်တဲ့ကောင်မလေးတွေကတော့ခုခံမှု၀ိညာဥ်စွမ်းရည်တစ်ခုကိုထုတ်သုံးလိုက်ကြပါပြီ။ အလင်းတန်းတွေကို ခြိမ်းခြောက်တယ်လို့မခံစားရတဲ့အမျိုးသမီးတွေကတော့ အလင်းတန်းတွေရိုက်ခတ်တာကိုခံလိုက်ရပါတယ်။ သူတို့လဲ အံ့အားသင့်သွားခဲ့ရတယ်။
ဒီအလင်းတန်းတွေက ဘာခြိမ်းခြောက်မှုမှမရှိသလို ခန္ဓာကိုယ်ကိုလဲမထိခိုက်စေပါဘူး။ ဒါပေမယ့် လေလိုတိုက်ခိုက်နိုင်တဲ့စွမ်းအားတော့ရှိပါတယ်။
ဦးထုပ်သုံးလုံးက ကျွတ်သွားခဲ့ပါပြီ။
” တကယ်လူလိမ်ကောင်ပဲ အစကထဲက ဟန်ဆောင်နေတာ ”
အထက်မြက်ဆုံးဖြစ်တဲ့ ဟန်ရော့ရော့က အရင်ဆုံးနားလည်သွားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့က အစကထဲက အကွက်ဆင်ထားတာပါ။
ဒါကြောင့်သာ ကောင်မလေးတွေအားလုံးလေထဲတစ်ပြိုင်နက်ထဲခုန်ထအောင်လုပ်ရင်းနဲ့ သတ္ထုဘောလုံးတွေကိုတမင်တကာပြစ်ချလိုက်တာပါ။ သူကတော့ သူ့ရဲ့ရည်ရွယ်ချက်အောင်မြင်သွားခဲ့ပါပြီ။ သူဘာလုပ်လိုက်လဲ ဘယ်သူမှသေချာမသိသလို လေအရှိန်ကိုသယ်ဆောင်ထားတဲ့အလင်းလုံးတွေကလဲ ရေအောက်ထဲကနေ ထွက်ပေါ်လာခဲ့တာပါ။
ဟယ့်ချိုက်ထို့ကတော့ လေထဲမှာရပ်ရင်း ရယ်နေခဲ့ပါတယ်။ နောက်ထပ်၀ိညာဥ်အမြောက်တစ်ခုကလဲ သူပုခုံးပေါ်မှာပေါ်လာခဲ့ပါပြီ။ အမျိုးသမီးတွေဘာမှမလုပ်နိုင်ခင်မှာပဲ သူကအမြောက်နဲ့ထပြစ်ပါတော့တယ်။ ဒါကတိကျတဲ့ပစ်မှတ်မရှိပါဘူး။ အမြောက်ရဲ့ကန်အားကိုအသုံးပြုရင်း အနောက်ကိုပျံသန်းလို့သွားခဲ့တာပါ။ ဒီ၀ိညာဥ်အမြောက်ကို ရှပ်ပြေးတစ်ခုအဖြစ်နဲ့လဲအသုံးပြုနိုင်ပါတယ်။ မြန်ရုံတင်မက အတော်လေးလဲအသုံး၀င်ခဲ့တယ်။ သူက ဟို့ယွိဟောင်လိုမျိုး ရင်ဘတ်မှာ၀ိညာဥ်ရှပ်ပြေးတပ်ထားဖို့မလိုပါဘူး။
နေလနိုင်ငံတော်မှာနှစ်နှစ်ခွဲပညာသင်နေတဲ့တစ်လျှောက်တိုးတက်လာခဲ့တာ ဟို့ယွိဟောင်တစ်ယောက်ထဲမဟုတ်ပါဘူး။ ဟယ့်ချိုက်ထို့က နေ့တိုင်းဘာမှထုတ်မပြပေမဲ့ သူ့ရဲ့၀ိညာဥ်လက်နက်တွေနဲ့ပတ်သက်တဲ့စွမ်းရည်တွေက ကျောင်းသားထဲမှာအမြင့်ဆုံးပါပဲ။
” ဟယ့်ချိုက်ထို့ ဒီကောင်ကတော့လား ”
ဖန်းယွီကတော့ ဒေါသတကြီးနဲ့အော်နေခဲ့ပါပြီ။ ဟယ့်ချိုက်ထို့ တိုက်တိုက်ဆိုင်ဆိုင်ပြစ်လိုက်တဲ့အမြောက်က သူတို့ဆီကိုတန်းတန်းမတ်မတ်ရောက်လာခဲ့တယ်။ ဒါ့အပြင် သူတို့လှေနားကရေပေါ်ကိုကျလာတဲ့အတွက် ပေါက်ကွဲပြီ မြူခိုတွေနဲ့ရေတွေတ၀ုန်း၀ုန်းဖြစ်နေခဲ့ပါတယ်။ ချင်းသောသောကတော့ အော်ရယ်နေခဲ့ပါပြီ။
