Switch Mode

Chapter – 213.3

နှင်းလုံးလေးရဲ့ အစွမ်းပကား

အပိုင်း ၂၁၃•၃

” နှင်းလုံးလေးရဲ့အစွမ်းပကား ”
°°°
” ငါလဲ ဒီလိုစိတ်၀ိညာဥ်မျိုးရနိုင်တယ်လား ”
ချူးချင်းထန်က မေးလိုက်ပါတယ်။

” အတွေးအခေါ် နည်းစနစ်တွေအရပြောမယ်ဆိုရင်တော့ရနိုင်တယ်..အစ်ကိုချူးရေ ဒီပွဲကိုအရင်ပဲအာရုံစိုက်ကြရအောင် နောက်ပြီသွားမှ နှင်းလုံးလေးအကြောင်း သင့်တော်တဲ့အချက်အလက်တွေကို ကျွန်တော်ပြောပြပါ့မယ်..အစ်ကိုကြီးတို့ အကယ်၍ စိတ်၀င်စားပြီသိချင်တယ်ဆိုရင် အကုန်လုံးလာနားထောင်လို့ရပါတယ် ”

သူက နှင်းလုံးလေးကို တမင်တကာထုတ်လာတာပါ သူ့ရဲ့အစွမ်းအစနဲ့ဆိုရင်အမျိုးသမီးတွေရဲ့ဦးထုပ်ကိုချွတ်ဖို့တခြားနည်းလမ်းတွေအများကြီးရှိပါတယ်။ ဘာကြောင့်များ နှင်းလုံးလေးကိုရွေးချယ်ခဲ့ရသလဲဆိုရင် စိတ်၀ိညာဥ်ကို အတွင်းနယ်မြေတပည့်သားတွေရဲ့အားလုံးအရှေ့မှာထုတ်ဖော်ပြသချင်လို့ပါပဲ။

နှင်းလုံးလေးရဲ့ဖြစ်တည်လာမှုက သေချာပေါက် လုံး၀မတော်တဆမှုတစ်ခုပါ။ ဒါပေမယ့် သူမကို ဘယ်လိုဖြစ်တည်လာအောင်လုပ်ဆောင်ဖန်တီးရမလဲဆိုတာဟို့ယွိဟောင်တစ်ယောက်သာသိပါတယ်။ ဒါ့အပြင် သူတစ်ယောက်ထဲကပဲ လျှပ်စီးဧကရာဇ်ရဲ့အမွေအနှစ်ကိုဆက်ခံသူဖြစ်တာကြောင့် ဒီမန္တန်ရွတ်ဆိုမှုကိုလုပ်ဆောင်နိုင်မှာပါ။

စိတ်၀ိညာဥ်တွေရဲ့တည်ရှိမှုက ၀ိညာဥ်ပညာရှင်တွေအတွက် အများကြီးအသုံး၀င်လာပါလိမ့်မယ်။ ဒါပေမယ့် ဖန်တီးဖို့ဆိုတာကသေချာပေါက် မလွယ်ကူနိုင်ပါဘူး။ ပထမဆုံးအနေနဲ့ လိုလိုလားလားချိတ်ပိတ်ခံပြီ ပေါင်းစည်းမဲ့၀ိညာဥ်သားရဲကောင်ကိုရှာဖို့ကအရမ်းကိုခက်ခဲပါလိမ့်မယ်။ သူကိုယ်တိုင်လဲ ဒါမျိုးကိုပြင်ပအကူအညီမပါပဲနဲ့လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အမျက်ဒေါသကျောင်းတော်က သေချာပေါက် သူ့အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်လာမှာပါ။

ဆက်တိုက်စမ်းသပ်ပြီတဲ့နောက်မှာတော့ နှင်းလုံးလေးက သူ့ခန္ဓာကိုယ်ရဲ့အပြင်ဖက်မှာဆိုရင် သုံးဆယ်ခိုင်နှုန်းလောက်ပိုပြီးအသုံး၀င်တာကို ရှာဖွေတွေ့ရှိလို့သွားခဲ့ပါတယ်။ နှင်းလုံးလေးက အသိဉာဏ်ရှိတဲ့သက်ရှိဖြစ်နေခဲ့သလို သူ့ရဲ့တိုက်ခိုက်တဲ့ပုံစံတွေအားလုံးကလဲ နှင်းဧကရီဆီကနေဆင်းသက်လာခဲ့တာပါ။ အပြင်ဖက်မှာ သူမက ဟို့ယွိဟောင်ကို တိုက်ပွဲမှာကူညီပေးနိုင်သလို ၀ိညာဥ်စွမ်းအားတိုးတက်အောင်လဲ လုပ်ဆောင်ပေးပါတယ်။ အကယ်၍ သူမကိုထုတ်မလာခဲ့ဘူးဆိုရင်တော့ သူမပေးထားတဲ့၀ိညာဥ်စွမ်းရည်ထဲက နည်းနည်းပါးပါးကိုပဲသုံးနိုင်မှာပါ။

လုံရှောင်ယောင်ကို တိုက်ခိုက်တဲ့အချိန်မှာ နှင်းလုံးလေးကိုသူထုတ်မသုံးခဲ့ပါဘူး။ အကယ်၍ အမှောင်ထုနဂါးကသာ သူမကိုအတင်းထုတ်ယူသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

အခုအချိန်မှာတော့ အမျက်ဒေါသကျောင်းတော်ကိုပြန်လာပြီချိန်မှာ စိတ်၀ိညာဥ်တွေနဲ့ ပတ်သက်တဲ့သုတေသနကို သူစပြီရှာဖွေဖို့ အာရုံစိုက်လိုက်မိပါတယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ သိုင်းပညာ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနအတွက် အရေးကြီးတဲ့ဖွံ့ဖြိုးတိုးတက်မှုလဲဖြစ်လာမှာပါ။ သူကိုယ်တိုင်လဲအမျက်ဒေါသမိစ္ဆာခုနှစ်ဖော်အားလုံး ကိုယ်ပိုင်စိတ်၀ိညာဥ်တွေကိုပိုင်ဆိုင်ကြောင်း ကိုမျှော်လင့်နေခဲ့မိတယ်။ စိတ်၀ိညာဥ်တွေရဲ့အကူအညီနဲ့သာဆိုရင် အစွမ်းအစက သေချာပေါက်အများကြီးမြင့်တက်လို့သွားမှာပါ။

နှင်းလုံးလေးရဲ့ပေါ်ထွက်လာမှုက လူတိုင်းကို ဟို့ယွိဟောင်ထင်ထားတဲ့အတိုင်း အံ့အားသင့်သွားစေခဲ့ပါတယ်။ သူမက အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်ခဲ့တယ်။

ပေ့ပေ့လဲ ဟို့ယွိဟောင်ကိုလှမ်းကြည့်နေရင်းလက်မထောင်နေခဲ့ပါပြီ။ နှင်းဧကရီရဲ့စိတ်၀ိညာဥ်ဆိုတာ ဘာမှန်းသူမသိပေမဲ့ ဟို့ယွိဟောင်က အထင်ကြီးစရာကိစ္စတစ်ခုကို လုပ်လိုက်မှန်းတော့သူသိပါတယ်။

” ချိုက်ထို့ မင်းအလှည့်ရောက်ပြီ ငါတို့တွေဒီပထမအပိုင်းကိုတော့ ကျော်ဖြတ်ရမယ်နော် ”

ပေ့ပေ့က ဟယ့်ချိုက်ထို့ကိုလှမ်းပြောလိုက်ပါတယ်။ ဟယ့်ချိုက်ထို့လဲ ဒါကိုကြားချိန်မှာ သူစဥ်းစားထားတဲ့ဗျူဟာကိုထုတ်သုံးဖို့လုပ်ပါတော့တယ်။ အားလုံးလဲ ဟယ့်ချိုက်ထို့ဆီကို အကြည့်ရောက်သွားခဲ့ပါပြီ။

