Chapter – 103 အနာဂတ်ကပ်ဆိုက်ခြင်း
ချန်ရှန်ဟာ လူ ၁၂ ယောက်ဆီ လျှောက်လာနေတယ် ၊ ၎င်းတို့ဟာ လည်း အထိတ်တလန့် ဖြစ်နေကြပါတယ် ။ ခု နကပဲ ချန်ရှန်၏ သွေးအေးအေး ရက်စက်မှုကို မြင်ထားရ ကာ အမျိုးသမီးတစ်ယောက်ကိုပင် သနားညှာတာမှုမရှိ ပဲ ရက်စက်စွာ သတ်ဖြတ်ခြင်းက ၎င်းတို့အား သွေးပျက်စေပါ တယ် ။ ချန်ရှန် ဘယ်လောက်တောင် အမုန်းတရားများ ကြီးကာ ဒေါသထွက်နေလဲဆိုတာကို မြင်နိုင်ပါတယ် ။
၎င်းတို့အားလုံးဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင်များ ဖြစ်ကြပြီး ဒီလို အဆင့်ရောက်ဖိုိ့ဆိုတာ တ ကယ် မလွယ်ကူပါချေ ။ ဒါကြောင့် သူတို့ မသေချင်သေးပါ ဘူး ။
ချန်ရှန်ဟာ ၂ လှမ်းသာ လှမ်းရသေးရုံဖြင့် ၎င်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အတိုင်အပေါက်ညီညီဖြင့် လူ စုခွဲ နေရာယူလိုက်ကြတယ် ။
ဒါကို ကြည့်ရင်း ချန်ရှန် သူ၏ ဓားကို ဆွဲကာမျက်စိ တ မှိတ်အတွင်းမှာပဲ အနီရင့်ငှက်၏ တောင်ပံများကို အသုံးပြု ကာ ကောင်းကင်ပေါ် ပျံသန်းသွားပါတော့တယ် ။ သူဒီလို ထွက်သွားတာနဲ့ ခုနက သူရပ်နေတယ့် နေရာကို များစွာ သော ချီလှိုင်းများက ရိုက်ခတ်သွားပါတယ် ။ သူသာ ခြေ လှမ်းတ၀က်လောက် နောက်ကျသွားပါက တစ်စစီဖြစ် သွားမှာ အသေအချာပါပဲ ။ စစ်မှန်သော သိုင်းပညာရှင် များစွာ၏ ပြင်းထန်လှသော စွမ်းအားများကို မခံနိုင် လောက်ပါချေ ။
ချန်ရှန် လျို့ ဝှက်ဆန်းကြယ်နယ်ပယ်ထဲမှာ ပျံသန်းနေ ပါတယ် ။ သူဟာ တန်ဖိုးကြီးမားလှသော အရာများကို ရရှိ ခဲ့တာကြောင့် ကျေနပ်နေမိတယ် ။ ဒါ့အပြင် ၀တ်ရုံနက် အမျိုးသမီးကိုပါ သတ်နိုင်လိုက်တယ့်အတွက် သူ၏ အမုန်း တရားများလည်း ပြေပျောက်ကာ နေသာထိုင်သာ ရှိသွား ပါတော့တယ် ။
ချန်ရှန် ဒီလို ကြီးမားလှတယ့် တောင်ပံများဖြင့် အဝေး ကို ပျံသန်းသွားတာကို ကြည့်ရင်း စစ်မှန်သော သိုင်းပညာ ရှင်တို့ဟာ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြတယ် ။ သူတို့မှာ တောင် ဒီလို စွမ်းရည် မရှိသောကြောင့် မနာလိုဖြစ်ကာ အဆိုပါ စွမ်းရည်မျိုး လိုချင်နေကြပါတော့တယ် ။
“မင်းတို့ သားရဲဂိုဏ်းတော့ ဒီသာမန်မဟုတ်တဲ့ နတ်ဆိုး လေးနဲ့ ရန်သူတွေ ဖြစ်သွားကြပြီ ။ ဒီကောင်လေးသာ မသေရင် မင်းတို့ မကြာခင် ဒုက္ခရောက်နိုင်တယ်”
လူကြီးတစ်ယောက် က ပြောပါတယ် ။
ကတုံးနဲ့ လူ သာမက တခြားလူအချို့ ဟာ ဒေါသတွေ ထွက်လျက်ရှိနေတယ် ။ အခုနေ သူတို့၏ အားကုန်စုသုံး မယ်ဆိုရင်တောင် ချန်ရှန်ကို ဖမ်းမိဖို့ဆိုတာ မဖြစ်နိုင်ပါချေ။
ချန်ရှန် ပျံသန်နေရင်း တော်တော် ပျော်နေမိတယ် ။ ဒီလို ကြီးမားလှတယ့် အကျိုးအမြတ်မျိုး ရရှိလိမ့်မယ် လို့ ဘယ်သောအခါမှ မမျှော်လင့်ခဲ့ဖူးပါချေ ။
“ဒီနဂါးမိစ္ဆာဓားဟာ မင်းကို ပိုင်ရှင်အဖြစ် သတ်မှတ် လိုက်တာပဲ ၊ အရေးကြီးတယ့် အစိတ်အပိုင်းတစ်ခု ပျောက် နေတဲ့အတွက် နတ်လက်နက်လို့တော့ ခေါ်လို့မရ ဘူးပေါ့”
စုမေးယို သက်ပြင်းချလျက် ပြောပါတယ် ။
“ဘာ ပျောက်နေတာလဲဗျ”
ချန်ရှန် ဒီဓား၏ ပြင်းထန်လှသော စွမ်းအားကို သိ နေ ပါတယ် ။ သူ၏ ကိုယ်ပိုင်စွမ်းအင်များကိုပါ မြင့်တင်ပေးပြီး ၎င်းဓား၏ စွမ်းရည်ဟာ မခန့်မှန်းနိုင်လောက်အောင်ကို ကြီး မားလွန်းလှပါတယ် ။
“နဂါး ဝိဉာဉ်ပျောက်နေတာပဲ ။ အားလုံးသော သားရဲ လေးခု ရဲ့ နတ်လက်နက်တွေဟာ တ၀က်ပဲ ပြီးသေးတယ် ၊ အကုန်လုံးမှာ စစ်မှန်တဲ့ ဝိဉာဉ်တွေ မပါဘူး ။ ဒါကြောင့် နတ်လက်နက်လို့ မပြောနိုင်တာပဲ”
စုမေးယို သက်ပြင်းချလိုက်ပါတယ် ။
“ငါ ဒီနေ့ ဒီဓားကို သေချာ ကြည့်မှ သိတယ့် အရာပဲ”
“အဲလို ဝိဉာဉ်ပျောက်တော့ ဘာဖြစ်လဲဗျ”
ချန်ရှန် မေးလိုက်ပါတယ် ။
သူထင်တာက ယခု လက်နက်ဟာ အရမ်းကို စွမ်းအား ကြီးနေတယ် ဆိုတာပါပဲ ။ ခုနက သူ ဒီလက်နက်ကို အသုံး ပြုရတယ့်အချိန်မှာ အရမ်းပျော်ရွှင်မိတယ် ။ လောကကြီး တစ်ခုလုံးကိုပင် ထီမထင်ဟန်ဖြင့် ကြည့်မိပါသေးတယ် ။
“မင်းမသိပါဘူး ၊ မင်းအခုတော့ ဒါကို မြင်နိုင်မှာ မဟုတ် ဘူး ။ ဘာလို့လဲဆိုတော့ အခုမင်းဟာ ဒီလက်နက်ရဲ့ သေး ငယ်လှတဲ့ စွမ်းအားကိုသာ အသုံးပြုနိုင်သေးတာ ။ ဒီစွမ်း အားဟာလည်း မင်းရဲ့ အားနဲ့ သိပ်မကွာလှဘူး”
စုမေးယိုက ပြောတာပါ ။
“ဒီဓားဟာ မိစ္ဆာနယ်ပယ်က ဘယ်သူ့ကိုမဆို သေစေ နိုင်တယ် ၊ ငါဟာ နတ်မိစ္ဆာကျင့်စဉ်တွေကိုပဲ ကျင့်လာခဲ့တဲ့ အတွက် ခုနက ဒီဓားကို ထိလိုက်တဲ့အခါ တော်တော် နေရ ထိုင်ရ ခက်တယ်”
ဘိုင်ယုယု ကပြောတာပါ ။
“မိစ္ဆာ ပိုင်နက် တဲ့လား ၊ ဒါဘာကို ပြောတာလဲ”
ချန်ရှန်ဟာ ဒီလို အရာကို ပထမဆုံး ကြားဖူးခြင်းပါ ။
စုမေးယိုဟာ ဘာမှ မတုံ့ပြန်သလို ဘိုင်ယုယု ကလည်း ဘာမှ ထပ်မပြောတော့ပါ ။ ခဏကြာနေပြီးမှ စုမေးယိုက –
“မော်တယ်လောကရဲ့ အထက်မှာ အမတ ပိုင်နက် ၊ မိစ္ဆာပိုင်နက်နဲ့ သားရဲပိုင်နက်လို့ခေါ်တဲ့ ကောင်းကင်ဘုံ နယ်ပယ် ၃ ခု ရှိတယ် ။ မော်တယ်လောကနဲ့ ယှဉ်ရင် ၎င်း တို့က ပိုမိုမြင့်တယ် ။ ဒီ ပိုင်နက် ၃ ခုဟာ တစ်ခုနဲ့တစ်ခု မမှီ ခိုပဲ ကွဲပြားကြတယ် ။ ဒါပေမယ့် ၎င်းတို့ဟာ ဆုံမှတ်တစ်ခု ကို ပြုလုပ်ထားကြတယ် ။ ခုကော နောင်ကော ဒီ နယ်ပယ် ၃ ခုရဲ့ ဆုံမှတ် ပွင့်တာနဲ့ အဲဒိနေရာကလူတွေဟာ စုဆုံပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြလိမ့်မယ်”
ချန်ရှန် မျက်မှောင်ကြုတ်ကာ မေးလိုက်တယ် ။
“ဒါဆို အမတမိစ္ဆာချောက်ကမ်းပါးက ဆုံမှတ်နေရာ များလား”
“ဒီဆုံမှတ်က ရွေ့ လျားနိုင်တယ် ။ တစ်ခါပွင့်ပြီးရင် ကောင်းကင်ဘုံနယ်ပယ်က လူသားတွေ ၊ မိစ္ဆာတွေ ၊ သားရဲတွေ သာမက မော်တယ်သိုင်းလောက ကလူတွေပါ အကုန် ဆုံတွေ့ ကြလိမ့်မယ်”
စုမေးယိုက ပြောပြပါတယ် ။
အရင်ကသာ ခု လို ကြားခဲ့ရပါက ချန်ရှန် ရယ်မိပေလိ့မ် မယ် ။ ပထမအချက်က သူဒီအရာတွေကို မယုံကြည်ပါ ၊ နောက်ပြီး သူယုံကြည်တယ်ဆိုရင်တောင်မှ သူနဲ့မသတ် ဆိုင်တယ့် နယ်ပယ်ဖြစ်နေပြီး သူဆိုတာ အစက်အပျောက် မျှသာမို့လို့ပါပဲ ။ ခုတော့ အခြေအနေချင်းဟာ မတူညီတော့ ပါ ။ သူ့မှာ ယင် နဲ့ ယန် နတ်အတွင်းအားသွေးကြောများ နှင့် နတ်သိုင်းကျင့်စဉ်တို့ ရှိနေရုံမျှမက အဆင့်မြင့် ဆေးပညာ ရှင် တစ်ယောက်လည်း ဖြစ်နေပါပြီ ။
“မော်တယ် လောက အထက်က ကောင်းကင်ဘုံ နယ် ပယ် လေးခုဟာ တိုက်ခိုက်ကြမယ်ပေါ့ ။ အဲထက်အဆင့် နိမ့်တယ့် လောကက လူတွေပါ အဲဒိနေရာမှာ ပေါ်လာပြီး တိုက်ကြဦးမှာပဲ ။ ဒါပေမယ့်လည်း အဆိုပါ ကောင်းကင်ဘုံ မှ လူတွေဟာ မော်တယ်လောက ကို ဆင်းလာလိမ့်မှာမ ဟုတ်ဘူး ၊ တနည်းအားဖြင့် အကုန်ပျက်ဆီးမယ့် သဘော ပဲ”
ချန်ရှန် ဒီစကားကို ကြားတယ့်အခါ စိုးရိမ်စိတ်ဝင်သွား တယ် ။
“ဟုတ်ပြီ ၊ အနည်းဆုံးတော့ ဒီလိုဖြစ်ဖို့ တော်တော် ကြာဦးမှာပဲ ၊ ကျွန်တော် သိပ်စိုးရိမ်ဖို့ မလိုပါဘူး”
ချန်ရှန် နှုတ်ခမ်းကိုက်ကာ ပြောလိုက်တယ် ။
“မဟုတ်ဘူး ၊ မင်း စိုးရိမ်ရမှာ ၊ နောက်ဆုံးအကြိမ် ဆုံ မှတ် ပွင့်ခဲ့တာ လွန်ခဲ့တယ့် နှစ် တစ်သိန်း ကပဲ ။ အမြဲတမ်း ဒီလို ဆုံမှတ်ဟာ နှစ်တစ်သိန်း ၀န်းကျင်မှာ ဖြစ်ပေါ်တတ် တယ် ။ ငါထင်တာတော့ သိပ်မလိုတော့ဘူးထင်တာပဲ”
ဘိုင်ယုယု က ပြောတာပါ ။
ချန်ရှန် စိတ်ဓာတ်ကျသွားတယ် ။ ဒီလိုအရာကြီးဟာ သူမမွေးခင်မှာ ဘာလို့ မဖြစ်ပေါ်ခဲ့တာပါလိမ့် ၊ ကမ္ဘာကြီး တော့ ကပ်ဆိုက်ပေဦးတော့မှာပဲ ဖြစ်ပါတယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းကို မြန်မြန် ရောက်စေ ရန်အတွက် ချန်ရှန် ပျံသန်းမှုကို မရပ်နားပဲ ၅ ရက်တိုင်တိုင် ဆက်တိုက ပျံသန်းခဲ့ပါတယ် ။ ကောင်းကင်ဘုံနယ်ပယ် ၃ ခု စစ်ဖြစ်မှာကို သူသိပ်မစဉ်းစားတော့ပါ ။ သူလည်း မည် သည့်အရာမျှ မလုပ်ပေးနိုင် ဘာမှ မတတ်နိုင်သဖြင့် သူ၏ စွမ်းအားများ မြင့်သထက်မြင့်အောင် လုပ်ဖို့သာ တွေးနေမိ ပါတော့တယ် ။
ခရီးတစ်လျှောက် ချန်ရှန်ဟာ စုမေးယို ထံမှ နဂါး ရတနာသိုက်ထဲရှိ ပန်းပွင့်နီကြီးအကြောင်း သိခဲ့ရတယ် ။ ထိုပန်းပွင့်ကြီးဟာ အဆင့်မြင့် သိမ်မွေ့ အဆင့် မီးလျှံပန်း ကြီးပဲ ဖြစ်တယ် ။ ၎င်းကိုသာ ဆေးလုပ်ကာ သောက်သုံး မည် ဆိုပါက မီးဓာတ်ရှိသော သိုင်းပညာရှင်နဲ့ ဆေးပညာ ရှင်တို့ဟာ အဆုံးမရှိလှတယ့် ကောင်းကျိုးတွေကို ရရှိနိုင် မှာပဲ ဖြစ်ပါတယ် ။ ၎င်းဟာ အလွန်ကို အဖိုးတန်ပြီး နှစ် ထောင်ပေါင်းများစွာမှာ တစ်ပွင့် ရရန်မလွယ်ကူသော ရှား ပါးလှသည့် ဝိဉာဉ်တော် ဆေးပင်ပဲ ဖြစ်ပါတော့တယ် ။
ရှီမန်မြို့ ကို ပြန်ရောက်ပြီးတဲ့အခါ မြို့ ဟာ ပိုမိုအသက် ၀င်နေတာကို ချန်ရှန် တွေ့ လိုက်ရတယ် ။ လမ်းများဟာ လူများဖြင့် ပြည့်နေပြီး ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ လူများဟာလည်း စုဝေးလျက်ရှိနေကြတယ် ။ နောက်လိုက် များ၏ လေ့ကျင့်နေသံများမှာလည်း ဆူညံနေလျက် သိုင်း ပညာခြံဝန်းတွေဟာ အသက်ဝင်နေကြပါတယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ပြိုင်ဘက်ကင်း ဂိုဏ်းနဲ့ ပူးပေါင်းပြီးတဲ့နောက်မှာ ပိုမို ကျယ်ပြန့်လာပြီး အင် အား တောင့်တင်လာပါတယ် ။ ဒါ့အပြင် ဂိုဏ်းအတွင်းမှာ လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ရှိနေတယ်ဆိုတဲ့ သတင်း ဟာလည်း ပျံနှံ့ လျက် ရှိပြီး ဒီသတင်းကြောင့်ပင် ချန်ဝူ နယ် မြေကြီး တစ်ခုလုံးရှိ သိုင်းပညာရှင်များအားလုံးစိတ်ထဲ ကို ပိုမို စွမ်းအားကြီးစွာ လွှမ်းမိုးထားလျက်ရှိပါတယ် ။
ပြိုင်ဘက်ကင်း ဂိုဏ်းတွင် နောက်လိုက် တစ်သိန်း ၀န်း ကျင် ရှိပါတယ် ။ စီရင်စုထဲမှာတော့ လူသန်းပေါင်းများစွာ ရှိ နေပြီး ဒီထဲမှ မိန်းကလေးများဟာ ပြင်းထန်သော သိုင်း ပညာဂိုဏ်းကို ၀င်ခွင့်မရသောကြောင့် ပြိုင်ဘက်ကင်း ဂိုဏ်းမှာသာ အမျိုးသမီး နောက်လိုက်များစွာ စုဆုံနေကြ တာ ဖြစ်ပါတယ် ။
ဒါဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ယောကျာ်း သား နောက်လိုက်တွေအတွက် မမျှော်လင့်တဲ့ ကံကောင်း မှုပဲ ဖြစ်ပါတယ် ။ ချန်ရှန်ကို ဆွံအကာ အံအားသင့်စေတဲ့ အရာတစ်ခု ရှိပါတယ် ။ သူမရှိတဲ့ ၁၀ ရက်အတွင်း ဂိုဏ်း ၂ ဂိုဏ်း ပူးပေါင်းပြီးချိန်မှာပဲ လူများဟာ ချောမောလှပသည့် မိန်းကလေး ၁၀ ယောက် ယောကျာ်းလေး ၁၀ ယောက် ၊ အတော်ဆုံး လူ ၁၀ ယောက် စသဖြင့် ရွေးချယ်နေကြပြီး ဖြစ်ပါတယ် ။
ချန်ရှန် အထွေထွေကိစ္စနဲ့ ဆိုင်သော ခြံဝန်းထဲ ရောက် တဲ့အခါမှာတော့ စာရွက်အချို့ ကပ်ထားတာကို မြင်လိုက် ရတယ် ။ စာရင်းမှာ သူ့နာမည်ဟာ ဘယ်နေရာမှာမှ မပါ တာကို တွေ့ လိုက်ရပါတယ် ။
“သောက်တလွဲ ၊ ငါက တကယ်ကို ဘယ်စာရင်းမှာမှ မပါဘူးဟ”
အထွေထွေကိစ္စနဲ့ ဆိုင်သော ခြံဝန်းဟာ အထူးတည် ဆောက်ထားတဲ့ နေရာဖြစ်ပြီး မစ်ရှင်များ ကြေညာချက် များ ဆုများ စသည်တို့ကို ဖော်ပြတဲ့ နေရာတစ်ခုလည်းဖြစ် ပါတယ် ။ ၎င်းကို လူကြီးတချို့ က ကွပ်ကဲတာပါ ။ ဒီချိန်မှာ ပဲ ချန်ရှန်ဟာ သူလေးစားရတယ့် လူကြီးကို မြင်လိုက်ရ တယ် ။
“ဆရာကြီး ဝု ၊ ဒါကျွန်တော့်ရဲ့ နဂါးရတနာသိုက်နဲ့ ပတ် သက်ပြီး စုံစမ်းရသမျှ အသေးစိတ်ပါ”
ချန်ရှန် ဆရာကြီးဝုအား စာရွက်လိပ်ကို ပေးလိုက်ပါ တယ် ။
ချန်ရှန် နဲ့ ဆရာကြီးဝုဟာ တစ်ယောက် နဲ့ တစ် ယောက် ရင်းနှီးမှု တော်တော် ရှိကြပြီး အလွန်ကျွံ အရိုအသေပေးတာမျိုး လုပ်ရန် မလိုအပ်ပါ ။
ချန်ရှန် ခပ်မြန်မြန်ပင် ပြန်ခဲ့တာပါ ။ ရတနာသိုက်နဲ့ ပတ်သက်သည့် သတင်းက ဒီနေရာကို မရောက်လောက် သေးပါဘူး ။ စာပို့သိမ်းငှက်များဟာ အရမ်းမမြန်လို့ ပဲ ဖြစ်ပါ တော့တယ် . . . ။