” ဒီကောင်လေးကတော့ တစ်ရက်တစ်ရက်ပိုပြီးကောက်ကျစ်လာတာပဲ သေချာပေါက် ပေ့ပေ့နဲ့ရှု့စန်းရှီတို့ဆီက အကျင့်တွေကူလာတာပဲဖြစ်ရမယ် ”
ဟယ့်ချိုက်ထို့လုပ်နေတာကိုမြင်ချိန်မှာတော့ ပေ့ပေ့ရဲ့မျက်နှာကြီးက ဒေါသထွက်လွန်လို့ မဲတောင်မဲမှောင်နေခဲ့ပါပြီ။ ချင်းသောသောရဲ့ရယ်သံနဲ့အော်ပြောနေတဲ့အသံကျယ်ကြီးကို ကြားချိန်မှာ သူ့မျက်နှာကပိုပြီးမဲမှောင်လို့သွားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကို တောက်ပနေတဲ့မျက်လုံးပြူးကြီးတွေနဲ့ သူကြည့်နေခဲ့တယ်။
ရှု့စန်းရှီကတော့ မှားယွင်းစွပ်စွဲခံရတဲ့ပုံစံကလေးနဲ့သာရှိနေခဲ့တာပါ။ ဒါကငါအမှားမှမဟုတ်တာကို ဘယ်လိုဖြစ်လို့ငါအပြောခံနေရပြန်တာလဲ လွန်ခဲ့တဲ့နှစ်နှစ်ခွဲလုံးလုံးဟယ့်ချိုက်ထို့နဲ့အတူရှိနေတာက ဟို့ယွိဟောင်လေ ငါနဲ့ဒီကိစ္စကဘာများသက်ဆိုင်နေလို့လဲ။
ဟယ့်ချိုက်ထို့ကတော့ သူ့ရဲ့သစ်ရွက်ပေါ်ကိုပြန်ရောက်လို့သွားခဲ့ပါပြီ။ အစောပိုင်းတုန်းက သူပြသနေခဲ့တဲ့ ရူးကြောင်ကြောင်နိုင်မှုတွေအားလုံးက ပျောက်ကွယ်လို့သွားပါတော့တယ်။ သူအောက်ကိုပြန်ဆင်းလာချိန်မှာရယ်မောလို့နေခဲ့ပြီ တစ်ဖက်ကအမျိုးသမီးတွေကိုတောင် လက်ဝှေ့ရမ်းပြနေခဲ့ပါသေးတယ်။ ဒါပေမယ့် မျက်လုံးကတော့ အစကနေအဆုံးအထိ ရှောင်းရှောင်းဆီသာရှိနေခဲ့တာပါ။
ရှောင်းရှောင်းကတော့ ဟယ့်ချိုက်ထို့တိုက်ခိုက်ချိန်မှာ အနည်းငယ်အံ့အားသင့်သွားခဲ့ပေနဲ့ သူ့ရဲ့ပျော်ရွှင်တောက်ပတဲ့အကြည့်ကိုရင်ဆိုင်ရချိန်မှာတော့ သူမရဲ့မျက်နှာတွေလဲ နီရဲလာပါတော့တယ်။ ခေါင်းကိုငုံ့နေခဲ့ပေမဲ့ စိတ်ထဲမှာတော့အနက်ရောင်ဂတုံးပြောင်ပြောင်တစ်လုံးက စိတ်ထဲမှာနေရာယူထားခဲ့ပါပြီ။ လွန်ခဲ့တဲ့လေးနှစ်တုန်းက သူ့မကိုကယ်တင်ခဲ့တဲ့အဲ့ဒီလူကို မျက်လုံးထဲမှာပြန်မြင်နေရတဲ့အတိုင်းပါပဲ။ ရှိသမျှအရာအားလုံးကိုပေးဆပ်ပြီ တိုက်ခိုက်ခဲ့တဲ့အဲ့ဒီလူက နှစ်နှစ်ကြာပြီတဲ့နောက်မှာတောင် ဘယ်လိုဖြစ်လို့အရင်ကထက်ပိုပြီးအသားမဲသွားရတာလဲ။
အကယ်၍ ရှောင်းရှောင်းသာ ဟယ့်ချိုက်ထို့တွေးနေတာကိုသိမယ်ဆိုရင် သေချာပေါက် မျက်ရည်တွေ၀ဲနေတဲ့မျက်နှာကြီးနဲ့ ပြန်ဖြေနေမှာပါ။ အချစ်ကလေးရေ အခုကညနက်သံခေါင်ဖြစ်နေတာနော် လူတိုင်းကအရင်ကထက်နည်းနည်းပိုပြီးမဲသွားတာပုံမှန်ပဲမလား။
ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ ဘယ်လိုပဲအောင်မြင်ခဲ့ပါစေ သူတို့က ဦးထုပ်ရှစ်လုံးတိတိချွတ်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန် ဆယ့်ခုနှစ်ယောက်ထဲမှာသုံးပုံတစ်ပုံကသာ ဦးထုပ်စွပ်လျက်သားကျန်ရှိနေခဲ့တာပါ။ ဒါပေမယ့် ဘယ်ဘက်ကရေရင်း ဒုတိယမြောက်ကောင်မလေးကတော့ အခုအချိန်အထိ ဦးထုပ်ဆောင်ထားဆဲပါပဲ။ အရမ်းကိုလဲ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပါသေးတယ်။
ကျန်တဲ့ပွဲရဲ့အပိုင်းကမြန်မြန်ဆန်ဆန်ပြီးသွားခဲ့ပါပြီ။ သူအစွမ်းအစတွေထုတ်ပြခဲ့သလို တချို့သူတွေက လှည့်ကွက်ကိုသုံးပေမဲ့ ဟယ့်ချိုက်ထို့က အားလုံးကိုလွှမ်းမိုးမှုကြီးမားတဲ့အတွက် ဘယ်သူမှအဆုံးသတ်မကောင်းခဲ့ပါဘူး။ နောက်ထပ်နှစ်ယောက်ကတော့ ရေထဲပြုတ်ကျလို့သွားခဲ့ပြန်ပါပြီ။ လက်ရှိအချိန်မှာတော့ အမျိုးသားသုံးဆယ်ကိုးယောက်ကနေ ကိုးဆယ်ခြောက်ယောက်သာကျန်ပါတော့တယ်။
ဦးထုပ်ဆောင်ထားတဲ့သူက သုံးယောက်တောင်ကျန်နေတုန်းပါပဲ။ အဲ့ဒီထဲမှသာတစ်ယောက်က ဟို့ယွိဟောင်ရဲ့အာရုံကိုဖမ်းစားထားနိုင်ခဲ့ပါတယ်။ အဲ့ဒီတစ်ယောက်က နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းရှိတဲ့သူနဲ့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရှိတဲ့သူတွေပါပဲ။ ဒါကအတော်လေးကို စိတ်ပျက်စရာကောင်းပါတယ်။ အကယ်၍ ရုပ်ရည်ကိုမမြင်ရဘူးဆိုရင် သူဘယ်လိုလုပ်အာရုံစိုက်ရတော့မှာလဲ။
ပထမအပိုင်းပြီးသွားပြီတဲ့နောက် ကျောင်းသားတွေရဲ့စိတ်ခံစားချက်တွေကလဲ ပြင်းထန်လွန်နေခဲ့ပါပြီ။ သူတို့နှစ်ယောက်က အရှေ့ဆုံးမှာရှိနေခဲ့တာကြောင့် လူတော်တော်များများက သူ့ကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်နေမှန်း အာရုံခံမိပါတယ်။
အမျိုးသားတွေအများစုက သူတို့ရဲ့အိပ်မက်ထဲက မိန်းမချောတွေကိုအာရုံစိုက်နေခဲ့တာပါ။ အမျိူးသမီးတွေကလဲ တော်တော်များများရုပ်ရည်တွေကိုထုတ်ပြပြီဖြစ်တဲ့ အတွက် ကျန်းနန်နန်ကအားလုံးထဲမှာအလှဆုံးဆိုတာသိသာနေခဲ့တယ်။ သူမရဲ့လှပတဲ့ ရုပ်ရည်က လူတော်တော်များများနဲ့ယှဥ်ရပ်လိုက်ချိန်မှာ မှေးမှိန်သွားခဲ့စေခဲ့ပါတယ်။
ဒါပေမယ့် ရှု့စန်းရှီနဲ့ ကျန်းနန်နန်ကြားမှာ ဘာတွေဖြစ်နေလဲဆိုတာသိကြတဲ့အတွက်အများစုသူ့ကိုစဥ်းတောင်မစဥ်းစားကြပါဘူး။ အဆုံးသတ်မှာ ကျန်းနန်နန်က ရှု့စန်းရှီအပါအ၀င်ဘယ်ယောကျ်ားလေးကိုမှ သဘောကျတဲ့အကြောင်းမပြခဲ့တာအမှန်ပါ။ ဒါ့အပြင် ခံစားချက်လဲရှိတဲ့ပုံမပေါ်ပါဘူး။
သူတို့က မကြာခင်မှာနေရာလဲကျရပါတော့မယ်။ အစောပိုင်းမှာဦးထုပ်တွေဖယ်ရှားခံလိုက်ရတဲ့ပုံစံအပေါ်မူတည်ပြီ နေရာတွေကိုပြန်ပြီစီစဥ်လိုက်ကြတယ်။ ဟို့ယွိဟောင်ကတော့ ဦးထုပ်ငါးလုံးကိုဖယ်လိုက်တဲ့အတွက် ပထမဆုံးနေရာကိုရောက်သွားခဲ့ပါတယ်။
ပေ့ပေ့ကတော့ အသံကိုမြင့်ရင်းနဲ့ ပြောလာခဲ့ပါပြီ။
” ဒုတိယအပိုင်းကိုသွားပါတော့မယ်..ပထမအပိုင်းက တစ်ယောက်ကိုတစ်ယောက်သိဖို့လုပ်တာကြောင့် ဒုတိယတစ်ခုမှာတော့ အမျိုးသမီးတွေအနေနဲ့ သူတို့ဘယ်သူကိုနှစ်သက်လဲဆိုတာပြသရမှာပါပဲ ဒါ့အပြင် မြင်မြင်ချင်အချစ်လို့ခေါ်ပါတယ် ”
” စည်းမျဥ်းတွေကတော့ ရိုးရှင်းပါတယ်…အမျိုးသမီးတွေအားလုံးခလုတ်တစ်ခုဆီရကြမှာပါ ဒါက မီးအိမ်တစ်ခုချင်းဆီကိုထိန်းချုပ်နိုင်တဲ့ခလုတ်တွေဖြစ်လာပါလိမ့်မယ်…အကယ်၍ သူတို့သာအမျိုးသားအတွက်မိီးအိမ်တွေကို ဖွင့်ပေးထားမယ်ဆိုရင် အမျိုးသားတွေအနေနဲ့ အနည်းဆုံးမီးအိမ်တစ်လုံးကျန်နေသရွေ့ ကျန်ရှိတဲ့ပွဲတွေကိုဆက်သွားလို့ရပါတယ်..အကယ်၍ မီးအိမ်တစ်လုံးမှအထွန်းပေးမခံရဘူးဆိုရင်တော့ သေချာပေါက် ဒီညခင်းပွဲအစီအစဥ်ကနေ သူ့ကိုဖယ်ရှားပြစ်မှာပါ “:
” ဒုတိယအပိုင်းက အချိန်အတိုဆုံးဖြစ်တယ်လို့ ပေ့ပေ့ပြောဖူးတာ ဟို့ယွိယောင်မှတ်မိပါတယ်…ဒါပေမယ့် အမျိုးသားတွေအားလုံးအတွက်တော့ အရေးကြီးတဲ့စမ်းသပ်ချက်တစ်ခုပါပဲ မင်းဘယ်လောက်ပဲအင်အားကောင်းပါစေ ဘယ်လောက်ပဲထူးချွန်နေပါစေ ကောင်မလေးတစ်ယောက်မှသာမင်းအတွက် မီးအိမ်မထွန်းပေးထားဘူးဆိုရင် ဖယ်ရှားခံရမှာပါ ဒီနေရာမှာအမျ်ိုးသမီးတွေက အမျိုးသားတွေထက်အများကြီးနည်းပါတယ်..ဒါကြောင့် ကိုယ်သဘောကျတဲ့သူ့ကို ဖော်ပြဖို့အကောင်းဆုံးအချိန်လဲဖြစ်နေခဲ့သေးတယ် ”
ဟို့ယွိဟောင်က အရှေ့ဆုံးမှာရှိနေတာဖြစ်သလို ပထမဆုံးနေရာရတဲ့အတွက်လဲ အရေးကြီးပါတယ်။
” သေချာလေး စဥ်းစားကြပါ ပင်လယ်နတ်ဘုရားကံကြမ္မာရဲ့နတ်မီမယ်တို့ တစ်မီနစ်အချိန်ပေးပါ့မယ်…သေချာအောင်လုပ်ကြပါ နောက်တစ်ကြိမ်ထပ်ပြီ ပြောပါ့မယ်…အကယ်၍ ဒီအမျိုးသားသုံးဆယ်ခြောက်ယောက်စလုံးအတွက် မီးအိမ်ကိုထွန်းညှိမပေးခဲ့ဘူးဆိုရင်တော့ ကြင်ဖက်တွေ့ဆုံပွဲအတွက် လက်လျှော့လိုက်ပြီလို့ အဓိပ္ပာယ်ရပါတယ်..ဒါဆိုရင် နတ်မိမယ်အနေနဲ့လဲ နေရာကနေထွက်ခွာသွားရမှာပါ ”
အမျိုးသမီးတွေလဲ ကိုယ်ပိုင်အစီအစဥ်ရှိပါတယ်။ သူတို့တွေအားလုံးက ဒီအတိုင်းတည်တည်ငြိမ်ငြိမ်ရပ်နေခဲ့တဲ့အတွက် ဘယ်သူမှလဲသူတို့နှစ်သက်တဲ့သူတစ်ယောက်ယောက်ရှိလားဆိုတာလဲမသိနိုင်ပါဘူး။ အချိန်ကခပ်မြန်မြန်ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ပေ့ပေ့လဲ ကျန်းလဲ့ရွှမ်အချက်ပြလိုက်ချိန်မှာ ပွဲကိုဆက်လုပ်ပါတော့တယ်။
” ဒုတိယအစီအစဥ်ဖြစ်တဲ့မြင်မြင်အချစ် စတင်ပါတော့မယ်…ပထမဆုံးအနေနဲ့ နတ်မိမယ်တို့ဟို့ယွိဟောင်အတွက် မီးအိမ်လေးတွေကိုထွန်းပေးကြပါ ဒုတိယအပိုင်းမှာ သူ့အတွက်မီးအိမ်လေးတွေ ထွန်းပေးထားတာက အဆုံးသတ်မှာ သူ့ကိုရွေးချယ်ရမယ်လို့ မဆိုလိုပါဘူး…သူ့အပေါ်မှာကောင်းမွန်တဲ့အမြင်ရှိတယ်ဆိုရင် အခွင့်အရေးပေးနိုင်တယ်လို့ပြောချင်တာပဲ သူလဲ သေချာပေါက် သူ့ကိုမီးအိမ်ထွန်းပေးထားတဲ့ဘယ်သူမဆို အာရုံစိုက်မယ်ဆိုတာ သေချာပါတယ်..စတင်ကြမယ် “:
ဟို့ယွိဟောင် စိတ်မလှုပ်ရှားဘူးလို့ပြောရင် လိမ်ရာကြပါလိမ့်မယ်။ အဝေးမှာရှိနေတဲ့ အမျိုးသမီးဆယ်ခုနှစ်ယောက်ကိုကြည့်ရင်း နှလုံးခုန်သံတွေတောင်မြန်နေခဲ့ပါပြီ။ အခုလက်ရှိအချိန် စိတ်ထဲမှာဘာမှမတွေးနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ ပုံမှန်အချိန်မှာ သူ့ရဲ့အကဲဖြတ်မှုက ဘယ်လောက်ပဲကောင်းပါစေ ဘယ်မိန်းကလေးတွေက သူ့အတွက် မီးအိမ်ထွန်းပေးထားမလဲဆိုတာ သူ မသိပါဘူး။
” သုံး နှစ် တစ် ”
ပေ့ပေ့စတင်ပြီ ရေတွက်ချိန်မှာမီးအိမ်လေးတစ်လုံးသာ ငြိမ်းသွားခဲ့ပါတယ်။ ဟို့ယွိဟောင် အဝေးကိုသေချာအာရုံစိုက်ပြီ မီးငြိမ်းလိုက်တဲ့သူကိုကြည့်လိုက်ချိန်မှာတော့ သူရင်းနှီးတဲ့သူကိုတွေ့လိုက်ရပါတော့တယ်။ အဲ့ဒါ ၀ူဖုန်းမလား ၀ူဖုန်းရဲ့မျက်နှာသေကြီးနဲ့အကြည့်က ဟို့ယွိဟောင်ဖက်ကိုစိုက်ကြည့်နေခဲ့တာပါ။ သူကမေ့စေ့ကိုမော့ထားရင်း ဟို့ယွိဟောင်ဖက်ကိုလှမ်းကြည့်နေခဲ့ပါတယ်။
အပိုင်း ၂၁၄•၁ ပြီး၏။