Switch Mode

Chapter – 14.2

" ကောင်းကင် အိပ်မက် နိုးထမှု "

Chapter – 14.2 ” ကောင်းကင် အိပ်မက် နိုးထမှု ”
°°°
” ငါသေပြီလား ဒီအတိုင်းကြီးသေသွားရတော့မှာလား “‘

သေခြင်းတရားနီးကပ်လာချိန်မှာတော့ သူ့တို့ရဲ့နှလုံးသားက လုံး၀ကို ငြင်းဆန်နေခဲ့ပါတယ်။ ဖြစ်သွားတဲ့အရာတွေအားလုံးက အရမ်းကို မြန်ဆန်လွန်တာကြောင့် လက်ရှိအချိန်မှာ လမ်းပျောက်နေရုံကလွဲပြီ မတတ်နိုင်တော့ပါဘူး။

သူ့ရှေ့မှာရှိတဲ့ မြင်ကွင်းက ပြန်လည်ကြည်လင်လာပါတော့တယ်။ ဟို့ယွိဟောင်လဲ သူ့ကိုယ်သူ ပြန်ပြီးမြင်နေခဲ့ရတယ်။ အကယ်၍ ၀မ်သုန့်သာ ဒီမြင်ကွင်းကို မြင်နိုင်ဖို့အထိ အသိရှိနေသေးမယ်ဆိုရင် သူကိုယ်တိုင်းလဲ ထိတ်လန့်နေမိမှာအမှန်ပါပဲ။

ဟို့ယွိဟောင်က မီးလျှံလက်၀ါးကြီးနဲ့ ရိုက်မိတော့မဲ့အချိန်မှာပဲ သူ့မျက်လုံးက ရုတ်တရက်ပြောင်းလဲလို့သွားပါတော့တယ်။ အမြဲတမ်းရွှေရောင်အလင်းတန်းမှိန်ဖျော့ဖျော့တောက်ပနေတဲ့ အပြာရောင်မျက်လုံးတွေက ရုတ်တရက်ဆိုသလို ဖွေးဖွေးဖြူသွားခဲ့ပါပြီ။

ပုံမှန်မဟုတ်လောက်အောင် ထူးခြားပြီ အေးစက်တဲ့လေထုက သူ့ခန္ဓာကိုယ်အပြင်ဆီကို ပြန့်ထွက်လို့လာပါတော့တယ်။ ဒါ့အပြင် သူ့အရှေ့မှာရှိနေသူရဲ့ အပူရှိန်တွေအားလုံးကို ပျောက်ကွယ်သွားစေခဲ့တယ်။ မီးလျှံလိုတောက်ပနေတဲ့သူကတော့ ရုတ်တရက်အော်ဟစ်ဟိန်းဟောက်ရင်း မြေပြင်ပေါ်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။

ဟို့ယွိဟောင်က စိတ်၀ိညာဥ်မျက်လုံးကို အသုံးပြုပြီ ၀ိညာဥ်စက်ကွင်းကို နိုးထလာစေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ပုံမှန်ဖြူဖွေးနေတဲ့ ၀ိညာဥ်စက်ကွင်းက တောက်ပတဲ့ရွှေရောင်အလင်းတန်းအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ တောက်ပတဲ့ရွှေရောင်အလင်းတန်းက မနက်ခင်းနေရောင်ခြည်လိုမျိုး အားကောင်းမှုအပြည့်နဲ့ လင်းလက်လို့နေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ကို အလယ်ဗဟိုပြုထားခဲ့ရင်း သူ့ဘေးနားမှာရှိတဲ့ ပတ်ပတ်လည် မီတာတစ်ရာအတွင်းက ရေခဲနဲ့နှင်းကမ္ဘာကြီးအဖြစ်ကို ပြောင်းလဲလို့သွားတော့တယ်။ သူ့ပြိုင်ဘက်ရဲ့ စိတ်၀ိညာဥ်ပင်လယ်တောင်မှ အေးခဲလို့သွားခဲ့ရပါပြီ။

အနီရောင်ပုဂ္ဂိုလ်ကလဲ ဆက်တိုက်ဆိုသလို ပြင်းပြင်းထန်ထန် တုန်ခါလို့နေခဲ့ပါတယ်။ ဒါ့အပြင် သိပ့်သည်းလွန်တဲ့ အအေးတန်းတွေကို ခုခံကာကွယ်ဖို့အတွက် ကြောက်စရာအပူရှိန်တွေကို သူထုတ်လွှတ်လို့နေခဲ့တယ်။

ဟို့ယွိဟောင်က သူ့ရဲ့ညာလက်ကို ဖြည်းဖြည်းချင်း မြောက်လိုက်ပါပြီ။ အဲ့ဒီနောက် ရေခဲပြာရောင်တောက်ပနေခဲ့တဲ့ ညာဘက်လက်နဲ့ လက်ညိုးက တစ်ဖက်လူကို ချိန်ရွယ်ထားပါတော့တယ်။ သူ့မျက်လုံးတွေကလဲ အဖြူရောင်အလင်းတန်းတွေ တဖျတ်ဖျတ်တောက်ပလို့လာခဲ့တယ်။ နက်ရှိုင်းပြီအားကောင်းတဲ့အသံကလဲ လည်ပင်းထဲက ထွက်ပေါ်လာခဲ့ပါပြီ။

” ဒီအစ်ကိုကြီး ရွေးချယ်ထားတဲ့လူကို မင်းက လာထိ၀ံ့တယ်ပေါ့ ဒါ့အပြင် ငါအိပ်နေတာကိုလဲ လာနှောင့်ယှက်၀ံ့တယ်…သွားပြီ သေလိုက်တော့ ”

ဟို့ယွိဟောင်က လက်ညိုးထိုးရင်း အပြာရောင်အလင်းတန်းတစ်ခုကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်ပါတော့တယ်။

အနီရောင်လူရဲ့ အပူရှိန်တွေကတော့ ကြောက်စရာကောင်းလောက်အောင် အေးစက်လို့သွားခဲ့ပါပြီ။ အန္တရာယ်အငွေ့အသက်ကို ခံစားမိတာကြောင့် တစ်ဖက်လူက ပြင်းပြင်းထန်ထန် ရုန်းကန်လို့နေခဲ့ပါတော့တယ်။ အဲ့ဒီလောက် ကျယ်လောင်ပြတ်သားတဲ့ နတ်မီးငှက်တစ်ကောင်ရဲ့ အော်သံကြီးက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့တယ်။

ကြီးမားလွန်လှတဲ့ နတ်မီးငှက်ကြီးက ၀ိညာဥ်စက်ကွင်းခြောက်ခုရှိနေခဲ့ပြီ အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်နှစ်ခုရှိပါတယ်။ သူက ၀ိညာဥ်ဧကရာဇ်အဆင့်ပါ။

၀ိညာဥ်စက်ကွင်းခြောက်ခုထဲမှာ ဒုတိယ တတိယနဲ့ ခြောက်ကွင်းမြောက်စက်ကွင်းတွေအားလုံးက တစ်ချိန်ထဲမှာ တောက်ပလို့လာခဲ့ပါတယ်။ တစ်ဖက်လူရဲ့မီးလျှံတွေကလဲ ကြက်သွေးရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ မီးအပ်ချည်ကြိုးလေးတစ်ခုက နတ်မီးငှက်ရဲ့ပါးစပ်ထဲကနေ ထွက်ပေါ်လို့လာရင်း ရေခဲပြာရောင်အလင်းတန်းနဲ့ တိုက်မိပါတော့တယ်။

ထူးဆန်းတဲ့အသံတစ်ချို့က ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အပ်ချည်ပုံသဏ္ဍာန်မီးကြိုးလေးက ချက်ချင်းဆိုသလို ပျက်စီးသွားပါတော့တယ်။ ကြီးမားတဲ့ နတ်မီးငှက်ကြီးကလဲ သူ့ရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီ အနီရောင်လူကို ကာကွယ်လိုက်တယ်။

အနီရောင်လူကတော့ အနောက်ကိုလွှင့်ထွက်လို့သွားခဲ့ရင်း နတ်မီးငှက်အော်သံနဲ့အတူ တစ်ကိုယ်လုံးရေတွေ ခဲသွားခဲ့ပါပြီ။ အဲ့ဒီနောက် နှစ်ယောက်စလုံးရေကန်ထဲကို ပြုတ်ကျသွားပါတော့တယ်။

ဟို့ယွိဟောင်က သူတို့ကို လိုက်ပြီတိုက်ခိုက်ဖို့လုပ်ပေမဲ့ ခြေလှမ်းတွေက ရပ်တန့်လို့သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပါပြီ။

” စိတ်ညစ်စရာကောင်းလိုက်တာ နောက်ထပ် လူတစ်ယောက် ရောက်လာပြန်ပြီပဲ ဒီကောင်လေးရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက အတော်ကို မြန်မြန်ဆန်ဆန် တိုးတက်လာတယ်…ကြည့်ရတာ ငါ့သူ့ကို နောက်ထပ် စွမ်းအားများများ ပေးလို့ရတော့မယ်နဲ့တူတယ်…ကောင်းပြီ ငါသွားတော့မယ် “‘

ရွှေရောင်၀ိညာဥ်စက်ကွင်းက ချက်ချင်းဆိုသလို ပြန်လည်မှိန်ဖျော့သွားခဲ့ပြီ အဖြူရောင်၀ိညာဥ်စက်ကွင်းသာ ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ဘေးပတ်လည်မှာရှိနေခဲ့တဲ့ အေးစက်မှုတွေကလဲ တခဏချင်အတွင်းပျောက်ကွယ်လို့သွားပါတော့တယ်။ ကန်ရေပြင်ထဲက ရေတွေလဲ မူလအနေအထားကို ပြန်လည်ရောက်ရှိလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ အဖြူရောင်မျက်လုံးတွေကတော့ ပုံမှန်အပြာရောင်ပြန်ဖြစ်သွားပါတော့တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ခန္ဓာကိုယ်ကလဲ မောပန်းနွမ်းနယ်မှုကြောင့် မြေပြင်ပေါ်ကို လှဲကျလို့သွားတော့တယ်။

အစောပိုင်းတုန်းက ကြောက်စရာကောင်းလောက်အောင် လှုပ်ခတ်နေခဲ့တဲ့ ပင်လယ်နတ်ဘုရားရေကန်ကတော့ အရင်လိုပဲ ပြန်လည်တည်ငြိမ်အေးချမ်းသွားခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်သာ ရေကန်ရဲ့ဘေးကုန်ပြင်မှာ သတိလစ်လျက်သား ရှိနေပါတော့တယ်။

အဝေးမှာတော့ ရုတ်တရက်ဆိုသလို ပင်လယ်နတ်ဘုရားရေကန်ရဲ့ အတွင်းထဲကနေ လူဆယ့်ယောက် ပြေးထွက်လာပါတော့တယ်။ သူတို့ရဲ့အရှိန်နှုန်းကလဲ အရမ်းကို မြန်ဆန်လွန်လှတယ်။

” အခြေအနေမကောင်းတော့ဘူး အပြင်နယ်မြေက ကျောင်းသားတွေ ဒဏ်ရာရနေတယ် ”

အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ အဘိုးကြီးက အုပ်စုကို ဦးဆောင်လာတာပါ။ သူက ရုတ်တရက်ဆိုသလို လေထဲမှာ ထွက်ပေါ်လာပါတော့တယ်။ မြေလျှိုးမိုးပျံပြီ စိတ်စွမ်းအားနဲ့ခရီးသွားနေတဲ့အတိုင်း ၀မ်သုန့်တို့ဘေးကို ရောက်ရှိလို့လာခဲ့ပါတယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း ခန္ဓာကိုယ်နှစ်ခုစလုံးကို လေပေါ်မှာ ရွေ့လျားစေလိုက်တယ်။

” ကံကောင်းပေလို့ သူတို့တွေ သတိလစ်ရုံလောက်ပဲရှိတာ ပြင်းထန်တဲ့ဒဏ်ရာမရထားဘူး…ဆရာလီ ဒီနှစ်ယောက်ကို ဆေး၀ါးအကူအညီနဲ့ ပြုစုလိုက်ဦး ”

နောက်ထပ် အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့အဘိုးကြီးက အရှေ့ကို လျှောက်လာရင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကို ယူလိုက်ပါတော့တယ်။ သူတို့တွေသာ အသိရှိနေခဲ့မယ်ဆိုရင် ဆရာလီက သူတို့ကို ကုသပေးခဲ့တဲ့ ၀ိညာဥ်သူတော်စင်အဆင့် ပညာရှင်ဖြစ်နေမှန်း သတိထားမိကြမှာပါ။

သူ့ရဲ့၀ိညာဥ်စက်ကွင်းက ခပ်မြန်မြန်ပဲ တောက်ပလို့လာခဲ့ပြီး အစိမ်းရောင်အလင်းတန်းက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ခန္ဓာကိုယ်တွေကို လွှမ်းခြုံသွားပါတော့တယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းချင်း ၀င်ရောက်လို့လာခဲ့ပါပြီ။ အံ့ဩစရာကောင်းတဲ့မြင်ကွင်းက ပေါ်ထွက်လို့လာပါတော့တယ်။ ပတ်၀န်းကျင်မှာရှိရှိသမျှ သေဆုံးညိုးနွမ်းကုန်တဲ့ အပင်တွေအားလုံးလဲ ခပ်မြန်မြန်ပဲ ပြန်လည်ကောင်းမွန်လာကြပါတော့တယ်။ ဒါ့အပြင် များပြားလွန်လှတဲ့ အပင်တွေအားလုံးကလဲ မှိန်ဖျော့ဖျော့အစိမ်းရောင်အလင်းတန်းနဲ့ တောက်ပလို့လာတာကို မြင်ကြရမှာပါ။ ဒီအစိမ်းရောင်အလင်းတန်းက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ရဲ့ ခန္ဓာကိုယ်တွေထဲကို ဆက်တိုက်ဆိုသလို တိုး၀င်လို့သွားပါတော့တယ်။

” ရှောင်ချိုက်က ဟိုမှာပဲ “‘

ရုတ်တရက်အဖြူရောင်လူတစ်ယောက်က ပင်လယ်နတ်ဘုရားရေကန်ထဲမှာ ရှာဖွေနေရင်း ပြောလာခဲ့ပါတယ်။

အနီရောင်၀တ်ရုံ၀တ်ထားတဲ့သူက ခေါင်းအစခြေအဆုံး ရွှဲရွှဲစိုလို့နေခဲ့ပြီး သူ့ရဲ့ရုပ်သွင်လဲ ပေါ်ထွက်လို့လာပါတော့တယ်။ သူက တကယ်တော့ အမျိုးသမီးတစ်ယောက်ပါ။

အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့အဘိုးကြီးက သူမရဲ့ညာဘက်ပုခုံးကို ဖိချလိုက်ပါတယ်။ အားကောင်းတဲ့ အဖြူရောင်၀ိညာဥ်စွမ်းအားတွေက အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲကို ခပ်မြန်မြန်ပဲ ၀င်ရောက်လို့သွားခဲ့တယ်။

” ထူးဆန်းလိုက်တာ ”

အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ အဘိုးကြီးက နားမလည်နိုင်တဲ့ပုံစံနဲ့ ကြည့်နေခဲ့ပါတယ်။

” ဆရာလီ အဲ့ဒီကလေးနှစ်ယောက် အခြေအနေဘယ်လိုလဲ ‘”

တစ်ဖက်ကလူကို လှည့်ပြီး သူမေးလိုက်တယ်။

” ဘာမှဆိုးဆိုးရွားရွား မဖြစ်ပါဘူး သူတို့တွေ မကြာခင် နိုးလာမှာပါ ”

” ငါတို့တွေ အစ်မကြီး မကျုးလွန်မိတာ ကျေးဇူးတင်ရမယ်..ရှောင်ချိုက်က ကြည့်ရတာ အသိပြန်၀င်သွားပုံပဲ ဆရာလီ ကျောင်းသားနှစ်ယောက်ကို ပြန်ပို့ပြီ ဒီနေ့မြင်ခဲ့တဲ့ကိစ္စကို မေ့ပြစ်ဖို့ သေချာသတိပေးလိုက် အကယ်၍ ဒီကိစ္စကိုတခြားသူတွေဆီ ပြန့်နှံ့စေမယ်ဆိုရင် သူတို့တွေ ကျောင်းတော်က ထုတ်ပယ်ခံရမယ်…သူတို့ကို လျော်ကြေးကြီးကြီးမားမားပေးလိုက် ငါတို့ပြန်မယ် “‘

နောက်ဆုံးစကားက တခြားသူတွေကိုပါ ရည်ညွှန်တဲ့ကိစ္စလဲဖြစ်ပါတယ်။ အနီရောင်၀တ်ရုံကို ၀တ်ထားတဲ့ အမျိုးသမီးကို သူပြန်ခေါ်သွားပြီတဲ့နောက် အဖြူရောင်အလင်းတန်းတစ်ခုကို အသွင်းကို ပြောင်းလဲရင်း ပျောက်ကွယ်သွားပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်လဲ မြေပြင်ပေါ်ကို ပြန်ပြုတ်ကျလာခဲ့ပါပြီ။ အသိစိတ်ရဲ့အပြင်မှာ ရှိရှိသမျှ ဘယ်အရာကိုမှ သူ မမြင်ရတော့ပါဘူး။ အစောပိုင်းတုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကိုလဲ သူမသိပဲ ရှိနေခဲ့ပါတယ်။

“‘မင်းက ငါအစ်ကိုကြီးရဲ့ အိပ်စက်မှုကို ဒီလောက်မြန်မြန် နှောင့်ယှက်၀ံ့တယ်ပေါ့ စိတ်ပျက်စရာကောင်းလိုက်တာ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။

” အစ်ကိုကြီး အစောပိုင်းတုန်းက လှုပ်ရှားလိုက်တာ အစ်ကိုကြီးလား ”

” ဒါပေါ့ ဒီအစ်ကိုကြီးကလွဲပြီ ဘယ်သူရှိရမှာလဲ မဟုတ်ရင် မင်းတို့တွေ အကုန်လုံးခြောက်သွေ့ပြီ လူသားကင်တွေဖြစ်ကုန်လောက်ပြီ အဲ့ဒီလူရဲ့ မီးစွမ်းအားက အရမ်းသန်မာတာပဲ သူမက နတ်မီးငှက်နတ်ဘုရားသားရဲကောင်ရဲ့သွေးကိုတောင် ပိုင်ဆိုင်ထားသေးတယ်….ဒီအစ်ကိုကြီးရဲ့ လက်ချောင်းက မဟုတ်ရင် သူ့ကို အသက်ပျောက်အောင်လုပ်ပြစ်နိုင်မှာပဲ ဒါပေမယ့် ကိစ္စမရှိတော့ပါဘူး သူက သတိလစ်နေပြီသားပဲလေ သူ့ရဲ့ မီးလျှံတွေကအတော်လေးကို မိစ္ဆာဆန်ပြီ ကြောက်စရာကောင်းတယ်…ဒါပေမယ့် ဒီအစ်ကိုကြီး နှစ်ပေါင်းကိုးသိန်းလုံးလုံး ရေခဲတွေကို ပတ်စားလာတာ အလကားမှမဟုတ်တာ သူ့ရဲ့စွမ်းအားက အစ်ကိုကြီးနဲ့ယှဥ်ရင်း အများကြီးနုပါသေးတယ်…ယွိဟောင် မင်းရဲ့ကျင့်ကြံမှုက အတော်လေးအောင်မြင်နေပြီ ခန္ဓာကိုယ်ကလဲ သိသိသာသာ အားကောင်းလာတယ်…ချိတ်ပိတ်စည်းဆယ့်ခုထဲမှာ ပထမချိတ်ပိတ်စည်းက အခုအက်ကွဲပြီး ပွင့်သွားပြီးပြီ ”

အပိုင်း ၁၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset