Switch Mode

Chapter – 212.1

အပြန်အလှန် ခံစားချက်များ

အပိုင်း ၂၁၂•၁

” အပြန်အလှန် ခံစားချက်များ ”
°°°
” ဒါဘယ်လိုမျိုး အကျင့်စရိုက်လဲကွ ”
ရှု့စန်းရှီကတော့ ဒေါသထွက်နေခဲ့ပါပြီ။ ဒါပေမယ့် သူလဲ ဒီကိစ္စကိုလိုက်မရှင်းနိုင်သေးပါဘူး။ ပေ့ပေ့ထွက်သွားမှသာ သူ့ဘာသာသူပြောနေခဲ့ပါတော့တယ်။

“‘ထန်ယာ့ မျက်နှာထောက်ထားပြီ ဒီကောင်ကိုငါဘာပြဿနာမှမရှာတော့ဘူး ”

” ဟမ့် သူ့ပြန်လာတဲ့အချိန် ငါမင်းနဲ့ရှင်းမယ်…ငါတို့သွားစားရအောင် ဒေါသတွေအားလုံးကိုအစာစားချင်စိတ်နဲ့ချေပြစ်မှရတော့မယ် ”

” ၀ိတ်တက်လာမှာဂရုစိုက်ဦး အကယ်၍ အရမ်းလေးလံသွားရင် လီလီပန်းပွင့်ပေါ်မှာရပ်နိုင်မှာမဟုတ်တော့ဘူး ”

” ၀ိတ်တက်လာမယ်တဲ့လား ကိုယ်ဘာသာကိုယ်အရင်ဆုံးစိုးရိမ်စမ်းပါ ငါအတွေ့အကြုံရှိပြီသားဆိုတာ မမေ့လိုက်လေနဲ့ ဒါ့အပြင် ငါရဲ့သိုင်းပညာ၀ိညာဥ်က ရေအမျိုးအစားလေ ”

ဟယ့်ချိုက်ထို့က ရှုစန်းရှိီရဲ့ဘေးမှာရပ်ပြီတဲ့နောက် သူပုခုံးလှမ်းဆွဲလိုက်ပါတော့တယ်။

” ငါရဲ့ညီနောင်က ၀င်ပြိုင်သမျှပြိုင်ပွဲတွေအားလုံးမှာရှုံးနှိမ့်ပေမဲ့လဲ ငါထက်တော့ပိုပြီးအတွေ့အကြုံရှိပါတယ်…ကျေးဇူးပြုပြီးလှည့်ကွက်လေးနည်းနည်းပါးပါးလောက်သင်ပေးပါဦး ”

” ငါက အကုန်လုံးမှာရှုံးနှိမ့်တယ်ဆိုတာမင်းဘာပြောချင်တာလဲ ငါမှာငါအကြောင်းနဲ့ငါရှိတယ်…အဲ့ဒီကိစ္စကြောင့်သာမဖြစ်ခဲ့ဘူးဆိုရင် နန်နန်ရဲ့နှလုံးသားကိုရယူပြီနေလောက်ပြီ ”

” တတိယအစ်ကိုကြီးတကယ်ဘာဖြစ်ခဲ့တာလဲ ဘယ်လိုလုပ်စတုတ္ထအစ်မကြီးကို ပြဿနာရှာမိသွားလဲဆိုတာ ကျွန်တော်အရမ်းသိချင်လိုက်တာ ”

” ငါမင်းကိုတစ်သက်လုံးမပြောဘူး “:

ရှု့စန်းရှီက ဒီလိုနေရာမှာအင်မတန်ကို ဆုံးဖြတ်ချက်ပြတ်သားပါတယ်။

” အကယ်၍ ငါသာဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြော၀ံ့တယ်ဆိုရင် ငါကိုတစ်သက်လုံးမတွေ့တော့လို့ပြောသွားတယ်…ဒီလိုပြဿနာမျိုးတော့ အဖြစ်မခံနိုင်ဘူး “‘

” သွားမယ် စားကြမယ် ”

သူတို့သုံးယောက် ကျောင်းထမင်းစားဆောင်မှာပဲအတူတူစားသောက်ကြပါတယ်။ ဒီနေ့ကျင်းပမဲ့ပွဲတော်က ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်အတွက်တော့ အတော်ကိုစိတ်၀င်စားစရာပါပဲ။ ဒါ့အပြင် အသစ်အဆန်းလဲဖြစ်နေခဲ့တယ်။ တအားကြီးတော့စိတ်မလှုပ်ရှားပါဘူး။ နောက်ဆုံးတော့လဲ သူတို့တွေကဒီလိုကြီးမားတဲ့ပွဲတော်အတွက် အတွေ့အကြုံရှိပြီသားပါ။

တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့စိတ်ပိုင်ဆိုင်ရာဖိအားတွေက သူတို့ကိုအများကြီးရင့်ကျက်သွားစေခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ဘင်ကင်းစစ်သည်တော်အစီအစဥ်နဲ့လဲ လေ့ကျင့်ခံထားရတာကြောင့်သူတို့တွေက အလွယ်တကူစိတ်မဖိစီးတတ်ကြပါဘူး။

ဖြည်းဖြည်းချင်းဆိုသလို ကောင်းကင်ကမှောင်မိုက်လာခဲ့ပါပြီ။ လက်ရှိအချိန်မှာပင်လယ်နတ်ဘုရားကံကြမ္မာကျင်းပမှာဖြစ်တဲ့အတွက် ကျွန်းကြီးတစ်ခုလုံးက အံ့ဩစရာကောင်းလောက်အောင် တောက်ပလင်းလက်လို့နေခဲ့ပါတယ်။

ကျွန်းပေါ်မှာကျောင်းတော်ရဲ့တပည့်သားတွေအားလုံးက သူတို့ရဲ့အနီရောင်၀တ်စုံတွေကို ၀တ်ဆင်ပြီနေရာတကျစုစည်းနေခဲ့ပါတယ်။

၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက အခုနှစ်ပိုင်းမှာမှ ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ။ အခုလက်ရှိအချိန်မှာ ၀ိညာဥ်လက်နက်ဌာနကလူတွေများနေခဲ့ပါတယ်။ သူတို့က ရေကန်ဘေးကိုရောက်ရောက်ချင်းအစွမ်းအစတွေကို ထုတ်ပြနေခဲ့ပါပြီ။

အားလုံးကတော့ အတွင်းနယ်မြေရဲ့ကျောင်းသားတွေပါပဲ။ အခုလက်ရှိအချိန် အမျိုးသမီးတစ်ယောက်မှမရှိသေးပါဘူး။ ရေကန်နဲ့အပေါ်မှာတော့ အနက်ရောင်မြူခိုတွေက အုပ်စိုင်လို့နေပါတော့တယ်။ ဘယ်သူကိုမှရှင်းရှင်းလင်းလင်းမမြင်ရအောင်ကာကွယ်ထားတာပါ။ ဒီအချိန်မှာပဲ လှေကြီးတစ်စင်းက အဝေးကနေပေါ်ထွက်လာခဲ့ပါတယ်။ မီးတွေအပြည့်ထွန်းထားတဲ့လှေကြီးက ပင်လယ်နတ်ဘုရားရေကန်ထဲမှာမြင်ရတဲ့အကြီးဆုံးအရာပါပဲ။ အခုလက်ရှိအချိန်မှာတော့ ဒီလှေပေါ်မှာလူတွေကအပြည့်ရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်က အင်မတန်ကိုမျက်လုံးကောင်းတဲ့သူပါ။ ဒါကြောင့် အပေါ်မှာဘယ်သူတွေရှိနေလဲဆိုတာ သူရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အကြီးအကဲခြောက်ယောက် ခုနှစ်ယောက်အပြင် ရန်ရှောင်ကျဲ့ ချိုက်မိန်အယ် ရှန်လင်းအယ် ချင်းသောသော ဖန်းယွီနဲ့ တခြားမရင်းနှီးတဲ့သူတွေပါရှိနေခဲ့တယ်။ ဒါပေမယ့် သူအရင်တုန်းကသိခဲ့တဲ့ဆရာတချို့လဲရှိနေခဲ့ပါသေးတယ်။

ဒါတွေကတော့ ပင်လယ်နတ်ဘုရားကံကြမ္မာမှာ ပါ၀င်ယှဥ်ပြိုင်ဖူးတဲ့သူတွေပါ။ ဒီလူတွေအားလုံးကလဲ မျှော်လင့်ချက်တွေအပြည့်ရှိနေခဲ့ပါတယ်။

သူတို့ရဲ့နေ့စဥ်ဘ၀က ကျောင်းတော်ထဲမှာသာ ဆက်တိုက်ကုန်ဆုံးနေရတဲ့အတွက် အင်မတန်ကိုခြောက်သွေ့ပြီ ပျင်းစရာကောင်းလှပါတယ်။ ဒီလိုမျိုးပွဲတော်ကိုကျင်းပပေးတာက လူငယ်လေးတွေအတွက် အစွမ်းအစတွေပြဖို့အခွင့်အရေးတွေရှိလာမှာဖြစ်သလို သူတို့တွေအတွက် တွဲဖက်ကောင်းကိုတွေ့ဖို့အတွက်လဲ အလားအလာရှိလာနိုင်ပါတယ်။

လှေကြီးကရေကန်အလယ်မှာ ရပ်သွားခဲ့ပါပြီ ဒီအချိန်မှာပဲ အလင်းတန်းတစ်ခုက ရေကန်ဘေးကနေထွက်ပေါ်လာပါတော့တယ်။ လက်ရှိအချိန်မှာ ဒီအလင်းတန်းက အလင်းတန်းဆယ်ခုနှစ်ခုအထိကိုခွဲထွက်လို့သွားခဲ့ပါပြီ။

အမျိုးသားကျောင်းသားတွေအားလုံး အထိတ်တလန့်ဖြစ်သွားပါတော့တယ်။ ဒီအလင်းတန်းဆယ်ခုနှစ်စလုံးက ရွှေရောင်တောက်ပနေခဲ့ပြီ အလင်းတန်းတစ်ခုချင်းဆီတိုင်းရဲ့အပေါ်မှာ ၀တ်ရုံဖြူ၀တ်ထားတဲ့ အမျိုးသမီးငယ်တစ်ယောက်ချင်းဆီရှိနေခဲ့ပါတယ်။ ဒီဆယ်ခုနှစ်ယောက်စလုံးက ၀တ်ရုံဖြူတွေကို၀တ်ဆင်လို့ထားခဲ့ပြီ တူညီတဲ့၀ါးဦးထုပ်တွေကိုဆောင်ထားခဲ့တဲ့အပြင် မျက်နှာတွေကိုလဲ အဖြူရောင်မျက်နှာကာတွေနဲ့ဖုံးကွယ်ထားတာပါ။

ဒီလိုမျိုးရွှေရောင်တောက်ပတဲ့အလင်းတန်းတွေက နတ်မိမယ်လိုလှပလို့နေခဲ့ပါတယ်။ ပေါ်ထွက်လာမှုက အံ့ဩစရာကောင်းလွန်လှသလို ညီညီညာညာတန်စီးပြီ ကမ်းခြေဖက်ကိုမျက်နှာချင်ဆိုင်ထားခဲ့ကြတယ်။ လက်ရှိအချိန်မှာတော့ အမျိုးသားကျောင်းသားတွေအားလုံးက စိတ်အားထက်သန်နေခဲ့ကြပါပြီ။ ဒီအချိန်မှာပဲ ပိုပြီးအားကောင်းတဲ့အလင်းတန်းနှစ်ခုက ပေါ်ထွက်လို့လာပါတယ်။ ဘယ်ဘက်မှာရှိသူကတော့ အဖြူရောင်၀တ်ရုံရှည်ကို၀တ်ထားတဲ့ ပေ့ပေ့ဖြစ်ပြီ ညာဘက်မှာကတော့ အတွင်းနယ်မြေရဲ့အကြီးဆုံးအစ်မကြီးဖြစ်တဲ့ ကျန်းလဲ့ရွှမ်ပါ။ သူကတော့ အ၀ါဖျော့ဖျော့၀တ်ရုံကို ၀တ်ဆင်ထားပါတယ်။

သူမကိုနှစ်နှစ်တောင်မတွေ့ရတာကြာပြီဖြစ်ပေမဲ့ တစ်စက်လေးမှမပြောင်းလဲသွားပါဘူး။ အချိန်ကသူမကိုတိုက်စားဖို့မေ့သွားတဲ့ပုံပေါ်ပါတယ်။ အရင်ကလိုပဲ ပြုံးရွှင်တဲ့မျက်နှာထားတဲ့ ချိုမြိန်လှပနေဆဲပါ။

” ပင်လယ်နတ်ဘုရားရေကန်ရဲ့ အပေါ်မှာပင်လယ်နတ်ဘုရားကံကြမ္မာကရောက်ရှိလာခဲ့ပါပြီ ကိုယ်ချစ်မြတ်နိုးရတဲ့သူကို ရွေးချယ်ဖို့နေ့ရက်ကောင်းပါပဲ ရေကန်မှာရှိသူတွေအားလုံးကို လှပတဲ့ညမှာကြိုဆိုပါရစေလား နှစ်စဥ်နှစ်တိုင်းကျင်းပနေတဲ့ ပင်လယ်နတ်ဘုရားကံကြမ္မာက မကြာခင်မှာစတင်ပါတော့မယ် ”

” ဒီလိုထူးခြားတဲ့ပွဲတော်ကြီးကို စတင်တော့မှာဖြစ်တဲ့အတွက် အတွင်းနယ်မြေရဲ့ကျောင်းသားတွေအားလုံး ကိုယ်နဲ့သင့်တော်တဲ့တွဲဖက်ကို ရှာတွေ့နိုင်ပြီ ကံကောင်းကြပါစေလို့ ကျွန်တော်နဲ့ အစ်မကြီးကိုယ်စားဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ”

” တစ်ချိန်ထဲမှာပဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အကြီးအကဲတွေနဲ့ ဒီနေ့ပွဲတော်ကိုရှု့စားဖို့လာတဲ့ ဆရာတွေလဲ ကြိုဆိုပါရစေ ကျောင်းသားတွေကိုယ်စား အားလုံးကိုလေးလေးနက်နက်ကျေးဇူးတင်ပါတယ်…ဆရာတို့တွေရဲ့ စိတ်ရှည်လက်ရှည်ပြုစုအပျိုးထောင်ပေးခဲ့မှုကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီနေ့ကျွန်တော်တို့ဖြစ်တည်လာမှာမဟုတ်ပါဘူး ”

သူပြောပြီတာနဲ့ ညာဘက်လက်ကိုရင်ဘတ်ပေါ်မှာတင်လိုက်ရင်း လှေကြီးဖက်ကိုလှည့်ကာဂါရ၀ပြုလိုက်ပါတယ်။ အကြီးအကဲရွှမ်ကလဲ ပြုံးပြရင်းခေါင်းညိတ်နေခဲ့တယ်။ သူ့ကိုဆက်ပြောဖို့လဲ အချက်ပြလိုက်ပါပြီ။

ဒီလိုရိုးရှင်းတဲ့စကားပြောပြီတဲ့နောက် ချက်ချင်းဆိုသလိုလက်ခုပ်သံတွေက ထွက်ပေါ်လာပါတော့တယ်။ အမျ်ိုးသားကျောင်းသားတွေကတော့ ပိုပြီးကျယ်ကျယ်လောင်လောင်နဲ့ ဂုဏ်ပြုနေခဲ့ကြတာပါ။ သူတို့တွေကတော့ စိတ်ထဲမှာတွေးထားပြီရှိနေပုံပေါ်ပါတယ်။

” အမျိုးသားတွေအားလုံးကျေးဇူးပြုပြီး ပြင်ဆင်လိုက်ကြပါ ရေကန်ဘေးမှာအလင်းတန်းသုံးဆယ်ကိုးခုတိတိရှိနေပါတယ်…ပင်လယ်နတ်ဘုရားနတ်မိမယ်တွေနဲ့ အနီးကပ်ဆုံးသူက ပထမဆုံးယှဥ်ပြိုင်သူဖြစ်လာမှာပါ နောက်ဆုံးမှာရှိတဲ့သူကတော့ ပထမပွဲကိုပါ၀င်ယှဥ်ပြိုင်ဖို့သင့်တော်တဲ့အဆင့်ရမှာမဟုတ်ပါဘူး…ဒါကြောင့်သာ သတိရှိဖို့လိုတာပါပဲ ဘယ်လိုနည်းလမ်းကိုအသုံးပြုပါစေ သေချာပေါက် အလင်းထုတ်တဲ့လီလီပန်းပေါ်ကို ရောက်ဖို့နေရာတစ်နေရာကိုသေချာရှာတွေ့စေရမယ်…ဒါပေမယ့် ရေထဲကိုတော့ပြုတ်ကျလို့မရပါဘူး…ရေထဲကျတာနဲ့ ထုတ်ပယ်ခံရပါ့မယ် ”

သူပြောတာက အင်မတန်ကိုရိုးရှင်းပါတယ်။ လူငယ်တော်တော်များများက အခုလက်ရှိအချိန်မှာ သွားဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ တစ်စုံတစ်ရာကိုအာရုံခံမိလိုက်တာကြောင့် သူလှည့်ကြည့်လိုက်ချိန်မှာ ထိုက်ဟွပင်းကိုမြင်လိုက်ရပါတော့တယ်။ ထိုက်ဟွပင်းကတော့ အရမ်းကိုအေးစက်တဲ့အကြည့်နဲ့တောက်ပလို့နေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ပြုံးသာပြုံးပြလိုက်ပါတယ်။ သူ့ကိုအာရုံမစိုက်အားပါဘူး။

” အားလုံးပြင်ဆင်ထားကြပါ သုံး နှစ် တစ် ”

တခြားတစ်ဖက်မှာ ပေ့ပေ့ကတော့ စတင်ပြီရေတွက်နေခဲ့ပါပြီ။

” စတင်မယ် ”

အလင်းတန်းသုံးဆယ်ကိုးခုကရေကန်အပြင်ကိုပြေးထွက်လို့သွားပါတော့တယ်။ ဒီသုံးဆယ်ကိုးခုစလုံးက သုံးတန်းစီးထားပြီ တစ်တန်းချင်းဆီတိုင်းက နောက်တစ်တန်းနဲ့ ငါးမီတာအကွာဝေးပါတယ်။ အားလုံးကအချိုးချချစီစဥ်ထားတာဖြစ်သလို ကျောင်းသူတွေနဲ့ မီတာတစ်ရာအထိကွာဝေးအောင် ခွာထားတာပါ။ ကမ်းခြေနဲ့ကတော့ မီတာနှစ်ရာကွာဝေးပါတယ်။

ပေ့ပေ့အော်လိုက်ချိန်မှာပဲကမ်းစပ်မှာရှိနေသူတွေအားလုံးက စတင်လှုပ်ရှားကြပါပြီ။ အဓိကကတော့ပျံသန်းရေးအမျိုးအစားသိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်ပညာရှင်တွေက အားသားချက်ရပါတယ်။ ကံကောင်းစွာနဲ့ပဲ သုံးဆယ်ကိုးယောက်ထဲမှာ လေးယောက်ကသာ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်ကိုထုတ်သုံးလိုက်ကြပြီ ရေကန်အလယ်ဗဟိုကိုပြေးသွားကြတာပါ။

သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေကလဲ အရမ်းကိုရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။

ဟို့ယွိဟောင်က ခေါင်းမော့ရင်းကြည့်နေခဲ့ပြီ တအံ့တဩဖြစ်နေခဲ့ပါတယ်။ တကယ်အတွင်းနယ်မြေကအစ်ကိုကြီးတွေ ပီသပါပေတယ်။ ဒီလေးယောက်ထဲမှာနှစ်ယောက်က ၀ိညာဥ်သူတော်စင်တွေဖြစ်နေသလို ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းဆီရှိကြပါတယ်။ ဒါ့အပြင် အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်သုံးကွင်းပါအကောင်းဆုံးပေါင်းစည်းဖို့ပါပဲ။ တခြားနှစ်ယောက်ကတော့ ၀ိညာဥ်ခြောက်ကွင်းဆီရှိပါတယ်။ ဒါကလဲ အကောင်းဆုံးတွဲစပ်မှုတွေပါပဲ သူတို့လေးယောက်အရှေ့ကိုအလင်းတန်းလေးခုအသွင်လိုပြေးထွက်လို့သွားခဲ့ပါတယ်။ တခြားသူတွေကလဲ အစွမ်းအစကိုထုတ်ပြနေခဲ့ပါပြီ။ ကမ်းစပ်ပေါ်မှာကတော့ ၀ိညာဥ်စက်ကွင်းတွေရဲ့အလင်းတန်းက စတင်တောက်ပလာပါတော့တယ်။ ကြီးမားတဲ့မီးရှုးမီးပန်းတွေကိုပြစ်ဖောက်နေတဲ့အတိုင်း တောက်ပလို့လာတာပါ။

ဟို့ယွိဟောင် ဟယ့်ချိုက်ထို့နဲ့ ရှု့စန်းရှီတို့ကတော့ နောက်မှာကျန်ရစ်မနေချင်တဲ့အတွက် တစ်ချိန်ထဲမှာပဲလှုပ်ရှားကြပါတယ်။ သူတို့နှစ်ယောက်က မြေပြင်ပေါ်ကနေကြွတက်လာခဲ့ပြီ ၀ိညာဥ်ရှပ်ပြေးကိုထုတ်သုံးလိုက်ပါတယ်။ အားကောင်းတဲ့အရှိန်နှုန်းက သူတို့ကိုပိုပြီးအထောက်အပံ့ပြုပေးလိုက်တာကြောင့် ဘယ်လိုပဲကျင့်ကြံဆင့်နှိမ့်ပါစေ အစ်ကိုကြီးတွေကို ကျော်တက်လာခဲ့ပါတယ်။

၀ိညာဥ်ရှပ်ပြေးတွေရဲ့အရှိန်နှုန်းက အတော်ကိုကောင်းပေမဲ့ အချိန်ကြာကြာတော့မထိန်းထားနိုင်ပါဘူး။ မဟုတ်ရင် ၀ိညာဥ်စွမ်းအားတွေအများကြီးကုန်သွားပါလိမ့်မယ်။

လေထဲမီတာနှစ်ရာကိုကောင်းကောင်းဖြတ်ပြီ ပျံသန်းနိုင်ဖို့အတွက်တော့ အဆင်ပြေပေမဲ့ မြေပြင်မှာတော့သိပ်အခြေအနေမကောင်းပါဘူး။ တစ်ခြားတစ်ဖက်မှာစွမ်းအားကုန်ဆုံးမှုကလဲ မြင့်ပါတယ်။ နေရာလုံလုံလောက်လောက်မရှိတဲ့အတွက် လှုပ်ရှားမှုကိုလဲထိန်းဖို့ခက်ပါလိမ့်မယ်။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့က ၀ိညာဥ်ရှပ်ပြေးတွေကိုသုံးရင်း ပျံသန်းရေး၀ိညာဥ်လက်နက်တွေကိုပါ ထုတ်လိုက်ပါပြီ။ သိုင်းပညာ၀ိညာဥ်တွေက ပျံနိုင်တာမဟုတ်ပေမဲ့လဲ ပျံသန်းရေး၀ိညာဥ်လက်နက်တွေရှိနေတာကြောင့်သိပ်ပြီမဆိုးလှပါဘူး။ သူတို့တွေလဲ ရေကန်အလယ်ဆီကိုရောက်လာပါတော့တယ်။

ဒါပေမယ့် ပြင်ပအကူအညီကိုအသုံးပြုပြီးပျံသန်းရတာက ၀ိညာဥ်လက်နက်တွေကိုထိန်းချုပ်ဖို့အတွက် အချိန်မနည်းပိုကြာသွားစေခဲ့ပါတယ်။ ဘယ်လိုပဲမြန်ပါစေ အရှေ့ဆုံးမှာတော့မရခဲ့ပါဘူး။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ သူတို့အနားကိုကပ်လာချိန်မှာပဲ ပထမအတန်းကတော့လူရှိနေခဲ့ပါပြီ။

လီလီပန်းပွင့်တွေက ရေကန်မျက်နှာပြင်ပေါ်မှာအရမ်းကို ထင်ထင်ရှားရှားရှိနေခဲ့သလို တောက်ပတဲ့အလင်းရောင်တွေအောက်မှာ အများကြီးကိုလန်းဆန်းသန့်စင်လို့နေခဲ့တယ်။ သူတို့တွေက ပြာစိမ်းပြာရောင်တောက်ပနေခဲ့ပြီ ကျောက်စိမ်းဖတ်တွေလိုလွှင့်မျောနေခဲ့တာပါ။ ပတ်၀န်းကျင်က အလင်းအတန်းတွေရဲ့အထောက်အပံ့နဲ့အတူ ပိုပြီးတော့လဲ လှပနေခဲ့ပါသေးတယ်။

အပိုင်း ၂၁၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset