အပိုင်း ၂၁၂•၃
” အပြန်အလှန် ခံစားချက်များ ”
°°°
အဲ့ဒီအမျိုးသမီးကျောင်းသူကတော့ ရှု့စန်းရှီ သူမရဲ့တိုက်ခိုက်မှုကိုခုန်ရှောင်မှာမတွေးမိပါဘူး။ သူမက ဘာ၀ိညာဥ်စွမ်းရည်ကိုမှ သုံးမထားပေမဲ့လဲ အင်အားကတော့အတော်ကိုကြီးပါတယ်။ ရှု့စန်းရှီရဲ့ပုခုံးကို ဒီလိုမျိုးကန်ချလိုက်ချိန်မှာတော့ ရှု့စန်းရှီလဲ နာကျင်မှုကိုသည်းခံရင်း အံကြိတ်လို့နေခဲ့ရတယ်။
သူမရဲ့ခြေထောက်ကိုကိုင်ထားတဲ့ ရှု့စန်းရှီကတော့ ချစ်ခင်မြတ်နိုးစိတ်အပြည့်နဲ့ ပြောနေခဲ့ပါတယ်။
” နန်နန် ငါမင်းကိုအများကြီးချစ်မြတ်နိုးတယ်…မင်းငါ့ကိုဆူပူငေါက်ငမ်းရင်ရော ရိုက်နှက်ရင်ကော ငါဘာမှပြန်လုပ်မှာမဟုတ်ဘူး ”
” ထွက်သွားစမ်း ”
ကျောင်းသူကတော့ ဒေါသတကြီးနဲ့ညာဘက်ခြေထောက်ကို ပြန်ဆွဲယူနေခဲ့ပါတယ်။ အစောပိုင်းတုန်းက သူမခြေထောက်ကိုတင်းတင်းကြပ်ကြပ်ဆွဲထားခဲ့ပေမဲ့လဲ ရှု့စန်းရှီက ဒီအချိန်မှာပြန်လွှတ်လိုက်ပါပြီ။ သူမက နောက်ပြန်ကျသွားခဲ့သလိုဒီလိုမြေကမ္ဘာစွမ်းအားအပြောင်းအလဲကြောင့် ဟန်ချက်ပျက်သွားခဲ့ပါတယ်။
အထင်ကြီးစရာကောင်းလောက်အောင်ပဲ လီလီပန်းပွင့်ပေါ်မှာထောက်ထားတဲ့ နောက်ခြေထောက်တစ်ဖက်က ဒီလီလီပွင့်ပေါ်မှာကပ်နေရင်းလက်နှစ်ဖက်ကို အားပြန်ပြုကာ အရှေ့ကိုပြန်ပြီမတ်လိုက်ပါတော့တယ်။
အခုလက်ရှိအချိန် ဒီလီလီပန်းပွင့်ပေါ်မှာ လူနှစ်ယောက်က ရပ်နေခဲ့တာဖြစ်သလို မာကျောတဲ့မြေလဲမဟုတ်တာကြောင့် ဒီလိုလှုပ်ရှားမှုမျိုးကို လုပ်ဆောင်ဖို့အတွက် အင်အားထိန်းချုပ်နိုင်ဖို့အတော်ကိုအရေးကြီးပါတယ်။
သူမဒီလိုမျိုးလှည့်ပတ်ပြီချိန်မှာပဲ ခေါင်းပေါ်က ၀ါးခမောက်ကတော့ ပြုတ်ကျလို့သွားခဲ့ပါပြီ။ ရှု့စန်းရှီလဲ ချက်ချင်းဆိုသလို လီလီပန်းပွင့်ရဲ့အောက်ကိုပြန်ခုန်ဆင်းဖို့လုပ်ပါတော့တယ်။ အမျိုးသမီးဖက်ကလုပ်ဆောင်လာတဲ့ ကက်ကြေးညှပ်သလိုခြေကန်ချက်ကိုရှောင်ရှားလိုက်ပြီတဲ့နောက် ညာဘက်လက်ကိုဆန့်ထုတ်ရင်းနဲ့ သူမရဲ့မျက်နှာကာကိုဆွဲချလိုက်တော့တယ်။ အဆုံးသတ်မှာတော့ မျက်နှာကာကိုရော ဦးထုပ်ကိုပါသူဆွဲနိုင်ခဲ့ပါပြီ။
ရှု့စန်းရှီက လက်ရှိအချိန်သူ့ရဲ့ဒိုင်းကာပေါ်ကိုပြန်ရောက်လို့သွားပါတော့တယ်။ သူက ပြုံးပြရင်းနဲ့ ပြောနေခဲ့တယ်။
” ငါကလောကမှာမင်းတစ်ယောက်ထဲကို မြင်တယ်နန်နန် ငါမင်းကိုအများကြီးချစ်မြတ်နိုးတယ် ”
သူပြောပြီတဲ့နောက် သူ့ရဲ့ဒိုင်းကာက မူလလာခဲ့တဲ့လမ်းကြောင်းအတိုင်းပြန်သွားလိုက်ပါပြီ။
ဟုတ်ပါတယ် တတိယနေရာမှာရပ်နေတဲ့က ကျန်းနန်နန်ပါပဲ။ လက်ရှိအချိန် သူမရဲ့ခရမ်းရောင်ဆံကေသာတွေက ပုခုံးပေါ်၀ဲကျနေခဲ့သလို မျက်နှာကလဲ ဒေါသကြောင့်နီရဲလို့နေခဲ့တော့တယ်။ နှစ်နှစ်ကြာပြီတဲ့နောက် ကျန်းနန်နန်က အရင်ကထက်အများကြီးပိုပြီးအချိုးကျကျတောက်ပလာခဲ့ပါပြီ။ လှပတဲ့ရုပ်ရည်သွင်ပြင်က အရမ်းကိုအားကောင်းလွန်တာကြောင့် ရွှေရောင်အလင်းခပ်ဖျော့ဖျော့တွေတောင် သူမဘေးမှာစုစည်းလို့နေပါသေးတယ်။ ပိန်ပါးတဲ့ခန္ဓာကိုယ်က ပြီးပြည့်စုံလုမတတ်လှပလို့နေခဲ့ပြီ မျက်လုံးတွေကတော့ ဒေါသအပြည့်နဲ့ ရှု့စန်းရှီကိုစိုက်ကြည့်နေခဲ့ပါတယ်။
ရှု့စန်းရှီက သူမကိုအရမ်းရင်းနှီးတဲ့သူပါ။ ကျင့်ကြံဆင့်မှာယှဥ်လိုက်မယ်ဆိုရင် ကွာခြားချက်အနည်းငယ်ရှိပေမဲ့ သိပ်ပြီမကြီးမားလှပါဘူး။
ဒီနေရာက ပင်လယ်နတ်ဘုရားကံကြမ္မာဖြစ်နေတာကြောင့် ရှု့စန်းရှီနီးလာတာကို သိသိချင်ပဲ ကျန်းနန်နန်စပြီ စိတ်လှုပ်ရှားလာခဲ့သလို စိတ်ပူပန်မှုကလဲမြင့်တက်လာခဲ့ပါတယ်။
နောက်ဆုံးတော့လဲ ရှု့စန်းရှီက သူမရဲ့လှုပ်ရှားမှုတွေအားလုံးကို ခန့်မှန်းပြီးသားပါ ဒါကြောင့်သာ အသာစီးရသွားခဲ့ပါတယ်။ ရှု့စန်းရှီက သူမရဲ့လှုပ်ရှားမှုတွေကို အဲ့ဒီလောက်ကြီးအထိရင်းနှီးနေလားဆိုတာတော့ ကျန်းနန်နန်တကယ်မသိခဲ့ပါဘူး။ ဒီကောင်လှည့်စားခဲ့တာလား။
သူ့ကိုနှစ်နှစ်ခွဲကြာအောင်မတွေ့လိုက်ရတဲ့အတွက် ကျန်းနန်နန်လဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုအင်မတန်အားကောင်းတဲ့ ခြောက်ယောက်မြောက်မောင်ငယ်လေးရှိနေသေးတယ်ဆိုတာကို မေ့လုမတတ်ဖြစ်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့လက်ရှိစိတ်၀ိညာဥ်စွမ်းအားနဲ့ဆိုရင် မီတာတစ်ရာဆိုတာက ဘာမှမဟုတ်ပါဘူး။ သူ့ရဲ့အကူအညီအကဲဖြတ်မှုတွေနဲ့ အတူ ကျန်းနန်နန်ရဲ့ မျက်နှာကာနဲ့ဦးထုပ်ကိုဖယ်ရှားနိုင်အောင်ကူညီပေးဖို့က မခက်ခဲတဲ့အရာပါ။
” စန်းရှီလုပ်သွားတဲ့အကွက်လေးလှတယ် ”
အမျိုးသားကျောင်းသားတွေအားလုံးက ရှု့စန်းရှိီရဲ့ လုပ်ဆောင်မှုကိုအားပေးနေခဲ့ကြပါပြီ။ တချို့အားနည်းတဲ့ကျောင်းသားတွေကတော့ အရမ်းကိုစိတ်လှုပ်ရှားတာကြောင့် ရေထဲကိုပြုတ်ကျမတတ်ဖြစ်သွားခဲ့ကြပါတယ်။
ရှု့စန်းရှီကတော့ အားလုံးကိုအရိုအသေပြုလိုက်ရင်းပျော်ရွှင်မှုအပြည့်နဲ့ ပြောလာခဲ့တယ်။
” ကျွန်တော်က ကံကောင်းသွားရုံပါ အစ်ကိုကြီးတို့ ညီငယ်လေးတို့အားလုံးလဲ ကံကောင်းပါစေလို့ ဆန္ဒပြုပေးပါတယ်…ဒီအပိုင်းမှာလူအများကြီးရှိနေတာကြောင့် ကျွန်တော်တို့တွေ အမျိုးသမီးတွေရဲ့ဦးထုပ်တွေနဲ့ မျက်နှာကာတွေကိုသေချာပေါက် ဖယ်ရှားပြစ်ဖို့လုပ်ရမယ် ”
သူပြောပြီတဲ့နောက် သူယူလာခဲ့တဲ့ကျန်းနန်နန်ရဲ့ ဦးထုပ်ကိုအရှေ့တည့်တည့်မှာထားရင်းအသက်ပြင်းပြင်းရှုနေခဲ့ပါတယ်။ တကယ်တော့သူအများကြီးပျော်နေခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ သူကအတော်မှောင်နေခဲ့ပြီဖြစ်သလို ကျန်းနန်န်ကလဲ သူနဲ့ဝေးနေခဲ့တဲ့အတွက် သူဘယ်လောက်ပျော်နေလဲဆိုတာကိုတော့ လှမ်းမမြင်ရပါဘူး။ မဟုတ်ရင် သူမဒေါသထွက်လွန်လို့ သူကိုလာရိုက်လောက်ပါတယ်။
ပထမအပိုင်းက အစွမ်းအစကိုထုတ်ဖော်ပြသရတာပါ။ ရှု့စန်းရှီက လက်ရှိအချိန်မှာ ဘယ်၀ိညာဥ်စွမ်းရည်ကိုမှမသုံးခဲ့ပေမဲ့ နောက်ဆုံးမှာတော့အောင်မြင်ခဲ့ပါတယ်။ သူကတည်ငြိမ်တဲ့လှုပ်ရှားမှုကို အသုံးပြုခဲ့တာကြောင့် လှေပေါ်မှာရှိနေတဲ့အကြီးအကဲနဲ့ဆရာတွေလဲခေါင်းညိတ်ရင်းနဲ့ အတည်ပြုပေးနေခဲ့ကြတယ်။ အကြီးအကဲရွှမ်တောင်မှ ပြုံးနေခဲ့ပါပြီ။
ရှု့စန်းရှီက လက်သီးနဲ့လက်၀ါးနှစ်ခုကိုအတူတူဆုပ်ကိုင်ပြီ အတော်လေးကိုကျေနပ်နေပုံပေါ်ပါတယ်။ သူမှာ ဒီလိုမျိုးကျေနပ်ခွင့်လဲရှိနေခဲ့တယ်။ နောက်ဆုံးတော့လဲ အမျိုးသမီးကျောင်းသူတွေအားလုံးက တူညီတဲ့၀တ်စုံကို၀တ်ဆင်ထားခဲ့ပြီ မျက်နှာကာနဲ့ ဦးထုပ်ကိုဆောင်ထားခဲ့တာပါ။ ကြည့်လိုက်မယ်ဆိုရင် အားလုံးကတစ်ယောက်ထဲလိုပါပဲ။
ဆယ်ခုနှစ်ယောက်ထဲမှာ ဒီလိုမှောင်မဲနေတဲ့ညကြီးထဲမှာ ကျန်းနန်နန်ကို သူရအောင်ရှာနိုင်ခဲ့တယ်။ ဒါက ကျန်းနန်နန်ကိုသူတအားကြီးရင်းနှီးနေလို့မဟုတ်ပါဘူး။
ရှု့စန်းရှီရဲ့ လုပ်ဆောင်ချက်ကိုမြင်ပြီချိန်မှာ ကျန်းလဲ့ရွှမ်က ပြုံးနေခဲ့ပါတယ်။ ပေ့ပေ့ကတော့ ရှု့စန်းရှီကိုပြုံးပြုံးကြီးကြည့်နေခဲ့တယ်။ ဒီပုံစံကိုရင်းနှီးနေတယ်ဆိုတာအသိအသာကြီးပါပဲ။
” ရန်လု့ရေ မင်းအလှည့်ရောက်ပြီ ”
ကျန်းလဲ့ရွှမ်က ပြောလာခဲ့ပါတယ်။ ဒီနေရာမှာပါ၀င်ယှဥ်ပြိုင်သူတွေက အများကြီးရှိနေခဲ့တာကြောင့် ပွဲရဲ့အစီအစဥ်ကလဲ ငါးခုရှိနေခဲ့ပါတယ်။ အားလုံးကပါရမီရှင် ၀ိညာဥ်ပညာရှင်တွေဖြစ်သလို ကျင့်ကြံဆင့်တွေကလဲ အားမနည်းကြပါဘူး။ ဒါပေမယ့် လီလီပန်းပွင့်ပေါ်မှာအချိန်အကြာကြီးနေဖို့ဆိုတာက လွယ်ကူတဲ့အရာမဟုတ်တာသိသာနေခဲ့တယ်။ ဒီတော့ အချိန်ကိုအမြန်ပြီအောင်လုပ်ရမှာပါ။
ရန်လု့ကတော့ အသက်နှစ်ဆယ်ခုနှစ် နှစ်ဆယ်ရှစ်လောက်ရှိပါပြီ။ ကျန်းလဲ့ရွှမ် သူ့နာမည်ခေါ်တာကိုကြားချိန်မှာ ချက်ချင်းဆိုသလို လေပေါ်ကိုမြောက်တက်လို့သွားပါတော့တယ်။ သူ့ရဲ့နောက်ကျောဖက်မှာလှပတဲ့အဖြူရောင်တောင်ပံတစ်စုံက ပေါ်ထွက်လာခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်က အတော်ကိုအချိုးကြပါတယ်။ အတောင်ပံခတ်လိုက်ချိန်မှာတော့ ချက်ချင်းဆိုသလို အမျိုးသမီးတွေရဲ့အရှေ့ကိုရောက်ရှိလို့သွားတော့တယ်။
ကျန်းနန်နန်ကလဲ အေးအေးဆေးဆေးဖြစ်သွားခဲ့ပါပြီ။ ရှု့စန်းရှီကို တစ်ချက်တောင်မကြည့်ပဲ ဟို့ယွိဟောင်ဖက်ကိုလှမ်းကြည့်နေခဲ့တယ်။ သူ့ကိုဒေါသထွက်နေတဲ့မျက်နှာထားနဲ့ အခုအချိန်မှာ ဒီကလေးဘာလုပ်ခဲ့လဲဆိုတာ သူသိနေပြီလောက်ပါပြီ။
ရှု့စန်းရှီက သူ့အစွမ်းအစတစ်ခုထဲနဲ့ သူမရဲ့ဦးထုပ်နဲ့ မျက်နှာကာဘယ်လိုလုပ်ဖယ်ရှားနိုင်မှာလဲ။ ဟို့ယွိဟောင်ကတော့ သူ့ကိုပြုံးသာပြုံးပြနေခဲ့ပါတယ်။ မီတာတစ်ရာဆိုတာက ပျံသန်းဖို့အတွက် အတော်ကိုတိုတောင်တဲ့အကွာအဝေးပါ။ရန်လော့ကတော့ လေပေါ်မှာလွှင့်မျောနေခဲ့ရင်း အမျိုးသမီးတွေဆီမရောက်ခင်အတောင်ပံတွေကို ခပ်ပြင်းပြင်းခတ်လိုက်ပါတော့တယ်။ သူ့ရဲ့၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းကလဲ တောက်ပလာခဲ့ပါပြီ။ ရုတ်တရက်ဆိုသလို အားကောင်းတဲ့လေက ရေကန်အပေါ်ဆီတက်လာပါတော့တယ်။ ဒီလိုအတောင်ပံခတ်လိုက်ချိန်မှာတော့ လှိုင်းတွေကအမျိုးသမီးတွေဆီကို ၀ုန်းကနည်းပြေး၀င်လို့သွားခဲ့တယ်။
ရန်လု့ကတော့ ပျော်ပျော်ကြီးပြုံးနေဆဲပါ။ အကယ်၍ အမျိုးသမီးတွေသာရေလှိုင်းနဲ့ထိမိမယ်ဆိုရင် သေချာပေါက် သူတို့တွေအားလုံးစိုရွှဲကုန်ကြပါလိမ့်မယ်။ သေချာလူခွဲသွားရုံတင်မက သူ့အတွက်တော့ မျက်စိပဒါသဖြစ်နေမှာပါ။
ဒီအချိန်မှာပဲ အလယ်မှာရှိနေသူတစ်ယောက်က ထအော်ပါတော့တယ်။
” အရှက်မရှိလိုက်တဲ့ ရန်လု့ပါလား ”
သူညာဘက်လက်ကိုမြောက်လိုက်ပြီ လက်၀ါးနဲ့ရိုက်ချလိုက်ပါတယ်။ ခြေထောက်အောက်မှာတော့ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းတောက်ပလို့လာခဲ့ပါပြီ။ ခြစ်ခြစ်တောင်ပူပြင်းနေတဲ့ မီးလျှံတွေကအရှေ့ကိုပြေးထွက်လို့သွားပါတော့တယ်။ ဒီမီးတွေက မီးပင်လယ်ကြီးအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပြီ သူတို့ဆီရောက်လာနေတဲ့ ရေတွေအားလုံးကို ခုခံလိုက်ပါတော့တယ်။ ဒီလိုနဲ့ရေတွေအားလုံးက တားဆီးခံလိုက်ရပါပြီ။
ရေတွေအားလုံးအငွေ့ပျံပြီ မြူခိုတွေဖြစ်သွားသလို လှိုင်းတွေဆိုတာကလဲ မရှိတော့ပါဘူး။ ဟို့ယွိဟောင်ကတော့ သူ့ဘေးနားမှာရှိတဲ့အစ်ကိုကြီးတစ်ယောက် တိုးတိုးလေးပြောနေတာကို ကြားလိုက်ရပါတယ်။
” အထင်ကြီးစရာကောင်းလိုက်တာ ဒီရှေ့မူလရွှေကျီးနဲ့မီးလျှံက မဆိုးဘူးပဲ ၀ူးမင်းလဲ ဒီကြင်ဖက်တွေ့ဆုံပွဲကိုလာမယ်လို့ ငါမထင်ထားဘူး ”
ရှေ့မူလရွှေကျီးမီးလျှံဆိုတာ ဟို့ယွိဟောင် ဘာမှန်းမသိပေမဲ့ ရွှေနီရောင်မီးတွေက အတော်ပူပြင်းမှန်းတော့သူသိပါတယ်။ ဒါက မာရှောင်ထောင့်ရဲ့နတ်မီးငှက်မီးလျှံတွေနဲ့တောင်ယှဥ်လို့နိုင်တဲ့အထိ ပူနေခဲ့တယ်။
အဲ့ဒီမီးကိုထုတ်သူရဲ့ဘေးနောက်မှာရှိတဲ့အမျိုးသမီးတစ်ယောက်ကလဲ ဒေါသတကြီးနဲ့ထအော်လာခဲ့ပါတယ်။
” တကယ်နှာဘူးကောင်ပဲ အကြီးဆုံးအစ်မကြီး ငါတိုက်ခိုက်တော့မယ် ”
ရွှေရောင်အလင်းတန်းတစ်ခုက နဂါးတစ်ကောင်လိုပုံစံမျိုးနဲ့ ကောင်းကင်ပေါ်ကိုထိုးတက်လာခဲ့ပါပြီ။ ရှေ့မူလရွှေကျီးမီးလျှံကို မြင်လိုက်ရတဲ့ ရန်လု့က အဲ့ဒီအချိန်မှာကထဲက လန့်နေခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ငန်းတစ်ကောင်ပါ ဒါကြောင့် အထောက်အကူပြု၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့တယ်။ စည်းမျဥ်းတွေအရဆိုရင် အမျိုးသမီးက တိုက်ရိုက်တိုက်ခိုက်လို့မရပါဘူး။ ဒါကြောင့်သာ သူဒီလိုအတင့်ရဲနေခဲ့တာပါ။ ဒါပေမယ့် တစ်ဖက်မှအမျိုးသမီးကနှစ်ယောက်တိတိ သူ့ကိုလာပြီတိုက်ခိုက်တဲ့အတွက် အထိတ်တလန့်ဖြစ်နေခဲ့ရပါတော့တယ်။
အတောင်ပံကိုခတ်လိုက်ပြီတဲ့နောက် သူပြန်ဆုတ်ဖို့လုပ်ပေမဲ့ ရွှေရောင်အလင်းတန်းက သူ့ကိုချုပ်နှောင်ပြီဆွဲချဖို့လုပ်နေခဲ့ပါပြီ။
” အစ်မကြီးရော့ရော့တို့ ငါမှားသွားပါတယ် ကျေးဇူးပြုပြီးညှာတာပေးပါ ”
ရန်လု့က သနားစရာကောင်းလောက်အောင် အော်ဟစ်ရင်းနဲ့ ခုခံဖို့ကြိုးစားကြည့်ပါတယ်။ ဒီအမျိုးသမီးနှစ်ယောက်ကတော့ သူ့ကိုလုံး၀အလစ်ပေးမဲ့ပုံမပေါ်ပါဘူး။
ဟို့ယွိဟောင် စိတ်၀ိညာဥ်မျက်လုံးကိုအသုံးပြုပြီး အာရုံစိုက်လိုက်ချိန်မှာပဲ ကောင်းကင်ပေါ်ထိုးတက်လာတဲ့ ရွှေရောင်အလင်းတန်းက ရွှေရောင်ကြိုးတစ်ချောင်းဖြစ်နေတာကို မြင်လိုက်ရပါတယ်။ ဒီလိုသိုင်းပညာ၀ိညာဥ်ကို သူမြင်ဖူးတာပထမဆုံးအကြိမ်ပါပဲ။ ဒါက ထိန်းချုပ်ရေးအမျိုးအစား ၀ိညာဥ်ပညာရှင်ဆိုတာကို ကြည့်လိုက်ရုံနဲ့ သေချာသိနိုင်ပါတယ်။
တစ်ဖက်အမျိုးသမီးမှာတော့ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းက ရှိနေခဲ့တယ်။ အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်လေးခုပါ။ ရန်လု့ ကြောက်လန့်တကြားတောင်းပန်နေတာဘယ်အံ့ဩစရာရှိမလဲ ဒါပေမယ့် သူမကတော့ လုံး၀ကိုညှာတာမဲ့ပုံမပေါ်ပါဘူး။ ရွှေရောင်ကြိုးက တင်းသွားခဲ့ပြီတဲ့နောက်သူ့ကိုကောက်ညှင်းထုပ်တစ်ခုလိုမျိုး ရစ်ပတ်လို့သွားရင်း ညာဘက်လက်ကိုအသုံးပြုကာ ရေထဲဆွဲချပြစ်ပါတော့တယ်။
ရွှေရောင်အလင်းတန်းကိုသူမပြန်သိမ်းလိုက်ချိန်မှာတော့ ၀ိညာဥ်စက်ကွင်းတွေလဲ ပျောက်သွားခဲ့ပါပြီ။ ဒီအမျိုးသမီးနှစ်ယောက်လှုပ်ရှားပြီတဲ့နောက် နောက်ထပ်အမျိုးသမီးကျောင်းသူတစ်ယောက်က လက်နှစ်ဖက်ကိုဖြည်းဖြည်းချင်းလှုပ်ရှားလိုက်ချိန်မှာ ကန်ရေပြင်ကတည်ငြိမ်လို့သွားပါတော့တယ်။ မှိန်ဖျော့ဖျော့အပြာရောင်အလင်းတန်းကသာ အခုအချိန်မှာကျန်ရစ်လို့နေခဲ့ပါပြီ။ ရေထဲကိုပြုတ်ကျသွားပြီလွှတ်မြောက်သွားတဲ့ ရန်လု့ကတော့ ရေပေါ်မှာပေါ်လာခဲ့ရင်း ကျန်းလဲ့ရွှမ်ကို လှမ်းအော်ပါတော့တယ်။
” အစ်မကြီး သူတို့ပထမအပိုင်းမှာတိုက်ခိုက်လို့မရဘူးလို့ကျွန်တော်ထင်နေခဲ့တာ ”
” အဲ့ဒီလှိုင်းတွေကိုဖန်တီးတဲ့ နင်ရဲ့ရည်ရွယ်ချက်ကဘာလဲ ခုနကတင်ပြောပြီးပြီမလား ဒီလိုမျိုးနှာဘူးကျတဲ့အတွေးရှိနေမှတော့ သေချာပေါက် စည်းမျဥ်းတွေကိုဖောက်ဖျက်တာပဲလေ ကိုယ်ဘာသာကိုယ် ကမ်းခြေဆီပြန်ကူးသွားပေတော့ ထုတ်ပယ်ခံလိုက်ရပြီ ”
ရန်လု့က မကျေနပ်ပါဘူး။ ဒါပေမယ့် ကျန်းလဲ့ရွှမ်အရှေ့မှာ ဘာမှမပြောနိုင်တော့ပဲ ဒီအတိုင်း ရေပြန်ကူးသွားရပါတော့တယ်။
ဟို့ယွိဟောင်ကတော့ ခေါင်တစ်ချက်လှည့်ကြည့်လိုက်ချိန်မှာ သူ့ကိုပြန်ကြည့်နေတဲ့ ဟယ့်ချိုက်ထို့ရဲ့မျက်နှာကို မြင်လိုက်ရပါတယ်။ သူတို့နှစ်ယောက်စလုံးလဲ တံတွေးကိုမြိုချလိုက်ရပါပြီ။ ဒီတစ်ခေါက် ကြင်ဖက်တွေ့ဆုံပွဲက အတော်ကိုပြင်းထန်လွန်ပါတယ်။ အဲ့ဒီအမျိုးသမီးတွေက တကယ်ကြင်ဖက်လာရှာတာဟုတ်ရောဟုတ်ရဲ့လား။
” အစ်ကိုကြီးပြောတာ ပထမအပိုင်းက အင်မတန်လုံခြုံတယ်ဆို ဘာဖြစ်လို့ ငါတော့အဲ့ဒီလိုမထင်ရတာလဲ ”
” ကျွန်တော်လဲအဲ့လိုမထင်ဘူး…အဲ့ဒီမှာရှိတဲ့အစ်မကြီးတွေက အတော်လေးကြောက်စရာကောင်းတယ်…သူ့မှာ၀ိညာဥ်စက်ကွင်းက ရှစ်ကွင်းတောင်ရှိနေတာ တတိယအစ်ကိုကြီးကျွန်တော်တောင် နည်းနည်းကြောက်နေပြီ ”
” ငါခြေထောက်ကိုပဲကြောက် တချို့ကောင်မလေးတွေကတော့ မင်းကိုကြိုက်မဲ့ပုံပေါ်ပါတယ် ”
ဟို့ယွိဟောင်လဲ တစ်ဖက်ကိုလှည့်ပြီတဲ့နောက် အသက်နှစ်ဆယ်ခုနှစ် နှစ်ဆယ်ရှစ်နှစ်လောက်ရှိတဲ့အစ်ကိုကြီးကို သူမေးလိုက်ပါတော့တယ်။
” အစ်ကိုကြီး အစောပိုင်းတိုက်ခိုက်တဲ့အစ်မကြီးနှစ်ယောက်ကဘယ်သူတွေလဲ သိလား ကြည့်ရတာသူ့တို့ကိုသိတဲ့ပုံပေါ်တယ် ”
အပိုင်း ၂၁၂•၃ ပြီး၏။