အပိုင်း ၂၁၂•၂
” အပြန်အလှန်ခံစားချက်များ ”
°°°
ရှု့စန်းရှီက တခြားသူတွေနဲ့မတူညီတဲ့နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ပါတယ်။ သူက လုံး၀ကိုစိုးရိမ်ပူပန်းမနေခဲ့ပါဘူး။ အေးအေးဆေးဆေးနဲ့သာ ရွေ့လျားလို့လာခဲ့ပြီ သူ့ရဲ့၀ိညာဥ်ခြောက်ကွင်းကိုထုတ်ပြလို့ထားခဲ့ပါတယ်။ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်နှစ်ကွင်းပါ။ သူအရှေ့တည့်တည့်ကိုသာ အာရုံစိုက်ပြီတော့ကြည့်နေခဲ့ပါတယ်။ ဒါ့အပြင် သူ့အရှေ့မှာရှိတဲ့ကျောင်းသားတွေ လီလီပန်းပွင့်ပေါ်ရောက်တော့မဲ့အချိန်မှာပဲ ချက်ချင်းဆိုသလို ခုန်ပျံလိုက်ပြီတဲ့နောက် ရွှမ်၀ူဒိုင်းကာကြီးကိုထုတ်သုံးလိုက်ပါပြီ။ ဒီဒိုင်းကာကြီးက ရေကန်ရဲ့မျက်နှာပြင်ပေါ်ကို ရိုက်ခတ်လို့သွားပြီတဲ့နောက် ရေပေါ်မှာစတင်ပြီရွေ့လျားပါတော့တယ်။ ဒီအတိုင်းသုံးကြိမ်တိတိလှုပ်ရှားလိုက်ချိန်တိုင်းမှာတော့ အရှေ့ကိုမီတာရှစ်ဆယ်အထိ သူရောက်သွားခဲ့ပါပြီ။ ဒါတောင်မှသူနောက်ဖက်မှာရှိနေတုန်းပါပဲ။ ပျံသန်းနိုင်တဲ့ ကျောင်းသားလေးယောက်စလုံးကတော့ အရင်ဆုံးထိပ်ဆုံးမှာရှိတဲ့ လီလီပန်းပွင့်တွေအပေါ်ကိုရောက်ရှိလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်လဲ ပထမတန်းမှာပဲ နေရာတွေကိုရရှိလို့သွားခဲ့ပါတယ်။ ရှု့စန်းရှီကတော့ ဒီအချိန်မှာပျော်ပျော်ကြီးပြုံးနေခဲ့ရင်း လေးခုမြောက်၀ိညာဥ်စက်ကွင်းကိုစတင်ပြီထုတ်သုံးပါတော့တယ်။ ပထမဆုံးနေရာကိုရထားတဲ့ကျောင်းသားကတော့ ချက်ချင်းဆိုသလို မူးနှောက်သွားခဲ့ရပါပြီ။ အဲ့ဒီနောက် သူ့တို့ရဲ့နေရာတွေက ပြောင်းရွေ့ခံလိုက်ရပါတယ်။ ရှု့စန်းရှီကတော့ အသာအယာခန္ဓာကိုယ်ကိုကိုယ်ဖော့ရင်းနဲ့ လီလီပန်းပွင့်ပေါ်ကိုဆင်းသက်လို့သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူနဲ့နေရာလဲခံလိုက်ရတဲ့ကျောင်းသားက လူတိုင်းရဲ့နောက်ဖက်ကိုရောက်သွားခဲ့ရပါတယ်။
ရှု့စန်းရှီက ရက်ရက်ရောရောနဲ့ ပျံသန်းနိုင်တဲ့ သိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ထားသူအစ်ကိုကြီးတစ်ယောက်ကိုရွေးချယ်ခဲ့တာပါ။ ဒီလူကနေရာလဲခံလိုက်ရပေမဲ့ ရေထဲကိုပြုတ်ကျလို့မသွားခဲ့ပါဘူး။ သူနောက်တစ်ကြိမ် ပြေးထွက်လိုက်ချိန်မှာတော့ တတိယအတန်းမှာသာ နေရာတစ်ခုကို ရရှိလို့သွားပါတော့တယ်။
” ရှု့စန်းရှီ မင်းဒီငတုံးကောင်ကတော့လေ ”
အဲ့ဒီနေရာလဲခံလိုက်ရတဲ့သူက အသက်သုံးဆယ်နီးပါးရှိနေပြီဖြစ်တဲ့ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းသူတော်စင်ပါ။ လက်ရှိအချိန်မှာ သူကြည့်ရတာအတော်လေးစိတ်ညစ်နေပုံပေါ်ပါတယ်။ နေရာလဲခံလိုက်ရုံတင်မက ဒုတိယအတန်းမှာနေရာမရပဲ တတိယတန်းမှာသာရတာကြောင့် စိတ်ညစ်နေခဲ့သလို ရှု့စန်းရှီကိုဘာမှမလုပ်နိုင်ခဲ့လို့ ပိုလို့စိတ်ဖိစီးခဲ့ရပါတယ်။ ပင်လယ်နတ်ဘုရားကံကြမ္မာရဲ့စည်းမျဥ်းတွေအရ လီလီပန်းပွင့်ပေါ်ကိုခြေချပြီတာနဲ့ နောက်ထပ်နေရာပြောင်းလို့မရတော့ပါဘူး။
ရှု့စန်းရှီကတော့ လှည့်ကြည့်ရင်းတစ်ဖက်အစ်ကိုကြီးကို သူဂါရ၀ပြုလိုက်ပါတယ်။
” အစ်ကိုကြီး ဒီလိုမျိုးအပြစ်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်…ဒီလောက်ကောင်းတဲ့နေရာကိုယူဖို့ဘယ်လိုများတွေးမိတာလဲ မစိုးရိမ်ပါနဲ့ ကျွန်တော်က လူတစ်ယောက်ထဲကိုပဲ အာရုံကြတာ သူဘယ်သူလဲဆိုတာဒီနေရာမှာရှိတဲ့လူတိုင်းလဲသိပြီသားပါ ဘယ်သူမှ သူ့ကိုကျွန်တော်ဆီကနေ လုယူဖို့မရဘူး…မဟုတ်ရင် ကျွန်တော်တကယ်ပဲ စိတ်ဆိုးရလိမ့်မယ် ”
သူ့ရဲ့လူရွှင်တော်နဲ့တူတဲ့အမူအရာကိုမြင်ပြီချိန်မှာတော့ အတွင်းနယ်မြေရဲ့ကျောင်းသားတော်တော်များများလဲ အော်ရယ်နေပါပြီ။
ရှု့စန်းရှီက သူတို့အတွင်းနယ်မြေရဲ့ညီငယ်လေးတစ်ယောက်လို့ပြောရမှာပါ။ ဒါ့အပြင် ပေ့ပေ့နဲ့အတူမြန်မြန်ဆန်ဆန်တိုးတက်လာသူလို့လဲ ပြောရပါလိမ့်မယ်။ အရမ်းကိုဖော်ရွေတတ်တဲ့သူဖြစ်တာကြောင့် ဒီနေရာမှာရှိတဲ့လူတိုင်းနီးပါးက သူ့ကိုသိပါတယ်။ ဒါ့အပြင် ကျန်းနန်နန်သူ့ကိုဆက်တိုက်ဘယ်နှစ်ကြိမ်မှန်းတောင်မသိပဲ ငြင်းနေမှန်းလဲ အားလုံးကသိပြီသားပါ။ အစပိုင်းမှာစိတ်ညစ်နေခဲ့တဲ့ ၀ိညာဥ်သူတော်စင်ကတောင် အခုအချိန်မှာတောင် စပြီရယ်နေခဲ့ပါပြီ။
” မင်းစောင့်ကြည့်နေလိုက် အကယ်၍ နန်နန် မင်းကိုရွေးချယ်ခဲ့တယ်ဆိုရင်တောင် ငါသူ့ကိုစိန်ခေါ်ပြစ်မယ် ”
” သေချာတာပေါ့ လုပ်လိုက်လေ ”
” တကယ်ကြီးပြောနေတာလား အစ်မကြီးရေ တစ်ယောက်ယောက်ကတော့ ကျွန်တော်ကိုခြိမ်းခြောက်နေပြီ ဒါ့အပြင် ကျွန်တော်မှတ်မိတာမမှားဘူးဆိုရင် ဒီတစ်ယောက်ကအစ်မကြီးရဲ့ အကြီးဆုံးပရိတ်သတ်တွေထဲကပဲနော် သူ့ကိုကောင်းကောင်းမသွန်သင်ပေးဘူးလား ”
ရှု့စန်းရှီကတော့ အင်မတန်ကိုချဲ့ကားနေတဲ့အမူအရာနဲ့ ကျန်းလဲ့ရွှမ်ကို သွားတိုင်ပါတော့တယ်။ ကျန်းလဲ့ရွှမ်ကတော့ ရယ်သာရယ်နေခဲ့တယ်။
” စန်းရှီရေ အရူးလုပ်နေတာရပ်လိုက်တော့ ”
သူပြောလိုက်ချိန်မှာပဲ ရေကန်ထဲမှာရှိရှိသမျှလူတိုင်းက သူမရဲ့ကြည်လင်ပြတ်သားတဲ့အသံကို ကြားလိုက်ရပါတယ်။ သူ့အသံကစူးရှနေတာမဟုတ်ပေမဲ့ အားလုံးကိုပြောနေသလိုမျိုးကြည်လင်လို့နေခဲ့တယ်။
အမျိုးသားကျောင်းသားတွေအားလုံးလဲ သူမရဲ့စကားကိုကြားချိန်မှာ ပျက်တိပျက်ချော်မလုပ်၀ံ့ပဲနဲ့ ကိုယ်ဟန်တွေတောင် ပြင်နေကြပါပြီ။ သူမရဲ့စိတ်ထဲမှာမကောင်းမြင်ခံရမှာကို ကြောက်နေကြတဲ့ပုံပါပဲ။
အတွင်းနယ်မြေထဲမှာ ကျန်းလဲ့ရွှမ်က ကျောင်းသားတွေအပေါ်အပြည့်အ၀ဩဇာအာဏာသက်ရောက်ပါတယ်။ သူမက သန်မာရုံတင်မကပဲ အကျင့်စရိုက်ကလဲအရမ်းကိုကောင်းတဲ့သူတစ်ယောက်လဲဖြစ်နေခဲ့တယ်။ ဘယ်တုန်းကမှ တခြားကျောင်းသားတွေကို ကူညီတာမျိုးတွန့်ဆုတ်နေတာမရှိခဲ့ပါဘူး။ ဒါ့အပြင် နူးညံ့ညင်သာပြီကျက်သရေရှိရုံတင်မက ကျောင်းသားအများစုရဲ့နှလုံးသားထဲက နတ်မိမယ်လဲဖြစ်နေပါသေးတယ်။ ဒီလိုသူမပြောလာတာနဲ့ ရှု့စန်းရှီတောင်မှပြောင်ချော်ချော်လုပ်နေတာ ရပ်သွားခဲ့ပါပြီ။
ကျန်းလဲ့ရွှမ်က ဆက်ပြီတော့ပြောလာခဲ့ပါတယ်။
” စန်းရှီက လှည့်ကွက်တွေသုံးပေမဲ့ သူဒီလိုလုပ်တယ်ဆိုတာ သူ့ပျော်ရွှင်မှုအတွက်ပဲလေ ဒါ့အပြင် အားလုံးလဲဒီလိုလုပ်ပိုင်ခွင့်ရှိတယ်…မင်းတို့တွေက သူလောက်မကောက်ကျစ်ကြရုံသက်သက်ပဲ ဒါက ပထမဆုံးအပိုင်းပဲရှိသေးလို့ မင်းတို့အားလုံးပူးပေါင်းပြီဆောင်ရွက်ဖို့လိုဦးမယ် အမျိုးသမီးတွေရဲ့မျက်နှာကိုမမြင်လိုက်ရပဲတော့ အဆုံးမသတ်သွားစေနဲ့ အကယ်၍ ဒီလိုသာဖြစ်လာမယ်ဆိုရင်တော့ နောက်ပိုင်းမှာခံစားရလိမ့်မယ်နော် ပေ့ပေ့ စလိုက်ကြစို့ ”
” ကောင်းပါပြီ ”
ပေ့ပေ့လဲ သူမစကားကိုကြားချိန်မှာခေါင်းညိတ်ပြီတောင် ပြောလာခဲ့ပါတယ်။
” ပင်လယ်နတ်ဘုရားရေကန်ထက်က ပင်လယ်နတ်ဘုရားကံကြမ္မာစတင်ပါတော့မယ်…နှစ်စဥ်နှစ်တိုင်းကျင်းပတဲ့ ပွဲတော်အချိန်အခါကျရောက်လို့လာခဲ့ပါပြီ ဒီအချိန်အခါကို အားလုံးစောင့်ဆိုင်းနေရတာကြာမြင့်ပြီလို့ ကျွန်တော်ယုံကြည်မိပါတယ်…ဒီတစ်ခေါက် ကြင်ဖက်တွေ့ဆုံပွဲမှာအပိုင်းကတော့ငါးပိုင်း ပါ၀င်မှာပါ အားလုံးကျေးဇူးပြုပြီးပြင်ဆင်ထားကြပါ ကျွန်တော်နောက်တစ်ခေါက်ပြန်ပြောပါ့မယ်…အကယ်၍ ရေထဲကိုပြုတ်ကျသွားမယ်ဆိုရင် အရည်အချင်းမပြည့်မီဘူးလို့သတ်မှတ်ခံရပြီ ထုတ်ပယ်ခံရမှာပါ ”
ကျန်းလဲ့ရွှမ်က ဆက်ပြီပြောလာခဲ့ပါတယ်။
” ပင်လယ်နတ်ဘုရားရေကန်ရဲ့ အလှဆုံးနတ်မိမယ်နဲ့ ကံအကောင်းဆုံးအမျိုးသားကျောင်းတော်သားတို့ကို ငါတို့ကအကဲဖြတ်ပေးမှာပါ ဒါပေမယ့် ပထမဆုံးနတ်မိမယ်ရဲ့မျက်နှာကာကိုမပေးဖို့လိုပါတယ် ”
ဟို့ယွိဟောင်ကတော့ လီလီပန်းပွင့်အပေါ်ကိုရောက်သွားခဲ့ပါပြီ။ ဒီလီလီပန်းပွင့်ရဲ့အလေးချိန်ကိုခံနိုင်စွမ်းက အတော်လေးအထင်ကြီးစရာကောင်းပါတယ်။ သူ့၀ိညာဥ်စွမ်းအားကိုကောင်းကောင်းစုစည်းထားနိုင်မယ်ဆိုရင် သေချာပေါက် သူ့ရဲ့လက်ရှိအခြေအနေနဲ့ မားမားမတ်မတ်တော့ရပ်နိုင်မှာပါ။ ဒါပေမယ့် သူကြမ်းကြမ်းတမ်းတမ်းတော့လှုပ်ရှားလို့တော့မရပါဘူး။
အခုလက်ရှိအချိန်မှာ ကျန်းလဲ့ရွှမ်နဲ့ ပေ့ပေ့ကိုအာရုံစိုက်ပြီ သူနားထောင်မနေခဲ့ပါဘူး။ သူစိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကိုသာအသုံးပြုရင်း ဒီနေရာမှာရှိတဲ့လူတွေကို တွက်ချက်နေခဲ့ပါတယ်။
” သုံးဆယ်ခုနှစ် သုံးဆယ်ရှစ် သုံးဆယ်ကိုးယောက်ရှိနေတာပဲ ဒါပေမယ့် ၀မ်သုန့်ရော ဘယ်မှာလဲ သူကငါတို့ရဲ့ သုံးဆယ်ကိုးယောက်ထဲမှာ မပါဘူးလား ဒါဆိုရင် ဘယ်လိုဖြစ်လို့လူကပြည့်နေပြန်တာလဲ ဒီလိုအခွင့်အရေးကောင်းကြီးမှာသူ့လိုရုပ်ရည်မျိုးနဲ့ဆိုရင် သေချာပေါက်မိန်းမကောင်းတစ်ယောက်ကိုရှာတွေ့မှာပဲ နှမြောစရာကောင်းလိုက်တာ ”
သူရောက်လာကထဲက ၀မ်သုန့်ကိုလိုက်ရှာနေခဲ့တာပါ ဒါ့အပြင် ပေ့ပေ့ကလဲ ၀မ်သုန့်သေချာပေါက် ရောက်လာမယ်လို့ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အစီအစဥ်အတိုင်းဖြစ်လာပုံမပေါ်ပါဘူး။ သုံးဆယ်ကိုးနေရာလုံးပြည့်နေပြီဖြစ်ပေမဲ့ ၀မ်သုန့်ရောက်လာရင်တောင် နေရာမရှိတော့မဲ့အခြေအနေဖြစ်နေခဲ့တယ်။
” ကောင်းပြီ ပထမအပိုင်းစကြမယ် အပြန်အလှန်ခံစားချက်တွေကို စတင်ပြီလုပ်ဆောင်ကြရမယ်…ပထမဆုံးအတန်းရဲ့ ဘယ်ဘက်ကစတဲ့အမျိုးသားကျောင်းသားတိုင်းကကိုယ်ရဲ့အစွမ်းအစကိုအပြည့်ဖော်ပြရမဲ့အချိန်မှာပဲ ဒါပေမယ့် အရမ်းကြီးလဲ ထုတ်ဖော်ပြသတာမလွန်ကဲပါနဲ့ မဟုတ်ရင် အမျိုးသမီးကျောင်းသူတွေက မင်းတို့ကိုတိုက်ခိုက်ကြလိမ့်မယ် ”
ကျန်းလဲ့ရွှမ်က ပြုံးပြရင်းနဲ့ ပြောလာခဲ့ပါတယ်။
ရှု့စန်းရှီကတော့ သူ့လက်၀ါးတွေကိုပွတ်နေခဲ့ပါပြီ။ သူက ပထမဆုံးနေရာမှာရှိနေခဲ့တဲ့အတွက် ပထမဆုံးသရုပ်ပြရမဲ့သူက သူပါပဲ။
” စန်းရှီ အဆင်သင့်ဖြစ်ပြီလား ”
ပေ့ပေ့က မေးလိုက်ပါတယ်။ ရှု့စန်းရှီက အဆင်သင့်ဖြစ်ကြောင်းအချက်ပြလိုက်တော့တယ်။
” နောက်ထပ်မပြောတော့ပါဘူး စတင်ပါ့မယ်…ရှု့စန်းရှီ အကောင်းဆုံးကြိုးစားပါ စကြမယ် ”
ရှု့စန်းရှိီက သူ့ဒိုင်းကာကိုအသုံးပြုပြီး ပြေးထွက်လို့မသွားပါဘူး။ ဒိုင်းကာကိုလွှဲရမ်းလိုက်ပြီတဲ့နောက် အပေါ်ကိုခုန်တက်လို့သွားရင် ရေကန်မျက်နှာပြင်ပေါ်ကိုဆင်းသက်လို့သွားခဲ့တာမဟုတ်ပါဘူး။ သူ့ရဲ့ဒိုင်းကာပေါ်ကို ခုန်ဆင်းလို့သွားခဲ့တာပါ လက်ဖ၀ါးနှစ်ဖက်ကိုစုစည်းလိုက်ချိန်မှာတော့ ဒီဒိုင်းကာကလှေငယ်လေးတစ်စင်းလိုမျိုး ကြီးမားလို့သွားပါတော့တယ်။ အဲ့ဒီနောက် ရေထဲမှာရေစီးကြောင်းတစ်ကြောင်းကို ချန်ရစ်ထားခဲ့ရင်း ဖြည်းဖြည်းချင်းဆိုသလို စီးဆင်းလို့သွားခဲ့ပါပြီ။
” ကောင်းလှချေလား ”
အမျိုးသားကျောင်းသားတွေဘက်ကနေ အားပေးသံတွေထွက်ပေါ်လို့လာပါတော့တယ်။ ရှု့စန်းရှီ ဒီလိုမျိုးနည်းလမ်းနဲ့အရှေ့ရွေ့လျားသွားရတယ်ဆိုတာ ဘယ်လိုကြောင့်များလဲ ဒီဒိုင်းကာကသူ့ရဲ့အလေးချိန်ကိုခံနိုင်တဲ့အပြင် စွမ်းအားကိုလဲချွင်ချန်ထားဖို့ကူညီပေးပါတယ်။ ဒါ့အပြင် တည်တည်ငြိမ်ငြိမ်နဲ့သွားနိုင်မှာပါ။
အကယ်၍ သူသာအစောပိုင်းတုန်းကလို ဒိုင်းကာကိုအသုံးပြုပြီး ရေမျက်နှာပြင်ပေါ်မှာ ခုန်သွားခဲ့မယ်ဆိုရင် အမျိုးသမီးကျောင်းသူတွေရှေ့ကိုရောက်ရှိဖို့အတွက် တစ်ခုတည်သာရလိုက်မှာပါ။ ဒါ့အပြင် အရည်အချင်းထုတ်ပြဖို့ကလဲ ခက်သွားပါလိမ့်မယ်။
ရှု့စန်းရှီက ပထမဆုံးနေရာကိုရအောင်ယူဖို့ ကြိုးစားအားထုတ်ရတာပါ။ ဒီလိုဖြစ်တဲ့အတွက် သေချာပေါက်သူ့ကိုယ်သူ အရည်အချင်းပြဖို့အခွင့်အရေး လက်လွှတ်ခံမှာမဟုတ်ပါဘူး။
” နန်နန်ရေ ငါလာနေပြီ “‘
သူအော်လိုက်ပြီတဲ့နောက် ဒိုင်းကာကအရှိန်မြင့်သွားပါတော့တယ်။ ဆယ်မီတာအကွာကိုရောက်ချိန်မှာတော့ သူ့ရဲ့လက်ဖ၀ါးကိုအသုံးပြုပြီး ဒိုင်းကာကိုရပ်တန့်လိုက်ပါပြီ။ လက်ရှိအချိန်မှာ လုံး၀ကိုစိုးရိမ်မနေခဲ့ပဲ အမျိုးသမီးတွေကိုဘယ်ဘက်ကနေ ညာဘက်ဆီအကဲဖြတ်လို့နေခဲ့ပါတယ်။ သူဒီလိုကြည့်ရင်းနဲ့လဲ ဆက်တိုက်ပြောနေခဲ့သေးတယ်။
” ဒါတော့မဟုတ်နိုင်လောက်ဘူး…သူက၀လွန်တယ်.. သူကလဲပိန်လွန်တယ် အားဒီတစ်ယောက်ကတော့ ခန္ဓာကိုယ်အချိုးအစားအတော်ကောင်းတာပဲ သူက နန်နန်ထက် နည်းနည်းလေးပိုကြီးနေတယ်…မဟုတ်သေးဘူး မဟုတ်သေးဘူး ”
ဒီအချိန်မှာပဲ စူးရှတဲ့အသံတစ်သံကအမျိုးသမီးတွေကြားထဲကနေ ထွက်ပေါ်လာပါတော့တယ်။
” ရှု့စန်းရှီ နင်ရေကန်ထဲကို ကန်ချခံချင်ရင် ဒီအတိုင်းဆက်ပြီပြောနေလိုက်စမ်း ”
” အားမှားသွားတယ် မှားသွားတယ် ”
ရှု့စန်းရှီ ချက်ချင်းပါးစပ်ကိုပိတ်လိုက်ပါပြီ။ ဒီလိုအချိန်တိုအတွင်းမှာသူ့ရဲ့ပစ်မှတ်ကို မြန်မြန်ဆန်ဆန်ပဲရှာတွေ့လို့သွားပါတော့တယ်။ ဒိုင်းကာကမြန်မြန်လှုပ်ရှားလို့သွားပြီတဲ့နောက် ညာဘက်ကနေစရေပြီ တတိယမြောက်အမျိုးသမီးကျောင်းတော်ဆီရောက်ရှိလို့သွားပါတော့တယ်။
သူမက အနည်းငယ်စိတ်လှုပ်ရှားနေပုံပေါ်ပါတယ်။ ရှု့စန်းရှီအနားကပ်လာတာက သူမနဲ့ဆယ်မီတာတောင်မဝေးတော့ပါဘူး။
ဒိုင်းကာပေါ်မှာခြေဖျားထောက်နေရင်း သူမရှိနေတဲ့ လီလီပန်းပွင့်ပေါ်ကိုခုန်တက်လို့သွားပါတော့တယ်။
သူမက ဒါကိုသည်းခံနိုင်တဲ့ပုံမပေါ်ပါဘူး။ လီလီပန်းပွင့်ရဲ့ အလယ်ဗဟိုမှာခြေဖျားတွေကိုထောက်ရင်း ခန္ဓာကိုယ်ကိုချိန်ညှိလိုက်ပါတော့တယ်။ ဒါမှသာ ဒီပန်းပွင့်ကအလေးချိန်အများကြီးကို ခံနိုင်မှာပါ။
သူမညာဘက်ခြေထောာက်ကို မြင့်မြင့်မြောက်လိုက်ပြီတဲ့နောက် သူ့မရဲ့ခြေဖျားတွေက မိုးကောင်းကင်ပေါ်ကိုတန်းတန်းမတ်မတ်ညွှန်ပြနေခဲ့သလို ခြေထောက်တစ်ဖက်ကလဲ ပြီးပြည့်စုံတဲ့မျဥ်းဖြောင့်တစ်ကြောင်းလိုမျိုး တည်ရှိလို့နေပါတော့တယ်။ ဒါ့အပြင် အဖြူရောင်၀တ်ရုံတောင်မှ အခုလက်ရှိအချိန်မှာ မြောက်တက်လို့သွားခဲ့ပါပြီ။
တခြားအမျိုးသားကျောင်းသားတွေကတော့ စတင်ပြီလေချွန်လို့နေခဲ့ပါပြီ။ ဒါပေမယ့် သူမက ဒီ၀တ်ရုံဖြူရဲ့အောက်ဖက်မှာ ဘောင်းဘီရှည်တွေကို၀တ်ဆင်ထားတဲ့အတွက် သူတို့တွေစိတ်ပျက်သွားခဲ့ရပါတယ်။
သူမက မြောက်ထားတဲ့ခြေထောက်ကိုအသုံးပြုပြီး ရှု့စန်းရှီကို ကန်ချလိုက်တော့တယ်။ စည်းမျဥ်းတွေအရ ပထမအပိုင်းမှာ အမျိုးသမီးကျောင်းသူတွေအနေနဲ့ တိုက်ရိုက်တိုက်ခိုက်လို့မရပါဘူး။ ဒါပေမယ့် တစ်ဖက်လူက သူတို့လီလီပန်းပွင့်ရဲ့အနားကိုကပ်လာချိန်မှာဆိုရင်တော့ ပြန်တိုက်ခိုက်ခွင့်ရှိပါတယ်။ ဒါကြောင့်သာ ကျောင်းသားအများစုက အဝေးကနေတိုက်ခိုက်ဖို့ရွေးချယ်ကြတာပါ။ အကယ်၍ အမျိုးသမီးကျောင်းသူတွေသာ သူတို့ရဲ့ရုပ်ရည်သွင်ပြင်ကိုယုံကြည်ချက်ရှိနေတယ်ဆိုရင် သေချာပေါက် အများကြီးခုခံနေမှာမဟုတ်ပါဘူး။ ဘယ်သူကများ ကိုယ်အလှအပကိုမဖော်ထုတ်ချင်ပဲနေမှာလဲ။
ရှု့စန်းရှီလိုမျိုး တိုက်ရိုက်တိုက်ခိုက်တဲ့သူက အတော်ကိုရှားပါးပါတယ်။ ရှု့စန်းရှီကတော့ ဒီခြေထောက်အပေါ်ကိုရောက်ချိန်မှာအရာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီခြေထောက်သူပုခုံးပေါ်ကျရောက်လာအောင်ပြုလုပ်လိုက်တာပါပဲ။ အဲ့ဒီနောက် လေထဲမှာဒူးကိုကွေးချလိုက်ပြီ ဒီတိုက်ခိုက်မှုရဲ့အရှိန်ကိုအနည်းငယ်ထိန်းလိုက်ပါတယ်။ ဒါ့အပြင် ခြေဖျားထောက်ပြိီတော့လဲ လီလီပန်းပွင့်ပေါ်ကိုဖိထားခဲ့တာကြောင့် လီလီပန်းပွင့်ကတစ်ခြမ်းကိုစောင်းသွားရင်းနှိမ့်ဆင်းလို့သွားခဲ့ရတယ်။
ဘယ်လိုပဲဖြစ်ပါစေ ရှု့စန်းရှီရဲ့ခန္ဓာကိုယ်က အနက်ရောင်အလင်းတန်းတွေတောက်ပလာခဲ့ပြီတဲ့နောက် လီလီပန်းပွင့်ကနောက်တစ်ကြိမ်ပြန်တည်ငြိမ်လို့သွားခဲ့ပါပြီ။ သူ့ကလက်နှစ်ဖက်ကိုစုစည်းထားရင်းနဲ့ သူ့ပုခုံးပေါ်က ခြေချင်း၀တ်ကိုဖမ်းဆွဲလိုက်တော့တယ်။
အပိုင်း ၂၁၂•၂ ပြီး၏။