Switch Mode

Chapter – 104

နဂါးသွေးဆေး

Chapter – 104 နဂါးသွေးဆေး

ဆရာကြီးဝု စာရွက်ကို ဖွင့်ကြည့်လိုက်တယ် ။ ထို့နောက် မျက်မှောင် ကြုတ်ကာဖြင့် –
“တကယ်ပဲ လျို့ ဝှက်ဆန်းကြယ်နယ်ပယ်တစ်ခုလား”
“ဒါပေါ့ ၊ ကျွန်တော် တောင် ၀င်ကြည့်ခဲ့သေးတယ်”
ချန်ရှန်က ပြောလိုက်တာပါ ။ သူဟာ ၀င်ကြည့်ရုံမက အကျိုးအမြတ်များစွာပါ ရရှိခဲ့ပြီး လူတစ်ယောက်ကိုပါ သတ်ခဲ့သေးတာပါ ။
“ဟုတ်လား ၊ မင်းဘာရခဲ့လဲ”
ဆရာကြီးဝု က မေးလိုက်တယ် ။
“အဲဒါက လုပ်ရမယ့် တာဝန်ထဲမှာ မပါတဲ့အတွက် ကျွန် တော် ရှင်းပြစရာမလိုဘူး ထင်တာပဲ”
ချန်ရှန် ခေါင်းကုတ်ကာ ပြုံးပြီး ပြောလိုက်ပါတယ် ။
“ဒီမှာ မင်းအတွက် ဆု လက်ခံပါ”
ဆရာကြီးဝု ချီဓာတ်ဆေး ၃ လုံးအား ထုတ်ပေးတယ် ။ ချန်ရှန် တော်တော် စိတ်ပျက်မိသွားတယ် ။ သူကတော့ ဝေးလံသောခရီးရှည်ကြီးအား နှင်ကာ တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်ခဲ့ရပြီး ရတာကျ ချီဓာတ်ဆေး ၃ လုံး တဲ့လား ။
ချန်ရှန် မျက်လုံးထဲမှာတော့ ထိုဆေးများဟာ တကယ် ကို ပဲစေ့လေးများသာသာ ပါပဲ ။ ဒါပေမယ့်လည်း အပြင် စည်းမှ လူများအတွက် ဆိုရင်တော့ တော်တော် တန်ဖိုးကြီး အရာ ဖြစ်မှာပါပဲ ။
ချန်ရှန်လည်း ဆေးများကို ယူကာ လေထဲသို့ မြောက် လိုက်ပြီး ပါးစပ်ဖြင့် ဖမ်းလိုက်တယ် ။ ဆေးသုံးလုံးဟာ ပါးစပ်ထဲသို့ ၀င်သွားပါတော့တယ် ။ ပဲစေ့များကိုဝါးသကဲ့ သို့စားနေပုံကို ကြည့်ပြီး ဆရာကြီးဝု ပါးစပ်အဟောင်းသား ဖြစ်သွားတယ် ။
“ဒီဆေးသုံးလုံးက မင်းတို့ ၃ ယောက်အတွက်လေ ၊ ဘာလို့ အကုန်စားပစ်တာလဲ”
ဆရာကြီး ဝု မေးလိုက်ပါတော့တယ် ။
ချန်ရှန် ခြံဝန်းထဲမှ ထွက်လာတယ် ။ ဆေးသုံးလုံးဟာ အာတောင် မစွတ်ပါဘူး ။ ဒါ့အပြင် သူဟာ ဒီတာဝန်ကို သူ တစ်ယောက်တည်းသာ ဆောင်ရွက်ခဲ့တာကြောင့် ခွဲဝေ ပေးစရာမလိုအပ်ပါချေ ။
သိုင်းပညာခြံဝန်းထဲကို ပြန်ရောက်တဲ့အခါ ဖက်တီး တစ်ယောက် ခပ်ပြုံးပြုံးဖြင့် ပြေးလာကာ –
“ညီတော်လေး ချန် ၊ ငါ့မှာ အရမ်းလှတဲ့ ညီမတော် တစ် ယောက်ရှိတယ်လို့ ပြောခဲ့ဖူးတယ်လေ ၊ သူမက ပြိုင်ဘက် ကင်းဂိုဏ်းကပဲ ၊ အခု ဂိုဏ်း ၂ ဂိုဏ်းဟာ ပေါင်းသွားပြီဆို တော့ သူမနဲ့ မင်းနဲ့ တွေ့ ဖို့ လွယ်သွားပြီပေါ့”
“အကိုတော် ဇု ၊ ကျွန်တော့်မှာ ရွှီရှန်းရှန်း ရှိပါတယ်လို့ ပြောပြီးပြီလေ၊ ဒါတွေထားတော့ ရှောင်ဒိုလည်း မတွေ့ပါ လား”
ချန်ရှန် ပြောလိုက်တယ် ။
“ဟိုကောင်လေး ယန် လား ၊ သူအခု ဒုက္ခရောက်နေ တယ် ။ လွန်ခဲ့တယ့် ၂ ရက်ကအမျိုးသမီး ဂိုဏ်းသူတွေ ရဲ့ ရေကူးကန်ထဲမှာ သူရေကူးနေတာ ခုတော့ အမျိုးသမီးတွေ ကို မျက်နာချင်းတောင် မဆိုင်ရဲတော့ဘူးလေ ၊ ဟဟ”
ဇုရွန် ရယ်မော ပြောဆိုပါတယ် ။
“ဒီကောင်လေးကို ယန် မျိုးနွယ်က ဘာလို့ ပြန်ခေါ်လဲ ဆိုတာ သိလား”
ရှောင်ဒိုကို နောက်ဆုံးတွေ့ ခဲ့တုန်းက သူ၏ ဆရာဟာ သူ့ကို ပြန်ခေါ်တာကို တွေ့ ခဲ့ရပြီး အဲတုန်းကတည်းက ဘာ လို့ ပြန်ခေါ်လဲဆိုတာကို သိချင်နေတာပါ ။
“ဘာလို့တဲ့လဲဗျ”
ချန်ရှန်ဟာ ရှောင်ဒိုအား ပြန်ခေါ်ရတဲ့ အကြောင်းရင်း ဟာ ကောင်းမယ်မဟုတ်ဘူးဆိုတာတော့ သိနေတယ် ။ ဒါပေမယ့် ဇုရွန်ကတော့ ပျော်ရွှင်စွာဖြင့်ပင် –
“ကံဆိုမှုဆိုတာ တစ်ခုထဲ ဘယ်တော့မှ မလာဘူး ၊ ဒီ ကောင်လေး က အဲလိုပဲ ။ သူ့ကို ယန်မျိုးနွယ်က ပြန်ခေါ် တယ်ဆိုတာ မိန်းမပေးစားဖို့ကွ ၊ ကောင်မလေးက တော် တော် ဆိုးတဲ့ပုံ ။ နောက်ပြီး သူ အမျိုးသမီး ရေကူးကန်ကို မသွားခင် ၂ ရက်အလိုက ကောင်မလေး နဲ့ ရန်ဖြစ်သေး တယ် ။ အညိုအမည်းတွေတောင် စွဲလို့ ကွာ ၊ ဒီအမျိုးသမီး က တော်တော် မလွယ်ဘူးဟေ့ မင်းလဲတွေ့ ရင် သတိသာ ထား”
ဇုရွန် ရယ်မောကာ ပြောဆိုပါတယ် ။
“ဟဲဟဲ ၊ ဒါပေမယ့် မိန်းမရသွားမယ် ဆိုကတည်းက ကောင်းမှာပေါ့”
ချန်ရှန် ခပ်ပြုံးပြုံး ပြောပါတယ် ။
“မှန်ပ ၊ ငါတို့ပဲ နောက်ကျ ဒီမှာ ကျန်နေတော့မှာ”
ချန်ရှန် ပြန်လာပြီးနောက်မှာတော့ သူနေထိုင်ခဲ့ရာတွင် တခြားမည်သူမျှ ရှိမနေသေးတာ ကို တွေ့ ရတယ် ။
“ဒီခြံဝန်းဟာ အတွင်းစည်းရဲ့ အောက်ဆုံးအဆင့်ပဲ ၊ ပြိုင်ဘက်ကင်းဂိုဏ်းရဲ့ ဂိုဏ်းသားတွေဟာ ပထမဆုံးလာ တယ့်အခါ အတွင်းစည်းရဲ့ နောက်လိုက်တွေကို စိန်ခေါ်ကြ တယ် ။ ဒီလိုစိန်ခေါ်မှုကို လက်ခံရင် သူတို့ဟာ ခြံဝန်းထဲကို ၀င်နိုင်ကြမှာ ။ ငါတို့ ခြံဝန်းဟာ ၃ ယောက်ပဲရှိတယ် ။ နောက် ဟိုကောင်လေး ယန် ကိုလည်း ဘယ်တော့မှကို မမြင်ရဘူး ။ မင်းတစ်ယောက်ပဲ အားကိုးရမှာ ။ငါ ဆိုတာက လည်း လူတိုင်းရဲ့ အထင်သေးခြင်းကို ခံရပြီး ငါတို့တော့ အနှိမ်ခံရတော့မှာပဲ”
ဇုရွန် မျှော်လင့်ချက်မဲ့စွာ ပြောပါတယ် ။
ချန်ရှန် လက်သီးဆုပ်ကာ လျို့ ဝှက်စွာ ပြုံးလိုက်ပြီး –
“အကိုတော် ကျွန်တော်က အခု အဆင့် ၁၀ ရောက် နေပြီ ၊ နောက်ပြီး ရှောင်ဒို ပြန်လာတဲ့အခါကျလည်း ကျွန် တော်တို့ တိုင်ပင်ကြတာပေါ့”
ဇုရွန် တော်တော် အံ့သြသွားတယ် ။ ၁၀ ရက်လောက် အတွင်းမှာပဲ ချန်ရှန်ဟာ အဆင့် ၁၀ ကို ရောက်ရှိခဲ့ပြီးဖြစ် နေ ပါတယ် ။ အဆင့် ၉ တုန်းကတောင်မှ တော်တော်ကြီး ကြောက်ဖို့ကောင်းနေတာ အခုဆို ဘယ်လိုတောင်ဖြစ် တော့မလဲဆိုတာ ဘယ်သူမှ မမှန်းဆနိုင်ပါ ။
“ဇု အကိုတော် ၊ အချောမောဆုံးစာရင်းမှာဘယ်သူ တွေ ပါလဲဗျ”
ချန်ရှန်ဟာ စိတ်မ၀င်စားလှသော်လည်း သိပ်မပျော်ရွှင် ပုံပါပဲ ။ အဘယ်ကြောင့်ဆိုသော် စာရင်းမှာ နာမည်မပါ သော ကြောင့် ဖြစ်နိုင်ပါတယ် ။
ဒီအချိန်မှာပဲ ရှောင်ဒို၏ မနာလိုသည့် အသံကို ကြား လိုက်ကြရတယ် ။
“မိန်းမပျက်တွေက ဝိုင်းပြီး ထောက်ခံကြတာပါဗျာ ၊ ဘာမှ မချောဘူး ၊ ကြက်ပေါက်စလေးတွေ ကျနေတာပဲ ၊ ကျွန်တော့မှာသာ အခွင့်အရေးရှိရင် အဲကောင်တွေကို ဇုရွန်ထက် ရုပ်ဆိုးသွားအောင်ကို ရိုက်ပစ်ချင်တယ်”
“မျိုးမစစ်လေး ၊ မင်းက ငါ့ကို ရုပ်ဆိုးတယ် ပြောတယ် ပေါ့ ၊ ငါ့အဖေဟာ လူချမ်းသာတစ်ယောက် ဖြစ်ပြီး ငါ့ကို မြင်တယ့် လူတိုင်းဟာ ချစ်ဖို့ကောင်းတယ် ပြောကြတယ် ၊ ငါ့ကိုငါလဲ အဲလိုထင်တာပဲ ဘယ်နားရုပ်ဆိုးရမှာတုန်း”
ဇုရွန် ခပ်မြန်မြန်ပဲ တုံ့ပြန် ပြောဆိုပါတယ် ။
“ချစ်ဖို့ ကောင်းတယ် တဲ့ . . . ဟားးဟားး ၊ ၀က်စုတ် ကြီးက သူ့ကိုယ်သူ ချစ်ဖို့ကောင်းတဲ့တဲ့ ၊ ခင်ဗျား အဖေက ဘယ်လိုများ ပုံဖော်ခဲ့လဲ မသိဘူး ၊ ဟာသတွေ မပြောစမ်း ပါနဲ့ဗျာ ၊ ရယ်ရလို့ သေတော့မှာပဲ”
ရှောင်ဒို တကယ်ပဲ ဗိုက်နှိပ်ကာ ရယ်နေပါတော့တယ် ။
ချန်ရှန် ပါ လိုက်ရယ်မော မိနေတယ် ။
“မင်းဟာ ငါ့ကို တော်တော် မနာလိုတဲ့ကောင်ပဲ”
ဇုရွန် ဒေါသတကြီး ပြောဆိုပါတယ် ။
ရှောင်ဒိုလည်း ချန်ရှန် ဖက်လှည့်ကာ ပြုံးပြီး –
“အကိုတော် ချန် ၊ ခင်ဗျားကိုကျွန်တော့ အမတွေ ဆီ ခေါ်သွားမလို့ ၊ သူတို့ဟာ ပြိုင်ဘက်ကင်းဂိုဏ်းက လေ ၊ ခင်ဗျား အားရင်ပေါ့ ဟဲဟဲ”
“ချန်ရှန် ၊ မင်း မသွားသင့်ဘူး ၊ ဒီမိန်းမတွေဟာ လူတိုင်း သူတို့ အောက်မှာ အသက်ရှူတယ် ထင်နေကြ တာကွ”
“ရှောင်ဒို ၊ ငါပြန်လာပြီး တော်တော် ပင်ပန်းနေလို့ ၊ အရင် အနားယူလိုက်ဦးမယ်ကွာ”
ချန်ရှန် ဟာ ပြောပြီးတာနဲ့ ထွက်သွားပါတော့တယ် ။ ရှောင်ဒိုတစ်ယောက် စိတ်ဓာတ်ကျသွားတယ် ။ ဒါပေမယ့် သူ့အမတွေနဲ့ ပတ်သက်ပြီးလည်း သိပ်တော့ ယုံကြည်မှု မရှိပါချေ ။
“ကောင်လေး ယန် ၊ မင်းရဲ့ အမတစ်ယောက်ဟာ အလှဆုံးစာရင်းထဲမှာ ပါနေပေမယ့် လည်း ချန်ရှန် မှာ ရှန်း ရှန်း ရှိနေတယ့်အတွက် ရှောင်သင့်တယ်”
ဇုရွန် ရယ်မော ပြောဆိုလိုက်ပါတယ် ။
ရှောင်ဒိုလည်း နှာခေါင်းရှုံ့ ကာဖြင့် ပြန်ထွက်သွားပါ တော့တယ် ။
၎င်းတို့ဟာ ဒီခြံဝန်းထဲ အတူနေကြသော်လည်း သီးသန့်ဆီ နေကြတာပါ ။ သူတို့ဟာ ခြံဝန်းရဲ့ အလယ်မှာ သာတစ်ခုခု ပြောစရာရှိရင် တွေ့ ဆုံကြတာဖြစ်တယ် ။ ချန်ရှန်ဟာ ယခုအခါ ဆေးဘုရင် ခြံဝန်းကို ပြန်သွားတာပဲ ဖြစ်ပါတော့တယ် ။
ဆေးဘုရင်ခြံဝန်း၏ ဂိတ်ဟာ ပိတ်ထားတယ် ။ ဒါပေ မယ့် ကျောက်စိမ်းပြားအား အပေါက်ထဲ ထည့်လိုက်တယ့် အခါမှာတော့ ဂိတ်ဟာ ပွင့်သွားပါတယ် ။ အထဲရောက်တဲ့ အခါမှာတော့ ခင်းကျင်းထားတဲ့ အပြင်အဆင်များကို တွေ့ လိုက်ရပါတော့တယ် ။
ဆေးဘုရင် ခြံဝန်းထဲ ၀င်ပြီးနောက်မှာတော့ ချန်ရှန် အသက်ပြင်းပြင်း ရှူမိတယ် ။ အထဲမှာ လူသူတစ်ယောက် မဆိုထားနှင့် ဝိဉာဉ်တစ်ကောင်ပင် ရှိမနေပါချေ ။
အဆောက်အဦးထဲ ၀င်သွားပြီးနောက်မှာတော့ ခမ်းနားစွာ ပြင်ဆင်ထားတဲ့ အတွင်းပိုင်းအပြင်အဆင်ကို တွေ့ လိုက်ရတယ် ။ ဒီအထဲမှာတော့ တစ်စုံတစ်ဦး လာ ရောက်နှောက်ယှက်မှာကို ကြောက်စရာ မလိုပါချေ ။ ဒီလို လျို့ ဝှက်ဆန်းကြယ်နယ်ပယ်ကို တခြားသူများ မတွေ့ မြင် နိုင်ပါဘူး ။ ချန်ရှန် လေ့ကျင့်တဲ့ အခန်းထဲ ၀င်လိုက်တယ် ။ ထို့နောက်မှာတော့ သားရေချပ်ကို ထုတ်ကာ ကြည့်လိုက် ပါတယ် ။
“နဂါး ၇ ကောင် သတ်ဖြတ်ခြင်း”
ဒါဟာ လှုပ်ရှားမှ ၇ ခု ပဲ ။ မင်းလက်နက်ကို အသုံးပြု ပြီး ဒါကို လုပ်နိုင်တယ် ။ ဒီ ၇ ချက်ဟာ တစ်ခုချင်းဆီမှာ မတူညီတဲ့ ပုံစံတွေရှိပြီး မတူညီတယ့် စွမ်းအားတွေလည်း ရှိ ကြတယ် ။ ဒါပေမယ့်လည်း ၎င်းဟာ များစွာသော ချီဓာတ် ကို လိုအပ်တယ် ။ အဆင့် ၁၀ ပညာရှင်ဟာ ဒီလို ချီဓာတ် ကို အသုံးမပြုနိုင်သေးဘူး ။ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ စစ်မှန်တဲ့ ပညာရှင်သာ အသုံးပြုနိုင်မယ်”
စုမေးယိုက ပြောပါတယ် ။
သူမနဲ့ ဘိုင်ယုယု တို့ဟာ လွန်ခဲ့သော ရက်အနည်းငယ် က ဒီနဂါး သိုင်းစွမ်းရည်အကြောင်းကို လေ့လာခဲ့ပြီး ဖြစ်ပါ တယ် ။
“ဒီသိုင်းစွမ်းရည်ဟာ မင်းရဲ့ နဂါး အငွေ့ နဲ့သာ ပေါင်းစပ် အသုံးပြုနိုင်တယ် ။ အခုမင်းရဲ့ နဂါးငွေ့ အသုံးချမှုဟာ မြင့် မားတဲ့ အခြေအနေ တစ်ခုကို ရောက်နေပါပြီ ။ မင်းသာ စစ် မှန်သော သိုင်းပညာနယ်ပယ် ရောက်ရင် ဒီ နတ်နဂါး သိုင်း စွမ်းရည်ကို ကောင်းကောင်းကြီး အသုံးချနိုင်လိမ့်မယ်”
ဘိုင်ယုယု က ပြောတာပါ ။
ချန်ရှန် အနည်းငယ် စိတ်ပျက်သွားမိတယ် ။ အဘယ် ကြောင့်ဆိုသော် ထိုကဲ့သို့ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ရောက်ဖို့ ဆိုတာ သူ့အတွက် အချိန်တော်တော် ကြာဦး မှာပဲ ဖြစ်တယ် ။ ခု အသုံးမပြုနိုင်ခြင်းဟာ သူ့ရင်ထဲ နေရ ခက်စေပါတယ် ။ သူ့ရှေ့ မှာ ရှိနေတယ့် ရတနာသိုက်ကို သူ မယူနိုင်သလို ဖြစ်နေတာပါပဲ ။
“အနီ ရောင် ဆေးလေးက ဘာလဲ”
ချန်ရှန် သိချင်စိတ် ပြင်းပြစွာ မေးလိုက်တယ် ။ ဒီလို ရတနာများနဲ့ တွဲလျက် တွေ့ ခြင်းအားဖြင့် ၎င်းဆေးဟာ သာမန်တော့ မဟုတ်နိုင်ချေ ။
“ဒါဟာ နဂါးသွေးဆေး ဖြစ်မယ် ၊ နဂါးရဲ့ သွေးဓာတ်ပါ ၀င်နေလို့ပဲ ။ မင်းစားလိုက်တာနဲ့ ဒီဆေးဟာ နဂါးရဲ့ သွေး အဖြစ် အရည်ပျော်သွားပြီး မင်းကိုယ်ထဲ စိမ့်ဝင်သွားလိမ့် မယ် ။ မင်းရဲ့ စွမ်းအင်သိုလှောင်ရာတွေ ၊ အရိုးတွေ နဲ့ ကြွက်သားတွေ အားလုံးဟာ နဂါးတစ်ကောင်လိုပဲ စွမ်းအားတွေ ပြည့်ဝသွားလိမ့်မယ် ။ မင်းစားပြီးတာနဲ့ မင်းဟာ ထာဝရမိစ္ဆာ ခန္ဓာကိုယ် အဖြစ် အစပျိုးသွားနိုင်လိမ့် မယ်လို့ ငါထင်တယ်”
စုမေးယိုဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်ခြင်း ဖြစ်ပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset