Chapter – 105 ပထမအဆင့်
ချန်ရှန် လေအပြည့်ရှူသွင်းလိုက်တယ် ။ စိတ်လှုပ်ရှား စွာဖြင့် –
“ဒီဆေးက ဘယ်အဆင့်လဲ”
“ဒါကို တန်ဖိုးသတ်မှတ်ဖို့ တော်တော် ခက်ခဲတယ် ။ လွယ်လွယ်ပြောရရင် အရမ်းကို ရှားပါးလှတဲ့ ဆေးပဲ ။ မင်း သိထားရမှာကတော့ ဒီဆေးဟာ နဂါးသွေးကနေ သန့်စင် ထုတ်လုပ်ထားတာဖြစ်လို့ လွယ်လွယ်နဲ့ ရတဲ့အရာ မဟုတ် ဘူး ဆိုတာပဲ”
စုမေးယို က ပြောပါတယ် ။
“ဒီလို အရာမျိုးကို ရတာ ဘ၀ မှာ ပထမဆုံးပဲ”
နဂါးရတနာသိုက်ဟာ အရမ်းကို မှော်ဆန်လှတယ့် အကြောင်းကို ချန်ရှန်နဲ့ ညီအမ ၂ ယောက်တို့ အချိန် အတော်ကြာအောင် ဆွေးနွေးနေကြတယ် ။ မိုးပြာနဂါး မိစ္ဆာဓားကို ဘယ်သူပြုလုပ်ခဲ့တာပါလဲ ၊ ရှေးဟောင် ဒဏ္ဍာရီ အရ နဂါးသိုင်းစွမ်းရည်ဟာ နဂါးတစ်ကောင်မှ တီထွင်ထား တာ ဖြစ်ပြီး နဂါးသွေးဆေးဟာလည်း နဂါးကြီးရဲ့ သွေးစစ် စစ်မှ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ် ။
“ဒီအကြောင်း သိပ်စဉ်းစားစရာမလိုပါဘူး ။ နောက်မှ ပြောကြတာပေါ့”
စုမေးယို က ပြောလိုက်တယ် ။
ချန်ရှန် နဂါးသွေးဆေးကို လက်ထဲကိုင်ထားတဲ့အခါ မဖော်ပြနိုင်သော လောင်ကျွမ်းတဲ့ ခံစားမှုမျိုး ခံစားလိုက် ရ တယ် ။ သူတောင် အနည်းငယ် ကြောက်ရွံ့ သွားမိပါတယ် ၊ သူသာ ဒီဆေးကို မျိုချလိုက်မယ် ဆိုပါက တော်တော် နာကျင်စွာ ခံစားရမယ်ဆိုတာ သိနေတယ် ။
ချန်ရှန် ပါးစပ်ဟကာဖြင့် ဆေးကို သောက်ချလိုက်ပါ တယ် ။ သူ၏ လည်ချောင်းထဲသို့ ၀င်သွားတယ့်အခါ နဂါး သွေးဆေးဟာ အရည်ပျော်သွားတဲ့အတွက် ရုတ်တရက် အပူဓာတ်ကို ခံစား လိုက်ရတယ် ။ ချန်ရှန်ဟာ ချော်ရည် ပူ တွေကို မြိုချလိုက်ရသလိုကို ခံစားလိုက်ရကာ နဂါးသွေး ဆေး အရည်အဖြစ်ပြောင်းလဲသွားပြီး အစာအိမ်ထဲသို့ ရောက် သွားပါတော့တယ် ။ ထို့နောက်မှာတော့ အစာအိမ် ထဲမှာ ကျယ်လောင်လှတယ့် ပေါက်ကွဲမှုကြီး ဖြစ်သွားပြီး မီးတောင်ကြီး ပေါက်ကွဲသွားသလိုပါပဲ ။ ထိုအချိန်မှာ အဆုံး မရှိလှတယ့် နာကျင်မှုများ ကို ခံစားလိုက်ရပြီး ထို နာကျင်မှုများဟာ ခြေလက်အင်္ဂါ များ အရိုးများသာမက တစ်ကိုယ်လုံးမှာ ပါ ပြန့်နှံ့ လို့နေပါတယ် ။
စက္ကန့်အနည်းငယ်အတွင်းမှာ ချန်ရှန်၏ တစ်ကိုယ်လုံး သွေးတွေဖြင့် ဖုံးလွှမ်းသွားတယ် ။ တစ်ကိုယ်လုံး ညစ်ပတ် ပေရေပြီး သူ၏ ကြွက်သားများဟာ ဖောင်းကြွနေပါတယ် ။ အရိုးများဟာလည်း မီးဖိုထဲ ထည့်ဖုတ်သလိုကို ခံစားနေ ရ ပြီး ဒါ့အပြင် သူ၏ စွမ်းအင် သိုလှောင်ရာဟာလည်း ပေါက် ကွဲ ထွက်လုမတတ်ကို ဖြစ်နေပါတယ် ။
“အာနိသင်က အရမ်းပြင်းတယ် ၊ တောင့်ထား”
စုမေးယိုက အံ့သြတကြီး အော်ပြောတယ် ။
“မသေနဲ့နော်”
ဘိုင်ယုယု က သတိပေးနေတယ် ။ သူမအသံဟာ အေး စက်စက် ဖြစ်နေသော်လည်း စိုးရိမ်မှု အပြည့်ပါပဲ ။
ဒီလို ဖြစ်စဉ်ဟာ ၃ နာရီလောက်ကို ကြာပါတယ် ။ ချန်ရှန်ဟာ သူ့တစ်ကိုယ်လုံးရှိ အရာအားလုံး မီးဖိုပေါ်တင် ပြီး တစ်ဖန်ပြန်လည် မွေးဖွားလိုက်သလိုကို ခံစားလိုက်ရ တယ် ။ တစ်ကိုယ်လုံးရှိ မသန့်စင်မှု အညစ်အကြေးများ ဟာ သူ၏ ချွေးပေါက်များမှတဆင့် ထွက်ပေါ်သွားကြပါ တော့တယ် ။
“ဟုတ်ပြီ ၊ နောက်ဆုံးတော့ သူ အမတမိစ္ဆာကိုယ် ရဲ့ ပထမ အဆင့်ကို ရောက်ပြီပေါ့”
စုမေးယို ပြုံးလျက်ပြောလိုက်ပါတယ် ။
“ဒီအတားအဆီးကို ကျော်လွှားနိုင်တာဟာ သူ့အတွက် အနာဂတ်မှာ ကောင်းသွားပြီ”
ဒီအချိန်မှာ ချန်ရှန်ဟာ တော်တော်ကို ညစ်ပတ်နေပါ တယ် ။ သူ၏ ကိုယ်အတွင်းမှ ချီဓာတ်များဟာ ပိုမို အား ကောင်းလာကာ ရေအဖြစ်ပြောင်းလဲသွားပြီး ကိုယ်ပေါ်မှ အညစ်အကြေးများကို သန့်စင်လိုက်ပါတော့တယ် ။
“ပထမအဆင့် လား ၊ အဆင့်က ဘယ်နခု ရှိတာလဲ ၊ အဆင့်တက်ဖို့ ဘယ်လောက်ကြာလဲဗျ”
ချန်ရှန် သူ့ကိုယ်သူ သန့်ရှင်းနေရင်း မေးလိုက်တယ် ။
“အမတော် မေးယို ၊ လာပြီး သန့်ရှင်းဖို့ မကူညီပေးချင် ဘူးလား ၊ ခုနက ကျွန်တော် သေမလို ဖြစ်သွားတာနော်”
“လူရှုပ်လေး ၊ တခြားနေရာမှာ ဆိုရင်တော့ ငါလုပ်ဖို့ စဉ်းစားမိဦးမှာပါ ။ ဒါပေမယ့် ခုက ပြင်းထန်သော သိုင်းပ ညာဂိုဏ်းထဲမှာ ဖြစ်နေတယ် ။ ဒီမှာက ပညာရှင်တွေ အများကြီး ရှိနေတာ ငါ မထွက်ဝံ့ဘူး”
စုမေးယိုက ပြုံးကာ ပြောဆိုပါတယ် ။
“ဟက် ၊ အရွယ်ရောက်ပြီးသား လူက ရေဆေးဖို့ကို တခြားလူရဲ့ အကူအညီကို လိုတယ်တဲ့ ၊ တော်တော် ကို အပို လုပ်တာပဲ”
ဘိုင်ယုယု အေးစက်စက်ဖြင့် လှောင်လိုက်တယ် ။
“အမတ မိစ္ဆာကိုယ် ဟာ စွမ်းအင်ကွဲ ၉ ခုကိုမှ ၉ ဆင့် ရှိတယ် ။ စုစုပေါင်း ၈၁ ဆင့်ပေါ့ ၊ ပထမအဆင့် အောက်မှာ မင်းဟာ မင်းအားရဲ့ ၃၀ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်ဦးမှာ ဖြစ်တယ် ။ မင်းသာ စွမ်းအင်ပြည့် အသုံး ချနိုင်ရင် သာမန် အဆင့် ၁၀ ဆိုတာ မင်းအတွက် အေး ဆေး နိုင်တယ်”
“ပြောစရာရှိတာက သိုင်းပညာရှင် အများစုဟာ သူတို့ ရဲ့ ချီဓာတ်တွေကို အသုံးပြုပြီး ကျင့်စဉ်တွေကို ကျင့်ကြတာ ၊ သာမန်အခြေအနေမှာ ၎င်းတို့ရဲ့ ချီဓာတ်များဟာ ၎င်းတို့ ရဲ့ ခန္ဓာကိုယ်ထက် များစွာ သာလွန်နေတယ် ။ မင်းကတော့ မင်းရဲ့ ချီဓာတ် နဲ့ မင်းရဲ့ ကိုယ်ဟာ အတူတူပဲ အတွင်းရော အပြင်ရောဟာ တူညီနေကြတယ် ။ ဒါဟာ မင်းကို အရမ်းခိုင်မာတယ့် အခြေခံကို ပိုင်ဆိုင်စေတာပဲ”
စုမေယို ဖြည်းညင်းစွာ ရှင်းပြပါတယ် ။
“မော်တယ် သိုင်းလောက ရဲ့ ထိပ်ဆုံးက လူဟာ အများဆုံး အဆင့် ၂၀ မိစ္ဆာခန္ဓာကိုယ်ကိုသာ ရောက်ရှိ နေ မှာ ဖြစ်တယ် ။ မင်းကတော့ ခုမှ ပထမ အဆင့်ပဲရှိသေး တယ် ။”
ဘိုင်ယုယု က တော်တော် ကျေနပ်နေပါတယ် ။ အနည်းဆုံးတော့ သူမတို့ ပေးထားတဲ့ ယင် နဲ့ ယန် နတ် အတွင်းအားတွေနဲ့ မျက်နာမပျက်ရတော့ဘူးပေါ့ ။
ချန်ရှန် အသက်ပြင်းပြင်း ရှူကာသူ့ကိုယ်သူ ကြည့်မိ တယ် ။ ဒီအချိန်မှာ သူ၏ ကိုယ်မှ စွမ်းအားများကို ရှင်းလင်း စွာ ခံစားလိုက်ရတယ် ။
“အမတော် တို့ ၊ အမတော် တို့ ကော ဘယ်အဆင့် ရောက်ခဲ့ကြလဲဗျ”
ချန်ရှန် စပ်စပ်စုစု မေးလိုက်တယ် ။
“မင်းကို မပြောပြပါဘူး ။”
စုမေးယို ခပ်ပြုံးပြုံးနဲ့ ပြောလိုက်တယ် ။ သူမဟာ ချန်ရှန်ကို လျို့ ဝှက်ထားချင်နေပါတယ် ။ ချန်ရှန်ကလည်း ဒီ အချက်ကို သိတယ် ။ ဒီအလှပဂေး ၂ ယောက်ဟာ သူ ထင်တာထက်ကို ပိုမိုစွမ်းအားကြီးမယ်ဆိုတာ သေချာနေ ပါ တော့တယ် ။
မူလက သိုင်းပညာခြံဝန်းဟာ ၃၀၀၀ ရှိပေမယ့် ယခု အခါ ၅၀၀၀ သို့ တိုးလာပြီဖြစ်ပါတယ် ။ ထို့အတူ အတွင်း စည်းခြံဝန်းဟာလည်း မူလ ၃၂၉ ခုမှ ၅၀၀ အထိ တိုးလာ ပါပြီ ။ အရှေ့ ပိုင်း စစ်မှန်သော နောက်လိုက်ဂိုဏ်းသား ၁၅ ခြံသာ မပြောင်းလဲပဲ ကျန်ခဲ့တာပါ ။ ဒါဟာ ပြိုင်ဘက်ကင်း ဂိုဏ်းမှ လူများ တုိးလာသောကြောင့် ပါ ။ စစ်မှန်သော သိုင်းပညာရှင်များဟာ သိပ်မများသောကြောင့် ရှေ့ ပိုင်းခြံ ၀န်းများဟာ မတိုးလာခြင်း ဖြစ်ပါတယ် ။
ဒါဟာ စစ်မှန်သော သိ်ုင်းပညာနယ်ပယ်မှ ပညာရှင် ဟာ သိပ်မများလှဘူး ဆိုတာ ပြသနေတာပါပဲ ။ ချန်ရှန် ခန့် မှန်း မိသလောက် ၂၀၀ ၀န်းကျင်လောက်သာ ရှိမယ် ထင် ပါတယ် ။
ထာဝရမိစ္ဆာ ခန္ဓာကိုယ် ကို ပထမအဆင့် ရောက်ရှိ အောင် လေ့ကျင့်လိုက်ခြင်းဟာ ချန်ရှန်၏ စွမ်းအားများကို တော်တော် တိုးတက်လာစေပါတယ် ။ တစ်ချိန်တည်းမှာ ပဲ သူဟာ ဒီထက် ရှေ့ ကိုတိုးသည်ထက် တိုးအောင် တိုးတက် ချင်နေပါတော့တယ် ။
“၅၀၀ ၊ နံပါတ်က်ို ပြောင်းတာ မြန်လိုက်တာ”
ချန်ရှန် ခြံဝန်း အပေါက်ဝမှာ ရပ်နေရင်း ဆွံ့အနေမိ တယ် ။ ဆိုလိုတာက သူ ၏ နံပါတ်မှာ ပိုမိုနောက်ကျသွား လို့ပါပဲ ။
ရှောင်ဒိုနဲ့ ဇုရွန်တို့ဟာလည်း ဒီနေရာမှာပါပဲ ။ သူတို့ ဟာ ချန်ရှန် အဆင့် ၁၀ ရောက်ပြီိဆိုတာကို သိကြပြီး အခု ချိန်ဟာ ရှေ့ ကို ဆက်လက်ချီတက်ကြရမယ့် အချိန်ဆိုတာ ကို နားလည်ကြတယ် ။
ချန်ရှန် အေးဆေးလျှောက်လာနေသည်ကို ကြည့်ရင်း ရှောင်ဒိုဟာ မြားတစ်စင်းလိုခုန်တက်ကာ မီးနဲ့လျှပ်စီး ချီ ဓာတ်များ ပါဝင်သော လက်သီးဖြင့် ချန်ရှန်အား ထိုးချ လိုက်ပါတော့တယ် ။ ကျယ်လာင်စွာ ပေါက်ကွဲမြည်ဟည်း ကာ ဖြင့် ချန်ရှန်ဆီ ၀င်သွားပါတော့တယ် ။
ချန်ရှန် ခပ်မြန်မြန်ပဲ သူ၏ ပုံဆောင်ခဲကို ထုတ်လိုက် ပြီး လက်တစ်ဖက်ဖြင့် ရှောင်ဒို၏ လက်သီးကို ခုခံလိုက်ပါ တယ် ။ ခပ်အေးအေး အမူအရာဖြင့်ပင် မတ်တပ်ရပ်ကာ ခု ခံလိုက်တာပါပဲ
ထိုအချိန်မှာပဲ ရှောင်ဒို သူ၏ လက်သီး နက်ရှိုင်းစွာ နစ် ၀င်သွားတာကို ခံစားလိုက်ရပြီး တော်တော် တုန်လှုပ်သွား ပါတယ် ။ ခုနက ချန်ရှန်ဟာ မည်သည့် ချီဓာတ်ကိုမျှ အသုံး မပြုခဲ့ပဲ ဒီတိုင်းခံလိုက်တာပါ ။
“အကိုတော် ချန် ၊ ခင်ဗျား ဒီတိုင်းကြီး ခုခံလိုက်တာ လား”
ရှောင်ဒို တုန်လှုပ်စွာ မေးလိုက်တယ် ။
“ဆိုပါတော့ ၊ ဒီလိုဖြစ်လာဖို့ ပေးဆပ်ခဲ့ရတာ မနည်း ဘူး”
ချန်ရှန် ရှောင်ဒို၏ လက်သီးကို ဖြေလျော့ကာ ပြုံးလိုက် ပါတယ် ။ သူဟာ သာမန်ပြောလိုက်ပေမယ့် ရှောင်ဒို နဲ့ ဇုရွန်တို့ ရင်ထဲမှာတော့ ထိုစကားလုံးများဟာ လှိုင်းလုံးကြီး များလို ဖြစ်သွားတယ် ။
ရှောင်ဒိုဟာ နည်းနည်းပိန်သွားသလိုရှိပြီး ဇုရွန်က တော့ ၀ လာသလိုပါပဲ ။ ၎င်းတို့ဟာ ချန်ရှန်လို ခန္ဓာကိုယ် မျိုး ရှိပုံ မပေါ်ကြပါဘူး။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ဟာ ချန်ရှန်လို ရချင်ရင် များစွာ ဆင်းရဲ ဒုက္ခခံကာ နေရ မည်ကို သိသောကြောင့် မကြိုးစားကြတာလဲ ပါပါတယ် ။
ချန်ရှန် ဟာ ဒီလို မျိုးဖြစ်အောင် များစွာသော အင်အား တွေကို ခုခံခဲ့ရတာပါ ။ သာမန်လူ ဒီလို ဖိအားကို ခံနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါပေ ။။
“ခု ရှေ့ ဆက်လျှောက်လှမ်းကြစို့”
ရှောင်ဒို သက်ပြင်းတစ်ချက်ချကာ –
“အကိုတော် ချန် ၊ ကျွန်တော်တို့ လက်ရှိ အားနဲ့ ခြံဝန်း တစ်ခုကို စိန်ခေါ်လို့ သင့်ပမလား”
သူတို့ အထက်အဆင့်ကို တက်ချင်ပါက သူတို့ထက် မြင့်တယ့် ခြံဝန်းကို စိန်ခေါ်ရမှာဖြစ်ပြီး ဒါဟာ တစ်ဦးချင်း စိန် ခေါ်မှု မဟုတ်ပါဘူး ။ ခြံဝန်းတစ်ခုလုံးနဲ့ တစ်ခု စိန်ခေါ်မှုပါ ။
သူတို့ ခြံဝန်းနံပါတ်များကို ရှေ့ ရောက်အောင် လုပ်နိုင် လေ အကျိုးကျေးဇူးများလေပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဂိုဏ်း မှပြုလုပ်သည့် မစ်ရှင်များဟာလည်း ပိုမို အရေးကြီးကာ အန္တရာယ်များလွန်း လှပါတော့တယ် . . . ။