အပိုင်း ၂၁၃ •၂
” နှင်းလုံးလေးရဲ့အစွမ်းပကား ”
°°°
အမျိုးသမီးကျောင်းသူတွေလဲ အခုအချိန်မှာသာသူ့ရဲ့ရုပ်ရည်ကို ရှင်းရှင်းလင်းလင်းမြင်ရပါတော့တယ်။
ဟို့ယွိဟောင်က ငယ်ရွယ်ပေမဲ့ အရမ်းကိုရင့်ကျက်တဲ့ပုံပေါ်ပါတယ်။ အစောပိုင်းတုန်းက သူတို့တွေ့ခဲ့ရတဲ့ အမျိုးသားကျောင်းသားတွေထက် အများကြီးပိုပြီးတည်ငြိမ်တဲ့ပုံပေါ်နေခဲ့သေးတယ်။ မျက်လုံးတွေက ကြည်လင်ရှင်လင်းနေခဲ့သလို အရမ်းကြီးမချောပေမဲ့လဲ အရှိန်အ၀ါကတော့ကောင်းပါတယ်။
” နှင်းလုံးလေးရေ ထွက်ခဲ့ဦး ”
ဟို့ယွိဟောင်အော်လိုက်ချိန်မှာပဲ လိမ္မော်ရွှေရောင်အလင်းတန်းတွေကခန္ဓာကိုယ်အပြင်ဖက်ကို ဖြာထွက်လာပါတော့တယ်။
မှောင်မိုက်နေတဲ့ညအချိန်မှာ ၀ိညာဥ်စက်ကွင်းတွေရဲ့အလင်းတန်းက အရမ်းကိုတောက်ပလာခဲ့ပါပြီ။ ဒီလိုအလင်းတန်းတွေက လိမ္မော်ရွှေရောင်အလင်းတန်းကိုပိုပြီးအားဖြည့်ပေးနေခဲ့ပါတယ်။
လိမ္မော်ရွှေရောင်အလင်းတန်းပေါ်လာချိန်မှာတော့ အမျိုးသမီးတွေရဲ့ပတ်လည်မှာတောက်ပနေတဲ့အလင်းတန်းကအနည်းငယ်မှိန်ဖျော့လို့သွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ နှင်းလုံးလေးက ဟို့ယွိဟောင်ရဲ့အရှေ့တည့်တည့်ကိုရောက်လာပြီ လွှင့်မျောလို့နေခဲ့ပါပြီ။ သူမက ဟို့ယွိဟောင်ကိုကြည့်ရင်း အိပ်ချင်မူးတူးမျက်နှာလေနဲ့ ရှိနေခဲ့တယ်။ ဖြူဖွေးတဲ့လက်ကလေးကတော့ မျက်လုံးတွေကိုပွတ်နေဆဲပါ။ အခုအချိန်မှာ အပြည့်အ၀အိပ်ရာနိုးသေးတဲ့ပုံမပေါ်သေးပါဘူး။
” ကြင်ဖက်လာတွေ့တဲ့နေရာမှာ ကလေးလေးတောင်ရှိနေတာလား ”
အမျိုးသမီးတစ်ယောက်က ရုတ်တရက်ထအော်လိုက်တဲ့အတွက် ဟန်ရော့ရော့က ပြန်အော်ပါတော့တယ်။
” ပေါက်ကရတွေလာမပြောနဲ့ အဲ့ဒါသာမန်ကလေးမှမဟုတ်တာ ”
ဟို့ယွိဟောင်က နှင်းလုံးလေးနဲ့စိတ်ပိုင်ဆိုင်ရာချိတ်ဆက်နေတာကြောင့် သူ့ရဲ့ခေါင်းကိုခပ်ဖွဖွလေးပုတ်လိုက်ပါတယ်။ နှင်းလုံးလေးက ပတ်၀န်းကျင်မှာရှိတဲ့အလင်းတန်းတွေကိုမြင်ချိန်မှာ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ရုတ်တရက်နိုးလာပုံပေါ်သွားခဲ့တယ်။ ချက်ချင်းဆိုသလို တောက်ပတဲ့မျက်လုံးပြာပြာတွေထဲမှာ စိတ်လှုပ်ရှားမှုက ပေါ်လာခဲ့ပါပြီ။
” ကျီကျီကြာကြာ ”
နှင်းလုံးလေးအော်လိုက်ချိန်မှာဟို့ယွိဟောင်က ပါးစပ်ဖွင့်ပြီမပြောခဲ့ပါဘူး။ သူစိတ်ထဲကနေ အတွေးချင်ဆက်သွယ်လိုက်ပါတယ်။
” ကြားကြာကြားကြာ ”
နှင်းလုံးလေးနောက်တစ်ကြိမ် အော်လိုက်ပြီတဲ့နောက် အမျိုးသမီးတွေဆီကို ပျံသန်းလို့သွားပါတော့တယ်။ သူ့ရဲ့ပထမဆုံးပစ်မှန်ကတော့ အလယ်တည့်တည့်မှာရပ်နေတဲ့ ဟန်ရော့ရော့ပါပဲ။
နှင်းလုံးလေးက နှင်းလိုဖြူဖွေးတဲ့အသားအရေးရှိပြီ နူးညံ့တဲ့ရုပ်သွင်ကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာကောင်းလောက်အောင်၀၀လုံးလုံးလေးလဲ ဖြစ်နေပါသေးတယ်။ သူမရဲ့တောက်ပပြီကြီးမားလှပတဲ့မျက်လုံးပြာပြာတွေက ကောင်းကင်ကကြယ်တွေကိုတောင် ရောင်ပြန်ဟပ်လို့နေခဲ့တယ်။
အရင်တုန်းက ကြည်လင်ကောင်းကင်မျိုးနွယ်စုမှာနေတဲ့အချိန် မျိုးနွယ်စုသခင်တောင်သူမရဲ့ဆွဲဆောင်မှုကို မခုခံနိုင်ကြပါဘူး။ သေချာပေါက် ဒီအမျိုးသမီးတွေလဲ ချွင်းချက်မရှိ သူမဆီအာရုံရောက်လာပါတော့တယ်။
” ချစ်စရာကြီးပါလား မမဆီလာ မမဆီလာ “‘
၀ူးမင်းက ပထမဆုံးခေါ်ဖို့လုပ်ပါတယ်။
” ဟီးဟီး ”
နှင်းလုံးလေးကတော့ ကောက်ကျစ်မှုအပြည့်နဲ့ရယ်ရင်း ဟန့်ရော့ရော့ဆီကိုသာသွားနေခဲ့တယ်။
” ကျီကျီကြာကြာ ”
ဟန်ရော့ရော့အရှေ့ကိုရောက်ချိန်မှာတော့ လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီ ပွေ့ဖက်ဖို့တောင်းဆိုတဲ့အတိုင်းပြောနေခဲ့ပါတယ်။
အမျိုးသမီးတွေအားလုံးက မိခင်စိတ်ရှိတဲ့သူတွေပါ အထူးသဖြင့် ၀ူးမင်းနဲ့ ဟန်ရော့ရော့တို့လိုအသက်သုံးဆယ်ကျော်တဲ့သူတွေပါပဲ။ သူတို့ရဲ့မိခင်စိတ်က ဒီချစ်စရာကောင်းတဲ့နှင်းလုံးလေးကိုမြင်ချိန်မှာ ချက်ချင်းနိုးထလို့လာခဲ့ပါတယ်။
ဟန်ရော့ရော့လဲ ချက်ချင်းလက်နှစ်ဖက်ကိုဆန့်ထုတ်ရင်း သူမကိုဖက်လိုက်ပါပြီ။
နှင်းလုံးလေးရဲ့ခန္ဓာကိုယ်က သန့်စင်ပြီအေးစက်နေခဲ့သလို သူမရဲ့အသားအရေးကနူးညံ့ပြီပျော့ပျောင်းပါတယ်။ ဟန်ရော့ရော့လဲ အရမ်းကိုအေးမြသွားတာကြောင့် သက်ပြင်းချလိုက်မိတယ်။ ဒီကလေးကိုဖက်ရတာက အတော်ကိုကောင်းတဲ့ခံစားချက်ပါ။
သူမက သာမန်ကလေးတစ်ယောက်မဟုတ်တာသိပေမဲ့ ဒီလိုပြောလိုက်မိပါတယ်။
” ဒီကလေးကိုဘာလို့နွေးနွေးထွေးထွေးမ၀တ်ပေးထားတာလဲ သူ့ခန္ဓာကိုယ်က အေးလှချေလား”
” သူ၀တ်တဲ့ဥစ္စာကိုကျွန်တော်ဆုံးဖြတ်ပေးလို့မရဘူးလေ
နှင်းလုံးလေးက သု့ဘာသာသူအ၀တ်အစားတွေကို ဖန်တီးတာပါ။ ဒါကဟို့ယွိဟောင် ဆုံးဖြတ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါ့အပြင် ရေခဲကောင်းကင်ရဲ့နှင်းသခင်မကနေဖြစ်ပေါ်လာတဲ့ စိတ်၀ိညာဥ်ဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်ကအေးတာပုံမှန်ပါပဲ။
နှင်းလုံးလေးက ဟန်ရော့ရော့ကိုတစ်ချက်ဖက်လိုက်ပြီတဲ့နောက် သူမရဲ့လက်မကိုမီတွယ်လို့ထားပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကိုကြည့်လိုက် ဟန်ရော့ရော့ကိုကြည့်လိုက်နဲ့ သနားစရာမျက်နှာပေးလုပ်နေခဲ့တော့တယ်။ ဒါ့အပြင် သူမရဲ့လက်ချောင်းလေးတွေကိုအသုံးပြုပြီ ဟန်ရော့ရော့ခေါင်းပေါ်က ဦးထုပ်ကိုလက်ညိုးနဲ့ထိုးရင်း သနားစရာကောင်းအောင်လုပ်ပြနေခဲ့ပါတယ်။
ဒီလိုခေါင်းလေးကိုငုံ့ကာသနားပကားလုပ်နေခဲ့သလို လက်ညိုးလေးနှစ်ခုကို သူမရဲ့ရှေ့မှာထိထားရင်းနဲ့ ချစ်စရာကောင်းအောင်ရှိနေခဲ့တယ်။
ဟန်ရော့ရော့ ဘယ်လောက်ပဲကြမ်းတမ်းတဲ့သူဖြစ်ပါစေ နှင်းလုံးလေးရဲ့ရှေ့မှာတော့ အရမ်းကိုနူးညံ့တဲ့သူတစ်ယောက်ဖြစ်သွားခဲ့ရတယ်။ သူမပြောနေတာကို နားမလည်နိုင်ပေမဲ့ ဘာလုပ်စေချင်မှန်းတော့သိပါတယ်။
” ကောင်းပါပြီ ကောင်းပါပြီ ၀မ်းမနည်းနဲ့ဒါကိုချွတ်လိုက်မယ် ဟုတ်ပြီလား ”
သူပြောပြီတာနဲ့ သူ့ရဲ့ဦးထုပ်ကိုချွတ်လိုက်ချိန်မှာ မျက်နှာကချက်ချင်းပေါ်လာခဲ့ပါတယ်။
သူလဲ အသက်အရွယ်ထက်အများကြီးငယ်ရွယ်နေပုံပေါ်နေသလို တကယ်ပဲအရမ်းကိုလှပပါတယ်။ သွယ်လျတဲ့မျက်နှာမှောင်မိုက်တောက်ပနေတဲ့ မျက်လုံးတွေနဲ့နူးညံ့ညင်သာတဲ့အလှတရားက အရမ်းကိုထင်ရှားလို့နေခဲ့တယ်။
ဟန်ရော့ရော့ ဦးထုပ်ကိုဖယ်လိုက်ပြီချိန်မှာ နှင်းလုံးလေးကတော့ရယ်မောရင်း သူမရဲ့ပါးလေးကိုလက်ညိုးနဲ့ထိုးလိုက်ပါတယ်။ အဲ့ဒီနောက် ဟန်ရော့ရော့ဘေးမှာရှိနေတဲ့ အမျိုးသမီးဆီကိုပြေး၀င်သွားခဲ့ပါပြီ။
သူမခုနကအတိုင်းလုပ်ခဲ့သလို အမျိုးသမီးရဲ့ခေါင်းပေါ်ကဦးထုပ်ကိုကြည့်ရင်း သနားစရာကောင်းလောက်အောင် နောက်တစ်ကြိမ် ဟန်ဆောင်နေခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလဲ အစောပိုင်းကအတိုင်းကိုပြုမှုတာပါ။
အခုလက်ရှိအချိန်မှာ အမျိုသမီးကျောင်းသူတွေအံ့အားသင့်နေတာမဟုတ်ပဲ ဆရာနဲ့ရှိသမျှလူတွေက ဒါကိုကြည့်ရင်း မျက်လုံးပြူးနေခဲ့ပါတယ်။ ကျန်းလဲ့ရွှမ်တောင်မှ စိတ်၀င်စားနေခဲ့ပါပြီ။ သူမရဲ့မျက်လုံးတွေကလဲ နူးညံ့လို့နေခဲ့တယ်။ အကယ်၍ သူမသာ ဟန်ရော့ရော့နေရာမှာဆိုရင် သေချာပေါက်အဲ့ဒီလိုဆုံးဖြတ်ချက်မျိုးကို လုပ်မိမှာပါပဲ။
ဒီလိုနဲ့ပဲ ဒုတိယဦးထုပ်တစ်လုံးက ကျွတ်သွားခဲ့ပြန်ပါတယ်။ အမျိုးသမီးကျောင်းသူကိုမြင်လိုက်ရချိန်မှာတော့ ဟို့ယွိဟောင်အံ့အားသင့်သွားခဲ့ပါတယ်။ ဒါကတော့ ဟို့ယွိဟောင်တို့နဲ့အတူတူတွဲပြီတိုက်ခိုက်ဖူးတဲ့ လင်းလော့ချန်ပါ။
နှင်းလုံးလေးက ရယ်မောရင်းသူမရဲ့ပါးကိုလဲ လက်ညိုးနဲ့ထိုးလိုက်ပါတယ်။ လင်းလော့ချန်ကတော့ နှင်းလုံးလေးကိုကြည့်ရင်းနဲ့ ကြောင်အလို့နေခဲ့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကိုကြည့်ပြီ သံသယမကင်းတဲ့မျက်နှာနဲ့ရှိနေခဲ့ပါတယ်။ ဟို့ယွိယောင်ကိုဘာတွေဖြစ်နေလဲလို့ မေးနေပုံပါပဲ။
နှင်းလုံးလေးရဲ့ဆွဲဆောင်မှုက လောကမှာတုနှိုင်းမဲ့အောင် အားကောင်းတာပါ။ တူညီတဲ့နည်းလမ်းကိုပြုလုပ်ပြီ နောက်ထပ်ဦးထုပ်သုံးလုံးကိုချွတ်နိုင်ခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ ဒီနှစ်ယောက်ကိုမြင်ချိန်မှာ အံ့အားသင့်သွားခဲ့ရတယ်။ လင်းလော့ချန်ဘေးမှာရှိနေတဲ့သူက ရှောင်းရှောင်းပါ နှစ်နှစ်ခွဲကြာပြီတဲ့နောက် သူမရဲ့ရုပ်ရည်သွင်ပြင်က အရမ်းပြောင်းလဲလို့သွားခဲ့ပါတယ်။ အရင်ကထက်အများကြီးချောမောလာခဲ့သလို ဟို့ယွိဟောင်ထက်လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက သေးငယ်နေပေမဲ့ အခုအချိန်မှာတော့ သူမကပိုပြီးအရပ်မြင့်လာခဲ့ပါပြီ။ ခန္ဓာကိုယ်အရွယ်အစားကတော့ အရင်လိုပိန်ပါးနေဆဲဖြစ်ပေမဲ့ ကျက်သရေရှိပြီ ဂန္တာ၀င်ဆန်တဲ့အလှတရားမျိုးကိုပိုင်ဆိုင်ထားခဲ့တယ်။ ဒါ့အပြင် တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ တည်ငြိမ်တဲ့အလှတရားကပိုပြီးအားကောင်းလာခဲ့ပါတယ်။
ဒုတိယအကြိမ် နှင်းလုံးလေးကိုဖက်ဖို့အတွက် ကြိုးစားခဲ့ပေမဲ့ နှင်းလုံးလေးကတော့သူ့ကိုရှောင်ပြီ ထွက်ပြေးသွားခဲ့တယ်။ ဒီလိုမျိုးလုပ်လိုက်ချိန်မှာသတိနည်းနည်းလွှတ်သွားတာကြောင့် ရေထဲကိုပြုတ်ကျမတတ်ပါပဲ။ ဒါပေမယ့် နှင်းလုံးလေးက သူ့ကိုပြန်ပြီတော့ကူညီကယ်ဆယ်ပေးခဲ့တယ်။
တခြားတစ်ယောက်ကတော့ ဟို့ယွိဟောင်သေချာပေါက် မမှတ်မိနိုင်စရာမရှိတဲ့သူပါပဲ။ နီရဲတဲ့ကြက်သွေးရောင်ဆံကေသာကိုပိုင်ဆိုင်ပြီ အမြဲတမ်းအေးစက်တဲ့မျက်နှာထားရှိတဲ့ မီးနဂါး၀ူဖုန်းပါ။
၀ူဖုန်းကလဲ အတော်ကိုပိန်ပါးပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ မိစ္ဆာဆန်ဆန်ရုပ်သွင်မျိုးရှိနေခဲ့တယ်။ သူမရဲ့ကောက်ကြောင်းတွေက ဒီအမျိုးသမီးဆယ်ခုနှစ်ယောက်ထဲမှာအကောင်းဆုံးပါပဲ။ ဒါ့အပြင် အရင်ကမာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်လိုမျိုး ကိုယ်လုံးကိုယ်ပေါက်ကိုပိုင်ဆိုင်လို့ထားခဲ့တယ်။
နှင်းလုံးလေးကိုကြည့်ရင်း သူမအံ့အားသင့်နေခဲ့သလို ဟို့ယွိဟောင်ကို ကြည့်တဲ့အကြည့်ကတော့ အရင်လိုပဲဒေါသထွက်တဲ့ပုံစံဖြစ်နေဆဲပါ။ သူက ဘယ်လိုစိတ်ဆတ်သူဖြစ်ပါစေ နှင်းလုံးလေးရဲ့မျက်လုံးပြာပြာတွေကိုရင်ဆိုင်ရချိန်မှာတော့ အများကြီးနူးညံ့လို့သွားခဲ့ရတယ်။
လက်ရှိအချိန် အမျိုးသမီးငါးယောက်ကတော့ ဦးထုပ်တွေကျွတ်သွားခဲ့ပါပြီ။ ပထမအမျိုးသားဆယ်တစ်ယောက်တောင် ဟို့ယွိဟောင်ရဲ့ဦးထုပ်အရေအတွက်ကိုမယှဥ်နိုင်ပါဘူး။
” နှင်းလုံးလေးရေ ပြန်လာခဲ့တော့ ”
ဟို့ယွိဟောင်လဲ ဦးထုပ်တွေအများကြီးကိုမချွတ်ချင်ခဲ့ပါဘူး။ ဒါက အတော်ကိုရှက်စရာကောင်းလွန်ပါတယ်။ လက်ရှိအချိန်မှာ လူအများကြီးက သူတို့နှစ်ယောက်ကိုကြည့်နေခဲ့တာပါ။ အနည်းဆုံးတော့ တခြားသူတွေကိုအခွင့်အရေးပေးဖို့လဲလိုပါသေးတယ်။ အကယ်၍ ဦးထုပ်တွေအားလုံးကိုချွတ်လိုက်မယ်ဆိုရင် သေချာပေါက် သူများရဲ့အခွင့်အရေးကိုခိုးယူရာရောက်နေခဲ့လိမ့်မယ်။ ဘယ်လိုပဲဖြစ်ပါစေ သူကတော့အားလုံးရဲ့ပစ်မှတ်ဖြစ်လာတော့မှာပါ။
နှင်းလုံးလေးကတော့ ရယ်မောရင်း ဟို့ယွိဟောင်ဆီကိုပျံသန်းလာခဲ့ပါပြီ။ သူမက သူ့ရဲ့ပုခုံးပေါ်မှာထိုင်နေရင်း ဟို့ယွိဟောင်ရဲ့ဆံပင်တွေကိုဆော့ကစားနေပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ပြုံးပြရင်းအမျိုးသမီးအားလုံးတွေဖက်ကိုလှည့်ရင်းအရိုအသေပြုလိုက်ပါတယ်။
” အစ်မကြီးတို့ အပြစ်ပြုမိတဲ့အတွက်တောင်းပန်ပါတယ် ”
” ဟိုကောင်လေး နင်ယွိဟောင်မလားအဲ့ဒီကလေးလေး ဘာတွေလဲ ငါတို့ကိုရှင်းပြမှရမယ် ”
၀ူးမင်းက လှမ်းအော်ပြီမေးနေခဲ့ပါတယ်။ အားလုံးကလဲ သူ့ကိုစိတ်၀င်တစားနဲ့ကြည့်နေခဲ့တာပါ။
ဟို့ယွိဟောင်ကတော့ ထူးထူးဆန်းဆန်းကြီးပြုံးပြရင်းနဲ့သာ ပြန်ဖြေလိုက်ပါတယ်။
” ဒီနေ့က ပင်လယ်နတ်ဘုရားကံကြမ္မာပွဲဖြစ်မှာတော့ ကျွန်တော်အားလုံးကို နှောင့်နှေးစေလို့မရပါဘူး…ပွဲတော်ပြီသွားတဲ့ ကျွန်တော်အားလုံးရှင်းပြပါ့မယ် အကယ်၍ အနာဂတ်မှာ လိုချင်တယ်ဆိုရင် နှင်းလုံးလေးမျိုးစိတ်၀ိညာဥ်ကိုပိုင်ဆိုင်ခွင့်ရနိုင်တယ်လို့ပဲ ပြောပါရစေ “:
သူပြောပြီတဲ့နောက် ဖြည်းဖြည်းချင် ပြန်သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ မြန်မြန်ဆန်ဆန်ပဲ သူ့နေရာသူပြန်ရောက်လို့သွားခဲ့တယ်။
အမျိုးသားတွေအားလုံးကလဲ နှင်းလုံးလေးကိုအခုမှရှင်းရှင်းလင်းလင်းမြင်ရတာပါ။ ချူးချင်းထန်က ဟို့ယွိဟောင်ကို လက်မထောင်ပြနေခဲ့ပါတယ်။
” မိတ်ဆွေလေးရေ အတော်အထင်ကြီးစရာကောင်းတာပဲ မင်းကဦးထုပ်ငါးလုံးကိုတောင် ချွတ်နိုင်ခဲ့တယ်…ငါ့အမြင်အရတော့ အကယ်၍ မင်းလုပ်ချင်တယ်ဆိုရင် သူတို့အားလုံးရဲ့ဦးထုပ်ကိုတောင်ချွတ်လို့ရဦးမယ်…တကယ်ကိုသန်မာတဲ့ကောင်ပဲ “:
” ဦးထုပ်ချွတ်လိုက်ရုံတင်မက အားလုံးကိုအထင်အမြင်ကောင်းအောင်လဲ လုပ်နိုင်သေးတယ်…ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အတွင်းနယ်မြေထဲ၀င်နိုင်တာဘယ်အံ့ဩစရာရှိမလဲ ”
ဟို့ယွိဟောင်ကတော့ ပြုံးသာပြုံးနေခဲ့ပါတယ်။ အခုနှင်းလုံးလေးကို သူပြန်မသွင်သေးပါဘူး။ ချူးချင်းထန်ကို သူလှမ်းပြီပြန်ပြောနေခဲ့တယ်။
” သေချာပေါက် ကျွန်တော်လှည့်ကွက်တွေသုံးနေလို့ပေါ့ အစ်ကိုချူးရဲ့ ”
” လှည့်ကွက်တွေသုံးတာလား ငါလဲမင်းလိုလှည့်ကွက်လေးလုပ်ချင်လိုက်တာ ဒါပေမယ့် အဲ့ဒီမင်းမှာရှိနေတဲ့ကလေးလေးက ချစ်စရာကောင်းလှချေလား သူကဘာလေးလဲ ”
ဒီအချိန်မှာ ဟို့ယွိဟောင် သွယ်၀ိုက်ပြီပြောမနေတော့ပါဘူး။ အားလုံးက သူ့အကြောင်းကြားချင်နေမှန်းသူနားလည်ပါတယ်။
” ဒါကစိတ်၀ိညာဥ်တစ်ခုလေ ဘယ်လိုပြောရမလဲဆိုရင် ကံကြမ္မာအလှည့်အပြောင်းကြောင့်ဖန်တီးလိုက်တယ်လို့ထူးခြားတဲ့သက်ရှိတစ်မျိုးလို့ပြောရမှာပေါ့ ကျွန်တော်ရဲ့စိတ်၀ိညာဥ်နဲ့ချိတ်ဆက်ထားတဲ့ ခန္ဓာကိုယ်ရှိတဲ့အပြင် သွေးချင်းလဲသက်ဆိုင်နေသေးတယ်…ရှင်းရှင်းပြောရမယ်ဆိုရင်တော့ သူကအသက်ရှိတဲ့၀ိညာဥ်စက်ကွင်းတစ်ကွင်းနဲ့ပုံစံတစ်မျိုးပေါ့ ကျွန်တော်ရဲ့အပေါင်းအဖော်လဲဖြစ်နေသေးတယ် ”
သူပြောတာကြားချိန်မှာ အားလုံးကအံ့အားသင့်သွားခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ထဲမှာပါရမီရှင်တွေအများကြီးရှိသလို တော်တော်များများကလဲ သိုင်းပညာ၀ိညာဥ်အတတ်ပညာရှင်ကျောင်းတော်ကဖြစ်နေခဲ့တာကြောင့် ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့အစွမ်းအစကို နားလည်နိုင်စွမ်းကနက်ရှိုင်းပါတယ်။ ဒါပေမယ့် ဒီလိုသက်ရှိမျိုးကိုပိုင်ဆိုင်ထားနိုင်တဲ့သူက အတော်ရှားပါးတာပါ။ နှင်းလုံးလေးက ၀ိညာဥ်စက်ကွင်းတွေနဲ့ မယှဥ်သာနိုင်တဲ့တည်ရှိမှုမျိုးဖြစ်နေခဲ့တယ်။
အပိုင်း ၂၁၃•၂ ပြီး၏။