Switch Mode

Chapter – 102

မိုးပြာနဂါးမိစ္ဆာဓားသွား

Chapter – 102 မိုးပြာနဂါးမိစ္ဆာဓားသွား

ချန်ရှန် ၀င်ရောက်လာပြီး မကြာခင်မှာပဲ အေးစက်စက် အသံတစ်ခုကို အံ့အားသင့်ဖွယ် ကြားလိုက်ကြပါတယ် ။
“သူဘယ်လို ၀င်လာတာလဲ”
ဒီအသံကလာရာကို ကြည့်လိုက်တယ့် အခါမှာတော့ အမည်းရောင် ၀တ်ရုံဝတ် မိန်းမဟာ ကျောက်တိုင်ဘေးနား မှာ လဲနေတာကို တွေ့ လိုက်ရတယ် ။ ထိုမိန်းမဟာ အရင် သူ့ကို သတ်ရန် ကြံစည်သော မိန်းမနဲ့ အတော်ကို တူနေ ပါ တယ် ။ ဒီအချိန်မှာပဲ ချန်ရှန်ဟာ ပန်းပွင့်ကြီးဘေးတွင် ခေါင်းပြတ်နေသော မြွေအား တွေ့ လိုက်ရပါတယ် ။
အဆိုပါ မိန်းမဟာ ဒဏ်ရာရနေတာဖြစ်ပြီး တော်တော် အခြေအနေ ဆုိးနေပုံပါပဲ ။ ချန်ရှန် ရင်ထဲ အနည်းငယ် ကျေနပ်သွားပြီး ထိုမိန်းမဆီသို့ လျှောက်သွားပါတယ် ။ မိန်းမကြီးဟာ ချန်ရှန်၏ အေးအေးဆေးဆေး ဖြစ်နေပုံကို မြင်တဲ့ အခါ တော်တော် အံ့အားသင့်သွားတယ် ။ အဘယ် ကြောင့် ဆိုသော် ချန်ရှန် ဘယ်လို ပြန်ကောင်းလာလဲဆို တာကို နားမလည်နိုင်အောင် ဖြစ်နေလို့ပါပဲ ။ ဒါအပြင် စစ် မှန်သော သိုင်းပညာနယ်ပယ်မှ လူများသာ ၀င်နိုင်သော လျို့ ဝှက်ဆန်းကြယ်နယ်ပယ်ကိုပါ ၀င်ရောက်နိုင်ခဲ့လို့ပါ ။
၀တ်ရုံနက်ဝတ်မိန်းမလည်း လျင်မြန်စွာပင် စစ်မှန် သော သိုင်းပညာနယ်ပယ်မှပညာရှင် ၁၂ ယောက်တို့၏ ဘေးသို့ သွားပါတယ် ။ ထိုလူများကြားမှာတော့ သားရဲဂိုဏ်းမှ ပညာရှင်တွေ ရှိနေတယ် ။ သူမဟာ ဒဏ်ရာ ရထားတဲ့အတွက် ချန်ရှန် ကို သိပ်မရင်ဆိုင်ရဲလို့ပါပဲ ။
“အကိုတော် ၊ ကွင်လေး ရဲ့ အကောင်ကို သတ်တာ ဒီ လူပဲ”
ထိုမိန်းမဟာ ချန်ရှန်ကိုကြည့်လျက် ပြောလိုက်တယ် ။
“ငါတို့ ဒီကောင်လေးကို အသက်ရှင်ခွင့် မပြုနိုင်ဘူး ၊ သူ က ငါတို့ အစာကျွေးတယ့်အကြောင်း သိသွားပြီလေ”
ကတုံးပြောင်နဲ့ သက်လတ်ပိုင်းအရွယ် လူ က ချန်ရှန် အားကြည့်ကာ ရက်စက်တတ်သော အပြုံးဖြင့် ခေါင်းညိမ့် လိုက် ပါတော့တယ် ။
ချန်ရှန်ဟာ အမျိုးသမီး ထသွားတာကို တွေ့ ပေမယ့် သူမနောက်ကို မလိုက်ပဲ ကျောက်တိုင်ဘေးသို့သာ လာခဲ့ ပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဒီကျောက်တိုင်ကြီးကို သူဟာ ရင်းနီးနေသလို ခံစားရလို့ပါပဲ ။
“နဂါးရတနာသိုက် ဆိုတာ ပန်းတစ်ပွင့်ပဲလား ၊ ဒီလို တော့ မဖြစ်သင့်ဘူး”
ချန်ရှန် ရေရွတ်မိတာပါ ။ ထို့နောက် ကျောက်တိုင်အား လက်ဖြင့် ဖိလိုက်တယ် ။
ဒီအချိန်မှာပဲ ပုံဆောင်ခဲများအား ထုတ်နေသော ပညာ ရှင်များဟာ ချန်ရှန်ကို ကြည့်လိုက်ကြတယ် ။ ချန်ရှန်ထိ လိုက်တာနဲ့ သူ၏ကိုယ်မှ မိုးပြာနဂါး ချီဓာတ်များထွက်လာ ကာ ကျောက်တိုင်ကို ထိုးဖောက်ဝင်သွားကြတယ် ။ မျက်စိ တမှိတ်အတွင်းမှာပင် ကျောက်တိုင်ကြီးဟာ မိုးပြာရောင် အလင်းတန်းတွေထွက်လာတယ် ။ သိုင်းပညာရှင်တို့ဟာ လည်း အရမ်းကို တုန်လှုပ်သွားကြတယ် ။ ခုနကပဲ သူတို့ ဟာ ကျောက်တိုင်ကြီးအား အမျိုးမျိုး လုပ်ကြည့်ကြသော် လည်း ဒီလိုမျိုး မဖြစ်ပေ ။
မိုးပြာရောင် အလင်းတန်းများ ပျောက်သွားတယ့် အခါ မှာတော့ ကျောက်တိုင်၏ အပြင်ဖက် မျက်နာပြင်ဟာ ကွာ ကျလာကာ လူတိုင်းဟာ အံ့အားသင့်နေကြပါတယ် ။ အထဲ မှာတော့ ဖောက်ထွင်းမြင်နိုင်တယ့် သေတ္တာလေးတစ်ခု ရှိ နေပြီး ထိုသေတ္တာထဲမှာ အမည်းရောင် ဓားတစ်လက် ရှိနေ ပါတယ် ။
ထိုဓားဟာ တော်တော် ကို ညစ်ပတ်နေပုံ ရှိသော် လည်း ချန်ရှန်ဟာ ဓားရိုးပေါ်မှာ သက်ရှိနဂါးလေး တစ် ကောင်လို အပိ်ုင်းလေးကို မြင်တွေ့လိုက်ရတဲ့အခါ ဒီဓားမှာ သာမန် မဟုတ်ဘူးဆိုတာတော့ သူသိလိုက်ပါတယ် ။
“မိုးပြာရောင်နဂါးမိစ္ဆာဓားသွားပါလား ၊ ဒါ မိုးပြာနဂါး နတ်လက်နက် ဖြစ်ပြီး နတ်သားရဲ လေးကောင် ရဲ့ လက် နက် အစိတ်အပိုင်းတစ်ခုပဲ”
စုမေးယိုက အံ့သြလွန်းသဖြင့် အော်လိုက်တယ် ။ ချန် ရှန် ဒီစကားကို ကြားတယ့်အခါ တော်တော် တုန်လှုပ်သွား မိပါတယ် ။ သေတ္တာကို ရိုက်ဖွင့်လိုက်ပြီးနောက် ဓားရိုးကို ဆွဲကိုင်လိုက်ပါတော့တယ် ။
ဒီဓားဟာ အတော့ကို လေးပါတယ် ။ ချန်ရှန် သူ၏ လက်ထဲမှ မြေကြီးပေါ် လွတ်ကျသွားလိမ့်မယ်လို့ မမျှော်လင့် မိပါဘူး ။
“မိုးပြာနဂါးမိစ္ဆာဓားသွား ရဲ့ အလေးချိန်က မှန်းဆမရ ဘူး ၊ ပိုင်ဆိုင်သူရဲ့ စွမ်းအားပေါ်မူတည်ပြီး အလေးချိန် ဟာ ပြောင်းလဲနိုင်တယ် ။ မင်းသာလျှင် ဒီဓားကို ထိန်းချုပ်နိုင် လိမ့်မယ်”
စုမေးယို က ပြောတာပါ ။
ချန်ရှန် ဒီဓားဟာ တန် ပေါင်း များစွာလေးမယ်လို့ ခန့် မှန်းမိလိုက်တယ် ။ ဒီလိုအရာလေးမှ ဒီလောက်လေးတယ် ဆိုတာကိုက သူ့အတွက် စိတ်လှုပ်ရှားစရာပါပဲ ။ ယခုအ ချိန်မှာတော့ သူဟာ တခြားဝိဉာဉ်တော် လက်နက်ကို ရှာ စရာ မလိုတော့ပါဘူး ။ ယခုဓားဖြင့် သိုင်းလောကမှာ ကောင်းမွန်စွာ လှုပ်ရှားနိုင်တော့မှာ ဖြစ်ပါတယ် ။
သေတ္တာလေးမှာ ဓားတစ်ခုထဲ ရှိနေတာ မဟုတ်ပါ ဘူး ၊ အဝါရောင်သားရေချပ် တစ်ခုနဲ့ သေတ္တာသေးသေးလေး တစ်ခု လည်း ရှိနေပါသေးတယ် ။
သားရေချပ်ပေါ်မှာတော့ သိုင်းစွမ်းရည်တစ်ခု ရှိနေပြီး ၎င်းစွမ်းရည်ကတော့ နဂါးသိုင်းစွမ်းရည်တစ်ခုဖြစ်တဲ့ နတ် နဂါး ၇ ကောင် သတ်ဖြတ်ခြင်း ဆိုတဲ့ တိုက်ကွက်ပဲ ဖြစ်ပါ တယ် ။ သေတ္တာလေးထဲမှာက အနီရောင်ဆေးလုံးတစ်လုံး ရှိနေတာပါ ။ လုံးဝကို ထူးခြားပြီး သာမန် မဟုတ်တဲ့ ဝိဉာဉ် တော် ဆေးပင် ဖြစ်ပါလိ့မ်မယ် ။
ထို့နောက်မှာတော့ ချန်ရှန်ဟာ ခပ်လှမ်းလှမ်းမှ လူများ ကို တစ်ချက်ကြည့်လိုက်တယ် ။ သူဟာ ယောကျာ်းများစွာ အလယ်မှာ ရောက်နေတယ့် ကိုယ်လုံးတီး မိန်းမပျိုလေးလို ပင် ဖြစ်နေပါတော့တယ် ။
ချန်ရှန်လည်း လျင်မြန်စွာပင် အရာအားလုံးအား လက် စွပ်ထဲ ထည့်လိုက်ပြီး သိမ်းလိုက်တယ် ။
“ကောင်လေး ၊ ဒီအရာတွေက မင်းယူဖို့ မဟုတ်ဘူး ၊ မင်းအသက်ချင်ရင် ခုချက်ချင်း အမြန်ပြန်ထုတ်”
ကတုံးပြောင်နဲ့ လူက ပြောလိုက်တယ် ။ သူကတော့ ခုနက ၀တ်ရုံနက်မိန်းမရဲ့ စီနီယာ အကိုတော် ပဲ ဖြစ်တယ်။
ချန်ရှန် တစ်ချက်ပြုံးလိုက်ကာ ပြောလိုက်တယ် ။
“ဘာလို့ ကျွန်တော်က မယူရမှာတုန်း ၊ ကျွန်တော် တွေ့ တာလေ ။ နောက်ပြီး ဒီရတနာသိုက်ဆိုတာ ခင်ဗျား တို့ချည်းအတွက် ဖန်တီးပေးထားတာမို့လို့လား”
၀တ်ရုံနက်မိန်းမ မျက်ခုံးများ မြင့်တက်သွားတယ် ။ ဓား ကို ဆွဲထုတ်ကာ ချန်ရှန်ဆီသို့ ဖြည်းညင်းစွာ လာနေတယ်။ သူမဟာ ချန်ရှန်ကို တစ်ကြိမ် ဒဏ်ရာရအောင် လုပ်ထား တာ ဖြစ်ပြီး ချန်ရှန်၏ အစွမ်းကို သိနေတယ် ။ ဒါပေမယ့်လဲ ချန်ရှန် ဒီကို ဘာကြောင့် လာတယ်ဆိုတာကို မသိပေမယ့် သူဟာ စစ်မှန်သောသိုင်းပညာနယ်ပယ်မှ မဟုတ်လောက် ဖူး ဆိုတာကိုတော့ သေချာသိနေတယ် ။ နောက်ပြီး ယခု ချန်ရှန် အနည်းနဲ့အများ ဒဏ်ရာ ရရှိနေမယ်လို့ ထင်နေတာ ပါ ။
တကယ်လို့ သူမသာ ချန်ရှန်ကို သတ်နိုင်ပါက အရာ အားလုံးဟာ သူမအတွက်ပါပဲ ။
“ဟား ဟား ၊ ဒီမှာ ရှိတယ့် ရတနာ အားလုံးကို သားရဲ ဂိုဏ်းက ပိုင်ဆိုင်တယ်ကွ”
သက်လတ်ပိုင်းရွယ် လူ တစ်ယောက်က အရူးတစ် ယောက်လိုပင် ရယ်မောနေတယ် ။ ကြည့်ရတာတော့ သားရဲဂိုဏ်းမှ စစ်မှန်သော သိုင်းပညာရှင်များစွာ ရှိနေပုံပါပဲ ၊ ဒီအချက်ဖြင့် ၎င်းတို့ဟာ တခြားဂိုဏ်းမှ ပညာရှင်များကို ပါ စကားအရ ပိတ်လိုက်တာပဲ ဖြစ်ပါတယ် ။
မိန်းမကြီး၏ ဖြူဖတ်ဖြူလျော် ပုံစံကိုကြည့်ပြီး ချန်ရှန် စိတ်ထဲ ရယ်နေမိတယ် ။ သူက ထိုအမျိုးသမီး သူ့နားလာ တာကို စောင့်နေတာပါပဲ ။ လှောင်ပြုံးတစ်ခုပြုံးကာဖြင့် –
“ခင်ဗျားကို ကိစ္စတစ်ခု ပြောပြမယ် ။ ခင်ဗျားရဲ့ တပည့် မကို ကျွန်တော် သတ်လိုက်ပြီ ၊ အခု ခင်ဗျားကို သူမနဲ့ တွေ့ ဖို့ လွှတ်လိုက်မယ်”
ပြောနေစဉ်မှာပဲ ချန်ရှန်၏ လက်တွင် ဓားတစ်ချောင်း ဟာ ပေါ်လာပါတော့တယ် ။
ဒီဓားကတော့ မိုးပြာနဂါးမိစ္ဆာဓား ပဲ ဖြစ်ပါတယ် ။ ဒါ ပေမယ့် မတူတဲ့အချက်ကတော့ ယခုအခါ ဓားဟာ အလွန် လှပနေလို့ပါပဲ ။
ဓားပေါ်မှာတော့ ဝိဉာဉ်တော်သွေးကြောများ ရောင်စုံ ရှိနေကြတယ် ။ ၎င်းတို့ဟာ နဂါးအုပ်စုကြီးတစ်ခုမှ ကုတ် ခြစ် အော်နေသလို အငွေ့ များ ထွက်လို့ နေတယ် ။ ထက် လှတယ့် ဓားသွား အစွန်းမှာတော့ လူတိုင်းရင်ထဲထိ ကြောက်ရွံ့ သွားစေနိ်ုင်သော အလင်းတန်းတစ်ခု ထွက်လို့ နေပါတယ် ။ ဓားကြီးမှာ လောကကြီးရှိ မည်သည့် အရာကို မဆို ခုတ်ဖြတ်ပစ်နိုင်နေပုံပါပဲ ။
ဓားရိုးပေါ်မှ အသက်ဝင်လှတယ့် နဂါးပုံလေးဟာ ယခု အခါ ပိုမိုပြီး ကြောက်မက်ဖွယ် ကောင်းလာသလိုပါပဲ ။ မျက်စိမကောင်းတဲ့လူ မဟုတ်ဘူးဆိုပါက ဒီဓားဟာ ပြိုင် ဘက်ကင်း ဓားတစ်လက် ဖြစ်တယ်ဆိုတာကို တွေ့ နိုင်မှာ ပါ ။ ချန်ရှန် သူ၏ လက်ထဲ ဓားကိုကိုင်ထားရခြင်းဟာ လော ကကြီးအား ခြယ်လှယ်နိုင်တော့မလိုပင် ခံစားမိနေပါတယ်။
မိုးပြာနဂါး ချီဓာတ်များအား စုမေးယို သင်ပြပေးသည့် အတိုင်း ဓားအတွင်း ထည့်လိုက်တယ့်အခါမှာတော့ ပိုမိုပြီး စွမ်းအား ကြီးမားလာသလို ဖြစ်လာတယ် ။
ဒီအချိန်မှာချန်ရှန်ဟာ ဓားမှ ထွက်လာသော ချီဓာတ် များပြည့်နေသော လေထုကို တွေ့ ရသည့်အခါ သူ့ကိုယ်သူ ပင် ကြောက်မိနေပါတယ် ။
“ညီမတော် . . .”
ကတုံးနဲ့လူဟာ ကျယ်လောင်စွာ အော်လိုက်တယ် ၊ ၀တ်ရုံနက် အမျိုးသမီး အန္တရာယ်ကျရောက်တော့မှာကို မြင်နေသောကြောင့်ပဲ ဖြစ်ပါတယ် ။ သူမဟာ ရှိသမျှ သူမ၏ လက်ကျန် ချီဓာတ်များအား လျင်မြန်စွာ ထုတ်ကာ ချီအကာအကွယ် တစ်ခုကို ဖန်တီးလိုက်ပါတယ် ။
ချန်ရှန်လည်း မုန်းတီးနာကျည်းစိတ်ဖြင့် ၎င်း၏ ဓားအား သုံးကာ ဟက်တက်ခွဲချ လိုက်ပါတော့တယ် ။ စက်ဝိုင်းပြတ် အကွေးပုံစံ ဖြစ်သွားပြီးနောက် အမျိုးသမီး၏ ခါးဆီသို့ ခုတ်ချလိုက်ပါတယ် ။ ဓားသွားကြီးဟာ လမ်း ကြောင်းပေါ်ရှိ အရာအားလုံးအား ခွဲပစ်ကာ ချီအကာအ ကွယ်ကိုပါ ပေါက်ထွက်သွားစေပါတယ် ။
၀တ်ရုံနက် အမျိုးသမီးဟာ သူမ၏ ခါးကို ဓားဖြင့် ဖြတ် ခြင်း ခံလိုက်ရပြီး သွေးများစွာဟာ ထွက်လာပါတယ် ။ ဒါပေ မယ့် သူမဟာ မသေသေးပါ မြေကြီးပေါ်တွင် လူးလိမ့်ကာ ဖြင့် ကြောက်လန့်တကြား ငိုနေပါတော့တယ် ။
“ခင်ဗျား ရဲ့ တပည့်မနဲ့ သွားတွေ့ လိုက်ပါဦး”
ချန်ရှန် လှောင်လိုက်ကာ စကြာဝဠာ ချီဓာတ်များအား များစွာ စုဆောင်းပြီး ပုံဆောင်ခဲတစ်ခု ကို ဖိချလိုက်တယ် ။ မမြင်နိုင်တဲ့ စကြာဝဠာ ချီဓာတ်များဟာ ကြီးမားလှတယ့် ပုံ ဆောင်ခဲ အသွင်ပြောင်းကာ အမျိုးသမီးအား အသားစများ အဖြစ် ပြောင်းလဲပေးလိုက်ပါတော့တယ် ။
“ငါမင်းနဲ့ တိုက်မယ်”
ကတုံးနဲ့လူ ကြုံးဝါးနေပါတယ် ။ သူ၏ မျက်လုံး ၂ ဖက် ဟာ နီရဲလျက်ရှိနေပြီး ပုံဆောင်ခဲကြီးကို မရပ်တန့်နိုင်ခဲ့ပါ ၊ ကျန် သိုင်းပညာရှင်တို့ဟာလည်း ချန်ရှန်မှာ ဒီလို အားမျိုး ရှိနေတာကို မြင်တဲ့အခါမှာတော့ လန့်သွားကြတယ် ။
ချန်ရှန်လည်း ခပ်ပြုံးပြုံး လှောင်လျက် ၎င်းတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားတယ် ။ ထို့နောက်မှာ တော့ သူ၏ ဓားကြီးဖြင့် လေထုထဲ ဝှေ့ယမ်းကာ နေပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset