Chapter – 101 ဒေါသ
ခပ်ဝေးဝေးပေမယ့် ကောင်မလေးရဲ့ ပြောစကားကို ချန်ရှန် ကြားနိုင်နေတယ် ။ သူစိတ်ထဲ ကြိတ်ရယ်မိလိုက် ပါတယ် ။ လက်ရှိသူဟာ အဆင့် ၁၀ ပညာရှင်တစ်ဦးဖြစ် ပြီး ဒီအဆင့်ဟာ မော်တယ် သိုင်းပညာရဲ့ အမြင့်ဆုံးအဆင့် လည်း ဖြစ်ပါတယ် ။ အဆင့် ၁၀ ချင်း တူတူ ၁၀ ယောက် ဆိုရင်တောင် မှပဲ သူ့ကို နိုင်ဖို့ဆိုတာ မလွယ်ကူလှပါ ။
ကောင်မလေးဟာ လှတပတ ရှိတယ့်အတွက် ကောင် လေးများဟာ သူမပြောစကားကို နားထောင်ကြတယ် ။ လူ တိုင်းဟာ ကောင်မလေးရဲ့ အမြင်မှာ လူစွမ်းကောင်း သိပ် လုပ်ချင်နေကြပါတယ် ။ ချန်ရှန် ဒဏ်ရာရနေတာကို သိသွားတဲ့အတွက် ပိုလို့ပင် သဘောကျနေကြတယ် ။ ချက်ချင်းပင် သူတို့၏ လက်နက်များကို ဆွဲထုတ်ကာ ချန်ရှန်ဆီသို့ လျှောက်လာကြပါတော့တယ် ။
ချန်ရှန် လည်း သူတို့ဆီကို လျှောက်လာတာ သူတို့ တွေ့ ပါတယ် ။
လူအုပ်ကြီးအလယ်မှ သားရဲဂိုဏ်းသားတို့ သူတို့၏ လက်နက်များအား ဆွဲထုတ်ကာ ကြောက်မက်ဖွယ် အပြု အမူဖြင့် ချန်ရှန်ဆီသို့ ပြေးသွားကြတာကို မြင်နိုင်ပါတယ် ။ ဒီလူများဟာ ရတနာသိုက်ကို မရရှိနိုင်သောကြောင့် စိတ် ဓာတ်ကျနေကြတာဖြစ်ပြီး ယခုလို ကိုယ်စွမ်းကိုယ်စကို အများရှေ့ မှာ ပြသရမည် ဖြစ်သောကြောင့် ချက်ချင်းပင် အော်ဟစ်ကာ ပြေးလာကြတာပါ ။ ဒါဟာ သားရဲဂိုဏ်းသား များနှင့် လူတစ်ဦးတို့၏ ကြားက တိုက်ပွဲ ပဲ ဖြစ်ပါတော့ တယ် ။
“ဒီကောင်လေးတော့ အသက်မရှင်ချင်ဘူးထင်တယ် ၊ သားရဲဂိုဏ်နဲ့ ရင်ဆိုင်မယ်ဆိုတာ တကယ်အန္တရာယ်များ တယ် ။ နောက်ပြီး ဒီလူတွေက အတွင်းစည်းကလူတွေ ခု ဒီကောင်လေး ဘယ်လိုသေမလဲဆိုတာ ကြည့်စို့”
လူ တစ်ယောက်က ပြောတာပါ ။
“မလိုဘူး ၊ ဒီကောင်လေး အနေအထားကို ကြည့်လိုက် ၊ သူလည်း သာမန်တော့ မဟုတ်လောက်ဘူး ၊ လူ ၁၀ ယောက် သူ့ဆီ ပြေးလာနေတာတောင် သူနည်းနည်းမှ တုန်လှုပ်ဟန် မပြဘူး ။ အေးဆေးပဲ ဟိုလူတွေဆီကို သွား နေတယ်”
နောက်လူတစ်ယောက်က ပြောပါတယ် ။
သားရဲဂိုဏ်းသား ၁၀ ယောက်ဟာ ချန်ရှန် ဆီ ပြေးလာ ကြပါတယ် ။ ထိုအထဲမှ စွမ်းအားကြီးပုံရတယ့် လူငယ်တစ် ယောက်ဟာ သူ၏ဓား ကို ဆွဲလျက် ချန်ရှန်ဆီသို့ ပြေးလာနေပါတယ် ။
ချန်ရှန် ၎င်းတို့၏ စွမ်းအားအတိမ်အနက်ကို ရုတ်တ ရက်မြင်လိုက်ရတယ် ။ ၎င်းတို့ဟာ သားရဲဂိုဏ်း၏ အတွင်း စည်းမှ ဖြစ်ကြသော်လည်း ပြင်းထန်သော သိုင်းပညာဂိုဏ်း မှ အတွင်းစည်းများ နှင့် ယှဉ်လျှင်တော့ များစွာ ကွာခြား လွန်းပေတယ် ။
ဒါပေမယ့်လည်း ၎င်းတို့ဟာ အဆင့် ၁၀ တွေပဲ ဖြစ်ကြ ပါတယ် ။ ဒါကြောင့်မို့လည်း ၎င်းတို့၏ လှုပ်ရှားမှုများဟာ အရမ်းကို မြန်ဆန်လှတယ် ။ ဓားများဖြင့် ချန်ရှန်ဆီသို့ ထိုးလိုက်ပုံမှာ တော်တော် မြန်ဆန်လှပြီး ရှောင်တိမ်းဖို့ခက် ခဲ လွန်းပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန်မှ ဆတ်ခနဲ ငုံ့ကာ ရှောင်လိုက်သဖြင့် အားလုံးဟာ အံ့အားသင့်သွားကြတယ်။
မျက်စိတမှိတ်အတွင်းမှာပဲ လျှပ်စီးလို ဓားရှည်တလက် ဟာ ချန်ရှန် ရှေ့ သို့ ရောက်လာပြီး ချန်ရှန်ဟာလည်း တစ် ပတ်လှည့်ကာဖြင့် ခုန်တက်လိုက်ပါတယ် ။ ထိုသူ၏ ခေါင်း ပေါ် ရောက်သွားကာ ချန်ရှန်၏ မိုးပြာရောင်ချီဓာတ် တွေ စီးဆင်းနေတယ့် ပုံဆောင်ခဲကြီးကို သာ မြင်နိုင်ပါ တော့ တယ် ။ ထိုပုံဆောင်ခဲဖြင့် လူငယ်ပေါ်ဖိချနေပုံမှာ ယခင် အဆိုပါလူငယ် ထိုးလိုက်သောဓားထက် များစွာ မြန် ဆန်လှပါတယ် ။
ဆက်လက်တွေ့ မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံးဟာ အသည်းတွေအူတွေ ပြောင်းပြန်လှန်လိုက် သလိုကို ခံစားလိုက်ကြရပါတယ် ။ ချန်ရှန်၏ လက်ဟာ လူငယ်၏ ခေါင်းအား အားပြင်းစွာပင် ဖိချလိုက်ပါတယ် ။ ချာပါတီ လုပ်နေသည်နဲ့တောင်တူနေပါသေးတယ် ။ အရပ် ရှစ်ပေနီးပါး ရှိသော လူငယ်ဟာ ပြင်းထန်လှတဲ့ ဖိအား ကြောင့် ပိုင်မုန့်တစ်ခုလိုပင် ဖြစ်သွားပါတော့တယ် ။
လူတိုင်းဟာ မြေကြီးပေါ်မှာ အသားများ အ၀တ်အစား များ ဆံပင်မွှေးများဟာ ရောထွေးလျက် သွေးသံရဲရဲဖြင့် ပြန့်ကျဲနေတာကို မြင်နေကြတယ် ။ လူတိုင်း အန်ချင်သလို ကို ဖြစ်လာကြပြီး ပြင်းထန်လှတဲ့ ဖိအားကို အံ့အားသင့် နေ ကြပါတယ် ။
သူဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ သိုင်းပညာ ရှင်များလား ၊ လူတိုင်းဟာ စိတ်ထဲမှ တွေးနေကြတာဖြစ် ပါ တယ် ။
သားရဲဂိုဏ်းမှ တပည့်များဟာ မူလက ချန်ရှန်ဆီ ပြေး လာနေရာမှ ချက်ချင်းပင် သူတို့ရောက်တဲ့ နေရာမှာပဲ ရပ် သွားကြတယ် ။ တော်တော်လည်း အံ့အားသင့်ကာ သူတို့၏ စီနီယာ အကိုတော် အသားတုံးတစ်ခုလို ဖြစ်သွား တာကို မြင်လိုက်ရတယ့်အတွက် ကြောက်လန့်နေကြပါ တယ် ။
ဒီအချိန်မှာ ချန်ရှန်ဟာ ကောင်မလေးကို စိုက်ကြည့် နေတယ် ။ ထိုကောင်မလေး၏ သွင်ပြင်မှာလည်း ကြောက် လန့်နေပုံပါပဲ ။ ခုနက မြင်ကွင်းကို ကြည့်ရင်း ချန်ရှန်၏ စွမ်းအားကို လန့်နေကာ သူမထက် အများကြီးသာတယ် ဆိုတာကို သူ့မကိုယ် သူမ သိနေပါတယ် ။
စက္ကန့်ပိုင်းအတွင်းမှာပင် ကောင်မလေးဟာ ကြောင် သွားတယ် ။ အဘယ်ကြောင့်ဆိုသော် မျက်စိတမှိတ် အ တွင်းမှာပဲ ချန်ရှန်ဟာ သူမ၏ ရှေ့ သို့ ရောက်ရှိသွားလို့ပဲ ဖြစ်ပါတယ် ။
“ရှင် . . . ရှင် . . . အကိုတော်တို့ ကယ် . . .”
ကောင်မလေး အော်နေပြီး သူမ၏ ကိုယ်မှ မိုးပြာရောင် ချီဓာတ်များ ထွက်လာတယ် ။ ချန်ရှန်ဟာ ပုံဆောင်ခဲတစ် ခုကို ထုတ်လွှတ်ကာ ပြင်းထန်လှသော သစ်သားချီဓာတ် များဟာ လည်း ပါဝင်လျက်ပါ ။ ထိုချီဓာတ်များမှာ ချီငွေ့ များအဖြစ် ပြောင်းသွားကာ ကောင်မလေးဆီသို့ သွားထိ ပါ တော့တယ် ။ မရေတွက်နိုင်တယ့် ဓားတွေဖြင့် မွှန်းလိုက် သလိုကို ဖြစ်ကာ တစ်ချိန်တည်းမှာပင် ကောင်မလေး ဟာ အသားတုံးအဖြစ် ပြောင်းလဲသွားပါတော့တယ် ။
လူတိုင်းဟာလည်း ကြောင် အ ကာဖြင့် အသက် တောင် မရှူ နိုင်သလို ဖြစ်နေကြတယ် ။ အဆင့် ၁၀ ပညာ ရှင်ကို မျက်စိတမှိတ်အတွင်းမှာပင်သတ်လိုက်ပြီးရုံသာ မက ကောင်မလေးအားလည်း အကြည့်တချက်ဖြင့်ပင် ပုရွတ်ဆိတ်လေး တစ်ကောင်အလား သတ်ဖြတ်ကာ မည် သူ့ကိုမှလဲ ဂရုစိုက်ပုံ မပေါ်ပါချေ ။ အမဲလိုက်ခြင်း ချီဓာတ် များဟာလည်း ချန်ရှန်၏ ကိုယ်မှ ထွက်ပေါ်နေပုံမှာ လူတိုင်း ကို ကြောက်ရွံ့ နေစေပါတယ် ။
ချန်ရှန်ဟာ အသက် ၁၇ – ၁၈ သာရှိပုံပေါ်ပြီး လူတိုင်း ဟာ ဒီလို အရွယ်နဲ့ ယခုလို အစွမ်းမျိုးရှိတာကို မမြင်ဖူးကြ ပါဘူး ။
“မင်းတို့ ဒီကောင်မလေး အတွက် ကလဲ့စား ချေချင်ကြ လား”
ချန်ရှန် သားရဲဂိုဏ်းသားများအား စိုက်ကြည့်ကာ မေး လိုက်ပါတယ် ။ ၎င်းတို့ဟာ စကားလုံးများ ပျောက်ဆုံးနေ ကြပါတယ် အဘယ်ကြောင့်ဆိုသော် သူတို့အပြင်မှာ ချန် ရှန် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင် တစ် ဦးကဲ့သို့ ကြောက်စရာကောင်းနေတာ ဖြစ်ပါတယ် ။
၎င်းတို့ဟာ လျင်မြန်စွာပင် ခေါင်းခါယမ်းကြပြီး ချန်ရှန် ကို တော်တော်ပင် လန့်နေကြတာပဲ ဖြစ်ပါတယ် ။ ဘယ်သူ မှ မသေချင်ကြဘူးလေ ။
“ငါမင်းတို့ကို မေးခွန်းတစ်ခုမေးမယ် ၊ ငါ့ကို အမှန်အ တိုင်းဖြေကြ ၊ မဟုတ်လို့ကတော့ ဒီလို ဇာတ်သိမ်းသွား မယ်”
ချန်ရှန် ပြန့်ကျဲနေသော အသားစများကို ကြည့်ကာ ပြောလိုက်တယ် ။
သားရဲဂိုဏ်းသားများလည်း ချက်ချင်းပင် ခေါင်းများကို ညိမ့်လိုက်ကြတယ် ။
“မင်းတို့ ဂိုဏ်းကလူတွေဟာ အမြဲတမ်း ပြည့်သူတွေကို ဖမ်းပြီး အကောင်တွေကိုအစာကျွေးကြတာလား”
ချန်ရှန်မေးလိုက်တယ် ။ သူ၏ အသံဟာ တော်တော် ကျယ်လောင်လှပါတယ် ။ ဒီနေရာမှာရှိနေတယ့် လူတိုင်း ဟာ ဒီအကြောင်းအရာကို သေချာကြားနိုင်ကြတယ် ။ ဒီ မှာ ရှိနေတယ့် ပညာရှင်အများစုဟာ ပြင်းထန်သော သိုင်းပ ညာစီရင်စုမှ လူများဖြစ်ကြတယ် ။ ၎င်းတို့ဟာ ဒီ စကားကို ကြားတဲ့အခါ တုန်လှုပ်သွားကြတယ် ။ အထူးသဖြင့် ဒီ စီရင်စု မှာ နှစ်ပေါင်းများစွာ နေထိုင်တဲ့ လူများပါဝင်တဲ့ အတွက်ကြောင့် ၎င်းတို့ဟာ လူတွေ ပျောက်ပျောက်နေ ရ တယ့် အကြောင်းရင်းကို သတိရသွားကြတယ် ။ တချိန် တည်းမှာပဲ ၎င်းတို့ဟာ ဒီအကြောင်းကို ဆွေးနွေးကြတော့ တယ် ။
သားရဲတွေကိုကျွေးဖို့အတွက် ပြည်သူတွေကို အသုံး ပြုတဲ့ ကိစ္စဟာ တကယ်ကို ကြောက်မက်ဖွယ်ပါပဲ ။ ဒီလို ကိစ္စကို လူတိုင်းဟာလည်း မကျေနပ်ကြပါဘူး ။
သားရဲဂိုဏ်းသားတို့လည်း ဒီလို ကျယ်လောင်လှတဲ့ စကားကို ကြားလိုက်ရတယ့်အခါ ချွေးတွေပြန်သွားကြ တယ် ။ ဒီအချိန်မှာ သူတို့ အဖြေ ကို ဟုတ်တယ် လည်း မဖြေသလို မဟုတ်ဘူးလဲ မဖြေကြပါ ။ သူတို့လိမ်လည်း မလိမ်ဝံ့ကြပါ ၊ အဘယ်ကြောင့်ဆိုသော် ကြောက်မက် ဖွယ် ကောင်းလှတဲ့ မျက်လုံးများဖြင့် ကြည့်နေတယ့် ချန်ရှန်လို ပညာရှင်၏ ရှေ့ မှာမို့လို့ပါ ။
“ငါ နံပါတ် စရေ ပြီနော် ၊ ၂ . . . ၊ ၁ . . .”
ချန်ရှန် ဒီလိုလေး ရေတွက်လိုက်ရုံနဲ့ပင် ၎င်းတို့ဟာ ခေါင်းများကို ညိမ့်လိုက်ကြတယ် ။ ဒါပေမယ့်လည်း ခေါင်း ညိမ့်လိုက်တာနဲ့ တပြိုင်နက် ချန်ရှန်၏ လက်သီးများဟာ အငွေ့ များ ထွက်ကာဖြင့် ထိုးလိုက်ပါတယ် ။ အဆုံးမရှိတဲ့ ချီဓာတ်များဟာ ထွက်ပေါ်လာပြီး လူတိုင်းဟာ လန့်နေကြ တယ် ။
“သေပေတော့”
ချန်ရှန် လက်သီးများဖြင့် ထိုးလိုက်ပြီး ရေတွက်မရနိုင် တဲ့ အဖြူရောင်ကျားခေါင်းများအဖြစ်ပြောင်းလဲသွားကာ များစွာသော အမဲလိုက်ခြင်းချီဓာတ်များဟာလည်း စိမ့် ထွက်ကာဖြင့် သားရဲဂိုဏ်းသားများကို ထိုးချလိုက်ပါတော့ တယ် ။
မျက်စိတမှိတ်အတွင်းမှာပဲ ၎င်းတို့ဟာ ပျောက်ကွယ် သွားကြပြီး လူတိုင်းဟာလည်း အံ့သြကြောက်ရွံ့ လျက် ရှိ နေကြတယ် ။
ဒီလို အဖြူရောင်ကျား နတ်လက်သီးကို အသုံးပြုပြီး ချိန်မှာတော့ ချန်ရှန်ဟာ လေထဲသို့ ခုန်တက်ကာ လူတိုင်း ကို ကျော်လွှားသွားပါတယ် ။ ထို့နောက်မှာတော့ ချောက် ထဲသို့ ခုန်ဆင်းလိုက်တယ် ။
ဒီလို ချန်ရှန် ချောက်ထဲ ၀င်သွားတာကို ကြည့်ရင်း လူ တိုင်းရင်ထဲတွင် ချန်ရှန်ဟာ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ လူအဖြစ် မှတ်ယူလိုက်ကြတယ် ။ ဒီလို စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင်ဟာ ထွက်လာပြီး တိုက်ခိုက်သွားတာဟာ ၎င်းတို့ကို တော်တော် စိတ်လှုပ် ရှားသွားစေပါတယ် ။ တစ်ချိန်တည်းမှာပင် သားရဲဂိုဏ်း ဟာ လူများကို ဖမ်းဆီးပြီး ၎င်းတို့၏ သားရဲများကို ကျွေးမွေး တဲ့ အတွက်ကြောင့်သာ ချန်ရှန် ခုလို လုပ်လိုက်တယ် ဆို တာကို နားလည်သွားကြပါတယ် ။
ရှိနေတယ့် ပညာရှင်များထဲမှ အများစုဟာ တော်တော် ကို ဒေါသ ထွက်နေကြပါတယ် ။ သူတို့လည်း ယခုအပြု အမူကို မကျေနပ်ကြပေ ။
ချန်ရှန် အနီရောင် အလင်းတန်းအလုံးနားကို ကပ်ကြည့်တယ် ။ ဒါပေမယ့် မည်သည့် စွမ်းအားမျိုးမှ မခံ စားမိကြပါ ။ အနည်းငယ်တော့ နွေးသလိုဖြစ်နေကာ မယုံ ကြည်နိုင်သလို ခံစားမိနေတယ် ။
ချန်ရှန်ဟာ လွယ်ကူစွာပင် အနီရောင် အလုံးထဲကို ၀င် သွားနိုင်ပြီး ခြေ ၁၀ လှမ်းစာလောက် လျှောက်သွားပြီးတဲ့ အခါမှာတော့ အနီရောင် အလင်းတွေဟာ ပျောက်သွား ပါ တယ် ။ သဲပြင်ကြီးလို တစ်ခုကို တွေ့ လိုက်ရပြီး ထိုအထဲ မှာတော့လူတစ်ရပ်နီးပါး ရှိသော ကျောက်တုံး အထိမ်း အ မှတ် ကျောက်တိုင်လိုဟာမျိုးတစ်ခု ရှိနေပါတယ် ။ ထို ကျောက်တိုင်မှာ လူတ၀က်လောက်ရှိသော အနီရောင် ပန်းကြီး တစ်ပွင့် ဟာ အလွန်ပင် ဖမ်းစားနိုင်စွမ်းရှိလွန်းလှ ပါတယ် ။
ထိုပန်းဘေးမှာတော့ လူ ၁၀ ယောက်လောက်ဟာ ဝိုင်း ရံ တည်ရှိနေပြီး ၎င်းတို့၏ ပုံဆောင်ခဲများဟာ တစ်ခုနဲ့ တစ် ခု ထိစပ်နေကြတယ် ။ ၎င်းတို့၏ မျက်နာများဟာ စိုးရိမ် သလို ဖြစ်နေကြတယ် ။ တချို့ ဆိုလျှင် ပါးစပ်ထောင့်မှ သွေး များပင် ထွက်နေကြပါသေးတယ် ။
အဆိုပါ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင် များ၏ ပုံဆောင်ခဲတွေဟာ တစ်ခုနဲ့တစ်ခု တိုက်နေကြပြီး ကြည့်ရပုံမှာ ပန်းပွင့်ကြီးအား ထိန်းချုပ်နေသလို ဖြစ်နေပါ တော့ တယ် . . . ။