ဘယ်သူမှ မမျှော်လင့်ထားတဲ့ပုံစံကို သူစပြီလုပ်လိုက်ပါတယ်။ ဒါကတော့ အမျိုးသမီးတွေမျက်နှာချင်ဆိုင်ပြီ ဒူးတစ်ဖက်ကိုထောက်ချလိုက်တာပါ။ သူ့ရဲ့မျက်လုံးတွေကလဲ တလက်လက်တောက်ပလာခဲ့ပါတယ်။ သေချာပေါက် နှင်းလုံးလေးကြောင့် အာရုံဖမ်းစားတာမခံရတဲ့လူတချို့ထဲမှာ သူပါပါတယ်။

ဒါကတော့ ဟို့ယွိဟောင်ကို ကျေးဇူးတင်ရမှာပါပဲ သူ့ရဲ့ကျေးဇူးတင်မှုက အရမ်းကိုရိုးရှင်းပါတယ်။ ဟို့ယွိဟောင်က ရှောင်းရှောင်းရဲ့ဦးထုပ်ကိုဖယ်ရှားလိုက်လို့ပါ။ နှစ်နှစ်ခွဲကြာပြီတဲ့နောက် နောက်ဆုံးမှာရှောင်းရှောင်းကို သူပြန်မြင်ရပါပြီ။

အလှတရားဆိုတာက ကြည့်သူရဲ့မျက်စိအမြင်မှာသာ မူတည်တယ်လို့ ဆိုးရိုးစကားရှိကြတဲ့အတိုင်းပါပဲ။ ဟယ့်ချိုက်ထို့က နှစ်နှစ်ကြာပြီတဲ့နောက် သူမရဲ့ပြောင်းလဲသွားတဲ့ရုပ်သွင်ကြောင့် ပိုပြီးတော့ မင်သက်ငေးမောနေခဲ့ရပါတယ်။ လက်ရှိအချိန်မှာ သူ့နှလုံးသားက အရင်ကထက် နှစ်ဆမကအခုန်မြန်နေခဲ့ပါပြီ။ မျက်နှာတစ်ခုလုံးနီရဲနေခဲ့သလို စိတ်လဲလှုပ်ရှားနေခဲ့ပါတယ်။ ဒါပေမယ့် သူက အရမ်းကိုမဲမှောင်လွန်တဲ့အသားအရေးလဲရှိနေတာကြောင့် သူရှက်သွေးဖြာနေတာကိုမမြင်ရပါဘူး။ မဟုတ်ရင် သေချာပေါက် ဒေါသထွက်လွန်လို့ နတ်သိုးတစ်ကောင်လိုရှက်ရမ်းရမ်းနေတော့မှာပါ။

” ချိုက်ထို့ မင်းဘာလုပ်နေတာလဲ ဒီနေရာမှာခံစားချက်တွေကို ထုတ်ဖော်ပြောလို့မရဘူးနော် ”

ပေ့ပေ့က ဟယ့်ချိုက်ထို့ဒူးတစ်ဖက်ထောက်တာကိုမြင်ချိန်မှာ လှမ်းပြီသတိပေးပါတော့တယ်။

” ကျွန်တော်ခံစားချက်၀န်ခံဖို့မဟုတ်ဘူး…ကျွန်တော်သူတို့ရဲ့ဦးထုပ်ကိုဖယ်ရမှာမလား ”

ဟယ့်ချိုက်ထို့ကပြောရင်း ညာဘက်လက်ကိုမြောက်လိုက်ချိန်မှာ အနက်ရောင်အလင်းတန်းတစ်ခုပေါ်လာတာကို မြင်လိုက်ရပါတယ်။ သူ့ပုခုံးပေါ်မှာကြီးမားတဲ့၀ိညာဥ်အမြောက်ကြီးက ရုတ်တရက်ပေါ်လာပြီနေရာယူထားခဲ့ပါပြီ။

လုံး၀ကိုမှောင်မိုင်နေတဲ့ ၀ိညာဥ်အမြောက်ကြီးက မျက်နှာပြင်ပေါ်မှာငွေရောင်တောက်ပနေတဲ့အမှုန့်တွေရှိနေခဲ့ပါတယ်။ ကြောက်စရာကောင်းတဲ့အရှိန်အ၀ါတွေပေါ်လာချိန်မှာတော့ မျက်နှာချင်မဆိုင်နေရတဲ့အမျိုးသားကျောင်းသားတွေအားလုံးတောင် လန့်သွားခဲ့ရတယ်။

ဒီလောက်အားကောင်းတဲ့အရှိန်အ၀ါနဲ့ ၀ိညာဥ်လက်နက်ကိုထုတ်လာပြီ အန္တရာယ်အငွေ့အသက်ကိုပေးနိုင်တယ်ဆိုတာက အဆင့်အတန်းကောင်းကောင်းတစ်ခုရှိနေခဲ့လို့ပါ။

ဒီ၀ိညာဥ်လက်နက်တွေက အသက်ရှိနေတဲ့၀ိညာဥ်လက်နက်လို့ ၀ိညာဥ်ပညာရှင်တွေ ယုံကြည်ကြပါတယ်။ ဒါကအနည်းဆုံးအဆင့်ခုနှစ်ရှိတဲ့ လက်နက်တွေပါပဲ။ အခုအချိန်မှာပဲဟယ့်ချိုက်ထို့ရဲ့ပုခုံးပေါ်မှာရှိနေတဲ့လက်နက်က အဆင့်ခုနှစ်ထက်တောင်ရှိပါသေးတယ်။

နှစ်မီတာကျော်ရှည်လျားပြီ တစ်ပေကျော်ကျယ်တဲ့ဒီအမြောက်ကြီးက ဟယ့်ချိုက်ထို့ရဲ့ တောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကြီးနဲ့ လိုက်ဖက်ညီနေခဲ့တယ်။

သူပေါ်လာချိန်မှာပဲ ကြီးမားတဲ့၀ိညာဥ်အမြောက်ခွံကြီးက ပင်လယ်နတ်ဘုရားရေကန်အပေါ်မှာထူးထူးဆန်းဆန်းကိုတောက်ပလို့နေခဲ့ပါတယ်။ အမျိုးသမီးကျောင်းသူတွေရဲ့ ၀ိညာဥ်စက်ကွင်းကလဲ ထွက်ပေါ်လာခဲ့ပါပြီ။

ချက်ချင်းဆိုသလို အ၀ါရောင် ခရမ်းရောင် အနက်ရောင် ၀ိညာဥ်စက်ကွင်းတွေကတောက်ပလို့လာပါတော့တယ်။ ကြောက်စရာကောင်းတဲ့အဆင့်ခုနှစ်၀ိညာဥ်အမြောက်ကိုရင်ဆိုင်ရချိန်မှာတော့ သူတို့အားလုံးလဲ သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လိုက်ကြပါပြီ။

ဟို့ယွိဟောင်လဲ တစ်ခုပြီတစ်ခုကြည့်နေခဲ့ပြီတဲ့နောက် အံ့အားသင့်သွားခဲ့ရတယ်။ ဘယ်ဘက်ကရေရင်းဒုတိယမြောက်မှာရှိတဲ့ အမျိုးသမီးကျောင်းသူရဲ့၀ိညာဥ်စက်ကွင်းပေါင်းစည်းမှုက သူ့နဲ့အရမ်းကိုရင်းနှီးနေတဲ့ဥစ္စာပါ။ အ၀ါရောင်တစ်ခုခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်သုံးကွင်းတို့ပါပဲ။ လေးခုမြောက်၀ိညာဥ်စက်ကွင်းက နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းဖြစ်နေခဲ့ပြီ ဒါက၀မ်သုန့်နဲ့အတူတူပဲမလား။

ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ရဲ့နှလုံးသားက အခုန်မြန်လာခဲ့ပါတော့တယ်။ သူ့ရဲ့စိတ်ထဲမှာအဲ့ဒီနေ့ကတွေ့ခဲ့တဲ့မျက်နှာလှလှလေးကို ပြန်မြင်ယောင်နေခဲ့တော့တယ်။ ၀မ်ချိုးအယ်တစ်ယောက် အတွင်းနယ်မြေထဲကို၀င်လာနိုင်ပြိ ပင်လယ်နတ်ဘုရားကံကြမ္မာကို လာရောက်ပါ၀င်တယ်လို့ထင်သွားခဲ့တာပါ။ ဒီလိုဖြစ်မယ်ဆိုရင် သူမရဲ့၀ိညာဥ်စက်ကွင်းကလဲ ၀မ်သုန့်နဲ့တူနေပါလိမ့်မယ်။

သူတွေးမိပြီတဲ့နောက် အဲ့ဒီအမျိုးသမီးကို ပိုလေ့လာဖို့လုပ်ချိန်မှာပဲ ဟယ့်ချိုက်ထို့ရဲ့အသံက ထွက်ပေါ်လာပါတော့တယ်။

” မလုပ်ကြနဲ့ လက်တွေကိုမြောက် ဒါကအဆင့်ခုနှစ်ရွေ့လျား၀ိညာဥ်အမြောက်ပဲ ဒါ့အပြင် အဆင့်ခုနှစ်ပေါက်ကွဲမှုတွေနဲ့ ပြည့်နေတယ် ဒီနေရာပတ်ပတ်လည်ကနေ မီတာတစ်ထောင်အထိကို ကောင်းကောင်းပစ်ခတ်နိုင်တယ် ..ပစ်လိုက်ပြီဆိုတာနဲ့ သေချာပေါက် ဒီရေကန်ထဲကရေ သုံးပုံတစ်ပုံနီးပါး အငွေ့ပျံသွားမှာအာမခံနိုင်တယ်…ဒီခြေထောက်အောက်မှာရှိနေတဲ့ လီလီပန်းတွေအားလုံးလဲ ပျက်စီးကုန်မှာပဲ အားလုံးဦးထုပ်တွေကိုချွတ်လိုက်ကြ ”

ဟယ့်ချိုက်ထို့ ဒီလိုအော်လိုက်တဲ့အသံက အရမ်းကိုကြောက်စရာကောင်းပါတယ်။ ဘေးနားမှာကြည့်နေတဲ့ဆရာတွေတောင်မှ ကြောင်အကုန်ကြပါပြီ။

အကြီးအကဲရွှမ်ကတော့ နှုတ်ခမ်းတွေတွန့်နေခဲ့သလို ဖန်းယွီကတော့ထရပ်ရင်းနဲ့ ဟယ့်ချိုက်ထို့ကို အော်ဆဲပါတော့တယ်။

” ငတုံးကောင် ဒါကကြင်ဖက်တွေ့ပွဲကွ စစ်ပွဲမှတ်နေလား မင်းရဲ့အဲ့ဒီအမြောက်ကြီးကို ဘေးချထားလိုက်စမ်း ”

ချူးချင်းထန်ကတော့ ဟို့ယွိဟောင်ကိုကျော်ပြီ ဟယ့်ချိုက်ထို့ကိုလှမ်းကြည့်နေခဲ့ပါတယ်။ သူလဲပါးစပ်အဟောင်သားနဲ့ဖြစ်နေခဲ့တယ်။

” ငါသူငယ်ချင်းရေ မင်းဒီကိုလာတာ ကြင်ဖက်တွေ့ဆုံပွဲကိုလာတာလား ပွဲလာဖျက်တာလား ”

” ဒီလိုလုပ်လို့မရဘူးလား ”

ဟယ့်ချိုက်ထို့က မျက်လုံးအပြူးသားနဲ့ ပြန်မေးရှာပါတယ်။

” ဒုတိယအစ်ကိုကြီး ကျွန်တော်မထင်ဘူးနော် ဒါကကြင်ဖက်တွေ့ဆုံပွဲလေ ဘယ်လိုလုပ်ဒီလိုအားကောင်းတဲ့၀ိညာဥ်လက်နက်ကိုထုတ်လာတာလဲ ”

ပေ့ပေ့ကတော့ မျက်နှာကြောတွေတောင်နာနေခဲ့ပါပြီ။ ဟယ့်ချိုက်ထို့ ဒီလိုမျိုးထလုပ်မယ်ဆိုတာ မထင်ထားခဲ့ပါဘူး။

သူကကြင်ဖက်တွေ့ဆုံပွဲလို့တောင်မထင်ပဲ အမျိူးသမီးတွေကိုခြိမ်းခြောက်နေခဲ့တာပါ။ ဟို့ယွိဟောင်ကတော့ ရယ်နေခဲ့ပါပြီ။ ဟယ့်ချိုက်ထို့ကို ၀ိညာဥ်အမြောက်မြန်မြန်ပြန်သိမ်းဖို့သာသူပြောနေခဲ့ရပါတယ်။ ဟယ့်ချိုက်ထို့ကတော့ မကျေမနပ်နဲ့ပြောနေခဲ့တယ်။

” ပထမအပိုင်းမှာ ဘယ်လိုပဲဖြစ်ဖြစ်တိုက်ခိုက်လို့ရတယ်မဟုတ်ဘူးလား သေချာပေါက် တိုက်ခိုက်ပြီသူတို့ရဲ့ဦးထုပ်ကိုချွတ်ရမှာလေ အခုတိုက်တောင်မတိုက်ခိုက်ရသေးဘူး ခြိမ်းခြောက်ရုံပဲရှိသေးတာကို ”

” ဟယ့်ချိုက်ထို့ လွန်လွန်ကျူးကျူးတွေလုပ်မနေနဲ့ ဒီနေရာမှာ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို လက်နက်သုံးခွင့်ပြုထားပေမဲ့ အစွမ်းအစတွေကိုထိန်းထိန်းသိမ်းသိမ်းလုပ်ရမယ်…အဲ့ဒီအမျိုးသမီးတွေထိခိုက်သွားမှာမကြောက်ဘူးလား ”

ကျန်းလဲ့ရွှမ်ကတော့ ဘာပြောရမှန်းမသိဖြစ်နေပေမဲ့ လှမ်းအော်ပါသေးတယ်။ ဟယ့်ချိုက်ထို့ကိုကြည့်ရင်း ဒီကောင်လေးမတင်တကာလာပြဿနာရှာနေတာမဟုတ်တာတော့ သူနားလည်နေခဲ့တယ်။

” အားဟုတ်သား ဒါတွေကိုမသုံးတော့ပါဘူး..ဒါဆိုရင်အခုဘာသုံးရမလဲ ”

ကျန်းလဲ့ရွှမ်လဲ ရယ်ချင်စိတ်ကိုမနည်းထိန်းနေခဲ့ရပါတယ်။

” ငါမှ၀ိညာဥ်လက်နက်အတတ်ပညာရှင်မှမဟုတ်တာ ဘာသုံးရမလဲငါဘယ်လိုသိမှာလဲ သွားတော့ ရေကန်ထဲကိုမကျစေနဲ့ အမျိုးသမီးတွေကိုမထိခိုက်စေပဲ တိုက်ခိုက်ရမယ်…သူတို့ရဲ့ဦးထုပ်တွေကို လုရမယ်နော် နားလည်တယ်မလား ”

ဟယ့်ချိုက်ထို့လဲ ခေါင်းညိတ်ရင်းပြန်ဖြေပါတယ်။

” ဟုတ်ကဲ့ပါ ရှင်းရှင်းလင်းလင်းဒီလိုပြောမှပေါ့ ”

” အကြီးဆုံးအစ်ကိုကြီးပြောသွားတာ ရှင်းရှင်းလင်းလင်းကိုမရှိဘူး…ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို သုံးလို့ရတယ်လို့ပြောသွားတာကို ”

ပေ့ပေ့လဲ မျက်နှာတစ်ခုလုံးမှောင်မိုက်လို့သွားခဲ့ပြီ ခေါင်းလွဲနေခဲ့ပါတော့တယ်။ သူ့ကြည့်ရတာကတော့ ဟယ့်ချိုက်ထို့ကို လုံး၀မသိဘူးလို့အားလုံးကိုငြင်းချင်နေပုံပါပဲ။

ရှု့စန်းရှီကတော့ ရယ်ရလွန်လို့ဗိုက်တွေကိုတောင်နှိပ့်နေခဲ့ရပါပြီ။

“ပေ့ပေ့ရေ မင်းကတော့ကိုယ်ရှုးကိုယ်ပတ်တာပဲ ”

” ဟယ့်ချိုက်ထို့ စလိုက်တော့ မင်းမှာကျန်တဲ့အချိန် သိပ်မရှိတော့ဘူး ”

ကျန်းလဲ့ရွှမ်က သူ့ကိုနောက်တစ်ကြိမ်သတိပေးလိုက်ပါတယ်။ အခုပထမအပိုင်းစထဲက ဆယ်ငါးမိီနစ်လောက်ကုန်သွားခဲ့ပါပြီ။ ဒါပေမယ့် ပွဲရဲ့သုံးပုံတစ်ပုံကတော့ မပြီးဆုံးသေးဘူး။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် တစ်ညလုံးကြင်ဖက်တွေ့ဆုံပွဲက ပြီးမှာမဟုတ်တာဖြစ်သွားပါလိမ့်မယ်။

” ကောင်းပါပြီ ”

ဟယ့်ချိုက်ထို့လဲ ရယ်ချင်စရာကောင်းနေတာကိုရပ်လိုက်ပါတော့တယ်။ လီလီပန်းပွင့်ပေါ်မှာခြေဖျားကိုထောက်လိုက်တဲ့အတွက် ပန်းပွင့်ကအလယ်ကနေ ကွဲထွက်သွားမတတ်တောင်ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် လေထဲမှာနှစ်မီတာကျော်အထိခုန်တက်လို့သွားခဲ့ပြန်ပါပြီ။

ဟယ့်ချိုက်ထို့ရဲ့ ဒီလိုခုန်တက်သွားပြီတဲ့နောက် အရှိန်အ၀ါအပြောင်းအလဲဖြစ်သွားတာကို ဟို့ယွိဟောင် ရှင်းရှင်းလင်းလင်းခံစားလိုက်ရပါတယ်။

သူ့ရဲ့ဒုတိယအစ်ကိုကြီးက မြင်နေရသလိုပုံစံမျိုးမဟုတ်တာသိတဲ့သူက တစ်ယောက်ထဲရှိပါတယ်။ သူ့ရဲ့အပေါ်ယံပုံစံက ဒီလိုဖြစ်နေခဲ့ပေမဲ့ တမင်တကာလုပ်နေတာပါ။ ဒါပေမယ့် သူ့စိတ်အကြံကိုတော့ ဘယ်သူမှမသိခဲ့ပါဘူး။

ဟယ့်ချိုက်ထို့ရဲ့အကြံကဘာများပါလဲ တကယ်တော့ရှင်းပါတယ်။ သူကအရမ်းကြီးစိတ်လှုပ်ရှားနေတာကြောင့် စိတ်တည်ငြိမ်ဖို့လိုနေခဲ့တာပါ။ ဒါပေါ့ အဆင့်ခုနှစ်၀ိညာဥ်အမြောက်ကိုမသုံးရမှန်းလဲ သူသိပါတယ်။ ဒါက သူ့အစွမ်းအစကိုထုတ်ပြတာသက်သက်ပါပဲ တခြားသူတွေရဲ့အမြင်ကိုသူဂရုမစိုက်ပါဘူး။ သူဂရုစိုက်တာက ရှောင်းရှောင်းသူ့ကိုဘယ်လိုမြင်လဲဆိုတာပါပဲ။

အပိုင်း ၂၁၃•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset